https://youtu.be/dDdVsAeb5sc?si=QUjCgcJVxiA4PSTk
သတင္းသမားတဦးရဲ့ အေတြးအျမင္မ်ား
https://youtu.be/dDdVsAeb5sc?si=QUjCgcJVxiA4PSTk
https://youtu.be/a7IqYqpRDiA?si=yWz3VNDKR1L1-e1e
“ရက် ၁၀၀ ပြည့်သွားပေမယ့် ရဲဝင်းဦးက မကျေပွဲ ဆက်နွဲချင်နေပုံ ရတယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၃၁ ဇူလိုင် ၂၀၂၆) “မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးတို့ရဲ့ ရက် ၁၀၀ စီမံကိန်းက မအောင်မြင်ပါဘူး။ ဒါပေမယ့် ရဲဝင်းဦးက အရှုံးကို လက်မခံနိုင်လို့ မကျေပွဲ ဆက်နွဲချင်နေပုံ ရတယ်” လို့ စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ ဒီနေ့ ဇူလိုင် ၃၁ မှာ ရက် ၁၀၀ ပြည့်သွားတဲ့ မင်းအောင်လှိုင်နဲ့ ရဲဝင်ဦးတို့ရဲ့ နိုင်ငံရေး- စစ်ရေးထိုးစစ်တွေ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ရက် ၁၀၀ စီမံကိန်း ဘာတွေအောင်မြင်ပြီး ဘာတွေ ဆုံးရှုံးခဲ့သလဲ... - ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်ထိုးစစ်မှာ စစ်ကောင်စီရဲ့ ရက် ၁၀၀ စီမံကန်း နောက်ပြန်လှန်ကျခဲ့လေသလား... - ထိုင်းနယ်စပ်နဲ့ ကချင်ဖက်က ရက် ၁၀၀ စီမံကိန်းကော ဘယ်လောက်အထိ ရလာာဒ်ထွက်ခဲ့သလဲ... - ရက် ၁၀၀ နောက်ပိုင်း စစ်တပ်က ဘာဆက်လုပ်မှာလဲ... ဗုံးကြဲတာပဲ ဆက်လုပ်ဦးမှာလား... - ရက် ၁၀၀ အလွန် စစ်တပ်ရဲ့ စစ်ရေး-နိုင်ငံရေး ထိုးစစ်သစ်အတွက် တော်လှန်ရေး အင်အားစုတွေ ဘာတွေ ပြင်ဆင်ထားသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/3UBtJZvmBdc?si=lnYrhOE1oYDK9kMs
“ဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ ဗိုလ်မုတ်သုန်ကို တကယ်ဖမ်းမှာဖြစ်တယ်” - စတီဗင် စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)
(၃၀ ဇူလိုင် ၂၀၂၆) “BGF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ တကယ်ဖမ်းမယ်လို့ သိထားရပါတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင် စန်းယုက ပြောပါတယ်။ စစ်ကောင်စီရဲ့ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူးတဦးဖြစ်သူ ဗိုလ်မုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်တာ တကယ်လား၊ ကရင်နယ်မြေထဲအထိ ဝင်ဖမ်းမှာလား... စသဖြင့် BNN သတင်းဌာနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဗိုလ်မုတ်သုန်ကို ဖမ်းဝရမ်းထုတ်တာ အတည်ပြုနိုင်ပြီလား... - ထိုင်းထဲလာရင် ဖမ်းမှာလား... ကရင်နယ်မြေထဲအထိ ဝင်ဖမ်းမှာလား... - ဒီလိုဖမ်းဝရမ်းထုတ်ရေးမှာ FBI ရဲ့ အခန်း ဘယ်လောက်အရေးကြီးသလဲ... - နယ်စပ်တလျောက်က ကျားဖြန့်စခန်းတွေကို စစ်တပ်က ဝင်စီးပြီး မီးရှိုပြနေတဲ့ လုပ်ရပ်တွေကို ထိုင်းနဲ့ FBI က အယုံအကြည်မရှိဘူးလား.... - ဒီလို ပြသာနာမျိုးစုံကြားမှာ မင်းအောင်လှိုင် ဘန်ကောက်လာခြင်းက ကောင်းသောလာခြင်းဖြစ်နိုင်ပါ့မလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/1Lzfq7PKiSk?si=4K7p69tMogroi8wY
ဆော တိုက်ပွဲ စစ်သား ၉ ဦး ဖမ်းမိ... လက်နက် ၁၀ ကျော်သိမ်းမိ...အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၉ ဇူလိုင် ၂၀၂၆) - မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဖက်ကနေ ချင်းပြည်နယ်အစပ် ဆောမြို့နယ်ဖက် တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများ၊ ၉ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၀ ကျော် သိမ်းမိ... - နတ်မောက်-မြို့သစ်လမ်းပိုင်းပေါ် တော်လှန်ရေးတပ်တွေ စစ်ဆေးရေးလုပ်နေစဉ် ရဲကားတစီးရောက်လာပြီး ရပ်မပေးပဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်ရာကနေ ရဲတဦးသေဆုံး၊ တဦးဒဏ်ရာရ၊ ခဲယမ်းအချို့ သိမ်းမိ... - မြဝတီမြို့နယ်က DKBA ပိုင် ကျောက်ခတ်စခန်းမှာ ကျားဖြန့်ဆောင်ရွက်နေသူ ၇၇၇ ဦးကို ဝင်ရောက်စီးနင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချာနယ်တွေက ဖေါ်ပြ... ... ဒီသတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/M2IPxo-1MOo?si=aZy-evxmWEBGXG7u
မြဝတီမြို့နယ်တိုက်ပွဲ စစ်သား ၆ ဦး လက်နက်ချ... စလင်းမြို့နယ် တိုက်ပွဲ စစ်သား ၅ ဦးသေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၈ ဇူလိုင် ၂၀၂၆)
https://youtu.be/ILMpSExca30?si=AhywYR7bslKi3yoF
“စစ်ကောင်စီလွှတ်တော်ရဲ့ ခြိမ်းခြောက်မှုက အာဆီယံခေါင်းဆောင်တွေကို စိတ်ဆိုးစေပါတယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)
