Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၃၉

ဧရာ၀တီ။

ေရွ႔တန္းဆင္းဖုိ႔ ေဆြးေႏြးေနတဲ့ ေတာင္ပုိင္း ဗလဖ အစည္းေ၀းတခု
 
နုိင္ငံျခား သတင္းေထာက္တဦးနဲ႔အတူ အခ်ဳပ္ခန္းထဲမွာ တညတာ

က်ေနာ္တို႔အုပ္စု ရဟန္း၀တ္တဲ့အခ်ိန္ဟာ ၇ ရက္ထက္ မပုိပါဘူး။ ေရွ႕တန္းထြက္ေရးကိစၥ၊ တျခားကိစၥေတြအတြက္ အစည္းအေ၀း လုပ္စရာရွိလုိ႔ဆုိၿပီး ေတာင္ပုိင္း စစ္ေဒသတာ၀န္ခံ ကုိမ်ဳိး၀င္းနဲ႔ က်ေနာ္အပါ၀င္ တာ၀န္ရွိသူ ၄၊ ၅ ဦး အရင္ လူထြက္လုိက္ရပါတယ္။ က်န္တဲ့ ရဲေဘာ္တခ်ဳိ႕ကေတာ့ ၁၀ ရက္ကေန သတင္း ၂ ပတ္အထိ ဆက္၀တ္ၾကပါတယ္။
က်ေနာ္တို႔ ေတာင္ပုိင္းစစ္ေဒသ အစည္းေ၀းရဲ့ ဆုံးျဖစ္ခ်က္ကေတာ့ ျပည္ျခား-ပုေလာေဒသဆီ ခရီးထြက္ၿပီး ေရွ႕တန္းတပ္ေတြကို ျပန္လည္စုဖြဲ႔ေရး။ လူထုစည္း႐ံုးေဟာေျပာေရး၊ အထူးသျဖင့္ အဲဒီအခ်ိန္ဟာ န၀တကေန အမ်ဳိးသားညီလာခံ ျပန္လည္ က်င္းပမယ္လို႔ ေၾကညာထားခ်ိန္ျဖစ္တဲ့အတြက္ အဲဒီညီလာခံကုိ (အဲဒီကာလ စကားလုံးအတုိင္းဆုိရင္) ဘက္ေပါင္းစုံကေန အဆင့္တုိင္း၊ အဆင့္တုိင္းမွာ ဆန္႔က်င္တုိက္ဖ်က္ေရးအတြက္ ျဖစ္ပါတယ္။


အလားတူ စစ္ေၾကာင္းေတြ တျခားစစ္ေဒသေတြမွာလည္း တၿပိဳင္တည္း ထြက္ၾကတယ္လုိ႔ ထင္ပါတယ္။ ဒီလုိ စစ္ေၾကာင္းထြက္ဖုိ႔ ျပင္ေနတုန္း ဗဟုိကေန က်ေနာ္တို႔ဆီ ေၾကးနန္းတခု ၀င္လာပါတယ္။ အရင္က ဗဟုိဖက္မွာ လုပ္အားေပး အဂၤလိပ္စာျပေက်ာင္းဆရာအျဖစ္ ၃ လခန္႔ လုပ္ေပးဖူးတဲ့ နယူးဇီ လန္နုိင္ငံသား ေဒးဗစ္  (အဲဒီကာလေတြအထိ မိသားစုအမည္ေတြကို အေလးထားရမွန္း က်ေနာ္တို႔ မသိဘဲ ပထမအမည္ေတြ၊ အမည္တုိေတြကိုပဲ မွတ္ထားေလ့ရွိပါတယ္) ဟာ အခု ၾသစေတးလ် သတင္းဌာနအတြက္ ဓာတ္ပုံသတင္းေထာက္အျဖစ္ ဘန္ေကာက္ကို ေရာက္ေနေၾကာင္း၊ သူဟာ ABSDF အေၾကာင္း ႐ုပ္သံမွတ္တမ္းတခု လုပ္ခ်င္ေနေၾကာင္း၊ ဒါေၾကာင့္ သူ႔ကုိ က်ေနာ္တို႔ စစ္ေၾကာင္းနဲ႔အတူ ေရွ႕တန္းေခၚသြားဖုိ႔ ျဖစ္ပါတယ္။ ဒီအတြက္ ေတာင္ပုိင္းစစ္ေဒသ ျပန္ၾကားေရးတာ၀န္ခံ က်ေနာ္ဟာ မင္းသမီးခစန္းကေန ဘန္ေကာက္ကို အျမန္တက္ၿပီး အဲဒီပုဂၢိဳလ္ကို သြားေခၚရပါတယ္။

အဲဒီကာလေတြဟာ မင္းသမီးကေန ကန္ခ်နပူရီ၊ ဘန္ေကာက္ကုိ က်ေနာ္တုိ႔ ေက်ာင္းသားေတြ ဒီလုိပဲ လုိင္းကားစီး ခုိးသြားေနၾကျဖစ္ၿပီး နယ္စပ္ရွိ ထုိင္းေထာက္လွမ္းေရး၊ နယ္ျခားေစာင့္ ထုိင္းစစ္သားေတြကလည္း မသိဟန္ ေဆာင္ေပးထားတဲ့သေဘာ ရွိပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ မသိလုိက္တဲ့အခ်က္က သူတို႔ မသိခ်င္ဟန္ ေဆာင္ေပးထားတာဟာ က်ေနာ္တုိ႔ ေတာထဲက ေက်ာင္းသားေတြကိုသာျဖစ္ၿပီး နုိင္ငံျခားသားကုိေတာ့ က်ေနာ္တို႔လုိ ခုိး၀င္ ခုိးထြက္ ခြင့္ျပဳမွာမဟုတ္ဘူး ဆုိတဲ့အခ်က္ပါ။ နုိင္ငံျခားသားေတြထဲမွာလည္း ဂ်ပန္နဲ႔ အာရွသားေတြဆုိရင္ က်ေနာ္တုိ႔ ေက်ာင္းသားေတြလုိ ဟန္ေဆာင္သြားလုိ႔ ရေပမယ့္ အခုေရာက္လာတဲ့ ေမာင္ေဒးဗစ္က ျဖဴျဖဴထြားထြားနဲ႔ အရပ္ ၆ ေပေက်ာ္ ရွိသူဆုိေတာ့ “အေ၀းက ျမင္နုိင္သည္” ဆုိတဲ့ ပုံမ်ဳိးျဖစ္ေနပါတယ္။ ဒါကို သတိမထားမိတဲ့ က်ေနာ္ဟာ ေမာင္ေဒးဗစ္နဲ႔အတူ ဖုနန္းလြန္ ရြာထဲမွာ လုိင္းကားေပၚကဆင္း၊ အဲဒီရြာနဲ႔ က်ေနာ္တို႔ စခန္းရွိရာ ထီးခီးနဲ႔ အလယ္စတုိဘက္သြားတဲ့ လမ္းဆုံလမ္းခြမွာ ၀ါးတားဂိတ္ ၂ ခုပိတ္ၿပီး ေစာင့္ဖမ္းေနတဲ့ ထုိင္းနယ္ျခားေစာင့္တပ္ကုိ ေရွာင္ၿပီး က်ေနာ္တို႔ ခုိးသြားေနၾက ေတာလမ္းေလးအတုိင္း ျဖတ္ေလွ်ာက္္လာခဲ့ပါတယ္။

ပုံမွန္အားျဖင့္ဆုိရင္ ဖုနန္းလြန္ရြာလယ္ကေန ခြ်န္မုိင္းေဟာင္းက ကရင္အိမ္တန္းေတြရွိရာ ေနရာအထိေလွ်ာက္ရတဲ့ ဒီေတာလမ္းဟာ ၁၅ မိနစ္ေလာက္သာ ၾကာေပမယ့္ ဒီတႀကိမ္မွာေတာ့ က်ေနာ္တို႔ လမ္းမွားေနလုိ႔ သတ္မွတ္ခ်ိန္ထက္ ပုိၾကာသြားခဲ့ပါတယ္။ မိနစ္ ၂၀ ေလာက္ၾကာၿပီးတဲ့အခ်ိန္ ကရင္အိမ္တန္းဖက္က ကားလမ္းၾကမ္းဆီ က်ေနာ္တုိ႔ ၂ ဦး ခ်ဥ္းကပ္လာခ်ိန္မွာ ထုိင္းဘာသာန ဲ႔စကားေျပာသံေတြ၊ စစ္ဘြတ္ဖိနပ္သံေတြ ႐ုတ္တရက္ ၾကားလုိက္ရပါတယ္။ တခုခုေတာ့ လဲြေနၿပီဆုိတာကို သိလုိက္တာနဲ႔ ေဒးဗစ္လက္ကုိဆြဲၿပီး သစ္ပင္ႀကီးတပင္ေနာက္မွာ က်ေနာ္တုိ႔ ေနရယူလုိက္ပါတယ္။ အေသခ်ာ ေခ်ာင္းၾကည့္လုိက္ေတာ့ အနက္ေရာင္ ယူနီးေဖာင္း၀တ္ထားတဲ့ ထုိင္းစစ္သား ၅ ဦး၊ သူတို႔လက္ထဲမွာ M 16-နဲ႔ M 79 တြဲထားတဲ့ လက္နက္တလက္၊ M 16 ႐ိုး႐ုိးက ၄ လက္ ပါတဲ့အျပင္ ေရွ႕ထြက္မုိင္းေတြေရာ၊ လက္ပစ္ဗုံးေတြေရာ၊ လွံစြပ္ေတြေရာ၊ ဓားေတြေရာ၊ ႀကိဳးေတြေရာ၊ ေ၀ၚကီေတာ္ကီ စကားေျပာစက္ေတြေရာ စုံလုိပါပဲ။

