Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၁၃

 
ဖက္ဒရယ္ၿမိဳ႕ေတာ္နဲ႔ ဖက္ဒရယ္တကၠသုိလ္

မာနယ္ပေလာ ကြင္းျပင္ထဲကုိ ျပန္ၾကည့္မယ္ဆုိရင္ေတာ့ ဒီလုိေတာႀကီးမ်က္မည္းထဲက သူပုန္ဌာနခ်ဳပ္မွာ လွ်ပ္စစ္မီး ၂၄ နာရီ လင္းေနတယ္ဆုိရင္ျမန္မာႏိုင္ငံက စာဖတ္ပရိသတ္ ယုံပါ့မလားပဲ။ က်န္တဲ့ၿမိဳ႕ေတြကို အေမွာင္ခ်ၿပီး ေနျပည္ေတာ္ ဌာနခ်ဳပ္တခုတည္း မီးလင္းေနေအာင္ စီမံထားတာမ်ဳိး မဟုတ္ပါဘူး။ ခုနက ျမင့္မားလွတဲ့ ေနာ္ေဒးေတာင္တန္းေပၚကေန က်လာတဲ့ေခ်ာင္းေရကုိ တမံလုပ္ၿပီး အဲဒီကေန ေရအားလွ်ပ္စစ္နဲ႔ မာနယ္ပေလာ တခြင္လုံးကုိ လွ်ပ္စစ္မီး ေပးထားတာပါ။ ဒါ့အျပင္ ေရကိုလည္း ပုိက္ေတြနဲ႔ သြယ္ေပးထားတဲ့အတြက္ ေရ၊ မီး အေတာ္အဆင္ေျပတဲ့ေနရာ။ တီဗီစေလာင္း လုိင္းေပါင္းစုံရတဲ့ ေတာတြင္းၿမိဳ႕ေတာ္လုိ႔ ေျပာရင္ရမယ္ ထင္ပါတယ္။

ဥကၠဌ ဗုိလ္ခ်ဳပ္ျမအပါ၀င္ အဲဒီကာ KNU ထိပ္တန္းေခါင္းေဆာင္ ၅-ဦး

ပဒုိဘသင္ အိမ္ကေန ေဘးပတ္လည္အိမ္ေတြကို က်ေနာ္ေလ့လာၾကည့္္တဲ့အခါ အနီးဆုံးအိမ္က တြဲဘက္အတြင္းေရးမႉး ပဒုိစံလင္းရဲ့အိ္မ္။ အိမ္ပုံစံခ်င္းက အတူတူပါပဲ။ ဒီအိမ္ဟာ KNU ဗဟုိစည္း႐ံုးေရးဌာန ႐ံုးခန္းလည္းျဖစ္ၿပီး နာမည္ႀကီး သႏူးထူးစာေစာင္ ထုတ္ေ၀တဲ့ ေနရာလည္းျဖစ္ပါတယ္။ ေရွ႕မွာတင္ျပခဲ့တဲ့အတုိင္း ကြန္ျပဴတာေခတ္ မဟုတ္ေသးတဲ့အတြက္
ဖေရာင္းစကၠဴကုိ လက္နွိပ္စက္နဲ႔ေဖာက္။ မီးေခ်ာင္းနဲ႔လွိမ့္ၿပီး ေကာ္ပီကူးေနတာကို ေတြ႔ခဲ့ရပါတယ္။ (ေနာက္ပုိင္းမွာေတာ့ ABSDF ဗဟုိ႐ံုးအဖြဲ႔မႉးတဦးျဖစ္သူ ဦးရီထြန္း တီထြင္လုိက္တဲ့ ဖေရာင္းစကၠဴ ေကာ္ပီကူး သစ္သားကရိယာေလးတခုက အေတာ္ေခတ္စားသြားၿပီး ကြန္ျပဴတာ မေပၚမီအထိ အဲဒိီကရိယာကုိ ေတာ္လွန္ေရး
နယ္ေျမတလုံးမွာ သုံးၾကတာကုိေတြ႔ရပါတယ္)

ပဒုိစံလင္းအိမ္ရဲ့ေရွ႕က ပုံစံတူ အိမ္ကေတာ့ ပုိ႔ေဆာင္ဆက္သြယ္ေရးဌာန၊ ေနာက္တလုံးက သစ္ေတာဌာန၊ ေနာက္ထပ္ တလုံးကေတာ့ ဘ႑ာေရးဌာနျဖစ္ပါတယ္။ အဲဒီ႐ံုးေတြေပၚကိုေတာ့ က်ေနာ္မတက္ျဖစ္လုိက္ပါ။ အဲဒီ႐ံုးေတြ အလြန္မွာေတာ့ မဒတ (အမ်ိဳးသားဒီမိုကေရစီတပ္ေပါင္းစု) ႐ံုး၊ ထီးတခီးဘက္ထြက္တဲ့ ကားလမ္းေၾကာင္္းတခုနဲ႔ ေခ်ာင္းကူးတံတားတခုရွိပါတယ္။ ကားလမ္းကို ေက်ာ္လုိက္ေတာ့ ဒုဥကၠဌ ပဒိုသန္းေအာင္ရဲ့အိမ္ (သူကြန္လြန္ၿပီးေနာက္မွာ ဗုိလ္မႉးခ်ဳပ္ ေမာင္ေမာင္ ဆက္ေနတဲ့အိမ္)။

