Monday, September 30, 2024

ချီဖွေမြို့ကို KIA သိမ်းပိုက်... ဘုတလင်တိုက်ပွဲမှာ စစ်သားတွေကို PDF ဖမ်း...


ချီဖွေမြို့ကို KIA သိမ်းပိုက်... ဘုတလင်တိုက်ပွဲမှာ စစ်သားတွေကို PDF ဖမ်းဆီး... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၁- ၁၀- ၂၀၂၄)

ကချင်ပြည်နယ်၊ အထူးဒေသ (၁) က ချီဖွေမြို့ကို KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက မနေ့က သိမ်းပိုက်လိုက်ပြီလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

ချီဖွေကို ၂ ရက်ပဲ ထိုးစစ်ဆင်ပြီး ၂၉ ရက်နေ့မှာ ရဲခစန်း၊ စုပေါင်းဂိတ်နဲ့ ကာကင်းတွေကို သိမ်းပြီးတဲ့နောက် နောက်ဆုံးကျန်နေတဲ့ ဗျုဟာကုန်းကို မနေ့က  သိမ်းလိုက်ပြီဖြစ်တယ်။ ဒါကြောင့် ချီဖွေ တမြို့လုံး လွတ်မြောက်သွားပြီလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြကြပါတယ်။

ဗျုဟာကုန်း သိမ်းပိုက်မှုမှာ စစ်ကောင်စီဖက်က အကျအဆုံးများပြီး ဗျုဟာမှူး အပါအဝင် လက်ရ ဖမ်းမိသူတွေလည်း ရှိတယ်လို့ ဖေါ်ပြနေကြပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့ အသေးစိပ် မပြောပါဘူး။

ချီဖွေကို သိမ်းအပြီးမှာ ဆော့လော်မြို့ကို သိမ်းနိုင်ရေး KIA က ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- လားရှိုးမြို့ကို စစ်ကောင်စီ လေတပ်က ဗုံးထပ်ကြဲတဲ့အတွက် အရပ်သားတဦး အပြင်းအထန် ဒဏ်ရာရပြီး နေအိမ်အချို့ပျက်စီး...

- လားရှိုးကို လေကြောင်းကနေ ဗုံးကြဲနေတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်ဆင်ပါ ဆောင်ရွက်နိုင်ရေးအတွက် မိုးရယ်ကနေ စစ်ပြင်နေတယ်လို့ ဒေသတွင်း မီယာတွေက ဖေါ်ပြ...

- ဘုတလင် မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က အကျအဆုံးများပြီး လက်ရဖမ်းမိတာ၊ လက်နက်သိမ်းမိတာတွေရှိ...

- ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးသူတွေကို ထိထိရောက်ရောက်  အရေးယူမယ်လို့ ‘ချင်းညီနောင်’ အဖွဲ့က သတိပေးချက် ထုတ်ပြန်...

- လွိုင်ကော်မြို့က စစ်သားတဦး လက်နက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ Loikaw Local Pdf က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

Sunday, September 29, 2024

“မြန်မာအချင်းချင်း တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရတာမျိုးလည်း ရှိလာနေပါတယ်”


“မြန်မာအချင်းချင်း တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရတာမျိုးလည်း ရှိလာနေပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED)

(၂၉ - ၉ -၂၀၂၄)

“ထိုင်း နိုင်ငံအတွင်း မြန်မာအလုပ်သမားတွေ အဖမ်းခံရတာ၊ အလုပ်ခွင်တွေ အပိတ်ခံရတာတွေဟာ အိမ်ရှင်ထိုင်းနိုင်ငံသားတွေက သတင်းပေးတိုင်ကြားတာအပြင် မြန်မာအချင်းချင်းကြား မနာလိုစိတ်နဲ့ တိုင်ကြားမှုတွေကြောင့် ဖမ်းဆီးခံရတာတွေလည်း ရှိလာနေတယ်။ အချင်းချင်းလေးစားဖို့၊ ထိုင်း ဥပဒေတွေကို လေးစားဖို့လိုတယ်” လို့  ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

ထိုင်းရောက် မြန်မာတွေ ဖမ်းဆီးခံရမှုတိုးလာနေတာ၊ ကျောင်းတွေ- အလုပ်ခွင့်တွေ ပိတ်ပင်ခံရမှုတိုးလာနေတာ ...စတဲ့ အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- နားလည်မှုနဲ့ဖွင့်ထားတဲ့ ကျောင်းတွေ၊ အလုပ်ခွင်တွေကို ဘာကြောင့် အွန်လိုင်းပေါ်တင်ပြီး ကြော်ညာနေကြတာလဲ...

- ထိုင်းရဲ့တင်းကျပ်မှုက အလုပ်သမားတွေအပြင် နိုင်ငံရေးတက်ကြွသူတွေကိုပါ အနှောက်အယှက်ဖြစ်စေသလား...

- ဒီလို အကျပ်အတည်းကြားမှာ ကွန်ဒိုမီနီယံ ဝယ်သူတွေထဲ ထိုင်းရောက်မြန်မာတွေက ထိပ်ဆုံးမှာရှိတယ်ဆိုတာက တကယ်လား...

- အဖမ်းအဆီးတွေ သက်သာအောင် ဘာတွေကိုရှောင်ပြီး ဘာတွေကို ဆောင်ထားသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Saturday, September 28, 2024

ဗန်းမော်နဲ့ မိုးမောက်မှာ တိုက်ပွဲ ပြင်းထန်... လားရှိုးကို စစ်တပ်က ဗုံးထပ...


ဗန်းမော်နဲ့ မိုးမောက်မှာ တိုက်ပွဲ ပြင်းထန်... လားရှိုးကို စစ်တပ်က ဗုံးထပ်ကြဲ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ …

(၂၉  -၉ -၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မိုးမောက် ကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ ခမရ(၄၃၇) တပ်ရင်းကို ပြန်ရချင်လို့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနဲ့ အပြင်းအထန် တိုက်နေတာလို့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

တချိန်တည်းမှာပဲ ကျောက်စိမ်းမြေ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးက ပြောပါတယ်။

တဖက်မှာ တိုက်ပွဲပြင်းထန်နေပေမယ့် တဖက်မှာတော့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အပေါ် သဘောထား မေးတဲ့အခါမှာတော့ KIO ဗဟိုက ဒီကိစ္စကို ဆွေးနွေးတာ မရှိသေးဘူးလို့ ဗိုလ်မှူးကြီးက ပြောပြပါတယ်။

KIO ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ကတော့ … “စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ဟာ နည်းလမ်းမမှန်ဘူး … ဆွေးနွေးဖို့ ပြောတာထက် အာဏာသိမ်းတာကို ထုချေလွှာတင်တာနဲ့ မကြာခင် သန်းခေါင်စာရင်းကောက်မယ်ဆိုတာကို အသိပေးတာက အဓိက  ဖြစ်နေတယ်” လို့ ဝေဖန်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- MNDAA- ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၂၈၊ ည ၈ နာရီခွဲခန့်မှာ ၉ ကြိမ်မြောက်အဖြစ် စစ်တပ်က ဗုံးထပ်ကြဲ...

- တင်္နသာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာမှာ နှစ် ၄၀ ကျော် အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်သားတွေဟာ စက်တင်ဘာ ၂၅ မှာ စခန်းစွန့်ခွာ ထွက်ပြေးသွား...

- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မ ရဲစန်းက ရဲတပ်သား ထူးကြီး G3 တလက်နဲ့ အတူ အလင်းဝင်လာတဲ့အတွက် ဂုဏ်ပြု ဆုငွေ ချီးမြှင့်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

“တပ်တွင်းစည်းရုံးရေးနဲ့ တရုတ်ဖိအားလျော့ကျရေးအတွက် ဟန်ပြ ကမ်းလှမ်းမှုလုပ်...


“တပ်တွင်းစည်းရုံးရေးနဲ့ တရုတ်ဖိအားလျော့ကျရေးအတွက် ဟန်ပြ ကမ်းလှမ်းမှုလုပ်တာပါ”

- ဗိုလ်ကြီးဟောင်းနေမျိုးဇင် (ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေး ဆောင်ရွက်သူ)

(၂၈- ၉ -၂၀၂၄)

“ERO တွေ၊ PDF တွေ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းနဲ့ဆွေးနွေးပါဆိုတဲ့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ တကယ်ဆွေးနွေးချင်လို့ ခေါ်တာမဟုတ်ပဲ တိုက်ပွဲမှာ ရှုံးနေတဲ့ အောက်ခြေတပ်သားတွေကို စည်းရုံးဖို့နဲ့ တရုတ်ဖိအားပေးတာကို လျော့ချနိုင်ဖို့အတွက် ဟန်ပြ ကမ်းလှမ်းမှုသာဖြစ်တယ်” လို့ လွတ်မြောက်နယ်မြေရောက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်၊ အထူးသဖြင့် တဖက်မှာ ဒီလိုကမ်းလှမ်း- အခြားတဖက်မှာ လေကြောင်းတိုက်ခိုက်မှု တိုးလုပ်လာနေတဲ့ စစ်ကောင်စီရဲ့ အတွင်းစိတ်ဓတ်အခြေအနေ အကြောင်း...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီက ဒီအချိန်မှာ ဘာကြောင့် ဆွေးနွေးရေးကမ်းလှမ်းချက် ထုတ်တာလဲ...

- လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံသုံးလာခြင်းဟာ စစ်ကောင်စီရဲ့ အားသာချက်လား... ဒါမှမဟုတ် နောက်ဆုံးနည်းကို သုံနေရတာမျိုးလား...

- စစ်တပ်တွင်း အခြေအနေက ဘယ်လောက်အထိ ပျက်စီးယိုယွင်းနေသလဲ...

- ဘက်ပြောင်းသူတွေကို လက်ခံရေးအတွက် တော်လှန်ရေးအင်အားစုတွေက ဘယ်လောက်အထိ ပြင်ဆင်ထားသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Friday, September 27, 2024

“တော်လှန်ရေးအင်အားစု အချင်းချင်းကြား သွေးခွဲဖို့နဲ့ နိုင်ငံတကာကို လှည့်စ...


“တော်လှန်ရေးအင်အားစု အချင်းချင်းကြား သွေးခွဲဖို့နဲ့ နိုင်ငံတကာကို လှည့်စားဖို့ ဆောင်ရွက်ချက်တခုသာဖြစ်တယ်” ... စစ်ကောင်စီရဲ့ လှည့်စားချက်အပေါ် တော်လှန်ရေးအင်အားစုတွေရဲ့ တုန့်ပြန်ချက်များ...

(၂၈- ၉ -၂၀၂၄)

“လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးနည်းနဲ့ဆွေးနွေးပါ- ဆိုတဲ့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ တော်လှန်ရေးအင်အားစုအချင်းချင်းကြား သွေးခွဲဖို့နဲ့ နိုင်ငံတကာကို လှည့်စားဖို့ ဆောင်ရွက်ချက်တခုသာဖြစ်တယ်” လို့ အမျိုးသားညီညွန်ရေးအစိုးရ -NUG- ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောပါတယ်။

PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရ လွေးယေဦးကတော့ စစ်ကောင်စီဟာ စစ်ရေး-နိုင်ငံရေး အကြပ်အတည်းတွေ့လာတဲ့အတွက် အခုလို ဟန်ပြဆွေးနွေးရေးပြောလာတာသာဖြစ်ပြီး အရင်ဆွေးနွေးခဲ့ဖူးတဲ့ ERO တွေအားလုံး ငြိမ်းချမ်းရေးမရပဲ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းတာကိုသာ ခံခဲ့ရတယ်လို့ ထောက်ပြပါတယ်။

ကရင့်အမျိုးသားအစည်းအရုံး- KNU- ပြောခွင့်ရ ပဒိုစောတောနီးကတော့ ၂၀၀၈ အောက်ကနေ အရင်ပုံစံအတိုင်း ကမ်းလှမ်းချက်ဟာ ဘာမှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ တကယ်ပဲ ဆွေးနွေးချင်တယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေဖက်က တောင်းဆိုထားတဲ့အတိုင်း စစ်တပ် နိုင်ငံရေးက ထွက်ပါ၊ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံပါ- အဲလိုလုပ်ပြမှ ဆွေးနွေးပွဲတွေကို လက်ခံစဉ်းစားနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

... စတဲ့... စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်အပေါ် NUG နဲ့ ERO အဖွဲ့အချို့ရဲ့ တုန့်ပြန်ချက်ကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

“၂၀၀၈ အထိုင်အောက်ကနေ အရင်ပုံစံနဲ့ ကမ်းလှမ်းနေလို့ အလုပ်မဖြစ်ဘူးလေ”


“၂၀၀၈ အထိုင်အောက်ကနေ အရင်ပုံစံနဲ့ ကမ်းလှမ်းနေလို့ အလုပ်မဖြစ်ဘူးလေ” - ပဒိုစောတောနီ (ပြောခွင့်ရပုဂ္ဂိုလ် - KNU) (၂၇- ၉ -၂၀၂၄) “၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ အရင်ပုံစံအတိုင်း ကမ်းလှမ်းနေရင် အရင်ပုံစံအတိုင်းပဲ စစ်အာဏာသိမ်းမှု ထပ်ကာထပ်ကာဖြစ်နေလိမ့်မယ်။ စစ်အာဏာရှင်အပါဝင် ဘယ်အာဏာရှင်မျိုးမှ မပေါ်ပေါက်နိုင်အောင် ဒီတော်လှန်ရေးကို ဆင်နွဲနေတာဖြစ်တယ်။ ဒါကို ကမ္ဘာက နားလည်ဖို့လိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။ ERO တွေ၊ PDF တွေ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးဆွေးနွေးပါ၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပါဆိုပြီး စစ်ကောင်စီက မနေ့က ကမ်းလှမ်းချက်ထုတ်ပြန်တဲ့ အပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်က အရင်ခေတ် ဆွေးနွေးပွဲတွေဆီ ပြန်သွားချင်တာလား... - ဆွေးနွေးပွဲမလုပ်ခင် စစ်တပ် နိုင်ငံရေးကထွက်ရမယ်အပါဝင် တော်လှန်ရေးအင်အားစုတွေရဲ့ အခြေခံသတ်မှတ်ချက်က ဘာတွေလဲ... - လက်ရှိအခြေအနေကို လူထုက နားလည်ပေမယ့် အိမ်နီးချင်းနိုင်ငံအချိုု့က နားမလည်တာ၊ နားမလည်ချင် ဟန်ဆောင်နေတာကို ဘယ်လို ရှင်းပြသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အခြား ERO တွေ၊ PDF တွေရဲ့ တုန့်ပြန်ချက်တွေကိုလည်း ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)

သီပေါက တပ်ရင်း ၂ ခုကို TNLA သိမ်းပိုက်... အမ်းမြို့က စစ်တပ်စခန်းကို AA တ...


သီပေါက တပ်ရင်း ၂ ခုကို TNLA သိမ်းပိုက်... အမ်းမြို့က စစ်တပ်စခန်းကို AA တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၈- ၉ -၂၀၂၄)

ရှမ်းမြောက်ဒေသ သီပေါအခြေစိုက် ခမရ-၅၀၃ နဲ့ ၅၀၄ ကို TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

တိုက်ပွဲတွေ လနဲ့ချီပြင်းထန်ပြီးတဲ့နောက် ၂၆ ရက်နေ့မှာ ၅၀၃ ကိုသိမ်းမိတယ်၊ ၂၇ မနက်ပိုင်းမှာတော့ ၅၀၄ ကိုပါ သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ စစ်ဖက်သတင်းရပ်ကွက်တွေကို ကိုးကားဖေါ်ပြပါတယ်။ ဒါကြောင့် သီပေါမှာ ခလရ ၂၃ တခုပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် TNLA ပြောခွင့်ရ လွေးယေဦးကတော့ တိုက်ပွဲတွေပြင်းထန်နေတာမှန်ပေမယ့် တပ်ရင်း ၂ ခုစလုံးသိမ်းနိုင်တယ်ဆိုတဲ့သတင်း အတည်ပြုချက်မရသေးဘူးလို့ BNN ကို ပြောပါတယ်။

အခုဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုချက်အပေါ်မှာတော့ အယုံအကြည့်မရှိဘူးလို့ လွေးယေဦးက ပြောပါတယ်။ စစ်ကောင်စီဖက်က အခြေအနေမကောင်းလို့ လှည့်ကွက်ထွင်တာသာဖြစ်ပြီး အရင်က ဆွေးနွေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးမရတဲ့အပြင် ပြည်သူ့စစ်ဘ၀ အပြောင်းခံလိုက်ရတာက သက်သေအဖြစ် ရှိနေပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင်...

-  ငြိမ်းချမ်းရေးကမ်းလှမ်းပြီး နာရီပိုင်းအတွင်းမှာတင် MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရ...

- ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို စစ်ကောင်စီ လေတပ်က စက်တင်ဘာ၂၇၊ ညနေပိုင်း ၄ နာရီခွဲခန့်မှာ ဗုံးထပ်လာကြဲသွား...

- ရခိုင်ဖက်မှာတော့ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာဖက်မှာ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းတွေရဲ့ စုပေါင်းအင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းနဲ့ AA အာရက္ခတပ်တော် စက်တင်ဘာ (၂၆) မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က အလောင်း (၅) လောင်းနဲ့  လက်နက်ခဲယမ်းတွေ သိမ်းမိတယ်လို့ AA က သတင်းထုတ်ပြန်...

- မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ပျု နဲ့ စစ်သား ၃ ဦးသေ၊ အချို့ဒဏ်ရာရ၊ ခဲယမ်းအချို့ သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Thursday, September 26, 2024

နိုင်ငံရေးနည်းလမ်းဖြစ်ဖြေရှင်းရန် EAO-နဲ့ PDF ကို စစ်ကောင်စီ ဖိတ်ခေါ်ဟုဆ...


နိုင်ငံရေးနည်းလမ်းဖြစ်ဖြေရှင်းရန် EAO-နဲ့ PDF ကို စစ်ကောင်စီ ဖိတ်ခေါ်ဟုဆို... အပါဝင် ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၇- ၉ -၂၀၂၄)

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့တွက် ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါဝင် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၅ ဦးပြင်းထန်စွာဒဏ်ရာရတယ်လို့ ဒေသတွင်း မီဒီယာ Western News က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၂၆ ရက်၊ မနက် ၈ နာရီခန့်မှာ ဂျက်ဖိုက်တာက မြို့တော်ခန်းမနဲ့ ဌာနဆိုင်ရာရုံးတွေ၊ မြို့လယ်နေရာတွေကို ဗုံးကြဲတဲ့အတွက် အခုလို အသေပျောက်များရတာလို့ ဒေသခံတွေကပြောပါတယ်။

အလားတူ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကိုလည်း စက်တင်ဘာ ၂၅ မှာ စစ်တပ်က ဗုံးကြဲတဲ့အတွက် ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိတယ်လို့ ဖေါ်ပြပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ရွာမကျေးရွာကို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးခဲ့ရပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီးဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသရှိ လားရှိုးနဲ့ သီပေါကို စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲပြီးနောက် အခု ရခိုင်ဖက်ကိုပါ ဗုံးကြဲလာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်၊ ရှားလွင်ကျေးရွာကို စစ်ကောင်စီတိုက်လေယာဉ် မနေ့ည ၇ နာရီခန့်မှာ ဗုံးကြဲသွားတယ်။ စက်တင်ဘာ ၂၅၊ ည ၁၀ နာရီခွဲက ဗုံးကြဲလို့ အရပ်သား ၃ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း အပြင်းထန်ဒဏ်ရာရနေချိန်မှာ နောက်ထပ် ဆက်တိုက် ဗုံးကြဲတာဖြစ်ပါတယ်...

- မကွေးတိုင်း၊ ရေစကြိုမြို့မှာတော့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းက ကင်းသမားကို လက်နက်နဲ့အတူ အရှင်ဖမ်းမိ...

- ကချင်ပြည်နယ်၊ မိုးမောက်မှာတော့ စစ်ကောင်စီတပ်နဲ့ KIA - တို့ကြား တိုက်ပွဲပြင်းထန်နေ...

- EAO- တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ PDF - ပြည်သူ့ ကာကွယ်ရေးတပ်တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်င်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းတယ်လို့ စစ်ကောင်စီက ကြေညာချက်ထုတ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

Wednesday, September 25, 2024

သီပေါမှာ တိုက်ပွဲပြင်းထန်... ကရင်နီမှာ စစ်ရေး တင်းမာ... ၁၀၂၇ ဒုတိယလှိုင်...


သီပေါမှာ တိုက်ပွဲပြင်းထန်... ကရင်နီမှာ စစ်ရေး တင်းမာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၂၆- ၉ -၂၀၂၄)

ရှမ်းမြောက်ဒေသ၊ သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေယာဉ်တွေသုံးပြီး ခုခံနေတယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

သီပေါရှိ ခမရ-၅၀၃၊ ၅၀၄ နဲ့ ခလရ ၂၃ နေရာတွေမှာ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဖက်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ် …. Y-12 လေယာဉ်နဲ့ ခဲယမ်း- ရိက္ခာတွေ ချပေးနေတယ်လို့ စစ်ဖက် သတင်းရပ်ကွက်ကို ကိုးကားဖေါ်ပြပါတယ်။

စက်တင်ဘာ ၁၄ က စပြီး တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေတဲ့အတွက် စစ်ကောင်စီ တပ်တွေမှာ ခဲယမ်း-ရိက္ခာ ပြတ်လပ်လာတဲ့သဘောရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ TNLA ဖက်တော့ ဒီနေ့ တိုက်ပွဲသတင်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒါ့အပြင်...

- MNDAA - (ကိုးကန့်တပ်) ထိန်းချုပ်ထားတဲ့ လားရှိုးကို စစ်ကောင်စီက ၆ ကြိမ်မြောက်အဖြစ် ဗုံး ထပ်ကြဲ...

- တောင်ကုတ်မြို့နယ်၊ ရွာမ ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ...

- ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို ကားလမ်းပေါ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု တိုးလာနေ...

- ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်ရောက် တိုက်ခိုက်...

- ဟားခါးမြို့မှာ CDM မလုပ်ပဲ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်နေတဲ့ Non-CDM ဝန်ထမ်းတွကို စစ်ကောင်စီနဲ့ တန်းတူ သဘောထားပြီး တိုက်ခိုက်သွားမယ်လို့ CDF – Hakha သတိပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

“ထိုင်းဖက်က စည်းကမ်းတင်းကျပ်လာအောင် ကျနော်တို့ကိုယ်တိုင်က တောင်းဆိုသလိုဖ...


“ထိုင်းဖက်က စည်းကမ်းတင်းကျပ်လာအောင် ကျနော်တို့ကိုယ်တိုင်က တောင်းဆိုသလိုဖြစ်နေတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED)

(၂၅- ၉ -၂၀၂၄)

“ထိုင်း အာဏာပိုင်တွေဖက်က စည်းကမ်းတင်းကျပ်မှုလုပ်လာအောင် ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုယ်တိုင်က တောင်းဆိုသလိုဖြစ်နေတယ်။ စည်းကမ်းလိုက်နာပြီး ထိုင်း လူ့အဖွဲ့အစည်းနဲ့ အဆင်ပြေအောင် နေထိုင်ကျင့်ကြံဖို့လိုတယ်” လို့ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

အခုတလော ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရမှုတိုးလာနေတာ၊ ထိုင်း လူနည်းစုက ဘန်ကောက် သံရုံးရှေ့ ဆန္ဒပြတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- ထိုင်းဖက်က ဆန္ဒပြတာ၊ လတ်တလောဖမ်းဆီးမှုတွေရဲ့ နောက်ဆုံးအခြေအနေ...

- မြန်မာအလုပ်သမားတွေဟာ လုပ်ခွင့်ရှိတဲ့အလုပ်နဲ့ လုပ်ခွင့်မရှိတဲ့အလုပ်ကို ခွဲခြား မသိတာကြောင့် အဖမ်းခံနေရတာလား...

- မြန်မာစာသင်ကျောင်းတွေ ဖမ်းဆီး-တားဆီး ခံနေရတဲ့အခြေအနေကော ဘယ်လိုရှိသလဲ...

- ဒီလိုပြသာနာတွေကြားမှာ ကွန်ဒိုမီနီယံ ဝယ်နိုင်သူတွေက ဘယ်သူတွေလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဖမ်းဆီးမှုသက်သာအောင်၊ ပြသာနာတွေနည်းသွားအောင် ဆောင်ရန်-ရှောင်ရန်တွေက ဘာတွေဖြစ်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

Tuesday, September 24, 2024

လားရှိုးနှင့် သိပေါကို စစ်တပ်က ဗုံးကြဲ... တန့်ဆည်နဲ့ ရေစကြိုက ပျု စခန်းတ...


လားရှိုးနှင့် သိပေါကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်... တန့်ဆည်နဲ့ ရေစကြိုက ပျု စခန်းတွေကို PDF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ...

(၂၄ - စက်တင်ဘာ- ၂၀၂၄)

မြေပြင်တိုက်ပွဲ မရှိပဲ ငြိမ်းချမ်းနေတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတဲ့အတွက် အရပ်သား ၁ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရပြီး အဆောက်ဦတွေ မီးလောင်ပျက်စီးတယ်လို့ MNDAA- မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်) က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၄၊ မနက် အစောပိုင်း တနာခွဲခန့်မှာ စစ်ကောင်စီ တိုက်လေယာဉ်က လားရှိုးမြို့ ရပ်ကွက် (၂) ဈေးနဲ့ ဖူလီလိုက် ဟိုတယ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်ရာမှာ အရပ်သား ၉ ဦး ဒဏ်ရာရတယ် …

မနက် ၄ နာရီမှာ တိုက်လေယာဉ် ထပ်ရောက်လာပြီး ဖူလီလိုက် ဟိုတယ် နောက်ဘက်ရှိ လူနေရပ်ကွက်ကို ပစ်မှတ်ထား ဗုံးကြဲရာမှာ အရပ်သားတဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ် … ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ ဆိုပါတယ်။

လားရှိုးကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း ဒါဟာ စစ်ကောင်စီရဲ့  ၅ ကြိမ်မြောက်  လေကြောင်း တိုက်ခိုက်မှုဖြစ်ပါတယ်။ အရင်တိုက်ခိုက်မှုနဲ့ မတူတာက ပေါင် ၅၀၀ ဗုံးတွေကို လူနေထူထပ်တဲ့ ဈေးတွေ၊ ဟိုတယ်တွေထဲ ကြဲသွားတာဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

ဒါဟာ အပစ်ရပ်စဲရေးအတွက် ကြားဝင်ပေးဖို့ တရုတ်ကို MNDAA ဖက်က တောင်းဆိုပြီးနောက်ပိုင်း စစ်ကောင်စီဖက်က တုန့်ပြန်ချက်လည်းဖြစ်ပါတယ်။

ဒါ့အပြင်...