ဒီပုံအတုိင္း ဆုိရင္ေတာ့ က်ေနာ္တုိ႔ ေတာထဲ၀င္သြားတာကို ရြာသားေတြက ထုိင္းစစ္တပ္ဆီ သတင္းပို႔လို္က္လုိ႔ ေတာနင္းလာရွာတယ္ဆုိတာ ျဖစ္ဖုိ႔မ်ားပါတယ္။ ဆက္ပုန္းေနရင္ ပစ္ခတ္ခံရမယ့္ အေျခအေနအထိ ျဖစ္သြားနုိင္တယ္လုိ႔ တြက္ဆၿပီး သစ္ပင္ေနာက္ကေန ထြက္၊ ထုိင္းလုိ မတတ္တတတ္ ေအာ္ၿပီး “က်ေနာ္တို႔ ဒီမွာပါ” လုိ႔ ေျပာကာ အဖမ္းခံလုိက္ရပါတယ္။ ေဒးဗစ္ကုိၾကည့္ေတာ့ မ်က္စိမ်က္နွာပ်က္လုိ႔။ က်ေနာ္လည္း ဘာလုပ္ရမွန္းမသိ။ ထုိင္းတ၀က္၊ အဂၤလိပ္တ၀က္၊ လက္ဟန္ေျခဟန္တ၀က္နဲ႔ ရွင္းျပေပမယ့္ စကားက လုိရင္းမေရာက္။ ဒီေတာ့ က်ေနာ္တို႔ ၂ ဦးကုိ ေသနတ္နဲ႔ေတ့ၿပီး ေရွ႕မွာေျပာခဲ့တဲ့ ၀ါးတားဂိတ္ရွိရာ နယ္ျခားေစာင့္ တပ္စခန္းဆီ ေခၚလာခဲ့ပါတယ္။ အဲဒီ ဂိတ္တဲေဘးက သားသားနားနား အေဆာင္ထဲကို က်ေနာ္တို႔ ၂ ဦး ေရာက္တဲ့အခ်ိန္မွာေတာ့ အရာရွိလုိ႔ ယူဆရတဲ့ စစ္ဗုိလ္တဦးက က်ေနာ့္ကို ေမးခြန္းေတြ ေမးပါတယ္။

အဓိက ေမးခြန္းကေတာ့ တရား၀င္လမ္းေၾကာင္းကေန မသြားဘဲ ဘာေၾကာင့္ေတာထဲကေန ခုိးသြားတာလဲ၊ ငါတို႔ အသိမခံနုိင္တဲ့ လွ်ိဳ႕၀ွက္အစီအစဥ္ေတြ မင္းတို႔မွာ ရွိေနလား၊ နုိင္ျခားသားနဲ႔ မင္းတို႔ ဘာေတြလုပ္ဖုိ႔ စီစဥ္ထားလဲဆုိတဲ့ စြပ္စဲြခ်က္ေတြ၊ သံသယေတြ ပါ၀င္ေနပါတယ္။ ဒီလို က်ေနာ္တို႔ အျပန္အလွန္ ေျပာေနတုန္း စကားျပန္အျဖစ္ ေရာက္လာသူကေတာ့ KNU တပ္မဟာ ၄ ပုိ႔ေဆာင္ေရးဌာနမွ ကားသမား ကုိဘေခ်ာ ျဖစ္ပါတယ္။ တခါ သူနဲ႔ ေရွ႕ဆင့္ေနာက္ဆင့္ ေရာက္လာသူကေတာ့ တပ္မဟာ ၄ နဲ႔ ခ်ဳံဖုံမုိင္း ေရကန္ေဘးက ေနအိမ္ေတြဆီမွာ တလွည့္စီေနၿပီး နယ္ေျမသတင္းယူေနသူ၊ အဲဒီလုိ သတင္းယူရင္းနဲ႔ က်ေနာ္တုိ႔ ေတာ္လွန္ေရးအဖြဲ႔ေတြကို ကူညီေနသူလုိ႔ ေျပာနုိင္တဲ့ ထုိင္းေထာက္ လွမ္းေရးအဖြဲ႔မွ က်ေနာ္နဲ႔ ရင္းနွီးတဲ့ ဗုိလ္တဦး ျဖစ္ပါတယ္။

အဲဒီ ေထာက္လွမ္းေရးဗုိလ္ဟာ အဂၤလိပ္စကား ေကာင္းေကာင္းေျပာတတ္ၿပီး က်ေနာ္တို႔ကုိ စိတ္မပူဖုိ႔၊ မနက္ျဖန္က်ရင္ ကန္ခ်နဘူရီၿမိဳ႕ေပၚတက္ၿပီး ေျပလည္ေအာင္ သူေျဖရွင္းေပးမယ္လုိ႔ အာမခံ သြားပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္ကေတာ့ တာ၀န္အရ က်ေနာ္တို႔ကုိ ထိမ္းသိမ္းထားရမွာ ျဖစ္တဲ့အတြက္ ဂိတ္တဲေဘးက အခ်ဳပ္ေဆာင္လုိေနရာထဲ က်ေနာ္တို႔ ၂ ဦးကို သြင္းလုိက္ပါတယ္။ ေစာင္ေတြ၊ ေခါင္းအုံးေတြ အေသခ်ာရွိေနတဲ့အျပင္ အနီးအနား ထုိင္းဆုိင္ကေန ထမင္းေၾကာ္ပါ မွာၿပီးေႂကြးထားတဲ့အတြက္ က်ေနာ္စိတ္ထဲ အဖမ္းခံေနရတယ္ ဆုိတာကုိ ေမ့သြားပါတယ္။ ဒီလိုနဲ႔ ညမအိပ္ခင္ အေပါ့သြားမယ္ဆုိၿပီး အျပင္ထြက္သြားေတာ့ ေသနတ္ကုိ အဆင္သင့္ကုိင္ထားတဲ့ ထုိင္းစစ္သားက ထုိင္းဘာသာနဲ႔ တခုခု ေအာ္ေျပာပါတယ္။ သူဘာေျပာမွန္း မသိတဲ့ က်ေနာ္က ေရွ႕နားက ၿခံဳပုတ္ဆီ ဆက္တုိးၿပီး မေအာင့္နုိင္ေတာ့တဲ့ကိစၥကို ေျဖရွင္းဖုိ႔ ျပင္လုိက္ပါတယ္။ ေနာက္ထပ္ စစ္သား ၄ ဦးေလာက္ ေရာက္လာၿပီး က်ေနာ္ကုိလာ၀ုိင္းပါတယ္။ ေနာက္ပုိင္းမွ ျပန္သိရတာက က်ေနာ္တို႔ ထြက္ေျပးတယ္ဆုိရင္ ပစ္မိန္႔ေပးထားတဲ့အတြက္ ႐ႈး႐ႈးေပါက္ဖုိ႔ ေတာတုိးတဲ့က်ေနာ္ကုိ ေတာထဲထြက္ေျပးတယ္ထင္ၿပီး အပစ္ခံရမဲ့ေဘးက သိီသီေလး လြတ္ခဲ့တာျဖစ္ပါတယ္။

ေနာက္တေန႔ မနက္မွာေတာ့ ေထာက္လွမ္းေရးပုိင္ ဂ်စ္ကားတစီးေရာက္လာၿပီး နယ္ျခားေစာင့္တပ္က စစ္ဗုိလ္ရယ္၊ ေထာက္လွမ္းေရးရယ္၊ က်ေနာ္တို႔ ၂ ဦးရယ္ ကန္ခ်နပူရီၿမိဳ႕ေပၚကုိ ျပန္တက္လာပါတယ္။ ကန္ခ်နပူရီ-ဆုိင္ယုပ္ လမ္းဆုံအနီးရွိ ရဲစခန္းတခုဆီ၀င္ၿပီး ျဖစ္စဥ္အေသးစိတ္ကို ေထာက္လွမ္းေရးမႉးက ေျပာျပပါတယ္။ ဒီျဖစ္စဥ္အေပၚ နယ္ျခားေစာင့္တပ္က ဖမ္းသင့္တယ္လုိ႔ တင္ျပၿပီး ေထာက္လွမ္းေရးက လႊတ္ေပးသင့္တယ္လို႔ ေျပာပါတယ္။ ဆုိလုိတာကေတာ့ က်ေနာ္တို႔ကိစၥအေပၚ သူတို႔ ၂ ဦး အျမင္မတူတဲ့အေပၚ သူတို႔ထက္ ပုိတာ၀န္ႀကီးတဲ့ ရဲမႉးႀကီးတဦးဆီမွာ လာၿပီး အဆုံးအျဖတ္ခံယူတဲ့ သေဘာပါ။ နာရီ၀က္ေလာက္ အျပန္အလွန္ ေဆြးေႏြးပဲြ အၿပီးမွာေတာ့ က်ေနာ္တို႔ကို လႊတ္ေပးဖုိ႔၊ ဒါေပမယ့္ ေနာက္ဆုိရင္ ဒီလုိခုိးသြားတာကို ေရွာင္ၿပီး သူတို႔ဆီမွာ တရား၀င္ ခြင့္ျပဳခ်က္ေတာင္းၿပီးမွ သြားဖုိ႔ ရဲမႉးႀကီးက ၾသ၀ါဒေပးျပီး ျပန္လႊတ္လုိက္ပါတယ္။

