Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၃၂





န၀တ ဘက္ကေန ABSDF တပ္ရင္း ၂၀၁ ဆီ ဘက္ေျပာင္း လာတဲ့ တပ္ၾကပ္ႀကီး တင္ျမင့္ဦးနွင့္အဇြဲ့
 In early morning 5:30 AM of Thai Standard time on July 1st 1992, 5 soldiers of Burmese Army’s regiment 104, column No.2, had left their post and joined our ABSDF regiment 102 & 201 near Nat Eain Taung (Ban I Taung). They brought a 60 MM Mortar and other arms & ammunitions along with them. They were Sergeant Tin Myint Oo (514525), Private Thwin Aung Myint (648059), Private Yin Thein (726540), Private Min Min (766789), and Private Htun Htun (796015).
ဘက္ေျပာင္းလာေသာ တပ္ၾကပ္ႀကီးနွင့္ ေလးအိမ္စု တပ္စခန္း

က်ေနာ္ဟာ မင္းသမီးစခန္းဆီ ျပန္လာၿပီး တပ္မဟာ ၄ တပ္မႉး ဗုိလ္မႉးခ်ဳပ္ ေအာ္လီဗာ၊ ခ႐ုိင္ဥကၠ႒ ပဒုိကြယ္ထူး၀င္းတုိ႔နဲ႔ အေသအခ်ာ ေဆြးေႏြးေပမယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး။ က်ေနာ္တုိ႔ကို ကူညီရင္ က်န္တဲ့ ကုိနုိင္ေအာင္နဲ႔ ကိုမုိးသီးဇြန္တုိ႔ဘက္က တပ္ေတြျပန္လာေရးကိုလည္း သူတုိ႔ကူညိီမွျဖစ္မယ္။ က်ေနာ္တုိ႔တဖြဲ႔တည္းကုိ ကြက္္ၿပီးကူညီရင္ “ဘက္လုိက္တယ္လုိ႔ စြပ္စဲြခံရမယ္။ အခုေတာင္ တပ္မဟာ ၄ က ဘက္မလုိက္အဖြဲ႔ကုိ မ်က္နွာသာေပးေနတယ္ဆုိၿပီး စြပ္စြဲသံေတြၾကားေနရတယ္” လုိ႔ တပ္မဟာမႉးက ေျဗာင္ေျပာၿပီး က်ေနာ္ရဲ့တင္ျပခ်က္ကုိ ျငင္းလုိက္ပါတယ္။ က်ေနာ့္ကုိ လုိက္ကူညီေပးေနတဲ့ ေက်ာင္းသားေရး ရာတာ၀န္ခံ ပဒုိမန္းၿငိမ္းေမာင္လည္း အေတာ္စိတ္ပ်က္သြားပုံ ရပါတယ္။ တပ္မဟာမႉး အိမ္ေအာက္ထပ္က ေနက်ေနာ္နဲ႔ မန္းၿငိမ္းေမာင္ အတူထြက္လာၿပီး ဘာဆက္လုပ္ရင္ ေကာင္းမလဲလုိ႔ ေဆြးေႏြးေပမယ့္ တိက်တဲ့ လုပ္ငန္းစဥ္ ထြက္မလာခဲ့ပါ။


တပ္ရင္းျပန္ဆင္းၿပီး ေကာ္မီတီေတြနဲ႔ ေဆြးေႏြးေတာ့ ဘုိင္သိန္းျမင့္တုိ႔ တပ္ခြဲ ၂ ရွိရာ နတ္အိမ္ေတာင္ေဒသဆီ သြားၿပီး အဲဒီမွာရွိတဲ့ ထုိင္းေထာက္လွမ္းေရးကို အကူညိီေတာင္းရင္ ေကာင္းမယ္လုိ႔ ဆုံးျဖတ္ခ်က္ ထြက္လာပါတယ္။ ဘာလက္မွတ္မွ မရွိဘဲ ထုိင္းတဦးလုိ သ႐ုပ္ေဆာင္ၿပီး ထုိင္းနုိင္ငံ ဟုိဘက္ ဒီဘက္ကုိျဖတ္ၿပီး ခရီးသြားေနတဲ့က်ေနာ္ဟာ ကံေကာင္းေထာက္မစြာနဲ႔ အဲဒီအခ်ိန္အထိ တခါမွ အဖမ္းမခံခဲ့ရေသးပါဘူး။ လုိင္းကားအဆင့္ဆင့္စီးၿပီး နတ္အိမ္ေတာင္ စခန္းဆီ က်ေနာ္ေရာက္သြားေတာ့ အေျခအေနက အရင္လုိမဟုတ္ေတာ့။ နတ္အိမ္ေတာင္စခန္းကုိ န၀တ က သိမ္းထားလုိက္ၿပီ ျဖစ္တဲ့အတြက္ နတ္အိမ္ေတာင္ရြာထဲမွာ ေက်ာင္းသားေတြအရင္လုိ ေပၚေပၚတင္တင္ ေနလုိ႔မရေတာ့ပါ။

ေနာက္တခါ န၀တစစ္သားေတြလည္း နတ္အိမ္ေတာင္ရြာထဲ မၾကာခဏဆင္းလာၿပီး ေစ်းလာ၀ယ္ေနတယ္လုိ႔ သိရတဲ့အတြက္ စိတ္ထဲမွာ သိပ္မလုံၿခံဳလွ။ ဒါေပမယ့္ တပ္ခြဲမႉး ဘုိင္သိန္းျမင့္ (၁၉၉၇ ပင္လယ္ျပင္တုိက္ပဲြအတြင္း က်ဆုံး) က သူ႔နယ္ကုိ သူပုိင္ပါတယ္ဆုိတဲ့ အထာမ်ဳိးနဲ႔ ေအးေအးေဆးေဆးေနျပေနေတာ့ ဥကၠ႒ တာ၀န္ယူထားတဲ့ က်ေနာ္က စိုးရိမ္မႈျပေနလုိ႔ ဘယ္ျဖစ္မလဲ။ သ႔ူနယ္ကုိ သူပုိင္တယ္ဆုိေပမယ့္ အရင္ နတ္အိမ္ေတာင္စခန္း မက်ခင္က က်ေနာ္တုိ႔ ၂၀၁ တပ္ရင္း ႐ံုးခန္းဖြင့္ခဲ့တဲ့ ၂ ထပ္တုိက္အိမ္ႀကီး ေဒၚခင္ၾကည္ရဲ့ အိမ္မွာေတာ့ ေပၚတင္သြားမတည္းရဲေတာ့ပါ။ ဟုိဆုိင္ဒီဆုိင္၀င္ျပီး လဖက္ရည္ေသာက္၊ ရြာသားေတြနဲ႔ စကားေျပာ လုပ္ေနေပမယ့္ က်ေနာ္တုိ႔ ဘယ္မွာတည္းသလဲ ဆုိတာကို မေျပာရဲပါ။

