Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၄

ထက္ေအာင္ေက်ာ္ Thursday, 06 October 2011 18:53
ေအာက္ေမ့ဖြယ္။ ဧရာ၀တီမဂဇင္း။


ေနာက္ဆုံးမွာေတာ့ အခ်ိန္တလၾကာတဲ့အထိ ဘာမွမထူးဘူး ဆိုရင္ ဒီမွာဆက္ေနမလား၊ ထား ၀ယ္ျပန္မလားဆုိၿပီး က်ေနာ္တုိ႔အၾကား ျငင္းခုံမႈေတြ တုိးပြားလာပါတယ္။ မဲေဆာက္နဲ႔ သီေဘာဘုိးဘက္က ေက်ာင္းသားေတြ၊ ေနာက္တခါ မင္းသမီး ဘက္က ေက်ာင္းသားေတြနဲ႔လည္း က်ေနာ္တုိ႔က ဘယ္လိုမွ တုိက္ရုိက္ ဆက္သြယ္မႈမရ၊ KNU ဆီကတဆင့္ ေၾကးနန္း သတင္းတခ်ဳိ႕ကို ရေနေပမယ့္ က်ေနာ္တုိ႔က ဒါကို အယုံအၾကည္ သိပ္မရွိေတာ့ပါဘူး။

  
ေတာခုိေက်ာင္းသား ေက်ာင္းသူမ်ား အေျခခံစစ္ေရးေလ့က်င့္ေနစဥ္


ေနာက္ဆုံးမွာေတာ့ မင္းသမီးဘက္ ေရာက္ေနသူေတြနဲ႔ ဆက္သြယ္နုိင္ဖုိ႔ဆုိၿပီး က်ေနာ္တုိ႔ဆီက ကိုယ္စားလွယ္ ၂ ဦးကို ေရြး၊ KNU လက္ထဲ အပ္ၿပီး လႊတ္လုိက္ပါတယ္။ အဲဒီ ၂ ဦးကေတာ့ တနသၤာရီတုိင္း လက္ေရြးစင္ ေဘာ္လုံးသမား သန္း၀င္း (ေခၚ) အုိဃီးနဲ႔ ေမာ္လၿမိဳင္ တကၠသုိလ္က ဆန္းေဇာ္ထြန္းတုိ႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတုိ႔ ခရီးထြက္သြားၿပီး တပတ္ ဆယ္ရက္ ၾကာတဲ့အထိ ဘာသတင္းမွ ျပန္မလာတဲ့အတြက္ ဒီလူေတြ မင္းသမီးကို ေရာက္တာ ေသခ်ာရဲ႕လား၊ လမ္းမွာမ်ား အေျဖာင္ ခံလုိက္ရၿပီလား ဆုိၿပီး က်ေနာ္တုိ႔နဲ႔ KNU အၾကား သံသယေတြ ပြားလာျပန္ပါတယ္။ ဒီကိစၥ စုံစမ္းဖို႔ KNU နဲ႔ ရင္းႏွီးၿပီး ကရင္စကားလည္း နည္းနည္းတတ္တဲ့ ကိုေသာင္းညြန္႔ (ေခၚ) ကုိေလေပး (၂၀၁ - ဘက္မလုိက္ တပ္ရင္းမႉး ျဖစ္လာသူ) ကုိ တာ၀န္ေပးၿပီး မင္းသမီးစခန္းဆီ ထပ္လႊတ္ခဲ့ပါတယ္။ (ဒီေဆာင္းပါး ေရးဖုိ႔ ျပန္ေမးေတာ့မွ သိရတာကေတာ့ ထီးထာေရာက္ ေရာက္ခ်င္း သတင္းပုိ႔ဖုိ႔ အခက္အခဲ ရွိေနလုိ႔ ေနာက္က်သြားတာသာ ျဖစ္ၿပီး တျခားျပႆနာ ဘာမွမရွိပါဘူးလုိ႔ ကုိသန္း၀င္းက ရွင္းျပပါတယ္)

ဒီအေျခေနေတြကို မသိတဲ့ က်ေနာ္တုိ႔အုပ္စု ခမ်ာေတာ့ BBC ကုိ နားေထာင္။ KNU ေခါင္းေဆာင္ပုိင္းကုိ သတင္းေမးနဲ႔ တခ်ိန္လုံး အားမလုိ အားမရ ျဖစ္ေနခဲ့ပါတယ္။ ဒီလုိနဲ႔ တေန႔မွာေတာ့ မဒတ ဥကၠ႒ ေစာေမာ္ရယ္ကေန ေက်ာင္းသားေတြကို လက္ခံဖုိ႔ သူတုိ႔ျပင္ထားပါတယ္၊ လက္နက္ေတြလည္း ေထာက္ပံ့မယ္ဆုိတဲ့ အဓိပၸာယ္ရတဲ့ စကားမ်ဳိး BBC နဲ႔ အင္တာဗ်ဳး အတြင္း ေျပာသြားတာ ၾကားလုိက္ရတဲ့အတြက္ က်ေနာ္တုိ႔ရဲ႕ စိတ္ပ်က္မႈေတြဟာ နည္းနည္းေတာ့ ျပန္လည္ ႏုိးၾကား လာပါတယ္။ ဒါေပမယ့္ လက္ေတြ႕ ေန႔စဥ္ ဘ၀မွာကေတာ့ ေညာင္အုိးထီးကို ႏွာေခါင္းပိတ္ၿပီး သုံးေဆာင္၊ ၿခံဳႏြယ္ပိတ္ေပါင္း မ်ဳိးစုံ ဟင္းခ်ဳိကို ေသာက္၊ ငွက္ဖ်ားမျဖစ္ေအာင္ ေရကုိႀကိဳေသာက္၊ မယ္ညား - ပါသား ကုိ ခပ္က်ယ္က်ယ္ ေအာ္ၿပီး ၀ါးရင္းတုတ္ ေသနပ္ကုိထမ္း စသျဖင့္ စိတ္ဓာတ္က်ဖြယ္ အခ်ိန္ တလတာကို အဓိပၸာယ္ နည္းပါးစြာနဲ႔ က်ေနာ္တုိ႔ အုပ္စု ျဖတ္သန္းခဲ့ရပါတယ္။

ဘန္းေခ်ာင္းေဘးက KNU တပ္ခဲြ ၁ မွာ မယ္ညား - ပါးသား လုပ္ေနရင္း အခ်ိန္တလေလာက္ ၾကာသြားခဲ့ပါတယ္။

အဲဒီကာလအတြင္း မေမွ်ာ္လင့္ဘဲ ျဖစ္သြားတဲ့ ျဖစ္စဥ္တခုကေတာ့ ညီညီႏိုင္ (ေခၚ) က်ေနာ္တုိ႔ရဲ႕ ရဲေဘာ္တဦး ေရနစ္ ေသဆုံးသြားျခင္းပါ။ ဒါဟာ ေရွ႕မွာ ေျပာခဲ့တဲ့ အစားအေသာက္ ဆင္းရဲ ငတ္ျပတ္မႈနဲ႔ ဆက္စပ္ေနတဲ့အတြက္ တကယ့္ကို ရင္နာစရာ ဇာတ္လမ္းတခုပါပဲ။ သူတုိ႔ မိသားစုဟာ ထား၀ယ္မွာ ေအး - ထီဆုိင္နဲ႔ တျခားဆုိင္ေတြလည္း ရွိပါတယ္။ စီးပြားေရးအရ ေျပလည္ေနတာေၾကာင့္ သူတုိ႔ရဲ႕ သားဟာ အစားအေသာက္ ငတ္ျပတ္မႈေၾကာင့္ ေသဆုံးသြားရတယ္ ဆုိတာကို သူ႔မိသားစုေတြ ဘယ္လုိမွ လက္ခံမယ္ မထင္ပါဘူး။

