Saturday, December 15, 2012

သူပုန္ ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၂

ထက္ေအာင္ေက်ာ္
Thursday, 25 August 2011 19:29 ေအာက္ေမ့ဖြယ္။ ဧရာ၀တီ။

ကံဆုိးခ်င္းေတာ့ ျမစ္လယ္တည့္တည့္မွာ စစ္သေဘၤာႀကီးတစီး ရပ္ထားတာကို ေတြ႕လုိက္ရပါတယ္။

“ဘုရားေရ။ သြားၿပီထင္တယ္။ ဒီတခါေတာ့ ဆႏၵျပပဲြအတြင္းမေသဘဲ ေရလယ္မွာ ပစ္သတ္ခံရေတာ့မယ္ထင္ပါတယ္” လုိ႔ စိတ္ထဲက အေတာ္စုိးရိမ္ၿပီး ဘုရားတလုိက္မိပါတယ္။ ဒါေပမယ့္ ကံေကာင္းတယ္လုိ႔ ေျပာရမလား၊ တမင္ သိရက္နဲ႔ လႊတ္ေပး လုိက္တာလားေတာ့ မေျပာတတ္၊ အဲဒီသေဘၤာႀကီးက တခ်က္မွမလႈပ္ဘူး။ ဆလုိက္မီးနဲ႔ ထုိးၿပီး သတိေပးတာမ်ိဳးလည္းမရွိဘူး။


ရွင္မုတၱီးေက်းရြာမွာ တရားေဟာေနတဲ့ ABSDF ရဲေဘာ္တဦး

ရင္တမမနဲ႔စီးလာရတဲ့ ေလွခရီးဟာ မနက္ ၅ နာရီခဲြေလာက္မွာေတာ့ ေစာ္၀ရြာကုိ ဆိုက္ပါတယ္။ အဲဒီမွာ ေသနတ္ကိုင္ထားတဲ့ ဗကပ ဆိုတာကို က်ေနာ့္ဘဝမွာ ပထမဆံုးအႀကိမ္ျမင္ဖူးၿပီး ထားဝယ္က ေက်ာင္းသားတခ်ိဳ႕လည္း သူတို႔နဲ႔အတူ ရိွေနတာကို အံ့ၾသစြာေတြ႕လိုက္ရပါတယ္။ လက္နက္ကုိင္ ေတာ္လွန္ေရးအတြက္ စိတ္ကူးယဥ္ေနတဲ့ (တကယ္ကေတာ့ အဲဒီအခ်ိန္အထိ လက္နက္ကုိင္ ေတာ္လွန္ေရးဆုိတဲ့ လွပတဲ့ စကားလုံးမ်ဳိး အတိအက်မသုံးတတ္ေသးပါ) က်ေနာ္ဟာ ဗကပ - ရဲေဘာ္ ၃ ဦး ကိုင္ထားတဲ့ လက္နက္ေတြကို အေသအခ်ာၾကည့္မိပါတယ္။ အဲဒီတုန္းက ဂ်ီသရီး ေလာက္ကိုသာ အေ၀းကေန ျမင္ဖူးေသးတဲ့ အတြက္ သူတုိ႔ကုိင္ထားတဲ့ လက္နက္ကုိ ဘာအမ်ဳိးအစားမွန္း က်ေနာ္မေခၚတတ္ပါဘူး။ KNU နယ္ထဲ ေရာက္ဖူးတဲ့ က်ေနာ့္ေဘးက ေက်ာင္းသားတဦး ေျပာတာကေတာ့ ေန၀င္း စတင္းကတလက္။ AK 47-ေခါက္ဒင္က တလက္နဲ႔ M 79 ေလာင္ခ်ာက တလက္ျဖစ္တယ္ ဆုိတာကို သိခဲ့ရပါတယ္။

တကယ္တမ္း ျပန္စဥ္းစားမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ သက္စြန္႔ဆံဖ်ား သြားခဲ့တဲ့ အဲဒီ တညတာ လမ္းေၾကာင္းဟာ ေဘးကေန ၾကည့္ေနသူအတြက္ ရယ္ခ်င္စရာ ျဖစ္ေနနိုင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အခု က်ေနာ္တို႔ ေရာက္ေနတဲ့ ေစာ္၀ရြာနဲ႔ ထားဝယ္ၿမိဳ႕ဟာ ၅ မိုင္ေလာက္ပဲ ကြာၿပီး စက္ဘိီးနဲ႔ လာမယ္ဆိုရင္ နာရီဝက္အတြင္းေရာက္ႏိုင္တဲ့ ေနရာျဖစ္ေနလို႔ပါ။

ဒါေပမယ့္ ကိုယ္သြားရမယ့္ လမ္းေၾကာင္းကို ႀကိဳမသိတာေရာ၊ စစ္တပ္က ဂိတ္ေတြကို ပိတ္ထားတာေရာ အေျခေန ေတြေၾကာင့္ ၅ မိုင္ခရီးကို သက္ေတာင့္သက္သာ စက္ဘီးေလး၊ ဆုိင္ကယ္ေလးနဲ႔ မသြားႏိုင္ဘဲ ထားဝယ္ျမစ္ကိုျဖတ္ၿပီး ၃၊ ၄ မုိင္ေ၀းတဲ့ အေနာက္ဘက္က က်ေနာ္တို႔ရြာဆီ ေလွတတန္၊ ျမင္းလွည္းတတန္နဲ႔ အရင္လာ၊ အဲဒီကေန ၁ဝ မိုင္ခရီးကို ညႀကီးမင္းႀကီး လမ္းျပန္ေလွ်ာက္၊ တမုိင္ေက်ာ္ေလာက္ က်ယ္မယ့္ ပင္လယ္ဝကို လက္ေလွာ္ေလွေတြနဲ႔ ျဖတ္ၿပီးမွ ဒီရြာေလးကို ခဲရာခဲဆစ္ လာခဲ့ရတာကုိက ဒီခရီးစဥ္ဟာ စနစ္တက် ျပင္ဆင္ထားတာမဟုတ္ဘဲ အေရးေပၚ သင့္သလို သြားခဲ့ရတယ္ဆုိတာ ထင္ရွားေနပါတယ္။

