Friday, June 30, 2023

“စစ်ကောင်စီရဲ့အားကို ဖြိုချပြီး တော်လှန်ရေးတပ်တွေရဲ့ အားကို တိုးချဲ့နိုင...



“စစ်ကောင်စီရဲ့အားကို ဖြိုချပြီး တော်လှန်ရေးတပ်တွေရဲ့ အားကို တိုးချဲ့နိုင်ဖို့ မျှော်လင့်ပါတယ်”

- ပဒိုစောကလယ်စေး -(ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၃၀ - ၆ - ၂၀၂၃)

“စစ်ကောင်စီ တပ်အင်အားကို တဖြေးဖြေးဖြိုချပြီး တော်လှန်ရေးတပ်တွေရဲ့ အင်အားနဲ့ စိုးမိုးနယ်မြေ၊ စိုးမိုးနိုင်မှုကို တိုးချဲ့သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ တော်လှန်ရေးတပ်ဖွဲတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာနေပြီဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

မယ်စဲ့ဒေသက တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ERO ဒေသနဲ့ အညာစစ်မျက်နှာက PDF ရဲဘော်တွေ ဆက်စပ်ဆောင်ရွက်နိုင်မှု၊ လာမယ့် ၆ လအတွင်း စစ်ရေးအရမျှော်လင့်နိုင်မှု ... စတဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်တပ်ဖက်က တိုက်ပွဲမှာ အထိနာရင် ဒေသခံအရပ်သားတွေအပေါ် ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်လေ့ရှိတာဘာကြောင့်လဲ...

- ERO ဒေသက စခန်းသိမ်းတိုက်ပွဲလိုမျိုး အညာစစ်မျက်နှာမှာ ဖော်ဆောင်နိုင်အောင် ဘာတွေ ကူညီပေးဖို့ လိုအပ်နေသလဲ...

- အခုနှစ် လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိတိုးတက်လာဖို့ မျှော်လင့်နိုင်မလဲ...

- နယ်စပ်ဖြတ် အကူညီပေးရေးလုပ်ငန်းတွေ မကြာခင် စတင်နိုင်တော့မလား....

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, June 29, 2023

“စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အဖွဲ့တွေကြား အားကောင်းချက်ကို မယ်စဲ့တိုက်ပွ...



“စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အဖွဲ့တွေကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားကောင်းချက်ကို မယ်စဲ့တိုက်ပွဲမှာ တွေ့နိုင်ပါတယ်”

- ပဒိုစောကလယ်စေး -(ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၂၉  -၆ ၂၀၂၃)

“အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အဖွဲ့တွေကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားကောင်းလာနေပြီဆိုတာကို ကရင်နီပြည်နယ်က မယ်စဲ့တိုက်ပွဲမှာ တွေ့နိုင်ပါတယ်။ တိုက်ပွဲ ပိုပြင်းထန်လာနိုင်ပြီး 'ကလလတ' လိုအဖွဲ့တွေ မကြာခင် ထပ်ပေါ်လာဖွယ်ရှိနေတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

ကရင်ပြည်နယ်အပါဝင် ဒေသတွင်းက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှု၊ နယ်ခြားစောင့်တပ်တွေရဲ့ အနာဂတ်အလားအလာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- ကရင်ပြည်နယ်မှာ ပထမ ၅ လအတွင်းမှာတင် စစ်ကောင်စီဖက်က ထောင်နဲ့ချီကျဆုံးတာ ဘာကြောင့်လဲ...

- မယ်စဲ့တိုက်ပွဲမှာ ကရင်နီတပ်တွေအပြင် မဟာမိတ်တပ်တွေ အားလုံး ပါဝင်တိုက်ခိုက်နေသလား...

- “ကလလတ” လို နယ်ခြားစောင့်တပ်တွေ မကြာခင် ထပ်ပေါ်လာနိုင်တယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

- နေပြည်တော်ရောက် စစ်မတိုက်ရေးအဖွဲ့ ၅ ခုရဲ့ပြောကြားချက်အပေါ်  KNU က ဘယ်လိုတုန့်ပြန်လိုက်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လာမယ့် ၆ လအတွင်း မယ်စဲ့လို အရေးကြီးတဲ့တိုက်ပွဲတွေ ထပ်ပေါ်လာနိုင်သလား...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, June 28, 2023

“ပြည်သူတရပ်လုံး ပါဝင်နေတဲ့ တိုက်ပွဲမှာ ဘယ်အင်အားစုမှ ချန်နေလို့မရဘူး၊ 'က...



“ပြည်သူတရပ်လုံး ပါဝင်နေတဲ့ တိုက်ပွဲမှာ ဘယ်အင်အားစုမှ ချန်နေလို့မရဘူး၊ 'ကလလတ'- ပါလာတာလည်း ဒီသဘောပါပဲ”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

(၂၈- ၆- ၂၀၂၃)

“စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးပါဝင်နေတဲ့တော်လှန်ရေးဖြစ်တာကြောင့် ဘယ်အင်အားစုမှ ချန်နေလို့မရဘူး။ ချန်နေတဲ့အဖွဲ့  လူထုထောက်ခံမှုမရနိုင်ဘူး။ လူထုအတွက် ဆောင်ရွက်နေတဲ့အဖွဲ့အားလုံး တော်လှန်ရေးထဲ ပါရမှာဖြစ်တယ်။ အခု 'ကလလတ'- ပါလာတာဟာ ဒီသဘောပဲဖြစ်တယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော် ကပြောပါတယ်။ 

ကရင်နီပြည်နယ် မယ်စဲ့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ အရင် ၁၉၉၀ ဝန်းကျင်က မာနယ်ပလောအခြေစိုက် တော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုအခြေအနေနဲ့ ဒီနေ့ပြောင်းလဲလာနေတဲ့ အနေအထားတွေအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- နှစ် ၃၀ နီးပါးကြာ နယ်ခြားစောင့်တပ်ဖြစ်နေတဲ့ -“ကလလတ”- က စစ်ကောင်စီကို ပြန်တိုက်တာ နိုင်ငံရေးအရ ဘယ်လောက်ထူးခြားမှုရှိသလဲ...

- မယ်စဲ့မြို့သိမ်းတိုက်ပွဲက နွေဦးတော်လှန်ရေးအင်အားစုတွေကို ဘယ်လောက်အထိ စိတ်ဓာတ်ခွန်အားဖြစ်စေသလဲ...

- ERO ဆက်စပ်ဒေသမှာ အောင်ပွဲတွေရနေပေမယ့် အညာစစ်မျက်နှာမှာ PDF တွေ ခံနေရဆဲဖြစ်တာ ဘာကြောင့်လဲ...

- NDAA ဥပဒေဟာ နိုင်ငံရေးအရ ဘယ်လောက်အရေးကြီးသလဲ...

- “ဒီ ပွဲက နိုင်ကိုနိုင်မှာ” လို့ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, June 27, 2023

“မယ်စဲ့တိုက်ပွဲအတွင်း လက်နက်ချမှုက တပ်မတော်ကို အများကြီးကယက်ရိုက်စေပါတယ်”



“မယ်စဲ့တိုက်ပွဲအတွင်း လက်နက်ချမှုက တပ်မတော်ကို အများကြီးကယက်ရိုက်စေပါတယ်”

- ဗိုလ်ကြီးကောင်းသူဝင်း (CDM - တပ်မတော်အရာရှိ)

(၂၇ - ၆ -၂၀၂၃)

“ကရင်နီပြည်နယ် မယ်စဲ့တိုက်ပွဲအတွင်း တပ်မတော်သားတွေ အစုံအပြုံလိုက်လက်နက်ချတဲ့သတင်းကို စစ်ကောင်စီက ဖုံးဖိထားပေမယ့် ဒီသတင်းဟာ တပ်မတော်သားတွေကို အကြီးအကျယ် ကယက်ရိုက်မှုရှိနေတယ်။ အခုချိန်ဟာ တပ်စုအလိုက်၊ တပ်ခွဲအလိုက်၊ တပ်ရင်းအလိုက်အထိ တပ်မတော်သားတွေ ပြည်သူဖက် ကူးပြောင်းဖို့အကောင်းဆုံးအချိန်ဖြစ်တယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးကောင်းသူဝင်း ကပြောပါတယ်။

ဇွန်လ ၁၃ ရက်က စတင်ဖြစ်ပွားနေတဲ့ မယ်စဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးလက်နက်ချတယ်၊ တပ်ရင်းအလိုက်ပျောက်နေပြီး လက်နချသွားတာဖြစ်နိုင်တယ်... စသဖြင့် သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဘယ်လောက်များများ လက်နက်ချလိုက်သလဲ...

- မယ်စဲ့မြို့သိမ်းတိုက်ပွဲနဲ့ ထန်တလန်မြို့သိမ်းတိုက်ပွဲ ဘာတွေကွာသလဲ...

- မယ်စဲ့တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ Turning point ဖြစ်လာပြီး စစ်ကောင်စီ စတင်ပြိုကျခြင်းရဲ့ နိဒါန်းဖြစ်သွားနိုင်သလား...

- လေယာဉ်တွေ၊ တင့်ကားတွေရှိပေမယ့် ပြည်သူ့ထောက်ခံမှုမရှိရင် အဲဒီစစ်တပ် စစ်ရှုံးနိုင်တယ်ဆိုတာ အခု တိုက်ပွဲက သက်သေပြနေပြီလား...

- အခုအချိန်ဟာ တပ်မတော်သားတွေ ပြည်သူဖက်သို့ အစုအပြုံလိုက် ကူးပြောင်းဖို့ အကောင်းဆုံးအချိန်လား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, June 24, 2023

“စစ်ကောင်စီရဲ့ ဂယ်ပေါက်ပိတ်သွားအောင် ကြွက်တွင်းထဲ ရေဝိုင်းလောင်းချဖို့လိ...



