Monday, September 30, 2013
Friday, September 27, 2013
နိုင်ငံရေးအသွင်ပြောင်းနေပြီဆိုပေမဲ့ စဉ်းစားပုံအသွင်မပြောင်းသေးဘူးလား
ထက်အောင်ကျော်
ရန်ကုန်-နေပြည်တော်အဝေးပြေး အထူးကားလမ်းပေါ်ရှိ ၁၁၅ မိုင် ယဉ်ရပ်နားရေးစခန်းဝင်းထဲက ကျုး ကျော်ဆိုင်ခန်း ၁၀၇ ခုကို စက်တင်ဘာ ၂၄ ရက်နေ့က အပြီးဖယ်ရှားပစ်လိုက်ပြီလို့ သမ္မတရဲ့ ပြောခွင့် ရပုဂ္ဂိုလ်လဲဖြစ်၊ ပြန်ကြားရေးဒုဝန်ကြီးလဲဖြစ်တဲ့ ဦးရဲထွဋ်က သူရဲ့ Facebook မှာ မနေ့က တင်လိုက်ပါ တယ်။ သူတင်ပြီး တနာရီအတွင်း ထင်မြင်ချက်၊ ဝေဖန်ချက်ဝင်ရေးသူ ၁၀၀ ကျော်သွားတာ တွေ့ရပါ တယ်။
ကျုးကျော်ဆိုင်ခန်းတွေ၊ ကျုးကျော်အိမ်တွေ၊ ကျုးကျော်ရပ်ကွက်တွေကို ဒီလိုပဲ အင်အားသုံးပြီး ဘူဒီုဇာ နဲ့ ဖယ်ရှားလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီလိုနှစ်ပေါင်းမနည်းတော့တဲ့အတွက် ဒီလိုအင်အားသုံး ဖယ်ရှားတာဟာ ယဉ်ကျေးမှုတရပ်လို၊ လုပ်ထုံးလုပ်နည်းတခုလိုဖြစ်လာပြီး ဒီလိုလုပ်တာကို ဘယ်သူက မှ အထူးအဆန်းအဖြစ် မမြင်တော့ပါဘူး။
ဒါပေမဲ့ အခု ဦးရဲထွဋ်ရဲ့ Facebook ထဲ ၀င်ရေးထားတဲ့ ထင်မြင်ချက်တွေအရ ဒီလုပ်ရပ်မျိုးဟာ အယင် က အထူးအဆန်းမဟုတ်ပေမဲ့ အခုလို ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေပါတယ်ဆိုတဲ့ကာလမှာ တော့ ဒီလိုအင်အားသုံးဖြေရှင်းတာကို အမြင်ကျယ်သူတချို့က လက်မခံနိုင်တော့ဘူး၊ အနဲဆုံးတော့ ဒီ လုပ်ရပ်အပေါ် မေးခွန်းထုတ်မှုရှိလာတယ်။ ဒီထက်ပိုကောင်းတဲ့ဖြေရှင်းနည်း မရှိတော့ဘူးလားလို့ အ တော်များများက မေးခွန်းထုတ်ထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့မေလ နေပြည်တော်ခရီးစဉ်အတွင်း ဒီ ၁၁၅ မိုင်စခန်းဆီ ကျနော်ရောက်ခဲ့စဉ်က တွေ့ဆုံး မေးမြန်းခဲ့ဖူးတဲ့ ဆိုင်ငယ်လေးတွေလို့ပဲထင်ပါတယ်။ (ဦးရဲထွဋ်တင်ထားတဲ့ ဓာတ်ပုံနဲ့ ကျနော်ပြောတဲ့နေ တခုတည်းဟုတ်မဟုတ်မသေချာသေးပါ)။ သူတို့ဟာ တကယ့်ဒေသခံရွာသားတွေပါ။ ရန်ကုန်-နေပြည် တော် အဝေးပြေးကားလမ်းကြောင့် သူတို့ရဲ့လယ်တွေ၊ ခြံတွေအသိမ်းခံရကြောင်း။ ပညာလဲမတတ်၊ အ ရင်း နှီးကလဲမရှိတဲ့အတွက် ဒီမှာအခုလို ဈေးလာရောင်းစားနေရကြောင်း သူတို့က ပြောပါတယ်။
ဒါပေမဲ့ ခရီးသွား ၁၀၀ ထဲက ၃-၄ ဦးလောက်ပဲ သူတို့ဆိုင်တန်းဖက်ရောက်လာပြီး တကယ့်အများ စုကြီးကတော့ Feel အပါဝင် သန့်ပြန့်သားနား ခန့်ငြားလှတဲ့ စားသောက်ဆိုင်ထဲကိုပဲ ၀င်သွားကြတာ တွေ့ရပါတယ်။ အဲဒီဆိုင်ကြီးတွေကို ဘယ်သူပိုင်သလဲ၊ အာဏာပိုင်တွေနဲ့နီးစပ်သူတွေလား။ ခရိုနီ ခရို ပြာတွေလားတော့ ကျနော်မမေးဖြစ်ခဲ့ပါ။ သေချာတာကတော့ အဲဒီဆိုင်ပိုင်ရှင်တွေဟာ ဒေသခံတွေ မဟုတ်ဘူးလို့ ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ တိုလီမိုလီ ဆိုင်ရောင်းသူတွေကပြောပါတယ်။
ဒါက ဖျက်သိမ်းခံ ကျုးကျော်ဆိုင်ခန်း ၁၀၇ ခုနဲ့ Feel အပါဝင် သန့်ပြန့်သားနား ခန့်ငြားပြီး တရားဝင် လက်မှတ်လဲရထားတယ်လို့ယူဆရတဲ့ ဆိုင်ခန်းတွေရဲ့နောက်ခံသမိုင်းအကျဉ်းပါ။ ကဲ...စာဖတ်သူကို အဲ ဒီနေရာတ၀ိုက်က ကျုးကျော်ဆိုင်တွေကို သတင်းတပတ်အတွင်း အပြီးဖျက်သိမ်းပါလို့ အမိန့်ပေးရင် ဘယ်လိုကိုင်တွယ်မလဲ။ အခု လက်ရှိအစိုးရကိုယ်တွယ်သလိုပဲ အင်အားသုံးဖယ်ရှားလိုက်မှာလား။ ဒီ ထက်ကောင်းတဲ့နည်းကိုများ အချိန်ယူစဉ်းစားရှာဖွေပြီး စနစ်တကျကိုင်တွယ်ဖြေရှင်းမလား။
Facebook ပေါ် ထင်မြင်ချက်ဝင်ရေးထားသူတွေထဲမှာ ကိုအောင်သူငြိမ်းရဲ့ ထောက်ပြချက်က စိတ် ၀င်စားဖို့ကောင်းပါတယ်။ ''ဆိုင်ခန်း ၁၀၇ ခုဆိုရင် မိသားစု ၁၀၇ ခုအဖြစ် အနည်းဆုံးတွက်နိုင်ပါတယ်။ နောက်ကွယ်မှာ မှီခိုနေသူ ၅ ယောက်လောက်နဲ့တွက်ရင် လူ ၅၀၀ ကျော် ကိုထမင်းကျွေးနေတာပါ။ အမြင်ကောင်းအောင်ဆိုတဲ့ ကိစ္စတခုတည်းနဲ့ မစဉ်းစားသင့်ပါ'' တဲ့။ ပြီးတော့ တခြားနိုင်ငံတွေမှာဆိုရင် လမ်းဘေးဆိုင်ရှင်းတာကို ဆင်းရဲမွဲတေမှုလျှော့ချရေးကိစ္စနဲ့ပါ တွဲပြီးစဉ်းစားလေ့ရှိတယ်လို့ သူက ထောက် ပြထားပါတယ်။
ဆိုလိုတာကတော့ ဒီဆိုင်ခန်း ၁၀၇ ခုဟာ အစိုးရလူကြီးမင်းတွေကို အမြင်ရှုပ်စေတယ်။ တရားဝင် လက်မှတ်မရှိပဲ လူအများမြင်သာတဲ့နေရာမှာ ဆိုင်ဆောက်လာရောင်းနေတာ မသင့်တော်ဘူး၊ ခရီးသွား လူကြီးလူကောင်းတွေ ကြိုက်မှာမဟုတ်ဘူးဆိုပြီး ဒီတိုင်းမောင်းထုတ်လိုက်လို့မရပါ။ ဒီကမောင်းထုတ် လိုက်ရင် အဲဒီလူတွေ ဘယ်မှာသွားနေမှာလဲ။ ဘာနဲ့စားသောက်ကြမလဲ။ သူတို့ရဲ့သားသမီးတွေကော ကျောင်းဆက်တက်ဖို့ ခက်သွားမလား။ ဒီအတွက် သူတို့ကိုမောင်းထုတ်သူတွေဖက်က ထည့်သွင်းစဉ်း စားပေးသင့်တယ်လို့ စာဖတ်သူ မထင်မိဘူးလား။
ဒါက ဖြိုဖျက်ရေး ဘူဒိုဇာကိုမောင်းရင်းနဲ့ ချက်ချင်းစဉ်းစားရမဲ့အချက်ပါ။ တကယ်က ဒီလောက်နဲ့ မပြီး သေး။ ဒီလူတွေက ဘာကြောင့် ဒီမှာကျုးကျော်ဆိုင်ဖွင့်ပြီး လာရောင်းနေကြတာလဲ။ အယင်က ဒီလူ တွေ ဘာအလုပ်လုပ်ပြီး ထမင်းစားကြသလဲ၊ သူတို့အတွက် ဘယ်လိုလုပ်ငန်းသစ်တွေ ဖန်တီးပေးရင် ကောင်းမလဲဆိုတာတွေကိုပါ ဖြိုဖျက်ရေး သို့မဟုတ် တည်ဆောက်ရေး ဘူဒိုဇာမောင်းခွင့်ရှိသူ အစိုးရ မင်းတွေက အသေချာထည့်သွင်းစဉ်းစားသင့်တယ်လို့ထင်ပါတယ်။
ထပ်ဖြည့်ပြောရရင် ''ဘိန်းမစိုက်ရ'' လို့ အမိန့်ထုတ်ရုံနဲကိစ္စကမပြီး။ ဘိန်းမစိုက်ရင် အဲဒီလူတွေ ဘာနဲ့ ထမင်းစားမလဲ၊ သူတို့အတွက် ဘိန်းမစိုက်ပဲ ထမင်းစားလို့ရတဲ့ တခြားအလုပ်တခုခု ဖန်တီးပေးဖို့လိုပါ တယ်။ ''တပ်မြေ မကျုးကျော်ရ'' လို့ဆိုင်းဘုတ်ထောင်လိုက်ရုံနဲ့ကိစ္စကမပြီး။ ကျုးကျော်လာသူတွေဟာ ဘာကြောင့်ကျုးကျော်လာသလဲ။ နဂိုမြေပိုင်ရှင်က ဘယ်သူလဲ။ စသဖြင့် ရှေ့နောက်-အလုံးစုံကို ထည့် သွင်းစဉ်းစားဖို့ ပြည်သူ့အစိုးရတွေမှာ တာဝန်ရှိပါတယ်။
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နဲ့ အုပ်ချုပ်လာတာနှစ်ပေါင်း ၅၀ ခန့်ရှိလာပြီဆိုတော့ ''ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်'' ဆိုတဲ့ အမိန့်ပေးစနစ်အတိုင်း အုပ်ချုပ်သူတွေဖက် မှာ ခေါက်ရိုးကျိုးနေတာလဲဖြစ်နိုင်ပါတယ်။ အဲဒီကျိုးနေတဲ့ခေါက်ရိုးတွေကို ဒီနေ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ ပြန်ပြင်ဖို့၊ အနဲဆုံးတော့ ပြန်လည်သုံးသပ်ဖို့လိုနေပြီဖြစ်ပါတယ်။ နိုင်ငံရေးအရ စစ်အုပ်ချုပ် ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီပြောင်းနေပါပြီလို့ နေ့စဉ်အော်နေပြီး လက်တွေမှာတော့ စစ်တပ်အုပ်ချုပ်ရေးပုံစံအတိုင်း အမိန့်ပေးစနစ်နဲ့ဆက်သွားနေလို့ ဘယ်သင့်တော်ပါ့မလဲ။
တကယ်တော့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာ ''ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင် တယ်'' ဆိုတဲ့ အမိန့်ပေးစနစ်ကနေ ဘာကြောင့်ရေဗူးပေါက်တာလဲ။ ရေဗူးမပေါက်အောင် ဘယ်လို လုပ်မလဲ။ ရေဗူးပေါက်နေသူ ရေသယ်နိုင်အောင် ဘယ်လိုစီမံခန့်ခွဲပေးမလဲဆိုတာကိုပါ ထည့်သွင်းစဉ်း စားဖို့။ တနည်းအားဖြင့်ပြောမယ်ဆိုရင် အမိန့်ပေးခိုင်းစေတဲ့ ဗိုလ်ချုပ်ဖက်ကအမြင်အပြင် အမိန့်ပေးခိုင်း စေခံရတဲ့ တပ်သားတွေ၊ အများပြည်သူတွေဖက်က အခြေနေတွေကိုပါ ထည့်သွင်းစဉ်းစားပေးတဲ့ အုပ် ချုပ်ရေးစနစ်မျိုးပဲ မဟုတ်ပါလား။ ။
ရန်ကုန်-နေပြည်တော်အဝေးပြေး အထူးကားလမ်းပေါ်ရှိ ၁၁၅ မိုင် ယဉ်ရပ်နားရေးစခန်းဝင်းထဲက ကျုး ကျော်ဆိုင်ခန်း ၁၀၇ ခုကို စက်တင်ဘာ ၂၄ ရက်နေ့က အပြီးဖယ်ရှားပစ်လိုက်ပြီလို့ သမ္မတရဲ့ ပြောခွင့် ရပုဂ္ဂိုလ်လဲဖြစ်၊ ပြန်ကြားရေးဒုဝန်ကြီးလဲဖြစ်တဲ့ ဦးရဲထွဋ်က သူရဲ့ Facebook မှာ မနေ့က တင်လိုက်ပါ တယ်။ သူတင်ပြီး တနာရီအတွင်း ထင်မြင်ချက်၊ ဝေဖန်ချက်ဝင်ရေးသူ ၁၀၀ ကျော်သွားတာ တွေ့ရပါ တယ်။
ကျုးကျော်ဆိုင်ခန်းတွေ၊ ကျုးကျော်အိမ်တွေ၊ ကျုးကျော်ရပ်ကွက်တွေကို ဒီလိုပဲ အင်အားသုံးပြီး ဘူဒီုဇာ နဲ့ ဖယ်ရှားလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီလိုနှစ်ပေါင်းမနည်းတော့တဲ့အတွက် ဒီလိုအင်အားသုံး ဖယ်ရှားတာဟာ ယဉ်ကျေးမှုတရပ်လို၊ လုပ်ထုံးလုပ်နည်းတခုလိုဖြစ်လာပြီး ဒီလိုလုပ်တာကို ဘယ်သူက မှ အထူးအဆန်းအဖြစ် မမြင်တော့ပါဘူး။
