Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၂၉


on May 10, 2012 5:16 pm
ေအာက္ေမ့ဖြယ္ / ဧရာ၀တီ။

ပူးတြဲ ညီညြတ္ေရးေကာ္မီတီနဲ႔ DAB စစ္ေၾကာင္းမ်ား

၂၀၁ တပ္ရင္း ဘက္မလုိက္အဖြဲ႔ဥကၠ႒အျဖစ္ က်ေနာ္ တာ၀န္ယူေနစဥ္ ေနာက္ထပ္ယူရတဲ့ ထပ္ေဆာင္းတာ၀န္ တခုကေတာ့ ကဲြၿပဲသြားတဲ့ စခန္း ၅ ခု စုေပါင္းဖြဲ႔စည္းလုိက္တဲ့ ပူးတြဲညီညြတ္ေရး ေကာ္မတီအတြင္းေရးမႉး တာ၀န္ပါ။ ဒီေကာ္မတီဟာ တပ္ရင္း ၅ ခုအေပၚ အေျခခံထားတဲ့အတြက္ အဲဒီကာလ တပ္ရင္း ၅ ခုရဲ႕ ဖြဲ႔စည္းပုံနဲ႔ ဦးေဆာင္သူေတြစာရင္းကို အရင္တင္ျပခ်င္ပါတယ္။


KNU တပ္မဟာ ၄ မႉး ဗုိလ္မႈးခ်ဳပ္ ေအာ္လီဗာနဲ႔ ABSDF မင္းသမီးေဒသ ပူးတဲြညီညြတ္ေရးအဖြဲ႔ အတြင္းေရးမႉးတုိ႔ကုိ DAB စစ္ေၾကာင္း အစည္းေ၀းတခုတြင္ ေတြ႔ရစဥ္

က်ေနာ္တုိ႔ ဘက္မလုိက္အဖြဲ႔ဟာ မူလပုံစံအတုိင္း ဥကၠ႒၊ တပ္ရင္းမႉး ၂ မ်ဳိးတြဲ ဖြဲ႔စည္းပုံနဲ႔ ဆက္သြားေပမယ့္ က်န္တပ္ရင္း ၄ ခုကေတာ့ ေကာ္မတီစနစ္ကို ဖ်က္သိမ္းၿပီး တပ္ရင္းမႉးစနစ္ ပုံစံသစ္နဲ႔ သြားၾကပါတယ္။ ၂၀၁ ကုိနုိင္ေအာင္ ဖက္မွာ ကိုေဇာ္သန္း (၁၉၉၇ ပင္လယ္ျပင္တုိက္ပဲြမွာ က်ဆုံး) က တပ္ရင္းမႉး၊ ဆရာ ေအာင္ျမင့္ (အခုထိ ထုိင္းနယ္စပ္မွာရွိဆဲ) က ဒုရင္းမႉး၊ ကုိ၀င္းေအာင္ (အခု အေမရိကန္) က တပ္ေရးဗုိလ္၊ ကုိျမင့္လြင္ (အခုအေမရိကန္) က တပ္ေထာက္ဗုိလ္ေတြ ျဖစ္ပါတယ္။ ၂၀၁ ကုိမုိးသီးဇြန္တုိ႔ဖက္မွာေတာ့ ကုိေက်ာ္ရ (၁၉၉၂ မွာ ဘန္ေကာက္သံ႐ံုးက တဆင့္ ျပန္၀င္) က တပ္ရင္းမႉးျဖစ္ၿပီး က်န္တဲ့ ဒုရင္းမႉး၊ တပ္ေရး၊ တပ္ေထာက္ေတြအမည္ကို က်ေနာ္မမွတ္မိေတာ့ပါ။

၂၀၃ ကုိနုိင္ေအာင္တုိ႔ဖက္မွာေတာ့ ကိုခ်မ္းနုိင္ ေခၚ ကုိမဲေခ်ာ (ျပန္၀င္) က တပ္ရင္းမႉး၊ ဗုုိလ္ေတာက္ (ျပန္၀င္) က ဒု ရင္းမႉး၊ ကုိလွေရြ (အခု ဒိန္းမတ္) က တပ္ေရးဗုိလ္၊ ကုိသန္းနုိင္ ေခၚ ေနာင္မဲ (ျပန္၀င္) က တပ္ေထာက္ဗုိလ္ေတြ ျဖစ္ပါတယ္။ ၂၀၃ ကုိမုိးသီးဇြန္တုိ႔ဖက္မွာေတာ့ ကိုထိန္လင္း (အခု အေမရိကန္) က တပ္ရင္းမႉး၊ ကုိ၀င္းနုိင္ (ျပန္၀င္) က ဒုရင္းမႉး၊ ကုိစန္းယု (အခုအေမရိကန္) က တပ္ေရးဗိုလ္၊ ကုိသိန္းေဌး (အခု အေမရိကန္) က တပ္ေထာက္ဗုိလ္ ျဖစ္ပါတယ္။


ဒီလုိတပ္ရင္း ၅ ခုအေပၚမွာ အေပၚထပ္အေဆာက္အဦ ၃ ခုရွိေနတယ္လုိ႔ ေျပာနုိင္မယ္ထင္ပါတယ္။ ပထမတခုက ကုိနုိင္ေအာင္တုိ႔ ဗဟုိေကာ္မတီက ဖြဲ႔စည္းေပးလုိက္တဲ့ ေတာင္ပုိင္းစစ္ေဒသေကာ္မတီ၊ ဒုတိယတခုက ကိုမုိးသီးဇြန္တုိ႔ ဗဟုိဖက္က ဖြဲ႔လုိက္တဲ့ ေတာင္ပုိင္းေဒသက ေကာ္မတီနဲ႔ တတိယတခုကေတာ့ က်ေနာ္တုိ႔ ဘက္မလုိက္အဖြဲ႔ပါ ပါ၀င္တဲ့ တပ္ရင္း ၅ ခုစလုံးရဲ႕ ပူးတဲြညီညြတ္ေရး ေကာ္မတီျဖစ္ပါတယ္။ သက္ဆုိင္ရာ ဗဟုိေတြက ဖြဲ႔ေပးထားတဲ့ ေတာင္ပုိင္း စစ္ေဒသ ေကာ္မတီေတြဟာ သူတုိ႔တပ္ရင္း ၂ ခုနဲ႔ သူတုိ႔ဗဟုိၾကား အမိန္႔စီးဆင္းမႈကိုသာ အဓိက ေဆာင္ရြက္နုိင္ၿပီး တပ္ရင္း ၅ ခုစလုံးရဲ႕ ေန႔စဥ္ စား၀တ္ေနေရး၊ စစ္ေရးကိစၥ၊ ရိကၡာကိစၥေတြကို ေဆာင္ရြက္ေပးနုိင္တာကေတာ့ က်ေနာ္တုိ႔ပါ၀င္တဲ့ ပူးတဲြညီညြတ္ေရးေကာ္မတီပဲ ျဖစ္ပါတယ္။

ဒီေကာ္မတီထဲမွာ ပါ၀င္တဲ့ ပုဂၢိဳလ္ေတြနဲ႔ တာ၀န္ေတြကေတာ့ ၂၀၁ ဘက္မလိုက္အဖြဲ႔ရဲ႕ ဥကၠ႒ က်ေနာ္က ပူးတဲြညီညြတ္ေရးေကာ္မတီရဲ႕ အတြင္းေရးမႉး၊ ၂၀၁ ကုိနုိင္ေအာင္တုိ႔ဖက္မွ ေတာင္ပုိင္းစစ္ေဒသ ေကာ္မတီ၀င္ ကိုေက်ာ္ထင္ (စက္မႈတကၠသိုလ္ေက်ာင္းသား၊ ABSDF ဗဟုိရဲ့ ပထမဆုံး စစ္ဦးစီးခ်ဳပ္၊ အခု ေနာ္ေ၀) က တြဲဖက္အတြင္းေရးမႉးအျဖစ္ တာ၀န္ေပးျခင္း ခံရပါတယ္။ ေနာက္တခါ ၂၀၁ ကိုမုိးသီးဇြန္တုိ႔ဖက္မွ တပ္ရင္းမႉး ကုိေက်ာ္ယ်၊ ၂၀၃ ကိုမုိးသီးဇြန္တုိ႔ဖက္မွ တပ္ရင္းမႉးကိုထိန္လင္းနဲ႔ ၂၀၃ ကုိနုိင္ေအာင္တုိ႔ဖက္မွ ေတာင္ပုိင္းစစ္ေဒသေကာ္မတီ၀င္ ကိုေသာင္းထြန္း (အခု နယူးဇီလန္) တုိ႔က အဖြဲ႔၀င္ေတြ ျဖစ္ပါတယ္။

ဒီအဖြဲ႔ရဲ႕အဓိက တာ၀န္ကေတာ့ နုိင္ငံျခားအလႉရွင္ BCG (ေနာက္ပုိင္းမွာေတာ့ ရတ္ခ်ဘူရီ အေျခစုိက္ ဒုကၡသည္ႏွင့္ အေရးေပၚ အကူအညီေပးေရး ကက္သလစ္႐ံုးအဖဲြ႔ Catholic Office for Emergency Relief and Refugees – COERR က ဆက္ေပးပါတယ္) နဲ႔ MSF ကေပးတဲ့ ရိကၡာနဲ႔ေဆး၀ါးေတြကို စခန္း ၅ ခုရဲ႕ လူဦးေရအလုိက္ အခ်ဳိးက်ခဲြေ၀ေရး၊ မဟာမိတ္ KNU နဲ႔ဆက္ဆံေရး၊ DAB စစ္ေၾကာင္း ကိစၥညွိႏိႈင္းေဆာင္ရြက္ေရးေတြ ျဖစ္ပါတယ္။

တပ္ရင္း ၅ ခုေပါင္းရဲ႕ လူဦးေရဟာ ၇၀၀ ၀န္းက်င္ အထိရွိလာၿပီး BCG စာရင္းအရဆုိရင္ ၈၀၀ ၀န္းက်င္အထိ ရွိသြားတဲ့တြက္ မင္းသမီးေဒသ ABSDF ရဲ႕ အင္အား အေတာင့္တင္းဆုံးကာလ ျဖစ္လာပါတယ္။ BCG စာရင္းဆုိတာကေတာ့ ရိကၡာခဲြတမ္း ပုိရနုိင္ဖုိ႔ အလႉရွင္ေတြကို ပုိပုိ လုိလုိျပတဲ့စာရင္းျဖစ္ၿပီး တကယ့္စာရင္း မဟုတ္ပါ။ အဲဒီကာလ ABSDF တပ္ရင္းေတြမွာ စာရင္း ၂ မ်ဳိး ထားေလ့ရွိပါတယ္္။ က်ေနာ္တုိ႔ တပ္ရင္းေတြအခ်င္းခ်င္းၾကား အင္အားၿပိဳင္ ႂကြား၀ါၾကတဲ့အခါ “ဘာလဲ၊ BCG စာရင္းေတြကို လာေျပာေနတာလား” ဆုိၿပီး ေနာက္ေျပာင္ေလ့ရွိတဲ့အထိ BCG စာရင္းက နယ္စပ္မွာ ေခတ္စားခဲ့ပါတယ္။