“စစ်ကောင်စီရဲ့ ဂယ်ပေါက်ပိတ်သွားအောင် ကြွက်တွင်းထဲ ရေဝိုင်းလောင်းချဖို့လိုပါတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ) 

(၂၄- ၆- ၂၀၂၃)

“နိုင်ငံတကာ စီးပွားရေးဒဏ်ခတ်မှုကနေ သက်သာအောင် ဂယ်ပေါက်ရှာနေတဲ့ စစ်ကောင်စီရဲ့ အပြုအမူတွေကို ပြည်သူတွေက သတင်းပေးဖို့လိုတယ်။ ကြွက်တွင်းထဲ လျှောက်ပြေးပြီး ပုန်းအောင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီကို ပြည်သူတဦးချင်းစီက ကြွက်တွင်းထဲ ရေလောင်းချပြီး ကြွက်ဆိုးကို ဝိုင်းဖမ်းဖို့လိုတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေး ကပြောပါတယ်။

(MFTB) နဲ့  (MICB) ဘဏ် ၂ ခုပိတ်ပင်တာအပါဝင် နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုကို နဝတ-နအဖ ခေတ်ကလိုမျိုး စကစ က ရှောင်နိုင်သေးလား၊ ဒီလိုမရှောင်နိုင်အောင် ဘယ်လို လုပ်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကောင်စီဖက်က ဘဏ်တွေအရေးယူခံနေရစဉ်မှာ NUG ဖက်က နွေဦးဘဏ်ဖွင့်တာ၊ NUG-Pay ဖွင့်တာတွေဟာ ဘယ်လောက်အလုပ်ဖြစ်နိုင်သလဲ...

- မြန်မာ့ဒီမိုကရေစီအရေး အားပေးပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေက ၆ လလောက်ကြာမှတခါ အရေးယူမှုတခု လုပ်ပြနေရုံနဲ့ အားတက်စရာရှိပါ့မလား...

- အနောက်နိုင်ငံတွေအပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီရအောင် ဘယ်လိုလုပ်သင့်သလဲ...

- စီးပွားရေးဒဏ်ခတ်မှုတွေ ပြည်သူကိုမထိပဲ စစ်ကောင်စီကို တည့်တည့်ထိအောင် ပြည်သူတဦးချင်းစီက ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, June 23, 2023

“ မြန်မာပြည်ရဲ့အလှည့်အပြောင်းကို ဖြစ်စေမယ့်တိုက်ပွဲလို့ ယုံကြည်ယူဆလာတဲ့အ...



“ဒီတိုက်ပွဲဟာ မြန်မာပြည်ရဲ့အလှည့်အပြောင်းကို ဖြစ်စေမယ့်တိုက်ပွဲလို့ ယုံကြည်ယူဆလာတဲ့အတွက် တချိန်က ငြိမ်း-အဖွဲ့တွေ တော်လှန်ရေးထဲ ပါဝင်လာတာဖြစ်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၃- ၆- ၂၀၂၃)

“လူထုတရပ်လုံးအုံကြွပြီး ဖြစ်ပေါ်လာတဲ့ ဒီနွေဦးတော်လှန်ရေးတိုက်ပွဲဟာ မြန်မာပြည်ရဲ့အလှည့်အပြောင်းကိုဖြစ်စေမယ့် တိုက်ပွဲလို့ ယုံကြည်ယူဆလာကြတဲ့အတွက် တချိန်က ငြိမ်း-အဖွဲ့တွေ တော်လှန်ရေးထဲပါဝင်လာတာဖြစ်တယ်။ ဒါဟာ တော်လှန်ရေး ဒီရေတဆင့်မြင်လာတာဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

ကရင်နီပြည် မယ်စဲ့ဒေသမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်း ၂ ရင်းက စစ်ကောင်စီတပ်တွေကို ပြန်လည်တိုက်ခိုက်ပြီး မြို့ကိုပြန်သိမ်းလိုက်တဲ့အပေါ်၊ တနည်းအားဖြင့် ၁၉၉၄ က စစ်အုပ်စုနဲ့ငြိမ်းချမ်းရေးလုပ်ခဲ့ရတဲ့ -ကလလတ- ခေါ် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးက နှစ် ၃၀ ကြာမှ ဘာကြောင့် ပြန်တိုက်တာလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့မြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက သိမ်းထားလိုက်ပြီလား...

- ကလလတ က နှစ် ၃၀ ကြာမှ ဘာကြောင့် ပြန်တိုက်တာလဲ...

- နယ်ခြားစောင့်ဖြစ်ခဲ့ဖူးတဲ့ ကလလတ ရဲ့ တိုက်ပွဲဝင်မှုက အခြား နယ်ခြားစောင့်တပ်တွေ၊ ငြိမ်း- တွေကို ဘယ်လိုကရက်ရိုက်ခတ်နိုင်သလဲ...

- ကရင်နီပြည် ကြားကာလအုပ်ချုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုနဲ့ မယ်စဲ့တိုက်ပွဲ ဘာကြောင့် တချိန်တည်း ထဖြစ်တာလဲ...

- ကလလတ နွေဦးတော်လှန်ရေးထဲပါဝင်လာမှုဟာ နယ်မြေထူးခြားချက်ကြောင့်လား... နိုင်ငံရေးသီအိုရီအရကို ပါလာတာလား...

- ငြိမ်း အဖွဲ့တွေပါလာခြင်းကို ဘာကြောင့် တော်လှန်ရေးဒီရေတဆင့်မြင့်လာပြီလို့ ပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနေ့ညနေပိုင်းက မေးမြန်းထားချက်ဖြစ်ပါတယ်။ ဒီညနေ ထပ်မံရရှိတဲ့သတင်းတွေအရ ကရင်နီပူးပေါင်းတပ်ဖွဲ့ကနေ နောက်ထပ် စစ်ကောင်စီစခန်းတခုကို ဒီမနက်ပိုင်းမှာ သိမ်းပိုက်လိုက်နိုင်တယ်လို့သိရပါတယ်) 

(မနက်ဖန်မနက်ပိုင်းမှာတော့ အမေရိကန်ပိတ်ဆို့မှုနှင့် စကစရဲ့ -တို့မမှုပါ- အခန်းဆက်များအကြောင်း...  စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, June 22, 2023

“ဒီဘဏ် နှစ်ခုကို ပစ်မှတ်ထားတယ်ဆိုတာဟာ စကစရဲ့ အရှိုက်ကိုထိအောင် ပစ်တဲ့သဘေ...



“ဒီဘဏ် နှစ်ခုကို ပစ်မှတ်ထားတယ်ဆိုတာဟာ စကစရဲ့ အရှိုက်ကိုထိအောင် ပစ်တဲ့သဘောပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ) 

(၂၃- ၆- ၂၀၂၃)

“အမေရိကန်ပြည်ထောင်စုက နောက်ဆုံးပြုလုပ်လိုက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အရှိုက်ကိုထိအောင် ချိန်ရွယ်ပစ်ခတ်လိုက်တဲ့သဘောဖြစ်တယ်။ နိုင်ငံခြားငွေနည်းသွားရင် စစ်လက်နက်နဲ့ တိုက်လေယာဉ်ဆီ ဝယ်ယူမှု လျော့ကျသွားနိုင်တယ်” လို့ စီးပွားရေး ဝေဖန်သုံးသပ်သူ ဦးစိန်ဌေး ကပြောပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့  မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့လိုက်တဲ့အတွက် စစ်ကောင်စီကို ဘယ်လိုထိခိုက်နေိုင်သလဲ၊ အရင်က ပိတ်ဆို့မှုထက် အခုပိတ်ဆို့မှုက ဘာများထပ်ထူးလို့လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- (MFTB) နဲ့  (MICB) ကိုမှ ဘာကြောင့်ရွေးပြီး ဒဏ်ခတ်ပိတ်ဆို့တာလဲ...

- အာဏာသိမ်းစစ်ဗိုလ်တွေဖက်က “စီးပွားရေးပိတ်ဆို့မှု တို့မမှုပါ” ဆိုတဲ့ ဓာတ်ပြားဟောင်း ပြန်ဖွင့်နိုင်ခွင့် ထပ်ရနိုင်သေးလား...

- အရင် နဝတ ခေတ်တုန်းကလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ အသက်ရှုပေါက် ထပ်ရနိုင်သေးလား...

- ဒေါ်လာဈေး၊ ရွှေဈေး၊ လောင်စာဈေး၊ အခြေခံစားသောင်ကုန်ဈေးတွေ ရုတ်တရက် ထပ်တက်လာနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီပိတ်ဆို့မှုတွေကို လူထုလုံးဝမခံရပဲ စစ်ဗိုလ်ချုပ်တွေကိုသာ တည့်တည့်ခံရစေဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။ 

ညနေပိုင်းမှာတော့ နှစ် ၃၀ လောက်ငြိမ်နေတဲ့ ကလလတ တပ်ဦး ဘာကြောင့် နွေဦးတော်လှန်ရေးထဲ ပါလာသလဲ... မေးမြန်းချက်ကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, June 21, 2023

“အချိန်ကြာလာရင် တော်လှန်ရေးအီသွားလိမ့်မယ်ဆိုတဲ့ တွက်ချက်မှုဟာ လုံး၀ မှား...



“အချိန်ကြာလာရင် တော်လှန်ရေးအီသွားလိမ့်မယ်ဆိုတဲ့ တွက်ချက်မှုဟာ လုံး၀ မှားပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၁- ၆- ၂၀၂၃)

“လူငယ်တွေဦးဆောင်တဲ့ နွေဦးတော်လှန်ရေးကို အချိန်ကြာအောင်ဆွဲဆန့်ထားနိုင်ရင် တော်လှန်ရေးအီပြီး လူငယ်တွေ စိတ်ပျက်သွားလိမ့်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ တွက်ချက်မှုဟာ လုံး၀ မှားတယ်။ အခု ၂ နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးက အီမသွားတဲ့အပြင် PDF ထဲ ဝင်သူပိုများလာနေတယ်။ လိုအပ်တဲ့ လက်နက်တွေကိုသာ အချိန်မီတပ်ဆင်ပေးနိုင်ရင် အခုနှစ်အတွင်း ထူးခြားတဲ့ တိုးတက်မှုတွေ မြင်လာရနိုင်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း PDF နဲ့ ERO တွေဖက်က ဗျုဟာမြောက် တိုက်ပွဲဖေါ်နိုင်ပြီလား၊ ၂၀၂၃ လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေးမှု မအောင်မြင်ရခြင်းရဲ့ နောက်ခံအချက်အလက်က ဘာတွေလဲ...

- PDF နဲ့ ERO တွေ ဗျုဟာမြောက်တိုက်ပွဲဖေါ်နိုင်ဖို့ ဘာတွေလိုအပ်နေသလဲ...

- PDF အင်အား တသိန်းဝန်းကျင်ရှိတယ်လို့ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

- လာမယ့် ၆ လအတွင်း စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲဖြစ်နိုင်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်သလား...

