Tuesday, February 28, 2023

“သူ့နယ် ကိုယ့်နယ် ခွဲထားနိုင်တာမျိုးရှိလားဆိုတော့ မြို့ပေါ်ရပ်ကွက်နဲ့ စစ...


“သူ့နယ် ကိုယ့်နယ် ခွဲထားနိုင်တာမျိုးရှိလားဆိုတော့ မြို့ပေါ်ရပ်ကွက်နဲ့ စစ်တပ်စခန်းတွေကလွဲရင် ကျန်တာ PDF နယ်မြေသဘောပါပဲ”

- ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်

(၂၈-၂-၂၀၂၃)

“နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း တော်လှန်ရေးတပ်တွေဖက်က နယ်မြေထိန်းချုပ်နိုင်မှုတိုးလာနေပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ စစ်တပ်စခန်းတွေကလွဲရင် ကျေးလက်ဒေသအတော်များများဟာ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးကပြောပါတယ်။

အခုရက်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ၊ PDF လူငယ် ၂ ဦး မင်္ဂလာဆောင်ဖို့ပြင်နေစဉ်ဖမ်းဆီးခံရတာဟာ ကိုယ့်ထိန်းချုပ်နယ်မြေအပြင်ကို သွားမိလို့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- ဇီးတောရွာက ပျုစောထီးစခန်းကို PDF တွေ ဘယ်လို တိုက်ခိုက်ခဲ့သလဲ...

- လေကြောင်းပစ်ကူသာမရှိရင် စစ်ကောင်စီတပ်တွေ အခြေအနေအတော်ဆိုးသွားနိုင်သလား...

- မြို့ပေါ်ရပ်ကွက်နဲ့ စစ်တပ်စခန်းတွေကလွဲရင် ကျန်နေရာအတော်များများကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလား...

- လူငယ် တော်လှန်ရေးသမားတွေ လုံခြုံရေးသတိ အားနည်းချက် ရှိနေသလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အညာစစ်မျက်နှာသို့ လက်နက်ထောက်ပံ့မှု နှေးကွေးနေဆဲလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, February 27, 2023

“စစ်ကောင်စီရှိနေသ၍ကတော့ ဖက်ဒရယ်လည်းမရနိုင်ဘူး၊ ဒီမိုကရေစီလည်းမရနိုင်ဘူး”



“စစ်ကောင်စီရှိနေသ၍ကတော့ ဖက်ဒရယ်လည်းမရနိုင်ဘူး၊ ဒီမိုကရေစီလည်းမရနိုင်ဘူး”

- ဆလိုင်းအိုင်းဇက်ခင် - ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -  ICNCC

(၂၈-၂-၂၀၂၃)

“ဘယ်လိုဖက်ဒရယ်ပြည်ထောင်စုမျိုးတည်ဆောက်မလဲဆိုပြီး အားသွန်ခွန်စိုက် ဆွေးနွေးနေကြပေမယ့် လက်ရှိ စစ်ကောင်စီကို မဖြုတ်ချနိုင်ပဲနဲ့တော့ ဖက်ဒရယ်လည်းမရနိုင်ဘူး၊ ဒီမိုကရေစီလည်းမရနိုင်ဘူး၊ လူ့အခွင့်အရေးလည်းမရနိုင်ဘူး။ ဒါကြောင့် စစ်ကောင်စီပြုတ်ကျရေးအတွက် အားလုံးပြိုင်တူ တိုက်ပွဲဝင်ဖို့လိုတယ်” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင် ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း စစ်ကောင်စီပြုတ်ကျအောင် ဘယ်လောက်အထိဆောင်ရွက်နိုင်နေပြီလဲ၊ အနာဂတ်ပြည်ထောင်စုအတွက် ဘယ်လိုမျှော်မှန်းဆွေးနွေးနေကြသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- စစ်ကောင်စီဖြုတ်ချရေးတိုက်ပွဲနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို ဘယ်လိုဟန်ချက်ညီ ဆောင်ရွက်နေကြသလဲ...

- တူမီးကိုင်တဲ့ ပျောက်ကြားတိုက်ပွဲစနစ်ကနေ နေရာ ၁၀ ခုလောက်ကို တပြိုင်တည်းတိုက်ခိုက်နိုင်တဲ့အထိ တော်လှန်ရေးတပ်တွေရဲ့စွမ်းရည်တိုးတက်လာတာ ဘာကြောင့်လဲ...

- စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထပ်ကြေညာခြင်းဟာ လက်နက်ကိုင်နည်းနဲ့ ဖြုတ်ချမှ ရတော့မယ်ဆိုတာကို ပိုခိုင်မာစေသလား...

- ၂၀၂၃ ရဲ့ လမယ့်လပိုင်းအတွင်းမှာ တိုက်ပွဲတွေ တကယ်ပြင်းထန်လာတော့မလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, February 26, 2023

“စစ်ကောင်စီရှိနေသ၍ မည်သည့်ပြန်လည်ထူထောင်ရေးမှ လုပ်လို့မရဘူူး”


“စစ်ကောင်စီရှိနေသ၍ မည်သည့်ပြန်လည်ထူထောင်ရေးမှ လုပ်လို့မရဘူူး”

- ဆလိုင်းအိုင်းဇက်ခင် - ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -  ICNCC

(၂၇-၂-၂၀၂၃)

“ချင်းပြည်နယ် ထန်တလန်မြို့ကို ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်ပေမယ့် စိုးမိုးကုန်းပေါ်မှာ စစ်ကောင်စီတပ်တွေရှိနေဆဲဖြစ်တဲ့အတွက် လူထုတွေ ပြန်နေလို့မရသေးဘူး၊ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့မဖြစ်နိုင်သေးဘူး” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင် ကပြောပါတယ်။

ချင်းပြည်နယ်က မြို့နယ် (၈) ခုကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲတွေပြင်းထန်လာသလား၊ ထိန်းချုပ်နယ်မြေတွေ၊ အထူးသဖြင့် မကြာသေးခင်ကမှ ထပ်မံထိန်းချုပ်လိုက်တဲ့ ထန်တလန်မြို့ကို ဘယ်လိုစီမံဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- ICNCC ကို ဘယ်လိုစုဖွဲ့ပြီး ဘာတွေဆောင်ရွက်နေသလဲ...

- NUCC အတွင်း ပူူးပေါင်းဆောင်ရွက်မှုအခြေအနေ ဘယ်လောက်အထိ တိုးတက်လာနေသလဲ...

- ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်မှုနဲ့ နယ်မြေထိန်းချုပ်နိုင်မှု ဘယ်လိုရှိသလဲ...

- ထန်တလန်မြို့ရဲ့နောက်ဆုံးအခြေအနေနဲ့ ပြည်လည်ထူထောင်ရေး အလားအလာ ဘယ်လိုရှိသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် ၂ ရပ်ကို ဘယ်လို ဟန်ချက်ညီဆောင်ရွက်သင့်သလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, February 25, 2023

“စစ်တပ်ဟာ ရွေးကောက်ပွဲထွက်ပေါက်မဟုတ်တဲ့ အခြားထွက်ပေါက်ကို ရှာသင့်တယ်”



“စစ်တပ်ဟာ ရွေးကောက်ပွဲထွက်ပေါက်မဟုတ်တဲ့ အခြားထွက်ပေါက်ကို ရှာသင့်တယ်” 

- ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဝေဖန်သုံးသပ်သူ

(၂၆-၂-၂၀၂၃)

“နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကြာလာပြီဆိုပေမယ့် လူထုဟာ သွေးအေးမသွားတဲ့အပြင် ခုခံမှုတွေ ပိုအရှိန်မြင့်လာမယ့်သဘောတွေ့နေရတာကြောင့် စစ်ကောင်စီဖက်ကနေ လူထုက လက်မခံတဲ့ ရွေးကောက်ပွဲထွက်ပေါက်ကို စွတ်လုပ်နေမယ့်အစား အများလက်ခံနိင်တဲ့ ထွက်ပေါက်အသစ်ကို စဉ်းစားရှာဖွေသင့်တယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ယူကရိန်းပြည်သူတွေရဲ့တော်လှန်ရေးနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ဘာတွေတူပြီး ဘာတွေကွာသလဲ။ အမေရိကန်၊ ရုရှား၊ တရုတ် အင်အားကြီး ၃ နိုင်ငံကြားမှာ မြန်မာ့အရေး ဘာတွေဆက်ဖြစ်လာနိုင်သလဲ … စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- နွေဦးတော်လှန်ရေး၊ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားအဖွဲ့တွေရဲ့နောက်မှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ရှိနေခြင်းက မြန်မာ့အရေးဟာ ပြည်တွင်းရေးသက်သက် မဟုတ်တော့တဲ့သဘောလား...

- သဘောတရားခိုင်မာရေးထက် လက်နက်ခိုင်မာရေးကို ဦးစားပေးနေတဲ့ခေတ် ဖြစ်လာနေပြီလား...

- ကုလ လုံခြုံရေးကောင်စီနဲ့ အာဆီယံ ဆုံးဖြတ်ချက်တွေ အလုပ်ဖြစ်နိုင်ခြေ ရှိသေးလား...

- နောင်ရိုးတိုက်ပွဲထက် ပိုပြတ်သားတဲ့ပွဲလို့ ဘာကြောင့်ပြောတာလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, February 24, 2023

“ထမင်းကြမ်းကို ယပ်ခတ်စားပြီး ငြိမ်နေမယ်ဆိုတဲ့ခေတ်ကုန်သွားပြီဆိုတာကို စစ်...