BCG ဖက္ကေန DAB စစ္ေၾကာင္းေတြဖက္ကုိ လွည့္ရမယ္ဆုိရင္ေတာ့ DAB (ျမန္မာနုိင္ငံ ဒီမုိကရက္တစ္ မဟာမိတ္အဖြဲ႔) ထဲမွာ NDF (အမ်ဳိးသားဒီမုိကေရစီတပ္ေပါင္းစု) မွ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ၁၀ ဖြဲ႔ေက်ာ္နဲ႔ ABSDF အပါ၀င္ ၈၈ ေနာက္ပုိင္းေပၚလာတဲ့ လက္နက္ကုိင္ေရာ၊ မကုိင္တာတာေရာ ဒီမုိကေရစီအင္အားစု ၁၀ ဖြဲ႔ေက်ာ္ ပါ၀င္ပါတယ္။ ဒီအဖြဲ႔ရဲ႕ ဗဟုိဥကၠ႒ကေတာ့ KNU ဥကၠ႒ ဗုိလ္ခ်ဳပ္ျမျဖစ္ၿပီး မာနယ္ပုေလာမွာ အေျခစုိက္ပါတယ္။

အဲဒီကမွတဆင့္ KNU တပ္မဟာေတြအလုိက္ DAB စစ္ေၾကာင္းေတြကို နယ္ေျမသတ္မွတ္ၿပီး KNU တပ္မဟာမႉးေတြက DAB စစ္ေၾကာင္းမႉးေတြ ျဖစ္ပါတယ္။ ဆုိေတာ့ က်ေနာ္တုိ႔တပ္ေတြရွိတဲ့ မင္းသမီးေဒသမွာလည္း KNU တပ္မဟာ ၄ မႉး ဗုိလ္မႉးခ်ဳပ္ ေအာ္လီဗာ (အခု KNLA ဒုတိယ စစ္ဦးစီးခ်ဳပ္) က ဒီေဒသအတြင္းရွိ DAB စစ္ေၾကာင္း ၃ ခုစလုံးရဲ႕ တာ၀န္ခံ ျဖစ္ပါတယ္။ မင္းသမီးေဒသ ေက်ာင္းသားစခန္း ၅ ခုရဲ့ ကိုယ္စားလွယ္၊ ပူးတဲြညီညီညြတ္ေရး ေကာ္မတီအတြင္းေရးမႉး က်ေနာ္က ဒု တာ၀န္ခံ သေဘာမ်ဳိး ျဖစ္ပါတယ္။ DAB စစ္ေၾကာင္းရဲ႕ ႐ံုးလုပ္ငန္းေတြကို အဓိက ေဆာင္ရြက္ေပးသူကေတာ့ ဗုိလ္မႉးႀကီး မူးကေပၚ ျဖစ္ပါတယ္။

DAB အမွတ္ ၁ စစ္ေၾကာင္းက က်ေနာ္တုိ႔ ဘက္မလိုက္အဖြဲ႔မွ ဘုိင္သိန္းျမင့္ ဦးစီးတဲ့ တပ္ခဲြ ၂ ရွိရာ နတ္အိမ္ေတာင္ေဒသ (နတ္အိမ္ေတာင္စခန္း က်သြားေပမယ့္ က်ေနာ္တုိ႔ တပ္ေတြရဲ႕ ေဒသတြင္း လႈပ္ရွားနုိင္မႈက အင္အားေကာင္းဆဲ ျဖစ္ပါတယ္)၊ DAB အမွတ္ ၂ စစ္ေၾကာင္းက ၂၀၁ ကုိနုိင္ေအာင္တုိ႔ဖက္မွ ကုိဘုန္းေက်ာ္ ဦးစီးတဲ့တပ္ခြဲနဲ႔ က်ေနာ္တုိ႔ ဘက္မလုိက္မွ ကုိခင္ေမာင္ခ်ဳိ ဦးစီးတဲ့ တပ္ခဲြ ၁ ရွိရာ ျပည္ျခား-ပုေလာေဒသ၊ DAB အမွတ္ ၃ စစ္ေၾကာင္းကေတာ့ အမွတ္ ၂၀၃ တပ္ေတြတည္ရွိရာ ၿမိတ္-တနသၤာရီေဒသ ျဖစ္ပါတယ္။ တပ္ရင္းေတြ ၂ ျခမ္း၊ ၃ ျခမ္းကြဲေနေပမယ့္ က်ေနာ္တုိ႔ အင္အားေတြဟာ ေလ်ာ့က်မသြားတဲ့အျပင္ အၿပိဳင္အဆုိင္ စည္း႐ံုးရင္းနဲ႔ ပုိေတာင္ တုိးလာခဲ့ပါတယ္။ ဒါေၾကာင့္ အဲဒီလုိ ကဲြၿပဲေနခ်ိန္ဟာ DAB စစ္ေၾကာင္းေတြကို အရွိန္အဟုန္နဲ႔ကို လႈပ္ရွားနုိင္ခဲ့တဲ့ ကာလတခုျဖစ္ခဲ့ပါတယ္။

ဒီလုိေရးလုိက္လုိ႔ ကဲြၿပဲတပ္ ၅ ခု စုေပါင္းလုပ္ေဆာင္ေရး၊ မဟာမိတ္ KNU တပ္ေတြနဲ႔ေပါင္းၿပီး DAB စစ္ေၾကာင္းသြားေရးေတြဟာ အလြယ္တကူ လုပ္နုိင္တဲ့ကိစၥေတြလုိ႔ေတာ့ မထင္လုိက္ပါနဲ႔။ အခ်င္းခ်င္း အထင္အျမင္လဲြေနခ်ိန္မွာ အဲဒီလုိ အျမင္လြဲေနတဲ့ တပ္ေတြစုၿပီး စစ္ေၾကာင္းထြက္နုိင္ေရး ညွိနႈိင္းရတာ အေတာ္လက္၀င္တဲ့ကိစၥ ျဖစ္ပါတယ္။ တေန႔တေန႔ အစည္းေ၀းလုပ္ရင္းနဲ႔ အခ်ိန္ေတြကုန္ေနလုိ႔ “အစည္းေ၀းလုပ္ဖုိ႔အတြက္ အစည္းေ၀းလုပ္ေနတယ္” ဆုိၿပီးေတာင္ အေျပာခံရတဲ့ကာလေတြကုိ က်ေနာ္တုိ႔ ျဖတ္သန္းခဲ့ရပါတယ္။ DAB စစ္ေၾကာင္း ေရွ႕တန္းထြက္ဖုိ႔အေရး လနဲ႔ခ်ီ ညွိနႈိင္းခဲ့ရတဲ့ အစည္းေ၀းေတြနဲ႔ ပတ္သက္ၿပီး တြဲဖက္အတြင္းေရးမႉး ကိုေက်ာ္ထင္က DAB အစည္းေ၀းတခုမွာ ေပးခဲ့တဲ့ ေဟာဒီ ဥပမာကို နားေထာင္ၾကည့္ရင္ ပုိၿပီးေပၚလြင္လာမယ္လုိ႔ ထင္ပါတယ္။

“က်ေနာ္တုိ႔ ငယ္ငယ္တုန္းက နုိင္ငံျခားစစ္ကားေတြ ၾကည့္ဖူးတာကုိ သြားသတိရမိတယ္။ စစ္တုိက္တာကို ၾကည့္ခ်င္ပါတယ္ဆုိမွ စကားေျပာခန္းေတြခ်ည္း လာေနလုိ႔ အေတာ္ စိတ္ပ်က္မိပါတယ္။ စစ္ကားမွာ ဘာေၾကာင့္စကားေျပာခန္း ဒီေလာက္မ်ားေနမွန္း နားကုိမလည္ခဲ့ဘူး။ အခု ကုိယ္တုိင္ စစ္တုိက္ဖုိ႔ ျပင္ေတာ့မွပဲ ေၾသာ္ … ဒီလုိကုိးဆုိၿပီး သေဘာေပါက္ေတာ့တယ္” တဲ့။

အဲဒီလုိ အဲဒီလုိ စကားေျပာခန္းမ်ားစြာကို ျဖတ္သန္းၿပီးေနာက္ ဖြဲ႔စည္းလုိက္တဲ့ စစ္ေၾကာင္းေတြထဲမွာ ထူးထူးျခားျခား အလုပ္အျဖစ္ဆုံး စစ္ေၾကာင္းကေတာ့ က်ေနာ္တုိ႔ ဘက္မလုိက္တပ္ေတြနဲ႔ ကိုေက်ာ္ထင္ ကုိယ္တုိင္ ပါ၀င္ခဲ့တဲ့ ၂၀၁ ေဒါက္တာနုိင္ေအာင္ ဖက္ကတပ္ေတြ ပူးတြဲပါ၀င္တဲ့ ျပည္ျခား-ပုေလာေဒသ DAB အမွတ္ ၂ စစ္ေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီစစ္ေၾကာင္းဟာ အင္အားအေကာင္းဆုံး၊ စစ္သည္ အင္အား ၂၀၀ ေလာက္အထိပါ၀င္ၿပီး သရက္ေခ်ာင္း ေအာက္ပုိင္းကေန ၿမိတ္ၿမိဳ႕အနီးအထိ ကားလမ္းတေလွ်ာက္က ရြာတန္းေတြကို ထိန္းခ်ဳပ္ထားနုိင္တဲ့ အေျခအေနအထိ ၾသဇာလႊမ္းခဲ့ပါတယ္။ စစ္ေၾကာင္းမႉးက KNU တပ္ခြဲ ၄ မႈး ဗုိလ္မႉးနယ္ဒါး (အခု နယ္သာလန္) ျဖစ္ပါတယ္။