- ပြည်တွင်း-ပြည်ပရဲ့ ထောက်ခံအားပေးမှု ဒီထက်အရှိန်မြှင့်ဖို့ လိုအပ်နေပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အရေးပေါ်သတင်းတွေရှိနေတဲ့အတွက် ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက မေးမြန်းထားချက်ဒုတိယပိုင်းကို အခုမှ ထုတ်လွှင့်နိုင်တာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအရှိန်ကောင်းလာရင် နယ်ခြားစောင့်တပ်တွေ၊ ငြိမ်း-အဖွဲ့တွေဟာ “ကလလတ” အဖွဲ့လို ဖြစ်လာနိုင်သလား... ဆွေးနွေးချက်ကိုတော့ လာမယ့်ရက်တွေမှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, June 20, 2023

“ကျနော်တို့ရဲ့ တောင့်ခံနိုင်မှုနဲ့ စစ်ကောင်စီရဲ့ ပြိုကျမှုကို အီကွေးရှင်...



“ကျနော်တို့ရဲ့ တောင့်ခံနိုင်မှုနဲ့ စစ်ကောင်စီရဲ့ ပြိုကျမှုကို အီကွေးရှင်းညှိလို့ရတယ်”

 - ဗညားခွန်အောင် (ကရင်နီလူ့အခွင့်အရေးအဖွဲ့ - KHRG)

(၂၀ - ၆ -၂၀၂၃)

“အာဏာသိမ်းစစ်ကောင်စီဟာ တဖြေးဖြေးပြိုကျနေပြီဖြစ်တဲ့အတွက် ပြည်သူတွေဖက်က ဆက်တောင့်ခံထားဖို့လိုတယ်။ ပြည်သူတွေဖက်က တောင့်ခံမှုအားကောင်းလေ စစ်ကောင်စီဖက်က ပြိုကျမှုနှုန်းမြန်လေဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတဦးချင်းစီက ဆက်လက်တောင့်ခံပေးထားဖို့ တောင်းဆိုပါတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG)နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ဗညားခွန်အောင် ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း စစ်ကောင်စီ ဘယ်လောက်အထိ ပြိုကျနေပြီလဲ၊ ကရင်နီပြည်မှာ စစ်ကောင်စီအုပ်ချုပ်ရေး လုံး၀ ပျက်သွားပြီလား၊ လာမယ့် ၆ လကို ဘယ်လိုမျှော်လင့်ထားသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ကရင်နီပြည်မှာ လွိုင်ကော်ကလွဲရင် အခြားမြို့တွေ အားလုံး စကစ အုပ်ချုပ်ရေးပျက်သွားပြီလား...

- လနဲ့ချီကြာလာတဲ့ တိုက်ပွဲတွေမှာ ကရင်နီတော်လှန်ရေးတပ်တွေ ဘယ်လိုအောင်ပွဲခံနေသလဲ...

- ကရင်နီပြည်အပြင် တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် တော်လှန်ရေးသမားတဦးချင်း၊ နိုင်ငံသားတဦးချင်းစီက ဘယ်လိုတာဝန်ကျေပြွန်အောင် ဆောင်ရွက်ဖို့လိုမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ မကုန်ခင် စစ်ကောင်စီ တကယ်ပြိုလဲသွားနိုင်သလား... စစ်ရေးဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်နှင့် မေးမြန်းချက် ဒုတိယပိုင်းကို မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, June 19, 2023

“တော်လှန်ရေးက နောက်တဆင့်တက်သွားပြီ၊ စိန်ခေါ်မှုတွေကို ဉာဏ်ကြီးကြီးနဲ့ ကျ...



“တော်လှန်ရေးက နောက်တဆင့်တက်သွားပြီ၊ စိန်ခေါ်မှုတွေကို ဉာဏ်ကြီးကြီးနဲ့ ကျော်လွှားနိုင်ဖို့လိုပါတယ်“

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၂၀- ၆- ၂၀၂၃)

“နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း သိသာတဲ့အောင်မြင်မှုတွေရရှိခဲ့ပြီး အခုဆိုရင် တော်လှန်ရေးက နောက်တဆင့်ကိုတက်သွားပြီဖြစ်တယ်။ တော်လှန်ရေးအရှိန်မြင့်လာလေ စိန်ခေါ်မှုတွေ ပိုရှိလာလေဖြစ်ပြီး ဒါတွေကို ဉာဏ်ကြီးကြီးနဲ့ကျော်လွှားနိုင်ဖို့လိုတယ်၊ ဘယ်သူက ကူကူမကူကူ အောင်မြင်အောင်တိုက်ရမယ့်တော်လှန်ရေးဖြစ်တယ်” လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း ဘယ်လောက်အထိ တိုးတက်အောင်မြင်မှုရနေပြီလဲ၊ လာမယ့် ၆ လအတွင်း ဘယ်လိုရလာဒ်ကောင်းတွေရဖို့မျှော်မှန်းထားသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...

- နိုင်ငံတကာဖက်က သဘောတရားအရပဲထောက်ခံပြီး လက်တွေ့အကူအညီ ဘာမှမပေးဘူးလား...

- တော်လှန်ရေး နောက်တဆင့်တက်သွားပြီဆိုတာ ဘာကို ဆိုလိုတာလဲ...

- ကရင်နီပြည်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ-ပေါ်လာခြင်းဟာ တော်လှန်ရေးတပ်တွေရဲ့ မြေပြင်စိုးမိုးမှု အားကောင်းလာခြင်းသင်္ကေတလား...

- ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဗိုလ်ချုပ်တွေ သွားရောက်တွေ့ဆုံခြင်းဟာ စစ်ကောင်စီဖက်က အားနည်းလာခြင်းရဲ့ လက္ခဏာလား...

- လာမယ့် ၆ လအတွင်း ဘယ်လိုရလာဒ်ကောင်းတွေရဖို့ မျှော်မှန်းထားသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ညနေပိုင်းမှာတော့ ကရင်နီပြည်က နယ်မြေထိန်းချုပ်နိုင်မှု၊ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ရွာတွေ၊ စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေလို့ လူ ၃၀၀၀...



“ရွာတွေ၊ စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်နေလို့ လူ ၃၀၀၀ ကျော် ထိုင်းဖက် ထွက်ပြေးနေရတယ်”

- ဗညားခွန်အောင် (ကရင်နီလူ့အခွင့်အရေးအဖွဲ့ - KHRG)

(၁၉ - ၆ -၂၀၂၃)

“ကရင်နီပြည်နယ် မယ်စယ့်ဒေသမှာ တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေကို လေယာဉ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ ကျော် ထိုင်းနယ်စပ်ဖက် ထွက်ပြေးသွားရတယ်၊ ဗိုးဗြဲဖက်မှာလည်း ကျေးရွာတွေအပေါ် ဗုံးကြဲနေတဲ့အတွက် အရပ်သား ၃၀ ကျော်အထိ သေဆုံးမှူရှိ နေတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) ညွှန်ကြားရေးမှူး ဗညားခွန်အောင် ကပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ စစ်ပြေးအခြေအနေ၊ လူသား-စာနာ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- ထိုင်းနယ်စပ်ဖက်မှာ စစ်ဘေးရှောင် ဘယ်လောက်များနေပြီလဲ...

- ကူညီကယ်ဆယ်ရေး ဘယ်လိုဆောင်ရွက်နေကြသလဲ...

-  စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေကို ရင်ဆိုင်မတိုက်ပဲ အရပ်သားတွေကို တမင်တိုက်ခိုက်နေတာလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကရင်နီဒေသအတွင်းက နယ်မြေထိန်းချုပ်မှု၊ ကြားကာလအုပ်ချုပ်မှုတွေအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ည ထုတ်လွှင့်ပါမယ်။ မနက်ဖန် မနက်ပိုင်းမှာတော့ နိုင်ငံခြားရေး ဝန်ကြီးဒေါ်ဇင်မာအောင်နှင့်မေးမြန်းချက် ဒုတိယ ပိုင်း ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, June 18, 2023

“အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရင် မြန်မာလူထုရဲ့ ထောက်ခံမှု မရနို...



“အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရင် မြန်မာလူထုရဲ့ ထောက်ခံမှု မရနိုင်ဘူးဆိုတာကို တရုတ်က သဘောပေါက်တယ်လို့မြင်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁၉ - ၆- ၂၀၂၃)

“အာဏာသိမ်းစစ်တပ်နဲ့ ပူပေါင်းဆောင်ရွက်မိရင် မြန်မာလူထုရဲ့ ထောက်ခံမှုမရနိုင်ပဲ ကန့်ကွက်မှုနဲ့သာရင်ဆိုင်ရမယ်ဆိုတာကို တရုတ်အစိုးရဖက်က ကောင်းကောင်းသဘောပေါက်တယ်လို့မြင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများကြီးလုပ်ထားတဲ့ တရုတ်ဖက်က မြန်မာလူထုရဲ့ သဘောထားဆန္ဒကို ထည့်တွက်ရပါလိမ့်မယ်” လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှူအခြေအနေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့သဘောထား ရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- UN မှာ ကိုယ်စားလှယ်နေရာ ဆက်ရထားခြင်း၊ US မှာရုံးခန်းဖွင့်ခွင့်ရခြင်းတွေကို ထူးခြားတဲ့ အောင်မြင်မှုလို့ပြောနိုင်မလား...

- ဥရောပနိုင်ငံတွေရဲ့ ထောက်ခံအားပေးမှူကော ဘယ်လိုရှိသလဲ...

- အာဆီယံ လူသား-စာနာ အဖွဲ့က ပေးအပ်ထားတဲ့ မိုခါမုန်တိုင်းသင့် ကယ်ဆယ်ရေးအကူအညီတွေကို စစ်ကောင်စီက ဟန့်တားပိတ်ဆို့ထားခြင်းကြောင့် ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

- မြန်မာ့အရေးမှာ ထဲထဲဝင်ဝင်ပါဝင်လာနေတဲ့ တရုတ်အစိုးရဖက်က စစ်ကောင်စီအကြိုက်ချည်းလိုက်လုပ်နေရင် လူထုရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်လာရနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စကစ ကိုယ်စားလှယ်ကိုဖိတ်ပြီး ကျင်းပဖို့ပြင်နေတဲ့ ထိုင်း-ကဆွေးနွေးပွဲကို ကန့်ကွက်ကြောင်းပြောကြားချက်ကို မနေ့က သီးခြားထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကိုယ်စားလှယ်တွေ သွားရောက်တွေဆုံမှုက ဘာတွေထူးလာနိုင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

အဘ (ဒုတိယ ဗိုလ်မှူးကြီးအေးမြင့်-ငြိမ်း) သို့ သတိရခြင်း...