“ထမင်းကြမ်းကို ယပ်ခတ်စားပြီး ငြိမ်နေမယ်ဆိုတဲ့ခေတ်ကုန်သွားပြီဆိုတာကို 
စစ်ကောင်စီ သဘောပေါက်ဖို့လိုပါတယ်”

(ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၅-၂-၂၀၂၃)

“ထမင်းကြမ်းကို ယပ်ခတ်စားပြီး ငြိမ်ငြိမ်လေးနေလာခဲ့တဲ့ မြန်မာလူထုဟာ ဒီနေ့မှာတော့ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို ဘယ်လိုမှမခံနိုင်တဲ့အတွက် လူထုကိုယ်တိုင် တော်လှန်ရေးထဲပါလာတာဖြစ်တယ်၊ ယူကရိန်းလူထုတော်လှန်ရေးနဲ့ မြန်မာလူထုတော်လှန်ရေးဟာ ဒီနေရာမှာသွားတူနေတယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၄ ရက်၊ ယူကရိန်းအပေါ် ရုရှားကျုုးကျော်စစ် တနှစ်ပြည့်ချိန်မှာ ယူကရိန်းခုခံတော်လှန်ရေးနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ဘာတွေတူပြီး ဘာတွေကွာသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- ရုရှားရဲ့ကျုးကျော်စစ်ကို ယူကရိန်းက ခုခံတွန်းလှန်နိုင်နေခြင်းရဲ့ အဓိကသော့ချက်က ဘာလဲ...

- ယူကရိန်းခုခံစစ် တနှစ်နဲ့ မြန်မာ့နွေဦးတော်လှန်ရေး နှစ်နှစ် ဘာတွေတူပြီး ဘာတွေကွာသလဲ...

- အင်အားနဲ့အနိုင်ကျင့်သူတွေကို ခုခံမှုမလုပ်ပဲ ခေါင်းစင်းခံလိုက်ရင် ရွာမီးရှို့ခံရမှု သက်သာသွားနိုင်သလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ဟာ မြန်မာ့အရေးမှာ ဘယ်လိုပါဝင်နေသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ဆက်လက် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီက နေ့စဉ်ဗုံးကျဲနေလို့ ထန်တလန်မှာ ပြည်သူတွေ ပြန်နေလို့ မရသေးဘူး”




“စစ်ကောင်စီက နေ့စဉ်ဗုံးကျဲနေလို့ ထန်တလန်မှာ ပြည်သူတွေ ပြန်နေလို့ မရသေးဘူး”

(ဆလိုင်းထက်နီ - ချင်းအမျိုးသားတပ်ဦး - CNF)

(၂၄-၂-၂၀၂၃)

“ချင်းပြည်နယ် ထန်တလန်မြို့ကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းထားပေမယ့် စစ်ကောင်စီက လေယာဉ်နဲ့ နေစဉ်ဗုံးကျဲနေတာကြောင့် အများပြည်သူ ပြန်နေလို့မရသေးဘူး၊ အန္တရယ်များနေဆဲဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်း ထက်နီ ကပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၀ မှာကျရောက်တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားတွေ ချင်းပြည်နယ်အတွင်း ကျင်းပပုံနဲ့ ထန်တလန်မြို့ရဲ့နောက်ဆုံးအခြေအနေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- ချင်းအမျိုးသားနေ့အခမ်းအနား ပြည်တွင်း-ပြည်ပမှာ ကျင်းပပုံ...

- ချင်းပြည်နယ် ဖက်ဒရယ်ရရေးအတွက် နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲမှု အရှိန်မြှင့်မယ့်အကြောင်း...

- ထန်တလန်မြို့မရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက်ပိုင်း ထန်တလန်ရဲ့ နောက်ဆုံးအခြေအနေ...

- ထန်တလန်နဲ့ ချင်းတောင်တန်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, February 22, 2023

“NUG နဲ့ မြောက်ပိုင်း ERO တွေကြား နားလည်မှုယူပြီး အညာစစ်မျက်နှာကို ကူပေး...


“NUG နဲ့ မြောက်ပိုင်း ERO တွေကြား နားလည်မှုယူပြီး အညာစစ်မျက်နှာကို ကူပေးနိုင်ရင်ကောင်းမယ်”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး-စစ်ရေး ဝေဖန်ဆန်းစစ်သူ)

(၂၃-၂-၂၀၂၃)

“အနောက်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုရထားတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တရုတ်ရဲ့အားပေးမှုရထားတဲ့ မြောက်ပိုင်း ERO တွေကြား နားလည်မှုရအောင်ညှိနိုင်းပြီး အရေးပေါ်လက်နက်လိုအပ်နေတဲ့ အညာဒေသက PDF တွေကို ကူညီပေးနိုင်ရင် တော်လှန်ရေးအရှိန်ကောင်းလာလိမ့်မယ်” လို့ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် (Deng Xijun) မိုင်းလားဒေသဆီ လာရောက်လည်ပတ်တာအပါဝင် တရုတ်နယ်စပ်ရှိ ERO တွေနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ် နေပြည်တော်နဲ့ တရုတ်နယ်စပ်ရှိ ERO ဒေသတွေဆီ လာရောက်လည်ပတ်ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ...

- အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုပါဝင်နေသလဲ...

- အညာဒေသက PDF တွေ လက်နက်အမြန်ရရေးအတွက် NUG နဲ့ မြောက်ပိုင်း ERO တွေကြား ဆွေးနွေးအဖြေရှာနိုင်ခြေရှိသလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, February 21, 2023

“လက်ရှိရထားတဲ့ တိုးတက်မှုအရှိန်အတိုင်း ဆက်သွားနိုင်ရင် ၂၀၂၃ မကုန်ခင် သိသ...



“လက်ရှိရထားတဲ့ တိုးတက်မှုအရှိန်အတိုင်း ဆက်သွားနိုင်ရင် ၂၀၂၃ မကုန်ခင် သိသာတဲ့အဖြေရလာပါလိမ့်မယ်” 

(ဦးနိုင်ထူးအောင် - အတွင်းဝန် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၂၁-၂-၂၀၂၃)

“လက်ရှိရထားတဲ့ တိုးတက်မှုအရှိန်အတိုင်းသာ ဆက်သွားနိုင်ရင် ၂၀၂၃ ဟာ အဆုံးသတ်နှစ်မဟုတ်ရင်တောင် တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် နှစ်ဖြစ်လာမှာသေချာတယ်၊ ဒီနှစ်မကုန်ခင် ဒီတော်လှန်ရေး ဘယ်သူနိုင်မလဲဆိုတာ သိသာလာပါလိမ့်မယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း စစ်ကောင်စီဖက်က ကျဆုံး နှစ်သောင်းကျော်၊ ထွက်ပြေး တသောင်းကျော်ရှိတယ်ဆိုရင် အခုနှစ်အတွင်း ဘယ်လိုဆက်ဖြစ်လာမလဲ၊ NUG ကပြောထားတဲ့တိုင်း ၂၀၂၃ ဟာ အဆုံးအဖြတ်ပေးတဲ့နှစ်ဖြစ်လာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- PDF နဲ့ ERO ပူးတွဲစစ်ကြောင်းတေ၊ စစ်ဒေသတွေ အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်မှု ဘယ်လောက်တိုးတက်လာသလဲ...

- အညာဒေသ စစ်မျက်နှာအတွက် လက်နက်တပ်ဆင်ရေးအခြေအနေ ဘယ်လိုရှိသလဲ...

- စစ်ကောင်စီဖက်က ထိခိုက်၊ ကျဆုံး၊ ထွက်ပြေး စာရင်း သုံးသောင်ကျော်အထိရှိနေတယ်ဆိုတာ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ...

- ၂၀၂၃ ဟာ NUG ကပြောထားတဲ့အတိုင်း အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ် တကယ်ဖြစ်လာနိုင်သလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, February 20, 2023

“PDF တွေအတွက် လက်နက်တပ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေပါတယ်”


“PDF တွေအတွက် လက်နက်တပ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေပါတယ်”

(ဦးနိုင်ထူးအောင် - အတွင်းဝန် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၂၀-၂-၂၀၂၃)

“KNU နယ်မြေရှိ PDF တပ်ဖွဲ့တွေအပြင် တနိုင်ငံလုံးရှိ PDF တပ်တွေအားလုံးကို လက်နက်တပ်ဆင်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်နေတယ်၊ အညာဒေသဖက်မှာလည်း လက်နက်တပ်ဆင်မှု လုပ်နေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

ကရင့်အမျိုးသာားအစည်းအရုံး KNU နယ်မြေရှိ PDF တွေ၊ ပူးတွဲစစ်ကြောင်းတွေကို NUG ဝန်ကြီးချုပ်ကိုယ်တိုင် လက်နက် တပ်ဆင်ပေးနေကြောင်း သတင်းထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- တော်လှန်ရေး ၂ နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုဘယ်လောက်ရှိပြီး စစ်ကောင်စီဖက်က ထိခိုက် ကျဆုံးမှု ဘယ်လောက်ရှိသလဲ...

- ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးကိစ္စကို NUG က ဘယ်လို တာဝန်ယူဆောင်ရွက်နေသလဲ...