ေနာက္တခါ အဆုိေတာ္ ဘ၀ကေန ေတာခုိလာတဲ့ ေစာလယ္၀ါး (အခု အေမရိကန္) ဟာလည္း ဒီစစ္ေၾကာင္းရဲ႕ အရာခံဗုိလ္ျဖစ္ၿပီး ေက်ာင္းသားေတြနဲ႔ ဆက္ဆံေရး အေျပလည္ဆုံး စစ္ေၾကာင္းအျဖစ္ နာမည္ႀကီးခဲ့ပါတယ္။ ေနာက္တခါ ဗုိလ္နယ္ဒါးနဲ႔ ဗုိလ္လယ္၀ါးတုိ႔ဟာ ေနာက္တန္းမွာလည္း က်ေနာ္တုိ႔ စခန္းဆီ မၾကာခဏလာလည္ၿပီး က်ေနာ္တုိ႔ေက်ာင္းသားေတြနဲ႔ သူငယ္ခ်င္းေပါင္းေပါင္းတဲ့ ရွားရွားပါးပါး မဟာမိတ္ စစ္ဗုိလ္ေတြအျဖစ္ က်ေနာ္အမွတ္ရေနပါတယ္။

ေရွ႕တန္းစစ္ေၾကာင္းေတြအျပင္ ေနာက္တန္းဖက္မွာ ပူးတြဲညီညြတ္ေရး ေကာ္မီတီအေနနဲ႔ ပထမဆုံး ေအာင္ေအာင္ျမင္ျမင္ ေဆာင္ရြက္နုိင္ခဲ့တာကေတာ့ အလယ္စတုိဆီ ေရာက္ေနတဲ့ ကုိမုိးသီးဇြန္ကို ေထာက္ခံတဲ့ ၂၀၃ ကုိထိန္လင္းတုိ႔ တပ္ရင္းကို တနသၤာရီျမစ္ေဘးမွာ ေနရာျပန္လည္ခ်ထားနုိင္ခဲ့ျခင္း ျဖစ္ပါတယ္။ မင္းသမီးေဒသ တနသၤာရီျမစ္တေလွ်ာက္ ၾကည့္လုိက္မယ္ဆုိရင္ အမရာရြာအေပၚနားမွာ ကုိေက်ာ္ရ ဦးစီးတဲ့ ၂၀၁  ကုိမုိးသီးဇြန္တပ္ရင္း၊ အေပၚဘက္ မူလေနရာမွာ က်ေနာ္တုိ႔ ဘက္မလုိက္ ၂၀၁ တပ္ရင္း၊ က်ေနာ္တို႔နဲ႔ ခပ္လွမ္းလွမ္း စစ္သင္တန္းေက်ာင္းမွာ ကုိေဇာ္သန္း ဦးစီးတဲ့ ၂၀၁ ကုိနုိင္ေအာင္တုိ႔တပ္ရင္း၊ က်ေနာ္တုိ႔စခန္းရဲ့ အေပၚဘက္မွာ ကုိေသာင္းထြန္း ဦးစီးတဲ့ ၂၀၃ ေဒါက္တာ နုိင္ေအာင္ တပ္ရင္းနဲ႔ အဲဒီေဘးမွာ ကိုထိန္လင္း ဦးေဆာင္တဲ့ ၂၀၃ ကုိမုိးသီးဇြန္ တပ္ရင္းေတြကို တန္းစီၿပီးေတြ႔ရမွာ ျဖစ္ပါတယ္။

တပ္ရင္းေတြ ဒီလုိကြဲၿပဲေနတယ္ဆုိေပမယ့္ သူ႔စခန္း ငါ့စခန္း အၿပိဳင္အဆုိင္ တုိးတက္ေအာင္ ၿပိဳင္ရင္း နဲ႔ ၆ လေလာက္အတြင္းမွာတင္ စခန္းေတြအားလုံးဟာ အယင္စခန္းေဟာင္းေတြထက္ ပုိမုိဖြံ႔ၿဖိဳး ေ၀စည္လာၿပီး တပ္ဖြဲ႔၀င္သစ္ေတြလည္း အေတာ္မ်ားမ်ား ထပ္ရလာတာကုိ ေတြ႔ရပါတယ္။ က်ေနာ္ မွတ္မိသေလာက္ တပ္ဖြဲ႔၀င္အသစ္ အမ်ားဆုံးရတဲ့စခန္းဟာ ကိုထိန္လင္း ဦးေဆာင္တဲ့ ၂၀၃ ကိုမုိးသီးဇြန္တုိ႔ တပ္ဖြဲ႔ျဖစ္ၿပီး ဒုရင္းမႉး ကို၀င္းနုိင္ (ေနာက္ပုိင္း လက္နက္ခ်ၿပီး ျပည္သူ႔စစ္အျဖစ္အသြင္ ေျပာင္းသြားသူ) ဟာ တနသၤာရီၿမိဳ႕နယ္ လယ္သစ္ေက်းရြာဘက္မွာ စည္း႐ံုးေရးအားေကာင္းတယ္လုိ႔ နာမည္ႀကီးခဲ့ပါတယ္။ ဒီအတြက္ သူတုိ႔စခန္းမွာ လူသစ္ စစ္သင္တန္းဆင္းပဲြေတြလုပ္သလုိ က်န္တဲ့စခန္းအသီးသီးကလည္း လူသစ္ စစ္သင္တန္းဆင္းပဲြေတြ၊ မြန္းမံသင္တန္းေတြနဲ႔ မကဲြခင္ကထက္ေတာင္ ပုိၿပီးသြက္လက္ အသက္၀င္လာတာကို ေတြ႔ရပါတယ္။



မင္းသမီးေဒသမွာ ဖြင့္လွစ္တဲ့ ေက်ာင္းသားတပ္မေတာ္ တပ္မႉးငယ္သင္တန္း ဆင္းပဲြမွာ သင္တန္းဆရာ ဗုိလ္မႉးေအးျမင့္နဲ႔အတူ သင္တန္းသားမ်ားကုိ ေတြ႔ရစဥ္

က်ေနာ္တုိ႔တပ္ရင္းမွာေတာ့ လူသစ္သင္တန္းနဲ႔ အတူ န၀တဖက္ကေန ေျပာင္းလာတ့ဲ့ တပ္ၾကပ္ႀကီးတင္ျမင့္ဦးရဲ႕ လက္နက္ႀကီးသင္တန္းကုိပါ ေပးနုိင္ခဲ့ပါတယ္။ အကဲြအၿပဲကာလအတြင္း အထင္ရွားဆုံး စစ္သင္တန္းႀကီးတခုကေတာ့ ၂၀၁ ကုိနုိင္ေအာင္တုိ႔ဖက္မွာ က်င္းပၿပီး ဗုိလ္မႉးေအးျမင့္ ပုိ႔ခ်တဲ့ တပ္မႉးငယ္သင္တန္း အမွတ္စဥ္ ၂ ပဲျဖစ္ပါတယ္။ က်ေနာ္တုိ႔ဆီက တပ္မႉးေတြျဖစ္တဲ့ ကုိမင္းေဇာ္သူ၊ ကုိခင္ေမာင္ခ်ဳိ၊ ကိုေက်ာ္သူ၊ ကုိညီညီလြင္နဲ႔ ကိုမင္းမင္းတုိ႔ ၅ ဦး အဲဒီသင္တန္းဆီ တက္ခြင့္ရခဲ့ပါတယ္။

ကုိမုိးသီးဇြန္တုိ႔ဖက္ကေတာ့ ဒီသင္တန္းဆီ တက္ေရာက္လာသူ မေတြ႔ရပါဘူး။ ကုိနုိင္ေအာင္တုိ႔ ဗဟုိဖက္ကေတာ့ ၂၀၁ မွ ကိုေဇာ္သန္း၊ ကိုဘုန္းေက်ာ္၊ ကုိျမင့္လြင္၊ ကုိ၀င္းေအာင္ အပါ၀င္ ၁၀ ဦးခန္႔နဲ႔ ဗဟုိဖက္ တပ္ရင္းေတြကေန စုစုေပါင္း တပ္မႉး ၃၀ နီးပါး တက္ေရာက္ခဲ့ပါတယ္။ ဒါ့အျပင္ မဟာမိတ္ KNU နဲ႔ မြန္ျပည္သစ္ပါတီ NMSP က တပ္မႉးငယ္ ၅ ဦးစီလည္း တက္ေရာက္ခဲ့တဲ့အတြက္ ဒါဟာ မင္းသမီးေဒသရဲ႕ အထူးျခားဆုံး တပ္မႉးသင္တန္း၊ ဗုိလ္သင္တန္းအျဖစ္ က်ေနာ္အမွတ္ရေနပါတယ္။


ထူးျခားေသာ မဟာမိတ္ဆက္ဆံေရး တာ၀န္ခံမ်ား

၁၉၉၁ ဒီဇင္ဘာကေန ၁၉၉၃ နွစ္ကုန္ပုိင္းအထိ ဘက္မလုိက္ဥကၠ႒တာ၀န္၊ ပူးတဲြညီညြတ္ေရး ေကာ္မတီအတြင္းေရးမႉး တာ၀န္ေတြ ယူေနရစဥ္ကာလအတြင္း က်ေနာ္တုိ႔နဲ႔ အဓိက ဆက္စပ္ေဆာင္ရြက္ရသူ KNU အရာရွိကေတာ့ ဆရာမန္းၿငိမ္း (ေခၚ) ပဒုိမန္းၿငိမ္းေမာင္ (ကုိကုိးကြ်န္းကေန ၁၉၇၀ မွာ လက္ေလွာ္ေလွနဲ႔ ထြက္ေျပးလြတ္ေျမာက္လာသူ။ ၂၀၁၁ ခုနွစ္ေနွာင္းပုိင္းမွာ ဒုတိယအႀကိမ္ ဖမ္းဆီးခံရၿပီး နုိင္ငံေတာ္အား စစ္မက္ဖက္ၿပိဳင္မႈနဲ႔ တသက္တကြ်န္း ခ်ခံရသူ၊ ၂၀၁၂ ခုနွစ္ မတ္လေနွာင္းပုိင္းကမွ သမၼတဦးသိန္းစိန္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လြတ္လာသူ) ျဖစ္ပါတယ္။ အသားျဖူျဖဴ အရပ္ျမင့္ျမင့္နဲ႔ သန္႔သန္႔ျပန္႔ျပန္႔ ေနတတ္တဲ့ ဆရာမန္းၿငိမ္းဟာ အဲဒီကာလက အသက္ ၅၀ ၀န္းက်င္ပဲ ရွိဦးမယ္လုိ႔ က်ေနာ္ထင္ပါတယ္။

