Friday, November 29, 2024

“တရုတ်နယ်စပ်က မဟာမိတ်တွေရဲ့ အခြေအနေကို နားလည်သဘောပေါက်ဖို့ လိုတယ်”


“တရုတ်နယ်စပ်က မဟာမိတ်တွေရဲ့ အခြေအနေကို နားလည်သဘောပေါက်ဖို့ လိုတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၉ -၁၁- ၂၀၂၄)

“တရုတ်နယ်စပ်ကို ကျောပေးပြီး လှုပ်ရှားနေရတဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေရဲ့ အခြေအနေကို အညာဒေသက တော်လှန်ရေးရဲဘော်တွေ နားလည်သဘောပေါက်ဖို့လိုတယ်၊ ဖြစ်ပေါ်နေတဲ့အခြေနေကို အသုံးချပြီး တော်လှန်ရေးအတွက် အကျိုးရှိအောင် ဆောင်ရွက်သင့်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကနေ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ ကမ်းလှမ်းချက်ထုတ်လိုက်တဲ့အပေါ် ဝေဖန်မှုမျိုးစုံထွက်နေတာနဲ့ပတ်သက်ပြီး... BNN သတင်းဌာနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- TNLA ရဲ့ ကြေညာချက်အပေါ် ဘယ်လိုရှုမြင်သင့်သလဲ...

- မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရေးတွက် တရုတ်က ဖိအားပေးနေတာလား...

- တရုတ်နယ်စပ် ဖိအားတွေကြားမှာ အညာစစ်မျက်နှာ စစ်ရှိန်မြှင့်နိုင်ရေးအတွက် ဘယ်လို ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

Thursday, November 28, 2024

“တော်လှန်ရေးတပ်တွေနဲ့ တရုတ်လုံခြုံရေးတပ်ကြားမှာ ပြသာနာဖြစ်အောင် ဖန်တီးတာပဲ”


“တော်လှန်ရေးတပ်တွေနဲ့ တရုတ်လုံခြုံရေးတပ်ကြားမှာ ပြသာနာဖြစ်အောင် ဖန်တီးတာပဲ”
  • ဦးစိန်ဌေး (စီးပွားရေ ဆန်းစစ်ဝေဖန်သူ)
(၂၇- ၁၁- ၂၀၂၄) “လက်နက်ကိုင် တရုတ်လုံခြုံရေးဝန်ထန်းတွေကို မြန်မာ့မြေပေါ် ပင့်ဖိတ်လာတဲ့ စစ်ကောင်စီဥက္ကဌရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးတပ်တွေနဲ့ တရုတ်ကြားမှာ ပြသာနာဖြစ်အောင် တမင်ဖန်တီးတဲ့လုပ်ရပ်ဖြစ်တယ်၊ စစ်ရှုံးနေတဲ့ စစ်ကောင်စီဥက္ကဌက မူမဲ့ဘောင်မဲ့နည်းတွေနဲ့ ရမ်းကားနေတာကို ဝိုင်းတားဆီးဖို့လိုတယ်” လို့ စီးပွားရေးဆန်းစစ်ဝေန်သူ ဦးစိန်ဌေးက ပြောပါတယ်။ တရုတ်အစိုးရကနေ စစ်ကောင်စီကို ဒေါ်လာ သန်း ၂၀၀ အတိုးမဲ့ချေးလိုက်တာ၊ လက်နက်ကိုင် တရုတ်လုံခြုံရေးတွေကို မြန်မာ့မြေပေါ် တာဝန်ယူခွင့်ပေးဖို့ စစ်ကောင်စီဖက်က ဖိတ်ခေါ်လိုက်တာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
  • တရုတ်က ဒေါ်လာ သန်း ၂၀၀ ကို ဘာကြောင့် အတိုးမဲ့ချေးပေးလိုက်တာလဲ...
  • လက်နက်ကိုင် တရုတ်လုံခြုံရေးကို စစ်ကောင်စီဥက္ကဌက ဘာကြောင့် သွားရောက် ပင့်ဖိတ်လာတာလဲ...
  • မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေ တရုတ်နိုင်ငံဆီ ဘယ်လောက်အထိ ယိုစိမ့်ထွက်နေသလဲ..
  • တရုတ်နဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းကြံစည်မှုဟာ ဘယ်လောက်အထိ အန္တရယ်များလာနိုင်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

တောင်ကုတ်မြို့ကို AA သိမ်းပိုက်... အထူးဒေသ ၁ ကို ဖျက်သိမ်းကြောင်း KIO ကြ...


တောင်ကုတ်မြို့ကို AA သိမ်းပိုက်... အထူးဒေသ ၁ ကို ဖျက်သိမ်းကြောင်း KIO ကြေညာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

၂၉/၁၁/၂၀၂၄

ရခိုင်ပြည်နယ်က တောင်ကုတ်မြို့ကို နိုဝင်ဘာ ၂၄ မှာ ထိန်းချုပ်လိုက်ပြီလို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။ 

aတာင်ကုတ် မြို့သိမ်းတိုက်ပွဲ အဆင့်ဆင့်ကိုဖော်ပြရာမှာ နိုဝင်ဘာ ၄ ကနေ ၂၀ အတွင်း ... တောင်ကုတ် တက္ကသိုလ် မောင်းတံဂိတ်နဲ့ ရာဘာခြံ စခန်းတွေ၊ တောင်ကုတ် တက္ကသိုလ် ကျောင်းဝင်း၊ အာလိမ်ငါးဆင့် ဘုရားကုန်း၊ ဖုန်ညိုရွာနဲ့ အနီးဝန်းကျင် စခန်းးတွေ၊ စကခ ၅ တပ်မဌာနချုပ် အဝင် ဂိတ်စခန်း၊ တောင်ကုတ်မြို့ ဆုတောင်းပြည့် ဘုန်းကြီးကျောင်း တပ်စခန်း၊ ကြိုးကြာကွင်း ဂိတ် စခန်း၊ ကိုင်းရှည် တံတားထိပ် စခန်း၊ သီရိဆေးရုံ စခန်း၊ မြို့မ ရဲစခန်း စတဲ့ အဓိကနေရာ ၁၀ ခုကို သိမ်းပိုက်တယ် ဆိုပါတယ်။

aတာင်ကုတ် တမြို့လုံးကိုတော့ နိုဝင်ဘာ ၂၄ မှာ လုံးဝ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

aတာင်ကုတ် မြို့ပြင်မှာ ကျန်နေတဲ့ စကခ ၅ (အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်) နဲ့  ခမရ ၃၄၆၊ ခမရ ၅၄၄ တို့ကို အမြန်ဆုံး သိမ်းနိုင်အောင် တပြိုင်တည်း ထိုးစစ်ဆင်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်/

ဒ့ါအပြင်...

- အမ်းမြို့ရှိ နပခ ကနေ အမ်း-ပဒါန်း လမ်းအတိုင်း မကွေးတိုင်းဘက် ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၂ ဦး သေ၊ ၁၄ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့ ACDF (အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့) က သတင်းထုတ်ပြန်...

- တောင်ကုတ်မြို့မှာ တိုက်ပွဲတွေ လနဲ့ချီ ကြာလာပြီး ရိက္ခာပြတ်တဲ့အတွက် ခမရ ၅၄၄ နဲ့ ၃၄၆ က စစ်သားနဲ့ မိသားစုအချို့ AA (အာရက္ခတပ်တော်) ဆီမှာ အလံဖြူထောင် လက်နက်ချ...

- စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ လက်နက်ကြီးစခန်းတွေကို ဒရုန်းနဲ့ တိုက်တဲ့အတွက် စစ်သား ၈ ဦး သေ၊ ၃ ဦး ဒဏ်ရာရတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP-AD က သတင်းထုတ်ပြန်...

- ဟုမ္မလင်း မြို့နယ်ထဲက SNA (ရှမ်းနီ ပြည်သူ့စစ်) ထိန်းချုပ်ထားတဲ့ ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်က သိမ်းပိုက်...

- ကချင်အထူးဒေသ ၁ အတွင်း နောက်ဆုံး ကျန်နေတဲ့ ကန်ပိုင်တည် မြို့ကို သိမ်းပြီးတဲ့နောက် … အရင် စစ်အစိုးရခေတ်က သတ်မှတ်ထားတဲ့ ကချင် အထူးဒေသ ၁ ဆိုတာကို ဒီနေ့ (နိုဝင်ဘာ ၂၈) က စပြီး ပယ်ဖျက်လိုက်ပြီလို့ KIO (ကချင် လွတ်လပ်ရေးအဖွဲ့) က ကြေညာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

Saturday, November 23, 2024

“တရုတ်ရဲ့ဖိအားပေးမှုက လိုချင်တာမရဘဲ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့အတွ...