ေသနပ္မပါတဲ့ စစ္ေၾကာင္းမႈးနဲ့ တတိယ အႀကိမ္ ေရွ႕တန္းခရီးစဥ္

ဖုနန္းလြန္ကေန တပ္မဟာ ၄ ဌာနခ်ဳပ္ ထီးခီးကိုေရာက္ေတာ့ က်ေနာ္တို႔ရဲ့သတင္းကို KNU အရာရွိေတြ အားလုံးသိၿပီးေနပါၿပီ။ KNU ဟာ နုိင္ငံျခားသတင္းေထာက္ေတြကို သူတို႔ကုိယ္တုိင္ ဖိတ္ၿပီး ေနာက္တန္း၊ ေရွ႕တန္း ေနရာအေတာ္မ်ားမ်ားကုိ ျပသေနေပမယ့္ သူတို႔ကုိ အသိမေပးဘဲ က်ေနာ္တို႔ အစီစဥ္နဲ႔ ဒီလုိမ်ဳိး သီးျခား ေခၚလာတာကိုေတာ့ သိပ္ႀကိဳက္ပုံမရ။ ဒါေပမယ့္ တားဆီးဖုိ႔ကလည္း မသင့္ေတာ္တာနဲ႔ ဘယ္နား မေခၚသြားနဲ႔၊ ဘယ္ဟာေတြကို မျပနဲ႔လုိ႔ က်ေနာ္ကို တီးတုိးေျပာၿပီး နုိင္ငံျခားသားအတြက္ ေရွ႕တန္းခရီး သြားခြင့္လက္မွတ္ ေရးေပးလုိက္ပါတယ္။ အဲဒီေတာ့မွ ေမာင္ေဒးဗစ္ရဲ့ မ်က္ႏွာ ၿပံဳးရိပ္သန္းလာၿပီး သူကင္မရာကုိထုတ္ကာ စတင္႐ုိက္ပါေတာ့တယ္။ သူ ပထမဆုံး႐ုိက္တာက က်ေနာ္တို႔ မင္းသမီးစခန္းမွာ အဲဒီကာလက တပတ္တခါ ပုံမွန္က်င္းပေနက် တပ္ရင္းေဆြးေႏြးပဲြျဖစ္ပါတယ္။

စည္း႐ံုးေရးနဲ႔ ျပန္ျကားေရးဌာနက ဦးစီးက်င္းပတဲ့ အဲဒီေဆြးေႏြးပဲြအတြင္း လက္တေလာျဖစ္ ေပၚေနတဲ့သတင္းေတြ၊ နုိင္ငံေရးအေျခေနေတြ၊ တပ္တြင္းအေျခေနေတြ၊ ေရွ႕တန္းအေျခေနေတြ အသီးသီးကုိ တင္ၿပီး အျပန္အလွန္ ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။ အိမ္ေထာင္သည္လုိင္းက ေမြးကင္းစ သားသည္အေမေတြပါ တက္ေရာက္တဲ့ အဲဒီေဆြးေႏြးပဲြဟာ က်ေနာ္တို႔အတြက္ သိပ္မထူးဆန္းေပမယ့္ နုိင္ငံျခား သတင္းေထာက္တဦး အတြက္ေတာ့ ေတြ႔သမွ်အားလုံးဟာ အထူးအဆန္း ျဖစ္ေနပုံရပါတယ္။ ေရွ႕က သဘာပတိ ကိုမ်ဳိး၀င္းက အမ်ဳိးသားညီလာခံကုိ ဘယ္လုိ တုိက္ဖ်က္ရမယ္လုိ႔ အားပါးတရ ေျပာေနခ်ိန္မွာ အေနာက္ဖက္က ကေလးမိခင္တဦးက ကေလးကုိ နုိ႔တုိက္ၿပီး ေခ်ာ့သိပ္ေနပါတယ္။ ရဲေဘာ္တခ်ဳိ႕ ေဆးလိပ္ဖြာၿပီး တီးတုိးေျပာေနတဲ့ ပုံမ်ဳိးေတြကုိ ေမာင္ေဒးဗစ္ရဲ့ ဗီဒီယုိမွတ္တမ္းထဲမွာ ေတြ႔ရပါတယ္။

တခါ ငွက္ဖ်ားတက္ေနတဲ့ ေဆး႐ံုေပၚက ကေလးငယ္ေတြ၊ ေဆး၀ါးမလုံေလာက္လုိ႔ ၿငီးေနတဲ့ ေဆးမႉး၊ အိမ္ေထာင္သည္လုိင္းက အဟာရျပတ္ေနပုံေပၚတဲ့ နွပ္ေခ်းတဲြေလာင္းနဲ႔ ကေလးငယ္ေတြ၊ ေရွ႕တန္းထြက္မယ္ေျပာၿပီး က်ည္ဆံမရွိတဲ့အတြက္ အိမ္ေထာင္သည္လုိင္းက ရဲေဘာ္ေတြဆီမွာ ကာဘုိင္ က်ည္တေတာင့္ခ်င္း လုိက္စုေနတဲ့ပုံ။ ေရွ႕တန္းမွာ သူ႔ကုိယ္သူ ေသေၾကာင္းႀကံတဲ့ ရဲေဘာ္တဦးရဲ့ က်ည္ေဘးထြက္ၿပီး ေခ်ာ္ထိလုိ႔ ကိုယ္တပုိင္း ေသသြားတဲ့ ရဲေဘာ္ရဲ့ခံစားခ်က္။ ဒီလုိ႐ႈပ္ေနတဲ့ၾကားထဲ ေရွ႕မွာေျပာခဲ့တဲ့ ဘုန္းႀကီးေက်ာင္းက ေက်ာင္းထုိင္ဆရာေတာ္ ဦးဇင္းသန္းေဇာ္နဲ႔ အဖြဲ႔ ဆြမ္းခံႂကြလာပုံေတြကို ေမာင္ေဒးဗစ္က အမိအရ ဗီဒီယုိမွတ္တမ္းတင္ထားပါတယ္။

ဆုိလုိတာေတာ့ ဒီလုိသ႐ုပ္မွန္ ျပကြက္မ်ဳိးေတြဟာ နုိင္ငံတကာရုပ္သံမွတ္တန္းအတြက္ အေရး ျကီးေပမဲ့ အဲဒီကာလမွာ သတင္းေထာက္ျဖစ္ကာစ က်ေနာ္က သတင္းတန္ဖုိး၊ ႐ုပ္သံတန္ဖုိးကို ေကာင္းေကာင္း နားမလည္ေသး။ ျမန္မာ့႐ုပ္သံမွာျပေနက် ဗဟုိသတင္းစဥ္လုိ ၀ါဒျဖန္႔ခ်ိေရးဆန္ဆန္ မွတ္းတမ္းေတြနဲ႔သာ ရင္းနွီးေနၿပီး ABSDF ျပန္ၾကားေရးဌာန ကိုယ္တုိင္ကလည္း ဗဟုိသတင္းစဥ္နဲ႔ သိပ္မကြာတဲ့ ႐ုပ္သံေတြ ႐ုိက္ကူးေနဆဲ။ က်ေနာ့္ အရင္ ျပန္ၾကားေရးတာ၀န္ယူခဲ့တဲ့ ဦးဟန္လင္းကိုယ္တုိင္လည္း မင္းသမီးခစန္းအေၾကာင္း ႐ုပ္သံရုိက္တဲ့အခါ ဒီလုိျဖစ္ရပ္မွန္ေတြ၊ အဖြဲ႔အစည္းရဲ့ အားနည္းခ်က္ေတြကို ေရွာင္ၿပီး အားသာခ်က္ေတြကုိသာ ဦးစားေပးတဲ့၊ တကယ့္ျဖစ္ရပ္ထက္ လုိတဲ့အကြက္ေတြကိုသာ ဆင္ၿပီး႐ုိက္ခဲ့တာကိုသာ ျမင္ဖူးတဲ့ က်ေနာ္အဖို႔ ေမာင္ေဒးဗစ္ရဲ့ ႐ုပ္သံက တမ်ဳိးႀကီး ျဖစ္ေနပါတယ္။

အစည္းေ၀းနဲ႔ ေဆြးေႏြးပဲြအဖုုံဖုံကို သတင္းတပတ္ၾကာ လုပ္ၿပီးတဲ့အခါမွာေတာ့ က်ေနာ္တို႔အဖြဲ႔ ေရွ႕တန္း တကယ္ထြက္ဖုိ႔ ျပင္ပါတယ္။ ေတာင္ပုိင္းစစ္ေဒသ အဖြဲ႔၀င္ျဖစ္တဲ့ က်ေနာ္က စစ္ေၾကာင္းမႉးတာ၀န္ ယူရၿပီး ေျမာက္ပုိင္းကေန ေရာက္ေနတဲ့ အေျပာအေဟာေကာင္းတဲ့ ကခ်င္-ကုိေက်ာ္ေက်ာ္က စည္းရံုးေရးမႉးျဖစ္ပါတယ္ (ABSDF ဗဟုိမွာ ေက်ာ္ေက်ာ္ ၂ ဦးရွိတဲ့အတြက္ ဒု ဥကၠ႒ တာ၀န္ယူထားတဲ့ ေက်ာ္ေက်ာ္ကုိ VC ေက်ာ္ေက်ာ္၊ ေျမာက္ပုိင္းက ပုဂၢိဳလ္ကိုေတာ့ ကခ်င္-ေက်ာ္ေက်ာ္လုိ႔ ေခၚၾကပါတယ္။ မိသားစု အမည္မရွိတဲ့ ျမန္မာနုိင္ငံသားေတြရဲ့ ထူးျခားတဲ့အမည္ေပးမႈလုိ႔ ဆုိနုိင္ပါတယ္။ ကခ်င္-ေက်ာ္ေက်ာ္ဟာ အခုခ်ိန္အထိ ေျမာက္ပုိင္း ABSDF မွာ တာ၀န္ထမ္းေနဆဲ ျဖစ္ပါတယ္)။

က်ေနာ့္႐ံုးအဖြဲ႔မွာ ပါ၀င္သူေတြကေတာ့ ျပန္ၾကားေရးဌနမွ ကိုမင္းေဇာ္ေရႊ (ယခု နယူးဇီလန္)၊ ဆက္သြယ္ေရးမွ ကိုမ်ဳိးမ်ဳိးဦး (ယခု ၾသစေတးလ်)၊ ေဆးအဖြဲ႔မွ ကုိမ်ဳိးနုိင္ (ယခု အေမရိကန္)၊ လုံၿခံဳေရးအျဖစ္ ကိုျမင့္ေအာင္နဲ႔ ကုိ၀င္းေဌး (၂ ဦးစလုံး ယခု အေမရိကန္) တုိ႔ ျဖစ္ပါတယ္။ 
ကုိေက်ာ္ေက်ာ္က ကာဘုိင္ေသနတ္ကုိင္ၿပီး က်န္တဲ့ ရဲေဘာ္ေတြက M 16 နဲ႔ AK ေသနတ္ေတြ ကိုင္ၾကေပမယ့္ စစ္ေၾကာင္းမႉး က်ေနာ္ကေတာ့ ပစၥတုိကုိင္ ရမလားဆုိၿပီး ေစာင့္ရင္းေစာင့္ရင္းနဲ႔ ေရွ႕တန္းေရာက္တဲ့အထိ ဘာေသနတ္မွ မကိုင္ျဖစ္ဘဲ ကင္မရာ တလုံးလြယ္ရင္းနဲ႔ပဲ ေသနတ္မပါတဲ့ စစ္ေၾကာင္းမႉးအျဖစ္ အမည္တြင္သြားခဲ့ပါတယ္။