- PDF, LDF, ပကဖ နဲ့ ပူူးတွဲစစ်ကြောင်းတွေကို NUG က ဘယ်လိုစီမံကိန်းတွေနဲ့ လက်နက်တပ်ဆင်ပေးနေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ အတွက် စီမံကိန်းအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, February 18, 2023

“စစ်မတိုက်ချင်လို့ ငြင်းဆန်သူတွေ စစ်ကောင်စီတပ်ထဲမှာ ရှိလာနေပြီဖြစ်တယ်”


“စစ်မတိုက်ချင်လို့ ငြင်းဆန်သူတွေ စစ်ကောင်စီတပ်ထဲမှာ ရှိလာနေပြီဖြစ်တယ်”

(ဗိုလ်ကြီးညီသုတ - CDM တပ်မတော်အရာရှိ)

(၁၈-၂-၂၀၂၃)

“စစ်ကောင်စီဟာ နိုင်ငံရေးဖက်မှာ ထွက်ပေါက်ပိတ်နေတဲ့အပြင် စစ်ရေးဖက်မှာလည်း တပ်ခွဲအလိုက်၊ တပ်ရင်းအလိုက်ပြုတ်တဲ့အထိ ထိခိုက်ကျဆုံးမှုများလာနေတဲ့အတွက် စစ်မတိုက်ချင်တော့ဘူးဆိုပြီး ငြင်းဆန်သူတွေ တပ်ထဲမှာအတော်များများရှိလာနေပြီဖြစ်တယ်” လို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီးညီသုတ ကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း စစ်တပ်ရဲ့ စွမ်းဆောင်နိုင်မှုအခြေအနေ၊ နိုင်ငံရေးအပြင် စစ်ရေးအရပါ စစ်ကောင်စီဖက်က ကျဆုံးခန်းရောက်နေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- စစ်ကောင်စီဥက္ကဌရဲ့ စဉ်းစားနိုင်စွမ်းဟာ ပုံမှန်အခြေအနေ ဟုတ်ရဲ့လား...

- ဒရုံးအပါဝင် လက်နက်တွေ ကိုယ်တိုင်ထုတ်နိုင်အောင် တော်လှန်ရေးတပ်တွေဖက်က ဘယ်လိုဆောင်ရွက်ကြမလဲ...

- CDM, NUG, PDF,  ERO တွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုအရှိန်မြှင့်ကြမလဲ...

- စစ်မတိုက်ချင်တော့လို့ တပ်ထဲကနေထွက်လာဖို့ပြင်နေသူတွေကို ဘယ်လိုကြိုဆိုကြမလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, February 17, 2023

“စစ်ကောင်စီက ထွက်ပေါက်ပိတ်သွားပြီ။ ဘယ်သူက ပိုတောင့်ခံနိုင်မလဲ၊ ဘယ်သူက ပိ...


“စစ်ကောင်စီက ထွက်ပေါက်ပိတ်သွားပြီ။ ဘယ်သူက ပိုတောင့်ခံနိုင်မလဲ၊ ဘယ်သူက ပိုလုပ်နိုင်မလဲဆိုတာက အဖြေဖြစ်လာလိမ့်မယ်”

(ဗိုလ်ကြီးညီသုတ - CDM တပ်မတော်အရာရှိ)

(၁၇-၂-၂၀၂၃)

“စစ်ကောင်စီဟာ လူထုကို ကြောက်အောင်ခြောက်ရင်းနဲ့ လက်လွန်ခြေလွန်တွေဖြစ်ပြီး နောက်ဆုံးထွက်ပေါက်ပိတ်သွားပြီ၊ လူထုက ဘယ်လိုမှလက်မခံနိုင်တော့တဲ့အတွက် အဆုံးထိ ဆက်မိုက်မယ့်သဘောရှိတယ်၊ ဒီတော့ ရေရှည်မှာ ဘယ်သူက ပိုတောင့်ခံနိုင်မလဲ၊ ဘယ်သူက ပိုလုပ်နိုင်မလဲဆိုတာက အဖြေဖြစ်လာလိမ့်မယ်” လို့  CDM တပ်မတော်အရာရှိ ဗိုလ်ကြီးညီသုတ ကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း စစ်တပ်အင်အား ဘယ်လောက်အထိကျဆင်းသွားလဲ။ ရွာမီးရှို့တာ၊ လူထုကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဘာကြောင့်ဆက်တိုက်လုပ်နေတယ်ထင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- အာဏာသိမ်းထားစဉ် ၂ နှစ်အတွင်း စစ်တပ်နဲ့ရဲ အင်အား ဘယ်လောက်အထိ ကျဆုံး၊ ထွက်ပြေးသွားသလဲ...

- လက်ရှိ စကစ တပ်ရင်းတခုချင်းရဲ့ ရှေ့ထွက်အင်အားဟာ ၆၀ ခန့်ပဲကျန်တယ်ဆိုတာ တကယ်လား...

- လေယာဉ်သုံးခြင်းဟာ အသာစီးရမှုလား၊ နောက်ဆုံးကျည်ကို ထုတ်သုံးနေရတဲ့သဘောလား...

- ရွာမီးရှို့ခံရရင် လူထုက စိတ်နာပြီး PDF တွေကို ပိုထောက်ခံ၊ ရွာသားတွေကိုယ်တိုင် PDF ဖြစ်သွားတာကိုသိရဲ့နဲ့ ဒီဗျုဟာကို စစ်တပ်က ဘာကြောင့် ဆက်သုံးနေတာလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုင်ငံရဲ့အခြေအနေဟာ ပုံမှန်မဟုတ်ဘူးလို့ပြောရင် စစ်ကောင်စီဥက္ကဌရဲ့အခြေအနေကော ပုံမှန်ဟုတ်ရဲ့လား...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, February 16, 2023

“အင်အားသုံးပြီး အနိုင်ကျင့်နေသူတွေကို ဖြောင်းဖြနားချနေလို့မရဘူး၊ ပြင်းထန...



“အင်အားသုံးပြီး အနိုင်ကျင့်နေသူတွေကို ဖြောင်းဖြနားချနေလို့မရဘူး၊ ပြင်းထန်စွာ အရေးယူနိင်မှရမယ်”

(ဦးကျော်ဇော - သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - NUG)

(၁၇-၂-၂၀၂၃)

“အာဏာသိမ်းပြီးကတည်းက အင်အားသုံးအနိုင်ကျင့်နေတဲ့ စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးပါ၊ လူ့အခွင့်အရေးကိုလေးစားပါလို့ ဖြောင်းဖြနားချနေလို့မဖြစ်နိုင်တော့တဲ့အတွက် ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း ထိထိရောက်ရောက်အရေးယူမှရလိမ့်မယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောကပြောပါတယ်။

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၊ အာဆီယံ ဆုံးဖြတ်ချက်တွေကို မလိုက်နာပဲ အကြမ်းဖက်မှုဆက်လုပ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးနိုင်တဲ့နည်းလမ်း ရှိသေးရဲ့လားဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- အမေရိကန်ပြည်ထောင်စုအပြင် အခြား ဘယ်နိုင်ငံတွေမှာ NUG ရုံးတွေ တရားဝင်ဖွင့်ခွင့်ရထားလဲ...

- တရုတ်၊ အိန္ဒိယ၊ အာဆီယံ အိမ်နီးချင်းနိုင်ငံတွေနဲ့ NUG ကြား ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိသလဲ...

- နိုင်ငံတကာဖက်က NUG ကို တရားဝင်အသိအမှတ်ပြုဖို့ ဘာတွေလိုအပ်နေသလဲ...

- လုံခြုံရေးကောင်စီနဲ့ အာဆီယံ ဆုံးဖြတ်ချက်ကို စစ်ကောင်စီလိုက်နာလာအောင် ဘယ်လိုဆောင်ရွက်ကြမလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, February 15, 2023

“ဒီလိုတွေ့ဆုံမှုတွေက NUG ကို မြန်မာပြည်သူတွေရဲ့ကိုယ်စားပြုအစိုးရအဖြစ် လက...



“ဒီလိုတွေ့ဆုံမှုတွေက NUG ကို မြန်မာပြည်သူတွေရဲ့ကိုယ်စားပြုအစိုးရအဖြစ် လက်တွေ့ပြသလိုက်တာဖြစ်တယ်”

(ဦးကျော်ဇော - သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - NUG)

(၁၆-၂-၂၀၂၃)

“ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တရားဝင်လက်ခံတွေ့ဆုံခြင်းဟာ NUG ကို မြန်မာပြည်သူတွေရဲ့ကိုယ်စားပြုအစိုးရအဖြစ် လက်တွေ့ပြသလိုက်တာဖြစ်တယ်” လို့ သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လန်ဒန်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတာ၊ အခု အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ NUG ရုံးခန်းဖွင့်ပွဲကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်ရောက်တာတွေနဲ့ပတ်သက်ပြီး သံတမန်ရေးအရ ထူးခြားချက်တွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- ဝါရှင်တန်က NUG ရုံးခန်းကို အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဖဲကြိုးဖြတ် ဖွင့်ပေးတာဟာ သံတမန်ရေးအရ ဘယ်လောက်အရေးပါသလဲ...

- ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်ကို တရားဝင်လက်ခံတွေဆုံခြင်းက သံတမန်ဆက်ဆံရေး ရှေ့တဆင့်တက်လာခြင်းလား...