က်ေနာ္ မွတ္မိသေလာက္ အဲဒီေန႔ဟာ က်ေနာ္တုိ႔ ေတာထဲေရာက္ပီး ပထမဆုံး ႀကံဳရတဲ့ သီတင္းကၽြတ္ လျပည့္ေန႔။ ထား၀ယ္မွာဆုိရင္ေတာ့ သီတင္းကၽြတ္ လျပည့္ေန႔မွာ ဘုရားႀကီး၀န္းထဲ သြားၿပီး ဆီးမီးပူးေဇာ္တာ။ ဒါမွမဟုတ္ ဟုိေငးဒီေငးနဲ႔ ေယာင္ေျခာက္ဆယ္ လုပ္တာေတြကို ေဆာင္ရြက္ေလ့ရွိတဲ့ က်ေနာ္တုိ႔ ေမာင္ေက်ာင္းသား ေတြဟာ အခုဘန္းေခ်ာင္းေဘးက KNU နယ္ေျမထဲမွာေတာ့ ဘုရား၀န္းလည္း မရွိ၊ ဘုန္းႀကီးေက်ာင္းလည္း မရွိ။ သြားခ်င္သပ ဆိုရင္ ခရစ္ယာန္ ဘုရားေက်ာင္းသြားၿပီး ဆုေတာင္းဖုိ႔ပဲ ရွိပါတယ္။ ဒါေပမယ့္ ကံေကာင္းတာလား၊ ကံဆုိတာလား မေျပာတတ္။ သီတင္းမကၽြတ္ခင္ ေလးမွာ ထူးထူးျခားျခား ဖိတ္ၾကားခ်က္တခု က်ေနာ္တုိ႔ ရရွိခဲ့ပါတယ္။

“ေက်ာက္ထူး ဘုန္းႀကီးေက်ာင္းမွာ သီတင္းကၽြတ္ပဲြ က်င္းပမယ္။ ေက်ာင္းသားေတြနဲ႔ ရြာသားေတြ ေဘာ္လုံးၿပိဳင္ပဲြ လုပ္ေပးမယ္။ ၀က္သားဟင္းနဲ႔ ထမင္းေကၽြးမယ္” ဆုိတဲ့ သတင္းစကား က်ေနာ္တုိ႔ စခန္းဆီ ဘယ္ကေန ဘယ္လုိ ေရာက္လာမွန္း မသိပါဘူး။

မယ္ညား-ပါးသား နင္းေနရင္းနဲ႔ အဲဒီသတင္းစကားကုိ တီးတုိးေျပာေနၾကၿပီ။

“၀က္သားတုံး မကုိက္ရတာ ၾကာၿပီကြာ။ ဒီတခါေတာ့ အပီဆြဲရေတာ့မယ္ … ရွလြတ္-ရွလြတ္” ဆုိၿပီး တေယာက္တေပါက္ ေနာက္ေျပာင္ ေနၾကပါတယ္။

တကယ္ေတာ့ ၀က္သားဟင္းအတြက္ ဘုန္းႀကီးေက်ာင္း တေက်ာင္းက ဖိတ္တာဟာ ဒါ ပထမဆုံး အႀကိမ္ျဖစ္ေပမယ့္ က်ေနာ္တုိ႔ စခန္း၀န္းက်င္က ကရင္ရြာေတြရဲ့ ဘုရားေက်ာင္းေတြက ဖိတ္တာကေတာ့ (အႀကိမ္ အေတာ္မ်ားမ်ားကေတာ့ မဖိတ္ဘဲနဲ႔ သြားစားခဲ့တာပါ) ၃ - ၄ ခါ ရွိေနပါၿပီ။ အထူးသျဖင့္ က်ေနာ္တုိ႔ ေက်ာင္းသားေတြ ငတ္ျပတ္ေနမွန္း ရိပ္မိတဲ့ တနင္းခူရြာက ေက်ာင္းအုပ္ဆရာ (သင္းအုပ္ဆရာလည္း ျဖစ္နုိင္ပါတယ္၊ က်ေနာ္ အေသအခ်ာ မမွတ္မိေတာ့ပါ) က စေနေန႔တုိင္း သူရြာဖိတ္ၿပီး ေဘာ္လုံးၿပိဳင္ပဲြ လုပ္ေပးပါတယ္။

ဒီရြာဟာ က်ေနာ္တုိ႔စခန္းနဲ႔ အနီးဆုံးရြာျဖစ္ၿပီး စမ္းေခ်ာင္းေလး ၂ - ခုေလာက္ကိုေက်ာ္၊ နာရီ ၀က္ေလာက္ လမ္းေလွ်ာက္ရင္ ေရာက္တဲ့ ေနရာပါ။ အဲဒီရြာမွာ အိမ္ ဘယ္နွလုံး ရွိမွန္း က်ေနာ္အေသအခ်ာ မမွတ္မိေတာ့ေပမယ့္ က်ေနာ္တုိ႔ ေဘာလုံးကန္တဲ့ ကြင္းေဘးမွာ ဘုရားေက်ာင္း တေက်ာင္း ရွိပါတယ္။ အဲဒီေဘးနားမွာ ခုနကေျပာတဲ့ ေက်ာင္းအုပ္ဆရာရဲ႕ အိမ္ရွိပါတယ္။ ဘုရားေက်ာင္းေရာ၊ အိမ္ေရာဟာ ယာယီသေဘာေဆာင္ၿပီး သစ္တုိင္၊ ၀ါးၾကမ္းခင္း၊ ဖက္မုိး အေဆာက္အဦေတြ ျဖစ္ပါတယ္။ ေဘာလုံးကြင္းကလည္း ယာယီသေဘာကို ေဆာင္ၿပီး ထိကရုဏ္းပင္ေတြ၊ ျမက္ရုိင္းေတြနဲ႔ေပါ့။ ဒါေပမယ့္ ၀က္သားဟင္း စားရေရး တုိ႔အေရးျဖစ္ေနတဲ့ က်ေနာ္တုိ႔ က်ဳိးဖုိး (ေက်ာင္းသားကို ကရင္လုိအေခၚ) ေတြ ခမ်ာမွာေတာ့ ဖိနပ္ ဗလာနဲ႔ အဲဒီ ဆူးခင္းေပၚမွာ ေျပးၿပီး ေဘာလုံး ကစားခဲ့တာ အခုအခ်ိန္ ျပန္စဥ္းစားမိတုိင္း ကုိယ့္ေျခဖ၀ါး ကုိယ္ျပန္ စမ္းမိပါတယ္။

“စစ္ထြက္တုိက္ဖုိ႔ … ေသနတ္မရေသးလုိ႔ ေဘာလုုံးကို က်ဳံးက်ဳံး ကန္” ေနရတဲ့ က်ေနာ္တုိ႔ အျဖစ္ပါ။

စေနမွာ ေဘာလုံးပဲြနဲ႔ အလုပ္မ်ားၾကသလုိ တနဂၤေႏြမွာလည္း အဲဒီ ေဘာလုံးကြင္းေဘးက ဘုရားေက်ာင္းဆီ လာၿပီး “အာမင္” (ခရစ္ယာန္ ဘုရားရွိးခုိးပဲြ အၿပီးမွာ ေနာက္ဆုံး ဆုေတာင္းတဲ့ စကားလုံးပါ။ အားလုံးကို ကရင္ဘာသာနဲ႔ ေျပာတဲ့အတြက္ ေနာက္ဆုံးတလုံးကိုပဲ က်ေနာ္တုိ႔က အေသမွတ္ထားၿပီး အဲဒီစကားလုံး ၾကားရင္ ဦးရွင္ႀကီးပဲြ လုသလုိမ်ဳိး စားဖုိ႔ရယ္ဒီျဖစ္ၿပီလုိ႔ မွတ္ထားတာ ျဖစ္ပါတယ္) ကုိ ေစာင့္ရ တာကလည္း အေမာ။ ဒါေပမယ့္ ဒီပဲြကိုေတာ့ ေဘာလုံးကန္ သြားသလုိမ်ဳိး ျဖစ္သလုိ သြားလို႔မရပါဘူး။ ေရမုိးခ်ဳိးၿပီး အ၀တ္အစား သန္႔သန္႔ ျပန္႔ျပန္႔နဲ႔ လာမွ ဘုရားေက်ာင္းလာတဲ့ ကရင္ေဒသခံေတြက ႏွစ္သက္တဲ့ သေဘာရွိတာေၾကာင့္ အေကာင္းဆုံး အ၀တ္ေတြကို တေယာက္တလွည့္ ငွား၀တ္ၿပီး က်ဳိးဖုိိးတပ္သားမ်ား အလွည့္က် သြားခဲ့ၾကေပါ့။ က်န္တဲ့လူေတြ စိတ္ထဲ ဘယ္လိုရွိလည္းေတာ့ မသိဘူး။ ဘုရားေက်ာင္း တခါမွ မတက္ဘူးတဲ့ က်ေနာ့္ ခမ်ာေတာ့ ဘုရားရွိခုိးမႈ တခါနားတုိင္း ပိုက္ဆံအလွဴခံတဲ့အခါ တျပားမွ မလွဴနုိင္ဘဲ ၿပံဳးၿပီး ေနရတဲ့ ဘ၀ကုိ မခံစားႏိုင္လုိ႔ ေနာက္ပုိင္းေတာ့ မသြားျဖစ္ေတာ့ပါဘူး။

