Friday, June 29, 2018

"စစ်ရာဇဝတ်မှုနဲ့ စွပ်စွဲခံထားရသူတယောက် မြန်မာသမ္မတ ဖြစ်လာလေမလား"


30/6/2018
"စစ်ရာဇဝတ်မှုနဲ့ စွပ်စွဲခံထားရသူတယောက်
မြန်မာသမ္မတ ဖြစ်လာလေမလား"
ဘာတေးလစ်တနာ
( မူရင်းဆောင်းပါးရှင် ၏ အာဘော်သာဖြစ်ပါသည်)
Will an alleged war criminal become president of Myanmar?
Bertil Lintner
June 28 , 2018 12:26pm ။Asia Times . ကိုဘာသာပြန်ပါသည်။
ပြန်ဆိုသူ = ဒေါက်တာသိန်းမြင့် ( လူချို )

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို လူသားများအပေါ်ကျူးလွန်တဲ့
ရာဇဝတ်မှု ဆိုတဲ့စွပ်စွဲချက်နဲ့ ဟိဂ်မြို့ကနိုင်ငံတကာရာဇဝတ်ခုံရုံးကိုပဲ အတင်ခံ ရမလား၊ ထိုအစား နောက်သက်တမ်းမြန်မာသမ္မတအဖြစ် အမျိုးသားရေး စိတ်လှိုင်းလုံး နဲ့ ရေပန်းစား အရွေးခံရမလား။ နိုင်ငံရဲ့ အဝေဖန်အခံရဆုံး ဖြစ်ပေမယ့် နိုင်ငံရေးအရအင်အားကြီးတဲ့ လက်နက်ကိုင်တပ်များရဲ့ စစ်ဦးစီး ချုပ်ဖြစ်သူရဲ့ အနာဂတ်ဟာဘာများဖြစ်လေမလဲလို့ ဖြစ်နိုင်ခြေ များစွာ ရှိနေပါ တယ်။
လူ့အခွင့်အရေးများကိုစနစ်တကျ အလွဲသုံးမှု၊ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်
ဩဂုတ် ကစတင်ခဲ့တဲ့ စစ်တပ်ရဲ့ ရှင်းလင်းရေးစစ်ဆင်မှုများကြောင့် အကြမ်း ပြင်း ၈သိန်းခန့်ရှိမယ် ဘင်္ဂလီများ အိမ်နီးချင်း ဘင်္ဂလားဒေ့ နိုင်ငံထဲ ပြေးဝင် သွားခဲ့ကြတဲ့ မြန်မာအနောက်ပိုင်းရခိုင်ပြည်နယ် အရေးအတွက် ဗိုလ်ချုပ်မှူး ကြီးမှာ တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးအုပ်စုများက တဖက်မှာ ယုံကြည် နေကြပါတယ်။
ဒုက္ခသည်များဟာ တပ်မတော်လို့ သိကြတဲ့ စစ်တပ်ကသူတို့အပေါ်
ကျူးလွန်တယ်ဆိုတဲ့ မုဒိန်းမှု လူသတ်မှု မီးရှို့မှုစတဲ့ ထိတ်လန့်ဖွယ်အကြောင်း အရာတွေ သူတို့နဲ့အတူ ယူဆောင်သွားခဲ့ကြပါတယ်။အခြားတဖက်မှာတော့ နိုင်ငံရေးအကဲခတ်အချို့ကနိုင်ငံရဲ့ထိပ်ဆုံးစစ်သားကြီးဟာ ဝင်ရောက်အရွေး ခံဖို့အစီအစဉ် ကို လူသိရှင်ကြားမကြေငြာထားသော်လည်း၊ နိုင်ငံရေး ရည်မှန်းချက်များ ရှိပုံရတယ်လို့ သိနေကြပါတယ်။ စစ်ဘက်ဒါမှမဟုတ် စစ်ဘက်ကကျောထောက်နောက်ခံပြုထားတဲ့ အာဏာအလွဲပြုမှု ဆယ်စုနှစ်