(၂၇ ဇူလိုင် ၂၀၂၆) “အာဆီယံ မူ ၅ ချက်ကို ပယ်ချမယ်ဆိုတဲ့ စစ်ကောင်စီလွှတ်တော်ရဲ့ ခြိမ်းခြောက်မှုက အာဆီယံခေါင်းဆောင်တွေကို စိတ်ဆိုးစေပါတယ်၊ ဒါကြောင့် ဒီမူ ၅ ချက်ကို တချက်ခြင်း အကောင်ထည်ဖေါ်ဖို့ လက်တွေ့ ပြင်ဆင်လာနေတာဖြစ်တယ်” လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောပါတယ်။ မနီလာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းဝေးအပြီး မြန်မာနိုင်ငံအပေါ် ဘယ်လိုဖိအားပေး အရေးမှူတွေရှိလာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရေး မကြာခင် ဖြစ်လာနိုင်သလား... - အမေရိကန်နဲ့ နိုင်ငံကြီးတွေက အာဆီယံအစည်းဝေးအတွင်း မြန်မာ့အရေးအပေါ် ဝေဖန်ချက်မပြောတာ ဘာကြောင့်လဲ... - ထိုင်းနိုင်ငံက တဖက်မှာ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး... တဖက်မှာ အာဆီယံမူ ၅ ချက် အကောင်ထည်ဖေါ်ရေးကို ဘယ်လို ဆောင်ရွက်မှာလဲ... - ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ မြန်မာနယ်စပ်ပြသာနာကို SCEF က ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/TCuema0pOPY?si=QP49_y5DtXfsg4xy
https://youtu.be/2hCtZa4Mjbk?si=8EHolCTkMMYcCR4l
https://youtu.be/HkNTF1AP5Ys?si=hEvxpIwenqz2KNYN
https://youtu.be/aXlqfQwrgjE?si=czBdbOulZD_cY7dO
“စစ်ကောင်စီဝန်ကြီး အာဆီယံတက်ခွင့်ရရေးက ပြန်ဝေးသွားပြီလို့ ပြောရမယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)
(၂၄ ဇူလိုင် ၂၀၂၆) “ဘန်ကောက်အစည်းဝေးကျင်းပစဉ်က စစ်ကောင်စီဖက်မှာ အခြေနေတိုးတက်မှုရှိပေမယ့် အာဆီယံမူ ၅ ချက်ကို လက်မခံနိုင်ဘူးဆိုပြီး စစ်ကောင်စီလွှတ်တော်က ပယ်ချလိုက်ပြီးနောက် အာဆီယံအစည်းဝေးတက်ခွင့်ရရေးဆိုတာ ပြန်ဝေးသွားပြီလို့ ပြောရမယ်” လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောပါတယ်။ မနီလာမှာကျင်းပနေတဲ့ အာဆီယံ အစည်းဝေးဆီ စစ်ကောင်စီဝန်ကြီး ဘာကြောင့် တက်ခွင့်မရသလဲ၊ အာဆီယံက ဘာတွေ ဆက်လုပ်ဖို့ရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - စစ်ကောင်စီ လွှတ်တော်ရဲ့ ခြိမ်းခြောက်မှုအပေါ် အာဆီယံက အတော်တင်းသွာသလား... - ဘရူနိုင်းကတင်သွင်းတဲ့ မူ ၅ ချက်ကို ဘယ်လို အကောင်ထည်ဖေါ်မှာလဲ... - မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရေး ဒီနှစ်ထဲ တကယ်ဖြစ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အာဆီယံက မူ ၅ ချက်အတိုင်း ဆက်သွားနေချိန်မှာ ထိုင်းအစိုးရက မင်းအောင်လှိုင်ကို ဘာကြောင့်ဖိတ်တာလဲ၊ လူသားစာနာအကူအညီ ပေးနိုင်မယ့်အလားအလာ ဘယ်လိုရှိသလဲ... အကြောင်းအရာတွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ဖို့ စီးစဉ်ထားပါတယ်)
https://youtu.be/w7XVS5FnFBQ?si=XimpX78Iwcaq3qlz
ဖားပွန်ခရိုင်တိုက်ပွဲ စစ်ကောင်စီ တပ်ရင်းမှူး ဒဏ်ရာရ... ရွှေကူတိုက်ပွဲ စစ်တပ် ဒရုံးအဖွဲ့ လက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၃ ဇူလိုင် ၂၀၂၆)
https://youtu.be/L1FJp5SQ0Xo?si=cejXJ8_3yaVOf6_A
ကန့်ဘလူ တိုက်ခိုက်မှု စစ်သား ၂ ဦးသေ... ဗုံးကြဲတာရပ်ရေး ဖိအားပေးဖို့ SCEF က အာဆီယံဆီတောင်းဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၂ ဇူလိုင် ၂၀၂၆) - ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ်နဲ့ ဝင်လာတဲ့ ရဲနဲ့ ပျူစောထီး ၂ ဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းမိ... - အင်းတော်မြို့နယ်ရှိ မဲဇာနဲ့ နန့်သဲရွာတွေအထိ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်မှာ တန်ပြန်ဆုတ်ပြီး အင်းတော်ဗျူဟာဖက် ပြန်သွား... - တမူးခရိုင်အတွင်း တိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးကင်းရာဆီ ယာယီပြောင်းရွေ့နေထိုင်ကြဖို့ သတိပေး... - ဘုံသဘောတူညီချက် ၅ ချက်ကို မလိုက်နာတဲ့ အာဏာသိမ်းအစိုးကို ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်ဖို့ SCEF က အာဆီယံထံ တောင်းဆို... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/DYRQjr5QAb4?si=bUGNfZemYF3Qk8E4
