Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြခန္ခရီး ၁၀

on December 1, 2011 8:00 pm
ေအာက္ေမ့ဖြယ္ ။ ဧရာ၀တီမဂဇင္း။

အေရးေပၚညီလာခံနဲ႔ ဗဟုိေကာ္မတီအသစ္


က်ေနာ္တုိ႔အုပ္စု မဲေဆာက္မွာ တရံုးရံုးျဖစ္ေနတုန္း ၁၉၈၉ ခုႏွစ္ ေဖေဖာ္၀ါရီလ အေစာပုိင္းမွာ အေရးေပၚ ညီလာခံ ေခၚမယ္ဆုိၿပီး ဖိတ္စာေရာက္လာပါတယ္။
ဘာေၾကာင့္ေခၚဖုိ႔လုိသလဲဆုိတဲ့ အေၾကာင္းျပ ခ်က္ကုိ က်ေနာ္ အတိအက် မမွတ္မိေတာ့ေပမယ့္ အၾကမ္းအားျဖင့္ကေတာ့ ဗဟုိ ဦးစီးအဖြဲ႕မွာ ဥကၠ႒ ကိုထြန္းေအာင္ေက်ာ္နဲ႔ အတြင္းေရးမႉး ကိုသန္း၀င္းတုိ႔ပဲ ရွိေနၿပီး ဒုတိယ ဥကၠ႒ ကို၀င္းမုိး၊ တြဲဘက္ အတြင္းေရးမႈး ၂ ဦးျဖစ္တဲ့ ကိုေအာင္နုိင္ (အခု VOA ျမန္မာပုိင္းဌာနမႉး) နဲ႔ ဆလုိင္းကုိကုိဦး တုိ႔က မရွိၾကပါဘူး။
ထုိင္းရဲက ဖမ္းလုိ႔ ဘန္ေကာက္မွာ ေသာင္တင္ေနၿပီး နယ္စပ္ကို ျပန္လာလုိ႔မရ ျဖစ္ေနတယ္လုိ့ဆုိပါတယ္။ တခ်ိန္ တည္းမွာပဲ သူတုိ႔ ၃ ဦးကို KNU ဥကၠ႒ ဗုိလ္ခ်ဳပ္ျမက ဖမ္းမိန္႔ထုတ္ထားလုိ႔ KNU နယ္ဆီ ျပန္မလာရဲျဖစ္ေနတယ္ လုိ႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။


အေရးေပၚညီလာခံ က်င္းပေနစဥ္ 

ထုိင္းကဖမ္းတဲ့ သတင္းကုိ သတင္းစာထဲမွာ ေတြ႕လုိက္ရေပမယ့္ KNU က ဖမ္းမယ္ဆုိတဲ့ သတင္းကိုေတာ့ တဆင့္စကားနဲ႔ ေျပာေနၾကတာကုိသာ ၾကားခဲ့ရပါတယ္။
ေသခ်ာတာကေတာ့ အေရးေပၚညီလာခံဆီ သူတုိ႔ ၃ ဦးေရာက္မလာခဲ့ပါဘူး။ ေနာက္တခါ ဗဟုိေကာ္မတီ၀င္ေတြ ထဲမွာလည္း ကုိထြန္းဦးနဲ႔ ကုိကုိေလးတုိ႔ ၂ ဦးကိုပဲေတြ႕ရၿပီး က်န္တဲ့လူေတြကုိ က်ေနာ္မေတြ႕မိဘူး။ ယူဂ်ီအတြက္ ျပည္တြင္းျပန္၀င္သြားသူ၊ အဖမ္းခံ လုိက္ရသူ၊ ဘန္ေကာက္ကေန ျပန္မလာေတာ့သူ စသျဖင့္အမ်ဳိးမ်ဳိးနဲ႔ လူမစုံေတာ့တာကလဲ အေရးေပၚ ညီလာခံ ေခၚယူရျခင္း အေၾကာင္းရင္းတခု ျဖစ္မယ္လုိ႔ စဥ္းစားမိပါတယ္။

ဒီလုိနဲ႔ ညီလာခံက်င္းပမဲ့သံလြင္စခန္းဆီ က်ေနာ္တုိ့ ေကအန္ယူ-နယ္ေျမက ပုဂိၢဳလ္ေတြဟာ မဲေဆာက္ကေန ကားေတြငွား၊ တခ်ိဳ႕လည္း KNU ကားႀကံဳစီးၿပီး လက္ေဒးနဲ႔ မယ္သေ၀ါဘက္ ျပန္လာရပါတယ္။ အဲဒီအခ်ိန္မွာ မက္သေ၀ါေတာင္ကို န၀တ-တပ္က သိမ္းထားလုိက္ပီျဖစ္တဲ့ အတြက္ မယ္သေ၀ါ ကေန ေလွမစီးႏိုင္ေတာ့ဘဲ ေတာလမ္းအတုိင္း ေနာက္ထပ္ တနာရီနီးပါး ထပ္ေမာင္းရတဲ့ ခေလတလူ ဆုိတဲ့ေနရာကေန ေသာင္ရင္းျမစ္ထဲ ေလွစီးရပါတယ္။