အဲဒီလုိ စေနမွာ ေဘာကန္၊ တနဂၤေႏြမွာ ဘုရားေက်ာင္းတက္ လုပ္ရင္း ၃ ပတ္ေလာက္ ၾကာတဲ့ အခါမွာေတာ့ ေရွ႕မွာေျပာခဲ့တဲ့ ထူးဆန္းတဲ့ ၀က္သားဟင္း ဖိတ္ေခၚ ေဘာလုံးပဲြဖိတ္စာ က်ေနာ္တုိ႔စခန္းဆီ ေရာက္လာပါတယ္။ အဲဒီအတြက္ စစ္ေၾကာင္း တခုလုံး ေသာၾကာေန႔ ညေနကတည္းက ခရီးထြက္လာၿပီး ခုနက တနင္းခူရြာမွာ ေဘာကန္ရင္း ... အဲ ... ထမင္းလည္းစားရင္း တည အိပ္ပါတယ္။ ေနာက္တေန႔ မနက္မွာေတာ့ တနင္းခူ ကေန ေနာက္ထပ္ တရြာကိုျဖတ္၊ စမ္းေခ်ာင္း ၂ ခုနဲ႔ ေခ်ာင္း ခပ္ႀကီးႀကီး တခုကို ေက်ာ္ၿပီးသြားရတဲ့ ေက်ာက္ထူဘုန္းေတာ္ႀကီး ေက်ာင္းဆီ က်ေနာ္တုိ႔ ခ်ီတက္လာပါတယ္။ အဲဒီလုိ ခ်ီတက္ရင္း မြန္းတည့္ ၁၂ နာရီ ေလာက္မွာ ျပႆနာက စတာပါပဲ။

က်ေနာ္ မွတ္မိသေလာက္ဆုိရင္ အသားညိဳညိဳ အရပ္ပုပု ဗလေကာင္းေကာင္း ရြာသားတဦးက က်ေနာ္တုိ႔ကုိ လမ္းျပအျဖစ္ ဦးေဆာင္လာတာ ျဖစ္ၿပီး ေက်ာက္ထူးေခ်ာင္းကုိ ကူးတဲ့အခါမွာလည္း သူကပဲ ေခ်ာင္းထဲ အရင္ဆင္းၿပီး “ေရစီးေတာ့ အေတာ္ သန္တယ္၊ ဒါေပမယ့္ ကူးလုိ႔ ရပါတယ္” လုိ႔ ေအာ္ေျပာပါတယ္။ က်ေနာ္တုိ႔ကေတာ့ (အဲဒီကာလက က်ေနာ္တုိ႔မွာ ေန႔စဥ္ တာ၀န္က် တာ၀န္မႉး တဦးစီကုိ အလွည့္က် ေပးထားၿပီး သူ႔အမိန္႔နဲ႔ သြားေနၾကတာ ျဖစ္ပါတယ္) “တာ၀န္မႉး အမိန္႔ရမွဆင္း” “ခဏ ေစာင့္ပါဦး” “ႀကိဳးနဲ႔ကူးမွ ျဖစ္မယ္ထင္တယ္” … စသျဖင့္ ေခ်ာင္းေဘးမွာ ရပ္ရင္း ဟုိေျပာဒီေျပာ ေျပာေနဆဲပါ။ မေန႔ညက မုိးရြာထားလုိ႔လားမသိ၊ ၁၀ ေပေလာက္ပဲ အက်ယ္ရွိတဲ့ ေခ်ာင္းထဲမွာ ေရစီးက အေတာ္အစီးသန္ၿပီး ေရအနက္ကလည္း ရင္ဗတ္ ေက်ာ္ေက်ာ္ လည္ပင္းေလာက္ အထိ ရွိေနပါတယ္။

ၿမိဳ႕ေပၚက က်ဳိးဖုိးေတြ ဆုိေတာ့လည္း သိတဲ့အတုိင္း ဒီလုုိေခ်ာင္းမ်ဳိးမွာ ေရကူးဖူးပုံမရပါဘူး။ ေမာင္းမကန္ ကမ္းေျခနဲ႔ လက္၀ဲကၽြန္းဘက္က ေနာ္စီကန္တုိ႔၊ ေဘာ္ဦးကန္တုိ႔ ေလာက္မွာသာ ကူးဖူးပုံရၿပီး ဒီလုိေရစီးနဲ႔ သူတုိ႔နဲ႔ မျဖစ္ပါဘူး။ ဒါကုိ မသိရွာတဲ့ လမ္းျပရြာသားက “ရပါတယ္၊ ဒီလုိကူး၊ ငါကူးျပေနတာ ေတြ႕တယ္မဟုတ္လား” ဆုိၿပီး ဖိနပ္နဲ႔ ပုဆုိး ကိုင္ထားတဲ့ လက္ႏွစ္ဘက္ကို အေပၚေထာင္၊ ေရစီးထဲမွာ လမ္းေလွ်ာက္ၿပီး ဟုိဘက္ ကမ္းဆီ ကူးျပသြားပါတယ္။ ၿပီးေတာ့ အထက ေက်ာင္းသားတခ်ဳိ႕က ေခ်ာင္းထဲ အရင္ဆုံး ဆင္းသြားၿပီး သူ႔ေနာက္ လုိက္ကူးဖုိ႔ ျပင္ပါတယ္။ ဒါေပမယ့္ ေရလယ္ေရာက္တာနဲ႔ ေအာက္ေျခ လြတ္သြားလုိ႔ ေဘးကလူက လွမ္းဆဲြ၊ ဖိနပ္ေတြ ေရထဲေမ်ာပါသြားလုိ႔ ေအာ္သူကေအာ္နဲ႔ပါ။

“ေဟး တေယာက္လက္ တေယာက္ဆဲြထား။ လက္ကို မလြတ္ေစနဲ႔၊ ေရစီးသန္တယ္ သတိထား” ဆုိၿပီး က်ေနာ္နဲ႔အနီးက ရဲေဘာ္ေတြက ေအာ္ေျပာေသးတာကုိ မွတ္မိေနပါတယ္။

အစားတလုတ္ အတြက္ အသြားမေတာ္တဲ့ ေျခတလွမ္းလို႔ ေျပာရင္ မမွားပါဘူး။

က်ေနာ္တုိ႔ရဲ႕ သတိေပးခ်က္က ေနာက္က်သြားပါၿပီ။ အသားျဖဴျဖဴ တရုတ္ကျပားေလး ညီညီနုိင္ဆုိတဲ့ ထား၀ယ္ေကာလိပ္ ဒုတိယႏွစ္ ေက်ာင္သားေလး ေရစီးထဲ ေမ်ာပါသြားပါၿပီ။

