Saturday, July 5, 2025

''လိုင်းပေါ်က ဆူညံသံကိုကျော်ပြီး မြေပြင်က ပြည်သူ့အသံကို နားထောင်နိုင်ဖို...


''လိုင်းပေါ်က ဆူညံသံကိုကျော်ပြီး မြေပြင်က ပြည်သူ့အသံကို နားထောင်နိုင်ဖို့ လိုတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင်)

“နွေဦးတော်လှန်ရေးမှာ ဆိုရှယ်မီဒီယာ အရေးပါတာမှန်ပေမယ့် လိုင်းပေါ်က ဆူညံသံတွေကိုကျော်ပြီး မြေပြင်က ပြည်သူ့အသံတွေကို နားထောင်နိုင်ဖို့ လိုတယ်၊ စစ်နိုင်ရေးကို ေ၀ဝါးစေတဲ့ အပြောအဆိုတွေကိုရှောင်ပြီး တော်လှန်ရေးမှာ အားလုံး ပါဝင်ဖို့လိုတယ်” လို့ ချင်းညီနောင်အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

နွေဦးတော်လှန်ရေး  ၅ နှစ်ထဲ ဝင်လာချိန်၊ မြို့သိမ်းတိုက်ပွဲတွေ နှေးကွေးလာချိန်မှာ ဆိုရှယ်မီဒီယာကနေ တော်လှန်ရေးအပေါ် ဝေဖန်မှုတွေ တိုးလာတာ၊ ထောက်ပို့အချင်းချင်းကြား သဘောထားကွဲတာတွေနဲ့ပတ်သက်ပြီး မြေပြင်မှာ တိုက်ပွဲဝင်နေသူတွေရဲ့အမြင်ကို ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- စစ်ကောင်စီတပ်က ERO ဒေသမှာပဲ အထိနာနေပြီး အညာဒေသမှာ အသာစီးရနေဆဲလား...

- ERO တွေက စစ်ဆင်ရေးတွေကို သိုသိုသိပ်သိပ်ဆောင်ရွက်နေပြီး NUG နဲ့ PDF တွေက သတင်း မသိုသိပ်နိုင်တာ ဘာကြောင့်လဲ...

-  ဆယ်လီတွေရဲ့ အွန်လိုင်းပေါ်က အငြင်းပွားမှုက မြေပြင်က ပြည်သူတွေကို စိတ်ညစ်စေသလား...

- စစ်ကောင်စီကို ဖြုတ်ချပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ထူထောင်ဖို့ ပြည်သူတွေ တကယ်အဆင်သင့်ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, July 4, 2025

ငါန်းဇွန်တိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... နောင်ချိုနဲ့ ဖားကန့်မှာ တို...


ငါန်းဇွန်တိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... နောင်ချိုနဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ....

၅ ဇူလိုင် ၂၀၂၅

မန္တလေးတိုင်း၊ မြို့သာ-ဆီမီးခုံ ကားလမ်းပေါ်ရောက်လာတဲ့ စစ်ကောင်စီရဲ့ လက်နက်သယ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်ကြောင်းမှုးအပါဝင် ၃၀ ခန့်သေဆုံး၊ ၄ ဦးကို လက်ရဖမ်းမိတယ်လို့ မြင်းခြံခရိုင် အမှတ် ( ၇) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၃ ရက် မနက် ၇ နာရီခန့်မှာ အဲဒီယာဉ်တန်း ငါန်းဇွန်နဲ့ မြို့သာအကြား သတ်မှတ်နေရာအရောက်မှာ အနီးကပ် တိုက်ခိုက်တာလို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ဖားဆောင်းတိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးတပ်တွေ ပစ်ချလိုက်တဲ့ FTC-2000G အမျိုးအစား တိုက်လေယာဉ်ရဲ့ အပျက်အစီးပုံ အသေးစိပ်ကို KNDF က ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်...

- TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ဒေသ သီပေါမြို့ကို ဇူလိုင် ၄ ရက် ည ၁၀ နာရီမှာ စစ်လေယာဉ်က ဗုံးကြဲ...

- နောင်ချိုမြို့နယ် နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားမှာ တိုက်ပွဲ ဆက်ပြင်းထန်နေ...

- AA အာရက္ခတပ်တော် ထိန်းချုပ်ဒေသ အမ်းမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် စာသင်ကျောင်းနဲ့ နေအိမ်အချို့ ပျက်စီး...

- ကျောက်စိမ်းမြေ ဖားကန့်မြိုနယ် ဆွတ်ဘွမ်နဲ့ မှောစီစာရွာတွေဖက်မှာ စစ်ကောင်စီနဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြန်ပြင်းထန်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“လက်နက်ကိုင်တော်လှန်ရေးမှာ စစ်အနိုင်တိုက်ဖို့က အဓိကပဲ”


“လက်နက်ကိုင်တော်လှန်ရေးမှာ စစ်အနိုင်တိုက်ဖို့က အဓိကပဲ”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင်)

“လက်နက်ကိုင်တော်လှန်ရေးလုပ်ရင် စစ်အနိုင်တိုက်ရေးကို ဦးစားပေးဖို့လိုတယ်၊ စစ်နိုင်သူကိုပဲ အားလုံးက အသိအမှတ်ပြုမှာဖြစ်တဲ့အတွက် စစ်နိုင်ရေးကိုသာ အဓိကထားသင့်တယ်၊ အခြားကိစ္စတွေနဲ့ အလုပ်ရှုပ် ခံမနေသင့်ဘူး” လို့ ချင်းညီနောင်အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်၊ မင်းတပ်မြို့နယ် ပအဖ ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းတောင်တန်းပေါ်က တိုက်ပွဲအခြေအနေ၊ တနိုင်ငံလုံးရဲ့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ကလေးမြို့ကနေ ချင်းတောင်ပေါ်တက်လာနေတဲ့ စစ်ကောင်စီတပ်ကို CB, CC, PDF ပူးပေါင်းတပ်တွေက ဘယ်လို တိုက်ခိုက်နေသလဲ...

- ဒေသဆိုင်ရာ ချင်းတော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြားက ပွတ်တိုက်မှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေသလဲ...

- CB ထိန်းချုပ်ဒေသ မြို့ပြတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ...

- ပခုက္ကူကနေ ထွက်လာနေတဲ့ ကားအစီး ၁၀၀ ကျော်ပါ စစ်ကြောင်းက ဘယ်ကို ဦးတည်လာနိုင်သလဲ...

- ERO ဒေသတွေမှာပဲ စစ်ကောင်စီ အထိနာနေပြီး အညာမှာ စခန်းသိမ်း၊ မြိုံသိမ်း တိုက်ပွဲမလုပ်နိုင်သေးတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

(ထောက်ပို့ ဆယ်လီတွေရဲ့ အွန်လိုင်းပေါ်က အငြင်းပွားမှုက မြေပြင်ရှိ တော်လှန်လူထုကို ဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်) 

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, July 3, 2025

ဖားဆောင်းမြို့က ခလရ ၁၃၄ ကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်... စစ်လေယ...


ဖားဆောင်းမြို့က ခလရ ၁၃၄ ကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်... စစ်လေယာဉ်တစီးကို ပစ်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၄ ဇူလိုင် ၂၀၂၅

ကရင်နီပြည် ဖားဆောင်းမြို့နယ်ရှိ ခလရ ၁၃၄ ကို သိမ်းပိုက်လိုက်တဲ့အပြင် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစင်းကိုပါ ပစ်ချလိုက်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

ဖားဆောင်းရှိ ခလရ ၁၃၄ နဲ့ ၁၃၅ ကို ဇွန် ၂၅ မှာ စတင်ထိုးစစ်ဆင်ပြီး ၁၃၄ ကို ဇွန် ၃၀ မှာ သိမ်းပိုက်နိုင်တယ်၊ ၁၂၀ မမ မော်တာတွေ အပါအဝင် လက်နက်များစွာ သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်း ဖော်ပြပါတယ်။

ဒ့ါအပြင် ဖားဆောင်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ လာရောက်တိုက်ခိုက်နေတဲ့အထဲက တရုတ်နိုင်ငံလုပ် FTC -2000G လေယာဉ်တစီးကို ဇူလိုင် ၂ ရက် မနက် ၁ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင်...

- မြဝတီမြို့နယ် တောင်ပိုင်း KNLA  တပ်မဟာ ၆ ဒေသတွင်းရှိ ဝေါလေ ဗျူဟာ၊ ထီးသဲလယ်နဲ့ ဥကရိထ စခန်း ဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံလူထု စစ်ရှောင်အဖြစ် စတင် ထွက်ပြေး...

- သရက်ချောင်းမြို့နယ် ရန်တောင်ရွာရှိ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၅ ဦး သေ၊ ၃ ဦးဒဏ်ရာရ...

- အောင်လံမြို့နယ်အတွင်း တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်နေစဉ် စစ်ကောင်စီ စစ်ကြောင်းကနေ လူစုကွဲပြီး ကျန်ခဲ့တဲ့ စစ်သားတဦးကို MA1 တလက်နဲ့အတူ လက်ရဖမ်းမိ...

- မုံရွာ ‘နမခ’ က စစ်သားသစ် ၄ ဦးဟာ MA သေနတ် ၃ လက်၊ ခဲယမ်းတွေနဲ့ အတူ မုံရွာမြို့နယ် ‘ပကဖ’ ထံ ခိုလှုံလာ...

- အောင်ဇေယျ စစ်ကြောင်းက ထွက်ပြေးလာသူတွေ အပါအဝင် စစ်ကောင်စီ တပ်ဘက်ကနေ တော်လှန်ရေးဘက်ကို ခိုလှုံလာပြီး စစ်ကောင်စီကို ပြန်တိုက်ချင်တဲ့ စစ်သားဟောင်းတွေရဲ့ စစ်သင်တန်းဆင်းပွဲကို ဗျူဟာ ၃၂ မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, July 2, 2025

ဖားဆောင်းက ခလရ ၁၂၄ ကို ကရင်နီတပ်တွေ သိမ်းပိုက်... နောင်ချို့မှာ တိုက်ပွဲ...


ဖားဆောင်းက ခလရ ၁၂၄ ကို ကရင်နီတပ်တွေ သိမ်းပိုက်... နောင်ချို့မှာ တိုက်ပွဲ ဆက်ပြင်းထန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃ ဇူလိုင် ၂၀၂၅

နောင်ချိုမြို့နဲ့ ၅ မိုင်ခန့် အကွာရှိ အုမ္မခါး၊ မျက်ချီးနု၊ လုံစံနဲ့ ကျောက်တော စတဲ့ ရွာ ၄ ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ရွှေဖီမြေနဲ့ ဒေသတွင်း မီဒီယာတွေမှာတော့ စစ်ကောင်စီ တပ်တွေဟာ ပြင်ဦးလွင်-နောင်ချိုလမ်းပေါ်ရှိ အုမ္မသီးရွာဘက်ကနေ စစ်ကြောင်း တစ်ကြောင်း၊ တောင်းခမ်း-နောင်ချို လမ်းပေါ်ရှိ ကံကြီးရွာဘက်ကနေ စစ်ကြောင်း နောက် တစ်ကြောင်း နောင်ချိုကို ဦးတည် စစ်ထိုးနေတာလို့ ဖော်ပြပါတယ်။

အုမ္မသီးဘက်က စစ်ကြောင်းရဲ့ အဓိက ဦးတည်ချက်ဟာ ခမရ ၁၁၄ နဲ့ ၁၁၅ ကို ပြန်ရဖို့ဖြစ်ပြီး ကံကြီးဘက်က စစ်ကြောင်းရဲ့ ဦးတည်ချက်ကတော့ မျက်ချီးနုရွာနဲ့ နောင်ချိုအကြားရှိ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ပြန်ရရေးဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်...

- ဖားဆောင်းမြို့ရှိ ခလရ ၁၃၄ ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေ၊ မိသားစုတွေ ရာနဲ့ချီ ဖမ်းမိတဲ့ ပုံတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေ...

- ကျောက်ဖြူမှာ စစ်ကောင်စီတပ်နဲ့ AA (အာရက္ခတပ်တော်) ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အပစ်ရပ် ကာလ အလွန် ဇူလိုင် ၁ ရက်မှာ စတင် ပြင်းထန်လာ...

- ရေကြည်မြို့နယ် အခြေစိုက် အမတ ၃၄၄၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်ရှိ စစ်ကောင်စီ စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီး (Paramotor) နဲ့ တိုက်ခိုက်တာတွေကြောင့် ဒေသခံ အရပ်သား ၉ ဦး သေဆုံး၊ ၂၀ ဒဏ်ရာရတယ်လို့ ဗျူဟာ ၂၉၊ ဧရာဝတီ PDF က သတင်းထုတ်ပြန်...

- ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ ကနေ ရေစကြိုမြို့နယ် ခလရ ၂၅၆ ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ကားကို တော်လှန်ရေး တပ်တွေက ဖမ်းဆီး...

- တနင်္သာရီမြို့နယ် ချောင်းနှစ်ပေါက်ရွာ စစ်တပ် ဂိတ်က စစ်သားတဦးဟာ MA-1 သေနတ် တလက်နဲ့ အတူ KNU ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, July 1, 2025

နောင်ချိုနဲ့ သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်... ရေးမြို့က စစ်တပ်စခန်း ရေဘ...