- NDAA ဥပဒေအရ အမေရိကန်ပြည်ထောင်စုကပေးမယ့်အကူအညီတွေ ပြည်သူတွေဆီ ဘယ်တော့ရောက်လာနိုင်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အနောက်နိုင်ငံတွေက ဒီလိုအသိအမှတ်ပြုနေချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ NUG ဆက်ဆံရေး ဘယ်လိုရှိသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ဗုံးကျဲတိုက်ခိုက်နေပါတယ်”



“တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ဗုံးကျဲတိုက်ခိုက်နေပါတယ်”

(ဗိုလ်မှူးကြီးနော်ဘူ- KIO/ KIA ပြန်ကြားရေးဌာန)

(၁၅-၂-၂၀၂၃)

“ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ နယ်မြေကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ပြန်လည်ခုခံရာကနေ တိုက်ပွဲတွေပြင်းထန်လာပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ဗုံးကျဲတိုက်ခိုက်နေတယ်” လို့ KIO/ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒါဟာ နယ်မြေစိုးမိုးရေးကိုအကြောင်းပြပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။ KIA နဲ့ စစ်ကောင်စီကြားမှာ ၂၀၂၁ အတွင်း တိုက်ပွဲ ၆၀၀ ကျော်ဖြစ်ပြီး ၂၀၂၂ မှာ ၅၀၀ ကျော်ဖြစ်ခဲ့တယ်၊ အခု ၂၀၂၃ ကတော့ နှစ်စ စခြင်းမှာတောင် တိုက်ပွဲတွေအတော်ပြင်းထန်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ဒါပေမယ့် ဒေသတွင်းသတင်းတွေမှာဖေါ်ပြနေတဲ့ ဝိုင်းမော်ဒေသအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၃၈၉ က ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာ KIA က ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတော့ သူက အတည်ပြုချက်ပေးဖို့ငြင်းဆိုခဲ့ပြီး စီစစ်နေဆဲလို့သာ ပြောပါတယ်။ 

ဒေသတွင်းသတင်းတွေအရတော့ စကစ ဒုရင်းမှူနဲ့အဖွဲ့ အိမ်စီးကားနဲ့လာနေစဉ် ဝိုင်းမော်မြို့နယ်၊ ဆံဒုံး-ကန်ပိုက်တီးလမ်းပိုင်းမှာ KIA က ဖမ်းဆီးခဲ့တယ်လို့ဖေါ်ပြထားပါတယ်။ 

ဗိုလ်မှူးကြီးနော်ဘူကတော့ ဖမ်းဆီးတဲ့သတင်းကို တရားဝင်ထုတ်ပြောဖို့ငြင်းဆိုပြီး တိုက်ပွဲအခြေအနေကိုသာ ပြောပြခဲ့ပါတယ်။

KIO/ KIA ဟာ ၂၀၂၁ နွေဦးတော်လှန်ရေးစတင်ကတည်းက လူငယ်တော်လှန်ရေးသမားတွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာအပါဝင် လိုအပ်တာတွေ ကူညီပြီး NUG/ PDF တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ERO အဖွဲ့ကြီးတခုဖြစ်ပါတယ်။ 

ကွတ်ခိုင်ဒေသ တိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး KIO/ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူ ပြောထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်...

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, February 14, 2023

“တိုက်ပွဲတွေအရှိန်မြင့်လာတဲ့အတွက် ကူညီသူတွေဖက်ကလည်း နှစ်ဆတိုး ကူညီပေးနိ...


“တိုက်ပွဲတွေအရှိန်မြင့်လာတဲ့အတွက် ကူညီသူတွေဖက်ကလည်း  နှစ်ဆတိုး ကူညီပေးနိုင်ဖို့ လိုအပ်လာပါတယ်”

(အရှင်ထာဝရ - ရွှေဝါရောင်ဆရာတော်)

(၁၅-၂-၂၀၂၃)

“ရှေ့တန်းရောက်လူငယ်တွေရဲ့ စစ်အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲအရှိန်မြင့်လာတာနဲ့အမျှ အကူအညီတွေပိုလိုအပ်လာတာကြောင့် ထောက်ပို့တပ်သားတွေအနေနဲ့ နှစ်ဆတိုး ကူညီပေးဖို့ လိုအပ်လာနေတယ်” လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ)က မိန့်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရန်ပုံငွေရှာဖွေရေး အွန်လိုင်းဆွေးနွေးပွဲတွေမှာ အမြဲတန်းလိုလိုပါဝင်ဆွေးနွေးလေ့ရှိတဲ့ ဆရာတော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ထိုင်း-မြန်မာနယ်စပ်ရှိ လူငယ်တော်လှန်ရေးတပ်ဖွဲ့တွေရှိရာဆီ သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ …
- လူငယ်တော်လှန်ရေးသမားတွေ လိုအပ်နေတဲ့ ရုပ်ပိုင်း-စိတ်ပိုင်းဆိုင်ရာကို တာဝန်ရှိသူတွေဖက်က ဘယ်လို ကူညီပေးနိုင်မလဲ...

- အွန်လိုင်းဆွေးနွေးပွဲအပြင် မြေပြင်က ဆွေးနွေးပွဲတွေကိုပါ ဟန်ချက်ညီ ဖေါ်ဆောင်နိုင်အောင် ဘယ်လိုဝိုင်းလုပ်ကြမလဲ...

- NDAA က အကူအညီမရခင်မှာ ထောက်ပို့တပ်သားတွေက နှစ်ဆတိုး ကူညီပေးဖို့ လိုအပ်လေမလား... 
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, February 13, 2023

“ထိုင်းမှာရှိတဲ့ မြန်မာ ၅ သန်းလောက်ရဲ့ ထောက်ပို့အင်အားဟာ တော်လှန်ရေးအတွက...


“ထိုင်းမှာရှိတဲ့ မြန်မာ ၅ သန်းလောက်ရဲ့ ထောက်ပို့အင်အားဟာ တော်လှန်ရေးအတွက် အရေးကြီးပါတယ်”

(အရှင်ထာဝရ - ရွှေဝါရောင်ဆရာတော် (နော်ဝေ)

(၁၄-၂-၂၀၂၃)

“ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၅ သန်းခန့်ရဲ့ အလှူငွေဟာ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါတယ်၊ ထိုင်းရောက်လူထုဟာလည်း ပြည်တွင်းကလူထုလိုပဲ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်စေဖို့ အတတ်နိုင်ဆုံး ကူညီနေသူတွေဖြစ်တယ်” လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) က မိန့်ပါတယ်။

ထိုင်းနိုင်ငံမှာ ရန်ပုံငွေ တရားပွဲလုပ်ပြီး စစ်ပြေးဒုက္ခသည်တွေ၊ CDM ဝန်ထမ်းတွေကို သွားရောက်ကူညီပေးနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ …
-  နွေဦးတော်လှန်ရေးအပေါ် ထိုင်းရောက် အလုပ်သမားတွေရဲ့ အားပေးကူညီနိုင်မှု ဘယ်လိုရှိသလဲ...

- စစ်ဘေးရှောင်တွေ၊ CDM ဝန်ထမ်းတွေ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရသလဲ...

- ERO တွေနဲ့ NUG ကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်အောင် ဘယ်လိုဝိုင်းကူ နိုင်ကြမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အွန်လိုင်းပေါ်က ဆွေးနွေးပွဲတွေနဲ့ မြေပြင်အခြေအနေ ဘယ်လိုကွာနေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, February 12, 2023

“တော်လှန်ရေး ဘယ်တော့ပြီးမလဲ မမေးတော့ဘူး။ ငါတို့ မနိုင်-နိုင်အောင်တိုက်မယ...



“တော်လှန်ရေး ဘယ်တော့ပြီးမလဲ မမေးတော့ဘူး။ ငါတို့ မနိုင်-နိုင်အောင်တိုက်မယ်၊ ပြီးအောင်တိုက်မယ်ဆိုတဲ့အသံတွေ ကြားလာရပါတယ်”

(ဒေါက်တာကြည်စိုးထွန်း - ဥက္ကဌ - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ဆောမြို့နယ်)

(၁၃-၂-၂၀၂၃)

“တော်လှန်ရေးအစောပိုင်းကာလမှာ တော်လှန်ရေး ဘယ်တော့ပြီးမလဲ၊ တော်လှန်ရေးက မပြီးသေးဘူးလားဆိုတဲ့ လူထုဆီက စကားသံတွေကိုကြားခဲ့ရပေမယ့် အခု ၂-နှစ်ကြာလာချိန်မှာတော့ အဲဒီလိုမေးတာမကြားရတော့ပဲ သူတို့ကိုယ်တိုင်ဝင်တိုက်မှရမယ်၊ ချသာချ စစ်ကောင်စီမရှိမှဖြစ်မယ်၊ မနိုင်-နိုင်အောင်တိုက်မယ်၊ ပြီးအောင်တိုက်မယ်၊ အတူတူရင်ဆိုင်တိုက်ပွဲဝင်မယ်ဆိုတဲ့ အသံတွေကြားလာရတယ်” လို့ မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာကြည်စိုးထွန်းကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း ဘယ်လောက်အထိ ခရီးပေါက်ခဲ့သလဲ၊ ၂၀၂၃ ကို ဘယ်လိုမျှော်လင့်ထားသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ....
-  ၂ နှစ်တာအတွင်း တော်လှန်ရေး ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ...

- ဒေသတွင်းရှိ လူထုသဘောထား ပိုပြတ်သားလာတာ ဘာကြောင့်လဲ...

- ERO နဲ့ NUG ကြားမှာ၊ NUG နဲ့ နိုင်ငံတကာကြားမှာ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုအရှိန်မြှင့်သင့်သလဲ...

