Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၄၉

ဧရာ၀တီ။

ေရွ႕ေနေကာင္းမႈေၾကာင့္ ေထာင္နွစ္ခါ က်ရသူမ်ား

ကမာပုေလာစခန္းကေန ထြက္လာတဲ့ ကုိေဌးေအာင္နဲ႔ က်ေနာ္ဟာ ဘန္းပုန္မွာ တညအိပ္ၿပီးတဲ့ေနာက္ ဘန္ေကာက္႐ံုးကို ေရာက္လာပါတယ္။ ေနာက္တေန႔မွာေတာ့ ကိုအုိက္စံနဲ႔အတူ ရတ္ခ်ပူရီကုိ ျပန္ဆင္းၿပီး အခ်ဳပ္ခန္းထဲက ရဲေဘာ္ေတြကို ေထာင္၀င္စာသြားေတြ႔၊ အားေပး စကားေျပာၾကပါတယ္။ ၿပီးေတာ့ ကိုေဌးေအာင္က ဟြာဟင္ေဒသရွိ စခန္းသစ္ဘက္ ခရီးထြက္သြားပါတယ္။ က်ေနာ္က ရတ္ခ်ပူရီနဲ႔ ကန္ခ်နပူရီဘက္မွာ လုံးခ်ာလည္ေနၿပီး ရဲေဘာ္ေတြကို ေထာင္၀င္စာေတြ႔လုိက္၊ ေထာက္လွမ္းေရးေတြနဲ႔ ဟုိနားဒီနားသြားလုိက္၊ ဒီဗီြဘီ အတြက္ သတင္းအတုိအစေတြ ပုိ႔လိုက္နဲ႔ အလုပ္႐ႈပ္ေနပါတယ္။

စခန္းသစ္အထိ ေရာက္သြားတဲ့ စစ္ေၾကာင္းမႉး တပ္ေရးဗုိလ္ႀကီး ကုိ၀င္းေအာင္ (သင္တန္းသားေတြေရွ႕တြင္ တပ္ခဲြမႉးအျဖစ္ တာ၀န္ယူေနသူ) ကုိ စစ္သင္တန္းတခုတြင္ ေတြ႔ရစဥ္

က်ေနာ္တုိ႔ ရဲေဘာ္ေတြ ရတ္ခ်ပူရီအခ်ဳပ္ထဲမွာ တလနီးပါး ၾကာၿပီးတဲ့အခါမွာေတာ့ ထုိင္းနယ္ေျမထဲ တရားမ၀င္ခုိး၀င္မႈနဲ႔ ေထာင္ဒဏ္ ၃ လစီက်ၿပီး ရတ္ခ်ပူရီ အခ်ဳပ္ကေန ကန္ခ်နပူရီေထာင္ဆီ လႊဲလုိက္ပါတယ္။


ေထာင္ဒဏ္ ၃ လျပည့္လုိ႔ နယ္စပ္ကုိသြန္မယ့္ေန႔ မတုိင္ခင္ေလးမွာ အရင္ ကန္ခ်နပူရီက ေထာက္လွမ္းေရး ၂ ဦးကို ေခၚၿပီး သူတုိ႔ ၂၃ ဦးကုိ က်ေနာ္ သြားထုတ္ပါတယ္။ ၿပီးေတာ့ ေထာက္လွမ္းေရးရဲ႕ လမ္းျပမႈနဲ႔ ကန္ခ်နပူရီၿမိဳ႕ျပင္ ေကြးျမစ္တဖက္ကမ္းက ျမန္မာဘုန္းႀကီးေက်ာင္း တခုဆီ က်ေနာ္တုိ႔ ေရာက္လာပါတယ္။

ေက်ာင္းအမည္နဲ႔ ဘုန္းႀကီး ဘြဲ႔အမည္ေတြကို မမွတ္မိေတာ့ေပမယ့္ ဒီေက်ာင္းဟာ ၁၉၄၀ ျပည့္လြန္နွစ္ေတြတုန္းက ဂ်ပန္ျပန္ ရဲေဘာ္သုံးက်ိပ္ တပ္ဖြဲ႔၀င္ေတြ ဦးစီးတဲ့ BIA စစ္ေၾကာင္းတခု ဘန္ေကာက္-ကန္ခ်နပူရီ-အမ်ားသြားေတာင္ၾကား-ဆင္ျဖဴတုိင္ကေန ထား၀ယ္ဘက္ မ၀င္ခင္ စခန္းခ်ခဲ့တဲ့ေနရာ ျဖစ္တယ္လုိ႔ ေက်ာင္းထုိင္ဆရာေတာ္က မိန္႔တာကို အမွတ္ရေနပါတယ္။
ေက်ာင္းထုိင္ဆရာေတာ္ေရာ၊ ဒကာေတြပါ ထုိင္း-ထား၀ယ္ေတြ ျဖစ္ေနတဲ့အတြက္ က်ေနာ္ အေတာ္ အံ့ၾသခဲ့ရပါတယ္။ မင္းသမီးစခန္းမွာ ေနစဥ္တုန္းက ကန္ခ်နပူရီကို သြားလုိက္-လာလုိက္ ၁၀ နွစ္ေလာက္ ျဖတ္သြားေနေပမယ့္ သမုိင္း၀င္ ထား၀ယ္ဘုန္းႀကီးေက်ာင္း ဒီေနရာမွာရွိမွန္း က်ေနာ္လုံး၀ မသိခဲ့ပါ။

ရဲေဘာ္ ၂၃ ဦးထဲမွာ အမ်ားစုက ထား၀ယ္သားေတြ။ ဒါမွမဟုတ္ ထား၀ယ္စကားကို နားလည္သူေတြျဖစ္တဲ့အတြက္ ဒီေက်ာင္းမွာ က်ေနာ္တုိ႔ တည္းခုိေနထုိင္ေရး အားလုံး အုိေကပါပဲ။ အဲဒီမွာ ေဆြးေႏြးပဲြလုပ္ၿပီး ရဲေဘာ္ေတြရဲ႕ ဆႏၵကုိေမးျမန္း၊ သူတုိ႔ သြားခ်င္တဲ့ေနရာဆီ ဆက္ပုိ႔ဖုိ႔ စီစဥ္ရပါတယ္။
ကုိေသာင္းထြန္း၊ ကိုရဲမင္းေအာင္နဲ႔ ရဲေဘာ္ ၃ ဦးေလာက္က ဘန္ေကာက္ကုိတက္ၿပီး ဟြာဟင္က စခန္းသစ္ဖက္ ဆက္သြားမယ္လုိ႔ ေျပာပါတယ္။ ဒါေပမယ့္ အမ်ားစုကေတာ့ တပ္ရင္း ၁ မိသားစုေတြနဲ႔ ရဲေဘာ္ေတြရွိရာ ထန္းဟင္ ဒုကၡသည္စခန္းထဲ ၀င္မယ္လုိ႔ ဆႏၵေပးၾကပါတယ္။ ဒီလုိနဲ႔ ဘန္ေကာက္တက္မယ့္လူေတြက က်ေနာ္နဲ႔အတူ ဘတ္စ္ကားစီးၿပီးျပန္။ က်န္ရဲေဘာ္ေတြကိုေတာ့ ဘုန္းႀကီးေက်ာင္းမွာ ဆက္တည္း။ ၂ ရက္ေလာက္ၾကာရင္ ေထာက္လွမ္းေရးက တာ၀န္ယူၿပီး ထန္းဟင္စခန္း အ၀င္၀ရွိ တဂုိလမ္းရြာက ကုိကရင္ (အရင္ ေမာထာရြာမွာတုန္းက ေက်ာင္းသားေတြနဲ႔ ရင္းနွီးသူ) အိမ္ဆီ ပုိ႔ေပးမယ္လုိ႔ သေဘာတူ ခဲ့ပါတယ္။

၅ ရက္ေလာက္ ၾကာၿပီးတဲ့ေနာက္ ေထာက္လွမ္းေရးေတြနဲ႔ အခ်ိတ္အဆက္လုပ္ၿပီး ကုိကရင္ အိမ္က ရဲေဘာ္ေတြကို ထန္းဟင္စခန္းထဲပုိ႔နုိင္ဖုိ႔ တဂုိလမ္းရြာဆီ က်ေနာ္ေရာက္လာခဲ့ပါတယ္။ ဘန္းပုန္ကေန ဆုိင္ကယ္ငွားလာတာဆုိေတာ့ သတ္မွတ္ခ်ိန္ထက္ေစာၿပီး မနက္ ၉ နာရီေလာက္ကတည္းက က်ေနာ္ေရာက္သြားတာပါ။ ဒါေပမယ့္ ၁၀ နာရီေလာက္ အထိ ေထာက္လွမ္းေရးေတြက ေရာက္မလာေသးပါဘူး။ ရဲေဘာ္ေတြကလည္း စခန္းထဲ၀င္ခ်င္လြန္းလုိ႔၊ မိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ခ်င္းလြန္းလုိ႔ တရြရြျဖစ္ေနၾကပါၿပီ။

“ခင္ဗ်ားကလည္းဗ်ာ၊ ဒိီရြာနဲ႔ ထန္းဟင္စခန္းၾကား ဘာမွျပႆနာ မရွိဘူး။ က်ေနာ္ ပုိင္ပါတယ္။ ေန႔စဥ္ ဒီလုိပဲ က်ေနာ္လူေတြပုိ႔ေနတာပဲ” လုိ႔ အိမ္ရွင္လည္းျဖစ္၊ ကားဆရာလည္းျဖစ္တဲ့ ကိုကရင္က ေျပာပါတယ္။ က်ေနာ္လဲ ေထာက္လွမ္းေရးေတြ မလာေတာ့ဘူးထင္ၿပီး “ဒါဆုိလဲ ခင္ဗ်ားတာ၀န္ယူရင္ ၿပီးတာပဲေလ” လုိ႔ ေျပာကာ ရဲေဘာ္ေတြကို သူရဲ႕ ဖုိး၀ီးကားေပၚ တင္ေပးလုိက္ပါတယ္။ ၿပီးေတာ့ တာ၀န္တခု ၿပီးသြားတဲ့သေဘာနဲ႔ ေအးေအးလူလူ ဘန္းပုန္ရြာဆီ က်ေနာ္ျပန္လာပါတယ္။ အဲဒီေတာ့မွ ကိုေရႊေထာက္လွမ္းေရး ၂ ဦးရဲ႕ ကားနဲ႔ လမ္းမွာတုိးပါတယ္။ ”ငါတုိ႔ကုိ မေစာင့္ဘဲ ဘာလုိ႔ မင္း အဲဒီလုိလုပ္တာလဲ” ဆုိၿပီး သူတုိ႔က က်ေနာ္ကို ဆူပါေတာ့တယ္။ က်ေနာ္လည္း ဘာမွ မျဖစ္ေလာက္ဘူးထင္ၿပီး သူတုိ႔ကားနဲ႔အတူ ေအးေအးေဆးေဆးပဲ ဘန္းပုံကုိျပန္၊ အဲဒီကေန ဘတ္စကားနဲ႔ ဘန္ေကာက္ကုိ ျပန္တက္လာပါတယ္။