များစွာ ကို အဆုံးသတ်စေခဲ့တဲ့လက်ရှိအမျိုးသားခေါင်ဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရွေးကောက်ခံNLD ပါတီဟာ ၂၀၁၆မတ် လ အစိုးရ ဖွဲ့ပြီးကတည်းကညံဖျင်းတဲ့ဆောင်ရွက်ချက်များကြောင့်မြန်မာလူထုဟာလတ်ဆတ် သစ်လွင်တဲ့ အခြားတခုကို စောင့်မျှော်ခဲ့ကြပါတယ်။
ရခိုင်က မူစလင်လူနည်းစုကို ဘင်္ဂလားဒေ့ ကခိုးဝင်လာသူများလို့
မြင်ကြတဲ့ မြန်မာ အများစုကြားမှာ ရိုဟင်ဂျာတွေအပေါ်လုပ်ခဲ့တဲ့ စစ်ဘက်ရဲ့ စစ်ဆင်ရေးဟာထောက်ခံကြိုဆိုမှု မရခဲ့တာမဟုတ်ပါဘူး။ ကုလ နဲ့ နိုင်ငံတ ကာ လူ့အခွင့်အရေးအုပ်စုများက "လူမျိုးစုရှင်းလင်းရေး" နဲ့ "လူမျိုးတုန်း သတ်ဖြတ်မှု" လို့တောင်မြင်ခဲ့ကြတဲ့အဖြစ်ဟာမင်းအောင်လှိုင် ရဲ့ ပုံရိပ် နဲ့ ရေပန်းစားမှုကို ဒေသအတွင်းမှာ မြှင့်တင်ပေးနိုင်ခဲ့ပုံရပါတယ်။
လူသားများကိုဆန့်ကျင်မှု ပြစ်မှုနဲ့ နိုင်ငံတကာတရားရုံး ကို လွှဲပို့ခံရ
ခြင်း ဒါမှမဟုတ် ရွေးကောက်ခံရပြီး သမ္မတဖြစ်လာခြင်း ဆိုတဲ့ စိတ်မှန်းပုံရိပ် နှစ်ခုလုံးဟာ သေချာပေါက်ဖြစ်လာနိုင်မယ်လို့တော့ပြောမရသေးပါဘူး။ဒါပေမယ့် ရိုဟင်ဂျာအခြေအနေအတွက် တစုံတရာ တာဝန်ယူမှုရှိဖို့အတွက် နိုင်ငံတကာ ဖိအားက စုဖွဲ့နေပါပြီ။ ဇွန်၂၇ရက်ကထုတ်ပြန်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဘင်္ဂလီများအပေါ် စစ်တပ် ကစစ်ဆင်ရေးဟာလူသားများအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်ပြီးဗိုလ်ချုပ်
မှူး ကြီးမင်းအောင်လှိုင် နဲ့ အခြားအရာရှိ ၁၂ဦး ပါဝင်ပတ်သက်ကြောင်း
ကျယ်ပြန့် ယုံကြည်ရတဲ့ သက်သေများ စုဆောင်းထားပြီးပြီဆိုပါတယ်။ အကြမ်းဖက်မှုများဟာ စစ်သားတဦးချင်း တပ်ဖွဲ့တဖွဲ့ချင်းရဲ့ဆိုးရွားတဲ့ အပြု အမူမျိုးမဟုတ်ပဲ အဆင့်မြင့်ပြင်ဆင်ထားတဲ့ စနစ်ကျတဲ့ တိုက်ခိုက်မှုများ ဖြစ်တယ်ဆိုတဲ့ ဒီအစီရင်ခံစာ ဟာ ဒီဖြစ်ရပ်ကို နိုင်ငံတကာတရားခုံရုံး ကို တင်ဖို့ဆော်ဩထားပါတယ်။
လူမျိုးစုရှင်းလင်းရေးစစ်ဆင်မှု မတိုင်ခင်နဲ့ စစ်ဆင်ရေး အတွင်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိကြီးများ ဟာ ရခိုင်ဒေသ ကိုသွားခဲ့ကြပြီး စစ်ဆင်ရေးကဏ္ဍများကိုကွပ်ကဲခဲ့ကြတယ်