သူဟာ အရင္က တပ္မဟာ ၆ မွာ ဆရာမန္းေအာင္ေဌးတုိ႔နဲ႔အတူ တာ၀န္ထမ္းခဲ့သူျဖစ္ၿပီး ၁၉၉၁ ေနွာင္းပုိင္း ABSDF အကဲြအၿပဲကာလမွာ က်ေနာ္တုိ႔ မင္းသမီးေဒသ တပ္မဟာ ၄ ဆီ တာ၀န္ေျပာင္းလာသူ ျဖစ္ပါတယ္။ တပ္မဟာ ၆ ဖက္မွာ ေက်ာင္းသားေတြနဲ႔ ရင္းရင္းနွီးနွီးဆက္ဆံခဲ့ဖူးတဲ့ ဆရာမန္းၿငိမ္းဟာ တပ္မဟာ ၄ ေဒသ၊ ၿမိတ္-ထား၀ယ္ခ႐ုိင္ရဲ႕ ေက်ာင္းသားေရးရာ တာ၀န္ခံျဖစ္လာၿပီး အကဲြအၿပဲကာလအတြင္း က်ေနာ္တုိ႔နဲ႔ အဓိကဆက္ဆံရသူ၊ က်ေနာ္တုိ႔ စခန္း ၅ ခု၊ အထူးသျဖင့္ က်ေနာ္တုိ႔ ဘက္မလုိက္စခန္းဆီ ေန႔စဥ္လုိုလုိ ေရာက္ေနၿပီး သင္တန္းဆင္းပဲြေတြ၊ တျခား ေဆြးေႏြးပဲြေတြမွာ အၿမဲတမ္းပါေနတဲ့ မဟာမိတ္ ေခါင္းေဆာင္တဦး ျဖစ္ပါတယ္။ ေနာက္တခါ ပဒိုမန္းၿငိမ္းေမာင္ဟာ တပ္မဟာ ၄ ေဒသရဲ႕ ရွားရွားပါးပါး ဗုဒၶဘာသာ၀င္ KNU ေခါင္းေဆာင္တဦးလည္း ျဖစ္တဲ့အတြက္ က်ေနာ္တုိ႔တပ္ရင္းက ဘုန္းႀကီးေက်ာင္းအလႉပဲြေတြ၊ ဥပုသ္ေန႔ပဲြေတြမွာလည္း က်ေနာ္တုိ႔နဲ႔အတူ ၀င္ႏႊဲနုိင္သူတဦး ျဖစ္ပါတယ္။

တကယ္ကေတာ့ အကဲြအၿပဲျဖစ္ေနတဲ့ ABSDF တပ္ရင္း ၅ ခုၾကား ေန႔စဥ္လုိလုိလာၿပီး ၾကား၀င္ ေဆာင္ရြက္ေပးရတဲ့ အလုပ္ဟာ သိပ္မလြယ္လွပါဘူး။ လူအေတာ္မ်ားမ်ားဟာ ဒီလုိမ်ဳိး ၾကားညွပ္ခံရမယ့္အလုပ္၊ လူမုန္းခံရနုိင္တဲ့ အလုပ္မ်ဳိးကို လက္ေရွာင္ေလ့ရွိပါတယ္။ ေစတနာနဲ႔ ၀င္ကူေပးတာျဖစ္ေပမယ့္ အျမင္မတူတဲ့ ေက်ာင္းသားအဖြဲ႔ခဲြေတြၾကားမွာ သူအေပၚ အျမင္ေတြကည္လည္း အမ်ဳိးမ်ဳိးျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္ ပဒုိမန္းၿငိမ္းေမာင္ကေတာ့ သူမ်ားေ၀ဖန္တာေတြကို သိပ္ကရုမစို္က္ဘဲ သူတာ၀န္သူ ေက်ျပြန္ေရးကိုသာ ဦးစားေပးေဆာင္ရြက္ခဲ့တာကို က်ေနာ္ အမွတ္ရေနပါတယ္။

အေစာပုိင္းကာလေတြတုန္းကေတာ့ သူ႔ကုိ ကြ်န္းျပန္တဦးမွန္း က်ေနာ္တုိ႔ မသိခဲ့ပါ။ သူကလဲ သူကြ်န္းျပန္ျဖစ္တယ္ ဆုိတာကုိ တခါမွ မေျပာျပခဲ့ပါ။ ေနာက္ပုိင္း အခ်ိန္ၾကာလာၿပီး လူခ်င္းရင္းနွီးလာေတာ့မွ သူဟာ ဆရာမန္းေငြေအာင္၊ မန္းေအာင္ၾကည္တုိ႔နဲ႔အတူ ကုိကုိးကြ်န္းကေန မြန္ျပည္နယ္ကမ္းေျခအထိ မုိင္ ၂၀၀ ေက်ာ္ကို လက္ေလွာ္ေလွ၊ ၀ါးေဖာင္နဲ႔ထြက္ေျပးလာသူ၊ ဆရာျမသန္းတင့္ရဲ့ “ဓားေတာင္ကုိေက်ာ္၍ မီးပင္လယ္ကိုျဖတ္မည္” ၀တၳဳထဲက ဇာတ္လုိက္ သံေခ်ာင္းလိုလူမွန္း သိလာရပါတယ္။

ဒီလုိနဲ႔ တရက္မွာေတာ့ သူ႔ကုိ က်ေနာ္တုိ႔ စခန္းဆီ ဖိတ္ၾကားၿပီး ကုိကုိးကြ်န္းကေန ထြက္ေျပးလာပုံအေၾကာင္း စာေပေဟာေျပာပဲြေလးတခု လုပ္ခဲ့ေသးတာကုိ က်ေနာ္အမွတ္ရေနပါတယ္။ ရဲေဘာ္ထု ရွင္းလင္းပဲြလုပ္ေလ့ရွိရာ ကုကၠိဳပင္ႀကီးေအာက္မွာ ျပဳလုပ္တဲ့ အဲဒီ စာေပေဟာေျပာပဲြဟာ က်ေနာ္တုိ႔စခန္းမွာ ျပဳလုပ္ဖူးတဲ့ တခုတည္းေသာ စာေပေဟာေျပာပဲြလုိ႔ က်ေနာ္ထင္ပါတယ္။

ကုိကုိးကြ်န္းကေန မြန္ျပည္နယ္ကမ္းေျခအထိ လက္ေလွာ္ေလွနဲ႔ ထြက္ေျပးလာတဲ့ျဖစ္စဥ္ဟာ စိတ္ကူးယဥ္၀တၱဳထက္ ပုိမုိဆန္းက်ယ္ၿပီး ျမန္မာ့သမုိင္းမွာ ရွားပါးတဲ့ တကယ့္ကုိ စြန္႔စားခန္းႀကီးတခု ျဖစ္ပါတယ္။ အဲဒီေနာက္ပုိင္းမွာေတာ့ ဒီအေၾကာင္းေတြကို တျခားကြ်န္းျပန္တဦးျဖစ္တဲ့ ဆရာဦးတင့္ေဇာ္က RFA လြတ္လပ္ေသာအာရွအသံမွာ “ကြ်န္းအတိတ္ အရိပ္ပမာ” ဆုိၿပီး အခန္းဆက္ အသံလြင့္ခဲ့ပါတယ္။ ၂၀၀၀ ျပည့္နွစ္ ဇူလုိင္လမွာေတာ့ ဆရာမန္းၿငိမ္းကို္ယ္တုိင္ ရဲေဘာ္ေရွာင္းဆုိတဲ့အမည္နဲ႔ “မုန္တုိင္းကိုဆန္၍ ပင္လယ္ကုိ ျဖတ္ေသာအခါ” လုိ႔ ေခါင္းစဥ္ေပးၿပီး ကို္ယ္တုိင္ေရးသားထုတ္ေ၀ခဲ့တာကုိ ေတြ႔ရပါတယ္။

KUN ဖက္မွာ ဒီလုိထူးျခားတဲ့ မဟာမိတ္ ဆက္ဆံေရးကိုယ္စားလွယ္ ဆရာမန္းၿငိမ္းအေၾကာင္းကုိ ေျပာရင္းနဲ႔ က်ေနာ္တုိ႔ ABSDF ဖက္က ထူးျခားတဲ့ မဟာမိတ္ဆက္ဆံေရးကုိယ္စားလွယ္ ကိုေအာင္သန္း (က်ေနာ္တုိ႔ အခ်င္းခ်င္းၾကားမွာေတာ့ ပဒုိေအာင္သန္းလုိ႔ ေခၚၾကပါတယ္) ကိုလည္း သြားသတိရမိပါတယ္။ ပူးတြဲညီညြတ္ေရး ေကာ္မတီ အတြင္းေရးမႉးအျဖစ္ က်ေနာ္တာ၀န္ယူေနစဥ္ ထီးခီးရွိ ေက်ာင္းသားေတြရဲ႕ စခန္းေထာက္ေနရာကို အၿမဲတမ္း႐ံုးခန္းအျဖစ္ ဖြင့္လွစ္ခဲ့ၿပီး ၂၀၃ တပ္ရင္း ကုိထိန္လင္းတုိ႔ဖက္မွ ကိုသန္းဦးစုိး (အခုအေမရိကန္) ကုိ ရံုးအဖြဲ႔မႉးအျဖစ္ တာ၀န္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ဆန္သယ္တာ၊ ကားငွားတာ ကိစၥအေတာ္မ်ားမ်ားကို အဓိက ေဆာင္ရြက္ရသူကေတာ့ ၂၀၃ ကုိေသာင္းထြန္းတုိ႔ဖက္မွ ကုိေအာင္သန္း (အခုအေမရိကန္) ျဖစ္ပါတယ္။

အသားခပ္ညိဳညိဳ ဗလေကာင္းေကာင္း၊ စကားႂကြယ္လွတဲ့ ရဲေဘာ္ႀကီး ပဒုိေအာင္သန္းရဲ႕ မဟာမိတ္ဆက္ဆံေရး ကြ်မ္းက်င္မႈက အေတာ္ထူးျခားပါတယ္။ က်ေနာ္တုိ႔ ဆက္ဆံသလုိ KNU နဲ႔ ABSDF အၾကား ဟိတ္ေတြဟန္ေတြနဲ႔ ဆက္ဆံတာကိုေရွာင္ၿပီး KNU ေအာက္ေျခရဲေဘာ္ေတြနဲ႔ နီးနီးကပ္ကပ္ သင့္သလုိ ဆက္ဆံနုိင္တဲ့ အရည္ခ်င္းမ်ဳိး သူ႔မွာရွိပါတယ္။ ဥပမာအားျဖင့္ ထီးခီးကေန က်ေနာ္တုိ႔စခန္းဆီ ဆန္နဲ႔ တျခားရိကၡာေတြ သယ္စရာရွိလုိ႔ KNU ကားေတြကို လုိက္ငွားတဲ့အခါမ်ဳိးဆုိရင္ က်ေနာ္တုိ႔လုိ တာ၀န္ရွိတဲ့ ပုဂၢိဳလ္ေတြ ကိုယ္တုိင္သြားေျပာတဲ့အခါ တပ္မဟာမႉးဆီက ခြင့္ျပဳခ်က္ရၿပီးၿပီလား၊ ခ႐ုိင္ဥကၠ႒ဆီက ခြင့္ျပဳခ်က္ရၿပီလား၊ မုိးရြာၿပီးလမ္းေခ်ာ္ေနလုိ႔ ဒီေန႔ကားမထြက္ဘူးဆုိၿပီး ကားသမားေတြက အေၾကာင္းအမ်ဳိးမ်ဳိးျပ ျငင္းေလ့ရွိပါတယ္။