အဲဒီေလွဆိပ္ရဲ႕ ဒီဘက္မွာေတာ့ ေနာ္တ ခံစစ္ေၾကာင္း၊ အဲဒီေတာင္တန္းေဘးက ေသာင္ရင္းျမစ္အတုိင္း နာရီ၀က္ေလာက္ စုန္ဆင္းလာေတာ့ သစ္ေတာ၀န္ႀကီး ပဒုိေအာင္ဆန္း (ေနာက္ပုိင္းမွာ နအဖ နဲ႔ အပစ္ရပ္သြားသူ) တုိ႔အိမ္နဲ႔ အထက ေက်ာင္းႀကီးရွိရာ ထီးတခီးဆုိတဲ့ ကရင္ရြာႀကီး တရြာကို ေလွေပၚကေန လွမ္းျမင္ရပါတယ္။ ဆက္ဆင္းလာေတာ့ KNU ဌာနခ်ဳပ္ မာနယ္ပုေလာ စခန္း ျဖစ္ပါတယ္။
မာနယ္ပေလာကေန နာရီ၀က္ေလာက္ ဆက္ေမာင္းေတာ့ ေသာင္းရင္းနဲ႔ သံလြင္ဆုံရာ ျမစ္ဆုံ (၁၉၉၄-၉၅ မွာေတာ့ အဲဒီျမစ္ဆုံနားမွာ ရွိတဲ့ ဘုန္းႀကီးေက်ာင္းကေန စ ျပႆနာတက္ၿပီး DKBA ေပၚလာခဲ့ပါတယ္။
အဲဒီမွာ မာနယ္ပေလာ က်ဆုံးခဲ့ရပါတယ္)

ေသာင္ရင္းျမစ္အတုိင္း စုန္ဆင္းလာတဲ့ စက္ေလွဟာ သံလြင္ေရာက္ေတာ့ ေရဆန္ျဖစ္သြားပါတယ္။ သံလြင္ဟာ ေသာင္ရင္းထက္ ေရစီးသန္ေပမယ့္ စက္အားေကာင္းတဲ့ ေလွနဲ႔မုိ႔ ေလွသမားအတြက္ ျပႆနာ ရွိပုံမရ ပါဘူး။ ေသာင္းရင္းကေတာ့ ေရစုန္ဆင္းရတယ္ ဆုိေပမယ့္ ေရတိမ္လြန္းတာေၾကာင့္ တခ်ဳိ႕ေနရာေတြမွာ ေသာင္တင္တာ၊ ေက်ာက္ေဆာင္ေတြ၊ သစ္ပင္ေတြနဲ႔ ၀င္ေဆာက္မိတာမ်ဳိးေတြ မၾကာခဏ ျဖစ္ေလ့ရွိပါတယ္။ သံလြင္ကေတာ့ ေသာင္ရင္းထက္ ၃ ဆေလာက္ က်ယ္ၿပီး ေရကလည္း နက္တဲ့အတြက္ ႀကံဳရတဲ့ ျပႆနာခ်င္း မတူေတာ့ပါဘူး။

ျမစ္ဆုံကေန သံလြင္ကုိ ဆန္တက္တဲ့ ျမစ္ေၾကာင္းတေလ်ာက္မွာေတာ့ စီးပြားျဖစ္ သစ္ထုတ္လုပ္ေရး စခန္းေတြနဲ႔ ကရင္ရြာေလးေတြကို ျမန္မာဘက္ကမ္းတေလ်ာက္ ျမင္ေနရပါတယ္။ သစ္ဆဲြေနတဲ့ ဆင္ေတြ။ ေခတ္မီ သစ္ျဖတ္၊သစ္သယ္ ယႏၱယားေတြ၊ နံပတ္ျပားမပါတဲ့ သစ္တင္ကားေတြ၊ ေသနတ္လြယ္ၿပီး သြားလာေနတဲ့ ကရင္စစ္သားေတြ၊ သဲေသာင္စပ္က
ဟင္းသီးဟင္းရြက္ စုိက္ခင္းေလးေတြ၊ ေဒသခံ ကရင္ရြာသူရြာသား ေတြြကို စက္ေလွေပၚကေန လွမ္းျမင္ ေနရပါတယ္။

ထုိင္းဘက္ကမ္းကုိ ၾကည့္လုိက္တဲ့ အခါမွာေတာ့ ျမန္မာဘက္ကမ္းနဲ႔ ေျပာင္းျပန္ပါ။
သစ္ခုတ္၊ သစ္ျဖတ္ ေနတာကုိ လုံး၀ မေတြ႕ရဘဲ ကၽြန္းပင္ ေသးေသးေလးေတြကို စနစ္တက် တန္းစီစုိက္ထားတဲ့ ကၽြန္းၿခံေတြကို သံလြင္ျမစ္ကမ္း တေလ်ာက္က ေတာင္ကုန္းေတြမွာ ေတြ႕ေနရပါတယ္။ တနည္းအားျဖင့္ ေျပာမယ္ဆုိရင္ေတာ့ သူတုိ႔ႏုိင္ငံမွာ သစ္ခုတ္ခြင့္ လုံး၀မရွိပါဘူး။
သစ္ေတာ ထိမ္းသိမ္းေရးကုိ စနစ္တက် ေဆာင္ရြက္ေနၿပီ ျဖစ္ေပမယ့္ ျမန္မာဘက္က သစ္ကိုေတာ့ ရတဲ့နည္းနဲ႔ ၀ယ္ယူ ေနဆဲျဖစ္ပါတယ္။ သံလြင္ျမစ္ တခုျခားလုိက္ရံု၊ ေသာင္ရင္းျမစ္ တခုျခားလုိက္ရံု၊ နယ္စပ္မ်ဥ္း တေၾကာင္း ျခားလုိက္ရံုနဲ႔ သစ္ေတာျပဳန္းတီးမႈ၊ သဘာ၀ ပတ္၀န္းက်င္ ပ်က္စီးမႈ၊ ရာသီဥတု ေဖာက္ျပန္မႈေတြကုိ တားဆီးထားႏုိင္လိမ့္မယ္လို႔ ထုိင္းဘက္က တြက္ဆ ထားဆဲလားလုိ႔ က်ေနာ္စဥ္းစားေနမိပါတယ္။