တပ္ရင္း (၁) မွ ရဲေဘာ္ ၂၀ နီးပါး ထပ္မံအဖမ္းခံရတဲ့ ထန္းဟင္ ဒုကၡသည္စခန္း (ဓာတ္ပုံ - ထက္ေအာင္ေက်ာ္)

ဒါေပမယ့္ ည ၁၀ နာရီေလာက္မွာ သတင္းဆုိးက ၀င္လာပါေလေရာ။ “မင္း ငါတုိ႔ကုိ မေစာင့္ဘဲ ေသာက္ရမ္း လုပ္လုိက္လုိ႔ သူတုိ႔အားလုံး ေအာ္ေစာ္ရဲ႕ ဖမ္းဆီးျခင္းကို ခံလုိက္ရၿပီ။ အခု မင္းလူေတြ ရတ္ခ်ပူရီအခ်ဳပ္ထဲ ျပန္ေရာက္ေနၿပီ” ဆုိၿပီး ေထာက္လွမ္းေရးက က်ေနာ့္ဆီ ဖုန္းဆက္လာပါတယ္။ ဒီ သတင္းကိုၾကားေတာ့ ကုိယ့္နားကို္ယ္ေတာင္ မယုံပါဘူး။ အခုပဲ အဲဒီေထာင္ကေန လြတ္လာလုိ႔ ဒုကၡသည္စခန္းဆီ ျပန္၀င္တဲ့လူေတြကို ဒုကၡသည္စခန္းေစာင့္ ေအာေစာ္ (ထိုင္း ျပည္သူ႔စစ္) က ဘာလုိ႔ ျပန္ဖမ္းတာလဲ။ စခန္းထဲမွာလဲ ကုိမင္းေအာင္တုိ႔၊ ဆရာေအာင္ျမင့္တုိ႔ အပါအ၀င္ ေက်ာင္းသားေတြ ရာနဲ႔ခ်ီရွိေနလ်က္နဲ႔၊ ကရင္ဒုကၡသည္ေတြလည္း ေထာင္နဲ႔ခ်ီရွိေနလ်က္နဲ႔၊ က်ေနာ္ဘယ္လိုမွ စဥ္းစားလုိ့မရ။

ေနာက္ပုိင္းမွာ ျပန္သိရတာက စစ္ေဘာင္းဘီ၀တ္၊ စစ္ေက်ာပိုးအိပ္ပါတဲ့ လူငယ္ ၂၀ နီးပါး တင္လာတဲ့ ဖုိး၀ီးကားကုိ သံသယရွိတဲ့အတြက္ ထန္းဟင္စခန္းေစာင့္ ေအာေစာ္ေတြက ရွာေဖြေရးလုပ္တယ္လုိ႔ ဆုိပါတယ္။ က်ေနာ္ကို တာ၀န္ခံသြားတဲ့ ကုိကရင္ပဲ ေကာင္းေကာင္း ရွင္းမျပတတ္တာလား။ ဘာေတြ လဲြသြားသလဲ မသိပါ။ သူတုိ႔ အဖမ္းခံလုိက္ရတဲ့ကိစၥကုိ ထန္းဟင္စခန္းထဲမွာရွိေနတဲ့ ကိုမင္းေအာင္တုိ႔၊ ဆရာေအာင္ျမင့္တုိ႔ေတာင္ မသိလုိက္ဘူးလုိ႔ ဆုိပါတယ္။

အနွစ္ျပန္ခ်ဳပ္ရရင္ေတာ့ တနာရီေလာက္ ထပ္ေစာင့္လုိက္ရင္ အားလံုး အုိေကမယ့္ကိစၥကုိ ဆႏၵေစာၿပီး လုပ္လုိက္တဲ့ က်ေနာ္ရဲ႕ ဆုံးျဖတ္ခ်က္တခုေၾကာင့္ ရဲေဘာ္ ၂၀ နီးပါး ေနာက္ထပ္ ေထာင္ ၃ လ ထပ္က်ခံလုိက္ရပါတယ္။ ေနာင္တဆုိတာ ေနာင္မွရတယ္ဆုိတဲ့အတုိင္း က်ေနာ္ဘာမွ မတတ္နုိင္ေတာ့။ ရတ္ခ်ပူရီအခ်ဳပ္ကုိ ျပန္သြား။ ရဲေဘာ္ေတြကို ေထာင္၀င္စာသြားေတြ႔၊ သူတုိ႔ကုိ ေတာင္းပန္႐ုံကလြဲၿပီး က်ေနာ္ဘာမ်ား တတ္နုိင္ဦးမွာလဲ။ ရဲေဘာ္ေတြကေတာ့ က်ေနာ့္အမွား မဟုတ္ဘဲ သူတုိ႔ဖက္က သြားခ်င္လြန္းတဲ့အမွားဆုိၿပီး က်ေနာ္ စိတ္သာေအာင္ ေျပာေဖာ္ရပါတယ္။ ဒါေပမယ့္ ဘာမွမျပစ္မရွိဘဲ ေထာင္ထဲမွာ ေနာပ္ထပ္ ၃ လထပ္ေနရမယ့္ သူတုိ႔ဘ၀ကုိ က်ေနာ္ ယူႀကံဳးမရ ျဖစ္ေနမိပါတယ္။ တကယ္တန္း ေထာင္ထဲ၀င္ေနသင့္သူဟာ သူတို႔မဟုတ္ဘဲ က်ေနာ္သာျဖစ္တယ္လုိ႔ ကုိယ္ဘာသာ စီရင္ခ်က္ခ်ေနမိပါတယ္။

 ဘန္ေကာက္သံ႐ံုးေရွ႕မွာ ဆႏၵျပေနၾကတဲ့ တပ္ရင္း (၁) မွ ရဲ ေဘာ္ေဟာင္းတခ်ဳိ႕

ေထာင္၀င္စာေတြ႔တာ၊ ေထာင္က လြတ္ခ်ိန္မွာ နယ္စပ္ကုိမပုိ႔ေအာင္ ပိုက္ဆံဆံေပးၿပီး ေရြးရတာ၊ ေထာက္လွမ္းေရး ငွားတာ၊ ဒီလူေတြသယ္တဲ့ အလုပ္ေတြဟာ ေငြကုန္ေၾကးက် အေတာ္မ်ားတဲ့ကိစၥပါ။ ပထမ တႀကိမ္တုန္းက ရွိစုမဲ့စု အကုန္ခံထားတဲ့ ေတာင္ပုိင္းေကာ္မတီဟာ ဒီတႀကိမ္မွာေတာ့ ပိုက္ဆံလည္း မလုံေလာက္။ ေနာက္တခါ ထန္းဟန္ဒုကၡသည္ စခန္းအေျခေနကလည္း မဲေဆာက္ဘက္က စခန္းေတြလုိ လြတ္လပ္မႈ မရွိတဲ့အတြက္ ဒုကၡသည္ စခန္းကေန နယ္စပ္ျပန္၀င္ၿပီး ေတာထဲမွာထပ္မံအေျခစုိက္ လႈပ္ရွားဖုိ႔ဆုိတာ သိပ္မလြယ္တဲ့ သေဘာမ်ဳိး ျဖစ္လာေနပါတယ္။

ဒီလုိနဲ႔ ဒီရဲေဘာ္ေတြ ဒုတိယအႀကိမ္ ျပန္လြတ္ခ်ိန္မွာ ထန္းဟင္စခန္းဆီ ျပန္မပုိ႔ေတာ့ဘဲ စန္ခရပူရီနယ္စပ္ ကေလာ့ကာနီ ဒုကၡသည္စခန္းဘက္မွာ အသြန္ခံလုိက္မယ္။ အဲဒီမွာရွိတဲ့ အရင္ ၁၀၁ တပ္ရင္းက လူေဟာင္းေတြနဲ႔ ေပါင္းၿပီး တပ္ရင္း ၁ စခန္းခြဲအျဖစ္ မြန္နယ္ေျမမွာ လႈပ္ရွားမယ္လုိ႔ က်ေနာ္တုိ႔ စိတ္ကူး လုိက္ပါတယ္။ အဲဒီစိတ္ကူးကုိ အေကာင္ထည္ေဖာ္တဲ့အေနနဲ႔ ဒီရဲေဘာ္ ၂၀ စလုံး ကေလာ့ကာနီဘက္ ေရာက္သြားပါတယ္။

သူတုိ႔ထဲက တခ်ဳိ႕က အခုခ်ိန္အထိ စန္ခရပူရီမွာ ရရာအလုပ္ လုပ္သူလုပ္၊ ကေလာ့ကာနီနဲ႔ ဘန္းတုန္ယန္း ဒုကၡသည္စခန္းေတြမွာ ဒုကၡသည္အျဖစ္ ေလွ်ာက္သူေလွ်ာက္ျဖစ္ေနပါ တယ္။ အမ်ားစုကေတာ့ အင္အား ၅၀ ၀န္းက်င္ရွိ တပ္ရင္း ၁ မွာ တပ္ဖြဲ႔၀င္အျဖစ္ ဆက္လက္ တာ၀န္ထမ္းေနၿပီး တပ္ရင္းမႉးအသစ္ ကုိသိန္းလြင္နဲ႔အတူ မြန္နယ္ေျမ၊ ကရင္နယ္ေျမေတြမွာ လႈပ္ရွားေနဆဲ ျဖစ္တာကို ၿပီးခဲ့တဲ့နွစ္ ထုိင္းခရီးစဥ္အတြင္း က်ေနာ္ေတြ႔ခဲ့ရပါတယ္။


