Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၁၇

ထက္ေအာင္ေက်ာ္ on February 2, 2012 4:40 pm 

ေအာက္ေမ့ဖြယ္ / ဧရာ၀တီ။

မင္းသမီးနဲ႔ ဘုရားသုံးဆူမွသည္ ေတာတြင္းတကၠသုိလ္ဆီ

KNU နယ္ေျမေကာ္မတီမွာ တာ၀န္ထမ္းေနစဥ္အတြင္း မင္းသမီးခစန္းကို ၂ ေခါက္ ျပန္ျဖစ္တယ္လို႔ ထင္ေပမယ့္ ေန႔ရက္အတိအက်ကိုေတာ့ မမွတ္မိေတာ့ပါ။ ပထမတေခါက္ ျပန္ျဖစ္တာကေတာ့ ကလက္ေဒးမွာ က်င္းပတဲ့ နယ္ေျမေကာ္မတီဖြဲ႔ၿပီးကာစ ဇန္နာ၀ါရီလ လယ္ေလာက္မွာလို႔ ထင္ပါတယ္။ က်ေနာ္နဲ႔ ကိုေက်ာ္ထင္တို႔ ၂ ဦးဟာ KNU ပဒုိတဦးရဲ့ ကားႀကံဳနဲ႔ ကလက္ေဒးကေန မင္းမသီးစခန္းဆီ ျပန္လုိက္သြားၿပီး နယ္ေျမအစည္းေ၀း အေတြ႔အႀကံဳနဲ႔ ဗဟုိဘက္က အေျခေနေတြကုိ စခန္းမွာ ရွင္းျပခဲ့ပါတယ္။


အဲဒီကာလ ဗဟုိဥကၠ႒ ကိုထြန္းေအာင္ေက်ာ္ (ဝဲဘက္မွ ဒုတိယေျမာက္) နဲ႔ မင္းသမီးစခန္းဥကၠ႒ ကိုမင္းေအာင္ (ဝဲစြန္)၊ ဒု ဥကၠ႒ ကိုေဌးေအာင္ (ယာဘက္မွ ဒုုတိယေျမာက္)၊ ႐ံုးအဖြဲ႔မႉး ကိုခင္သန္း (ယာစြန္) တို႔ စကားေျပာေနစဥ္
က်ေနာ္တို႔ ျပန္သြားတဲ့အခ်ိန္မွာ စခန္းက ေမာင္ေတာ္မွာ ဆက္ရွိေနဆဲျဖစ္ေပမယ့္ ထား၀ယ္ဘက္က ေက်ာင္းသားတခ်ိဳ႕ကေတာ့ ေရွ႕ပုိင္းမွာ တင္ျပခဲ့တဲ့ ဗုိလ္စုိးသိန္း (ျပည္ခ်စ္လက္က်န္၊ KNU လက္ေအာက္္ခံ ထား၀ယ္သားတပ္ရဲ့ တပ္ရင္းမႉး) ေပးတဲ့သင္တန္းကို မတက္ခ်င္တာေၾကာင့္ KNU ကေပးတဲ့ သင္တန္းကုိ တက္ႏိုင္ဖုိ႔ ထီးခီးက ေရကန္ႀကီးရွိရာ စစ္သင္တန္းေက်ာင္း မွာ ေရာက္ေနၾကပါတယ္။

ထီးခီးကေန မိနစ္ ၃၀ ေက်ာ္ လမ္းေလွ်ာက္သြားရတဲ့ ေရကန္ စစ္သင္တန္းေက်ာင္းဟာ ကန္႔သတ္ေနရာျဖစ္ၿပီး ခြင့္ျပဳခ်က္မရဘဲ သြားခြင့္မရွိပါ။ အဲဒီလမ္းမွာ လက္နက္ျပင္စက္႐ံုနဲ႔ တျခားအေရးႀကီးတဲ့ေနရာေတြ ရွိပါတယ္။ KNU ကားႀကံဳနဲ႔ အဲဒီေရကန္ဆီ က်ေနာ္တို႔ေရာက္သြားေတာ့ သင္တန္းသားေတြေနတဲ့ ၂ ထပ္ သစ္သားေဆာင္ အေကာင္းစား အႀကီးႀကီးတခုကို ေတြ႔ရပါတယ္။ အဲဒီမွာ ဆရာေအာင္ျမင့္ (ေနာက္ပုိင္း ဒု တပ္ရင္းမႉးျဖစ္လာသူ) အပါ၀င္ ထား၀ယ္အုပ္စုမွ ေက်ာင္းသား ၄၀ ခန္႔ကုိေတြ႔ရၿပီး နယ္ေျမေကာ္မတီရဲ့ အေျခေနေတြကို က်ေနာ္တို႔ ရွင္းျပခဲ့ပါတယ္။ သူတို႔ဘက္ကလည္း လက္ရွိစခန္း အေျခအေနနဲ႔ အခက္ခဲေတြကို ရွင္းျပခဲ့တယ္လို႔ က်ေနာ္မွတ္မိေနပါတယ္။

အဲဒီမွာ က်ေနာ္ ခပ္သဲ့သဲ့ၾကားခဲ့ရတဲ့ သတင္းတခုကေတာ့ ကုိတင္ေလးနဲ႔ တျခားေက်ာင္းသား ၂ ဦး က်ေနာ္တို႔ မေရာက္ခင္ ၂ ပတ္ေလာက္ကတည္းက ထုိင္းထဲထြက္သြားတာ အခုအထိ ဘာ အဆက္သြယ္မွ မရဘဲ ေပ်ာက္ဆုံးေနတယ္ ဆုိတဲ့သတင္း ျဖစ္ပါတယ္။ ဒီသတင္းကုိ ခပ္ဝါးဝါးသာၾကားရၿပီး အေသခ်ာလည္း ဘယ္သူမွမသိၾကပါ။

ကုိတင္ေလး၊ ကိုေအာင္မုိးျမတ္နဲ႔ ကုိေက်ာ္ေအာင္တို႔ဟာ ဒီသင္တန္းသားေတြနဲ႔အတူ ေရကန္သင္တန္းေက်ာင္းမွာ လာေနတာလည္းမဟုတ္၊ ေမာင္ေတာ္စခန္းမွာ ေနတာလည္း မဟုတ္ဘဲ ထိီးခီး-KNU ခ႐ုိင္႐ံုးေရွ႕က ေက်ာင္းသားေတြအတြက္ ေပးထားတဲ့ ဆက္သြယ္ေရး ခစန္းေထာက္ ဂိတ္တဲေလးမွာေနရင္း ထုိင္းနဲ႔ အ၀င္အထြက္ အဆက္သြယ္အလုပ္ကို အဓိကလုပ္ေနတာလို႔ သိရပါတယ္။ ဒါေၾကာင့္ သူတို႔ေပ်ာက္သြားတာကို ေရကန္သင္တန္းေက်ာင္းကလူေတြက အတိအက် မသိတာလည္း ျဖစ္ေနႏိုင္ပါတယ္။


မြန္ျပည္သစ္နယ္ေျမေရာက္ ေက်ာင္းသားမ်ား ဘုရားသုံးဆူေရွ႕တြင္ အမွတ္တရ
ေရကန္စခန္းကေန ေမာင္ေတာ္စခန္းဆီသြားၿပီး စခန္းေကာ္မီတီနဲ႔ ေတြ႔ေသးတယ္လို႔ က်ေေနာ္ အမွတ္ရေပမယ့္ အေသးစိတ္ကုိေတာ့ မမွတ္မိေတာ့ပါ။ (က်ေနာ္ မင္းသမီးစခန္းမွာ တာ၀န္ျပန္က်ၿပီး ၁၉၉၀ ျပည့္လြန္ႏွစ္ေတြမွာ အလားတူ ေပ်ာက္ဆုံးမႈ၊ ေသဆုံးမႈေတြအတြက္ ABSDF-KNU ပူးတဲြ စုံစမ္းမႈေတြ လုပ္ခဲ့ဖူးတဲ့အတြက္ အဲဒီအခန္းေရာက္မွ ဒီကိစၥအပါ၀င္ ေပ်ာက္ဆုံး၊ ေသဆုံး ျဖစ္ခဲ့ရတဲ့ ရဲေဘာ္ေတြ အေၾကာင္းကို ဆက္လက္ ေဖာ္ျပပါမယ္။)