နောင်ချိုနဲ့ သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်... ရေးမြို့က စစ်တပ်စခန်း ရေဘီးလူးအဖွဲ့ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂ ဇူလိုင် ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ် သုံးဆယ် ကျေးရွာကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းမှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၃ ဦးသေဆုံး၊ တဦး ဒဏ်ရာရတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီ တပ်တွေဟာ နောင်ချိုကို မြေပြင် ထိုးစစ် ဆင်နေပြီး နောင်ချိုနဲ့ ၄ မိုင်အကွာ မျက်ချင်းနုရွာနဲ့ နောင်သြ ရွာအထိ တိုက်ပွဲဖြစ်နေတယ်လို့ ရွှေဖီမြေက ဖော်ပြပါတယ်။

ဒါ့အပြင်...

- သပိတ်ကျင်းမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ၆ မိုင်ကျေးရွာက နေရာတချို့ကို တော်လှန်ရေးတပ်တွေဘက်က ပြန်ဆုတ်ပေးလိုက်ရ...

- မိုးဗြဲမြို့ကို စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာနေတဲ့အတွက် မိုးဗြဲမြို့လမ်းမကြီးကို အရပ်သားပြည်သူတွေ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက သတိပေးချက် ထုတ်ပြန်...

- ရွှေကျင်မြို့နယ်က ခမရ ၅၉၈ တပ်ရင်းနဲ့ ဝေါမြို့နယ် သူရဲသူမိန်ရွာက စစ်ကောင်စီ လက်နက်ကြီးစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၄ ဦးသေဆုံး...

- ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ ခမရ ၃၄၃ စစ်ကောင်စီ စခန်းကုန်းကို ရေးဘီးလူးအဖွဲ့က သိမ်းပိုက်...

- ရွှေကုက္ကို ဒေသရဲ့ ပဲ့ကိုင်ရှင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ သားသမီး ၃ ဦးကို စစ်ကောင်စီက အမည်ပျက်စာရင်း သွင်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, June 30, 2025

တီးတိန်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ တိုက်ပွဲပြန်ပြင်းထန်လာန...


တီးတိန်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ တိုက်ပွဲပြန်ပြင်းထန်လာနေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ ဇူလိုင် ၂၀၂၅)

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာ၊ နဂါးပတ်တောင်ကျောင်းတိုက်အတွင်း စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားတွေသေဆုံးမှုများပြီး သုံ့ပန်း ၄ ဦးနဲ့ သေနတ် ၆ လက် သိမ်းမိတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၇ မှာ တိုက်ခိုက်တာဖြစ်ပြီး အဲဒီစခန်းမှာ စစ်သားအင်အား ၃၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ နယ်မြေရှင်းတဲ့အခါ စစ်သားအလောင်း ၄ လောင်းကျန်၊ ၄ ဦးကို လက်ရဖမ်းမိ၊ G3 ၄ လက်၊ Ma1 ၂ လက်နဲ့ခဲယမ်းတွေသိမ်းမိပါတယ်။

ဒါ့အပြင်...

- ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီစခန်းနဲ့ ပျုစောထီးစခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား စစ်သား ၂၀ ကျော်သေဆုံး၊ သေနတ် ၄ လက်သိမ်းမိ...

- မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က ၁၀ ကျော်သေပြီး ပျက်စီးမှုလည်းများ...

- ချင်းတောင်ပေါ် တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်း ကားလမ်းပေါ်ရှိ မွှာလ်ပီရွာမှာ ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး စစ်သားတွေသေဆုံး၊ လက်နက်အချို့ သိမ်းမိ...

- တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းအချို့ သိမ်းမိ...

- နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတဲ့အပြင် ဟောင်ဝစ်ဇာအမြောက်တွေနဲ့ပစ်ခတ်တဲ့အတွက် TNLA ဖက်က ပြန်လည်ခုခံ တိုက်ခိုက်နေ...

- အင်္ဂပူမြို့နယ်ရှိ ဘယ်ပြားကုန်းနဲ့ စာစီကုန်းကျေးရွာတွေက စစ်တပ်စခန်းတွေကို အာရက္ခတပ်တော် (AA )နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂၉  မှာ သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, June 29, 2025

“အထွေထွေထိုးစစ်ဆင်ဆိုတာ တနိုင်ငံလုံးကို သိမ်းပိုက်မယ့် စစ်ဆင်ရေးစီမံကိန်...


“အထွေထွေထိုးစစ်ဆင်ဆိုတာ တနိုင်ငံလုံးကို သိမ်းပိုက်မယ့် စစ်ဆင်ရေးစီမံကိန်းလို့ နားလည်ထားပါတယ်” 

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

၂၉  ဇွန် ၂၀၂၅

“အထွေထွေထိုးစစ်ဆိုတာ တနိုင်ငံလုံးကို သိမ်းပိုက်မယ့် စစ်ဆင်ရေးစီမံကိန်းလို့ နားလည်ထားပါတယ်။ စစ်ရေး-နိုင်ငံရေး-စီးပွားရေး-သံတမန်ရေး စတဲ့ စစ်မျက်နှာပေါင်းစုံ၊ ဘက်ပေါင်းစုံကတိုက်တာကို ဆိုလိုတာ မဟုတ်လောက်ပါဘူး” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

NUG က ကြေညာထားတဲ့ အထွေထွေထိုးစစ်အပေါ် အဓိပါယ်ဖွင့်ဆိုချက် ကွဲပြားနေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- TNLA က ခံစစ်နဲ့ဆက်သွားမလား- ထိုးစစ်အဆင့်ကို ပြန်တက်လှမ်းမလား...

- AA က ကျောက်ဖြူကိုသိမ်းနိုင်ရင် တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ပြောင်းလဲလာနိုင်သလား...

- အညာစစ်မျက်နှာမှာ ချေမှုန်းရေးတိုက်ပွဲ သိပ်မဖေါ်နိုင်သေးတာ ဘာကြောင့်လဲ...

- အထွေထွေထိုးစစ်ဆင်တာကို ပရိသတ်တွေ ဘယ်လို နားလည်ထားကြပါသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, June 28, 2025

“ငြိမ်းချမ်းရေး စားပွဲ သောက်ပွဲကြီးအဆင့်ကနေ တက်မလာနိုင်သေးဘူး”



“ငြိမ်းချမ်းရေး စားပွဲ သောက်ပွဲကြီးအဆင့်ကနေ တက်မလာနိုင်သေးဘူး”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

၂၈ ဇွန် ၂၀၂၅

“နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ်ဆိုတာဟာ တကယ့်စစ်မြေပြင်မှာ တိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေမပါတာကြောင့် စားပွဲသောက်ပွဲကြီးအဆင့်ကနေ တက်လာနိုင်သေးတဲ့သဘောရှိတယ်၊ သင်္ကြန်အမြောက်လို အသံပဲရှိပြီး အဆံမပါတဲ့ပွဲဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဇွန် ၂၅ ကနေ ၂၇ အထိ နေပြည်တော်မှာ ၃ ရက်တာကျင်းပတဲ့ “ငြိမ်းချမ်းရေးပွဲတော်” အပေါ်  ဘာများမျှော်လင့်စရာရှိမလဲ... ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ငြိမ်းချမ်းရေးပွဲတော်က စားပွဲသောက်ပွဲအဆင့်ထက် မပိုဘူးလို့ ဘာကြောင့်ပြောတာလဲ...

- တကယ့်ငြိမ်းချမ်းရေး ရစေချင်ရင် ဘယ်လိုပွဲမျိုး လုပ်သင့်သလဲ...

- သောင်းရင်းမြစ်ဘေး စခန်းသိမ်းပွဲတွေကနေ စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမဆီ ရောက်လာတဲ့ KNU ရဲ့ စစ်ရေးလှုပ်ရှားမှုက ဘယ်လိုထူးခြားသလဲ...

- TNLA ခံစစ်ကို ဆက်ကျင့်သုံးမှာလား... ထိုးစစ်ဆင်ပြီး တောင်ခမ်းကို သိမ်းမှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(AA ရဲ့ တန်ပြန်ထိုးစစ်နဲ့ NUG ရဲ့ အထွေထွေးထိုးစစ် အဓိပယ်ဖွင့်ဆိုချက်တွေအကြောင်းပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, June 27, 2025

ကျောက္ကာတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ TNLA ထိုးစစ် ပြန်စ...


ကျောက္ကာတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ TNLA ထိုးစစ် ပြန်စ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၈ ဇွန် ၂၀၂၅

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဇွန် ၂၇ မှာ ဝင်ရောက်တိုက်ခိုက်ရာမှာ ပျူစောထီး အလောင်း ၃ လောင်းနဲ့  သေနတ်  ၅ လက် သိမ်းမိတယ်လို့ PDF  မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၇ မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ပြီး ၁၅ မိနစ်အတွင်း စခန်းကို စီးနင်းမိတယ်လို့ဆိုပါတယ်။ နယ်မြေရှင်းတဲ့အခါ ပျူစောထီးအလောင်း ၃ လောင်း၊ M16 ၄ လက်၊ AK-47 ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ပုလော-သရက်ချောင်း ဆက်စပ်ဒေသရှိ မင်းဒပ်ရွာက စစ်ကောင်စီစခန်းကိုလည်း ဇွန် ၂၆ မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ခဲယမ်းအချို့ သိမ်းမိ...

- ဖယ်ခုံအင်း အရှေ့ခြမ်း ဆောင်နန်းခဲ တိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်း ပြည်သူ့စစ်ဘက်က တပ်ခွဲမှူး အပါအဝင် ၅ ဦး သေဆုံး...

- ပျော်ဘွယ်မြို့နယ် ညောင်ကုန်းရဲစခန်း အနီးမှာ ဆပ်ကြေးကောက်ခံနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ အရာခံဗိုလ်နဲ့ စစ်သား ၄ ဦးသေ၊ သေနတ် ၃ လက် သိမ်းမိ...

- ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေ အင်အား ၁,၀၀၀ ကျော်၊ ကားအစီးရေ ၁၂၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေး တပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိနာပြီး စစ်သား ၂ ဦး အလင်းဝင်လာ...

- ကျောက်မဲမြို့ကို ဇွန် ၂၇ မနက် အစောကြီးမှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် အမျီုးသမီးတဦး သေဆုံး၊ အမျိုးသား ၂ ဦး ဒဏ်ရာရ၊ နေအိမ်အချို့ ပျက်စီး...

- နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကို TNLA ဘက်က တန်ပြန်ထိုးစစ် စတင်နေ...

- ဒေါနတောင်ပေါ်မှာ သောင်တင်နေတဲ့ အောင်ဇေယျ စစ်ကြောင်းက စစ်သား ၂ ဦး Lion Battalion Commando စစ်ကြောင်းထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, June 26, 2025

ကျောက်ကြီးတိုက်ပွဲ သုံ့ပန်း ၂၀ ကျော်နဲ့ လက်နက် ၂၀ ကျော်သိမ်းမိ... ကျောက်...


ကျောက်ကြီးတိုက်ပွဲ သုံ့ပန်း ၂၀ ကျော်နဲ့ လက်နက် ၂၀ ကျော်သိမ်းမိ... ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၇ ဇွန် ၂၀၂၅

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေကို ဇွန် ၂၆ မှာ တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၂၂ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၂၈ လက်နဲ့ ခဲယမ်းများစွာ သိမ်းမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးကို PDF ဗျူဟာ ၂၅ လက်အောက်ခံ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ Spring Warrior Column, ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တပ်ရင်း ၈ နဲ့ တပ်ရင်း ၉ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြပါတယ်။

ဒါ့အပြင်...

- ကျောက်ဖြူမြို့က နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အဓိက ခံစစ်စခန်း တိုက်ခိုက်ရေး ရဲတပ်ရင်း ၃၂ ကို AA အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ နီးကပ်လာနေ...

- မိုးကုတ်မြို့ကို ဇွန် ၂၅ ည ၁၁ နာရီခန့်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာက ဗုံးကြဲတဲ့အတွက် ကလေးတဦးနဲ့ အမျိုးသားတဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်းတဆောင် ပျက်စီး...

- ဇွန် ၂၆ မနက် ၈ နာရီခန့်မှာ စစ်ကောင်စီက ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၂ လုံးနဲ့ နောင်ချိုမြို့ကို ပစ်ခတ်တဲ့အတွက် ဒေသခံတဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး...

- ကျောက်စိမ်းမြေ လုံးခင်း ကျေးရွာကို ထိန်းချုပ်နိုင်ရေးအတွက် ဗျူဟာမြောက် တောင်ကုန်း ၂ ခုဖြစ်တဲ့ လမောင် ကုန်း (Lamawng Bum) နဲ့ မော်မော ကုန်း (Mawmau Bum) ကို စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ...

- စစ်ကောင်စီလက်အောက်က စစ်သားသစ် ၃ ဦး တော်လှန်ရေးတပ်တွေထံ ခိုလှုံလာတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က သတင်းထုတ်ပြန်...

- ရာမည မွန်တပ်တော် RMA ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၄ ဆင်းပွဲကို ဇွန် ၂၄ က မွန်ပြည်တနေရာမှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, June 25, 2025

ညောင်လေးပင်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... မန္တလေး PDF ကွန်မန်ဒိုသင...