“တရုတ်ရဲ့ဖိအားပေးမှုက လိုချင်တာမရဘဲ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့အတွက် အချိန်မီ ပြန်သုံးသပ်စေချင်ပါတယ်”

- ဦးနေဘုန်းလတ် (ပြောခွင့်ရပုဂ္ဂိုလ် - ဝန်ကြီးချုပ်ရုံး -NUG)

(၂၃- ၁၁- ၂၀၂၄)

“နွေဦးတော်လှန်ရေးအင်အားစုတွေအပေါ် ဖိအားပေးတဲ့အတွက် တရုတ်ဖက်က လိုချင်တာတွေ မရတဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်၊ ရှမ်းမြောက်ကို နင်းကန်ဖိရင် စစ်ဦးက မန္တလေးနဲ့နေပြည်တော်ဖက်ကို ရောက်သွားနိုင်တယ်၊ တရုတ်နယ်စပ်ပိတ်ရင် အိန္ဒိယနယ်စပ်ဖက် တွန်းပို့သလိုဖြစ်သွားနိုင်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG- ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောပါတယ်။

တရုတ်ဖက်က နယ်စပ်ဂိတ်တွေပိတ်ပြီး တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးနေတာ၊ တရုတ်အကျိုးစီးပွားကာကွယ်ရေးအတွက် ပူးတွဲလုံခြုံရေးအဖွဲ့တွေဖွဲ့ပြီး တရုတ်လက်နက်ကိုင်တွေ မြန်မာ့မြေပေါ်အထိ ဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- တရုတ်ဖက်က နယ်စပ်ဂိတ်တွေ ဆက်ပိတ်ထားခြင်းကြောင့် တရုတ်လိုချင်တာ ရနိုင်သလား... ပြောင်းပြန်အကျိုးကို ခံစားရမှာလား...

- တရုတ်လုံခြုံရေးတွေ မြန်မာနိုင်ငံထဲဝင်မယ်ဆိုရင် တရုတ်ကုပဏီတွေရှိရာ နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ERO, PDF တွေနဲ့ အရင်ဆွေးနွေးဖို့ မလိုအပ်ဘူးလား...

- တရုတ်ဖိအားကြောင့် နွေဦးတော်လှန်ရေး အခက်အခဲဖြစ်နိုင်သလား... ရှမ်းမြောက်အစား မန္တလေးနဲ့ နေပြည်တော်ဖက်ကို ဦးတည်ဖို့ တွန်းပို့သလိုဖြစ်သွားနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

Wednesday, November 20, 2024

“တရုတ်ဖက်က လိုချင်သမျှ အကုန်ရစေရမယ် ဆိုတဲ့ မူဝါဒကြောင့် ဒါတွေ ဖြစ်လာတာပဲလေ”


“တရုတ်ဖက်က လိုချင်သမျှ အကုန်ရစေရမယ် ဆိုတဲ့ မူဝါဒကြောင့် ဒါတွေ ဖြစ်လာတာပဲလေ”
  • ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၉ ၁၁ ၂၀၂၄) “တရုတ် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာ့မြေပေါ်အထိ တာဝန်ယူမယ်ဆိုတဲ့ လုပ်ငန်းစဉ်ဟာ စစ်ကောင်စီဥက္ကဌရဲ့ “တရုတ်ဖက်က လိုချင်သမျှ အကုန်ရစေရမယ် ဆိုတဲ့ မူဝါဒရဲ့ နောက်ဆက်တွဲ ရလာဒ်ဖြစ်တယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နံှမှုနေရာတွေကို တရုတ်လက်နက်ကိုင်တွေကိုယ်တိုင် လုံခြုံရေးယူဖို့ စစ်ကောင်စီဖက်က သဘောတူလက်မှတ်ရေးထိုးပေးလိုက်ပြီ- ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
  • MNDAA ခေါင်းဆောင်ကို တရုတ်ဖက်က ထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းရဲ့ နောက်ဆုံးထူးခြားချက်...
  • တရုတ်ဖိအားကြောင့် လားရှိုးကနေ MNDAA ဆုတ်ခွာပေးရနိုင်သလား...
  • တရုတ်လက်နက်ကိုင်လုံခြုံရေးတွေ မြန်မာ့မြေပေါ်ရောက်လာရင် ဘာတွေ ဆက်ဖြစ်နိုင်သလဲ...
  • တရုတ်ဖက်က ဒီလိုဆောင်ရွက်ချက်တွေက နွေဦးတော်လှန်ရေးကို အနှောက်အယှက်ဖြစ်နိုင်သလား...
  • အညာစစ်မျက်နှာဟာ အဆုံးအဖြတ်ပေးမယ့် နေရာလို့ ဘာကြောင့်ပြောတာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

“တရုတ်အကူအညီလောက်နဲ့တော့ စစ်ရှုံးစစ်တပ်ကို စိတ်ဓာတ်မြှင့်တင်ဖို့ဆိုတာ မဖ...


“တရုတ်အကူအညီလောက်နဲ့တော့ စစ်ရှုံးစစ်တပ်ကို စိတ်ဓာတ်မြှင့်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
  • လင်းထက်အောင် (CDM - ဗိုလ်ကြီး)
(၁၆- ၁၁ -၂၀၂၄) “တရုတ်ကနေ စစ်ရေးအကူအညီအချို့ရခဲ့တယ်လို့ ကြားရပါတယ်။ ဒါပေမယ့် ဒီအကူအညီလောက်နဲ့တော့ စစ်ရှုံးစစ်တပ်ကို စိတ်ဓာတ်မြှင့်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မြေပြင်မှာ အောင်ပွဲပြန်ရအောင်လုပ်နိုင်မှ အပြောင်းအလဲဖြစ်နိုင်မယ်ထင်ပါတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ စစ်ကောင်စီဥက္ကဌရဲ့ တရုတ်ခရီးစဉ်အတွင်း စစ်ရးအကူအညီတွေရခဲ့တယ်။ ဒီခရီးစဉ်ကြောင့် စစ်ရှုံးနေတဲ့ စစ်သားတွေ စိတ်ဓာတ်ပြန်တက်ကြွလာနိုင်တယ်ဆိုပြီး စစ်ကောင်စီဖက်က ပြောဆိုနေတဲ့အချက်တွေ ဘယ်လောက်ဖြစ်နိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
  • တရုတ်ခရီးစဉ်ကနေ စစ်ရေးအရ ဘာတွေအကူအညီရခဲ့သလဲ...
  • မြန်မာစစ်တပ်မှာ တရုတ်ထုတ် စစ်လက်နက်တွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသလဲ...
  • ဒရုန်းစစ်ဆင်ရေးကို မြန်မာစစ်တပ်က တကယ်အသုံးပြုလာတော့မလား...
  • တရုတ်ခရီးစဉ်ကနေ စစ်ရှုံးစစ်သားတွေကို စိတ်ဓာတ်ပြန်တက်လာအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဘာကြောင့်ပြောတာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (စစ်တပ်အတွင်း အပေါ်-အောက် ကွာဟမှု ပိုများလာနေတာ ဘာကြောင့်လဲ ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

“ဒီထက်ပို ပူးပေါင်းဆောင်ရွက်နိုင်ရင် ဒီထက်ပို အောင်မြင်မှုရမယ်ဆိုတာ လူတိ...


“ဒီထက်ပို ပူးပေါင်းဆောင်ရွက်နိုင်ရင် ဒီထက်ပို အောင်မြင်မှုရမယ်ဆိုတာ လူတိုင်းသိနေတဲ့ အချက်ပဲ”

- ဗိုလ်နဂါး (ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် -BNRA)

(၂၀- ၁၁- ၂၀၂၄)

“ပုလဲမြို့သိမ်း စစ်ဆင်ရေးဟာ မှန်းထားတဲ့အတိုင်း အောင်မြင်ခဲ့တယ်၊ ဒီထက်ပို အောင်မြင်ဖို့ဆိုရင် ဒေသတွင်းရှိ တပ်ဖွဲ့တွေ ဒီထက်ပို ပူူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတယ်၊ ညီညွတ်ရေးကို ပါးစပ်ကပြောနေရုံနဲ့မရဘူး၊ မြေပြင်မှာ လက်တွေ့ပြသဖို့လိုတယ်” လို့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် -BNRA- ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

ပုလဲမြို့သိမ်း စစ်ဆင်ရေး ဘယ်လောက်အထိ အောင်မြင်မှုရခဲ့သလဲ၊ ဝေဖန်မှုတွေ တိုးလာနေတဲ့အပေါ် ဘာပြောချင်လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ပုလဲမြို့သိမ်း စစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ...

- ၄ ရက်အတွင်း ပြန်ခွာခဲ့ရတာ ဘာကြောင့်လဲ...

- ဒေသတွင်းရှိ အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ဖို့ ဘာတွေ အခက်အခဲရှိနေသလဲ...