ငြိမ်းချမ်းရေးဆွေးနွေးမယ်ပြောပြီး ဗုံးကြဲနေတဲ့ စစ်တပ်ကို AA မေးခွန်းထုတ်... အပါဝင် နေက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၁ ဇူလိုင် ၂၀၂၆) - ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး ပျူ-စခန်းကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီးအဖွဲ့ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၄ ဦးသေပြီး သေနတ်တလက်သိမ်းမိ... - ရခိုင်ပြည်နယ်အတွင်း ရေကြီးလို့ ဒေသခံတွေ ဒုက္ခရောက်နေစဉ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် မအီ၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့က ရွာသား (၅) ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရ... - ၁၀၂၇ စစ်ဆင်ရေးအတွင်း AA နဲ့အတူ လက်တွဲပါဝင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ဝင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အာဏာသိမ်းအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နေပြည်တော်မှာ ဆွေးနွေး... - “အရေးကြီးရင် သွေးနီးမယ့် ညီအကိုများ” လို့ ခေါင်းစဉ်တပ်ထားတဲ့ KNLA ဗျုဟာမှူး ဗိုလ်ဒါးဘောနဲ့ KNDF ဒု စစ်ဦးစီးချုပ် မာဝီတို့ရဲ့ပုံ ဆိုရှယ်မီဒီယာမှာ ရှယ်သူများနေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/LJpoU5cgod8?si=OQEM2O8qnefTIgPK
“စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေး မလုပ်ချင်ဘူးဆိုရင် အနိုင်တိုက်မှ ရမယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)
https://youtu.be/lX0Hq0y1GaI?si=V6-J9kh5pHgqmcQS
စောဘောကျော်ဟဲ KNLA စစ်ဦးစီးချုပ်ဖြစ်လာ...အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၉ ဇူလိုင် ၂၀၂၆) - အင်းတော်ကြီးဒေသရှိ SNA နဲ့ စစ်တပ်စခန်းကို KIA သိမ်းပိုက်၊ လက်နက်အချို့ သိမ်းမိ... - ကန့်ဘလူမြို့နယ်တိုက်ပွဲ စစ်သား ၅ ဦးသေ၊ သေနတ် ၂ လက်သိမ်းမိ... - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ရဲ့ စစ်ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲကို KNU ဗဟိုက အတည်ပြု ခန့်အပ်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/Z1KdbJnwUyw?si=I7HZYEKy3PfsYCiY
“ရုရှားနဲ့တရုတ် ကူတာအပြင် တော်လှန်ရေးအဖွဲ့တွေ ရည်မှန်းချက် မပြတ်သားတာလည်း ပါတယ်” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၁၈ ဇူလိုင် ၂၀၂၆) “၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ရုရှားနဲ့ တရုတ်က ကူလို့ မြန်မာစစ်တပ် ခေါင်းပြန်မော့သွားတယ်ဆိုပေမယ့် တော်လှန်ရေးအဖွဲ့ ရည်မှန်းချက် မပြတ်သားတာလည်းပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ရုရှားစစ်တပ်နဲ့ မြန်မာစစ်တပ် နေပြည်တော်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုက ဘာတွေထူးသလဲ၊ ရုရှားနဲ့ တရုတ်ကူလို့ မြန်မာစစ်တပ် ခေါင်းပြန်ထောင်လာတယ်ဆိုတာ ဟုတ်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ရုရှားနဲ့ မင်းအောင်လှိုင်စစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုက ဘာသဘောလဲ... - ရုရှားနဲ့ တရုတ်က ကူညီလိုက်လို့ မင်းအောင်လုှိုင် စစ်တပ် ခေါင်းပြန်ထောင်သွားတယ်ဆိုတာ ဟုတ်ပါသလား... - တော်လှန်ရေးအဖွဲ့တွေ ရည်မှန်းချက် မပြတ်သားဘူးဆိုတာ ဘာကို ပြောတာလဲ... - နည်းပညာခေတ်ကို အမီလိုက်နိုင်ဖို့ တော်လှန်ရေးခေါင်းဆောင်တွေ ဘာတွေ ဆောင်ရွက်သင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/eG2yiO-mVQ0?si=X7ZrIm2Kqw3cmFUi
မင်းလက်ပံတိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းတခုလုံးပြုတ်... ဆိပ်ဖြူတိုက်ပွဲ ရဲကွန်မန်ဒိုတွေ သေဆုံးမှုများ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၇ ဇူလိုင် ၂၀၂၆) - မြဝတီမြို့တောင်ဖက်ရှိ မင်းလက်ပံ- ဖလူးဒေသဆီ ထပ်မံထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကြောင်း တခုလုံးနီးပါး သေဆုံးပြီး သုံ့ပန်း ၄ ဦး ဖမ်းမိ... - ချောက်မြို့ကနေ ဆိပ်ဖြူ-ဆောလမ်းအတိုင်း ဝင်လာတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းရဲ့ စစ်ကား ၂ စီးကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ၇ ဦးဒဏ်ရာရ... - ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အာဏသိမ်းစစ်အစိုးရထံ တရားဝင် စာရေး တောင်းဆို... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/emLPkGXWgnE?si=nWiHTTKKdcONa75n
လောင်းလုံး ရဲခစန်းကို PDF ဒရုန်းနဲ့တိုက်... NUG ဝန်ကြီးနဲ့ အာဆီယံကိုယ်စားလှယ် အွန်လိုင်းကနေ ဆွေးနွေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၆ ဇူလိုင် ၂၀၂၆)