“ေဟ့ ရပ္ၾကည့္မေနနဲ႔ လုိက္ဆယ္မွ ျဖစ္မယ္” လုိ႔ ေအာ္ေျပာၿပီး လမ္းျပကုိ အရင္ဆုံး လုိက္ဆယ္ခုိင္းပါတယ္။ ညီညီနုိင္ဟာ ေရထဲျမဳပ္သြားၿပီး တခ်က္ျပန္ေပၚလာတာကုိ က်ေနာ္ ျမင္လုိက္ပါေသးတယ္။ အဲဒီေနာက္မွာေတာ့ လုံး၀ ျပန္ေပၚမလာေတာ့ ပါဘူး။ ဒီေတာ့မွ က်ေနာ္အပါ၀င္ ေရနည္းနည္းပါးပါး ကူးတတ္သူတခ်ဳိ႕က ေခ်ာင္းထဲခုန္ခ်ၿပီး ေရငုပ္လုိက္ရွာေပမယ့္ ဘယ္လုိမွ ရွာမေတြ႕ေတာ့ပါဘူး။ ေရငုပ္တယ္ ဆုိေပမယ့္ ေရစီးကသန္ၿပီး ေအာက္ေျခမွာ ၿပိဳလဲထားတဲ့ သစ္ပင္အျမစ္ေတြ၊ သစ္ကုိင္းေတြ ရွိေနတဲ့အတြက္ အဲဒီေအာက္ အထဲအထိလည္း က်ေနာ္တုိ႔ ကမ၀င္ရဲဘဲ ေန႔လယ္ ၂ နာရီ ထုိးတဲ့အထိ ဘယ္လုိမွ ရွာမေတြ႕ေတာ့လုိ႔ ေနာက္ဆုံးမွာေတာ့ လက္ေလွ်ာ့ၿပီး ဘုန္းႀကီးေက်ာင္းကုိပဲ ဆက္လက္ ခရီးႏွင္ခဲ့ ရပါတယ္။

ညီညီႏုိင္ က်ဆုံးခဲ့ရတဲ့ အဲဒီေခ်ာင္းကေန မိနစ္ ၂၀ ေလာက္ ေတာင္ကုန္းေလးအတုိင္း လမ္းေလွ်ာက္ၿပီးတဲ့ အခ်ိန္မွာေတာ့ တကယ္ပဲ ဘုန္းႀကီးေက်ာင္းတေဆာင္ကုိ က်ေနာ္တုိ႔ ေတြ႕လုိက္ရပါတယ္။ ဒါဟာ သတင္း ၃ ပတ္ေက်ာ္ ကာလအတြင္း ပထမဆုံး ေတြ႕ရတဲ့ ဘုန္းျကီးေက်ာင္းျဖစ္လုိ႔ အားလုံး ထုိင္ရွိခုိးၾကပါတယ္။ ဒါေပမယ့္ ဒီေက်ာင္းမွာ ဘုန္းႀကီး မရွိဘဲ ဘုရားဆင္းတုေတာ္ ၂ ဆူ၊ ၃ ဆူကိုသာ ေတြ႕ရလုိ႔ ေမးၾကည့္တဲ့ အခါမွာေတာ့ “ဒီလုိ အညိဳေရာင္ေဒသ ကရင္ေတာထဲမွာ ဘယ္ဘုန္းႀကီးကမွ ၾကာၾကာ မေနရဲဘူး။ ၾကာၾကာေနရင္ ၾကားညပ္ အသတ္ခံရမွာ စိုးလုိ႔ ဘုန္းႀကီး ထား၀ယ္ကို ျပန္ေျပးသြားၿပီ” လုိ႔ ရြာသားတဦးက က်ေနာ့္ကိုေျပာျပပါတယ္။

သူဆိုလုိတာကေတာ့ ခရစ္ယာန္ဘာသာ ႀကီးစိုးတဲ့ KNU ထိမ္းခ်ဳပ္ရာ ေဒသမွာ ဗုဒၶဘာသာ ဘုန္းႀကီးတပါးအတြက္ ေနေရးထုိင္ေရး အဆင္မေျပသလုိ၊ ဒီဘုန္းႀကီးဟာ အစိုးရ လူလားလုိ႔ KNU ဘက္က သံသယပြား၊ အစိုးရဘက္ကလည္း ဒီဘုန္းျကီး ကရင္ေတာထဲအထိ သြားေနတာ KNU နဲ႔ အဆက္သြယ္ရွိလုိ႔လား ဆုိၿပီး သံသယ၀င္၊ အဲဒီ ၂ ဘက္ၾကား ညပ္မွာ စိုးတာနဲ႔ ျပန္ေျပးသြားတဲ့သေဘာ ျဖစ္တယ္ဆုိတာကို ေနာက္ထပ္အလားတူ ရြာေတြကို ေတြ႕ရေတာ့မွ က်ေနာ္ ပို သေဘာေပါက္ခဲ့ ရပါတယ္။

ညေန ၄ နာရီ ေလာက္မွာေတာ့ စီစဥ္ထားတဲ့အတုိင္း ေဘာလုံးပဲြကို စတင္ခဲ့ေပမယ့္ ေက်ာင္းသားေတြေရာ၊ ရြာသားေတြ ေရာရဲ႕ စိတ္ထဲမွာ ညီညီႏုိင္ ေသသြားတာကိုသာ သတိရေနၾကၿပီး ကစားပဲြထဲမွာ စိတ္၀င္စားမႈ မရွိၾကေတာ့ပါဘူး။ ေဘာလုံးပဲြ အၿပီးမွာ ေကၽြးတဲ့ ၀က္သားဟင္းဟာလည္း ဘယ္လုိမွ အရသာမရွိေတာ့ပါဘူး။

ေနာက္ဆုံးေတာ့ ေက်ာက္ထူရြာရဲ႕ သီတင္းကၽြတ္ပဲြဟာ ညီညီႏုိင့္အတြက္ အမွ်ေ၀ပြဲျဖစ္သြားၿပီး ဆုေတာင္းေမတၱာပုိ႔မႈေတြကုိ က်ေနာ္တုိ႔ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ ျပႆနာက ဒီေက်ာင္းမွာ ဘုန္းႀကီးမရွိတဲ့အတြက္ ငါးပါးသီလ ဘယ္လုိယူမလဲ၊ ညီညီႏုိင့္အတြက္ သရနဂံု တင္တာကို ဘယ္လုိလုပ္မလဲ ဆုိေတာ့ ... က်ေနာ္တုိ႔အုပ္စုထဲက တဦးက ထြက္လာၿပီး သူဘုန္းႀကီးလူထြက္လာတာ မၾကာေသးဘူး၊ သူဆုိတဲ့ အတုိင္းသာ ေနာက္ကလုိက္ဆုိၾကလုိ႔ ဦးေဆာင္ၿပီး ဘုရားရွိခုိးတာနဲ႔ပဲ ငါးပါးသီလခံယူ လုိက္ပါတယ္။ ဒီေတာ့မွပဲ ဘာဆက္လုပ္ရမွန္း မသိျဖစ္ေနတဲ့ က်ေနာ္တို႔ က်ဳိးဖုိးစစ္ေၾကာင္းမႉးလည္း အဆင္ေျပ သြားပါေတာ့တယ္။

ေနာက္တေန႔ အဲဒီေက်ာင္းကေန စခန္းကိုျပန္လာတဲ့ အခ်ိန္ွမွာလည္း က်ေနာ္အပါ၀င္ ေက်ာင္းသား ၅ ဦးေလာက္နဲ႔ ရြာသား ၂ ဦးေလာက္က အဲဒီေခ်ာင္းမွာ ေရကူးၿပီး ညီညီႏုိင္ရဲ႕ အေလာင္းကို ၂ နာရီေလာက္ လုိက္ရွာပါေသးတယ္။ ေနာက္ဆုံးေတာ့ ဘယ္လုိမွ မေတြ႕လုိ႔ လက္ေလွ်ာ့ၿပီး စခန္းကိုပဲ ျပန္လာခဲ့ရပါတယ္။ ဒီလုိနဲ႔ ၄ ရက္ေလာက္ ၾကာတဲ့အခါမွာေတာ့ ညီညီႏုိင့္ အေလာင္းကို ေတြ႕တယ္ဆုိၿပီး KNU ကတဆင့္ ရြာသားေတြက သတင္းပုိ႔ လာပါတယ္။ က်ေနာ္နဲ႔ တျခားေက်ာင္းသား ၃ – ၄ ဦး လုိက္သြားၿပီး သြားၾကည့္ေတာ့ ဟုတ္ပါတယ္။ အေလာင္းက ပုပ္ပြ ေဖာေယာင္ေနၿပီ။ အတြင္းခံ ေဘာင္းဘီတထည္သာ က်န္ၿပီး တျခားအ၀တ္ေတြ ဘာမွမရွိေတာ့ပါဘူး။ လက္တဘက္က အေပၚကိုေထာင္ေနၿပီး အဲဒီလက္မွာ လက္ပတ္နာရီ တလုံး ရွိေနဆဲ ျဖစ္ပါတယ္။