- လေကြောင်းရန် ကာကွယ်နိုင်မှ စစ်ကောင်စီတပ်ကို အနိုင်ယူနိုင်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, November 14, 2024

“တကယ်ကတော့ သူ စစ်ရှုံးလို့ တရုတ်ဆီ သွားအကူအညီတောင်းတာပဲလေ”


“တကယ်ကတော့ သူ စစ်ရှုံးလို့ တရုတ်ဆီ သွားအကူအညီတောင်းတာပဲလေ”
  • ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)
(၁၂- ၁၁- ၂၀၂၄) “စစ်ကောင်စီဥက္ကဌနဲ့အဖွဲ့ တရုတ်နိုင်ငံဆီသွားပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေးတယ်လို့ခေါင်းစဉ်တပ်နေပေမယ့် တကယ့်တော့ သူ စစ်ရှုံးလို့ တရုတ်အစိုးရဆီ သွားအကူညီတောင်းတာသာဖြစ်တယ်။ စစ်ကောင်စီအားကိုးတဲ့ တရုတ်ကို ဒီမိုကရေစီအင်အားစုတွေက သွားပြီ အားမကိုးမိဖို့လိုတယ်” လို့ စီးပွားရေးဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။ စစ်ကောင်စီဥက္ကဌနဲ့အဖွဲ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်က စီးပွားရေးအရ သိပ်ကိုအောင်မြင်ပါတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရက ပြောဆိုနေတဲ့အပေါ် ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
  • စစ်ကောင်စီဥက္ကဌ တရုတ်သွားတောလားရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ...
  • နယ်စပ်ဖွင့်ရေးအတွက်မပြောပဲ နယ်စပ်ဆက်ပိတ်ဖို့ပြောနေတာကာ နယ်စပ်နေပြည်သူတွေကို မလေးစားတဲ့သဘောလား...
  • တရုတ်နယ်စပ်အစား အိန္ဒိယနယ်စပ်ကို အားထားဖို့ လက်တွေ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ...
  • မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒ- ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဘယ်လိုပြုပြင်ပြောင်းလဲဖို့ လိုအပ်နေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (မြန်မာ့ သံယံဇာတတွေ တရုတ်လက်ထဲမရောက်အောင် ဘယ်လိုကာကွယ်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

“Red-line ကို ကျော်လာပြီဆိုတော့ ဒီတိုင်းကြည့်နေလို့ မရတော့ဘူး”


“Red-line ကို ကျော်လာပြီဆိုတော့ ဒီတိုင်းကြည့်နေလို့ မရတော့ဘူး”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁၄- ၁၁- ၂၀၂၄)

“တရုတ်အစိုးရရဲ့ စစ်ကောင်စီအပေါ် တဖက်သတ်အားပေးထောက်ခံမှုဟာ မြန်မာ လူထုဆန္ဒကို စော်ကားရာရောက်တယ်၊ ဘက်မလိုက်မူဝါဒရဲ့ Red-line ကို ကျော်လာတာဖြစ်တဲ့အတွက် ဒီတိုင်းကြည့်နေလို့မရတော့ဘူး၊ အားလုံးဟန်ချက်ညီ တုန့်ပြန်ဖို့လိုတယ်” လို့ စီးပွားရေးဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဥက္ကဌကို တရုက်အစိုးရက ဗြောင် ထောက်ခံလိုက်တာ၊ မြန်မာပြည်တွင်းက သံယံဇာတတွေကို ဆက်ယူနိုင်ဖို့ကြိုးစားနေတာ၊ နယ်စပ်ဂိတ်ကို ဆက်ပိတ်ထားတာ... စတဲ့အခြေအနေတွေအပေါ် မြန်မာလူထုက ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တရုတ်ဖက်က နယ်စပ်ဂိတ်တွေဆက်က်ပိတ်ထားရင် မြန်မာလူထုအတွက် ပစ္စည်းတွေ ဘယ်လမ်းကြောင်းတွေကနေ ရနိုင်သေးသလဲ...

- ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မြစ်ဆုံရေကာတာ၊ မြေရှားသတ္တု၊ နီကယ်မိုင်း၊ BRI စီမံကိန်းတွေကို ဘယ်လိုသဘောထား ဆောင်ရွက်ကြမလဲ...

- Red-line ကိုကျော်လာတဲ့ တရုတ်အစိုးရကို ဘယ်လို သတင်းစကားပါးသင့်သလဲ...

 ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Monday, November 11, 2024

နပခ ဆီလာတဲ့ ရဟတ်ယာဉ်ကို AA ပစ်ချ... ဗန်းမော်ဖက်မှာ KIA နဲ့ တိုက်ပွဲဆက်ပြ...


နပခ ဆီလာတဲ့ ရဟတ်ယာဉ်ကို AA ပစ်ချ... ဗန်းမော်ဖက်မှာ KIA နဲ့ တိုက်ပွဲဆက်ပြင်းထန်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၂- ၁၁- ၂၀၂၄)

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကို ရိက္ခာနဲ့ ခဲယမ်း လာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို နိုဝင်ဘာ ၁၀ မှာ AA (အာရက္ခတပ်တော်) က ပစ်ခတ်လို့ ကျည်ထိမှန်ပြီး ချက်ချင်း မပျက်ကျပေမယ့် ရခိုင်-မကွေးနယ်စပ်မှာ အရေးပေါ် ဆင်းလိုက်ရတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖော်ပြပါတယ်။

ပစ်ချခံရတဲ့ ရဟတ်ယာဉ်ဟာ Mi 17 အမျိုးအစားဖြစ်ပြီး ငဖဲမြို့နယ်ထဲ အရေးပေါ် ဆင်းလိုက်ရတယ်၊ လူအသေအပျောက် မရှိပေမယ့် ရဟတ်ယာဉ် ဆက်ပျံလို့ မရတော့ဘူးလို့ CDM စစ်ဖက် သတင်းရပ်ကွက်တွေကလည်း ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ အမ်းမြို့က နပခ ဌာနချုပ် ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အမ်းမြို့အဝင် ဌာနပေါင်းစုံ ပဲပဒုံ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၁၁ မနက်ပိုင်းမှာ AA က သိမ်းပိုက်လိုက်ပါတယ်။

AA က ပစ်ခတ်လိုက်တဲ့ ရှော့တိုက် ဒုံးတွေ နပခ လက်နက် သိုလှောင်ရုံပေါ် တည့်တည့်ကျပြီး လက်နက်ရုံ မီးလောင်ပေါက်ကွဲတဲ့အတွက် စစ်ကောင်စီ တပ်သား ၁၁ ဦး သေဆုံးတယ်လို့လည်း Western News က ဖော်ပြပါတယ်။

ဒီလို အထိအခိုက် အကျအဆုံး များနေတဲ့အတွက် စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့် အပါအဝင် အင်အား ၃၀၀ နီးပါး AA ထံ လက်နက်ချ အလင်းဝင်လာတယ်လို့လည်း Western News က ဆိုပါတယ်။

ဒါဟာ အမ်း နပခ ရဲ့ အဓိက ဗျူဟာကုန်း မဲတောင် ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့တဲ့ အောက်တိုဘာ ၇ ကနေ နိုဝင်ဘာ ၁၁ အတွင်း လက်နက်ချတဲ့ စာရင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင်...

- ချင်းပြည်နယ် မင်းတပ်နဲ့ ဖလန်းမြို့တွေမှာလည်း တိုက်ပွဲဆက်ပြင်းထန်နေ...

- ဗန်းမော်နဲ့ မိုးမောက်ကြားက ခမရ ၄၃၇ တပ်ရင်းဟောင်း နေရာဝန်းကျင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ သံချပ်ကာနဲ့ မြေပြင် အင်အားအလုံးအရင်း သုံးပြီး ထိုးစစ်ဆင်နေ...

- ကချင်-စစ်ကိုင်း အစပ်က အင်းတော်မှာ တော်လှန်ရေး တပ်ပေါင်းစုက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ 

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, November 10, 2024

“မြန်မာအပါဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ပြန်ပို့ခံရမှာက ပထမ ဆုံး စိုးရ...