- သီပေါမြို့နယ် နားလွယ် ကျေးရွာကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲလို့ အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရ...

- တရုတ်-မြန်မာနယ်စပ် မူဆယ်မှာ မနေ့ကဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့စစ် ပစ်ခတ်မှုမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ ၅၀၀ ကျော် ဖမ်းမိပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၈၀ ကျော်ကို တရုတ်ဘက် လွဲပေးဖို့ ပြင်နေ...

- မိုးမောက်မြို့ ၇ မိုင် ဝန်းကျင်မှာ စစ်ကောင်စီနဲ့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် တိုက်ပွဲ ပြန်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်နေ...

- စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲ ရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး စခန်း... မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ ပျုစောထီးနဲ့ စစ်သားစခန်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

Monday, September 23, 2024

မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် တိုက်ပွဲဖြစ်... သီပေါက တရုတ်ပိုက်လိ...


မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် တိုက်ပွဲဖြစ်... သီပေါက တရုတ်ပိုက်လိုင်းအနီးကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂၄- ၉ -၂၀၂၄)

တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့စစ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်း မီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

စက်တင်ဘာ ၂၃၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပစ်ခတ်မှု စတင်ဖြစ်ပြီး မင်္ဂလာ မူဆယ် အိမ်ယာထဲရှိ ကျားဖြန့် ရုံတွေထဲကို စစ်တပ်က ဝင်လာတဲ့အတွက် ပြည်သူ့စစ် အဖွဲ့တွေက ပြန်ပစ်တာလို့ဆိုပါတယ်။

ညနေပိုင်းအထိ ပစ်ခတ်မှု ရှိနေဆဲဖြစ်ပြီး ဒေသခံအချို့လည်း ထွက်ပြေးနေကြတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- သီပေါ မြို့ရှိ ခလရ-၂၃ တပ် ဝန်းကျင်မှာ စစ်ကောင်စီနဲ့ TNLA- တအာင်းတပ်တို့ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတလုံးဟာ တရုတ်ပိုက်လိုင်းခွဲ ရုံဘေးနားကို ကျရောက်ပေါက်ကွဲ...

- ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA- တို့ အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြစ်ကြီးနားကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ...

- ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီသဘောၤအုပ်စု ၂၁ စီးကို ဆားလင်းကြီးမြိုနယ် တနေရာမှာ တော်လှန်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်...

- ဂန့်ဂေါခရိုင် အမှတ် (၁၈) PDF တပ်ရင်းဆီကို ထီးလင်းက စစ်ကောင်စီ တပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

“MNDAA က အပစ်ရပ်ပေမယ့် ရှမ်း-မန်း စစ်ဆင်ရေးက ဆက်ပြီး အရှိန်ကောင်းနေမှာပါ”


“MNDAA က အပစ်ရပ်ပေမယ့် ရှမ်း-မန်း စစ်ဆင်ရေးက ဆက်ပြီး အရှိန်ကောင်းနေမှာပါ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၃- ၉ -၂၀၂၄)

“တရုတ်ရဲ့ ဖိအားပေးမှုကြောင့် MNDAA က အပစ်ရပ်မယ်လို့ကြေညာလိုက်ရပေမယ့် TNLA, AA အပါဝင် ERO တွေ၊ PDF တွေက ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်တဲ့အတွက် ရှမ်း-မန်း စစ်ဆင်ရေးအပါဝင် နွေဦးစစ်ဆင်ရေးတွေ ဆက်ပြီးအရှိန်ကောင်းနေမှာဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်ခဲ့တဲ့ MNDAA - မြန်မာအမျိုးသားများဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်) ရဲ့ အပစ်ရပ်ရေးအတွက် တရုတ်ကို အကူညီတာင်းဆိုတာ၊ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် ထင်မြင်ချက် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွင့်မယ့် မေးမြန်းချက်ထဲမှာ...

- MNDAA က ဘာကြောင့် ဒီလို ကြေညာချက် ထုတ်ရတာလဲ...

- ဒီကြေညာချက်ကြောင့် ERO နဲ့ PDF တွေရဲ့ စစ်ရေးလှုပ်ရှား အားလျော့ကျသွားနိုင်သလား...

- ဒီအခြေအနေမှာ NUG နဲ့ ERO ခေါင်းဆောင်ပိုင်းတွေက တရုတ်ခေါင်းဆောင်ပိုင်းကို ဘယ်လို ချည်းကပ်စည်းရုံးသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။)

Sunday, September 22, 2024

ရွှေကုက္ကူမှာ ကျားဖြန့်လုပ်ငန်း ရှိနေဆဲလား


ရွှေကုက္ကူမှာ ကျားဖြန့်လုပ်ငန်း ရှိနေဆဲလား

(၂၂- ၉ -၂၀၂၄)

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးက ရွှေကုက္ကူမြို့မှာ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်နေတယ်၊ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့နေတယ်လို့ သတင်းတွေထွက်နေပေမယ့် လက်တွေ့မှာတော့ အဆောက်ဦအသစ်တွေ တိုးချဲ့ဆောက်လုပ်နေတာကို မြင်နေရပါတယ်။

အွန်လိုင်းပေါ်ကသတင်းတွေနဲ့ မြေပြင်အခြေအနေ ဘယ်လိုကွာခြားနေသလဲ...၊ ရွှေကုက္ကူမြို့အနီးရောက်ရှိခဲ့တဲ့ BNN သတင်းထောက်က ထိုင်း-မြန်မာနယ်စပ်ကက သတင်းပေးပို့ထားပါတယ်...။

(သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း 
ကြည့်ရှုနိုင်ပါသည်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။)

 သြစတေလျသို့ ခရီးသွားခြင်း (သို့) ထင်ရှုးတောမှ ယူကလစ် တောဆီသို့...

ထက်အောင်ကျော်

(၂၂- ၉ -၂၀၂၄)

(၁)- ခရီးသွားဖို့ ဘာကြောင့်လိုအပ်သလဲ

သြစတေလျခရီးစဉ်အကြောင်း မပြောခင် လူတွေ ဘာကြောင့် ခရီးသွားဖို့လိုအပ်သလဲ...။ အထူးသဖြင့် အနောက်ကမ္ဘာက လူသားတွေဟာ တနှစ်မှာ တလ ဟောလီးဒေးယူပြီး ခရီးသွားနေကြတာ ဘာကြောင့်လဲ၊ ဘယ်လို အကျိုးရလာဒ်တွေရှိနေလို့လဲ... ဒီအကြောင်းကို အရင်ဆုံး ဆွေးနွေးချင်ပါတယ်။

ကြားဖူးနား၀ အချက်အလက်တွေအရ တနှစ်မှာ တလအနားယူပြီး ခရီးသွားခြင်းဟာ တနှစ်စာ ပင်ပန်းထားသမျှကို တလအတွင်း ပြန်ပြေစေတယ်။ တလလောက်နားပြီးတာနဲ့ လုပ်ငန်းခွင်ထဲ ပြန်ဝင်စိတ်ပေါ်လာတယ်။ စိတ်သစ် -ခွန်အားသစ်နဲ့ လုပ်ငန်းတွေကို ကောင်းမွန်စွာ ပြန်လုပ်နိုင်အောင် တွန်းအားဖြစ်စေတယ်... ဒီလို ဆိုကြပါတယ်။

စာရေးသူ ကိုယ်တိုင်လည်း အဲလို ခံစားမိပါတယ်။ နော်ဝေအပါဝင် အနောက်နိုင်ငံအတော်များများမှာ တရက်ကို ၈ နာရီအလုပ်လုပ်၊ တပတ်မှာ ၅ ရက်လုပ်၊ ၇ ရက်အတွက် ၃၈ နာရီ ဝန်းကျင်ပေါ့- ဒီလို ရှိပါတယ်။

