Sunday, October 30, 2022

မိုးခါးရေ ရုပ်ရှင် နော်ဝေနိုင်ငံမှာပြသ



မိုးခါးရေ ရုပ်ရှင် နော်ဝေနိုင်ငံမှာပြသ

(၃၀-၁၀-၂၀၂၂)

CDM တပ်မတော်သားတဦးအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှင်ကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မနေက ပြသခဲ့ပါတယ်။ အော်စလိုမြို့ဝန်းကျင်ရှိ နွေဦးတော်လှန်ရေးထောက်ခံအားပေးသူ ရာနဲ့ချီ တက်ရောက်အားပေးတာတွေ့ရပြီး တော်လှန်ရေးရန်ပုံငွေ ခရိုနာ ၃ သောင်းကျော်အထိရခဲ့တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။

မနေ့ကပြသခဲ့တဲ့ ဒီရုပ်ရှင်ပွဲအကြောင်းကို BNN က စုစည်းတင်ပြပေးလိုက်ပါတယ်...

(BNN အစီစဉ်များကို ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Saturday, October 29, 2022

“ မြေပြင်မှာ NUG နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကသာ အဆုံးအဖြတ...



“လေကြောင်းတိုက်ပွဲက အဆုံးအဖြတ်မပေးနိုင်ပါဘူး။ မြေပြင်မှာ NUG နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး စစ်ရေး ဝေဖန်သုံးသပ်သူ)

(၂၉ -၁၀-၂၀၂၂)

“စစ်ကောင်စီဖက်က လေကြောင်းတိုက်ပွဲတိုးပြီးဆင်နွဲလာတာဟာ စစ်ရေးအရအားသာလာတာမဟုတ်ပဲ ကြည်းတပ်အခြေအနေမကောင်းလို့ လေတပ်ကို အားကိုးနေရခြင်းသာဖြစ်တယ်။ လေကြောင်းတိုက်ပွဲဟာ စစ်မြေပြင်အနေအထားကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်မဟုတ်ဘူး။ တိုက်ပွဲရဲ့အဓိကအားက NUG နဲ့ EAO တွေကြားမှာ ဘယ်လောက်အထိ အခိုင်အမာပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတဲ့အချက်သာဖြစ်တယ်” လို့ နိုင်ငံရေး စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အနန့်ပါရွာ ဗုံးကျဲခံရတာအပါဝင် အခုနောက်ပိုင်း လေကြောင်းတိုက်ပွဲကို စစ်ကောင်စီဖက်က တိုးပြီးဆောင်ရွက်လာတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အာဆီယံဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက တကယ်မလိုက်နာတော့ဘူးလား...

- စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တော်လှန်ရေးတပ်တွေက ဘယ်လိုတုန့်ပြန်မလဲ...

- ဝမ်းနည်းဖွယ် နာကျဉ်းချက်ကို တော်လှန်ရေးခွန်အားအဖြစ် ဘယ်လိုပြောင်းလဲမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, October 26, 2022

“တနိုင်ငံလုံးဝမ်းနည်းပူဆွေးနေစဉ်မှာ သံရုံးအရာရှိတွေက ပျော်ပျော်နေနိုင်ဆဲ...



“အနန့်ပါကျေးရွာ လူသတ်ပွဲကြောင့် တနိုင်ငံလုံးဝမ်းနည်းပူဆွေးနေစဉ်မှာ သံရုံးအရာရှိတွေက ပျော်ပျော်နေနိုင်ဆဲလား”

(နော်ဝေရောက် ကချင်တိုင်းရင်းသားတဦး)

(၂၆-၁၀-၂၀၂၂)

“ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ အနန့်ပါကျေးရွာအပေါ် စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်တဲ့အတွက် လူတရာနီးပါးသေဆုံးခဲ့ရလို့ တနိုင်ငံလုံးဝမ်းနည်းပူဆွေးနေချိန်မှာ စစ်ကောင်စီသံရုံးအရာရှိတွေက ဘာမှမဖြစ်သလို ပျော်ပျော်နေနိုင်ဆဲလား” လို့ ဒီနေ့ နော်ဝေရှိ စကစ သံရုံးရှေ့ဆန္ဒပြသူတွေက သံအမတ်ဒေါ်မော်မော်ကို မေးခွန်းထုတ်လိုက်ပါတယ်။ 

ဒီနေ့ မြို့တော်အော်စလိုမှာ တနေကုန်မြူတွေဆိုင်းနေပြီး အပူချိန်ကလည်း ၅ ဒီရီစင်တီဂရိတ်တောင်မရှိတဲ့အချိန် ညနေ ၄ နာရီမှာ ဒီလူတွေ စကစ သံရုံးရှေ့ရောက်လာကြပြီး အခုလို ဆန္ဒပြနေကြတာပါ။

တိုက်ပွဲဖြစ်နေတဲ့နေရာမဟုတ်ပဲ သီချင်းဆိုနေတဲ့ လူအုပ်အပေါ်  အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြီးဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေကပြောပါတယ်။

အခု ဒီဆန္ဒပြပွဲအကြောင်း စုစည်းချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...