တကယ္ကေတာ့ ဒီရြာကိုေရာက္တာနဲ႔ ဗကပ ထိမ္းခ်ဳပ္နယ္ထဲ ေရာက္ၿပီလို႔ မဆိုႏုိင္ေသးပါဘူး။ စစ္တပ္ တပ္စုတစု အေျခစိုက္တဲ့ ရွင္မုတၱီးေက်းရြာနဲ႔ ရဲစခန္းတခု အေျခစုိက္စုိက္တဲ့ ေပါက္တုိင္းတံတား ၾကားမွာ ေစာ္၀ရြာက ရွိေနတဲ့အတြက္ လုံၿခံဳေရးအရ ဘယ္လိုမွစိတ္မခ်ရပါဘူး။ ဒါေၾကာင့္ ေစာ္၀ရြာကေန ထြက္ၿပီး ထားဝယ္ - သရက္ေခ်ာင္း ကားလမ္းမကို ျဖတ္ဖုိ႔ ျပင္ရပါတယ္။ တညလုံး အသံတိတ္စြာနဲ႔ လွ်ိဳ႕၀ွက္သဲဖုိ ခရီးကို ျဖတ္လာခဲ့တဲ့ ေက်ာင္းသားေတြဟာ ဒီမနက္မွာက်ေတာ့ မေန႔ကလုိ အသံမတိတ္ေတာ့။ ထား၀ယ္ၿမိဳ႕ေပၚကေန ေစာ္၀ဆီ ဒီမနက္ေရာက္လာသူေတြနဲ႔ သတင္းေမးရင္း၊ ဟိုေျပာဒိီေျပာ လုပ္ရင္းနဲ႔ အသံေတြက နည္းနည္းဆူညံေနလုိ႔ မနည္း ထိမ္းခ်ဳပ္ခုိင္းရၿပီး မနက္ ၈ နာရီ ေလာက္က်မွ ကားလမ္းမကိုျဖတ္ ႏိုင္ခဲ့ပါတယ္။

ေက်ာင္းသားေတြ ကားလမ္း ျဖတ္ကူးပုံကလဲ ၾကည့္ပါဦး။ ဗကပ စစ္သားေတြရဲ႕ အႀကံေပးခ်က္အရ ၃ ေယာက္ တစုေလာက္ ခဲြၿပီး ကားလမ္းကိုျဖတ္ေျပး၊ ၿပီးေတာ့ ကားလမ္းရဲ႕ ဟုိမွာဘက္က ေယာင္းေမာ္ရြာထဲကုိ၀င္ၾကတာ။

အားလုံး စနစ္တက်နဲ႔ လွ်ိဳ႕၀ွက္တဲ့ စစ္ေၾကာင္းတခုလုိ ျပင္ဆင္ထားေပမယ့္ တကယ္ကေတာ့ အဲဒီလုိ က်ေနာ္တုိ႔ ေျပးေနတာကို လမ္းေဘးကေန ထုိင္ၾကည့္ေနတဲ့ ရြာသားေတြက အမ်ားႀကီးပါ။ မနက္ ၈ နာရီဆုိေတာ့ ရွင္မုတၱီး ေစ်းက ဖြင့္ေနၿပီ ျဖစ္တဲ့အျပင္ ေစာ္၀နဲ႔ ထား၀ယ္ၾကား ဆုိင္ကယ္နဲ႔ အသြားအျပန္ လုပ္ေနတဲ့ ေက်ာင္းသားေတြကုိ အားလုံးက ရိပ္မိတဲ့ အတြက္ အခုလို လာၾကည့္ေနတာ ျဖစ္ပုံရပါတယ္။

ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ကံေကာင္းတာကေတာ့ ရွင္မုတၱီးက စစ္တပ္ေရာ၊ ေပါက္တုိင္း တံတားဂိတ္က ရဲ ေတြေရာ၊ ေနာက္တခါ အဲဒီ ရဲစခန္းေရွ႕ ေညာင္ဇင္ရြာက စစ္တပ္ေတြပါ နည္းနည္းမွ လႈပ္ရွားတာ မေတြ႕ရပါဘူး။ ဒါဟာ က်ေနာ္တို႔ အစီအစဥ္ေတြ သိပ္လွ်ိဳ႕ဝွက္ ေသသပ္လြန္းလို႔ စစ္တပ္က မသိတာမ်ိဳးေတာ့ မျဖစ္ႏုိင္ပါဘူး။ အေျခေနအရ လြတ္ေပး ထားလုိက္တာ၊ ဒါမွမဟုတ္ အမိန္႔မရလုိ႔ စခန္းထဲကေန မထြက္တာမ်ိဳး ျဖစ္ဖုိ႔မ်ားတယ္လုိ႔ တြက္ဆမိပါတယ္။

လွ်ိဳ႕၀ွက္သိပ္သည္းမႈ ရွိလွတဲ့ က်ေနာ္တုိ႔ ေက်ာင္းသားစစ္ေၾကာင္း အေၾကာင္းကို ရွင္မုတၱီးတေစ်းလုံးနဲ႔ လမ္းသြားလမ္းလာ အားလုံး သိသြားၿပီး က်ေနာ္တုိ႔အတြက္ ထမင္းထုပ္ေတြ လာပုိ႔ၾကပါတယ္။ ေနာက္တခါ ေစာ္၀ - ထား၀ယ္ အသြားအျပန္ လုပ္ေနတဲ့ ဆုိင္ကယ္စီးသူေတြရဲ႕ ေကာင္းမႈေၾကာင့္ အထက ေက်ာင္းသားေတြ အမ်ားစုပါတဲ့ ေနာက္ထပ္ ေက်ာင္းသား ၄၀၊ ၅၀ ေလာက္ ထား၀ယ္ကေန ထြက္ၿပီး က်ေနာ္ တုိ႔ဆီ ထပ္ေရာက္လာျပန္ပါတယ္။ အဲဒီညက က်ေနာ္တုိ႔ စခန္းခ်ျဖစ္တဲ့ ေယာင္းေမာ္ရြာမွာ ေက်ာင္းသားအင္အား ၁ဝဝ ေလာက္ဟာ ရြာလယ္မွာ တရုန္းရုန္းျဖစ္ေနၿပီး အိမ္တိုင္းက ထမင္းဖိတ္ေႂကြး ၾက၊ သူ႔အိမ္မွာတည္းပါ၊ ငါ့အိမ္မွာတည္းပါဆိုၿပီး ဖိတ္ေခၚၾကနဲ႔ အဲဒီညဟာ အရင္ညလို မ်ိဳး ပင္ပန္းမႈ မျဖစ္ခဲ့ပါဘူး။