လို့ ဒီအစီရင်ခံစာ ကဆိုပါတယ်။ "လူသားများကိုဆန့်ကျင်တဲ့ပြစ်မှုများ ကျူး လွန်နေကြတယ်" ဆိုတာကိုစစ်ဘက်အကြီးတန်းအရာရှိများဟာ သိရမယ် ဒါမှမဟုတ် သိသင့်တယ်။ သို့နှင့်တိုင် ဒီပြစ်မှု များကို တားဆီးဖို့ သို့မဟုတ် အပြစ်ပေးဖို့သူတို့ရဲ့ အမိန့်အာဏာ ကို အသုံးမပြုဘဲ ပျက်ကွက်ခဲ့ကြတယ် လို့
စွပ်စွဲထားပါတယ်။ ဒါ့အပြင် ဖြစ်ရပ်နောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့
ပြစ်မှု အများစုကြီး ကို ဖာထေးဖို့တောင်ကြိုးစားခဲ့တယ်လို့ စွပ်စွဲပါတယ်။
စွပ်စွဲထားတဲ့ပြစ်မှုများကို အိုင်စီစီကစစ်ဆေးဖို့၊ အိုင်စီစီတရားသူကြီး
များက မြန်မာအစိုးရ ကို ဇူလိုင်၂၇ရက်နောက်ဆုံးထား အကြောင်းပြန်ဖို့ ဇွန်၂၂ရက် က တောင်းဆိုထားပါတယ်။၁၉၉၈ ခုနှစ် အိုင်စီစီစတင်ထူထောင် ခဲ့တဲ့ ရောမ နည်းဥပဒေပြဋ္ဌာန်းမှုကို မြန်မာအစိုးရက လက်မှတ်မထိုးထား တဲ့အတွက် အိုင်စီစီရဲ့ တရားစီရင်နိုင်ခွင့်ပြင်ပမှာရှိနေပါတယ်။ အစိုးရက လည်း ဒီပန်ကြားမှုကို တရားဝင်ပြန်ကြားမှာမဟုတ်ဘူးလို့ပြောထားပါ တယ်။
အိုင်စီစီတရားသူကြီးများအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတခုကတော့
အခု အိုင်စီစီ ရှေ့ကိုရောက်နေပြီဖြစ်တဲ့ ဒုက္ခသည်များရဲ့ ကိုယ်စားလည်များက တင်သွင်းတဲ့ စွဲဆိုချက်အပေါ်ဆက်နွယ်ပါတယ်။နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်ပြီး ဖြစ်ပေါ်တဲ့ပြစ်မှုရဲ့ အခြေခံ ဥပဒေကြောင်း ဆိုင်ရာအရ- ရောမပြဋ္ဌာန်းချက်အဖွဲ့ဝင် နိုင်ငံတခုရဲ့ ပိုင်နက်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာပါ။
ဘင်္ဂလားဒေ့ ဟာ ၂၀၁၀ မှာ ရောမစာချုပ်ကိုလက်မှတ်ရေးထိုး
ထားခဲ့ပါတယ်။ ဒီစွဲဆိုချက်ကိုသာ လက်ခံခဲ့ရင် အိုင်စီစီဟာ ဘင်္ဂလားဒေ့ ကို တရားစီရင်ရေးမှာ အသုံးချနိုင်ပါတယ်။ ဒါပေမယ့် ဒီအမှုတွဲ အိုင်စီစီ ရောက် တယ်ထားဦး မင်းအောင်လှိုင် ဟာ တရားစွဲဆိုမှုကို ရင်ဆိုင်ဖို့ ဟိဂ်မြို့ကို လာလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်ပဲဖြစ်ပါလိမ့်မယ်။ အပြစ်ရှိ တယ်လို့ မျက်ကွယ်မှာအမိန့်ချခဲ့ရင်လည်း တခုတည်းသောဖြစ်နိုင်ခြေ က စစ်တပ်ဦးစီးအရာရှိချုပ် ဟာ အိုင်စီစီ ကိုလက်မှတ်ထိုးထားတဲ့ နိုင်ငံတွေကို သွားဖို့ ခက်ခဲမှာ တခုပဲဖြစ်ပါတယ်။