ဒုတိယတေခါက္ မင္းသမီးခစန္းဆီ က်ေနာ္ျပန္ေရာက္တဲ့ အခ်ိန္ကေတာ့ ဇူလုိင္လကုန္ပုိင္း သုိ႔မဟုတ္ ၾသဂုတ္လ အေစာပုိင္းလို႔ ထင္ပါတယ္။ ဘာကိစၥအတြက္ ျပန္သလဲဆုိတာ မမွတ္မိေတာ့ေပမယ့္ က်ေနာ္ ျပန္ေရာက္တဲ့အခ်ိန္မွာ က်ေနာ္တို႔စခန္းက ေမာင္ေတာ္မွာ မဟုတ္ေတာ့ဘဲ အမရာဆီ ေရာက္ေနပါၿပီ။

အဲဒီကာလ စခန္းေကာ္မတီမွာ တာ၀န္ယူထားသူေတြကေတာ့  ေမာ္လၿမိဳင္တကၠသိုလ္ကေန ဓာတုေဗဒနဲ႔ ေက်ာင္းၿပီးကာစ ပုေလာၿမိဳ႕နယ္မွ ကုိမင္းေအာင္က ဥကၠ႒ (ေနာက္ပုိင္း ဗဟုိေကာ္မတီ၀င္၊ အခု အေမရိကန္)၊ ကံေပါက္ေဒသမွ တိ-ေမြးကု ဆရာ၀န္တဦးျဖစ္သူ ကုိေဌးေအာင္က ဒု ဥကၠဌ (ေနာက္ပုိင္း ဗဟုိေကာ္မတီ၀င္၊ အခု စစ္ေရးအကဲခတ္အျဖစ္ လူသိမ်ားေနသူ)၊ ကံေပါက္မုိင္းမွ အင္ဂ်င္နီယာတဦးျဖစ္သူ ကုိသိန္းေဆာင္က အတြင္းေရးမႉး (ေနာက္ပုိင္း ေတာင္ပုိင္းေဒသေကာ္မတီ၊ အခု အေမရိကန္)၊ ေမာ္လၿမိဳင္တကၠသိုလ္ကေန သတၱေဗဒနဲ႔ ေက်ာင္းၿပီးကာစ ထား၀ယ္မွ ကုိမင္းေဇာ္ေရႊက တဲြဖက္ အတြင္းေရးမႉး (ေနာက္ပုိင္း တပ္ေရးဗုိလ္၊ အခု နယူးဇီလန္)၊ ကံေပါက္မုိင္းမွ ႐ံုးအဖြဲ႔မႉး ကုိခင္သန္းက စခန္းေကာ္မတီ႐ံုး အဖြဲ႔မႉး (ေနာက္ပုိင္း ဗဟုိသုေတသနဌာနမႉး၊ ABSDF က ပုိ႔တဲ့ သတင္းေတြကို DVB အတြက္ တည္းျဖတ္ေပးရသူ၊ ၁၉၉၉ မွာ ေအာ္စလုိကေန မဲေဆာက္ကိုအျပန္မွာ ျမ၀တီ ဘက္ ျပန္၀င္သြားသလုိလုိနဲ႔ ပေဟဠိဆန္ဆန္ ေပ်ာက္သြားသူ) တို႔ ျဖစ္ပါတယ္။


မြန္ျပည္သစ္နယ္ေျမဆီ ေရာက္သြားျခင္း

အဲဒီကေန မဲေဆာက္ကိုအျပန္မွာ စခန္းေကာ္မတီက က်ေနာ့္ကုိ ေပးလုိက္တဲ့တာ၀န္တခုက သီေဘာဘုိးစခန္းမွာ ဖြင့္ထားတဲ့ ေတာတြင္းတကၠသုိလ္ဆီ တပ္ဖြဲ႔၀င္ ၄ ဦးကုိ ေခၚသြားေပးဖုိ႔ပါ။ ပဒုိ သင္တန္းတက္ဖုိ႔ (အဲဒီကာလက နုိင္ငံေရး စိတ္၀င္စားသူေတြကို ပဒုိ၊ စစ္ေရး စိတ္၀င္စားသူေတြကို သူးခုိ စသည္ျဖင့္ ကရင္ဘာသာစကားနဲ႔ ေခၚေ၀ၚေလ့ရွိပါတယ္) က်ေနာ္နဲ႔အတူပါလာတဲ့ ပုဂၢိဳလ္ေတြကေတာ့ ကုိၾကည္ေ၀ (အခု ၾသစေတးလ်)၊ ကုိလွေ၀ (အခု အေမရိကန္)၊ ကုိတင္စိုး (ျပည္တြင္းထဲျပန္၀င္) နဲ႔ က်ေနာ္ အမည္ မမွတ္မိေတာ့တဲ့ ေနာက္တဦး ျဖစ္ပါတယ္။ က်ေနာ္တို႔ ၅ ဦးဟာ မင္းသမီးစခန္းကေန ဘုရားသုံးဆူ စခန္းဆီ KNU ကားႀကံဳနဲ႔ လုိက္လာခဲ့ပါတယ္။


ဘုရားသုံးဆူေဒသမွာ က်င္းပတဲ့ ရွစ္ေလးလုံး တႏွစ္ျပည့္ အခမ္းအနားမွာ မိန္႔ခြန္းေျပာရင္း ႏွလံုးေရာဂါေဖာက္ၿပီး ကြယ္လြန္ခဲ့တဲ့ မြန္ျပည္သစ္ပါတီ ဒု ဥကၠ႒ ႏုိင္ႏြန္လာ
အဲဒီကာလဟာ သူပုန္ေတြ အင္အားအေကာင္းဆုံးအခ်ိန္ ျဖစ္ေနတဲ့အတြက္ ဘုရားသုံးဆူကေန မဲေဆာက္ဘက္က KNU တပ္မဟာ ၆ နယ္ေျမ က်ဳိက္ဒုံ-သီေဘာဘုိးအထိ KNU ကားေတြ ေတာလမ္းကေန သြားလို႔ ရေနဆဲပါ။ ေရွ႕ပုိင္းမွာ တင္ျပခဲ့တဲ့ DAB စစ္ေၾကာင္းအတြက္ မာနယ္ပေလာနဲ႔ ေကာ့မူးရာစခန္းေရာက္ မင္းသမီးခစန္းမွ ရဲေဘာ္ ၂၀ ဦးပါ စစ္ေၾကာင္းဟာ အသြားေရာ အျပန္ေရာ ဒီလမ္းေၾကာင္းအတုိင္း သြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ကံဆုိးခ်င္ေတာ့ က်ေနာ္တို႔ေရာက္သြားတဲ့ အခ်ိန္က်မွ မကၠသာေဒသမွာ စစ္ေၾကာင္းေတြရႈပ္ေနလို႔ ဘုရားသုံးဆူ၊ မကၠသာ၊ က်ဳိက္ဒုံ၊ ေ၀ါေလ၊ သီေဘာဘုိး ဘက္သြားတဲ့ကား မရွိဘူး။

“ခင္ဗ်ားတို႔ ဘန္ေကာက္ဘက္ကေနပဲ ျပန္ပတ္ၿပီးသြားပါ” လို႔ KNU ကားသမားက ေျပာပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔မွာ ဘာလက္မွတ္မွ မပါဘဲနဲ႔ ဘန္ေကာက္ကုိ ဒီတုိင္းသြားလို႔ ဘယ္ျဖစ္မလဲဆုိၿပီး က်ေနာ္က ေမးခြန္းထုတ္ပါတယ္။

ဒီလုိျငင္းခုန္ရင္း အေျဖမထြက္တဲ့အတြက္ ေနာက္ဆုံးမွာေတာ့ က်ေနာ္တို႔ ၅ ဦးကုိ ဘုရားသုံးဆူကေန စံခရဘူရီဘက္ ျပန္ေမာင္းလာၿပီး နန္းမကိတ္ရြာအနီးရွိ ကားလမ္းေဘးက ေတာင္ထိပ္မွာ ခြပ္ေဒါင္းအလံ လႊင့္ထူထားတဲ့ ABSDF ၁၀၁ စခန္းမွာ ခ်ေပးထားခဲ့ပါေတာ့တယ္။ ဒီလုိနဲ႔ မေမွ်ာ္လင့္ဘဲ နန္းမကိတ္မွာ သတင္း ၂ ပတ္ေလာက္ ေသာင္တင္သြားပါတယ္။