နုိင္ငံျခားသတင္းေထာက္ရဲ့ မွတ္တမ္းတင္ပုံအေၾကာင္းကို ဆက္ေျပာရမယ္ဆုိရင္ က်ေနာ္တို႔ ၇ ဦးနဲ႔အတူ ေလွစီးၿပီး ခရီးထြက္လာတဲ့ ေမာင္ေဒးဗစ္ဟာ ေတြ႔သမွ်၊ အားမနာတမ္း တည့္တည့္ေျပာရမယ္ဆုိရင္ သတင္းေထာက္ေတြရဲ့ ထုံးစံအတုိင္း ဒုကၡျဖစ္တဲ့ေနရာမ်ဳိး၊ ျပႆနာျဖစ္နုိင္တဲ့ေနရာမ်ဳိးကုိ လုံး၀ အလြတ္မေပးဘဲ မွတ္တမ္းတင္တာကို က်ေနာ္ သတိျပဳမိပါတယ္။ ေရွ႕ပုိင္းမွာ တင္ျပခဲ့ၿပီးျဖစ္တဲ့အတုိင္း မင္းသမီးကေန ျပည္ျခား လမ္းခဲြအထိ ေလွစီးသြားရတဲ့ တနသၤာရီျမစ္ဟာ ေရစီးအလြန္သန္ျပီး ေက်ာက္ေဆာင္ေတြမ်ားလြန္းလို႔ မၾကာခန ေလွေမွာက္တာ၊ ေလွဆင္းတြန္းရတာေတြ ျဖစ္ေလ့ရွိပါတယ္။ ေက်ာက္ေဆာင္ေပါျပီး ေရစီးၾကမ္းလြန္းလုိ႔ ေလွေမွာက္ေတာ့မလုိလုိ ျဖစ္ေနလုိ႔ အားလုံးဆင္းေျပးၿပီး ေလွဆင္းတြန္းခ်ိန္မွာ ဒီပုဂၢိဳလ္က လုံး၀မေၾကာက္မရြံ႕၊ ေလွေပၚက လုံး၀မဆင္းဘဲ ေလွနစ္တဲ့ပုံကုိ ရေအာင္ မွတ္တမ္းတင္ေနျပန္ပါတယ္။

တနသၤာရီျမစ္နဲ႔ ျပည္ျခားရြာအၾကား သြားရတဲ့ တညအိပ္ နွစ္ရက္ခရီးစဥ္မွာလည္း မုိးကရြာ၊ ကြ်တ္ကတြယ္၊ လမ္းကေခ်ာ။ ယူနီေဖာင္း ေဘာင္းဘီကုိ ခြ်တ္ျပီး အတြင္းခံေဘာင္းဘီတုိနဲ႔ လမ္းေလွ်ာက္ေနရတဲ့ ပုံေတြကိုလည္း သူက လုံး၀ အလြတ္မေပး၊ အမိအရ မွတ္တမ္းတင္နုိင္ခဲ့ပါတယ္။ တခါ က်ေနာ္တို႔ ေရွ႕တန္း တပ္ခြဲအေျခစိုက္ရာ ငါးတတ္ေက်းရြာ ေတာအုပ္ထဲက တပ္ခြဲမႉး ဗုိလ္လွဦး (ယခု အေမရိကန္) အိမ္ေရာက္တဲ့ အခါမွာလည္း သူက တခုမွ အလြတ္မေပး။

တပ္ခြဲ ေရွ႕တန္းအစည္းေ၀းအတြင္း အမ်ဳိးသား ညီလာခံကုိ အဆင့္တုိင္းအဆင့္တုိင္းမွာ ဘယ္လုိဘယ္ပုံ တုိက္ဖ်က္ရမယ္လုိ႔ ကိုေက်ာ္ေက်ာ္က အားရပါးရ ေဟာေနခ်ိန္မွာ အေနာက္ဘက္က ရဲေဘာ္ေတြက အခ်င္းခ်င္း ေဆာ့ကစားေနတဲ့ပုံ၊ ေနာက္တခါ KNU က ငွားလုိက္တဲ့ ၆၀ မမ လက္နက္ႀကီးကုိ ေရွ႕တန္းမထြက္ခင္ က်ေနာ္တို႔ အစမ္းပစ္ၾကည့္တဲ့အခါ ထည့္သမွ်က်ည္ တလုံးမွ မေပါက္လို႔ ေက်ာင္းသားေတြ စိတ္ပ်က္လက္ပ်က္ ေခါင္းခါေနတဲ့ ပုံေတြကိုလည္း သူက အမိအရ ရုိက္ကူးထားခဲ့ပါတယ္။ အဆုိးဆုံးလုိ႔ က်ေနာ္ထင္တဲ့ အကြက္ကေတာ့ အသက္ ၁၅၊ ၁၆ အရြယ္သာရွိေသးတဲ့ က်ေနာ္တို႔တပ္ထဲက ရဲေဘာ္ေဘာ္ေလးေတြရဲ့ပုံကုိ ျပည္ျခားရြာက ခရစၥမတ္ပဲြမွာ ေတြ႔ရတဲ့ ကေလးငယ္ေတြရဲ့ မ်က္နွာနဲ႔ယွဥ္ျပၿပီး ABSDF, KNU အပါ၀င္ နယ္စပ္ကအဖြဲ႔ေတြဟာလည္း န၀တစစ္အစိုးရလုိပဲ ကေလးစစ္သားေတြ သုံးေနဆဲျဖစ္ပါတယ္၊ ကြာျခားတာဆုိလုိ႔ န၀တက အတင္း အဓမၼ ဖမ္းဆီးစုေဆာင္းျပီး ေတာ္လွန္ေရးအဖြဲ႔ေတြကေတာ့ ေစတနာ့၀န္ထမ္း ၀င္လာတဲ့ လူငယ္ေတြကို အသက္ ၁၈ နွစ္ မျပည့္ေသးလည္း လက္ခံထားတယ္ဆုိျပီး သူရဲ့ မွတ္တမ္းထဲမွာ ထည့္ေျပာထားတဲ့အခ်က္ ျဖစ္ပါတယ္။

၁၉၉၆ ခုႏွစ္မွာ ၾသစေတးလ် တီဗီလုိင္းတခုကေန ထုတ္လႊင့္ခဲ့တယ္လုိ႔ သိရတဲ့ ”Knife to knife, lance to lance” (ဓား ဓားခ်င္း၊ လွံ လွံခ်င္း) လုိ႔ အမည္ေပးထားတဲ့ တနာရီစာ ဒီ႐ုပ္သံမွတ္တမ္းပါ ေဖာ္ျပခ်က္ေတြဟာ သတင္းတန္ဖုိးအရ၊ ရုပ္သံမွတ္တမ္း သေဘာအရ အားသာခ်က္ေတြျဖစ္ေပမယ့္ အဲဒီကာလက သတင္းေထာက္ျဖစ္ကာစ က်ေနာ္အဖုိ႔ လုံး၀ လက္မခံနုိင္ပါ။ ဒီလုိအခ်က္ေတြဟာ အဖြဲ႔အစည္းကို သိကၡာက်ေစနုိင္တယ္လို႔ ယူဆေနဆဲ ျဖစ္ပါတယ္။ သတင္းေထာက္တာ၀န္ ယူထားတဲ့ က်ေနာ္ေတာင္ အဲဒီလုိ ယူဆေနတယ္ဆုိရင္ က်န္တဲ့ရဲေဘာ္ေတြ ဘယ္လုိ ယူဆၾကမလဲဆုိတာ ခန္႔မွန္းလုိ႔ ရနုိင္ပါတယ္။

ဒါေပမယ့္ အခု အနွစ္ ၂၀ ေလာက္ၾကာၿပီးတဲ့အခ်ိန္၊ သတင္းသမား သက္တမ္း ၁၇ နွစ္ေလာက္ ရွိျပီးတဲ့ အခ်ိန္မွာေတာ့ အဲဒိီလုိ အရွိကုိအရွိအတုိင္း မကြက္မ၀ွက္ ေဖာ္ျပရဲတဲ့ ေမာင္ေဒးဗစ္ကုိ က်ေနာ္ ေလးစားေနမိပါတယ္။ တခါ ေမာင္ေဒးဗစ္ အပါအ၀င္ ျမန္မာနုိင္ငံ နယ္စပ္ေတာေတာင္ေတြထဲက စစ္ေျမျပင္အထိလာျပီး စြန္႔စြန္႔စားစား လနဲ႔ခ်ီ သတင္းလာယူၾကတဲ့ နုိင္ငံျခားသား သတင္းေထာက္ေတြကိုလည္း က်ေနာ္ အံၾသေနမိပါတယ္။

  နွစ္ပတ္တခါ က်င္းပတဲ့ တပ္တြင္းေဆြးေႏြးပဲြဆီ တက္လာတဲ့ အမွတ္ (၁) တပ္ရင္းမွ ရဲေဘာ္ ရဲေမမ်ား