- ဖလူးနဲ့ မင်းလက်ပံ ထိုးစစ်အတွင်း မြေပြင်စစ်ကြောင်း ပြန်လန်ကျသွားတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်တာကို အပြင်းအထန် ဆက်တိုက် ဆောင်ရွက်နေ... - လောင်းလုံးမြို့ မြို့မရဲခစန်း၊ လဝက ရုံးနဲ့ ထွေအုပ် ရုံးတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက် သေဆုံးမှုရှိနိုင်... - မြန်မာ- ရုရှား ၂ နိုင်ငံစစ်တပ်တွေ ပူးပေါင်းပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတခု နေပြည်တော်နယ်မြေမှာ ဆောင်ရွက်နေ... - အာဆီယံ အလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရို နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အွန်လိုင်းကနေ Video Conference နဲ့ တွေ့ဆုံ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/FsIxBIwegs0?si=hopAJMw-0ZM1mUy-
တရုတ်နယ်စပ်က စစ်တပ်စခန်း ၃ ခု KIA သိမ်းပိုက်... တော်မော်ဦး ရေတပ်အနီး တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၅ ဇူလိုင် ၂၀၂၆) - ခေါင်လံဖူးဒေသ၊ တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် အမှတ် (၃၀) အနီးရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် စခန်း ၃ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်... - ပေါက်ခေါင်းမြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်း ချင်းလည်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၂ ဦးသေဆုံး... - ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းရဲ့ အဓိက ကာကင်း အဝတောင်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်သဘောၤတွေကနေ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/rhE2JOc9gXA?si=HkamOOvk1-DZju8d
မင်းတပ်ဖက် စစ်ကူသွားတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ... EAOs တွေနဲ့ အာဆီယံ ဆွေးနွေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၄ ဇူလိုင် ၂၀၂၆)
- စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်း-ကလေးဝ လမ်းပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သဘောင်္တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၂၀ ကျော်သေဆုံး၊ သေနတ်တလက်နဲ့ ခဲယမ်းများစွာ သိမ်းမိ... - ပေါက်မြို့နယ် ကပစ ၂၄ ကနေ ချင်းတောင်ပိုင်း မင်းတပ်ဒေသဆီ စစ်ကူပေးဖို့တက်လာတဲ့ စစ်ကား ၅ စီးနဲ့ အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းကို တပြင်းကျေးရွာနဲ့ ပုံတောင်နတ်ထိပ်ကြား အရောက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စစ်တပ်ဖက် အနည်းဆုံး ၁၀ ဦးသေဆုံး... - မြန်မာနိုင်ငံ တောင်ပိုင်းဒေသအခြေစိုက် (EAOs) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ အာဆီယံ ပြော... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/ci_au6y-WCM?si=es26Yy77stM0Jntz
ခေါင်လမ်ဖူးက စစ်တပ်စခန်း KIA သိမ်းပိုက်... မတ္တရာတိုက်ပွဲ စစ်သား ၁၀ ကျော်သေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၃ ဇူလိုင် ၂၀၂၆)
- ကချင်ပြည်နယ်မြောက်ပိုင်း ခေါင်လမ်ဖူးဒေသအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စခန်းတခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများပြီး လက်နက်မျိုးစုံ ၁၅ လက် သိမ်းမိ... - မတ္တရာမြို့နယ်အနောက်ခြမ်းရှိ စစ်တပ် အထိုင်စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က ၁၅ ဦးသေပြီး သေနတ်တလက်သိမ်းမိ... - NUG, ERO, SCEF ကိုယ်စားလှယ်တွေနဲ့ အာဆီံယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ တွေ့ဆုံဖု့ိရှိ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
Constructive Engagement ခေတ်မှ Recalibrated Engagement ခေတ်အထိ ရောက်လာသော်လည်း... (မြန်မာ့အရေးဟာ အာဆီယံအတွက် ဗြဟ္မာဦးခေါင်းဖြစ်နေဆဲ)
-
(၁)- အပေါ်က ခေါင်းစဉ်မှာ ဖေါ်ပြထားတဲ့ သံတမန်သုံး (ဂျာနယ်လစ်တွေလည်း လိုက်သုံးရတာပေါ့) စကားလုံး ၂ ခုကို အာဆီယံအကြောင်း လေ့လာဖူးသူတွေ အတော်များများ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။
Constructive Engagement (အပြုသဘော ဆက်ဆံရေးဆိုလား) ဆိုတာ စာရေးသူတို့ခေတ် ၁၉၉၇ နောက်ပိုင်းမှာ အာဆီယံထဲ မြန်မာကိုဆွဲသွင်းပြီးကတည်းက အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာ စစ်အစိုးရ အဆက်ဆက်ကပြောခဲ့တဲ့ သံတမန်စကားလုံးပေါ့။
အဲဒီတုန်းကတော့ ကိုယ်က တက်ကြွလှုပ်ရှားသူတဦးဆိုတော့... အတော်နားကြားပြင်းကပ်ခဲ့ဖူးတဲ့ စကားလုံးတလုံးပါ။
---
(၂) - အဲဒီလိုနဲ့ ကာလရွေ့လျားလာပြီး ခေတ်တွေပြောင်းသွား၊ အခု ၂၀၂၁ နောက်ပိုင်း (နောက်ဆုံးအကြိမ်ဖြစ်ပါစေ) စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အာဆီယံရဲ့ မူ ၅ ချက်ဆိုတာနဲ့ ဆက်လက်ချီတက်...