ေနာက္တရက္ မုိးလင္းေတာ့ ဘုိင္သိန္းျမင့္နဲ႔ က်ေနာ္ဟာ စကားျပန္တဦးကိုေခၚ၊ နတ္အိမ္ေတာင္ရြာအ၀င္၀ ေတာင္ကုန္းေပၚရွိ ထုိင္းေထာက္လွမ္းေရး ႐ံုးခန္းဆီတက္ၿပီး မာနယ္ပေလာေရာက္ ရဲေဘာ္ေတြ ျပန္ေခၚေရးကိစၥ အကူညီေပးဖုိ႔ တင္ျပခဲ့ပါတယ္။ ဒီေထာက္လွမ္းေရးအဖြဲ႔ဟာ က်ေနာ္တုိ႔နဲ႔ အရင္းနွီးဆုံး၊ နားလည္မႈအရိွဆုံးလုိ႔ ထင္ထားေပမယ့္ ေျပာင္းလဲသြားတဲ့ နုိင္ငံေရးအေျခအေန၊ နယ္ေျမစိုးမုိးမႈ အေျခေနေတြအရ သူတုိ႔တာဝန္က်ရာနယ္ျဖစ္တဲ့ ကန္ခ်နပူရီခ႐ိုင္ကို ေက်ာ္ၿပီး လူ ၂၀ ေက်ာ္ သယ္ယူဖုိ႔ကိစၥဟာ မျဖစ္နုိင္ဘူးလုိ႔သာ အေျဖရခဲ့ပါတယ္။

ေဆြးေႏြးသမွ် အဆင္မေျပျဖစ္ေနတဲ့ က်ေနာ္ဟာ စိတ္ပ်က္လက္ပ်က္နဲ႔ ေထာက္လွမ္းေရးကုန္းေပၚကေန ဆင္းလာၿပီး အေျခေနေတြကို တပ္ရင္းဌာနခ်ဳပ္နဲ႔ မာနယ္ပုေလာက တပ္စုဆီ ေၾကးနန္းပုိ႔နုိင္ဖုိ႔ က်ေနာ္တုိ႔တပ္ခဲြ အေျခစုိက္ရာ ေလးအိမ္စုရြာဆီ ဆက္သြားခဲ့ပါတယ္။ က်ေနာ္တုိ႔မွာ ကားမရွိ။ ကားလည္း မငွားနုိင္ပါ။ ဒီေတာ့ နတ္အိမ္ေတာင္ကေန ေလးအိမ္စုကုိသြားဖုိ႔ ေရပူရြာဆီ ကားလမ္းအတုိင္း ကုန္ေၾကာင္းခရီး တနာရီေလာက္ နွင္လုိက္ရပါတယ္။ ေတာထဲမွာ လမ္းေလွ်ာက္ရတာ ႐ုိးေနၿပီျဖစ္ေပမယ့္ ကတၱရာလမ္းေပၚ တနာရီေလာက္ လမ္းေလွ်ာက္ေနရတာကိုေတာ့ စိတ္ထဲမွာ သိပ္မဘ၀င္မက်လွပါ။

ဒီလုိနဲ႔ ေရပူရြာထိပ္ဆီ ေရာက္လာၿပီး ရြာနေဘးရွိ ကားလမ္းၾကမ္းေလးအတုိင္း ၀င္လာေတာ့ ပထမဆုံး ေတြ႔ရတာက ၀ါး႐ံုေတာထဲမွာ တပ္ေဖ်ာက္ထားတဲ့ ေက်ာင္းသားတပ္ရင္း ၃ ခုရဲ့ ပူးတြဲကင္းပုန္းစခန္း။ အဲဒီမျမင္ရတဲ့ လုံၿခံဳေရးဂိတ္ကုိျဖတ္ၿပီး ၀င္လာေတာ့ စမ္းေခ်ာင္းေလးတခုကို ေတြ႔ရၿပီး အဲဒီေခ်ာင္းေဘးက တလုံးတည္းေသာ သြပ္မုိး၊ သစ္သားအိမ္ဟာ KNU တပ္ခြဲမႉး ဗုိလ္လွေခ်ာ ယာယီေနတဲ့အိမ္ျဖစ္ပါတယ္။ သူအိမ္ေပၚတက္သြားေတာ့ ဗုိလ္လွေခ်ာက အိမ္မွာမရွိတဲ့အတြက္ စကားေျပာခြင့္ မရလုိက္ပါဘူး။ သူ႔အိမ္ကုိေက်ာ္ၿပီး ၁၀ မိနစ္ေလာက္ ထပ္ေလွ်ာက္လုိက္ေတာ့ သက္ကယ္မုိး ၀ါးတဲ ၁၀ တဲေက်ာ္ ေတြ႔ရၿပီး အဲဒါဟာ “ဒီမုိကေရစီ ဒုကၡသည္ေက်းရြာ”  ျဖစ္ပါတယ္။

“ေက်းရြာ ေဆးေပးခန္း” ဆုိတဲ့ ဆုိင္းဘုတ္ခ်ိတ္ထားတဲ့ ၀ါးတဲတလုံးထဲ ၀င္လုိက္ေတာ့ ေဆးမႉးေတြက က်ေနာ္တုိ႔တပ္ရင္းနဲ႔ ၁၀၁၊ ၁၀၂ ရဲေဘာ္ေတြ။ လူနာေတြထဲမွာေတာ့ ငွက္ဖ်ားမိ ရဲေဘာ္တခ်ဳိ႕နဲ႔ ဒုကၡသည္ကေလးငယ္တခ်ဳိ႕။ ေဆးခန္းနဲ႔ မ်က္ေစာင္းထုိး တျခား တဲတလုံးမွာေတာ့ “ေက်းရြာ မူလတန္းေက်ာင္း” ဆုိတဲ့ဆုိင္းဘုတ္ကို ေတြ႔ရၿပီး ေက်ာင္းဆရာေတြထဲမွာ က်ေနာ္တုိ႔ တပ္ရင္းက ရဲေမတဦးကုုိ လွမ္းျမင္လုိက္ရပါတယ္။ ေနာက္ တဲတလုံးမွာေတာ့ ရြာဥကၠ႒ ဦးရွိန္ (အခု အေမရိကန္) တုိ႔ မိသားစုကုိ ေတြ႔ရၿပီး စကားထုိ္င္ေျပာျဖစ္ခဲ့ပါတယ္။

ေနာက္တရက္မုိးလင္းေတာ့ နတ္အိမ္ေတာင္အေျခစုိက္ ခလရ ၂၀၈ ကေန ၆၀ မမ လက္နက္ႀကီးတလက္၊ လက္နက္ငယ္ ၄ လက္နဲ႔အတူ က်ေနာ္တုိ႔ ABSDF တပ္ေတြဆီ ဘက္ေျပာင္းလာတဲ့ တပ္ၾကပ္ႀကီး တင္ျမင့္ဦး (အခု ကေနဒါ) အပါအ၀င္ ရဲေဘာ္ ၅ ဦးကို ဘုိင္သိန္းျမင့္က ေခၚလာၿပီး က်ေနာ္နဲ့ ေပးေတြ႔ပါတယ္။ ဒီလုိ ပူးေပါင္းနုိင္ေအာင္ စည္း႐ံုးခဲ့သူကေတာ့ တပ္ခြဲမႉး ဘုိင္သိန္းျမင့္ ျဖစ္ပါတယ္။ ဒါဟာ က်ေနာ္တုိ႔ တပ္ရင္းအျပင္ ABSDF တခုလုံးအတြက္ပါ လက္နက္ႀကီးနဲ႔အတူ လာေရာက္ပူးေပါင္းတဲ့ ပထမဆုံး ရွားရွားပါးပါး န၀တ စစ္သည္ေတြလုိ႔ က်ေနာ္ထင္ပါတယ္။