အဲဒီလို ၁၁ လ လုပ်ပြီးတခါ လစာအပြည့်နဲ့ ၁ လ (သီတင်း ၄ ပတ်) ဟာလီးဒေးယူခွင့်ရှိပါတယ်။ အဲဒီတလအတွက် လစာအပြည့်ရနေတဲ့အပြင် နွေရာသီအစ (ဒီမှာက ဇွန်-ဇူလိုင်-သြဂုတ် ဟာ နွေရာသီဖြစ်ပါတယ်) ဇွန်လအစောပိုင်းမှာ ဟာလီးဒေး မန်းနီးဆိုပြီး တလစာရဲ့ အခွန်မဖြတ်တဲ့ လစာနဲ့ တနှစ်စာ အခွန်ဖြတ်ထားတဲ့ထဲက အပိုငွေတွေကို အစိုးရက အလုပ်သမား ဘဏ်ထဲ ပြန်ထည့်ပေးပါတယ်။

ဆိုတော့ လစာလည်း ပုံမှန်ရနေမယ်။ ဟောလီးဒေးမန်းနီးကလည်း တလစာနီးနီး

သို့မဟုတ် လစာရဲ့ တဝက်လောက်ရမယ်ဆိုတော့ ခရီးသွားပျော်တာပေါ့။ ဘာပူ

စရာလိုမလဲ... တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ တနှစ်မှာ ၁၁ လ ဆင်းရဲသားဖြစ်ပြီး ၁ လတာ သူဌေး ဖြစ်ခွင့်ပေးထားတဲ့ စနစ်တခုလို့ ဆိုချင်ပါတယ်။

ဒါက ပါ့မင်းနင်းအလုပ်၊ ၁၀၀% အလုပ်ရထားတဲ့သူတွေကို ဆိုလိုတာပါ။

နေ့စားအလုပ်တွေ- အချိန်ပိုင်းအလုပ်တွေကတော့ ဒီလို အခွင့်အရေး မရနိုင်ပါ။

ဒါဖြင့် စာရေးသူက အွန်လိုင်းမှာလုပ်နေပြီး ဆိုရှယ်မီဒီယာပိုင်ရှင်တွေ ချွေ့သမျှ (ကြင်နာသမျှ) သာရနေတာဆိုတော့ ဘယ်လို ဟောလီးဒေး မန်းနီးရသလဲ...

ရှုး- တိုးတိုး... ခရက်ဒစ် ကတ် အားကိုးနဲ့ မိုက်နေတာပေါ့...။ တလစာ နင်းကန်သုံးပြီး တနှစ်စာ သေအပ် ပြန်ဆပ်ရတဲ့ ဘဝပေါ့...။

---


(၂)- သြစတေလျခရီးစဉ် ဘာတွေထူးသလဲ...


တကယ့်ဇတ်လမ်းက အခုမှ စမှာ...။ ရှေ့က နိဒါန်းကတော့ အနောက်ကမ္ဘာက လူတွေ

ထိုင်းမှာလာပြီး ကဲနေကြတာ ဘာကြေင့်လဲ၊ သူထိန်းတွေလား ဆိုပြီး ထင်နေမှာစိုးလို့- ၁၁ လကျွန်ခံပြီး တလတာ သူဌေးလို စံနေကြောင်း တင်ပြလိုခြင်းသာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၅၄ မြို့ ဘုရားဖူးဆိုတာ ဟိုး... စာရေးသူတို့ ငယ်ငယ်ကတည်းက ရှိတာပါပဲ။ တရက်အလုပ်ချိန်တွေ၊ နာရီ ၄၀ တွေ၊ ဟောလီးဒေးမန်းနီးတွေတော့ တခါမှ မကြားဖူးပါဘူး။ အခုထိလည်း မရှိသေးဘူးထင်ပါတယ်။

ကဲ... သြစီအကြောင်း စပြောပါတော့မယ်။ ကိုဗစ်ကာလ၊ အာဏာသိမ်းကာလကတည်းက ခရီးမသွားဖြစ်တာ ၃ နှစ်ကျော် ၄ နှစ်လောက်ရှိနေပြီဆိုတော့... ဒီနှစ်တော့

တနေရာရာ သွားမှဖြစ်တယ်တော့မယ်လို့ စဉ်းစားမိပါတယ်။

ထိုင်းကို ရောက်တာများနေပြီ၊ မြန်မာကလည်း ပြန်လို့မရသေး။ ဒီတော့ တခါမှ

မရောက်ဖူးသေးတဲ့ သြစီကိုသွားမယ်... ဒီလို စိတ်ကူူးမိပါတယ်။


စဉ်းစားမိတာက ကြာပြီ၊ မနှစ် ဒီဇင်ဘာတုန်းကထင်တယ်။ စဉ်းစားပြီးတာနဲ့ လေယာဥၤ လက်မှတ် တန်းဝယ်ပေါ့။ လက်မှတ်တွေက စောစောဝယ်လေ ဈေးသက်သာလေ

မဟုတ်လား။ သြစီဆိုတာ အနောက်နိုင်ငံလိုပဲ နိုင်ငံကြီးတခုဆိုတော့ အနောက်တိုင်းသားတွေအတွက် ဗီဇာ မလိုဘူး... ဒီလို ထင်ထားတာပါ။

ဒါပေမယ့် ခရီးသွားခါနီး ၂ ပတ်လောက်လိုမှ နယူးဇီလန်ကလွဲရင် ကျန်နိုင်ငံသားတွေအားလုံး သြစီ ဗီဇာ လိုတယ်ဆိုတာကို သိလိုက်ရ...။ ဘယ်မှာ သွားလျောက်ရမလဲ...။ နော်ဝေမှာက သြဇီသံရုံးလည်းရှိတာမဟုတ်ဘူး။ အနီးဆုံး ဒိန်းမတ်ရှိ သံရုံးကို လှမ်းမေးတော့ ဗီဇာကို နိုင်ငံခြားရေး ဝန်ကြီးဌာနက မကိုင်ဘူး။ ပြည်ထဲရေးက ကိုင်တယ်။ ဟောဒီ လင့်ခ် မှာ လျောက်ပါ ဆိုပြီး အီးမေးလ် ပြန်လာပါတယ်။

သူ့ပေးတဲ့ လင့်အတိုင်း လျောက်တာ ၅ ခါလောက်အထိ အထမမြောက်ဘူး။ အဆင့်ပေါင်း ၂၀ လောက်ရှိပြီး နိုင်ငံရေးခိုလှုံခွင့်လျောက်တာနဲ့ ဗီဇာ လျောက်တာ နေရာလွဲနေသလားလို့တောင် စဉ်းစားမိ။ မေးခွန်းတွေက များသလား- ရှုပ်သလား မမေးနက်...

နောက်ဆုံးတော့ ဒေါ်လာ ၂၀ ပေးလိုက်ရင် လွယ်လွယ်လေးလျောက်လို့ရတဲ့

အပလီကေးရှင်းတခု ရလိုက်ပါတယ်။ တကယ့်ကို လွယ်လွယ်လေး... လုံး၀ ဒီဂျစ်တယ်။

အမည်- ပ့ါစပိုစ်နံပတ်တွေ ရေးထည့်ပြီးတာနဲ့ မျက်နှာကို အော်တို စကင်ဖတ်...

၅ မီနစ်အတွင်းပြီးစီး... ၁၅ မီနစ်လောက်အတွင်း ဗီဇာ ရကြောင်း အီးမေးလ်

ဝင်လာ...။

အခုမှ စိတ်သက်သာရာရ၊ နို့မို့ လက်မှတ်ရှိပြီး ဗီဇာ မရှိရင် ဘယ်လိုလုပ်မလဲ...။ လက်မှတ် ဈေးနှုန်းလား... နေ့ရက်ပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ စီးချိန်ကတော့ အော်စလို-ဘန်ကောက် ၁၁ နာရီ၊ ဘန်ကောက်-ဆစ်ဒနီ ၉ နာရီ - အားလုံး နာရီ ၂၀ ကျော်ဆိုတော့ နည်းနည်းတော့ အီသွားပါတယ်။ 


(နောက်တခေါက်ဆိုရင်တော့ ဘန်ကောက်မှာ သို့မဟုတ် စင်ကာပူမှာ ၂ ရက်လောက် ဝင်နားရင် လူပင်ပန်းသက်သက်တဲ့အပြင် ဈေးလည်း သက်သာမယ်ထင်)

ထုံးစံအတိုင်း ဘန်ကောက်မရောက်ခင် ပုသိမ်၊ ရန်ကုန်၊ ထားဝယ်ကို ဖြတ်တာပေါ့...။ မနက်အစောကြီးဆိုတော့ ဘာမှ ကောင်းကောင်း မမြင်ရဘူး။ အရင်က ငါနေခဲ့ဖူးတဲ့နေရာ- အခု သွားခွင့်မရတဲ့ နေရာပေါ်ကနေ ငါ ဖြတ် ပျံ နေပါလား... ရင်တော့ ခုန်သား...။

သြစီခရီး ၉ နာရီမှာ ၄ နာရီလောက်က မလေး၊ စင်ကာပူ၊ အင်ဒိုဒေသကို ဖြတ်ပျံတာမှန်ပေမယ့် ကျန် ၅ နာရီက သြစီကို ဒါဝင်ကနေ ဆစ်ဒနီအထိဖြတ်ရတဲ့အချိန်ပါ။ သြစီက နိုင်ငံဖြစ်သလို တိုက်ကြီးတခုလည်းဖြစ်တယ်ဆိုတော့ ဒါဝင်ကနေ ဆစ်ဒနီသွားတာ ၅ နာရီခန့်ကြာ၊ ဆစ်ဒနီကနေ ပါ့သ် ဖက်သွားရင်လည်း အဲလို ကြာတယ်လို့ဆိုပါတယ်။

ဒီလိုနဲ့ (အနောက်ကနေ အရှေ့ကိုသွားတယ်ဆိုတော့) တရက်စာခန့် အချိန် လေယာဉ်ပေါ်မှာ ပျောက်ဆုံးသွားပြီး နောက်တရက် ညနေပိုင်းမှာ ဆစ်ဒနီ လေဆိပ်ကိုရောက်ပါတယ်။ အာ... ဒီမှာလည်း ဂျုတီ ဖရီးဆိုင်တွေ ရှိနေပါလား...