၅ နှစ်သာကြာ - ဘာမှဖြစ်မလာတဲ့အခါ... Recalibrated Engagement (ပြန်လည်ချိတ်ဆက်ဆောင်ရွက်ခြင်း) ဆိုတဲ့ စကားလုံးသစ် ပေါ်လာပြန်...
လက်ရှိ နွေဦးတော်လှန်ရေး တပ်ဦးမှာ တက်ကြွလှုပ်ရှားနေသူတွေကော ဒီစကားလုံးကို နားကြားပြင်းကပ်သလား... သံတမန်ဆက်ဆံရေး စိတ်မဝင်စားကြဘူးလား... ပြောချင်စိတ်တောင် မရှိကြတော့တာလား... ဝေဖန်သံ သိပ်မကြားမိသလိုလို...။
---
(၃) -ဒီလိုနဲ့ မနေ့ကတော့ (ဇူလိုင် ၁၂ က) အဲဒီ Recalibrated Engagement (ပြန်လည်ချိတ်ဆက်ဆောင်ရွက်ခြင်း) ဆိုတဲ့ စကားလုံးသစ်ကို လက်တွေ့အသုံးချတဲ့အနေနဲ့ အာဏာသိမ်းပြီးကတည်းက လူချင်းမတွေ့နိုင်ဘူးလို့ ငြင်းပယ်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်ကို ပထမ ဆုံးအကြိမ် လူချင်းတွေ့ပြီး ပွဲထုတ်လာ...
“ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်၊ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုတွေကို ဖြိုခွင်းနေတယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (EAO)တွေနဲ့ ဆွေးနွေးနေပါတယ်” ဆိုပြီး စကမ ဝန်ကြီး ဦးတင်မောင်ဆွေက တင်ပြတယ်လို့ ပွဲစီစဉ်သူ ထိုင်း ဝန်ကြီးနဲ့ သဘာပတီ အာဆီယံ အလှည့်ကျ ဥက္ကဌ ဝန်ကြီးတို့က သတင်းထောက်တွေကို ပြန်ပြောပြပါတယ်။
ဆိုတော့ကာ... ၁၉၉၇ နောက်ပိုင်း နဝတ- နအဖ ခေတ် စစ်တပ်အာဏာပိုင်တွေဖက်က ပြန်ပြောပြတာနဲ့ အခု ၂၀၂၁ နောက်ပိုင်း စစ်တပ်အာဏာပိုင်တွေဖက်က ပြန်ပြောပြတဲ့ အချက်အလက်တွေ၊ စတိုင်လ်တွေ ဘာကွာသလဲ...
အာဆီယံဖက်က လက်ခံတွေ့ဆုံတဲ့ ဝန်ကြီးတွေရဲ့ ရပ်တည်ချက်တွေ၊ စတိုင်လ် တွေကော ဘာများကွာသွားသလဲ...
---
(၄) ဇတ်ကောင်တွေပြောင်းသွားပေမယ့် ဇတ်လမ်းကတော့ အရင် နိုက်တီးဂွမ်းတီးကအတိုင်း စစ်တပ်ကို (နိုင်အောင် မတိုက်နိုင်တဲ့အခါ) ချော့ပေါင်းရမယ့် မူဝါဒ၊ လက်ရှိ အာဏာကိုင်ထားသူကို ချော့မော့ပေါင်းသင်းရေး၊ အကြမ်းဖက်မှုတွေ လျှောချပြီး နဂိုအခြေနေ ပြန်ရောက်ရေး ပါပဲ...
အဲတော့ ဘာတွေဆက်ဖြစ်မလဲ...
ဘာတွေဆက်ဖြစ်မယ်မှန်း မသိနိုင်သေးပေမယ့် မနက်ဖန်မှာ NUG, ERO, SCEF ကိုယ်စားလှယ်တွေနဲ့ အာဆီယံ သံတမန်တွေ တွေ့ဆုံဖို့ရှိတယ်ဆိုတာကတော့ အရင်ထက် နည်းနည်း ပိုထူးတယ်လို့ထင်ပါတယ်။ (အရင် NCG ခေတ်ကလည်း တရားဝင် မဟုတ်ပေမယ့် အလွတ်သဘော တွေ့ဆုံတာတွေရှိခဲ့တာပါပဲ)
သေချာတာကတော့ (တဖက်နဲ့ တဖက် မနိုင်တော့လို့ စားပွဲဝိုင်းမှာ ဆွေးနွေးရတော့မယ်ဆိုရင်၊ ဒါမှမဟုတ် အာဆီယံနဲ့ နိုင်ငံတကာဖက်က အဲဒီလို မြင်လာပြီဆိုရင်) ဆွေးနွေးပွဲတွေကို ဖြတ်သန်းရတော့မယ်... နိုင်ငံရေး- သံတမာန်ရေးဖက်မှာ စစ်တပ်နဲ့ ယှဉ်ရတော့မယ်ဆိုရင် ကိုယ့်ဖက်က အသာစီးရအောင် ...