အဲဒီကာလက စံခရ-သုံးဆူကားလမ္းဟာ ေျမနီလမ္းအဆင့္ပဲရွိေသးၿပီး လုိင္းကားေတြကေတာ့ အခုလုိပဲ တနာရီ တစီးႏႈန္း ေျပးဆဲြေနပါတယ္။ ဒါေပမယ့္ ကားလမ္းတေလွ်ာက္လုံးကုိ မြန္ျပည္သစ္က ထိန္းခ်ဳပ္ထားၿပီး ကားလမ္းရဲ့တဘက္ျခမ္းက ထုိင္းနယ္ေျမ။ ေက်ာင္းသားစခန္းနဲ႔ မြန္ျပည္သစ္ပါတီ ဌာနခ်ဳပ္ရွိတဲ့ အျခမ္းကုိေတာ့ ျမန္မာနယ္ ေျမျဖစ္တယ္လို႔ သတ္မွတ္ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၀၈ ခုႏွစ္ ထုိင္းခရီးစဥ္အတြင္း ဘုရားသုံးဆူဘက္ကုိ က်ေနာ္ေရာက္ခဲ့ေပမယ့္ နန္းမကိတ္ရြာ ေနရာကို ဘယ္လုိမွ ရွာမေတြ႔ေတာ့ပါ။ ဒါေပမယ့္ က်ေနာ္လုိပဲ နယ္စပ္ကိုလြမ္းတဲ့ ဘုရားသုံးဆူစခန္းမွ အေမရိကန္ျပန္ ရဲေဘာ္တဦးရဲ႕ ေျပာျပခ်က္အရ အခု ေတာခ်ေတာ နယ္ျခားေစာင့္တပ္က စစ္ေဆးေရးဂိတ္ ဖြင့္ထားတဲ့ေနရာဟာ နန္းမကိတ္ရြာ ရွိေနတဲ့ေနရာလို႔ သိရပါတယ္။ နန္းမကိတ္ရြာ၊ မြန္ျပည္သစ္ပါ တီဌာနခ်ဳပ္နဲ႔ ေက်ာင္းသားတပ္ရင္း ၂ ခုစလုံးရဲ႕ ေနရာေတြဟာ ၁၉၉၀ မတ္လေလာက္မွာ န၀တ လက္ထဲ က်ဆုံးခဲ့ပါတယ္။

က်ေနာ္တို႔ ၅ ဦးကုိ ယာယီေနထုိင္ခြင့္ေပးထားတဲ့ ၁၀၁ တပ္ရင္းဟာ စံခရ-သုံးဆူကားလမ္းေပၚရွိ နန္းမကိတ္ရြာနဲ႔ ၁၀ မိနစ္ေလာက္ပဲ လမ္းေလွ်ာက္ရၿပီး ကားလမ္းကို နည္းနည္းေက်ာ္လုိက္တာနဲ႔ ေက်ာင္းသားစခန္း လုံၿခံဳေရးဂိတ္တဲကို ေရာက္ပါတယ္။ ဒီစခန္းက က်ေနာ္တို႔ ေမာင္ေတာ္စခန္းနဲ႔ ခပ္ဆင္ဆင္တူၿပီး တဲေတြ၊ ဘားတုိက္ေတြ၊ ႐ံုးခန္းေတြ အားလုံးဟာ သက္ကယ္မုိး၊ ၀ါးတဲေတြသာျဖစ္ပါတယ္။ အဲဒီကာလ စခန္းေကာ္မတီ ဥကၠ႒က ကုိတင္စုိးေနာင္လို႔ ထင္ပါတယ္။ လူစာရင္းကို အေသခ်ာ က်ေနာ္ မမွတ္မိေတာ့ေပမယ့္ ထုိင္းစကားေျပာတတ္ၿပီး က်ေနာ္တို႔ကုိ ေထာက္လွမ္းေရးလက္မွတ္ လိုက္လုပ္ေပးတဲ့ ကိုစုိးေအာင္ကိုေတာ့ က်ေနာ္ မွတ္မိေနပါတယ္။

အခု ဒီေဆာင္းပါးေရးဖုိ႔ ျပန္လည္ေမးျမန္းခ်ိန္မွာ ဆက္စပ္သိရသေလာက္ကေတာ့ က်ေနာ္တို႔အဖြဲ႔ ဘုရားသုံးဆူကို ေရာက္တဲ့အခ်ိန္ဟာ ၁၉၈၉ ၾသဂုတ္လလယ္လို႔ ယူဆရပါတယ္။ ရွစ္ေလးလုံးအေရးေတာ္ပုံ တနွစ္ျပည့္အခမ္းအနား က်င္းပၿပီးကာစ။ အဲဒီအခမ္းအနားအတြင္း မြန္ျပည္သစ္ပါတီ ဒု ဥကၠ႒ နုိင္ႏြန္လာ မိန္႔ခြန္းေျပာေနရင္း ႏွလံုးေရာဂါ ေဖာက္လာၿပီး ေသဆံုးမႈျဖစ္ၿပီးကာစ အခ်ိန္ေလးလို႔ သိရပါတယ္။
အဲဒီခ်ိန္မွာ ကုိတင္စုိးေနာင္က ၁၀၁ ဥကၠ႒ျဖစ္ေနၿပီး ကုိေအာင္သူၿငိမ္းနဲ႔ အဖြဲ႔က ၁၀၁ ကေန ထြက္သြားကာစလို႔ ဆုိပါတယ္။

ေနာက္တခါ ကိုသီရိညြန္႔အပါ၀င္ ၁၀၂ ရဲေဘာ္ေတြကေတာ့ ၁၀၁ ကေန မိနစ္ ၂၀ ခန္႔ လမ္းေလွ်ာက္ရတဲ့ ဂ်ပန္ေရတြင္းရြာအနီး အေျခစုိက္ထားတယ္လို႔ သိရပါတယ္။ အခု ဗဟုအဖြဲ႔ရဲ႕ ညႊန္မႉးတာ၀န္ယူေနသူ ကိုေဇာ္ဦးကေတာ့ မြန္နယ္ေျမ (က်ေနာ္တို႔ရဲ့ KNU နယ္ေျမေကာ္မတီနဲ႔ပုံစံတူ၊ ဒါေပမယ့္ သူတို႔ေအာက္မွာ ၁၀၁ နဲ႔ ၁၀၂ တပ္ရင္း ၂ ရင္းပဲရွိပါတယ္) ေကာ္မတီဥကၠ႒အျဖစ္ တာ၀န္ယူေနတဲ့အခ်ိန္လို႔ ဘုရားသုံးဆူစခန္း ရဲေဘာ္ေဟာင္းေတြဆီကေန သိရပါတယ္။

ဒီလုိနဲ႔ ဘုရားသုံးဆူမွာ ေသာင္တင္ေနစဥ္ ၂ ပတ္တာ ကာလအတြင္း နန္းမကိတ္ ဗီဒီယို႐ံုဆီ တျခား ေက်ာင္းသားေတြနည္းတူ လက္မွတ္ကုိ မိတၱဴပြား ခုိးၾကည့္တဲ့အထဲ က်ေနာ္တို႔အုပ္စုလည္း အပါ၀င္ျဖစ္ပါတယ္။ မိတၱဴကူးတယ္ဆုိေပမယ့္ အခုေခတ္လုိ မိတၱဴကူးစက္ႀကီးနဲ႔ ကူးတယ္လို႔ မထင္လုိက္ပါနဲ႔။ အဲဒီကာလက လက္မွတ္ကုိ စကၠဴနဲ႔ ထုတ္ေပးတာမ်ဳိး မဟုတ္ဘဲ ႐ံုထဲ၀င္သူတဦးခ်င္းရဲ့ လက္ဖ်ံမွာ မွင္နီတုံးနဲ႔ ထုေပးလုိက္တာသာ ျဖစ္ပါတယ္။