၆၀ မမ သင္တန္းဆင္းပဲြအျပီး မင္းသမီးခစန္းမွာေတြ႔ရတဲ့ တင္ျမင့္ဦးနွင့္ရဲေဘာ္မ်ား

အဲဒီအခ်ိန္ ကိုတင္ျမင့္ဦးက အသက္ ၃၀ ေက်ာ္စပဲ ရွိပုံရေသးၿပီး တပ္ၾကပ္တဦး၊ ဒုတပ္ၾကပ္တဦးနဲ႔ ရဲေဘာ္ ၂ ဦးဆုိရင္ အသက္ ၂၀ ၀န္းက်င္ လူငယ္ေလးေတြ ျဖစ္ပါတယ္။ သူတုိ႔ကုိ အခုမွ က်ေနာ္ လူခ်င္းေတြ႔ဖူးေပမယ့္ သူတုိ႔ရဲ့ဓာတ္ပုံနဲ႔ သတင္းကိုေတာ့ မာနာပေလာမွာ ေရာက္ေနစဥ္ကတည္းက ၾကားခဲ့ရၿပီးျဖစ္ပါတယ္။ ဆုိလုိတာကေတာ့ သူတုိ႔ ၅ ဦးဟာ က်ေနာ္တုိ႔ မာနယ္ပေလာ တုိက္ပဲြကာလအတြင္း နတ္အိမ္ေတာင္စခန္းကေန ဘက္ေျပာင္းလာသူေတြျဖစ္ၿပီး အဲဒိီကာလ ၁၀၂ မွ ဗဟုိေခါင္းေဆာင္တဦးျဖစ္သူ ကိုဉာဏ္လင္းေရႊက သတင္းဌာနေတြဆီ ထုတ္ျပန္ေျပာဆုိခဲ့ၿပီး ျဖစ္ပါတယ္။

သူတုိ႔ ဘာေၾကာင့္ ဘက္ေျပာင္း ထြက္ေျပးလာသလဲဆုိတာကို ေမးၾကည့္ေတာ့ အဓိကအားျဖင့္ အေပၚေအာက္ ခဲြျခားဆက္ဆံမႈ၊ အထက္အရာရွိေတြရဲ့ အနုိင္က်င့္မႈကို မခံနုိင္လုိ႔ ထြက္လာတယ္လုိ႔ ေျပာတာကို က်ေနာ္အမွတ္ရေနပါတယ္။ ဒီလုိနဲ႔ န၀တ တပ္တြင္းက အေျခေနကုိေမးျမန္း၊ သူတုိ႔ ၅ ဦးကို အားေပးစကားေျပာ၊ မင္းသမီးခစန္းဆီ မၾကာခင္ ေခၚယူနုိင္ေအာင္ စီစဥ္ေပးမယ္လုိ႔ ေျပာဆုိခဲ့ပါတယ္။ တဆက္တည္းမွာပဲ ကုိတင္ျမင့္ဦးတုိ႔ ၅ ဦး ဘက္ေျပာင္းလာေအာင္ စည္႐ံုးနုိင္ခဲ့တဲ့ တပ္ခဲြမႉး ဘုိင္သိန္းျမင့္ကိုလည္း ခ်ီးက်ဳးမိပါတယ္။

အဲဒီေနာက္မွာေတာ့ နတ္အိမ္ေတာင္ေဒသဆီ လာရင္းကိစၥ အဆင္မေျပေသးတဲ့အေၾကာင္း၊ စိတ္ရွည္သီးခံၿပီး ဆက္ေစာင့္ဖုိ႔ လုိတဲ့အေၾကာင္း မာနယ္ပေလာရွိတပ္စုနဲ႔ တပ္ရင္းဌာနခ်ဳပ္ေတြဆီ ေၾကးနန္းပုိ႔ရပါတယ္။ ေန႔လည္ပုိင္းမွာေတာ့ ဒုကၡသည္စခန္းေနာက္ေက်ာ နယ္စပ္ေတာင္ကုန္းမွာ ယာယီတဲထုိး စခန္းခ်ေနၾကတဲ့ တပ္ခြဲ ၂ ရဲေဘာ္ေတြဆီ သြားေရာက္ အားေပးစကားေျပာခဲ့ပါတယ္။ နယ္စပ္ေတာင္ထိပ္ ဆုိေပမယ့္ နတ္အိမ္ေတာင္လုိေတာ့ ျမင္ကြင္းက သိပ္မေကာင္းတဲ့အျပင္ နယ္စပ္ကုန္ သြယ္ေရးလမ္းေၾကာင္းလဲ မရွိပါ။ ရဲေဘာ္အမ်ားစုဟာ နတ္အိမ္ေတာင္ကုိ လြမ္းေနပုံရၿပီး နတ္အိမ္ေတာင္ခစန္းကုိ ျပန္သိမ္းခ်င္တဲ့အေၾကာင္း ေျပာေနျကပါတယ္။ ညေနပုိင္းမွာ လူစုၿပီး “လက္ရွိနုိင္ငံေရး အေျခအေန ရွင္းလင္းတင္ျပျခင္း” လုပ္ခဲ့ေသးတယ္လို႔ ထင္ေပမယ့္ အေသးစိပ္ မမွတ္မိေတာ့ပါ။

ထား၀ယ္သား အိမ္ျပန္

ဒီလုိနဲ႔ က်ေနာ္ဟာ နတ္အိမ္ေတာင္နဲ႔ ေလးအိမ္စုမွာ သတင္းတပတ္ခန္႔ ၾကာသြားခဲ့ပါတယ္။ မာနယ္ပေလာတပ္စုကုိ သည္းခံၿပီး ဆက္ေစာင့္ဖုိ႔ ေၾကးနန္းပုိ႔ၿပီး ေျပာထားေပမယ့္ ရဲေဘာ္ေတြက စိတ္ရွည္သည္းခံနုိင္စြမ္း ရွိပုံမရေတာ့ပါ။ “ကိုယ္အစီစဥ္နဲ႔ကုိယ္ ျပန္လာေတာ့မယ္။ ခရီးစရိတ္နဲ႔ လမ္းေၾကာင္းကိုသာ ဥကၠ႒စီစဥ္ေပးပါ” ဆုိၿပီး က်ေနာ္ဆီ ေၾကးနန္းျပန္၀င္လာပါတယ္။ ဒီေၾကးနန္းကိုၾကည့္ၿပီး ထား၀ယ္မွာေခတ္စားတဲ့ “ထား၀ယ္သားအိမ္ျပန္” ဆုိတဲ့ စကားလုံးကို သြားသတိရမိပါတယ္။


ထား၀ယ္သားေတြ အိမ္ျပန္ခ်င္ရင္ ဘယ္လုိမွတားမရ၊ ဆီးမရေတာ့ဘဲ မျဖစ္ျဖစ္တဲ့နည္းနဲဲ႔ ရေအာင့္ျပန္ေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ ဒီေတာ့ က်ေနာ္လည္း ဘာမွမတတ္နုိင္ေတာ့ပါ။ မာနယ္ပုေလာ-ေစာ္လဲထာ-မယ္စရီးယန္း-ဘန္ေကာက္ကုိ ေလွတဆင့္၊ လုိင္းကားတဆင့္၊ ဘတ္စကားတဆင့္ ဘယ္လုိစီးရမယ္။ တစုကုိ လူ ၄ ဦးထက္မပိုေစဘဲ အုပ္စုခဲြသြားပါ။ စစ္ပစၥည္းေတြ လုံး၀သယ္မလာမိေစပါနဲ႔ စသျဖင့္ ညႊန္ၾကားခ်က္ကုိ စက္ေပၚတက္ၿပီး တခါတည္း ေျပာလုိက္ရပါတယ္။