ဒါပေမဲ့ အခု ဦးရဲထွဋ်ရဲ့ Facebook ထဲ ၀င်ရေးထားတဲ့ ထင်မြင်ချက်တွေအရ ဒီလုပ်ရပ်မျိုးဟာ အယင် က အထူးအဆန်းမဟုတ်ပေမဲ့ အခုလို ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေပါတယ်ဆိုတဲ့ကာလမှာ တော့ ဒီလိုအင်အားသုံးဖြေရှင်းတာကို အမြင်ကျယ်သူတချို့က လက်မခံနိုင်တော့ဘူး၊ အနဲဆုံးတော့ ဒီ လုပ်ရပ်အပေါ် မေးခွန်းထုတ်မှုရှိလာတယ်။ ဒီထက်ပိုကောင်းတဲ့ဖြေရှင်းနည်း မရှိတော့ဘူးလားလို့ အ တော်များများက မေးခွန်းထုတ်ထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့မေလ နေပြည်တော်ခရီးစဉ်အတွင်း ဒီ ၁၁၅ မိုင်စခန်းဆီ ကျနော်ရောက်ခဲ့စဉ်က တွေ့ဆုံး မေးမြန်းခဲ့ဖူးတဲ့ ဆိုင်ငယ်လေးတွေလို့ပဲထင်ပါတယ်။ (ဦးရဲထွဋ်တင်ထားတဲ့ ဓာတ်ပုံနဲ့ ကျနော်ပြောတဲ့နေ တခုတည်းဟုတ်မဟုတ်မသေချာသေးပါ)။ သူတို့ဟာ တကယ့်ဒေသခံရွာသားတွေပါ။ ရန်ကုန်-နေပြည် တော် အဝေးပြေးကားလမ်းကြောင့် သူတို့ရဲ့လယ်တွေ၊ ခြံတွေအသိမ်းခံရကြောင်း။ ပညာလဲမတတ်၊ အ ရင်း နှီးကလဲမရှိတဲ့အတွက် ဒီမှာအခုလို ဈေးလာရောင်းစားနေရကြောင်း သူတို့က ပြောပါတယ်။
ဒါပေမဲ့ ခရီးသွား ၁၀၀ ထဲက ၃-၄ ဦးလောက်ပဲ သူတို့ဆိုင်တန်းဖက်ရောက်လာပြီး တကယ့်အများ စုကြီးကတော့ Feel အပါဝင် သန့်ပြန့်သားနား ခန့်ငြားလှတဲ့ စားသောက်ဆိုင်ထဲကိုပဲ ၀င်သွားကြတာ တွေ့ရပါတယ်။ အဲဒီဆိုင်ကြီးတွေကို ဘယ်သူပိုင်သလဲ၊ အာဏာပိုင်တွေနဲ့နီးစပ်သူတွေလား။ ခရိုနီ ခရို ပြာတွေလားတော့ ကျနော်မမေးဖြစ်ခဲ့ပါ။ သေချာတာကတော့ အဲဒီဆိုင်ပိုင်ရှင်တွေဟာ ဒေသခံတွေ မဟုတ်ဘူးလို့ ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ တိုလီမိုလီ ဆိုင်ရောင်းသူတွေကပြောပါတယ်။
ဒါက ဖျက်သိမ်းခံ ကျုးကျော်ဆိုင်ခန်း ၁၀၇ ခုနဲ့ Feel အပါဝင် သန့်ပြန့်သားနား ခန့်ငြားပြီး တရားဝင် လက်မှတ်လဲရထားတယ်လို့ယူဆရတဲ့ ဆိုင်ခန်းတွေရဲ့နောက်ခံသမိုင်းအကျဉ်းပါ။ ကဲ...စာဖတ်သူကို အဲ ဒီနေရာတ၀ိုက်က ကျုးကျော်ဆိုင်တွေကို သတင်းတပတ်အတွင်း အပြီးဖျက်သိမ်းပါလို့ အမိန့်ပေးရင် ဘယ်လိုကိုင်တွယ်မလဲ။ အခု လက်ရှိအစိုးရကိုယ်တွယ်သလိုပဲ အင်အားသုံးဖယ်ရှားလိုက်မှာလား။ ဒီ ထက်ကောင်းတဲ့နည်းကိုများ အချိန်ယူစဉ်းစားရှာဖွေပြီး စနစ်တကျကိုင်တွယ်ဖြေရှင်းမလား။
Facebook ပေါ် ထင်မြင်ချက်ဝင်ရေးထားသူတွေထဲမှာ ကိုအောင်သူငြိမ်းရဲ့ ထောက်ပြချက်က စိတ် ၀င်စားဖို့ကောင်းပါတယ်။ ''ဆိုင်ခန်း ၁၀၇ ခုဆိုရင် မိသားစု ၁၀၇ ခုအဖြစ် အနည်းဆုံးတွက်နိုင်ပါတယ်။ နောက်ကွယ်မှာ မှီခိုနေသူ ၅ ယောက်လောက်နဲ့တွက်ရင် လူ ၅၀၀ ကျော် ကိုထမင်းကျွေးနေတာပါ။ အမြင်ကောင်းအောင်ဆိုတဲ့ ကိစ္စတခုတည်းနဲ့ မစဉ်းစားသင့်ပါ'' တဲ့။ ပြီးတော့ တခြားနိုင်ငံတွေမှာဆိုရင် လမ်းဘေးဆိုင်ရှင်းတာကို ဆင်းရဲမွဲတေမှုလျှော့ချရေးကိစ္စနဲ့ပါ တွဲပြီးစဉ်းစားလေ့ရှိတယ်လို့ သူက ထောက် ပြထားပါတယ်။
ဆိုလိုတာကတော့ ဒီဆိုင်ခန်း ၁၀၇ ခုဟာ အစိုးရလူကြီးမင်းတွေကို အမြင်ရှုပ်စေတယ်။ တရားဝင် လက်မှတ်မရှိပဲ လူအများမြင်သာတဲ့နေရာမှာ ဆိုင်ဆောက်လာရောင်းနေတာ မသင့်တော်ဘူး၊ ခရီးသွား လူကြီးလူကောင်းတွေ ကြိုက်မှာမဟုတ်ဘူးဆိုပြီး ဒီတိုင်းမောင်းထုတ်လိုက်လို့မရပါ။ ဒီကမောင်းထုတ် လိုက်ရင် အဲဒီလူတွေ ဘယ်မှာသွားနေမှာလဲ။ ဘာနဲ့စားသောက်ကြမလဲ။ သူတို့ရဲ့သားသမီးတွေကော ကျောင်းဆက်တက်ဖို့ ခက်သွားမလား။ ဒီအတွက် သူတို့ကိုမောင်းထုတ်သူတွေဖက်က ထည့်သွင်းစဉ်း စားပေးသင့်တယ်လို့ စာဖတ်သူ မထင်မိဘူးလား။
ဒါက ဖြိုဖျက်ရေး ဘူဒိုဇာကိုမောင်းရင်းနဲ့ ချက်ချင်းစဉ်းစားရမဲ့အချက်ပါ။ တကယ်က ဒီလောက်နဲ့ မပြီး သေး။ ဒီလူတွေက ဘာကြောင့် ဒီမှာကျုးကျော်ဆိုင်ဖွင့်ပြီး လာရောင်းနေကြတာလဲ။ အယင်က ဒီလူ တွေ ဘာအလုပ်လုပ်ပြီး ထမင်းစားကြသလဲ၊ သူတို့အတွက် ဘယ်လိုလုပ်ငန်းသစ်တွေ ဖန်တီးပေးရင် ကောင်းမလဲဆိုတာတွေကိုပါ ဖြိုဖျက်ရေး သို့မဟုတ် တည်ဆောက်ရေး ဘူဒိုဇာမောင်းခွင့်ရှိသူ အစိုးရ မင်းတွေက အသေချာထည့်သွင်းစဉ်းစားသင့်တယ်လို့ထင်ပါတယ်။
ထပ်ဖြည့်ပြောရရင် ''ဘိန်းမစိုက်ရ'' လို့ အမိန့်ထုတ်ရုံနဲကိစ္စကမပြီး။ ဘိန်းမစိုက်ရင် အဲဒီလူတွေ ဘာနဲ့ ထမင်းစားမလဲ၊ သူတို့အတွက် ဘိန်းမစိုက်ပဲ ထမင်းစားလို့ရတဲ့ တခြားအလုပ်တခုခု ဖန်တီးပေးဖို့လိုပါ တယ်။ ''တပ်မြေ မကျုးကျော်ရ'' လို့ဆိုင်းဘုတ်ထောင်လိုက်ရုံနဲ့ကိစ္စကမပြီး။ ကျုးကျော်လာသူတွေဟာ ဘာကြောင့်ကျုးကျော်လာသလဲ။ နဂိုမြေပိုင်ရှင်က ဘယ်သူလဲ။ စသဖြင့် ရှေ့နောက်-အလုံးစုံကို ထည့် သွင်းစဉ်းစားဖို့ ပြည်သူ့အစိုးရတွေမှာ တာဝန်ရှိပါတယ်။
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နဲ့ အုပ်ချုပ်လာတာနှစ်ပေါင်း ၅၀ ခန့်ရှိလာပြီဆိုတော့ ''ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်'' ဆိုတဲ့ အမိန့်ပေးစနစ်အတိုင်း အုပ်ချုပ်သူတွေဖက် မှာ ခေါက်ရိုးကျိုးနေတာလဲဖြစ်နိုင်ပါတယ်။ အဲဒီကျိုးနေတဲ့ခေါက်ရိုးတွေကို ဒီနေ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ ပြန်ပြင်ဖို့၊ အနဲဆုံးတော့ ပြန်လည်သုံးသပ်ဖို့လိုနေပြီဖြစ်ပါတယ်။ နိုင်ငံရေးအရ စစ်အုပ်ချုပ် ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီပြောင်းနေပါပြီလို့ နေ့စဉ်အော်နေပြီး လက်တွေမှာတော့ စစ်တပ်အုပ်ချုပ်ရေးပုံစံအတိုင်း အမိန့်ပေးစနစ်နဲ့ဆက်သွားနေလို့ ဘယ်သင့်တော်ပါ့မလဲ။
တကယ်တော့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာ ''ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင် တယ်'' ဆိုတဲ့ အမိန့်ပေးစနစ်ကနေ ဘာကြောင့်ရေဗူးပေါက်တာလဲ။ ရေဗူးမပေါက်အောင် ဘယ်လို လုပ်မလဲ။ ရေဗူးပေါက်နေသူ ရေသယ်နိုင်အောင် ဘယ်လိုစီမံခန့်ခွဲပေးမလဲဆိုတာကိုပါ ထည့်သွင်းစဉ်း စားဖို့။ တနည်းအားဖြင့်ပြောမယ်ဆိုရင် အမိန့်ပေးခိုင်းစေတဲ့ ဗိုလ်ချုပ်ဖက်ကအမြင်အပြင် အမိန့်ပေးခိုင်း စေခံရတဲ့ တပ်သားတွေ၊ အများပြည်သူတွေဖက်က အခြေနေတွေကိုပါ ထည့်သွင်းစဉ်းစားပေးတဲ့ အုပ် ချုပ်ရေးစနစ်မျိုးပဲ မဟုတ်ပါလား။ ။
Thursday, September 26, 2013
Monday, September 23, 2013
တနသာင်္ရီ အမှတ် ၁၆
(ကန်ချနပူရီကနေ ထီးခီး ဂိတ်ဆီအ၀င်လမ်းမှာတွေ့ရတဲ့ ဖုနန်းလွန်စစ်ဆေးရေးဂိတ်- စာ ၁၁ တွင်ဖတ်ပါ)
ထီးခီး သို့မဟုတ် အသွင်းပြောင်းခံလိုက်ရသောနေရာတခုရဲ့ အနာဂတ်
ထက်အောင်ကျော်
''ထီးခီး'' လို့ပြောလိုက်ရင် ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာက KNU တပ်မဟာ ၄ နဲ့ မြိတ်-ထား ၀ယ်ခရိုင်ဌာနချုပ်ရုံးစိုက်ရာဒေသလို့ အဲဒီဒေသမှာ နေခဲ့ဖူး၊ အဲဒီဒေသဆီရောက်ခဲ့ဖူးသူတွေက သိကြပါ တယ်။
ဒါပေမဲ့ အခုတော့ ''ထီးခီး'' ရဲ့အဓိပ္ပါယ်က အဲဒီလိုမဟုတ်တော့။ ''ထီးခီး'' ဆိုတာ ထားဝယ်-ကန်ချန ပူရီအဝေးပြေးကားလမ်းပေါ်က နာမည်ကြီး နယ်စပ်ဂိတ်တခုအဖြစ် ထားဝယ်မြို့သားတွေက နားလည် နေကြပါပြီ။ ဒေသခံတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေပါ ၀င်ထွက်နိုင်တဲ့ ဂိတ်ပေါက်ကြီး ဖြစ် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ မြန်မာနဲ့ ထိုင်းအစိုးရတို့က သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။
အဲဒီလိုတရားဝင်မသတ်မှတ်ခင် ဇူလိုင်အစောပိုင်းတုန်းက အဲဒီ ထီးခီး နယ်စပ်ဂိတ်ဆီကျနော်ရောက်ခဲ့ ပါတယ်။ မူလအစီစဉ်တိုင်းဆိုရင် ထားဝယ်မြို့ကနေ ထီးခီးကိုသွားလေ့လာဖို့ပါ။ ဒါပေမဲ့ အခြေနေအရပ် ရပ်ကြောင့် အဲဒီခရီးစဉ်အထမမြောက်လိုက်တဲ့အတွက် ထိုင်းကိုပြန်ရောက်ပြီးမှ ထိုင်းဖက်ကနေ ထီးခီး ဂိတ်ဆီ ပြန်လည်ဝင်ရောက်ခဲ့ရပါတယ်။
ရှေ့မှာနိဒါန်းချီခဲ့တဲ့အတိုင်း ထီးခီးဆိုတာ ၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် ကျနော်တို့ထားဝယ်ဒေသက တောခိုကျောင်းသားတွေ ပထမဆုံးရောက်ခဲ့တဲ့ KNU အမာခံ စခန်းတခုပေါ့။ ထိုင်းနယ်စပ်မှာ ချောင်းဖျားခံပြီးစီးလာတဲ့ မင်းသမီးချောင်းဖျားကို ကရင်ဘာသာနဲ့ ထီး ခီး သို့မဟုတ် ချောင်းဖျားလို့ခေါ်ပါတယ်။ အဲဒီချောင်းငယ်လေးက ရေကိုသောက်ရေအဖြစ်အခြေခံထား ပြီး ချောင်းငယ်လေးရဲ့ တဖက်တချက်မှာ KNU တပ်မဟာ ၄ ဌာနချုပ်နဲ့ မြိတ်-ထားဝယ်ခရိုင်ဌာနချုပ် တွေကို ရုံးစိုက်ထားခဲ့တာတွေ့ရပါတယ်။
အဲဒီထီးခီးကနေ မင်းသမီးချောင်းတလျှောက်ဖောက်ထားတဲ့ ကားလမ်းကြမ်းအတိုင်း တနာရီလောက် လျှေက်မယ်ဆိုရင် အလယ်စတိုဆိုတဲ့ ထိုင်းနိုင်ငံဖက်ထွက်တဲ့လမ်းနဲ့ သတ္တုမိုင်းတွေဖက်သွားတဲ့ လမ်း ဆုံရာ စခန်းတခုဆီရောက်ပါတယ်။ အဲဒီကနေ ချောင်းငယ်အတန်တန်ကိုဖြတ်ပြီး ၂ နာရီလောက်ဆက် လျှောက်မယ်ဆိုရင်တော့ ထီးထာ ကျေးရွာ သို့မဟုတ် မင်းသမီးချောင်း တနသာင်္ရီမြစ်ထဲစီးဝင်တဲ့နေရာ မှာ တည်ထားတဲ့ ကရင်ရွာကြီးတခု ကိုတွေ့ခဲ့ရပါတယ်။ အဲဒီရွာကနေ အပေါ်ဖက်ကိုဆက်လျှောက်မယ် ဆိုရင်တော့ အမို၊ ဆင်ဖြူတိုင်၊ အိုင်ဝိုင်း၊ ကလက်ကြီး၊ မေတ္တာ စသဖြင့် အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က ရွာတွေကိုရောက်နိုင်ပါတယ်။