“မြန်မာအပါဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ပြန်ပို့ခံရမှာက ပထမ ဆုံး စိုးရိမ်စရာဖြစ်နေတယ်”
  • ဒေါက်တာတင့်ဆွေ (နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)
(၈- ၁၁- ၂၀၂၄) “အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရတဲ့အတွက် မြန်မာ့ဒီမိုကရေစီအရေး ဘာတွေထူးခြားလာမလဲဆိုတာကို ခန့်မှန်းဖို့စောနေသေးပေမယ့် သေချာတာကတော့ မြန်မာအပါဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ပြန်ပို့ခံရမှာက ပထမ ဆုံး စိုးရိမ်စရာဖြစ်နေတယ်” လို့ နိုင်ငံရေးဆန်းစစ်ဝေဖန်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတအပြောင်းအလဲဖြစ်တဲ့အတွက် မြန်မာ့ဒီမိုကရေစီအရေးအပေါ် ထောက်ခံအားပေးမှူ အပြောင်းအလဲဖြစ်နိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ်မေးမြန်းချက်ထဲမှာ...
  • အစဉ်အလာ ဒီမိုကရေစီသမားတွေက သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုအမြင်ရှိသလဲ...
  • ဒီမိုကရက်သမ္မတနဲ့ ရီပါပရေကင်သမ္မတ ဘယ်သူက မြန်မာ့အရေးကို ပိုစိတ်ဝင်စားသလဲ...
  • အမေရိကန်-တရုတ်-အိန္ဒိယ-ရုရှား အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကြားမှာ မြန်မာက ဘယ်အခန်းကနေ ပါဝင်လာနိုင်သလဲ...
  • သမ္မတသစ်တက်လာရင် မြန်မာ့အရေး ဘာထူးမလဲပြောဖို့စောသေးပေမယ့် “မြန်မာအပါဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ပြန်ပို့ခံရမှာက ပထမ ဆုံး စိုးရိမ်စရာဖြစ်တယ်” လို့ ဘာကြောင့် ပြောတာလဲ...
  • အမေရိကန်အပါဝင် နိုင်ငံကြီးတွေရဲ့ အလေးထားမှုရလာအောင် နွေဦးတော်လှန်ရေးကို ဘယ်လိုအရှိန်မြှင့်ကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

“နွေဦးတော်လှန်ရေးက ရှမ်းမြောက်တော်လှန်ရေး မဟုတ်ဘူးလေ”


“နွေဦးတော်လှန်ရေးက ရှမ်းမြောက်တော်လှန်ရေး မဟုတ်ဘူးလေ”
  • ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၀- ၁၁- ၂၀၂၄) “ရှမ်းမြောက်ဒေသက တော်လှန်ရေးအဖွဲ့တွေကို တရုတ်အစိုးရက ဖိအားပေးလို့ရကောင်းရနိင်မှာဖြစ်ပေမယ့် တနိုင်ငံလုံးက တော်လှန်ရေးအဖွဲ့အားလုံးကို ဖိအားပေးလို့မရနိုင်ဘူး။ နွေဦးတော်လှန်ရေးဟာ ရှမ်းမြောက်တော်လှန်ရေး မဟုတ်ဘူးဆိုတာကို တရုတ်ဖက်က သဘောပေါက်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ တရုတ်အစိုးရက စစ်ကောင်စီဥက္ကဌကို ဖိတ်ကြားပြီး အသိအမှတ်ပြုပေးတာ၊ ရှမ်းမြောက်က တော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ဖိအားပေးတာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဋ္ဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
  • တရုတ်အစိုးရက စစ်ကောင်စီဥက္ကဌကို ဘာကြောင့် ဗြောင် ထောက်ခံ အားပေးဖို့ ရွေးချယ်လိုက်တာလဲ...
  • ရှမ်းမြောက်က ERO တွေနဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲတွေ မကြာခင်မှာ ဖြစ်ပေါ်လာနိုင်သလား...
  • တရုတ်လက်လှမ်း မီတာရော၊ မမီတဲ့ နယ်မြေတွကိုရော စိုးမိုးထားတဲ့ KIA, TNLA, AA တို့က တရုတ်စကားကိုနားမထောင်ပဲ အညာစစ်မျက်နှာဆီ ဆက်တိုးဆောင်ရွက်နိုင်သလား...
  • BPLA အညာစစ်မျက်နှာသို့ ဦးတည်ခြင်းက နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ တွန်းအားဖြစ်စေမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာနက်လိုင်း အားနည်းချက်ကြောင့် အချို့နေရာတွေမှာ အသံ မကြည်မလင်ဖြစ်နေတာကို တောင်းပန်အပ်ပါတယ်)

Wednesday, November 6, 2024

တရုတ်က စစ်ကောင်စီဥက္ကဌကို ဖိတ်ခေါ်စဉ်.. အိန္ဒိယက ရွေးကောက်ပွဲဝင်မယ့်ပါတီ...


တရုတ်က စစ်ကောင်စီဥက္ကဌကို ဖိတ်ခေါ်စဉ်မှာ အိန္ဒိယက ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို ဖိတ်ခေါ်နေပါတယ်... ဒီအပေါ် NUG နှင့် K2C တို့က ဘယ်လိုသဘောထားသလဲ...

(၆- ၁၁- ၂၀၂၄)

တရုတ်က စစ်ကောင်စီဥက္ကဌကို ဖိတ်ခေါ်စဉ်မှာ အိန္ဒိယက ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို ဖိတ်ခေါ်နေပါတယ်... ဒီအပေါ် NUG နှင့် K2C တို့က ဘယ်လိုသဘောထားသလဲ...ဆိုတဲ့ မေးခွန်းကို ...

KNU- အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမူး၊ CNF က ဆလိုင်းထက်နီ၊ KNPP က ဦးအောင်ဆန်းမြင့်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ရဲ့ ဖြေကြားချက်ကို ကောက်နုတ် တင်ပြလိုက်ပါတယ်...။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

Tuesday, November 5, 2024

အနာဂတ်မြန်မာနိုင်ငံသစ်အတွက် NUG နှင့် K2C ဘာတွေ ပူးပေါင်းဆောင်ရွက်နေသလဲ...


အနာဂတ်မြန်မာနိုင်ငံသစ်အတွက် NUG နှင့် K2C ဘာတွေ ပူးပေါင်းဆောင်ရွက်နေသလဲ...

(၅- ၁၁- ၂၀၂၄)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ... စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဘုံသဘောထားရပ်တည်ချက်အကြောင်း သတင်းစာရှင်းပွဲတခုကို မြန်မာစံတော်ချိန် ၃ နာရီခွဲက ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းပွဲအတွင်း တာဝန်ရှိသူတွေရဲ့ပြောကြားချက်ထဲက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးရဲ့ ပြောကြားချက်ကို ပထမ ပိုင်းအဖြစ် ကောက်နုတ်တင်ပြလိုက်ပါတယ်။

(KNPP က ဦးအောင်ဆန်းမြင့်နဲ့ CNF က ဆလိုင်းထက်နီအပါဝင် တာဝန်ရှိသူတွေရဲ့ ပြောကြားချက်၊ ဖြေကြားချက်တွေကို အပိုင်းလိုက် စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

“စစ်ကောင်စီဥက္ကဌကို ဖိတ်ကြားခြင်းက တရုတ်-မြန်မာဆက်ဆံရေးကို အဖုအထစ် ဖြစ်စ...


“စစ်ကောင်စီဥက္ကဌကို ဖိတ်ကြားခြင်းက တရုတ်-မြန်မာဆက်ဆံရေးကို အဖုအထစ် ဖြစ်စေနိုင်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - NUG)

(၅- ၁၁- ၂၀၂၄)

“စစ်ကောင်စီဥက္ကဌကို တရုတ်ဖက်က အခုလိုဖိတ်ကြားခြင်းဟာ မြန်မာလူထုဆန္ဒနဲ့ မကိုက်ညီတဲ့အတွက် ရေရှည် တရုတ်-မြန်မာဆက်ဆံရေးကို အဖုအထစ်ဖြစ်စေနိုင်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG- နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မိနစ်ပိုင်းကကျင်းပတဲ့ မြန်မာ့အနာဂတ်အတွက် NUG နဲ့ EROs တွေ ပူးပေါင်းဆောင်ရွက်နေမှုအကြောင်း သတင်းစာရှင်းပွဲအတွင်း အဲဒီလို ပြောသွားတာပါ။

အဲဒီသတင်းစာရှင်းပွဲအတွင်း တရုတ်နဲ့ပတ်သက်ပြီး ပြောကြားချက်တွေကို ကောက်နှုတ် တင်ပြလိုက်ပါတယ်...။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Monday, November 4, 2024

“မြန်မာလူထုရဲ့ ရင်ထဲ ဘာတွေခံစားနေရသလဲဆိုတာ တရုတ်အစိုးရက နားလည်ဖို့လိုတယ်”


“မြန်မာလူထုရဲ့ ရင်ထဲမှာ ဘာတွေခံစားနေရသလဲဆိုတာ တရုတ်အစိုးရက နားလည်ဖို့လိုတယ်”

- ဦးဝင်းမျိုးသူ (Visiting scholar - George Washington University)

(၅- ၁၁- ၂၀၂၄)

“မြန်မာလူထုခံစားချက်ကိုအလေးမထားပဲ လက်ရှိ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ပဲ ဆက်ဆံမယ်ဆိုတဲ့ မူဝါဒက ရှေရှည်မှာပြသာနာရှိတယ်။ မြန်မာလူထုရဲ့ ရင်ထဲမှာ ဘယ်လိုခံစားနေရသလဲ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို မြန်မာလူထု ဘာကြောင့်လိုချင်နေတာလဲဆိုတာကို တရုတ်အစိုးရဖက်က နားလည်ဖို့လိုတယ်” လို့ နိုင်ငံတကာဆက်ဆံရေးအကြောင်း ဆန်းစစ်ဝေဖန်သူ George Washington University က Visiting scholar ဦးဝင်းမျိုးသူက ပြောပါတယ်။

စစ်ကောင်စီဥက္ကဌ ဒီနေ့ တရုတ်နိုင်ငံသို့သွားတဲ့အခြေအနေ၊ မြန်မာလူထုရဲ့ခံစားချက်ကို အလေးမထားပဲ စစ်အာဏာရှင်ကို လက်ဆွဲနုတ်ဆက်ဖို့ပြင်နေတဲ့ တရုတ်အစိုးရရဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ၁၀၂၇ စစ်ဆင်ရေးကို တရုတ်အစိုးရဖက်က အားပေးထောက်ခံမှုရှိခဲ့သလား...