လေဆိပ်အတော်များများမှာ လေယာဉ် ထွက်ခွာဖက်မှာ ဂျုတီဖရီး ဆိုင်တွေရှိပေမယ့် ဆိုက်ရောက်ဖက်မှာ ဂျုတီဖရီး ထားလေ့မရှိပါ။ အော်စလိုမှာကတော့ အပြင်မှာ အရက်  ဆေးလိပ်ဈေးကြီးတာကြောင့် ဆိုက်ရောက်နေရာမှာ ဂျိုတီဖရီး ထားပေးတယ်လို့ ထင်ပါတယ်။


ဒါကို ကြိုမသိတော့ DJ တပုလင်းခွဲကို အော်စလိုကနေ ဆစ်ဒနီအထိ ဒုက္ခခံ သယ်လာမိပေါ့- အဲလိုမှန်းသိရင် ဒီရောက်မှ ဝယ်လည်းရတာကို သြစီက ဘော်ဘော်တွေက ကြိုတင် သတင်းမပို့ကြဘူး။

အဲ... လဝက ကိုဖြတ်တော့ ဗီဇာ လည်း မစစ်ဘူးရယ်။ တုံးလည်း မထုဘူး။ အော်စလိုက

အထွက်မှာလိုပဲ အားလုံးက ပါ့စပို့ကို အော်တိုး စကင်ဖတ်တာ...။ မျက်နှာကို အော်တို ဓာတ်ပုံရိုက်၊ ပြီးတော့ လဝက အရာရှိက စာအုပ်ကို ထောင်ကြည့်... ပြီးတော့ ပြန်ပေးလိုက်တာ...ဘာတုံးမှလည်း မထုဘူးရယ်။

အာ့ဆို ဗီဇာက မလိုတဲ့ သဘောပေါ့။ တကယ်ဆို အော်စလိုမှာ လေယာဉ်ပေါ် မတက်ခင်ကတည်းက ဗီဇာကို စစ်ရမှာလေ...။ “သွားမလုပ်နဲ့အူးလေး... ခင်ဗျားဗီဇာက သူတို့ စင်စတန်ထဲ အော်တိုဝင်သွားပြီးမို့ ဘာမှမမေးတာ။ ခင်ဗျားမယုံရင် ဗီဇာမလျေက်ပဲ လာကြည့်ပါလား” တဲ့... သြစီသားတယောက် အားပေးပါတယ်။

လေယာဉ်ကွင်းကနေ မြို့ထဲထွက်တော့ မြေအောက်လမ်းက အကျယ်ကြီးရယ်။ တဖက်မှာ ၄ လမ်းရှိတယ်လို့ထင်ပါတယ်။ နော်ဝေတွေ တောင်ကိုမဖြိုပဲ မြေအောက်လှိုင်ဂူ

ဖောက်တာ သိပ်တော်တယ်။ မြေအောက်လမ်းတွေ သိပ်ကောင်းတယ်ဆိုပြီး ကိုယ်ဘာသာ အထင်ကြီးထားတာ...

ဟော... အခု သြစီသားတွေ ဖောက်ထားတဲ့ မြေအောက်လမ်းက ပိုကျယ်နေပါလား။

နော်ဝေမှာ တဖက် ၂ လမ်းစီးလောက်ပဲ စာရေးသူ တွေ့ဖူးပါတယ်။ ဒါက ရိုရိုး

မြေပြန့်ှမှာ လူနေအိမ်တွေအောက်ကနေ ဖောက်ထားတာဖြစ်မှာပါ... နော်ဝေမှာက

တောင်တွေကို ဖြတ်ဖောက်တာဆိုတော့ ...အင်း မပြောတတ်ဘူး။ အင်ဂျင်နီယာပညာနဲ့လည်း နဲနဲ ဝေးသူ ဆိုတော့ကာ။

အဲ... ဆစ်ဒနီကို ကျနော်ရောက်သွားတဲ့အချိန်က သြဂုတ်လ တတိယ ပတ်။ သြစီ ဆောင်းရာသီရဲ့ နောက်ဆုံးလ လို့ဆိုပါတယ်။ အပူချိန်က ညဖက်မှာ ၁၀ လောက်ရှိပြီး နေဖက်မှာ ၂၀ ဝန်းကျင်ရှိနေတာပါ။ သြော်- ဒါ ဆာင်းရာသီလားပေါ့...

နော်ဝေမှာက သြဂုတ်ဆိုတာ နွေရာသီနောက်ဆုံးလ... အပူချိန်က သြစီဆောင်းထက်တောင် အေးနေသေးတယ်။ ဒီကြားထဲ မိုးကရွာလိုက်သေး... ဆိုတော့ သြစီဆောင်းလောက်ကတော့ ရယ်တာပေါ့... အနွေးထည်တောင် ဝတ်စရာမလိုဘူး...

ဒါပေမယ့် ညဖက်တော့ နည်းနည်းအေးတယ်။ တောင်ကြီးဆောင်း- ဟားခါးဆောင်းလောက် ရှိမယ်ထင်ပါတယ်။ အနွေးထည် မဝတ်လို့မရ၊ အပူစက်ဖွင့်ရအောင်လည်း မအေးပြန်၊

အအေးပိုင်းဒေသကနေ အပူပိုင်းဒေသကို ရောက်လာတာဆိုတော့ အိမ်ဘေးမှာ

ပေါက်နေတဲ့ သစ်ပင်တွေကလည်း မတူတော့ဘူး။

ထင်းရှုးတောကနေ ယူကလစ်တောကို ရောက်လာလေသလား... စိန်ပန်းပင်လိုလို၊

မန်းကျည်းပင်းလိုလို အပင်တွေလည်းတွေ့ရဲ့၊ အပင်အတော်များများကတော့ ဘာအပင်တွေမှန်း မသိပါဘူး။ ဒါပေမယ့် ငှက်ပျောပင်၊ အုန်းပင်တွေကိုပါ တွေ့နေရတော့ သြစီမရောက်ပဲ အာရှကိုများ ရောက်နေလေသလား...

ပြီးတော့ ကြက်တူရွေးအသံတွေကြားရ၊ ကြက်တူရွေးတွေ ပျံနေကြ...။ ဟိုမှာ

ဇင်ယော်အသံပဲကြားနေရာကနေ ပတ်ဝန်းကျင်အနေအထားက လုံး၀ ပြောင်းသွား။

နောက် သတိထားမိတာက ဆစ်ဒနီနဲ့ မဲဘန်းအပါဝင် မြို့ကြီးတွေဟာ မြို့လယ်မှာပဲ

ထိုးထိုးထောင်ထောင် တိုက်အမြင့်တွေရှိပြီး ကျန်နေရာအတော်များများမှာ တထပ်အိမ် တိုက်ပုလေးတွေ... ခြံနဲ့ ဝင်နဲ့ မြက်ခင်းပြင် စိမ်းစိမ်းစိုစိုနဲ့... နေချင်စရာလေးတွေ...။

(ဆက်လက် ဖေါ်ပြပါမည်...)





Saturday, September 21, 2024

“သစ်တောပြုန်းတီးမှု၊ မိုင်းတူးမှုအပြင် အမှိုက်တွေ စနစ်တကျ စွန့်ပစ်ရေးကလည...


