Tuesday, August 18, 2026

“အညာတမာ စစ်ဆင်ရေးနှင့် အညာဒေသ စစ်ရေးအခြေနေ”

 https://youtu.be/8hPI8tcyL64?si=A-l39Jd69coO6SB5

“အညာတမာ စစ်ဆင်ရေးနှင့် အညာဒေသ စစ်ရေးအခြေနေ”


(၁၈ သြဂုတ် ၂၀၂၆) “တူမီးနဲ့ စခဲ့ရတဲ့ အညာဒေသတော်လှန်ရေးဟာ တဆင့်ခြင်းတိုးတက်လာနေတာဖြစ်တယ်၊ ရန်သူ့စစ်ကြောင်းကို ခုခံတာအပြင် ရန်သူ့နယ်မြေကိုပါ ထိုးဖောက်ပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွဲနေတာဖြစ်တယ်” လို့ အညာဒေသအခြေစိုက် ABSDF စစ်ကြောင်း (၃) က ရဲဘော် ပြည့်ဖြိုးကျော်က ပြောပါတယ်။ စစ်ကောင်စီတပ်ဖက်က ၅၀ ကျော်သေဆုံးပြီး လက်နက်များစွာသိမ်းနိုင်ခဲ့တဲ့ -အညာတမာ- စစ်ဆင်ရေးအခြေနေ၊ အညာဒေသ စစ်ရေးအခြေနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ.... - အညာတမာ စစ်ဆင်ရေး ဘယ်လိုပေါ်လာသလဲ... ဘယ်လောက်အထိ စုဖွဲ့မှု အားကောင်းနေပြီလဲ... - စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ဘယ်လိုပစ်ချလိုက်တာလဲ... - အညာဒေသမှာ စစ်တပ်က အသာရနေသလား... တော်လှန်ရေးတပ်တွေဖက်က တန်ပြန်ထိုးစစ်ပြန်လုပ်နိုင်နေပြီလား... - ABSDF အပါဝင် ဒေသတွင်းရှိ တော်လှန်ရေးတပ်တွေအားလုံး တပ်ပေါင်းစုပုံစံနဲ့ တိုက်ပွဲဝင်နိုင်အောင် ဘယ်လိုကြိုးစားနေသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Monday, August 17, 2026

ဖာပွန်မြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးသူများ... မြောင်မြို့က စစ်ဗိုလ်တဦးကို PDF က ပစ်ခတ်...

 https://youtu.be/dDAO3E67bEU?si=y4CfcAaikitgyyfX

ဖာပွန်မြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးသူများ... မြောင်မြို့က စစ်ဗိုလ်တဦးကို PDF က ပစ်ခတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၈ သြဂုတ် ၂၀၂၆) - ကရင်ပြည်နယ်၊ ဖာပွန်ဗျုဟာဖက် စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို -KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများ၊ လက်နက်ငယ် ၈ လက်သိမ်းမိ... - မြောင်မြို့ Beauty Salon တခုမှာ ဆံပင်ညှပ်ခေါင်းလျှော်နေတဲ့ စစ်တပ်အရာရှိတစ်ဦးကို တော်လှန်ရေးတပ်တွက ပစ်ခတ်ရှင်းလင်း... - အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, August 16, 2026

ကပစ (၁၂) စစ်ကြောင်းကို PDF တိုက်ခိုက်... CRPH က ထိုင်းလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံ...

 https://youtu.be/gHVZbK71F7s?si=4BlPgWPTD0DB1gme

ကပစ (၁၂) စစ်ကြောင်းကို PDF တိုက်ခိုက်... CRPH က ထိုင်းလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၇ သြဂုတ် ၂၀၂၆) - မကွေးတိုင်း၊ သရက်မြို့နယ်အခြေစိုက် ကပစ (၁၂) ကနေ မင်းတုန်းမြို့ဖက် ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၇ ဦးသေဆုံး... - မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေလမ်းပိုင်း သုံးထပ်ကွေ့အနီးရှိ ကျော်ဝါးဘိုးတောင်ကြောမှာ စစ်ကောင်စီတပ်နဲ့ (KNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က သေဆုံးမှုများနေ... - ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဘန်ကောက်မြို့ လွှတ်တော်ရုံးမှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအခြေနေ ဆွေးနွေး... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Saturday, August 15, 2026

မြိုင်မြို့နယ်တိုက်ပွဲ စစ်သား ၅၀ ကျော်သေဆုံး... မကွေးတိုင်းအတွင်း PDF စစ်ကြောင်း ၃ ကြောင်း ထပ်ဖွဲ့...