ညောင်လေးပင်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... မန္တလေး PDF ကွန်မန်ဒိုသင်တန်းဆင်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၆ ဇွန် ၂၀၂၅

ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်ထဲက စစ်ကောင်စီ စခန်း ၉ ခုကို တော်လှန်ရေး တပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ စစ်သား ၂၀ ကျော် သေဆုံး၊ ၃ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၆ လက်သိမ်းမိတယ်လို့ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ အင်အား ၅၀ အထိုင်ချ တော်ဝိ ကျေးရွာ တပ်စခန်း အပါအဝင် စခန်း ၉ ခုကို ဇွန် ၂၅ မနက် တနာရီမှာ စတင် တိုက်ခိုက်ပြီး ၂ နာရီမှာ သိမ်းပိုက်တယ်လို့ဆိုပါတယ်။

နယ်မြေရှင်းတဲ့အခါ စစ်သား ၂၀ ကျော် သေဆုံး၊ ရဲမှူးတဦး အပါဝင် ၃ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း အပါအဝင် သေနတ် ၁၆ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ထီးကပလယ် စခန်းကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ချိန်မှာ ထိုင်းဘက် ထွက်ပြေးတဲ့ စစ်ကောင်စီစစ်သားတွေကို နယ်စပ်မျဉ်း မရောက်ခင် မီတာ ၅၀၀ ခန့် အလိုမှာ ပစ်ခတ်ပြီး ၃ ဦးသေ၊ ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက်အချို့ ရရှိတယ်လို့ KTLA (ကော်သူလေးတပ်မတော်) က သတင်းထုတ်ပြန်...

- မိထ္ထီလာမြို့နယ် အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ...

- နောင်ချိုမြို့နယ်မှာ ဇွန် ၂၄ တရက်တည်းမှာတင် စစ်ကောင်စီက လေယာဉ် ဗုံးအလုံး ၁၃၀၊ ဒရုန်းဗုံး ၆၀ နဲ့ လက်နက်ကြီး ၅၃ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်...

- နောင်ချိုမြို့နယ်၊ ရွှေသွန်းရွာ အနီးက တိုက်ပွဲမှာ TNLA နဲ့အတူ မဟာမိတ် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လည်း ပါဝင်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့ DPLA က သတင်းထုတ်ပြန်...

- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကွန်မန်ဒိုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ဇွန် ၂၁ က ကျင်းပ...

- ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း မွမ်းမံသင်တန်းဆင်းပွဲနဲ့ စစ်ဝတ်တန်ဆာ တပ်ဆင်ပွဲ အခမ်းနားကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ရန်သူက စစ်ဦးကျိုးသွားပြီ။ လက်နက်ချတာတွေ၊ စခန်းစွန့်ခွာတာတွေ ဆက်မြင်ရဖို...


“ရန်သူက စစ်ဦးကျိုးသွားပြီ။ လက်နက်ချတာတွေ၊ စခန်းစွန့်ခွာတာတွေ ဆက်မြင်ရဖို့ရှိတယ်”

- ဆလိုင်းယောအောင် (ABSDF - ဗဟိုဦးဆောင်ကော်မတီဝင် - ဟောင်း)

(၂၅ ဇွန် ၂၀၂၅)

“ရန်သူက စစ်ဦးကျိုးသွားပြီ။ လက်နက်ချတာတွေ၊ စခန်းစွန့်ခွာတာတွေ ဆက်မြင်ရဖို့ရှိတယ်။ ဝေါလေနဲ့ ဥကရစ်ထကိုလည်း မကြာခင်မှာ တော်လှန်ရေးတပ်တွေက သိမ်းနိုင်မှာဖြစ်တယ်” လို့  ABSDF - ဗဟိုဦးဆောင်ကော်မတီဝင် - ဟောင်း ဆလိုင်းယောအောင်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ထီးကပလယ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်တာနဲ့ပတ်သက်ပြီး နယ်စပ်ဒေသ စစ်ရေးအခြေအနေ၊ ERO တွေက ပြည်တွင်းဖက်ကို ဘယ်လောက်အထိ ထိုးဖောက်ဝင်ရောက်နိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ထီးကပလယ် ခစန်းသိမ်းနိုင်မှုက စစ်ရေး- နိုင်ငံရေးအရ ဘယ်လိုအရေးပါသလဲ...

- သောင်းရင်းမြစ်နဲ့ ဒေါနတောင် အရှေ့ခြမ်းကြားမှာ စစ်ကောင်စီ ကင်းစင်ဖို့ နီးလာပြီလား...

- KNU အပါဝင် ERO တွေက ကိုယ့်ဒေသလွတ်မြောက်ရေးအပြင် နေပြည်တော် သိမ်းပိုက်ရေးအတွက် ဘယ်လိုပြင်ဆင်ထားသလဲ...

- ERO နဲ့ PDF တပ်တွေ တနိုင်ငံလုံးဟန်ချက်ညီ တိုက်ပွဲဝင်နိုင်အောင် တပ်ပေါင်းစုကို ဘယ်လိုတည်ဆောက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, June 24, 2025

ထီးကပလယ်စခန်းသိမ်းပွဲ လက်နက်များစွာရရှိ... ဓနု တပ်တော်ရဲ့ စစ်သင်တန်း TNL...


ထီးကပလယ်စခန်းသိမ်းပွဲ လက်နက်များစွာရရှိ... ဓနု တပ်တော်ရဲ့ စစ်သင်တန်း TNLA နယ်မြေမှာ ကျင်းပ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၅ ဇွန် ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း နယ်စပ်ရှိ ထီးကပလယ် စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်ရာမှာ အချို့ကို ဖမ်းမိ၊ လက်နက် ၁၀ လက်ကျော် သိမ်းမိတယ်လို့ ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံ၊ ဗီဒီယိုတွေ ပြန့်နေပါတယ်။

ဇွန် ၂၂ မွန်းလွဲပိုင်းမှာ ထီးကပလယ်ကိုသိမ်းပိုက်စဉ် စစ်သားအချို့ ထိုင်းဘက် ထွက်ပြေးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲဒီစစ်သားတွေ ထိုင်းဘက် မရောက်ခင်မှာ အခုလို တိုက်ခိုက်ဖမ်းဆီးနိုင်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေ/အုပ် ရုံးနဲ့ လဝက ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ထားဝယ်မြို့ပေါ်ရှိ စစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေ...

- ဖယ်ခုံအင်း အရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပအိုဝ်း ပြည်သူ့စစ်တွေက လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူနဲ့ အတူ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- အရာတော်မြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သားနဲ့ ပျူစောထီး ၄ ဦးသေပြီး ဒဏ်ရာရသူများ...

- TNLA ထိန်းချုပ်ဒေသ ကျောက်မဲမြို့ရဲ့ လူစည်ကားတဲ့ နေရာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ...

- TNLA ရဲ့ မဟာမိတ် ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်တော် DPLF /DPLA ရဲ့ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို တအာင်းပြည်တနေရာမှာ ဇွန် ၂၁ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, June 23, 2025

ထီးကပလယ်စခန်း KNLA သိမ်းပိုက်... နွားထိုးကြီးတိုက်ပွဲ စစ်ကောင်စီ အထိနာ...


ထီးကပလယ်စခန်း KNLA သိမ်းပိုက်... နွားထိုးကြီးတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၄ ဇွန် ၂၀၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးရှိ ထိုင်းနယ်စပ်က ထီးကပလယ် စခန်းကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)  ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဇွန် ၂၂ ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

၁၉၉၅ မှာ မာနယ်ပလော ဌာနချုပ်ကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာရပြီးနောက် ထီကပလယ် စခန်းကို KNU (ကရင်အမျိုးသားအစည်းအရုံး) ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့ပါတယ်။ ၁၉၉၇ ဖေဖော်ဝါရီမှာ  စစ်တပ်က သိမ်းပိုက်ပြီး အခု ၂၈ နှစ်အကြာ ဇွန် ၂၂ မှာမှ တော်လှန်ရေး တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်တာလို့ ဖော်ပြပါတယ်။

ဒါ့အပြင်...

-  နွားထိုးကြီးမြို့နယ် ဝက်လူး ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ  စစ်သား ၁၃ ဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ သေနတ် ၂ လက် သိမ်းမိ...

- ရေနံချောင်းမြို့နယ်က ကျေးရွာတွေကို အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦး သေဆုံး...

- TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ပြင်းထန်နေ...

- တရုတ်စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်သားနဲ့ပြည်သူစစ် ၂၀ ခန့် စခန်းစွန့်ခွာကာ မြို့ပေါ် တက်ပြေးသွားတဲ့အတွက် စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) က အပူတပြင်း လိုက်ရှာနေ...

- စစ်ကောင်စီ လေတပ်အတွက် ပေးပို့ဖို့ ပြင်ဆင်နေတဲ့ စစ်လေယာဉ် ၂ စင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ တွေ့ရတယ်လို့ Myanmar Witness က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, June 22, 2025

ကျိုဒုံးနဲ့ ငဖဲတိုက်ပွဲ စစ်ကောင်စီ အထိနာ... BPLA သင်တန်းဆင်းပွဲ TNLA နယ်...


ကျိုဒုံးနဲ့ ငဖဲတိုက်ပွဲ စစ်ကောင်စီ အထိနာ... BPLA သင်တန်းဆင်းပွဲ TNLA နယ်မြေမှာ ကျင်းပ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၂ ဇွန် ၂၀၂၅

ကရင်ပြည်နယ်၊ ဒေါန တောင်တန်းပေါ်မှာ သောင်တင်နေတဲ့ အောင်ဇေယျ စစ်ကြောင်းဆီ စစ်ကူလာတဲ့ အဖွဲ့ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ ဗိုလ်မှူးအဆင့် အပါဝင် စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းမိတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၉ ရက် ၇ နာရီကြာ တိုက်ပွဲမှာ အခုလို သေဆုံးသွားတဲ့ စစ်သားတွေဟာ တပ်မ ၄၄ နဲ့ ၅၅ က စစ်သားတွေဖြစ်ပြီး ကျုံဒိုးကနေ တဆင့် ဒေါ်နတောင်ပေါ် တက်ပြီး အောင်ဇေယျကို အားဖြည့်ဖို့ ကြိုးစားစဉ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်း အနီးရှိ စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ တဦးသေ၊ ၁၅ ဦး လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၀ လက် ရရှိ...

- နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွှေသွန်း၊ လုံဝယ်၊ အုမ္မတီးနဲ့ ဆမ္မဆယ်‌ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA  ကြား တိုက်ပွဲဆက်ဖြစ်နေ...

- မလှိုင်မြို့ပေါ် စားသောက်ဆိုင်တခုမှာ သောက်စား ပျော်ပါးနေတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး တဦးကို PDF ရဲမေတွေက လက်နက်နဲ့အတူ လက်ရဖမ်းဆီးရရှိ...

- တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၅၇ က စစ်သားသစ် ၂ ဦး MA သေနတ် ၂ လက်နဲ့ အတူ ဇွန် ၁၉ မှာ တနင်္သာရီမြို့နယ် ‘ပကဖ’ ထံ ခိုလှုံလာ...

- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ရဲ့ အပတ်စဉ် ၉ အခြေခံစစ်သင်တန်းဆင်းပွဲကို တော်လှန်ရေးအဖွဲ့စည်းခေါင်းဆောင် အတော်များများ တက်ရောက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, June 20, 2025

ကျုံဒိုး-ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... ကန့်ဒေါင့်စခန်းသိ...


ကျုံဒိုး-ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... ကန့်ဒေါင့်စခန်းသိမ်းပွဲ ခဲယမ်းများစွာရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၁ ဇွန် ၂၀၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် တစင်းကို ပစ်ချနိုင်တဲ့အပြင် ခဲယမ်းများစွာလည်း သိမ်းဆည်းရမိတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ပါတယ်။

စခန်းသိမ်းတိုက်ပွဲကို ဇွန် ၂ ရက်မှာ စတင်ပြီး ဇွန် ၁၉ မနက် ၇ နာရီမှာ သိမ်းပိုက်နိုင်တယ်။ PLA နဲ့အတူ  ABSDF, PUF, PDF, BLDF, အညာမြေတပ်ပေါင်းစု စတဲ့ ဒေသခံတပ်တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- တောင်ငူ-လိပ်သို ကားလမ်းပေါ် ရောက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာသယ် ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၅ ဦး သေပြီး ခဲယမ်းအချို့သိမ်းမိ...

- ရွှေကျင်- သံဆိပ် ကားလမ်းပေါ် ရိက္ခာသယ်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၃ ဦး သေဆုံး...

- ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ ခန့်  သေဆုံးပြီး လက်နက်များစွာ KNLA သိမ်းမိ...

- ညီနောင် မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် (ကျင် စန်းကျော့) နယ်စပ်ဂိတ်မှာ ကုန်သွယ်မှု လုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, June 19, 2025

ကန်ဒေါင့် ရဲစခန်း PLA သိမ်းပိုက်... အမှတ် ၃၂ ရဲ တပ်ရင်းရဲ့ ကာကင်းခစန်း ...