သက္ေသခံပစၥည္းအျဖစ္ သူရဲ႕ လက္ပတ္နာရီကုိ ျဖဳတ္သိမ္း၊ အေလာင္းကိုေျမျမႇဳပ္ဖုိ႔ျပင္ေတာ့ “သရနဂံု တင္ရဦးမယ္ေလ” လုိ႔ က်ေနာ့္ သူငယ္ခ်င္းတဦးက သတိေပးပါတယ္။ ဒါေပမယ့္ ဘုန္းႀကီး မရွိတဲ့ ဒီေဒသမွာ ဘယ္လုိ သရနဂံုတင္မလဲ။ ေနာက္ဆုံးမွာေတာ့ ကရင္ရြာသားေတြနဲ႔အတူ ညီညီႏုိင့္အေလာင္းကုိ ေျမျမႇဳပ္။ သူရဲ႕လက္ပတ္နာရီကုိ ယူၿပီး စခန္းဆီျပန္ လာခဲ့ရပါတယ္။

အဲဒီနာရီနဲ႔အတူ စာတေစာင္ေရးၿပီး ထား၀ယ္ၿမိဳ႕က သူ႔ရဲ႕မိသားစုဆီ က်ေနာ္တုိ႔ ပုိ႔လုိက္ေပမယ့္ အဲဒီစာရ၊ မရနဲ႔ ေနာက္ပုိင္း အေျခအေနကို ဘာမွ မသိေတာ့ပါဘူး။ တခ်ဳိ႕သတင္းေတြ အရဆိုရင္ သူတုိ႔ရဲ႕မိသားစုဟာ အခုခ်ိန္အထိ ညီညီႏုိင္ ေတာထဲမွာ ရွိေနဆဲ၊ ဒါမွမဟုတ္ တတိယႏုိင္ငံ တခုခုဆီ ေရာက္ေနတယ္လုိ႔ ထင္ေနၿပီး ေရနစ္ေသသြားၿပီလုိ႔ ေျပာတာကုိ မယုံေသးဘူးလုိ႔ ထား၀ယ္ဘက္က လာတဲ့ သတင္းေတြ ၾကားေနရဆဲ ျဖစ္ပါတယ္။
================================================

ထက်အောင်ကျော် Thursday, 06 October 2011 18:53
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။


နောက်ဆုံးမှာတော့ အချိန်တလကြာတဲ့အထိ ဘာမှမထူးဘူး ဆိုရင် ဒီမှာဆက်နေမလား၊ ထား ဝယ်ပြန်မလားဆိုပြီး ကျနော်တို့အကြား ငြင်းခုံမှုတွေ တိုးပွားလာပါတယ်။ မဲဆောက်နဲ့ သီဘောဘိုးဘက်က ကျောင်းသားတွေ၊ နောက်တခါ မင်းသမီး ဘက်က ကျောင်းသားတွေနဲ့လည်း ကျနော်တို့က ဘယ်လိုမှ တိုက်ရိုက် ဆက်သွယ်မှုမရ၊ KNU ဆီကတဆင့် ကြေးနန်း သတင်းတချို့ကို ရနေပေမယ့် ကျနော်တို့က ဒါကို အယုံအကြည် သိပ်မရှိတော့ပါဘူး။


  
တောခိုကျောင်းသား ကျောင်းသူများ အခြေခံစစ်ရေးလေ့ကျင့်နေစဉ်


နောက်ဆုံးမှာတော့ မင်းသမီးဘက် ရောက်နေသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ဆိုပြီး ကျနော်တို့ဆီက ကိုယ်စားလှယ် ၂ ဦးကို ရွေး၊ KNU လက်ထဲ အပ်ပြီး လွှတ်လိုက်ပါတယ်။ အဲဒီ ၂ ဦးကတော့ တနင်္သာရီတိုင်း လက်ရွေးစင် ဘော်လုံးသမား သန်းဝင်း (ခေါ်) အိုဃီးနဲ့ မော်လမြိုင် တက္ကသိုလ်က ဆန်းဇော်ထွန်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ခရီးထွက်သွားပြီး တပတ် ဆယ်ရက် ကြာတဲ့အထိ ဘာသတင်းမှ ပြန်မလာတဲ့အတွက် ဒီလူတွေ မင်းသမီးကို ရောက်တာ သေချာရဲ့လား၊ လမ်းမှာများ အဖြောင် ခံလိုက်ရပြီလား ဆိုပြီး ကျနော်တို့နဲ့ KNU အကြား သံသယတွေ ပွားလာပြန်ပါတယ်။ ဒီကိစ္စ စုံစမ်းဖို့ KNU နဲ့ ရင်းနှီးပြီး ကရင်စကားလည်း နည်းနည်းတတ်တဲ့ ကိုသောင်းညွန့် (ခေါ်) ကိုလေပေး (၂၀၁ - ဘက်မလိုက် တပ်ရင်းမှူး ဖြစ်လာသူ) ကို တာဝန်ပေးပြီး မင်းသမီးစခန်းဆီ ထပ်လွှတ်ခဲ့ပါတယ်။ (ဒီဆောင်းပါး ရေးဖို့ ပြန်မေးတော့မှ သိရတာကတော့ ထီးထာရောက် ရောက်ချင်း သတင်းပို့ဖို့ အခက်အခဲ ရှိနေလို့ နောက်ကျသွားတာသာ ဖြစ်ပြီး တခြားပြဿနာ ဘာမှမရှိပါဘူးလို့ ကိုသန်းဝင်းက ရှင်းပြပါတယ်)

ဒီအခြေနေတွေကို မသိတဲ့ ကျနော်တို့အုပ်စု ခမျာတော့ BBC ကို နားထောင်။ KNU ခေါင်းဆောင်ပိုင်းကို သတင်းမေးနဲ့ တချိန်လုံး အားမလို အားမရ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ တနေ့မှာတော့ မဒတ ဥက္ကဋ္ဌ စောမော်ရယ်ကနေ  ကျောင်းသားတွေကို လက်ခံဖို့ သူတို့ပြင်ထားပါတယ်၊ လက်နက်တွေလည်း ထောက်ပံ့မယ်ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စကားမျိုး BBC နဲ့ အင်တာဗျုး အတွင်း ပြောသွားတာ ကြားလိုက်ရတဲ့အတွက် ကျနော်တို့ရဲ့ စိတ်ပျက်မှုတွေဟာ နည်းနည်းတော့ ပြန်လည် နိုးကြား လာပါတယ်။ ဒါပေမယ့် လက်တွေ့ နေ့စဉ် ဘဝမှာကတော့ ညောင်အိုးထီးကို နှာခေါင်းပိတ်ပြီး သုံးဆောင်၊ ခြုံနွယ်ပိတ်ပေါင်း မျိုးစုံ ဟင်းချိုကို သောက်၊ ငှက်ဖျားမဖြစ်အောင် ရေကိုကြိုသောက်၊ မယ်ညား - ပါသား ကို ခပ်ကျယ်ကျယ် အော်ပြီး ဝါးရင်းတုတ် သေနပ်ကိုထမ်း စသဖြင့် စိတ်ဓာတ်ကျဖွယ် အချိန် တလတာကို အဓိပ္ပာယ် နည်းပါးစွာနဲ့ ကျနော်တို့ အုပ်စု ဖြတ်သန်းခဲ့ရပါတယ်။

ဘန်းချောင်းဘေးက KNU တပ်ခွဲ ၁ မှာ မယ်ညား - ပါးသား လုပ်နေရင်း အချိန်တလလောက် ကြာသွားခဲ့ပါတယ်။