ထုံးစံအတုိင္း ၀င္ေငြတျပားမွမရွိတဲ့ က်ေနာ္တို႔ က်ဳိးဖုိး။ အဲ .. ဒီေဒသမွာေတာ့ က်ဳိးဖုိး မဟုတ္ေတာ့ပါဘူးခင္ဗ်ား။ “ကြတ္ဖယ္” လို႔ မြန္ဘာသာနဲ႔ေခၚပါတယ္။ ဆုိေတာ့ ကြတ္ဖယ္ေတြလည္း အမ်ားသူငါလုိ ႐ုပ္ရွင္ၾကည့္ခ်င္တာေပါ့။ ဒီေတာ့ ေငြ ၂ ဘတ္ေလာက္ကုိ ၀ုိင္းစုၿပီး သူရဲေကာင္းတဦးကို ေရြးခ်ယ္၊ အဲဒီပုဂၢိဳလ္က ႐ံုထဲ၀င္ၿပီး သူ႔လက္ဖ်ံမွာ မွင္နီတုန္းတံဆိပ္ ရေအာင္အရင္လုပ္။ မွင္နီတံဆိပ္ ရၿပီးတာနဲ႔ ခ်က္ခ်င္း အျပင္ကိုျပန္ထြက္။ အျပင္ေရာက္တာနဲ႔ တန္းစီေစာင့္ေနတဲ့ ေဘာ္ေဘာ္ေတြကို အဲဒီမွင္ မေျခာက္ခင္မွာ လက္ဖ်ံခ်င္းထိ တုိက္႐ုိက္ မိတၱဴကူးၾကေလသတည္းေပါ့။ ဒီလုိနဲ႔ ႐ံုသာလူျပည့္သြားတယ္၊ ၀င္ေၾကးက သိပ္မရလို႔ ဗီဒီယုိ႐ံုပုိင္ရွင္လည္း စိတ္ညစ္ေနမလားပဲ။

ေဒသခံစကားေတြနဲ႔ ပတ္သက္ၿပီး မွတ္မိသမွ်ကုိ ထပ္ေျပာမယ္ဆိုရင္ “ကြတ္ဖယ္-ဟမယ္” (ျမန္မာေက်ာင္းသား) ဆုိတဲ့စကားလုံးကို မွတ္မိေနဖုိ႔လုိသလုိ ထမင္းစားၿပီးၿပီလား၊ ထမင္းစားမယ္စသည္ျဖင့္ မြန္စကားလုံးေတြကို မေျပာတတ္ရင္လည္း ထမင္းငတ္ႏိုင္ပါတယ္။

“ေမာင္မု ေမာင္ဟ” ဆုိတဲ့ ေနေကာင္းလား၊ က်န္းမာလားကိုလည္း နားလည္ေနဖုိ႔လုိပါတယ္။ စသည္ျဖင့္ စသည္ျဖင့္ မြန္ေဒသေရာက္တဲ့ ေက်ာင္းသားေတြက မြန္ဘာသာ၊ ကရင္ေဒသရာက္သူက ကရင္ဘာသာ အေျခခံေလးေတြေတာ့ တတ္ေအာင္ ေလ့က်င့္ထားၾကရပါတယ္။ ေရွ႕တန္းေဒသမွာဆုိရင္ စကားမတတ္တဲ့ျပႆနာက ပုိဆုိးပါတယ္။ ရြာအေတာ္မ်ားမ်ားမွာ ဗမာလုိ မေျပာၾကပါဘူး။ ကရင္ရြာမွာ ကရင္လုိ မေျပာတတ္ရင္၊ မြန္ရြာမွာ မြန္လုိမေျပာတတ္ရင္ ထမင္းငတ္ျခင္းအပါအ၀င္ အခက္အခဲမ်ဳိးစုံနဲ႔ႀကံဳရႏိုင္ပါတယ္။


က်ေနာ္လည္း အဲဒီလုိ ဟုိသြားဒီသြားနဲ႔ သူ႔ေဒသမွာ သူ႔စကားေျပာတတ္မွျဖစ္မယ္၊ သူ႔စကားကုိ ကိုယ္မတတ္တုိင္း သူက ကုိယ့္စကား လုိက္ေျပာရမယ္ဆုိတာ မဟုတ္ေသးဘူး၊ တုိင္းရင္းသားေတြက ဗမာစကားေျပာတတ္ၿပီး ဗမာေတြက တုိင္းရင္းသားစကား တခုမွ မတတ္ဘူးဆုိတာ သိပ္တရားမွ်တမႈ မရွိဘူး၊ သဘာ၀ မက်ဘူးဆုိတာကို ဒီေဆာင္းပါးေရးရင္းနဲ႔ ျပန္စဥ္းစားေနမိပါတယ္။

ေနာက္တခါ ၿမိဳ႕ျပေဒသမွာ ဗမာေတြက လူမ်ားစုျဖစ္ၿပီး တုိင္းရင္းသားေတြက လူနည္းစု ျဖစ္ေနေလ့ရွိပါတယ္။ ဒါေပမယ့္ အခု က်ေနာ္တို႔ေရာက္ေနတဲ့ နယ္စပ္မွာေတာ့ က်ေနာ္တို႔ေက်ာင္းသားေတြက လူနည္းစုျဖစ္ေနၿပီး တုိင္းရင္းသားေတြက လူမ်ားစုျဖစ္ေနျပန္ပါတယ္။ ဆုိလုိတာကေတာ့ ကုိယ္က လူမ်ားစုျဖစ္ေနစဥ္မွာ လူနည္းစုရဲ႕ ခံစားခ်က္ကို နားလည္ဖုိ႔ မလြယ္ေပမယ့္ ကုိယ္က လူနည္းစုျဖစ္သြားတဲ့အခါမွာေတာ့ လူနည္းစုရဲ႕ခံစားခ်က္ကုိ ကုိယ္တုိင္ခံရသလုိ ျဖစ္သြားၿပီး တုိင္းရင္းသား လူနည္းစုေတြရဲ႕ခံစားခ်က္အေပၚ ပိုၿပီး နားလည္လာတယ္လို႔ စိတ္ထဲမွာ ထင္ေနမိပါတယ္။

အဲဒီ “ကြတ္ဖယ္-ဟမယ္” စခန္းအနီးက ဗီဒီယို႐ံုရွိတဲ့ နန္းမကိတ္ရြာဟာ မြန္ျပည္သစ္ပါတီက မိသားစုေတြနဲ႔ ေဒသခံ မြန္တုိင္းရင္းသားေတြေနထုိင္တဲ့ ရြာတရြာျဖစ္ၿပီး အဲဒီရြာကေန ၁၅ မိနစ္ေလာက္ လမ္းေလွ်ာက္လုိက္႐ံုနဲ႔ မြန္ျပည္သစ္ပါတီဌာနခ်ဳပ္ကုိ ေရာက္ႏိုင္ပါတယ္။ ကုိတင္စုိးေနာင္နဲ႔အတူ မြန္ဌာနခ်ဳပ္ဆီ က်ေနာ္ တေခါက္ေရာက္ဖူးတာကို မွတ္မိေနေပမယ့္ အေသးစိတ္ကိုေတာ့ မသိေတာ့ပါ။ ေနာက္တခါ ထူးထူးျခားျခား KNU နယ္ေျမမွာ တခါမွမေတြ႔ဖူးတဲ့ (ထုိင္၀မ္ကလို႔ ထင္ပါတယ္) ဗုဒၶဘာသာ ကူညီကယ္ဆယ္ေရး NGO တခုကိုလည္း မြန္ျပည္သစ္နယ္ေျမမွာ ေတြ႔ခဲ့ရပါတယ္။

ေနာက္တရက္္မွာေတာ့ နန္းမကိတ္ကေန လုိင္းကားစီးၿပီး ဘုရားသုံးဆူရြာကုိ က်ေနာ္တို႔ သြားလည္ျဖစ္ပါတယ္။ ဒီေန႔ကာလလုိမ်ဳိး ေစတီ သုံးဆူနေဘးမွာ ေစ်းတန္းမရွိေသးေပမယ့္ အဲဒီေစတီေတြဆီ မေရာက္ခင္ အေပၚဘက္နားက ေစ်းတန္းကေတာ့ အခုရွိေနတဲ့ ေစ်းတန္းအတုိင္း စည္းကားေနပါတယ္။ ပစၥည္းမ်ဳိးစုံ၊ စားေသာက္ဖြယ္မ်ဳိးစုံ၊ ကုန္သည္မ်ဳိးစုံနဲ႔ မက္သေလေစ်းထက္ေတာင္ ပုိစည္ေနတယ္လို႔ က်ေနာ္စိတ္ထဲ ထင္မိပါတယ္။

