Thursday, October 15, 2026

ငပြီကျွန်းပေါ်က စစ်သားအားလုံးကို AA ချေမှုန်း... ပုဂံ-ဗျတ္တပန်းဆက်လမ်းမှာ တိုက်ပွဲဖြစ်...

 https://youtu.be/XoqwL1znfRk?si=Rw5Sp1-48hcNfPh8

ငပြီကျွန်းပေါ်က စစ်သားအားလုံးကို AA ချေမှုန်း... ပုဂံ-ဗျတ္တပန်းဆက်လမ်းမှာ တိုက်ပွဲဖြစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၆ အောက်တိုဘာ ၂၀၂၆)

- ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ပေါက်တောမြို့နယ်ကြားက ကုလားတန်မြစ်အတွင်းရှိ ငပြီကျွန်းပေါ်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော် (AA) က ချေမှုန်းလိုက်ပြီးနောက် ကျွန်းကို AA ဖက်က အလုံးစုံ ပြန်ထိန်းချုပ်... - ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ဦးစီးကွပ်ကဲဖို့ စစ်ရုံးချုပ်က လွတ်လိုက်တဲ့ ဗျုဟာမှူးနဲ့ G-1 တဦးဟာ စစ်မြေပြင်ကို မရောက်ခင် KIA ရဲ့ တိုက်ခိုက်မှုကို ခံရပြီး သေဆုံးသွား... - မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၆ ဦးသေဆုံး... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“ဒီမိုကရေစီဖက်ဒရယ်က အစိုးရအပြောင်းအလဲကိုပဲ ဦးတည်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိ ဦးတည်တယ်”

 https://youtu.be/-5bISRJDhDg?si=ZSg7s6_R-m9swTV3

“ဒီမိုကရေစီဖက်ဒရယ်က အစိုးရအပြောင်းအလဲကိုပဲ ဦးတည်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိ ဦးတည်တယ်” - ဦးခင်မောင်ဝင်း - ဖက်ဒရယ်၊ ဒီမိုကရေစီနဲ့ လူနည်းစုရေးရာ လေ့လာသူ (IPSJ).

(၁၅ အောက်တိုဘာ ၂၀၂၆) “ဒီမိုကရေစီဖက်ဒရယ်ဆိုတာက အစိုးရအပြောင်းအလဲလောက်ကိုပဲ ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိကို ဦးတည်တယ်၊ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီကို ကျင့်သုံးဖို့လိုတယ်” လို့ ဖက်ဒရယ်၊ ဒီမိုကရေစီ၊ တိုင်းရင်းသားနဲ့ လူနည်းစုရေးရာ လေ့လာသူ (Institute for Peace and Social Justice) အဖွဲ့က ဦးခင်မောင်ဝင်းက ပြောပါတယ်။ ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဘာကွာသလဲ၊ စကားလုံး ရှေ့နောက်ပြောင်းရုံပဲလား... အဓိပါယ်ပါ အများကြီးပြောင်းသွားသလား၊ ဒီနေ့ နွေဦးတော်လှန်ရေးက ဖက်ဒရယ်ဒီမိုကရေစီအထိ ဦးတည်နေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဘာကွာသလဲ... - ၁၉၈၈ ကာလနဲ့ အခု ၂၀၂၁ ကာလမှာ ဖက်ဒရယ်ဆိုင်ရာ တွေးခေါ်စဉ်းစားမှုတွေ တကယ်ပဲ ပြောင်းလဲလာပြီလား... - NLD, CRPH, NUG, SCEF တို့ရဲ့ ဖက်ဒရယ်မူက ဘာလဲ... ဒီမိုကရေစီဖက်ဒရယ်လား... ဖက်ဒရယ်ဒီမိုကရေစီအဆင့်ထိ ရောက်နေပြီလား... - ဖက်ဒရယ်ဒီမိုကရေစီက အရင်လား... စစ်အာဏာရှင်ပြုတ်ကျရေးက အရင်လား... - “ဒီမိုကရေစီဖက်ဒရယ်က အစိုးရအပြောင်းအလဲကိုပဲ ဦးတည်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိ ဦးတည်တယ်” လို့ ဘာကြောင့်ပြောတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, October 14, 2026