အဲဒီကာလအတွင်း မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ ဖြစ်စဉ်တခုကတော့ ညီညီနိုင် (ခေါ်) ကျနော်တို့ရဲ့ ရဲဘော်တဦး ရေနစ် သေဆုံးသွားခြင်းပါ။ ဒါဟာ ရှေ့မှာ ပြောခဲ့တဲ့ အစားအသောက် ဆင်းရဲ ငတ်ပြတ်မှုနဲ့ ဆက်စပ်နေတဲ့အတွက် တကယ့်ကို ရင်နာစရာ ဇာတ်လမ်းတခုပါပဲ။ သူတို့ မိသားစုဟာ ထားဝယ်မှာ အေး - ထီဆိုင်နဲ့ တခြားဆိုင်တွေလည်း ရှိပါတယ်။ စီးပွားရေးအရ ပြေလည်နေတာကြောင့် သူတို့ရဲ့ သားဟာ အစားအသောက် ငတ်ပြတ်မှုကြောင့် သေဆုံးသွားရတယ် ဆိုတာကို သူ့မိသားစုတွေ ဘယ်လိုမှ လက်ခံမယ် မထင်ပါဘူး။

ကျနော် မှတ်မိသလောက် အဲဒီနေ့ဟာ ကျနော်တို့ တောထဲရောက်ပီး ပထမဆုံး ကြုံရတဲ့ သီတင်းကျွတ် လပြည့်နေ့။ ထားဝယ်မှာဆိုရင်တော့ သီတင်းကျွတ် လပြည့်နေ့မှာ ဘုရားကြီးဝန်းထဲ သွားပြီး ဆီးမီးပူးဇော်တာ။ ဒါမှမဟုတ် ဟိုငေးဒီငေးနဲ့ ယောင်ခြောက်ဆယ် လုပ်တာတွေကို ဆောင်ရွက်လေ့ရှိတဲ့ ကျနော်တို့ မောင်ကျောင်းသား တွေဟာ အခုဘန်းချောင်းဘေးက KNU နယ်မြေထဲမှာတော့ ဘုရားဝန်းလည်း မရှိ၊ ဘုန်းကြီးကျောင်းလည်း မရှိ။ သွားချင်သပ ဆိုရင် ခရစ်ယာန် ဘုရားကျောင်းသွားပြီး ဆုတောင်းဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာလား၊ ကံဆိုတာလား မပြောတတ်။ သီတင်းမကျွတ်ခင် လေးမှာ ထူးထူးခြားခြား ဖိတ်ကြားချက်တခု ကျနော်တို့ ရရှိခဲ့ပါတယ်။

“ကျောက်ထူး ဘုန်းကြီးကျောင်းမှာ သီတင်းကျွတ်ပွဲ ကျင်းပမယ်။ ကျောင်းသားတွေနဲ့ ရွာသားတွေ ဘော်လုံးပြိုင်ပွဲ လုပ်ပေးမယ်။ ဝက်သားဟင်းနဲ့ ထမင်းကျွေးမယ်” ဆိုတဲ့ သတင်းစကား ကျနော်တို့ စခန်းဆီ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိပါဘူး။

မယ်ညား-ပါးသား နင်းနေရင်းနဲ့ အဲဒီသတင်းစကားကို တီးတိုးပြောနေကြပြီ။

“ဝက်သားတုံး မကိုက်ရတာ ကြာပြီကွာ။ ဒီတခါတော့ အပီဆွဲရတော့မယ် … ရှလွတ်-ရှလွတ်” ဆိုပြီး တယောက်တပေါက် နောက်ပြောင် နေကြပါတယ်။

တကယ်တော့ ဝက်သားဟင်းအတွက် ဘုန်းကြီးကျောင်း တကျောင်းက ဖိတ်တာဟာ ဒါ ပထမဆုံး အကြိမ်ဖြစ်ပေမယ့် ကျနော်တို့ စခန်းဝန်းကျင်က ကရင်ရွာတွေရဲ့ ဘုရားကျောင်းတွေက ဖိတ်တာကတော့ (အကြိမ် အတော်များများကတော့ မဖိတ်ဘဲနဲ့ သွားစားခဲ့တာပါ) ၃ - ၄ ခါ ရှိနေပါပြီ။ အထူးသဖြင့် ကျနော်တို့ ကျောင်းသားတွေ ငတ်ပြတ်နေမှန်း ရိပ်မိတဲ့ တနင်းခူရွာက ကျောင်းအုပ်ဆရာ (သင်းအုပ်ဆရာလည်း ဖြစ်နိုင်ပါတယ်၊ ကျနော် အသေအချာ မမှတ်မိတော့ပါ) က စနေနေ့တိုင်း သူရွာဖိတ်ပြီး ဘော်လုံးပြိုင်ပွဲ လုပ်ပေးပါတယ်။

ဒီရွာဟာ ကျနော်တို့စခန်းနဲ့ အနီးဆုံးရွာဖြစ်ပြီး စမ်းချောင်းလေး ၂ - ခုလောက်ကိုကျော်၊ နာရီ ဝက်လောက် လမ်းလျှောက်ရင် ရောက်တဲ့ နေရာပါ။ အဲဒီရွာမှာ အိမ် ဘယ်နှလုံး ရှိမှန်း ကျနော်အသေအချာ မမှတ်မိတော့ပေမယ့် ကျနော်တို့ ဘောလုံးကန်တဲ့ ကွင်းဘေးမှာ ဘုရားကျောင်း တကျောင်း ရှိပါတယ်။ အဲဒီဘေးနားမှာ ခုနကပြောတဲ့ ကျောင်းအုပ်ဆရာရဲ့ အိမ်ရှိပါတယ်။ ဘုရားကျောင်းရော၊ အိမ်ရောဟာ ယာယီသဘောဆောင်ပြီး သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဖက်မိုး အဆောက်အဦတွေ ဖြစ်ပါတယ်။ ဘောလုံးကွင်းကလည်း ယာယီသဘောကို ဆောင်ပြီး ထိကရုဏ်းပင်တွေ၊ မြက်ရိုင်းတွေနဲ့ပေါ့။ ဒါပေမယ့် ဝက်သားဟင်း စားရရေး တို့အရေးဖြစ်နေတဲ့ ကျနော်တို့ ကျိုးဖိုး (ကျောင်းသားကို ကရင်လိုအခေါ်) တွေ ခမျာမှာတော့ ဖိနပ် ဗလာနဲ့ အဲဒီ ဆူးခင်းပေါ်မှာ ပြေးပြီး ဘောလုံး ကစားခဲ့တာ အခုအချိန် ပြန်စဉ်းစားမိတိုင်း ကိုယ့်ခြေဖဝါး ကိုယ်ပြန် စမ်းမိပါတယ်။

“စစ်ထွက်တိုက်ဖို့ … သေနတ်မရသေးလို့ ဘောလုံးကို ကျုံးကျုံး ကန်” နေရတဲ့ ကျနော်တို့ အဖြစ်ပါ။

စနေမှာ ဘောလုံးပွဲနဲ့ အလုပ်များကြသလို တနင်္ဂနွေမှာလည်း အဲဒီ ဘောလုံးကွင်းဘေးက ဘုရားကျောင်းဆီ လာပြီး “အာမင်” (ခရစ်ယာန် ဘုရားရှိးခိုးပွဲ အပြီးမှာ နောက်ဆုံး ဆုတောင်းတဲ့ စကားလုံးပါ။ အားလုံးကို ကရင်ဘာသာနဲ့ ပြောတဲ့အတွက် နောက်ဆုံးတလုံးကိုပဲ ကျနော်တို့က အသေမှတ်ထားပြီး အဲဒီစကားလုံး ကြားရင် ဦးရှင်ကြီးပွဲ လုသလိုမျိုး စားဖို့ရယ်ဒီဖြစ်ပြီလို့ မှတ်ထားတာ ဖြစ်ပါတယ်) ကို စောင့်ရ တာကလည်း အမော။ ဒါပေမယ့် ဒီပွဲကိုတော့ ဘောလုံးကန် သွားသလိုမျိုး ဖြစ်သလို သွားလို့မရပါဘူး။ ရေမိုးချိုးပြီး အဝတ်အစား သန့်သန့် ပြန့်ပြန့်နဲ့ လာမှ ဘုရားကျောင်းလာတဲ့ ကရင်ဒေသခံတွေက နှစ်သက်တဲ့ သဘောရှိတာကြောင့် အကောင်းဆုံး အဝတ်တွေကို တယောက်တလှည့် ငှားဝတ်ပြီး ကျိုးဖိုးတပ်သားများ အလှည့်ကျ သွားခဲ့ကြပေါ့။ ကျန်တဲ့လူတွေ စိတ်ထဲ ဘယ်လိုရှိလည်းတော့ မသိဘူး။ ဘုရားကျောင်း တခါမှ မတက်ဘူးတဲ့ ကျနော့် ခမျာတော့ ဘုရားရှိခိုးမှု တခါနားတိုင်း ပိုက်ဆံအလှူခံတဲ့အခါ တပြားမှ မလှူနိုင်ဘဲ ပြုံးပြီး နေရတဲ့ ဘဝကို မခံစားနိုင်လို့ နောက်ပိုင်းတော့ မသွားဖြစ်တော့ပါဘူး။