အောက်ဖက်ကိုနဲနဲဆက်လျှောက်မယ်ဆိုရင်တော့ ABSDF ၂၀၁ တပ်ရင်းအခြေစိုက်တဲ့ ကျောင်းသား စခန်းကိုရောက်ပါတယ်။ ကျောင်းသားစခန်းအောက်ဖက်မှာတော့ အမာရာကျေးရွာ။ ဆက်လျောက် မယ်ဆိုရင် မောထာနဲ့ အောင်သာဝရကျေးရွာတွေ စသဖြင့်ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ ၂၅ နှစ်၊ ၁၉၈၈ အခုလို စက်တင်ဘာနှောင်းပိုင်း၊ အောက်တိုဘာလအစောပိုင်းက အခြေနေကိုပြောတာပါ။
၁၉၉၇ အစောပိုင်းမှာတော့ ဒေသတွင်းအခြေနေက နဲနဲလှုပ်လှုပ်ရှားရှားဖြစ်လာပြီး ကန်ချနပူရီ-ထား ၀ယ် ကားလမ်းဖေါက်မယ်။ ဘောတီ-အမို-ဆင်ဖြူတိုင်ကနေ မေတ္တာကိုဖြတ်ဖောက်ဖို့ လမ်းအူကြောင်း တိုင်းနေပြီဆိုတဲ့သတင်းထွက်လာပါတယ်။ အဲဒီကာလက ABSDF တောင်ပိုင်းဒေသ ပြန်ကြားရေးတာ ၀န်ခံဖြစ်တဲ့ကျနော် အမိုရွာဆီသွားပြီး အမို-ဘောတီလမ်းကိုလေ့လာကြည့်တော့ ဟုတ်ပါတယ်။ လမ်း အူကြောင်းအတွက် မြေနီလမ်းဘေးတလျှောက်သတ်မှတ်တိုင်ငယ်လေးတွေ စိုက်ထားတာတွေ့ရပါ တယ်။
အစောပိုင်းထွက်ပေါ်ခဲ့တဲ့သတင်းတွေအရဆိုရင် ဒီလမ်းကို အမိုကနေ ဘောတီနယ်စပ်ဆီဖေါက်ပြီး KNU တပ်မဟာ ၄ ဌာနချုပ် ထီးခီးနဲ့ တနသာင်္ရီမြစ်ရိုးတလျောက်က ABSDF စခန်းတွေ၊ ထီးထာ၊ အမာ ရာ၊ မောထာ စသဖြင့်ရွာတန်းတွေဟာ ဒီတိုင်းရှိနေမယ်လို့ဆိုပါတယ်။ အဲဒီလိုဖေါက်နိုင်ဖို့ မြန်မာအစိုးရ နဲ့ ထိုင်းဖက်ကတာဝန်ရှိသူတွေ ညှိနှိုင်းနေတယ်လို့လဲဆိုပါတယ်။
ဒါပေမဲ့ ၁၉၉၇ ဖေဖေါ်ဝါရီမှာတော့ န၀တ တပ်တွေက အမို၊ ထီးထားနဲ့ ထီးခီးဒေသဆီ အကြီးအကျယ် ထိုးစစ်ဆင်လာခဲ့ပါတယ်။ အင်အားအလုံးအရင်းနဲ့ဆင်လာတဲ့ ဒီထိုးစစ်ကို KNU၊ ABSDF နဲ့ မဟာမိတ် တပ်တွေ ဘယ်လိုမှမခံနိုင်တဲ့အဆုံး ထီးခီး-ထီးထာ ဒေသကနေ ဆုတ်ခွါခဲ့ရပါတယ်။ အဲဒီလိုဆုတ်ခွါပြီး နောက် ABSDF ကျောင်းသားအတော်များများဟာ ဒုက္ခသည်စခန်းတွေဆီကနေတဆင့် တတိယနိုင်ငံ တွေဆီရောက်သွားကြပါတယ်။
၁၉၈၈ စက်တင်ဘာကနေ စရေရင် ၂၅ နှစ်၊ ၁၉၉၇ မင်းသမီးစခန်းကျချိန်ကနေ ရေမယ်ဆိုရင် ၁၆ နှစ် ကြာပြီးတဲ့အချိန် ထီးခီးဒေသဆီကျနော်ပြန်ရောက်သွားတော့ အခြေနေတွေက အယင်နဲ့ ဘာမှမဆိုင်။ အယင်က ဖုန်ထူပြီး ကြမ်းတန်းလှတဲ့ ကန်ချနပူရီ-ဖုနန်းလွန်ကားလမ်းဟာ အခု နိုင်လွန်ကတ္တရာ အ ကောင်းစားလမ်းကြီးဖြစ်နေပြီ။ တံတားကျိုးလို့ ဖေါင်နဲ့ကူးခဲ့ရဖူးတဲ့ ကွေးမြစ်တံတားဟာ အခု ကွန်ကရစ် အကောင်းစားတံတားဖြစ်နေပြီ။ ABSDF ကျောင်းသားတွေ ထိုင်းထဲထွက်ရင် စခန်းထောက်အဖြစ် နား ခိုရာ ဖုနန်းလွန်ရွာထိပ်က ကရင်ဘုန်းကြီးကျောင်းငယ်လေးဟာလဲ အခုအတော်ကောင်းမွန်တဲ့ ကျောင်း ကြီးဖြစ်နေခဲ့ပါပြီ။
ဒါပေမဲ့ ဖုနန်းလွန်ရွာထဲက ကရင်နဲ့မွန် ဒေသခံရွာသားတချိုကတော့ ရွာလယ်ကနေ အဲဒီဘုန်းကြီး ကျောင်းအနောက်ဖက်ရှိ ရေကန်ဘေးဆီပြောင်းရွေ့ခံလိုက်ရပါတယ်။ ဘုန်ကြီးကျောင်းရှေ့ လမ်းမသစ် ပေါ်မှာတော့ ထိုင်းဖက်ကဆောက်ထားတဲ့ လုံခြုံရေးဂိတ်၊ လ၀က၊ အကောက်ခွန်ဌာန။ လမ်းရဲ့ ဟိုဖက် မှာတော့ တောချတောလို့ခေါ်တဲ့ နယ်ခြားစောင့်တပ်စခန်းတခု။ အဲဒီဂိတ်ကိုဖြတ်ပြီး ၅ ကီလိုခန့်ဆက် ၀င်လာတော့ ကတ္တရာလမ်းဆုံးသွားပြီး မြေနီးလမ်းအကောင်းစားဆီရောက်လာပါတယ်။
အယင် KNU တပ်မဟာ ၄ စစ်သားတွေက ကျနော်တို့ကျောင်းသားတွေကို စစ်ဆေးနေကြ နယ်စပ် တည့်တည့်က ဂိတ်ပေါ်မှာတော့ ထိုင်းစစ်သား ၅ ဦးခန့်နေရာယူထားပြီး အဲဒီဘေးမှာ တပ်စိပ်တစိတ်စာ အခြေစိုက်စခန်းတခု။ အဲဒီစခန်းကိုကျော်ရင် မြန်မာနယ်ထဲ၊ မြန်မာရေစီးဖက်ရောက်သွားပြီး ထီးခီး သို့ မဟုတ် မင်းသမီးချောင်းဖျားကို စတင်မြင်ခဲ့ရပါတယ်။ အဲဒီချောင်းဝမှာ အီတလီ-ထိုင်း ဆောက်လုပ်ရေး ကုပဏီရဲ့တဲ့အိမ်တန်းတွေကိုမြင်နေရပြီး အဲဒီဘေးက တောင်ကုန်းပေါ်မှာတော့ ဆောက်လုပ်ဆဲ မြန်မာ စစ်စခန်းတခု။
ဒါ အခု ၂၀၁၃ ဇူလိုင်လမှာမြင်ခဲ့ရတဲ့ ထီးခီး ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၅ နှစ် ၁၉၈၈ စက်တင်ဘာလက ထီးခီးနဲ့ ဘာမှမဆိုင်တော့ပါ။ KNU နဲ့ ABSDF တပ်တွေကိုလဲ ထီးခီးမှာ မတွေ့ရတော့ပါ။ သေနပ်သံလဲ မကြား ရတော့ပါ။ စစ်ရဲ့သဘောအရ သရေပွဲမရှိတဲ့အတွက် အင်အားများသူကနိုင်ပြီး အင်အားနဲသူကရှုံးတာ အထူးအဆန်းမဟုတ်။ ဒီလိုနဲ့ ထီးခီးဆိုတာ သူပုန်ဌာနချုပ်ကနေ နယ်စပ်ကုန်သွယ်ရေးစခန်းကြီး၊ နယ် စပ်ဂိတ်ပေါက်ကြီး အဖြစ်ပြောင်းလဲသွားခဲ့ပေါ့။
ဒါကို ၂၅ နှစ်တာအတွင်း ထူးခြားတဲ့ အသွင်ကူးပြောင်းမှုလို့ပြောရမလား။ ထီးခီးဟာ စစ်မြေပြင်ကနေ စီးပွါးရေးလွင်ပြင်အဖြစ်ပြောင်းလဲသွားတဲ့သဘောလို့ဆိုနိုင်မလား။ သေချာတာကတော့ ဒီလိုအပြောင်း လဲတွေဟာ ထီးခီးတနေရာတည်းမှာဖြစ်နေတာမဟုတ်။ ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ KNU နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိမ်းချုပ်ထားတဲ့ ဒေသအတော်များများမှာဖြစ်လာနေတာပါ။
မူအားဖြင့်ဆိုရင်တော့ စစ်မြေပြင်ကနေ စီးပွါးရေးလွင်ပြင်ဖြစ်လာတာကို ကြိုဆိုရမှာပေါ့။ စစ်ဖြစ်ရင် လူ တွေသေ၊ ငွေတွေကုန်၊ သစ်တောတွေပျက်စီး၊ တိုင်းပြည်စီးပွါးပျက်ပေါ့။ ဒါကြောင့် စစ်ပွဲတွေရပ်ပြီး စီး ပွါးရေးလုပ်ငန်းတွေကောင်းလာမယ်ဆိုရင် လူတွေကြီးပွါးချမ်းသာလာကြမယ် မဟုတ်လား။ ဒါပေမဲ့ မေး စရာဖြစ်နေတာ ကြီးပွါးချမ်းသာလာတာ ဘယ်သူတွေလဲ။ ဒေသခံလူထုတွေဘ၀က ဘယ်အခြေနေမှာ ရောက်နေသလဲဆိုတာပါပဲ။
ထီးခီး နယ်စပ်ဂိတ်နဲ့ ကန်ချနပူရီ-ထားဝယ်ကားလမ်းပေါ်အမှီပြုပြီး ထားဝယ်မြို့ရဲ့ အနောက်ဖက်ပင် လယ်ကမ်းစပ်ရှိ နဘုလယ်ရွာမှာ နိုင်ငံတကာအဆင့်မှီ ဧရာမ ရေနက်ဆိပ်ကမ်းကြီးနဲ့ စက်မှုဇုံတွေ ဆောက်လုပ်နေပေမဲ့ ဒေသခံလူထုတွေအတွက် အကျိုးရှိမရှိဆိုတာ မသေချာသေးပါဘူး။ လောလော ဆယ်တော့ မြေသိမ်း၊ လယ်သိမ်းမှုတွေ၊ နေရာပြောင်းရွှေ့မှုတွေကိုသာ လူထုကကြုံနေရဆဲဖြစ်ပါတယ်။
တခါ ကားလမ်းတလျောက်ရှိ အယင်က KNU နဲ့ ABSDF တပ်တွေ လှုပ်ရှားရာဒေသဖြစ်တဲ့ မေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သပြုချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုးရွာတွေက ကားလမ်း ကြောင့်ပျက်စီးသွားတဲ့ ဥယျဉ်ခြံတွေ၊ ကွမ်းပင်၊ အုန်းပင်တွေအတွက် လျှော်ကြေးတောင်းနေတယ်။ လမ်းတွေကိုပိတ်ဆို့ဆန္ဒပြနေတယ်ဆိုတဲ့သတင်းတွေလဲ ကြားနေရပါတယ်။
ပြီးတော့ ၁၉၉၇ ထိုးစစ်ကြောင့် ထီးခီး၊ ထီးထာ၊ အမာရာ၊ မောထာ၊ အောင်သာဝရ၊ အမို၊ ဆင်ဖြူတိုင် ဖက်ကနေထွက်ပြေးလာကြရတဲ့ စစ်ပြေးဒုက္ခသည် ၈၀၀၀ (ရှစ်ထောင်) ခန့်ဟာလဲ ရတ်ချပူရီနယ်စပ် က ထန်ဟင်ဒုက္ခသည်စခန်းထဲမှာ အခုချိန်ထိရှိနေဆဲဖြစ်ပါတယ်။ စစ်ပွဲမရှိတော့ဘူး၊ KNU နဲ့ အစိုးရ အ ပစ်ရပ်ထားပြီးပြီဆိုပေမဲ့ သူတို့တတွေ အခုချိန်ထိ အိမ်မပြန်နိုင်သေးပါဘူး။ သူတို့ပြန်ရင် သူတို့မြေတွေ၊ အိမ်တွေရှိမရှိလဲ မသေချာတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် သိမ်းပိုက်ခံဒီရွာတွေအားလုံးကို စစ်တပ် ကတခြားလူတွေကို ပြန်လည်ရောင်းစားခဲ့လို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အနှစ်ပြန်ချုပ်ရရင်တော့ စစ်မြေပြင်ကို စီးပွါးရေးလွင်ပြင်အဖြစ်ပြောင်းနိုင်ရင် ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီပြောင်းလဲမှုကနေ ထွက်လာတဲ့ အကျိုးအမြတ်တွေကို ဘယ်သူတွေကခံစားခွင့်ရနေသလဲ။ စစ်နိုင် သွားတဲ့ ဗိုလ်ချုပ်တွေဖက်ကသက်သက်လား။ စီးပွါးရေးရင်နှီးမြှုပ်နှံမှုလုပ်တဲ့ နိုင်ငံခြားသားတွေ သက် သက်လား။ အမျိုးသားရေးအတွက် အသက်ပေးတော်လှန်ခဲ့သူတွေ၊ ဒီမိုကရေစီရေးအတွက် အသက် ပေးသွားတဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေကကော မခံစားထိုက်ဘူးလား။ ဒီအတွက် ဘယ်လိုသဘောတူ ညီမှုတွေနဲ့ ခရီးဆက်မှာလဲ။
ဒီထက်ပိုအရေးကြီးတာကတော့ စစ်မက်ဖက်ပြိုင်ခဲ့တဲ့ ဒီနှစ်ဖွဲ့စလုံးက ရှေ့တန်းတင်ပြောဆိုလေ့ရှိတဲ့ ''ပြည်သူလူထုအကျိုးစီးပွါး'' ပါပဲ။ ပြည်သူလူထုဘ၀ငြိမ်းချမ်းဖို့အတွက် စစ်ပွဲတွေရပ်လိုက်ပါပြီ။ စီးပွါး ရေးရင်းနှီးမြှုပ်နှံမှုတွေလုပ်နေပါပြီ။ ထားဝယ်ကနေ ကန်ချနပူရီကို နေ့ချင်းပြန်ကားတွေပြေးနေပါပြီ။ န ဘုလယ်ရေနက်ဆိပ်ကမ်းလဲအတော်ခရီးရောက်နေပါပြီ။ ဒါပေမဲ့ ဒေသခံတွေရဲ့ဘ၀က ဘာမှထူးခြားမ လာသေး။ သိမ်းဆည်းခံမြေရာတွေအတွက် လျှော်ကြေးပေးဖို့တောင်းဆိုနေရတဲ့အဆင့်ကကို မကျော် နိုင်သေး။ ။
........................................................................................