(BNN ၏ အစီစဉ်များကို ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

အနန့်ပါကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရမှု သေဆုံးစာရင်းနှင့် နောက်ဆုံးအခြေအနေ



အနန့်ပါကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရမှု သေဆုံးစာရင်းနှင့် နောက်ဆုံးအခြေအနေ

(ဗိုလ်မှူးကြီးနော်ဘူ- KIO/KIA သတင်းပြန်ကြားရေးအဖွဲ့)

(၂၆-၁၀-၂၀၂၂)

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ အနန့်ပါကျေးရွာအပေါ် စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်တဲ့အတွက် သေဆုံးသူဦးရေဟာ ၆၀ ကျော်နေပြီဖြစ်ပြီး ဒဏ်ရာရသူတွေကိုလည်း ဆေးကုသခွင့်မပေးပဲ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားတယ်လို့ KIO/KIA သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒီတိုက်ခိုက်ခံရမှုမှာ ရွာသားတွေမပါပဲ KIA, PDF, NLD တပ်ဖွဲ့ဝင်တွေသာဖြစ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ပြောဆိုချက်ကို ဗိုလ်မှူးကြီးကငြင်းပယ်ပြီး သေဆုံးသူအများစုဟာ အရပ်သားတွေသာဖြစ်တယ်လို့ပြောပါတယ်။

ဒီလို လူတွေကိုအစုအပြုံလိုက်သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့လည်း သူကတောင်းဆိုပါတယ်။ မဟာမိတ်တွေရဲ့ စာနာ နားလည်မှုအတွက်လည်း ကျေးဇူးတင်ကြောင်းပြောပါတယ်။

ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် ခွန်အားအဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အရှိန်မြင့်ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ KIO/KIA သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Tuesday, October 25, 2022

“အမိန့်စီးဆင်းမှု၊ ဘဏ္ဍာရေးစီးဆင်းမှုတွေကို စုစုစည်းစည်းနဲ့ဆေင်ရွက်ဖို့ ...



“အမိန့်စီးဆင်းမှု၊ ဘဏ္ဍာရေးစီးဆင်းမှုတွေကို စုစုစည်းစည်းနဲ့ဆေင်ရွက်ဖို့ လိုနေပါတယ်”

- (ခွန်မြင့်ထွန်း - ဥက္ကဋ္ဌ - ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ - PNFC)

(၂၆-၁၀-၂၀၂၂)

“နွေဦးတော်လှန်ရေး ပထမနှစ်မှာ ဒေသအသီးသီးကနေ တော်လှန်ရေးတပ်တွေပေါ်လာပြီး ကိုယ့်အစီစဉ်နဲ့ကိုယ်တိုက်ပွဲဖေါ်တာ သဘာဝကျပေမယ့် အခု ဒုတိယ နှစ်ထဲမှာတော့ အမိန့်စီးဆင်းမှု၊ ဘဏ္ဍာရေးစီးဆင်းမှုတွေကို စုစုစည်းစည်းနဲ့ စနစ်တကျ ဆောင်ရွက်ဖို့လိုနေပြီဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

တနှစ်အတွင်း အဆုံးအဖြတ်တိုက်ပွဲဖေါ်မယ်လို့ကြေညာခဲ့တဲ့ NUG ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- EAO တိုင်းရင်းသားအင်အားစုတွေနဲ့ PDF ဒီမိုကရေစီအင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ တိုးတက်လာပြီလဲ...

- တနှစ်အတွင်း အဆုံးအဖြတ်တိုက်ပွဲဖေါ်မယ့် NUG ကြေညာချက် ဘယ်လောက်လက်တွေ့ဖြစ်နိုင်ခြေရှိသလဲ...

- ပြည်တွင်း-ပြည်ပရှိ ပြည်သူ့အလှူငွေ သက်သက်နဲ့ တော်လှန်ရေး ရေရှည်ခရီးစဉ် အဆင်ပြေပါ့မလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အောက်တိုဘာ ၂၂ ကမေးမြန်းထားသော အင်တာဗျုး၏ ဒုတိယပိုင်းဖြစ်ပါသည်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Monday, October 24, 2022

“အကြမ်းဖက်စစ်ဗိုလ်များ၊ ဘိန်းရာဇာများ၊ လက်နက်ပွဲစားများ၊ ငွေကြေးခဝါချတဲ့...