 အဘ (ဒုတိယ ဗိုလ်မှူးကြီးအေးမြင့်-ငြိမ်း) သို့ သတိရခြင်း...

----------------

(၁၈- ၆- ၂၀၂၃)



ကျနော်တို့ တောခိုကျောင်းသားတွေအားလုံးက “အဘ” လို့ ချစ်စနိုးခေါ်ကြတဲ့ ဒုတိယဗိုလ်မှူးကြီးအေးမြင့်-ငြိမ်း (အသက် ၈၇) ဇွန်လ ၁၂ ရက်နေ့က ကွယ်လွန်သွားတယ်လို့ သိရတဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရပါတယ်။ 


မျိုးချစ်တပ်မှူးဟောင်းတဦးဖြစ်တဲ့ ဗိုလ်မှူးကြီးအေးမြင့်ဟာ ၁၉၉၀ ဝန်းကျင်မှာ နယ်စပ်ဒေသကို ရောက်လာပြီး တော်လှန်ရေးတပ်တွေ၊ အထူးသဖြင့် ကျနော်တို့ကျောင်းသားတပ်တွေကို စစ်ရေးပညာ စနစ်တကျသင်ကြားပေးခဲ့သူဖြစ်ပါတယ်။

-----


(၁) အဘ ဗိုလ်မှူးအေးမြင့်နှင့် တွေ့ဆုံခြင်း

---

၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က အနိုင်ရပါတီ NLD ကို အာဏာလွဲဖို့ ငြင်းဆိုပြီးတဲ့နောက် ပါတီဝင်တွေ၊ လူငယ်တွေအတော်များများ နယ်စပ်ဒေသဆီ ထပ်မံရောက်လာကြပါတယ်။ အဲဒီထဲမှာ တပ်မှူးဟောင်းတွေလည်းပါဝင်ပြီး အဘ ဗိုလ်မှူးအေးမြင့်ဟာ ABSDF ဌာနချုပ်ဆီ ရောက်လာပါတယ်။


ဗဟို စစ်ဖက် တာဝန်ရှိအဖွဲ့တွေက သူ့ကိုသွားကြိုခဲ့တာပါ။ အဲဒီနောက် မာနယ်ပလော၊ လောကွာလူနဲ့ ဗဟိုဒေသမှာ စစ်သင်တန်းတွေပေးပါတယ်။ ကျနော်တို့က တောင်ပိုင်းသားတွေဆိုတော့ ဗဟိုဖက်ကို တော်ရုံနဲ့မရောက်။ 


၁၉၉၂ နွေဦးရာသီမှာတော့ အဘ ဗိုလ်မှူးအေးမြင့်နဲ့အဖွဲ့ ကျနော်တို့စခန်းရှိရာ မင်းသမီးဒေသဆီရောက်လာပါတယ်။ ၉၂ ဆိုတော့ ABSDF နှစ်ခြမ်းကွဲပြီး သူမှန်-ကိုယ်မှန် အငြင်းသန်လို့ကောင်းတုန်းကာလပေါ့။


၂၀၁ တပ်ရင်း (ကိုနိုင်အောင်တို့ဖက်) မှာ တပ်မှူးငယ်သင်တန်းပေးပါတယ်။ အချိန် ၃ လကြာတယ်လို့ထင်ပါတယ်။ ကျနော်တို့ ဘက်မလိုက် ၂၀၁ က တပ်မှူး ၅ ဦးတက်ပါတယ်။ ကိုနိုင်အောင်တို့ဖက်ရှိ တောင်ပိုင်းဒေသ တပ်ရင်းအားလုံးက တပ်မှူး ၂၀ ကျော်တက်တယ်လို့ထင်ပါတယ်။ 


ထူးထူးခြားခြားမှတ်မိနေတာကတော့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ MNLA မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူးငယ် ၅ ဦးစီးလည်း အဲဒီသင်တန်းကို လာတက်ပါတယ်။


အဲဒီမှာ အဘနဲ့ စတင်တွေ့ဖူးတာပါ။ တွေ့ဖူးတယ်ဆိုပေမယ့် သူက သင်တန်းမှူး-ဗိုလ်မှူးကြီး၊ ကိုယ်ကစခန်းကော်မီတီဥက္ကဌ၊ ပြီးတော့ အဖွဲ့တွေကွဲနေချိန်ဆိုတော့ သိပ်ရင်းရင်းနှီးနှီးရှိလှတာ မဟုတ်ပါ။


ဒါပေမယ့် ကျနော်တို့တပ်ရင်းက တပ်မှူး ၅ ဦးအပါဝင် ရဲဘော်အားလုံးက ချစ်ခင်လေးစားစွာဆက်ဆံနေတဲ့ အဘကို ကျနော်လေးစားမိပါတယ်။ နောက် ဗဟိုဖက် အစည်းအဝေးတွေ သွားရင်းနဲ့ အဘကို ဒေါင်းဂွင်ဖက်မှာ ထပ်မံတွေ့ဆုံသေးတယ်လို့ ထင်ပါတယ်။

--------


(၂) အဘ ဗိုလ်မှူးအေးမြင့်နှင့် ဒုတိယ အကြိမ် ပြန်တွေ့ခြင်း...

---

အဘဗိုလ်မှူးကြီးအေးမြင့်နဲ့ ရင်းရင်းနီးနီးပြောဆိုဖြစ်တာက ၁၉၉၅ နောက်ပိုင်း သူလည်း သြစီကိုရောက်၊ ကိုယ်လည်း လက်နက်ကိုင်သူပုန်ကနေ မိုက်ကလိုဖုန်းကိုင်တဲ့ သူပုန်အဖြစ်ပြောင်းပြီး နော်ဝေနိုင်ငံ အော်စလိုက DVB ရေဒီယိုကို ရောက်ချိန်ပေါ့။


အဲဒီကာလက အခုခေတ်လို စစ်တပ်ကိုဝေဖန်ရဲသူ သိပ်ရှိလှတာမဟုတ်။ (ဆိုရှယ်မီဒီယာကလည်းမပေါ်သေး) ပြည်တွင်းမှာဆိုရင် သခင်သိန်းဖေ၊ သခင်ချန်ထွန်းတို့လို ဝါရင့်နိုင်ငံရေးသမားတွေ၊ ခွန်ထွန်းဦး၊ ကျင်ရှင်းထန်၊ ထောင်ကိုထန်၊ နိုင်ငွေသိန်းတို့လို တိုင်းရင်းသားခေါင်းဆောင်တွေ အနည်းအကျဉ်းပဲ ရှိတာ။


အားလုံးက နိုင်ငံရေးသမားတွေဆိုတော့ စစ်တပ်အကြောင်း ထဲထဲဝင်ဝင် သိပ် မပြောကြပါ။ အဲ... အဲဒီအချိန် နဝတ-နအဖ- စစ်တပ်နဲ့ တပ်မှူးတွေကို ပယ်ပယ်နယ်နယ် ဝေဖန်နိုင်သူကတော့ အဘ ဗိုလ်မှူးအေးမြင့်ပါပဲ။


၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၁၀ ဝန်းကျင်အထိ ၁၀ နှစ်ဝန်းကျင်အတွင်း မြန်မာစစ်တပ်ရဲ့ အကျင့်ပျက်ချစားမှူးတွေ၊ မတရားမှူတွေအတော်များများကို DVB ရေဒီယိုကနေ ဖွင့်ချနိုင်ခဲ့ပါတယ်။

---------




(၃) အဘ ဗိုလ်မှူးအေးမြင့်နှင့် တတိယ အကြိမ် (သို့) နောက်ဆုံးအကြိမ် ပြန်ဆုံခြင်း...

-----

ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ ခေတ်က နည်းနည်းပြောင်းလာ၊ ၂၀၁၂ ကြားဖြတ်မှာ NLD ပါတီ လွှတ်တော်ထဲရောက်၊ ၂၀၁၅ မှာ NLD ပါတီ အစိုးရဖြစ်လာတယ်ဆိုတော့ ပြည်ပရောက်အတော်များများ ပြည်တော်ပြန်ကြပေါ့...


အထူးသဖြင့် အဘတို့လို သက်ကြီးရွယ်ကြီးတွေဆို ပြည်တွင်းကို ပိုပြန်ချင်မှာပေါ့။ ကျနော်တို့ မောင်ကျောင်းတွေလည်း ဒီမိုကရေစီခေတ်ဦးကာလမှာ ပြန်တော်ပြန်လည်ကြ၊ ၂၅ နှစ်တာခွဲခွာနေရတဲ့ မိဘ-ဆွေမျိုးတွေကို ပြန်တွေ့ကြပေါ့။


၂၀၁၈၊ ၂၀၁၉ ကာလတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ပျောက်ဆုံးနေသော ဒီမိုကရေစီကို (အတုအယောင်ဟုဆိုသော်လည်း) အတောက်ပဆုံးပြန်လည်မြင်တွေ့ရသော နေ့ရက်များလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဒီလိုနဲ့ ကိုယ်တွေလည်း ရန်ကုန်မှာ မီဒီယာလုပ်ငန်းအတွက် ပြန်လည်အခြေချပေါ့။


၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတခုမှာ အဘဗိုလ်မှူးအေးမြင့်ကို ထားဝယ်က မောင်းမကန်ကမ်းခြေမှာ ကျနော်ပြန်တွေ့ပါတယ်။ ၈ လေးလုံး နှစ် ၃၀ အဖြစ် ABSDF ရဲဘော်ဟောင်းတွေ ပြန်လည်ဆုံတွေ့တဲ့ပွဲမှာ ဆုံကြတာပါ။


လူအတော်စုံပါတယ်။ ABSDF မှာ လက်ရှိတာဝန်ယူနေတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ ပြီးတော့ အထူးသဖြင့် နိုင်ငံတကာကနေ ဒီပွဲအတွက် တကူးတကာ့ပြန်လာကြတဲ့ ၂၀၁၊ ၂၀၃ တပ်ရင်းက ရဲဘော်ဟောင်းတွေ အတော်များပါတယ်။


မှတ်မှတ်ရရ အဘဗိုလ်မှူးအေးမြင့်က ကျနော့်ကို သူရေးထားတဲ့ -ကိုယ်တွေ့တိုက်ပွဲ - အကြောင်း စာအုပ်တအုပ် လက်ဆောင်ပေးပါတယ်။ ကျနော်ရေးတဲ့ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး- စာအုပ် သူ့ကို အရင်က ပေးထားဖူးတယ်လို့ထင်ပါတယ်။