တခ်ိန္တည္းမွာပဲ ျမန္မာနုိင္ငံက စစ္ေျမျပင္မွာ နုိင္ငံျခား သတင္းေထာက္ေတြကုိသာ ေတြ႔ဖူးျပီး ျမန္မာ သတင္းေထာက္ေတြကို တေယာက္မွ မေတြ႔ဖူးတဲ့အေပၚလည္း က်ေနာ္စဥ္းစားေနမိပါတယ္။ လြန္ခဲ့တဲ့ နွစ္ ၂၀ နီးပါးကာလ မီဒီယာလြတ္လပ္ခြင့္ မရွိခင္က မေတြ႔မိတာကို ထားပါေတာ့။ အခု မီဒီယာ ပြင့္လင္းကာစ၊ ကခ်င္ျပည္နယ္အပါ၀င္ နယ္ေျမတခ်ဳိ႕မွာ စစ္ပဲြေတြျဖစ္ေနစဥ္မွာလည္း ျပည္တြင္းျပည္ပ ျမန္မာသတင္းေထာက္ေတြ စစ္ေျမျပင္အထိ သြားၿပီးသတင္းယူတာ၊ စစ္ေျမျပင္ကေန သတင္းပုိ႔တာမ်ဳိး မၾကားမိေသးပါ။ ၂ ဖက္တာ၀န္ရွိသူေတြရဲ့ သတင္းစာရွင္းပဲြေတြ၊ ဒုကၡသည္စခန္းေတြဆီသြားျပီး သတင္းပုိ႔တာေတြ၊ အထူးသျဖင့္ တယ္လီဖုန္းနဲ႔ေမးျပီး သတင္းေပးပုိ႔ ေနတာေတြကိုုသာ အရင္ေခတ္ကနဲ႔ ထူးမျခားနား ေတြ႔ေနရဆဲျဖစ္ပါတယ္။

စစ္ေရးနဲ႔ အလွမ္းေ၀းတဲ့ တျခားသတင္းသမားေတြကို ထားပါဦး၊ လြန္ခဲ့တဲ့ နွစ္ ၂၀ နီးပါးက ABSDF တာ၀န္ရွိသူတဦး၊ DVB အတြက္ ေတာ္လွန္ေရး သတင္းသမားတဦးအေနနဲ႔ ဒီလုိ ေတာေတာင္ေတြထဲက စစ္ေျမျပင္ဆီအထိ မေၾကာက္မရြံ႕ သြားရဲခဲ့တဲ့ က်ေနာ္ကုိယ္တုိင္လည္း အခုခ်ိန္မွာ နယ္စပ္က ေတာ္လွန္ေရးတပ္ေတြနဲ႔အတူ စစ္ေျမျပင္ဆီသြားျပီး သတင္းယူခုိင္းမယ္ဆုိရင္၊ ဒါမွမဟုတ္ ကိုယ့္အသိနဲ႔ကုိယ္ သတင္းသြားယူရမယ္ဆုိရင္ အရင္လို သြားရဲပါေတာ့မလားဆုိတာ မေသခ်ာေတာ့ပါ။ ဆုိေတာ့ နုိင္ငံတကာ သတင္းေထာက္ေတြနဲ႔ ျမန္မာသတင္းေထာက္ေတြ စြန္႔လႊတ္စြန္႔စားတဲ့ေနရာမွာ ဘာေၾကာင့္ ဒီလုိ ကြာျခားေနသလဲဆုိျပီး ကိုယ္ဘာသာ ေမးခြန္းထုတ္ေနမိပါတယ္။

===================================================

(အပိုင်း ၃၉ )

ထက်အောင်ကျော်| July 19, 2012 | ဧရာဝတီ။

ရှေ့တန်းဆင်းဖို့ ဆွေးနွေးနေတဲ့ တောင်ပိုင်း ဗလဖ အစည်းဝေးတခု
 
နိုင်ငံခြား သတင်းထောက်တဦးနဲ့အတူ အချုပ်ခန်းထဲမှာ တညတာ

ကျနော်တို့အုပ်စု ရဟန်းဝတ်တဲ့အချိန်ဟာ ၇ ရက်ထက် မပိုပါဘူး။ ရှေ့တန်းထွက်ရေးကိစ္စ၊ တခြားကိစ္စတွေအတွက် အစည်းအဝေး လုပ်စရာရှိလို့ဆိုပြီး တောင်ပိုင်း စစ်ဒေသတာဝန်ခံ ကိုမျိုးဝင်းနဲ့ ကျနော်အပါဝင် တာဝန်ရှိသူ ၄၊ ၅ ဦး အရင် လူထွက်လိုက်ရပါတယ်။ ကျန်တဲ့ ရဲဘော်တချို့ကတော့ ၁၀ ရက်ကနေ သတင်း ၂ ပတ်အထိ ဆက်ဝတ်ကြပါတယ်။
ကျနော်တို့ တောင်ပိုင်းစစ်ဒေသ အစည်းဝေးရဲ့ ဆုံးဖြစ်ချက်ကတော့ ပြည်ခြား-ပုလောဒေသဆီ ခရီးထွက်ပြီး ရှေ့တန်းတပ်တွေကို ပြန်လည်စုဖွဲ့ရေး။ လူထုစည်းရုံးဟောပြောရေး၊ အထူးသဖြင့် အဲဒီအချိန်ဟာ နဝတကနေ အမျိုးသားညီလာခံ ပြန်လည် ကျင်းပမယ်လို့ ကြေညာထားချိန်ဖြစ်တဲ့အတွက် အဲဒီညီလာခံကို (အဲဒီကာလ စကားလုံးအတိုင်းဆိုရင်) ဘက်ပေါင်းစုံကနေ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဖြစ်ပါတယ်။


အလားတူ စစ်ကြောင်းတွေ တခြားစစ်ဒေသတွေမှာလည်း တပြိုင်တည်း ထွက်ကြတယ်လို့ ထင်ပါတယ်။ ဒီလို စစ်ကြောင်းထွက်ဖို့ ပြင်နေတုန်း ဗဟိုကနေ ကျနော်တို့ဆီ ကြေးနန်းတခု ဝင်လာပါတယ်။ အရင်က ဗဟိုဖက်မှာ လုပ်အားပေး အင်္ဂလိပ်စာပြကျောင်းဆရာအဖြစ် ၃ လခန့် လုပ်ပေးဖူးတဲ့ နယူးဇီ လန်နိုင်ငံသား ဒေးဗစ်  (အဲဒီကာလတွေအထိ မိသားစုအမည်တွေကို အလေးထားရမှန်း ကျနော်တို့ မသိဘဲ ပထမအမည်တွေ၊ အမည်တိုတွေကိုပဲ မှတ်ထားလေ့ရှိပါတယ်) ဟာ အခု သြစတေးလျ သတင်းဌာနအတွက် ဓာတ်ပုံသတင်းထောက်အဖြစ် ဘန်ကောက်ကို ရောက်နေကြောင်း၊ သူဟာ ABSDF အကြောင်း ရုပ်သံမှတ်တမ်းတခု လုပ်ချင်နေကြောင်း၊ ဒါကြောင့် သူ့ကို ကျနော်တို့ စစ်ကြောင်းနဲ့အတူ ရှေ့တန်းခေါ်သွားဖို့ ဖြစ်ပါတယ်။ ဒီအတွက် တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ခံ ကျနော်ဟာ မင်းသမီးခစန်းကနေ ဘန်ကောက်ကို အမြန်တက်ပြီး အဲဒီပုဂ္ဂိုလ်ကို သွားခေါ်ရပါတယ်။

အဲဒီကာလတွေဟာ မင်းသမီးကနေ ကန်ချနပူရီ၊ ဘန်ကောက်ကို ကျနော်တို့ ကျောင်းသားတွေ ဒီလိုပဲ လိုင်းကားစီး ခိုးသွားနေကြဖြစ်ပြီး နယ်စပ်ရှိ ထိုင်းထောက်လှမ်းရေး၊ နယ်ခြားစောင့် ထိုင်းစစ်သားတွေကလည်း မသိဟန် ဆောင်ပေးထားတဲ့သဘော ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ မသိလိုက်တဲ့အချက်က သူတို့ မသိချင်ဟန် ဆောင်ပေးထားတာဟာ ကျနော်တို့ တောထဲက ကျောင်းသားတွေကိုသာဖြစ်ပြီး နိုင်ငံခြားသားကိုတော့ ကျနော်တို့လို ခိုးဝင် ခိုးထွက် ခွင့်ပြုမှာမဟုတ်ဘူး ဆိုတဲ့အချက်ပါ။ နိုင်ငံခြားသားတွေထဲမှာလည်း ဂျပန်နဲ့ အာရှသားတွေဆိုရင် ကျနော်တို့ ကျောင်းသားတွေလို ဟန်ဆောင်သွားလို့ ရပေမယ့် အခုရောက်လာတဲ့ မောင်ဒေးဗစ်က ဖြူဖြူထွားထွားနဲ့ အရပ် ၆ ပေကျော် ရှိသူဆိုတော့ “အဝေးက မြင်နိုင်သည်” ဆိုတဲ့ ပုံမျိုးဖြစ်နေပါတယ်။ ဒါကို သတိမထားမိတဲ့ ကျနော်ဟာ မောင်ဒေးဗစ်နဲ့အတူ ဖုနန်းလွန် ရွာထဲမှာ လိုင်းကားပေါ်ကဆင်း၊ အဲဒီရွာနဲ့ ကျနော်တို့ စခန်းရှိရာ ထီးခီးနဲ့ အလယ်စတိုဘက်သွားတဲ့ လမ်းဆုံလမ်းခွမှာ ဝါးတားဂိတ် ၂ ခုပိတ်ပြီး စောင့်ဖမ်းနေတဲ့ ထိုင်းနယ်ခြားစောင့်တပ်ကို ရှောင်ပြီး ကျနော်တို့ ခိုးသွားနေကြ တောလမ်းလေးအတိုင်း ဖြတ်လျှောက်လာခဲ့ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် ဖုနန်းလွန်ရွာလယ်ကနေ ချွန်မိုင်းဟောင်းက ကရင်အိမ်တန်းတွေရှိရာ နေရာအထိလျှောက်ရတဲ့ ဒီတောလမ်းဟာ ၁၅ မိနစ်လောက်သာ ကြာပေမယ့် ဒီတကြိမ်မှာတော့ ကျနော်တို့ လမ်းမှားနေလို့ သတ်မှတ်ချိန်ထက် ပိုကြာသွားခဲ့ပါတယ်။ မိနစ် ၂၀ လောက်ကြာပြီးတဲ့အချိန် ကရင်အိမ်တန်းဖက်က ကားလမ်းကြမ်းဆီ ကျနော်တို့ ၂ ဦး ချဉ်းကပ်လာချိန်မှာ ထိုင်းဘာသာန ဲ့စကားပြောသံတွေ၊ စစ်ဘွတ်ဖိနပ်သံတွေ ရုတ်တရက် ကြားလိုက်ရပါတယ်။ တခုခုတော့ လွဲနေပြီဆိုတာကို သိလိုက်တာနဲ့ ဒေးဗစ်လက်ကိုဆွဲပြီး သစ်ပင်ကြီးတပင်နောက်မှာ ကျနော်တို့ နေရယူလိုက်ပါတယ်။ အသေချာ ချောင်းကြည့်လိုက်တော့ အနက်ရောင် ယူနီးဖောင်းဝတ်ထားတဲ့ ထိုင်းစစ်သား ၅ ဦး၊ သူတို့လက်ထဲမှာ M 16-နဲ့ M 79 တွဲထားတဲ့ လက်နက်တလက်၊ M 16 ရိုးရိုးက ၄ လက် ပါတဲ့အပြင် ရှေ့ထွက်မိုင်းတွေရော၊ လက်ပစ်ဗုံးတွေရော၊ လှံစွပ်တွေရော၊ ဓားတွေရော၊ ကြိုးတွေရော၊ ဝေါ်ကီတော်ကီ စကားပြောစက်တွေရော စုံလိုပါပဲ။