ဒီလုိ အေတြးနယ္ခ်ဲ႕ရင္းနဲ႔ ငုိေငးဒီေငး တနာရီ နီးပါး ၾကာတဲ့အခါမွာေတာ့ ေစာ္လဲထာ ဆုိတဲ့ ေလွဆိပ္နဲ႔ ေစ်းတန္းႀကီး တခုကို ထုိင္းဘက္ကမ္းမွာ ေတြ႕ရပါတယ္။ အဲဒီ ေစာ္လဲထာမွာ ဆုိက္ထားတဲ့ ေလွေတြဟာ အရြယ္အစားမ်ဳိးစုံ ရွိေနၿပီး တခ်ဳိ႕ ေလွႀကီးေတြ ဆုိရင္ ႏြားေကာင္ေရ ၂၀ ေလာက္အထိ တင္ႏုိင္တဲ့ အႀကီးႀကီးေတြ ျဖစ္ပါတယ္။ ဒီေစ်းဟာ မာနယ္ပေလာ အပါအ၀င္ ေသာင္းရင္းနဲ႔ သံလြင္ျမစ္တေလ်ာက္က KNU စခန္းေတြ၊ ကရင္ေက်းရြာေတြ အတြက္ အဓိက ေစ်းႀကီး ျဖစ္တာေၾကာင့္ ေဒသတြင္း အစည္းကားဆုံး ေစ်းတန္းႀကီး တခုျဖစ္ၿပီး ပစၥည္းမ်ဳိးစုံ ၀ယ္ယူနုိ္င္ပါတယ္။

က်ေနာ္တုိ႔ အုပ္စု ကေတာ့ အဲဒီေစ်းမွာ ခဏနား၊ ပစၥည္းေတြကုိ ဟုိေငးဒီေငး လုပ္ရံုမွတပါး ဘာမွ မ၀ယ္ႏုိင္ပါဘူး။ အဲဒီကေန ေနာက္ထပ္ တနာရီေက်ာ္ ေရဆန္ ဆက္ေမာင္းတဲ့ အခါမွာေတာ့ ေဒသအေခၚ ဥသုထ စခန္း၊ က်ေနာ္တုိ႔ ေက်ာင္းသားေတြအေခၚ သံလြင္စခန္း ကိုေရာက္ပါတယ္။
က်ေနာ့္ မ်က္စိထဲမွာေတာ့ သံလြင္ စခန္းမွာ ေတြ႕ရတဲ့ အစည္းအေ၀း ခန္းမက ကလက္ေဒးထက္ေတာင္မွ ပိုေကာင္းေနသလုိပါပဲ။ ဒါေပမယ့္ ကလက္ေဒးမွာလုိ ကုန္သြယ္ေရးစခန္းနဲ႔ ကုန္သည္ရြာေတြကိုေတာ့ သံလြင္မွာ က်ေနာ္မေတြ႕မိပါဘူး။

က်ေနာ္တုိ႔ ေရာက္သြားတဲ့အခ်ိန္မွာ အဲဒီအစည္းအေ၀း အခန္းေဘးက
ေဘာလုံးကြင္းထဲမွာ ေက်ာင္းသား၊ ေက်ာင္းသူ ၁၀၀ ေလာက္ မယ္ညား-ပါသား ေအာ္ၿပီး ၀ါးရင္းတုတ္ ေသနတ္ေတြနဲ႔ ေလ့က်င့္လုိ႔ ေကာင္းေနဆဲပါ။ သူတုိ႔ကုိျမင္ေတာ့မွပဲ
၀ါးရင္းတုတ္နဲ႔ ေလ့က်င့္တာ ငါတုိ႔ခ်ည္းမဟုတ္ဘူး၊ ေက်ာင္းသား အေတာ္မ်ားမ်ား ဒီလုိပဲ ျဖစ္မွာပါလုိ႔ စိတ္ေျဖရာ ရခဲ့ပါတယ္။ အဲဒီသင္တန္းမွာ သံလြင္နဲ႔ ေစာထစခန္း ၂ ခုစလုံးက ေက်ာင္းသားေတြ ပါ၀င္ၿပီး ေစာထစခန္းက ကိုေက်ာ္ဦးေခၚ ကုိေက်ာ္နီ (၁၉၉၉ ေအာက္တုိဘာမွာ ဘန္ေကာက္က ျမန္မာသံရံုးကုိ ဝင္သိမ္းဖို႔ ႀကိဳးစားမႈနဲ႔ နာမည္ႀကီးလာတဲ့ ကုိေဂ်ာ္နီ) လည္း ပါ၀င္တယ္လုိ႔ ဒီေဆာင္းပါး ေရးခ်ိန္မွာ ေစာထစခန္းတုန္းက ေက်ာင္းသားတေယာက္က က်ေနာ့္ကို ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီအခ်ိန္ကေတာ့ ကိုေက်ာ္ဦးကို ဘယ္သူမွန္း က်ေနာ္ မသိခဲ့ပါဘူး။

ဒီလုိနဲ႔ အစည္းအေ၀း ခန္းမမွာ ခဏနား၊ စစ္သင္တန္းကို ၾကည့္ၿပီးတဲ့ေနာက္ အဲဒီအစည္းအေ၀းခန္းမ ေနာက္က အေဆာင္ တခုမွာ က်ေနာ္တုိ႔ ညီလာခံ ကိုယ္စားလွယ္ေတြ၊ ေလ့လာသူေတြကို ေနရာခ်ေပးပါတယ္။ ကၽြန္းသစ္ေပါၿပီး သစ္စက္ေတြ ရွိတဲ့အတြက္ ဒီေဒသက အေဆာက္အဦ အားလုံးဟာ သစ္မာေတြနဲ႔ အခုိင္အမာ ေဆာက္ထားတာ ျဖစ္ၿပီး က်ေနာ္တုိ႔ တည္းတဲ့ အေဆာင္ဟာလည္း အေတာ္ေကာင္းမြန္ ခုိင္ခန္႔တဲ့ အေဆာင္တခု ျဖစ္ပါတယ္။