ဒုကၡသည္ေလွ်ာက္တာ အျပစ္လား

ကေလာ့ကာနီ၊ ထန္းဟင္ ဒုကၡသည္စခန္းေတြကေန ဟြာဟင္ေဒသရွိ စခန္းသစ္ သူပုန္စခန္း အေျခေနဘက္ လွည့္ရမယ္ဆုိရင္ မင္းသမီးစခန္းက်ၿပီးေနာက္ ခြာစစ္ဆင္လာတဲ့ စစ္ေၾကာင္း ၄ ခုထဲက တပ္ရင္းမႉး ခ်စ္ကုိကို ဦးေဆာင္တဲ့အဖြဲ႔နဲ႔ ေထာက္လွမ္းေရးမႉး ကိုေဇာ္သန္း ဦးေဆာင္တဲ့အဖြဲ႔ေတြ ပင္လယ္ျပင္ထဲမွာ န၀တတပ္ရဲ႕ ေခ်မႈန္းျခင္းကို ခံလုိက္ရပါတယ္။ ဗလဖအဖဲြ႔၀င္ ကိုေသာင္းထြန္းဦး ေဆာင္တဲ့အဖြဲ႔က ထုိင္းနယ္ျခားေစာင့္တပ္ရဲ့ ဖမ္းဆီးျခင္းကိုခံလုိက္ရၿပီး ေရွ႕မွာတင္ျပခဲ့တဲ့အတုိင္း ေထာင္နွစ္ႀကိမ္က်ၿပီးတဲ့ေနာက္ ရဲေဘာ္ ၂၀ ခန္႔ ကေလာ့ကာနီဘက္ ေရာက္သြားပါတယ္။ တပ္ေရး ဗုိလ္ႀကီး ကို၀င္းေအာင္ ဦးေဆာင္တဲ့ စစ္ေၾကာင္းတခုပဲ မင္းသမီးကေန စခန္းသစ္အထိ ေရာက္သြားပါတယ္။ တနသၤာရီျမစ္၀ရွိ သဂ်က္၊ ေကာ့မျပင္းဘက္မွာ တုိက္ပဲြ ၃ ႀကိမ္ေလာက္ ျဖစ္ခဲ့ေပမယ့္ ကိုယ့္ဖက္က အက်ဆုံးမရွိဘဲ စခန္းသစ္အထိ ေခ်ာေခ်ာေမာေမာ ေရာက္သြားတယ္လုိ႔ ကုိ၀င္းေအာင္က ေျပာပါတယ္။


မနီလိြဳင္စခန္းဆီ ၀င္ဖုိ႔ေရာက္လာတဲ့ ABSDF မင္းသီိးစခန္းမွ ရဲေဘာ္ေဟာင္းတခ်ဳိ႕ကုိ စခန္းအ၀င္၀ ဆုိင္းဘုတ္ေရွ႕တြင္ ေတြ႔ရစဥ္


မဟာမိတ္ေတြျဖစ္တဲ့ KNU နဲ႔ ၿမိတ္-ထား၀ယ္ တပ္ဦးက တပ္ဖြဲ႔ေတြ အားလုံးလည္း စခန္းသစ္ဖက္မွာ စု႐ံုးေရာက္ရွိေနၾကတယ္လုိ႔ ဆိုပါတယ္။ ေနာက္တခါ တပ္ရင္း ၇ မႉး ကုိဆလုိင္းေယာေအာင္တုိ႔ တပ္ေတြလည္း ေရာက္ေနၿပီး စခန္းသစ္ေရွ႕ေရးကိစၥ ကိုေဌးေအာင္တုိ႔နဲ႔ ေဆြးေႏြးခဲ့တယ္လုိ႔ သိရပါတယ္။

အဲဒီအခ်ိန္မွာ က်ေနာ္ဟာ ဘန္းကပိ The Mall ကုန္တုိက္အနီးရွိ ဗဟုိေထာက္ပံ့ေရး႐ံုးမွာ တည္းခုိေနၿပီး ABSDF အလုပ္ထက္ DVB အလုပ္ေတြကို ဦးစားေပးလုပ္ေနတဲ့အခ်ိန္ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ ထန္းဟင္ဒုကၡသည္္ စခန္းတြင္းရွိ ရဲေဘာ္ေတြ၊ မိသားစုေတြက မဲေဆာက္ဘက္က စခန္းေတြမွာ လုပ္ေနၾကသလုိမ်ဳိး ဒုကၡသည္စခန္းကေန နယ္စပ္ကိုျဖတ္၊ ျမန္မာနယ္ထဲျပန္၀င္ၿပီး စစ္ျပန္တုိက္ဖုိ႔အေရး သိပ္မလြယ္ေတာ့ဘူးလုိ႔ တင္ျပလာပါတယ္။ တနည္းအားျဖင့္ ေျပာမယ္ဆုိရင္ေတာ့ အေျခေနအရပ္ရပ္ေၾကာင့္ နယ္စပ္ျပန္၀င္ၿပီး ေတာ္လွန္ေရး ဆက္လုပ္ဖုိ႔ အေျခေန မေကာင္းမေတာ့ဘူးလုိ႔ ယူဆတဲ့့အတြက္ ဘန္ေကာက္တက္၊ ဒုကၡသည္ေလွ်ာက္ၿပီး တတိယ နုိင္ငံထြက္ေရးဘက္ ဦးတည္လာတယ္ဆုိပါေတာ့။


က်ဆုံးရဲေဘာ္မ်ားအတြက္ အလႉပဲြတခုအၿပီး ေတြ႔ရတဲ့ မနီလိြဳင္စခန္းေရာက္ တပ္ရင္း (၁) ရဲေဘာ္ေဟာင္းမ်ား

ဒီလုိနဲ႔ အဲဒီရဲေဘာ္ေတြကို ဘန္ေကာက္ၿမိဳ႕ဆီ ေခ်ာေမာစြာေခၚယူေရးနဲ႔ ပတ္သက္ၿပီး ထန္းဟင္-တဂုိလမ္း-ဘန္းပုန္-ရတ္ခ်ပူရီ-ဘန္ေကာက္ ခရီးစဥ္ ေရးဆြဲေရးတာ၀န္ဟာ နယ္ေျမၾကြမ္းသူလုိ႔ ထန္းပင္တက္ လက္မွတ္ရထားတဲ့ က်ေနာ္အေပၚ က်လာျပန္ပါတယ္။ ဒါေၾကာင့္ ဘန္ေကာက္ကေန နယ္စပ္ကုိ ျပန္ဆင္းၿပီး တဂုိလမ္းက ထုိင္း-ကရင္ ရြာသားေတြကို စည္း႐ံုး၊ သူတို႔အိမ္ေတြမွာ က်ေနာ္တုိ႔မိသားစုေတြကို စခန္းေထာက္အျဖစ္ တည္းခုိခြင့္ေပးေအာင္ ႀကိဳးစားရပါတယ္။ ၿပီးေတာ့မွ အုပ္စုတခုကို ၄ ဦးစီေလာက္ခဲြၿပီး ထန္းဟင္စခန္းထဲကေန ညေနပုိင္းေတြမွာ ခုိးထြက္၊ တဂုိလမ္းရြာမွာ တညအိပ္၊ မနက္ ေစာေစာဘတ္စကားနဲ႔ တဂုိလန္း-ဘန္းပုံ-ရတ္ခ်ပူရီ-ဘန္ေကာက္ကို အဆင့္ဆင့္ သယ္ယူရပါတယ္။

ကံေကာင္းေထာက္မစြာနဲ႔ လူဦးေရ ၅၀ ေက်ာ္ေလာက္ဟာ တဦးမွ အဖမ္းအဖမ္းမခံရဘဲ တလေက်ာ္ ကာလအတြင္း ဘန္ေကာက္ကုိ ေရာက္လာၾကပါတယ္။ က်ေနာ္တုိ႔ရဲ႕ စည္း႐ံုးေရးစြမ္းအား ဘယ္ေလာက္အထိ ေကာင္းသလဲဆုိရင္ က်ေနာ္တုိ႔ မိသားစုေတြကို ညအိပ္လက္ခံခဲ့တဲ့ တဂုိလမ္းရြာက ကရင္မိသားစုတခုလုံး သူတုိ႔အိမ္ကို စြန္႔ၿပီး ေက်ာင္းသားေတြနဲ႔ အတူ ဘန္ေကာက္တက္ ဒုကၡသည္ေလွ်ာက္လုိက္တာ အားလုံးေအာင္ၿပီး တတိယနုိင္ငံတခုဆီ ေရာက္သြားခဲ့ပါတယ္။

နုိင္ငံေရး၊ စစ္ေရး ပဋိပကၡေတြနဲ႔ ေ၀းေနတဲ့ သာမန္ျပည္သူအမ်ားစုအဖုိ႔ ဒုကၡသည္ဆုိတာ အမည္အားျဖင့္ သိပ္မမုိက္ဘူးလုိ႔ ထင္နုိင္ေပမယ့္ ဒုကၡသည္ျဖစ္ခြင့္ရဖုိ႔ဆုိတာ သိပ္မလြယ္လွ။ သတ္မွတ္ အရည္အခ်င္းနဲ႔ျပည့္မွ ရနုိင္တာမုိ႔ လနဲ႔ခ်ီၿပီး၊ တခ်ဳိ႕ဆုိ နွစ္နဲ႔ခ်ီၿပီး အေတာ္ႀကိဳးစားရပါတယ္။ အေျပာမတတ္လုိ႔၊  အခ်က္လက္ မခုိင္လုံလုိ႔၊ အခုခ်ိန္အထိ ဒုကၡသည္ ျဖစ္ခြင့္မရဘဲ ဘန္ေကာက္၊ မဲေဆာက္နဲ႔ နယ္စပ္မွာ က်န္ေနသူတခ်ဳိ႕ကို က်ေနာ္ေတြ႔ေနရဆဲ ျဖစ္ပါတယ္။

အဲဒီကာလက နုိင္ငံေရးဒုကၡသည္ ျဖစ္ခ်င္တဲ့ ABSDF တပ္ဖြဲ႔၀င္ေဟာင္းေတြဟာ ABSDF တပ္ဖြဲ႔၀င္ ျဖစ္ခဲ့ဖူးတဲ့အေၾကာင္း တပ္က နႈတ္ထြက္စာ၊ ၿပီးေတာ့ သက္ေသခံ ေတာထဲက ဓာတ္ပုံ တပုံစ နွစ္ပုံစ။ ေနာက္တခါ ဘာေၾကာင့္ ဒုကၡသည္ေလွ်ာက္ရတယ္ဆုိတဲ့အေၾကာင္း ျပခ်က္စာနဲ႔ ျမန္မာနုိင္ငံကုိ ျပန္ရင္ အဖမ္းခံရနုိင္တဲ့ အေၾကာင္း၊ နုိင္ငံေရးျဖတ္သန္းမႈ ကိုယ္ေရးအက်ဥ္းေတြကုိ တင္ျပရပါတယ္။ အဲဒီ စာေတြမရင္ခင္ ဘန္ေကာက္ကို ေရာက္ကတည္းက ႐ံုးေလးလုိ႔ေခၚၾကတဲ့ စူထိစန္ဖက္က UNHCR ႐ံုးခဲြ မွာ ဒုကၡသည္ေလွ်ာက္ဖုိ႔ စာရင္းအရင္ ေပးထားရပါတယ္။ အဲဒီ႐ံုးကေန ႐ံုးခ်ိန္းရက္ရတဲ့အခါမွာေတာ့ ထုိင္းအစိုးရအိမ္ေတာ္နဲ႔ သိပ္မေ၀းတဲ့အရပ္ရွိ UNHCR ႐ံုးႀကီးဆီသြားၿပီး လူေတြ႔ေမးျမန္းမႈကုိ ခံယူရ ပါတယ္။ အဲဒီအခ်ိန္မွာ ခုနက ေအာက္ပါ အရည္ခ်င္းနဲ႔ ကိုက္ညီေၾကာင္းျပတဲ့ စာရြက္စာတန္းအားလုံး ယူသြားဖုိ႔လုိၿပီး သူတုိ႔ေမးတာေတြကိုလည္း ေကာင္းေကာင္းမြန္မြန္ ေျဖတတ္ဖုိ႔လုိပါတယ္။