ၿပီးေတာ့ ဘန္ေကာက္မွာ လည္လည္၀ယ္၀ယ္ သြားဖူးတဲ့ ရဲေဘာ္တဦးကုိ မင္းသမီးစခန္းကေန ဘန္ေကာက္ အျမန္ဆုံးတက္ၿပီး ဒီလူေတြကိုႀကိဳဆုိဖုိ႔၊ ေနာက္တဦးက ေဟြးနန္းေခါင္ရွိ ဦးဟန္လင္းရဲ့အိမ္မွာ ႀကိဳဖုိ႔ အေရးေပၚညႊန္ၾကားမႈေတြ လုပ္လုိက္ရပါတယ္။ အဲဒီကာလက ဦးဟန္လင္း မိသားစုဟာ ေဟြးနန္းေခါင္ရြာစပ္က ထုိင္းစိုက္ပ်ဳိးေရးၿခံတခုမွာ ေနထုိင္ခြင့္ရထားပါတယ္။

ဒီလုိနဲ႔ မာနယ္ပေလာကေန ေစာလဲထာကို ေလွစီးၿပီး ေန႔လည္ခ်ိန္ အေရာက္လာ၊ ေစာလဲထာကေန မဲစရီယန္းကုိ ညေနကားမီေအာင္စီး၊ ဘန္ေကာက္-ေမာ္ခ်စ္ကားဂိတ္ကို မနက္ေစာေစာ ေရာက္ရမယ္ဆုိတဲ့ စီမံကိန္းကို အေကာင္ထည္ေဖာ္ပါေတာ့တယ္။ မယ္စရီးယန္းကေနလာတဲ့ ဘတ္စ္ကားဟာ ၁၀ နာရီ၀န္းက်င္မွ ဘန္ေကာက္-ေမာ္ခ်စ္ကားဂိတ္ကို ေရာက္တဲ့အတြက္ အဲဒီကတဆင့္ ေတာင္ပုိင္းကားဂိတ္ဆီသြားၿပီး ကန္ခ်နပူရီကားကို စီးဖုိ႔အခ်ိန္က စေကာစက ျဖစ္ေနပါတယ္။ တခါ ကန္ခ်နပူရီ-ေဟြးနန္းေခါင္ လုိင္းကားက ေန႔လည္ ၁ နာရီ ထြက္တဲ့အတြက္ အဲဒီလုိင္းကားကို ဘယ္လုိမွ မမီနုိင္ေတာ့ပါ။ ဒီေတာ့ ဘန္ေကာက္မွာ တညတာအိပ္ဖုိ႔ စခန္းေထာက္ ရွာရပါေတာ့တယ္။

ဘန္ေကာက္မွာ ႐ံုးခြဲမရွိလုိ႔ ခုိနားရာမရွိျဖစ္ေနတဲ့ က်ေနာ္တုိ႔တပ္ဖြဲ႔၀င္ေတြကို အႀကိဳ-အပုိ႔ လုပ္ေပးၿပီး သူတုိ႔အခန္းမွာ လက္ခံေကြ်းေမြးေပးတဲ့ ဘုရားသုံးဆူေဒသက ABSDF ရဲေဘာ္ေဟာင္းေတြျဖစ္တဲ့ ကိုခ်စ္ဘြယ္၊ ကုိယဥ္ေထြး၊ ကုိမ်ဳိးေအးတုိ႔ကုိ အမည္တပ္ၿပီး ေက်းဇူးတင္သင့္တယ္လို႔ က်ေနာ္ ထင္မိပါတယ္။ တေခါက္မွာ လူ ၄ ဦးစီကုိ စက္ေလွတဆင့္၊ လုိင္းကား တဆင့္၊ ဘတ္စကား ၃ ဆင့္ ေလာက္နဲ႔ မာနယ္ပေလာ-ေစာလဲထာ-မယ္စရီးယန္း-ဘန္ေကာက္-ကန္ခ်နပူရီ-ေဟြးနန္းေခါင္-မင္းသမီး အထိ သယ္တဲ့၊ ျဖစ္သလုိ အေရးေပၚစီစဥ္လုိက္တဲ့ ထုိင္းနုိင္ငံျဖတ္ လူေမွာင္ခုိသယ္နည္း စစ္ဆင္ေရးဟာ ကံေကာင္းေထာက္မစြာနဲ႔ တဦးမွ အဖမ္းဆီးမခံရဘဲ သတင္း ၂ ပတ္အတြင္း ရဲေဘာ္ ၂၄ ဦးစလုံး မင္းသမီးစခန္းအထိ ေခ်ာေခ်ာေမာေမာ ျပန္ေရာက္လာခဲ့ပါတယ္။ တဦးကေတာ့ ဘန္ေကာက္မွာ ေသာင္တင္ေနတုန္း ဒုကၡသည္အျဖစ္ ေလွ်ာက္လုိက္တဲ့အတြက္ မင္းသမီးစခန္းဆီ ျပန္မလာေတာ့ပါ။

“ဘတ္စ္ကားစီးတဲ့ စစ္သည္ေတာ္မ်ား” လုိ႔ နာမည္ႀကီးသြားတဲ့ ရဲေဘာ္ ၂၅ ဦး သယ္ယူမႈ စစ္ဆင္ေရး ေအာင္ျမင္သြားတဲ့သတင္းဟာ က်ေနာ္တုိ႔ တပ္ရင္းေဘးက ကုိနုိင္ေအာင္တုိ႔၊ ကိုမုိးသီးဇြန္တုိ႔ တပ္ဖြဲ႔ေတြအတြက္ အံၾသစရာျဖစ္ေနခဲ့သလုိ မာနယ္ပေလာ၀န္းက်င္ရွိ သက္ဆုိင္ရာ ဗဟုိအသီးသီး ကလည္း အေတာ္အံ့ၾသေနတယ္လုိ႔ သိရပါတယ္။ ဒီခရီးစဥ္အတြက္ ဘယ္အဖြဲ႔ဆီကမွ အကူညီမရလုိ႔ က်ေနာ္တုိ႔ရဲ့ မာနယ္ပုေလာ စစ္ေၾကာင္းပုိင္ Mizuho ဆက္သြယ္ေရးစက္ကုိ ေရာင္းခ်ၿပီး အဲဒီကရတဲ့ ေငြတေသာင္းေက်ာ္နဲ႔ ေလွခ၊ ကားခ၊ စားစရိတ္အျဖစ္ အသုံးျပဳကာ အခုလို ျပန္လာနုိင္ခဲ့တယ္ဆုိတာကိုပါ သူတုိ႔သိရင္ ပုိၿပီးေတာင္ အံၾသေနမလားလုိ႔ က်ေနာ္ စဥ္းစားေနမိပါတယ္။


စစ္ေၾကာင္းမႉး ကိုမင္းေဇာ္သူ (ေရွ႕ဆုံးတန္း ၀ဲဘက္မွ စစ္ေရာင္ယူနီေဖာင္း ၀တ္ထားသူ) နဲ႔ ၂၀၁ မွ တပ္စုကုိ မာနယ္ပေလာမွ ေနာ္တ ခံစစ္ေၾကာင္းသုိ႔အသြား ေသာင္ရင္းျမစ္ထဲတြင္ ေတြ႔ရစဥ္
ဒါေပမယ့္ ၁၉၈၉ အေစာပုိင္းတုန္းက ေခၚယူခဲ့တဲ့ မဖြဲ႔ျဖစ္လုိက္တဲ့ DAB စစ္ေၾကာင္းအတြက္ မာနယ္ပေလာစခန္းဆီ ေရာက္ခဲ့ဖူးသူ ရဲေဘာ္ ၂၀ ေက်ာ္ထဲမွ တဦးကေတာ့ ၁၉၈၉ ကတည္းက ၂၀၁ ရဲေဘာ္ေတြ အလားတူအျဖစ္မ်ဳိးနဲ႔ ႀကံဳခဲ့ဖူးၿပီးျဖစ္တယ္လုိ႔ ေထာက္ျပပါတယ္။ အဲဒီတပ္စုကုိ မင္းသမီး-ဘုရားသုံးဆူ-၀ါေလ-မဲေဆာက္ကေန မာနယ္ပေလာ အထိ ေခ်ာေခ်ာေမာေမာ သြားနုိင္ေအာင္ DAB နဲ႔ KNU က စီစဥ္ေပးခဲ့ပါတယ္။