“အကြမ်းဖက်စစ်ဗိုလ်များ၊ ဘိန်းရာဇာများ၊ လက်နက်ပွဲစားများ၊ ငွေကြေးခဝါချတဲ့ခရိုနီများ ပြေးမလွတ်ပါဘူး”

(ဦးစိန်ဌေး - စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂၅-၁၀-၂၀၂၂)

“FATF ရဲ့ အဓိကပစ်မှတ်ဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ကောင်စီကို ကူညီအားပေးနေတဲ့ ဘိန်းရာဇာတွေ၊ လက်နက်ဝယ်ပေးနေသူတွေ၊ စစ်ကောင်စီနဲ့ပေါင်းပြီး စီးပွားရေး လုပ်နေတဲ့ခရိုနီတွေဖြစ်တဲ့အတွက် ဒီတကြိမ်မှာ ဒီလူတွေ ပြေးမလွတ်နိုင်ဘူး” လို့  စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ FATF ရဲ့သတိပေးချက်ကို အရင်ခေတ် စစ်အစိုးရတွေလိုမျိုး ဒီနေ့စစ်ကောင်စီနဲ့ သူရဲ့ခရိုနီတွေ ရှောင်ပြေးလို့လွတ်နိုင်သေးလားဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်ရဲ့ အမေးကို သူက ဒီလို ဖြေကြားသွားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အထည်ချုပ်စက်ရုံတွေပိတ်ရရင် ဘယ်သူတွေ အဓိက ထိခိုက်နိုင်သလဲ...

- FATF က တောင်းဆိုထားတဲ့ အချက် ၈ ချက်က ဘာတွေလဲ...

- ဘိန်းရာဇာတွေ၊ လက်နက်ပွဲစားတွေ၊ ငွေကြေးခဝါချနေတဲ့ ခရိုနီတွေကို စစ်ကောင်စီက ဟန်ပြအရေးယူမှုလုပ်လေမလား...

- စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ တိုးရအောင် ဘယ်လိုဆောင်ရွက်ပေးသင့်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, October 23, 2022

“စကစ ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေကို...



“FATF ရဲ့အရေးယူမှုက စကစ ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေကို တည့်တည့်ထိပါလိမ့်မယ်”

(ဦးစိန်ဌေး - စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂၃-၁၀-၂၀၂၂)

“FATF ခေါ်  ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ကနေ မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ်ကြေညာလိုက်တဲ့အတွက် စစ်ကောင်စီခါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေကို တည့်တည့်ထိခိုက်မှာဖြစ်တယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးကပြောပါတယ်။

ငွေကြေးခဝါချမှုအပါဝင် ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ FATF က နှစ်နဲ့ချီကြိုတင်သတိပေးထားပါရဲ့နဲ့ စစ်ကောင်စီဖက်က လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့သောကြာနေ့မှာ အမည်ပျက်စာရင်းသွင်းလိုက်တဲ့အတွက် ဘာတွေ ဖြစ်လာနိုင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- FATF ရဲ့ကြေညာချက်ကြောင့် မြန်မာငွေဈေးထိုးကျပြီး တဒေါ်လာကို ကျပ် ၆၀၀၀ အထိဖြစ်သွားနိုင်သလား...

- FATF အဖွဲ့ဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီအဖွဲ့က စစ်ကောင်စီကို အရေးယူတာလဲ...

- ဒီတကြိမ်အရေးယူမှုနဲ့ အရင် နဝတခေတ် အရေးယူခံရမှု ဘာတွေကွာသလဲ...

- စကစ ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေ တကယ်ထိခိုက်နေပြီလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီကိုပဲထိပြီး ပြည်သူတွေမထိအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Friday, October 21, 2022

“၁၉၈၈ ကတည်းက NLD ဆိုင်းဘုတ်တင်ထားတဲ့အိမ်ကို အခုမှ ချိတ်ပိတ်တာကတော့...



