Monday, May 30, 2022

Interview with Sai Kyaw Nyunt of SNLD. Part-2.



“စစ်တပ်က ဘယ်နေ့ ဘယ်ရက်မှာ နိုင်ငံရေးကနေထွက်မလဲဆိုတာကို တိတိလင်းလင်းပြောဖို့ လိုပါတယ်”

(စိုင်းကျော်ညွန့်- တွဲဖက်အတွင်းရေးမှူး (၁)- SNLD)
----------------------------------------------------------------------
(၃၀ / ၅/၂၀၂၂)

မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ ပြသာနာတွေဖြေရှင်းဖို့ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဖက်ကနေ “ဘယ်နေ့ ဘယ်ရက်မှာ နိုင်ငံရေးကနေထွက်မလဲဆိုတာကို တိတိလင်းလင်း ကြိုတင်ကတိပေးဖို့ လိုပါတယ်” လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း ရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံ ဆုတ်ရုပ်နေမှုကို ဘယ်လိုအဖြေရှာနိုင်မလဲ၊ နိုင်ငံရေးထွက်ပေါက်က ဘာဖြစ်မလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- ရွေးကောက်ပွဲအသစ်ကို ပါတီတွေ ဘာကြောင့် စိတ်မဝင်စားသလဲ...
- စစ်တပ် အာဏာသိမ်းမှုကြောင့် တိုင်းပြည်ဘယ်လောက်အထိ နောက်ပြန်ဆုတ်သွားသလဲ...
- နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေဖြစ်ပေါ်လာအောင် စစ်တပ်ဖက်က ဘာတွေ ကြိုတင် ကတိပေးဖို့လိုအပ်မလဲ...
- ပြည်သူတွေရဲ့ ရုန်းကန်တိုက်ပွဲဝင်မှုအပေါ် အားလုံးက ဘယ်လိုဝိုင်းကူသင့်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, May 29, 2022

Interview with Sai Kyaw Nyunt of SNLD. P-1.



“အရပ်သား အခန်းကဏ္ဍပျောက်နေပြီး သေနတ်ကိုင်တွေရဲ့ အခန်းကဏ္ဍ ပိုမြင့်နေပါတယ်”

(စိုင်းကျော်ညွန့်- တွဲဖက်အတွင်းရေးမှူး (၁)- SNLD)
----------------------------------------------------------------------
(၂၉ / ၅/၂၀၂၂)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားအခန်းကဏ္ဍပျောက်နေပြီး သေနတ်ကိုင်တွေရဲ့ အခန်းကဏ္ဍပိုမြင့်လာနေတယ်၊ ဒါကို ဒီမိုကရေစီလိုလားသူတွေက လက်မခံနိုင်ဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ SNLD ပါတီညီလာခံရဲ့ ထူးခြားချက်တွေ၊ လက်ရှိနိုင်ငံရေး အခြေအနေပေါ် ပါတီရဲ့အမြင်တွေကို BNN သတင်းဌာနမှ ဦးထက်အောင်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- SNLD ပါတီညီလာခံ ဒီအချိန်မှာ ဘာကြောင့် ကျင်းပဖို့လိုအပ်တာလဲ...
- စစ်တပ်က အာဏာသိမ်းတဲ့ဖြစ်စဉ်အပေါ် SNLD ပါတီက ဘယ်လိုရှုမြင်ထားသလဲ...
- ပါတီညီလာခံကျင်းပတာဟာ ရွေးကောက်ပွဲဝင်ဖို့ပြင်တဲ့သဘောလား...
- “တရားဓမ္မ” ဖက်မှာ ရပ်တည်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လက်ရှိပြသာနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ-အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, May 26, 2022

Interview with Dr Tun Myint. Part-2.