ညေနပုိင္း ေရဆင္းခ်ဳိးတဲ့အခါမွာေတာ့ “အားပါးပါး … သံလြင္ေရဆုိတာ ဒီလုိလား” ဆုိၿပီး ေအာ္ရတဲ့အထိ ေအးစက္ေနတဲ့ ေရကုိ က်ေနာ့္ဘ၀မွာ ပထမဆုံးအႀကိမ္ႀကံဳလုိက္ ရပါတယ္။ ဒီေလာက္ေအးေနတဲ့ ေရကိုမွ ဟုိဘက္ကမ္း ဒီဘက္ကမ္း လက္ပုိက္ကူးတဲ့ ေမာင္ေက်ာင္းေတြက ရွိပါေသးတယ္။ သံလြင္ဟာ ေသာင္ရင္းထက္ ၃-ဆနီးပါး ပုိက်ယ္တယ္လုိ႔ က်ေနာ့္စိတ္ထဲ ခန္႔မွန္းမိၿပီး သံလြင္ စခန္းေရွ႕က ေရျပင္ဟာ ေပ ၁၀၀ ေလာက္က်ယ္မယ္ ထင္ပါတယ္။
သံလြင္ရဲ႕ ဟိုဘက္ကမ္းက ေတာင္ကုန္းေလးေပၚမွာေတာ့ စုိက္ခင္းတခုနဲ႔ တဲတန္းေလး တခုကိုျမင္ေနရၿပီး “သံလြင္ေခ်ာင္းျခား တုိ႔နွစ္ေယာက္သား” ဆုိတဲ့ စုိင္းထီးဆုိင္ရဲ႕ သီခ်င္းေလးကုိေတာင္ သြား သတိရမိပါတယ္။

ကုိယ္စားလွယ္အသစ္နဲ႔ ဗဟုိေကာ္မတီအသစ္

ဒီတေခါက္ညီလာခံအတြက္ က်ေနာ္တုိ႔ မင္းသမီးစခန္းကေန ကုိယ္စားလွယ္အသစ္ တဦးကုိ ထပ္လြတ္လုိက္ပါတယ္။ အဲဒီပုဂိၢဳလ္ကေတာ့ ေနာက္ပုိင္းမွာ ဗဟုိေကာ္မတီ ျပန္ၾကားေရးဌာန တာ၀န္ခံ ျဖစ္လာၿပီး အခု DVB ဒု ညြန္မႉး ျဖစ္ေနသူ ကိုခင္ေမာင္၀င္း ျဖစ္ပါတယ္။

 စခန္းအသီးသီးက ညီလာခံကုိယ္စားလွယ္မ်ား

က်ေနာ္တုိ႔ နယ္ေျမေကာ္မတီထဲက ကုိေက်ာ္ထင္လည္း စခန္းကုိယ္စားလွယ္အျဖစ္ ထပ္ေရြးခံရပါတယ္။
က်ေနာ္နဲ႔ ဥကၠ႒ ကိုေက်ာ္ေက်ာ္အပါအ၀င္ နယ္ေျမ ေကာ္မတီ္ အေတာ္မ်ားမ်ားကေတာ့ ေလ့လာသူအျဖစ္ လာတက္ၾကတာပါ။ ေနာက္တခါ ေမာေတာင္ စခန္းကလည္း ပထမဆုံးအႀကိမ္အျဖစ္ ကိုယ္စားလွယ္ ၂ ဦး ေရာက္လာပါတယ္။ ကိုေက်ာ္ေဇယ် (ပုသိမ္ေကာလိပ္က ေက်ာ္ေဇယ်ဟာ ေတာေက်ာင္းသား အမည္နဲ႔ ကဗ်ာေတြေရးခဲ့ၿပီး ၁၉၉၀ ေလာက္က ဘန္ေကာက္မွာ ငွက္ဖ်ားနဲ႔ ကြယ္လြန္သြားပါတယ္) နဲ႔ ၿမိတ္ၿမိဳ႕က က်ေနာ္နာမည္ မမွတ္မိေတာ့တဲ့ ေက်ာင္းသားတဦး ျဖစ္ပါတယ္္။

ေနာက္တရက္ ညီလာခံစတဲ့ အခါမွာေတာ့ အေရးေပၚ ညီလာခံ ေခၚရျခင္းအေၾကာင္းရင္းနဲ႔ ဗဟုိ ေကာ္မတီရဲ႕ အစီရင္ခံစာကုိ တင္သြင္းတယ္လုိ႔ ထင္ပါတယ္။ အစီရင္ခံစာပါ အခ်က္အလက္နဲ႔ ေဆြးေႏြးခ်က္ ေတြကို က်ေနာ္ မမွတ္မိေတာ့ပါဘူး။ ဒါေပမယ့္ ထူးထူးျခားျခား က်ေနာ္မွတ္မိေနတဲ့ အခ်က္တခုကေတာ့ ညီလာခံ က်င္းပတဲ့ ပထမေန႔လား၊ ဒုတိယေန႔လား မသိပါဘူး။

သီေဘာဘုိးစခန္းက တပ္ရင္းမႉးတဦး ျဖစ္သူ ကိုတင္ေမာင္ဆန္းနဲ႔ ရဲေဘာ္ ၃၊ ၄ ဦး ေရာက္လာၿပီး
ညီလာခံမွာ အေရးေပၚ တင္ျပစရာရွိလုိ႔ သူ႔ကုိ ေဆြးေႏြးခြင့္ ေပးပါဆုိၿပီး ညီလာခံထဲ ၀င္လာပါတယ္။
တင္ေမာင္ဆန္းဆုိတာ အဲဒီကာလက ေခသူမဟုတ္ပါဘူး။ အသားျဖဴျဖဴ အရပ္က မနိမ့္မျမင့္၊ ခႏၱာကုိယ္ ဖြဲ႕စည္းပုံ အခ်ဳိးက်ၿပီး ပါးၿမိဳင္းေမြး၊ မုတ္ဆိတ္ေမြး ခပ္ေရးေရးနဲ႔ မင္းသားပုံ ေပါက္ေနသူပါ။ ၿပီးေတာ့ DSA (ေမၿမိဳ႕စစ္တကၠသိုလ္) ေက်ာင္း ဒုတိယ ႏွစ္ကေန ထြက္လာသူ၊ အင္အားအမ်ားဆုံး ေက်ာင္းသား စခန္းေတြထဲက သီေဘာဘုိး စခန္းခဲြတခုရဲ႕ တပ္ရင္းမႉးလည္း ျဖစ္တယ္။