ကန်ဒေါင့် ရဲစခန်း PLA သိမ်းပိုက်...  အမှတ် ၃၂ ရဲ တပ်ရင်းရဲ့ ကာကင်းခစန်း AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၀ ဇွန် ၂၀၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်းကို ဇွန် ၁၉ မနက် ၇ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လဆန်းမှာ ဒီစခန်းကို စတင်တိုက်ခိုက်ပြီး ဇွန် ၁၀ မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေအပြင် မြေပြင်စစ်ကူပါ ပို့နေတဲ့ကြားက အခုလို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- မြင်းခြံမြို့နယ် အနိမ့် ကျေးရွာနဲ့ ခေါင်းကွဲ ကျေးရွာဘက် ရောက်လာတဲ့ စစ်သားနဲ့ ပျူစောထီး ကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ရုရှားပြန် စစ်ဗိုလ်တဦး၊ ဒေသတွင်း နာမည်ကြီး ပျူစောထီး ခေါင်းဆောင် တဦး အပါအဝင် ၃ ဦး သေဆုံး...

- တရုတ် စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး အမှတ် ၃၂ ရဲ တပ်ရင်း ကာကင်းစခန်း ပြိုင်းစေ့ကေ ကျေးရွာကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး စစ်သား ၅၀ ခန့် သေဆုံး...

- ကလေးမြို့ကနေ ချင်းတောင်ပေါ် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး တပ်ပေါင်းစုက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးတာ၊ လက်နက်ချတာ၊ လက်နက်တွေ သိမ်းမိတာရှိ...

- နောင်ချိုမြို့နယ်  ဉာဏ်တောနဲ့ ရွှေသွန်း ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တိုက်ပွဲဆက်ဖြစ်နေ...

- ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့် တပ်မတော် MNDAA အကြား နယ်မြေ အငြင်းပွားမှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်တဲ့ ကိစ္စကို တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းဖို့ နှစ်ဘက် သဘောတူမှုရရှိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, June 18, 2025

ချောင်းဦးတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ... လေးမျက်နှာမြို့နယ်က စခန်း...


ချောင်းဦးတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ...  လေးမျက်နှာမြို့နယ်က စခန်းတခု AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၉  ဇွန် ၂၀၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ထွေ-အုပ် ရုံးကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ ဗိုလ်ကြီးတဦး အပါအဝင် ၃ ဦးသေပြီး သေနတ် ၅ လက် သိမ်းမိတယ်လို့ BRAVE HEART ARMY- BHA က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၆ ည ၁၁ နာရီခွဲမှာ အဲဒီကား မုံရွာ-မန္တလေးလမ်းပေါ်က တောပု ပျူစောထီး ရွာနား အရောက်မှာ တိုက်ခိုက်တာလို့ ဆိုပါတယ်။ ဗိုလ်ကြီးတဦး အပါအဝင် ၃ ဦး သေဆုံး၊ တဦးက ဒဏ်ရာနဲ့ ထွက်ပြေး၊ အရာရှိကိုင် ပစ္စတို ၃ လက်နဲ့ MA ၂ လက် သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- မုံရွာအခြေစိုက် နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေ ထွက်လာတဲ့ ဝမ်ပေါင် ကုမ္ပဏီက ကြေးနီသယ် ယာဉ်တန်းရဲ့ လုံခြုံရေးကားတွေကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှု ရှိနိုင်တယ်လို့ Area 71 LPDF Monywa က သတင်းထုတ်ပြန်...

- မိုးဗြဲမြို့ကို အင်အား ၅၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းက ထိုးဝင်လာတဲ့အတွက် ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- မောတောင်-တနင်္သာရီ နယ်စပ်ကုန်သွယ်ရေး ကားလမ်းပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က သေဆုံးမှုများပြီး လက်နက်အချို့ သိမ်းမိ...

- လေးမျက်နှာမြို့နယ် သဲနုကုန်းကျေးရွာ နယ်မြေ ရဲစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဇွန် ၁၆ မှာ သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို လူတွေ ပိုစိတ်ဝင်စားလာတာဟာ စစ်ကောင်စီကို ...


“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို လူတွေ ပိုစိတ်ဝင်စားလာတာဟာ စစ်ကောင်စီကို လူတွေ ပိုဆန့်ကျင်လာတယ်ဆိုတဲ့ ညွှန်းကိန်းဖြစ်တယ်”

- ဦးအောင်စောဦး (၇၄-၇၅-၇၆ မျိုးဆက်ကျောင်းသား)

၁၈ ဇွန် ၂၀၂၅

“ဖမ်းဆီးခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့်မွေးနေ့အပေါ် လူတွေအရင်ကထက် ပိုစိတ်ဝင်စားမှုတိုးလာတယ်ဆိုတာဟာ စစ်ကောင်စီကို လူထုတရပ်လုံးက ဘယ်လောက်အထိ မုန်းတီးရွံရှာနေတယ်၊ ဘယ်လောက်အထိ အမြန်ပြုတ်ကျစေချင်နေတယ်ဆိုတာကို ပြသတဲ့ ညွှန်းကိန်းဖြစ်တယ်” လို့ ၇၄-၇၅-၇၆ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ဦးအောင်စောဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ပွဲအခမ်းနားတက်ဖို့အတွက် နော်ဝေနိုင်ငံသို့ရောက်နေတဲ့ ဦးအောင်စောဦးကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့်မွေးနေ့အပေါ် အရင်နှစ်တွေထက် လူတွေ ပိုစိတ်ဝင်စားနေတာ ဘာကြောင့်လဲ...

- နော်ေ၀ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ကျင်းပမယ့် မွေးနေ့ပွဲက ဘယ်လို ထူးခြားမှုတွေရှိနိုင်သလဲ...

- မာနယ်ပလောအပါဝင် ထိုင်း-မြန်မာနယ်စပ်တလျောက်က စခန်းတွေကို KNU ပြန်သိမ်းနိုင်တဲ့အပေါ် မာနယ်ပလောမှာ နေခဲ့ဖူးသူတဦးအနေနဲ့ ဘယ်လိုမြင်သလဲ...

- KNU အပါဝင် ERO တွေက ကိုယ့်ဒေသလွတ်မြောက်ရေးအပြင် နေပြည်တော် သိမ်းပိုက်ရေးအထိ ပါဝင်ကြမှာလား...

- ၇၄...၈၈...နဲ့ အခု ၂၀၂၁ တော်လှန်ရေးတွေကြားမှာ ဘာတွေကွာသလဲ... ဒီတကြိမ်မှာ အောင်ပွဲရမယ်လို့ ဘာကြောင့် မျှော်လင့်နိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, June 17, 2025

မင်းလှတိုက်ပွဲ စစ်ကောင်စီ အထိနာ... ကပစ ၁၄ အနီး AA တပ်တွေ ရောက်လာ ...


မင်းလှတိုက်ပွဲ စစ်ကောင်စီ အထိနာ... ကပစ ၁၄ အနီး AA တပ်တွေ ရောက်လာ ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၈ ဇွန် ၂၀၂၅

ရန်ကုန်-ပြည် လမ်းပိုင်း၊ မင်းလှမြို့နယ် အနီးရှိ စစ်ကွင်း တာဆုံ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတဦး၊ ရဲမှူး ၂ ဦး အပါအဝင် ၂၀ ခန့် သေဆုံးတယ်လို့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၆ ညနေ ၄ နာရီခန့်မှာ မင်းလှမြို့နယ်၊ ဆင်အိုင် ချောင်းပေါက် ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ပါ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းကို တော်လှန်ရေး တပ်တွေ ကြားဖြတ် တိုက်ခိုက်ရာကနေ ပထမအကြိမ် တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေစဉ် ပြည် ဘက်ကနေ ရန်ကုန်ဘက် မောင်းနှင်လာတဲ့ အိမ်စီးကား တစီးဟာ တော်လှန်ရေးတပ်တွေက တားဆီးတာကို သတိမမူဘဲ ဆက်မောင်းသွားတဲ့အတွက် စစ်တပ်ရဲ့ ပစ်ခတ်မှုကိုခံရပြီး အရပ်သား ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ငဖဲမြို့နယ်ရှိ ကပစ ၁၄ (အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ) အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ...

- နောင်ချိုမြို့ကို စစ်တပ်က ဟောင်ဝစ်ဇာ အမြောက်နဲ့ လက်နက်ကြီး ၅ လုံး လှမ်းပစ်တဲ့အတွက် နေအိမ် ၂ လုံး ပျက်စီးပြီး နေရာအချို့မှာ တိုက်ပွဲဆက်ဖြစ်နေဟု TNLA က သတင်းထုတ်ပြန်...

- ဖားကန့်မြို့နယ်၊ မှော်စီစာ ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင် လွတ်လပ်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲကြီး ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိ တဦး အပါအဝင် ၃၀ ခန့်သေဆုံး...

- ကျုံဒိုးမြို့ကနေ ကော့ကရိတ် ဘက် အထွက် နွားခြံကုန်းနဲ့ အင်းကြီး ရွာဘက် တက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ပျံလွှား စစ်ကြောင်းနဲ့ မဟာမိတ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီ တပ်ဘက်က ၅၀ ခန့်အထိ သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, June 16, 2025

ကျောက်ဖြူတိုက်ပွဲ စစ်ကောင်စီ ဒုရင်းမှူး သေဆုံး... မုံရွာ နမခ ကို BWM က ရ...


ကျောက်ဖြူတိုက်ပွဲ စစ်ကောင်စီ ဒုရင်းမှူး သေဆုံး... မုံရွာ နမခ ကို BWM က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၇ ဇွန် ၂၀၂၅

တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒုတိယတပ်ရင်းမှူးတဦး AA အာရက္ခတပ်တော်ရဲ့ လက်ဖြောင့်တပ်သားလက်ချက်နဲ့ သေဆုံးသွားတယ်လို့ Western News က ဖော်ပြပါတယ်။

ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပတ) ကနေ ကျောက်ဖြူကို စစ်ဆင်ရေး တာဝန်နဲ့ ထွက်လာပြီး ဇွန် ၉ ရက်မှာ အပစ်ခံရတာလို့ CDM စစ်ဖက်သတင်းရပ်ကွက်ကို ကိုးကားဖော်ပြပါတယ်။

ဒါ့အပြင်...

- ရေကြည်မြို့နယ် ငသိုင်းချောင်း- မြောက်စမ်းရွာ အနီးရှိ အမြောက်တပ် အမတ ၃၄၄ ဘက်ကို ကျုံပျော်ဘက်ကနေ စစ်ကူတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ AA အာရက္ခတပ်တော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေ...

- မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ရာမှာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၅ ဦး သေဆုံး...

- ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရတနာ သဘာဝဓာတ်ငွေ့ ပိုက် လိုင်း ဖြတ်သွားရာဒေသ၊ “ပယ” ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုရှိ...

- TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ဒေသ နမ္မတူ-ကွတ်ခိုင် မြို့နယ် အစပ်ရှိ “မန်ဆာ” ကျေးရွာအနီးကို ဇွန် ၁၆  ညနေ ၄ နာရီခွဲမှာ စစ်လေယာဉ် ၃ စင်းက ဗုံး ၁၀ လုံး ကြဲသွား...

- TNLA ထိန်းချုပ်ဒေသ ကျောက်မဲမြို့နယ် “ဟူးစွန်” ကျေးရွာမှာ TNLA နဲ့  SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) တပ်ဖွဲ့တွေ ဇွန် ၁၅ ညနေ ၅ နာရီခန့်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား...

- PDF ရှမ်းတောင် (ကယား) ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် ၁၁ မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲ ဇွန် ၁၆ ရက်က ကျင်းပ...

- ချင်းပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ အဓိက ဦးဆောင်ပါဝင်နေတဲ့ CB ချင်းညီနောင် အဖွဲ့ဝင် CDF- မင်းတပ် ကလည်း သင်တန်းသားတွေနဲ့ ရာနဲ့ချီ တက်ရောက်နေတဲ့ အခြေခံ စစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲ ကျင်းပကြောင်း ဗီဒီယို ထုတ်ပြန်...

... စတဲ့ သတင်းးတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, June 15, 2025

ကျောက်ဖြူမှာ စစ်သား ၄၀ ခန့် လက်နက်ချ... ကျောက်ကြီးတိုက်ပွဲ စစ်ကောင်စီ အထ...


ကျောက်ဖြူမှာ စစ်သား ၄၀ ခန့် လက်နက်ချ... ကျောက်ကြီးတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၆ ဇွန် ၂၀၂၅

တရုတ် စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၀၀ ခန့်သေဆုံး၊ ၄၀ နီးပါး AA အာရက္ခတပ်တော်ထံ လက်နက်ချတယ်လို့ Western News က ဖော်ပြပါတယ်။

ဇွန် ၁၄ အထိ စစ်ကောင်စီဘက်က လက်နက်ချသူ ၄၀ နီးပါး ရှိနေပြီး သေဆုံးသူက ၁၀၀ နီးပါး ရှိတယ်၊ အဓိက တိုက်ပွဲဖြစ်နေတဲ့ နေရာဟာ ကျောက်ဖြူ အမှတ် ၃၂ ရဲ တပ်ရင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- နောင်ချိုမြို့နယ်မှာ TNLA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး နောင်ချိုအနီး ကံကြီးရွာဖက်ကနေ တောင်ခမ်းအနီး အုမ္မတီး၊ လက်ပန်ကုန်းရွာတွေ ဘက် တိုက်ပွဲပြန်ရောက်လာ...

- ရွှေဘိုမြို့နယ် ဆယ်ပင်ကျွန်းရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ ပျူစောထီး တဦးသေ၊ ၁၈ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၁၀ လက် သိမ်းမိ...