တချိန်တည်းမှာ အိုင်စီစီ ရဲ့ အမိန့်ချမှတ်မှု နဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အခြား ထိပ်တန်းခေါင်းဆောင်များကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ရင်မြန်မာဟာ ၂၀၁၁ နဲ့ ၂၀၁၂ မှာ ပိုမိုပွင့်လင်းမှုများဆီသို့ ရွှေ့ပြောင်းခဲ့မှု မတိုင်မီအရင်က လို အနောက်နိုင်ငံများရဲ့ အပယ်ခံဘဝ ကိုပြန်ရောက်သွားပါလိမ့်မယ်။
ဥရောပသမဂ္ဂ ကတော့ ဘင်္ဂလီများအပေါ် ဆန့်ကျင်ခဲ့တဲ့ ကဏ္ဍမှာ
ပါဝင်ခဲ့တဲ့ စစ်အရာရှိ ခုနစ်ဦးကို ပိတ်ဆို့ကန့်သတ်မှုများ ချမှတ်ပြီးဖြစ်ပါ တယ်။သူတို့ထဲကနှစ်ဦးဟာတပ်မှထုတ်ပယ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီသူများဟာ သူတို့အလိုအတိုင်း လုပ်နိုင်ခဲ့မှာမဟုတ်တဲ့အတွက် ဒီထုတ်ပယ်မှု ဟာတရားခံထိုးကြွေး တာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ အိုင်စီစီ မှာ တရားစွဲမခံရခဲ့ရင်
သူ ဟာ သမ္မတရာထူးအတွက်ဝင်ရောက်အရွေးခံမလား အမေးရှိပါတယ်။ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ်ရာထူးနဲ့ ညီတဲ့နိုင်ငံတော် အတိုင်
ပင်ခံပုဂ္ဂိုလ်ရာထူး နဲ့စာလျင် ကာကွယ်ရေးဦးစီးချုပ် နဲ့ အငြိမ်းစားအဆင့်မြင့် စစ်အရာရှိနေရာကတောင် သူ့အတွက်အာဏာ ပိုရှိနေတဲ့အချက်ကို စဉ်းစား ကြည့်ရင် ဒီကိစ္စဟာ ချက်ချင်းကြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်ဦးမှာ မဟုတ် ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဟာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်
ပွဲမှာအနိုင်ရခဲ့တဲ့ NLD ရဲ့ သမိုင်းဝင်အောင်ပွဲပြီးနောက် ဒေါ်အောင်ဆန်း
စုကြည် သမ္မတမဖြစ်အောင်တားထားတဲ့ အခြေခံဥပဒေ တားမြစ်ချက်ကို ကွေ့ပတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဖန်တီးပေးခဲ့တဲ့ ရာထူးဖြစ်ပါ တယ်။
အာရှတိုက်က အရပ်ဘက် စစ်ဘက်ဆက်ဆံရေးများ ကျွမ်းကျင်သူ
ဖြစ်တဲ့ အမေရိကန် ပညာရှင် ဇိုလ်တန်ဘာရာနေ ကတော့ ဇန္နဝါရီထုတ် ဒီမိုကရေစီဂျာနယ် က ဆောင်းပါးတပုဒ်မှာ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးတွေ ကနေ ရွေးကောက်ခံအရပ်သားများကို အာဏာထိထိရောက်ရောက်လွှဲပေး တာ မရှိသေးဘူးဆိုပါတယ်။ တပ်မတော်က ဒီလိုမျိုးမဖြစ်စေချင်သေးသ၍ ဒီလိုမျိုးအရေးပါအရာရောက်တဲ့အာဏာလွှဲမှု ရှိမှာမဟုတ်ဘူးဆိုပါတယ်။