“၁၉၈၈ ကတည်းက NLD ဆိုင်းဘုတ်တင်ထားတဲ့အိမ်ကို အခုမှ ချိတ်ပိတ်တာကတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်တာကို တုန့်ပြန်တာပါ”
(ခွန်မြင့်ထွန်း - ဥက္ကဌ - ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ - PNFC)
---------------------------------- 
(၂၂-၁၀-၂၀၂၂)

”၁၉၈၈ ခုနှစ်ကတည်းက NLD ဆိုင်းဘုတ်တင်ထားတဲ့ သထုံမြို့က နေအိမ်ကို စစ်ကောင်စီတပ်တွေက အခုမှ လာပြီးချိတ်ပိတ်သွားတာဟာ NCA လမ်းကြာင်းကိုရပ်ပြီး နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါတာကို တုန့်ပြန်တဲ့သဘောဖြစ်နိုင်တယ်” လို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ - (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းကပြောပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့မှာရှိတဲ့ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လာရောက်ချိတ်ပိတ်သွားတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- သထုံက နေအိမ်ကို စစ်ကောင်စီက ဘာကြောင့် ချိတ်ပိတ်တာလဲ...

- PNFC တပ်တွေက နွေဦးတော်လှန်ရေးမှာ ဘယ်လိုပါဝင်ပူူးပေါင်းဆောင်ရွက်နေသလဲ...

- NCA ဆွေးနွေးပွဲဆိုတာ ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်ရှိမှ လုပ်ခွင့်ရှိတာကို စစ်ကောင်စီက မသိဘူးလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(EAO တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု၊ အမိန့်စီးဆင်းမှုအားကောင်းအောင် ဘယ်လိုဆောင်ရွက်နေသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနလာၤညမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

“ကျနော်တို့အချင်းချင်းကြား စည်းနှောင်မှုအား ဘယ်လောက်ကောင်းသလဲဆိုတဲ့အချက်...



“ကျနော်တို့အချင်းချင်းကြား စည်းနှောင်မှုအား ဘယ်လောက်ကောင်းသလဲဆိုတဲ့အချက်ပေါ် မူတည်ပါတယ်”
(ဆလိုင်းထက်နီ - CNF - ပြောခွင့်ရပုဂိုလ်)
--------------------------------------
(၂၁-၁၀-၂၀၂၂)

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပြောထားတဲ့ ရှေ့နှစ်အတွင်း တော်လှန်ရေးတပ်တွေဖက်က စစ်ရေး-နိုင်ငံရေး အသာစီးရအောင်လုပ်မယ်ဆိုတာဟာ တဖွဲ့ချင်းရဲ့ လုပ်နိုင်စွမ်းနဲ့ တော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြား စည်းနှောင်မှုအားကောင်းကောင်းနဲ့ ဘယ်လောက်အထိပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်သလဲ ဆိုတဲ့အချက်ပေါ် မူတည်နေတယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

ခုခံတော်လှန်စစ် တနှစ်ပြည့်ချိန်မှာ NUG က သတင်းစာရှင်းပွဲလုပ်ပြီး တင်ပြခဲ့တဲ့ တနှစ်အတွင်း စစ်ရေး-နိုင်ငံရေးအသာရအောင်ဆောင်ရွက်မယ်ဆိုတဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- နေပြည်တော်သွားပြီး ဆွေးနွေးနေဆဲဖြစ်တဲ့ ငြိမ်း-တွေအပေါ် CNF က ဘယ်လိုသဘောထားသလဲ...

- စစ်ကောင်စီကပြောနေတဲ့ ရွေးကောက်ပွဲဆိုတာ ချင်းတောင်မှာ ပြုလုပ်နိုင်ခြေရှိရဲ့လား...

- NUG ပြောထားတဲ့ တနှစ်တာ စီမံကိန်းက ဘယ်လောက်လက်တွေ့ကျသလဲ...

- စစ်ကောင်စီကိုအပြုတ်တိုက်ရေးအတွက် အဖွဲ့ပေါင်းစုံကြား ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်းနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, October 19, 2022

Htawara P 2



“စစ်ပွဲတွေရပ်ဖို့ ခရစ်ယန်ဘာသာဝင်တွေက တောင်းဆိုနေချိန်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဘာကြောင့်ဒီလိုမပြောနိုင်တာလဲ” 
(အရှင်ထာဝရ- ရွှေဝါရောင်ဆရာတော်)
------------------------------------
(၂၀-၁၀-၂၀၂၂)

“အာဏာသိမ်းစစ်ကောင်စီက လူသတ်၊ ရွာမီးရှို့လုပ်နေတဲ့အတွက် စစ်ပွဲတွေအမြန်ဆုံးရပ်ဖို့ ခရစ်ယန်ဘာသာဝင်တွေကတောင်းဆိုနေချိန်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဘာကြောင့်ဒီလိုမပြောနိုင်တာလဲ” လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) က မေးခွန်းထုတ်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံကပေးအပ်တဲ့ Gandhi Prize for Non-Violent Peace- (အကြမ်းမဖက် ငြိမ်းချမ်းရေး) ဆုရရှိတဲ့ အရှင်ထာဝရကို ဗုဒ္ဓဘာသာဘုန်းကြီးတွေ နိုင်ငံရေးမှာ ပါဝင်သင့်-မသင့်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားသွားတာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- ဗုဒ္ဓဘာသာဘုန်းကြီးတွေ နိင်ငံရေးမှာ ပါဝင်သင့်သလား...