- ကန့်ဘလူမြို့နယ် လယ်လှရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျူစောထီးဘက်က သေဆုံးမှုများပြီး အလောင်း ၆ လောင်းကျန်၊ သေနတ် ၄ လက် နဲ့ ခဲယမ်းတွေ သိမ်းမိ...

- ကျောက်ကြီးမြို့နယ် အုန်းပင်စုရွာ အထိုင်ချ အင်အား ၃၀ ကျော်ရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၈ ဦး သေပြီး RPG အပါဝင် သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- S.N.A ရှမ်းနီပြည်သူ့စစ် တပ်သားတဦး MA သေနတ်တလက်နဲ့ အတူ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံ ခိုလှုံလာ...

- ပခုက္ကူမြို့နယ်၊ အောင်သာ ပျူစောထီး စခန်းက ပျုစောထီး တဦးဟာ မိသားစုတွေကိုပါ ခေါ်ပြီး G3 တလက်နဲ့အတူ ပခုက္ကူခရိုင် ပ.က.ဖ လှုပ်ရှားတပ် Ayar Daung ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, June 13, 2025

နတ်ရေကန်က စစ်သား ၂၀ ကျော် CDF ဖမ်းဆီး... အမတ ၃၄၄ ထဲအထိ AA ဝင်တိုက်...


နတ်ရေကန်က စစ်သား ၂၀ ကျော် CDF ဖမ်းဆီး...  အမတ ၃၄၄ ထဲအထိ AA ဝင်တိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၄ ဇွန် ၂၀၂၅

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်း (ဗျူဟာကုန်း) အနီး တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းနေစဉ် စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်ရဖမ်းမိတယ်လို့ Chin Defence Force - Asho က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၈ ကနေ ၁၂ အထိ ၅ ရက်အတွင်း ဖမ်းမိတဲ့ ဒီစစ်သားတွေနဲ့အတူ MA သေနတ် ၈ လက်နဲ့ ခဲယမ်းတွေပါ သိမ်းမိတာကို ဓာတ်ပုံ မှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ရှိ အမြောက်တပ် အမတ ၃၄၄ ကို AA အာရက္ခတပ်တော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် စစ်ကောင်စစ်တပ်  ဆုတ်ပြေးနေ...

- သံတောင်ကြီးမြို့နယ် တောင်ငူ-သံတောင် လမ်းပိုင်းရှိ ၇ မိုင် စခန်းကုန်းအနီး ရောက်လာတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ အရာရှိ ၈ ဦးအပါဝင် စစ်သား ၉ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ...

- သရက်ချောင်းမြို့ကနေ ထားဝယ်မြို့ကို ပြန်လာတဲ့ စစ်ရေယာဉ် ၂ စီးကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၂ ဦး သေပြီး ၃ ဦး ဒဏ်ရာရ...

- စစ်ကိုင်း တပ်မ ၃၃ ကနေ ထွက်လာတဲ့ ကားအစီး ၂၀ ပါ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ အရာရှိ အပါအဝင် သေဆုံးသူ များ...

- (PDF)၊ နေပြည်တော် တိုင်းစစ်ဌာနရှိ တပ်ရင်း (၈၀၈)  အပတ်စဉ် ၁/၂၀၂၅ မွမ်းမံ သင်တန်း ဆင်းပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, June 12, 2025

တောင်သာ တိုက်ပွဲ စစ်ကောင်စီ အထိနာ... ငသိုင်းချောင်းက အမြောက်တပ် နေရာရွှေ...


တောင်သာ တိုက်ပွဲ စစ်ကောင်စီ အထိနာ... ငသိုင်းချောင်းက အမြောက်တပ် နေရာရွှေ့နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၃ ဇွန် ၂၀၂၅

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက် မန်ကျည်းကန် ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားနဲ့ ပျုစောထီး ၅ ဦးသေ၊ ၂ ဦး ဒဏ်ရာရတယ်လို့ အညာမြေ တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၀ ရက် မနက် ၅ နာရီမှာ စတင်တိုက်ခိုက်ပြီး မိနစ် ၉၀ ခန့်အကြာမှာ ကတုတ်ကျင်း ၃ လုံး သိမ်းပြီးနောက် စခန်းတခုလုံး သိမ်းခါနီးမှာ ဘဲကြီး ပျူစောထီးရွာနဲ့ ပခုက္ကူ တပ်မ ၁၀၁ က စစ်ကူ ရောက်လာတဲ့အတွက် ပြန်လည် ဆုတ်ခွါခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- တောင်သာမြို့နယ် ဆင်တဲဝချောင်းဘက် ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ သေနတ် ၂ လက် သိမ်းမိ...

- မော်လမြိုင်နဲ့ သံဖြူဇရပ် ကားလမ်းပေါ်ရှိ၊ နှီးဗဒေါ ရွာအနီး ရောက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီရဲ့ လုံခြုံရေး ယာဉ်တန်းကို မွန် တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရမှုများ...

- ထားဝယ်- ထိုင်း နယ်စပ်ရှိ စစ်ကောင်စီရဲ့ ငါးရံ့နီစခန်းက စစ်သားတွေ အားလုံး ဇွန် ၁၂ မနက်ပိုင်းမှာ စခန်းစွန့်ခွာ ထွက်ပြေးသွား...

- ငသိုင်းချောင်းဘက်မှာ တိုက်ပွဲပြင်းထန်ပြီး အာရက္ခတပ်တော် AA နဲ့ PDF တွေ နီးကပ်လာတဲ့အတွက် ငသိုင်းချောင်းရှိ အမတ ၃၄၄ က ဟောင်ဝစ်ဇာ အမြောက်ကြီးတွေကို စစ်ကောင်စီက ကျုံပျော်ဘက် ပြောင်းရွှေ့နေ...

- နောင်ချိုမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံလူထု ၁,၀၀၀ ကျော် ကျောက်မဲမြို့ဘက် စစ်ရှောင် ထွက်ပြေးနေရတယ်လို့ TNLA က သတင်းထုတ်ပြန်...

- အင်အား ၈၂၂ ဦး တက်ရောက်တဲ့ ၃ လတာ စစ်သင်တန်းဆင်းပွဲ ဇွန် ၆ ရက်က ကျင်းပတယ်လို့ TNLA က ဓာတ်ပုံမှတ်တမ်း ဖော်ပြ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, June 11, 2025

ပေါင်းတည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ဥကရိထ စခန်းကို KNLA က ထိုးစစ်ဆင်...


ပေါင်းတည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ဥကရိထ စခန်းကို KNLA က ထိုးစစ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၂ ဇွန် ၂၀၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့် စခန်းသိမ်း တိုက်ပွဲမှာ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) က ပစ်ချလိုက်တဲ့ စစ်ကောင်စီ တိုက်လေယာဉ်က လေယာဉ်မှူး သေသွားတယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်မှာ ပစ်ချခံရတဲ့ အဲဒီ လေယာဉ်ဟာ ကျေးရွာတခုဆီ ထိုးစိုက် ဆင်းသွားပြီး လေယာဉ်မှူး သေဆုံးတဲ့အပြင် လေယာဉ်နဲ့အတူ မီးလောင်တဲ့ နေအိမ်တွေက ရုပ်အလောင်း ၄ လောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပေါင်းတည်မြို့နယ် ညောင်နီပင် ရွာက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်တပ်ဘက်က ၁၀ ဦးကျော် သေဆုံးပြီး ၆၀ မမ အပါဝင် လက်နက်မျိုးစုံ ၁၀ လက်ကျော် သိမ်းမိ...

- ဖယ်ခုံအင်း အရှေ့ခြမ်းမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ ရှမ်းတောင် ဗျူဟာ ၁ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ဦး သေ...

- နောင်ချိုမြို့နဲ့ ၇ မိုင်အကွာရှိ ကံကြီး ကျေးရွာကို စစ်ကောင်စီတပ် ပြန်ရောက်လာတဲ့အတွက် TNLA နဲ့ တိုက်ပွဲထပ်ဖြစ်နေ...

- တရုတ်-မြန်မာ နယ်စပ်ရှိ ၁၀၅ မိုင် (ကျင်စန်းကျော့) နယ်စပ်ကုန်သွယ်ရေးဂိတ်ကို လာမယ့် ဇူလိုင်က စပြီး အွန်လိုင်းနဲ့ အခွန်စည်းကြပ်မှုဆောင်ရွက်မယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာ...

- ဒိုက်ဦး အခြေစိုက် ခမရ ၄၄၀ က စစ်သားသစ် ၂ ဦး MA သေနတ် ၂ လက်နဲ့ အတူ PDF အမှတ် ၂၇ စစ်ဗျူဟာထံ ခိုလှုံလာ...

- ပေါက်မြို့နယ် ကပစ ၂၄ က ဒု-တပ်ကြပ် တဦး MA သေနတ် ၂ လက်နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၅ တပ်ရင်းထံ ခိုလှုံလာ...

- မြန်မာ−ထိုင်းနယ်စပ်က စစ်ကောင်စီ တပ်ရဲ့ ခြေကုပ်စခန်း ဥကရိထကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီလို့ သတင်းထွက်ပေါ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ကိုယ်က သွားမတိုက်ရင်တော့ သူလာတိုက်တာကို ခံရမှာပဲလေ”


“ကိုယ်က သွားမတိုက်ရင်တော့ သူလာတိုက်တာကို ခံရမှာပဲလေ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၁ ဇွန် ၂၀၂၅)

“စစ်ကောင်စီကပြောနေတဲ့ အပစ်ခတ်ရပ်စဲရေးဆိုတာကို ယုံပြီး ထိုင်စောင့်နေရင်တော့ ခံရမှာပဲ၊ ကိုယ်က ဦးအောင်သွားမတိုက်ရင် သူလာတိုက်တာကို ခံရမှာပဲဖြစ်တယ်” လို့ စစ်ရေး- နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

အပစ်ရပ်ကာလမှာ စစ်ကောင်စီဖက်ကနေ နောင်ချိုမြို့ကို ထိုးစစ်ဆင်လာတာနဲ့ပတ်သက်ပြီး TNLA ရဲ့ တုန့်ပြန်ချက်တွေ အားနည်းနေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- PLA က စစ်လေယာဉ်ပစ်ချနိုင်မှုအပေါ် အများပြည်သူက ဂုဏ်ယူတဲ့အကြောင်း...

- စစ်တပ်ရဲ့ ထိုးစစ် နောင်ချိုမြို့အနီး ကပ်လာနေချိန်မှာ TNLA က အစိုးရဖွဲ့ရေးအတွက် အလုပ်များနေချိန်နဲ့ တိုက်ဆိုင်နေသလား...

- နောင်ချိုကို လားရှိုးလို တရုတ်ကတဆင့် စစ်ကောင်စီလက်ထဲ ပြန်ပေးမယ်ဆိုတာ ဖြစ်နိုင်သလား...

- အပစ်ရပ်ကာလ တိုက်ပွဲတွေအတွင်း AA က ရှေ့တိုး တိုးလာပြီး TNLA က နောက်ဆုတ် ဆုတ်သွားတာ ဘာကြောင့်လဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, June 10, 2025

စစ်လေယာဉ်ကို PLA ပစ်ချ... ထားဝယ်-ထိုး နယ်စပ်က ဘောဓိစခန်း KNLA သိမ်းပိုက်...


စစ်လေယာဉ်ကို PLA ပစ်ချ... ထားဝယ်-ထိုး နယ်စပ်က ဘောဓိစခန်း KNLA သိမ်းပိုက်... နောက်ဆုံးရ  တိုက်ပွဲသတင်းများ ...

၁၁ ဇွန် ၂၀၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲမှာ ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ လေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချလိုက်တယ်လို့ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၀ ရက် ၁၂:၁၅ မှာ ပစ်ချလိုက်တာဖြစ်ပြီး aလယာဉ်မှုးပါ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ထားဝယ်- ထိုင်း နယ်စပ်ရှိ အမို သို့မဟုတ် ဘောဓိ စစ်ကောင်စီစခန်းကို ဇွန် ၁၀ ရက်မှာ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်း စစ်ကောင်စီ စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၃ ဦး သေပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- လွိုင်ကော်မြို့အနီး ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး လက်နက် ၁၀ လက်ခန့် သိမ်းမိ...

- အင်းတော်ကြီးဒေသရှိ ဟဲပါး ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ SNA (ရှမ်းနီ ပြည်သူ့စစ်) တွေကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဘက်က သေဆုံးမှုများပြီး သေနတ် ၂ လက်နဲ့ သုံ့ပန်းတဦး ဖမ်းမိ...

- နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး စခန်းကနေ ထွက်ပြေးလာတဲ့ ပြည်သူ့စစ် ၃ ဦးကို MA စီးရီး သေနတ် ၃ လက်နက်နဲ့အတူ CDF က လက်ရဖမ်းမိ...

- ကျောက်ဖြူမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး AA ကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွေ အမှတ် ၃၂ ရဲတပ်ရင်းထဲအထိ ပြန်ဆုတ်ပြေးသွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, June 9, 2025

နောင်ချိုမြို့ဖက် စစ်ကောင်စီ စစ်ကြောင်းထိုးလာ... ကျောက်ဖြူမှာ တိုက်ပွဲဆက...