မောင်းမကန်မှာဆုံတွေ့တဲ့ ၂ ရက်တာအတွင်း စကားအတော်များများပြောဖြစ်ပေမယ့် ဒါဟာ အဘ ကိုနောက်ဆုံးတွေ့ဆုံခြင်းဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါ။ အားလုံးက နောက်နောက် ပြောင်ပြောင် ပါပဲ။


အဲဒီနောက် ၂၀၂၁ ဖေဖေါ်ဝါရီမှာ ကမ္ဘာထပ်ပျက်တော့ ကျနော်တို့လည်း တတိယကမ္ဘာက ကိုယ့်ဝပ်ကျင်းဆီ ပြန်ပြေးခဲ့ရပေါ့။ အခုတော့ မထင်မှတ်ပဲ အဘဗိုလ်မှူးအေးမြင့် ကွယ်လွန်ပြီ ဆိုတဲ့သတင်းဆိုးကိုကြားလိုက်ရပါတယ်။


တော်လှန်ရေးရဲ့လိုအပ်ချက်၊ အထူးသဖြင့် ကျောင်းသားတွေကို စစ်ရေးစစ်ရာနဲ့ပတ်သက်ပြီး စနစ်တကျသင်ကြားပေးခဲ့တဲ့ နေ့ရက်တွေ၊ မြန်မာစစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှူတွေ၊ ကြီးနိုင်-ငယ်ညှင်းလုပ်တဲ့ တပ်မှူးအချို့ကို ပယ်ပယ်နယ်နယ်ဝေဖန်ခဲ့တာတွေကို သတိရနေမှာပါ။ 


ဒါပေမယ့် အဘ တချိန်ကတာဝန်ထမ်းခဲ့ဖူး မြန်မာစစ်တပ်ကတော့ ပြောလေဆိုးလေ-ဖြစ်လာပြီး အရင်ကထက်တောင် ပိုဆိုးလာနေပါတယ်။ တမလွန်က အဘ ဒီနေ့ မြန်မာစစ်တပ်ကို ဘယ်လိုများ ဝေဖန် နေလေမလဲ...စဉ်းစားရင်း...


အဘဗိုလ်မှူးအေးမြင့်သို့ အလေးပြုလိုက်ပါတယ်။


ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်

(၁၈- ၆- ၂၀၂၃)။

Saturday, June 17, 2023

“အာဆီယံ မူ နဲ့လည်းဆန့်ကျင်တယ်၊ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့လည်းဆန့်ကျင်...


“အာဆီယံ မူ နဲ့လည်းဆန့်ကျင်တယ်၊ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့လည်းဆန့်ကျင်တယ်၊ ဒါကြောင့် ဒီဆွေးနွေးပွဲကို ကန့်ကွက်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁၈- ၆- ၂၀၂၃)

“စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ခေါ်ပြီး ဆွေးနွေးပွဲလုပ်ဖို့ပြင်နေတဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ဟာ အာဆီယံ မူ ၅ ချက်နဲ့ဆန့်ကျင်နေတယ်၊ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့လည်းဆန့်ကျင်နေတယ်၊ ဒါကြောင့် ဒီဆွေးနွေးပွဲကို ကန့်ကွက်ပါတယ်” လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

မြန်မာနိုင်ငံက ပြသာနာတွေကို ဆွေးနွေးအဖြေရှာဖို့ဆိုပြီး ထိုင်းအစိုးရက စီစဉ်နေတဲ့ အာဆီယံ မူ ၅ ချက်ပြင်ပက အလွတ်သဘောဆွေးနွေးပွဲအပေါ် ထင်မြင်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒေါ်ဇင်မာအောင်က ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ကောက်နှုတ်ချက်ထဲမှာ ...

- စစ်ကောင်စီ တာဝန်ရှိသူတွေကို အစည်းဝေးမဖိတ်ရ-လို့ အာဆီယံက မူချထားပါရဲ့နဲ့ ထိုင်းအစိုးရက ဘာကြောင့် ဖိတ်ခေါ်ဆွေးနွေးတာလဲ...

- စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတက်မယ့် အစည်းအဝေးကို NUG က ဘာကြောင့် ကန့်ကွက်တာလဲ..

- အသစ်တက်လာဖို့ပြင်နေတဲ့ ထိုင်းအစိုးရသစ်ရဲ့ မူဝါဒတွေအပေါ် NUG က ဘယ်လို သဘောထားသလဲ...

- NUG ဆက်သွယ်ရေးရုံးခန်း ထိုင်းမှာဖွင့်ရေး ဖြစ်လာနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုအခြေ အနေမေးမြန်းချက်ထဲက ထိုင်းနိုင်ငံအကြောင်း ကောက်နှုတ်ချက်ဖြစ်ပါတယ်။ မေးမြန်းချက် အပြည့်အစုံကိုတော့ ညနေပိုင်းနဲ့နောက်ရက်တွေမှာ ထုတ်လွှင့်ဖို့စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အရေအတွက်၊ အရည်အချင်းနဲ့ စိတ်ဓတ်ပါကျဆင်းနေတဲ့ ဒီစစ်တပ်ဟာ မလွယ်တော့ပါဘူး”


“အရေအတွက်၊ အရည်အချင်းနဲ့ စိတ်ဓတ်ပါကျဆင်းနေတဲ့ ဒီစစ်တပ်ဟာ မလွယ်တော့ပါဘူး”

- ဦးသန်းစိုးနိုင် (စစ်ရေး-နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ)

(၁၇- ၆- ၂၀၂၃)

“နွေဦးတော်လှန်ရေးကာလအတွင်း အကျအဆုံးနဲ့ ထွက်ပြေးများလှတဲ့ ဒီနေ့ မြန်မာစစ်တပ်ဟာ တိုက်ရည်ခိုက်ရည်ကျဆင်းနေပြီး စိတ်ဓတ်ပါကျဆင်းနေတဲ့အတွက် အရင်လို ဆက်ထိန်းထားဖို့မလွယ်တော့ဘူး” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

မြန်မာ့တပ်မတော်အင်အား အရင်လို ၂ သိန်းကျော်မရှိတော့ဘူး၊ တသိန်းဝန်းကျင်ပဲကျန်တယ်၊ ကြည်းတပ်အားနည်းသွားလို့ လေတပ်ကိုအဓိက အားထားလာနေရတယ်... စသဖြင့် နိုင်ငံတကာဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်အင်အား ၃ သောင်းခန့် လျော့သွားတာ ဘာကြောင့်လဲ...

- လေတပ်ကိုအဓိက အားထားလာတာဟာ ကြည်းတပ်အင်အား ကျဆင်းသွားလို့လား...

- စစ်တပ်က တပ်သားသစ်စုတဲ့နေရာက လူငယ်တွေ စစ်တပ်ထဲမဝင်ပဲ PDF ထဲ ဝင်ကုန်တာ ဘာကြောင့်လဲ...

- တပ်သားသစ်စုမရတဲ့နေရာမှာ ပြည်သူစစ်နဲ့ ပျုစောထီးကို အစားထိုးပြီး လက်နက်တပ်ဆင်ပေးထားရင် အလုပ်ဖြစ်နိုင်သေးလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ အတွင်း ထိုးစစ်ဆင်မယ်လို့ပြောထားတဲ့ NUG ရဲ့ပြောဆိုချက်ဟာ လက်ကျန် ၆ လအတွင်း ဘယ်လိုဖြစ်လာနိုင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, June 16, 2023

“ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲဆိုတာ မွေးနေ့ပွဲသက်သက်မဟုတ်ပဲ မြန်မာပြည်ကိ...



“ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲဆိုတာ မွေးနေ့ပွဲသက်သက်မဟုတ်ပဲ မြန်မာပြည်ကိုလွတ်မြောက်စေချင်သူအားလုံးရဲ့ စုစည်းမှုအင်အားကို ပြသတာဖြစ်တယ်”

ကိုဂျွန်မန်း - (ဥက္ကဌ - ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကော်မီတီ - နော်ဝေ)

(၁၆- ၆- ၂၀၂၃)

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ပွဲကျင်းပတယ်ဆိုတာဟာ မွေးနေ့ပွဲသက်သက်မဟုတ်ပဲ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်စေချင်သူအားလုံးရဲ့ စုစည်းမှုအင်အားကိုပြသတာဖြစ်တယ်” လို့ နော်ဝေနိုင်ငံ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ မွေးနေ့ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ ပန်းခြံကော်မီတီဥက္ကဌ ကိုဂျွန်မန်း ကပြောပါတယ်။

ဒီနေ့ ဇွန် ၁၆ နဲ့ မနက်ဖန် ၁၇ ရက်တွေမှာ ကျင်းပမယ့်အခန်းနားအစီစဉ်တွေ၊ ဒီလို အခမ်းအနားကျင်းပတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိစေမှာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ မွေးနေ့ပွဲအခမ်းအနားတွေ ဘယ်လိုကျင်းပဖို့ ပြင်ဆင်ထားသလဲ...

- ဒီပန်းခြံ ဘယ်လိုဖြစ်ပေါ်လာသလဲ၊ နွေဦးတော်လှန်ရေးနဲ့ ဘယ်လိုဆက်စပ်နေသလဲ...

- ပန်းခြံကော်မီတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၉ တုန်းကတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ဘာပြောသလဲ...

- မိုင်ပေါင်းများစွာဝေးကွာတဲ့ ဒီလိုနေရာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကျင်းပခြင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ နွေဦးတော်လှန်ရေးကို ဘယ်လိုခွန်အားဖြစ်စေမှာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း အကျအဆုံးများလှတဲ့ မြန်မာစစ်တပ်ဟာ အင်အား တဝက်နီးပါးအထိ လျော့ကျသွားသလား... စစ်ရေးဝေဖန်သူ ဦးသန်းစိုးနိုင်နှင့် မေးမြန်းချက်ကို မနက်ဖန် ထုတ်လွှင့်ပေးဖို့စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, June 15, 2023

“လမ်းမှန်ကိုလျောက်တဲ့ တော်လှန်ရေးသမားတွေအဖို့ အခက်အခဲဆိုတာကြုံရမှာပဲ၊ ဒီ...