“PDF, CDM, သပိတ်လှုပ်ရှားမှု၊ ဒီ ၃ ခုအပေါ် မူတည်နေပါတယ်”

(ဒေါက်တာထွန်းမြင့်-  နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ- Carleton College)
-----------------------------------------------------------------
(၂၆/ ၅/ ၂၀၂၂)

မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်နိုင်ခြေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM နဲ့ သပိတ်တိုက်ပွဲတွေဘယ်လောက်အထိ အရှိန်ကောင်း-မကောင်းဆိုတဲ့အချက်ပေါ် မူတည်နေတယ်လို့ Carleton College နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ဒေါက်တာ ထွန်းမြင့်ကပြောပါတယ်။ 

နွေဦးတော်လှန်ရေးတနှစ်ကြာပြီးချိန်မှာ နိုင်ငံတကာရဲ့ထောက်ခံမှုအခြေအနေ၊ ပြည်တွင်း လှုပ်ရှားမှုအရှိန်အဟုန်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့....
- ထိုင်း-မြန်မာ ဆက်ဆံရေးအခြေအနေ...
- တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေ...
- တရုတ်နဲ့ အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေးပေါ် ချည်းကပ်မှုမှာ ဘယ်သူက ပိုလက်တွေ့ကျသလဲ...
- ၁၄ လကြာ မြန်မာ့နွေဦးတော်လှန်ရေးအနေအထား ဘယ်လို ဆက်ဖြစ်လာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, May 25, 2022

Interview with Dr Tun Myint. P-.



“အမေရိကန်ရဲ့ အားပေးမှုဟာ မူဝါဒကနေ လက်တွေ့အကောင်အထည်ဖေါ်တဲ့အဆင့်ကို ရောက်လာတာဖြစ်တယ်”

(ဒေါက်တာထွန်းမြင့်-  နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ- Carleton College)
-----------------------------------------------------------------
(၂၅/ ၅/ ၂၀၂၂)

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ကို ဝါရှင်တန်အထိ ဖိတ်ခေါ် တွေ့ဆုံခြင်းဟာ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးနေတဲ့ “မြန်မာ့ဒီမိုကရေစီအရေးအားပေးမှု'' မူဝါဒပိုင်းကနေ လက်တွေ့အကောင်ထည်ဖေါ်တဲ့အဆင့်ဆီ ရောက်လာတာဖြစ်တယ်လို့ Carleton College  နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ဒေါက်တာ ထွန်းမြင့်ကပြောပါတယ်။ 

နွေဦးတော်လှန်ရေးတနှစ်ကြာပြီးချိန် အမေရိကန်အပါဝင် အနောက်နိုင်ငံတွေရဲ့ အားေ့ပးမှူဟာ “နှုတ်၏စောင်မခြင်း” အဆင့်မှာ ရှိနေဆဲလား၊ တကယ်လက်တွေ့ ဆောင်ရွက်မယ့် အလားအလာရှိပါရဲ့လားဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့....
- NUG ဝန်ကြီးတွေကို ဝါရှင်တန်သို့ ဖိတ်ခေါ်ခြင်းရဲ့ အဓိပ္ဗာယ်က ဘာလဲ...
- အာဆီယံအဖွဲ့ဝင်အချို့ နွေဦးတော်လှန်ရေးအပေါ် နားလည်လာပြီလား...
- အမေရိကန်၊ ဂျပန်၊ သြစတေလျ၊ အိန္ဒိယ ၄ နိုင်ငံတွေ့ဆုံပွဲရဲ့ ကြေညာချက်တွေက တကယ်အလုပ်ဖြစ်မှာလား...
- CDM တပ်မတော်သားတွေကို သြစတေလျက ဗီဇာ ထုတ်ပေးခြင်းဟာ တကယ်အလုပ်ဖြစ်နိုင်သလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေးအခြေအနေဆွေးနွေးချက်ကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, May 22, 2022

Interview with Thein Oo of NUG on Justice. P-2



“အားလုံးညီညီ တပြိုင်တည်းတွန်းနိုင်ရင် မိုးမကုန်ခင်မှာတောင် အပြောင်းအလဲတွေ မြင်လာရနိုင်ပါတယ်” 