ဒါေပမယ့္ ျမန္မာဘက္ ဘုရားသုံးဆူကေတာ့ ဒီေန႔အေျခေနနဲ႔ ဘာမွမဆုိင္ပါ။ စစ္ၿပီးကာစ ျပန္လည္ထူေထာင္ေရး ကာလဆုိေတာ့ အခုလုိ ေစ်းဆုိင္ေတြ၊ တုိက္တာေတြ ဘာမွမရွိေသး။ က်ေနာ္တို႔ ေက်ာင္းသားေတြ ရန္ကုန္နဲ႔ တျခားၿမိဳ႕ႀကီးေတြမွာ ရွစ္ေလးလုံးအေရးေတာ္ပုံနဲ႔ အလုပ္ရႈပ္ေနစဥ္ နယ္စပ္က ဒီေဒသမွာေတာ့ မြန္ျပည္သစ္နဲ႔ KNU တပ္ေတြ အႀကီးအက်ယ္ တုိက္ပဲြျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။ စက္တင္ဘာလေႏွာင္းပိုင္း ေက်ာင္းသားေတြ ဘုရားသုံးဆူေဒသဆီ ေရာက္တဲ့အခ်ိန္ဟာ မြန္ျပည္သစ္နဲ႔ KNU စစ္ပဲြၿပီးကာစ အခ်ိန္ေလးျဖစ္ၿပီး မဒတ၊ NDF က ၾကား၀င္ၿပီး ေဆြးေႏြးပြဲေတြလုပ္၊ ဘုရားသုံးဆူကို မြန္-ကရင္ ပူးတဲြ အုပ္ခ်ဳပ္ေရး ခ်ထားတဲ့အခ်ိန္ ျဖစ္ပါတယ္။

သုံးဆူရြာထဲ၀င္ၿပီး ဟုိၾကည့္ ဒီၾကည့္ လုပ္ခဲ့ေပမယ့္ တရြာလုံးအႏွံ႔ေတာ့ မေရာက္ျဖစ္ပါ။ အဲဒီက အျပန္မွာေတာ့ ဘုရားသုံးဆူအနီးက ေက်ာင္းသားတခ်ဳိ႕ အလုပ္လုပ္ေနတဲ့ သစ္စက္တခုဆီ၀င္ၿပီး စကားေျပာျဖစ္ခဲ့ပါတယ္။ ၿပီးေတာ့ အဲဒီကေန လမ္းေလွ်ာက္ျပန္လာၿပီး ဂ်ပန္ေရတြင္းရြာအနီးက ၁၀၂ တပ္ရင္းဆီ ၀င္ေရာက္ခဲ့ေသးတယ္လို႔ က်ေနာ္မွတ္မိေနပါတယ္။ ဒီလုိနဲ႔ သုံးဆူေဒသမွာ သတင္း ၂ ပါတ္ေလာက္ ၾကာၿပီးတဲ့အခါမွာေတာ့ ေထာက္လွမ္းေရး လက္မွတ္ရလို႔ ဘန္ေကာက္ၿမိဳ႕ဆီ က်ေနာ္တို႔ ၅ ဦး ခ်ီတက္လာပါတယ္။

====================================================

(အပိုင်း ၁၇)

ထက်အောင်ကျော် on February 2, 2012 4:40 pm 

အောက်မေ့ဖွယ် / ဧရာဝတီ။

မင်းသမီးနဲ့ ဘုရားသုံးဆူမှသည် တောတွင်းတက္ကသိုလ်ဆီ

KNU နယ်မြေကော်မတီမှာ တာဝန်ထမ်းနေစဉ်အတွင်း မင်းသမီးခစန်းကို ၂ ခေါက် ပြန်ဖြစ်တယ်လို့ ထင်ပေမယ့် နေ့ရက်အတိအကျကိုတော့ မမှတ်မိတော့ပါ။ ပထမတခေါက် ပြန်ဖြစ်တာကတော့ ကလက်ဒေးမှာ ကျင်းပတဲ့ နယ်မြေကော်မတီဖွဲ့ပြီးကာစ ဇန်နာဝါရီလ လယ်လောက်မှာလို့ ထင်ပါတယ်။ ကျနော်နဲ့ ကိုကျော်ထင်တို့ ၂ ဦးဟာ KNU ပဒိုတဦးရဲ့ ကားကြုံနဲ့ ကလက်ဒေးကနေ မင်းမသီးစခန်းဆီ ပြန်လိုက်သွားပြီး နယ်မြေအစည်းဝေး အတွေ့အကြုံနဲ့ ဗဟိုဘက်က အခြေနေတွေကို စခန်းမှာ ရှင်းပြခဲ့ပါတယ်။


အဲဒီကာလ ဗဟိုဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (ဝဲဘက်မှ ဒုတိယမြောက်) နဲ့ မင်းသမီးစခန်းဥက္ကဋ္ဌ ကိုမင်းအောင် (ဝဲစွန်)၊ ဒု ဥက္ကဋ္ဌ ကိုဌေးအောင် (ယာဘက်မှ ဒုတိယမြောက်)၊ ရုံးအဖွဲ့မှူး ကိုခင်သန်း (ယာစွန်) တို့ စကားပြောနေစဉ်
ကျနော်တို့ ပြန်သွားတဲ့အချိန်မှာ စခန်းက မောင်တော်မှာ ဆက်ရှိနေဆဲဖြစ်ပေမယ့် ထားဝယ်ဘက်က ကျောင်းသားတချို့ကတော့ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ဗိုလ်စိုးသိန်း (ပြည်ချစ်လက်ကျန်၊ KNU လက်အောက်ခံ ထားဝယ်သားတပ်ရဲ့ တပ်ရင်းမှူး) ပေးတဲ့သင်တန်းကို မတက်ချင်တာကြောင့် KNU ကပေးတဲ့ သင်တန်းကို တက်နိုင်ဖို့ ထီးခီးက ရေကန်ကြီးရှိရာ စစ်သင်တန်းကျောင်း မှာ ရောက်နေကြပါတယ်။

ထီးခီးကနေ မိနစ် ၃၀ ကျော် လမ်းလျှောက်သွားရတဲ့ ရေကန် စစ်သင်တန်းကျောင်းဟာ ကန့်သတ်နေရာဖြစ်ပြီး ခွင့်ပြုချက်မရဘဲ သွားခွင့်မရှိပါ။ အဲဒီလမ်းမှာ လက်နက်ပြင်စက်ရုံနဲ့ တခြားအရေးကြီးတဲ့နေရာတွေ ရှိပါတယ်။ KNU ကားကြုံနဲ့ အဲဒီရေကန်ဆီ ကျနော်တို့ရောက်သွားတော့ သင်တန်းသားတွေနေတဲ့ ၂ ထပ် သစ်သားဆောင် အကောင်းစား အကြီးကြီးတခုကို တွေ့ရပါတယ်။ အဲဒီမှာ ဆရာအောင်မြင့် (နောက်ပိုင်း ဒု တပ်ရင်းမှူးဖြစ်လာသူ) အပါဝင် ထားဝယ်အုပ်စုမှ ကျောင်းသား ၄၀ ခန့်ကိုတွေ့ရပြီး နယ်မြေကော်မတီရဲ့ အခြေနေတွေကို ကျနော်တို့ ရှင်းပြခဲ့ပါတယ်။ သူတို့ဘက်ကလည်း လက်ရှိစခန်း အခြေအနေနဲ့ အခက်ခဲတွေကို ရှင်းပြခဲ့တယ်လို့ ကျနော်မှတ်မိနေပါတယ်။

အဲဒီမှာ ကျနော် ခပ်သဲ့သဲ့ကြားခဲ့ရတဲ့ သတင်းတခုကတော့ ကိုတင်လေးနဲ့ တခြားကျောင်းသား ၂ ဦး ကျနော်တို့ မရောက်ခင် ၂ ပတ်လောက်ကတည်းက ထိုင်းထဲထွက်သွားတာ အခုအထိ ဘာ အဆက်သွယ်မှ မရဘဲ ပျောက်ဆုံးနေတယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။ ဒီသတင်းကို ခပ်ဝါးဝါးသာကြားရပြီး အသေချာလည်း ဘယ်သူမှမသိကြပါ။

ကိုတင်လေး၊ ကိုအောင်မိုးမြတ်နဲ့ ကိုကျော်အောင်တို့ဟာ ဒီသင်တန်းသားတွေနဲ့အတူ ရေကန်သင်တန်းကျောင်းမှာ လာနေတာလည်းမဟုတ်၊ မောင်တော်စခန်းမှာ နေတာလည်း မဟုတ်ဘဲ ထီးခီး-KNU ခရိုင်ရုံးရှေ့က ကျောင်းသားတွေအတွက် ပေးထားတဲ့ ဆက်သွယ်ရေး ခစန်းထောက် ဂိတ်တဲလေးမှာနေရင်း ထိုင်းနဲ့ အဝင်အထွက် အဆက်သွယ်အလုပ်ကို အဓိကလုပ်နေတာလို့ သိရပါတယ်။ ဒါကြောင့် သူတို့ပျောက်သွားတာကို ရေကန်သင်တန်းကျောင်းကလူတွေက အတိအကျ မသိတာလည်း ဖြစ်နေနိုင်ပါတယ်။