“လမ်းမှန်ကိုလျောက်တဲ့ တော်လှန်ရေးသမားတွေအဖို့ အခက်အခဲဆိုတာကြုံရမှာပဲ၊ ဒီအခက်အခဲတွေကို ပြည်သူတွေနဲ့အတူ ကျော်ဖြတ်သွားမှာဖြစ်တယ်”

- ဇွဲထက်ဟိန်း (တပ်ရင်းမှူး - အမှတ် ၅ တပ်ရင်း - ဂန့်ဂေါခရိုင်)

(၁၅- ၆- ၂၀၂၃)

“စစ်အာဏာရှင်တွေကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ လမ်းကြောင်းမှန်ကိုရွေးပြီးကတည်းက အခက်အခဲဆိုတာ ကြုံရမှာပါပဲ။ ဘယ်လိုပဲအခက်ခဲတွေရှိနေပါစေ ပြည်သူနဲ့အတူလက်တွဲပြီး အောင်ပွဲရတဲ့အထိ ချီတက်သွားမှာဖြစ်တယ်” လို့ ဂန့်ဂေါခရိုင် အမှတ် (၅) တပ်ရင်း တပ်ရင်းမှူး ဇွဲထွက်ဟိန်းက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း ကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ရှေ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- တော်လှန်ရေးကာလ အခက်အခဲတွေကို ပြည်တွင်း-ပြည်ပက ဘယ်လိုကူညီပေးနိုင်မလဲ...

- ယောနယ်နဲ့ချင်းတောင် လွတ်မြောက်ဒေသဖြစ်ဖို့ အလားအလာ ဘယ်လိုရှိသလဲ...

- နွေဦးတော်လှန်ရေးကာလ အခက်အခဲတွေကို တော်လှန်ရေးသမားနဲ့ပြည်သူတွေ ဘယ်လိုပူးတွဲ ကျော်ဖြတ်ကြမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်းမကောင်းတဲ့အတွက် ပုံတွေမကြည်မလင်ဖြစ်နေတဲ့အပေါ် တောင်းပန်အပ်ပါတယ်။ မနက်ဖန်မှာတော့ နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံမှာကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲအကြောင်း မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်။ 
အဲဒီပွဲမှာ ကိုဇွဲထက်တို့အကြောင်း ရိုက်ကူးထားတဲ့ The Journey မှတ်တမ်းရုပ်ရှင်ကို ပြသဖို့ရှိနေပါတယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, June 14, 2023

“စစ်ကောင်စီက တပ်စခန်းဝန်းကျင် ၅ မိုင်ပတ်လည်ကလွဲရင် အပြင်ကို မထွက်တော့ဘူး”



“စစ်ကောင်စီက တပ်စခန်းဝန်းကျင် ၅ မိုင်ပတ်လည်ကလွဲရင် အပြင်ကို မထွက်တော့ဘူး”

- ဇွဲထက်ဟိန်း (တပ်ရင်းမှူး - အမှတ် ၅ တပ်ရင်း - ဂန့်ဂေါခရိုင်)

(၁၄- ၆- ၂၀၂၃)

“မကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းရှိ စစ်ကောင်စီတပ်တွေဟာ တပ်စခန်းဝန်းကျင် ၅ မိုင်ပတ်လည်ကိုကျော်ပြီး အပြင်မထွက်တော့ဘူး၊ အဲဒီ ၅ မိုင်ဝန်းကျင်မှာတင် နေ့စဉ်တိုက်ပွဲဖြစ်နေတယ်၊ တော်လှန်ရေးတပ်တွေဖက်က တိုက်ခိုက်ရေး ပိုအားကောင်းလာတယ်” လို့ ဂန့်ဂေါခရိုင် အမှတ် ၅ တပ်ရင်း တပ်ရင်းမှူး ဇွဲထွက်ဟိန်း ကပြောပါတယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ယောနယ်က PDF တွေရဲ့ လှုပ်ရှားရုန်းကန်တိုက်ပွဲဝင်နေမှုအခြေအနေ၊ ချင်းတောင်တန်းနဲ့ ယောနယ်က တော်လှန်ရေးတပ်တွေ ပူူးပေါင်းဆောင်ရွက်နိုင်မှု၊ The Journey မှတ်တမ်းရုပ်ရှင်ထဲက အခက်ခဲတွေအကြောင်း စသဖြင့်... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- The Journey မှတ်တမ်းရုပ်ရှင်ထဲမှာတွေ့ရတဲ့ အခက်ခဲများအကြောင်း...

- ချင်းတောင်တန်းနဲ့ ယောနယ်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလား...

- ယောနယ်က တိုက်ပွဲတွေမှာ PDF တွေဖက်က အသာစီးရနေပြီလား...

- PDF တပ်ရင်းမှူးတဦးအတွက် နေ့စဉ်စိန်ခေါ်ချက်က ဘာတွေလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တက္ကသိုလ်ကျောင်းသားဘဝကနေ အသက် ၂၃ နှစ်အရွယ်မှာ PDF တပ်ရင်းမှူးဖြစ်လာသူ တစ်ဦးရဲ့ ရှေ့မျှော်လင့်ချက်အကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။ The Journey မှတ်တမ်းရုပ်ရှင်ကိုတော့ နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံမှာ အခုလ ၁၆ ရက်နေ့ ရုံတင်ပြသဖို့ရှိနေပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, June 13, 2023

“ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်လွတ်မြောက်ရေးကနေ တနိုင်ငံလုံးလွတ်မြောက်ရေးကို သ...



“ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်လွတ်မြောက်ရေးကနေ တနိုင်ငံလုံးလွတ်မြောက်ရေးကို သွားဖို့လိုပါတယ်”

- ကိုစိုးဝင်းဆွေ (ပြောရေးဆိုခွင့်ရှိသူ၊ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့) 

(၁၃ -၆- ၂၀၂၃)

“ဖက်ဒရယ်ပြည်ထောင်စုကိုသွားတဲ့အခါ ပြည်နယ်တွေ၊ ဒေသတွေရဲ လွတ်လပ်စွာလုပ်ပိုင်ခွင့်ဟာ အရေးကြီးတယ်။ ကိုယ့်ပြည်နယ်-ကိုယ့်ဒေသ လွတ်မြောက်ရေးဟာ ပထမ ဦးစားပေးဖြစ်ပြီး အဲဒီကတဆင့် တနိုင်ငံလုံးလွတ်မြောက်ရေးကို ဆက်လုပ်သွားရမှာဖြစ်တယ်” လို့ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ပြောပါတယ်။

စစ်ကိုင်းဖိုရမ်ကနေ တိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေကို ဘယ်လောက်အထိ စုစည်းနိုင်ပြီလဲ၊ စစ်ကိုင်းတိုင်းလွတ်မြောက်ရေးအတွက် စစ်ရေးအရ ဘယ်လောက်အထိ ဆောင်ရွက်နိုင်နေပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲဝင်နိုင်မှုအား ဘယ်လောက်တိုးတက်လာနေပြီလဲ...

- စစ်ကောင်စီ စစ်ကြောင်းကို ခုခံရေးနဲ့ ရွာတွေမီးရှိုမခံရအောင် ဘယ်လိုဆောင်ရွက်ကြမလဲ...

- စစ်ကောင်စီဖက်က ခံစစ်ပြင်နေပြီလို့ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ...

- ပြည်သူတွေက တော်လှန်ရေးတပ်တွေကို ကူတာအပြင် တော်လှန်ရေးတပ်တွေကလည်း ပြည်သူကို ဘယ်လို ပြန်ကူနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ ယောနယ်က PDF တပ်ရင်းမှူးတဦးနှင့် မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, June 12, 2023

“စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်းဆိုတာကို ပိုအားကောင်းစေဖို့ စစ်ကိုင်း...



“စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်းဆိုတာကို ပိုအားကောင်းစေဖို့ စစ်ကိုင်းဖိုရမ်ကို ကျင်းပတာဖြစ်တယ်”

- ကိုစိုးဝင်းဆွေ - (ပြောရေးဆိုခွင့်ရှိသူ - စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့) 

(၁၂ -၆- ၂၀၂၃)

“စစ်အာဏာရှင်တော်လှန်ရေး၊ ခုခံတော်လှန်စစ်အားကောင်းလှတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းအားလုံးရဲ့အသံကို စုစည်းနိုင်ဖို့၊ တနည်းအားဖြင့် စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်းဆိုတာကို ပိုအားကောင်းစေဖို့အတွက် စစ်ကိုင်းဖိုရမ်ကို ကျင်းပတာဖြစ်တယ်” လို့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ နဲ့ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ကိုင်းဖိုရမ်နဲ့ပတ်သက်ပြီး နောက်ခံအချက်အလက်တွေ၊ လက်ရှိ စစ်ကိုင်းတိုင်းအတွင်းက ခုခံတော်လှန်စစ်အခြေအနေ၊ စစ်ကိုင်းတိုင်းရဲ့အနာဂတ်မျှော်မှန်းချက်တွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်ကိုင်းဖိုရမ် ဘာကြောင့်ကျင်းဖို့လိုအပ်သလဲ...

- စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုအားလုံး ဒီဖိုရမ်ကို တက်ရောက်နိုင်အောင် ဘယ်လိုစီစဉ်ပေးမလဲ...

- ဒီဖိုရမ်ကနေ ဘယ်လိုဆုံးဖြတ်ချက်တွေ၊ မူဝါဒတွေ ချမှတ်နိုင်ခဲ့သလဲ..

- ချင်းနဲ့ကရင်နီအပါဝင် ပြည်နယ်အချို့မှာဖွဲ့စည်းထားတဲ့ ပြည်နယ်အတိုင်ပင်ခံကောင်စီလိုမျိုး စစ်ကိုင်းတိုင်းမှာလည်း တိုင်းအတိုင်ပင်ခံကောင်စီပေါ်လာနိုင်သလား...

- ဒီအတိုင်ပင်ခံကောင်စီကနေ ဖက်ဒရယ်ချာတာတွေကို ဘယ်လိုအကာင်အထည်ဖေါ်နိုင်မလဲ..

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တော်လှန်စစ် ၂-နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းမှာ ဘယ်လောက်အထိ တိုးတက်အောင်မြင်မှုရလာနေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, June 11, 2023

“စစ်ကောင်စီက တဆင့်ပေးလို့ လူထုဆီမရောက်ဘူးဆိုရင် လူထုဆီ တိုက်ရိုက်ပေးနိုင...