ဒါေပမယ့္ မာနယ္ပုေလာကေန မင္းသမီးစခန္းဆီ အျပန္ခရီးမွာေတာ့ ဘာမွ မစီစဥ္ေပးေတာ့ဘဲ “မဲေဆာက္က ေဒါက္တာစင္သီယာေမာင္ ေဆးခန္းမွာ က်ေနာ္တုိ႔တပ္စုကို ဒီအတုိင္းပစ္ထားခဲ့တယ္” လုိ႔ အဲဒီေက်ာင္းသားက ေျပာပါတယ္။ ေနာက္ဆုံးမွာေတာ့ အခု က်ေနာ္တုိ႔ ဘက္မလိုက္ အဖြဲ႔ ၂၅ ဦး ျပန္လာသလုိပဲ ကုိယ္အစီစဥ္နဲ႔ကုိယ္ ေတာလမ္းတဆင့္၊ လုိင္းကားတဆင့္ စီးၿပီး ျပန္လာခဲ့ရဖူးတယ္လုိ႔ သူကဆုိပါတယ္။ ဒါေၾကာင့္ ဒီျဖစ္ရပ္မ်ဳိးေတြ ထပ္မျဖစ္ေအာင္ တပ္ေပါင္းစုဖက္က အေသအခ်ာ စီစဥ္ေပးသင့္တယ္ဆုိၿပီး အဲဒီရဲေဘာ္က ေ၀ဖန္ေထာက္ျပခဲ့တာကို က်ေနာ္ အမွတ္ရေနပါတယ္။

========================================================

(အပိုင်း ၃၂)

ထက်အောင်ကျော်| May 31, 2012/ ဧရာဝတီ။

နဝတ ဘက်ကနေ ABSDF တပ်ရင်း ၂၀၁ ဆီ ဘက်ပြောင်း လာတဲ့ တပ်ကြပ်ကြီး တင်မြင့်ဦးနှင့်အဇွဲ့
 In early morning 5:30 AM of Thai Standard time on July 1st 1992, 5 soldiers of Burmese Army’s regiment 104, column No.2, had left their post and joined our ABSDF regiment 102 & 201 near Nat Eain Taung (Ban I Taung). They brought a 60 MM Mortar and other arms & ammunitions along with them. They were Sergeant Tin Myint Oo (514525), Private Thwin Aung Myint (648059), Private Yin Thein (726540), Private Min Min (766789), and Private Htun Htun (796015).
— with Sergeant Tin Myint Oo and Private Min Min.
ဘက်ပြောင်းလာသော တပ်ကြပ်ကြီးနှင့် လေးအိမ်စု တပ်စခန်း

ကျနော်ဟာ မင်းသမီးစခန်းဆီ ပြန်လာပြီး တပ်မဟာ ၄ တပ်မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ခရိုင်ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့နဲ့ အသေအချာ ဆွေးနွေးပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ကျနော်တို့ကို ကူညီရင် ကျန်တဲ့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ဘက်က တပ်တွေပြန်လာရေးကိုလည်း သူတို့ကူညီမှဖြစ်မယ်။ ကျနော်တို့တဖွဲ့တည်းကို ကွက်ပြီးကူညီရင် “ဘက်လိုက်တယ်လို့ စွပ်စွဲခံရမယ်။ အခုတောင် တပ်မဟာ ၄ က ဘက်မလိုက်အဖွဲ့ကို မျက်နှာသာပေးနေတယ်ဆိုပြီး စွပ်စွဲသံတွေကြားနေရတယ်” လို့ တပ်မဟာမှူးက ဗြောင်ပြောပြီး ကျနော်ရဲ့တင်ပြချက်ကို ငြင်းလိုက်ပါတယ်။ ကျနော့်ကို လိုက်ကူညီပေးနေတဲ့ ကျောင်းသားရေး ရာတာဝန်ခံ ပဒိုမန်းငြိမ်းမောင်လည်း အတော်စိတ်ပျက်သွားပုံ ရပါတယ်။ တပ်မဟာမှူး အိမ်အောက်ထပ်က နေကျနော်နဲ့ မန်းငြိမ်းမောင် အတူထွက်လာပြီး ဘာဆက်လုပ်ရင် ကောင်းမလဲလို့ ဆွေးနွေးပေမယ့် တိကျတဲ့ လုပ်ငန်းစဉ် ထွက်မလာခဲ့ပါ။


တပ်ရင်းပြန်ဆင်းပြီး ကော်မီတီတွေနဲ့ ဆွေးနွေးတော့ ဘိုင်သိန်းမြင့်တို့ တပ်ခွဲ ၂ ရှိရာ နတ်အိမ်တောင်ဒေသဆီ သွားပြီး အဲဒီမှာရှိတဲ့ ထိုင်းထောက်လှမ်းရေးကို အကူညီတောင်းရင် ကောင်းမယ်လို့ ဆုံးဖြတ်ချက် ထွက်လာပါတယ်။ ဘာလက်မှတ်မှ မရှိဘဲ ထိုင်းတဦးလို သရုပ်ဆောင်ပြီး ထိုင်းနိုင်ငံ ဟိုဘက် ဒီဘက်ကိုဖြတ်ပြီး ခရီးသွားနေတဲ့ကျနော်ဟာ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်အထိ တခါမှ အဖမ်းမခံခဲ့ရသေးပါဘူး။ လိုင်းကားအဆင့်ဆင့်စီးပြီး နတ်အိမ်တောင် စခန်းဆီ ကျနော်ရောက်သွားတော့ အခြေအနေက အရင်လိုမဟုတ်တော့။ နတ်အိမ်တောင်စခန်းကို နဝတ က သိမ်းထားလိုက်ပြီ ဖြစ်တဲ့အတွက် နတ်အိမ်တောင်ရွာထဲမှာ ကျောင်းသားတွေအရင်လို ပေါ်ပေါ်တင်တင် နေလို့မရတော့ပါ။

နောက်တခါ နဝတစစ်သားတွေလည်း နတ်အိမ်တောင်ရွာထဲ မကြာခဏဆင်းလာပြီး ဈေးလာဝယ်နေတယ်လို့ သိရတဲ့အတွက် စိတ်ထဲမှာ သိပ်မလုံခြုံလှ။ ဒါပေမယ့် တပ်ခွဲမှူး ဘိုင်သိန်းမြင့် (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲအတွင်း ကျဆုံး) က သူ့နယ်ကို သူပိုင်ပါတယ်ဆိုတဲ့ အထာမျိုးနဲ့ အေးအေးဆေးဆေးနေပြနေတော့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကျနော်က စိုးရိမ်မှုပြနေလို့ ဘယ်ဖြစ်မလဲ။ သ့ူနယ်ကို သူပိုင်တယ်ဆိုပေမယ့် အရင် နတ်အိမ်တောင်စခန်း မကျခင်က ကျနော်တို့ ၂၀၁ တပ်ရင်း ရုံးခန်းဖွင့်ခဲ့တဲ့ ၂ ထပ်တိုက်အိမ်ကြီး ဒေါ်ခင်ကြည်ရဲ့ အိမ်မှာတော့ ပေါ်တင်သွားမတည်းရဲတော့ပါ။ ဟိုဆိုင်ဒီဆိုင်ဝင်ပြီး လဖက်ရည်သောက်၊ ရွာသားတွေနဲ့ စကားပြော လုပ်နေပေမယ့် ကျနော်တို့ ဘယ်မှာတည်းသလဲ ဆိုတာကို မပြောရဲပါ။