က်ေနာ္နဲ႔ စကားေျပာဖူးတဲ့ ရဲေဘာ္ေဟာင္းေတြထဲမွာ ဆယ္နွစ္ဆယ္မုိး တာ၀န္ထမ္းခဲ့ဖူးတဲ့ ABSDF တပ္ဖြဲ႔၀င္ ကိုယ္ပုိင္နံပါတ္ကုိ ေမ့ေနသူတခ်ိဳ႕ ေတြ႔ရေပမဲ့ NI လို႔ေခၚတဲ့ ဒုကၡသည္ေအာင္လက္မွတ္ နံပါတ္ကုိေတာ့ လူအားလုံးနီးပါး အလြတ္ရေနတာကို ထူးထူးျခားျခားေတြ႔ရပါတယ္။ အဲဒါေအာင္ၿပီး သြားရင္ေတာ့ တလအတြက္ ေထာက္ပံ့ေငြ ဘတ္ ၂၅၀၀ စီရၿပီး UNHCR လက္မွတ္နဲ႔ ေစ်းေပါတဲ့ အိမ္ခန္းေတြကို စုေပါင္းငွားရမ္း ေနထုိင္ၾကပါတယ္။ အမ်ားစုဟာ အသြားအလာ လြယ္ကူတဲ့ ႐ံုးေလး၀န္းက်င္၊ ေနာက္ ေစ်းေပါတဲ့ ဘန္းကပိ၊ ရမ္ဂဟမ္၀န္းက်င္၊ ေက်ာက္ဖရာျမစ္၀က က်ဳးေက်ာ္ရပ္ကြက္လုိ ေနရာမ်ဳိးေတြမွာ ေနၾကတာကုိ ေတြ႔ခဲ့ရပါတယ္။ အဲဒီလုိ နွစ္နဲ႔ခ်ီ၊ တခ်ဳိ႕ဆုိ ဆယ္စုနွစ္နဲ႔ ခ်ီေနၿပီးမွ ရတ္ခ်ပူရီရွိ မနီလိြဳင္ ေက်ာင္းသားဒုကၡသည္ စခန္းဆီ ၀င္ခြင့္ရၿပီး သက္ဆုိင္ရာ တတိယ နုိင္ငံတခုခုရဲ႕ သံ႐ံုး အင္တာဗ်ဳးကုိေစာင့္၊ အဲဒီအင္တာဗ်ဳး ေအာင္ၿပီးမွ တတိယနုိင္ငံဆီ ထြက္ခြင့္ရတာပါ။

ဒါဟာ ၁၉၉၇-၉၈ ၀န္းက်င္က အေျခေနကိုေျပာတာပါ။ အဲဒီအခ်ိန္အထိ မနီလိြဳင္စခန္းက နုိင္ငံေရး ဒုကၡသည္ေလာက္ကိုပဲ တတိယနုိင္ငံေတြက ေခၚယူၿပီး နယ္စပ္ဒုကၡသည္ စခန္းေတြက စစ္ေျပးဒုကၡသည္ေတြကို ေခၚယူျခင္း မရွိေသးပါ။

အခုခ်ိန္မွာ ABSDF တပ္ဖြဲ႔၀င္အမ်ားစု တတိယနုိင္ငံေတြဆီ ေရာက္ေနၾကၿပီျဖစ္လုိ႔ ဒီကိစၥဟာ အထူးအဆန္း မဟုတ္ေတာ့သလုိ ျဖစ္ေနေပမယ့္လည္း အဲဒီကာလကေတာ့ ဒုကၡသည္ေလွ်ာက္တာဟာ တကယ့္စြန္႔စားမႈႀကီးတခုပါ။ ABSDF ဗဟုိမွာ အဲဒီအခ်ိန္အထိ ဒုကၡသည္ဆုိင္ရာ မူ၀ါဒ မရွိေသးပါ။ ဒုကၡသည္ ေလွ်ာက္သူေတြကို သူရဲေဘာေၾကာင္သူလုိလုိ၊ ထြက္ေျပးေရး၀ါဒီလုိလုိ၊ အေခ်ာင္သမားလုိလုိ၊ တကုိယ္ေတာ္ ထြက္ေပါက္ရွာသူလုိလုိ စသျဖင့္ အျမင္ေတြ ေစာင္းေနဆဲျဖစ္ပါတယ္။ အဲဒီလုိ တိက်တဲ့ မူ၀ါဒမရွိေသးတဲ့အခ်ိန္မွာ က်ေနာ္တုိ႔ တပ္ရင္း ၁ တာ၀န္ရွိသူေတြက ဒုကၡသည္စခန္းထဲက ရဲေဘာ္မိသားစုေတြကို ေတာထဲျပန္ပုိ႔ၿပီး စစ္တုိက္ခုိင္းရမယ့္အစား ဘန္ေကာက္ကိုေခၚၿပီး ဒုကၡသည္ေလွ်ာက္ေပးတဲ့ ကိစၥဟာ ABSDF တည္ဆဲမူ၀ါဒကို ခ်ဳိးေဖာက္ရာက်တယ္ဆုိတဲ့ စြပ္စြဲခ်က္က က်ေနာ္တုိ႔ေခါင္းေပၚ က်လာပါေလေရာ။

ဒီအတြက္ အဓိက စစ္ေဆးခံရသူ ၂ ဦးကေတာ့ တပ္ထြက္ရဲေဘာ္ေတြကုိ နႈတ္ထြက္စာေရးေပးဖုိ႔ တာ၀န္ယူရတဲ့ ေတာင္ပုိင္းေဒသတာ၀န္ခံ ကိုမင္းေအာင္နဲ႔ တပ္ရင္း ၁ ဒုရင္းမႉး ဆရာေအာင္ျမင့္တုိ႔ ျဖစ္ပါတယ္။ သူတုိ႔ ၂ ဦးဟာ က်ေနာ္နဲ႔အတူ ဘန္းကပိ႐ံုးမွာ တည္းခုိေနသူေတြျဖစ္ၿပီး ေတာထဲကထြက္လာတဲ့ ဒါဇင္နဲ႔ခ်ီရွိတဲ့ ရဲေဘာ္ေတြလည္း တျခားဘယ္ေနရာကို သြားရမွန္း မသိခင္မွာ ဒီ႐ံုးမွာပဲ ေသာင္တင္ေနၾကပါတယ္။ အဲဒီကာလ က်ေနာ္တုိ႔႐ံုး အေျခအေနကို ေျပာရမယ္ဆုိရင္ တုိက္ပြဲမွာ ဒဏ္ရာရလုိ႔ မသန္စြမ္းျဖစ္သြားတဲ့ ကိုရန္ေက်ာ္ေအာင္နဲ႔ ကုိတင္စုိးတုိ႔က အၿမဲတမ္း ေနထုိင္ခြင့္ရထားသူေတြျဖစ္ၿပီး က်န္တဲ့ ပုဂၢိဳလ္ေတြကေတာ့ နယ္စပ္ကေန ဘန္ေကာက္ေရာက္စဥ္ ခဏတည္းခုိသူေတြ ျဖစ္ပါတယ္။

ခဏတည္းတယ္ ဆုိေပမယ့္ တပတ္ဆယ္ရက္မက ၾကာတတ္တာေၾကာင့္ ၁၀ ေပ၊ ၁၅ ေပ ပတ္လည္ေလာက္သာ က်ယ္တဲ့ ႐ံုးခန္းဟာလည္း ရတ္ခ်ပူရီက အခ်ဳပ္ခန္းနီးနီး လူေတြမ်ားၿပီး ပူအုိက္ နံေစာ္ ယာစင္းေဆးလိပ္နံ႔ေညွာ္ ျဖစ္လာပါတယ္။ လူမ်ားလြန္း၊ စကားမ်ားလြန္းတဲ့အတြက္ ဒီအသံေတြကို ေဘးအိမ္ေတြက မၾကားေအာင္ (အသံဆူလုိ႔ ေဘးအိမ္ကတုိင္ရင္ ရဲ ၀င္ဖမ္းမွာစိုးလုိ႔) ဆိုၿပီး တံခါးေတြကုိ အေသပိတ္ထားေတာ့ အေျခအေနက ပုိဆုိးေစပါတယ္။

အဲကြန္းကလည္း မရွိ၊ ပန္ကာလည္း လက္ပန္းက်ဆုိသလုိ လူ ၁၀ ေယာက္ ပန္ကာ တလုံးႏႈန္းေတာင္ ဆင္ေပးမထားနုိင္ပါဘူး။ တခါ ႐ံုးအတြင္း လူအ၀င္အထြက္ မ်ားလြန္းတဲ့အတြက္ ေဘးပတ္လည္ ထုိင္းအိမ္ေတြက က်ေနာ္တုိ႔ကို လူပဲြစားေတြလားလုိ႔ေတာင္ သံသယ၀င္လာၾကလို႔ မနည္း ရွင္းျပေနရပါတယ္။ ေနာက္ပုိင္းမွာေတာ့ ေရွ႕မွာတင္ျပခဲ့ဖူးတဲ့ တပ္ရင္း (၁) တပ္ဖြဲ႔၀င္တဦးျဖစ္သူ ကိုေအာင္မ်ဳိးမင္းက ဒီ႐ံုးနဲ႔သိပ္မေ၀းတဲ့ လပေလာင္ဆိြဳင္ ၁၀၁ ထဲမွာ အခန္းတခုငွားၿပီး ရဲေဘာ္ေတြကို လက္ခံေပးတဲ့အတြက္ အေတာ္အဆင္ေျပသြားပါတယ္။

က်ဆုံးရဲေဘာ္မ်ားအတြက္ အလႉပဲြတခုအၿပီးမွာ ေတြ႔ရတဲ့ ဘန္္ေကာက္ၿမိဳ႕ ေက်ာက္ဖရာ ျမစ္၀အနီးက တပ္ရင္း (၁) ရဲေဘာ္ေဟာင္းမ်ား