ေနာက္တေန႔ မနက္ေစာေစာမွာေတာ့ က်ေနာ္တို႔ ညအိပ္တဲ့ ေယာင္းေမာ္ရြာရဲ႕ေရွ႕က ကင္းေရွ႕ဆုိတဲ့ရြာရဲ႕ မူလတန္း ေက်ာင္းမွာ လူစုၿပီး ေတာ္လွန္ေရး ခရီးရွည္အေၾကာင္း ေဟာေျပာ၊ ေတာတြင္းခရီးကို စတင္ဖို႔ ျပင္ပါတယ္။

“ေတာလမ္းခရီးက ၾကမ္းမယ္။ ၃၊ ၄ ရက္သြားမွ KNU နယ္ေျမဆီ ေရာက္မယ္၊ အဲဒီကမွ ထိုင္းနယ္စပ္ကို ေနာက္ထပ္ ၃၊ ၄ ရက္ ထပ္သြားရမယ္၊ ခရီးၾကမ္းမယ္၊ ထမင္း ငတ္ႏုိင္တယ္၊ ငွက္ဖ်ားမိမယ္၊ တိုက္ပဲြနဲ႔လည္း တိုးနို္င္တယ္။ ဒါေၾကာင့္ အေသအခ်ာ စဥ္းစားဆံုးျဖတ္ၾကပါ ဆိုၿပီး ဗကပ အရာရိွ တဦးက ေျပာပါတယ္။ အဲဒီေနာက္ က်ေနာ္တို႔လည္း ဒီတိုင္း ဆိုရင္ေတာ့ မိန္းကေလးေတြ လိုက္လို႔မျဖစ္ဘူးထင္တယ္၊ မိန္းကေလးအားလံုး ဒီမွာပဲေနခဲ့ေတာ့၊ က်န္တဲ့လူေတြ ခရီးဆက္မယ္ ဆိုၿပီး စီစဥ္ပါတယ္။

အဲဒိီမွာ မိန္းကေလးေတြကို ေတာထဲေခၚသင့္၊ မသင့္နဲ႔ ပတ္သက္ၿပီး သေဘာထားကဲြမႈ စတာပါပဲ။

ေက်ာင္းသားေတြရဲ႕ ထံုးစံအတိုင္း တေယာက္တမ်ိဳးစီ ေျပာၿပီးတဲ့ေနာက္ ေက်ာင္းသူ ၁၀ ေယာက္ေက်ာ္နဲ႔ အဲဒီေက်ာင္းသူ ေတြနဲ႔ မခဲြနိုင္တဲ့ ေက်ာင္းသား ၂ဝ ေလာက္ဟာ အဲဒီရြာမွာက်န္ေနခဲ့ပါ ေတာ့တယ္။

“ဖြန္ေၾကာင္တဲ့ေကာင္ေတြ ေနခဲ့ကြာ။ အသက္စြန္႔ ေတာ္လွန္ေရး လုပ္ပါမယ္ဆိုမွ ဖြန္ေၾကာင္တဲ့ေကာင္က ရိွေသး” ဆိုၿပီး ေလွာင္တဲ့ သူကေလွာင္၊ က်န္တဲ့လူက က်န္ ျဖစ္ခဲ့ပါတယ္။

“က်မတို႔လည္း ေတာ္လွန္ေရး လုပ္ခြင့္ရိွတာပဲ။ အမ်ိဳးသမီးျဖစ္လို႔ ေတာထဲလိုက္ခြင့္ မျပဳဘူးဆိုတာကေတာ့ တရားမွ်တမႈ မရိွဘူး” ဆိုၿပီး ေက်ာင္းသူတဦးက ေဆြးေႏြးပဲြအတြင္း ေျပာခဲ့တာကိုလည္း က်ေနာ္ မွတ္မိေနဆဲျဖစ္ပါတယ္။

ေနာက္ပိုင္း က်ေနာ္တုိ႔ မင္းသမီးစခန္းေရာက္ၿပီး ကံေပါက္နဲ႔ ပုေလာဘက္က လာတဲ့ ေက်ာင္းသူ ၁၀ ဦးေက်ာ္ကုိေတြ႕ေတာ့ မွပဲ အမ်ဳိးသမီးေတြကို မေခၚဘဲ ခ်န္ထားခဲ့တာ မွားၿပီလို႔ ေတြးမိၾကပါတယ္။

တကယ္ကေတာ့ ဒီလုိက်န္ခဲ့သူေတြထဲမွာ အားလုံးဖြန္ေၾကာင္ၿပီး က်န္ေနသူေတြေတာ့ မဟုတ္ပါဘူး။

က်ေနာ္တုိ႔ ရြာကဆို ၃ ဦးပါလာေပမယ့္ တဦးက သူ႕မိသားစု ကိစၥရွိေသးတယ္။ က်ေနာ္နဲ႔အတူ ခ်က္ခ်င္း လုိက္လုိ႔ မျဖစ္ေသးဘူး ဆုိၿပီး ဒီရြာမွာ က်န္ေနခဲ့ပါတယ္။ အလားတူ တျခားကိစၥေတြနဲ႔ ခ်န္ေနခဲ့သူေတြလည္း ရွိနုိင္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ဆံုးမွာေတာ့ ခိုင္ထူးရဲ႕သီခ်င္း “ေတြေဝလမ္းခဲြ” ဆိုၿပီး သူတို႔ကို ထားရစ္ခဲ့လို႔ က်ေနာ္အပါဝင္ က်န္တဲ့လူ ၅ဝ ေက်ာ္ကေတာ့ ဗကပ လမ္းျပနဲ႔အတူ ေတာတြင္းခရီး ၾကမ္းကိုစတင္ခဲ့ပါၿပီ။