“စစ်ကောင်စီက တဆင့်ပေးလို့ လူထုဆီမရောက်ဘူးဆိုရင် လူထုဆီ တိုက်ရိုက်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှာဖွေဖို့လိုပါတယ်”

- ဒေါက်တာဝင်းမြတ်အေး (လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး)

(၁၁- ၆ -၂၀၂၃)

“ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူတွေထံ နိုင်ငံတကာက ပေးအပ်တဲ့အကူအညီတွေကို စစ်ကောင်စီက တားဆီးပိတ်ပင်နေရင်၊ စစ်ကောင်စီကနေတဆင့်ပေးလို့ လူထုဆီ အကူအညီမရောက်ဘူးဆိုရင် လူထုဆီတိုက်ရိုက်ပေးနိုင်တဲ့နည်းလမ်းတွေကို အလှူရှင်နိုင်ငံတွေက ရှာဖွေဖု့ိလိုတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသား-စာနာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူတွေထံ ပေးအပ်မယ့် နိုင်ငံတကာအကူအညီတွေကို စစ်ကောင်စီက တားဆီး ပိတ်ပင်နေတာနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ၃ ရက်အတွင်းရောက်သင့်တဲ့ အရေးပေါ်အကူအညီတွေ ရက် ၃၀ နီးပါးကြာတဲ့အထိ မရောက်သေးတာ ဘာကြောင့်လဲ...

- စစ်ကောင်စီက တဆင့်ပေးလို့ လူထုထံ အကူအညီတွေမရောက်ဘူးဆိုရင် အခြား ဘယ်နည်းနဲ့ပေးနိုင်မလဲ...

- စစ်ကောင်စီပြောတာကို နားမထောင်ပဲ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေဆီ တိုက်ရိုက်ပေးနိုင်တဲ့နည်းလမ်း UN/ INGO တွေမှာ မရှိဘူးလား...

- အကူအညီရပိုင်ခွင့်တားဆီးခံမှုအဝင်  တရားမျှတမှုရရှိရေးအတွက် စစ်ကောင်စီကို ဘယ်လိုအရေးယူနိုင်မလဲ...

-စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ ခုခံတော်လှန်စစ် အားအကောင်းဆုံး စစ်ကိုင်းမှာကျင်းပခဲ့တဲ့... စစ်ကိုင်းဖိုရမ်-အကြောင်း ပြောခွင့်ရပုဂ္ဂိုလ်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, June 10, 2023

“မုန်တိုင်းသင့်ပြည်သူတွေထံ အကူအညီမရောက်အောင် တားဆီးခြင်းဟာ နိုင်ငံတကာဥပဒ...



“မုန်တိုင်းသင့်ပြည်သူတွေထံ အကူအညီမရောက်အောင် တားဆီးခြင်းဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်”

- ဒေါက်တာဝင်းမြတ်အေး (လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး)

(၁၀- ၆ -၂၀၂၃)

“ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူတွေထံ ပေးအပ်မယ့် နိုင်ငံတကာအကူညီတွေကို စစ်ကောင်စီက တားဆီးပိတ်ပင်မှုဟာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ အကူညီလိုအပ်နေသူတွေဆီ မရောက်ရောက်အောင် ပေးအပ်ရေးဟာ ကုလသမဂ္ဂအပါဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ တာဝန်ဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသား-စာနာနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။

ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူတွေဆီပေးအပ်မယ့် နိုင်ငံတကာအကူအညီတွေ၊ ကူညီရေးအဖွဲ့တွေကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- မုန်တိုင်းသင့်သူများအား ကူညီရေးအတွက် ပြင်သစ်အပါဝင် နိုင်ငံတကာနှင့် ဆွေးနွေးမှု ဘယ်လိုထူးခြားသလဲ...

- အာဆီယံ အပါဝင် အိမ်နီးချင်းနိုင်ငံတွေက ပေးအပ်တဲ့အကူအညီတွေ နည်းလမ်းမှန်ကန်ပါရဲ့လား....

- NUG ကိုယ်တိုင်ကကော မြေပြင်မှာ ဘယ်လိုကူညီပေးမှုတွေ ဆောင်ရွက်နေသလဲ...

- ကုလအပါဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တဲ့အတွက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ...

-စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မုန်တိုင်းသင့်ပြည်သူတွေ မုန်တိုင်းကြောင့်မသေပဲ စစ်ကောင်စီကြောင့် သေရမယ့်ကိန်း ဆိုက်နေပြီလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, June 9, 2023

“စစ်ကြောင်းထိုးပြီး ရင်ဆိုင်မတိုက်ပဲ အရပ်ဝတ်နဲ့ အရပ်ကားစီးပြီး ခိုးဝင်လာ...



“စစ်ကြောင်းထိုးပြီး ရင်ဆိုင်မတိုက်ပဲ အရပ်ဝတ်နဲ့ အရပ်ကားစီးပြီး ခိုးဝင်လာလို့ သတိပေးချက် ထုတ်ပြန်ရတာ”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၉ - ၆-၂၀၂၃)

“စစ်ကောင်စီတပ်တွေ ချင်းတောင်ပေါ် စစ်ကြောင်းထိုးတဲ့အခါ အကျအဆုံးများတဲ့အတွက် စစ်ကြောင်းကို အင်အား ထပ်မဖြည့်နိုင်ဖြစ်နေတယ်။ ဒါကြောင့် ခိုးကြောင်ခိုးဝှက်နဲ့ ချင်း မှတ်ပုံတင် အတုလုပ်၊ အရပ်ဝတ်နဲ့အရပ်ကားစီးပြီး ချင်းပြည်နယ်ထဲ ခိုးဝင်မှုများလာနေတဲ့အတွက် အခုလို တားဆီးအမိန့် စစ်ရေးသတိပေးချက်ထုတ်ပြန်ရတာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ ကပြောပါတယ်။

မနေ့ကထုတ်ပြန်တဲ့ ချင်းပြည်နယ်အတွင်း ခရီးသွားခွင့် စစ်ရေးသတိပေးချက်၊ CDF, PDF ခွင့်ပြုချက်ပါမှသွားခွင့်ပေးမယ်ဆိုတာအပါဝင် လက်ရှိ ချင်းတောင်ပေါ်က တိုက်ပွဲအခြေအနေကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ခရီးသွားခွင့်ကန့်သတ်တဲ့ စစ်ရေးသတိပေးချက် ဘာကြောင့် ထုတ်ပြန်ရသလဲ...

- စကစ တွေက မှတ်ပုံတင်အတုလုပ်၊ အရပ်ဝတ်စွပ်- အရပ်ကားစီးပြီး ချင်းတောင်ကို ဘယ်လိုခိုးဝင်နေသလဲ...

- ချင်းတောင်ပေါ်မှာ မိုခါမုန်တိုင်း ကယ်ဆယ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ...

- ဟားခါးနဲ့ ထန်တလန်ကြားက တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- တနိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စကစ က မိုးတွင်းကာလမှာ ထိုးစစ်အရှိန်မြှင့်နိုင်ပါ့မလား...

- အရှေ့မြောက်ဒေသ၊ အရှေ့တောင်ဒေသ၊ အညာဒေသနဲ့ ချင်းတောင်ပေါ်က တော်လှန်ရေးသမားတွေ ဘယ်လိုဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြမလဲ...

-စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, June 7, 2023

“စစ်ကောင်စီဟာ သွေးထွက်လွန်ပြီး သေတော့မယ့်လူနာလိုဖြစ်နေပြီ”



“စစ်ကောင်စီဟာ သွေးထွက်လွန်ပြီး သေတော့မယ့်လူနာလိုဖြစ်နေပြီ”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၈ - ၆- ၂၀၂၃)

“စစ်ကောင်စီတပ်ဟာ တိုက်ပွဲမှာအကျအဆုံးများတဲ့အပြင် တဖက်မှာလည်း လူစားထိုးဖို့ လူသစ်စုမရဖြစ်နေတယ်။ ဒါဟာ သွေးထွက်လွန်နေတဲ့ လူနာလိုဖြစ်နေပြီး အချိန်မီသွေးမသွင်းနိုင်ရင် မကြာခင်သေဆုံးသွားတော့မယ့်လက္ခဏာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော် ကပြောပါတယ်။

NUG သမ္မတကြီးရဲ့ မိုခါမုန်တိုင်းသင့်ဒေသခရီးစဉ်၊ ဝန်ကြီးတွေရဲ့ ရှေ့တန်းခရီးစဉ်၊ ရန်ကုန်နဲ့ ပဲခူးဖက်မှာ PDF တပ်ရင်းအသစ်ဖွဲ့စည်းမှု၊ ၂၀၂၃ ခုနှစ် လက်ကျန် ၆ လအတွင်း ထိုးစစ်ဆင်နိုင်မယ့်အလားအလာရှိသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မိုခါမုန်တိုင်းသင့်ဒေသဆီသွားခဲ့တဲ့ သမ္မတကြီးရဲ့ ခရီးစဉ်အကြောင်း...

- ပြည်ထဲရေးဝန်ကြီးရဲ့ ပဲခူးတိုင်းခရီးစဉ်အကြောင်း...

- ရန်ကုန်တိုင်းမှာ PDF တပ်ရင်းအသစ် ဖွဲ့စည်းတဲ့အကြောင်း..

- ၂၀၂၃ လက်ကျန် ၆ လအတွင်း ထိုးစစ်ဆင်နိုင်မယ့်အလားအလာရှိရဲ့လား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, June 6, 2023

“ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးကို ကျနော်တို့ဖက်က ပြင်ဆင်လာပြီဆိုကတည်းက စစ်...



“ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးကို ကျနော်တို့ဖက်က ပြင်ဆင်လာပြီဆိုကတည်းက စစ်ကောင်စီသည် ခံစစ်လုံးလုံးရောက်သွားပြီ“

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၆ - ၆- ၂၀၂၃)

“တော်လှန်ရေးတပ်တွေဖက်က ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးအတွက် ဆွေးနွေးနေပြီ၊ ပြင်ဆင်နေပြီဆိုကတည်းက စစ်ကောင်စီသည် ခံစစ်လုံးလုံးရောက်သွားပြီ။ ဒီထိုးစစ်ကို ဒေသဆိုင်ရာအဆင့်ကနေ တနိုင်ငံလုံး ဟန်ချက်ညီဖြစ်လာအောင် NUG က ဆောင်ရွက်ပေးဖို့ လိုတယ်” လို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန် ကပြောပါတယ်။

မင်းတပ် CDF က နှိုးဆော်နေတဲ့ “အားယူထပျံ- အောက်ချင်းအားမာန်” ကမ်းပိန်းအခြေအနေ၊ ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် တကယ်ဆောင်ရွက်နိုင်မလား၊ ထိုးစစ်အတွက် တနိုင်ငံလုံးဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- “အားယူထပျံ- အောက်ချင်းအားမာန်” ကမ်းပိန်းက ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် ဘယ်လိုအရေးကြီးသလဲ...