ဒီပုံအတိုင်း ဆိုရင်တော့ ကျနော်တို့ တောထဲဝင်သွားတာကို ရွာသားတွေက ထိုင်းစစ်တပ်ဆီ သတင်းပို့လိုက်လို့ တောနင်းလာရှာတယ်ဆိုတာ ဖြစ်ဖို့များပါတယ်။ ဆက်ပုန်းနေရင် ပစ်ခတ်ခံရမယ့် အခြေအနေအထိ ဖြစ်သွားနိုင်တယ်လို့ တွက်ဆပြီး သစ်ပင်နောက်ကနေ ထွက်၊ ထိုင်းလို မတတ်တတတ် အော်ပြီး “ကျနော်တို့ ဒီမှာပါ” လို့ ပြောကာ အဖမ်းခံလိုက်ရပါတယ်။ ဒေးဗစ်ကိုကြည့်တော့ မျက်စိမျက်နှာပျက်လို့။ ကျနော်လည်း ဘာလုပ်ရမှန်းမသိ။ ထိုင်းတဝက်၊ အင်္ဂလိပ်တဝက်၊ လက်ဟန်ခြေဟန်တဝက်နဲ့ ရှင်းပြပေမယ့် စကားက လိုရင်းမရောက်။ ဒီတော့ ကျနော်တို့ ၂ ဦးကို သေနတ်နဲ့တေ့ပြီး ရှေ့မှာပြောခဲ့တဲ့ ဝါးတားဂိတ်ရှိရာ နယ်ခြားစောင့် တပ်စခန်းဆီ ခေါ်လာခဲ့ပါတယ်။ အဲဒီ ဂိတ်တဲဘေးက သားသားနားနား အဆောင်ထဲကို ကျနော်တို့ ၂ ဦး ရောက်တဲ့အချိန်မှာတော့ အရာရှိလို့ ယူဆရတဲ့ စစ်ဗိုလ်တဦးက ကျနော့်ကို မေးခွန်းတွေ မေးပါတယ်။

အဓိက မေးခွန်းကတော့ တရားဝင်လမ်းကြောင်းကနေ မသွားဘဲ ဘာကြောင့်တောထဲကနေ ခိုးသွားတာလဲ၊ ငါတို့ အသိမခံနိုင်တဲ့ လျှို့ဝှက်အစီအစဉ်တွေ မင်းတို့မှာ ရှိနေလား၊ နိုင်ခြားသားနဲ့ မင်းတို့ ဘာတွေလုပ်ဖို့ စီစဉ်ထားလဲဆိုတဲ့ စွပ်စွဲချက်တွေ၊ သံသယတွေ ပါဝင်နေပါတယ်။ ဒီလို ကျနော်တို့ အပြန်အလှန် ပြောနေတုန်း စကားပြန်အဖြစ် ရောက်လာသူကတော့ KNU တပ်မဟာ ၄ ပို့ဆောင်ရေးဌာနမှ ကားသမား ကိုဘချော ဖြစ်ပါတယ်။ တခါ သူနဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာသူကတော့ တပ်မဟာ ၄ နဲ့ ချုံဖုံမိုင်း ရေကန်ဘေးက နေအိမ်တွေဆီမှာ တလှည့်စီနေပြီး နယ်မြေသတင်းယူနေသူ၊ အဲဒီလို သတင်းယူရင်းနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေကို ကူညီနေသူလို့ ပြောနိုင်တဲ့ ထိုင်းထောက် လှမ်းရေးအဖွဲ့မှ ကျနော်နဲ့ ရင်းနှီးတဲ့ ဗိုလ်တဦး ဖြစ်ပါတယ်။

အဲဒီ ထောက်လှမ်းရေးဗိုလ်ဟာ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်ပြီး ကျနော်တို့ကို စိတ်မပူဖို့၊ မနက်ဖြန်ကျရင် ကန်ချနဘူရီမြို့ပေါ်တက်ပြီး ပြေလည်အောင် သူဖြေရှင်းပေးမယ်လို့ အာမခံ သွားပါတယ်။ ဒါပေမယ့် လောလောဆယ်ကတော့ တာဝန်အရ ကျနော်တို့ကို ထိမ်းသိမ်းထားရမှာ ဖြစ်တဲ့အတွက် ဂိတ်တဲဘေးက အချုပ်ဆောင်လိုနေရာထဲ ကျနော်တို့ ၂ ဦးကို သွင်းလိုက်ပါတယ်။ စောင်တွေ၊ ခေါင်းအုံးတွေ အသေချာရှိနေတဲ့အပြင် အနီးအနား ထိုင်းဆိုင်ကနေ ထမင်းကြော်ပါ မှာပြီးကြွေးထားတဲ့အတွက် ကျနော်စိတ်ထဲ အဖမ်းခံနေရတယ် ဆိုတာကို မေ့သွားပါတယ်။ ဒီလိုနဲ့ ညမအိပ်ခင် အပေါ့သွားမယ်ဆိုပြီး အပြင်ထွက်သွားတော့ သေနတ်ကို အဆင်သင့်ကိုင်ထားတဲ့ ထိုင်းစစ်သားက ထိုင်းဘာသာနဲ့ တခုခု အော်ပြောပါတယ်။ သူဘာပြောမှန်း မသိတဲ့ ကျနော်က ရှေ့နားက ခြုံပုတ်ဆီ ဆက်တိုးပြီး မအောင့်နိုင်တော့တဲ့ကိစ္စကို ဖြေရှင်းဖို့ ပြင်လိုက်ပါတယ်။ နောက်ထပ် စစ်သား ၄ ဦးလောက် ရောက်လာပြီး ကျနော်ကိုလာဝိုင်းပါတယ်။ နောက်ပိုင်းမှ ပြန်သိရတာက ကျနော်တို့ ထွက်ပြေးတယ်ဆိုရင် ပစ်မိန့်ပေးထားတဲ့အတွက် ရှုးရှုးပေါက်ဖို့ တောတိုးတဲ့ကျနော်ကို တောထဲထွက်ပြေးတယ်ထင်ပြီး အပစ်ခံရမဲ့ဘေးက သီသီလေး လွတ်ခဲ့တာဖြစ်ပါတယ်။

နောက်တနေ့ မနက်မှာတော့ ထောက်လှမ်းရေးပိုင် ဂျစ်ကားတစီးရောက်လာပြီး နယ်ခြားစောင့်တပ်က စစ်ဗိုလ်ရယ်၊ ထောက်လှမ်းရေးရယ်၊ ကျနော်တို့ ၂ ဦးရယ် ကန်ချနပူရီမြို့ပေါ်ကို ပြန်တက်လာပါတယ်။ ကန်ချနပူရီ-ဆိုင်ယုပ် လမ်းဆုံအနီးရှိ ရဲစခန်းတခုဆီဝင်ပြီး ဖြစ်စဉ်အသေးစိတ်ကို ထောက်လှမ်းရေးမှူးက ပြောပြပါတယ်။ ဒီဖြစ်စဉ်အပေါ် နယ်ခြားစောင့်တပ်က ဖမ်းသင့်တယ်လို့ တင်ပြပြီး ထောက်လှမ်းရေးက လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ကိစ္စအပေါ် သူတို့ ၂ ဦး အမြင်မတူတဲ့အပေါ် သူတို့ထက် ပိုတာဝန်ကြီးတဲ့ ရဲမှူးကြီးတဦးဆီမှာ လာပြီး အဆုံးအဖြတ်ခံယူတဲ့ သဘောပါ။ နာရီဝက်လောက် အပြန်အလှန် ဆွေးနွေးပွဲ အပြီးမှာတော့ ကျနော်တို့ကို လွှတ်ပေးဖို့၊ ဒါပေမယ့် နောက်ဆိုရင် ဒီလိုခိုးသွားတာကို ရှောင်ပြီး သူတို့ဆီမှာ တရားဝင် ခွင့်ပြုချက်တောင်းပြီးမှ သွားဖို့ ရဲမှူးကြီးက သြဝါဒပေးပြီး ပြန်လွှတ်လိုက်ပါတယ်။