အဲဒီမွာ ေတာတြင္းခရီး စၿပီ၊ ေတာခုိၿပီဆုိေပမယ္ က်ေနာ္တုိ႔ လက္ထဲမွာ ဘာေတြပါလာသလဲ ဆုိတာကိုလည္း ၾကည့္ပါဦး။ က်ေနာ္ဆုိရင္ ရြာမွာ ညစဥ္ကင္းေစာင့္ရင္း အဆင္သင့္ျပင္ထားတဲ့ လြယ္အိတ္တလုံး၊ အဲဒီထဲမွာ ေစာင္ပါးပါးေလး တထည္နဲ႔ ေလာက္ေလးခြတခု၊ ကုိယ္ေပၚမွာေတာ့ စက္ဘီးစီး အက်ႌတထည္။ အဲဒီေပၚမွာ ဂ်င္းဂ်က္ကင္တထည္၊ ေအာက္မွာက ပေလကပ္ လုံခ်ည္၊ ဖိနပ္က ျမမာလာ ကတၱီပါဖိနပ္။ က်န္တဲ့သူေတြလည္း ဒီလုိပါပဲ။ အ၀တ္တထည္ ကိုယ္တခုနဲ႔ ထြက္လာသူေတြခ်ည္း ျဖစ္ၿပီး ေက်ာပုိးအိတ္နဲ႔ စနစ္တက် ျပင္လာသူကို က်ေနာ္မေတြ႕မိဘူး။

ေတာတြင္းခရီး ဆိုေပမယ့္ တကယ့္ေတာထဲကုိ ေရာက္ေသးတာမဟုတ္ဘဲ ဗကပ ၾသဇာလႊမ္းတဲ့ ေတာရြာေတြကို ျဖတ္သြားရတဲ့ ခရီးသာ ျဖစ္ပါတယ္။ ထားဝယ္ၿမိဳ႕ကေန ၇ မိုင္ ၈ မိုင္ သာေဝးတဲ့ ဒီေဒသမွာ ေတာရြာေတြ ဒီလိုရိွေနမွန္း၊ ဗကပ လက္နက္ကိုင္ေတြက ဒီရြာေတြကို ထိမ္းခ်ဳပ္ထားမွန္း က်ေနာ္ လံုးဝ ႀကိဳမသိခဲ့ပါဘူး။ ေတာရြာေတြ ဆုိတဲ့အတုိင္း ကားလမ္းက မရွိေတာ့ လွည္းလမ္းနဲ႔ လူသြားလမ္းေတြ အတုိင္း က်ေနာ္တုိ႔ ေက်ာင္းသားစစ္ေၾကာင္းႀကီး ေလွ်ာက္လာခဲ့ပါတယ္။

ေတာင္အဆင္းအတက္ မရွိေသးဘူး ဆုိေပမယ့္ ေခ်ာင္းတခ်ဳိ႕ကိုျဖတ္ရတာ၊ မုိးက တဖြဲဖြဲ ရြာေနတာေၾကာင့္ အ၀တ္အစား ေတြက ေရစိုတဲ့အျပင္ ျမမာလာဖိနပ္ေၾကာင့္ မိုးေရထဲမွာ ေခ်ာ္လဲတာ၊ ဖိနပ္ႀကိဳျပတ္တာေတြ စျဖစ္ခဲ့ပါတယ္။

ဗကပ ေဒသမွာ က်ေနာ္ မွတ္မွတ္ရရျဖစ္ခဲ့တဲ့ ေနာက္တခ်က္ကေတာ့ ရြာသားေတြဟာ ဆင္းရဲၾကၿပီး ထားဝယ္ၿမိဳ႕နဲ႔ ၿမိဳ႕ဝန္းက်င္က ရြာေတြလို စားေသာက္ေရး အဆင္မေျပတာပါ။ ဗကပ ထားဝယ္ခရိုင္ ရံုးစိုက္တဲ့ မကဲ ေက်းရြာကိုမေရာက္မီ ေတာင္ဇင္းရြာမွာ က်ေနာ္တို႔ ညအိပ္ၿပီး ေနာက္တေန႔ မနက္စာ ေႂကြးေတာ့ ႏြားႏို႔ရယ္၊ ထားဝယ္ငါးပိေထာင္းနဲ႔ ထမင္းပန္းကန္ ရယ္ပဲ ေတြ႕ရလို႔ ဘယ္လိုစားရမွန္း မသိခဲ့ပါဘူး။ ေနာက္တခါ ညေနစာကို ၄ နာရီေလာက္မွာ ေကၽြးၿပီး ညစာ မေကၽြးေတာ့ပါဘူး။ ဒါဟာ ဒိီေဒသက ရြာေတြရဲ့ ထံုးစံမွန္း ေနာက္မွသိရၿပီး ကရင္ရြာေတြနဲ႔ ေတာတြင္းကာလ ၁ဝ ႏွစ္ေက်ာ္ လံုးလံုးမွာလည္း တေန႔ ထမင္း ၂ နပ္နဲ႔ပဲ တင္းတိမ္ခဲ့ရပါတယ္။

တျခားေဒသေတြမွာ တေန႔ ထမင္းဘယ္ႏွခါ စားသလဲ က်ေနာ္အေသအခ်ာ မသိေပမယ့္ က်ေနာ္တို႔ ရြာေတြမွာေတာ့ တေန႔ ထမင္း ၃ ခါ စားက်င့္ ရွိခဲ့ပါတယ္။ မနက္ လယ္ထဲမဆင္းခင္ ထမင္းၾကမ္းစား၊ ေန႔လယ္ ၁၁ နာရီမွာ ေန႔လယ္စာနဲ႔ ညေန ၆ နာရီမွာ ညစာစားပါတယ္။ ေနာက္ ထမင္းစားပဲြေပၚမွာ ထား၀ယ္ငါးပိ ေထာင္းဘူး အၿမဲတမ္း ရိွေနၿပီး အဲဒါကို ဒီတိုင္းစားမလား၊ သံပုရာသီး ညႇစ္ၿပီး ဒါမွမဟုတ္ ပအုန္းရည္နဲ႔ ငါးပိေဖ်ာ္လုပ္မလား၊ ငါးပိဖုတ္ၿပီး ဆီးဆမ္း၊ ၾကက္သြန္နီနဲ႔ စားမလား။ စသျဖင့္ စားေလ့ရိွပါတယ္။ ေနာက္ေန႔ ေန႔လယ္စာနဲ႔ ညစာမွာ ငါးပိတမ်ိဳးမ်ိဳးနဲ႔ တို႔စရာအျပင္ ဟင္းခ်ိဳတမ်ိဳး၊ အသားဟင္းတမ်ိဳး။ ဒါမွမဟုတ္ ငါးဟင္းေတာ့ ပါၾကပါတယ္။ ဒါေပမယ့္ အခု က်ေနာ္ေျပာေနတဲ့ ဗကပ ရြာေတြမွာေတာ့ ငါးပိနဲ႔ တို႔စရာကိုသာ ျပင္ေပးထားတဲ့အတြက္ တခုခု ထပ္ျပင္ေနဆဲထင္ၿပီး ၃ မိနစ္ေလာက္ ထမင္းမစားေသးဘဲ က်ေနာ္တုိ႔ထိုင္ေစာင့္ ေနပါတယ္။ ေနာက္ပိုင္းမွ သေဘာေပါက္ၿပီး ၿပံဳးခဲ့ရတာေတြကို အခုထိ သတိရေနဆဲပါ။