- နယ်စပ်ပိတ်တဲ့မူဝါဒက တရုတ်နယ်စပ်အစား အခြားနယ်စပ်တွေကို ပိုအားထားဖို့ တွန်းအားပေးသလို ဖြစ်သွားစေနိုင်သလား...

- လူထုဆန္ဒကိုအလေးထားမလား... အာဏာရှိသူကို လက်ဆွဲနုတ်ဆက်မလား...

- တရုတ်ဆန့်ကျင်ရေးလား... တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာရမလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

ဖီမော်မြို့သိမ်း KIA တပ်ကို ဒေသခံများကြိုဆို... KNLA- တပ်မဟာ(၅)ဒေသမှာ တလ...


ဖီမော်မြို့သိမ်း KIA တပ်ကို ဒေသခံများကြိုဆို... KNLA- တပ်မဟာ(၅)ဒေသမှာ တလအတွင်း တိုက်ပွဲ ၁၃၀ ကျော်ဖြစ်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၅- ၁၁- ၂၀၂၄)

တရုတ် - မြန်မာနယ်စပ်၊ ကချင်အထူးဒေသ(၁)ရှိ ဖီမော်မြို့ ကို နိုဝင်ဘာ ၃ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။ 

ထူးခြားတာကတော့ အဲဒီတိုက်ပွဲမှာ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူစစ်တွေဟာ အချင်းချင်းမတိုက်ချင်တဲ့အတွက် ဘက်ပြောင်းတာ၊ စခန်းစွန့်ခွာ ထွက်ပြေးတာတွေလည်းရှိခဲ့တယ် KIA-ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်းမီဒီယာတွေမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဖီမော်ကို သိမ်းပြီးတဲ့နောက် အပေါ်ဖက်ရှိ ကန်ဖန့်ရွာဖက်ရောက်လာစဉ် ဒေသခံလူထုက ကြိုဆိုနေပုံတွေကို ဖေါ်ပြထားပါတယ်။

အဲဒီ ကန်ဖန့်ရွာဖက်မှာလည်း ဒေသခံပြည်သူ့စစ်ထဲက လက်နက်ချသူ ၁၀၀ ဝန်းကျင်အထိ ရှိတယ်လို့ဆိုပါတယ်။

ဖီမော်နဲ့ ကန်ဖန့်ရွာကို သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ကချင်အထူးဒေသ(၁)နယ်မြေမှာ ကန်ပိုက်တီမြို့နဲ့ လန်ဆယ်သာရွာပဲ ကျန်တော့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- တောင်သာမြို့နယ်၊ တလိုင်းရပ်-ရွာသစ်ရှိ ပျူစောထီးအထိုင်စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ငယ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- အမ်းမြို့နယ်ရှိ နပခ- အနောပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အလွန်အကျွံပစ်ခတ်နေတဲ့အတွက် မြို့အတွင်း ပိတ်မိနေတဲ့ အရပ်သားတွေအတွက် စိုးရိမ်ရ...

- KNLA- အမှတ်(၅) တပ်မဟာ နယ်မြေမှာ ပြီးခဲ့တဲ့ တလတာအတွင်း တိုက်ပွဲပေါင်း (၁၃၆) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၂၉ ဦးသေဆုံး၊ ၃၀ ဦး ထိခိုက်ဒဏ်ရာရ...

- ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဖက်က ၃ ဦးသေ၊ လက်နက်ငယ်တလက်နဲ့ ခဲယမ်းတွေသိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Saturday, November 2, 2024

မဲဆောက်ခရီးစဉ်ဆောင်းပါးကို ပြန်လည်တည်းဖြတ်ပြီး ABSDF ၃၆ နှစ် အမှတ်တရအဖြစ် ပြန်လည်တင်ပြ...

(အရင်လက ရေးထားတဲ့ မဲဆောက်ခရီးစဉ်ဆောင်းပါးကို ပြန်လည်တည်းဖြတ်ပြီး ABSDF ၃၆ နှစ် အမှတ်တရအဖြစ် ပြန်လည်တင်ပြပါသည်)

---
(၁) ရာဇဝင်ထဲက မဲဆောက်...
---
မဲဆောက်ဆိုတာ မြန်မာ့တော်လှန်ရေးသမိုင်းနဲ့ တလျောက်လုံး ဆက်စပ်နေတဲ့မြို့ပါ။ ဟိုး...ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် ရဲဘော်သုံးကျိပ်တပ်တွေ ဂျပန်နဲ့အတူ ဝင်စဉ်ကတည်းက မဲဆောက်ကနေ စစ်ကြောင်းတခု ဝင်တယ်လို့ စာအုပ်တွေထဲ ဖတ်ရပါတယ်။


