Friday, September 28, 2012

အသွင်ကူးပြောင်းရေးကာလ Mindset ပြသာနာ (ပြန်လည်တင်ပြချက်)


ထက်အောင်ကျော် (၂၅-၀၁-၂၀၁၂)
(၂၅-၀၁-၂၀၁၂-ကရေးထားတဲ့ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည်တင်ပြထားခြင်းဖြစ်ပါတယ်)

လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပါတ်သက်ပီး ယုံတ၀က် မယုံ တ၀က်နဲ့ အမြင်အမျိုးမျိုး အင်တာနက်ပေါ်မှာရေးသားနေကြတာကိုတွေ့နေရပါတယ်။ ဒီရေးသားချက်တွေ ထဲက အများစုဟာ ၂၀၀၈-ဖွဲ့စည်းပုံကို မပြင်နိုင်ဘဲနဲ့ စစ်မှန်တဲ့ အပြောင်းလဲ ဘယ်ဖြစ်မလဲ။ စစ်တပ်ကို နိုင်ငံရေးကနေ မထုတ်ပစ်ဘဲနဲ့ ဒီမိုကရေစီ ဘယ်ရနိုင်မလဲ။ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ အတူတူ ရှင်သန်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ လွတ်တော်ထဲအထိ ဒေါ်အောင်ဆန်းစုကြည်ဝင်သွားလဲ ဘာမှထူးလာ မှာမဟုတ်ဘူး။ လက်ရှိအစိုးရကို တရားဝင်ဖြစ်အောင် အသိမှတ်ပြုပေး ယုံထက် ဘာမှပိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သံသယတွေကိုတွေ့ရပါတယ်။


ဒီလိုဝေဖန်မှုတွေကြားထဲမှာဘဲ့ ဧပြီလ ၁-ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူ ကိုယ်တိုင်ဝင်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေငြာလိုက်ပါတယ်။

Tuesday, September 25, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၇)


နယ်ကျွံလာသော ပဋိပက္ခများ

တနင်္သာရီမြစ်ရိုးတလျှောက်ဖြစ်နေတဲ့ နယ်မြေထိမ်းချုပ်နိုင်ရေး စစ်ပွဲတွေဟာ ပြင်းထန်လာတာနဲ့အမျှ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေဟာလည်း တနင်္သာရီ ရိုးမကိုကျော်ပြီး နယ်စပ်မျဉ်းတဖက်ခြမ်းက ထိုင်းနယ်မြေထဲအထိ ရောက်လာပါတယ်။

 ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရသူ ဆေးမှူး ကိုမိုးဇော်အောင် (မှောက်ပြီးနေရာယူထားသူ ၂ ဦးအနက် ယာဖက်မှ ပုဂ္ဂိုလ်) ကို စစ်သင်တန်းတခုအပြီး တွေ့ရစဉ်)

ဒီလိုဖြစ်စဉ်တွေဟာ မဲဆောက်၊ မယ်ဟောင်ဆောင်ဖက် သို့မဟုတ် ကရင်ပြည်နယ်၊ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ဖက်မှာ ဆယ်စုနှစ်နဲ့ချီ ဖြစ်နေတဲ့အတွက် သိပ်အထူးအဆန်း မဟုတ်တော့ပေမယ့်လည်း တနင်္သာရီတိုင်းဖက်မှာတော့ အခုမှစတင်ကြုံဖူးတာပါ။ နောက်တခါ မဲဆောက်၊ မယ်ဟောင်ဆောင်ဖက်မှာဒီလိုနယ်ကျွံလာတဲ့ ပဋိပက္ခက ဒုက္ခသည်စခန်းတွေဆီတော့ ရောက်လာပါတယ်။ လွန်လှကျွံလှ မဲဆောက်ဝန်းကျင်က နယ်စပ်ကားလမ်းပေါ် DKBA တပ်တွေ ပေါ်တင်တက်လာပြီး ဒုက္ခသည် စခန်းကို မီးရှို့တာမျိုးကလွဲရင် မြို့တော်ဘန်ကောက်အထိ တိုက်ရိုက် ဂယက်ရိုက်ခြင်း မရှိခဲ့ပါဘူး။

Thursday, September 20, 2012

ငြိမ်း-၀န်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသားတန်းတူရေးအမြင်

(ဧရာဝတီမဂဇင်းပါ ၃-ပိုင်းတွဲ  အင်တာဗျုးဟာ ကျနော်တို့ပြောနေကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးကြီးတယ်လို့ထင်မိတဲအတွက် ထပ်မံကူးယူဖေါ်ပြလိုက်ပါတယ်)

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ် “နယ်စည်းမခြား ဝန်ကြီး” ဟု ပုံဖော် ပြောဆိုသွားသော သမ္မတရုံး ဝန်ကြီးသစ် ဦးအောင်မင်းအနေဖြင့် လုပ်ဆောင်မည့် တာဝန်များ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြုံရသည့် စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ နယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စများကို မေးမြန်းထားပါသည်။