သံရေးတမန်ရေးကိစ္စတွေကို တက်ကြွလှုပ်ရှားတဲ့ ရဲဘော်တွေအားလုံး (တာဝန်အရကို) မလွဲမသွေ လေ့လာရတော့မှာဖြစ်ပါတယ်။
===
https://youtu.be/wvYwwBQBNwo?si=pl9EEFIIzDa_fNyW
“အာဆီယံအစည်းဝေးမတိုင်ခင် စစ်ကောင်စီနဲ့ရော၊ တော်လှန်ရေးအင်အားစုတွေနဲ့ပါ အလွတ်သဘော တွေ့ဆုံတာဖြစ်တယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)
(၁၂ ဇူလိုင် ၂၀၂၆) “ဇူလိုင်တတိယသီတင်းပတ်မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းမတိုင်ခင်မှာ စစ်ကောင်စီဖက်က အမြင်၊ တော်လှန်ရေးအင်အားစုတွေဖက်က အမြင်တွေကို သိချင်လို့ အလွတ်သဘောတွေ့ဆုံတာဖြစ်တယ်၊ တော်လှန်ရေးအင်အားစုတွေဖက်က စနစ်တကျ တင်ပြနိုင်ဖို့လိုတယ်” လို့ အာဆီယံ အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းကပြောပါတယ်။ ဇူလိုင် ၁၂ ရက် (မကြာခင်နာရီပိုင်းအတွင်း) ဘန်ကောက်မှာကျင်းပဖို့ပြင်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲဆီ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင် တက်ရောက်ဆွေးနွေးမယ်ဆိုတာ စစ်ကောင်စီကို အာဆီယံက အသိအမှတ်ပြုတဲ့သဘောလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခွင့်ရခြင်းက ဘယ်လို အဓိပါယ်လဲ... - စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံဖို့ အာဆီယံဖက်က ဘယ်လိုပြင်ဆင်ထားသလဲ... - အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ဦးဆောင်ကျိုးပန်းမှုကြောင့် မြန်မာနိုင်ငံမှာ စစ်ပွဲတွေရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်သလား... - နေပြည်တော်က လွှတ်တော်ထဲဆွေးနွေးချက်တွေက လမင်းကို ခွေးဟောင်တဲ့အဆင့်ထက် မပိုဘူးလို့ ဘာကြောင့်ပြောတာလဲ... - SCEF တပ်ပေါင်းစုရှိရဲ့နဲ့ NUG, ERO စသဖြင့် တခုချင်းခွဲပြီး ဘာကြောင့် ဆွေးနွေးနေရတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/yW-7DUdnh7s?si=WoBUprurqUTXln7q
မလှိုင် တိုက်ပွဲ သေနတ် ၆ လက်သိမ်းမိ... အာဆီယံ အလွတ်သဘောဆွေးနွေးပွဲ စကမ ဝန်ကြီးတက်မည်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၁ ဇူလိုင် ၂၀၂၆)
https://youtu.be/w_EkI227XuU?si=vEFcpJjFot35zyA2
လားရှိုးမြို့ပေါ် ရှော့တိုက်ဒုံးကျ... ထားဝယ်ရေနက်ဆိပ်ကမ်းဆီ စစ်တပ်ထိုးစစ်ဝင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၀ ဇူလိုင် ၂၀၂၆)
- မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံဒေသဆီ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် ဒါဇင်နဲ့ချီ သေဆုံးဒဏ်ရပြီး နောက် ပြန်ဆုတ်သွား... - စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်း-မြောက်မြို့တော် လားရှိုးမြို့ထဲ ရှေ့ာတိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သား ထိခိုက်ဒဏ်ရာရမှုရှိနိင်... - ရုရှားအစိုးရနဲ့ မြန်မာစစ်တပ် ပူးတွဲ တာဝန်ယူတည်ဆောက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသဆီ အင်အား ၇၀၀ ခန့်ပါ စစ်ကြောင်းတခု ဇူလိုင် ၉ ရက် မနက်ပိုင်းမှာ ထိုးဝင်လာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/c7RI78gM9B4?si=-y1gqEmUk8apVQ2d
မင်းလက်ပံတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... ရခိုင်စစ်မြေပြင်မှာ စစ်သား ၁၀၀ ကျော်လက်နက်ချဟု သတင်းထွက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
https://youtu.be/kVRm1dv9avU?si=7cHHoWnaj2F44qFx
“ရဲဝင်းဦး သိက္ခာဆယ်ဖို့အတွက် အောက်ခြေရဲဘော်တွေရဲ့ အသက်ကို ချနင်းနေတဲ့ စစ်ဆင်ရေးဖြစ်တယ်” - ဆလိုင်းယောအောင် (စစ်ရေးသတင်း လေ့လာသုံးသပ်သူ)
(၉ ဇူလိုင် ၂၀၂၆) “မင်းလက်ပံ ထိုးစစ်ဟာ ရက် ၁၀၀ စီမံကိန်း ထိုးစစ် နောက်ပြန်လှန်ကျနေတာကို အဖတ်ဆယ်ဖို့၊ ရဲဝင်းဦး သိက္ခာဆယ်ဖို့အတွက် အောက်ခြေရဲဘော်တွေရဲ့ အသက်ကို ချနင်းနေတဲ့ စစ်ဆင်းရေးဖြစ်တယ်” လို့ စစ်ရေးသတင်း လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ အခုရက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးက မင်းလက်ပံဒေသမှာ ပြင်းထန်နေတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - မင်းလက်ပံဒေသကို စစ်တပ်က ဘာကြောင့် အခုမှ အသဲအသန်ထိုးစစ်ဆင်လာတာလဲ... - KNU ရဲ့ စစ်ရေးဗျုုဟာ၊ ကရင်လက်နက်ကိုင်အဖွဲ့တွေအချင်းချင်းကြား ဆက်ဆံရေးက ဘယ်လိုတိုးတက်ပြောင်းလဲလာနေသလဲ... - ကရင်ဖက်မှာ တိုက်ပွဲပြင်းထန်လာခြင်းကြောင့် ရခိုင်၊ ချင်း၊ ကချင်နဲ့ အညာဒေသဖက်မှာပါ ခုခံစစ် ဟန်ချက်ညီလာပြီလို့ပြောနိုင်မလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/uGSNLoFUNcg?si=O4CAa01ovH_a_O-z