ပြီးတော့ ဝန်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်တဲ့ ပြည်ချစ်ပါတီ ခေတ်ကလည်း မဲဆောက်ဟာ အဓိကနေရာ တခုဖြစ်ခဲ့ပါတယ်။ နောက်... ၁၉၈၈ စာရေးသူတို့ တောခိုစဉ် ABSDF ကာလတုန်းကလည်း မဲဆောက်ဟာ အဓိနေရာတခုပါ။
အရင်က ရွာသာသာအဆင့်သာရှိတယ်ဆိုတဲ့ မဲဆောက်ဟာ အခု အတော်ကိုပြောင်းလဲ
တိုးတက်သွားပြီ။ ဒီမြို့ကို စာရေးသူ ပထမ ဆုံးရောက်ဖူးတာ ၁၉၈၈ အောက်တိုဘာလ၊ ABSDF ဗဟိုကော်မီတီ- နယ်မြေကော်မီတီတွ စတင်ဖွဲ့စည်းစဉ်က။ နောက်ဆုံးရောက်တာက ၂၀၁၃ ဇွန်လ။
အဲဒီ ၈၈၊ ပြီးတော့ ၂၀၁၃ ကနေ အခု ၂၀၂၄ ကြားမှာ မဲဆောက်က လုံး၀ ပြောင်းလဲသွားပြီ။ ရွာသာသာအဆင့်ကနေ တကယ့် နယ်စပ်ကုန်သွယ်ရေးမြို့ကြီးတခုဖြစ်သွားပြီ။ ဟိုက်ဝေး လမ်းတွေကလည်း အများကြီး၊ မြို့ပြင်ရပ်ကွက်သစ်တွေကလည်း အများကြီး။ မြဝတီ- ချစ်ကြည်ရေး တံတားနားမှာလည်း အိမ်ယာသစ်တွေက အများကြီး...
အရင်က နေခဲ့ဖူးတဲ့ ABSDF နယ်မြေကော်မီတီရုံးရှိရာ ရပ်ကွက်ဘေးက၊ ကျနော်တို့ ဟင်းဖိုးမရှိရင် သွားခူးနေကြ လမ်းဘေး ကဇွန်းခင်းလည်း မတွေ့တော့ဘူး။ အဲ... အရင်ခေါက်တွေက မဲဆောက်ရောက်ရင် ဝင်တွေ့နေကြ လေယာဉ်ကွင်းနားက ဒေါက်တာစင်သီယာ ဆေးခန်းတောင် အရင်နေရာမှာ မရှိတော့ဘူး...။(ဟိုး....မြို့ပြင် အမှတ် ၂ တံတားဖက်ပြောင်းသွားပြီ)။ အရင်ခေတ်က ကျနော်တို့ ကျိုးဖိုးတွေကို ခရီးသွားခွင့်လက်မှတ်ထုတ်ပေးတဲ့ ဗိုလ်မှူးစိုးစိုးအိမ်ကိုလည်း မမှတ်မိတော့ဘူး...
ဒါပေမယ့် မပူပါနက်... ဒီနေ့ ခေတ်သစ်လူငယ်တွေက ကျနော်တို့ခေတ်ကလို KNU လက်မှတ်ပါမှ မဲဆောက်တခွင် ခရီးသွားနိုင်တာမျိုးမဟုတ်တော့ဘူး။ ၁၀ နှစ်စာ လက်မှတ်တွေ၊ အလုပ်သမားလက်မှတ်တွေ၊ အနည်းဆုံးတော့ ရဲကြေး ဘတ် ၃၀၀ ပေးထားရင် တလစာ (ည ၈ နာရီကနေ မနက် ၅ နာရီအတွင်းတော့ မရ) လွတ်လပ်စွာ သွားလို့ရနေတယ်လို့ ဆိုပါတယ်။
အရင်ခေတ်ကလို မြန်မာမှန်းမသိအောင် ထိုင်းယောင်ဆောင်ရတဲ့ ခေတ်မဟုတ်တော့ဘူး။ မြန်မာပုဆိုးကိုဝတ်- မြန်မာလို အော်ကျယ်အော်ကျယ်ပြောပြီး သွားလု့ိရတဲ့ခေတ်ရောက်နေပြီ။ မြန်မာဆိုင်တွေ အများကြီးရှိနေပြီ။
“မင်္ဂလာပါ စားသောက်ဆိုင်” ဆိုရင် မနက်စာအတွက် မြန်မာစားစရာတွေ အကုန်ရတယ်။ ဆိုင်ကလည်းအကျယ်ကြီး... ၆ ယောက်ထိုင်စားပွဲ အလုံး ၂၀ ကျော်မှာ လူတွေအပြည့်၊ နန်းကြီးသုပ်တပွဲမှာတာ နာရီဝက်နီးပါး စောင့်ရတယ်။ လူများလွန်းလို့ စားဖိုမှုးတွေ- စားပွဲထိုးတွေ လက်မလည်ဘူး...
ညနေပိုင်းအတွက်ဆိုရင်လည်း MOM (Memories of Maesot) - စားသောက်ဆိုင်ဆိုတာ မြို့ပြင် ရေကန်ဘေးနားမှာ အတော်သားနားတာ။ အားပေးတဲ့လူတွေ အများကြီး...
အရင်ခေတ်ကဆိုရင် မဲဆောက်ဈေးထဲက အန်တီချစ် လဖက်ရည်ဆိုင်၊ ဒီဖက် ဈေးအထွက်က ကုလား လဖက်ရည်ဆိုင်နဲ့ ဟိုဖက် ရုပ်ရှင်ရုံနားက ဆိုင်တွေပဲရှိတာ။ လဖက်ရည်တခွက် ၅ ဘတ်နဲ့သောက်တာတောင် ... “ဘယ်ကရတဲ့ ပိုက်ဆံနဲ့ သောက်တာလဲ”...ဆိုပြီး စခန်းကနေ မဲဆာက်တက်လာတဲ့ ရဲဘော်တွေရဲ့ မေးခွန်းထုတ်ခြင်းကို ခံရပေါ့...။
အခုက ခေတ်ပြောင်းသွားပြီ၊ စားသောက်ဆိုင်တွေ၊ ဘားတွေ ထိုင်တာတောင် ပြသာနာမရှိတော့ဘူး။ တတိယ နိုင်ငံရောက် ဘော်ဘော်တွေ၊ ဒါမှမဟုတ် ပြည်တွင်းက မိဘဆွေမျိုးဆီကနေ K-pay, wave money, Western Union စသဖြင့် ခေတ်မီနည်းတွေနဲ့ လဖက်ရည်ဖိုး တောင်းလို့ ရနေပြီမဟုတ်ပါလား...
---
(၂) ရွှေကုက္ကို သို့မဟုတ် တချိန်က ကျီုးဖိုးများရဲ့ ရေကျော်စခန်း...
နွေဦးတော်လှန်ရေးအတွက် ထောက်ပို့ရဲဘော်တွေ ဘယ်လိုရန်ပုံငွေရှာနေသလဲဆိုတာကို မပြောခင် တချိန်က ABSDF ရဲဘော်များရဲ့ ကော်မူးရာ (ဝမ်ခ)နဲ့ ရေကျော်စခန်းဖက်မှာ တည်ဆောက်ထားတယ်ဆိုတဲ့ နာမည်ကြီး ရွှေကုက္ကိုမြို့ခရီးစဉ်ကို အရင် တင်ပြချင်ပါတယ်။



ပြီးခဲ့တဲ့ သင်္ကြန်ကာလ မြဝတီတိုက်ပွဲဖြစ်တုန်းက စစ်ကောင်စီ စစ်သားတွေ ခိုအောင်းခဲ့တယ်ဆိုတဲ့ အမှတ် ၂ တံတားကိုကျော်ပြီး အဝေးပြေးလမ်းပေါ်ကနေ သောင်းရင်းမြစ်အတိုင်း အပေါ်နည်းနည်းတက်လိုက်ရင် (သောင်းရင်းက ပြောင်းပြန်စီးတဲ့အတွက် ရေစီးအတိုင်းပြောရင်အောက်ဖက်) ဟွေးခလုတ်ရွာဟောင်းဖက် ရောက်ပါတယ်။
ဟွေးခလုတ်ကျော်ရင် အရင် ဝမ်ခဟောင်း- (ကော့မူရာ) နေရာပေါ့။ အဲဒီကနေ အပေါ်နည်းနည်းလေး ထပ်တက်တော့ အရင် ရေကျော်စခန်းဟောင်းနေရာဖြစ်မယ်ထင်ပါတယ်။ မှန်းပြောရတာ- မရောက်ဖြစ်တာ နှစ် ၃၀ ကျော်ပြီဆိုတော့ မသေချာတော့ဘူး။
အဲဒီနေရာမှာ သောင်ရင်းမြစ်ဘေး ထိုင်းဖက်ကမ်းက စားသောက်ဆိုင်တခုရဲ့ Rooftop ပေါ် တက်လိုက်တော့... “Wow...ရွှေကုက္ကိုဆိုတာ ဒီလိုကြီးလား”...။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာ မြင်ရတာထက် အများကြီး ပိုကြီးကျယ်ခန်းနားနေတာ တွေ့လိုက်ရပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကရင်ပြည်နယ်မှာ ရှမ်းမြောက်တို့၊ ကချင်တို့၊ ချင်းတို့၊ ရခိုင်တို့၊ ကရင်နီတို့နဲ့မတူတဲ့ အရှိတရားတခုကို တွေ့လိုက်ရတယ်လို့ပြောရမလား...။
တလောက ဖတ်ရတဲ့သတင်းတွေအရဆိုရင် သံလွင့်မြစ်နဲ့ ထိုင်းနယ်စပ်တကျောရှိ စစ်ကောင်စီစခန်းအားလုံးကို KNLA - တပ်မဟာ ၅ နဲ့ မဟာမိတ်တွေက အလုံးစုံသိမ်းပိုက်လိုက်ပြီ၊ သံလွင်မြစ်ကြောင်းတခုလုံးမှာ စစ်ကောင်စီ ကင်းစင်သွားပြီ... ဒီလို သိထားရပါတယ်။
ဒါပေမယ့် အခု ကျနော်ထိုင်ငေးနေတဲ့ သောင်ရင်းမြစ်ဘေးတလျောက်မှာတော့ စစ်ကောင်စီရော၊ စစ်ကောင်စီရဲ့ မဟာမိတ်တွေလို့ပြောနိုင်တဲ့ BGF တွေရော အများကြီးရှိနေဆဲဖြစ်ပါတယ်။ ရွှေ့ကုက္ကိုလိုမြို့သစ်တွေ ဒီနေရာမှာရှိနေခြင်းကိုက မြဝတီတိုက်ပွဲ ဘာကြောင့် အဖျားရှုးသွားသလဲ...ဆိုတဲ့ အချက်တွေအတွက် အရေးကြီး အထောက်အထားဖြစ်မယ်ထင်ပါတယ်။
BGF တွေကို KNU က ဘယ်လိုသဘောထားသလဲ...။ KIA ကတော့ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ၊ ကန်ပိုက်တည် စတဲ့မြို့တွေမှာရှိတဲ့ BGF တွေကို ဆက်တိုက် ထိုးစစ်ဆင်နေတာတွေ့ရပါတယ်။ တပ်ပေါင်းစုအတွင်း ပါဝင်တဲ့ ERO တွေရဲ့ မူဝါဒတွေက တဖွဲ့နဲ့တဖွဲ့ မတူကြဘူးလား၊ ရန်သူ့လက္ခဏ သတ်မှတ်ချက်က တဖွဲ့နဲ့တဖွဲ့ မတူကြဘူးလား...
BGF ကို မဟာမိတ်အဖြစ် စည်းရုံးဖို့ KNU ဘက်က စဉ်းစားထားပါတယ်။ KIA က တိုက်သလိုမျိုး အပြတ်တိုက်ဖို့မရှိဘူးလို့ KNU ခေါင်းဆောင်တဦးက စာရေးသူကို ပြောပါတယ်။
မာနယ်ပလောခေတ်၊ ဗိုလ်ချုပ်မြခေတ်ကလို ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံး KNU အောက်မှာ တစုတစည်းတည်းပြန်ဖြစ်ဖို့ဆိုတာ ဖြစ်နိုင်သေးလား...။ ဗိုလ်မှူးစိုးစိုးလက်မှတ်နဲ့ မဲဆောက်တခွင်သွားနိုင်တဲ့ ခေတ် လိုမျိုး KNU သြဇာ ပြန်ရှိလာနိုင်သလား...
လက်ရှိအထိုင်ကို အပြောင်းအလဲ မလုပ်နိုင်သေးရင်တော့ မာနယ်ပလောခေတ်ကလိုမျိုး တပ်ပေါင်းစုမှာ ဦးဆောင်ရေး၊ မြောက်ပိုင်းအဖွဲ့တွေနဲ့ဟန်ချက်ညီ အရှိန်အဟုန်နဲ့ ချီတက်ရေးတွေကတော့ နည်းနည်းခက်နေဦးမယ်ထင်ပါတယ်။
ဒါတွေက ရွှေကုက္ကိုမြို့ကို သောင်းရင်းမြစ် တဖက်ကမ်းကနေ ထိုင်ငေးရင်း တွေးမိတာတွေပါ။ ဒီထက် ပိုတွေးလို့မဖြစ်ဘူး။ “ပြောတာတော့ လူတိုင်းပြောတတ်ပေါ့။ ခင်ဗျားကိုယ်တိုင် နယ်စပ်ပြန်လာပြီး လာတိုက်ပါလား” ဆိုရင် ဒုက္ခရောက်မယ်။ အသက် ၆၀ နီးပြီဆိုတော့ ထောက်ပို့အဆင့်ထက် ပိုပြီး ကွင်းထဲဆင်းဖို့ မလွယ်တော့ပါ...။
---
(၃) “တပြည်လုံး PDF၊ တကမ္ဘာလုံး PRF ”
ထောက်ပို့ဆိုမှ ... အဆင်မပြေမှုတွေ၊ အားမလိုအားမရမှုတွေ မည်သု့ိပင်ရှိနေစေကာမူ လစဉ် ဒေါ်လာ ၅၀၊ ၁၀၀ ပုံမှန် အလှူငွေထည့်နေသူ၊ ဈေးရောင်းပွဲတွေ အပတ်စဉ်ကျင်းပပြီး ရန်ပုံငွေရှာပေးနေသူ ထောင်-သောင်းချီ ရှိနေဆဲဆိုတာကို သိခွင့်ရခဲ့ပါတယ်။
တနည်းအားဖြင့် NUG-MOD ရဲ့ “တပြည်လုံး PDF၊ တကမ္ဘာလုံး PRF ” ဆိုတဲ့ဆောင်ပုဒ်က အလုပ်ဖြစ်ပုံရပါတယ်။ (PRF : People's Revolution Supply Family)။