ေနာက္တခါ အဲဒီကာလက ျမန္မာေက်ာင္းသား တဦးကုိ ျပည္ေတာ္ျပန္ပုိ႔ႏုိင္ေအာင္ သတင္းပုိ႔ႏုိင္ရင္ ဘတ္ ၅၀၀၀ နႈံး ေပးမယ္လုိ႔ ျမန္မာသံရံုးက ေၾကျငာခ်က္ ထုတ္ထားတဲ့အခ်ိန္ဆိုေတာ့ အဲဒီေငြကို လုိခ်င္လို႔ ေတြ႕သမွ် ေက်ာင္းသားေတြကို မဲေဆာက္ကေန ရန္ကုန္ျပန္ပုိ႔ဖုိ႔ အက်ဳိးေဆာင္လုပ္ေပးေနတဲ့ မဲေဆာက္ ဒုတိယၿမိဳ႕ေတာ္၀န္ကို ေတာင္ ဖမ္းဆီးၿပီး သူ႔တပ္ရင္း အခ်ဳပ္ခန္းထဲ ထည့္ပညာေပးခဲ့တဲ့ ကုိတင္ေမာင္ဆန္းပါ။ စသည္ျဖင့္ သတင္းႀကီး ေနၿပီး လမ္းသိပ္မယူသူအျဖစ္ က်ေနာ္တုိ႔ၾကား နားလည္ထားပါတယ္။

ကုိတင္ေမာင္ဆန္း ညီလာခံမွာ ဘာေတြ တင္ျပခဲ့သလဲ ဆုိတာကုိ က်ေနာ္ မမွတ္မိေတာ့ေပမယ့္ သူနဲ႔ ဥကၠ႒ ကိုထြန္းေအာင္ေက်ာ္တုိ႔ ၂ ဦး အျပန္အလွန္ ေျပာတာကို နားေထာင္ႏုိင္ဖုိ႔ဆုိၿပီး ညီလာခံကိုေတာင္ ခဏရပ္ခဲ့ရ ေသးတယ္လုိ႔ က်ေနာ့္ စိတ္ထဲ မွတ္မိေနပါတယ္။

======================================================

(အပိုင်း ၁၀)

ထက်အောင်ကျော် on December 1, 2011 8:00 pm
အောက်မေ့ဖွယ် ။ ဧရာဝတီမဂဇင်း။ 

အရေးပေါ်ညီလာခံနဲ့ ဗဟိုကော်မတီအသစ်


ကျနော်တို့အုပ်စု မဲဆောက်မှာ တရုံးရုံးဖြစ်နေတုန်း ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ အရေးပေါ် ညီလာခံ ခေါ်မယ်ဆိုပြီး ဖိတ်စာရောက်လာပါတယ်။
ဘာကြောင့်ခေါ်ဖို့လိုသလဲဆိုတဲ့ အကြောင်းပြ ချက်ကို ကျနော် အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ဗဟို ဦးစီးအဖွဲ့မှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ အတွင်းရေးမှူး ကိုသန်းဝင်းတို့ပဲ ရှိနေပြီး ဒုတိယ ဥက္ကဋ္ဌ ကိုဝင်းမိုး၊ တွဲဘက် အတွင်းရေးမှုး ၂ ဦးဖြစ်တဲ့ ကိုအောင်နိုင် (အခု VOA မြန်မာပိုင်းဌာနမှူး) နဲ့ ဆလိုင်းကိုကိုဦး တို့က မရှိကြပါဘူး။
ထိုင်းရဲက ဖမ်းလို့ ဘန်ကောက်မှာ သောင်တင်နေပြီး နယ်စပ်ကို ပြန်လာလို့မရ ဖြစ်နေတယ်လို့ဆိုပါတယ်။ တချိန် တည်းမှာပဲ သူတို့ ၃ ဦးကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြက ဖမ်းမိန့်ထုတ်ထားလို့ KNU နယ်ဆီ ပြန်မလာရဲဖြစ်နေတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


အရေးပေါ်ညီလာခံ ကျင်းပနေစဉ် 

ထိုင်းကဖမ်းတဲ့ သတင်းကို သတင်းစာထဲမှာ တွေ့လိုက်ရပေမယ့် KNU က ဖမ်းမယ်ဆိုတဲ့ သတင်းကိုတော့ တဆင့်စကားနဲ့ ပြောနေကြတာကိုသာ ကြားခဲ့ရပါတယ်။
သေချာတာကတော့ အရေးပေါ်ညီလာခံဆီ သူတို့ ၃ ဦးရောက်မလာခဲ့ပါဘူး။ နောက်တခါ ဗဟိုကော်မတီဝင်တွေ ထဲမှာလည်း ကိုထွန်းဦးနဲ့ ကိုကိုလေးတို့ ၂ ဦးကိုပဲတွေ့ရပြီး ကျန်တဲ့လူတွေကို ကျနော်မတွေ့မိဘူး။ ယူဂျီအတွက် ပြည်တွင်းပြန်ဝင်သွားသူ၊ အဖမ်းခံ လိုက်ရသူ၊ ဘန်ကောက်ကနေ ပြန်မလာတော့သူ စသဖြင့်အမျိုးမျိုးနဲ့ လူမစုံတော့တာကလဲ အရေးပေါ် ညီလာခံ ခေါ်ယူရခြင်း အကြောင်းရင်းတခု ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။