PDF ဖွိုင်စောင်းနေတဲ့အတွက် View ထဲဝင်ပြီး Rotate View ကတဆင့် Clockwise သို့သွားပါရန်။
အဲဒီလိုသွားပြီးဖတ်ရင် အိုကေ ပေမဲ့ ပြန်တင်တဲ့အခါ ပြန်စောင်းသွားတဲ့အတွက်တောင်းပန်ပါတယ်။
သိသူများရှိရင် လမ်းညွန်တော်မူပါ။ လုပ်ချင်တာသာရှိပြီး ဘာမှမလုတ်တတ်သူပါ။
Thursday, September 19, 2013
ဆူပူမူဖြစ်ပွားခဲ့သည့် ကော့သောင်းထောင်မှ အကျဥ်းသားများကို ပြောင်းရွှေ့
၊Dawei Watch၊ ကော့သောင်း ၊ စက်တင်ဘာ ၁၈
ပြီးခဲ့သည့် ရက်ပိုင်းက ဆူပူမှု ဖြစ်ခဲ့သည့် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ဖြိုးထွန်း ၅ သံခွံသင်္ဘောဖြင့် သယ်ယူ ပြောင်းရွှေ့သွားကြောင်း မျက်မြင်တွေ့ရှိသူများနှင့် အကျဉ်းသား မိသားစု ၀င်များထံမှ သိရသည်။
(ဓာတ်ပုံများအားလုံး စိုးလွင်)
ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသားများကို စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ယုဇနဆီအုန်း ကုမ္ပဏီမှ ကားကြီး ၂ စီး၊ မှန်လုံကားတစ်စီးတို့ဖြင့် ကော့သောင်းမြို့ ရွှေပြည်သာ မြို့ပတ်လမ်းမှ တော်ဝင်သင်္ဘောဆိပ်သို့ ပို့ဆောင်လာကြောင်း၊ ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၂၀၀ ကျော်ခန့် ရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
ပြောင်းရွှေ့သည့် အကျဉ်းသားများကို မိသားစုများနှင့် လုံးဝ တွေ့ဆုံစကားပြောခွင့်၊ စားစရာများကိုလည်း ပေးခွင့်မရကြောင်း ၊ အကျဉ်းသားများအား ခြေချင်းများ ၂ ယောက်တစ်တွဲ ခတ်ထားပြီး ပစ္စည်းတင်သည့် ကရိန်းဖြင့် ၄ ယောက် တစ်တွဲ ပြည့်ဖြိုးထွန်း ၅ သင်္ဘောပေါ်ဆွဲတင်နေကြောင်း ဒေသခံများနှင့် အကျဉ်းသားမိသားစုများထံမှ သိရသည်။
" ည ၇ နာရီလောက်မှာ သင်္ဘော ထွက်သွားတယ်။ ဘယ်ကို ပြောင်းမယ်ဆိုတာ မပြောဘူး" ဟု ကော့သောင်းမြို့ခံ ဦးမျိုးလွင်က ပြောသည်။
အဆိုပါ အကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ကော့သောင်းခရိုင် အုပ်ချူပ်ရေးမှူး ကို ဆက်သွယ်မေးမြန်းရာ သိချိန်တန်သည့်အခါ သိရမည်ဟု သာ ပြန်လည်ဖြေကြားခဲ့သည်။
"သေချာမသိသေးဘူး။ အစီရင်ခံစာ တက်မလာသေးလို့ပါ" ဟု တနင်္သာရီတိုင်းဒေသကြီး အတွင်းရေး မှူး ဦးတင်သိန်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံသို့ ဆက်သွယ်မေးမြန်းရာ လုပ်စရာရှိသေးသည့်အတွက် နောက်မှ ပြောပြမည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
အကျဉ်းသားများကို တင်ဆောင်သည့် သင်္ဘောသည် မော်လမြိုင်မြို့သို့ ထွက်ခွာမည်ဟု အကျဉ်းသား မိသားစုဝင်များက ပြောပြီး ပြည့်ဖြိုးထွန်း သဘောင်္ ပိုင်ရှင် မိသားစုဝင်များနှင့် နီးစပ်သူများကမူ ရန်ကုန်အထိ ငှားထားသည်ဟု ပြောကြောင်း ဒေသခံများ ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကော့သောင်း အကျဉ်းထောင်
ဆူပူသည်ဟုဆိုကာ ခြောက်လှန့်ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦးသေဆုံးခဲ့ရပြီး
ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ရာ ဒဏ်ရာရသူများအနက် စက်တင်ဘာလ ၁၇ ရက်နေ့က
မြိတ်ဆေးရုံကြီးတွင် တစ်ယောက် ထပ်မံ သေဆုံးခဲ့သည်။
လက်ရှိတွင် အထက်ပါ အကျဉ်းထောင်ဆူမှုနှင် ပတ်သက်၍
ခုံရုံးဖွဲ့စစ်ဆေးနေပြီး အသေးစိတ်အချက်အလက်များကိုမူ မသိရသေးကြောင့် သက်ဆိုင်ရာ
တိုင်းအစိုးရ တာဝန်ရှိသူများက သတင်းမီဒီယာများကို ဖြေကြားထားသည်။
ကော့သောင်းတွင် ဆူပူမှုကြောင့် ပစ်ခတ်ခဲ့သည်ဟု အစိုးရက
ပြောဆိုသော်လည်း အကျဉ်းသားမိသားစုများနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) တိုင်း
စည်းရုံးရေးမှူး ဦးသန်းထွန်းကမူ အကျဉ်းသားများ ထောင် အတွင်း ရသင့်သည့်
အခွင့်အရေးမရခြင်း၊ ထောင်အာဏာပိုင်များ၏ နှိပ်စက်ခြင်းတို့ကြောင့် အကျဉ်းသားများ
ဆန္ဒပြခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
Dawei Watch
Tuesday, September 17, 2013
ထားဝယ် - ထိုင်း လမ်းမကြီးကြောင့် နစ်နာသူများ၏ လျော်ကြေးကိစ္စ ချက်ခြင်းဖြေရှင်းပေးရန် CSLD တောင်းဆို
|Dawei
Watch| ထားဝယ်၊ စက်တင်ဘာ ၁၇
အီတာလျံ-ထိုင်း ကုမ္ပဏီ(ITD) တာဝန်ယူ ဖောက်လုပ်နေသည့် ထားဝယ်-ကန်ချနပူရီ လမ်းမကြီးအပေါ်ရှိ သစ်ကတိုးကျေးရွာနင့် မေတ္တာမြို့ နယ်ခွဲအကြား လမ်းပိုင်းတစ်လျှောက်တွင် ထိခိုက်နစ်နာခဲ့သည့် ဒေသခံ ဥယျာဉ်ခြံပိုင်ရှင် ၃၈ဦး၏ လျော်ကြေးကိစ္စကို ချက်ခြင်း ဖြေရှင်းဆောင်ရွက်ပေးရန် လူထုအခြေပြု ရေရှည်တည်တံ့သော သက်မွေးဝမ်းကျောင်းနှင့် ဖွံ့ဖြိုးရေး ကော်မတီ (CSLD) က တောင်းဆိုလိုက်သည်။
သပြုချောင်းကျေးရွာတွင် ဒေသခံများက ကားလမ်းကို ပိတ်ဆို့ထားစဉ်
ခမောင်းသွယ်တိုက်နယ်အတွင်းရှိ မေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြူချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုး စသည့် ကျေးရွာများမှ ဥယျာဉ်ခြံများ၏ ထိခိုက်နစ်နာမှုကို တာဝန်ယူမှုမရှိသည့်အတွက် CSLDနှင့် ဥယျာဉ်ခြံပိုင်ရှင်များက စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထားဝယ်မြို့ DDA ရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယင်းသို့ အသိပေး ထုတ်ပြန် ကြေငြာခဲ့ခြင်းဖြစ်သည်။
ယင်းလမ်းမကြီး ဖောက်လုပ်ခြင်းကြောင့် ဒေသ၏ အဓိက ၀င်ငွေဖြစ်သော ကွမ်းသီးပင်၊ ရော်ဘာပင်နှင့် သီဟိုပင် စိုက်ခင်းများ ပျက်စီးခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုများကို စာရင်းပြုစုပြီးပါက လျော်ကြေး ပေးအပ်မည်ဟု ITD မှ တာဝန်ရှိသူများက ကတိပြုပြီး ဖြစ်သော်လည်း ကတိမတည်ခဲ့ဟု CSLD ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
“ဒေသခံတွေ ရဲ့ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတွေ ထိခိုက်နေလို့ အမြန် ညှိနှိုင်း ဖြေရှင်းပေး စေချင်တယ်”ဟု CSLD ကော်မတီ ဥက္ကဌ ဦးစောခိုက ဆိုသည်။
အဆိုပါ ဥယျာဉ်ခြံရှင် ၃၈ဦးမှ လျော်ကြေးပေးအပ်ရန် ဇူလိုင်နှင့် သြဂုတ်လများတွင် လမ်းပိတ်ခဲ့စဉ်က လျော်ကြေး ပေးမည်ဟု ကုမ္ပဏီက ကတိက၀တ်ပေးခဲ့၍ လမ်းဖယ်ပေးခဲ့သော်လည်း ကတိအတိုင်း လျော်ကြေးပေးဆောင်ခြင်း မရှိသောကြောင့် စက်တင်ဘာလ ၉ ရက်နေ့တွင် လမ်းထပ်ပိတ်ခြင်းဖြစ်သည်ဟု ယင်းကော်မတီနှင့် ဥယာဉ်ခြံ ပိုင်ရှင်များထံမှ သိရသည်။
ဒေသခံများနှင့် ကုမ္ပဏီကြား ဖြစ်ပေါ်နေသည့် တင်းမာမှုနှင့် ပြဿနာများကို အပြုသဘောဆောင် ဖြေရှင်းနိုင်ရန်အတွက် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကထောင်းနီကျေးရွာတွင် အစည်းအဝေးပြုလုပ်ရန် အီတာလျံထိုင်း ကုမ္ပဏီမှ တာဝန်ယူ ဆုံးဖြတ်ဖြေရှင်းပေးနိုင်သည့် ရာထူး ရှိသူတစ်ဦး တက်ရောက်ရန် ဖိတ်ကြားထားကြောင်း CSLD ထံမှ သိရသည်။
“ ယခုလ နောက်ဆုံးရက် အထိ လာဖြေရှင်းမပေးဘူးဆိုရင် ခြံရှင်အားလုံးနဲ့ ညှိနှိုင်းပြီး အားလုံးသဘောတူ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားရမယ်”ဟု ဥယျာဉ်ခြံရှင် ဦးရဲကဆိုသည်။
လူထုအခြေပြုရေ ရှည်တည်တံသော အသက်မွေးဝမ်းကြောင်းနှင့် ဖွံ့ဖြိုးရေးကော်မတီ(CSLD)သည် မေတ္တာမြို့နယ်ခွဲ၊ ခမောင်းသွယ်ချောင်း တိုက်နယ်မှ ကျေးရွာ ၁၂ရွာကို ကိုယ်စားပြု ဖွဲ့စည်းထားသော ကော်မတီ တစ်ရပ်ဖြစ်သည်။
Dawei Watch
အီတာလျံ-ထိုင်း ကုမ္ပဏီ(ITD) တာဝန်ယူ ဖောက်လုပ်နေသည့် ထားဝယ်-ကန်ချနပူရီ လမ်းမကြီးအပေါ်ရှိ သစ်ကတိုးကျေးရွာနင့် မေတ္တာမြို့ နယ်ခွဲအကြား လမ်းပိုင်းတစ်လျှောက်တွင် ထိခိုက်နစ်နာခဲ့သည့် ဒေသခံ ဥယျာဉ်ခြံပိုင်ရှင် ၃၈ဦး၏ လျော်ကြေးကိစ္စကို ချက်ခြင်း ဖြေရှင်းဆောင်ရွက်ပေးရန် လူထုအခြေပြု ရေရှည်တည်တံ့သော သက်မွေးဝမ်းကျောင်းနှင့် ဖွံ့ဖြိုးရေး ကော်မတီ (CSLD) က တောင်းဆိုလိုက်သည်။
သပြုချောင်းကျေးရွာတွင် ဒေသခံများက ကားလမ်းကို ပိတ်ဆို့ထားစဉ်
ခမောင်းသွယ်တိုက်နယ်အတွင်းရှိ မေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြူချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုး စသည့် ကျေးရွာများမှ ဥယျာဉ်ခြံများ၏ ထိခိုက်နစ်နာမှုကို တာဝန်ယူမှုမရှိသည့်အတွက် CSLDနှင့် ဥယျာဉ်ခြံပိုင်ရှင်များက စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထားဝယ်မြို့ DDA ရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယင်းသို့ အသိပေး ထုတ်ပြန် ကြေငြာခဲ့ခြင်းဖြစ်သည်။
ယင်းလမ်းမကြီး ဖောက်လုပ်ခြင်းကြောင့် ဒေသ၏ အဓိက ၀င်ငွေဖြစ်သော ကွမ်းသီးပင်၊ ရော်ဘာပင်နှင့် သီဟိုပင် စိုက်ခင်းများ ပျက်စီးခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုများကို စာရင်းပြုစုပြီးပါက လျော်ကြေး ပေးအပ်မည်ဟု ITD မှ တာဝန်ရှိသူများက ကတိပြုပြီး ဖြစ်သော်လည်း ကတိမတည်ခဲ့ဟု CSLD ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
“ဒေသခံတွေ ရဲ့ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတွေ ထိခိုက်နေလို့ အမြန် ညှိနှိုင်း ဖြေရှင်းပေး စေချင်တယ်”ဟု CSLD ကော်မတီ ဥက္ကဌ ဦးစောခိုက ဆိုသည်။
အဆိုပါ ဥယျာဉ်ခြံရှင် ၃၈ဦးမှ လျော်ကြေးပေးအပ်ရန် ဇူလိုင်နှင့် သြဂုတ်လများတွင် လမ်းပိတ်ခဲ့စဉ်က လျော်ကြေး ပေးမည်ဟု ကုမ္ပဏီက ကတိက၀တ်ပေးခဲ့၍ လမ်းဖယ်ပေးခဲ့သော်လည်း ကတိအတိုင်း လျော်ကြေးပေးဆောင်ခြင်း မရှိသောကြောင့် စက်တင်ဘာလ ၉ ရက်နေ့တွင် လမ်းထပ်ပိတ်ခြင်းဖြစ်သည်ဟု ယင်းကော်မတီနှင့် ဥယာဉ်ခြံ ပိုင်ရှင်များထံမှ သိရသည်။
ဒေသခံများနှင့် ကုမ္ပဏီကြား ဖြစ်ပေါ်နေသည့် တင်းမာမှုနှင့် ပြဿနာများကို အပြုသဘောဆောင် ဖြေရှင်းနိုင်ရန်အတွက် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကထောင်းနီကျေးရွာတွင် အစည်းအဝေးပြုလုပ်ရန် အီတာလျံထိုင်း ကုမ္ပဏီမှ တာဝန်ယူ ဆုံးဖြတ်ဖြေရှင်းပေးနိုင်သည့် ရာထူး ရှိသူတစ်ဦး တက်ရောက်ရန် ဖိတ်ကြားထားကြောင်း CSLD ထံမှ သိရသည်။
“ ယခုလ နောက်ဆုံးရက် အထိ လာဖြေရှင်းမပေးဘူးဆိုရင် ခြံရှင်အားလုံးနဲ့ ညှိနှိုင်းပြီး အားလုံးသဘောတူ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားရမယ်”ဟု ဥယျာဉ်ခြံရှင် ဦးရဲကဆိုသည်။
လူထုအခြေပြုရေ ရှည်တည်တံသော အသက်မွေးဝမ်းကြောင်းနှင့် ဖွံ့ဖြိုးရေးကော်မတီ(CSLD)သည် မေတ္တာမြို့နယ်ခွဲ၊ ခမောင်းသွယ်ချောင်း တိုက်နယ်မှ ကျေးရွာ ၁၂ရွာကို ကိုယ်စားပြု ဖွဲ့စည်းထားသော ကော်မတီ တစ်ရပ်ဖြစ်သည်။
Dawei Watch
လေပြင်းတိုက်၍ ထားဝယ်စီမံကိန်း ပြန်လည်နေရာချထားရေး ဧရိယာရှိ နေအိမ် ၆ လုံးပျက်စီး
|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၁၇