“သစ်တောပြုန်းတီးမှု၊ မိုင်းတူးမှုအပြင် အမှိုက်တွေ စနစ်တကျ စွန့်ပစ်ရေးကလည်း အရေးကြီးပါတယ်”

- ဦးဝင်းမျိုးသူ (သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်)

(၂၁- ၉ - ၂၀၂၄)

“ရေကြီး မြေပြိုမှုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ သစ်တောပြုန်းတီးမှု၊ မိုင်းတူးမှုအပြင် အမှိုက်တွေ စနစ်တကျ စွန့်ပစ်ရေးနဲ့ အိမ်ယာစီမံကိန်းတွေကို စနစ်တကျဆောင်ရွက်ရေးကလည်း အရေးကြီးပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်းဖြစ်ပေါ်နေတဲ့ ရေကြီး မြေပြိုမှုတွေနဲ့ပတ်သက်ပြီး ... ဘာတွေ အားနည်းခဲ့သလဲ...၊ ဘာတွေ ကြိုတင်ပြင်ဆင်ဖို့လိုမလဲ... စသဖြင့် BNN သတင်းဌာနက
ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ရေကြီး မြေပြိုမှုတွေ ဘာကြောင့်ဖြစ်တာလဲ...

- စစ်ကောင်စီရဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်က နိုင်ငံတကာနဲ့ယှဉ်ရင် ဘယ်အဆင့်မှာ ရှိသလဲ...

- နိုင်ငံတကာအကူအညီ၊ လူထုအကူအညီတွေ လိုအပ်သူတွေဆီ တိုက်ရိုက်ရောက်ရေးအတွက် ဘာတွေ ဆောင်ရွက်ဖို့လိုမလဲ...

- နောက်တကြိမ် ဒီလိုမခံရအောင် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။)

Friday, September 20, 2024

စစ်သဘောင်္တွေကို KIA သိမ်းပိုက်... RCSS နဲ့ စကစ တိုက်ပွဲဖြစ်...


စစ်သဘောင်္တွေကို KIA သိမ်းပိုက်... RCSS နဲ့ စကစ တိုက်ပွဲဖြစ်... ၁၀၂၇ ဒုတိယ လှိုင်း နောက်ဆုံးရသတင်းများ

(၂၁- ၉ -၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းကို KIA- ကချင်လွတ်လပ်ရေးတပ်မတော်က လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း လေယာဉ်နဲ့ ပြန်ခုခံနေတယ်လို့ KIA - ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

ဆိုင်းတောင်ရှိ လက်ကီးမန်းဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KIA ကြားမှာ တိုက်ပွဲဖြစ်နေတာ ၁၅ ရက်ခန့် ရှိနေပြီဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဗန်းမော်ဖက်ကို ခဲယမ်းနဲ့ ရိက္ခာပို့ဖို့ ဧရာဝတီမြစ်အတိုင်းတက်လာတဲ့ စစ်သဘောင်္တွေကိုလည်း KIA နဲ့မဟာမိတ်တွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

သိမ်းမိ သဘောင်္အရေတွက် အသေးစိပ်ကို မသိရသေးပေမယ့် ဧရာဝတီမြစ်အတွင်း စစ်သဘောင်္တွေ မီးလောင်နေတဲ့ပုံတွေ၊ KIA နဲ့ မဟာမိတ်တွေက သဘောင်္ကို သိမ်းထားတဲ့ပုံတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေတာတွေ့ရပါတယ်။

ဒါ့အပြင်...

- မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ က ထွက်လာတဲ့ စစ်ကောင်စီ တပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ပြီး စစ်သား ၃ ဦးသေ၊ ၄ ဦးကိုအရှင်မိ၊ လက်နက်ငယ် ၃ လက်သိမ်းမိ...

- မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ စစ်ကောင်စီတပ်-ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ ကြား တိုက်ပွဲဖြစ်ပြီး လက်နက် ၃ လက် RCSS ဘက်က သိမ်းမိ...

- ကရင်ပြည်နယ်ဖက်မှာတော့ လနဲ့ချီငြိမ်နေတဲ့ အောင်ဇေယျစစ်ကြောင်း ပြန်လှုပ်ရှားလာဟုဆို...

- ပုလောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက အရပ်သားတွေကိုဖမ်းဆီး၊ နေအိမ်တွေကို မီးရှိ့ုနေ...

- ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အမှတ် (၃၁) တပ်ရင်းကို ဖွဲ့စည်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။)

“မြစ်ရေကြီးတာ ကြုံဖူးကြပေမယ့် လျှပ်တပျက်ရေကြီးတာ မကြုံဖူးကြဘူး”


“မြစ်ရေကြီးတာ ကြုံဖူးကြပေမယ့် လျှပ်တပျက်ရေကြီးတာ မကြုံဖူးကြဘူး”

- ဦးဝင်းမျိုးသူ (သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်)

(၂၀- ၉ - ၂၀၂၄)

“မြန်မာလူထုဟာ မြစ်ရေကြီးတာကို ကြုံခဲ့ဖူးကြပေမယ့် လျှပ်တပျက်ရေကြီးတာကို မကြုံဖူးကြဘူး။ ဒါကြောင့် ပြင်ဆင်မှုအားနည်းပြီး အခုလို အထိအခိုက်များရတာဖြစ်တယ်” လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

နေပြည်တော်အပါဝင် ပြည်နယ်-တိုင်း ဒေသအတော်များများမှာဖြစ်ပေါ်နေတဲ့ လျှပ်တပျက်ရေကြီးမှုကြောင့် လူတွေ ရာနဲ့ချီသေဆုံး၊ အဆောက်ဦတွေပျက်စီး၊ စိုက်ပျိုုးမြေတွေဆုံးရှံးနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- အခု ရေကြီး-မြေပြိုမှုဟာ မြန်မာ့သမိုင်းမှာ အဆိုးဆုံးတခုလား...

- ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့်လား... မြန်မာ့ပြည်ရဲ့ ထူးခြားချက်ကြောင့်ဖြစ်တာလား...

- မုန်တိုင်းကြိုတင် သတိပေးမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လောက်အထိ အားနည်းခဲ့သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သစ်တော်ပြုန်းတီးတာ၊ အမှိုက်တွေကို စနစ်တကျ မစွန့်ပစ်နိုင်တာ၊ အဆောက်ဦတွေကို စနစ်တကျမဆောက်တာတွေက ရေကြီးမြေပြိုမှုကို အားပေးစေသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။)

Thursday, September 19, 2024

ဖားကန့်၊ ဆိုင်းတောင်ရွာရှိ စစ်တပ်ကို KIA တိုက်ခိုက်... ခင်ဦးမြို့နယ်၊ မဒ...


ဖားကန့်၊ ဆိုင်းတောင်ရွာရှိ စစ်တပ်ကို KIA တိုက်ခိုက်... ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူရွာကို 
PDF တိုက်ခိုက်... ၁၀၂၇ ဒုတိယ လှိုင်း နောက်ဆုံးရ သတင်းများ...

(၂၀- ၉ -၂၀၂၄)

တအာင်းဒေသ သီပေါနဲ့ နောင်ချို့မြိရှိ အရပ်သား ပစ်မှတ်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် လူတွေ ထိခိုက်ပြီး နေအိမ်တွေ မီးလောင် ပျက်စီးတယ်လို့ PSLF/ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၉၊ နေ့လည် ၁၂ ခွဲကနေ ၂ နာရီအကြား ဂျက်ဖိုက်တာက (၃) ကြိမ်လာရောက်ပြီး သီပေါမြို့နယ်၊ ကွန်ကျုံး ကျေးရွာကို ပေါင် (၅၀၀) ဗုံး အပါအဝင် ဗုံး (၁၁) လုံး ကြဲချသွားတာလို့ ဆိုပါတယ်။

အလားတူ မွန်းလွဲ ၃ နာရီမှာ Y-Y12 လေယာဉ်က  နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံ အနောက်ဘက်၊ ငှက်ပျောခြံနဲ့ မြို့မဈေးကို ဗုံးအလုံး (၆၀) ကျော် ကြဲချပြီး ထိခိုက်ပျက်စီးမှု များတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဖားကန့် မြို့နယ် ဆိုင်းတောင် ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ထိခိုက်မှု ရှိနိင်...

- မန္တလေး- ဂေါဝန်ဆိပ်ကနေ ခဲယမ်း-ရိက္ခာ အပြည့်နဲ့ အရင်လကတည်းက ထွက်ခွာလာတဲ့ စစ်ကောင်စီ ရေယာဉ်အုပ်စု ၁၀ စင်းခန့်ထဲက တစီးပဲ ဗန်းမော်ကို ရောက်လာဟုဆို...

- ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူရွာမှာ ၃ နှစ်ကြာ တပ်စွဲထားတဲ့ ပျူ - စစ်ကောင်စီပူးတွဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် ပျုတွေ စခန်းစွန့်ခွာ ထွက်ပြေးသွား...

- AA - အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဂျက်ဖိုက်တာ လေယာဉ် တစင်းက စက်တင်ဘာ ၁၇၊ ညနေပိုင်းမှာ ဗုံးကြဲတဲ့အတွက် ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံက အရပ်သား ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ...