ရေကြည်မှာ AA က စခန်းဆက်သိမ်း... ရွှေကူဖက်မှာ KIA စခန်းပြန်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၈ ဇူလိုင် ၂၀၂၆)
https://youtu.be/70NOPLNcg6c?si=w6RdGZ3cE3ZwaqzM
သဲကုန်းတိုက်ပွဲ စစ်သား ၅ ဦးသေ... ရေစကြိုနဲ့ ကံမက ဗိုလ်ချုပ်ရုပ်ထုတွေ ဖျက်ဆီးခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
https://youtu.be/6ELpz9gQbpE?si=NYW2u3RlxlQlLSXY
“ဗိုလ်ချုပ်ရုပ်ထုတွေကို ဖြိုချဖျက်ဆီးတာဟာ ရာဇဝတ်မှု ကျုးလွန်ရာ ရောက်ပါတယ်” - ဦးမြင့်သိဏ်း (မြန်မာနိုင်ငံ ရှေ့နေများကောင်စီ - BLC)
(၇ ဇူလိုင် ၂၀၂၆) “လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုတွေကို စစ်တပ်က ဖြိုချဖျက်ဆီးနေတာဟာ အမျိုးသားရေးအထိမ်းအမှတ် ယဉ်ကျေးမှူအမွေကို ဖျက်ဆီးနေတာဖြစ်တယ်၊ ပစ်မှုဆိုင်ရာဥပဒေ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၅ ကို ကျုးလွန်ရာ ရောက်နေတယ်” လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းက ပြောပါတယ်။ အခုသီတင်းပတ်အတွင်း နိုင်ငံတဝှမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေ၊ ရုပ်ထုတွေကို ညသန်းခေါင်ချိန်မှာ စစ်တပ်က တူးဖြို ဖျက်ဆီးနေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု ဘယ်လောက်များများကို စစ်တပ်က ဖြိုချဖျက်ဆီခဲ့ပြီလဲ... - ဘာကြောင့် ဒီလိုဖြိုတာလဲ... စစ်တပ်ရဲ့ ညွှန်ကြားချက်အရ လုပ်နေကြတာလား... - ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၂၅ ကို ကျုးလွန်ရာ ရောက်ပါတယ် ဆိုတာ ဘာကိုပြောတာလဲ... - စစ်တပ်ရဲ့ အခုလို ရမ်းကားနေမှုကို ဘယ်လိုများ ဟန့်တားကာကွယ်နိုင်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/NZH42EFv6IY?si=IM8iCTAhrnU1lUIg
မကွေးတိုင်းအတွင်း PDF စစ်ကြောင်း ၂ ခု ထပ်ဖွဲ့... ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေကို စစ်တပ်က ဖြိုချဖျက်ဆီးနေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၆ ဇူလိုင် ၂၀၂၆) - စစ်ကောင်စီရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကို စနစ်တကျ ခုခံတွန်းလှန်နိုင်ရေးအတွက် ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာ ယာယီကာကွယ်ရေးစစ်ကြောင်းသစ် ၂ ခု တိုးချဲ့ဖွဲ့စည်း... - ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရွာတွေဆီ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ဟာ အများပြည်သူနေအိမ်တွေဆီကနေ အသုံး အဆောင်တွေခိုးယူတာအပြင် ရှေးဟောင်း ဘုရားဆင်းတုတော်တွေပါမချန် ခိုးယူသယ်ဆောင်နေ... - မအူပင်မြို့နယ်၊ လယ်ကိုင်းကျေးရွာရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို စစ်တပ်က ညဖက်မှာ မြေတူးစက်တွေနဲ့ဖြိုပြီး မော်တော်ယာဉ်တွေနဲ့ သယ်သွား ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/AqIgQxMXkAE?si=DZMY7Zzvi0OXl_VG
ရေကြည်က စစ်တပ်စခန်း ၂ ခု AA သိမ်းပိုက်... ထားဝယ်-မြိတ် ကားလမ်းပေါ် တိုက်ပွဲဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၅ ဇူလိုင် ၂၀၂၆) - ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းကြီး ၂ ခုကို AA က ထပ်မံသိမ်းပိုက်လိုက်ပြီး စစ်တပ်ဖက်က သေဆုံးမှုများ၊ လက်နက်မျိုးစုံ ၃၀ ကျော်သိမ်းမိ... - စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိနိုင်... - သရက်ချောင်းမြို့ အောက်ဖက်နားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပြီးနောက် ထားဝယ်-မြိတ် ကားလမ်းကို စစ်တပ်က ယာယီ ပိတ်ထား... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/rxVfudn7wJ4?si=8ESxgthlZ1IyuQjx