ဒါေပမဲ့ ေတာခိုရင္ ငတ္မယ္ျပတ္မယ္လို႔ ေျပာထားတဲ့အတြက္ ဒီလိုစားရတာကိုေတာင္ ေက်းဇူးတင္ရမွာပါ။ ဒီလိုနဲ႔ ဟင္းမပါတဲ့ ထမင္းကိုစားၿပီး ခရီးဆက္၊ ေတာစပ္ကိုေက်ာ္၊ ရြာေတြကိုျဖတ္၊ ေခ်ာင္းေတြကိုကူးၿပီး မြန္းလဲြပိုင္းမွာေတာ့ ဗကပ ထားဝယ္ခရိုင္ ရံုးစိုက္တဲ့ မကဲ ေက်းရြာကို ေရာက္ပါတယ္။ အဲဒီမွာ ပစၥည္းမဲ့ အလံေတာ္ တူ - တံစဥ္ ဆိုတာေတြကို စ ေတြ႕ရပါေတာ့တယ္။

============================================

ထက်အောင်ကျော် 
Thursday, 25 August 2011 19:29 အောက်မေ့ဖွယ်။ ဧရာဝတီ။

ကံဆိုးချင်းတော့ မြစ်လယ်တည့်တည့်မှာ စစ်သင်္ဘောကြီးတစီး ရပ်ထားတာကို တွေ့လိုက်ရပါတယ်။

“ဘုရားရေ။ သွားပြီထင်တယ်။ ဒီတခါတော့ ဆန္ဒပြပွဲအတွင်းမသေဘဲ ရေလယ်မှာ ပစ်သတ်ခံရတော့မယ်ထင်ပါတယ်” လို့ စိတ်ထဲက အတော်စိုးရိမ်ပြီး ဘုရားတလိုက်မိပါတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ ပြောရမလား၊ တမင် သိရက်နဲ့ လွှတ်ပေး လိုက်တာလားတော့ မပြောတတ်၊ အဲဒီသင်္ဘောကြီးက တချက်မှမလှုပ်ဘူး။ ဆလိုက်မီးနဲ့ ထိုးပြီး သတိပေးတာမျိုးလည်းမရှိဘူး။



ရှင်မုတ္တီးကျေးရွာမှာ တရားဟောနေတဲ့ ABSDF ရဲဘော်တဦး

ရင်တမမနဲ့စီးလာရတဲ့ လှေခရီးဟာ မနက် ၅ နာရီခွဲလောက်မှာတော့ စော်ဝရွာကို ဆိုက်ပါတယ်။ အဲဒီမှာ သေနတ်ကိုင်ထားတဲ့ ဗကပ ဆိုတာကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ်မြင်ဖူးပြီး ထားဝယ်က ကျောင်းသားတချို့လည်း သူတို့နဲ့အတူ ရှိနေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအတွက် စိတ်ကူးယဉ်နေတဲ့ (တကယ်ကတော့ အဲဒီအချိန်အထိ လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ လှပတဲ့ စကားလုံးမျိုး အတိအကျမသုံးတတ်သေးပါ) ကျနော်ဟာ ဗကပ - ရဲဘော် ၃ ဦး ကိုင်ထားတဲ့ လက်နက်တွေကို အသေအချာကြည့်မိပါတယ်။ အဲဒီတုန်းက ဂျီသရီး လောက်ကိုသာ အဝေးကနေ မြင်ဖူးသေးတဲ့ အတွက် သူတို့ကိုင်ထားတဲ့ လက်နက်ကို ဘာအမျိုးအစားမှန်း ကျနော်မခေါ်တတ်ပါဘူး။ KNU နယ်ထဲ ရောက်ဖူးတဲ့ ကျနော့်ဘေးက ကျောင်းသားတဦး ပြောတာကတော့ နေဝင်း စတင်းကတလက်။ AK 47-ခေါက်ဒင်က တလက်နဲ့ M 79 လောင်ချာက တလက်ဖြစ်တယ် ဆိုတာကို သိခဲ့ရပါတယ်။

တကယ်တမ်း ပြန်စဉ်းစားမယ်ဆိုရင်တော့ ကျနော်တို့ သက်စွန့်ဆံဖျား သွားခဲ့တဲ့ အဲဒီ တညတာ လမ်းကြောင်းဟာ ဘေးကနေ ကြည့်နေသူအတွက် ရယ်ချင်စရာ ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ကျနော်တို့ ရောက်နေတဲ့ စော်ဝရွာနဲ့ ထားဝယ်မြို့ဟာ ၅ မိုင်လောက်ပဲ ကွာပြီး စက်ဘီးနဲ့ လာမယ်ဆိုရင် နာရီဝက်အတွင်းရောက်နိုင်တဲ့ နေရာဖြစ်နေလို့ပါ။

ဒါပေမယ့် ကိုယ်သွားရမယ့် လမ်းကြောင်းကို ကြိုမသိတာရော၊ စစ်တပ်က ဂိတ်တွေကို ပိတ်ထားတာရော အခြေနေ တွေကြောင့် ၅ မိုင်ခရီးကို သက်တောင့်သက်သာ စက်ဘီးလေး၊ ဆိုင်ကယ်လေးနဲ့ မသွားနိုင်ဘဲ ထားဝယ်မြစ်ကိုဖြတ်ပြီး ၃၊ ၄ မိုင်ဝေးတဲ့ အနောက်ဘက်က ကျနော်တို့ရွာဆီ လှေတတန်၊ မြင်းလှည်းတတန်နဲ့ အရင်လာ၊ အဲဒီကနေ ၁ဝ မိုင်ခရီးကို ညကြီးမင်းကြီး လမ်းပြန်လျှောက်၊ တမိုင်ကျော်လောက် ကျယ်မယ့် ပင်လယ်ဝကို လက်လှော်လှေတွေနဲ့ ဖြတ်ပြီးမှ ဒီရွာလေးကို ခဲရာခဲဆစ် လာခဲ့ရတာကိုက ဒီခရီးစဉ်ဟာ စနစ်တကျ ပြင်ဆင်ထားတာမဟုတ်ဘဲ အရေးပေါ် သင့်သလို သွားခဲ့ရတယ်ဆိုတာ ထင်ရှားနေပါတယ်။