“စစ်ရေးအရ လုပ်ရဲကိုင်ရဲရှိသူတွေကို ရာထူးတိုးပေးပြီး စစ်ရှိန်ထပ်မြှင့်မယ့်သဘောလို့ ယူဆနိုင်ပါတယ်”

 https://youtu.be/u7P1qVawzlI?si=buvfOavy03mRuGc0

“စစ်ရေးအရ လုပ်ရဲကိုင်ရဲရှိသူတွေကို ရာထူးတိုးပေးပြီး စစ်ရှိန်ထပ်မြှင့်မယ့်သဘောလို့ ယူဆနိုင်ပါတယ်” - CDM ဗိုလ်ကြီးဇင်ယော် (စစ်ရေးသတင်း လေ့လာသုံးသပ်သူ)

(၁၅ အောက်တိုဘာ ၂၀၂၆) “နေပြည်တော်မှာဖြစ်နေတဲ့ စစ်တပ်အတွင်း ရာထူးတိုးပွဲအခြေနေကိုကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ကာ-ချုပ် မဟုတ်တော့ပေမယ့် စစ်တပ်အပေါ် သြဇာရှိဆဲဖြစ်တယ်၊ အခုဖြစ်စဉ်က စစ်ရေးအရ လုပ်ရဲကိုင်ရဲရှိသူတွေကို ရာထူးတိုးပေးပြီး စစ်ရှိန်ထပ်မြှင့်မယ့်သဘောလို့ ယူဆနိုင်ပါတယ်” လို့ စစ်ရေးသတင်း လေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ စစ်တပ်အတွင်း ညှိ-ကွပ် ရာထူး အသစ်ခန့်အပ်တာ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအပါဝင် ဒါဇင်နဲ့ချီတဲ့ ရာထူးပြောင်းပွဲတွေ ဆက်တိုက်လုပ်နေတာ ဘာသဘောလဲ၊ ဘယ်ကိုဦးတည်နေတာလဲ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ညှိ-ကွပ် အသစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက် ဘယ်သူလဲ... စစ်ရေးအရ ဘာတွေ ထူးလာနိုင်သလဲ... - စစ်ရုံးချုပ် အကြီးတန်းတွေအပြင်... ကထစ မှူးတွေ၊ တိုင်းမှူးတွေ၊ တပ်မမှူးတွေပါ အပြောင်းအလဲရှိသလား... - ဒီအပြောင်းအလဲတွေက ဘယ်ကို ဦးတည်နေသလဲ... မင်းအောင်လှိုင်သစ္စာခံသူတွေနဲ့ ရဲဝင်းဦးသစ္စာခံသူတွေကြား သဘောထားကွဲလာနိုင်သလား... - ဒီအပြောင်းလဲတွေကြောင့်... ရခိုင်စစ်ပွဲ၊ ချင်းတောင်ပိုင်းနဲ့ ကချင်စစ်မြေပြင်အခြေနေ ဘာတွေ ထူးခြားလာနိုင်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Tuesday, October 13, 2026

စစ်တွေမြို့အဝင်က ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်... တရုတ်ပိုက်လိုင်းလုပ်သားကားကို စစ်တပ်က ဗုံးကြဲ...

 https://youtu.be/hx3NkX9OxuM?si=-p-wC4SoI8jUJFmO

စစ်တွေမြို့အဝင်က ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်... တရုတ်ပိုက်လိုင်းလုပ်သားကားကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၄ အောက်တိုဘာ ၂၀၂၆) - ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ပေါက်တောကြားရှိ ငပြိကျွန်းကို စစ်တပ်ဖက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေချိန်မှာ စစ်တွေဝင်ပေါက် ပုဏ္ဏားကျွန်းကားလမ်းပေါ်ရှိ အမြင့်ကျွန်းရွာအနီးက ကာကင်းစခန်း ၂ ခုကို AA သိမ်းပိုက်... - အမ်းမြို့နယ်အတွင်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစခန်းအတွက် တာဝန်ထမ်းနေသူ တရုတ်နိုင်ငံသား ဝန်ထမ်းစီးလာတဲ့ ကားကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်... - အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့အဖွဲ့ ထားဝယ်မြို့ကို ရောက်နေစဉ် မြို့ပေါ်မှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Monday, October 12, 2026