(ဦးသိန်းဦး- ပြည်ထောင်စုဝန်ကြီး- တရားရေးဝန်ကြီးဌာန- NUG)
---------------------------------------------------------------------------
(၂၂/၅/၂၀၂၂)

ပြည်တွင်းတိုက်ပွဲမှာ နယ်မြေ လက်လွှတ်ဆုံးရှုံးနေရတာ၊ ပြည်ပ သံတမန်ရေးတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီကို အင်အားစုအားလုံးက တပြိုင်တည်း တိုက်မယ်ဆိုရင် မိုးမကုန်ခင်တောင် သိသာတဲ့အပြောင်းအလဲတွေ မြင်လာရနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီး ဦးသိန်းဦး ကပြောပါတယ်။

တော်လှန်စစ် တနှစ်တာကအတွင်း စစ်ရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ တိုးတက်ဖြစ်ထွန်းမှုအခြေအနေပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- သံတမန်ရေးတိုက်ပွဲမှာ NUG က အသာစီး ရလာနေပြီလား...
- CDM တပ်မတော်သားတွေ၊ ရဲတပ်သားတွေ၊ ဝန်ထမ်းတွေ ဘယ်လောက်အထိ များလာနေသလဲ...
- ၂၀၂၃ မတိုင်ခင် သိသာတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Saturday, May 21, 2022

Interview with Their Oo of NUG on Justice. P-1.



“စစ်ကိုင်းတိုင်းက ၁၅ မြို့နယ်မှာ တရားစီရင်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်”

(ဦးသိန်းဦး- ပြည်ထောင်စုဝန်ကြီး- တရားရေးဝန်ကြီးဌာန- NUG)
---------------------------------------------------------------------------
(၂၁/၅/၂၀၂၂)

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ မြို့နယ်ပေါင်း ၃၀ ကျော်ကို ပြည့်သူ့အုပ်ချုပ်ရေးချပြီးတဲ့နောက် အခု ဒုတိယ အဆင့်အဖြစ် မြို့နယ် ၁၅ ခုမှာ တရားစီရင်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီး ဦးသိန်းဦး ကပြောပါတယ်။

တော်လှန်စစ် တနှစ်တာကအတွင်း နိုင်ငံရဲ့ ၅၀% နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ၊ မြိုန့ယ် ၃၀ ကျော်မှာ အုပ်ချုပ်ရေးချပြီး ၁၅ မြို့နယ်မှာ တရားစီးရင် ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- ၁၅ မြို့နယ်မှာ ဖွဲ့ပေးလိုက်တဲ့ တရားစီရင်ရေးအဖွဲ့တွေက ဘယ်လိုတာဝန်ယူ လုပ်ဆောင်မလဲ...
- တရားစီရင်ရေးအတွက် ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနတွေ ရှိနေပြီလား...
- တိုင်းပြည်ရဲ့ ၄၅% ကျော် နယ်မြေကို ထိန်းချုပ်ထားတယ်ဆိုတာ ဘယ်လို သက်သေပြနိုင်မလဲ... 
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ပြည်တွင်းမှာ နယ်မြေ ထိန်းချုပ်မှုတိုးလာတာအပြင် ပြည်ပနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကော ဘယ်လောက်အထိတိုးလာနေသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, May 18, 2022

Interview with Mar wi of KNDF. P-2.



“ကရင်နီမှာ စစ်ကောင်စီအုပ်ချုပ်ရေး  ၉၀ % လောက် မလည်ပတ်နိုင်တော့ပါဘူး”

(မာဝီ - အတွင်းရေးမှူး ၂ - KNDF)
----------------------------------------------------------
(၁၈ / ၅/၂၀၂၂)

ကရင်နီဒေသမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တယား ၉၀% ခန့်ပျက်စီးနေပြီဖြစ်ပြီး တနိုင်ငံလုံးမှာ စစ်တပ်က လုံး၀ အုပ်ချုပ်ခွင့်မရအောင် ပြည်သူတိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) အတွင်းရေးမှူး ၂ မာဝီ က ပြောပါတယ်။