- စစ်ပွဲတွေရပ်ဖို့ ခရစ်ယန်ဘာသာဝင်တွေက တောင်းဆိုနေချိန်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဘာကြောင့်ဒီလိုမပြောနိုင်တာလဲ...

- စစ်ကောင်စီနဲ့ပေါင်းစားနေတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပြည်သူတွေက ဆန့်ကျင်သင့်သလား...

- ပြည်တွင်း-ပြည်ပ အလှူငွေတွေက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အထိ အရေးကြီးသလဲ...

- တော်လှန်ရေးလုပ်တဲ့အခါ ဘာသာ၊ လူမျိုး၊ အသားအရောင် ခွဲခြားဖို့လိုသေးလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီနှင့် မေးမြန်းချက် ဒုတိယပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, October 16, 2022

“ကျနော်တို့အင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ပိုအားကောင်းလာနေပါ...



“ကျနော်တို့အင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ပိုအားကောင်းလာနေပါတယ်”
(ဦးအောင်မိုးဇော်- ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
-----------------------------------
(၁၆-၁၀-၂၀၂၂)

“စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေဟာ လာမယ့်လပိုင်းအတွင်း ပိုအားကောင်းလာမှာဖြစ်တယ်” လို့ (DPNS) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

ခုခံတော်လှန်စစ် တနှစ်ကျော်ကာလအတွင်း ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်မှုက အားရစရာရှိပါရဲ့လားဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို နွေဦးတော်လှန်ရေးအင်အားစုတွေက ဘယ်လို တိုက်ဖျက်မှာလဲ...

- NUG, PDF အင်အားစုတွေနဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- နေပြည်တော်ဆီသွားနေဆဲဖြစ်တဲ့ ငြိမ်း-တွေအပေါ်မှာကော ဘယ်လိုသဘောထားသလဲ...

- စကစ ဖြုတ်ချရေးအတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, October 13, 2022

”ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတဲ့ ရွေးကောက်ပွဲကို ပျက်အောင်ဖျက်ရမယ်”



”ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတဲ့ ရွေးကောက်ပွဲကို ပျက်အောင်ဖျက်ရမယ်”
(ဦးအောင်မိုးဇော်- ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
-----------------------------------
(၁၄-၁၀-၂၀၂၂)

“အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတဲ့အတွက် ဒီရွေးကောက်ပွဲကို မလုပ်ဖြစ်အောင် တိုက်ဖျက်ရမှာဖြစ်တယ်” လို့ (DPNS) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ ၃၄ နှစ်ပြည့်ပါတီမွေးနေ့အခမ်းအနားမှာ စစ်ကောင်စီက ကျင်းပမယ်ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- ၃၄ နှစ်တာ ဖြတ်သန်းမှုအတွင်း DPNS က ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ...

- စစ်ကောင်စီက လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားသလဲ...

- ရွေးကောက်ပွဲဝင်မယ်ပြောနေတဲ့ ပါတီတွေအပေါ် ဘယ်လိုသဘောထားသလဲ...

- ရွေးကောက်ပွဲကိုလက်မခံရင် ဘယ်လိုနည်းလမ်းတွေနဲ့ တိုက်ဖျက်မှာလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး တနှစ်ခွဲကျော်အခြေအနေပေါ်ရှုမြင်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနင်္ဂနွေညမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Monday, October 10, 2022

နိုဗယ်ငြိမ်းချမ်းရေးစင်တာနှင့် ဖမ်းဆီးခံနေရဆဲ နိုဗယ်ဆုရှင်



နိုဗယ်ငြိမ်းချမ်းရေးစင်တာနှင့် ဖမ်းဆီးခံနေရဆဲ နိုဗယ်ဆုရှင်
-------------------
(၁၀-၁၀-၂၀၂၂)