တပ်မတော် ဟာ ဒီလိုလုပ်ချင်စိတ် ရှိရဲ့လားဆိုတာလည်းမသဲကွဲ
ပါဘူး။ ပြည်သူ့လွှတ်တော် မှာရော အမျိုးသားလွှတ်တော်မှာပါ တပ်မတော် ဟာ အမတ် လေးပုံတပုံ ခန့်အပ်ထားပါတယ်။စစ်ဘက်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှု ကိုတသမတ်တည်းအကာအကွယ်ပေးထားတဲ့ အုပ်စုပါ။ စစ်တပ်က ဖန်တီး ထားတဲ့ အခြေခံဥပဒေ ကိုပြင်ချင်လျင် အမတ်လေးပုံ သုံးပုံ အထက်သဘော တူရမယ်လို့ ပြဋ္ဌာန်းထားလို့ပါ။ စောင့်ကြည့်သူအများစု က ဒီဥပဒေဟာ
၂၀၀၈ခုနှစ်က မသမာတဲ့ ဆန္ဒခံယူပွဲနဲ့အတည်ပြုခဲ့တာလို့ ယူဆကြပါတယ်။ ဒီဥပဒေ ကို ပြင်မဲ့ လုပ်ဆောင်မှုမှန်သမျှ ကို စစ်ဘက်ကတားဆီးပိတ်ဆို့နိုင်ပါ တယ်။
အခြေခံဥပဒေအရ နိုင်ငံတော်အရေးပေါ်အခြေအနေ ဖြစ်ပေါ်ခဲ့လျင်
စစ်တပ်ဟာ အစိုးရတာဝန်ကို တရားဝင်ရယူနိုင်ပါတယ်။ နိုင်ငံရဲ့အရေး အကြီးဆုံးဝန်ကြီးဌာန သုံးခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးများကိုလည်းစစ်တပ်ကဘဲ ခန့်အပ်တာဖြစ်ပါ တယ်။ပြည်ထဲရေးဝန်ကြီးဌာနဟာ ရဲတပ်ဖွဲ့နဲ့ရဲသတင်းတပ်ဖွဲ့ တို့ကိုထိမ်းချုပ် ထားပါတယ်။ ရဲသတင်းတပ်ဖွဲ့ဟာ အရင်ကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ လှို့ဝှက်စစ်ထောက်လှမ်းရေးဌာန ရဲ့ တာဝန်ကို ယူထားတယ်လို့ယူဆပါ
တယ်။ လက်တွေ့မှာ ထောက်လှမ်းရေးအလုပ်ထက် လှို့ဝှက် ရဲတပ်ဖွဲ့ ဖြစ်နေ ပါတယ်။ ရဲသတင်းတပ်ဖွဲ့အာဏာရှိလာတာနဲ့အမျှ စစ်တပ်ဟာတိုင်းပြည်ရဲ့ လုံခြုံရေးယန္တယားကို ပိုမို တိုက်ရိုက်ကိုင်တွယ် လာနိုင်တယ်လို့ ယူဆရပါ တယ်။
နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးအာဏာများအားလုံးကို စစ်တပ်
ရဲ့ လက်ထဲမှာ ဖြန့်ကျက်ထားနိုင် တဲ့အခြေအနေမှာ မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏာထိပ်ပိုင်းရာထူးကိုစွန့်ပြီး သမ္မတရာထူးကို ဘာကြောင့်ယူချင်သလဲ ဆိုတာ ရှင်းလင်းတဲ့အကြောင်းပြချက်မရှိပါဘူး။ သမ္မတဟာ ဂုဏ်ထူးဆောင် ရာထူးတခုဖြစ်နေပြီး ဟာလာဟင်းလင်းဖြစ်နေတဲ့ နေပြည်တော်မှာ အခြေ စိုက်တဲ့ အာဏာမဲ့ ရုပ်ပြခေါင်းဆောင် ဖြစ်နေလို့ပါ။