အနွစ္ျပန္ခ်ဳပ္ရရင္ေတာ့ ၁၉၉၇ ကေန ၁၉၉၉ အေစာပုိင္းကာလအတြင္း တပ္ရင္း ၁ မွ တပ္ဖြဲ႔၀င္ေတြ။ မိသားစုေတြ အေတာ္မ်ားမ်ားကုိ ဒုကၡသည္ေလွ်ာက္နုိင္ဖုိ႔ ဒီ႐ံုးက ကူညီနုိင္ခဲ့တယ္ ဆုိပါေတာ့။ ဒီလုိကူညီမိတဲ့အတြက္ တပ္ရင္း (၁) တာ၀န္ခံ ကုိမင္းေအာင္နဲ႔ ဆရာေအာင္ျမင့္တုိ႔ကုိ ”တပ္ရင္းၿဖိဳခဲြမႈ” ဆုိ တဲ့ေခါင္းစဥ္ႀကီးနဲ႔ ဗဟိုကလာတဲ့ အထူးေကာ္မရွင္ တခုက လာစစ္ေဆးတဲ့သေဘာပါ။ ေသြးပူေနစဥ္ အဲဒီကာလကေတာ့ ဒုကၡသည္ ေလွ်ာက္တာ မွားသလား၊ မွန္သလား။ ေတာ္လွန္ေရးကို သစၥာေဖာက္တာလား၊ အေခ်ာင္သမားေတြလား စသည္ျဖင့္ ေက်ာင္းသားေတြရဲ႕ ထုံးစံအတုိင္း ျငင္းလုိက္ခုံလုိက္ၾကတာ ခုိက္ရန္ျဖစ္ပြားမတတ္ေပါ့။

အခု ဆယ္စုနွစ္တခုစာမက ၾကာၿပီးသြားတဲ့အခါမွာေတာ့ ဒုကၡသည္ ေလွ်ာက္လႊာေရးေပးမႈအတြက္ အျပစ္ရွိတယ္လုိ႔ စြပ္စြဲခံခဲ့ရသူ ဆရာေအာင္ျမင့္က နယ္စပ္မွာရွိေနဆဲ ျဖစ္တာကိုေတြ႔ရပါ တယ္။ ဒါေပမယ့္ စာအုပ္ႀကီးအတုိင္း ကုိင္ၿပီး ဆရာေအာင္ျမင့္တုိကုိ အျပစ္ရွိတယ္လုိ႔ လာေရာက္စစ္ေဆးတဲ့ ဗဟုိေကာ္မရွင္အဖြဲ႔၀င္ ဗဟုိေကာ္မီတီ၀င္ေတြ ကိုယ္တုိင္ကေတာ့ ဒုကၡသည္ေလွ်ာက္ၿပီး တတိယနုိင္ငံဆီ ထြက္သြားလုိက္တာ အခုဆုိရင္ သက္ဆုိင္ရာနုိ္င္ငံရဲ႕ နုိင္ငံသားေတြေတာင္ ျဖစ္ေနၾကၿပီဆုိတာကို သိခဲ့ရပါတယ္။

ဒီလုိေျပာလုိက္လုိ႔ ေက်ာင္းသားေတြအားလုံး တတိယနုိင္ငံဆီ ထြက္ကုန္ၾကၿပီလုိ့ ေတာ့ မထင္လုိက္ပါနဲ႔။ အခုခ်ိန္အထိ ဆက္လက္ တုိက္ပဲြ၀င္ေနသူေတြလည္း ရာနဲ႔ခ်ီ ရွိေနဆဲျဖစ္ပါတယ္။

=========================================================

(အပိုင်း ၄၉)

ထက်အောင်ကျော်| November 8, 2012 | ဧရာဝတီ။

ရှေ့နေကောင်းမှုကြောင့် ထောင်နှစ်ခါ ကျရသူများ

ကမာပုလောစခန်းကနေ ထွက်လာတဲ့ ကိုဌေးအောင်နဲ့ ကျနော်ဟာ ဘန်းပုန်မှာ တညအိပ်ပြီးတဲ့နောက် ဘန်ကောက်ရုံးကို ရောက်လာပါတယ်။ နောက်တနေ့မှာတော့ ကိုအိုက်စံနဲ့အတူ ရတ်ချပူရီကို ပြန်ဆင်းပြီး အချုပ်ခန်းထဲက ရဲဘော်တွေကို ထောင်ဝင်စာသွားတွေ့၊ အားပေး စကားပြောကြပါတယ်။ ပြီးတော့ ကိုဌေးအောင်က ဟွာဟင်ဒေသရှိ စခန်းသစ်ဘက် ခရီးထွက်သွားပါတယ်။ ကျနော်က ရတ်ချပူရီနဲ့ ကန်ချနပူရီဘက်မှာ လုံးချာလည်နေပြီး ရဲဘော်တွေကို ထောင်ဝင်စာတွေ့လိုက်၊ ထောက်လှမ်းရေးတွေနဲ့ ဟိုနားဒီနားသွားလိုက်၊ ဒီဗွီဘီ အတွက် သတင်းအတိုအစတွေ ပို့လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။


စခန်းသစ်အထိ ရောက်သွားတဲ့ စစ်ကြောင်းမှူး တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင် (သင်တန်းသားတွေရှေ့တွင် တပ်ခွဲမှူးအဖြစ် တာဝန်ယူနေသူ) ကို စစ်သင်တန်းတခုတွင် တွေ့ရစဉ်

ကျနော်တို့ ရဲဘော်တွေ ရတ်ချပူရီအချုပ်ထဲမှာ တလနီးပါး ကြာပြီးတဲ့အခါမှာတော့ ထိုင်းနယ်မြေထဲ တရားမဝင်ခိုးဝင်မှုနဲ့ ထောင်ဒဏ် ၃ လစီကျပြီး ရတ်ချပူရီ အချုပ်ကနေ ကန်ချနပူရီထောင်ဆီ လွှဲလိုက်ပါတယ်။


ထောင်ဒဏ် ၃ လပြည့်လို့ နယ်စပ်ကိုသွန်မယ့်နေ့ မတိုင်ခင်လေးမှာ အရင် ကန်ချနပူရီက ထောက်လှမ်းရေး ၂ ဦးကို ခေါ်ပြီး သူတို့ ၂၃ ဦးကို ကျနော် သွားထုတ်ပါတယ်။ ပြီးတော့ ထောက်လှမ်းရေးရဲ့ လမ်းပြမှုနဲ့ ကန်ချနပူရီမြို့ပြင် ကွေးမြစ်တဖက်ကမ်းက မြန်မာဘုန်းကြီးကျောင်း တခုဆီ ကျနော်တို့ ရောက်လာပါတယ်။

ကျောင်းအမည်နဲ့ ဘုန်းကြီး ဘွဲ့အမည်တွေကို မမှတ်မိတော့ပေမယ့် ဒီကျောင်းဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေတုန်းက ဂျပန်ပြန် ရဲဘော်သုံးကျိပ် တပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ BIA စစ်ကြောင်းတခု ဘန်ကောက်-ကန်ချနပူရီ-အများသွားတောင်ကြား-ဆင်ဖြူတိုင်ကနေ ထားဝယ်ဘက် မဝင်ခင် စခန်းချခဲ့တဲ့နေရာ ဖြစ်တယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်တာကို အမှတ်ရနေပါတယ်။
ကျောင်းထိုင်ဆရာတော်ရော၊ ဒကာတွေပါ ထိုင်း-ထားဝယ်တွေ ဖြစ်နေတဲ့အတွက် ကျနော် အတော် အံ့သြခဲ့ရပါတယ်။ မင်းသမီးစခန်းမှာ နေစဉ်တုန်းက ကန်ချနပူရီကို သွားလိုက်-လာလိုက် ၁၀ နှစ်လောက် ဖြတ်သွားနေပေမယ့် သမိုင်းဝင် ထားဝယ်ဘုန်းကြီးကျောင်း ဒီနေရာမှာရှိမှန်း ကျနော်လုံး၀ မသိခဲ့ပါ။

ရဲဘော် ၂၃ ဦးထဲမှာ အများစုက ထားဝယ်သားတွေ။ ဒါမှမဟုတ် ထားဝယ်စကားကို နားလည်သူတွေဖြစ်တဲ့အတွက် ဒီကျောင်းမှာ ကျနော်တို့ တည်းခိုနေထိုင်ရေး အားလုံး အိုကေပါပဲ။ အဲဒီမှာ ဆွေးနွေးပွဲလုပ်ပြီး ရဲဘော်တွေရဲ့ ဆန္ဒကိုမေးမြန်း၊ သူတို့ သွားချင်တဲ့နေရာဆီ ဆက်ပို့ဖို့ စီစဉ်ရပါတယ်။
ကိုသောင်းထွန်း၊ ကိုရဲမင်းအောင်နဲ့ ရဲဘော် ၃ ဦးလောက်က ဘန်ကောက်ကိုတက်ပြီး ဟွာဟင်က စခန်းသစ်ဖက် ဆက်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အများစုကတော့ တပ်ရင်း ၁ မိသားစုတွေနဲ့ ရဲဘော်တွေရှိရာ ထန်းဟင် ဒုက္ခသည်စခန်းထဲ ဝင်မယ်လို့ ဆန္ဒပေးကြပါတယ်။ ဒီလိုနဲ့ ဘန်ကောက်တက်မယ့်လူတွေက ကျနော်နဲ့အတူ ဘတ်စ်ကားစီးပြီးပြန်။ ကျန်ရဲဘော်တွေကိုတော့ ဘုန်းကြီးကျောင်းမှာ ဆက်တည်း။ ၂ ရက်လောက်ကြာရင် ထောက်လှမ်းရေးက တာဝန်ယူပြီး ထန်းဟင်စခန်း အဝင်ဝရှိ တဂိုလမ်းရွာက ကိုကရင် (အရင် မောထာရွာမှာတုန်းက ကျောင်းသားတွေနဲ့ ရင်းနှီးသူ) အိမ်ဆီ ပို့ပေးမယ်လို့ သဘောတူ ခဲ့ပါတယ်။

၅ ရက်လောက် ကြာပြီးတဲ့နောက် ထောက်လှမ်းရေးတွေနဲ့ အချိတ်အဆက်လုပ်ပြီး ကိုကရင် အိမ်က ရဲဘော်တွေကို ထန်းဟင်စခန်းထဲပို့နိုင်ဖို့ တဂိုလမ်းရွာဆီ ကျနော်ရောက်လာခဲ့ပါတယ်။ ဘန်းပုန်ကနေ ဆိုင်ကယ်ငှားလာတာဆိုတော့ သတ်မှတ်ချိန်ထက်စောပြီး မနက် ၉ နာရီလောက်ကတည်းက ကျနော်ရောက်သွားတာပါ။ ဒါပေမယ့် ၁၀ နာရီလောက် အထိ ထောက်လှမ်းရေးတွေက ရောက်မလာသေးပါဘူး။ ရဲဘော်တွေကလည်း စခန်းထဲဝင်ချင်လွန်းလို့၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ချင်းလွန်းလို့ တရွရွဖြစ်နေကြပါပြီ။