ဒါေပမယ့္ ကိုေအာင္သန္းႀကီး သြားေျပာလုိက္ရင္ေတာ့ အဲဒီကားသမားက ဘာမွမေမးဘဲ ခ်က္ခ်င္းထလုိက္လာေလ့ ရွိပါတယ္။ ေနာက္တခါ ထီးခီးက ကရင္ပဒုိေတြ၊ သူးခုိေတြအိမ္ဆီ က်ေနာ္တုိ႔ သြားလည္ဖုိ႔ တြန္႔ဆုတ္ေလ့ရွိေပမယ့္ ကိုေအာင္သန္းႀကီးကေတာ့ အိမ္တုိင္းလုိလုိကို ေရာက္ဖူးၿပီး စားအိမ္ေသာက္အိမ္ျဖစ္ေအာင္ စည္း႐ံုးထားနုိင္ပါတယ္။

ပဒုိမန္းၿငိမ္းေမာင္ (ယာအစြန္မွ တတိယ)၊ ကုိေအာင္သန္း (ယာအစြန္ဆုံး) ဗုိလ္မႉးေဘာ္ဒြင္ဇံ (ဘယ္အစြန္မွ တတိယ) နဲ႔အတူ ေတြ႔ရတဲ့ မင္းသမီးေဒသ ABSDF ပူးတြဲညီညြတ္ေရး ေကာ္မတီ၀င္မ်ား

အားလုံးသိတဲ့အတုိင္း KNU နယ္ေျမမွာ အရက္မေသာက္ရလုိ႔ အမိန္႔ထုတ္ထားေပမယ့္ ကုိေအာင္သန္းကေတာ့ အဲဒီအမိန္႔ကုိ ကင္းလြတ္ခြင့္ရေအာင္ စြမ္းေဆာင္ထားနုိင္သူျဖစ္ပါတယ္။ ဆုိလုိတာကေတာ့ အဆင့္တန္းမေရြး မဟာမိတ္အားလုံးနဲ႔ အဆင္ေျပေအာင္ ဆက္ဆံနုိင္တဲ့အရည္ခ်င္း သူ႔မွာရွိတဲ့အတြက္ ထီးခီး၊ ထီးထာတနယ္လုံးမွာ ကုိေအာင္သန္းကို မသိသူ မရွိသေလာက္ရွားပါတယ္။ ထီးခီး၊ ထီးထာ KNU ဂိတ္ေတြက ေက်ာင္းသားဟုတ္မဟုတ္ စစ္ေဆးတဲ့အခါ မုိးသီး၊ နုိင္ေအာင္၊ ဘက္မလုိက္၊ ဘယ္အဖြဲ႔ကလဲလုိ႔ မေမးေတာ့ဘဲ “ကုိေအာင္သန္းႀကီးကုိ သိလား။ ကိုေအာင္သန္းႀကီးတုိ႔နဲ႔ တဖြဲ႔တည္းလား” ဆုိၿပီးေမးတဲ့အထိ သူအမည္က KNU ရဲေဘာ္ေတြၾကား ေပါက္ေရာက္ခဲ့တာကို အမွတ္ရေနပါတယ္။

======================================================

(အပိုင်း ၂၉)

ထက်အောင်ကျော် on May 10, 2012 5:16 pm
အောက်မေ့ဖွယ် / ဧရာဝတီ။ 

ပူးတွဲ ညီညွတ်ရေးကော်မီတီနဲ့ DAB စစ်ကြောင်းများ

၂၀၁ တပ်ရင်း ဘက်မလိုက်အဖွဲ့ဥက္ကဋ္ဌအဖြစ် ကျနော် တာဝန်ယူနေစဉ် နောက်ထပ်ယူရတဲ့ ထပ်ဆောင်းတာဝန် တခုကတော့ ကွဲပြဲသွားတဲ့ စခန်း ၅ ခု စုပေါင်းဖွဲ့စည်းလိုက်တဲ့ ပူးတွဲညီညွတ်ရေး ကော်မတီအတွင်းရေးမှူး တာဝန်ပါ။ ဒီကော်မတီဟာ တပ်ရင်း ၅ ခုအပေါ် အခြေခံထားတဲ့အတွက် အဲဒီကာလ တပ်ရင်း ၅ ခုရဲ့ ဖွဲ့စည်းပုံနဲ့ ဦးဆောင်သူတွေစာရင်းကို အရင်တင်ပြချင်ပါတယ်။


KNU တပ်မဟာ ၄ မှူး ဗိုလ်မှုးချုပ် အော်လီဗာနဲ့ ABSDF မင်းသမီးဒေသ ပူးတွဲညီညွတ်ရေးအဖွဲ့ အတွင်းရေးမှူးတို့ကို DAB စစ်ကြောင်း အစည်းဝေးတခုတွင် တွေ့ရစဉ်

ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ မူလပုံစံအတိုင်း ဥက္ကဋ္ဌ၊ တပ်ရင်းမှူး ၂ မျိုးတွဲ ဖွဲ့စည်းပုံနဲ့ ဆက်သွားပေမယ့် ကျန်တပ်ရင်း ၄ ခုကတော့ ကော်မတီစနစ်ကို ဖျက်သိမ်းပြီး တပ်ရင်းမှူးစနစ် ပုံစံသစ်နဲ့ သွားကြပါတယ်။ ၂၀၁ ကိုနိုင်အောင် ဖက်မှာ ကိုဇော်သန်း (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲမှာ ကျဆုံး) က တပ်ရင်းမှူး၊ ဆရာ အောင်မြင့် (အခုထိ ထိုင်းနယ်စပ်မှာရှိဆဲ) က ဒုရင်းမှူး၊ ကိုဝင်းအောင် (အခု အမေရိကန်) က တပ်ရေးဗိုလ်၊ ကိုမြင့်လွင် (အခုအမေရိကန်) က တပ်ထောက်ဗိုလ်တွေ ဖြစ်ပါတယ်။ ၂၀၁ ကိုမိုးသီးဇွန်တို့ဖက်မှာတော့ ကိုကျော်ရ (၁၉၉၂ မှာ ဘန်ကောက်သံရုံးက တဆင့် ပြန်ဝင်) က တပ်ရင်းမှူးဖြစ်ပြီး ကျန်တဲ့ ဒုရင်းမှူး၊ တပ်ရေး၊ တပ်ထောက်တွေအမည်ကို ကျနော်မမှတ်မိတော့ပါ။

၂၀၃ ကိုနိုင်အောင်တို့ဖက်မှာတော့ ကိုချမ်းနိုင် ခေါ် ကိုမဲချော (ပြန်ဝင်) က တပ်ရင်းမှူး၊ ဗိုလ်တောက် (ပြန်ဝင်) က ဒု ရင်းမှူး၊ ကိုလှရွေ (အခု ဒိန်းမတ်) က တပ်ရေးဗိုလ်၊ ကိုသန်းနိုင် ခေါ် နောင်မဲ (ပြန်ဝင်) က တပ်ထောက်ဗိုလ်တွေ ဖြစ်ပါတယ်။ ၂၀၃ ကိုမိုးသီးဇွန်တို့ဖက်မှာတော့ ကိုထိန်လင်း (အခု အမေရိကန်) က တပ်ရင်းမှူး၊ ကိုဝင်းနိုင် (ပြန်ဝင်) က ဒုရင်းမှူး၊ ကိုစန်းယု (အခုအမေရိကန်) က တပ်ရေးဗိုလ်၊ ကိုသိန်းဌေး (အခု အမေရိကန်) က တပ်ထောက်ဗိုလ် ဖြစ်ပါတယ်။


ဒီလိုတပ်ရင်း ၅ ခုအပေါ်မှာ အပေါ်ထပ်အဆောက်အဦ ၃ ခုရှိနေတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ပထမတခုက ကိုနိုင်အောင်တို့ ဗဟိုကော်မတီက ဖွဲ့စည်းပေးလိုက်တဲ့ တောင်ပိုင်းစစ်ဒေသကော်မတီ၊ ဒုတိယတခုက ကိုမိုးသီးဇွန်တို့ ဗဟိုဖက်က ဖွဲ့လိုက်တဲ့ တောင်ပိုင်းဒေသက ကော်မတီနဲ့ တတိယတခုကတော့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ပါ ပါဝင်တဲ့ တပ်ရင်း ၅ ခုစလုံးရဲ့ ပူးတွဲညီညွတ်ရေး ကော်မတီဖြစ်ပါတယ်။ သက်ဆိုင်ရာ ဗဟိုတွေက ဖွဲ့ပေးထားတဲ့ တောင်ပိုင်း စစ်ဒေသ ကော်မတီတွေဟာ သူတို့တပ်ရင်း ၂ ခုနဲ့ သူတို့ဗဟိုကြား အမိန့်စီးဆင်းမှုကိုသာ အဓိက ဆောင်ရွက်နိုင်ပြီး တပ်ရင်း ၅ ခုစလုံးရဲ့ နေ့စဉ် စားဝတ်နေရေး၊ စစ်ရေးကိစ္စ၊ ရိက္ခာကိစ္စတွေကို ဆောင်ရွက်ပေးနိုင်တာကတော့ ကျနော်တို့ပါဝင်တဲ့ ပူးတွဲညီညွတ်ရေးကော်မတီပဲ ဖြစ်ပါတယ်။