ခုခံတော်လှန်စစ် တနှစ်တာကာလအတွင်း ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ ရှေ့အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- စစ်တပ်က ရွာမီးရှို့မှုတွေ ဆက်လုပ်နေဆဲလား...
- လူငယ်တွေအများကြီး ဘာကြောင့် တော်လှန်ရေးထဲပါဝင်လာသလဲ...
- တနှစ်တာအတွင်း ဘယ်လောက်ခရီးရောက်နေပြီလဲ...
- NUG, NUCC အပေါ် ဒေသခံအဖွဲ့တွေက ဘယ်လိုသဘောထားသလဲ...
- လူငယ်တွေ တော်လှန်ရေးသတိ၊ စစ်ရေးသတိရှိဖို့ ဘယ်လောက်အရေးကြီးသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Tuesday, May 17, 2022

Interview with Mar Wi of KNDF. part-1.



“စိတ်ဓာတ်ပိုင်းရော၊ တိုက်ခိုက်ရေးစွမ်းရည်မှာပါ သူတို့ဖက်က ကျနော်တို့ကို ယှဉ်လို့မရတော့ပါဘူး”

(မာဝီ- အတွင်းရေးမှူး ၂- KNDF)
--------------------------------------------------------------------------
(၁၇ / ၅/၂၀၂၂)

ထိခိုက်ကျဆုံးမှူများလာနေတဲ့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းအကူသာမပါဘူးဆိုရင် တော်လှန်ရေးတပ်တွေကို ထိပ်တိုက်ရင်ဆိုင် မတိုက်ရဲတော့ဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်-KNDF အတွင်းရေးမှူး ၂- မာဝီ ကပြောပါတယ်။

ခုခံတော်လှန်စစ် တနှစ်တာကာလအတွင်း ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- ကရင်နီဒေသက တိုက်ပွဲများရဲ့ နောက်ဆုံးအခြေအနေ...
- စစ်ကောင်စီဖက်က အထိနာတဲ့ တိုက်ပွဲများ...
- KA, KNDF, PDF တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...
- လွတ်မြောက်နယ်မြေ ဘယ်လောက်များများကို တော်လှန်ရေးတပ်တွေက ထိန်းချုပ် ထားနိုင်ပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သိသာတဲ့ အပြောင်းအလဲဖြစ်လာအောင် တော်လှန်စစ်ကို ဘယ်လိုအရှိန်မြှင့်သင့်သလဲ- အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Saturday, May 14, 2022

Interview with Salai Yaw Mann of CDF-Mindat. part 2.


“စကစ က ပြိုကျနေပြီ၊ ကျနော်တို့အနေနဲ့ ဆက်တွန်းနေဖို့ပဲလိုပါတယ်”

(ဆလိုင်းယောမာန်- မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်)
-----------------------------------------------------------------
(၁၄/၅/၂၀၂၂)

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေးဖက်မှာရော၊ စစ်ရေးဖက်မှာပါ အရေးနိမ့်လာပြီး ပြိုကျနေပြီဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေဖက် အခုရှိန်အတိုင်း ဆက်တွန်း သွားဖို့သာလိုတော့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမန်ကပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး တနှစ်တာကာလအတွင်း တိုးတက်ဖြစ်ထွန်းမှုအခြေအနေပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြား ခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- မင်းတပ်မြို့နယ်မှာ စာသင်ကျောင်း ဘယ်လောက်များများပြန်ဖွင့်ပေးနိုင်ပြီလဲ...
- အခြားမြို့နယ်တွေမှာကော မင်းတပ်လို ပြည်သူ့အုပ်ချုပ်ရေး ချထားနိုင်ပြီလား...
- မြို့ပြအုပ်ချုပ်ရေးအတွက် ဘဏ္ဍာငွေ ဘယ်လိုအခက်အခဲရှိသလဲ...
- လက်နက်ကိုင်တော်လှန်ရေး တနှစ်တာအတွင်း ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Thursday, May 12, 2022