အဲဒီအိမ္ကေန ညာဘက္ကို လွည့္လုိက္မယ္ဆုိရင္ ေတာင္ေပၚက ဘုရားေက်ာင္းဆီတက္တဲ့ လူသြားလမ္းတခု။ ၿပီးရင္ ကြ်န္းသစ္ေတြနဲ႔ အခုိင္မာေဆာက္ထားတဲ့ အေကာင္းစား ၂ ထပ္ အေဆာက္ဦႀကီးတခု (အေစာပုိင္းမွာ ေဒါက္တာ မာတာရဲ့ KNU နုိင္ငံျခားေရးဌာန႐ံုးျဖစ္ခဲ့ၿပီး ေနာက္ပုိင္းမွာေတာ့ ADNSC  [Anti-military Dictatorship National Solidarity Committee]  တပ္ေပါင္းစု ႐ံုးခန္းျဖစ္လာပါတယ္) ရွိၿပီး အဲဒီ ေဘးမွာေတာ့ သစ္ပင္တန္းတခုရွိပါတယ္။ (အဲဒီကာလကေတာ့ စစ္႐ံုးခ်ဳပ္အသစ္ႀကီး မေဆာက္ရ ေသးပါ) သစ္ပင္တန္းအဆုံးမွာေတာ့ ဗုိလ္ခ်ဳပ္ျမရဲ့ ေကာ္သူးေလအစိုးရ သမၼတအိမ္ျဖဴေတာ္ စံအိမ္ႀကီးကုိ ေတြ႔ရမွာျဖစ္ပါတယ္။ စံအိမ္ေတာ္ဆုိတာ တင္စားၿပိီးေခၚေ၀ၚျခင္း မဟုတ္ပါ။ တကယ့္ကုိ သားနားတဲ့ ၂ ထပ္ တုိက္အိမ္ အႀကီးႀကီးျဖစ္ပါတယ္။

အဲဒိီေဘးမွာေတာ့ ဗုိလ္ခ်ဳပ္ျမ ႐ံုးထုိင္တဲ့ ကြ်န္းသစ္သားအိမ္ ခပ္ေသးေသးတလုံး။ ၿပီးရင္ KNU အမ်ဳိးသမီးအစည္းအ႐ံုးနဲ႔ အမ်ဳိးသမီးေဆာင္တခ်ိဳ႕။ ၿပီးရင္ ဆံသဆုိင္။ ဆံသဆုိင္ ေနာက္ေက်ာမွာေတာ့ က်ေနာ္တုိ႔ က်ဳိးဖုိးေတြအတြက္ အေရးႀကီးတဲ့ မာနယ္ပေလာ ဗဟုိစားဖုိေဆာင္။ စားဖုိေဆာင္ေဘးမွာေတာ့ ကြန္မန္ဒုိကုန္းဘက္နဲ႔ ေခြးအိပ္ေတာင္ဘက္တက္တဲ့ ကားလမ္းေၾကာင္းတခု။ ကားလမ္းကုိ ေက်ာ္ၿပီး ေဘာ္လုံးကြင္းအတုိင္း ျပန္လွည့္မယ္ဆုိရင္ တပ္ေထာက္ဌာနနဲ႔ ဂုိေဒါင္ႀကီးတခုကုိ ေသာင္းရင္းျမစ္ ကမ္းနားေစာင္းဘက္မွာ ျမင္ႏိုင္ပါတယ္။ ၿပီးရင္ ဗုိလ္ခ်ဳပ္ တာမလာေဘာ၊ ဗုိလ္ခ်ဳပ္ ကစယ္ဒုိ တုိ႔ ႐ံုးထုိင္တဲ့ စစ္႐ုံးခ်ဳပ္။ စစ္႐ံုးခ်ဳပ္ေဘးမွာေတာ့ ကရင္အမ်ိဳးသား ကာကြယ္ေရးအဖြဲ႔ (KNDO) ႐ံုးခန္း။

အဲဒီစစ္႐ံုးခ်ဳပ္နဲ႔ KNDO ႐ံုးေရွ႕တည့္တည့္ ေဘာလုံးကြင္းေဘးက ႀကီးမားၿပီး အရိပ္ေကာင္းလွတဲ့ ကုကၠိဴပင္တန္းေအာက္မွာေတာ့ ခန္႔ညားစြာေနရာယူထားတဲ့ မာနယ္ပေလာ အစည္းေ၀းခန္းမႀကီးကုိ ေတြ႔ရမွာျဖစ္ပါတယ္။ အစည္းေ၀းခန္း ေဘးမွာေတာ့ ဧည့္သည္ေတာ္ စစ္သည္ေတြ တည္းခုိေလ့ရွိတဲ့ ေျခခံရွည္ ဘားတုိက္အေကာင္းစားတခု (၁၉၉၂ ေနာ္တစစ္ပဲြအၿပီးမွာ က်ေနာ္အပါ၀င္ တပ္ရင္း ၂၀၁ နဲ႔ ၁၀၂ က ရဲေဘာ္ေတြ တည္းခုိခဲ့ဖူးပါတယ္)။ အဲဒီေနာက္မွာေတာ့ ႏိုင္ငံျခားဧည့္သည္ေတြအတြက္ သားသားနားနား ဧည့္ရိပ္သာတလုံး။ ၿပီးရင္ေတာ့ ပဒုိဘသင္အိမ္ဆီ ျပန္ေရာက္ပါတယ္။

မာနယ္ပေလာကို ဒုတိယအေခါက္ က်ေနာ္ေရာက္သြားတဲ့ အခ်ိန္ကေတာ့ မတ္လ အေစာပုိင္းလုိ႔ ထင္ပါတယ္။ ဒီတေခါက္မွာေတာ့ က်ေနာ္တေယာက္တည္း။ KNU ကေန က်ေနာ္တုိ႔ နယ္ေျမေကာ္မီတီဆီ ေထာက္ပံ့ေနၾက တလ ထိုင္းဘတ္ေငြ ၃၀၀၀ ကုိ ထုတ္ယူဖုိ႔ ဥကၠဌ ကိုေက်ာ္ေက်ာ္က က်ေနာ့္ကုိ တာ၀န္ေပးလုိက္တာပါ။ အဲဒီေငြ ၃၀၀၀ ရဖုိ႔အေရး ပဒုိဘသင္အိမ္မွာ ထုိင္ေစာင့္လုိက္ရတာ သီတင္းတပတ္ၾကာသြားပါတယ္။