- စစ်ကောင်စီပြိုလဲဖို့ နည်းနည်းလေးပဲ လိုတော့တယ်လို့ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ....

- ချင်းပြည်နယ်၊ ယောနယ်နဲ့ အညာဒေသအပါဝင် တနိုင်ငံလုံး ဟန်ချက်ညီ ထိုးစစ်ဖေါ်နိုင်အောင် NUG က ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, June 5, 2023

“လက်နက်ကောင်းတွေကိုင်ထားတဲ့ စစ်ကောင်စီဟာ တကယ်တော့ ခံစစ်ကိုရောက်နေပါပြီ”


“လက်နက်ကောင်းတွေကိုင်ထားတဲ့ စစ်ကောင်စီဟာ တကယ်တော့ ခံစစ်ကိုရောက်နေပါပြီ”

- ဗိုလ်နဂါး (ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၅- ၆- ၂၀၂၃)

“စစ်ကောင်စီတပ်ဟာ လက်နက်ကောင်းတွေကိုင်ထားနိုင်တယ်ဆိုပေမယ့် တကယ်တော့ ခံစစ်ကိုရောက်နေပြီ။ တော်လှန်ရေးတပ်တွေက နေရာအတော်များများမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နေပြီ။ အောင်ပွဲမတိုင်ခင်လေးမှာ ကြုံရတဲ့အခက်အခဲတွေကို ပြည်သူတွေအနေနဲ့ တောင့်ခံထားပေးပါ” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး ကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲအခြေအနေ၊ စစ်ကိုင်းဖိုရမ်-ကျင်းပမှုအနေအထား၊ ဒီနှစ်အတွင်း တန်ပြန်ထိုးစစ်ဆင်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဇီးဖြူကုန်းစခန်းတိုက်ပွဲအပါဝင် စစ်ကိုင်းက တိုက်ပွဲအနေအထား...

- စစ်ကိုင်းဖိုရမ်-ကျင်းပပြီးနောက်ပိုင်း နိုင်ငံရေး-စစ်ရေး ဆောင်ရွက်နိုင်မှု ပိုအားကောင်းလာသလား....

- ရွာမီးရှို့ခံရမှုတွေကို တားဆီးနိုင်ဖို့ ဘာတွေလိုအပ်နေသလဲ...

- အညာအပါဝင် တနိုင်ငံလုံး ဟန်ချက်ညီ ထိုးစစ်ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးတပ်တွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- တသက်စာကောင်းဖို့အတွက် ခဏတာ နာကျင်မှုကို တောင့်ခံထားဖို့လိုတယ်လို့ ဗိုလ်နဂါးရဲ့ တိုက်တွန်းချက်...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်းအခက်အခဲကြောင့် အချို့နေရာတွေမှာ အသံမြန်ပြီး ပုံနှေးတာ၊ အသံရော-ပုံပါ ပြတ်တောက်၊ ပြတ်တောက်ဖြစ်ခဲ့တာတွေအတွက် တောင်းပန်အပ်ပါတယ်။ ချင်း-ယော နယ်စပ် ထိုးစစ်အခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းယောမာန်နဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မနက် ထုတ်လွှင့်ပါမယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, June 4, 2023

“စကစ ဖက်က ဒု ရင်းမှူးအပါဝင် ၁၀ ဦးဝန်းကျင် ကျဆုံးမယ်လို့ ခန့်မှန်းပါတယ်”



“စကစ ဖက်က ဒု ရင်းမှူးအပါဝင် ၁၀ ဦးဝန်းကျင် ကျဆုံးမယ်လို့ ခန့်မှန်းပါတယ်”

- ဆလိုင်းယောမာန် - (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၅- ၆- ၂၀၂၃)

“မင်းတပ်နဲ့ ကျောက်ထုအကြား တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဒု ရင်းမှုးအပါဝင် ၁၀ ခန့်ကျဆုံးပြီး ဒဏ်ရာရသူလည်းများတယ်။ မေ ၂၉ ရက်နေ့ကတည်းက မင်းတပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ အခုထိ ကျောက်ထုကို မရောက်သေးဘူး၊ ကျောက်ထုလေယာဉ်ကွင်းကိုလည်း တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်နိုင်ခဲ့တယ်” လို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန် ကပြောပါတယ်။

မေလ ၃၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရင့်ရဲရွာမီးရှို့ခံရမှုအခြေအနေ၊ ချင်း-ယောနယ်စပ်က တိုက်ပွဲအခြေအနေ၊ “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းအခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- မင်းတပ်နဲ့ ကျောက်ထုအကြား တိုက်ပွဲမှာ စစ်ကောင်စီဖက်က ဘယ်လောက်ထိခိုက် ကျဆုံးနေသလဲ...

- ကျောက်ထုလေယာဉ်ကွင်း ပစ်ခတ်မှုနဲ့ မင်းတပ်တိုက်ပွဲ တပြိုင်တည်းဖြစ်တာလား...

- ရင့်ရဲရွာမီးရှို့ခံရမှု အိမ်ခြေဘယ်လောက် မီးထဲပါသွားသလဲ...

- ပျောက်ကြားစစ်လောက်နဲ့မရဘူး၊ ထိုးစစ်- မြို့သိမ်းတိုက်ပွဲလုပ်နိုင်မှ ရမယ်လို့ ဘာကြောင့်ပြောတာလဲ...

- “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းက ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်း-ယော နယ်စပ်အပြင် တနိုင်ငံလုံးဟန်ချက်ညီ ထိုးစစ်ဖြစ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ ... ဆွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မနက် ထုတ်လွှင့်ပါမယ်။ ဒီနေ့ညနေပိုင်းမှာတော့ စစ်ကိုင်းတိုင်းက PDF ခေါင်းဆောင် ဗိုလ်နဂါးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, June 3, 2023

“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်...



“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်းမှာတော့ ပညာသင်ခွင့်ရနေသင့်တယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED)

(၃- ၆- ၂၀၂၃)

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားကျောင်းတွေမှာ ကျောင်းသားဦးရေ နှစ်ဆ အထိတိုးလာတယ်။ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်၊ နေခွင့်မရတဲ့ကလေးတွေများလာနေတယ်။ တကယ်ဆို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်းမှာတော့ ပညာသင်ခွင့်ရနေသင့်တယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းမနေနိုင်တဲ့ ကလေးတွေများလာနေတာ၊ ထိုင်းဖက်ကို အစုအပြုံလိုက်ထွက်လာနေတာ၊ အနာဂတ်ပျောက်နေတဲ့ ပညာရေးအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံရှိ ရွှွေပြောင်းအလုပ်သမားကျောင်းတွေဆီ ကျောင်းသားဘယ်လောက်အထိ တိုးလာနေသလဲ...

- ထိုင်းရှိ မြန်မာစာသင်ကျောင်းတွေမှာ ဘယ်လိုသင်ရိုးညွှန်းတန်းတွေနဲ့ သင်ပေးနေသလဲ...

- စစ်အစိုးရကနေ အရပ်သားအစိုးရကိုပြောင်းတဲ့အခါ မြန်မာကလေးတွေရဲ့ ပညာရေးအခွင့်အလမ်း ပိုကောင်းလာနိုင်သလား...

- စစ်ဖြစ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ကလေးတွေဟာ စာသင်ကျောင်းတခုခုမှာ ရှိနေသင့်တယ်လို့ ဘာကြောင့်ပြောာတာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, June 1, 2023

“အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့၊ ဒီလို အရေ...



“အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့၊ ဒီလို အရေးပေါ်ကိစ္စတွေကို အမြန်ဆောင်ရွက်ပေးဖို့လိုနေပါတယ်”

- ဦးဇော်ဇော်ထွန်း (သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိအောင် ကူညီဆောင်ရွက်ရေးအဖွဲ့ - ACRO)

(၁- ၆- ၂၀၂၃)

“အင်အားပြင်း မိုခါမုန်တိုင်း တိုက်ခတ်ခဲ့တာ သီတင်းနှစ်ပတ်ကျော် ကြာလာတဲ့အထိ နိုင်ငံတကာအကူအညီက ကျေးလက်ဒေသဆီမရောက်သေးဘူး။ ဒုက္ခသည်တွေ အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့ စတဲ့ အခြေခံ အရေးပေါ်ကိစ္စတွေကို တာဝန်ရှိသူအားလုံးက အမြန်ဆောင်ရွက်ပေးဖို့လိုနေတယ်” လို့ စစ်တွေအခြေစိုက် ဒေသခံလူထု သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိအောင် ကူညီဆောင်ရွက်ရေးအဖွဲ့ - (ACRO) စီမံကိန်း ဒါရိုက်တာ ဦးဇော်ဇော်ထွန်း ကပြောပါတယ်။

မိုခါမုန်တိုင်းဒဏ်ခံရပြီး သီတင်း ၂ ပတ်ကျော်ကြာတဲ့အထိ နိုင်ငံတကာအကူအညီတွေ ကျေးလက်ဒေသဆီ မရောက်သေးတဲ့အခြေအနေ၊ ပြန်လည်ထူထောင်ရေးကို ခနထားဦး- အမိုးအကာ၊ အစားအစာနဲ့ သောက်ရေကိုတောင် အဆင်ပြေအောင် မစီစဉ်ပေးနိုင်သေးတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နိုင်ငံတကာအကူအညီတွေ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေဆီရောက်ဖို့ ဘာကြောင့်နှေးကွေးနေသလဲ...

- နာဂစ်အလွန်ကာလနဲ့ မိုခါအလွန်ကာလ ဘာတွေတူပြီး ဘာတွေကွာခြားသလဲ...

- လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ အခြေခံစီးပွားရေးလုပ်ငန်းတွေ ဘယ်လောက်အထိ ပျက်စီးသွားသလဲ....

- ပြန်လည်ထူထောင်ရေးကို ခနထားဦး- အမိုးအကာ၊ အစားအစာနဲ့ သောက်ရေကိုတောင် အဆင်ပြေအောင် စီစဉ်မပေးနိုင်သေးတာ ဘာကြောင့်လဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More