ဒီလိုနဲ့ ညီလာခံကျင်းပမဲ့သံလွင်စခန်းဆီ ကျနော်တို့ ကေအန်ယူ-နယ်မြေက ပုဂ္ဂိုလ်တွေဟာ မဲဆောက်ကနေ ကားတွေငှား၊ တချို့လည်း KNU ကားကြုံစီးပြီး လက်ဒေးနဲ့ မယ်သဝေါဘက် ပြန်လာရပါတယ်။ အဲဒီအချိန်မှာ မက်သဝေါတောင်ကို နဝတ-တပ်က သိမ်းထားလိုက်ပီဖြစ်တဲ့ အတွက် မယ်သဝေါ ကနေ လှေမစီးနိုင်တော့ဘဲ တောလမ်းအတိုင်း နောက်ထပ် တနာရီနီးပါး ထပ်မောင်းရတဲ့ ခလေတလူ ဆိုတဲ့နေရာကနေ သောင်ရင်းမြစ်ထဲ လှေစီးရပါတယ်။

အဲဒီလှေဆိပ်ရဲ့ ဒီဘက်မှာတော့ နော်တ ခံစစ်ကြောင်း၊ အဲဒီတောင်တန်းဘေးက သောင်ရင်းမြစ်အတိုင်း နာရီဝက်လောက် စုန်ဆင်းလာတော့ သစ်တောဝန်ကြီး ပဒိုအောင်ဆန်း (နောက်ပိုင်းမှာ နအဖ နဲ့ အပစ်ရပ်သွားသူ) တို့အိမ်နဲ့ အထက ကျောင်းကြီးရှိရာ ထီးတခီးဆိုတဲ့ ကရင်ရွာကြီး တရွာကို လှေပေါ်ကနေ လှမ်းမြင်ရပါတယ်။ ဆက်ဆင်းလာတော့ KNU ဌာနချုပ် မာနယ်ပုလော စခန်း ဖြစ်ပါတယ်။
မာနယ်ပလောကနေ နာရီဝက်လောက် ဆက်မောင်းတော့ သောင်းရင်းနဲ့ သံလွင်ဆုံရာ မြစ်ဆုံ (၁၉၉၄-၉၅ မှာတော့ အဲဒီမြစ်ဆုံနားမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကနေ စ ပြဿနာတက်ပြီး DKBA ပေါ်လာခဲ့ပါတယ်။
အဲဒီမှာ မာနယ်ပလော ကျဆုံးခဲ့ရပါတယ်)။

သောင်ရင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စက်လှေဟာ သံလွင်ရောက်တော့ ရေဆန်ဖြစ်သွားပါတယ်။ သံလွင်ဟာ သောင်ရင်းထက် ရေစီးသန်ပေမယ့် စက်အားကောင်းတဲ့ လှေနဲ့မို့ လှေသမားအတွက် ပြဿနာ ရှိပုံမရ ပါဘူး။ သောင်းရင်းကတော့ ရေစုန်ဆင်းရတယ် ဆိုပေမယ့် ရေတိမ်လွန်းတာကြောင့် တချို့နေရာတွေမှာ သောင်တင်တာ၊ ကျောက်ဆောင်တွေ၊ သစ်ပင်တွေနဲ့ ဝင်ဆောက်မိတာမျိုးတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ သံလွင်ကတော့ သောင်ရင်းထက် ၃ ဆလောက် ကျယ်ပြီး ရေကလည်း နက်တဲ့အတွက် ကြုံရတဲ့ ပြဿနာချင်း မတူတော့ပါဘူး။

မြစ်ဆုံကနေ သံလွင်ကို ဆန်တက်တဲ့ မြစ်ကြောင်းတလျောက်မှာတော့ စီးပွားဖြစ် သစ်ထုတ်လုပ်ရေး စခန်းတွေနဲ့ ကရင်ရွာလေးတွေကို မြန်မာဘက်ကမ်းတလျောက် မြင်နေရပါတယ်။ သစ်ဆွဲနေတဲ့ ဆင်တွေ။ ခေတ်မီ သစ်ဖြတ်၊သစ်သယ် ယန္တယားတွေ၊ နံပတ်ပြားမပါတဲ့ သစ်တင်ကားတွေ၊ သေနတ်လွယ်ပြီး သွားလာနေတဲ့ ကရင်စစ်သားတွေ၊ သဲသောင်စပ်က
ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတွေ၊ ဒေသခံ ကရင်ရွာသူရွာသား တွေကို စက်လှေပေါ်ကနေ လှမ်းမြင် နေရပါတယ်။

ထိုင်းဘက်ကမ်းကို ကြည့်လိုက်တဲ့ အခါမှာတော့ မြန်မာဘက်ကမ်းနဲ့ ပြောင်းပြန်ပါ။
သစ်ခုတ်၊ သစ်ဖြတ် နေတာကို လုံး၀ မတွေ့ရဘဲ ကျွန်းပင် သေးသေးလေးတွေကို စနစ်တကျ တန်းစီစိုက်ထားတဲ့ ကျွန်းခြံတွေကို သံလွင်မြစ်ကမ်း တလျောက်က တောင်ကုန်းတွေမှာ တွေ့နေရပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ သူတို့နိုင်ငံမှာ သစ်ခုတ်ခွင့် လုံးဝမရှိပါဘူး။
သစ်တော ထိမ်းသိမ်းရေးကို စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပေမယ့် မြန်မာဘက်က သစ်ကိုတော့ ရတဲ့နည်းနဲ့ ဝယ်ယူ နေဆဲဖြစ်ပါတယ်။ သံလွင်မြစ် တခုခြားလိုက်ရုံ၊ သောင်ရင်းမြစ် တခုခြားလိုက်ရုံ၊ နယ်စပ်မျဉ်း တကြောင်း ခြားလိုက်ရုံနဲ့ သစ်တောပြုန်းတီးမှု၊ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေကို တားဆီးထားနိုင်လိမ့်မယ်လို့ ထိုင်းဘက်က တွက်ဆ ထားဆဲလားလို့ ကျနော်စဉ်းစားနေမိပါတယ်။