ဒီကော်မတီထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တာဝန်တွေကတော့ ၂၀၁ ဘက်မလိုက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကျနော်က ပူးတွဲညီညွတ်ရေးကော်မတီရဲ့ အတွင်းရေးမှူး၊ ၂၀၁ ကိုနိုင်အောင်တို့ဖက်မှ တောင်ပိုင်းစစ်ဒေသ ကော်မတီဝင် ကိုကျော်ထင် (စက်မှုတက္ကသိုလ်ကျောင်းသား၊ ABSDF ဗဟိုရဲ့ ပထမဆုံး စစ်ဦးစီးချုပ်၊ အခု နော်ဝေ) က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။ နောက်တခါ ၂၀၁ ကိုမိုးသီးဇွန်တို့ဖက်မှ တပ်ရင်းမှူး ကိုကျော်ယျ၊ ၂၀၃ ကိုမိုးသီးဇွန်တို့ဖက်မှ တပ်ရင်းမှူးကိုထိန်လင်းနဲ့ ၂၀၃ ကိုနိုင်အောင်တို့ဖက်မှ တောင်ပိုင်းစစ်ဒေသကော်မတီဝင် ကိုသောင်းထွန်း (အခု နယူးဇီလန်) တို့က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့အဓိက တာဝန်ကတော့ နိုင်ငံခြားအလှူရှင် BCG (နောက်ပိုင်းမှာတော့ ရတ်ချဘူရီ အခြေစိုက် ဒုက္ခသည်နှင့် အရေးပေါ် အကူအညီပေးရေး ကက်သလစ်ရုံးအဖွဲ့ Catholic Office for Emergency Relief and Refugees – COERR က ဆက်ပေးပါတယ်) နဲ့ MSF ကပေးတဲ့ ရိက္ခာနဲ့ဆေးဝါးတွေကို စခန်း ၅ ခုရဲ့ လူဦးရေအလိုက် အချိုးကျခွဲဝေရေး၊ မဟာမိတ် KNU နဲ့ဆက်ဆံရေး၊ DAB စစ်ကြောင်း ကိစ္စညှိနှိုင်းဆောင်ရွက်ရေးတွေ ဖြစ်ပါတယ်။

တပ်ရင်း ၅ ခုပေါင်းရဲ့ လူဦးရေဟာ ၇၀၀ ဝန်းကျင် အထိရှိလာပြီး BCG စာရင်းအရဆိုရင် ၈၀၀ ဝန်းကျင်အထိ ရှိသွားတဲ့တွက် မင်းသမီးဒေသ ABSDF ရဲ့ အင်အား အတောင့်တင်းဆုံးကာလ ဖြစ်လာပါတယ်။ BCG စာရင်းဆိုတာကတော့ ရိက္ခာခွဲတမ်း ပိုရနိုင်ဖို့ အလှူရှင်တွေကို ပိုပို လိုလိုပြတဲ့စာရင်းဖြစ်ပြီး တကယ့်စာရင်း မဟုတ်ပါ။ အဲဒီကာလ ABSDF တပ်ရင်းတွေမှာ စာရင်း ၂ မျိုး ထားလေ့ရှိပါတယ်။ ကျနော်တို့ တပ်ရင်းတွေအချင်းချင်းကြား အင်အားပြိုင် ကြွားဝါကြတဲ့အခါ “ဘာလဲ၊ BCG စာရင်းတွေကို လာပြောနေတာလား” ဆိုပြီး နောက်ပြောင်လေ့ရှိတဲ့အထိ BCG စာရင်းက နယ်စပ်မှာ ခေတ်စားခဲ့ပါတယ်။

BCG ဖက်ကနေ DAB စစ်ကြောင်းတွေဖက်ကို လှည့်ရမယ်ဆိုရင်တော့ DAB (မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) ထဲမှာ NDF (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကျော်နဲ့ ABSDF အပါဝင် ၈၈ နောက်ပိုင်းပေါ်လာတဲ့ လက်နက်ကိုင်ရော၊ မကိုင်တာတာရော ဒီမိုကရေစီအင်အားစု ၁၀ ဖွဲ့ကျော် ပါဝင်ပါတယ်။ ဒီအဖွဲ့ရဲ့ ဗဟိုဥက္ကဋ္ဌကတော့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဖြစ်ပြီး မာနယ်ပုလောမှာ အခြေစိုက်ပါတယ်။

အဲဒီကမှတဆင့် KNU တပ်မဟာတွေအလိုက် DAB စစ်ကြောင်းတွေကို နယ်မြေသတ်မှတ်ပြီး KNU တပ်မဟာမှူးတွေက DAB စစ်ကြောင်းမှူးတွေ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့တပ်တွေရှိတဲ့ မင်းသမီးဒေသမှာလည်း KNU တပ်မဟာ ၄ မှူး ဗိုလ်မှူးချုပ် အော်လီဗာ (အခု KNLA ဒုတိယ စစ်ဦးစီးချုပ်) က ဒီဒေသအတွင်းရှိ DAB စစ်ကြောင်း ၃ ခုစလုံးရဲ့ တာဝန်ခံ ဖြစ်ပါတယ်။ မင်းသမီးဒေသ ကျောင်းသားစခန်း ၅ ခုရဲ့ ကိုယ်စားလှယ်၊ ပူးတွဲညီညီညွတ်ရေး ကော်မတီအတွင်းရေးမှူး ကျနော်က ဒု တာဝန်ခံ သဘောမျိုး ဖြစ်ပါတယ်။ DAB စစ်ကြောင်းရဲ့ ရုံးလုပ်ငန်းတွေကို အဓိက ဆောင်ရွက်ပေးသူကတော့ ဗိုလ်မှူးကြီး မူးကပေါ် ဖြစ်ပါတယ်။

DAB အမှတ် ၁ စစ်ကြောင်းက ကျနော်တို့ ဘက်မလိုက်အဖွဲ့မှ ဘိုင်သိန်းမြင့် ဦးစီးတဲ့ တပ်ခွဲ ၂ ရှိရာ နတ်အိမ်တောင်ဒေသ (နတ်အိမ်တောင်စခန်း ကျသွားပေမယ့် ကျနော်တို့ တပ်တွေရဲ့ ဒေသတွင်း လှုပ်ရှားနိုင်မှုက အင်အားကောင်းဆဲ ဖြစ်ပါတယ်)၊ DAB အမှတ် ၂ စစ်ကြောင်းက ၂၀၁ ကိုနိုင်အောင်တို့ဖက်မှ ကိုဘုန်းကျော် ဦးစီးတဲ့တပ်ခွဲနဲ့ ကျနော်တို့ ဘက်မလိုက်မှ ကိုခင်မောင်ချို ဦးစီးတဲ့ တပ်ခွဲ ၁ ရှိရာ ပြည်ခြား-ပုလောဒေသ၊ DAB အမှတ် ၃ စစ်ကြောင်းကတော့ အမှတ် ၂၀၃ တပ်တွေတည်ရှိရာ မြိတ်-တနင်္သာရီဒေသ ဖြစ်ပါတယ်။ တပ်ရင်းတွေ ၂ ခြမ်း၊ ၃ ခြမ်းကွဲနေပေမယ့် ကျနော်တို့ အင်အားတွေဟာ လျော့ကျမသွားတဲ့အပြင် အပြိုင်အဆိုင် စည်းရုံးရင်းနဲ့ ပိုတောင် တိုးလာခဲ့ပါတယ်။ ဒါကြောင့် အဲဒီလို ကွဲပြဲနေချိန်ဟာ DAB စစ်ကြောင်းတွေကို အရှိန်အဟုန်နဲ့ကို လှုပ်ရှားနိုင်ခဲ့တဲ့ ကာလတခုဖြစ်ခဲ့ပါတယ်။

ဒီလိုရေးလိုက်လို့ ကွဲပြဲတပ် ၅ ခု စုပေါင်းလုပ်ဆောင်ရေး၊ မဟာမိတ် KNU တပ်တွေနဲ့ပေါင်းပြီး DAB စစ်ကြောင်းသွားရေးတွေဟာ အလွယ်တကူ လုပ်နိုင်တဲ့ကိစ္စတွေလို့တော့ မထင်လိုက်ပါနဲ့။ အချင်းချင်း အထင်အမြင်လွဲနေချိန်မှာ အဲဒီလို အမြင်လွဲနေတဲ့ တပ်တွေစုပြီး စစ်ကြောင်းထွက်နိုင်ရေး ညှိနှိုင်းရတာ အတော်လက်ဝင်တဲ့ကိစ္စ ဖြစ်ပါတယ်။ တနေ့တနေ့ အစည်းဝေးလုပ်ရင်းနဲ့ အချိန်တွေကုန်နေလို့ “အစည်းဝေးလုပ်ဖို့အတွက် အစည်းဝေးလုပ်နေတယ်” ဆိုပြီးတောင် အပြောခံရတဲ့ကာလတွေကို ကျနော်တို့ ဖြတ်သန်းခဲ့ရပါတယ်။ DAB စစ်ကြောင်း ရှေ့တန်းထွက်ဖို့အရေး လနဲ့ချီ ညှိနှိုင်းခဲ့ရတဲ့ အစည်းဝေးတွေနဲ့ ပတ်သက်ပြီး တွဲဖက်အတွင်းရေးမှူး ကိုကျော်ထင်က DAB အစည်းဝေးတခုမှာ ပေးခဲ့တဲ့ ဟောဒီ ဥပမာကို နားထောင်ကြည့်ရင် ပိုပြီးပေါ်လွင်လာမယ်လို့ ထင်ပါတယ်။

“ကျနော်တို့ ငယ်ငယ်တုန်းက နိုင်ငံခြားစစ်ကားတွေ ကြည့်ဖူးတာကို သွားသတိရမိတယ်။ စစ်တိုက်တာကို ကြည့်ချင်ပါတယ်ဆိုမှ စကားပြောခန်းတွေချည်း လာနေလို့ အတော် စိတ်ပျက်မိပါတယ်။ စစ်ကားမှာ ဘာကြောင့်စကားပြောခန်း ဒီလောက်များနေမှန်း နားကိုမလည်ခဲ့ဘူး။ အခု ကိုယ်တိုင် စစ်တိုက်ဖို့ ပြင်တော့မှပဲ သြော် … ဒီလိုကိုးဆိုပြီး သဘောပေါက်တော့တယ်” တဲ့။

အဲဒီလို အဲဒီလို စကားပြောခန်းများစွာကို ဖြတ်သန်းပြီးနောက် ဖွဲ့စည်းလိုက်တဲ့ စစ်ကြောင်းတွေထဲမှာ ထူးထူးခြားခြား အလုပ်အဖြစ်ဆုံး စစ်ကြောင်းကတော့ ကျနော်တို့ ဘက်မလိုက်တပ်တွေနဲ့ ကိုကျော်ထင် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ၂၀၁ ဒေါက်တာနိုင်အောင် ဖက်ကတပ်တွေ ပူးတွဲပါဝင်တဲ့ ပြည်ခြား-ပုလောဒေသ DAB အမှတ် ၂ စစ်ကြောင်းပဲ ဖြစ်ပါတယ်။ ဒီစစ်ကြောင်းဟာ အင်အားအကောင်းဆုံး၊ စစ်သည် အင်အား ၂၀၀ လောက်အထိပါဝင်ပြီး သရက်ချောင်း အောက်ပိုင်းကနေ မြိတ်မြို့အနီးအထိ ကားလမ်းတလျှောက်က ရွာတန်းတွေကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေအထိ သြဇာလွှမ်းခဲ့ပါတယ်။ စစ်ကြောင်းမှူးက KNU တပ်ခွဲ ၄ မှုး ဗိုလ်မှူးနယ်ဒါး (အခု နယ်သာလန်) ဖြစ်ပါတယ်။