တကယ်ကတော့ ဒီရွာကိုရောက်တာနဲ့ ဗကပ ထိမ်းချုပ်နယ်ထဲ ရောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ စစ်တပ် တပ်စုတစု အခြေစိုက်တဲ့ ရှင်မုတ္တီးကျေးရွာနဲ့ ရဲစခန်းတခု အခြေစိုက်စိုက်တဲ့ ပေါက်တိုင်းတံတား ကြားမှာ စော်ဝရွာက  ရှိနေတဲ့အတွက် လုံခြုံရေးအရ ဘယ်လိုမှစိတ်မချရပါဘူး။ ဒါကြောင့် စော်ဝရွာကနေ ထွက်ပြီး ထားဝယ် - သရက်ချောင်း ကားလမ်းမကို ဖြတ်ဖို့ ပြင်ရပါတယ်။ တညလုံး အသံတိတ်စွာနဲ့ လျှို့ဝှက်သဲဖို ခရီးကို ဖြတ်လာခဲ့တဲ့ ကျောင်းသားတွေဟာ ဒီမနက်မှာကျတော့ မနေ့ကလို အသံမတိတ်တော့။ ထားဝယ်မြို့ပေါ်ကနေ စော်ဝဆီ ဒီမနက်ရောက်လာသူတွေနဲ့ သတင်းမေးရင်း၊ ဟိုပြောဒီပြော လုပ်ရင်းနဲ့ အသံတွေက နည်းနည်းဆူညံနေလို့ မနည်း ထိမ်းချုပ်ခိုင်းရပြီး မနက် ၈ နာရီ လောက်ကျမှ ကားလမ်းမကိုဖြတ် နိုင်ခဲ့ပါတယ်။

ကျောင်းသားတွေ ကားလမ်း ဖြတ်ကူးပုံကလဲ ကြည့်ပါဦး။ ဗကပ စစ်သားတွေရဲ့ အကြံပေးချက်အရ ၃ ယောက် တစုလောက် ခွဲပြီး ကားလမ်းကိုဖြတ်ပြေး၊ ပြီးတော့ ကားလမ်းရဲ့ ဟိုမှာဘက်က ယောင်းမော်ရွာထဲကိုဝင်ကြတာ။

အားလုံး စနစ်တကျနဲ့ လျှို့ဝှက်တဲ့ စစ်ကြောင်းတခုလို ပြင်ဆင်ထားပေမယ့် တကယ်ကတော့ အဲဒီလို ကျနော်တို့ ပြေးနေတာကို လမ်းဘေးကနေ ထိုင်ကြည့်နေတဲ့ ရွာသားတွေက အများကြီးပါ။ မနက် ၈ နာရီဆိုတော့ ရှင်မုတ္တီး ဈေးက ဖွင့်နေပြီ ဖြစ်တဲ့အပြင် စော်ဝနဲ့ ထားဝယ်ကြား ဆိုင်ကယ်နဲ့ အသွားအပြန် လုပ်နေတဲ့ ကျောင်းသားတွေကို အားလုံးက ရိပ်မိတဲ့ အတွက် အခုလို လာကြည့်နေတာ ဖြစ်ပုံရပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကံကောင်းတာကတော့ ရှင်မုတ္တီးက စစ်တပ်ရော၊ ပေါက်တိုင်း တံတားဂိတ်က ရဲ တွေရော၊ နောက်တခါ အဲဒီ ရဲစခန်းရှေ့ ညောင်ဇင်ရွာက စစ်တပ်တွေပါ နည်းနည်းမှ လှုပ်ရှားတာ မတွေ့ရပါဘူး။ ဒါဟာ ကျနော်တို့ အစီအစဉ်တွေ သိပ်လျှို့ဝှက် သေသပ်လွန်းလို့ စစ်တပ်က မသိတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ အခြေနေအရ လွတ်ပေး ထားလိုက်တာ၊ ဒါမှမဟုတ် အမိန့်မရလို့ စခန်းထဲကနေ မထွက်တာမျိုး ဖြစ်ဖို့များတယ်လို့ တွက်ဆမိပါတယ်။

လျှို့ဝှက်သိပ်သည်းမှု ရှိလှတဲ့ ကျနော်တို့ ကျောင်းသားစစ်ကြောင်း အကြောင်းကို ရှင်မုတ္တီးတဈေးလုံးနဲ့ လမ်းသွားလမ်းလာ အားလုံး သိသွားပြီး ကျနော်တို့အတွက် ထမင်းထုပ်တွေ လာပို့ကြပါတယ်။ နောက်တခါ စော်၀ - ထားဝယ် အသွားအပြန် လုပ်နေတဲ့ ဆိုင်ကယ်စီးသူတွေရဲ့ ကောင်းမှုကြောင့် အထက ကျောင်းသားတွေ အများစုပါတဲ့ နောက်ထပ် ကျောင်းသား ၄၀၊ ၅၀ လောက် ထားဝယ်ကနေ ထွက်ပြီး ကျနော် တို့ဆီ ထပ်ရောက်လာပြန်ပါတယ်။ အဲဒီညက ကျနော်တို့ စခန်းချဖြစ်တဲ့ ယောင်းမော်ရွာမှာ ကျောင်းသားအင်အား ၁ဝဝ လောက်ဟာ ရွာလယ်မှာ တရုန်းရုန်းဖြစ်နေပြီး အိမ်တိုင်းက ထမင်းဖိတ်ကြွေး ကြ၊ သူ့အိမ်မှာတည်းပါ၊ ငါ့အိမ်မှာတည်းပါဆိုပြီး ဖိတ်ခေါ်ကြနဲ့ အဲဒီညဟာ အရင်ညလို မျိုး ပင်ပန်းမှု မဖြစ်ခဲ့ပါဘူး။