Interview with Salai Yaw Mann of CDF-Mindat. part 1



“သူတို့မှာပါလာတဲ့ သံချပ်ကာကားတွေက ဒီလိုတောင်ပေါ်တိုက်ပွဲမှာ အသုံးမဝင်ဘူး”

(ဆလိုင်းယောမာန်- မင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်)
-----------------------------------------------------------------
(၁၂/၅/၂၀၂၂)

မင်းတပ်-မတူပီ တောင်ပေါ်လမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ် CDF-Mindat တွေ သီတင်းတပတ်ကြာတိုက်ပွဲဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဖက်က အကျအဆုံးအ တော်များနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမန်ကပြောပါတယ်။

တောင်ပေါ်ကားလမ်းမှာ ရာနဲ့ချီသွားနေတဲ့ စစ်ကောင်စီယာဉ်တန်းကို ဘယ်လိုတိုက်ခိုက်နေသလဲ၊ တနှစ်ကြာပြီးတဲ့အချိန်မှာ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးအခြေအနေ ဘယ်လိုရှိသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြား ခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- လက်နက်ကိုင်တော်လှန်ရေး တနှစ်ပြည့် အခမ်းအနားအခြေအနေ...
- စစ်ကောင်စီထံကရတဲ့ လက်နက်တွေနဲ့ စစ်ကောင်စီကို ပြန်တိုက်နေတာလား...
- စစ်ကောင်စီရဲ့ သံချပ်ကာကားတွေက တောင်ပေါ်စစ်ဆင်ရေးမှာ ဘာကြောင့် အသုံးမတည့်တာလဲ...
- မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂၀၀ နီးပါးစလုံးကို CDF-Mindat က ထိန်းချုပ်ထားနိုင်ပြီလား...
- တနှစ်တာ ပြည်သူ့အုပ်ချုပ်ရေးကာလအတွင်း ဘာတွေဆောင်ရွက်ပေးနေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မူလတန်းကျောင်း ၂၀၀ နီးပါးပြန်ဖွင့်ပြီး စာသင်ပေးနေမှုအပါဝင် ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆောင်ရွက်မှူတွေအကြောင်းပါတဲ့ အပိုင်း ၂ ကိုတော့ စနေညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Tuesday, May 10, 2022

Interview with Saw Taw Ni of KNU. part 2



“စစ်ကောင်စီက ခံစစ်၊ ကျနော်တို့က ထိုးစစ်ဖြစ်လာလိမ့်မယ်လို့ ကျနော် စပြောတုန်းက အချို့က မယုံကြဘူး”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
-----------------------------------------------------------------------
(၁၀ /၅/၂၀၂၂)

စစ်တပ်က အာဏာသိမ်းပြီး တနှစ်တာကာလအတွင်း EAO တွေနဲ့ PDF လူငယ်တွေကြားမှာ နိုင်ငံရေးယုံကြည်မှုတည်ဆောက်ရေးကို အဓိကဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် အခု ၂၀၂၂ အတွင်းမှာတော့ နွေဦးတော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို ပြန်တိုက်နိုင်လာပြီး အခုဆိုရင် စစ်ကောင်စီက ခံစစ်၊ နွေဦးတော်လှန်ရေးတပ်တွေက ထိုးစစ်တောင်ဖြစ်လာနေပြီလို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ကြားချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများက ငြင်းပယ်ပြီးနောက် ဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- KNU-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...
- လွတ်မြောက်နယ်မြေနဲ့ ပြည့်သူ့အုပ်ချုပ်ရေးချနိုင်မှုဒေသ ဘယ်လောက်အထိ တိုးလာနေပြီလဲ...
- PDF တွေအတွက် လက်နက်လိုအပ်ချက်ကို ဘယ်လိုရှာဖွေနေရသလဲ...
- စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ကြားချက်ကို EAO အများစုက ငြင်းပယ်ခြင်းက နိုင်ငံရေးအရ ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ...
- ၂၀၂၂ မကုန်ခင်မှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်က ဘယ်လောက်အထိ အရှိန်မြင့်လာနိုင်သလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Monday, May 9, 2022

Interview with Saw Taw Ni of KNU. Part-1.