မွန်ပြည်သစ်နယ်မြေရောက် ကျောင်းသားများ ဘုရားသုံးဆူရှေ့တွင် အမှတ်တရ
ရေကန်စခန်းကနေ မောင်တော်စခန်းဆီသွားပြီး စခန်းကော်မီတီနဲ့ တွေ့သေးတယ်လို့ ကျေနော် အမှတ်ရပေမယ့် အသေးစိတ်ကိုတော့ မမှတ်မိတော့ပါ။ (ကျနော် မင်းသမီးစခန်းမှာ တာဝန်ပြန်ကျပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အလားတူ ပျောက်ဆုံးမှု၊ သေဆုံးမှုတွေအတွက် ABSDF-KNU ပူးတွဲ စုံစမ်းမှုတွေ လုပ်ခဲ့ဖူးတဲ့အတွက် အဲဒီအခန်းရောက်မှ ဒီကိစ္စအပါဝင် ပျောက်ဆုံး၊ သေဆုံး ဖြစ်ခဲ့ရတဲ့ ရဲဘော်တွေ အကြောင်းကို ဆက်လက် ဖော်ပြပါမယ်။)

ဒုတိယတခေါက် မင်းသမီးခစန်းဆီ ကျနော်ပြန်ရောက်တဲ့ အချိန်ကတော့ ဇူလိုင်လကုန်ပိုင်း သို့မဟုတ် သြဂုတ်လ အစောပိုင်းလို့ ထင်ပါတယ်။ ဘာကိစ္စအတွက် ပြန်သလဲဆိုတာ မမှတ်မိတော့ပေမယ့် ကျနော် ပြန်ရောက်တဲ့အချိန်မှာ ကျနော်တို့စခန်းက မောင်တော်မှာ မဟုတ်တော့ဘဲ အမရာဆီ ရောက်နေပါပြီ။

အဲဒီကာလ စခန်းကော်မတီမှာ တာဝန်ယူထားသူတွေကတော့  မော်လမြိုင်တက္ကသိုလ်ကနေ ဓာတုဗေဒနဲ့ ကျောင်းပြီးကာစ ပုလောမြို့နယ်မှ ကိုမင်းအောင်က ဥက္ကဋ္ဌ (နောက်ပိုင်း ဗဟိုကော်မတီဝင်၊ အခု အမေရိကန်)၊ ကံပေါက်ဒေသမှ တိ-မွေးကု ဆရာဝန်တဦးဖြစ်သူ ကိုဌေးအောင်က ဒု ဥက္ကဌ (နောက်ပိုင်း ဗဟိုကော်မတီဝင်၊ အခု စစ်ရေးအကဲခတ်အဖြစ် လူသိများနေသူ)၊ ကံပေါက်မိုင်းမှ အင်ဂျင်နီယာတဦးဖြစ်သူ ကိုသိန်းဆောင်က အတွင်းရေးမှူး (နောက်ပိုင်း တောင်ပိုင်းဒေသကော်မတီ၊ အခု အမေရိကန်)၊ မော်လမြိုင်တက္ကသိုလ်ကနေ သတ္တဗေဒနဲ့ ကျောင်းပြီးကာစ ထားဝယ်မှ ကိုမင်းဇော်ရွှေက တွဲဖက် အတွင်းရေးမှူး (နောက်ပိုင်း တပ်ရေးဗိုလ်၊ အခု နယူးဇီလန်)၊ ကံပေါက်မိုင်းမှ ရုံးအဖွဲ့မှူး ကိုခင်သန်းက စခန်းကော်မတီရုံး အဖွဲ့မှူး (နောက်ပိုင်း ဗဟိုသုတေသနဌာနမှူး၊ ABSDF က ပို့တဲ့ သတင်းတွေကို DVB အတွက် တည်းဖြတ်ပေးရသူ၊ ၁၉၉၉ မှာ အော်စလိုကနေ မဲဆောက်ကိုအပြန်မှာ မြဝတီ ဘက် ပြန်ဝင်သွားသလိုလိုနဲ့ ပဟေဠိဆန်ဆန် ပျောက်သွားသူ) တို့ ဖြစ်ပါတယ်။


မွန်ပြည်သစ်နယ်မြေဆီ ရောက်သွားခြင်း

အဲဒီကနေ မဲဆောက်ကိုအပြန်မှာ စခန်းကော်မတီက ကျနော့်ကို ပေးလိုက်တဲ့တာဝန်တခုက သီဘောဘိုးစခန်းမှာ ဖွင့်ထားတဲ့ တောတွင်းတက္ကသိုလ်ဆီ တပ်ဖွဲ့ဝင် ၄ ဦးကို ခေါ်သွားပေးဖို့ပါ။ ပဒို သင်တန်းတက်ဖို့ (အဲဒီကာလက နိုင်ငံရေး စိတ်ဝင်စားသူတွေကို ပဒို၊ စစ်ရေး စိတ်ဝင်စားသူတွေကို သူးခို စသည်ဖြင့် ကရင်ဘာသာစကားနဲ့ ခေါ်ဝေါ်လေ့ရှိပါတယ်) ကျနော်နဲ့အတူပါလာတဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုကြည်ေ၀ (အခု သြစတေးလျ)၊ ကိုလှေ၀ (အခု အမေရိကန်)၊ ကိုတင်စိုး (ပြည်တွင်းထဲပြန်ဝင်) နဲ့ ကျနော် အမည် မမှတ်မိတော့တဲ့ နောက်တဦး ဖြစ်ပါတယ်။ ကျနော်တို့ ၅ ဦးဟာ မင်းသမီးစခန်းကနေ ဘုရားသုံးဆူ စခန်းဆီ KNU ကားကြုံနဲ့ လိုက်လာခဲ့ပါတယ်။


ဘုရားသုံးဆူဒေသမှာ ကျင်းပတဲ့ ရှစ်လေးလုံး တနှစ်ပြည့် အခမ်းအနားမှာ မိန့်ခွန်းပြောရင်း နှလုံးရောဂါဖောက်ပြီး ကွယ်လွန်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်နွန်လာ
အဲဒီကာလဟာ သူပုန်တွေ အင်အားအကောင်းဆုံးအချိန် ဖြစ်နေတဲ့အတွက် ဘုရားသုံးဆူကနေ မဲဆောက်ဘက်က KNU တပ်မဟာ ၆ နယ်မြေ ကျိုက်ဒုံ-သီဘောဘိုးအထိ KNU ကားတွေ တောလမ်းကနေ သွားလို့ ရနေဆဲပါ။ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ DAB စစ်ကြောင်းအတွက် မာနယ်ပလောနဲ့ ကော့မူးရာစခန်းရောက် မင်းသမီးခစန်းမှ ရဲဘော် ၂၀ ဦးပါ စစ်ကြောင်းဟာ အသွားရော အပြန်ရော ဒီလမ်းကြောင်းအတိုင်း သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျနော်တို့ရောက်သွားတဲ့ အချိန်ကျမှ မက္ကသာဒေသမှာ စစ်ကြောင်းတွေရှုပ်နေလို့ ဘုရားသုံးဆူ၊ မက္ကသာ၊ ကျိုက်ဒုံ၊ ဝေါလေ၊ သီဘောဘိုး ဘက်သွားတဲ့ကား မရှိဘူး။

“ခင်ဗျားတို့ ဘန်ကောက်ဘက်ကနေပဲ ပြန်ပတ်ပြီးသွားပါ” လို့ KNU ကားသမားက ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ဘာလက်မှတ်မှ မပါဘဲနဲ့ ဘန်ကောက်ကို ဒီတိုင်းသွားလို့ ဘယ်ဖြစ်မလဲဆိုပြီး ကျနော်က မေးခွန်းထုတ်ပါတယ်။

ဒီလိုငြင်းခုန်ရင်း အဖြေမထွက်တဲ့အတွက် နောက်ဆုံးမှာတော့ ကျနော်တို့ ၅ ဦးကို ဘုရားသုံးဆူကနေ စံခရဘူရီဘက် ပြန်မောင်းလာပြီး နန်းမကိတ်ရွာအနီးရှိ ကားလမ်းဘေးက တောင်ထိပ်မှာ ခွပ်ဒေါင်းအလံ လွှင့်ထူထားတဲ့ ABSDF ၁၀၁ စခန်းမှာ ချပေးထားခဲ့ပါတော့တယ်။ ဒီလိုနဲ့ မမျှော်လင့်ဘဲ နန်းမကိတ်မှာ သတင်း ၂ ပတ်လောက် သောင်တင်သွားပါတယ်။