အတြင္းေရးမႉးခ်ဳပ္အိမ္မွာ တည္းရတဲ့ ဧည့္သည္ဆုိေပမယ့္ င႐ုတ္သီးေထာင္းနဲ႔ပဲ ေန႔စဥ္တုိးေနေတာ့ က်ဳိးဖုိးေတြရဲ႕ ထုံစံအတုိင္း လဖက္ရည္ဆုိင္ ရွာပါေတာ့တယ္။ အဲဒီမွာ က်ေနာ္ေတြ႔လုိက္တဲ့ ဆုိင္ကေတာ့ ေသာင္ရင္းျမစ္ရဲ့ အလွပဆုံးရႈခင္းကုိ အေပၚစီးကေန ျမင္ခြင့္ရေနတဲ့ ပဒုိ၀ီးရဲ႕ လဖက္ရည္ဆုိင္ပါပဲ။ ေသာင္ရင္းနဲ႔ သံလြင္ျမစ္ဆုံ ထုိင္းဘက္ကမ္းရွိ စားေသာက္ဆုိင္နဲ႔ ဘန္ဂလုိေနရာကလဲြရင္ ဒီေဒသတ၀ုိ္က္မွာ ဒုတိယ ရႈခင္း အေကာင္းဆုံးေနရာဟာ ပဒုိ၀ီးဆုိင္လုိ႔ ထင္ပါတယ္။

သူဆုိင္ေရွ႕မွာ ကြ်န္းပင္အႀကီးႀကီးတပင္ရွိၿပီး အဲဒီေအာက္မွာ သစ္သားေတြနဲ႔လုပ္ထားတဲ့ သဘာ၀ ထုိင္ခုံေတြကလည္း အေတာ္ေကာင္းပါတယ္။ လဖက္သုတ္တပဲြမွာ၊ ေရေႏြအုိး တကရားနဲ႔ အဲဒီ သစ္ပင္ေအာက္က ခုံတန္းမွာထုိင္ၿပီး ေသာင္ရင္းျမစ္ကို ေငးၾကည့္ရတဲ့အရသာကုိ အခ်ိန္ထိ သတိရေနဆဲျဖစ္ပါတယ္။ အဲ … အဲဒီသဘာ၀အလွအပ ရႈခင္းေတြအျပင္ေပါ့ေလ၊ က်ေနာ္ခဏခဏ သြားျဖစ္တဲ့ ေနာက္ထပ္ အေၾကာင္းရင္းတခုကေတာ့ လွပတဲ့ ဆုိင္ရွင္ေကာင္မေလး တေယာက္ေၾကာင့္လုိ႔ ၀န္မခံရင္ က်ေနာ္ သတင္းထိမ္ခ်န္ရာ က်ပါလိမ့္မယ္။


မာနယ္ပေလာ အစည္းေ၀းခန္းမေရွ့က အားကစားပဲြတခု

ေနာက္တေန႔မွာေတာ့ ေရွ႕မွာေျပာခဲ့တဲ့ ဗုိလ္ခ်ဳပ္ ေမာင္ေမာင္ရဲ႕ အိမ္ေဘးကေန ထီးတခီးဘက္သြားတဲ့ ကားလမ္းအတုိင္း ဆက္ေလွ်ာက္ရင္းနဲ႔ မဒတ႐ံုးကို က်ေနာ္ေရာက္သြားပါတယ္။ အဲဒီကာလ ႐ံုးထုိင္ေနသူေတြထဲမွာ ရခုိင္ပါတီက ခုိင္စုိးနုိင္ေအာင္နဲ႔ မြန္ျပည္သစ္ပါတီက နုိင္ဟံသာတုိ႔ကုိ က်ေနာ္မွတ္မိေနပါတယ္။ အဲဒီ႐ံုးကို ေက်ာ္ၿပီးဆက္သြားေတာ့ ေတာင္ကုန္းတခုေပၚမွာ ဖက္ဒရယ္တကၠသိုလ္ကို ေတြ႔ရပါတယ္။

ရန္ကုန္တကၠသုိလ္၊ ေမာ္လၿမိဳင္တကၠသိုလ္နဲ႔ ထား၀ယ္ေကာလိပ္ေတြကိုသာ ေတြ႔ဖူးတဲ့ က်ေနာ့္အဖုိ႔ ဖက္ဒရယ္တကၠသိုလ္ ဆုိတာဟာ အထူးအဆန္း ျဖစ္ေနပါတယ္။ ျမင္ေနရတဲ့ အေဆာက္ဦးက ေျမစုိက္ တဲတလုံးသာသာ ျဖစ္ေပမယ့္ သင္ၾကားေနတဲ့ဆရာေတြက ႏိုင္ငံတကာက ေရာက္လာသူေတြ။ သင္႐ုိးညႊန္းတမ္းကလည္း နုိင္ငံတကာ တကၠသိုလ္ေတြကေန သင့္ေတာ္တာေတြကို ေကာက္နႈတ္ထားတဲ့ အနွစ္ခ်ဳပ္သင္႐ုိး။ ေက်ာင္းသားေတြကေတာ့ ထီးတခီး အထက ကေန ၁၂ တန္းအထိ ေအာင္ျမင္ၿပီးတဲ့ ကရင္ေက်ာင္းသားေက်ာင္းသူေလးေတြ။