နောက်တခါ အဆိုတော် ဘဝကနေ တောခိုလာတဲ့ စောလယ်ဝါး (အခု အမေရိကန်) ဟာလည်း ဒီစစ်ကြောင်းရဲ့ အရာခံဗိုလ်ဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆက်ဆံရေး အပြေလည်ဆုံး စစ်ကြောင်းအဖြစ် နာမည်ကြီးခဲ့ပါတယ်။ နောက်တခါ ဗိုလ်နယ်ဒါးနဲ့ ဗိုလ်လယ်ဝါးတို့ဟာ နောက်တန်းမှာလည်း ကျနော်တို့ စခန်းဆီ မကြာခဏလာလည်ပြီး ကျနော်တို့ကျောင်းသားတွေနဲ့ သူငယ်ချင်းပေါင်းပေါင်းတဲ့ ရှားရှားပါးပါး မဟာမိတ် စစ်ဗိုလ်တွေအဖြစ် ကျနော်အမှတ်ရနေပါတယ်။

ရှေ့တန်းစစ်ကြောင်းတွေအပြင် နောက်တန်းဖက်မှာ ပူးတွဲညီညွတ်ရေး ကော်မီတီအနေနဲ့ ပထမဆုံး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တာကတော့ အလယ်စတိုဆီ ရောက်နေတဲ့ ကိုမိုးသီးဇွန်ကို ထောက်ခံတဲ့ ၂၀၃ ကိုထိန်လင်းတို့ တပ်ရင်းကို တနင်္သာရီမြစ်ဘေးမှာ နေရာပြန်လည်ချထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မင်းသမီးဒေသ တနင်္သာရီမြစ်တလျှောက် ကြည့်လိုက်မယ်ဆိုရင် အမရာရွာအပေါ်နားမှာ ကိုကျော်ရ ဦးစီးတဲ့ ၂၀၁  ကိုမိုးသီးဇွန်တပ်ရင်း၊ အပေါ်ဘက် မူလနေရာမှာ ကျနော်တို့ ဘက်မလိုက် ၂၀၁ တပ်ရင်း၊ ကျနော်တို့နဲ့ ခပ်လှမ်းလှမ်း စစ်သင်တန်းကျောင်းမှာ ကိုဇော်သန်း ဦးစီးတဲ့ ၂၀၁ ကိုနိုင်အောင်တို့တပ်ရင်း၊ ကျနော်တို့စခန်းရဲ့ အပေါ်ဘက်မှာ ကိုသောင်းထွန်း ဦးစီးတဲ့ ၂၀၃ ဒေါက်တာ နိုင်အောင် တပ်ရင်းနဲ့ အဲဒီဘေးမှာ ကိုထိန်လင်း ဦးဆောင်တဲ့ ၂၀၃ ကိုမိုးသီးဇွန် တပ်ရင်းတွေကို တန်းစီပြီးတွေ့ရမှာ ဖြစ်ပါတယ်။

တပ်ရင်းတွေ ဒီလိုကွဲပြဲနေတယ်ဆိုပေမယ့် သူ့စခန်း ငါ့စခန်း အပြိုင်အဆိုင် တိုးတက်အောင် ပြိုင်ရင်း နဲ့ ၆ လလောက်အတွင်းမှာတင် စခန်းတွေအားလုံးဟာ အယင်စခန်းဟောင်းတွေထက် ပိုမိုဖွံ့ဖြိုး ဝေစည်လာပြီး တပ်ဖွဲ့ဝင်သစ်တွေလည်း အတော်များများ ထပ်ရလာတာကို တွေ့ရပါတယ်။ ကျနော် မှတ်မိသလောက် တပ်ဖွဲ့ဝင်အသစ် အများဆုံးရတဲ့စခန်းဟာ ကိုထိန်လင်း ဦးဆောင်တဲ့ ၂၀၃ ကိုမိုးသီးဇွန်တို့ တပ်ဖွဲ့ဖြစ်ပြီး ဒုရင်းမှူး ကိုဝင်းနိုင် (နောက်ပိုင်း လက်နက်ချပြီး ပြည်သူ့စစ်အဖြစ်အသွင် ပြောင်းသွားသူ) ဟာ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာဘက်မှာ စည်းရုံးရေးအားကောင်းတယ်လို့ နာမည်ကြီးခဲ့ပါတယ်။ ဒီအတွက် သူတို့စခန်းမှာ လူသစ် စစ်သင်တန်းဆင်းပွဲတွေလုပ်သလို ကျန်တဲ့စခန်းအသီးသီးကလည်း လူသစ် စစ်သင်တန်းဆင်းပွဲတွေ၊ မွန်းမံသင်တန်းတွေနဲ့ မကွဲခင်ကထက်တောင် ပိုပြီးသွက်လက် အသက်ဝင်လာတာကို တွေ့ရပါတယ်။



မင်းသမီးဒေသမှာ ဖွင့်လှစ်တဲ့ ကျောင်းသားတပ်မတော် တပ်မှူးငယ်သင်တန်း ဆင်းပွဲမှာ သင်တန်းဆရာ ဗိုလ်မှူးအေးမြင့်နဲ့အတူ သင်တန်းသားများကို တွေ့ရစဉ်

ကျနော်တို့တပ်ရင်းမှာတော့ လူသစ်သင်တန်းနဲ့ အတူ နဝတဖက်ကနေ ပြောင်းလာတဲ့ တပ်ကြပ်ကြီးတင်မြင့်ဦးရဲ့ လက်နက်ကြီးသင်တန်းကိုပါ ပေးနိုင်ခဲ့ပါတယ်။ အကွဲအပြဲကာလအတွင်း အထင်ရှားဆုံး စစ်သင်တန်းကြီးတခုကတော့ ၂၀၁ ကိုနိုင်အောင်တို့ဖက်မှာ ကျင်းပပြီး ဗိုလ်မှူးအေးမြင့် ပို့ချတဲ့ တပ်မှူးငယ်သင်တန်း အမှတ်စဉ် ၂ ပဲဖြစ်ပါတယ်။ ကျနော်တို့ဆီက တပ်မှူးတွေဖြစ်တဲ့ ကိုမင်းဇော်သူ၊ ကိုခင်မောင်ချို၊ ကိုကျော်သူ၊ ကိုညီညီလွင်နဲ့ ကိုမင်းမင်းတို့ ၅ ဦး အဲဒီသင်တန်းဆီ တက်ခွင့်ရခဲ့ပါတယ်။

ကိုမိုးသီးဇွန်တို့ဖက်ကတော့ ဒီသင်တန်းဆီ တက်ရောက်လာသူ မတွေ့ရပါဘူး။ ကိုနိုင်အောင်တို့ ဗဟိုဖက်ကတော့ ၂၀၁ မှ ကိုဇော်သန်း၊ ကိုဘုန်းကျော်၊ ကိုမြင့်လွင်၊ ကိုဝင်းအောင် အပါဝင် ၁၀ ဦးခန့်နဲ့ ဗဟိုဖက် တပ်ရင်းတွေကနေ စုစုပေါင်း တပ်မှူး ၃၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် မဟာမိတ် KNU နဲ့ မွန်ပြည်သစ်ပါတီ NMSP က တပ်မှူးငယ် ၅ ဦးစီလည်း တက်ရောက်ခဲ့တဲ့အတွက် ဒါဟာ မင်းသမီးဒေသရဲ့ အထူးခြားဆုံး တပ်မှူးသင်တန်း၊ ဗိုလ်သင်တန်းအဖြစ် ကျနော်အမှတ်ရနေပါတယ်။


ထူးခြားသော မဟာမိတ်ဆက်ဆံရေး တာဝန်ခံများ

၁၉၉၁ ဒီဇင်ဘာကနေ ၁၉၉၃ နှစ်ကုန်ပိုင်းအထိ ဘက်မလိုက်ဥက္ကဋ္ဌတာဝန်၊ ပူးတွဲညီညွတ်ရေး ကော်မတီအတွင်းရေးမှူး တာဝန်တွေ ယူနေရစဉ်ကာလအတွင်း ကျနော်တို့နဲ့ အဓိက ဆက်စပ်ဆောင်ရွက်ရသူ KNU အရာရှိကတော့ ဆရာမန်းငြိမ်း (ခေါ်) ပဒိုမန်းငြိမ်းမောင် (ကိုကိုးကျွန်းကနေ ၁၉၇၀ မှာ လက်လှော်လှေနဲ့ ထွက်ပြေးလွတ်မြောက်လာသူ။ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီး နိုင်ငံတော်အား စစ်မက်ဖက်ပြိုင်မှုနဲ့ တသက်တကျွန်း ချခံရသူ၊ ၂၀၁၂ ခုနှစ် မတ်လနှောင်းပိုင်းကမှ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ) ဖြစ်ပါတယ်။ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ သန့်သန့်ပြန့်ပြန့် နေတတ်တဲ့ ဆရာမန်းငြိမ်းဟာ အဲဒီကာလက အသက် ၅၀ ဝန်းကျင်ပဲ ရှိဦးမယ်လို့ ကျနော်ထင်ပါတယ်။

သူဟာ အရင်က တပ်မဟာ ၆ မှာ ဆရာမန်းအောင်ဌေးတို့နဲ့အတူ တာဝန်ထမ်းခဲ့သူဖြစ်ပြီး ၁၉၉၁ နှောင်းပိုင်း ABSDF အကွဲအပြဲကာလမှာ ကျနော်တို့ မင်းသမီးဒေသ တပ်မဟာ ၄ ဆီ တာဝန်ပြောင်းလာသူ ဖြစ်ပါတယ်။ တပ်မဟာ ၆ ဖက်မှာ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံခဲ့ဖူးတဲ့ ဆရာမန်းငြိမ်းဟာ တပ်မဟာ ၄ ဒေသ၊ မြိတ်-ထားဝယ်ခရိုင်ရဲ့ ကျောင်းသားရေးရာ တာဝန်ခံဖြစ်လာပြီး အကွဲအပြဲကာလအတွင်း ကျနော်တို့နဲ့ အဓိကဆက်ဆံရသူ၊ ကျနော်တို့ စခန်း ၅ ခု၊ အထူးသဖြင့် ကျနော်တို့ ဘက်မလိုက်စခန်းဆီ နေ့စဉ်လိုလို ရောက်နေပြီး  သင်တန်းဆင်းပွဲတွေ၊ တခြား ဆွေးနွေးပွဲတွေမှာ အမြဲတမ်းပါနေတဲ့ မဟာမိတ် ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ နောက်တခါ ပဒိုမန်းငြိမ်းမောင်ဟာ တပ်မဟာ ၄ ဒေသရဲ့ ရှားရှားပါးပါး ဗုဒ္ဓဘာသာဝင် KNU ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့အတွက် ကျနော်တို့တပ်ရင်းက ဘုန်းကြီးကျောင်းအလှူပွဲတွေ၊ ဥပုသ်နေ့ပွဲတွေမှာလည်း ကျနော်တို့နဲ့အတူ ဝင်နွှဲနိုင်သူတဦး ဖြစ်ပါတယ်။