မေး။     ။ အခု ၀န်ကြီးဌာန အပြောင်းအလဲ နောက်ပိုင်းမှာ အခုဆိုရင် သမ္မတရုံးဝန်ကြီး ဖြစ်လာပြီဆိုတော့ ဘယ်လိုတာဝန်တွေကို ထမ်းဆောင်ဖို့ အစီအစဉ် ရှိပါသလဲ။

Tuesday, September 18, 2012

ပထမ-ဆုံးနေ့။

တောစခိုဖြစ်တဲ့ နေ့အကြောင်း တွေးမိတိုင်း ပထမဆုံး သတိရတာကတော့ “လမ်းကြုံလို့ တောခိုလာသူ” ဆိုပြီး ရဲဘော် တချို့က ကျနော့်ကို စ နောက်လေ့ ရှိတဲ့ စကားလုံးလေးပါ။ သူတို့ပြော မယ်ဆိုလဲပြောစရာပါပဲ။ တောခိုဖို့ ကြိုတင် စီစဉ်ထားခြင်း မရှိတဲ့ ကျနော်ဟာ တောခိုမယ့်လူတွေ ကျနော်တို့ ရွာဆီ ရောက်လာရာကနေ အဲဒီလူတွေနဲ့အတူ လိုက်ပါလာရင်းနဲ့ တောထဲရောက်လာတဲ့ သူဆိုရင် မမှားပါဘူး။



ကျနော့် စိတ်ထဲ မှတ်မိသလောက်ကို ပြန်ကောက်ရမယ်ဆိုရင် အဲဒီနေ့က ၁၉၈၈ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက် ရှိမယ်လို့ ထင်ပါတယ်။

“အတွင်းရေးမှုး၊ ရွာထဲမှာ ကျောင်းသားတွေ ရောက်နေတယ်။ အဲဒါ နေရာချပေးဖို့ အတွင်းရေးမှူးကို စောင့်နေကြတယ်” လို့ စက်ဘီးစီးပြီး ရောက်လာတဲ့ ရွာသားတဦးက ကျနော့်ကို လာသတင်းပို့ပါတယ်။

Sunday, September 16, 2012

ဝင်းမော်ဦးနှစ်ပတ်လည်နဲ့ အမှန်တရားဖေါ်ထုတ်ရေးလမ်းစ။

Girl's death 24 years ago haunts quest for justice in reformist Myanmar

By Andrew R.C. Marshall

YANGON (Reuters) - The first two bullets struck her legs. The third one ploughed through her chest, shredding a lung and drenching her uniform with blood.


The death of schoolgirl Win Maw Oo, 16, shot by soldiers during Myanmar's military crackdown on pro-democracy protests in 1988, so torments her family that they have yet to perform the Buddhist rites to release her soul into the afterlife.

Wednesday, September 12, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၄၆


God Army (ခေါ်) ဘုရားသခင် တပ်မတော် ပေါ်ပေါက်လာခြင်း

၁၉၉၇ ကနေ ၂၀၀၂ ခုနှစ်အကြား နာမည်ကြီးခဲ့တဲ့ God Army (ခေါ်) ဘုရားသခင် တပ်မတော် ဆိုတာကို မင်းသမီး စခန်းကနေ ခွာစစ်ဆင်တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်အထိ ကျနော် တခါမှ မကြားဖူးပါ။ ဒီအမည်ကို ပထမဆုံးအကြိမ် ကျနော် စကြားဖူးတာဟာ ဖုမ၀မ် ဒုက္ခသည်စခန်းမှာ ရောက်နေစဉ်က ဖြစ်ပါတယ်။

 ဘုရားသခင်တပ်မတော်မှ တပ်မှုး ၂-ဦးအပါဝင် ကလေးငယ်တချို့ ထိုင်းစစ်တပ်ဆီ လက်နက်ချစဉ်

ဘုရားသခင် တပ်မတော်ရဲ့ တပ်မှူး အမွှာညီနောင်၊ အသက် ၁၂ နှစ် အရွယ် ကလေးငယ် ၂ ဦးဟာ လျှာအနက်ရောင်ရှိပြီး တန်ခိုးရှင်လိုလို၊ ဓားပြီး၊ လှံပြီး၊ ကျည်ပြီးတဲ့လူတွေလိုလို၊ ဒဏ္ဍာရီဆန်ဆန် စတင်ကြားဖူးခဲ့တာပါ။ ဒီကလေးငယ် ၂ ဦးဟာ ကျနော်တို့ မင်းသမီးစခန်းရဲ့ အောက်ဘက် နေ့တ၀က်စာ ခရီးအကွာက တနင်္သာရီ မြစ်ကမ်းဘေးမှာရှိတဲ့ မောထာရွာနဲ့ ထိုင်း-မြန်မာနယ်စပ်က ထောမမော-ထောမဖြိုးရွာ အကြားဒေသက ဖြစ်တယ်လို့ သိရပါတယ်။