အစိုးရကတော့ ကားမောင်းသူနေရာရောက်နေတယ်လို့ လေ့လာသူ
အများစုကယုံကြည်ကြပါတယ်။ စစ်တပ်အပေါ်ဒေါ်စုကြည်ဟာ ဩဇာ အာဏာမရှိပေမယ့် ဘင်္ဂလီအရေးအခင်းမှာ သူမ ဟာ အဝေဖန်ခံနေရပါ
တယ်။ဒီအတွက်ကြောင့် ရက်စက်မှုများအတွက် အဓိကအပြစ်တင်ခံရမယ့် စစ်တပ်ကို တပြိုင်နက်တည်း အကာအကွယ်ပေးသလိုဖြစ်နေပါတယ်။ တပ်မ တော် ရဲ့ ကျူးလွန်မှုကို ဆန်ကျင်မပြောခဲ့တဲ့အတွက် ဒေါ်စုကြည်ကိုစွပ်စွဲနိုင်
ပေမယ့်၊ သူမကိုပါ အိုင်စီစီလွှဲပေးတာမြင်ချင်နေကြတဲ့အချို့သော တက်ကြွ
လှု ပ်ရှား သူများ ယူဆကြသလိုစစ်ရာဇဝတ်မှုများမှာ သူမဟာ " ကြံရာပါ" မဖြစ်နိုင်ပါဘူး။
မင်းအောင်လှိုင်ဟာ နိုင်ငံတခုလုံးမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဆိုတာ
သံသယဖြစ်ဖွယ်မရှိသလို၊ ရှေ့မြင်နိုင်တဲ့ အနာဂတ်ကာလ မှာလည်းဒီအတိုင်း အာဏာရှိဆဲဖြစ်ပါလိမ့်မယ်။ သူ့ကို တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ၁၉၅၆ ခုနှစ်ကမွေးဖွားခဲ့ပါတယ်။ ၁၉၇၂-၇၃ မှာ ဥပဒေပညာ ကိုတက္ကသိုလ်မှာ သင်ယူခဲ့ပြီး စစ်တက္ကသိုလ် ကို တတိယအကြိမ်ကြိုးပမ်းမှု ၁၉၇၄ ခုနှစ်မှာမှ တက်ခွင့်ရခဲ့ပါတယ်။ ၁၉၇၇ မှာဘွဲ့ရပြီး စစ်တပ်မှာ ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်အဖြစ်စတင်အမှုထမ်းပါတယ်။ ရာထူးအလျင်အမြန်တိုးခဲ့ပါတယ်။
၂၀၀၁ မှာ အမှတ်၄၄ခြေမြန်တပ်မ တပ်မမှူး ဖြစ်ခဲ့ပြီး၊ မကြာခင် အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ နယ်စပ်ရေးရာများမှာတာဝန်ရှိတဲ့ အနောက်ပိုင်းတိုင်းတိုင်းမှူး ဖြစ်ခဲ့ပါတယ်။၂၀၀၅ မှ ၂၀၀၈ အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသ တိုင်းမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၀၉ခုနှစ်မှာ ရှမ်းပြည်မြောက်ပိုင်း တရုတ်နွယ်ဖွားများကြီးစိုးရာ
ဒေသ က မြန်မာအမျိုးသားမဟာမိတ်တပ်ပေါင်းစု သူပုန်များကိုထိုးစစ်ဆင် တာကို ဦးဆောင်ခဲ့ပြီးနောက်အထူးစစ်ဆင်ရေးအဖွဲ့ ၂ ခေါင်းဆောင်အဖြစ် ထူးတိုး နာမည်ကျော်ခဲ့ပါတယ်။ ၂၀၁၁ မတ်ကတည်းက စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနေရာဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန် ကို ယူခဲ့ပါတယ်။
စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တယောက်အနေနဲ့ သူဟာ တပ်မတော် အတွင်းကသူနဲ့ပြိုင်ဘက်ဖြစ်လာနိုင်သူအားလုံးကို ကျွမ်းကျင်စွာပညာပြနိုင်ခဲ့ ပါတယ်။ ထိုသူများကို အကျင့်ပျက်ခြစားမှုကြောင့်ရာထူးမှထုတ်ပစ်၍သော် လည်းကောင်း သူ့အောက်တဆင့်နိမ့်ရာထူးကို မပေးပဲ အခြားတန်းစီစာရင်း မှာ အဆင့်နိမ့်တဲ့ရာထူးများတိုးပေးခြင်းဖြင့်သော်လည်းကောင်း လုပ်ခဲ့ပါ တယ်။ ဒီနည်းအားဖြင့် သူ့အပေါ်အလွန်သစ္စာရှိတဲ့အရာရှိအုပ်စုကိုဖန်တီး ယူခဲ့ပါတယ်။
မင်းအောင်လှိုင် ရဲ့ ဒေသအပေါ်အမြင်များကိုတော့ အတိအကျပြော
ရန်ခက်ပါတယ်။၂၀၁၁ နိုဝင်ဘာ မှာ တရုတ်နဲ့ ဆက်သွယ်ရေးခိုင်မာစေဖို့ ညှိနှိုင်းရာမှာ သူဟာ တပ်မတော် ကိုယ်စားလှည်ဖြစ်ခဲ့ပါတယ်။ တရုတ်မြန်မာ နယ်စပ်တလျောက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက်ရင်းနှီးစွာပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုကာလ မှာပဲ တရုတ်သမ္မတ ရှီကျင့်ပင် နဲ့တွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူကာကွယ်ရေး ဦးစီးချုပ် ရာထူးယူပြီးပြီးချင်း ပထမဆုံးသွားတဲ့ နိုင်ငံခြားခရီးက ဘေဂျင်း မဟုတ်ပဲ တရုတ်ရဲ့ ရိုးရာရန်ဘကဗီယက်နမ် ဆိုတာကိုမေ့ထားလို့မဖြစ်ပါ ဘူး။ မြန်မာ နဲ့ ဗီယက်နမ်ဟာ သူတို့ရဲ့မြောက်ဘက်ကအင်အားကြီးမားတဲ့ အိမ်နီးချင်း ကိုကြောက်ရခြင်းဟာ တူညီတဲ့ ဘုံလက္ခဏာပါ။ ဒါကြောင့် မင်းအောင်လှိုင် ဟာ သူ့ရဲ့ဗီယက်နမ်အိမ်ရှင်များနဲ့ ဆွေးနွေးစရာများစွာ ရှိတယ်လို့ယူဆရင် သဘာဝကျပါလိမ့်မယ်။
အမှန်တကယ်လည်း နေပြည်တော်အတွင်းလူများက ယူဆတာက
မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်အရာရှိများဟာ ဒေါ်စုကြည်ဟာတရုတ်နဲ့ နီးစပ်လွန်းပြီး တရုတ်ကလွယ်လွယ်နဲ့ ကြိုးကိုင်သွားနိုင် လိမ့်မယ်လို့ ထင်နေကြတယ်ဆိုပါတယ်။ ၂၀၂၀နောက်တကြိမ်ရွေးကောက်ပွဲမှာ ဘာဖြစ်လိမ့်မလဲလို့ ဟောကိန်းထုတ်ဖို့တော့ စောလွန်းနေပါသေးတယ်။ ဒါပေမယ့် NLD ဟာသူ့ရဲ့ယခင်ကရေပန်းစားမှုများ များစွာ ပျောက်ဆုံးခဲ့ တယ်ဆိုတာကတော့ သံသယရှိစရာမလိုပါဘူး။ အထူးသဖြင့် သူတို့ရဲ့ နာကြည်းချက်များကိုဒေါ်စုကြည် နားလည်ပေးဖို့ပျက်ကွက်ခဲ့လို့ စိတ်ပျက်ခံ စားခဲ့ရတဲ့ တိုင်းရင်းသား လူမျိုးစုဒေသများမှာပါ။ အလားတူပဲ သူတို့ထွေး ပွေ့ထားခဲ့ကြတဲ့ မျော်လင့်ချက်အိပ်မက်များကို NLD ရဲ့ ညံ့ဖျင်းတဲ့လုပ်ဆောင် ချက်များက လွင့်ပစ်လိုက်တာခံရတဲ့ မြို့ပြနေပညာတတ်များ ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူဟောင်းကြီးများကြားမှာလည်း ထို့အတူပါပဲ။ 
NLD က ၂၀၁၆ရွေးကောက်ပွဲမှာနိုင်ပြီး အာဏာလွှဲပြောင်းယူချိန်
အထိ ( အကြီးအကျယ်ဝေဖန်ခံရပြီး လုပ်ဇာတ်ကြီးလို့ စွပ်စွဲခံရတဲ့
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး) အစိုးရတာဝန်ယူခဲ့ တဲ့ ပြည်ခိုင်ဖြိုး အဖွဲ့ ဟာ ၂၀၂၀မှာ နိုင်ခြေ အနည်းငယ် သို့မဟုတ်လုံးဝမရှိဘူး ဆိုတာကို
တော့ နိုင်ငံရေးအကဲခတ်များကယုံကြည်ကြပါတယ်။ဒါပေမယ် ပြည်ခိုင်ဖြိုး ပါတီ နဲ့ သူကတဆင့် စစ်တပ် တို့ဟာ၂၀၁၅ ခု NLD မဲရခဲ့ရာ အခြေခံဒေသ
မျကို ခွဲပစ်ဖို့ ရည်ရွယ်ထားကောင်းထားနိုင်ပါတယ်။ ဒေသဆိုင်ရာ တိုင်းရင်း သားပါတီများနဲ့မဟာမိတ်ပြုတဲ့နည်းလမ်း ၊ NLD အတွက်အရေးပါတဲ့ ထောက်ခံသူများရှိရာပြည်မမှာ အခြားပါတီကွဲများ ထောင်ခြင်းကိုအားပေးတဲ့
နည်းလမ်းများနဲ့ ဖြစ်ပါတယ်။
အသေချာဆုံးအချက်ကတော့ ၁၉၆၂ခုနှစ်ကစလို့ အသွင်မျိုးစုံ
ပြောင်းပြီး တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့တဲ့ စစ်တပ်ဟာ ကြိုမြင်နိုင်တဲ့ အနာ ဂတ်ကာလအထိ မြန်မာရဲ့ အင်အားအကြီးဆုံး အင်စတီကျူ ရှင်း (အသင်း အပင်း၊ အဖွဲ့အစည်း)အဖြစ်ရှိနေဆဲဖြစ်မယ်ဆိုတဲ့အချက်ပါ။ ဇူလိုင် မှာ အသက်၆၂နှစ်ပြည့်မယ့် မင်းအောင်လှိုင် ဟာထိုကာလမတိုင်မီ အငြိမ်းစား ယူချင်မှလည်းယူပါလိမ့်မယ်။လူ့အခွင့်အရေး နဲ့ အခြားအလွဲသုံးမှုများကြောင့် အစွပ်စွဲခံခဲ့ရတဲ့မြန်မာစစ်တပ်က အာဏာကြီးခဲ့သူများရဲ့ သမိုင်းကိုပြန် ကြည့်ပြီးပြောရရင်တော့ မင်းအောင်လှိုင် ဟာ မြင်ကွင်းပေါ်က မကြာမတင်
မှိန်ပျောက်သွားမယ့် အနေအထားမှာ မရှိသေးပါဘူး။ 
ဘာတေးလစ်တနာ။
ဘာသာပြန်ဆိုသူ = ဒေါက်တာသိန်းမြင့် ( လူချို )

Share

Twitter Delicious Facebook Digg Stumbleupon Favorites More