အဲဒီကာလက စံခရ-သုံးဆူကားလမ်းဟာ မြေနီလမ်းအဆင့်ပဲရှိသေးပြီး လိုင်းကားတွေကတော့ အခုလိုပဲ တနာရီ တစီးနှုန်း ပြေးဆွဲနေပါတယ်။ ဒါပေမယ့် ကားလမ်းတလျှောက်လုံးကို မွန်ပြည်သစ်က ထိန်းချုပ်ထားပြီး ကားလမ်းရဲ့တဘက်ခြမ်းက ထိုင်းနယ်မြေ။ ကျောင်းသားစခန်းနဲ့ မွန်ပြည်သစ်ပါတီ ဌာနချုပ်ရှိတဲ့ အခြမ်းကိုတော့ မြန်မာနယ် မြေဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ထိုင်းခရီးစဉ်အတွင်း ဘုရားသုံးဆူဘက်ကို ကျနော်ရောက်ခဲ့ပေမယ့် နန်းမကိတ်ရွာ နေရာကို ဘယ်လိုမှ ရှာမတွေ့တော့ပါ။ ဒါပေမယ့် ကျနော်လိုပဲ နယ်စပ်ကိုလွမ်းတဲ့ ဘုရားသုံးဆူစခန်းမှ အမေရိကန်ပြန် ရဲဘော်တဦးရဲ့ ပြောပြချက်အရ အခု တောချတော နယ်ခြားစောင့်တပ်က စစ်ဆေးရေးဂိတ် ဖွင့်ထားတဲ့နေရာဟာ နန်းမကိတ်ရွာ ရှိနေတဲ့နေရာလို့ သိရပါတယ်။ နန်းမကိတ်ရွာ၊ မွန်ပြည်သစ်ပါ တီဌာနချုပ်နဲ့ ကျောင်းသားတပ်ရင်း ၂ ခုစလုံးရဲ့ နေရာတွေဟာ ၁၉၉၀ မတ်လလောက်မှာ နဝတ လက်ထဲ ကျဆုံးခဲ့ပါတယ်။

ကျနော်တို့ ၅ ဦးကို ယာယီနေထိုင်ခွင့်ပေးထားတဲ့ ၁၀၁ တပ်ရင်းဟာ စံခရ-သုံးဆူကားလမ်းပေါ်ရှိ နန်းမကိတ်ရွာနဲ့ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရပြီး ကားလမ်းကို နည်းနည်းကျော်လိုက်တာနဲ့ ကျောင်းသားစခန်း လုံခြုံရေးဂိတ်တဲကို ရောက်ပါတယ်။ ဒီစခန်းက ကျနော်တို့ မောင်တော်စခန်းနဲ့ ခပ်ဆင်ဆင်တူပြီး တဲတွေ၊ ဘားတိုက်တွေ၊ ရုံးခန်းတွေ အားလုံးဟာ သက်ကယ်မိုး၊ ဝါးတဲတွေသာဖြစ်ပါတယ်။ အဲဒီကာလ စခန်းကော်မတီ ဥက္ကဋ္ဌက ကိုတင်စိုးနောင်လို့ ထင်ပါတယ်။ လူစာရင်းကို အသေချာ ကျနော် မမှတ်မိတော့ပေမယ့် ထိုင်းစကားပြောတတ်ပြီး ကျနော်တို့ကို ထောက်လှမ်းရေးလက်မှတ် လိုက်လုပ်ပေးတဲ့ ကိုစိုးအောင်ကိုတော့ ကျနော် မှတ်မိနေပါတယ်။

အခု ဒီဆောင်းပါးရေးဖို့ ပြန်လည်မေးမြန်းချိန်မှာ ဆက်စပ်သိရသလောက်ကတော့ ကျနော်တို့အဖွဲ့ ဘုရားသုံးဆူကို ရောက်တဲ့အချိန်ဟာ ၁၉၈၉ သြဂုတ်လလယ်လို့ ယူဆရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ တနှစ်ပြည့်အခမ်းအနား ကျင်းပပြီးကာစ။ အဲဒီအခမ်းအနားအတွင်း မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်နွန်လာ မိန့်ခွန်းပြောနေရင်း နှလုံးရောဂါ ဖောက်လာပြီး သေဆုံးမှုဖြစ်ပြီးကာစ အချိန်လေးလို့ သိရပါတယ်။
အဲဒီချိန်မှာ ကိုတင်စိုးနောင်က ၁၀၁ ဥက္ကဋ္ဌဖြစ်နေပြီး ကိုအောင်သူငြိမ်းနဲ့ အဖွဲ့က ၁၀၁ ကနေ ထွက်သွားကာစလို့ ဆိုပါတယ်။

နောက်တခါ ကိုသီရိညွန့်အပါဝင် ၁၀၂ ရဲဘော်တွေကတော့ ၁၀၁ ကနေ မိနစ် ၂၀ ခန့် လမ်းလျှောက်ရတဲ့ ဂျပန်ရေတွင်းရွာအနီး အခြေစိုက်ထားတယ်လို့ သိရပါတယ်။ အခု ဗဟုအဖွဲ့ရဲ့ ညွှန်မှူးတာဝန်ယူနေသူ ကိုဇော်ဦးကတော့ မွန်နယ်မြေ (ကျနော်တို့ရဲ့ KNU နယ်မြေကော်မတီနဲ့ပုံစံတူ၊ ဒါပေမယ့် သူတို့အောက်မှာ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း ၂ ရင်းပဲရှိပါတယ်) ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့အချိန်လို့ ဘုရားသုံးဆူစခန်း ရဲဘော်ဟောင်းတွေဆီကနေ သိရပါတယ်။

ဒီလိုနဲ့ ဘုရားသုံးဆူမှာ သောင်တင်နေစဉ် ၂ ပတ်တာ ကာလအတွင်း နန်းမကိတ် ဗီဒီယိုရုံဆီ တခြား ကျောင်းသားတွေနည်းတူ လက်မှတ်ကို မိတ္တူပွား ခိုးကြည့်တဲ့အထဲ ကျနော်တို့အုပ်စုလည်း အပါဝင်ဖြစ်ပါတယ်။ မိတ္တူကူးတယ်ဆိုပေမယ့် အခုခေတ်လို မိတ္တူကူးစက်ကြီးနဲ့ ကူးတယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီကာလက လက်မှတ်ကို စက္ကူနဲ့ ထုတ်ပေးတာမျိုး မဟုတ်ဘဲ ရုံထဲဝင်သူတဦးချင်းရဲ့ လက်ဖျံမှာ မှင်နီတုံးနဲ့ ထုပေးလိုက်တာသာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း ဝင်ငွေတပြားမှမရှိတဲ့ ကျနော်တို့ ကျိုးဖိုး။ အဲ .. ဒီဒေသမှာတော့ ကျိုးဖိုး မဟုတ်တော့ပါဘူးခင်ဗျား။ “ကွတ်ဖယ်” လို့ မွန်ဘာသာနဲ့ခေါ်ပါတယ်။ ဆိုတော့ ကွတ်ဖယ်တွေလည်း အများသူငါလို ရုပ်ရှင်ကြည့်ချင်တာပေါ့။ ဒီတော့ ငွေ ၂ ဘတ်လောက်ကို ဝိုင်းစုပြီး သူရဲကောင်းတဦးကို ရွေးချယ်၊ အဲဒီပုဂ္ဂိုလ်က ရုံထဲဝင်ပြီး သူ့လက်ဖျံမှာ မှင်နီတုန်းတံဆိပ် ရအောင်အရင်လုပ်။ မှင်နီတံဆိပ် ရပြီးတာနဲ့ ချက်ချင်း အပြင်ကိုပြန်ထွက်။ အပြင်ရောက်တာနဲ့ တန်းစီစောင့်နေတဲ့ ဘော်ဘော်တွေကို အဲဒီမှင် မခြောက်ခင်မှာ လက်ဖျံချင်းထိ တိုက်ရိုက် မိတ္တူကူးကြလေသတည်းပေါ့။ ဒီလိုနဲ့ ရုံသာလူပြည့်သွားတယ်၊ ဝင်ကြေးက သိပ်မရလို့ ဗီဒီယိုရုံပိုင်ရှင်လည်း စိတ်ညစ်နေမလားပဲ။