- ၂၀၂၃ ကို အောက်ခြေလူထုက ဘယ်လိုမျှော်လင့်ထားသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, February 11, 2023

“မာရှယ်လော ထုတ်ခြင်းသည် အဲဒီမြို့နယ်တွေမှာ သူတို့ရှုံးပြီဆိုတာကို စစ်တပ်...



“မာရှယ်လော ထုတ်ခြင်းသည် အဲဒီမြို့နယ်တွေမှာ သူတို့ရှုံးပြီဆိုတာကို စစ်တပ်က တရားဝင် လက်မြောက်လိုက်ခြင်းဖြစ်ပါတယ်”

(ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)

(၁၂-၂-၂၀၂၃)

“စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတဲ့ကြားကနေ စစ်အုပ်ချုပ်ရေးကြေညာပြီး မာရှယ်လော ထပ်ထုတ်တယ်ဆိုတာဟာ အဲဒီမြို့နယ်တွေမှာ စစ်တပ်ကလုံး၀ ရှုံးသွားပြီ၊ လက်မြောက်လိုက်ပြီဆိုတာကို တရားဝင်ပြသလိုက်တာဖြစ်တယ်” လို့ နိုင်ငံရေးဝေဖန်ဆန်းစစ်သူ၊ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း တိုးတက်မှုတွေ၊ ၂၀၂၃ ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဖြစ်တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ....
- NLD အာဏာရတဲ့ ၅ နှစ်တာကာလအတွင်း ဖက်ဒရယ်အရေး ဘာတွေဆောင်ရွက်ပေးခဲ့သလဲ...

- NUG ကို တရားဝင် အစိုးရတရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုရေးအတွက် အရေးကြီးဆုံးအချက်က ဘာလဲ...

- ၂၀၂၃ ကို အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်လို့ကြေညာပြီး တိုက်ပွဲခေါ်တာဟာ ဘယ်လို အကျိုးရှိနိုင်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဒေါက်တာကြည်စိုးထွန်းနှင့် မေးမြန်းချက် ဒုတိယပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်တပ်ဖက်က ဖိနှိပ်မှုတိုးလုပ်ဖို့ပြင်တယ်၊ ပြည်သူဖက်ကလည်း ဆက်ပြီးတော်လှန...



“စစ်တပ်ဖက်က ဖိနှိပ်မှုတိုးလုပ်ဖို့ပြင်တယ်၊ ပြည်သူဖက်ကလည်း ဆက်ပြီးတော်လှန်ဖို့ အားခဲထားတယ်”

(ဒေါက်တာကြည်စိုးထွန်း - ဥက္ကဌ - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ဆောမြို့နယ်)

(၁၁-၂-၂၀၂၃)

“စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့နယ်တွေမှာ စစ်တပ်ဖက်က ဖိနှိပ်မှုတိုးလုပ်ဖို့ပြင်နေသလို ပြည်သူတွေဖက်ကလည်း ဆက်ပြီးတော်လှန်ဖို့ အားခဲထားတာကို မြင်နေရတယ်” လို့ မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာကြည်စိုးထွန်းကပြောပါတယ်။

ဖေဖေါ်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ဘယ်လိုထူးခြားချက်တွေ တွေ့ရသလဲ၊ နွေဦးတော်လှန်ရေး ၂ နှစ်တာဖြတ်သန်းမှု ဘယ်လောက်အထိခရီးရောက်နေပြီလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ....
- စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း စစ်ကြောင်းထိုးမှု၊ လေယာဉ်နဲ့ခြိမ်းခြောက်မှု ပိုများလာသလား...

- ယောနယ်မှာ တိုက်ပွဲတွေ၊ စစ်ဘေးရှောင်တွေ တိုးလာနေဆဲလား...

- ဆောမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဘယ်လိုပြည်သူ့ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေသလဲ...

- PDF, ပကဖ၊ ပလဖ၊ ပအဖ အဖွဲ့တွေကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်တိုးတက်လာသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂ နှစ်တာဖြတ်သန်မှု ဘယ်လောက်ခရီးရောက်နေပြီလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညနေပိုင်းမှာ ထုတ်လွှင့်ပေးပါမယ်။ မနက်ဖန် မနက်ပိုင်းမှာတော့ ဒေါက်တာတင့်ဆွေ ဒုတိယ ပိုင်းကို ထုတ်လွှင့်ပေးဖို့ရှိနေပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, February 10, 2023

“စစ်ကောင်စီဖြုတ်ချရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တပြိုင်တည်း ဆေ...


“စစ်ကောင်စီဖြုတ်ချရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တပြိုင်တည်း ဆောင်ရွက်ဖို့လိုပါတယ်”

(ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)

“လူထုရဲ့ခုခံစစ်ကိုအရှိန်မြှင့်ပြီး စစ်ကောင်စီပြုတ်ကျရေးဆောင်ရွက်နေစဉ်မှာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း တပြိုင်တည်းဆွေးနွေးညှိနိုင်းဆောင်ရွက်သွားဖို့လိုတယ်” လို့ နိုင်ငံရေးဝေဖန်ဆန်းစစ်သူ၊ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေကပြောပါတယ်။

မနက်ဖန်ကျရောက်မယ့် (၇၆) ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ နွေဦးတော်လှန်ရေးသမားတွေက ဘယ်လိုအနာဂတ်ပြည်ထောင်စုမျိုးကိုမျှော်မှန်းထားသလဲ၊ စစ်အုပ်စုပြုတ်ကျရေးတိုက်ပွဲနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ဘယ်အချက်ကို ဦးစားပေးသင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ....
- ပြည်ထောင်စုနေ့ ဘာကြောင့်အရေးကြီးသလဲ...

- နေပြည်တော်မှာ ပြည်ထောင်စုနေ့အခမ်းအနားလုပ်ပြီး တနိုင်ငံလုံး ပြည်တွင်းစစ်ဖြစ်နေတာ ဘာကြောင့်လဲ...

- ဖက်ဒရယ်ချာတာ အကောင်ထည်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ...

- စစ်အုပ်စုပြုတ်ကျရေး အရင်လား၊ ဖက်ဒရယ်တည်ဆောက်ရေးသဘောတူချက်ရရေး အရင်လားလို့ အငြင်းပွားနေရမယ့်အချိန်ဟုတ်ရဲ့လား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂ နှစ်တာဖြတ်သန်မှု ဘယ်လောက်ခရီးရောက်နေပြီလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်။ ဒါ့အပြင် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနဲ့ မေးမြန်းချက်ကိုလည်း ထုတ်လွှင့်ပေးဖို့ရှိနေပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ထန်တလန်စခန်းသိမ်းတိုက်ပွဲမှာ လက်နက် ၄၀ ကျော် သိမ်းဆည်းရမိပါတယ်”



“ထန်တလန်စခန်းသိမ်းတိုက်ပွဲမှာ အလောင်း ၆ လောင်းနဲ့ လက်နက် ၄၀ ကျော် သိမ်းဆည်းရမိပါတယ်”

(ဆလိုင်းထက်နီ - ချင်းအမျိုးသားတပ်ဦး - CNF)

(၁၀-၂-၂၀၂၃)

ဖေဖေါ်ဝါရီ ၉ ရက်နေ့ည ထန်တလန်မြို့မ ရဲစခန်းသိမ်းတိုက်ပွဲကနေ လက်နက် ၄၀ ကျော်ရရှိပြီး စစ်ကောင်စီဖက်က အလောင်း ၄ လောင်းကျန်ခဲ့တယ်။ ဒီနေ့ နောက်ထပ် ၂ ဦးကို လက်နက်နဲ့အတူ သေဆုံး နေတာတွေ့ရတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က မြို့တွင်းနဲ့ အနီးနားက ကျေးရွာတွေကို တိုက်လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်နေသလို ဟားခါးကနေ ထန်တလန်မြို့ဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ပြောပါတယ်။

ထန်တလန်တိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီနဲ့ BNN သတင်းဌာနက ဦးထက်အောင်ကျော် ပြီးခဲ့တဲ့ နာရီပိုင်းကမှ မေးမြန်းထားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...

(မနက်ဖန်မှာတော့ ပြည်ထောင်စုနေ့မှာ ဒီမိုကရေစီ-ဖက်ဒရယ်ပြည်ထောင်စုအရေး ဘယ်လိုပူူးပေါင်းဆောင်ရွက်သင့်သလဲ... ဒေါက်တာ တင့်ဆွေနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, February 9, 2023

“ကျနော်တို့မှာ တိုက်လေယာဉ်မရှိတော့ ဒရုန်းနဲ့ပဲ ပြန်တိုက်နေရပါတယ်”



“ကျနော်တို့မှာ တိုက်လေယာဉ်မရှိတော့ ဒရုန်းနဲ့ပဲ ပြန်တိုက်နေရပါတယ်” 

(ဆလိုင်းထက်နီ - CNF - ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရပုဂ္ဂိုလ်)

(၉ -၂-၂၀၂၃)

“စစ်ကောင်စီဖက်က တိုက်လေယာဉ်သုံးပြီး အပြင်းအထန် တိုက်ခိုက်လာတဲ့အပေါ် ဒရုန်းတွေ၊ အဝေးပစ် ရှော့တိုက်တွေကိုသုံးပြီး ပြန်ခုခံနေရတယ်” လို့ ချင်းအအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

အိန္ဒိယနယ်စပ်အနီးရှိ စစ်ကောင်စီစခန်းကို CNF, CDF တွေက ဒရုန်းသုံးပြီး တိုက်တဲ့အပေါ် အိန္ဒိယ စစ်တပ်က စိုးရိမ်တဲ့ဆိုတဲ့သင်းတွေ၊ ချင်းပြည်နယ်တွင်းက တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- အိန္ဒိယ-မြန်မာနယ်စပ်မှာ တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- ထန်တလန်မြို့ပေါ် စစ်ကောင်စီက ဗုံးထပ်ကျဲမှု အခြေအနေ...

- မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ ဘယ်လို တင်းကျပ်လာသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနေ့ညပိုင်းက မေးထားတဲ့ အင်တာဗျုးဖြစ်ပါတယ်။ ထပ်မံရရှိတဲ့သတင်းတွေအရ ထန်တလန်မြို့ပေါ် စစ်ကောင်စီက တိုက်လေယာဉ် ၅ စီးနဲ့ ဗုံးကျဲခဲ့တယ်လို့သိရပါတယ်။ ထန်တလန်မြိုမရဲစခန်းကို မနေ့ညက ချင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်တွေ သိမ်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ဆက်တွဲသတင်းတွေကို ထပ်မံ မေးမြန်း တင်ပြပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, February 8, 2023

“စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့မြို့တွေမှာ ပိုပြီး ယုတ်မာ၊ ရက်စက်တဲ့ လုပ်ရပ်...



“စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့မြို့တွေမှာ ပိုပြီး ယုတ်မာ၊ ရက်စက်တဲ့ လုပ်ရပ်တွေ စစ်ကောင်စီက ဆောင်ရွက်လာမယ့်သဘော တွေ့နေရပါတယ်”

(ဗညားခွန်အောင် - ကရင်နီလူ့အခွင့်အရေးအဖွဲ့ - KHRG)

(၉ -၂-၂၀၂၃)

“ကရင်နီပြည်နယ်က မြို့နယ် ၄- ခုအပါဝင် စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်ပေါင်း ၃၇- ခုမှာ ပိုပြီး ယုတ်မာ၊ ရက်စက်တဲ့ လုပ်ရပ်တွေကို စစ်ကောင်စီက ဆောင်ရွက်လာမယ့်သဘော တွေ့နေရပါတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ - (KHRG) ညွှန်ကြားရေးမှူး ဗညားခွန်အောင်က ပြောပါတယ်။

ကရင်နီပြည်နယ်က စစ်ပွဲတွေ၊ ရွာမီးရှို့ခံရမှု၊ ဘုရားကျောင်းမီးရှို့ခံရမှု၊ စစ်ဘေးရှောင်ကူညီပေးနိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ဖရူဆိုက လူအစုအပြုံလိုက်အသတ်ခံရမှုကို ဂျာမနီမှာ တရားစွဲတော့ ဘာဆက်ဖြစ်လာမလဲ...

- ဘုရားကျောင်းမီးရှို့ခံရမှုကို နိုင်ငံတကာ ခရစ်ယာန်အဖွဲ့တွေက ဘယ်လို အရေးယူနိုင်မလဲ...

- NDAA ရဲ့ လူသားချင်းစာနာမှုအကူအညီ ဘယ်အချိန်လောက်မှာ ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေဆီ ရောက်လာနိုင်သလဲ...

- တော်လှန်ရေး ၂ နှစ်တာဖြတ်သန်းမှုအပေါ် လူ့အခွင့်အရေးရှု့ဒေါင့်ကကြည့်ရင် ဘယ်လောက် အားရစရာရှိသလဲ...

- စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ ရက်စက်၊ ယုတ်မာမှုတွေ ပိုဆိုးလာနေသလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, February 7, 2023

“အရင်ကတော့ အသိပညာပေးမှုလုပ်တယ်၊ အခုတော့ တရားစွဲအရေးယူမှု လုပ်မှရတော့မယ်”



“အရင်ကတော့ အသိပညာပေးမှုလုပ်တယ်၊ အခုတော့ တရားစွဲအရေးယူမှု လုပ်မှရတော့မယ်”

(ဗညားခွန်အောင် - ကရင်နီလူ့အခွင့်အရေးအဖွဲ့ - KHRG)

(၈-၂-၂၀၂၃)

“ကရင်နီလူ့အခွင့်အရေးအဖွဲ့ဟာ အရင်က လူ့အခွင့်အရေးချိုးဖောက်မှုကို မှတ်တမ်းတင်တာ၊ အသိပညာပေးတာတွေကို အဓိကထားဆောင်ရွက်ခဲ့ပေမယ့် အခုချိန်မှာတော့ ပညာပေးတဲ့အဆင့်နဲ့မရတော့တဲ့အတွက် ဥပဒေကြောင်းအရ တရားစွဲအရေးယူမှု လုပ်တော့မယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ - (KHRG) ညွှန်ကြားရေးမှူး ဗညားခွန်အောင်က ပြောပါတယ်။

မနေ့ကထုတ်ပြန်တဲ့ ကရင်နီပြည်က လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာနဲ့ ဒီအမှုတွေကို ဂျာမနီနိုင်ငံမှာတရားစွဲထားတဲ့အခြေအနေ ဘယ်လိုရှိသလဲ...စတဲ့အကြောင်းရာတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- ကရင်နီပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဘယ်လောက်ဆိုးနေသလဲ...

- စစ်ပြေးဒုက္ခသည် ဘယ်လောက်များနေပြီး ဘယ်လိုအကူအညီပေးနေကြသလဲ...

- တိုက်ပွဲတွေ ဖြစ်နေဆဲလား...

- လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ဂျာမနီနိုင်ငံမှာတရားစွဲထားတဲ့အမှု အလားအလာ ဘယ်လိုရှိသလဲ... 
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြိုနယ်တွေမှာ စစ်ဘေးရှောင်တွေ ပိုနှိပ်စက်ခံနေရသလား...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“NUG ကို အစိုးရတရပ်အဖြစ် နိုင်ငံတကာက ဆက်ဆံလာနေကြပြီဖြစ်ပါတယ်”



“NUG ကို အစိုးရတရပ်အဖြစ် နိုင်ငံတကာက ဆက်ဆံလာနေကြပြီဖြစ်ပါတယ်”

(ဦးအောင်မျိုးမင်း - ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဝန်ကြီးဌာန- NUG)

(၇-၂-၂၀၂၃)

“အမျိးသားညီညွတ်ရေးအစိုးရ NUG ကို အစိုးရတရပ်အဖြစ် နိုင်ငံတကာအစိုးရတွေက ဆက်ဆံလာနေကြပြီဖြစ်ပါတယ်၊ တရားဝင်အစိုးရဖြစ်တယ်လို့ ထုတ်ပြောဖို့အဆင့် ပဲလိုတော့တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း NUG ရဲ့ကြိုးပန်းဆောင်ရွက်နိုင်မှု၊ ဒီမိုကရေစီအင်အားစု၊ ဖက်ဒရယ်အင်အားစု၊ ပြည်တွင်း-ပြည်ပ အင်အားစုအားလုံးရဲ့ စုစည်းညီညွတ်မှုနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- NUG ကို အစိုးရတရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုပြီလား...

- အာဆီယံနဲ့ ကုလ-လုံခြုံရေးကောင်စီကတောင်းဆိုနေတဲ့ အင်အားစုအားလုံး ပါဝင်ဆွေးနွေးအဖြေရှာရေးလမ်းကြောင်း ဖြစ်နိုင်ခြေရှိသေးလား....

- တော်လှန်ရေး ၂ နှစ်တာအတွင်း ဘယ်လောက်အထိ ခရီးပေါက်ပြီလဲ...

- ၂၀၂၃ မကုန်ခင်မှာ တော်လှန်ရေးအောင်ပွဲခံနိုင်ဖို့ အဆုံးအဖြတ်တိုက်ပွဲတွေ တကယ်ပဲ ပေါ်လာနိုင်သလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဖေဖေါ်ဝါရီ ၅ ရက်၊ တနဂ်နွေညက မေးမြန်းထားတဲ့ အင်တာဗျုးဖြစ်ပါတယ်။ မနေ့က၊ ဖေ ၆-ရက်နေ့ညနေ ဝင်လာတဲ့သတင်းတွေအရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို UK နိုင်ငံခြားရေးဝန်ကြီး James Cleverly က လန်ဒန်မြို့မှာ တရားဝင်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, February 6, 2023

“လေယာဉ်ဆီ ပိတ်ပင်မှုအပါဝင် စစ်ကောင်စီအပေါ် အရေးယူမှုတွေ တိုးလာအောင် ဆက်လ...


“လေယာဉ်ဆီ ပိတ်ပင်မှုအပါဝင် စစ်ကောင်စီအပေါ် အရေးယူမှုတွေ တိုးလာအောင် ဆက်လုပ်နေပါတယ်”

(ဦးအောင်မျိုးမင်း - ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဝန်ကြီးဌာန- NUG)

(၆-၂-၂၀၂၃)

“စစ်ကောင်စီက တိုက်လေယာဉ်တွေသုံးပြီး ဗုံးကျဲတိုက်ခိုက်နေတာတွေကို တားဆီးနိုင်ဖို့အတွက် ပြည်ပကနေ လေယာဉ်ဆီတင်သွင်းခွင့်ပိတ်ပင်တာအပါဝင် စီးပွားရေးပိတ်ဆို့မှုတွေကြိုးစားဆောင်ရွက်နေသလို အခြားတဖက်မှာလည်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တိုက်ရိုက်ကူညီပေးနိုင်အောင်ကြိုးစားနေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

လူ့အခွင့်အရေးဝန်ကြီးရဲ့ နော်ဝေ၊ ပြင်သစ်ခရီးစဉ်အခြေအနေ၊ ၂ နှစ်တာကာလအတွင်း NUG က ကြိုးစားဆောင်ရွက်နေတဲ့ စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူရေးနဲ့ ပြည်သူတွေအတွက် အကူအညီရရှိရေး အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- နော်ဝေ၊ ပြင်သစ်ခရီးစဉ်တွေက ဘာတွေထူးခြားသလဲ...