“ခေတ်က ပြောင်းသွားပြီ ကိုယ့်လူရေ...။ အခု PRF က လစဉ်ရတဲ့ ထောက်ပံငွေ၊ အခြား ကရတဲ့ အလှူငွေနဲ့ MOD ကနေ လစဉ်ရိက္ခာခွဲတမ်းပေးထားတဲ့ PDF တပ်ဖွဲ့ဝင် ၂ သိန်းလောက်အထိရှိတယ်။ ဒါတောင် မပေးနိုင်သေးတဲ့ LPDF တွေ အများကြီးကျန်နေသေးတယ်” လို့ ၈၈ တော်လှန်ရေးကနေ လက်ရှိတော်လှန်ရေးအထိ ဆက်လက်ပါဝင်နေတဲ့ ရဲဘော်ဟောင်းတဦးက ပြောပါတယ်။
နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း PDF, LPDF တွေ အင်အား ၂ သိန်းကျော်အထိရှိပြီး မြို့ပေါင်း ၈၀ ကျော်ကိုသိမ်းကာ အောင်မြင်မှုတွေအများကြီးရထားပေမယ့် အချို့ဒေသတွေမှာတော့ တောလှန်ရေးအဖွဲ့တွေ- LDPF တွေက မှိုလိုပေါက်နေဆဲလို့ ဝေဖန်သံတွေ လည်းကြားနေရပါတယ်။
၁၉၈၈ အခြေအနေနဲ့နှိုင်းယှဉ်မယ်ဆိုရင် အဲဒီကာလက ဘာမြို့မှ မသိမ်းနိုင်ဘူးဆိုပေမယ့် စက်တင်ဘာ ၁၈ မှာ စစ်တပ်က အာဏာသိမ်းပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ ABSDF ဖွဲ့နိုင်တယ်။ ဒီဇင်ဘာအစောပိုင်းမှာ DAB တပ်ပေါင်းစုဖွဲ့တယ်... စသဖြင့် တိကျခိုင်မာတဲ့ အဖွဲ့တွေ- တပ်ပေါင်းစုတွေကို ချက်ခြင်း လုပ်ပ်နိုင်တယ်လို့ ဆိုကြပါတယ်။
အခုခေတ် LPDF တွေ... NUCC ပုံစံ တပ်ပေါင်းစုတွေက ခိုင်မာတိကျမှု မရှိဘူး၊ တပ်ပေါင်းစုမူ တိကျမှုမရှိပဲ သူရသူယူ ကိုယ်ရကိုယ်ယူ သဘောဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်ကိုလည်း သုတေသနဖက်မှာ တာဝန်ယူနေတဲ့ ရဲဘော်ဟောင်းတဦးက ထောက်ပြခဲ့ပါတယ်။
ဒါပေမယ့်... လောလောဆယ်ကတော့ ...ဝေဖန်ရေးတွေ သိပ်မလုပ်နက်... ခင်ဗျားတို့ခေတ်က စဉ်းစားပုံနဲ့ ဒီနေ့ လူငယ်တွေစဉ်စားပုံ မတူတော့ဘူး။ ခင်ဗျားလုပ်နိုင်တဲ့ ထောက်ပို့ကိုပဲ များများလုပ်၊ အလှုငွေ များများရအောင် လှုပ်ဆော်ပေးတာကိုပဲ လုပ်ပါ- ကျန်တာ သိပ်မပွားနဲ့...
ဒါပေမယ့် မပြောပဲကလည်း မနေနိုင်တော့... အရင် BCG (Burma Cooridation Group) ကိုပြတဲ့ စာရင်းမျိုးလား၊ BCG လို နိုင်ငံတကာအဖွဲ့တွေက နယ်စပ်စခန်းတွေကို ရိက္ခာ-ဆေးဝါး လစဉ် လာလှုပေးတာ မရှိဘူးလား မေးမိပြန်ပါတယ်။
စာရေးသူတို့ခေတ်ကဆို BCG ကပေးတဲ့ ရိက္ခာနဲ့ပဲ လစဉ် စားဝတ်နေရေးကို ဖြေရှင်းခဲ့တာရမို့လား။ ပြည်ပရောက်မြန်မာဆိုလို့ ဒေါ်ခင်ပြုံး၊ ဦးမောင်မောင်ဆွေ၊ နောက် ဦးတင်မောင်ဝင်းတို့ရဲ့ CRDB... ဒါပဲရှိတာ။ သူတို့ကလည်း လစဉ်ပုံမှန်ပေးနိုင်တာမျိုးမဟုတ်ဘူး။
အခုကတော့ ပြည်ပရောက် မြန်မာတွရဲ့အကူအညီက အံ့သြစရာကြီး။ အဲဒါနဲ့ အဓိက လည်ပတ်နေရတာ။ ဒါဆို နိုင်ငံတကာအကူအညီဆိုတာက- လေ... ပဲရှိတာလား.. ၊ လက်နက်မပေးရင်တောင် ဆန်ဖိုး-ဆီဖိုးလေးတော့ ထောက်ပံ့သင့်တာပေါ့။ ဒါတွေကို နိုင်ငံတကာက ကူရင် ပြည်ပရောက်တွေရဲ့ ထောက်ပံ့မှုကို စစ်ရေးဖက်မှာ သုံးနိုင်တာပေါ့...။
ဒါမှမဟုတ် “ငါတို့မှာ ငါတို့ရှိနေတယ်” ဆိုပြီး သူများတွေဆီ၊ နိုင်ငံတကာအစိုးရတွေဆီ မျက်နှာငယ်တောင်းခံဖို့ သိပ်မကြိုးစားတော့တာလား။ NDAA က ဒေါ်လာ သန်း ၁၀၀ ကျော်၊ ဟိုနေရာက ဘယ်လောက်ဆိုတာတွေက မြေပြင်ကို ရောက်မလာသေးဘူးလား...
ဘာပဲဖြစ်ဖြစ်... ဒီလိုအခြေနေမှာ ပြည်ပကနေ တလနည်းနည်းစီ နိုင်သလောက် ချွေ့ (အကူအညီပေးတာကို ထိုင်းလိုနဲ့ ဘန်းစကားအခေါ်)နေသူတွေရှိသလို တပြားမှ မချွေ့ပဲ ဘေးထိုင် ဘုပြောနေသူတွေကလည်း ရှိနေဆဲလို့ ဆိုပါတယ်။
ပြည်ပကနေ နိုင်သလောက် ချွေ့နေရုံနဲ့တော့ မလုပ်မဖြစ်ဘူး။ ကိုယ်တိုင် နယ်စပ်ဆင်းပြီး လုပ်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ ပြန်လာသူ ရဲဘော်ဟောင်း အနည်းအကျဉ်းကိုလည်း မဲဆောက်မှာ တွေ့ခွင့်ရခဲ့ပါတယ်။
ပြည်တွင်းကနေ ပြန်လာပြီး ကျန်းမာရေးကိစ္စတွေကူညီပေးနေတဲ့ အရင် နယ်မြေကော်မီတီက ကိုသိန်းထွန်း၊ အမေရိကန်ကနေပြန်လာပြီး လူမှု-စီးပွားကိစ္စတွေ ကူညီပေးနေတဲ့ ဘုရားသုံးဆူဖက်က ကိုကိုချစ်တို့ ၂ ဦးပဲ လူချင်းတွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး အခြား ရဲဘော်ဟောင်းတွေနဲ့ တွေ့ခွင့်မရလိုက်ပါ။
နယ်သာလန်ကပြန်လာတဲ့ ကိုဘီစီက ရှေ့တန်းရောက်နေလို့ ချိန်ပြီး လွဲခဲ့ရ၊ နော်ဝေကနေ ပြန်လာတဲ့ နိုင်-ကျဉ်းဟောင်း ၂ ဦးနဲ့လည်း ချိန်ပြီး လွဲခဲ့ရပြန်ပါတယ်။ အခြား စာရေးသူ မသိတဲ့ ABSDF ရဲဘော်ဟောင်းတွေ၊ နိုင်-ကျဉ်း ဟောင်းတွေ တတိယ နိုင်ငံတွေကနေ ပြန်လာပြီး နွေဦးတော်လှန်ရေးကိုကူညီနေတာ ဒါဇင်နဲ့ချီရှိနေပါတယ်။
အဲဒီထဲက တဦးကတော့ အခု ABSDF ၃၆ နှစ်ပြည့် နှစ်ပတ်လည်မတိုင်ခင်လေးမှာတင် ကျဆုံးသွားတဲ့ ရဲဘော်မြင့်ဇော် ဖြစ်ပါတယ်။ သူဟာ အရင် ဗဟိုဖက် စခန်းတခုကဖြစ်ပြီး ၁၉၉၂ ရေကျော်စခန်း (အခု ရွှေကုက္ကိုနေရာ) တိုက်ပွဲမှာ ပါဝင်ခဲ့ဖူးသူလို့ သိရပါတယ်။
နောက်ပိုင်း သြစီမှာ အခြေချနေထိုင်ပြီး အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာ မဲဆောက်ကို ပြန်လာပြီး၊ အဲဒီကတဆင့် ကရင်ပြည်နယ်ထဲကိုဝင်ပြီး (၈.၈.၂၀၂၁) က စတင်ကာ နဂါးဖြူ စစ်ကြောင်းမှာ PDF ရဲဘော်အဖြစ် တာဝန်ထမ်းနေသူ ဖြစ်ပါတယ်။ ရဲဘော်သစ် တခါပြန်ဖြစ်ချိန်မှာ သူ့အသက်က ၆၁ နှစ်- ရှိနေပါပြီ။