သေနပ်မပါတဲ့ စစ်ကြောင်းမှုးနဲ့ တတိယ အကြိမ် ရှေ့တန်းခရီးစဉ်

ဖုနန်းလွန်ကနေ တပ်မဟာ ၄ ဌာနချုပ် ထီးခီးကိုရောက်တော့ ကျနော်တို့ရဲ့သတင်းကို KNU အရာရှိတွေ အားလုံးသိပြီးနေပါပြီ။ KNU ဟာ နိုင်ငံခြားသတင်းထောက်တွေကို သူတို့ကိုယ်တိုင် ဖိတ်ပြီး နောက်တန်း၊ ရှေ့တန်း နေရာအတော်များများကို ပြသနေပေမယ့် သူတို့ကို အသိမပေးဘဲ ကျနော်တို့ အစီစဉ်နဲ့ ဒီလိုမျိုး သီးခြား ခေါ်လာတာကိုတော့ သိပ်ကြိုက်ပုံမရ။ ဒါပေမယ့် တားဆီးဖို့ကလည်း မသင့်တော်တာနဲ့ ဘယ်နား မခေါ်သွားနဲ့၊ ဘယ်ဟာတွေကို မပြနဲ့လို့ ကျနော်ကို တီးတိုးပြောပြီး နိုင်ငံခြားသားအတွက် ရှေ့တန်းခရီး သွားခွင့်လက်မှတ် ရေးပေးလိုက်ပါတယ်။ အဲဒီတော့မှ မောင်ဒေးဗစ်ရဲ့ မျက်နှာ ပြုံးရိပ်သန်းလာပြီး သူကင်မရာကိုထုတ်ကာ စတင်ရိုက်ပါတော့တယ်။ သူ ပထမဆုံးရိုက်တာက ကျနော်တို့ မင်းသမီးစခန်းမှာ အဲဒီကာလက တပတ်တခါ ပုံမှန်ကျင်းပနေကျ တပ်ရင်းဆွေးနွေးပွဲဖြစ်ပါတယ်။

စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနက ဦးစီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲအတွင်း လက်တလောဖြစ် ပေါ်နေတဲ့သတင်းတွေ၊ နိုင်ငံရေးအခြေနေတွေ၊ တပ်တွင်းအခြေနေတွေ၊ ရှေ့တန်းအခြေနေတွေ အသီးသီးကို တင်ပြီး အပြန်အလှန် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သည်လိုင်းက မွေးကင်းစ သားသည်အမေတွေပါ တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲဟာ ကျနော်တို့အတွက် သိပ်မထူးဆန်းပေမယ့် နိုင်ငံခြား သတင်းထောက်တဦး အတွက်တော့ တွေ့သမျှအားလုံးဟာ အထူးအဆန်း ဖြစ်နေပုံရပါတယ်။ ရှေ့က သဘာပတိ ကိုမျိုးဝင်းက အမျိုးသားညီလာခံကို ဘယ်လို တိုက်ဖျက်ရမယ်လို့ အားပါးတရ ပြောနေချိန်မှာ အနောက်ဖက်က ကလေးမိခင်တဦးက ကလေးကို နို့တိုက်ပြီး ချော့သိပ်နေပါတယ်။ ရဲဘော်တချို့ ဆေးလိပ်ဖွာပြီး တီးတိုးပြောနေတဲ့ ပုံမျိုးတွေကို မောင်ဒေးဗစ်ရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ တွေ့ရပါတယ်။

တခါ ငှက်ဖျားတက်နေတဲ့ ဆေးရုံပေါ်က ကလေးငယ်တွေ၊ ဆေးဝါးမလုံလောက်လို့ ငြီးနေတဲ့ ဆေးမှူး၊ အိမ်ထောင်သည်လိုင်းက အဟာရပြတ်နေပုံပေါ်တဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးငယ်တွေ၊ ရှေ့တန်းထွက်မယ်ပြောပြီး ကျည်ဆံမရှိတဲ့အတွက် အိမ်ထောင်သည်လိုင်းက ရဲဘော်တွေဆီမှာ ကာဘိုင် ကျည်တတောင့်ချင်း လိုက်စုနေတဲ့ပုံ။ ရှေ့တန်းမှာ သူ့ကိုယ်သူ သေကြောင်းကြံတဲ့ ရဲဘော်တဦးရဲ့ ကျည်ဘေးထွက်ပြီး ချော်ထိလို့ ကိုယ်တပိုင်း သေသွားတဲ့ ရဲဘော်ရဲ့ခံစားချက်။ ဒီလိုရှုပ်နေတဲ့ကြားထဲ ရှေ့မှာပြောခဲ့တဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးဇင်းသန်းဇော်နဲ့ အဖွဲ့ ဆွမ်းခံကြွလာပုံတွေကို မောင်ဒေးဗစ်က အမိအရ ဗီဒီယိုမှတ်တမ်းတင်ထားပါတယ်။

ဆိုလိုတာတော့ ဒီလိုသရုပ်မှန် ပြကွက်မျိုးတွေဟာ နိုင်ငံတကာရုပ်သံမှတ်တန်းအတွက် အရေး ကြီးပေမဲ့ အဲဒီကာလမှာ သတင်းထောက်ဖြစ်ကာစ ကျနော်က သတင်းတန်ဖိုး၊ ရုပ်သံတန်ဖိုးကို ကောင်းကောင်း နားမလည်သေး။ မြန်မာ့ရုပ်သံမှာပြနေကျ ဗဟိုသတင်းစဉ်လို ဝါဒဖြန့်ချိရေးဆန်ဆန် မှတ်းတမ်းတွေနဲ့သာ ရင်းနှီးနေပြီး ABSDF ပြန်ကြားရေးဌာန ကိုယ်တိုင်ကလည်း ဗဟိုသတင်းစဉ်နဲ့ သိပ်မကွာတဲ့ ရုပ်သံတွေ ရိုက်ကူးနေဆဲ။ ကျနော့် အရင် ပြန်ကြားရေးတာဝန်ယူခဲ့တဲ့ ဦးဟန်လင်းကိုယ်တိုင်လည်း မင်းသမီးခစန်းအကြောင်း ရုပ်သံရိုက်တဲ့အခါ ဒီလိုဖြစ်ရပ်မှန်တွေ၊ အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို ရှောင်ပြီး အားသာချက်တွေကိုသာ ဦးစားပေးတဲ့၊ တကယ့်ဖြစ်ရပ်ထက် လိုတဲ့အကွက်တွေကိုသာ ဆင်ပြီးရိုက်ခဲ့တာကိုသာ မြင်ဖူးတဲ့ ကျနော်အဖို့ မောင်ဒေးဗစ်ရဲ့ ရုပ်သံက တမျိုးကြီး ဖြစ်နေပါတယ်။

အစည်းဝေးနဲ့ ဆွေးနွေးပွဲအဖုံဖုံကို သတင်းတပတ်ကြာ လုပ်ပြီးတဲ့အခါမှာတော့ ကျနော်တို့အဖွဲ့ ရှေ့တန်း တကယ်ထွက်ဖို့ ပြင်ပါတယ်။ တောင်ပိုင်းစစ်ဒေသ အဖွဲ့ဝင်ဖြစ်တဲ့ ကျနော်က စစ်ကြောင်းမှူးတာဝန် ယူရပြီး မြောက်ပိုင်းကနေ ရောက်နေတဲ့ အပြောအဟောကောင်းတဲ့ ကချင်-ကိုကျော်ကျော်က စည်းရုံးရေးမှူးဖြစ်ပါတယ် (ABSDF ဗဟိုမှာ ကျော်ကျော် ၂ ဦးရှိတဲ့အတွက် ဒု ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကျော်ကျော်ကို VC ကျော်ကျော်၊ မြောက်ပိုင်းက ပုဂ္ဂိုလ်ကိုတော့ ကချင်-ကျော်ကျော်လို့ ခေါ်ကြပါတယ်။ မိသားစု အမည်မရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထူးခြားတဲ့အမည်ပေးမှုလို့ ဆိုနိုင်ပါတယ်။ ကချင်-ကျော်ကျော်ဟာ အခုချိန်အထိ မြောက်ပိုင်း ABSDF မှာ တာဝန်ထမ်းနေဆဲ ဖြစ်ပါတယ်)။

ကျနော့်ရုံးအဖွဲ့မှာ ပါဝင်သူတွေကတော့ ပြန်ကြားရေးဌနမှ ကိုမင်းဇော်ရွှေ (ယခု နယူးဇီလန်)၊ ဆက်သွယ်ရေးမှ ကိုမျိုးမျိုးဦး (ယခု သြစတေးလျ)၊ ဆေးအဖွဲ့မှ ကိုမျိုးနိုင် (ယခု အမေရိကန်)၊ လုံခြုံရေးအဖြစ် ကိုမြင့်အောင်နဲ့ ကိုဝင်းဌေး (၂ ဦးစလုံး ယခု အမေရိကန်) တို့ ဖြစ်ပါတယ်။  
ကိုကျော်ကျော်က ကာဘိုင်သေနတ်ကိုင်ပြီး ကျန်တဲ့ ရဲဘော်တွေက M 16 နဲ့ AK သေနတ်တွေ ကိုင်ကြပေမယ့် စစ်ကြောင်းမှူး ကျနော်ကတော့ ပစ္စတိုကိုင် ရမလားဆိုပြီး စောင့်ရင်းစောင့်ရင်းနဲ့ ရှေ့တန်းရောက်တဲ့အထိ ဘာသေနတ်မှ မကိုင်ဖြစ်ဘဲ ကင်မရာ တလုံးလွယ်ရင်းနဲ့ပဲ သေနတ်မပါတဲ့ စစ်ကြောင်းမှူးအဖြစ် အမည်တွင်သွားခဲ့ပါတယ်။