မလှိုင်မြို့နယ်တိုက်ပွဲ စစ်သား (၁၀) ဦး လက်နက်ချ... လက်နက်မျိုးစုံ (၂၀) သိမ်းမိ... အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၄ ဇူလိုင် ၂၀၂၆)
- မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား (၂) ဦးသေ၊ (၁၀) ဦး လက်နက်ချ၊ ၈၁ မမ၊ ၆၀ မမ စိန်ပြောင်းတွေအပါဝင် လက်နက်မျိုးစုံ ၂၀ သိမ်းမိ... - ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်တပ်ဂိတ်တွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၃ ဦးသေ၊ သုံ့ပန်းတဦးဖမ်းမိ၊ သေနတ်တလက် ရရှိ... - မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေထဲ စစ်ရေးတင်းမာနေချိန် ပါတီ ဒုခေါင်းဆောင်နဲ့အ့ဖွဲ့က စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌကို နေပြည်တော်မှာ သွားတွေ့... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/ZJ9hiZDDwF8?si=26_sZ6p1kkiHwDwg
“တော်လှန်ရေးတပ်တွေ စုပေါင်းတိုက်ရင် ဒီစစ်တပ် မခံနိုင်ဘူးဆိုတာ သိခဲ့၊ မြင်ခဲ့ပြီးပြီပဲ” - CDM ဗိုလ်ကြီးလင်းထက်အောင် (စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ)
(၃ ဇူလိုင် ၂၀၂၆) “တော်လှန်ရေးတပ်တွေ စုပေါင်းတိုက်ရင် ဒီစစ်တပ် မခံနိုင်ဘူးဆိုတာ ၁၀၂၇ မှာ သိခဲ့၊ မြင်ခဲ့ပြီးပြီပဲ။ ဒါကိုအလေးထားပြီး တဖွဲ့ချင်း၊ တနေရာချင်း တိုက်နေမယ့်အစား အားလုံးလက်တွဲပြီး ဟန်ချက်ညီ တိုက်ဖို့လိုတယ်” လို့ စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ပြန်လန်ကျသွားအောင် တော်လှန်ရေးတပ်ပေါင်းစု ခုခံတိုက်ခိုက်နေတဲ့အခြေနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - ချင်းတောင်ပိုင်းမှာ စစ်ကောင်စီတပ် ရှေ့တိုးမလာနိုင်အောင် ဘယ်လိုတားဆီး တိုက်ခိုက်နေသလဲ... - စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်စစ်မျက်နှာမှာကော တော်လှန်ရေးတပ်တွေဖက်က တန်ပြန်ထိုးစစ် ပြန်လုပ်လာနိုင်ပြီလား... - ဗုံးကြဲမှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့ အာဏာသိမ်း သမ္မတက ကြိုတင်ကန့်သတ်ချက်မထားပဲ ERO တွေနဲ့ ဆွေးနွေးမယ်လို့ ခနခနပြောနေတာ ဘာကြောင့်လဲ... - တဖွဲ့ချင်းတိုက်မယ့်အစား စုပေါင်းတိုက်ရင် ဒီစစ်တပ်မခံနိုင်ဘူးဆိုတာကို မြင်နေပါရဲ့နဲ့ ဘာကြောင့် စုပေါင်းတိုက်ဖို့ ခက်ခဲနေသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/8GLexVmqJg8?si=3ZyOTIFyx4RQIxHx
ချင်းတောင်ပိုင်းတိုက်ပွဲ စစ်သားတွေ ရာနဲ့ချီသေဆုံး... ကသာဖက်က စစ်တပ်စခန်း ၃ ခု KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၃ ဇူလိုင် ၂၀၂၆) - ချင်းပြည်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်ဒေသဆီ စစ်ကောင်စီတပ်က အင်အား ထောင်ချီသုံးပြီး ထိုးစစ်ဆင်ပေမယ့် ရှေ့မတိုးနိုင်ပဲ ရာနဲ့ချီသေဆုံး၊ သုံံ့ပန်းတွေ ဖမ်းမိ၊ လက်နက်များစွာသိမ်းမိ... - မင်းဘူးမြို့နယ်၊ ဥယာဉ်တံတား စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း... - အင်းတော်၊ မော်လူးနဲ့ ကသာဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီစခန်း အနည်းဆုံး ၃ ခုကို KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်... ... ဒီသတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/534qbzAHH2s?si=zKN4uwy6055ntKJO
ရန်ကုန်-ပြည် လမ်းပေါ် တိုက်ပွဲဖြစ်... ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ အာဆီယံက ထပ်တောင်းဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂ ဇူလိုင် ၂၀၂၆) - ချောက်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဖက်က (၁၀) ဦး သေ၊ ဒဏ်ရာရသူများ၊ ဒရုန်း(၁)စီးနဲ့ လက်နက်ငယ် ၂ လက် သိမ်းမိ... - မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းပေါ်ရှိ အညာတန်းရွာ စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်နဲ့ ပျု ဒါဇင်နဲ့ချီ သေဆုံး... - ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်-ကျဉ်း အားလုံးကို ပြန်လွတ်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။