ထားဝယ်စီမံကိန်း ပြန်လည်နေရာချထားရေး ဧရိယာအတွင်း တည်ဆောက်လျက်ရှိသည့် ဘ၀ါမြို့သစ်စီမံကိန်းတွင် စက်တင်ဘာလ ၁၄ ရက်နေ့ ည၁၂နာရီခန့်တွင် လေပြင်းတိုက်ခတ်သဖြင့် တည်ဆောက်ပြီးဖြစ်သည့် အသေးစားအဆင့်ရှိ အဆောက်အဦး ၆ လုံး၏ အမိုးများ ပျက်စီးသွားခဲ့ကြောင်း ဘ၀ါကျေးရွာသူ ကျေးရွာသားများထံမှ သိရသည်။
လေပြင်း တိုက်ခတ်မှုကြောင့် အိမ်အမှတ် ၁၀၄၊ ၁၄၀၊ ၁၄၃၊ ၁၄၇၊ ၁၄၉၊ ၁၇၅တို့မှ အဆောက်အဦး ၂လုံးမှာ ခေါင်မိုး တစ်ခြမ်း လုံး ပျက်စီးခဲ့ရခြင်း၊ ၂လုံးမှာ ခေါင်မိုးတစ်ခြမ်းမှ တစ်ပိုင်းဆီ ပျက်စီးကာ၊ ကျန် ၂လုံးမှာ အမိုးများ လန်သွားခဲ့သည် ဟု ၄င်း တို့က ပြောဆိုသည်။
“တိုက်တွေ အကြားမှာရှိတဲ့ ရွာက အိမ်တွေ ဘာမှမဖြစ်ဘဲ တိုက်တွေကဘဲ ပြိုတာတို့ အမိုးလန် ပျက်စီးတာတို့ ကြုံနေရတယ်၊ ယခု အမိုးလန်သွားတဲ့ အချို့အဆောက်အအုံတွေမှာ မျက်နှာကျက်တွေပါ ပျက်စီးသွားတယ်” ဟု ဘ၀ါကျေးရွာမှ ဦးဇော်ဝင်းက ဆိုသည်။
အဆိုပါ ဘ၀ါမြို့သစ် စီမံကိန်းတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ၂၀၁၂ခုနှစ် ဇူလိုင်လနှောင်းပိုင်းက တည်ဆောက်ဆဲ အဆောက်အဦးနှစ်ခု ပြိုကျခဲ့ပြီး၊ ၂၀၁၃ခုနှစ်တွင် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တစ်ကြိမ် တည်ဆောက်ဆဲ အဆောက်အဦးတစ်လုံး ထပ်မံ ပြိုကျခဲ့ဖူးသည်။
ယခုလက်ရှိတည်ဆောက်ပြီးစီးသည့် အိမ်များသည် ထားဝယ်စီမံကိန်း၏ ရေနက်ဆိပ်ကမ်းဧရိယာအတွင်း ကျရောက် သည့် မူးဒူးကျေးရွှာမှ အိမ်ခြေ ၃၄၃အိမ်နှင့် နောက်တိုး အိမ်ခြေများကို ကနဦး ရွှေ့ပြောင်းရန် လျာထားခြင်းဖြစ်သည်။
“နည်းပညာသစ်နဲ့ ဆောက်ထားတဲ့ တိုက်က လေတိုက်ရုံနဲ့ ခေါင်မိုးတွေပြိုနေတယ်၊ ရွာက လူတွေ ရွှေပြောင်း နေထိုင်ပြီးတဲ့ ဆက်ဖြစ်နေခဲ့ရင်တော့ အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ်” ဟု မူးဒူးရွာမှ ဦးအောင်မြင့်က ဆိုသည်။
ဘ၀ါမြို့သစ်စီမံကိန်းတွင် တည်ဆောက်နေသည့် အဆောက်အအုံမှာ RC သွပ်မိုး နှစ်ထပ်အိမ်များဖြစ်ပြီး အကြီး၊ အလတ်၊ အသေး ဟု သုံးမျိုးခွဲခြားထားသည်။
တိုက်အိမ်အကြီးစား၏ တန်ဖိုးမှာ ကျပ် ၂၀၆သိန်း၊ အလတ်စား ကျပ်သိန်း၁၈၀နှင့် အသေးစား ကျပ်သိန်း ၁၅၀သိန်း အသီးသီး တန်ဖိုး သတ်မှတ်ထားသည်။
အမိုးအတွက် အသုံးပြုထားသည့် သစ်အရွယ်အစားက သေးငယ်ပြီး ဒေသတွင် အသုံးပြုနေသည့် “စံ” အရွယ်အစားမဟုတ် သည့်အတွက် ရေရှည်ခံမည်မဟုတ် ခိုင်မာမှု ရှိမည်မဟုတ်ဟု နဘုလယ်ဒေသမှ လက်သမားဆရာ ဦးမျိုးနိုင်က သုံးသပ် ပြောဆိုသည်။
ဘ၀ါကျေးရွာတွင် လေပြင်းဒဏ်ကြောင့် ဒေသခံများ တည်ဆောက်ထားသည့် ဓနိမိုးအိမ်များ ပြိုကျပျက်စီးသည်ကိုမှု ကြားရလေ့မရှိဘဲ ဘ၀ါမြို့သစ်စီမံကိန်းအတွင်း အဆောက်အဦးများသာ ပြိုကျခြင်း အမိုးလန် ပျက်စီးခြင်းများ အကြိမ်ကြိမ်ဖြစ်နေသည်ဟု နဘုလယ်ဒေသခံများက ဝေဖန်ပြောဆိုသည်။
အထက်ပါ ဘ၀ါ ပြန်လည်နေရာချထားရေး ဧရိယာတွင် အိမ်အလုံးရေ ၃၄၃ တည်ဆောက်ပြီးဖြစ်သည်ဟု ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ထံမှ သိရသည်။
Dawei Watch
“ဒါတော့ မထိနဲ့” ဆိုတဲ့ခေတ်ကို ဘယ်တော့ ကျော်နိုင်မလဲ
ထက်အောင်ကျော်|
September 17, 2013 | ဧရာဝတီ။
ဘာကြောင့်လဲဆိုတော့ လက်ရှိအခြေနေဟာ စစ်အစိုးရကနေ အရပ်သားအစိုးရဆီ အသွင်ကူးပြောင်း နေချိန်၊ ဒီမိုကရေစီသင်္ကေတ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါလီမန်ထဲမှာထိုင်ပြီး စစ်ဗိုလ်ဟောင်းတွေနဲ့ ညှိနှိုင်းနေချိန်၊ နယ်စပ်တကြောရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အတော်များများနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ထားပြီး တနိုင်ငံလုံးအတိုင်းတာနဲ့ အပစ်ရပ်ဖို့ အစိုးရဖက်က ကမ်းလှမ်းနေချိန်မို့ ဖြစ်ပါတယ်။
|
၁၉၆၂ စစ်တပ်အာဏာသိမ်းစဉ်က ရွေးကောက်ခံဝန်ကြီးချုပ် ဦးနုဆီကနေ ဗိုလ်ချုပ် နေ၀င်းက သိမ်းခဲ့တာဖြစ်ပါတယ်။ စစ်သားစစ်စစ် အုပ်ချုပ်ရေး ၁၄ နှစ်ကြာပြီးချိန် ၁၉၇၄ မှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲပြီး အာဏာသိမ်း ဗိုလ်ချုပ် နေ၀င်း ကနေ မဆလပါတီ ဥက္ကဌ အရပ်သား ဦးနေ၀င်းကို အာဏာလွှဲပေးခဲ့ပါတယ်။
၁၉၈၈ စစ်တပ်အာဏာသိမ်းတော့ မဆလ နောက်ဆုံး သမ္မတ ဒေါက်တာ မောင်မောင်ဆီကနေ စစ်ဗိုလ်ချုပ် စောမောင်က သိမ်းခဲ့ပါတယ်။ စစ်သားစစ်စစ် အုပ်ချုပ်ရေး နှစ် ၂၀ ကြာပြီးတဲ့အချိန် ၂၀၀၈ မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲပြီး နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အရပ်သား ဦးသိန်းစိန်ကို အာဏာလွှဲပေးခဲ့ပါတယ်။
စစ်တပ်ဦးစီးတဲ့ နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားခဲ့၊ ထွန်းကားဆဲ မြန်မာနိုင်ငံက ဒီအာဏာသိမ်းပွဲနှစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ ကနေ အခု ၂၀၁၃ အထိ နှစ်ပေါင်း ၅၀ ကျော်၊ ရာစုနှစ် တ၀က်ကျော်အချိန် ကုန်သွားပေမယ့် နိုင်ငံရေးအရ စဉ်းစားပုံတွေ၊ လုပ်ပုံကိုင်ပုံတွေက ဘာမှမပြောင်းလဲခဲ့ဘူးဆိုတာ ပေါ်လွင်နေပါတယ်။
ရာစုနှစ်တ၀က်ကျော်ကျော် ၀ါးလုံးခေါင်းထဲမှာ လသာပြီး အချင်းချင်း အာဏာသိမ်းရင်း၊ အာဏာလွှဲရင်းနဲ့ အလုပ်ရှုပ်နေခဲ့တဲ့ စစ်သားနိုင်ငံရေး လွှမ်းမိုးတဲ့မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ လုံးဝနီးပါး အဆက်ပြတ်သွား ခဲ့ပါတယ်။ အဲဒီနှစ် ၅၀ ကာလအတွင်း ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အခင်းအကျင်းတွေဟာ လိုက်လို့ မမီလောက်အောင်ကို ပြောင်းလဲသွားခဲ့တယ် ဆိုတာကို ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ဟောင်းတွေ ကိုယ်တိုင် နိုင်ငံရပ်ခြားဆီ ထွက်လေ့လာခွင့်ရတော့မှပဲ သိခွင့်ရလိုက်တယ်လို့ ထင်ပါတယ်။
ဒါပေမယ့် လက်ရှိ စစ်ဗိုလ်ဟောင်း ခေါင်းဆောင်ပိုင်း အနေနဲ့ ဒီနေ့ မြန်မာ့နိုင်ငံရေး လမ်းကြောင်းကို နိုင်ငံတကာ အခင်းအကျင်းနဲ့အညီ သွားဖို့ပြင်နေတာ ဟုတ်ပါရဲ့လား။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်အတိုင်း စစ်သားတွေက အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံဖို့ အဆင့်ဆင့် ပြင်ဆင်နေတာမျိုး ဟုတ်ပါရဲ့လား ဆိုတာကတော့ မေးခွန်းအဖြစ် ရှိနေဆဲပါ။
“သမ္မတအမိန့်ကို ကာကွယ်ရေးဦးစီးချုပ်က နာခံပုံမရဘူး” ဆိုတဲ့ စကားလုံးဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း ကချင်စစ်ပွဲ စစဉ်ကနေ အခုချိန်အထိ ကျယ်ကျယ်လောင်လောင် ကြားနေရဆဲ ဖြစ်ပါတယ်။ သမ္မတက အပစ်ရပ်ဖို့ အမိန့်ပေးထားပေမယ့် စစ်တပ်က ဆက်တိုက်နေဆဲ ဖြစ်ပါတယ်။ ဒါက စစ်မြေပြင်မှာဆိုတော့ သမ္မတအနေနဲ့ အမိန့်ပေးဖို့ ခက်နိုင်တယ်လို့ တချို့က ဆင်ခြေပေးနိုင်ပါတယ်။
ကဲ … ဒါဆိုရင် ရန်ကုန်နဲ့ မြို့ပြဒေသမှာ ဖြစ်ပွားနေတဲ့ စစ်တပ်က မြေသိမ်းမှုပြဿနာ၊ စစ်တပ်ပိုင်တဲ့ ဦးပိုင် ကုမ္ပဏီရဲ့ အနိုင်ကျင့်မှုတွေကိုရော သမ္မတက တားဆီးနိုင်ပါရဲ့လား၊ ပါလီမန်က ဟန့်တားနိုင်ပါရဲ့လား။ အားလုံးသိတဲ့အတိုင်း စစ်တပ်နဲ့ ပတ်သက်လာရင် “ကျန်တာ ကြိုက်သလိုပြော၊ ဒါတော့ မထိနဲ့” ဆိုတဲ့ ပြက်လုံးက အခုချိန်အထိ ခေတ်ကောင်းနေဆဲ ဖြစ်ပါတယ်။
ဒါကြီးကို ထိလို့မရဘဲနဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးဆီ ပြောင်းနေပြီလို့ ဘယ်လိုလုပ် ပြောလို့ဖြစ်ပါ့မလဲ။ ဖက်ဒရယ်ပြည်ထောင်စုဆီ ချီတက်နေပြီလို့ ဘယ်ပြောလို့ဖြစ်ပါ့မလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်တာ၊ အသစ်ရေးတာတွေ လုပ်နေပါတယ်လို့ ဘယ်ပြောလို့ဖြစ်မလဲ။ လွှတ်တော် အရပ်ရပ်ထဲက စစ်သားအမတ်ဦးရေ ၂၅ ရာခိုင်နှုန်း လျှော့ချရေးကိစ္စ ဘယ်အမတ်က ဆွေးနွေးရဲမှာလဲ။ စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးရေးဖို့ ဘယ်သူတွေက ဆန္ဒပြတောင်းဆိုရဲမှာလဲ။
နိုင်ငံရေးအခင်းအကျင်းက “ဒါတော့ မထိနဲ့” ဆိုပြီး ဆက်သွားနေတဲ့ အခါကျတာ့ “ဒါကို ထိမလား။ ဒါကို မတို့မထိဘဲနဲ့ စစ်တပ်နဲ့ တည့်အောင်ပေါင်းပြီး ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်မလား” ဆိုတဲ့ စဉ်းစားချက်မျိုး ဒီနေ့ အရပ်သား နိုင်ငံရေးသမားတွေကြားမှာ ၀င်လာပုံရပါတယ်။ နိုင်ငံရေးသမား အတော်များများ “အမာကိုရှောင် အကာကိုတိုက်” ဆိုတဲ့လမ်းကြောင်းဘက် နည်နည်းသွေဖီလာတာကို တွေ့လာနေရပါတယ်။
ဒီလမ်းကြောင်းကိုမလိုက်ဘဲ စစ်တပ်နဲ့ ထိပ်တိုင်ရင်ဆိုင်သူတွေ၊ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီနဲ့ ထိပ်တိုက် ရင်ဆိုင်သူတွေဟာ လက်ရှိ အခင်းအကျင်းနဲ့ မဟာဗျုဟာကို နားမလည်သူတွေ၊ ခေါင်းမာသူတွေ၊ စစ်တပ်က နောက်ပြန် ဆုတ်သွားမှာကို မတွက်မိတဲ့သူတွေအဖြစ် ပြောဆိုဝေဖန်သံ တွေကြားလာနေရပါတယ်။ Mainstream Politic ထဲပါဝင်သူ အားလုံးနီးပါးက အမာကို ရှောင်သူတွေ ဖြစ်လာပြီး အမာကို တိုက်သူတွေက ပင်မ နိုင်ငံရေးရေစီးရဲ့ အပြင်ဘက်ကို တွန်းပို့ခံလာနေရတဲ့ အခြေနေမျိုး ဖြစ်လာနေပါတယ်။
အနှစ်ပြန်ချုပ်ရရင်တော့ လက်ရှိအခြေနေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရခေတ်နဲ့စာရင် အခြေအနေ နည်းနည်း ပိုကောင်းလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် စစ်တပ်နဲ့ တည့်အောင်ပေါင်းပြီး မျက်နှာချိုသွေး သနားခံတောင်းဆိုမှရတဲ့။ စစ်တပ်က ပေးသနားတော်မူမှရတဲ့ ခေတ်ကို မကျော်နိုင်သေးပါ။ Institution အရ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ လုပ်ထုံးလုပ်နည်းတွေအရ ပေးသင့်တာကိုပေး၊ အရေးယူသင့်တာကိုယူတဲ့ ခေတ်ဆီ မရောက်သေးပါ။ အများပြည်သူ ဆန္ဒအတိုင်း မဖြစ်သေးပါ။
“ဒါတော့မထိနဲ့” ဆိုတဲ့ နိုင်ငံရေး အခင်းအကျင်းမျိုးကို ကာလတခုမှာ မလွဲမရှောင်သာလို့ ကြိတ်မှိတ်သည်းခံ ဖြတ်သန်းရတာကို နားလည်နိုင်ပေမယ့် ကာလသတ်မှတ်ချက် အတိအကျရှိဖို့တော့ လိုမယ်ထင်ပါတယ်။ စစ်တပ်က နောက်ပြန်ဆုတ်သွားမှာ စိုးလို့ဆိုပြီး ဒါကို မထိရဲဘဲ အမြဲတမ်း သည်းခံနေရရင်တော့ လက်ရှိအခြေနေကို အသွင်ကူးပြောင်းရေးကာလ အခင်းအကျင်းအဖြစ် ယုံကြည်ဖို့ ခက်လာနိုင်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် စစ်တပ်အပါအ၀င် အနောက်နိုင်ငံကြီးတွေရဲ့ တပ်မတော်နဲ့ ဆက်သွယ်ခွင့် ရနေပြီဖြစ်တဲ့ မြန်မာ့တပ်မတော် အနေနဲ့လည်း နိုင်ငံတကာ တပ်မတော်တွေရဲ့ အခြေနေကို လေ့လာပြီး ဒီမိုကရေစီကျင့်စဉ်အောက်က တပ်မတော်တခုရဲ့ အသွင်အပြင်မျိုးဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။ နိုင်ငံရေးနဲ့ကင်းရှင်းပြီး တပ်အလုပ်တခုတည်းကိုသာ အာရုံစိုက်လုပ်နိုင်တဲ့ အဆင့်ဆီ ရောက်အောင်၊ “ဒါတော့ မထိနဲ့” ဆိုပြီး အပြောခံရမှုကနေ လွတ်မြောက်အောင် အမြန်ကြိုးပမ်းသင့်နေပြီ ဖြစ်ပါတယ်။ ။
Sunday, September 15, 2013
သုံးလကြာ ရပ်နားထားသည့် ကမ်းရိုးတန်း အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲ
မြိတ်၊ စက်တင်ဘာ ၁၅
Dawei Watch ၊
သုံးလခန့်အကြာ ရပ်နားထားသည့် ထားဝယ် - မြိတ် - ကော့သောင်း ကမ်းရိုးတန်း
အမြန်ရေယာဉ် ခရီးစဉ်များကို စက်တင်ဘာလ ၇ ရက်နေ့မှ စပြီး ပြန်လည်
ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ် အသိုင်းအ၀ိုင်းမှ သိရသည်။
(ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင် ဆိပ်ကမ်းတွင်
အမြန်ရေယာဉ်များကို ရပ်နားထားစဉ်)
မိုးတွင်းကာလတွင် ရာသီဥတု အခြေအနေကြောင့် သုံးလခန့်
ရပ်ထားခဲ့ရခြင်းဖြစ်ကြောင်း မြိတ်မြို့ ဟိုင်ဖိုင် အမြန်ရေယာဉ် လက်မှတ်
အရောင်းဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
"ရာသီဥတုအပေါ်မှာပဲ မူတည်ပါတယ်။ ရာသီဥတု မကောင်းရင် ပြန်နားရတာပါပဲ" ဟု ၎င်းက ဆိုသည်။
တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်နှင့် အထက်ဖြစ်ပါက အမြန်ရေယာဉ်
ခရီးစဉ်များကို ရပ်နားရပြီး တစ်နာရီ လေတိုက်နှုန်း မိုင် ၃၀ ခန့်ရှိမှ
ပြန်လည် ပြေးဆွဲပေးသည်ဟု အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။
ကမ်းရိုးတမ်းအမြန်ရေယာဉ်များသည် မိုးရာသီတွင် နှစ်တိုင်း လချီ ရပ်နားရလေ့ရှိသည်။
မြိတ်-ထားဝယ် ခရီးစဉ်အတွက် ၁၃၀၀၀ ကျပ်၊ မြိတ်-ကော့သောင်းကို ၂၇၀၀၀ ကျပ်
နှင့် ထားဝယ် - ကော့သောင်း ခရီးစဉ်အတွက် ၄၀၀၀၀ ကျပ် သတ်မှတ်ထားသည်။
မြိတ်တွင် အမြန်ရေယာဉ်လိုင်း ၃ လိုင်းရှိပြီး မြိတ်-တနင်္သာရီမြို့
အမြန်ရေယာဉ် နေ့ချင်းပြန် သုံးစင်းရှိသည်။
Dawei Watch ၊
သုံးလခန့်အကြာ ရပ်နားထားသည့် ထားဝယ် - မြိတ် - ကော့သောင်း ကမ်းရိုးတန်း
အမြန်ရေယာဉ် ခရီးစဉ်များကို စက်တင်ဘာလ ၇ ရက်နေ့မှ စပြီး ပြန်လည်
ပြေးဆွဲနေပြီဖြစ်ကြောင်း မြိတ် အမြန်ရေယာဉ် အသိုင်းအ၀ိုင်းမှ သိရသည်။
(ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင် ဆိပ်ကမ်းတွင်
အမြန်ရေယာဉ်များကို ရပ်နားထားစဉ်)
မိုးတွင်းကာလတွင် ရာသီဥတု အခြေအနေကြောင့် သုံးလခန့်
ရပ်ထားခဲ့ရခြင်းဖြစ်ကြောင်း မြိတ်မြို့ ဟိုင်ဖိုင် အမြန်ရေယာဉ် လက်မှတ်
အရောင်းဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
"ရာသီဥတုအပေါ်မှာပဲ မူတည်ပါတယ်။ ရာသီဥတု မကောင်းရင် ပြန်နားရတာပါပဲ" ဟု ၎င်းက ဆိုသည်။
တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်နှင့် အထက်ဖြစ်ပါက အမြန်ရေယာဉ်
ခရီးစဉ်များကို ရပ်နားရပြီး တစ်နာရီ လေတိုက်နှုန်း မိုင် ၃၀ ခန့်ရှိမှ
ပြန်လည် ပြေးဆွဲပေးသည်ဟု အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။
ကမ်းရိုးတမ်းအမြန်ရေယာဉ်များသည် မိုးရာသီတွင် နှစ်တိုင်း လချီ ရပ်နားရလေ့ရှိသည်။
မြိတ်-ထားဝယ် ခရီးစဉ်အတွက် ၁၃၀၀၀ ကျပ်၊ မြိတ်-ကော့သောင်းကို ၂၇၀၀၀ ကျပ်
နှင့် ထားဝယ် - ကော့သောင်း ခရီးစဉ်အတွက် ၄၀၀၀၀ ကျပ် သတ်မှတ်ထားသည်။
မြိတ်တွင် အမြန်ရေယာဉ်လိုင်း ၃ လိုင်းရှိပြီး မြိတ်-တနင်္သာရီမြို့
အမြန်ရေယာဉ် နေ့ချင်းပြန် သုံးစင်းရှိသည်။
Saturday, September 14, 2013
Thursday, September 12, 2013
ထားဝယ်-ထီးခီး ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်၊ ယာဉ်မောင်းသေဆုံး
|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၁၀
ထိုင်း-မြန်မာ နယ်စပ်ဂိတ် ထီးခီးနှင့် ထားဝယ်သို့ ပြေးဆွဲနေသော စွမ်းသစ်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် စက်တင်ဘာ ၁၀ ရက်နေ့တွင် တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်း သေဆုံးသွားခဲ့ကြောင်း ယာဉ်လိုင်းတာဝန်ခံ ကပြောကြားသည်။
(ထီးခီးနယ်စပ်ရှိ လမ်းပြမြေပုံ)
ခရီးသည် ခြောက်ဦးတင်ဆောင်လာသော ယင်းယာဉ်သည် ထီးခီးမှ အထွက် အီတာလျံ-ထိုင်း (ITD) ၏ ကုန်ထားစခန်းအနီး တောင်အဆင်းတွင် ဘီးပေါက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရသွားသော ယာဉ်မောင်းကို ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်အတွင်းရှိ ဆေးရုံတစ်ခုသို့ တင်ဆောင်ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ၄င်းကဆိုသည်။
တောင်ကုန်းပေါ်မှ အဆင်းတွင် ဘီးပေါက်ခဲ့ရာ ရှေ့တွင်ရှိသော ယာဉ်တစ်စီးကို ရှောင်တိမ်းရာမှ ထိုသို့ ဖြစ်ပွားခြင်းဖြစ်ပြီး ခရီးသည်များမှာ ဒဏ်ရာ အနည်းငယ်ရခဲ့ကြောင်း ယင်းကပြောကြားသည်။
အဆိုပါ ယာဉ်လိုင်းမှာ ဆူပါကာစတန် ယာဉ် ၁၄ စီး ဖြင့် ပြေးဆွဲနေသော ယာဉ်လိုင်းဖြစ်ပြီး အခင်းဖြစ်ပွားရာသို့ ခရီးသည်၏ မိသားစုဝင်များ၊ ယာဉ်ပိုင်ရှင်နှင့် ဂိတ်တာဝန်ခံများ သွားရောက်နေပြီဖြစ်ကြောင်း ၄င်းကဆိုသည်။
ထီးခီးနှင့် ထားဝယ်သို့ ယာဉ်လိုင်း လေးလိုင်း ပြေးဆွဲနေပြီး တိမ်းမှောက်မှုမှာ ထီးခီးနယ်စပ်ဂိတ်ဖွင့်လှစ်ခဲ့
Dawei Watch
Monday, September 9, 2013
လယ်သိမ်းခံ ထားဝယ် လယ်သမားများ သူရ ဦးရွှေမန်းကို ကြိုမည့် အစီအစဉ် ရဲတပ်ဖွဲ့ တားမြစ်
|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၉
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း၏ သြဂုတ်လ ၉ ရက်နေ့ ထားဝယ်ခရီးစဉ်တွင် လယ်ယာမြေ သိမ်းဆည်းခံထားရသည့် ထားဝယ် လယ်သမားများ၏ ကြိုဆိုမည့် အစီအစဉ်ကို ရဲတပ်ဖွဲ့က တားဆီးခဲ့သဖြင့် အထမမြောက်ခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။
ထားဝယ်မြို့တော် ခန်းမမှ ရေနက်ဆိပ်ကမ်းသို့ သွားရာ လမ်းဖြစ်သော ကမြောကင်းလမ်း တစ်နေရာတွင် စာတန်းကိုင်ကာ ကြိုဆိုရန် စောင့်ဆိုင်းနေသည့် လယ်သမားများကို သြဂုတ် လ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် သူရဦးရွှေမန်း၏ ယာဉ်တန်း လာနေစဉ် ဟန့်တားခံခဲ့ရခြင်းဖြစ်ကြောင်း လယ်သမားများက ပြောသည်။
“ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းအား ကြိုဆိုပါ၏” စာတန်းနှင့် ယင်းစာတန်း၏ အောက်တွင် “လယ်ယာမြေများ မတရား သိမ်းဆည်းခံထားရသည့် ထားဝယ်မြို့ကမှ လယ်သမားများ” ဟူသည့် စာကြောင်း နှစ်ကြောင်းပါရှိသည့် ဗီနိုင်းကို ကိုင်ဆောင်ပြီး ကြိုဆိုရန် ကြိုးစားခဲ့ကြောင်း၊ သူရဦးရွှေမန်း၏ ယာဉ်တန်းရောက်လာချိန်တွင် ဗီနှိုင်းကို ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက လုယူခဲ့ကြောင်း ၎င်းတို့က ရှင်းပြသည်။
ထို့အပြင် ပေးစာတစ်စောင်ကိုလည်း ပေးရန် စီစဉ်ထားသည်ဟု လယ်သမားများက ပြောသည်။
“သူရ ဦးရွှေမန်း ယာဉ်တန်းလာတော့ လမ်းမှာ သွားနေတဲ့ ကားနှစ်စီးကို ကျွန်တော်တို့ ရှေ့မှာ ပိတ်ရပ်ခိုင်းလိုက်တယ်” ဟု သူရ ဦးရွှေမန်းကို ကြိုဆိုရန် ကြိုးစားရာတွင် ပါဝင်သည့် ဦးထွန်းထွန်းဝင်းက ပြောသည်။
လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ငြိမ်ငြိမ် ထိုင်ပြီး ကြိုဆိုရန်နှင့် မည့်သည့် စာရွက်စာတမ်းမှ ကိုင်ဆောင်ခြင်းမပြုရန် ပြောခဲ့ကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။
မိမိတို့ ကြုံနေရသည့် လယ်ယာမြေပြဿနာများကို လွှတ်တော် ကိုယ်စားလှယ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးခဲ့ဖူးသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းအား အားကိုးတစ်ကြီးဖြင့် ကြိုဆိုရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်သမားများ ကွန်ရက်မှ တနင်္သာရီတိုင်း လယ်သမား ကိုယ်စားလှယ် ဦးမောင်အေးက ပြောသည်။
သူရ ဦးရွှေမန်းကို ကြိုဆိုရန် လယ်ယာမြေ သိမ်းဆည်းခံထားရသည့် လယ်သမား ၃၀ ကျော်က ကမြောကင်းလမ်းမပေါ်တွင် မနက် ၉ နာရီကတည်းက လာရောက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း လယ်ယာမြေအငြင်းပွားမှုကြောင့် ပြီးခဲ့သည့် လက ထောင် တစ်လ ပြစ်ဒဏ်ကျခံရသည့် ဦးစံလင်း၏ သမီး ဒေါ်ရွှေဇင်ယုက ပြောသည်။
အထက်ပါ စာတန်းပါ ဗီနိုင်းပြားကိုင်ပြီး ကြိုဆိုရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကို လုံခြံရေး ရဲတပ်ဖွဲ့ဝင် ၇ ဦးခန့်က တားမြစ်ခဲ့ကြောင်း လယ်သမားများက ပြောသည်။
သူရဦးရွှေမန်းသည် စက်တင်ဘာ ၉ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိခဲ့ပြီး ၁၀ ရက်နေ့တွင် မြိတ်နှင့် ကော့သောင်းမြို့များကိုလည်း သွားရောက်မည်ဖြစ်သည်။
Dawei Watch
Saturday, September 7, 2013
နော်ဝေ ရွေးကောက်ပွဲနဲ့ မြန်မာ့နိုင်ငံရေး အမြင်
ထက်အောင်ကျော်|
September 7, 2013 | ဧရာဝတီ။
သူတို့ကို တာဝန်ယူ ဖိတ်ကြားတဲ့အဖွဲ့ကတော့ နော်ဝေ-မြန်မာ ကော်မီတီ (NBC) ဖြစ်ပြီး ဒီမိုကရေစီ ရှိပြီးသားနိုင်ငံတခုမှာ ရွေးကောက်ပွဲကို ဘယ်လိုဘယ်ပုံ ကျင်းပသလဲဆိုတာကို လေ့လာနိုင်ဖို့ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Audun Aagre က ပြောပါတယ်။ “ဒီမှာ နိုင်ငံရေးပါတီတွေ ဘယ်လိုစည်းရုံး လှုပ်ရှားကြသလဲ၊ နိုင်ငံရေးအာဏာကို ဟန်ချက်ညီအောင် ဘယ်လို ထိန်းကျောင်းထားသလဲ၊ တရားဥပဒေ စိုးမိုးရေးရဲ့ တကယ့်အနှစ်သာရက ဘာလဲ၊ ဒီမိုကရေစီ နိုင်ငံတခုမှာ ပွင့်လင်းတဲ့ ဝေဖန်ထောက်ပြမှုကို ဘယ်လို ကျင့်သုံးသလဲ ဆိုတာတွေကို လေ့လာနိုင်ဖို့ဖြစ်တယ်” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ငြိမ်းချမ်းရေးဆုရပြီး နောက်တနှစ်အကြာ ၁၉၉၂ မှာ NBC ကို စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ဒေါက်တာ စိန်ဝင်းရဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) နဲ့ ဒီမိုကရက်တစ်မြန်မာ့ အသံ (DVB) တို့ကို ပထမဆုံး ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၈၈ ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် တလျှောက်လုံး ကြိုးစားလာခဲ့တာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ရွေးကောက်ပွဲစနစ် လေ့လာရေးအပြင် တခြားမျှော်လင့်ချက်တွေလည်း သူ့မှာရှိပါသေးတယ်။ “ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ကြွယ်ဝမှုတွေကို အများပြည်သူအတွက် နော်ဝေအစိုးရက ဘယ်လို စီမံခန့်ခွဲသလဲ ဆိုတာကိုလည်း လေ့လာစေချင်ပါတယ်” လို့ Audun က ပြောပါတယ်။ နော်ဝေနဲ့ မြန်မာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေထွက်တဲ့ နေရာမှာ တူညီပြီး ရတဲ့ငွေကို စီမံခန့်ခွဲ အသုံးပြုတဲ့နေရာမှာ ကွာခြားနေတဲ့အတွက် နော်ဝေနိုင်ငံသား ၅ သန်းကျော်ဘ၀နဲ့ မြန်မာနိုင်ငံသား သန်း ၅၀ ကျော်ရဲ့ ဘ၀တွေ ဒီလို ကွာခြားနေတာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
ဒါက ဒီခရီးစဉ်ကို ဖိတ်ကြားသူတွေဖက်က မျှော်လင့်ချက်ပါ။ ဖိတ်ကြားခံရသူတွေ ဖက်ကရော ဘာတွေ မျှော်လင့်ထားသလဲ။ “ရွေးကောက်ပွဲစနစ် လေ့လာတာအပြင် အစိုးရတာဝန်ရှိသူတွေ၊ ၀န်ကြီးဌာနတွေနဲ့လည်း တွေ့မယ်၊ တက္ကသိုလ်အသိုင်းဝိုင်း၊ NGO အသိုင်းအ၀ိုင်းနဲ့လည်း တွေ့မယ်၊ မြန်မာ အသိုင်းအ၀ိုင်းနဲ့လည်း တွေ့မယ်ဆိုတော့ ဒီခရီးစဉ်က အများကြီး အကျိုးရှိမယ်လို့ မျှော်လင့်ထားပါတယ်” လို့ ဖိတ်ကြားခံရသူတွေထဲက တဦးဖြစ်သူ ကိုပြုံးချို ပြောပါတယ်။