ပုလောတိုက်ပွဲ စစ်တပ်သေဆုံးသူများ... စစ်ကောင်စီဖက်က ညှိ-ကွပ် ရာထူးအပြောင်းအလဲလုပ်...

 https://youtu.be/Ijxbr-OBBbo?si=1nZie4MXUJVz7TLq

ပုလောတိုက်ပွဲ စစ်တပ်သေဆုံးသူများ... စစ်ကောင်စီဖက်က ညှိ-ကွပ် ရာထူးအပြောင်းအလဲလုပ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၃ အောက်တိုဘာ ၂၀၂၆)


- တနသာင်္ရီတိုင်း၊ ပုလောမြို့နယ်၊ မကျည်းကုန်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်တပ်ဖက်က ၈ ဦးသေပြီး သေနတ် ၅ လက် သိမ်းမိ... - ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တလိုင်းတောင်နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ်၊ သဖန်ရောင်ကြားရှိ ရခိုင်ရိုးမပေါ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) တို့ကြားတိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးကို လက်ရဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါ သိမ်းမိ... - ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ကာကွယ်ရေးဝန်ကြီးသစ်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ကို ညှိ-ကွပ် သစ်အဖြစ် စစ်ကောင်စီက ခန့်အပ်ဟု သတင်းထွက်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“ဒီမိုကရေစီစံနှုန်းကို အလေးမထားတဲ့ မူဝါဒအောက်မှာ မင်းအောင်လှိုင်တို့လို အာဏာရှင်တွေ ကြားက အမြတ်ထွက်တယ်”

 https://youtu.be/OGglcRYazhk?si=-5BmkofMMYNHYryf

“ဒီမိုကရေစီစံနှုန်းကို အလေးမထားတဲ့ မူဝါဒအောက်မှာ မင်းအောင်လှိုင်တို့လို အာဏာရှင်တွေ ကြားက အမြတ်ထွက်တယ်” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၁၂ အောက်တိုဘာ ၂၀၂၆) “ဒီမိုကရေစီစံချိန်စံညွှန်းတွေကို အလေးမထားတဲ့ ထရမ့်အစိုးရရဲ့ မူဝါဒအပြောင်းအလဲအောက်မှာ မင်းအောင်လှိုင်တို့လို စစ်အာဏာရှင်တွေ ကြားက အမြတ်ထွက်သွားတယ်၊ ဒါပေမယ့် ယူကရိန်းတောင် လုပ်စရာရှိတာ ဆက်လုပ်နေတာပဲ၊ မြန်မာတွေလည်း လုပ်စရာရှိတာ ဆက်လုပ်ရမှာဖြစ်တယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ ရွေးကောက်ခံ အမေရိကန်အစိုးရတို့ကြား တိုက်ရိုက်ထိတွေ့ဆက်ဆံတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာနေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဘယ်အခြေခံ မူ-ဘောင်တွေပေါ်မှာ စဉ်းစားပြီး စစ်ကောင်စီနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမယ်လို့ အမေရိကန်ဖက်က ပြောလာတာလဲ... - စစ်ကောင်စီနဲ့ တိုက်ရိုက်ဆက်သွယ်ခြင်းဟာ နွေဦးတော်လှန်ရေးကို ဘေးဖယ်ထားခြင်းလို့ အဓိပါယ်ရသလား... - အမေရိကန် လွတ်တော်အမတ်တွေ၊ အမေရိကားရောက် မြန်မာတွေကကော ဒီမူဝါဒသစ်အပေါ် ဘယ်လိုသဘောထားကြသလဲ... - ကျားဖြန့်နဲ့ မြေရှားအပြင် အခြေား ဘယ်နေရာတွေမှာ မြန်မာစစ်တပ်နဲ့ ထရမ့်အစိုးရ ပူးပေါင်းဆောင်ရွက်နိုင်သေးလဲ... - ထရမ့်အစိုးရရဲ့ မူဝါဒအပြောင်းလဲအောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး- စစ်ရေး အခင်းအကျင်းသစ်တွေအတွက် နွေဦးတော်လှန်ရေးအင်အားစုတွေ ဘာတွေ ပြင်ထားသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More