တကယ်ကတော့ အကွဲအပြဲဖြစ်နေတဲ့ ABSDF တပ်ရင်း ၅ ခုကြား နေ့စဉ်လိုလိုလာပြီး ကြားဝင် ဆောင်ရွက်ပေးရတဲ့ အလုပ်ဟာ သိပ်မလွယ်လှပါဘူး။ လူအတော်များများဟာ ဒီလိုမျိုး ကြားညှပ်ခံရမယ့်အလုပ်၊ လူမုန်းခံရနိုင်တဲ့ အလုပ်မျိုးကို လက်ရှောင်လေ့ရှိပါတယ်။ စေတနာနဲ့ ဝင်ကူပေးတာဖြစ်ပေမယ့် အမြင်မတူတဲ့ ကျောင်းသားအဖွဲ့ခွဲတွေကြားမှာ သူအပေါ် အမြင်တွေကည်လည်း အမျိုးမျိုးဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပဒိုမန်းငြိမ်းမောင်ကတော့ သူများဝေဖန်တာတွေကို သိပ်ကရုမစိုက်ဘဲ သူတာဝန်သူ ကျေပြွန်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။

အစောပိုင်းကာလတွေတုန်းကတော့ သူ့ကို ကျွန်းပြန်တဦးမှန်း ကျနော်တို့ မသိခဲ့ပါ။ သူကလဲ သူကျွန်းပြန်ဖြစ်တယ် ဆိုတာကို တခါမှ မပြောပြခဲ့ပါ။ နောက်ပိုင်း အချိန်ကြာလာပြီး လူချင်းရင်းနှီးလာတော့မှ သူဟာ ဆရာမန်းငွေအောင်၊ မန်းအောင်ကြည်တို့နဲ့အတူ ကိုကိုးကျွန်းကနေ မွန်ပြည်နယ်ကမ်းခြေအထိ မိုင် ၂၀၀ ကျော်ကို လက်လှော်လှေ၊ ဝါးဖောင်နဲ့ထွက်ပြေးလာသူ၊ ဆရာမြသန်းတင့်ရဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္ထုထဲက ဇာတ်လိုက် သံချောင်းလိုလူမှန်း သိလာရပါတယ်။

ဒီလိုနဲ့ တရက်မှာတော့ သူ့ကို ကျနော်တို့ စခန်းဆီ ဖိတ်ကြားပြီး ကိုကိုးကျွန်းကနေ ထွက်ပြေးလာပုံအကြောင်း စာပေဟောပြောပွဲလေးတခု လုပ်ခဲ့သေးတာကို ကျနော်အမှတ်ရနေပါတယ်။ ရဲဘော်ထု ရှင်းလင်းပွဲလုပ်လေ့ရှိရာ ကုက္ကိုပင်ကြီးအောက်မှာ ပြုလုပ်တဲ့ အဲဒီ စာပေဟောပြောပွဲဟာ ကျနော်တို့စခန်းမှာ ပြုလုပ်ဖူးတဲ့ တခုတည်းသော စာပေဟောပြောပွဲလို့ ကျနော်ထင်ပါတယ်။

ကိုကိုးကျွန်းကနေ မွန်ပြည်နယ်ကမ်းခြေအထိ လက်လှော်လှေနဲ့ ထွက်ပြေးလာတဲ့ဖြစ်စဉ်ဟာ စိတ်ကူးယဉ်ဝတ္တုထက် ပိုမိုဆန်းကျယ်ပြီး မြန်မာ့သမိုင်းမှာ ရှားပါးတဲ့ တကယ့်ကို စွန့်စားခန်းကြီးတခု ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီအကြောင်းတွေကို တခြားကျွန်းပြန်တဦးဖြစ်တဲ့ ဆရာဦးတင့်ဇော်က RFA လွတ်လပ်သောအာရှအသံမှာ “ကျွန်းအတိတ် အရိပ်ပမာ” ဆိုပြီး အခန်းဆက် အသံလွင့်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လမှာတော့ ဆရာမန်းငြိမ်းကိုယ်တိုင် ရဲဘော်ရှောင်းဆိုတဲ့အမည်နဲ့ “မုန်တိုင်းကိုဆန်၍ ပင်လယ်ကို ဖြတ်သောအခါ” လို့ ခေါင်းစဉ်ပေးပြီး ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တာကို တွေ့ရပါတယ်။

KUN ဖက်မှာ ဒီလိုထူးခြားတဲ့ မဟာမိတ် ဆက်ဆံရေးကိုယ်စားလှယ် ဆရာမန်းငြိမ်းအကြောင်းကို ပြောရင်းနဲ့ ကျနော်တို့ ABSDF ဖက်က ထူးခြားတဲ့ မဟာမိတ်ဆက်ဆံရေးကိုယ်စားလှယ် ကိုအောင်သန်း (ကျနော်တို့ အချင်းချင်းကြားမှာတော့ ပဒိုအောင်သန်းလို့ ခေါ်ကြပါတယ်) ကိုလည်း သွားသတိရမိပါတယ်။ ပူးတွဲညီညွတ်ရေး ကော်မတီ အတွင်းရေးမှူးအဖြစ် ကျနော်တာဝန်ယူနေစဉ် ထီးခီးရှိ ကျောင်းသားတွေရဲ့ စခန်းထောက်နေရာကို အမြဲတမ်းရုံးခန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၃ တပ်ရင်း ကိုထိန်လင်းတို့ဖက်မှ ကိုသန်းဦးစိုး (အခုအမေရိကန်) ကို ရုံးအဖွဲ့မှူးအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆန်သယ်တာ၊ ကားငှားတာ ကိစ္စအတော်များများကို အဓိက ဆောင်ရွက်ရသူကတော့ ၂၀၃ ကိုသောင်းထွန်းတို့ဖက်မှ ကိုအောင်သန်း (အခုအမေရိကန်) ဖြစ်ပါတယ်။

အသားခပ်ညိုညို ဗလကောင်းကောင်း၊ စကားကြွယ်လှတဲ့ ရဲဘော်ကြီး ပဒိုအောင်သန်းရဲ့ မဟာမိတ်ဆက်ဆံရေး ကျွမ်းကျင်မှုက အတော်ထူးခြားပါတယ်။ ကျနော်တို့ ဆက်ဆံသလို KNU နဲ့ ABSDF အကြား ဟိတ်တွေဟန်တွေနဲ့ ဆက်ဆံတာကိုရှောင်ပြီး KNU အောက်ခြေရဲဘော်တွေနဲ့ နီးနီးကပ်ကပ် သင့်သလို ဆက်ဆံနိုင်တဲ့ အရည်ချင်းမျိုး သူ့မှာရှိပါတယ်။ ဥပမာအားဖြင့် ထီးခီးကနေ ကျနော်တို့စခန်းဆီ ဆန်နဲ့ တခြားရိက္ခာတွေ သယ်စရာရှိလို့ KNU ကားတွေကို လိုက်ငှားတဲ့အခါမျိုးဆိုရင် ကျနော်တို့လို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်သွားပြောတဲ့အခါ တပ်မဟာမှူးဆီက ခွင့်ပြုချက်ရပြီးပြီလား၊ ခရိုင်ဥက္ကဋ္ဌဆီက ခွင့်ပြုချက်ရပြီလား၊ မိုးရွာပြီးလမ်းချော်နေလို့ ဒီနေ့ကားမထွက်ဘူးဆိုပြီး ကားသမားတွေက အကြောင်းအမျိုးမျိုးပြ ငြင်းလေ့ရှိပါတယ်။

ဒါပေမယ့် ကိုအောင်သန်းကြီး သွားပြောလိုက်ရင်တော့ အဲဒီကားသမားက ဘာမှမမေးဘဲ ချက်ချင်းထလိုက်လာလေ့ ရှိပါတယ်။ နောက်တခါ ထီးခီးက ကရင်ပဒိုတွေ၊ သူးခိုတွေအိမ်ဆီ ကျနော်တို့ သွားလည်ဖို့ တွန့်ဆုတ်လေ့ရှိပေမယ့် ကိုအောင်သန်းကြီးကတော့ အိမ်တိုင်းလိုလိုကို ရောက်ဖူးပြီး စားအိမ်သောက်အိမ်ဖြစ်အောင် စည်းရုံးထားနိုင်ပါတယ်။

ပဒိုမန်းငြိမ်းမောင် (ယာအစွန်မှ တတိယ)၊ ကိုအောင်သန်း (ယာအစွန်ဆုံး) ဗိုလ်မှူးဘော်ဒွင်ဇံ (ဘယ်အစွန်မှ တတိယ) နဲ့အတူ တွေ့ရတဲ့ မင်းသမီးဒေသ ABSDF ပူးတွဲညီညွတ်ရေး ကော်မတီဝင်များ

အားလုံးသိတဲ့အတိုင်း KNU နယ်မြေမှာ အရက်မသောက်ရလို့ အမိန့်ထုတ်ထားပေမယ့် ကိုအောင်သန်းကတော့ အဲဒီအမိန့်ကို ကင်းလွတ်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်သူဖြစ်ပါတယ်။ ဆိုလိုတာကတော့ အဆင့်တန်းမရွေး မဟာမိတ်အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်တဲ့အရည်ချင်း သူ့မှာရှိတဲ့အတွက် ထီးခီး၊ ထီးထာတနယ်လုံးမှာ ကိုအောင်သန်းကို မသိသူ မရှိသလောက်ရှားပါတယ်။ ထီးခီး၊ ထီးထာ KNU ဂိတ်တွေက ကျောင်းသားဟုတ်မဟုတ် စစ်ဆေးတဲ့အခါ မိုးသီး၊ နိုင်အောင်၊ ဘက်မလိုက်၊ ဘယ်အဖွဲ့ကလဲလို့ မမေးတော့ဘဲ “ကိုအောင်သန်းကြီးကို သိလား။ ကိုအောင်သန်းကြီးတို့နဲ့ တဖွဲ့တည်းလား” ဆိုပြီးမေးတဲ့အထိ သူအမည်က KNU ရဲဘော်တွေကြား ပေါက်ရောက်ခဲ့တာကို အမှတ်ရနေပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More