- UK ရဲ့ လေယာဉ်ဆီ တင်သွင်းခွင့်ပိတ်ပင်မှုကို အိမ်နီးချင်းနိုင်ငံတွေက လိုက်နာပါ့မလား...

- အခုအရေးယူမှုတွေဟာ NDAA ဥပဒေရဲ့ နော်ဆက်တွဲတွေလား...

- မြန်မာပြည်သူတွေအတွက် အရေးပေါ်အကူအညီ ဘယ်တော့ရမှာလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း NUG က ဘယ်လောက်အထိ ဦးဆောင်မှုပေးနိုင်ခဲ့သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုလွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, February 5, 2023

“ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံကို ဦးတည်တဲ့၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက...



“ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံကို ဦးတည်တဲ့၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ သွားစေချင်ပါတယ်”

(ဦးမြအေး - ၈၈-မျိုးဆက်)

(၅-၂-၂၀၂၃)

“လက်ရှိ မြန်မာ့နိုင်ငံရေးပြသာနာကို ပြေလည်စေချင်ရင် ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်နိုင်ရေးကိုဦးတည်တဲ့ နိုင်ငံရေးအခင်းအကျင်းဖန်တီးဖို့လိုတယ်၊ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်၊ အချိန်ကာလအတိအကျသတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ လိုအပ်နေတယ်” လို့ ပြီးခဲ့တဲ့ လပိုင်းကမှ အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ၈၈-မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းမှု ၂-နှစ်ပြည့်ချိန်မှာ ပြည်တွင်းစစ်ဆီဦးတည်နေတဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုနည်းလမ်းတွေနဲ့ အဖြေရှာသင့်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ကုလ လုံခြုံရေးကောင်စီနဲ့ အာဆီယံတို့က တိုက်တွန်းနေတဲ့ လမ်းကြောင်းကို လက်ခံမလား၊ ... ကိုယ့်လမ်းကိုလျှောက်ကြမလား...

- အင်အားသုံးပြီး ရွေးကောက်ပွဲဆက်လုပ်ရင် ဘာတွေဖြစ်လာနိုင်သလဲ...

- အများပြည်သူ ထိခိုက်နစ်နာမှုနည်းတဲ့နည်းလမ်းက ဘာဖြစ်မလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, February 4, 2023

“ရွေးကောက်ပွဲနည်းနဲ့ အဖြေရှာလို့မရဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆက်သွားလို့မရ...


“ရွေးကောက်ပွဲနည်းနဲ့ အဖြေရှာလို့မရဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆက်သွားလို့မရဘူး၊ နည်းလမ်းသစ်ရှာဖို့လိုနေပါတယ်”

(ဦးမြအေး - ၈၈-မျိုးဆက်)

(၄-၂-၂၀၂၃)

“လက်ရှိ မြန်မာ့နိုင်ငံရေးပြသာနာကို ရွေးကောက်ပွဲနည်းနဲ့အဖြေရှာလို့မရဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံအရဆက်သွားလို့မရဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲဖို့လိုတယ်၊ ပြည်သူတွေ လက်ခံနိုင်တဲ့ နည်းလမ်းသစ်ရှာဖို့လိုအပ်နေတယ်” လို့ ပြီးခဲ့တဲ့ လပိုင်းကမှ အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ၈၈-မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းမှု ၂-နှစ်ပြည့်ချိန်မှာ မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး ရွေးကောက်ပွဲအတင်းအကျပ်လုပ်ဖို့ပြင်နေတာ၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ ရွာမီးရှို့မှုတွေတိုး လာနေတာ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ သတိပေးချက်ထွက်လာတာ... စတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်လာအောင် ဘယ်လိုလုပ်ကြမလဲ...

- ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို သေဒဏ်ပေးတဲ့အပေါ် ခံစားချက်...

- ရွေးကောက်ပွဲနည်းနဲ့အလုပ်မဖြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့လည်းအလုပ်မဖြစ်ရင် ဘယ်လိုနည်းလမ်းသစ်တွေရှာဖို့လိုအပ်မလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကိုမြအေးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, February 3, 2023

TNY 2 feb


“ဒီနှစ်ထဲမှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ပိုလိုအပ်နေပါတယ်”

(စတား - ကွပ်ကဲရေးအဖွဲ့ - တနသာင်္ရီစစ်ဒေသခွဲ)

(၄-၂-၂၀၂၃)

“အခု ၂၀၂၃ ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က တိုက်ပွဲအရှိန်မြှင့်မယ့်နှစ် ဖြစ်တာကြောင့် တနသာၤရီတိုင်းအပါဝင် တနိုင်ငံလုံးမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်၊ လူထုရဲ့ထောက်ခံအားပေးမှုကို ပိုမိုပြသရမယ့်အချိန်ဖြစ်တယ်” လို့ တနသာင်္ရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က စစ်ဆင်ရေးတာဝန်ခံ စတားက ပြောပါတယ်။

၂-နှစ်တာအတွင်း စစ်ရေးလှုပ်ရှားနိုင်မှုအခြေအနေ၊ ၂၀၂၃ မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- ၂ နှစ်တာဖြတ်သန်းမှုအတွင်း PDF, LDF, ပကဖ တွေရဲ့ စွမ်းရည် ဘယ်လောက်တိုးတက်လာသလဲ...

- ပြည်သူ့အုပ်ချုပ်ရေးချထားတဲ့ စိုးမိုးနယ်မြေမှာ ဘယ်လိုဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေသလဲ...

- ၂၀၂၃ အတွင်း တိုက်ပွဲအရှိန်မြင့်လာမယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

- ပြည်တွင်း-ပြည်ပအကူညီတွေ ဘာကြောင့် ပိုလိုအပ်လာနေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီညနေပိုင်းမှာတော့ ၈၈- မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးနှင့် မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“လက်ရှိ စစ်ရေးအနေအထား ၅၀/ ၅၀ ကနေ ၇၀/ ၃၀ ဖြစ်လာအောင် ဒီနှစ်အတွင်း ဆောင်ရွ...



“လက်ရှိ စစ်ရေးအနေအထား ၅၀/ ၅၀ ကနေ ၇၀/ ၃၀ ဖြစ်လာအောင် ဒီနှစ်အတွင်း ဆောင်ရွက်နိုင်ဖို့ လိုပါတယ်”

(ဦးသန်းစိုးနိုင် - စစ်ရေး - နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ)

(၃-၂-၂၀၂၃)

“နွေဦးတော်လှန်ရေး ၂- နှစ်တာကာလအတွင်း တော်လှန်ရေးတပ်တွေဖက်က နယ်မြေ ၅၀% ခန့်ကို ထိန်းထားနိုင်ပြီဖြစ်တဲ့အတွက် ဒီနှစ် ၂၀၂၃ မကုန်ခင် ၇၀% အထိ ထိန်းနိုင်အောင် ဆောင်ရွက်ဖို့လိုအပ်နေတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား စစ်ရေးအသာစီးရမှု ဘယ်ဖက်ကသာလဲ၊ ၂၀၂၃ မှာ တော်လှန်ရေးတပ်တွေဖက်က အသာစီးရလာနိုင်သလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- စစ်ကောင်စီဖက်က လေကြောင်းအသာစီးရနေမှုအပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...

- နယ်စပ်ဒေသ စခန်းသိမ်းတိုက်ပွဲကနေ မြို့ပြဒေသ စခန်းသိမ်းတိုက်ပွဲဆီ ဘယ်လိုချီတက်မလဲ...

- အမေရိကန်ရဲ့ NDAA ဥပဒေက နွေဦးတော်လှန်ရေးရဲ့ နည်းပညာလိုအပ်ချက်ကို ဘယ်လောက်ဖြည့်ပေးနိုင်မလဲ...

- ၂ နှစ်တာကြာပြီးချိန်မှာ လူထုတုန့်ပြန်ချက် ဘယ်အဆင့်မှာရှိနေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်ညပိုင်းမှာတော့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးနှင့် မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ တနသာင်္ရီ စစ်ဒေသ PDF ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကို စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, February 2, 2023

“တိုက်ပွဲပေါင်း ၄၀၀- ခန့်ဖြစ်ခဲ့ပြီး မြို့နယ် ၃- ခုကို ကျနော်တို့ အုပ်ချ...