ဖက္ဒရယ္တကၠသိုလ္က အျပန္မွာေတာ့ က်ေနာ္တုိ႔ မင္းသမီးခစန္းက ရဲေဘာ္ ၂၀ ဦးအပါ၀င္ ဘုရားသုံးဆူ၊ သီေဘာဘုိးနဲ႔ တျခားစခန္းအသီးသီးက DAB စစ္ေၾကာင္းအတြက္ ေရာက္ေနတဲ့ ABSDF ေက်ာင္းသား ၁၀၀ ခန္႔ကုိ ေရွ႕မွာေျပာခဲ့တဲ့ ဧည့္သည္ေတာ္ ဘားတုိက္မွာ ေတြ႔လုိက္ရပါတယ္။ ျမန္မာႏိုင္ငံ ဒီမိုကရက္တစ္ မဟာမိတ္အဖြဲ႔ခ်ဳပ္ (DAB) စစ္ေၾကာင္းေတြ အလုပ္ျဖစ္ခဲ့တယ္လုိ႔ ေဆာင္းပါးအခန္း ၈ မွာ က်ေနာ္ေရးခဲ့မိေပမယ့္ တကယ္ကေတာ့ ဒီ ပထမအႀကိမ္ စစ္ေၾကာင္း အလုပ္မျဖစ္ဘူးလုိ႔ ျပန္သိရပါတယ္။

DAB တြဲဖက္အတြင္းေရးမႉးနဲ႔ ABSDF ဗဟုိ အတြင္းေရးမႉး ကုိသန္း၀င္း ေခၚယူခဲ့တဲ့ ေက်ာင္းသားတပ္ဖြဲ႔ ၁၀၀ ၀န္းက်င္ဟာ DAB စစ္ေၾကာင္းမဖြဲ႔နုိင္ဘဲနဲ႔ မာနာပေလာမွာ သတင္း ၂ ပတ္ေလာက္ ေသာင္တင္ၿပီးေနာက္ မိခင္စခန္းေတြဆီ ကို္ယ့္အစီစဥ္နဲ႔ကုိယ္ ျပန္ခဲ့ရတယ္လုိ႔ အဲဒီစစ္ေၾကာင္းမွာ ပါ၀င္ခဲ့သူ မင္းသမီးခစန္းမွ ေက်ာင္းသားတဦးက ဒီေဆာင္းပါး ေရးေနစဥ္ က်ေနာ္ကို ျပန္ေျပာျပခဲ့ပါတယ္။

ေနာက္ထပ္ ထူးထူးျခားျခား က်ေနာ္မွတ္မိေနတဲ့ အခ်က္တခုကေတာ့ ႏိုင္ငံျခားသား ဧည့္ရိပ္သာမွာ တည္းတဲ့ အေမရိကန္သူ မိီမီျမင့္ဖူးပဲ ျဖစ္ပါတယ္။ အားလုံးငွက္ဖ်ား႐ုပ္ ေပါက္ေနတဲ့ေဒသမွာ အေမရိကားကေန ေရာက္လာတဲ့ မီမီျမင့္ဖူးကုိ ေက်ာင္းသားေတြ အလုအယက္ စိတ္၀င္စားတာ အဆန္းေတာ့ မဟုတ္ေလာက္ပါဘူး။ ပဒုိဘသင္အိမ္မွာ က်ေနာ္တည္းေနစဥ္ နုိင္ငံျခားေရးဌာနက ဦးေအာင္ခင္အပါ၀င္ ေက်ာင္းသားေခါင္းေဆာင္ တခ်ဳိ႕နဲ႔အတူ မိမိျမင့္ဖူးတုိ႔အဖြဲ႔ ေရာက္လာတာျဖစ္ပါတယ္။

ေနာက္ပုိင္းမွာေတာ့ မီမီျမင့္ဖူးပါတဲ့အဖြဲ႔ဟာ DAB ရဲ႕ ကုိယ္စားလွယ္အျဖစ္နဲ႔ ကုလမဂၢအပါ၀င္ ႏိုင္ငံတကာဆီ သြားေရာက္ေဆြးေႏြးတာေတြ၊ နုိင္ငံျခားဆက္ဆံေရးကို တက္ႂကြစြာ ေဆာင္ရြက္ခဲ့တာ ေတြရွိခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ န၀တ ဘက္ကလည္း ျမက္ခင္းသစ္မဂၢဇင္းကေန ေက်ာင္းသားေတြနဲ႔ မီမီျမင့္ဖူးကုိ အတုံးလုိက္အတစ္လုိက္ ေ၀ဖန္တာေတြကို ဖတ္ရခဲ့ဖူးပါတယ္။

၁၉၈၉ အေစာပုိင္းကာလက သြားခဲ့တဲ့ က်ေနာ္ရဲ့ မာနယ္ပေလာ ခရီးစဥ္အတြင္း မဒတ႐ံုးနဲ႔ ဖက္ဒရယ္တကၠသိုလ္ကုိ ေက်ာ္ၿပီး ေတာင္ဘက္ကို မသြားခဲ့ဖူးပါ။ အဲဒီေတာင္ဘက္မွာ ၁၉၉၀ ေရြးေကာက္ပဲြေနာက္ပုိင္း ေဒၚေအာင္ဆန္းစုၾကည္လမ္းနဲ႔ NLD-LA ႐ံုး၊ လူေဘာင္သစ္ပါတီ႐ံုး၊ ရဟန္းပ်ဳိမ်ားသမဂၢ႐ံုး၊ NCG ႐ံုးေတြ ရွိပါတယ္။