Sunday, September 9, 2012

Freedom Fighter လား။ သူပုန်လား။

ထက်အောင်ကျော်။ ၀၉-၀၉-၂၀၁၂
(http://www.colourparliament.com/)

အထက်ခေါင်းစဉ်ပါ စကားနှစ်လုံးကို အဓိပ္ပါယ်အတူတူလို့ အစက ကျနော်ထင်ခဲ့ပေမဲ့ အချိန် ကြာလာတာနဲ့အမျှ အဓိပ္ပါယ်ဆင်တူရင်တောင် အနှစ်သာရမတူဘူးလားဆိုပြီး စဉ်းစားနေမိပါတယ်။ ဒီ လိုစဉ်းစားဖို့ ဖြစ်လာစေတဲ့နောက်ခံအကြောင်းရင်းကတော့ "Freedom Fighter လောက်ဆိုတော့ပြီ ပေါ့ဗျာ။ ဘာလို့ Rebel (သူပုန်) လို့သုံးတာလဲ" ဆိုပြီး အနောက်နိုင်ငံတခုမှာ ဘွဲရခဲ့ပြီး လောလော ဆယ်သတင်းသမားအဖြစ် အချိန်ပိုင်းတာဝန်ယူနေသူတဦးရဲ့ မေးခွန်းကနေစခဲ့တာပါ။



အဲဒီမေးခွန်း စမေးခံရတဲ့အချိန်ဟာ "သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး" ဆောင်းပါးတွေမရေးခင် "Far from Home: 20- years in Exile" ဆိုတဲ့ စာအုပ်ထုတ်ဝေတဲ့ ၂၀၀၈-ခုနှစ် ဒီဇင်လာလကတည်းပါ။ အဲဒီစာ အုပ်မျက်နှာဖုံးမှာပါတဲ့ ''The life and views of a Burmese rebel and journalist'' ဆိုတဲ့ စာ သားထဲက Rebel နေရာမှာ Freedom Fighter သုံးသင့်တယ်လို့ သူက အကြံပြုနေတာပါ။

Friday, September 7, 2012

မြောက်ပိုင်းပြသာနာအပေါ် ABSDF သဘောထားထုတ်ပြန်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး

မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့် ပတ်သက်၍

မကဒတ(ကျောင်းသားတပ်မတော်) ဗဟိုကော်မတီ ၏ ထုတ်ပြန်ကြေငြာချက်


၁။         ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျေုာင်းသားတပ်မတော်) မြန်မာပြည် မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းအနေဖြင့် ထပ်တူ ဝမ်းနည်းရသလို ယင်းကဲ့သို့ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်။

Thursday, September 6, 2012

အာဏာသိမ်း နှစ်ပတ်လည်အကြို ရင်ကိုလာမှန်သော ဆောင်းပါး ၂-ပုဒ်

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး
(http://www.fine-leaves.blogspot.no/2012/09/blog-post.html)

သည် ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။




စက်တင်ဘာလ ၂ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပြန်တော်ပြန် ABSDF ခေါင်းဆောင်များ တွေ့ဆုံကြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

တဲ့တဲ့ပြောစမ်းပါဗျာ၊ တိတိလင်းလင်း ပြောစမ်းပါဗျာဟု တောင်းဆိုလာသ

ူ မိတ်ဆွေများလည်း ရှိသေးသည်။ ဟုတ်ကဲ့။ တဲ့တဲ့နဲ့ တိတိလင်းလင်း ပြောရမည် ဆိုပါက ကျနော်တို့မျိုးဆက်တွေ ညီညီညွတ်ညွတ် မရှိတာ ကို မြင်ရသောကြောင့်ပင်။ ကျနော်တို့ မျိုးဆက်ဆိုတာ ရှစ်လေးလုံးက ပေါက်ဖွားလာသော နိုင်ငံရေး သမား၊ တော်လှန်ရေးသမားများကို ဆိုလိုတာ ဖြစ်သည်။ နိုင်ငံရေး၊ တော်လှန်ရေး တိုက်ရိုက်ကိစ္စတွေကို မလုပ်တော့ဘဲ မီဒီယာလုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ လည်း ဒီအထဲမှာ ပါသည်။ အန်ဂျီအို လုပ်ငန်းတွေမှာ ကူးပြောင်းလုပ်ကိုင် နေသူတွေလည်း အကျုံးဝင်သည်။

Sunday, September 2, 2012

ABSDF ဗဟိုဥက္ကဌဟောင်းများနှင့် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဆွေးနွေး

၀၂-၀၉-၂၀၁၂။ Eleven Media Group

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌ ဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း Eleven Media Group အင်တာနက် သတင်းအရ သိရသည်။



အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More