သူတို့အဖွဲ့ဟာ နော်ဝေးရဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးစနစ်ကို လေ့လာတာအပြင် ဂျာမနီနိုင်ငံရဲ့ ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်ကိုလည်း လေ့လာဦးမှာ ဖြစ်ပါတယ်။ “ဒီခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို အသွင်ကူးပြောင်းစ မြန်မာနိုင်ငံအတွက် မျှဝေနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်” လို့ ကိုပြုံးချိုက ဆိုပါတယ်။ NBC မှ Audun ကတော့ “ဖက်ဒရယ်စနစ်ဟာ မြန်မာ့နိုင်ငံရေး အဖြေအတွက် အရေးကြီးတဲ့ သော့ချက်တခုဖြစ်တယ်” လို့ ထောက်ပြခဲ့ပါတယ်။
ဖိတ်ကြားသူနဲ့ ဖိတ်ကြားခံရသူတွေရဲ့ အမြင်ကို အွန်လိုင်းကတဆင့် မေးပြီးတဲ့နောက်မှာတော့ နော်ဝေ ရွေးကောက်ပွဲရဲ့ နောက်ဆုံးအခြေနေကို သိနိုင်ဖို့ အော်စလိုမြို့လယ်က ပါလီမန်ရင်ပြင်ရှေ့ဆီ သွားရောက်ပါတယ်။ နော်ဝေ ပါလီမန်က နေပြည်တော်က ပါလီမန်လို လူသူနဲ့ ဝေးရာ အဝေးကြီးမှာ ဆောက်ထားခြင်း မဟုတ်။ ခြံစည်းရိုး အသေကာပြီး ဘယ်သူမှ အနားမကပ်နိုင်အောင် လက်နက်ကိုင် စစ်သားများ အစောင့်ချထားခြင်းလည်း မရှိ။ အော်စလိုဘူတာကြီးကနေ Karl Johans လမ်းအတိုင်း လာမယ်ဆိုရင် ၅ မိနစ်လောက် လျှောက်လိုက်တာနဲ့ ပါလီမန်ဆီ ရောက်နိုင်ပါတယ်။ နောက်ထပ် ၂ မိနစ်လောက် ထပ်လျှောက်ရင် နန်းတော်ကို ရောက်နိုင်ပါတယ်။ ဆိုလိုတာက ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ အစိုးရမင်းတွေနဲ့ အများပြည်သူဟာ တသီးတခြားစီ ဖြစ်နေတာမျိုး မဟုတ်။ ပြည်သူကြားမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော်အဆောက်အဦးတွေ ရှိနေတယ်ဆိုတဲ့ သဘောပါ။
ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တယ်ဆိုပေမယ့် အာရှက ထိုင်းနိုင်ငံတို့၊ မြန်မာနိုင်ငံတို့က ရွေးကောက်ပွဲ မဲဆွယ်မှုမျိုးလို လမ်းပေါ် မဲဆွယ်စည်းရုံးတာ၊ စပီကာနဲ့ အော်ပြီး ဟောပြောနေတာမျိုးတွေ မတွေ့ရပါ။ သတင်းစာ မဖတ်၊ တီဗီမကြည့်၊ အင်တာနက်သာ မသုံးရင် မနက်ဖြန်၊ သန်းဘက်ခါ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်နေတဲ့ နိုင်ငံတခုဆိ ရောက်နေတယ်လို့ သတိထားမိဖို့တောင် မလွယ်တဲ့ အနေအထားပါ။
ပါလီမန်ရှေ့မှာတော့ သတင်းစာတိုက်နဲ့ တီဗီဌာနတခုတို့ကနေ ယာယီတဲတွေထိုးပြီး Live Debate ရိုက်ကူးဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ ပါလီမန်နဲ့ နန်းတော်ကြား လမ်းဘေးတလျှောက်မှာတော့ ပါတီပေါင်း ၁၀ ပါတီလောက်ရဲ့ မဲဆွယ်စည်းရုံးရေး ဌာနတွေကို တွေ့ရပါတယ်။ ဒါကလည်း သတိမထားမိရင် မဲဆွယ်ဌာနမှန်း သိဖို့မလွယ်ပါ။ ၆ ပေ လောက်သာရှိတဲ့ ယာယီတဲငယ်လေးတွေထိုးပြီး ပါတီရဲ့ လက်ကမ်းစာစောင်တွေ၊ ပါတီခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေ ဝေငှနေတာ၊ လမ်းသွားလမ်းလာတွေကို တဦးချင်း ရှင်းပြနေတာတွေကို တွေ့ရပါတယ်။
နောက်တခါ ထူးခြားတာက ဒီမှာ ကြိုတင်မဲကို လူတိုင်းပေးခွင့်ရှိပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့ကနေ စက်တင်ဘာ ၆ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ညနေ ၇ နာရီအတွင်း ပေးနိုင်သည်လို့ ကြိုတင်မဲပေးဌာနရဲ့ နံရံမှာ ရေးထားတာ တွေ့ရပါတယ်။ အားလုံး ကွန်ပြူတာစနစ်နဲ့ အသေအချာ လုပ်ထားတဲ့အတွက် ဘယ်လိုမှ လိမ်လို့မရ။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပမယ့် တနင်္လာနေ့မှာ အလုပ်မအားတဲ့လူတွေက ပြီးခဲ့တဲ့ သတင်းနှစ်ပတ်လောက် ကတည်းစပြီး ကြိုတင်မဲတွေ ပေးနေကြပြီ ဖြစ်ပါတယ်။
“ကျနော်ကတော့ အားဘိုင်ပါတီ (Arbeiderpartie) ကိုပဲ မဲပေးခဲ့တယ်ဗျာ။ သူက အလုပ်သမားပါတီ ဆိုတော့ ကျနော်တို့လို တခြားနိုင်ငံကနေလာပြီး ဒီမှာအခြေချ အလုပ်လုပ်တဲ့သူတွေ၊ နိုင်ငံခြားသား အောက်ခြေ လူတန်းစားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ်လို့ ထင်ပါတယ်” လို့ ကြိုတင်မဲ ပေးပြီး ထွက်လာတဲ့ မြန်မာ-နော်ဝေ တဦးက ပြောပါတယ်။
မြန်မာ-နော်ဝေ ဆိုတာကတော့ နော်ဝေမှာ အခြေချ နေထိုင်တဲ့ မြန်မာတွေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နော်ဝေမှာ အခြေချနေထိုင်ဖို့ ရောက်လာသူ ၃၀၀၀ ကျော်ရှိပြီး အများစုဟာ တောခိုကျောင်းသားဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ စစ်ပြေးဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ ဒီနိုင်ငံရဲ့ ဥပဒေအရ နော်ဝေမှာ ၇ နှစ်နေပြီးရင် နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိတာကြောင့် ဒီထဲက လူဦးရေ ရာဂဏန်းကျော်ဟာ လွန်ခဲ့တဲ့ ရွေးကောက်ပွဲသက်တမ်း ၄ နှစ်အတွင်း နိုင်ငံသားတွေ ဖြစ်သွားတဲ့အတွက် အခုရွေးကောက်ပွဲဟာ မြန်မာတွေ ပထမဆုံးအကြိမ် မဲပေးခွင့်ရတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
မြန်မာအများစုက လက်ရှိအာဏာရ လက်ဝဲယိမ်း Arbeiderpartie အလုပ်သမားပါတီကို ကြိုက်ကြပေမယ့် ပါလီမန်ရှေ့မှာ မေးကြည့်တဲ့ နော်ဝေနိုင်ငံသား ၃-၄ ဦးကတော့ အတိုက်အခံပါတီ ဖြစ်တဲ့ လက်ယာယိမ်း Høyre ပါတီကို ကြိုက်တယ်လို့ ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပါတီ အာဏာရရင် အခွန်တွေကို လျှော့ကောက်မယ်လို့ ကတိပေးထားတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။
ဒါကလည်း နော်ဝေမှာ အလွန် အရေးကြီးပါတယ်။ ကမ္ဘာမှာ အခွန်ကောက်မှုနှုန်းထား အများဆုံးဖြစ်ပြီး ၀င်ငွေ ၁၀၀ မှာ ၃၅ ကျပ် အခွန်ကောက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ နောက်တခါ နော်ဝေ မီဒီယာတွေရဲ့ ခန့်မှန်းချက်အရလည်း Høyre နဲ့ မဟာမိတ်တွေက အလားအလာ ပိုကောင်းနေတယ်လို့ ဆိုပါတယ်။
နော်ဝေရောက် မြန်မာအများစုကတော့ လက်ယာသမားတွေနိုင်ရင် အမျိုးသားရေးဝါဒ ခေါင်းထောင်လာပြီး နိုင်ငံခြားသားတွေအပေါ် နှိပ်ကွပ်လိမ့်မယ်။ လူမှုအခွင့်ရေးတွေ ဆုံးရှုံးလိမ့်မယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
ဒါပေမယ့် မြန်မာ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကတော့ ထူးထူးခြားခြား အလုပ်သမားပါတီကို မဲမပေးဘူးလို့ ပြောပါတယ်။ “နော်ဝေမှာနေတဲ့ မြန်မာတဦးအနေနဲ့ ကိုယ့်အခွင့်ရေးကိုယ် စဉ်းစားရင်တော့ အားဘိုင်ပါတီကိုပဲ မဲပေးရမှာပေါ့။ ဒါပေမယ့် ကျနော်က အားဘိုင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိပေါ်လစီကို မကြိုက်ဘူးဗျ။ သူက ဒီမိုကရေစီ အင်အားစုတွေနဲ့စာရင် အစိုးရနဲ့ ပိုလုံးနေသလိုပဲ” ဆိုပြီး ဝေဖန်ပါတယ်။
Telenor ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံဆီဝင်သွားတာ၊ Statoil စွမ်းအင်ကုမ္ပဏီဝင်ဖို့ ကြိုးစားနေတာ၊ MPC လို့ခေါ်တဲ့ အစိုးရလက်အောက်ခံ ငြိမ်းချမ်းရေးစင်တာကို အဓိကထား ထောက်ပံ့နေတာတွေကို ထောက်ပြပြီး လက်ရှိအစိုးရရဲ့ မူဝါဒဟာ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအပြင် စီးပွားရေးနဲ့ အကျိုးအမြတ်ဖက်ကိုပါ ထည့်တွက်လာတဲ့ သဘောရှိတယ်လို့ သူကဆိုပါတယ်။
ထူးခြားတာကတော့ ဒီပုဂ္ဂိုလ်ရဲ့ အမြင်ဟာ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားတဲ့ NBC ညွှန်မှူး Audun နဲ့ သွားတူနေပါတယ်။ “ငြိမ်းချမ်းရေးအတွက် MPC ကို ထောက်ပံ့တာ ကောင်းပါတယ်။ ဒါပေမယ့် ထောက်ပံ့တဲ့ နည်းပညာနဲ့ ပညာရှင်တွေက အစိုးရဖက်မှာပဲ ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖက်ဆီ မရောက်ဘူး။ တကယ်က ဒီအကူညီတွေကို ပဋိပက္ခဖြစ်နေတဲ့ ၂ ဖက်စလုံးက မျှမျှတတ ရသင့်တယ်” လို့ သူက ထောက်ပြပါတယ်။
နောက်အလားတူ အကူအညီ အတော်များများကိုလည်း အစိုးရ ၀န်ကြီးဌာနတွေကိုသာ လှူတန်းခွင့်ရပြီး NLD နဲ့ အတိုက်ခံတွေကို လှူတန်းခွင့်မရဘူး။ နိုင်ငံရေးပါတီများ ဥပဒေနဲ့ ငြိနေတယ်၊ ဒါကြောင့် နိုင်ငံတကာ အကူညီတွေအားလုံး လိုအပ်တဲ့လူတွေ၊ လိုအပ်တဲ့နေရာတွေဆီ ရောက်အောင် အသေအချာ လေ့လာ စိစစ်ဆောင်ရွက်ပေးဖို့ နော်ဝေ အစိုးရဆီ NBC က တိုက်တွန်းထားတယ်လို့ သူက ပြောပြပါတယ်။
ယခု ၁၃ ဦးပါ မြန်မာအဖွဲ့ မတိုင်ခင် ၂၀၁၂ ဧပြီလမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကာစ မေလမှာကတည်းက ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနဲ့အဖွဲ့ နော်ဝေ နိုင်ငံဆီ လာရောက် လေ့လာပြီး ဖြစ်ပါတယ်။ ပြီးတော့ ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပါတယ်။ ၂၀၁၃ အစောပိုင်းမှာတော့ ၈၈ မျိုးဆက် အဖွဲ့က ကိုမင်းကိုနိုင်၊ ပြီးတော့ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ စသဖြင့် ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒီခရီးစဉ်တွေအပြီးမှာ နော်ဝေနဲ့ ဥရောပသမဂ္ဂဆီကနေ ငွေကြေးနဲ့ နည်းပညာ အကူညီတွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေနဲ့ ဥရောပနိုင်ငံတွေရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လူ့အခွင့်အရေး စံချိန်းစံညွှန်းအပေါ် တန်ဖိုးထားမှုတွေကိုတော့ မြန်မာနိုင်ငံဖက်က ရယူတာမျိုး အခုချိန်အထိ မတွေ့ရသေးပါဘူး။ ။
Friday, September 6, 2013
လောင်းလုံး ရေနံချက်စက်ရုံ ဆန့်ကျင်ရေး ဒေသခံများ လှုပ်ရှားမှု စတင်
|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း တည်ဆောက်ရန် လျာထားသည့် ရေနံချက် စက်ရုံစီမံကိန်းကို ဆန့်ကျင်ရေးလှုပ်ရှားမှုများ စတင်နေပြီဖြစ်ပြီး အသိပညာပေးခြင်း လုပ်ငန်းကိုလည်း တစ်ပြိုက်နက်လုပ်ဆောင်သွားမည်ြ
စက်တင်ဘာလ ၁ ရက်နေ့က စပြီး စီမံကိန်းကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက် ထိခိုက်နိုင်သည့် ကျေးရွာ ၆ ရွာတွင် “လူထု ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ရေနံချက် စက်ရုံ အလိုမရှိ ” “ ရေနံချက်စက်ရုံ အလိုမရှိ” ဟူသည့် စာတန်းပါ စတစ်ကာ ၂၀၀ ကျော်နှင့် ဗီနိုင်း ၁၅၀ ခန့်ကို ကျေးရွာများတွင် စကပ်နေပြီဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။
“စတေကာ ၅၀၀၀ နဲ့ ဗီနိုင်း ၁၀၀၀ လောက် ကပ်မယ်။ ဘာကြောင့် မလိုတာလဲဆိုတာ အရင်ဆုံး သိအောင် ပညာပေး ရဦးမယ်။ ဒါကြောင့် ပညာပေးတာနဲ့ စတစ်ကာကပ်တာအတွက် အချိန် နှစ်လ မှန်းထားတယ်” ဟု ဦးသန်းဝင်းက ပြောသည်။