“ခင်ဗျားကလည်းဗျာ၊ ဒီရွာနဲ့ ထန်းဟင်စခန်းကြား ဘာမှပြဿနာ မရှိဘူး။ ကျနော် ပိုင်ပါတယ်။ နေ့စဉ် ဒီလိုပဲ ကျနော်လူတွေပို့နေတာပဲ” လို့ အိမ်ရှင်လည်းဖြစ်၊ ကားဆရာလည်းဖြစ်တဲ့ ကိုကရင်က ပြောပါတယ်။ ကျနော်လဲ ထောက်လှမ်းရေးတွေ မလာတော့ဘူးထင်ပြီး “ဒါဆိုလဲ ခင်ဗျားတာဝန်ယူရင် ပြီးတာပဲလေ” လို့ ပြောကာ ရဲဘော်တွေကို သူရဲ့ ဖိုးဝီးကားပေါ် တင်ပေးလိုက်ပါတယ်။ ပြီးတော့ တာဝန်တခု ပြီးသွားတဲ့သဘောနဲ့ အေးအေးလူလူ ဘန်းပုန်ရွာဆီ ကျနော်ပြန်လာပါတယ်။ အဲဒီတော့မှ ကိုရွှေထောက်လှမ်းရေး ၂ ဦးရဲ့ ကားနဲ့ လမ်းမှာတိုးပါတယ်။ ”ငါတို့ကို မစောင့်ဘဲ ဘာလို့ မင်း အဲဒီလိုလုပ်တာလဲ” ဆိုပြီး သူတို့က ကျနော်ကို ဆူပါတော့တယ်။ ကျနော်လည်း ဘာမှ မဖြစ်လောက်ဘူးထင်ပြီး သူတို့ကားနဲ့အတူ အေးအေးဆေးဆေးပဲ ဘန်းပုံကိုပြန်၊ အဲဒီကနေ ဘတ်စကားနဲ့ ဘန်ကောက်ကို ပြန်တက်လာပါတယ်။


တပ်ရင်း (၁) မှ ရဲဘော် ၂၀ နီးပါး ထပ်မံအဖမ်းခံရတဲ့ ထန်းဟင် ဒုက္ခသည်စခန်း (ဓာတ်ပုံ - ထက်အောင်ကျော်)

ဒါပေမယ့် ည ၁၀ နာရီလောက်မှာ သတင်းဆိုးက ဝင်လာပါလေရော။ “မင်း ငါတို့ကို မစောင့်ဘဲ သောက်ရမ်း လုပ်လိုက်လို့ သူတို့အားလုံး အော်စော်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ။ အခု မင်းလူတွေ ရတ်ချပူရီအချုပ်ထဲ ပြန်ရောက်နေပြီ” ဆိုပြီး ထောက်လှမ်းရေးက ကျနော့်ဆီ ဖုန်းဆက်လာပါတယ်။ ဒီ သတင်းကိုကြားတော့ ကိုယ့်နားကိုယ်တောင် မယုံပါဘူး။ အခုပဲ အဲဒီထောင်ကနေ လွတ်လာလို့ ဒုက္ခသည်စခန်းဆီ ပြန်ဝင်တဲ့လူတွေကို ဒုက္ခသည်စခန်းစောင့် အောစော် (ထိုင်း ပြည်သူ့စစ်) က ဘာလို့ ပြန်ဖမ်းတာလဲ။ စခန်းထဲမှာလဲ ကိုမင်းအောင်တို့၊ ဆရာအောင်မြင့်တို့ အပါအဝင် ကျောင်းသားတွေ ရာနဲ့ချီရှိနေလျက်နဲ့၊ ကရင်ဒုက္ခသည်တွေလည်း ထောင်နဲ့ချီရှိနေလျက်နဲ့၊ ကျနော်ဘယ်လိုမှ စဉ်းစားလို့မရ။

နောက်ပိုင်းမှာ ပြန်သိရတာက စစ်ဘောင်းဘီဝတ်၊ စစ်ကျောပိုးအိပ်ပါတဲ့ လူငယ် ၂၀ နီးပါး တင်လာတဲ့ ဖိုးဝီးကားကို သံသယရှိတဲ့အတွက် ထန်းဟင်စခန်းစောင့် အောစော်တွေက ရှာဖွေရေးလုပ်တယ်လို့ ဆိုပါတယ်။ ကျနော်ကို တာဝန်ခံသွားတဲ့ ကိုကရင်ပဲ ကောင်းကောင်း ရှင်းမပြတတ်တာလား။ ဘာတွေ လွဲသွားသလဲ မသိပါ။ သူတို့ အဖမ်းခံလိုက်ရတဲ့ကိစ္စကို ထန်းဟင်စခန်းထဲမှာရှိနေတဲ့ ကိုမင်းအောင်တို့၊ ဆရာအောင်မြင့်တို့တောင် မသိလိုက်ဘူးလို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ တနာရီလောက် ထပ်စောင့်လိုက်ရင် အားလုံး အိုကေမယ့်ကိစ္စကို ဆန္ဒစောပြီး လုပ်လိုက်တဲ့ ကျနော်ရဲ့ ဆုံးဖြတ်ချက်တခုကြောင့် ရဲဘော် ၂၀ နီးပါး နောက်ထပ် ထောင် ၃ လ ထပ်ကျခံလိုက်ရပါတယ်။ နောင်တဆိုတာ နောင်မှရတယ်ဆိုတဲ့အတိုင်း ကျနော်ဘာမှ မတတ်နိုင်တော့။ ရတ်ချပူရီအချုပ်ကို ပြန်သွား။ ရဲဘော်တွေကို ထောင်ဝင်စာသွားတွေ့၊ သူတို့ကို တောင်းပန်ရုံကလွဲပြီး ကျနော်ဘာများ တတ်နိုင်ဦးမှာလဲ။ ရဲဘော်တွေကတော့ ကျနော့်အမှား မဟုတ်ဘဲ သူတို့ဖက်က သွားချင်လွန်းတဲ့အမှားဆိုပြီး ကျနော် စိတ်သာအောင် ပြောဖော်ရပါတယ်။ ဒါပေမယ့် ဘာမှမပြစ်မရှိဘဲ ထောင်ထဲမှာ နောပ်ထပ် ၃ လထပ်နေရမယ့် သူတို့ဘဝကို ကျနော် ယူကြုံးမရ ဖြစ်နေမိပါတယ်။ တကယ်တန်း ထောင်ထဲဝင်နေသင့်သူဟာ သူတို့မဟုတ်ဘဲ ကျနော်သာဖြစ်တယ်လို့ ကိုယ်ဘာသာ စီရင်ချက်ချနေမိပါတယ်။


 ဘန်ကောက်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ တပ်ရင်း (၁) မှ ရဲ ဘော်ဟောင်းတချို့

ထောင်ဝင်စာတွေ့တာ၊ ထောင်က လွတ်ချိန်မှာ နယ်စပ်ကိုမပို့အောင် ပိုက်ဆံဆံပေးပြီး ရွေးရတာ၊ ထောက်လှမ်းရေး ငှားတာ၊ ဒီလူတွေသယ်တဲ့ အလုပ်တွေဟာ ငွေကုန်ကြေးကျ အတော်များတဲ့ကိစ္စပါ။ ပထမ တကြိမ်တုန်းက ရှိစုမဲ့စု အကုန်ခံထားတဲ့ တောင်ပိုင်းကော်မတီဟာ ဒီတကြိမ်မှာတော့ ပိုက်ဆံလည်း မလုံလောက်။ နောက်တခါ ထန်းဟန်ဒုက္ခသည် စခန်းအခြေနေကလည်း မဲဆောက်ဘက်က စခန်းတွေလို လွတ်လပ်မှု မရှိတဲ့အတွက် ဒုက္ခသည် စခန်းကနေ နယ်စပ်ပြန်ဝင်ပြီး တောထဲမှာထပ်မံအခြေစိုက် လှုပ်ရှားဖို့ဆိုတာ သိပ်မလွယ်တဲ့ သဘောမျိုး ဖြစ်လာနေပါတယ်။

ဒီလိုနဲ့ ဒီရဲဘော်တွေ ဒုတိယအကြိမ် ပြန်လွတ်ချိန်မှာ ထန်းဟင်စခန်းဆီ ပြန်မပို့တော့ဘဲ စန်ခရပူရီနယ်စပ် ကလော့ကာနီ ဒုက္ခသည်စခန်းဘက်မှာ အသွန်ခံလိုက်မယ်။ အဲဒီမှာရှိတဲ့ အရင် ၁၀၁ တပ်ရင်းက လူဟောင်းတွေနဲ့ ပေါင်းပြီး တပ်ရင်း ၁ စခန်းခွဲအဖြစ် မွန်နယ်မြေမှာ လှုပ်ရှားမယ်လို့ ကျနော်တို့ စိတ်ကူး လိုက်ပါတယ်။ အဲဒီစိတ်ကူးကို အကောင်ထည်ဖော်တဲ့အနေနဲ့ ဒီရဲဘော် ၂၀ စလုံး ကလော့ကာနီဘက် ရောက်သွားပါတယ်။

သူတို့ထဲက တချို့က အခုချိန်အထိ စန်ခရပူရီမှာ ရရာအလုပ် လုပ်သူလုပ်၊ ကလော့ကာနီနဲ့ ဘန်းတုန်ယန်း ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်အဖြစ် လျှောက်သူလျှောက်ဖြစ်နေပါ တယ်။ အများစုကတော့ အင်အား ၅၀ ဝန်းကျင်ရှိ တပ်ရင်း ၁ မှာ တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ထမ်းနေပြီး တပ်ရင်းမှူးအသစ် ကိုသိန်းလွင်နဲ့အတူ မွန်နယ်မြေ၊ ကရင်နယ်မြေတွေမှာ လှုပ်ရှားနေဆဲ ဖြစ်တာကို ပြီးခဲ့တဲ့နှစ် ထိုင်းခရီးစဉ်အတွင်း ကျနော်တွေ့ခဲ့ရပါတယ်။