နောက်တရက် မိုးလင်းတော့ ဘိုင်သိန်းမြင့်နဲ့ ကျနော်ဟာ စကားပြန်တဦးကိုခေါ်၊ နတ်အိမ်တောင်ရွာအဝင်၀ တောင်ကုန်းပေါ်ရှိ ထိုင်းထောက်လှမ်းရေး ရုံးခန်းဆီတက်ပြီး မာနယ်ပလောရောက် ရဲဘော်တွေ ပြန်ခေါ်ရေးကိစ္စ အကူညီပေးဖို့ တင်ပြခဲ့ပါတယ်။ ဒီထောက်လှမ်းရေးအဖွဲ့ဟာ ကျနော်တို့နဲ့ အရင်းနှီးဆုံး၊ နားလည်မှုအရှိဆုံးလို့ ထင်ထားပေမယ့် ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေ၊ နယ်မြေစိုးမိုးမှု အခြေနေတွေအရ သူတို့တာဝန်ကျရာနယ်ဖြစ်တဲ့ ကန်ချနပူရီခရိုင်ကို ကျော်ပြီး လူ ၂၀ ကျော် သယ်ယူဖို့ကိစ္စဟာ မဖြစ်နိုင်ဘူးလို့သာ အဖြေရခဲ့ပါတယ်။

ဆွေးနွေးသမျှ အဆင်မပြေဖြစ်နေတဲ့ ကျနော်ဟာ စိတ်ပျက်လက်ပျက်နဲ့ ထောက်လှမ်းရေးကုန်းပေါ်ကနေ ဆင်းလာပြီး အခြေနေတွေကို တပ်ရင်းဌာနချုပ်နဲ့ မာနယ်ပုလောက တပ်စုဆီ ကြေးနန်းပို့နိုင်ဖို့ ကျနော်တို့တပ်ခွဲ အခြေစိုက်ရာ လေးအိမ်စုရွာဆီ ဆက်သွားခဲ့ပါတယ်။ ကျနော်တို့မှာ ကားမရှိ။ ကားလည်း မငှားနိုင်ပါ။ ဒီတော့ နတ်အိမ်တောင်ကနေ လေးအိမ်စုကိုသွားဖို့ ရေပူရွာဆီ ကားလမ်းအတိုင်း ကုန်ကြောင်းခရီး တနာရီလောက် နှင်လိုက်ရပါတယ်။ တောထဲမှာ လမ်းလျှောက်ရတာ ရိုးနေပြီဖြစ်ပေမယ့် ကတ္တရာလမ်းပေါ် တနာရီလောက် လမ်းလျှောက်နေရတာကိုတော့ စိတ်ထဲမှာ သိပ်မဘဝင်မကျလှပါ။

ဒီလိုနဲ့ ရေပူရွာထိပ်ဆီ ရောက်လာပြီး ရွာနဘေးရှိ ကားလမ်းကြမ်းလေးအတိုင်း ဝင်လာတော့ ပထမဆုံး တွေ့ရတာက ဝါးရုံတောထဲမှာ တပ်ဖျောက်ထားတဲ့ ကျောင်းသားတပ်ရင်း ၃ ခုရဲ့ ပူးတွဲကင်းပုန်းစခန်း။ အဲဒီမမြင်ရတဲ့ လုံခြုံရေးဂိတ်ကိုဖြတ်ပြီး ဝင်လာတော့ စမ်းချောင်းလေးတခုကို တွေ့ရပြီး အဲဒီချောင်းဘေးက တလုံးတည်းသော သွပ်မိုး၊ သစ်သားအိမ်ဟာ KNU တပ်ခွဲမှူး ဗိုလ်လှချော ယာယီနေတဲ့အိမ်ဖြစ်ပါတယ်။ သူအိမ်ပေါ်တက်သွားတော့ ဗိုလ်လှချောက အိမ်မှာမရှိတဲ့အတွက် စကားပြောခွင့် မရလိုက်ပါဘူး။ သူ့အိမ်ကိုကျော်ပြီး ၁၀ မိနစ်လောက် ထပ်လျှောက်လိုက်တော့ သက်ကယ်မိုး ဝါးတဲ ၁၀ တဲကျော် တွေ့ရပြီး အဲဒါဟာ “ဒီမိုကရေစီ ဒုက္ခသည်ကျေးရွာ”  ဖြစ်ပါတယ်။

“ကျေးရွာ ဆေးပေးခန်း” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ ဝါးတဲတလုံးထဲ ဝင်လိုက်တော့ ဆေးမှူးတွေက ကျနော်တို့တပ်ရင်းနဲ့ ၁၀၁၊ ၁၀၂ ရဲဘော်တွေ။ လူနာတွေထဲမှာတော့ ငှက်ဖျားမိ ရဲဘော်တချို့နဲ့ ဒုက္ခသည်ကလေးငယ်တချို့။ ဆေးခန်းနဲ့ မျက်စောင်းထိုး တခြား တဲတလုံးမှာတော့ “ကျေးရွာ မူလတန်းကျောင်း” ဆိုတဲ့ဆိုင်းဘုတ်ကို တွေ့ရပြီး ကျောင်းဆရာတွေထဲမှာ ကျနော်တို့ တပ်ရင်းက ရဲမေတဦးကို လှမ်းမြင်လိုက်ရပါတယ်။ နောက် တဲတလုံးမှာတော့ ရွာဥက္ကဋ္ဌ ဦးရှိန် (အခု အမေရိကန်) တို့ မိသားစုကို တွေ့ရပြီး စကားထိုင်ပြောဖြစ်ခဲ့ပါတယ်။

နောက်တရက်မိုးလင်းတော့ နတ်အိမ်တောင်အခြေစိုက် ခလရ ၂၀၈ ကနေ ၆၀ မမ လက်နက်ကြီးတလက်၊ လက်နက်ငယ် ၄ လက်နဲ့အတူ ကျနော်တို့ ABSDF တပ်တွေဆီ ဘက်ပြောင်းလာတဲ့ တပ်ကြပ်ကြီး တင်မြင့်ဦး (အခု ကနေဒါ) အပါအဝင် ရဲဘော် ၅ ဦးကို ဘိုင်သိန်းမြင့်က ခေါ်လာပြီး ကျနော်နဲ့ ပေးတွေ့ပါတယ်။ ဒီလို ပူးပေါင်းနိုင်အောင် စည်းရုံးခဲ့သူကတော့ တပ်ခွဲမှူး ဘိုင်သိန်းမြင့် ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်ရင်းအပြင် ABSDF တခုလုံးအတွက်ပါ လက်နက်ကြီးနဲ့အတူ လာရောက်ပူးပေါင်းတဲ့ ပထမဆုံး ရှားရှားပါးပါး နဝတ စစ်သည်တွေလို့ ကျနော်ထင်ပါတယ်။


