https://youtu.be/kxCVLJj_sOQ?si=Bt09jNBR8PzOXpnG
“Midterm elections က ထရမ့် အပေါ် လူထုဆန္ဒခံယူပွဲလို ဖြစ်နေတယ်” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၂ နိုဝင်ဘာ ၂၀၂၆) “Midterm elections က ပုံမှန် သက်တန်းဝက်ရွေးကောက်ပွဲနဲ့မတူပဲ သမ္မတထရမ့် အပေါ် လူထုဆန္ဒခံယူပွဲလို ဖြစ်နေတယ်၊ ဒါကြောင့် စံချိန်တင် မဲပေးသူများနေတာဖြစ်တယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ မနက်ဖန်- နိုဝင်ဘာ ၃ ရက်နေ့မှာကျင်းပမယ့် အမေရိကန် Midterm elections မှာ ဒီမိုကရက်ပါတီက အမတ်ဦးရေပိုရလာနိုင်သလား... အဲဒီလို ရလာရင် အမေရိကန်နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး ဘာတွေပြောင်းလဲလာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - Midterm elections ဆိုတာ ဘာလဲ၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ဘယ်လိုကွာသလဲ... အောက်လွှတ်တော်၊ အထက်လွှတ်တော် မဲဆန္ဒနယ်တွေ ဘယ်လိုခွဲထားသလဲ... - အခု ရွေးကောက်ပွဲမှာ ဒီမိုကရက်က အမတ်နေရာ ဘယ်နှစ်ဦးလောက် အသာရသွားနိုင်သလဲ... ဘာကြောင့်လဲ... - Midterm elections က ရွေးကောက်ပွဲနဲ့မတူပဲ ဆန္ဒခံယူပွဲနဲ့ ပိုတူနေတယ်လို့ ဘာကြောင့်ပြောတာလဲ... - ဒီမိုကရက်တွေ အသာရလာရင် မြန်မာ့တော်လှန်ရေးအတွက် အကူအညီ ပိုရလာနိုင်သလား... - ဒီမိုကရက်တွေ အသာစီးမရနိုင်အောင်... သမ္မတ ထရမ့်ဖက်က ဘာတွေ အကွက်ချ ပြင်ဆင်ထားသလဲ... - ဒီရွေးကောက်ပွဲကနေ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးဖက်ကို ဦးတည်တဲ့ ပြောင်းလဲတိုးတက်မှုတွေ မြင်လာရနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