ဒီလို အတွေးနယ်ချဲ့ရင်းနဲ့ ငိုငေးဒီငေး တနာရီ နီးပါး ကြာတဲ့အခါမှာတော့ စော်လဲထာ ဆိုတဲ့ လှေဆိပ်နဲ့ ဈေးတန်းကြီး တခုကို ထိုင်းဘက်ကမ်းမှာ တွေ့ရပါတယ်။ အဲဒီ စော်လဲထာမှာ ဆိုက်ထားတဲ့ လှေတွေဟာ အရွယ်အစားမျိုးစုံ ရှိနေပြီး တချို့ လှေကြီးတွေ ဆိုရင် နွားကောင်ရေ ၂၀ လောက်အထိ တင်နိုင်တဲ့ အကြီးကြီးတွေ ဖြစ်ပါတယ်။ ဒီဈေးဟာ မာနယ်ပလော အပါအဝင် သောင်းရင်းနဲ့ သံလွင်မြစ်တလျောက်က KNU စခန်းတွေ၊ ကရင်ကျေးရွာတွေ အတွက် အဓိက ဈေးကြီး ဖြစ်တာကြောင့် ဒေသတွင်း အစည်းကားဆုံး ဈေးတန်းကြီး တခုဖြစ်ပြီး ပစ္စည်းမျိုးစုံ ဝယ်ယူနိုင်ပါတယ်။

ကျနော်တို့ အုပ်စု ကတော့ အဲဒီဈေးမှာ ခဏနား၊ ပစ္စည်းတွေကို ဟိုငေးဒီငေး လုပ်ရုံမှတပါး ဘာမှ မဝယ်နိုင်ပါဘူး။ အဲဒီကနေ နောက်ထပ် တနာရီကျော် ရေဆန် ဆက်မောင်းတဲ့ အခါမှာတော့ ဒေသအခေါ် ဥသုထ စခန်း၊ ကျနော်တို့ ကျောင်းသားတွေအခေါ် သံလွင်စခန်း ကိုရောက်ပါတယ်။
ကျနော့် မျက်စိထဲမှာတော့ သံလွင် စခန်းမှာ တွေ့ရတဲ့ အစည်းအဝေး ခန်းမက ကလက်ဒေးထက်တောင်မှ ပိုကောင်းနေသလိုပါပဲ။ ဒါပေမယ့် ကလက်ဒေးမှာလို ကုန်သွယ်ရေးစခန်းနဲ့ ကုန်သည်ရွာတွေကိုတော့ သံလွင်မှာ ကျနော်မတွေ့မိပါဘူး။

ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ အဲဒီအစည်းအဝေး အခန်းဘေးက
ဘောလုံးကွင်းထဲမှာ ကျောင်းသား၊ ကျောင်းသူ ၁၀၀ လောက် မယ်ညား-ပါသား အော်ပြီး ဝါးရင်းတုတ် သေနတ်တွေနဲ့ လေ့ကျင့်လို့ ကောင်းနေဆဲပါ။ သူတို့ကိုမြင်တော့မှပဲ
ဝါးရင်းတုတ်နဲ့ လေ့ကျင့်တာ ငါတို့ချည်းမဟုတ်ဘူး၊ ကျောင်းသား အတော်များများ ဒီလိုပဲ ဖြစ်မှာပါလို့ စိတ်ဖြေရာ ရခဲ့ပါတယ်။ အဲဒီသင်တန်းမှာ သံလွင်နဲ့ စောထစခန်း ၂ ခုစလုံးက ကျောင်းသားတွေ ပါဝင်ပြီး စောထစခန်းက ကိုကျော်ဦးခေါ် ကိုကျော်နီ (၁၉၉၉ အောက်တိုဘာမှာ ဘန်ကောက်က မြန်မာသံရုံးကို ဝင်သိမ်းဖို့ ကြိုးစားမှုနဲ့ နာမည်ကြီးလာတဲ့ ကိုဂျော်နီ) လည်း ပါဝင်တယ်လို့ ဒီဆောင်းပါး ရေးချိန်မှာ စောထစခန်းတုန်းက ကျောင်းသားတယောက်က ကျနော့်ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတော့ ကိုကျော်ဦးကို ဘယ်သူမှန်း ကျနော် မသိခဲ့ပါဘူး။

ဒီလိုနဲ့ အစည်းအဝေး ခန်းမမှာ ခဏနား၊ စစ်သင်တန်းကို ကြည့်ပြီးတဲ့နောက် အဲဒီအစည်းအဝေးခန်းမ နောက်က အဆောင် တခုမှာ ကျနော်တို့ ညီလာခံ ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေကို နေရာချပေးပါတယ်။ ကျွန်းသစ်ပေါပြီး သစ်စက်တွေ ရှိတဲ့အတွက် ဒီဒေသက အဆောက်အဦ အားလုံးဟာ သစ်မာတွေနဲ့ အခိုင်အမာ ဆောက်ထားတာ ဖြစ်ပြီး ကျနော်တို့ တည်းတဲ့ အဆောင်ဟာလည်း အတော်ကောင်းမွန် ခိုင်ခန့်တဲ့ အဆောင်တခု ဖြစ်ပါတယ်။

ညနေပိုင်း ရေဆင်းချိုးတဲ့အခါမှာတော့ “အားပါးပါး … သံလွင်ရေဆိုတာ ဒီလိုလား” ဆိုပြီး အော်ရတဲ့အထိ အေးစက်နေတဲ့ ရေကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ်ကြုံလိုက် ရပါတယ်။ ဒီလောက်အေးနေတဲ့ ရေကိုမှ ဟိုဘက်ကမ်း ဒီဘက်ကမ်း လက်ပိုက်ကူးတဲ့ မောင်ကျောင်းတွေက ရှိပါသေးတယ်။ သံလွင်ဟာ သောင်ရင်းထက် ၃-ဆနီးပါး ပိုကျယ်တယ်လို့ ကျနော့်စိတ်ထဲ ခန့်မှန်းမိပြီး သံလွင် စခန်းရှေ့က ရေပြင်ဟာ ပေ ၁၀၀ လောက်ကျယ်မယ် ထင်ပါတယ်။
သံလွင်ရဲ့ ဟိုဘက်ကမ်းက တောင်ကုန်းလေးပေါ်မှာတော့ စိုက်ခင်းတခုနဲ့ တဲတန်းလေး တခုကိုမြင်နေရပြီး “သံလွင်ချောင်းခြား တို့နှစ်ယောက်သား” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကိုတောင် သွား သတိရမိပါတယ်။