အဲဒီလို စနေမှာ ဘောကန်၊ တနင်္ဂနွေမှာ ဘုရားကျောင်းတက် လုပ်ရင်း ၃ ပတ်လောက် ကြာတဲ့ အခါမှာတော့ ရှေ့မှာပြောခဲ့တဲ့ ထူးဆန်းတဲ့ ဝက်သားဟင်း ဖိတ်ခေါ် ဘောလုံးပွဲဖိတ်စာ ကျနော်တို့စခန်းဆီ ရောက်လာပါတယ်။ အဲဒီအတွက် စစ်ကြောင်း တခုလုံး သောကြာနေ့ ညနေကတည်းက ခရီးထွက်လာပြီး ခုနက တနင်းခူရွာမှာ ဘောကန်ရင်း ... အဲ ... ထမင်းလည်းစားရင်း တည အိပ်ပါတယ်။ နောက်တနေ့ မနက်မှာတော့ တနင်းခူ ကနေ နောက်ထပ် တရွာကိုဖြတ်၊ စမ်းချောင်း ၂ ခုနဲ့ ချောင်း ခပ်ကြီးကြီး တခုကို ကျော်ပြီးသွားရတဲ့ ကျောက်ထူဘုန်းတော်ကြီး ကျောင်းဆီ ကျနော်တို့ ချီတက်လာပါတယ်။ အဲဒီလို ချီတက်ရင်း မွန်းတည့် ၁၂ နာရီ လောက်မှာ ပြဿနာက စတာပါပဲ။

ကျနော် မှတ်မိသလောက်ဆိုရင် အသားညိုညို အရပ်ပုပု ဗလကောင်းကောင်း ရွာသားတဦးက ကျနော်တို့ကို လမ်းပြအဖြစ် ဦးဆောင်လာတာ ဖြစ်ပြီး ကျောက်ထူးချောင်းကို ကူးတဲ့အခါမှာလည်း သူကပဲ ချောင်းထဲ အရင်ဆင်းပြီး “ရေစီးတော့ အတော် သန်တယ်၊ ဒါပေမယ့် ကူးလို့ ရပါတယ်” လို့ အော်ပြောပါတယ်။ ကျနော်တို့ကတော့ (အဲဒီကာလက ကျနော်တို့မှာ နေ့စဉ် တာဝန်ကျ တာဝန်မှူး တဦးစီကို အလှည့်ကျ ပေးထားပြီး သူ့အမိန့်နဲ့ သွားနေကြတာ ဖြစ်ပါတယ်) “တာဝန်မှူး အမိန့်ရမှဆင်း” “ခဏ စောင့်ပါဦး” “ကြိုးနဲ့ကူးမှ ဖြစ်မယ်ထင်တယ်” … စသဖြင့် ချောင်းဘေးမှာ ရပ်ရင်း ဟိုပြောဒီပြော ပြောနေဆဲပါ။ မနေ့ညက မိုးရွာထားလို့လားမသိ၊ ၁၀ ပေလောက်ပဲ အကျယ်ရှိတဲ့ ချောင်းထဲမှာ ရေစီးက အတော်အစီးသန်ပြီး ရေအနက်ကလည်း ရင်ဗတ် ကျော်ကျော် လည်ပင်းလောက် အထိ ရှိနေပါတယ်။

မြို့ပေါ်က ကျိုးဖိုးတွေ ဆိုတော့လည်း သိတဲ့အတိုင်း ဒီလိုချောင်းမျိုးမှာ ရေကူးဖူးပုံမရပါဘူး။ မောင်းမကန် ကမ်းခြေနဲ့ လက်ဝဲကျွန်းဘက်က နော်စီကန်တို့၊ ဘော်ဦးကန်တို့ လောက်မှာသာ ကူးဖူးပုံရပြီး ဒီလိုရေစီးနဲ့ သူတို့နဲ့ မဖြစ်ပါဘူး။ ဒါကို မသိရှာတဲ့ လမ်းပြရွာသားက “ရပါတယ်၊ ဒီလိုကူး၊ ငါကူးပြနေတာ တွေ့တယ်မဟုတ်လား” ဆိုပြီး ဖိနပ်နဲ့ ပုဆိုး ကိုင်ထားတဲ့ လက်နှစ်ဘက်ကို အပေါ်ထောင်၊ ရေစီးထဲမှာ လမ်းလျှောက်ပြီး ဟိုဘက် ကမ်းဆီ ကူးပြသွားပါတယ်။ ပြီးတော့ အထက ကျောင်းသားတချို့က ချောင်းထဲ အရင်ဆုံး ဆင်းသွားပြီး သူ့နောက် လိုက်ကူးဖို့ ပြင်ပါတယ်။ ဒါပေမယ့် ရေလယ်ရောက်တာနဲ့ အောက်ခြေ လွတ်သွားလို့ ဘေးကလူက လှမ်းဆွဲ၊ ဖိနပ်တွေ ရေထဲမျောပါသွားလို့ အော်သူကအော်နဲ့ပါ။

“ဟေး တယောက်လက် တယောက်ဆွဲထား။ လက်ကို မလွတ်စေနဲ့၊ ရေစီးသန်တယ် သတိထား” ဆိုပြီး ကျနော်နဲ့အနီးက ရဲဘော်တွေက အော်ပြောသေးတာကို မှတ်မိနေပါတယ်။

အစားတလုတ် အတွက် အသွားမတော်တဲ့ ခြေတလှမ်းလို့ ပြောရင် မမှားပါဘူး။

ကျနော်တို့ရဲ့ သတိပေးချက်က နောက်ကျသွားပါပြီ။ အသားဖြူဖြူ တရုတ်ကပြားလေး ညီညီနိုင်ဆိုတဲ့ ထားဝယ်ကောလိပ် ဒုတိယနှစ် ကျောင်သားလေး ရေစီးထဲ မျောပါသွားပါပြီ။

“ဟေ့ ရပ်ကြည့်မနေနဲ့ လိုက်ဆယ်မှ ဖြစ်မယ်” လို့ အော်ပြောပြီး လမ်းပြကို အရင်ဆုံး လိုက်ဆယ်ခိုင်းပါတယ်။ ညီညီနိုင်ဟာ ရေထဲမြုပ်သွားပြီး တချက်ပြန်ပေါ်လာတာကို ကျနော် မြင်လိုက်ပါသေးတယ်။ အဲဒီနောက်မှာတော့ လုံး၀ ပြန်ပေါ်မလာတော့ ပါဘူး။ ဒီတော့မှ ကျနော်အပါဝင် ရေနည်းနည်းပါးပါး ကူးတတ်သူတချို့က ချောင်းထဲခုန်ချပြီး ရေငုပ်လိုက်ရှာပေမယ့် ဘယ်လိုမှ ရှာမတွေ့တော့ပါဘူး။ ရေငုပ်တယ် ဆိုပေမယ့် ရေစီးကသန်ပြီး အောက်ခြေမှာ ပြိုလဲထားတဲ့ သစ်ပင်အမြစ်တွေ၊ သစ်ကိုင်းတွေ ရှိနေတဲ့အတွက် အဲဒီအောက် အထဲအထိလည်း ကျနော်တို့ ကမဝင်ရဲဘဲ နေ့လယ် ၂ နာရီ ထိုးတဲ့အထိ ဘယ်လိုမှ ရှာမတွေ့တော့လို့ နောက်ဆုံးမှာတော့ လက်လျှော့ပြီး ဘုန်းကြီးကျောင်းကိုပဲ ဆက်လက် ခရီးနှင်ခဲ့ ရပါတယ်။