အဲဒီလို သမိုင်းဖြတ်သန်းမှု၊ ပေးဆပ်မှုတွေရှိခဲ့တဲ့ ABSDF ရဲဘော်ဟောင်း၊ PDF ရဲဘော်သစ် ကိုမြင့်ဇော်ဟာ ရှေ့တန်းမှာ တိုက်ပွဲဝင်ရင်း ABSDF ၃၆ နှစ်ပြည့် မွေးနေ့မတိုင်ခင် တရက်မှာ ကွယ်လွန်သွားတယ်လို့သိရပါတယ်။
ကိုမြင့်ဇော်အပါဝင် ABSDF ခေတ်ကနေ PDF ခေတ်အထိ တော်လှန်ရေးထဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့သူတွေ၊ နယ်စပ်အထိလာပြီး ကူညီပေးနေသူတွေ၊ တတိယ နိုင်ငံတွေကနေ တတ်နိုင်သလောက်ဝိုင်းကူပေးနေတဲ့ ရဲဘော်ကြီးများအားလုံးကို ...
ABSDF ၃၆ နှစ်ပြည့်မွေးနေ့မှာ အလေးပြုလိုက်ပါတယ်။. ။
ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်
(၂- ၁၁ -၂၀၂၄)

“မြန်မာနိုင်ငံမှာ အနောက်တိုင်းလိုလားတဲ့ ဒီမိုကရေစီအစိုးရ ပေါ်လာမှာကို တရ...


“မြန်မာနိုင်ငံမှာ အနောက်တိုင်းလိုလားတဲ့ ဒီမိုကရေစီအစိုးရ ပေါ်လာမှာကို တရုတ်က မလိုလားဘူး” 

- ဦးဝင်းမျိုးသူ (Visiting scholar - George Washington University)

(၃- ၁၁- ၂၀၂၄)

“အာဏာသိမ်းစစ်တပ်က တိုက်ရိုက်အုပ်ချုပ်တာနဲ့စာရင် ရွေးကောက်ခံ စစ်တပိုင်းအစိုးရက အုပ်ချုပ်တာကိုမျိုးကို တရုတ်က ပိုလားမယ်ထင်တယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ အနောက်တိုင်းလိုလားတဲ့ ဒီမိုကရေစီအစိုးရ ပေါ်လာမှာကို တရုတ်က မလိုလားဘူး” လို့ နိုင်ငံတကာဆက်ဆံရေးအကြောင်း ဆန်းစစ်ဝေဖန်သူ George Washington University က Visiting scholar ဦးဝင်းမျိုးသူက ပြောပါတယ်။

နွေဦးတော်လှန်ရေးကို ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေ ပိတ်ထားလိုက်တာ၊ စစ်ကောင်စီဥက္ကဌကို တရားဝင်ဖိတ်ကြားပြီး ဆွေးနွေးဖို့ပြင်နေတာ... စတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီဥက္ကဌကို ဖိတ်ကြားခြင်းဟာ လူထုဆန္ဒနဲ့ဆန့်ကျင်နေတဲ့အတွက် တရုတ်ဆန့်ကျင်ရေးကို တရုတ်အစိုးရကိုယ်တိုင် ဖန်တီးလိုက်သလိုဖြစ်သွားစေသလား...

- တရုတ်အစိုးရက မြန်မာနိုင်ငံကို ဘယ်လိုဖြစ်စေချင်နေတာလဲ...

- မြန်မာစစ်တပ်ဟာ တရုတ်မုန်းတီးရေးလှုပ်ဆော်နေတဲ့ အဓိက တရားခံလား...

- ၁၀၂၇ စစ်ဆင်ရေးအပေါ် တရုတ်ဖက်က ဘယ်လိုသဘောထားသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေးအင်အားစုတွေက တရုတ်ကို ဘယ်လိုချည်းကပ်စည်းရုံးသင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Friday, November 1, 2024

“တရုတ်က ဖိအား ဘယ်လောက်ပေးပေး၊ ဒီတော်လှန်ရေးရဲ့ အရှိန်က တန့်သွားမှာမဟုတ်ဘူး”


“တရုတ်က ဖိအား ဘယ်လောက်ပေးပေး၊ ဒီတော်လှန်ရေးရဲ့ အရှိန်က တန့်သွားမှာမဟုတ်ဘူး”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁ -၁၁-၂၀၂၄)

“တရုတ်အစိုးရဖက်က စစ်ကောင်စီဥက္ကဌဖိတ်ကြားပြီး နွေဦးတော်လှန်ရေးကို အရှိန်ကျအောင်လုပ်နေတယ်။ ဒါပေမယ့် ဒီတကြိမ်တော်လှန်ရေးက အရင်နဲ့မတူတဲ့ အရှိန်အဟုန်နဲ့ သွားနေတာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေး အရှိန် တန့်သွားမှာမဟုတ်ဘူး” လို့ စီပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ချိန်မှာ စစ်ကောင်စီအပေါ် တရုတ်ဖက်က ပေါ်တင်ထောက်ခံ အားပေးတဲ့ လက္ခဏတွေ ပြသလာခြင်းကြောင့် နွေဦးတော်လှန်ရေး အရှိန်ကျသွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- နယ်မြေအတော်များများကို တော်လှန်ရေးတပ်တွေက သိမ်းထားချိန်မှာ... တရုတ်အစိုးရက ဘာကြောင့် စစ်ကောင်စီကိုဥက္ကဌကို တရုတ်ပြည်ဖိတ်ကြားတာလဲ...

- တရုတ်ဖိအားကြောင့် နွေဦးတော်လှန်ရေး အရှိန်ကျသွားနိုင်သလား...

- ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်း NUG မှာ ရှိနေပြီလား...

- “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုတာကို ဘယ်လို အရှိန်မြှင့်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More