“တိုက်ပွဲပေါင်း ၄၀၀- ခန့်ဖြစ်ခဲ့ပြီး မြို့နယ် ၃- ခုကို ကျနော်တို့ဖက်က အုပ်ချုပ်ရေး ချထားနိုင်နေပါပြီ”

(စတား - ကွပ်ကဲရေးအဖွဲ့ - တနသာင်္ရီစစ်ဒေသခွဲ - PDF)

(၃-၂-၂၀၂၃)

“နွေဦးတော်လှန်ရေး ၂- နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၄၀၀- ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်က ၁၀၀၀-နီးပါးသေဆုံးခဲ့တယ်။ တော်လှန်ရေးတပ်တွေဖက်က အနည်းဆုံး မြိုနယ် ၃-ခုကို ပြည်သူ့အုပ်ချုပ်ရေးချထားနိုင်ပြီဖြစ်ပေမယ့် လက်နက်အပါဝင် အခြားလိုအပ်ချက်တွေကတော့ ရှိနေဆဲဖြစ်တယ်” လို့ PDF တနသာၤရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က စစ်ဆင်ရေးတာဝန်ခံ စတားက ပြောပါတယ်။

စစ်အာဏာသိမ်း ၂-နှစ်ပြည့်၊ တနည်းအားဖြင့် နွေဦးတော်လှန်ရေး ၂-နှစ်ပြည့်ကာလအတွင်း တနသာၤရီတိုင်းစစ်ဒေသခွဲ အနေနဲ့ ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ၊ တော်လှန်ရေးတပ်တွေရဲ့ အဓိကစိန်ခေါ်ချက်က ဘာတွေလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- တနသာၤရီတိုင်းအတွင်း တိုက်ပွဲဘယ်လောက်များများ ဖေါ်ဆောင်နိုင်ခဲ့သလဲ...

- နယ်မြေဘယ်လောက်များများကို တော်လှန်ရေးတပ်တွေဖက်က ထိန်းချုပ်ထားနိုင်ပြီလဲ...

- PDF, LDF, ပကဖ တွေအားလုံး တနသာၤရီကွပ်ကဲရေးအဖွဲ့က အမိန့်ပေးနိုင်ပြီလား...

- ဒေါ်လာ တသိန်းရရှိရေး စီမံကိန်းက ဘာအတွက်လဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဖေဖေါ်ဝါရီ ၁-ရက်က ပြုလုပ်ထားတဲ့ မေးမြန်းချက် ပထမ ပိုင်းဖြစ်ပါတယ်။ ဒီနေ့ ဝင်လာတဲ့သတင်းတွေအရ အင်တာဗျုးထဲပြောသွားတဲ့ တနသာၤရီနဲ့ ပုလောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်မယ်လို့ စစ်ကောင်စီက ကြေညာလိုက်တယ်လို့သိရပါတယ်။ ဒီမေးမြန်းချက် ဒုတိယ ပိုင်းကို မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်။ ဒီညနေပိုင်းမှာတော့-စစ်ရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ရဲ့ သုံးသပ်ချက် အပိုင်း ၂-ကို ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ပျောက်ကြား ပစ်-ပြေး အဆင့်ကနေ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့အဆင့်ကိ...



“ပျောက်ကြား ပစ်-ပြေး အဆင့်ကနေ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့အဆင့်ကို ရောက်လာနေပြီဖြစ်တယ်”

(ဦးသန်းစိုးနိုင် - စစ်ရေး - နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ)

(၂-၂-၂၀၂၃)

“တူမီးနဲ့စတင်ခဲ့ရတဲ့ နွေဦးတော်လှန်ရေးဟာ အခု ၂ နှစ်တာကြာပြီးတဲ့အချိန်မှာတော့ လက်လက်သေနတ်တွေ၊ ခေတ်မီမောင်းပြန်လက်နက်တွေရှိလာနေပြီဖြစ်တာကြောင့် အရင်နှစ်ကလို ပျောက်ကြား ပစ်-ပြေး အဆင့်မဟုတ်တော့ပဲ စကစကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့အဆင့်ဆီ ရောက်လာနေပြီဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့၊ တနည်းအားဖြင့် နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်တပ်ဆင်နိုင်မှု၊ တိုက်ပွဲဖေါ်ဆောင်နိုင်မှု၊ ERO နဲ့ PDF ကြား ဗျုဟာမြောက် ပေါင်းစည်းဆောင်ရွက်နိုင်မှု အခြေအနေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- တော်လှန်ရေး ၂ နှစ်တာကာလအတွင်း PDF တွေ လက်နက်တပ်ဆင်နိုင်မှု အနေအထား ဘယ်လောက်အထိ တိုးတက်လာသလဲ...

- PDF, LDF, ပကဖ တပ်ရင်းတွေ NUG ရဲ့ အမိန့်အောက် တကယ်ရောက်နေပြီလား...

- ERO တွေနဲ့ NUG ကြား ပူူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အားကောင်းနေပြီလဲ...

- အညာဒေသကတပ်တွေကို လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးလုပ်ပေးဖို့ ဘယ်လိုအခက်အခဲတွေရှိနေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန် မနက်ပိုင်းမှာ တနသာၤရီ စစ်ဒေသ PDF ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးပါမယ်။ ဦးသန်းစိုးနိုင် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, February 1, 2023

“ရရာလက်နက် စွဲကိုင်တိုက်ခိုက်နေရတဲ့အဆင့်ကနေ ခေတ်မီလက်နက်တွေနဲ့ တိုက်ပွဲဝ...


“ရရာလက်နက် စွဲကိုင်တိုက်ခိုက်နေရတဲ့အဆင့်ကနေ ခေတ်မီလက်နက်တွေနဲ့ တိုက်ပွဲဝင်နိုင်ဖို့ မျှော်လင့်ပါတယ်“

(မျိုးသူရကိုကို - အမှတ် (၃) စစ်ဒေသ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)

(၂-၂-၂၀၂၃)

“နွေဦးတော်လှန်ရေးစတင်ချိန်မှာ တူမီးတွေ၊ လက်လုပ်သေနတ်တွေကိုသာ အားကိုးခဲ့ရပေမယ့် အခု ၂၀၂၃ မှာတော့ ခေတ်မီမောင်းပြန်လက်နက်တွေကိုင်ပြီး စခန်းသိမ်းတိုက်ပွဲဝင်နိုင်ဖို့ မျှော်လင့်ထားတယ်” လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် ၃- စစ်ဒေသက PDF တပ်ဖွဲ့ဝင် မျိုးသူရကိုကို ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း စစ်ရေးအရ ဘယ်လောက်တိုးတက်လာသလဲ၊ ၂၀၂၃ ကို ဘယ်လိုမျှော်လင့်ထားသလဲဆိုပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- လွတ်မြောက်ဒေသရောက် လူငယ်တွေ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ...

- စစ်သင်တန်းအခြေအနေ၊ တပ်စုဖွဲ့မှုအခြေအနေ၊ လက်နက်တပ်ဆင်နိုင်မှု အခြေအနေ ဘယ်လောက်တိုးတက်လာသလဲ...

- ERO ဒေသကတိုက်ပွဲ၊ အညာဒေသကတိုက်ပွဲ၊ မြို့ပြပျောက်ကြားတိုက်ပွဲ၊ လူထုဆန္ဒပြပွဲတွေ တခုနဲ့တခု ဘယ်လိုဟန်ချက်ညီ သွားနိုင်မလဲ...

- ၂၀၂၃ မှာ တော်လှန်ရေးတပ်တွေဖက်က ဘယ်လောက်အထိ အရှိန်မြှင့်တိုက်ခိုက်ရေး လုပ်လာနိုင်မလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီနေ့ညနေပိုင်းမှာတော့ နိုင်ငံရေး-စစ်ရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ရဲ့ ၂ နှစ်ပြည့်အခြေနေ သုံးသပ်ချက်ကို ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“မြေပြန့်ဒေသက လူထုကိုယ်တိုင် လက်နက်ကိုင်တိုက်ပွဲထဲ ပါဝင်လာတဟာ တကယ့်ထူးခြ...



“မြေပြန့်ဒေသက လူထုကိုယ်တိုင် လက်နက်ကိုင်တိုက်ပွဲထဲ ပါဝင်လာတဟာ တကယ့်ထူးခြားချက်ဖြစ်ပါတယ်”

(ခွန်မြင့်ထွန်း - ဥက္ကဌ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC)

(၁-၁-၂၀၂၃)

“နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲဟာ အရင်ခေတ်တွေကလို ERO ဒေသ တောင်ပေါ်ဒေသမှာတင်ဖြစ်နေတာမဟုတ်ပဲ စစ်ကိုင်း၊ မကွေးလို မြေပြန့်ဒေသက လူထုကိုယ်တိုင် လက်နက်ကိုင်တိုက်ပွဲထဲ ပါဝင်လာတဟာ တကယ့်ထူးခြားချက်ဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်း က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း ERO နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေ၊ အရင်ခေတ် တော်လှန်ရေးနဲ့ ဒီနေ့တော်လှန်ရေး ကွာခြားချက် အခြေအနတွေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- ERO နဲ့ PDF တွေကြားပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ တိုးတက်လာသလဲ....

- ၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲကာလနဲ့ အခု ၂၀၂၃ ရွေးကောက်ပွဲကာလ ဘာတွေတူပြီး ဘာတွေကွာခြားနေသလဲ...

- အရင်ကမရှိဖူးတဲ့ မြေပြန့်ဒေသမှာ လက်နက်ကိုင်တိုက်ပွဲ ဘာကြောင့်ဖြစ်ပေါ်လာသလဲ...

- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လူထုက ဘာကြောင့် ဆန့်ကျင်ကန့်ကွက်သင့်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ PDF လူငယ်တဦးရဲ့ ၂ နှစ်တာဖြတ်သန်းမှုအပေါ် ရှုမြင်ချက်နဲ့ စစ်ရေးအကဲခတ်တဦးရဲ့ စစ်ရေးသုံးသပ်ချက်တွေကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More