စီမံကိန်းကြောင့် ရင်ဆိုင်လာရမည့် သဘာဝပတ်ဝန်းကျင် ပြဿနာများနှင့် ကျန်းမာရေး ပြဿနာများကို စိုးရိမ်သည့်အတွက် ယင်းသို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရေနံချက်စက်ရုံကို သဘောမတူသည့် အိမ်များတွင် ခွင့်ပြုချက်တောင်းခံပြီး ကာယကံရှင်က ခွင့်ပြုပါက စတေကာကပ်ခြင်း နှင့် ဗီနိုင်းချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ကြောင်း ညင်းမော်ကျေးရွာမှ ဦးဝေလင်းက ရှင်းပြသည်။
“ကျေးရွာ ခြောက်ရွာက လူငယ်အဖွဲ့တွေက ဆိုင်ကယ်မှာ ကပ်ဖို့ စတေကာတွေ တောင်းနေကြပြီ” ဟု ဦးဝေလင်းက ဆိုသည်။
လက်ရှိတွင် အိမ်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဆိုင်ကယ်များတွင် ကပ်ထားကြပြီး လှုပ်ရှားမှုများကို တဆင့်ပြီး တဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“စတေကာတွေ ကပ်နေတာကို သိတယ်။ ရွာမှာရှိတဲ့ လူအနည်းစုက လုပ်တာပါ။ သူတို့ သဘောထားကို သူတို့ ဖော်ထုတ်တာဖြစ်လို့ ဘာမှ ပြောစရာမရှိပါဘူး”ဟု လောင်းလုံးရေနံချက်စက်ရုံ စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နှစ်စဉ် ရေနံစိမ်းချက်လုပ်မှု တန် ၅ သန်း ရှိသည့် ယင်းရေနံချက် စက်ရုံစီမံကိန်းမှ လေထုညစ်ညမ်းမှု အနေဖြင့် စက်ရုံ၊ သယ်ယူပို့ဆောင်ရေးစနစ်နှင့် ယာဉ်များမှ ထွက်သည့် မီးခိုးများ၊ ရေဆိုးသန့်စင်စက်ရုံကို အသုံးပြုထားသော်လည်း ရေထုညစ်ညမ်းမှုအနေဖြင့် ဓာတုအောက်ဆီဂျင်၊ ရေနံ၊ ဖိနော၊ ကန့်၊ အမိုးနီးယားများထွက်နိုင်ကြောင်
အမှိုက်စွန့်ပစ်မှု အနေဖြင့် ဓာတ်ကူပစ္စည်းများ၊ ကြားခံစုပ်ယူ ပစ္စည်းများနှင့် ကန့်ဓာတ်လျော့ချသည့် ဂေါတံများသည် မြေအောက်ရေကို ထိခိုက်စေမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့၏ ရှင်းလင်းချက်တွင် ဖော်ပြသည်။
ဗိုလ်မှူးကြီး ဗထူး၏ ဇာတိ လေးသွန်းခံ အပါအ၀င် ညင်းမော်၊ ရင်းဘုတ်၊ စစ်ပြဲ၊ ဂေါအင်းနှင့် တီဇစ် ကျေးရွာများသည် စီမံကိန်းကြောင့် ထိခိုက်မှုရှိနိုင်သည့် ကျေးရွာများဖြစ်ပြီး ယင်းတို့အနက် ရင်းဘုတ်ကျေးရွာနှင့် ဂေါအင်းကျေးရွာ၏ အိမ်ခြေအချို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂.၁၀၆ ဘီလီယံရှိသည့် ယင်းစီမံကိန်းကို တရုတ်နိုင်ငံမှ ၇၀ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်မှ ၂၀ ရာခိုင်နှုန်းနှင့် ထူးကုမ္ပဏီ အုပ်စုမှ ၁၀ ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြော
Dawei Watch
Sunday, September 1, 2013
ကြွေးကြော်သံ ဆိုင်းဘုတ်တွေကြား ပိတ်မိနေတဲ့ မြန်မာပြည်
ထက်အောင်ကျော်|
September 1, 2013 | ဧရာဝတီ။
သူဟာသူ ဆိုင်းဘုတ်ပဲတင်တင်၊ အဆိုအမိန့်တွေပဲ နံရံမှာကပ်ကပ် ခင်ဗျားအပူ ပါသလားလို့ မေးရင်လည်း ခံရမှာပါပဲ။ ဒီလိုပါ။ တခြားနိုင်ငံ အတော်များများမှာတွေ့ရတဲ့ ဆိုင်းဘုတ်တွေက မရှိမဖြစ် တပ်ရမယ့် လမ်းညွှန်ဆိုင်းဘုတ်တွေက အများစုဖြစ်ပြီး ပိုက်ဆံရမယ့် ကြော်ငြာဆိုင်းဘုတ်တွေက ဒုတိယ နေရာမှာရှိတာကို သတိပြုမိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အဲဒီ ၂ မျိုးအပြင် နောက်တိုးတမျိုးကိုပါ ထူးထူးခြားခြား တွေ့ခဲ့ရလို့ပါ။
ဒါတောင် စစ်တပ်ရဲ့ ကြွေးကြော်သံတွေဖြစ်တဲ့ “တပ်မတော်သာအမိ တပ်မတော်သာအဖ”၊ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်”၊ “တပ်မြေ မကျုးကျော်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေ မပါသေး။ ဘာအတွက် ဒီဆိုင်းဘုတ်တွေ၊ ဒီ ပိုစတာတွေ စိုက်ထားတာလဲ၊ ဒီအတွက် ဘယ်က ဘဏ္ဍငွေကို သုံးသလဲ၊ ကုန်ကျစရိတ်နဲ့ ရတဲ့အကျိုးအမြတ် ကိုက်ပါရဲ့လား။
ကန့်သတ်ဘောင်ထဲမှာ နေခဲ့စဉ် ကာလတွေတုန်းကတော့ ဒါတွေဟာ နေ့စဉ်မြင်နေကျ ရိုးနေပြီမို့ အသေအချာ တခါမှ မစဉ်းစားမိပါ။ ဒါပေမယ့် အခု ဧည့်သည်တဦးအဖြစ် ပြန်လာတဲ့အခါမှာတော့ ဒီမြင်ကွင်းတွေက ကျနော့် မျက်စိထဲမှာ တကယ့်ကို ကိုးယိုးကားယား။ န၀တ ခေတ်က လူသိများလှတဲ့ “မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းစေရမည်” ဆိုတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်ကို သွားသတိရမိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကမ္ဘာကိုလွှမ်းဖို့ နေနေသာသာ အရှေ့တောင်အာရှမှာတောင် စံချိန်မီအောင် မနည်းကြိုးစား နေရဆဲ ဖြစ်ပါတယ်။
သဘာဝမကျတဲ့ ကြွေးကြော်သံတွေကို န၀တ ခေတ်မှာ တင်ခဲ့တာကို ထားလိုက်ပါတော့။ အခုက ဒီမိုကရေစီခေတ်လေ။ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာသူတွေ အုပ်ချုပ်နေတဲ့ခေတ်လို့ ပြောနေကြတယ် မဟုတ်လား။ လက်တွေ့မကျတဲ့ ဒီလိုကြွေးကြော်သံတွေ ဘာလို့ ဆက်တင်နေသေးတာလဲ။ စနစ်ဟောင်းကနေ စနစ်သစ်ဆီ ပြောင်းသွားတယ် ဆိုပေမယ့် အရင်လူဟောင်းတွေနဲ့ အခုလူသစ်တွေ တွေးပုံ ခေါ်ပုံ စဉ်းစားပုံ Mindset က အတူတူဖြစ်နေဆဲဆိုတဲ့ သဘောလား။
နောက်တချက်က ကြွေးကြော်သံကို ဒီလို ပိုစတာအဖြစ်နဲ့ မြို့လယ်မှာ ထောင်တာဟာ ဟန်ပြသက်သက်လား၊ တကယ့်ရည်မှန်းချက်လား။ တကယ်လို့ ဒီကြွေးကြော်သံတွေဟာ ရည်မှန်းချက် ဖြစ်တယ်ဆိုရင် အဲဒီ ရည်မှန်းချက်ကို ရောက်အောင် ဘယ်လိုသွားမယ်ဆိုတဲ့ စီမံကိန်းမျိုး ဆိုင်းဘုတ်တင်သူ၊ မြေစိုက် ပိုစတာ ထောင်သူတွေမှာ ရှိပါရဲ့လား။ “ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့” ရောက်အောင် ဘယ်လိုမျိုး အဆင့်ဆင့် လုပ်ကြမလဲ။
ဒါက ဝေးပါသေးတယ်။ ဓာတ်ပုံထဲမှာပါတဲ့ “သင့်မြို့ သန့် ရှင်းသာယာလှပအောင် ဘယ်လိုမျိုးလုပ်မလဲ”။ မြို့သူမြို့သားတွေကို အပတ်စဉ် စနေနေ့တိုင်း လုပ်အားပေး ခေါ်ခိုင်းမလား၊ စည်ပင်ဝန်ထမ်း တိုးခန့်ရေးအတွက် လွှတ်တော်မှာ ဘတ်ဂျက် တင်တောင်းမလား၊ လုပ်အားပေး မခေါ်ဘဲ စက်ယန္တယားနဲ့ လုပ်နိုင်ဖို့ နိုင်ငံခြားကနေ စက်တွေ တင်သွင်းမလား။ ဘယ်လိုလုပ်မှာလဲ။ လက်တွေ့လုပ်မယ့် နည်းနာပိုင်း လိုနေပါတယ်။
သေချာတာကတော့ ဆိုင်းဘုတ်ထောင်လိုက်ရုံ၊ ပိုစတာ စိုက်လိုက်ရုံနဲ့တော့ ကိုယ်နေတဲ့မြို့က အလိုအလျှောက် သန့်ရှင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်းဘုတ်ပေါ်က စာသားတွေအရဆိုရင် ဒီလို ဆိုင်းဘုတ် ထောင်လိုက်တာနဲ့ မြို့က အလိုလို သန့်ရှင်းသွားမယ့် သဘောမျိုး ဖြစ်နေပါတယ်။
ကျနော်တို့ တောရွာတွေမှာ တွေ့ရလေ့ရှိတဲ့ “ကြွက်ရောင်းရန်ရှိသည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ပြေးမြင်မိပါတယ်။ အဲလို ဆိုင်းဘုတ်တင်လိုက်ရင် ကြွက်တွေကြောက်လန့်ပြီး ပြေးလွှားပျောက်သွားတယ်လို့ ကျေးလက်နေသူ တချို့က ယုံကြည်ကြပါတယ်။
ဒါဆိုရင် “သန့်ရှင်းသာယာလှပရမည်” လို့ ဆိုင်းဘုတ်တင်လိုက်ရုံနဲ့ အမှိုက်တွေက ကြောက်လန့်ပြီး ပြေးလွှား ပျောက်ကွယ်သွားမှာလား။ တကယ်ဆိုရင် “သင့်မြို့ သန့်ရှင်းသာယာလှပရေး အတွက် သင့်မှာတာဝန်ရှိသည်” ဆိုရင်တော့ မဆိုသေး။ ဆိုင်းဘုတ်ထောင်တဲ့ ဟန်ပြတာဝန်အပြင် သန့်ရှင်းရေးလုပ်ဖို့ လက်တွေ့တာဝန်လည်း ရှိသေးတယ်ဆိုတာကို သိစေနိုင်ပါတယ်။
ဒါက မြို့လယ်ခေါင်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ စိုက်ထားတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေ ကိစ္စပါ။ ဂုဏ်ယူဖွယ်မဟုတ်တဲ့ လမ်းကြိုလမ်းကြားက ဆိုင်းဘုတ်တွေလည်း အများကြီး ရှိပါသေးတယ်။ အမှိုက်မပစ်ရ၊ ကွမ်းတံတွေး မထွေးရ၊ ယာဉ်မရပ်ဆိုတဲ့ ဆိုင်းဘုတ်မျိုးတွေပေါ့။ ဒါပေမယ့် ခက်တာက အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်က အမှိုက်ပုံဘေးမှာ ဖြစ်နေတာမျိုး၊ ကွမ်းတံတွေး မထွေးရဆိုတဲ့ ဆိုင်းဘုတ်မှာ ကွမ်းတံတွေး ပေနေတာမျိုးတွေ တွေ့ရတဲ့အခါမှာတော့ ဒီဆိုင်းဘုတ်တွေကရော အလုပ်ဖြစ်ရဲ့လားလို့ စဉ်းစားစရာဖြစ်လာစေပြန်ပါတယ်။
ပြီးတော့ များလိုက်တဲ့ အဆိုအမိန့်တွေ။ ရန်ကုန်မြို့လယ်က စားသောက်ဆိုင် နံရံတွေ၊ အိမ်နံရံတွေမှာ ပြည့်လို့။ ဘာသာရေးနဲ့ဆိုင်တဲ့ အဆိုအမိန့်တွေကိုတော့ ထားလိုက်ပါတော့။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”၊ “လူသာလာပါ ပြသာနာ ခေါ်မလာပါနှင့်”၊ စသဖြင့် စာတန်းတွေဟာ ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါသလဲ။
အရင် မြန်မာပြည်ထဲမှာ နေစဉ်ကတော့ နေရာတိုင်းလိုလိုမှာ တွေ့နေကျမို့ ဘာမှ မစဉ်းစားဖြစ်ပေမယ့် အခု ဧည့်သည်တဦးအဖြစ်နဲ့ သေချာဖတ်ကြည့်တော့ Negative သဘော၊ မိတ်ဆွေ မဆန်တဲ့သဘော၊ ရန်လိုတဲ့သဘော၊ Welcome မဆန်တဲ့ သဘောမျိုးတွေများ ပါနေသလားလို့ ထင်စရာဖြစ်လာခဲ့ပါတယ်။
ဆိုင်းဘုတ်နဲ့ အဆိုအမိန့်တွေအပြင် ဘာမလုပ်ရ၊ ညာမလုပ်ရဆိုပြီး တားမြစ်ထားတဲ့ စာတန်းတွေကိုလည်း ရန်ကုန်မှာ အများကြီး တွေ့ခဲ့ရပါသေးတယ်။ ကျနော် တည်းခဲ့ဖူးတဲ့ ဟိုတယ်နဲ့၊ ရောက်ခဲ့ဖူးတဲ့ ကုန်တိုက်တွေက ဓာတ်လှေကားတွေမှာ “ဓာတ်လှေကားခလုတ်ကို ဖြည်းဖြည်းနှိပ်ပါ” ဆိုပြီး စာကပ်ထားတာကိုတောင် တွေ့ခဲ့ရပါတယ်။ ဒါကတော့ လိုတာထက် ပိုသွားပြီ ထင်တာပါပဲ။
အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ လူတွေဟာ ကိုယ့်လုပ်ရမယ့် အလုပ်ကို ချက်ချင်းထမလုပ်ဘဲနဲ့ ဆိုင်းဘုတ် ထောင်လိုက်၊ ပိုစတာကပ်လိုက်နဲ့ အချိန်ဖြုန်းနေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
တချိန်တည်းမှာပဲ အဲဒီလို ဆိုင်းဘုတ်ထောင်တာ၊ ပိုစတာထောင်တာနဲ့တင် တာဝန်တခု ပြီးသွားသလိုလို၊ တာဝန် ကျေသွားသလိုလို ခံယူနေပုံရပါတယ်။ အဆိုအမိန့်တွေ၊ စည်းကမ်းချက်တွေကို နံရံမှာ စာကပ်တာကလည်း ဒီသဘောပါပဲ။ လူတိုင်း ကိုယ့်အသိနဲ့ကိုယ်လုပ်ရမယ့်ဟာတွေကို မသိတဲ့အခါကျတော့ စာကပ်ပြီး သတိပေးနေရတဲ့ သဘောမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။
ဒါတွေကို လက်ရှိအစိုးရ တာဝန်ရှိသူတွေက မသိလို့တော့ မဟုတ်နိုင်ပါဘူး။ မပြင်နိုင်သေးလို့၊ ဒါမှမဟုတ် အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင်က လက်တွေ့ ထလုပ်တာထက် ပိုစတာစိုက်တာကို ပိုသဘောကျနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစိုးရအရာရှိအားလုံး ဒီလိုသဘောကျနေတာတော့ ဖြစ်ပုံမရပါဘူး။
သမ္မတ ဦးသိန်းစိန်နဲ့အတူ မကြာခဏ နိုင်ငံရပ်ခြားဆီ ခရီးထွက်ခွင့်ရလေ့ရှိတဲ့ ၀န်ကြီးတဦးကဆိုရင် ဥရောပ နိုင်ငံတခုက သန့်ရှင်းလှပနေတဲ့ သစ်ပင်တွေ၊ ရေကန်တွေကြားက လူသွားလမ်းလေးကို ကြည့်ပြီး “သစ်ရွက်တွေ ဘယ်သူကောက်သွားပါလိမ့်၊ အမှိုက်တစက်မှ မရှိပါလား။ ငါ့တို့ဆီမှာလို အမှိုက် မပစ်ရ၊ ကွမ်းတံတွေး မထွေးရ ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း မတွေ့မိပါလား” ဆိုပြီး သူရဲ့ Facebook မှာ ငြီးခဲ့တာကို တွေ့ရဖူးပါတယ်။
ပြီးတော့ ငါတို့နိုင်ငံမှာလည်း ဆိုင်းဘုတ်တွေ၊ စည်းကမ်းချက်တွေ နည်းသွားပြီး ကိုယ့်အသိနဲ့ကိုယ် လက်တွေ့ အလုပ်ထလုပ်တဲ့လူတွေ များလာမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲဆိုပြီး အဲဒီဝန်ကြီးက မှတ်ချက် ရေးထားတာကို တွေ့ခဲ့ရပါတယ်။ ။