- “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်ရှိ ကျေးရွာတွေကို ဆန်အိတ် (၅၀၀) နဲ့ ငွေသား ကျပ်သိန်း (၁၅၀) လှူဒါန်းခဲ့တယ်လို့ PDF-MDY က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။)

Wednesday, September 18, 2024

သီပေါနဲ့ တောင်ခမ်းမှာ TNLA က တိုက်ပွဲအရှိန်မြှင့်... MNDAA က အပစ်ရပ်ရေးအ...


သီပေါနဲ့ တောင်ခမ်းမှာ TNLA က တိုက်ပွဲအရှိန်မြှင့်... MNDAA က အပစ်ရပ်ရေးအတွက် တရုတ်ကို အကူအညီတောင်း... ၁၀၂၇ ဒုတိယ လှိုင်း နောက်ဆုံးရ သတင်းများ

(၁၉ -၉ -၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၈၆ ရက်မြောက်နေ့  သီပေါနဲ့ တောင်ခမ်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေတယ်လို့ TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရ လွေးယေဦးက BNN ကို ပြောပါတယ်။ 

ဒဏ်ရာရသူဟာ သီပေါမြို့ အုတ်ကျင်းရပ်ကွက်က အသက် ၆၀ အရွယ်အမျီုးသမီးတဦးနဲ့ ပန်တိမ်တောင်(မြောက်)ရပ်ကွက်ရှိ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကတော့ သီပေါမြို့ ခလရ ၂၃ နဲ့ နောင်ချိုုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် ကွပ်ကဲမှုဌာနချုပ်-၉၀၂ နဲ့ လက်ကျန် တပ်ရင်း ၂ ခုနေရာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- မြန်မာပြည်အခြေအနေ ပိုဆိုးလာနေတဲ့အတွက် တရုတ်နိုင်ငံက ကြားဝင်ပြီး အမြန်ဆုံးဆွေးနွေးပေးဖို့ MNDAA တောင်းဆို...

- ပင်လည်ဘူးမြို့မှာ စစ်ကောင်စီလေယာဉ်က ချပေးတဲ့ ရိက္ခာနဲ့ခဲယမ်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိ...

- မူတြော်ခရိုင်မှာ စက်တင်ဘာ ပထမ သီတင်း ၂ ပတ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ၆၀ ကျော်ဖြစ်ပြီး စစ်ကောင်စီဖက်က ၁၈ ဦးသေဆုံး...

- ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းက တပ်ကြပ်ကြီးတစ်ဦးဟာ လက်နက်ငယ်တလက်နဲ့အတူ PDF အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ်(၃)တပ်ရင်းထံ ရောက်ရှိလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း 
ကြည့်ရှုနိုင်ပါသည်။)

Friday, September 13, 2024

“ရှုံးတော့မယ့် စစ်တပ်ကို အသက်ကယ်ဆေး လာမတိုက်ပါနဲ့လို့ပဲ ပြောချင်ပါတယ်"


“ရှုံးတော့မယ့် စစ်တပ်ကို အသက်ကယ်ဆေး လာမတိုက်ပါနဲ့လို့ပဲ ပြောချင်ပါတယ်"

- ဦးနေဘုန်းလတ် (ပြောခွင့်ရပုဂ္ဂိုလ် - ဝန်ကြီးချုပ်ရုံးဝန်ကြီး - NUG)

(၁၃- ၉ -၂၀၂၄)

“လက်ရှိစစ်တပ်ဟာ သူ့တပ်သူတောင် မကာကွယ်နိုင်တော့ဘူးဆိုမှတော့ တရုတ်ရဲ့အကျိုးစီးပွားအပါဝင် နိင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်ကာကွယ်ပေးနိုင်တော့မှာလဲ။ မြေပြင်မှာ နိုင်ငံတကာရဲ့ ရင်နှီးမြှုပ်နှံမှုကို အမှန်တကယ်ကာကွယ်ပေးနိုင်တာ ဘယ်သူလဲဆိုတာ တရုတ်ဖက်က သိသင့်ပါတယ်။ ရှုံးတော့မယ့် စစ်တပ်ကို အသက်ကယ်ဆေး လာမတိုက်ပါနဲ့လို့ပဲ ပြောချင်ပါတယ်" လို့ အမျိူးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်ကပြောပါတယ်။

မြေပြင်ထိန်းချုပ်နိုင်မှုအနေအထား၊ ရွေးကောက်ပွဲအပေါ် အမြင်၊ တရုတ်ရဲ့ဖိအားပေးမှုအပေါ် ဘယ်လိုတုန့်ပြန်မလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ လူတွေ့ မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ...

- စစ်ကောင်စီမှာ ရွေးကောက်ပွဲလုပ်နိုင်စွမ်း ရှိပါရဲ့လား...

- နယ်မြေထိန်းချုပ်နိုင်မှု ဘယ်ဖက်က အသာရနေသလဲ...

- တရုတ်ရဲ့ ဖိအားပေးမှုအပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...

- ငါတို့မှာ ငါတို့ပဲရှိတယ်- မူနဲ့ နိုင်ငံတကာအကူအညီကို ဘယ်လိုပေါင်းစပ်ဆောင်ရွက်နိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

(သတင်းများ၊ ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

Tuesday, September 10, 2024

“ကျနော်တို့ အသာစီးရနေပြီ၊ ပွဲပြတ်အောင် ဖြတ်နိုင်ဖို့ပဲ လိုပါတယ်”


“ကျနော်တို့ အသာစီးရနေပြီ၊ ပွဲပြတ်အောင် ဖြတ်နိုင်ဖို့ပဲ လိုပါတယ်”

- ဦးနေဘုန်းလတ် (ပြောခွင့်ရပုဂ္ဂိုလ် - ဝန်ကြီးချုပ်ရုံးဝန်ကြီး - NUG)

(၁၁- ၉ -၂၀၂၄)

“နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလ၊ အထူးသဖြင့်  ၁၀၂၇ စစ်ဆေးပေါ်လာပြီးနောက်မှာ တော်လှန်ရေးအင်အားစုတွေဖက် စစ်ရေးအသာစီးရလာနေပြီ၊ ပွဲပြတ်အောင်ဖြတ်နိုင်ဖို့ပဲ လိုတယ်။ ဒီအတွက် တော်လှန်ရေးအင်အားစုတွေအားလုံး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ အမျိူးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာကာလ တိုးတက်မှုအခြေအနေ၊ NUG ရဲ့စွမ်းဆောင်ရည်အပေါ် အများကဝေဖန်နေမှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ လူတွေ့ မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ၃ နှစ်တာအတွင်း ထင်တာတက်ပိုအောင်မြင်မှုရနေတယ်ဆိုတာ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ...

- ERO တွေနဲ့ NUG ကြားမှာ စစ်ရေးသဘောတူချက်အပြင် စစ်ပွဲအလွန် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရေး သဘောတူချက် ရှိနေပြီလား...

- NUG ကို အားမလို အားမရ ဝေဖန်နေသူတွေဟာ မြေပြင်အခြေအနေမှန်ကို အသေအချာ နားမလည်သေးလို့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တရုတ်ရဲ့ ဖိအားပေးမှူအပေါ် ဘယ်လိုတုန့်ပြန်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

(သတင်းများ၊ ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

Monday, September 9, 2024

“စစ်ကောင်စီ ရှုံးတော့မလားဆိုတာ မေးနေစရာတောင် မလိုတော့ဘူး”


“စစ်ကောင်စီ ရှုံးတော့မလားဆိုတာ မေးနေစရာတောင် မလိုတော့ဘူး”

- ပဒိုစောတောနီ (ပြောခွင့်ရပုဂ္ဂိုလ် - KNU)

(၉ -၉ - ၂၀၂၄)

“ရေသောက်မြစ်တွေကို ကိုယ်ဘာသာဖြတ်ပစ်မိတဲ့ စစ်ကောင်စီ ဒီတကြိမ် တကယ်ရှုံးတော့မလားဆိုတာ မေးနေစရာတောင် မလိုတော့ဘူး” လို့ KNU - ကရင့်အမျိုးသားအစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီက ပြောပါတယ်။

ကရင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေ၊ တနိုင်ငံလုံးက စစ်ရေး- နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ လူတွေ့ မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ကရင်ဒေသက တိုက်ပွဲအခြေအနေနဲ့ ရှမ်း-မန်းဒေသက တိုက်ပွဲအခြေအနေ ဘာတွေတူပြီး ဘာတွေကွာခြားနေသလဲ...

- မြဝတီဒေသ စစ်ရေးအခြေအနေ ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

- စစ်သားရေသောက်မြစ်ကို သူ့ဘာသာဖြတ်ပစ်မိတဲ့ စစ်ကောင်စီ ဒီတကြိမ် တကယ်ရှုံးတော့မှာလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG - အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်နှင့် တွေ့ဆုံမေးမြန်းချက်ကိုလည်း လာမယ့်ရက်ပိုင်းအတွင်း ထုတ်လွှင့်နိုင်ဖို့ စီစဉ်ထားပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

(သတင်းများ၊ ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More