ဒုက္ခသည်လျှောက်တာ အပြစ်လား

ကလော့ကာနီ၊ ထန်းဟင် ဒုက္ခသည်စခန်းတွေကနေ ဟွာဟင်ဒေသရှိ စခန်းသစ် သူပုန်စခန်း အခြေနေဘက် လှည့်ရမယ်ဆိုရင် မင်းသမီးစခန်းကျပြီးနောက် ခွာစစ်ဆင်လာတဲ့ စစ်ကြောင်း ၄ ခုထဲက တပ်ရင်းမှူး ချစ်ကိုကို ဦးဆောင်တဲ့အဖွဲ့နဲ့ ထောက်လှမ်းရေးမှူး ကိုဇော်သန်း ဦးဆောင်တဲ့အဖွဲ့တွေ ပင်လယ်ပြင်ထဲမှာ နဝတတပ်ရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပါတယ်။ ဗလဖအဖွဲ့ဝင် ကိုသောင်းထွန်းဦး ဆောင်တဲ့အဖွဲ့က ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ထောင်နှစ်ကြိမ်ကျပြီးတဲ့နောက် ရဲဘော် ၂၀ ခန့် ကလော့ကာနီဘက် ရောက်သွားပါတယ်။ တပ်ရေး ဗိုလ်ကြီး ကိုဝင်းအောင် ဦးဆောင်တဲ့ စစ်ကြောင်းတခုပဲ မင်းသမီးကနေ စခန်းသစ်အထိ ရောက်သွားပါတယ်။ တနင်္သာရီမြစ်ဝရှိ သဂျက်၊ ကော့မပြင်းဘက်မှာ တိုက်ပွဲ ၃ ကြိမ်လောက် ဖြစ်ခဲ့ပေမယ့် ကိုယ့်ဖက်က အကျဆုံးမရှိဘဲ စခန်းသစ်အထိ ချောချောမောမော ရောက်သွားတယ်လို့ ကိုဝင်းအောင်က ပြောပါတယ်။



မနီလွိုင်စခန်းဆီ ဝင်ဖို့ရောက်လာတဲ့ ABSDF မင်းသီးစခန်းမှ ရဲဘော်ဟောင်းတချို့ကို စခန်းအဝင်၀ ဆိုင်းဘုတ်ရှေ့တွင် တွေ့ရစဉ်


မဟာမိတ်တွေဖြစ်တဲ့ KNU နဲ့ မြိတ်-ထားဝယ် တပ်ဦးက တပ်ဖွဲ့တွေ အားလုံးလည်း စခန်းသစ်ဖက်မှာ စုရုံးရောက်ရှိနေကြတယ်လို့ ဆိုပါတယ်။ နောက်တခါ တပ်ရင်း ၇ မှူး ကိုဆလိုင်းယောအောင်တို့ တပ်တွေလည်း ရောက်နေပြီး စခန်းသစ်ရှေ့ရေးကိစ္စ ကိုဌေးအောင်တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်မှာ ကျနော်ဟာ ဘန်းကပိ The Mall ကုန်တိုက်အနီးရှိ ဗဟိုထောက်ပံ့ရေးရုံးမှာ တည်းခိုနေပြီး ABSDF အလုပ်ထက် DVB အလုပ်တွေကို ဦးစားပေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ထန်းဟင်ဒုက္ခသည် စခန်းတွင်းရှိ ရဲဘော်တွေ၊ မိသားစုတွေက မဲဆောက်ဘက်က စခန်းတွေမှာ လုပ်နေကြသလိုမျိုး ဒုက္ခသည်စခန်းကနေ နယ်စပ်ကိုဖြတ်၊ မြန်မာနယ်ထဲပြန်ဝင်ပြီး စစ်ပြန်တိုက်ဖို့အရေး သိပ်မလွယ်တော့ဘူးလို့ တင်ပြလာပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အခြေနေအရပ်ရပ်ကြောင့် နယ်စပ်ပြန်ဝင်ပြီး တော်လှန်ရေး ဆက်လုပ်ဖို့ အခြေနေ မကောင်းမတော့ဘူးလို့ ယူဆတဲ့အတွက် ဘန်ကောက်တက်၊ ဒုက္ခသည်လျှောက်ပြီး တတိယ နိုင်ငံထွက်ရေးဘက် ဦးတည်လာတယ်ဆိုပါတော့။



ကျဆုံးရဲဘော်များအတွက် အလှူပွဲတခုအပြီး တွေ့ရတဲ့ မနီလွိုင်စခန်းရောက် တပ်ရင်း (၁) ရဲဘော်ဟောင်းများ

ဒီလိုနဲ့ အဲဒီရဲဘော်တွေကို ဘန်ကောက်မြို့ဆီ ချောမောစွာခေါ်ယူရေးနဲ့ ပတ်သက်ပြီး ထန်းဟင်-တဂိုလမ်း-ဘန်းပုန်-ရတ်ချပူရီ-ဘန်ကောက် ခရီးစဉ် ရေးဆွဲရေးတာဝန်ဟာ နယ်မြေကြွမ်းသူလို့ ထန်းပင်တက် လက်မှတ်ရထားတဲ့ ကျနော်အပေါ် ကျလာပြန်ပါတယ်။ ဒါကြောင့် ဘန်ကောက်ကနေ နယ်စပ်ကို ပြန်ဆင်းပြီး တဂိုလမ်းက ထိုင်း-ကရင် ရွာသားတွေကို စည်းရုံး၊ သူတို့အိမ်တွေမှာ ကျနော်တို့မိသားစုတွေကို စခန်းထောက်အဖြစ် တည်းခိုခွင့်ပေးအောင် ကြိုးစားရပါတယ်။ ပြီးတော့မှ အုပ်စုတခုကို ၄ ဦးစီလောက်ခွဲပြီး ထန်းဟင်စခန်းထဲကနေ ညနေပိုင်းတွေမှာ ခိုးထွက်၊ တဂိုလမ်းရွာမှာ တညအိပ်၊ မနက် စောစောဘတ်စကားနဲ့ တဂိုလန်း-ဘန်းပုံ-ရတ်ချပူရီ-ဘန်ကောက်ကို အဆင့်ဆင့် သယ်ယူရပါတယ်။

ကံကောင်းထောက်မစွာနဲ့ လူဦးရေ ၅၀ ကျော်လောက်ဟာ တဦးမှ အဖမ်းအဖမ်းမခံရဘဲ တလကျော် ကာလအတွင်း ဘန်ကောက်ကို ရောက်လာကြပါတယ်။ ကျနော်တို့ရဲ့ စည်းရုံးရေးစွမ်းအား ဘယ်လောက်အထိ ကောင်းသလဲဆိုရင် ကျနော်တို့ မိသားစုတွေကို ညအိပ်လက်ခံခဲ့တဲ့ တဂိုလမ်းရွာက ကရင်မိသားစုတခုလုံး သူတို့အိမ်ကို စွန့်ပြီး ကျောင်းသားတွေနဲ့ အတူ ဘန်ကောက်တက် ဒုက္ခသည်လျှောက်လိုက်တာ အားလုံးအောင်ပြီး တတိယနိုင်ငံတခုဆီ ရောက်သွားခဲ့ပါတယ်။

နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေနဲ့ ဝေးနေတဲ့ သာမန်ပြည်သူအများစုအဖို့ ဒုက္ခသည်ဆိုတာ အမည်အားဖြင့် သိပ်မမိုက်ဘူးလို့ ထင်နိုင်ပေမယ့် ဒုက္ခသည်ဖြစ်ခွင့်ရဖို့ဆိုတာ သိပ်မလွယ်လှ။ သတ်မှတ် အရည်အချင်းနဲ့ပြည့်မှ ရနိုင်တာမို့ လနဲ့ချီပြီး၊ တချို့ဆို နှစ်နဲ့ချီပြီး အတော်ကြိုးစားရပါတယ်။ အပြောမတတ်လို့၊  အချက်လက် မခိုင်လုံလို့၊ အခုချိန်အထိ ဒုက္ခသည် ဖြစ်ခွင့်မရဘဲ ဘန်ကောက်၊ မဲဆောက်နဲ့ နယ်စပ်မှာ ကျန်နေသူတချို့ကို ကျနော်တွေ့နေရဆဲ ဖြစ်ပါတယ်။

အဲဒီကာလက နိုင်ငံရေးဒုက္ခသည် ဖြစ်ချင်တဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေဟာ ABSDF တပ်ဖွဲ့ဝင် ဖြစ်ခဲ့ဖူးတဲ့အကြောင်း တပ်က နှုတ်ထွက်စာ၊ ပြီးတော့ သက်သေခံ တောထဲက ဓာတ်ပုံ တပုံစ နှစ်ပုံစ။ နောက်တခါ ဘာကြောင့် ဒုက္ခသည်လျှောက်ရတယ်ဆိုတဲ့အကြောင်း ပြချက်စာနဲ့ မြန်မာနိုင်ငံကို ပြန်ရင် အဖမ်းခံရနိုင်တဲ့ အကြောင်း၊ နိုင်ငံရေးဖြတ်သန်းမှု ကိုယ်ရေးအကျဉ်းတွေကို တင်ပြရပါတယ်။ အဲဒီ စာတွေမရင်ခင် ဘန်ကောက်ကို ရောက်ကတည်းက ရုံးလေးလို့ခေါ်ကြတဲ့ စူထိစန်ဖက်က UNHCR ရုံးခွဲ မှာ ဒုက္ခသည်လျှောက်ဖို့ စာရင်းအရင် ပေးထားရပါတယ်။ အဲဒီရုံးကနေ ရုံးချိန်းရက်ရတဲ့အခါမှာတော့ ထိုင်းအစိုးရအိမ်တော်နဲ့ သိပ်မဝေးတဲ့အရပ်ရှိ UNHCR ရုံးကြီးဆီသွားပြီး လူတွေ့မေးမြန်းမှုကို ခံယူရ ပါတယ်။ အဲဒီအချိန်မှာ ခုနက အောက်ပါ အရည်ချင်းနဲ့ ကိုက်ညီကြောင်းပြတဲ့ စာရွက်စာတန်းအားလုံး ယူသွားဖို့လိုပြီး သူတို့မေးတာတွေကိုလည်း ကောင်းကောင်းမွန်မွန် ဖြေတတ်ဖို့လိုပါတယ်။