ကိုယ်စားလှယ်အသစ်နဲ့ ဗဟိုကော်မတီအသစ်

ဒီတခေါက်ညီလာခံအတွက် ကျနော်တို့ မင်းသမီးစခန်းကနေ ကိုယ်စားလှယ်အသစ် တဦးကို ထပ်လွတ်လိုက်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ နောက်ပိုင်းမှာ ဗဟိုကော်မတီ ပြန်ကြားရေးဌာန တာဝန်ခံ ဖြစ်လာပြီး အခု DVB ဒု ညွန်မှူး ဖြစ်နေသူ ကိုခင်မောင်ဝင်း ဖြစ်ပါတယ်။


 စခန်းအသီးသီးက ညီလာခံကိုယ်စားလှယ်များ

ကျနော်တို့ နယ်မြေကော်မတီထဲက ကိုကျော်ထင်လည်း စခန်းကိုယ်စားလှယ်အဖြစ် ထပ်ရွေးခံရပါတယ်။
ကျနော်နဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်အပါအဝင် နယ်မြေ ကော်မတီ် အတော်များများကတော့ လေ့လာသူအဖြစ် လာတက်ကြတာပါ။ နောက်တခါ မောတောင် စခန်းကလည်း ပထမဆုံးအကြိမ်အဖြစ် ကိုယ်စားလှယ် ၂ ဦး ရောက်လာပါတယ်။ ကိုကျော်ဇေယျ (ပုသိမ်ကောလိပ်က ကျော်ဇေယျဟာ တောကျောင်းသား အမည်နဲ့ ကဗျာတွေရေးခဲ့ပြီး ၁၉၉၀ လောက်က ဘန်ကောက်မှာ ငှက်ဖျားနဲ့ ကွယ်လွန်သွားပါတယ်) နဲ့ မြိတ်မြို့က ကျနော်နာမည် မမှတ်မိတော့တဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။

နောက်တရက် ညီလာခံစတဲ့ အခါမှာတော့ အရေးပေါ် ညီလာခံ ခေါ်ရခြင်းအကြောင်းရင်းနဲ့ ဗဟို ကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းတယ်လို့ ထင်ပါတယ်။ အစီရင်ခံစာပါ အချက်အလက်နဲ့ ဆွေးနွေးချက် တွေကို ကျနော် မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ထူးထူးခြားခြား ကျနော်မှတ်မိနေတဲ့ အချက်တခုကတော့ ညီလာခံ ကျင်းပတဲ့ ပထမနေ့လား၊ ဒုတိယနေ့လား မသိပါဘူး။

သီဘောဘိုးစခန်းက တပ်ရင်းမှူးတဦး ဖြစ်သူ ကိုတင်မောင်ဆန်းနဲ့ ရဲဘော် ၃၊ ၄ ဦး ရောက်လာပြီး
ညီလာခံမှာ အရေးပေါ် တင်ပြစရာရှိလို့ သူ့ကို ဆွေးနွေးခွင့် ပေးပါဆိုပြီး ညီလာခံထဲ ဝင်လာပါတယ်။
တင်မောင်ဆန်းဆိုတာ အဲဒီကာလက ခေသူမဟုတ်ပါဘူး။ အသားဖြူဖြူ အရပ်က မနိမ့်မမြင့်၊ ခန္တာကိုယ် ဖွဲ့စည်းပုံ အချိုးကျပြီး ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေး ခပ်ရေးရေးနဲ့ မင်းသားပုံ ပေါက်နေသူပါ။ ပြီးတော့ DSA (မေမြို့စစ်တက္ကသိုလ်) ကျောင်း ဒုတိယ နှစ်ကနေ ထွက်လာသူ၊ အင်အားအများဆုံး ကျောင်းသား စခန်းတွေထဲက သီဘောဘိုး စခန်းခွဲတခုရဲ့ တပ်ရင်းမှူးလည်း ဖြစ်တယ်။

နောက်တခါ အဲဒီကာလက မြန်မာကျောင်းသား တဦးကို ပြည်တော်ပြန်ပို့နိုင်အောင် သတင်းပို့နိုင်ရင် ဘတ် ၅၀၀၀ နှုံး ပေးမယ်လို့ မြန်မာသံရုံးက ကြေငြာချက် ထုတ်ထားတဲ့အချိန်ဆိုတော့ အဲဒီငွေကို လိုချင်လို့ တွေ့သမျှ ကျောင်းသားတွေကို မဲဆောက်ကနေ ရန်ကုန်ပြန်ပို့ဖို့ အကျိုးဆောင်လုပ်ပေးနေတဲ့ မဲဆောက် ဒုတိယမြို့တော်ဝန်ကို တောင် ဖမ်းဆီးပြီး သူ့တပ်ရင်း အချုပ်ခန်းထဲ ထည့်ပညာပေးခဲ့တဲ့ ကိုတင်မောင်ဆန်းပါ။ စသည်ဖြင့် သတင်းကြီး နေပြီး လမ်းသိပ်မယူသူအဖြစ် ကျနော်တို့ကြား နားလည်ထားပါတယ်။

ကိုတင်မောင်ဆန်း ညီလာခံမှာ ဘာတွေ တင်ပြခဲ့သလဲ ဆိုတာကို ကျနော် မမှတ်မိတော့ပေမယ့် သူနဲ့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်တို့ ၂ ဦး အပြန်အလှန် ပြောတာကို နားထောင်နိုင်ဖို့ဆိုပြီး ညီလာခံကိုတောင် ခဏရပ်ခဲ့ရ သေးတယ်လို့ ကျနော့် စိတ်ထဲ မှတ်မိနေပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More