၂၀၂၂ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုကို ဘိုင်လာရုက ဖမ်းဆီးခံ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ယူကရိန်းနဲ့ ရုရှားက လူ့အခွင့်အရေးအဖွဲ့တွေကို ပေးအပ်လိုက်ကြောင်း နော်ဝေနိုင်ငံ နိုဗယ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မီတီက အောက်တိုဘာ ၇ ရက်နေ့မှာ ကြေညာပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင် ဆန့်ကျင်မှု အမိန့်ဖီဆန်ရေး CDM လှုပ်ရှားမှုဟာလည်း ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ထိပ်တန်းစာရင်းအထိ ပါခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အထိ ပြန်ကြည့်မယ်ဆိုရင်တော့ အခု စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးခြင်းခံနေရသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပါတယ်။

ဒီလို နိုဗယ်ဆုကြေညာပြီး နောက်တရက်မှာ BNN သတင်းဌာနက ဦးထက်အောင်ကျော်ဟာ နိုဆယ်ဆုရွေးချယ်ရေးဌာန၊ ဆုပေးအပ်မယ့် အော်စလိုမြို့တော်ခန်းမနဲ့ နိုဗယ်ဆုရှင်တွေအကြောင်း ပြသထားတဲ့ နိုဗယ်စင်တာတို့ဆီသွားရောက်ပြီး အစီစဉ်တခု ရိုက်ကူးထားပါတယ်။

အခု အဲဒီအစီစဉ်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, October 9, 2022

“လာမယ့်နှစ်ဟာ တော်လှန်ရေးရဲ့အဆုံးအဖြတ်ကာလ ဖြစ်လာပါလိမ့်မယ်”



“လာမယ့်နှစ်ဟာ တော်လှန်ရေးရဲ့အဆုံးအဖြတ်ကာလ ဖြစ်လာပါလိမ့်မယ်”
(ဦးနိုင်ထူးအောင်၊ အတွင်းဝန်- ကာကွယ်ရေးဝန်ကြီးဌာန- NUG) 
-----------------------------------------------
(၈- ၁၀- ၂၀၂၂)

“လာမယ့်နှစ်ဟာ နွေဦးတော်လှန်ရေးအတွက် အဆုံးအဖြတ်ကာလဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုအချင်းချင်းကြား စည်းလုံးမှုနဲ့ နားလည်မှုတိုးမြင့်ပြီး တိုက်ပွဲအရှိန်မြှင့်ဆောင်ရွက်သွားမယ်” လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့တဲ့ ခုခံတော်လှန်စစ် တနှစ်တာ အစီရင်ခံစာပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ...
- စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ကအမှုတွဲ နောက်ဆုံးအခြေအနေ...

- PDF, ပကဖ အဖွဲ့တွေအားလုံး အမိန့်နာခံမှုအားကောင်းလာအောင် NUG က ဘယ်လိုဆောင်ရွက်နေသလဲ...

- တနှစ်တာအတွင်း တိုးတက်မှုတွေအပေါ် NUG ရဲ့အမြင်...

- လာမယ့်နှစ်ဟာ တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်လို့ ဘာကြောင့်ပြောနိုင်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နော်ဝေနိုင်ငံ အော်စလိုမြို့က နိုဗယ်ငြိမ်းချမ်းရေးစင်တာအကြောင်း တင်ပြချက်ကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, October 6, 2022

“နယ်မြေ ၅၀% ကျော်ဟာ ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေအဖြစ် ရှိနေပြီလို...



“နယ်မြေ ၅၀% ကျော်ဟာ ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေအဖြစ် ရှိနေပြီလို့ပြောလို့ရပါတယ်”
(ဦးနိုင်ထူးအောင်၊ အတွင်းဝန်- ကာကွယ်ရေးဝန်ကြီးဌာန- NUG) 
-----------------------------------------------
(၈- ၁၀- ၂၀၂၂)

“EAO တိုင်းရင်းသားတပ်တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေ အားလုံးကိုပေါင်းမယ်ဆိုရင် တနိုင်ငံလုံးရဲ့ ၅၀% ကျော်ကို တော်လှန်ရေးတပ်တွေဖက်က စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့တဲ့ ခုခံတော်လှန်စစ် တနှစ်တာ အစီရင်ခံစာပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ပထပပိုင်းမှာ...
- ခုခံစစ်တနှစ်တာအတွင်း နယ်မြေ ၅၀% ကျော်ကို တော်လှန်ရေးတပ်တွေဖက်က စိုးမိုးထားနိုင်ပြီဆိုတာ ဘယ်လိုအချက်တွေပေါ်အခြေခံပြောတာလဲ...

- တနှစ်တာအတွင်း ၂ ဖက်ထိခိုက်ကျဆုံးမှုစာရင်း ဘယ်လိုရှိသလဲ...