အလားတူ ဆံသဆုိင္နဲ႔ ထမင္း႐ံုကို ေက်ာ္ၿပီး ေျမာက္ဘက္ကိုလည္း မသြားခဲ့ဖူးပါ။ ေျမာက္ဘက္မွာ ၁၉၉၀ ေနာက္ပုိင္း ABSDF ဌာနခ်ဳပ္႐ံုးရွိရာ ေလာကြာလူကုန္း၊ ကုိမုိးသီးဇြန္တုိ႔ ဗဟုိဌာနခ်ဳပ္ေတာင္ကုန္း၊ ၂၀၈ ေတာင္ကုန္းနဲ႔ ကြန္မန္ဒုိကုန္းတို႔ ရွိပါတယ္။ ဒါေၾကာင့္ က်ေနာ္ေရာက္ဖူးတဲ့ မာနယ္ပုေလာဆုိတာဟာ ေဘာလုံးကြင္း၀န္းက်င္ရွိ ႐ံုးခန္းတ၀ုိက္ သက္သက္မွ်သာျဖစ္ခဲ့ပါတယ္။

(မွတ္ခ်က္ ။         ။ ဒါဟာ ၁၉၈၉ ခရီးစဥ္မွ်သာျဖစ္ၿပီး ၁၉၉၂ မာနယ္ပေလာတုိက္ပဲြ စစ္ကူခရီးစဥ္၊ ၁၉၉၃ ABSDF ျပန္လည္ေပါင္းစည္း ေရးေဆြးေႏြးပဲြ မာနယ္ပုေလာခရီးစဥ္ေတြကုိေတာ့ ေနာက္ပုိင္းမွာ ဆက္လက္ေဖာ္ျပပါမယ္)

===========================================

(အပိုင်း ၁၃)

ထက်အောင်ကျော် December 22, 2011 4:13 pm
အောက်မေ့ဖွယ်။ ဧရာဝတီမဇင်း။
  
ဖက်ဒရယ်မြို့တော်နဲ့ ဖက်ဒရယ်တက္ကသိုလ်

မာနယ်ပလော ကွင်းပြင်ထဲကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုတောကြီးမျက်မည်းထဲက သူပုန်ဌာနချုပ်မှာ လျှပ်စစ်မီး ၂၄ နာရီ လင်းနေတယ်ဆိုရင်မြန်မာနိုင်ငံက စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ကျန်တဲ့မြို့တွေကို အမှောင်ချပြီး နေပြည်တော် ဌာနချုပ်တခုတည်း မီးလင်းနေအောင် စီမံထားတာမျိုး မဟုတ်ပါဘူး။ ခုနက မြင့်မားလှတဲ့ နော်ဒေးတောင်တန်းပေါ်ကနေ ကျလာတဲ့ချောင်းရေကို တမံလုပ်ပြီး အဲဒီကနေ ရေအားလျှပ်စစ်နဲ့ မာနယ်ပလော တခွင်လုံးကို လျှပ်စစ်မီး ပေးထားတာပါ။ ဒါ့အပြင် ရေကိုလည်း ပိုက်တွေနဲ့ သွယ်ပေးထားတဲ့အတွက် ရေ၊ မီး အတော်အဆင်ပြေတဲ့နေရာ။ တီဗီစလောင်း လိုင်းပေါင်းစုံရတဲ့ တောတွင်းမြို့တော်လို့ ပြောရင်ရမယ် ထင်ပါတယ်။


ဥက္ကဌ ဗိုလ်ချုပ်မြအပါဝင် အဲဒီကာ KNU ထိပ်တန်းခေါင်းဆောင် ၅-ဦး

ပဒိုဘသင် အိမ်ကနေ ဘေးပတ်လည်အိမ်တွေကို ကျနော်လေ့လာကြည့်တဲ့အခါ အနီးဆုံးအိမ်က တွဲဘက်အတွင်းရေးမှူး ပဒိုစံလင်းရဲ့အိမ်။ အိမ်ပုံစံချင်းက အတူတူပါပဲ။ ဒီအိမ်ဟာ KNU ဗဟိုစည်းရုံးရေးဌာန ရုံးခန်းလည်းဖြစ်ပြီး နာမည်ကြီး သနူးထူးစာစောင် ထုတ်ဝေတဲ့ နေရာလည်းဖြစ်ပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ကွန်ပြူတာခေတ် မဟုတ်သေးတဲ့အတွက်
ဖရောင်းစက္ကူကို လက်နှိပ်စက်နဲ့ဖောက်။ မီးချောင်းနဲ့လှိမ့်ပြီး ကော်ပီကူးနေတာကို တွေ့ခဲ့ရပါတယ်။ (နောက်ပိုင်းမှာတော့ ABSDF ဗဟိုရုံးအဖွဲ့မှူးတဦးဖြစ်သူ ဦးရီထွန်း တီထွင်လိုက်တဲ့ ဖရောင်းစက္ကူ ကော်ပီကူး သစ်သားကရိယာလေးတခုက အတော်ခေတ်စားသွားပြီး ကွန်ပြူတာ မပေါ်မီအထိ အဲဒီကရိယာကို တော်လှန်ရေး
နယ်မြေတလုံးမှာ သုံးကြတာကိုတွေ့ရပါတယ်)

ပဒိုစံလင်းအိမ်ရဲ့ရှေ့က ပုံစံတူ အိမ်ကတော့ ပို့ဆောင်ဆက်သွယ်ရေးဌာန၊ နောက်တလုံးက သစ်တောဌာန၊ နောက်ထပ် တလုံးကတော့ ဘဏ္ဍာရေးဌာနဖြစ်ပါတယ်။ အဲဒီရုံးတွေပေါ်ကိုတော့ ကျနော်မတက်ဖြစ်လိုက်ပါ။ အဲဒီရုံးတွေ အလွန်မှာတော့ မဒတ (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) ရုံး၊ ထီးတခီးဘက်ထွက်တဲ့ ကားလမ်းကြောင်းတခုနဲ့ ချောင်းကူးတံတားတခုရှိပါတယ်။ ကားလမ်းကို ကျော်လိုက်တော့ ဒုဥက္ကဌ ပဒိုသန်းအောင်ရဲ့အိမ် (သူကွန်လွန်ပြီးနောက်မှာ ဗိုလ်မှူးချုပ် မောင်မောင် ဆက်နေတဲ့အိမ်)။