ဒေသခံစကားတွေနဲ့ ပတ်သက်ပြီး မှတ်မိသမျှကို ထပ်ပြောမယ်ဆိုရင် “ကွတ်ဖယ်-ဟမယ်” (မြန်မာကျောင်းသား) ဆိုတဲ့စကားလုံးကို မှတ်မိနေဖို့လိုသလို ထမင်းစားပြီးပြီလား၊ ထမင်းစားမယ်စသည်ဖြင့် မွန်စကားလုံးတွေကို မပြောတတ်ရင်လည်း ထမင်းငတ်နိုင်ပါတယ်။

“မောင်မု မောင်ဟ” ဆိုတဲ့ နေကောင်းလား၊ ကျန်းမာလားကိုလည်း နားလည်နေဖို့လိုပါတယ်။ စသည်ဖြင့် စသည်ဖြင့် မွန်ဒေသရောက်တဲ့ ကျောင်းသားတွေက မွန်ဘာသာ၊ ကရင်ဒေသရာက်သူက ကရင်ဘာသာ အခြေခံလေးတွေတော့ တတ်အောင် လေ့ကျင့်ထားကြရပါတယ်။ ရှေ့တန်းဒေသမှာဆိုရင် စကားမတတ်တဲ့ပြဿနာက ပိုဆိုးပါတယ်။ ရွာအတော်များများမှာ ဗမာလို မပြောကြပါဘူး။ ကရင်ရွာမှာ ကရင်လို မပြောတတ်ရင်၊ မွန်ရွာမှာ မွန်လိုမပြောတတ်ရင် ထမင်းငတ်ခြင်းအပါအဝင် အခက်အခဲမျိုးစုံနဲ့ကြုံရနိုင်ပါတယ်။



ကျနော်လည်း အဲဒီလို ဟိုသွားဒီသွားနဲ့ သူ့ဒေသမှာ သူ့စကားပြောတတ်မှဖြစ်မယ်၊ သူ့စကားကို ကိုယ်မတတ်တိုင်း သူက ကိုယ့်စကား လိုက်ပြောရမယ်ဆိုတာ မဟုတ်သေးဘူး၊ တိုင်းရင်းသားတွေက ဗမာစကားပြောတတ်ပြီး ဗမာတွေက တိုင်းရင်းသားစကား တခုမှ မတတ်ဘူးဆိုတာ သိပ်တရားမျှတမှု မရှိဘူး၊ သဘာ၀ မကျဘူးဆိုတာကို ဒီဆောင်းပါးရေးရင်းနဲ့ ပြန်စဉ်းစားနေမိပါတယ်။

နောက်တခါ မြို့ပြဒေသမှာ ဗမာတွေက လူများစုဖြစ်ပြီး တိုင်းရင်းသားတွေက လူနည်းစု ဖြစ်နေလေ့ရှိပါတယ်။ ဒါပေမယ့် အခု ကျနော်တို့ရောက်နေတဲ့ နယ်စပ်မှာတော့ ကျနော်တို့ကျောင်းသားတွေက လူနည်းစုဖြစ်နေပြီး တိုင်းရင်းသားတွေက လူများစုဖြစ်နေပြန်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်က လူများစုဖြစ်နေစဉ်မှာ လူနည်းစုရဲ့ ခံစားချက်ကို နားလည်ဖို့ မလွယ်ပေမယ့် ကိုယ်က လူနည်းစုဖြစ်သွားတဲ့အခါမှာတော့ လူနည်းစုရဲ့ခံစားချက်ကို ကိုယ်တိုင်ခံရသလို ဖြစ်သွားပြီး တိုင်းရင်းသား လူနည်းစုတွေရဲ့ခံစားချက်အပေါ် ပိုပြီး နားလည်လာတယ်လို့ စိတ်ထဲမှာ ထင်နေမိပါတယ်။

အဲဒီ “ကွတ်ဖယ်-ဟမယ်” စခန်းအနီးက ဗီဒီယိုရုံရှိတဲ့ နန်းမကိတ်ရွာဟာ မွန်ပြည်သစ်ပါတီက မိသားစုတွေနဲ့ ဒေသခံ မွန်တိုင်းရင်းသားတွေနေထိုင်တဲ့ ရွာတရွာဖြစ်ပြီး အဲဒီရွာကနေ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့  မွန်ပြည်သစ်ပါတီဌာနချုပ်ကို ရောက်နိုင်ပါတယ်။ ကိုတင်စိုးနောင်နဲ့အတူ မွန်ဌာနချုပ်ဆီ ကျနော် တခေါက်ရောက်ဖူးတာကို မှတ်မိနေပေမယ့် အသေးစိတ်ကိုတော့ မသိတော့ပါ။ နောက်တခါ ထူးထူးခြားခြား KNU နယ်မြေမှာ တခါမှမတွေ့ဖူးတဲ့ (ထိုင်ဝမ်ကလို့ ထင်ပါတယ်) ဗုဒ္ဓဘာသာ ကူညီကယ်ဆယ်ရေး NGO တခုကိုလည်း မွန်ပြည်သစ်နယ်မြေမှာ တွေ့ခဲ့ရပါတယ်။

နောက်တရက်မှာတော့ နန်းမကိတ်ကနေ လိုင်းကားစီးပြီး ဘုရားသုံးဆူရွာကို ကျနော်တို့ သွားလည်ဖြစ်ပါတယ်။ ဒီနေ့ကာလလိုမျိုး စေတီ သုံးဆူနဘေးမှာ ဈေးတန်းမရှိသေးပေမယ့် အဲဒီစေတီတွေဆီ မရောက်ခင် အပေါ်ဘက်နားက ဈေးတန်းကတော့ အခုရှိနေတဲ့ ဈေးတန်းအတိုင်း စည်းကားနေပါတယ်။ ပစ္စည်းမျိုးစုံ၊ စားသောက်ဖွယ်မျိုးစုံ၊ ကုန်သည်မျိုးစုံနဲ့ မက်သလေဈေးထက်တောင် ပိုစည်နေတယ်လို့ ကျနော်စိတ်ထဲ ထင်မိပါတယ်။

ဒါပေမယ့် မြန်မာဘက် ဘုရားသုံးဆူကတော့ ဒီနေ့အခြေနေနဲ့ ဘာမှမဆိုင်ပါ။ စစ်ပြီးကာစ ပြန်လည်ထူထောင်ရေး ကာလဆိုတော့ အခုလို ဈေးဆိုင်တွေ၊ တိုက်တာတွေ ဘာမှမရှိသေး။ ကျနော်တို့ ကျောင်းသားတွေ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ ရှစ်လေးလုံးအရေးတော်ပုံနဲ့ အလုပ်ရှုပ်နေစဉ် နယ်စပ်က ဒီဒေသမှာတော့ မွန်ပြည်သစ်နဲ့ KNU တပ်တွေ အကြီးအကျယ် တိုက်ပွဲဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလနှောင်းပိုင်း ကျောင်းသားတွေ ဘုရားသုံးဆူဒေသဆီ ရောက်တဲ့အချိန်ဟာ မွန်ပြည်သစ်နဲ့ KNU စစ်ပွဲပြီးကာစ အချိန်လေးဖြစ်ပြီး မဒတ၊ NDF က ကြားဝင်ပြီး ဆွေးနွေးပွဲတွေလုပ်၊ ဘုရားသုံးဆူကို မွန်-ကရင် ပူးတွဲ အုပ်ချုပ်ရေး ချထားတဲ့အချိန် ဖြစ်ပါတယ်။

သုံးဆူရွာထဲဝင်ပြီး ဟိုကြည့် ဒီကြည့် လုပ်ခဲ့ပေမယ့် တရွာလုံးအနှံ့တော့ မရောက်ဖြစ်ပါ။ အဲဒီက အပြန်မှာတော့ ဘုရားသုံးဆူအနီးက ကျောင်းသားတချို့ အလုပ်လုပ်နေတဲ့ သစ်စက်တခုဆီဝင်ပြီး စကားပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီကနေ လမ်းလျှောက်ပြန်လာပြီး ဂျပန်ရေတွင်းရွာအနီးက ၁၀၂ တပ်ရင်းဆီ ဝင်ရောက်ခဲ့သေးတယ်လို့ ကျနော်မှတ်မိနေပါတယ်။ ဒီလိုနဲ့ သုံးဆူဒေသမှာ သတင်း ၂ ပါတ်လောက် ကြာပြီးတဲ့အခါမှာတော့ ထောက်လှမ်းရေး လက်မှတ်ရလို့ ဘန်ကောက်မြို့ဆီ ကျနော်တို့ ၅ ဦး ချီတက်လာပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More