 https://youtu.be/7wpYMZ9JbSY?si=FzYvdj5utF-fwGyy

မြိုင်မြို့နယ်တိုက်ပွဲ စစ်သား ၅၀ ကျော်သေဆုံး... မကွေးတိုင်းအတွင်း PDF စစ်ကြောင်း ၃ ကြောင်း ထပ်ဖွဲ့... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၅ သြဂုတ် ၂၀၂၆) - မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်နဲ့ ပေါက်မြို့နယ်က ကျေးရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ၂ လနီးပါးကြာ ခုခံတိုက်ခိုက်မှုအတွင်း စစ်တပ်ဖက်က ၅၀ ကျော်သေဆုံး၊ ၄ ဦး လက်နက်ချ၊ လက်နက်မျိုးစုံ ၂၀ ခန့် သိမ်းမိ... - ဆောမြို့နယ်ကနေ လောင်းရှည်ဘက် စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများ၊ တဦးကို လက်ရဖမ်းမိ၊ သေနတ် ၂ လက်နဲ့ ခဲယမ်းများစွာ သိမ်းမိ... - စစ်ကောင်စီထိုးစစ်ကို ထိရောက်စွာ ခုခံတွန်းလှန်နိုင်ရေး၊ တော်လှန်ရေးတပ်တွေရဲ့ စစ်ဆင်ရေးစွမ်းရည်မြှင့်တင်ရေးအတွက် စစ်ကြောင်း ၃ ကြောင်း ထပ်မံဖွဲ့စည်း တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရကပြော... --- စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, August 14, 2026

PDF တပ်ရင်းတွေကို ဒေါ်လာ ၃၈ သန်းခန့် ထောက်ပံ့... အညာမြေရေဘေး NUG ကူညီ...

 https://youtu.be/bpTGXud5kN8?si=hwFjrVSnUG4I6bEj

PDF တပ်ရင်းတွေကို ဒေါ်လာ ၃၈ သန်းခန့် ထောက်ပံ့... အညာမြေရေဘေး NUG ကူညီ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၅ သြဂုတ် ၂၀၂၆)

- ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း (၃၆၀) ကျော်ကို တကြိမ်မှာ ဒေါ်လာ တသန်းနီးပါးနှုန်းနဲ့ ၃၈ ကြိမ် ထောက်ပံ့မှုပေးခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်... - စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းရှိ မြို့နယ်ပေါင်း ၂၁ ခုမှာ ဒေသခံလူထု ၄ သိန်းခွဲခန့် ရေဘေးနဲ့ကြုံနေရပြီး NUG ကယ်ဆယ်ရေးအဖွဲ့က တမြို့နယ်ကို သိန်း ၁၀၀ စီထောက်ပံ့... - ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာနေရသူတွေအတွက် လူသား-စာနာ အကူအညီ ယူရို ၁၀ ဒသမ ၅ သန်း ပေးအပ်သွားမယ်လို့ ဥရောပသမဂ္ဂ (EU) က ကြေညာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ စစ်ပွဲနောက်ဆက်တွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“SCEF ဖက်ဒရယ်တပ်ပေါင်းစု တကယ်အလုပ်ဖြစ်နိုင်သလား”

 https://youtu.be/7LRqqrBP8Ws?si=NMq2ahCiIzXiWrrN

“SCEF ဖက်ဒရယ်တပ်ပေါင်းစု တကယ်အလုပ်ဖြစ်နိုင်သလား” (၁၅ သြဂုတ် ၂၀၂၆)

“SCEF ဖက်ဒရယ်တပ်ပေါင်းစုဖက်က လှုပ်ရှားမှုတွေတိုးလာတာကို ကြိုဆိုတယ်၊ ဒါပေမယ့် ချန်ထားအင်အားစုတွေကိုလည်း ပါဝင်ခွင့်ရအောင် ဆက်လုပ်သင့်တယ်” လို့ စစ်ရေး - နိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းယောအာင်က ပြောပါတယ်။ SCEF က စစ်ဦးစီးအဖွဲ့ ဖွဲ့ပြီး KIA, KNLA စစ်ဦးစီးချုပ်တွေကို ပူးတွဲဥက္ကဌ တာဝန်တွေပေးလိုက်တယ်ဆိုတဲ့ ထူးခြားတဲ့ တိုးတက်မှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - SCEF က စစ်ဦးစီးအဖွဲ့ ဖွဲ့ပြီး KIA, KNLA စစ်ဦးစီးချုပ်တွေကို တာဝန်ပေးလိုက်တာကို ဘာကြောင့် တရားဝင်မထုတ်ပြန်သေးတာလဲ... - SCEF ကို ဘယ်ပေါ်မှာ အခြေခံဖွဲ့ထားသလဲ... ဒီမိုကရေစီနဲ့ ဖက်ဒရယ်အင်အားစုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ တပ်ပေါင်းစုဖြစ်လာနိုင်သလား... - KNLA စစ်ဦးစီးချုပ်အပြောင်းအလဲနဲ့ SCEF စစ်ဦးစီးအဖွဲ့ပေါ်လာတာ ဘယ်လိုဆက်စပ်နေသလဲ... - စစ်ကောင်စီရဲ့ ရက် ၁၀၀ အလွန်မှာ SCEF ရဲ့ ရက် ၁၀၀ စီမံကိန်းတွေ ထွက်ပေါ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More