အဲဒီအိမ်ကနေ ညာဘက်ကို လှည့်လိုက်မယ်ဆိုရင် တောင်ပေါ်က ဘုရားကျောင်းဆီတက်တဲ့ လူသွားလမ်းတခု။ ပြီးရင် ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ အကောင်းစား ၂ ထပ် အဆောက်ဦကြီးတခု (အစောပိုင်းမှာ ဒေါက်တာ မာတာရဲ့ KNU နိုင်ငံခြားရေးဌာနရုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ADNSC  [Anti-military Dictatorship National Solidarity Committee]  တပ်ပေါင်းစု ရုံးခန်းဖြစ်လာပါတယ်) ရှိပြီး အဲဒီ ဘေးမှာတော့ သစ်ပင်တန်းတခုရှိပါတယ်။ (အဲဒီကာလကတော့ စစ်ရုံးချုပ်အသစ်ကြီး မဆောက်ရ သေးပါ) သစ်ပင်တန်းအဆုံးမှာတော့ ဗိုလ်ချုပ်မြရဲ့ ကော်သူးလေအစိုးရ သမ္မတအိမ်ဖြူတော် စံအိမ်ကြီးကို တွေ့ရမှာဖြစ်ပါတယ်။ စံအိမ်တော်ဆိုတာ တင်စားပြီးခေါ်ဝေါ်ခြင်း မဟုတ်ပါ။ တကယ့်ကို သားနားတဲ့ ၂ ထပ် တိုက်အိမ် အကြီးကြီးဖြစ်ပါတယ်။

အဲဒီဘေးမှာတော့ ဗိုလ်ချုပ်မြ ရုံးထိုင်တဲ့ ကျွန်းသစ်သားအိမ် ခပ်သေးသေးတလုံး။ ပြီးရင် KNU အမျိုးသမီးအစည်းအရုံးနဲ့ အမျိုးသမီးဆောင်တချို့။ ပြီးရင် ဆံသဆိုင်။ ဆံသဆိုင် နောက်ကျောမှာတော့ ကျနော်တို့ ကျိုးဖိုးတွေအတွက် အရေးကြီးတဲ့ မာနယ်ပလော ဗဟိုစားဖိုဆောင်။ စားဖိုဆောင်ဘေးမှာတော့ ကွန်မန်ဒိုကုန်းဘက်နဲ့ ခွေးအိပ်တောင်ဘက်တက်တဲ့ ကားလမ်းကြောင်းတခု။ ကားလမ်းကို ကျော်ပြီး ဘော်လုံးကွင်းအတိုင်း ပြန်လှည့်မယ်ဆိုရင် တပ်ထောက်ဌာနနဲ့ ဂိုဒေါင်ကြီးတခုကို သောင်းရင်းမြစ် ကမ်းနားစောင်းဘက်မှာ မြင်နိုင်ပါတယ်။ ပြီးရင် ဗိုလ်ချုပ် တာမလာဘော၊ ဗိုလ်ချုပ် ကစယ်ဒို တို့ ရုံးထိုင်တဲ့ စစ်ရုံးချုပ်။ စစ်ရုံးချုပ်ဘေးမှာတော့ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ရုံးခန်း။

အဲဒီစစ်ရုံးချုပ်နဲ့ KNDO ရုံးရှေ့တည့်တည့် ဘောလုံးကွင်းဘေးက ကြီးမားပြီး အရိပ်ကောင်းလှတဲ့ ကုက္ကိူပင်တန်းအောက်မှာတော့ ခန့်ညားစွာနေရာယူထားတဲ့ မာနယ်ပလော အစည်းဝေးခန်းမကြီးကို တွေ့ရမှာဖြစ်ပါတယ်။ အစည်းဝေးခန်း ဘေးမှာတော့ ဧည့်သည်တော် စစ်သည်တွေ တည်းခိုလေ့ရှိတဲ့ ခြေခံရှည် ဘားတိုက်အကောင်းစားတခု (၁၉၉၂ နော်တစစ်ပွဲအပြီးမှာ ကျနော်အပါဝင် တပ်ရင်း ၂၀၁ နဲ့ ၁၀၂ က ရဲဘော်တွေ တည်းခိုခဲ့ဖူးပါတယ်)။ အဲဒီနောက်မှာတော့ နိုင်ငံခြားဧည့်သည်တွေအတွက် သားသားနားနား ဧည့်ရိပ်သာတလုံး။ ပြီးရင်တော့ ပဒိုဘသင်အိမ်ဆီ ပြန်ရောက်ပါတယ်။

မာနယ်ပလောကို ဒုတိယအခေါက် ကျနော်ရောက်သွားတဲ့ အချိန်ကတော့ မတ်လ အစောပိုင်းလို့ ထင်ပါတယ်။ ဒီတခေါက်မှာတော့ ကျနော်တယောက်တည်း။ KNU ကနေ ကျနော်တို့ နယ်မြေကော်မီတီဆီ ထောက်ပံ့နေကြ တလ ထိုင်းဘတ်ငွေ ၃၀၀၀ ကို ထုတ်ယူဖို့ ဥက္ကဌ ကိုကျော်ကျော်က ကျနော့်ကို တာဝန်ပေးလိုက်တာပါ။ အဲဒီငွေ ၃၀၀၀ ရဖို့အရေး ပဒိုဘသင်အိမ်မှာ ထိုင်စောင့်လိုက်ရတာ သီတင်းတပတ်ကြာသွားပါတယ်။