ကျနော်နဲ့ စကားပြောဖူးတဲ့ ရဲဘော်ဟောင်းတွေထဲမှာ ဆယ်နှစ်ဆယ်မိုး တာဝန်ထမ်းခဲ့ဖူးတဲ့ ABSDF တပ်ဖွဲ့ဝင် ကိုယ်ပိုင်နံပါတ်ကို မေ့နေသူတချို့ တွေ့ရပေမဲ့ NI လို့ခေါ်တဲ့ ဒုက္ခသည်အောင်လက်မှတ် နံပါတ်ကိုတော့ လူအားလုံးနီးပါး အလွတ်ရနေတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ အဲဒါအောင်ပြီး သွားရင်တော့ တလအတွက် ထောက်ပံ့ငွေ ဘတ် ၂၅၀၀ စီရပြီး UNHCR လက်မှတ်နဲ့ ဈေးပေါတဲ့ အိမ်ခန်းတွေကို စုပေါင်းငှားရမ်း နေထိုင်ကြပါတယ်။ အများစုဟာ အသွားအလာ လွယ်ကူတဲ့ ရုံးလေးဝန်းကျင်၊ နောက် ဈေးပေါတဲ့ ဘန်းကပိ၊ ရမ်ဂဟမ်ဝန်းကျင်၊ ကျောက်ဖရာမြစ်ဝက ကျုးကျော်ရပ်ကွက်လို နေရာမျိုးတွေမှာ နေကြတာကို တွေ့ခဲ့ရပါတယ်။ အဲဒီလို နှစ်နဲ့ချီ၊ တချို့ဆို ဆယ်စုနှစ်နဲ့ ချီနေပြီးမှ ရတ်ချပူရီရှိ မနီလွိုင် ကျောင်းသားဒုက္ခသည် စခန်းဆီ ဝင်ခွင့်ရပြီး သက်ဆိုင်ရာ တတိယ နိုင်ငံတခုခုရဲ့ သံရုံး အင်တာဗျုးကိုစောင့်၊ အဲဒီအင်တာဗျုး အောင်ပြီးမှ တတိယနိုင်ငံဆီ ထွက်ခွင့်ရတာပါ။

ဒါဟာ ၁၉၉၇-၉၈ ဝန်းကျင်က အခြေနေကိုပြောတာပါ။ အဲဒီအချိန်အထိ မနီလွိုင်စခန်းက နိုင်ငံရေး ဒုက္ခသည်လောက်ကိုပဲ တတိယနိုင်ငံတွေက ခေါ်ယူပြီး နယ်စပ်ဒုက္ခသည် စခန်းတွေက စစ်ပြေးဒုက္ခသည်တွေကို ခေါ်ယူခြင်း မရှိသေးပါ။

အခုချိန်မှာ ABSDF တပ်ဖွဲ့ဝင်အများစု တတိယနိုင်ငံတွေဆီ ရောက်နေကြပြီဖြစ်လို့ ဒီကိစ္စဟာ အထူးအဆန်း မဟုတ်တော့သလို ဖြစ်နေပေမယ့်လည်း အဲဒီကာလကတော့ ဒုက္ခသည်လျှောက်တာဟာ တကယ့်စွန့်စားမှုကြီးတခုပါ။ ABSDF ဗဟိုမှာ အဲဒီအချိန်အထိ ဒုက္ခသည်ဆိုင်ရာ မူဝါဒ မရှိသေးပါ။ ဒုက္ခသည် လျှောက်သူတွေကို သူရဲဘောကြောင်သူလိုလို၊ ထွက်ပြေးရေးဝါဒီလိုလို၊ အချောင်သမားလိုလို၊ တကိုယ်တော် ထွက်ပေါက်ရှာသူလိုလို စသဖြင့် အမြင်တွေ စောင်းနေဆဲဖြစ်ပါတယ်။ အဲဒီလို တိကျတဲ့ မူဝါဒမရှိသေးတဲ့အချိန်မှာ ကျနော်တို့ တပ်ရင်း ၁ တာဝန်ရှိသူတွေက ဒုက္ခသည်စခန်းထဲက ရဲဘော်မိသားစုတွေကို တောထဲပြန်ပို့ပြီး စစ်တိုက်ခိုင်းရမယ့်အစား ဘန်ကောက်ကိုခေါ်ပြီး ဒုက္ခသည်လျှောက်ပေးတဲ့ ကိစ္စဟာ ABSDF တည်ဆဲမူဝါဒကို ချိုးဖောက်ရာကျတယ်ဆိုတဲ့ စွပ်စွဲချက်က ကျနော်တို့ခေါင်းပေါ် ကျလာပါလေရော။

ဒီအတွက် အဓိက စစ်ဆေးခံရသူ ၂ ဦးကတော့ တပ်ထွက်ရဲဘော်တွေကို နှုတ်ထွက်စာရေးပေးဖို့ တာဝန်ယူရတဲ့ တောင်ပိုင်းဒေသတာဝန်ခံ ကိုမင်းအောင်နဲ့ တပ်ရင်း ၁ ဒုရင်းမှူး ဆရာအောင်မြင့်တို့ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ကျနော်နဲ့အတူ ဘန်းကပိရုံးမှာ တည်းခိုနေသူတွေဖြစ်ပြီး တောထဲကထွက်လာတဲ့ ဒါဇင်နဲ့ချီရှိတဲ့ ရဲဘော်တွေလည်း တခြားဘယ်နေရာကို သွားရမှန်း မသိခင်မှာ ဒီရုံးမှာပဲ သောင်တင်နေကြပါတယ်။ အဲဒီကာလ ကျနော်တို့ရုံး အခြေအနေကို ပြောရမယ်ဆိုရင် တိုက်ပွဲမှာ ဒဏ်ရာရလို့ မသန်စွမ်းဖြစ်သွားတဲ့ ကိုရန်ကျော်အောင်နဲ့ ကိုတင်စိုးတို့က အမြဲတမ်း နေထိုင်ခွင့်ရထားသူတွေဖြစ်ပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ နယ်စပ်ကနေ ဘန်ကောက်ရောက်စဉ် ခဏတည်းခိုသူတွေ ဖြစ်ပါတယ်။

ခဏတည်းတယ် ဆိုပေမယ့် တပတ်ဆယ်ရက်မက ကြာတတ်တာကြောင့် ၁၀ ပေ၊ ၁၅ ပေ ပတ်လည်လောက်သာ ကျယ်တဲ့ ရုံးခန်းဟာလည်း ရတ်ချပူရီက အချုပ်ခန်းနီးနီး လူတွေများပြီး ပူအိုက် နံစော် ယာစင်းဆေးလိပ်နံ့ညှော် ဖြစ်လာပါတယ်။ လူများလွန်း၊ စကားများလွန်းတဲ့အတွက် ဒီအသံတွေကို ဘေးအိမ်တွေက မကြားအောင် (အသံဆူလို့ ဘေးအိမ်ကတိုင်ရင် ရဲ ဝင်ဖမ်းမှာစိုးလို့) ဆိုပြီး တံခါးတွေကို အသေပိတ်ထားတော့ အခြေအနေက ပိုဆိုးစေပါတယ်။

အဲကွန်းကလည်း မရှိ၊ ပန်ကာလည်း လက်ပန်းကျဆိုသလို လူ ၁၀ ယောက် ပန်ကာ တလုံးနှုန်းတောင် ဆင်ပေးမထားနိုင်ပါဘူး။ တခါ ရုံးအတွင်း လူအဝင်အထွက် များလွန်းတဲ့အတွက် ဘေးပတ်လည် ထိုင်းအိမ်တွေက ကျနော်တို့ကို လူပွဲစားတွေလားလို့တောင် သံသယဝင်လာကြလို့ မနည်း ရှင်းပြနေရပါတယ်။ နောက်ပိုင်းမှာတော့ ရှေ့မှာတင်ပြခဲ့ဖူးတဲ့ တပ်ရင်း (၁) တပ်ဖွဲ့ဝင်တဦးဖြစ်သူ ကိုအောင်မျိုးမင်းက ဒီရုံးနဲ့သိပ်မဝေးတဲ့ လပလောင်ဆွိုင် ၁၀၁ ထဲမှာ အခန်းတခုငှားပြီး ရဲဘော်တွေကို လက်ခံပေးတဲ့အတွက် အတော်အဆင်ပြေသွားပါတယ်။


ကျဆုံးရဲဘော်များအတွက် အလှူပွဲတခုအပြီးမှာ တွေ့ရတဲ့ ဘန်ကောက်မြို့ ကျောက်ဖရာ မြစ်ဝအနီးက တပ်ရင်း (၁) ရဲဘော်ဟောင်းများ

အနှစ်ပြန်ချုပ်ရရင်တော့ ၁၉၉၇ ကနေ ၁၉၉၉ အစောပိုင်းကာလအတွင်း တပ်ရင်း ၁ မှ တပ်ဖွဲ့ဝင်တွေ။ မိသားစုတွေ အတော်များများကို ဒုက္ခသည်လျှောက်နိုင်ဖို့ ဒီရုံးက ကူညီနိုင်ခဲ့တယ် ဆိုပါတော့။ ဒီလိုကူညီမိတဲ့အတွက် တပ်ရင်း (၁) တာဝန်ခံ ကိုမင်းအောင်နဲ့ ဆရာအောင်မြင့်တို့ကို ”တပ်ရင်းဖြိုခွဲမှု” ဆို တဲ့ခေါင်းစဉ်ကြီးနဲ့ ဗဟိုကလာတဲ့ အထူးကော်မရှင် တခုက လာစစ်ဆေးတဲ့သဘောပါ။ သွေးပူနေစဉ် အဲဒီကာလကတော့ ဒုက္ခသည် လျှောက်တာ မှားသလား၊ မှန်သလား။ တော်လှန်ရေးကို သစ္စာဖောက်တာလား၊ အချောင်သမားတွေလား စသည်ဖြင့် ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ငြင်းလိုက်ခုံလိုက်ကြတာ ခိုက်ရန်ဖြစ်ပွားမတတ်ပေါ့။

အခု ဆယ်စုနှစ်တခုစာမက ကြာပြီးသွားတဲ့အခါမှာတော့ ဒုက္ခသည် လျှောက်လွှာရေးပေးမှုအတွက် အပြစ်ရှိတယ်လို့ စွပ်စွဲခံခဲ့ရသူ ဆရာအောင်မြင့်က နယ်စပ်မှာရှိနေဆဲ ဖြစ်တာကိုတွေ့ရပါ တယ်။ ဒါပေမယ့် စာအုပ်ကြီးအတိုင်း ကိုင်ပြီး ဆရာအောင်မြင့်တိုကို အပြစ်ရှိတယ်လို့ လာရောက်စစ်ဆေးတဲ့ ဗဟိုကော်မရှင်အဖွဲ့ဝင် ဗဟိုကော်မီတီဝင်တွေ ကိုယ်တိုင်ကတော့ ဒုက္ခသည်လျှောက်ပြီး တတိယနိုင်ငံဆီ ထွက်သွားလိုက်တာ အခုဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားတွေတောင် ဖြစ်နေကြပြီဆိုတာကို သိခဲ့ရပါတယ်။

ဒီလိုပြောလိုက်လို့ ကျောင်းသားတွေအားလုံး တတိယနိုင်ငံဆီ ထွက်ကုန်ကြပြီလို့ တော့ မထင်လိုက်ပါနဲ့။ အခုချိန်အထိ ဆက်လက် တိုက်ပွဲဝင်နေသူတွေလည်း ရာနဲ့ချီ ရှိနေဆဲဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More