နောင်ချိုမြို့ဖက် စစ်ကောင်စီ စစ်ကြောင်းထိုးလာ... ကျောက်ဖြူမှာ တိုက်ပွဲဆက်ပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၀ ဇွန် ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ပိန္နဲကုန်း နဲ့ ကန်ကြီး ကျေးရွာဘက် စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့တွက် ဇွန် ၉ ရက် မနက် ၉ နာရီခန့်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၈ ရက်ကလည်း ရှောက်ခြံ၊ ကန်ကြီးနဲ့ လက်ပံကုန်း ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပြီး ၇ ရက်နေ့မှာ ကန်ကြီး၊ ညောင်တော နဲ့ နောင်ချိုကြီးကျေးရွာဘက်ကမှာ တိုက်ပွဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင်...

- နောင်ချိုမြို့အနီး တိုက်ပွဲတွေ ပြင်းထန်နေစဉ်မှာပဲ တအာင်းပြည်ကောင်စီ TLC ကို ဖွဲ့စည်းလိုက်တယ်လို့ TNLA က သတင်းထုတ်ပြန်...

- ကျောက်ဖြူမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အာရက္ခတပ်တော် AA ရှိနိုင်တဲ့နေရာတွေကို စစ်ကောင်စီက ကြည်း ရေ လေ သုံးဘက်သုံးတန်ကနေ လက်နက်မျိုးစုံနဲ့ ပစ်ခတ်နေ...

- ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုက ပြည်သူ ၆,ဝဝဝ ကျော်ကို ရွာအတွင်းကနေ ဇွန် ၁၅ နောက်ဆုံးထားပြီး အမြန် ထွက်သွားရမယ်လို့ PNO ပြည်သူ့စစ်က မောင်းထုတ်နေ...

- ငါန်းဇွန်မြို့နယ် မြို့သာမြို့ ရှိ စစ်တပ်နဲ့ ရဲ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားတဦး သေ၊ ၄ ဦး ဒဏ်ရာရ...

- ရေးမြို့အခြေစိုက် ခလရ ၂၉၉ က စစ်သားသစ် ၂ ဦးဟာ MA - 1 တလက်၊ ခဲယမ်းတွေနဲ့အတူ ဒေါနစစ်ကြောင်း ( ၂)၊ ရေးပြောက်ကျားတပ် ( YGF) ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, June 8, 2025

ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်... နောင်ချိုနဲ့ သံတွဲမြို့တွေကို စစ်တပ်က ဗ...


ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်... နောင်ချိုနဲ့ သံတွဲမြို့တွေကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၉  ဇွန် ၂၀၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် စကခ ၁၂ က စစ်ကြောင်းတခု ကော့ကရိတ်-ကျုံဒိုး အာရှလမ်းမ အတိုင်း ကိုးတိုင်၊ ခုနစ်တိုင် ရွာတွေဘက် ထိုးဝင်လာတဲ့အတွက် KNLA ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KIC Karen Information Center က ဖော်ပြပါတယ်။

ဇွန် ၇ ရက် မနက် ၇ နာရီခန့်မှာ စတင် ပစ်ခတ်မှု ဖြစ်ပြီး ကျုံဒိုးရှိ ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ က လက်နက်ကြီး ပစ်ကူပေးတဲ့အပြင် စကခ ၁၂ ဌာနချုပ်ဘက်ကနေလည်း ပစ်ကူပေးတယ်၊ ဒါပေမယ့် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတဲ့အတွက် အဲဒီ စစ်ကြောင်း ရှေ့မတိုးနိုင်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင်...

- အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်တွေက TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ နောင်ချိုဘက်ကို ထိုးစစ်ဆင်လာနေပြီး နောင်ချိုနဲ့ ၇ မိုင်အကွာ ကံကြီးရွာအထိ စစ်ကြောင်းတွေ ရောက်လာ...

- အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက AA အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စစ်လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကလေးတဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ...

- ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေးတပ်တွေက ဇွန် ၂ ရက်မှာ စတင် ထိုးစစ်ဆင်ပြီး ဇွန် ၇ ရက် ညနေအထိ တိုက်ပွဲပြင်းထန်နေ...

- နမ့်စန် လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား တစီးကို စစ်သား ၂ ဦးနဲ့ အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေက ဖမ်းဆီးမိ...

- ထားဝယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုက စစ်သားသစ်တဦး MA-1 သေနတ် တလက်၊ ခဲယမ်းတွေနဲ့ အတူ ထားဝယ်ခရိုင် တပ်ရင်း ၁ ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, June 6, 2025

ခပေါင်းဆည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်...


ခပေါင်းဆည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၇ ဇွန် ၂၀၂၅

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် အထက် ခပေါင်းဆည် အထိုင်ချ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၅ ဦး သေ၊ ၈ ဦး ဒဏ်ရာရပြီး သေနတ် ၄ လက် သိမ်းမိတယ်လို့ A. D .G Brothers အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၃ ရက် မနက် ၅ နာရီခွဲမှာ စတင် တိုက်ခိုက်ရာမှာ တိုက်ပွဲ ၂ နာရီခန့်ကြာပြီး နယ်မြေရှင်းတဲ့အခါ စစ်သား ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရပြီး G3 ၃ လတ်၊ MA 11 တလက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ရွှေဘို-မန္တလေး လမ်းပိုင်းပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦး သေ...

- အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျက်ရိုးပင် ကျေးရွာက ဘုန်းကြီးကျောင်းကို ထိမှန်ပြီး ကျောင်းထိုင် ဆရာတော် ပျံလွန်၊ တကာ တကာမ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရ...

- ဆောမြို့နယ် ညောင်ကန် ကျေးရွာကိုလည်း Mig-29 Jet Fighter က ဗုံးကြဲသွားတဲ့အတွက် ရွာသား ၃ ဦး သေပြီး ၆ ဦး ဒဏ်ရာရ...

- အရှို ချင်း ကာကွယ်ရေးတပ် လှုပ်ရှားတဲ့ ရခိုင်-မကွေး အစပ် စစ်ဒေသမှာ တိုက်ပွဲဖြစ်ပြီး စစ်သားတဦးသေ၊  MA1 သေနတ်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- ကျောက်ဖြူမြို့က အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ နေရာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူ သုံးပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ...

- တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းပေါ်ရှိ သိန်ခွန်း ရွာဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် ဇွန် ၄ ရက်က စပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, June 5, 2025

MPT တာဝါတိုင် စခန်းကုန်း AA သိမ်းပိုက်... စစ်တပ်က နောင်ချိုဖက်ကို စစ်ကြေ...


MPT တာဝါတိုင် စခန်းကုန်း AA သိမ်းပိုက်... စစ်တပ်က နောင်ချိုဖက်ကို စစ်ကြောင်းထိုးလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၆ မေ ၂၀၂၅

ရခိုင်-မကွေးဆက်စပ်ဒေသ အမ်း- ပဒါန်း လမ်းပေါ်ရှိ နတ်ရေကန်စခန်း အနီးက MPT တာဝါတိုင် စခန်းကုန်းကို AA အာရက္ခတပ်တော်က ဇွန် ၃ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ နိရဉ္စရာ က ဖော်ပြပါတယ်။

အပစ်ရပ်ထားတဲ့ ကာလမှာ စစ်ကောင်စီက ထိုးစစ်ဆင်လာတဲ့အတွက် AA က ပြန်တိုက်ရာကနေ အခုလို သိမ်းလိုက်တာဖြစ်တယ်။ စစ်ကောင်စီဘက်က အကျအဆုံးများပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းမိထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- အပစ်ရပ်ကာလမှာ စစ်ကောင်စီ စစ်ကြောင်းတွေ နောင်ချိုမြို့အနီးက ကံကြီးရွာနားအထိ ရောက်လာတဲ့အတွက် TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က ခုခံတိုက်ခိုက်နေ...

- နွားထိုးကြီးမြို့နယ် ဝက်လူး ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၄ ဦး သေပြီး ၂ ဦးကို လက်ရဖမ်းမိ၊ စစ်မှုထမ်း တပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့...

- ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းမှာ အခြေစိုက်ပြီး လောင်းလုံးမြို့နယ်ကကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ ဗျူဟာမှူး အပါအဝင် ၁၁ ဦး သေဆုံး...

- မုံရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းတခုက စစ်သား ၃ ဦး လက်နက်တွေနဲ့အတူ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံ ခိုလှုံလာ...

- သေ့ဘောဘိုးစခန်း အပါဝင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KNLA နဲ့ PDF ရဲဘော်တွေကို ဒေသခံ ကရင်လူထုက အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Yaw Ag Final 5 Jun


“နေပြည်တော်သိမ်းပိုက်ရေးအတွက် ပထမ ခြေလှမ်း၊ မောင်ကျော်တွေရဲ့ သွေးပူလေ့ကျင့်ခန်း လို့ ထင်ပါတယ်”

- ဆလိုင်းယောအောင် (ABSDF - ဗဟိုဦးဆောင်ကော်မတီဝင် - ဟောင်း)

(၅ မေ ၂၀၂၅)

“မာနယ်ပလော ရပြီးကတည်းက အောင်ပွဲတွေ တခုပြီးတခုရတော့မယ်လို့ စဉ်းစားမိပါတယ်၊ သေ့ဘောဘိုးစခန်းသိမ်းနိုင်တာဟာ နေပြည်တော်သိမ်းပိုက်ရေးအတွက် ပထမ ခြေလှမ်း၊ မောင်ကျော်တွေရဲ့ သွေးပူလေ့ကျင့်ခန်းလို့ ထင်ပါတယ်” လို့ ABSDF - ဗဟိုဦးဆောင်ကော်မတီဝင် - ဟောင်း ဆလိုင်းယောအောင်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က သေ့ဘောဘိုးခစန်းကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်တဲ့အချိန်မှာ တချိန်က အဲဒီစခန်းမှာ နေခဲ့ဖူးတဲ့ ၈၈ ကျောင်းသားတဦးအနေနဲ့ ဘယ်လိုခံစားချက်ဖြစ်မိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- သေ့ဘောဘိုးစခန်းသိမ်းနိုင်ခြင်းက စစ်ရေးအပြင် နိုင်ငံရေးအရ ဘယ်လိုအဓိပါယ်ရှိသလဲ...

- လက်ရှိ ABSDF တပ်တွေရဲ့ လှုပ်ရှားမှုနဲ့ PDF တပ်တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ...

- KNU ရဲ့ အခုတလော ထိုးစစ်က ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

- ERO တွေနဲ့ PDF တွေ ဟန်ချက်ညီလှုပ်ရှားနိုင်အောင် တပ်ပေါင်းစု လိုအပ်သလား...

- NUG ပြောနေတဲ့ အထွေထွေထိုးစစ် ရက်ဒီ ဖြစ်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းပွဲ လက်နက်မျိုးစုံ ရာနဲ့ချီသိမ်းမိ... ဖားကန့်က စစ်ရဟ...


သေ့ဘောဘိုးစခန်းသိမ်းပွဲကနေ လက်နက်မျိုးစုံ ရာနဲ့ချီသိမ်းမိ... ဖားကန့်က စစ်ရဟတ်ယာဉ်ကို KIA ပစ်ခတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၅ ဇွန် ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုး စစ်ကောင်စီ စခန်းကို ဇွန် ၃ ရက် ညနေပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး ၁၂၀ မမ အဝေးပစ် မော်တာကြီးတွေ အပါအဝင် လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိတယ်လို့ Cobra Column 2 VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၃ စီး၊ Y12 ၂ စီးနဲ့ ဆက်တိုက် ဗုံးကြဲတဲ့အပြင် အနီးဝန်းကျင်ရှိ ဝေါလေဗျူဟာကလည်း လက်နက်ကြီးပစ်ကူပေးနေတဲ့ကြားက သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

ဆိုရှယ် မီဒီယာမှာ ပြန့်နေတဲ့ ဗီဒီယိုမှတ်တမ်းတခုမှာဆိုရင် ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ မော်တာတွေ၊ ပွိုင့် 5 တွေ၊ RPG လောင်ချာတွေ ဒါဇင်နဲ့ချီ တွေ့ရတဲ့အပြင် အရာရှိကိုင် ပစ္စတို တဒါဇင်ကျော်ကိုလည်း တွေ့ရပါတယ်။ MA စီးရီး လက်နက်ငယ်တွေကိုတော့ ရာနဲ့ချီ သိမ်းမိထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- လွိုင်ကော်မြို့ကနေ လွိုင်လင်လေးဘက် ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံးသူ 
များပြီး ၆၀ မမ နဲ့ RPG အပါဝင် လက်နက်မျိုးစုံ ၂၀ ကျော် သိမ်းမိ...

- ဖားကန့်မြို့ စစ်ဗျူဟာကုန်းသို့ ခဲယမ်း-ရိက္ခာ ချပေးဖို့ ရောက်လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ဇွန် ၄ ရက်၊ ညနေ ၃ နာရီခန့်မှာ ပစ်ခတ်ရာမှာ စစ်ရဟတ်ယာဉ် မဆင်းရဲဘဲ နောက်ပြန်လှည့်သွား...

- စစ်ကောင်စီက အပစ်အခတ် ရပ်စဲကြောင်း  ကြေညာထားတဲ့ မေလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁,၀၀၀ ကျော်ရှိပြီး အရပ်သား ၈ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရတယ်လို့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်...

- တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တိုက်ပွဲဖြစ်နေ...

- ရေဖြူမြို့နယ် မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု ရှိနိုင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, June 3, 2025

သေ့ဘောဘိုးစခန်း KNLA သိမ်းပိုက်... တန့်ဆည်တိုက်ပွဲ စစ်ကောင်စီ အထိနာ...


သေ့ဘောဘိုးစခန်း KNLA သိမ်းပိုက်... တန့်ဆည်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၄ ဇွန် ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်းနယ်စပ် အနီးရှိ သေ့ဘောဘိုး စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဇွန် ၃ ရက်၊ ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ နယ်စပ်သတင်းတွေက ဖော်ပြပါတယ်။

မေ ၂၈ မှာ ပထမ အကြိမ် တိုက်ပြီးနောက် အခုဇွန် ၃ ရက် မနက်ပိုင်းမှာ ထိုးစစ်ထပ်ဆင်ပြီး ညနေပိုင်းမှာ သိမ်းနိုင်လိုက်တယ်၊ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနဲ့ အပြင်းအထန် ခုခံခဲ့ပေမယ့် စစ်သားအတော်များများ အလံဖြူထောင် လက်နက်ချသွားတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ညောင်ရွှေနဲ့ ဖယ်ခုံမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေ...

- ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာက ကျောက်မျက်ကုမ္ပဏီ ဝင်းအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ရာကနေ ယမ်းခိုဒေါင် မီးလောင်ပေါက်ကွဲပြီး ဝန်ထမ်း ၂ ဦး သေဆုံး...

- တန့်ဆည်မြို့နယ် သဲကုန်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ ၈ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...

- ပေါက်မြို့နယ် မြောက်ပိုင်း ကုက္ကိုစု ရွာကနေ ထွက်လာတဲ့ ပျူစောထီးအဖွဲ့ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ၃ ဦးသေပြီး Ak 47 သေနတ် တလက် သိမ်းမိ...

- ချင်းပြည်နယ် ဟားခါးက ရဲတပ်သားတဦး လက်နက်နဲ့အတူ Chinland Defense Force - Hakha ထံ ခိုလှုံလာ...

- ဒိုက်ဦးမြို့ အခြေစိုက် ခမရ ၄၄၀ က တပ်ကြပ်ကြီးတဦး ခဲယမ်းတွေနဲ့အတူ ပဲခူး ‘ပကဖ’ ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, June 2, 2025

ပခုက္ကူ ပျု စခန်း PDF ဝင်တိုက်... ညီနောင် ၃ ဖွဲ့က အပစ်ရပ်သက်တန်း တလထပ်တိ...


ပခုက္ကူ ပျု စခန်းကို PDF ဝင်တိုက်... ညီနောင် ၃ ဖွဲ့က အပစ်ရပ်သက်တန်း တလထပ်တိုး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃ ဇွန် ၂၀၂၅

မကွေးတိုင်း ပခုက္ကူမြို့နယ် ဆင်မင်း ကျေးရွာရှိ ပျုစောထီး စခန်းဆီ ကား ၂ စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ ပြည်သူ့စစ်အဖွဲ့ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၄ ဦး သေပြီး သေနတ် ၂ လက် သိမ်းမိတယ်လို့ ပခုက္ကူမြို့နယ် “ပကဖ” က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁ မနက် ၈ နာရီခန့်မှာ အဲဒီယာဉ်တန်း ဆင်မင်းရွာ အဝင်မှာ တိုက်ခိုက်ရာမှာ ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ့စစ် ၈ ဦးထဲက ၄ ဦးသေဆုံးပြီး ပစ္စတို တလက်၊ MA-3 တလက်၊ ခဲယမ်းတွေနဲ့ ငွေတွေ သိမ်းမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပခုက္ကူမြို့ ခရိုင် မီးသတ်ရုံးမှာ စခန်းထိုင်ထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သား ၅ ဦး သေပြီး ၅ ဦး ဒဏ်ရာရ...

- စစ်ကိုင်းတိုင်းကနေ ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က တီးတိန်မြို့နယ်ရှိ မွာလ်ပီးရွာက နေအိမ်အချို့ကို မီးရှို့နေ...

- လားရှိုးမြို့နယ်က ကျေးရွာတခုမှာ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ MNDJP/MNDAA ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်...

- ငလျင်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ လက်ရှိ ရေဘေး ကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ် ကာလကို နောက်ထပ် တလ သက်တမ်း ထပ်တိုးကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, June 1, 2025

မြဝတီမြို့စောင့်တပ်အနီး တိုက်ပွဲဖြစ်... ကျောက်ဖြူတိုက်ပွဲမှာ ဒုဗိုလ်မှူး...


မြဝတီမြို့စောင့်တပ်အနီး တိုက်ပွဲဖြစ်... ကျောက်ဖြူတိုက်ပွဲမှာ ဒုဗိုလ်မှူးကြီးနဲ့ ၁၅ ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂ မေ ၂၀၂၅

ထိုင်း-မြန်မာ နယ်စပ်ရဲ့ အဓိက ကုန်သွယ်ရေးမြို့  မြဝတီ မြို့စောင့်တပ် ခလရ ၂၇၅ ဝန်းကျင်းမှာ လက်နက်ကြီး တိုက်ပွဲ ဖြစ်နေတယ်လို့ နယ်စပ် သတင်းတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တဲ့ ကနဲလေး၊ ဘုရင့်နောင်၊ မော်ခီး စခန်းတွေကနေ ထိုင်းဘက်ကမ်းဆီ ထွက်ပြေးသွားတဲ့ စစ်သားတွေ မဲဆောက်ကတဆင့် ခလရ ၂၇၅ ကိုရောက်လာပြီးနောက် အခုလို ပစ်ခတ်မှုတွေဖြစ်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- တရုတ် စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး ဒုတိယဗိုလ်မှူးကြီး တဦး အပါအဝင် စစ်သုံ့ပန်း ၁၅ ဦးကို AA က ဖမ်းမိ...

- စစ်ကိုင်း အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်သား ၆ ဦး သေပြီး ပျက်စီးမှုများ...

- စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် လောင်းလုံးမြို့မှာ အသက်ငါးနှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံး...

- ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ၄ နှစ်ပြည့် မွေးနေ့ဆီ ညီနောင် မဟာမိတ် ၃ ဖွဲ့က သဝဏ်လွှာပို့...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, May 30, 2025

မြဝတီမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂ ခု KNLA သိမ်းပိုက်... ကျောက်ဖြူတိုက်ပ...


မြဝတီမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂ ခု KNLA သိမ်းပိုက်... ကျောက်ဖြူတိုက်ပွဲမှာ ဗိုလ်မှူးချုပ်တဦးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၁ မေ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ ဘုရင့်နောင်ကုန်းနဲ့ မော်ခီး တပ်စခန်းကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက မေ ၃၀ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရဲဘော်တွေနဲ့ နယ်စပ်သတင်းရပ်ကွက်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၈ မှာ ကနဲလေး စခန်းကို သိမ်းပြီးနောက် အဲဒီဝန်းကျင်ရှိ အမြင့်ဆုံး တောင်ပေါ်က ဘုရင့်နောင် စခန်းကုန်းကို ပိတ်ဆို့ တိုက်ခိုက်စဉ် စစ်သား အတော်များများ ထိုင်းဘက် ထွက်ပြေးသွားတယ်လို့ တော်လှန်ရေး ထောက်ပို့ရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် သေ့ဘောဘိုး စခန်းကို မတိုက်ခင် တရက်က သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ မော်ခီးတပ်စခန်းကိုလည်း မေ ၃၀ မနက်ပိုင်းမှာပဲသိမ်းပိုက်လိုက်ပြီး စစ်သားတွေ ထိုင်းဘက် ထွက်ပြေးသွားပြန်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်း ပြည်သူ့စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး လက်နက်များစွာ သိမ်းမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၁၀၀၂ က သတင်းထုတ်ပြန်...

- ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာ အိမ်တွေဖောက်ပြီး ပစ္စည်းခိုးနေတဲ့ စစ်ကောင်စီတပ်ကို Fire Dragon တပ်ဖွဲ့က ဝင်တိုက်ရာမှာ စစ်သား တဦး သေပြီး ၂ ဦး ဒဏ်ရာရ...

- တရုတ် စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး AA (အာရက္ခတပ်တော်) က လက်ဖြောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် ကျော်မျိုးအောင်နဲ့ စစ်ဗိုလ်တဦး သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“အထွေထွေထိုးစစ်အတွက် ERO တွေနဲ့ ဟန်ချက်ညီအောင် စနစ်တကျ ပြင်ဆင်သင့်ပါတယ်”


“အထွေထွေထိုးစစ်အတွက် ERO တွေနဲ့ ဟန်ချက်ညီအောင် စနစ်တကျ ပြင်ဆင်သင့်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀ မေ ၂၀၂၅)

“တိုင်းရင်းသားဒေသအသီးသီးမှာ အထွေထွေထိုးစစ်က စနေပြီ၊ မစနိုင်သေးတာက အညာဒေသပဲ ကျန်တယ်၊ အညာကိုအခြေပြုတဲ့ NUG အနေနဲ့ အထွေထွေထိုးစစ်အတွက် ERO တွေနဲ့ပူးပေါင်းရေး သိသာမြင်သာတဲ့ ပြင်ဆင်မှုတွေ အမြန်ဆုံးဆောင်ရွက်သင့်တယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

KNU ရဲ့ ဆက်တိုက်စခန်းသိမ်းမှုတွေ၊ လကုန်ရင် ပြန်စမယ့် ညီနောင် ၃ ဖွဲ့ရဲ့ ထိုးစစ်အလားအလာ၊ NUG ကပြောထားတဲ့ အထွေထွေထိုးစစ် ဘယ်လို ဆက်စပ်မှုရှိသလဲ... ဘယ်လောက်အထိ ပြင်ဆင်ထားပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ကျောက်ဖြူသိမ်းပိုက်ရေးက တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အပြောင်းအလဲဖြစ်လာစေနိုင်သလား...

- TNLA ဗျုဟာက ခံစစ်လား- ထိုးစစ်လား...

- ကရင်နီဒေသ မိုးဗြဲ-ပင်လောင်း တိုက်ပွဲတွေက နေပြည်တော်ကို ခြိမ်းခြောက်နိုင်သလား...

- အညာဒေသမှာ ERO ဒေသတွေကို စခန်းသိမ်းစစ်ပွဲ မဆင်နွဲနိုင်သေးတာ ဘာကြောင့်လဲ...

- NUG က ပြောနေတဲ့ အထွေထွေထိုးစစ် ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြိလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, May 29, 2025

ကနဲလေး စခန်း KNLA သိမ်းပိုက်... စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ဆ...


ကနဲလေး စခန်း KNLA သိမ်းပိုက်... စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ဆက်ဆံရေးတင်းမာလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၉  မေ ၂၀၂၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ထိုင်းမြန်မာ နယ်စပ် အနီးရှိ စစ်ကောင်စီရဲ့ ကနဲလေး စခန်းကို မေ ၂၈ ညနေ ၆ နာရီမှာ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၇ မနက် ၇ နာရီမှာ စတင်တိုက်ခိုက်ပြီး ၂၄ နာရီအတွင်း သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ၁၂၀ မမ အဝေးပစ် မော်တာကြီးတွေ အပါအဝင် လက်နက်များစွာ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

မေ ၂၉ မနက်ပိုင်းမှာ မြဝတီမြို့နယ် အတွင်းရှိ ဥကရစ်ထ စခန်းရဲ့ကာကင်း စခန်းဖြစ်တဲ့ ဝါးမီထ စခန်းကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင်...

- တောင်သာမြို့အနီးရှိ Off-Take Gas Station အစောင့်တပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားနဲ့ရဲ ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ...

- ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာကို မေ ၂၈ မှာ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးတဲ့အပြင် ရွာသား ၆ ဦးကို ပစ်ခတ် သတ်ဖြတ်သွား...

- အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဆက်ဆံတာကို စစ်ကောင်စီက ကန့်ကွက်ရာကနေ သံတမန်ရေး တင်းမာမှုဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒါကာကို  ပြန်လာဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်ခေါ်...

- ထားဝယ် အထူးစီးပွားရေးဇုန် ဒေသက ဧကနိ ကျေးရွာ အနီးမှာ မေ ၂၉ မနက်ပိုင်းက စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ထပ်ဖြစ်...

- တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၅၈ က စစ်သားသစ် ၂ ဦး MA-3 သေနတ် တလက် ခဲယမ်းတွေနဲ့အတူ Dawna Column ထံ ခိုလှုံလာ...

- မုံရွာမြို့အခြေစိုက် နပခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က စစ်သားသစ် ၂ ဦးဟာလည်း MA-1 သေနတ် နှစ်လက်၊ ခဲယမ်းတွေနဲ့  ဒို့အရေး Channel ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, May 28, 2025

သေ့ဘောဘိုးတိုက်ပွဲ စစ်တပ်ဘက်က တပ်ရင်းအလိုက်ပြုတ်... နတ်ရေကန်စခန်းကနေ AA ...