၆၀ မမ သင်တန်းဆင်းပွဲအပြီး မင်းသမီးခစန်းမှာတွေ့ရတဲ့ တင်မြင့်ဦးနှင့်ရဲဘော်များ

အဲဒီအချိန် ကိုတင်မြင့်ဦးက အသက် ၃၀ ကျော်စပဲ ရှိပုံရသေးပြီး တပ်ကြပ်တဦး၊ ဒုတပ်ကြပ်တဦးနဲ့ ရဲဘော် ၂ ဦးဆိုရင် အသက် ၂၀ ဝန်းကျင် လူငယ်လေးတွေ ဖြစ်ပါတယ်။ သူတို့ကို အခုမှ ကျနော် လူချင်းတွေ့ဖူးပေမယ့် သူတို့ရဲ့ဓာတ်ပုံနဲ့ သတင်းကိုတော့ မာနာပလောမှာ ရောက်နေစဉ်ကတည်းက ကြားခဲ့ရပြီးဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူတို့ ၅ ဦးဟာ ကျနော်တို့ မာနယ်ပလော တိုက်ပွဲကာလအတွင်း နတ်အိမ်တောင်စခန်းကနေ ဘက်ပြောင်းလာသူတွေဖြစ်ပြီး အဲဒီကာလ ၁၀၂ မှ ဗဟိုခေါင်းဆောင်တဦးဖြစ်သူ ကိုဉာဏ်လင်းရွှေက သတင်းဌာနတွေဆီ ထုတ်ပြန်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

သူတို့ ဘာကြောင့် ဘက်ပြောင်း ထွက်ပြေးလာသလဲဆိုတာကို မေးကြည့်တော့ အဓိကအားဖြင့် အပေါ်အောက် ခွဲခြားဆက်ဆံမှု၊ အထက်အရာရှိတွေရဲ့ အနိုင်ကျင့်မှုကို မခံနိုင်လို့ ထွက်လာတယ်လို့ ပြောတာကို ကျနော်အမှတ်ရနေပါတယ်။ ဒီလိုနဲ့ နဝတ တပ်တွင်းက အခြေနေကိုမေးမြန်း၊ သူတို့ ၅ ဦးကို အားပေးစကားပြော၊ မင်းသမီးခစန်းဆီ မကြာခင် ခေါ်ယူနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကိုတင်မြင့်ဦးတို့ ၅ ဦး ဘက်ပြောင်းလာအောင် စည်ရုံးနိုင်ခဲ့တဲ့ တပ်ခွဲမှူး ဘိုင်သိန်းမြင့်ကိုလည်း ချီးကျုးမိပါတယ်။

အဲဒီနောက်မှာတော့ နတ်အိမ်တောင်ဒေသဆီ လာရင်းကိစ္စ အဆင်မပြေသေးတဲ့အကြောင်း၊ စိတ်ရှည်သီးခံပြီး ဆက်စောင့်ဖို့ လိုတဲ့အကြောင်း မာနယ်ပလောရှိတပ်စုနဲ့ တပ်ရင်းဌာနချုပ်တွေဆီ ကြေးနန်းပို့ရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဒုက္ခသည်စခန်းနောက်ကျော နယ်စပ်တောင်ကုန်းမှာ ယာယီတဲထိုး စခန်းချနေကြတဲ့ တပ်ခွဲ ၂ ရဲဘော်တွေဆီ သွားရောက် အားပေးစကားပြောခဲ့ပါတယ်။ နယ်စပ်တောင်ထိပ် ဆိုပေမယ့် နတ်အိမ်တောင်လိုတော့ မြင်ကွင်းက သိပ်မကောင်းတဲ့အပြင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းလဲ မရှိပါ။ ရဲဘော်အများစုဟာ နတ်အိမ်တောင်ကို လွမ်းနေပုံရပြီး နတ်အိမ်တောင်ခစန်းကို ပြန်သိမ်းချင်တဲ့အကြောင်း ပြောနေကြပါတယ်။ ညနေပိုင်းမှာ လူစုပြီး “လက်ရှိနိုင်ငံရေး အခြေအနေ ရှင်းလင်းတင်ပြခြင်း” လုပ်ခဲ့သေးတယ်လို့ ထင်ပေမယ့် အသေးစိပ် မမှတ်မိတော့ပါ။

ထားဝယ်သား အိမ်ပြန်

ဒီလိုနဲ့ ကျနော်ဟာ နတ်အိမ်တောင်နဲ့ လေးအိမ်စုမှာ သတင်းတပတ်ခန့် ကြာသွားခဲ့ပါတယ်။ မာနယ်ပလောတပ်စုကို သည်းခံပြီး ဆက်စောင့်ဖို့ ကြေးနန်းပို့ပြီး ပြောထားပေမယ့် ရဲဘော်တွေက စိတ်ရှည်သည်းခံနိုင်စွမ်း ရှိပုံမရတော့ပါ။ “ကိုယ်အစီစဉ်နဲ့ကိုယ် ပြန်လာတော့မယ်။ ခရီးစရိတ်နဲ့ လမ်းကြောင်းကိုသာ ဥက္ကဋ္ဌစီစဉ်ပေးပါ” ဆိုပြီး ကျနော်ဆီ ကြေးနန်းပြန်ဝင်လာပါတယ်။ ဒီကြေးနန်းကိုကြည့်ပြီး ထားဝယ်မှာခေတ်စားတဲ့ “ထားဝယ်သားအိမ်ပြန်” ဆိုတဲ့ စကားလုံးကို သွားသတိရမိပါတယ်။


ထားဝယ်သားတွေ အိမ်ပြန်ချင်ရင် ဘယ်လိုမှတားမရ၊ ဆီးမရတော့ဘဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင့်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျနော်လည်း ဘာမှမတတ်နိုင်တော့ပါ။ မာနယ်ပုလော-စော်လဲထာ-မယ်စရီးယန်း-ဘန်ကောက်ကို လှေတဆင့်၊ လိုင်းကားတဆင့်၊ ဘတ်စကားတဆင့် ဘယ်လိုစီးရမယ်။ တစုကို လူ ၄ ဦးထက်မပိုစေဘဲ အုပ်စုခွဲသွားပါ။ စစ်ပစ္စည်းတွေ လုံးဝသယ်မလာမိစေပါနဲ့ စသဖြင့် ညွှန်ကြားချက်ကို စက်ပေါ်တက်ပြီး တခါတည်း ပြောလိုက်ရပါတယ်။

ပြီးတော့ ဘန်ကောက်မှာ လည်လည်ဝယ်ဝယ် သွားဖူးတဲ့ ရဲဘော်တဦးကို မင်းသမီးစခန်းကနေ ဘန်ကောက် အမြန်ဆုံးတက်ပြီး ဒီလူတွေကိုကြိုဆိုဖို့၊ နောက်တဦးက ဟွေးနန်းခေါင်ရှိ ဦးဟန်လင်းရဲ့အိမ်မှာ ကြိုဖို့ အရေးပေါ်ညွှန်ကြားမှုတွေ လုပ်လိုက်ရပါတယ်။ အဲဒီကာလက ဦးဟန်လင်း မိသားစုဟာ ဟွေးနန်းခေါင်ရွာစပ်က ထိုင်းစိုက်ပျိုးရေးခြံတခုမှာ နေထိုင်ခွင့်ရထားပါတယ်။