အတွင်းရေးမှူးချုပ်အိမ်မှာ တည်းရတဲ့ ဧည့်သည်ဆိုပေမယ့် ငရုတ်သီးထောင်းနဲ့ပဲ နေ့စဉ်တိုးနေတော့ ကျိုးဖိုးတွေရဲ့ ထုံစံအတိုင်း လဖက်ရည်ဆိုင် ရှာပါတော့တယ်။ အဲဒီမှာ ကျနော်တွေ့လိုက်တဲ့ ဆိုင်ကတော့ သောင်ရင်းမြစ်ရဲ့ အလှပဆုံးရှုခင်းကို အပေါ်စီးကနေ မြင်ခွင့်ရနေတဲ့ ပဒိုဝီးရဲ့ လဖက်ရည်ဆိုင်ပါပဲ။ သောင်ရင်းနဲ့ သံလွင်မြစ်ဆုံ ထိုင်းဘက်ကမ်းရှိ စားသောက်ဆိုင်နဲ့ ဘန်ဂလိုနေရာကလွဲရင် ဒီဒေသတဝိုက်မှာ ဒုတိယ ရှုခင်း အကောင်းဆုံးနေရာဟာ ပဒိုဝီးဆိုင်လို့ ထင်ပါတယ်။

သူဆိုင်ရှေ့မှာ ကျွန်းပင်အကြီးကြီးတပင်ရှိပြီး အဲဒီအောက်မှာ သစ်သားတွေနဲ့လုပ်ထားတဲ့ သဘာ၀ ထိုင်ခုံတွေကလည်း အတော်ကောင်းပါတယ်။ လဖက်သုတ်တပွဲမှာ၊ ရေနွေအိုး တကရားနဲ့ အဲဒီ သစ်ပင်အောက်က ခုံတန်းမှာထိုင်ပြီး သောင်ရင်းမြစ်ကို ငေးကြည့်ရတဲ့အရသာကို အချိန်ထိ သတိရနေဆဲဖြစ်ပါတယ်။ အဲ … အဲဒီသဘာဝအလှအပ ရှုခင်းတွေအပြင်ပေါ့လေ၊ ကျနော်ခဏခဏ သွားဖြစ်တဲ့ နောက်ထပ် အကြောင်းရင်းတခုကတော့ လှပတဲ့ ဆိုင်ရှင်ကောင်မလေး တယောက်ကြောင့်လို့ ဝန်မခံရင် ကျနော် သတင်းထိမ်ချန်ရာ ကျပါလိမ့်မယ်။



မာနယ်ပလော အစည်းဝေးခန်းမရှေ့က အားကစားပွဲတခု

နောက်တနေ့မှာတော့ ရှေ့မှာပြောခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်ရဲ့ အိမ်ဘေးကနေ ထီးတခီးဘက်သွားတဲ့ ကားလမ်းအတိုင်း ဆက်လျှောက်ရင်းနဲ့ မဒတရုံးကို ကျနော်ရောက်သွားပါတယ်။ အဲဒီကာလ ရုံးထိုင်နေသူတွေထဲမှာ ရခိုင်ပါတီက ခိုင်စိုးနိုင်အောင်နဲ့ မွန်ပြည်သစ်ပါတီက နိုင်ဟံသာတို့ကို ကျနော်မှတ်မိနေပါတယ်။ အဲဒီရုံးကို ကျော်ပြီးဆက်သွားတော့ တောင်ကုန်းတခုပေါ်မှာ ဖက်ဒရယ်တက္ကသိုလ်ကို တွေ့ရပါတယ်။

ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်နဲ့ ထားဝယ်ကောလိပ်တွေကိုသာ တွေ့ဖူးတဲ့ ကျနော့်အဖို့ ဖက်ဒရယ်တက္ကသိုလ် ဆိုတာဟာ အထူးအဆန်း ဖြစ်နေပါတယ်။ မြင်နေရတဲ့ အဆောက်ဦးက မြေစိုက် တဲတလုံးသာသာ ဖြစ်ပေမယ့် သင်ကြားနေတဲ့ဆရာတွေက နိုင်ငံတကာက ရောက်လာသူတွေ။ သင်ရိုးညွှန်းတမ်းကလည်း နိုင်ငံတကာ တက္ကသိုလ်တွေကနေ သင့်တော်တာတွေကို ကောက်နှုတ်ထားတဲ့ အနှစ်ချုပ်သင်ရိုး။ ကျောင်းသားတွေကတော့ ထီးတခီး အထက ကနေ ၁၂ တန်းအထိ အောင်မြင်ပြီးတဲ့ ကရင်ကျောင်းသားကျောင်းသူလေးတွေ။

ဖက်ဒရယ်တက္ကသိုလ်က အပြန်မှာတော့ ကျနော်တို့ မင်းသမီးခစန်းက ရဲဘော် ၂၀ ဦးအပါဝင် ဘုရားသုံးဆူ၊ သီဘောဘိုးနဲ့ တခြားစခန်းအသီးသီးက DAB စစ်ကြောင်းအတွက် ရောက်နေတဲ့ ABSDF ကျောင်းသား ၁၀၀ ခန့်ကို ရှေ့မှာပြောခဲ့တဲ့ ဧည့်သည်တော် ဘားတိုက်မှာ တွေ့လိုက်ရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) စစ်ကြောင်းတွေ အလုပ်ဖြစ်ခဲ့တယ်လို့ ဆောင်းပါးအခန်း ၈ မှာ ကျနော်ရေးခဲ့မိပေမယ့် တကယ်ကတော့ ဒီ ပထမအကြိမ် စစ်ကြောင်း အလုပ်မဖြစ်ဘူးလို့ ပြန်သိရပါတယ်။