နောက်တနေ့ မနက်စောစောမှာတော့ ကျနော်တို့ ညအိပ်တဲ့ ယောင်းမော်ရွာရဲ့ရှေ့က ကင်းရှေ့ဆိုတဲ့ရွာရဲ့ မူလတန်း ကျောင်းမှာ လူစုပြီး တော်လှန်ရေး ခရီးရှည်အကြောင်း ဟောပြော၊ တောတွင်းခရီးကို စတင်ဖို့ ပြင်ပါတယ်။

“တောလမ်းခရီးက ကြမ်းမယ်။ ၃၊ ၄ ရက်သွားမှ KNU နယ်မြေဆီ ရောက်မယ်၊ အဲဒီကမှ ထိုင်းနယ်စပ်ကို နောက်ထပ် ၃၊ ၄ ရက် ထပ်သွားရမယ်၊ ခရီးကြမ်းမယ်၊ ထမင်း ငတ်နိုင်တယ်၊ ငှက်ဖျားမိမယ်၊ တိုက်ပွဲနဲ့လည်း တိုးနိုင်တယ်။ ဒါကြောင့် အသေအချာ စဉ်းစားဆုံးဖြတ်ကြပါ ဆိုပြီး ဗကပ အရာရှိ တဦးက ပြောပါတယ်။ အဲဒီနောက် ကျနော်တို့လည်း ဒီတိုင်း ဆိုရင်တော့ မိန်းကလေးတွေ လိုက်လို့မဖြစ်ဘူးထင်တယ်၊ မိန်းကလေးအားလုံး ဒီမှာပဲနေခဲ့တော့၊ ကျန်တဲ့လူတွေ ခရီးဆက်မယ် ဆိုပြီး စီစဉ်ပါတယ်။

အဲဒီမှာ မိန်းကလေးတွေကို တောထဲခေါ်သင့်၊ မသင့်နဲ့ ပတ်သက်ပြီး သဘောထားကွဲမှု စတာပါပဲ။

ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း တယောက်တမျိုးစီ ပြောပြီးတဲ့နောက် ကျောင်းသူ ၁၀ ယောက်ကျော်နဲ့ အဲဒီကျောင်းသူ တွေနဲ့ မခွဲနိုင်တဲ့ ကျောင်းသား ၂ဝ လောက်ဟာ အဲဒီရွာမှာကျန်နေခဲ့ပါ တော့တယ်။

“ဖွန်ကြောင်တဲ့ကောင်တွေ နေခဲ့ကွာ။ အသက်စွန့် တော်လှန်ရေး လုပ်ပါမယ်ဆိုမှ ဖွန်ကြောင်တဲ့ကောင်က ရှိသေး” ဆိုပြီး လှောင်တဲ့ သူကလှောင်၊ ကျန်တဲ့လူက ကျန် ဖြစ်ခဲ့ပါတယ်။

“ကျမတို့လည်း တော်လှန်ရေး လုပ်ခွင့်ရှိတာပဲ။ အမျိုးသမီးဖြစ်လို့ တောထဲလိုက်ခွင့် မပြုဘူးဆိုတာကတော့ တရားမျှတမှု မရှိဘူး” ဆိုပြီး ကျောင်းသူတဦးက ဆွေးနွေးပွဲအတွင်း ပြောခဲ့တာကိုလည်း ကျနော် မှတ်မိနေဆဲဖြစ်ပါတယ်။

နောက်ပိုင်း ကျနော်တို့ မင်းသမီးစခန်းရောက်ပြီး ကံပေါက်နဲ့ ပုလောဘက်က လာတဲ့ ကျောင်းသူ ၁၀ ဦးကျော်ကိုတွေ့တော့ မှပဲ အမျိုးသမီးတွေကို မခေါ်ဘဲ ချန်ထားခဲ့တာ မှားပြီလို့ တွေးမိကြပါတယ်။

တကယ်ကတော့ ဒီလိုကျန်ခဲ့သူတွေထဲမှာ အားလုံးဖွန်ကြောင်ပြီး ကျန်နေသူတွေတော့ မဟုတ်ပါဘူး။

ကျနော်တို့ ရွာကဆို ၃ ဦးပါလာပေမယ့် တဦးက သူ့မိသားစု ကိစ္စရှိသေးတယ်။ ကျနော်နဲ့အတူ ချက်ချင်း လိုက်လို့ မဖြစ်သေးဘူး ဆိုပြီး ဒီရွာမှာ ကျန်နေခဲ့ပါတယ်။ အလားတူ တခြားကိစ္စတွေနဲ့ ချန်နေခဲ့သူတွေလည်း ရှိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ခိုင်ထူးရဲ့သီချင်း “တွေဝေလမ်းခွဲ” ဆိုပြီး သူတို့ကို ထားရစ်ခဲ့လို့ ကျနော်အပါဝင် ကျန်တဲ့လူ ၅ဝ ကျော်ကတော့ ဗကပ လမ်းပြနဲ့အတူ တောတွင်းခရီး ကြမ်းကိုစတင်ခဲ့ပါပြီ။

အဲဒီမှာ တောတွင်းခရီး စပြီ၊ တောခိုပြီဆိုပေမယ် ကျနော်တို့ လက်ထဲမှာ ဘာတွေပါလာသလဲ ဆိုတာကိုလည်း ကြည့်ပါဦး။ ကျနော်ဆိုရင် ရွာမှာ ညစဉ်ကင်းစောင့်ရင်း အဆင်သင့်ပြင်ထားတဲ့ လွယ်အိတ်တလုံး၊ အဲဒီထဲမှာ စောင်ပါးပါးလေး တထည်နဲ့ လောက်လေးခွတခု၊ ကိုယ်ပေါ်မှာတော့ စက်ဘီးစီး အင်္ကျီတထည်။ အဲဒီပေါ်မှာ ဂျင်းဂျက်ကင်တထည်၊ အောက်မှာက ပလေကပ် လုံချည်၊ ဖိနပ်က မြမာလာ ကတ္တီပါဖိနပ်။ ကျန်တဲ့သူတွေလည်း ဒီလိုပါပဲ။ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်လာသူတွေချည်း ဖြစ်ပြီး ကျောပိုးအိတ်နဲ့ စနစ်တကျ ပြင်လာသူကို ကျနော်မတွေ့မိဘူး။