ဒီလိုနဲ့ မာနယ်ပလောကနေ စောလဲထာကို လှေစီးပြီး နေ့လည်ချိန် အရောက်လာ၊ စောလဲထာကနေ မဲစရီယန်းကို ညနေကားမီအောင်စီး၊ ဘန်ကောက်-မော်ချစ်ကားဂိတ်ကို မနက်စောစော ရောက်ရမယ်ဆိုတဲ့ စီမံကိန်းကို အကောင်ထည်ဖော်ပါတော့တယ်။ မယ်စရီးယန်းကနေလာတဲ့ ဘတ်စ်ကားဟာ ၁၀ နာရီဝန်းကျင်မှ ဘန်ကောက်-မော်ချစ်ကားဂိတ်ကို ရောက်တဲ့အတွက် အဲဒီကတဆင့် တောင်ပိုင်းကားဂိတ်ဆီသွားပြီး ကန်ချနပူရီကားကို စီးဖို့အချိန်က စကောစက ဖြစ်နေပါတယ်။ တခါ ကန်ချနပူရီ-ဟွေးနန်းခေါင် လိုင်းကားက နေ့လည် ၁ နာရီ ထွက်တဲ့အတွက် အဲဒီလိုင်းကားကို ဘယ်လိုမှ မမီနိုင်တော့ပါ။ ဒီတော့ ဘန်ကောက်မှာ တညတာအိပ်ဖို့ စခန်းထောက် ရှာရပါတော့တယ်။

ဘန်ကောက်မှာ ရုံးခွဲမရှိလို့ ခိုနားရာမရှိဖြစ်နေတဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို အကြို-အပို့ လုပ်ပေးပြီး သူတို့အခန်းမှာ လက်ခံကျွေးမွေးပေးတဲ့ ဘုရားသုံးဆူဒေသက ABSDF ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကိုချစ်ဘွယ်၊ ကိုယဉ်ထွေး၊ ကိုမျိုးအေးတို့ကို အမည်တပ်ပြီး ကျေးဇူးတင်သင့်တယ်လို့ ကျနော် ထင်မိပါတယ်။ တခေါက်မှာ လူ ၄ ဦးစီကို စက်လှေတဆင့်၊ လိုင်းကား တဆင့်၊ ဘတ်စကား ၃ ဆင့် လောက်နဲ့ မာနယ်ပလော-စောလဲထာ-မယ်စရီးယန်း-ဘန်ကောက်-ကန်ချနပူရီ-ဟွေးနန်းခေါင်-မင်းသမီး အထိ သယ်တဲ့၊ ဖြစ်သလို အရေးပေါ်စီစဉ်လိုက်တဲ့ ထိုင်းနိုင်ငံဖြတ် လူမှောင်ခိုသယ်နည်း စစ်ဆင်ရေးဟာ ကံကောင်းထောက်မစွာနဲ့ တဦးမှ အဖမ်းဆီးမခံရဘဲ သတင်း ၂ ပတ်အတွင်း ရဲဘော် ၂၄ ဦးစလုံး မင်းသမီးစခန်းအထိ ချောချောမောမော ပြန်ရောက်လာခဲ့ပါတယ်။ တဦးကတော့ ဘန်ကောက်မှာ သောင်တင်နေတုန်း ဒုက္ခသည်အဖြစ် လျှောက်လိုက်တဲ့အတွက် မင်းသမီးစခန်းဆီ  ပြန်မလာတော့ပါ။

“ဘတ်စ်ကားစီးတဲ့ စစ်သည်တော်များ” လို့ နာမည်ကြီးသွားတဲ့ ရဲဘော် ၂၅ ဦး သယ်ယူမှု စစ်ဆင်ရေး အောင်မြင်သွားတဲ့သတင်းဟာ ကျနော်တို့ တပ်ရင်းဘေးက ကိုနိုင်အောင်တို့၊ ကိုမိုးသီးဇွန်တို့ တပ်ဖွဲ့တွေအတွက် အံသြစရာဖြစ်နေခဲ့သလို မာနယ်ပလောဝန်းကျင်ရှိ သက်ဆိုင်ရာ ဗဟိုအသီးသီး ကလည်း အတော်အံ့သြနေတယ်လို့ သိရပါတယ်။ ဒီခရီးစဉ်အတွက် ဘယ်အဖွဲ့ဆီကမှ အကူညီမရလို့ ကျနော်တို့ရဲ့ မာနယ်ပုလော စစ်ကြောင်းပိုင် Mizuho ဆက်သွယ်ရေးစက်ကို ရောင်းချပြီး အဲဒီကရတဲ့ ငွေတသောင်းကျော်နဲ့ လှေခ၊ ကားခ၊ စားစရိတ်အဖြစ်  အသုံးပြုကာ အခုလို ပြန်လာနိုင်ခဲ့တယ်ဆိုတာကိုပါ သူတို့သိရင် ပိုပြီးတောင် အံသြနေမလားလို့ ကျနော် စဉ်းစားနေမိပါတယ်။


စစ်ကြောင်းမှူး ကိုမင်းဇော်သူ (ရှေ့ဆုံးတန်း ဝဲဘက်မှ စစ်ရောင်ယူနီဖောင်း ဝတ်ထားသူ) နဲ့ ၂၀၁ မှ တပ်စုကို မာနယ်ပလောမှ နော်တ ခံစစ်ကြောင်းသို့အသွား သောင်ရင်းမြစ်ထဲတွင် တွေ့ရစဉ်
ဒါပေမယ့် ၁၉၈၉ အစောပိုင်းတုန်းက ခေါ်ယူခဲ့တဲ့ မဖွဲ့ဖြစ်လိုက်တဲ့ DAB စစ်ကြောင်းအတွက် မာနယ်ပလောစခန်းဆီ ရောက်ခဲ့ဖူးသူ ရဲဘော် ၂၀ ကျော်ထဲမှ တဦးကတော့ ၁၉၈၉ ကတည်းက ၂၀၁ ရဲဘော်တွေ အလားတူအဖြစ်မျိုးနဲ့ ကြုံခဲ့ဖူးပြီးဖြစ်တယ်လို့ ထောက်ပြပါတယ်။ အဲဒီတပ်စုကို မင်းသမီး-ဘုရားသုံးဆူ-ဝါလေ-မဲဆောက်ကနေ မာနယ်ပလော အထိ ချောချောမောမော သွားနိုင်အောင် DAB နဲ့ KNU က စီစဉ်ပေးခဲ့ပါတယ်။

ဒါပေမယ့် မာနယ်ပုလောကနေ မင်းသမီးစခန်းဆီ အပြန်ခရီးမှာတော့ ဘာမှ မစီစဉ်ပေးတော့ဘဲ “မဲဆောက်က ဒေါက်တာစင်သီယာမောင် ဆေးခန်းမှာ ကျနော်တို့တပ်စုကို ဒီအတိုင်းပစ်ထားခဲ့တယ်” လို့ အဲဒီကျောင်းသားက ပြောပါတယ်။ နောက်ဆုံးမှာတော့ အခု ကျနော်တို့ ဘက်မလိုက် အဖွဲ့ ၂၅ ဦး ပြန်လာသလိုပဲ ကိုယ်အစီစဉ်နဲ့ကိုယ် တောလမ်းတဆင့်၊ လိုင်းကားတဆင့် စီးပြီး ပြန်လာခဲ့ရဖူးတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် တပ်ပေါင်းစုဖက်က အသေအချာ စီစဉ်ပေးသင့်တယ်ဆိုပြီး အဲဒီရဲဘော်က ဝေဖန်ထောက်ပြခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။

.......................................................................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More