DAB တွဲဖက်အတွင်းရေးမှူးနဲ့ ABSDF ဗဟို အတွင်းရေးမှူး ကိုသန်းဝင်း ခေါ်ယူခဲ့တဲ့ ကျောင်းသားတပ်ဖွဲ့ ၁၀၀ ဝန်းကျင်ဟာ DAB စစ်ကြောင်းမဖွဲ့နိုင်ဘဲနဲ့ မာနာပလောမှာ သတင်း ၂ ပတ်လောက် သောင်တင်ပြီးနောက် မိခင်စခန်းတွေဆီ ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်ခဲ့ရတယ်လို့ အဲဒီစစ်ကြောင်းမှာ ပါဝင်ခဲ့သူ မင်းသမီးခစန်းမှ ကျောင်းသားတဦးက ဒီဆောင်းပါး ရေးနေစဉ် ကျနော်ကို ပြန်ပြောပြခဲ့ပါတယ်။

နောက်ထပ် ထူးထူးခြားခြား ကျနော်မှတ်မိနေတဲ့ အချက်တခုကတော့ နိုင်ငံခြားသား ဧည့်ရိပ်သာမှာ တည်းတဲ့ အမေရိကန်သူ မီမီမြင့်ဖူးပဲ ဖြစ်ပါတယ်။ အားလုံးငှက်ဖျားရုပ် ပေါက်နေတဲ့ဒေသမှာ အမေရိကားကနေ ရောက်လာတဲ့ မီမီမြင့်ဖူးကို ကျောင်းသားတွေ အလုအယက် စိတ်ဝင်စားတာ အဆန်းတော့ မဟုတ်လောက်ပါဘူး။ ပဒိုဘသင်အိမ်မှာ ကျနော်တည်းနေစဉ် နိုင်ငံခြားရေးဌာနက ဦးအောင်ခင်အပါဝင် ကျောင်းသားခေါင်းဆောင် တချို့နဲ့အတူ မိမိမြင့်ဖူးတို့အဖွဲ့ ရောက်လာတာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မီမီမြင့်ဖူးပါတဲ့အဖွဲ့ဟာ DAB ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ ကုလမဂ္ဂအပါဝင် နိုင်ငံတကာဆီ သွားရောက်ဆွေးနွေးတာတွေ၊ နိုင်ငံခြားဆက်ဆံရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့တာ တွေရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ နဝတ ဘက်ကလည်း မြက်ခင်းသစ်မဂ္ဂဇင်းကနေ ကျောင်းသားတွေနဲ့ မီမီမြင့်ဖူးကို အတုံးလိုက်အတစ်လိုက် ဝေဖန်တာတွေကို ဖတ်ရခဲ့ဖူးပါတယ်။

၁၉၈၉ အစောပိုင်းကာလက သွားခဲ့တဲ့ ကျနော်ရဲ့ မာနယ်ပလော ခရီးစဉ်အတွင်း မဒတရုံးနဲ့ ဖက်ဒရယ်တက္ကသိုလ်ကို ကျော်ပြီး တောင်ဘက်ကို မသွားခဲ့ဖူးပါ။ အဲဒီတောင်ဘက်မှာ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်လမ်းနဲ့ NLD-LA ရုံး၊ လူဘောင်သစ်ပါတီရုံး၊ ရဟန်းပျိုများသမဂ္ဂရုံး၊ NCG ရုံးတွေ ရှိပါတယ်။

အလားတူ ဆံသဆိုင်နဲ့ ထမင်းရုံကို ကျော်ပြီး မြောက်ဘက်ကိုလည်း မသွားခဲ့ဖူးပါ။ မြောက်ဘက်မှာ ၁၉၉၀ နောက်ပိုင်း ABSDF ဌာနချုပ်ရုံးရှိရာ လောကွာလူကုန်း၊ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်တောင်ကုန်း၊ ၂၀၈ တောင်ကုန်းနဲ့ ကွန်မန်ဒိုကုန်းတို့ ရှိပါတယ်။ ဒါကြောင့် ကျနော်ရောက်ဖူးတဲ့ မာနယ်ပုလောဆိုတာဟာ ဘောလုံးကွင်းဝန်းကျင်ရှိ ရုံးခန်းတဝိုက် သက်သက်မျှသာဖြစ်ခဲ့ပါတယ်။

(မှတ်ချက် ။         ။ ဒါဟာ ၁၉၈၉ ခရီးစဉ်မျှသာဖြစ်ပြီး ၁၉၉၂ မာနယ်ပလောတိုက်ပွဲ စစ်ကူခရီးစဉ်၊ ၁၉၉၃ ABSDF ပြန်လည်ပေါင်းစည်း ရေးဆွေးနွေးပွဲ မာနယ်ပုလောခရီးစဉ်တွေကိုတော့ နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပါမယ်)

1 comments:

ဒီေဆာင္းပါးထဲမွာပါတဲ့ ထီးတခီး ဆိုုတာ အသံထြက္မွားေနတယ္လုုိ႔သိရပါ တယ္။ ၾကားမိတဲ့အတုုိင္း ေရးမိတာသာျဖစ္ပါတယ္။ တကယ္ေတာ့ မေရးခင္ ကရင္စာကြ်မ္းက်င္သူေတြကိုု အေသခ်ာေမးဖုုိ႔ေကာင္းပါတယ္။ ...အသံထြက္အမွန္က ထီးေသခီး လုုိ႔သိရပါတယ္။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More