နိုင်ငံခြားသတင်းထောက်ရဲ့ မှတ်တမ်းတင်ပုံအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ကျနော်တို့ ၇ ဦးနဲ့အတူ လှေစီးပြီး ခရီးထွက်လာတဲ့ မောင်ဒေးဗစ်ဟာ တွေ့သမျှ၊ အားမနာတမ်း တည့်တည့်ပြောရမယ်ဆိုရင် သတင်းထောက်တွေရဲ့ ထုံးစံအတိုင်း ဒုက္ခဖြစ်တဲ့နေရာမျိုး၊ ပြဿနာဖြစ်နိုင်တဲ့နေရာမျိုးကို လုံး၀ အလွတ်မပေးဘဲ မှတ်တမ်းတင်တာကို ကျနော် သတိပြုမိပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း မင်းသမီးကနေ ပြည်ခြား လမ်းခွဲအထိ လှေစီးသွားရတဲ့ တနင်္သာရီမြစ်ဟာ ရေစီးအလွန်သန်ပြီး ကျောက်ဆောင်တွေများလွန်းလို့ မကြာခန လှေမှောက်တာ၊ လှေဆင်းတွန်းရတာတွေ ဖြစ်လေ့ရှိပါတယ်။ ကျောက်ဆောင်ပေါပြီး ရေစီးကြမ်းလွန်းလို့ လှေမှောက်တော့မလိုလို ဖြစ်နေလို့ အားလုံးဆင်းပြေးပြီး လှေဆင်းတွန်းချိန်မှာ ဒီပုဂ္ဂိုလ်က လုံးဝမကြောက်မရွံ့၊ လှေပေါ်က လုံးဝမဆင်းဘဲ လှေနစ်တဲ့ပုံကို ရအောင် မှတ်တမ်းတင်နေပြန်ပါတယ်။

တနင်္သာရီမြစ်နဲ့ ပြည်ခြားရွာအကြား သွားရတဲ့ တညအိပ် နှစ်ရက်ခရီးစဉ်မှာလည်း မိုးကရွာ၊ ကျွတ်ကတွယ်၊ လမ်းကချော။ ယူနီဖောင်း ဘောင်းဘီကို ချွတ်ပြီး အတွင်းခံဘောင်းဘီတိုနဲ့ လမ်းလျှောက်နေရတဲ့ ပုံတွေကိုလည်း သူက လုံး၀ အလွတ်မပေး၊ အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တခါ ကျနော်တို့ ရှေ့တန်း တပ်ခွဲအခြေစိုက်ရာ ငါးတတ်ကျေးရွာ တောအုပ်ထဲက တပ်ခွဲမှူး ဗိုလ်လှဦး (ယခု အမေရိကန်) အိမ်ရောက်တဲ့ အခါမှာလည်း သူက တခုမှ အလွတ်မပေး။

တပ်ခွဲ ရှေ့တန်းအစည်းဝေးအတွင်း အမျိုးသား ညီလာခံကို အဆင့်တိုင်းအဆင့်တိုင်းမှာ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ရမယ်လို့ ကိုကျော်ကျော်က အားရပါးရ ဟောနေချိန်မှာ အနောက်ဘက်က ရဲဘော်တွေက အချင်းချင်း ဆော့ကစားနေတဲ့ပုံ၊ နောက်တခါ KNU က ငှားလိုက်တဲ့ ၆၀ မမ လက်နက်ကြီးကို ရှေ့တန်းမထွက်ခင် ကျနော်တို့ အစမ်းပစ်ကြည့်တဲ့အခါ ထည့်သမျှကျည် တလုံးမှ မပေါက်လို့ ကျောင်းသားတွေ စိတ်ပျက်လက်ပျက် ခေါင်းခါနေတဲ့ ပုံတွေကိုလည်း သူက အမိအရ ရိုက်ကူးထားခဲ့ပါတယ်။ အဆိုးဆုံးလို့ ကျနော်ထင်တဲ့ အကွက်ကတော့ အသက် ၁၅၊ ၁၆ အရွယ်သာရှိသေးတဲ့ ကျနော်တို့တပ်ထဲက ရဲဘော်ဘော်လေးတွေရဲ့ပုံကို ပြည်ခြားရွာက ခရစ္စမတ်ပွဲမှာ တွေ့ရတဲ့ ကလေးငယ်တွေရဲ့ မျက်နှာနဲ့ယှဉ်ပြပြီး ABSDF, KNU အပါဝင် နယ်စပ်ကအဖွဲ့တွေဟာလည်း နဝတစစ်အစိုးရလိုပဲ ကလေးစစ်သားတွေ သုံးနေဆဲဖြစ်ပါတယ်၊ ကွာခြားတာဆိုလို့ နဝတက အတင်း အဓမ္မ ဖမ်းဆီးစုဆောင်းပြီး တော်လှန်ရေးအဖွဲ့တွေကတော့ စေတနာ့ဝန်ထမ်း ဝင်လာတဲ့ လူငယ်တွေကို အသက် ၁၈ နှစ် မပြည့်သေးလည်း လက်ခံထားတယ်ဆိုပြီး သူရဲ့ မှတ်တမ်းထဲမှာ ထည့်ပြောထားတဲ့အချက် ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ သြစတေးလျ တီဗီလိုင်းတခုကနေ ထုတ်လွှင့်ခဲ့တယ်လို့ သိရတဲ့ ”Knife to knife, lance to lance” (ဓား ဓားချင်း၊ လှံ လှံချင်း) လို့ အမည်ပေးထားတဲ့ တနာရီစာ ဒီရုပ်သံမှတ်တမ်းပါ ဖော်ပြချက်တွေဟာ သတင်းတန်ဖိုးအရ၊ ရုပ်သံမှတ်တမ်း သဘောအရ အားသာချက်တွေဖြစ်ပေမယ့် အဲဒီကာလက သတင်းထောက်ဖြစ်ကာစ ကျနော်အဖို့ လုံး၀ လက်မခံနိုင်ပါ။ ဒီလိုအချက်တွေဟာ အဖွဲ့အစည်းကို သိက္ခာကျစေနိုင်တယ်လို့ ယူဆနေဆဲ ဖြစ်ပါတယ်။ သတင်းထောက်တာဝန် ယူထားတဲ့ ကျနော်တောင် အဲဒီလို ယူဆနေတယ်ဆိုရင် ကျန်တဲ့ရဲဘော်တွေ ဘယ်လို ယူဆကြမလဲဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။

ဒါပေမယ့် အခု အနှစ် ၂၀ လောက်ကြာပြီးတဲ့အချိန်၊ သတင်းသမား သက်တမ်း ၁၇ နှစ်လောက် ရှိပြီးတဲ့ အချိန်မှာတော့ အဲဒီလို အရှိကိုအရှိအတိုင်း မကွက်မဝှက် ဖော်ပြရဲတဲ့ မောင်ဒေးဗစ်ကို ကျနော် လေးစားနေမိပါတယ်။ တခါ မောင်ဒေးဗစ် အပါအဝင် မြန်မာနိုင်ငံ နယ်စပ်တောတောင်တွေထဲက စစ်မြေပြင်အထိလာပြီး စွန့်စွန့်စားစား လနဲ့ချီ သတင်းလာယူကြတဲ့ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း ကျနော် အံသြနေမိပါတယ်။


  နှစ်ပတ်တခါ ကျင်းပတဲ့ တပ်တွင်းဆွေးနွေးပွဲဆီ တက်လာတဲ့ အမှတ် (၁) တပ်ရင်းမှ ရဲဘော် ရဲမေများ

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက စစ်မြေပြင်မှာ နိုင်ငံခြား သတင်းထောက်တွေကိုသာ တွေ့ဖူးပြီး မြန်မာ သတင်းထောက်တွေကို တယောက်မှ မတွေ့ဖူးတဲ့အပေါ်လည်း ကျနော်စဉ်းစားနေမိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးကာလ မီဒီယာလွတ်လပ်ခွင့် မရှိခင်က မတွေ့မိတာကို ထားပါတော့။ အခု မီဒီယာ ပွင့်လင်းကာစ၊ ကချင်ပြည်နယ်အပါဝင် နယ်မြေတချို့မှာ စစ်ပွဲတွေဖြစ်နေစဉ်မှာလည်း ပြည်တွင်းပြည်ပ မြန်မာသတင်းထောက်တွေ စစ်မြေပြင်အထိ သွားပြီးသတင်းယူတာ၊ စစ်မြေပြင်ကနေ သတင်းပို့တာမျိုး မကြားမိသေးပါ။ ၂ ဖက်တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းပွဲတွေ၊ ဒုက္ခသည်စခန်းတွေဆီသွားပြီး သတင်းပို့တာတွေ၊ အထူးသဖြင့် တယ်လီဖုန်းနဲ့မေးပြီး သတင်းပေးပို့ နေတာတွေကိုသာ အရင်ခေတ်ကနဲ့ ထူးမခြားနား တွေ့နေရဆဲဖြစ်ပါတယ်။

စစ်ရေးနဲ့ အလှမ်းဝေးတဲ့ တခြားသတင်းသမားတွေကို ထားပါဦး၊ လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက ABSDF တာဝန်ရှိသူတဦး၊ DVB အတွက် တော်လှန်ရေး သတင်းသမားတဦးအနေနဲ့ ဒီလို တောတောင်တွေထဲက စစ်မြေပြင်ဆီအထိ မကြောက်မရွံ့ သွားရဲခဲ့တဲ့ ကျနော်ကိုယ်တိုင်လည်း အခုချိန်မှာ နယ်စပ်က တော်လှန်ရေးတပ်တွေနဲ့အတူ စစ်မြေပြင်ဆီသွားပြီး သတင်းယူခိုင်းမယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ့်အသိနဲ့ကိုယ် သတင်းသွားယူရမယ်ဆိုရင် အရင်လို သွားရဲပါတော့မလားဆိုတာ မသေချာတော့ပါ။ ဆိုတော့ နိုင်ငံတကာ သတင်းထောက်တွေနဲ့ မြန်မာသတင်းထောက်တွေ စွန့်လွှတ်စွန့်စားတဲ့နေရာမှာ ဘာကြောင့် ဒီလို ကွာခြားနေသလဲဆိုပြီး ကိုယ်ဘာသာ မေးခွန်းထုတ်နေမိပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More