ညီညီနိုင် ကျဆုံးခဲ့ရတဲ့ အဲဒီချောင်းကနေ မိနစ် ၂၀ လောက် တောင်ကုန်းလေးအတိုင်း လမ်းလျှောက်ပြီးတဲ့ အချိန်မှာတော့ တကယ်ပဲ ဘုန်းကြီးကျောင်းတဆောင်ကို ကျနော်တို့ တွေ့လိုက်ရပါတယ်။ ဒါဟာ သတင်း ၃ ပတ်ကျော် ကာလအတွင်း ပထမဆုံး တွေ့ရတဲ့ ဘုန်းကြီးကျောင်းဖြစ်လို့ အားလုံး ထိုင်ရှိခိုးကြပါတယ်။ ဒါပေမယ့် ဒီကျောင်းမှာ ဘုန်းကြီး မရှိဘဲ ဘုရားဆင်းတုတော် ၂ ဆူ၊ ၃ ဆူကိုသာ တွေ့ရလို့ မေးကြည့်တဲ့ အခါမှာတော့ “ဒီလို အညိုရောင်ဒေသ ကရင်တောထဲမှာ ဘယ်ဘုန်းကြီးကမှ ကြာကြာ မနေရဲဘူး။ ကြာကြာနေရင် ကြားညပ် အသတ်ခံရမှာ စိုးလို့ ဘုန်းကြီး ထားဝယ်ကို ပြန်ပြေးသွားပြီ” လို့ ရွာသားတဦးက ကျနော့်ကိုပြောပြပါတယ်။

သူဆိုလိုတာကတော့ ခရစ်ယာန်ဘာသာ ကြီးစိုးတဲ့ KNU ထိမ်းချုပ်ရာ ဒေသမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးအတွက် နေရေးထိုင်ရေး အဆင်မပြေသလို၊ ဒီဘုန်းကြီးဟာ အစိုးရ လူလားလို့ KNU ဘက်က သံသယပွား၊ အစိုးရဘက်ကလည်း ဒီဘုန်းကြီး ကရင်တောထဲအထိ သွားနေတာ KNU နဲ့ အဆက်သွယ်ရှိလို့လား ဆိုပြီး သံသယဝင်၊ အဲဒီ ၂ ဘက်ကြား ညပ်မှာ စိုးတာနဲ့ ပြန်ပြေးသွားတဲ့သဘော ဖြစ်တယ်ဆိုတာကို နောက်ထပ်အလားတူ ရွာတွေကို တွေ့ရတော့မှ ကျနော် ပို သဘောပေါက်ခဲ့ ရပါတယ်။

ညနေ ၄ နာရီ လောက်မှာတော့ စီစဉ်ထားတဲ့အတိုင်း ဘောလုံးပွဲကို စတင်ခဲ့ပေမယ့် ကျောင်းသားတွေရော၊ ရွာသားတွေ ရောရဲ့ စိတ်ထဲမှာ ညီညီနိုင် သေသွားတာကိုသာ သတိရနေကြပြီး ကစားပွဲထဲမှာ စိတ်ဝင်စားမှု မရှိကြတော့ပါဘူး။ ဘောလုံးပွဲ အပြီးမှာ ကျွေးတဲ့ ဝက်သားဟင်းဟာလည်း ဘယ်လိုမှ အရသာမရှိတော့ပါဘူး။

နောက်ဆုံးတော့ ကျောက်ထူရွာရဲ့ သီတင်းကျွတ်ပွဲဟာ ညီညီနိုင့်အတွက် အမျှဝေပွဲဖြစ်သွားပြီး ဆုတောင်းမေတ္တာပို့မှုတွေကို ကျနော်တို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက ဒီကျောင်းမှာ ဘုန်းကြီးမရှိတဲ့အတွက် ငါးပါးသီလ ဘယ်လိုယူမလဲ၊ ညီညီနိုင့်အတွက် သရနဂုံ တင်တာကို ဘယ်လိုလုပ်မလဲ ဆိုတော့ ... ကျနော်တို့အုပ်စုထဲက တဦးက ထွက်လာပြီး သူဘုန်းကြီးလူထွက်လာတာ မကြာသေးဘူး၊ သူဆိုတဲ့ အတိုင်းသာ နောက်ကလိုက်ဆိုကြလို့ ဦးဆောင်ပြီး ဘုရားရှိခိုးတာနဲ့ပဲ ငါးပါးသီလခံယူ လိုက်ပါတယ်။ ဒီတော့မှပဲ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတဲ့ ကျနော်တို့ ကျိုးဖိုးစစ်ကြောင်းမှူးလည်း အဆင်ပြေ သွားပါတော့တယ်။

နောက်တနေ့ အဲဒီကျောင်းကနေ စခန်းကိုပြန်လာတဲ့ အချိန်ှမှာလည်း ကျနော်အပါဝင် ကျောင်းသား ၅ ဦးလောက်နဲ့ ရွာသား ၂ ဦးလောက်က အဲဒီချောင်းမှာ ရေကူးပြီး ညီညီနိုင်ရဲ့ အလောင်းကို ၂ နာရီလောက် လိုက်ရှာပါသေးတယ်။ နောက်ဆုံးတော့ ဘယ်လိုမှ မတွေ့လို့ လက်လျှော့ပြီး စခန်းကိုပဲ ပြန်လာခဲ့ရပါတယ်။ ဒီလိုနဲ့ ၄ ရက်လောက် ကြာတဲ့အခါမှာတော့ ညီညီနိုင့် အလောင်းကို တွေ့တယ်ဆိုပြီး KNU ကတဆင့် ရွာသားတွေက သတင်းပို့ လာပါတယ်။ ကျနော်နဲ့ တခြားကျောင်းသား ၃ – ၄ ဦး လိုက်သွားပြီး သွားကြည့်တော့ ဟုတ်ပါတယ်။ အလောင်းက ပုပ်ပွ ဖောယောင်နေပြီ။ အတွင်းခံ ဘောင်းဘီတထည်သာ ကျန်ပြီး တခြားအဝတ်တွေ ဘာမှမရှိတော့ပါဘူး။ လက်တဘက်က အပေါ်ကိုထောင်နေပြီး အဲဒီလက်မှာ လက်ပတ်နာရီ တလုံး ရှိနေဆဲ ဖြစ်ပါတယ်။

သက်သေခံပစ္စည်းအဖြစ် သူရဲ့ လက်ပတ်နာရီကို ဖြုတ်သိမ်း၊ အလောင်းကိုမြေမြှုပ်ဖို့ပြင်တော့ “သရနဂုံ တင်ရဦးမယ်လေ” လို့ ကျနော့် သူငယ်ချင်းတဦးက သတိပေးပါတယ်။ ဒါပေမယ့် ဘုန်းကြီး မရှိတဲ့ ဒီဒေသမှာ ဘယ်လို သရနဂုံတင်မလဲ။ နောက်ဆုံးမှာတော့ ကရင်ရွာသားတွေနဲ့အတူ ညီညီနိုင့်အလောင်းကို မြေမြှုပ်။ သူရဲ့လက်ပတ်နာရီကို ယူပြီး စခန်းဆီပြန် လာခဲ့ရပါတယ်။

အဲဒီနာရီနဲ့အတူ စာတစောင်ရေးပြီး ထားဝယ်မြို့က သူ့ရဲ့မိသားစုဆီ ကျနော်တို့ ပို့လိုက်ပေမယ့် အဲဒီစာရ၊ မရနဲ့ နောက်ပိုင်း အခြေအနေကို ဘာမှ မသိတော့ပါဘူး။ တချို့သတင်းတွေ အရဆိုရင် သူတို့ရဲ့မိသားစုဟာ အခုချိန်အထိ ညီညီနိုင် တောထဲမှာ ရှိနေဆဲ၊ ဒါမှမဟုတ် တတိယနိုင်ငံ တခုခုဆီ ရောက်နေတယ်လို့ ထင်နေပြီး ရေနစ်သေသွားပြီလို့ ပြောတာကို မယုံသေးဘူးလို့ ထားဝယ်ဘက်က လာတဲ့ သတင်းတွေ ကြားနေရဆဲ ဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More