သေ့ဘောဘိုးတိုက်ပွဲ စစ်တပ်ဘက်က တပ်ရင်းအလိုက်ပြုတ်... နတ်ရေကန်စခန်းကနေ AA တပ်တွေ ရှေ့တိုးလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၉ မေ ၂၀၂၅

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ် အနီးရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုး စခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ကျော်ပါစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ရာမှာ သေဆုံးသူများပြီး  ၁၀ ဦးကျော် လက်ရဖမ်းမိ၊ လက်နက်များစွာ သိမ်းမိတယ်လို့ Cobra Column 2 VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၇ မနက်ပိုင်းမှာ အဲဒီစစ်ကြောင်း ဆုံဆည်းမြိုင် ကျေးရွာ အနီး ရောက်လာစဉ် တိုက်ခိုက်တာလို့ဆိုပါတယ်။ ၂၈ ရက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက လိုက်လံချေမှုန်းနေတဲ့ ဗီဒီယို မှတ်တမ်းတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေပါတယ်။

ဒါ့အပြင်...

- ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဆောင်းပြောင်း လမ်းမကြီးနဲ့ အနီးဝန်းကျင်ရှိ စစ်ကောင်စီနဲ့ PNO (ပအိုဝ်း ပြည်သူ့စစ်) စခန်းကုန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး လက်နက်တွေလည်း သိမ်းမိ...

- ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအထိ ရောက်ရှိနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်တွေဟာ ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ပြင်ဆင်နေ...

- အပစ်ရပ် ကာလအတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတဲ့အပြင် မြေပြင်ကပါ ဆက်တိုက် ထိုးစစ်ဆင်လာတဲ့အတွက် နောင်ချိုမြို့နယ် ယာပြင်ရွာ စခန်းကနေ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က ခွာပေးလိုက်ရ...

- မြင်းခြံမြို့ပေါ်ရှိ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ ဇီးခြံ စစ်တပ်ဂိတ်နဲ့ စကားဝါဂိတ် ၄ နေရာကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ  ပျူစောထီး ၈ ဦးသေဆုံး...

- အမ်း-ပဒါန်း လမ်းပေါ် ရှိ နတ်ရေကန်အနီး တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် စစ်ကောင်စီဘက်က ဆုတ်ခွာလိုက်တဲ့အတွက် MPT တာဝါတိုင် စခန်းကုန်းအထိ AA အာရက္ခတပ်တွေ ရောက်ရှိလာ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ကျောက်ဖြူကို သိမ်းနိုင်ရင် တရုတ်ရဲ့ စဉ်းစားပုံ ပြောင်းလဲလာနိုင်ပါတယ်”


“ကျောက်ဖြူကို သိမ်းနိုင်ရင် တရုတ်ရဲ့ စဉ်းစားပုံ ပြောင်းလဲလာနိုင်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၈ မေ ၂၀၂၅)

“ကျောက်ဖြူမြို့ကို AA အာရက္ခတပ်တော်က သိမ်းပိုက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်ရဲ့ စစ်ရေးဆိုင်ရာ စဉ်းစားချက်တွေ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အပစ်ရပ်ကာလအလွန် ဇွန်လဆန်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်သလား၊ AA ရဲ့ ကျောက်ဖြူသိမ်းပိုက်ရေးနဲ့ တိုင်း ၃ တိုင်းဆီ ဦးတည်ထားတဲ့ စစ်ရေးအရှိန်အဟုန် ဘယ်လိုဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- KNU ရဲ့ အရှိန်အဟုန်ပြင်းတဲ့ နယ်စပ်စခန်းသိမ်းပွဲတွေက ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

- KIA ရဲ့ ဗန်းမော်မြို့သိမ်း စီမံကိန်းက ဘာကြောင့် အချိန်ကြာနေတာလဲ...

- AA ရဲ့ ကျောက်ဖြူမြို့သိမ်းစီမံကိန်းနဲ့ တိုင်း ၃ တိုင်းဆီ ဦးတည်ထားတဲ့ စစ်ရေးပစ်မှတ်တွေက ဇွန်လဆန်းတာနဲ့ အရှိန်ပြန်တက်လာနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အထွေထွေ ထိုးစစ်စတင်ဖို့ NUG က ဘယ်လောက်အထိ ပြင်ဆင်ထားပြီးပြီလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, May 27, 2025

ဗန်းမော် စစ်ဆင်ရေး KIA အရှိန်မြှင့်... သေ့ဘောဘိုးစခန်းကို KNLA ထိုးစစ်ဆ...


ဗန်းမော် စစ်ဆင်ရေး KIA  အရှိန်မြှင့်... သေ့ဘောဘိုးစခန်းကို KNLA ထိုးစစ်ဆင်  ... နောက်ဆုံးရ တိုက်ပွဲသတင်းများ .... 

၂၈ မေ ၂၀၂၅

စစ် ရဟတ်ယာဉ် ၂ စင်းကို KIA (ကချင်လွတ်လပ်ရေးတပ်တော်) နဲ့ မဟာမိတ်တွေက ပစ်ချပြီးကတည်းက ငြိမ်နေတဲ့ ဗန်းမော်မြို့က စကခ ၂၁ မှာ မေ ၂၇ ကစပြီး တိုက်ပွဲ ပြန်ပြီးပြင်းထန်လာတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဝင်းလိုက် (Win Light) ဟိုတယ်က တပ်စခန်းအပါအဝင် စကခ ၂၁ ရဲ့  ကာကင်း တပ်စခန်းအချို့ကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ထားပြီလို့ ဆိုပါတယ်။

ဒါပေမယ့် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီနေ့ ထိုးစစ် ပြန်စတာ မှန်ပေမယ့် စခန်း ကြီးကြီးမားမား သိပ်မိတာ မရှိသေးဘူး။ စစ်လေယာဉ်လဲ အရင်လောက် အလာမများတော့ဘူးလို့ BNN ကို ပြောပါတယ်။

ဒါ့အပြင်...

- ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို Chinland Council (CC) တပ်နဲ့ ချင်းညီနောင် (CB) တပ်ဖွဲ့တွေက စုပေါင်း ခုခံတိုက်ခိုက်နေ...

- ကျောက်ဖြူမြို့မှာ တိုက်ပွဲပြင်းထန်လာတဲ့အတွက် တရုတ် စီမံကိန်းက တရုတ်ဝန်ထမ်းတွေ စတင် ထွက်ပြေးနေ...

- စလင်းမြို့နယ်က ၁၃ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံး တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်...

- ကျောက်ကြီးမြို့နယ် တောင်စုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေ၊ ၇ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၉  လက် သိမ်းမိ...

- အုတ်ဖိုမြို့နယ် ပဲခူးရိုးမအစပ် ထန်းပင်ကုန်း ကျေးရွာရှိ စစ်ကောင်စီအခြေချ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၈ ဦးသေ၊ သေနတ် တလက်နဲ့ ခဲယမ်းအချို့သိမ်းမိ...

- ထိုင်း-မြန်မာ နယ်စပ်ရှိ သေ့ဘောဘိုး စခန်းကို KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, May 26, 2025

ကျောက်ဖြူ ရဲ တပ်ရင်းအနီးထိ AA တပ်တွေ ရောက်လာ... ဖားကန့်ဖက်မှာ တိုက်ပွဲပြ...


ကျောက်ဖြူ ရဲ တပ်ရင်းအနီးထိ AA တပ်တွေ ရောက်လာ... ဖားကန့်ဖက်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၇ မေ ၂၀၂၅

AA အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ကျောက်ဖြူနဲ့ ၆ မိုင် အကွာရှိ အမှတ် ၃၂ တိုက်ခိုက်ရေး ရဲတပ်ရင်း အနီးအထိ ရောက်လာပြီလို့ နိရဉ္စရာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း AA သိမ်းပိုက်ထားတဲ့ စက်မှုလက်မှု သင်တန်းကျောင်းကို စစ်ကောင်စီဘက်က သွားတိုက်ရာကနေ AA ဘက်က တန်ပြန် ထိုးစစ် လုပ်လာရင်းနဲ့ ရဲ တပ်ရင်းနားအထိ AA တပ်တွေ ရောက်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဖားကန့်မြို့နယ်က ကျောက်စိမ်းဒေသ၊ လုံးခင်း ကျေးရွာမှာ မေ ၂၆ မနက် ၃ နာရီက စပြီး စစ်ကောင်စီတပ်နဲ့ KIA (ကချင် လွတ်လပ်ရေးတပ်မတော်) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေ...

- တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်းဘက် အထွက် လမ်းပေါ်ရှိ စစ်ကောင်စီအခြေချ စခန်းနဲ့ ဝန်ထမ်းအိမ်ရာဘက်ရှိ စစ် ကောင်စီ စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေ၊ သေနတ်တလက် သိမ်းမိ...

- မုံရွာ အခြေစိုက် နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို Brave Warriors for Myanmar (BWM) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်...

- ဘောလခဲမြို့နယ်က စစ်ကောင်စီရဲ့ ကာကင်း စခန်းတခုကို ကရင်နီ တပ်ပေါင်းစုက သိမ်းပိုက်ရာမှာ စစ်သား ၂၀ ကျော် သေပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur နဲ့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တွေ့ဆုံစဉ် ထားဝယ် အထူးစီးပွားရေးဇုန် အခြေအနေကို ဆွေးနွေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, May 25, 2025

ညောင်ကျိုးဖက်မှာ တိုက်ပွဲပြန်ဖြစ်... ကျိုဒုံးမြို့ကို KNLA က ပိတ်ဆို့ထား...


ညောင်ကျိုးဖက်မှာ တိုက်ပွဲပြန်ဖြစ်... ကျိုဒုံးမြို့ကို KNLA က ပိတ်ဆို့ထား... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၆ မေ ၂၀၂၅

ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်း တပ်နယ် မသုံရွာ ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဧရာဝတီတိုင်းမ် က ဖောါပြပါတယ်။

တော်လှန်ရေး တပ်တွေရဲ့ ပစ်မှတ်ဟာ ညောင်ကျိုးကနေ ညောင်ခြေတောက်ဘက်ကို မသွားဘဲ မသုံရွာဘက် ရောက်လာပြီး ကပစ ၁၆ ထဲကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

- တောင်ခမ်းရွာ အနီးရှိ  နောင်လိတ်ဘက်မှာ စစ်တပ်နဲ့ TNLA (တအာင်းအမျိုးသားတပ်မတော်) ကြား တိုက်ပွဲပြင်းထန်နေ...

- မြင်းခြံခရိုင် ဆုံရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ၂ ဦးသေပြီး အချို့ဒဏ်ရာရ...

- ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာ မင်္ဂလာပွဲကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် သတို့သမီးနဲ့ ကလေးငယ်တွေ အပါအဝင် ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ...

- ကျိုဒုံးမြို့ကို KNLA (ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်တော်) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့အတွက် နယ်စပ်ဒေသက တိုက်ပွဲတွေဆီ စစ်ကောင်စီက စစ်ကူမပို့နိုင်ဖြစ်နေ...

- လောင်းလုံးမြို့ပေါ်ရှိ စရဖ (စစ် ဖက်ဆိုင်ရာလုံခြုံရေးတပ်) ရုံးကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သား ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရ...

- ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၁/၂၀၂၅ သင်တန်းဆင်းပွဲကို စစ်ဆင်ရေးနယ်မြေ ၂ မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“အထွေထွေထိုးစစ် မကြာခင် ဖြစ်လာနိုင်တယ်လို့ မှန်းဆပါတယ်”


“အထွေထွေထိုးစစ် မကြာခင် ဖြစ်လာနိုင်တယ်လို့ မှန်းဆပါတယ်”

- လင်းထက်‌အောင် (CDM - ဗိုလ်ကြီး)

(၂၅ မေ ၂၀၂၅)

“ပြောက်ကြားစစ်ကိုကျော်လာပြီဖြစ်တဲ့အတွက် စခန်းတွေသိမ်းပြီးရင် ပြန်ခွာလို့ မရတော့ဘူး။ စခန်းသိမ်းတိုက်ပွဲတွေကနေတဆင့် အထွေထွေထိုးစစ်အထိ ဖြစ်လာမယ်လို့ မှန်းဆပါတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေအခြေအနေ၊ မေလကုန်မှာ ပြီးဆုံးတော့မယ့် အပစ်ရပ်ကြေညာချက်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဗန်းမော်မှာ ငှက်ကင် ၂ ကောင် ပစ်ချခံရခြင်းက စစ်တပ်ကို ဘယ်လောက် ထိခိုက်စေသလဲ...

- ဒရုန်းနဲ့ ရဟတ်ယာဉ်ကို တိုက်ခိုက်နိုင်တာဟာ နည်းပညာအရ တိုးတက်လာမှုလား...

- စစ်တပ်နဲ့ ပျုစောထီးအကြား ဆက်ဆံရေးတွေ ပိုဆိုးလာတော့မလား...

- ဗိုလ်ချုပ်ဟောင်းတွေရဲ့ လုံခြုံရေးအတွက် လက်ရှိဗိုလ်ချုပ်တွေက ဘာများ ဆောင်ရွက်ပေးနေသလဲ...

- KNU ရဲ့ ဒီတကြိမ်ထိုးစစ်ဟာ အရင်လို သိမ်းပြီးပြန်ခွာ မဟုတ်တော့ပဲ မြို့သိမ်းတိုက်ပွဲအထိ ချီတက်လာနိုင်သလား...

- လက်ရှိအခြေအနေဟာ အထွေထွေထိုးစစ် စတင်သင့်တဲ့အချိန် ဖြစ်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More