- ရန်ပုံငွေရရှိမှုနှင့် လက်နက်တပ်ဆင်နိုင်မှုအနေအထား ဘယ်လောက် တိုးတက်လာနေပြီလဲ...

- ယူကရိန်းတော်လှန်ရေးသမားတွေက နိုင်ငံတကာအကူအညီရပြီး မြန်မာ့နွေဦးတော်လှန်ရေးသမားတွေက အကူအညီမရသေးတာ ဘာကြောင့်လဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(PDF, ပကဖ တပ်တွေ အမိန့်နာခံမှုအားနည်းနေတာ ဘာကြောင့်လဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနင်္ဂနွေညမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, October 5, 2022

“ပြောက်ကျားစစ်ကနေ ချေမှုန်းရေးစစ်ကိုသွားနိုင်မှ ရန်သူ့လက်နက် ကိုယ့်လက်နက...



“ပြောက်ကျားစစ်ကနေ ချေမှုန်းရေးစစ်ကိုသွားနိုင်မှ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်လာမယ်”
(ဦးသန်းစိုးနိုင်၊ နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)
------------------------------------------------
(၆- ၁၀- ၂၀၂၂)

“နိုင်ငံတကာက အကူအညီမရသေးခင်၊ အလှူခံငွေသက်သက်နဲ့သွားနေရချိန်မှာ လက်ရှိကျင့်သုံးနေတဲ့ ပြောက်ကျားစစ်ကနေ ချေမှုန်းရေးစစ်ကိုတဆင့်တက်ပြီး ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်လာအောင် လုပ်ဖို့လိုနေတယ်” လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့တဲ့ ခုခံတော်လှန်စစ် တနှစ်တာ အစီရင်ခံစာပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ...
- နိုင်ငံတကာအကူအညီမရသေးပဲနဲ့ အပြန်အလှန်ထိုးစစ် စတင်ဖို့ လွယ်ပါ့မလား...

- ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင်လုပ်ရေးအတွက် ဘာတွေလိုအပ်နေသလဲ...

- ဗိုလ်မှူးချုပ်ဟောင်းတဦး လုပ်ကြံခံရမှုက စကစ ကို တုန်လှုပ်စေသလား...

- သူ ၅၀- ကိုယ် ၅၀ ဖြစ်နေတဲ့အထားကနေ ကိုယ်အသာရလာအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(PDF တပ်တွေရဲ့ တိုက်ပွဲဖေါ်ဆောင်နိုင်မှုအကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ မေးမြန်းချက်ကိုတော့ စနေနေ့မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Tuesday, October 4, 2022

“မြေပြင်မှာ တကယ်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတွေကို ကူညီပေးနိုင်ဖို့ ...



“မြေပြင်မှာ တကယ်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတွေကို ကူညီပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်”
(ဟန်လေး - စစ်အာဏာရှင်ကိုဆန့်ကျင်သော မြန်မာအလှမယ်)

(၄-၁၀-၂၀၂၂)

“စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ရှေ့တန်းစစ်မြေပြင်မှာ အသက်စွန့်တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးသမားတွေကို အတတ်နိုင်ဆုံးကူညီပေးသွားမယ်၊ တော်လှန်ရေး ရန်ပုံငွေရှာဖွေရေးကို ဦးစားပေးလုပ်သွားမယ်” လို့ စစ်အာဏာရှင်ကို ဆန့်ကျင်သော မြန်မာအလှမယ် ဟန်လေးက ပြောပါတယ်။

သူ့နိုင်ငံကူးလက်မှတ်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်တဲ့အတွက် ဘန်ကောက် အပြည်ပြည်လေဆိပ်မှာ ဖမ်းဆီးခံရပြီး ကနေဒါနိုင်ငံကိုရောက်သွားတဲ့ အလှမယ်ဟန်လေးကို ဘာတွေဆက်လုပ်ဖို့စီစဉ်ထားသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အလှမယ်ရွေးပွဲတုန်းက စစ်ကောင်စီကို ဘယ်လိုဆန္ဒပြကန့်ကွက်ခဲ့သလဲ...

- ကနေဒါမှာ ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားသလဲ...

- တော်လှန်ရေးတနှစ်ခွဲကြာလာတဲ့အထိ ကိုယ်နဲ့မဆိုင်သလို နေနေသူတွေကို ဟန်လေးက ဘယ်လိုပြောထားသလဲ...

- ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေးရဲဘော်တွေအတွက် ဟန်လေးရဲ့ အားပေးစကား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အရင်ကြေညာထားတဲ့ စစ်ရေးဝေဖန်သူ ဦးသန်းစိုးနိုင်နဲ့ မေးမြန်းချက် ဒုတိယပိုင်းကိုတော့ ကြာသပတေးနေ့မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, October 2, 2022

စစ်အာဏာရှင်ကို ဆန့်ကျင်သော အလှမယ် ဟန်လေးနှင့် မေးမြန်းချက် (၁)



စစ်အာဏာရှင်ကို ဆန့်ကျင်သော အလှမယ် ဟန်လေးနှင့် မေးမြန်းချက် (၁)
--------------------------------------
(၃-၁၀-၂၀၂၂)

“စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အလှမယ်ရွေးပွဲမှာပြောခဲ့တဲ့အတွက် စစ်ကောင်စီတာဝန်ရှိသူတွေက ဘန်ကောက်လေဆိပ်အထိ လိုက်လာပြီး သူမကို ဖမ်းဆီးဖို့ကြိုးစားခဲ့တာဖြစ်တယ်” လို့ စစ်အာဏာရှင်ကို ဆန့်ကျင်သော မြန်မာအလှမယ် ဟန်လေးကပြောပါတယ်။

သူမရဲ့ နိုင်ငံကူးလက်မှတ်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်တဲ့အတွက် ဘန်ကောက် အပြည်ပြည်လေဆိပ်မှာဖမ်းဆီးခံရမှုအခြေအနေ၊ အဲဒီမှာ ၆ ရက်ကြာနေပြီးနောက် ကနေဒါနိုင်ငံဆီ ရောက်သွားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် အလှမယ်ဟန်လေးက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ပထမပိုင်းမှာ ...
- ကနေဒါကို ဘယ်လိုရောက်လာတာလဲ...

- ဘန်ကောက်လေဆိပ်မှာ စစ်ကောက်စီ ရဲတပ်ဖွဲ့က သူမကို ဖမ်းဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ...

- UNHCR က ဘယ်လိုကာကွယ်ပေးခဲ့သလဲ...

- အလှမယ်ရွေးပွဲတုန်းက ဟန်လေး ဘာတွေပြောခဲ့သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေရေးအတွက် ကနေဒါမှာ ဘယ်လိုဆက်လုပ်မလဲ- ဆိုတဲ့အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Saturday, October 1, 2022

“တနှစ်အတွင်း စစ်ကောင်စီတပ် အင်အား သုံးသောင်းလောက် ရုတ်လျော့သွားတယ်ဆိုတာ ...



“တနှစ်အတွင်း စစ်ကောင်စီတပ် အင်အား သုံးသောင်းလောက် ရုတ်လျော့သွားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်”
(ဦးသန်းစိုးနိုင်၊ နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)
------------------------------------------------
(၁- ၁၀- ၂၀၂၂)

“ခုခံတော်လှန်စစ် တနှစ်တာအတွင်း စစ်ကောင်စီဖက်က နှစ်သောင်းကျော်ကျဆုံးပြီး တသောင်းလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့စာရင်းဟာ ဖြစ်နိုင်ခြေအများကြီးရှိတယ်” လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့တဲ့ ခုခံတော်လှန်စစ် တနှစ်တာအစီရင်ခံစာပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ပထမပိုင်းမှာ...
- စစ်ကောင်စီက ၁၀၀% ထိန်းချုပ်နိုင်တဲ့ နယ်မြေ ၂၀% လောက်ပဲကျန်တယ်ဆိုတာ ဘယ်အချက်တွေပေါ် အခြေခံ တွက်ချက်တာလဲ...

- တနှစ်အတွင်း စစ်ကောင်စီဖက်က နှစ်သောင်းကျော်ကျဆုံးပြီး တသောင်းခန့် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သိပ်များလွန်းမနေဘူးလား...

- PDF တွေအတွက် လက်နက်တပ်ဆင်နိုင်မှုက ၁၅% ပဲရှိသေးတယ်လို့ NUG ကပြောထားချိန်မှာ စကစ ဖက်က ထိခိုက်ကျဆုံး သုံးသောင်းလောက်ဖြစ်နေတာ ဘာကြောင့်လဲ...

- တနှစ်တာအတွင်း EAO နဲ့ PDF တွေကြား ပူးပေါင်းတိုက်ပွဲဝင်နိုင်မှုက အားရစရာ ရှိရဲ့လား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်အရာရှိဟောင်း ဗိုလ်မှူးချုပ်အုန်းသွင် လုပ်ကြံခံရပြီးနောက်ပိုင်း စကစ အတွင်းရေးအခြေအနေ-ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနလာၤညပိုင်းမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More