တောတွင်းခရီး ဆိုပေမယ့် တကယ့်တောထဲကို ရောက်သေးတာမဟုတ်ဘဲ ဗကပ သြဇာလွှမ်းတဲ့ တောရွာတွေကို ဖြတ်သွားရတဲ့ ခရီးသာ ဖြစ်ပါတယ်။ ထားဝယ်မြို့ကနေ ၇ မိုင် ၈ မိုင် သာဝေးတဲ့ ဒီဒေသမှာ တောရွာတွေ ဒီလိုရှိနေမှန်း၊ ဗကပ လက်နက်ကိုင်တွေက ဒီရွာတွေကို ထိမ်းချုပ်ထားမှန်း ကျနော် လုံးဝ ကြိုမသိခဲ့ပါဘူး။ တောရွာတွေ ဆိုတဲ့အတိုင်း ကားလမ်းက မရှိတော့ လှည်းလမ်းနဲ့ လူသွားလမ်းတွေ အတိုင်း ကျနော်တို့ ကျောင်းသားစစ်ကြောင်းကြီး လျှောက်လာခဲ့ပါတယ်။

တောင်အဆင်းအတက် မရှိသေးဘူး ဆိုပေမယ့် ချောင်းတချို့ကိုဖြတ်ရတာ၊ မိုးက တဖွဲဖွဲ ရွာနေတာကြောင့် အဝတ်အစား တွေက ရေစိုတဲ့အပြင် မြမာလာဖိနပ်ကြောင့် မိုးရေထဲမှာ ချော်လဲတာ၊ ဖိနပ်ကြိုပြတ်တာတွေ စဖြစ်ခဲ့ပါတယ်။

ဗကပ ဒေသမှာ ကျနော် မှတ်မှတ်ရရဖြစ်ခဲ့တဲ့ နောက်တချက်ကတော့ ရွာသားတွေဟာ ဆင်းရဲကြပြီး ထားဝယ်မြို့နဲ့ မြို့ဝန်းကျင်က ရွာတွေလို စားသောက်ရေး အဆင်မပြေတာပါ။ ဗကပ ထားဝယ်ခရိုင် ရုံးစိုက်တဲ့ မကဲ ကျေးရွာကိုမရောက်မီ တောင်ဇင်းရွာမှာ ကျနော်တို့ ညအိပ်ပြီး နောက်တနေ့ မနက်စာ ကြွေးတော့ နွားနို့ရယ်၊ ထားဝယ်ငါးပိထောင်းနဲ့ ထမင်းပန်းကန် ရယ်ပဲ တွေ့ရလို့ ဘယ်လိုစားရမှန်း မသိခဲ့ပါဘူး။ နောက်တခါ ညနေစာကို ၄ နာရီလောက်မှာ ကျွေးပြီး ညစာ မကျွေးတော့ပါဘူး။ ဒါဟာ ဒီဒေသက ရွာတွေရဲ့ ထုံးစံမှန်း နောက်မှသိရပြီး ကရင်ရွာတွေနဲ့ တောတွင်းကာလ ၁ဝ နှစ်ကျော် လုံးလုံးမှာလည်း တနေ့ ထမင်း ၂ နပ်နဲ့ပဲ တင်းတိမ်ခဲ့ရပါတယ်။

တခြားဒေသတွေမှာ တနေ့ ထမင်းဘယ်နှခါ စားသလဲ ကျနော်အသေအချာ မသိပေမယ့် ကျနော်တို့ ရွာတွေမှာတော့ တနေ့ ထမင်း ၃ ခါ စားကျင့် ရှိခဲ့ပါတယ်။ မနက် လယ်ထဲမဆင်းခင် ထမင်းကြမ်းစား၊ နေ့လယ် ၁၁ နာရီမှာ နေ့လယ်စာနဲ့ ညနေ ၆ နာရီမှာ ညစာစားပါတယ်။ နောက် ထမင်းစားပွဲပေါ်မှာ ထားဝယ်ငါးပိ ထောင်းဘူး အမြဲတမ်း ရှိနေပြီး အဲဒါကို ဒီတိုင်းစားမလား၊ သံပုရာသီး ညှစ်ပြီး ဒါမှမဟုတ် ပအုန်းရည်နဲ့ ငါးပိဖျော်လုပ်မလား၊ ငါးပိဖုတ်ပြီး ဆီးဆမ်း၊ ကြက်သွန်နီနဲ့ စားမလား။ စသဖြင့် စားလေ့ရှိပါတယ်။ နောက်နေ့ နေ့လယ်စာနဲ့ ညစာမှာ  ငါးပိတမျိုးမျိုးနဲ့ တို့စရာအပြင် ဟင်းချိုတမျိုး၊ အသားဟင်းတမျိုး။ ဒါမှမဟုတ် ငါးဟင်းတော့ ပါကြပါတယ်။ ဒါပေမယ့် အခု ကျနော်ပြောနေတဲ့ ဗကပ ရွာတွေမှာတော့ ငါးပိနဲ့ တို့စရာကိုသာ ပြင်ပေးထားတဲ့အတွက် တခုခု ထပ်ပြင်နေဆဲထင်ပြီး ၃ မိနစ်လောက် ထမင်းမစားသေးဘဲ ကျနော်တို့ထိုင်စောင့် နေပါတယ်။ နောက်ပိုင်းမှ သဘောပေါက်ပြီး ပြုံးခဲ့ရတာတွေကို အခုထိ သတိရနေဆဲပါ။

ဒါပေမဲ့ တောခိုရင် ငတ်မယ်ပြတ်မယ်လို့ ပြောထားတဲ့အတွက် ဒီလိုစားရတာကိုတောင် ကျေးဇူးတင်ရမှာပါ။ ဒီလိုနဲ့ ဟင်းမပါတဲ့ ထမင်းကိုစားပြီး ခရီးဆက်၊ တောစပ်ကိုကျော်၊ ရွာတွေကိုဖြတ်၊ ချောင်းတွေကိုကူးပြီး မွန်းလွဲပိုင်းမှာတော့ ဗကပ ထားဝယ်ခရိုင် ရုံးစိုက်တဲ့ မကဲ ကျေးရွာကို ရောက်ပါတယ်။ အဲဒီမှာ ပစ္စည်းမဲ့ အလံတော် တူ - တံစဉ် ဆိုတာတွေကို စ တွေ့ရပါတော့တယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More