“တရားမဝင်တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
----------------------------------------------------------------------------
(၉ /၅/၂၀၂၂)

တရားမဝင်တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် စစ်ကောင်စီဥက္ကဌရဲ့ ဆွေးနွေးရေး ဖိတ်ကြားချက်ကို လက်မခံနိုင်တာဖြစ်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီး ကပြောပါတယ်။

စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ကြားချက်အပေါ် ဒီနေ့- မေလ ၉ ရက်နေ့ နောက်ဆုံးထားအကြောင်းပြန်ရမယ်ဆိုတဲ့အပေါ် KNU က ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ကို KNU က ဘာကြောင့် ငြင်းပယ်တာလဲ....
- KNU က လိုချင်တဲ့ ဆွေးနွေးပွဲပုံစံက ဘယ်လိုမျိုးလဲ...
- စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ကို လက်မခံတဲ့ တိုင်းရင်းသားအဖွဲ့တွေအားလုံး NUCC မှာ ပူးပေါင်းပါဝင်လာနိုင်ခြေရှိသလား...
- EAO တွေနဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ အားကောင်းလာနေပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တော်လှန်ရေးတပ်တွေဖက်က ထိုးစစ်ဖြစ်လာပြီး “စစ်ကောင်စီဖက်က ခံစစ်ဖြစ်သွားပြီ” ဆိုတဲ့ ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Sunday, May 8, 2022

Interview with Dr Kyi Soe Tun of Saw-gov. Part-2



“ကျနော်တို့ကချည်းပဲ ကြောက်ရတဲ့အနေအထားမဟုတ်တော့ဘူး၊ သူတို့ကလည်း ကျနော်တို့ကို ပြန်ကြေက်ရတဲ့အနေအထား ဖြစ်သွားပြီ”

(ဒေါက်တာကြည်စိုးထွန်း- ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်)
-------------------------------------------------------------------------
(၈/၄/၂၀၂၂)

စစ်တပ်က အာဏာသိမ်းကာစ ကာလမှာ ပြည်သူတရပ်လုံးက စစ်တပ်ကိုကြောက်နေရပေမယ့် အခု နွေဦးတော်လှန်ရေး တနှစ်ကျော်ကြာလာချိန်မှာတော့ စစ်တပ်က PDF တပ်တွေကို ပြန်ကြောက်နေရတဲ့အနေအထားအထိ တော်လှန်ရေးအရှိန်တိုးတက်လာနေပြီဖြစ်တယ်လို့ မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တနှစ်ပြည့်အစီရင်ခံစာပါ ပြည့်သူ့အုပ်ချုပ်ရေးချထားတဲ့ မြိုနယ်ပေါင်း ၃၀ ကျော်ထဲမှာ တမြို့နယ်ပါဝင်တဲ့ ဆောမြို့နယ် အုပ်ချုပ်ရေးအခြေအနေကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့....
- မကွေးတိုင်း ယောနယ်တခုလုံးကို ကြားကာလ-အုပ်ချုပ်ရေးအဖွဲ့တွေက အုပ်ချုပ်နေပြီလား...
- မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကို NUG အစိုးရက ဘာတွေ ထောက်ပံ့ကူညီပေးနေသလဲ...
- ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအတွက် အဓိက စိန်ခေါ်ချက်က ဘာလဲ...
- တော်လှန်ရေးတနှစ်တာအတွင်း ကျေးလက်ဒေသမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့သလဲ....
- ဒေသခံ PDF တပ်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Saturday, May 7, 2022

Interview with Col Naw Bu of KIO/KIA on MAL's invitation.



“စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ကြားချက်အပေါ် KIO/KIA ရဲ့ သဘောထား မေးမြန်းချက်” ------------------------------------------------------------------- (၅/၅/၂၀၂၂) စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ဟာ တနိုင်ငံလုံးရင်ဆိုင်နေရတဲ့ ပြသာနာတွေကို နိုင်ငံရေးနည်းအရဆွေးနွေးအဖြေရှာတာမဟုတ်တဲ့အပြင် ပါဝင်ထိုက် ပါဝင်သင့်သူတွေ မပါတဲ့အတွက် ဒီဆွေးနွေးပွဲကို လက်မခံနိုင်ဘူးလို့ KIO/KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီဥက္ကဌကိုယ်တိုင် စစ်တပ်ပိုင် ရုပ်-သံကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်တဲ့အပေါ် ဒီနေ့ KIO/KIA က ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ထဲမှာတော့... - စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ကို KIO/KIA က ဘာကြောင့် လက်မခံနိုင်တာလဲ... - ပါဝင်သင့် ပါဝင်ထိုက်သူတွေဆိုတာ ဘယ်သူတွေကိုပြောတာလဲ... - KIO/KIA နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပူးတွဲ တိုက်ပွဲဖေါ်နိုင်မှုက ဘယ်လိုရှိသလဲ... - လက်နက်ကိုင်တော်လှန်ရေးတနှစ်တာအတွင်း ဘယ်လောက်အထိ တိုးတက်လာသလဲ... - တော်လှန်ရေးမှာ အားလုံးပူးပေါင်းပါဝင်နိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Interview with Dr Kyi Soe Tun of Saw-Gov. Part 1



မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် မေးမြန်းချက် (၁)
--------------------------------------------------------------
(၇/၄/၂၀၂၂)

စစ်တပ်အုပ်ချုပ်မှုအောက်ကနေ PDF တပ် အုပ်ချုပ်မှုအောက်ရောက်လာနေတဲ့ ဒေသတွေမှာ အဓိကအားဖြင့် တရားစီရင်ရေး၊ စစ်ဘေးကူညီရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို ဦးစားပေးဆောင်ရွက်နေတယ်လို့ မကွေးတိုင်း ဆောမြို့နယ် ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG တနှစ်ပြည့်အစီရင်ခံစာမှာဖေါ်ပြခဲ့တဲ့ မြိုနယ်ပေါင်း ၃၀ ကျော်မှာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးချပြီး ဆောင်ရွက်နေတယ်ဆိုတဲ့အချက်တွေကို သိနိုင်ဖို့အတွက် အဲဒီမြို့နယ် ၃၀ ထဲမှာပါတဲ့ မကွေးတိုင်း ဆောမြို့နယ်ရဲ့ အခြေအနေကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့....
- ဆောမြို့နယ်မှာ ကျေးရွာဘယ်လောက်များများကို PDF တပ်တွေက ထိန်းချုပ်ထားသလဲ...
- ပြည်သူ့အုပ်ချုပ်ရေးအဖွဲကို ဘယ်လိုရွေးချယ်ဖွဲ့စည်းခဲ့သလဲ...
- ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးလက်နေပြည်သူတွေ ဘယ်လိုဆက်စပ်ဆောင်ရွက်နေသလဲ...
- စစ်တပ်အုပ်ချုပ်ရေးနယ်မြေကျဉ်းလာပြီး ပြည်သူ့အုပ်ချုပ်ရေးနယ်မြေ ပိုကျယ်လာအောင် ဘယ်လိုဆောင်ရွက်နေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အရင်ကတော့ စစ်တပ်ကို PDF ကကြောက်နေရတယ်။ အခုတော့ စစ်တပ်က PDF ကို ပြန်ကြောက်နေရတဲ့အခြေအနေထိ တော်လှန်ရေးအင်အားတိုးတက်လာနေပုံအကြောင်း ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖြန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Thursday, May 5, 2022

 ၉- နှစ်ကြာပြီးတဲ့အခါ...

------------------------------


ဒီစာအုပ်ကို ထုတ်ဝေစဉ်တုန်းကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးဆိုတာမလိုအပ်တော့ဘူး။ နှစ်ပေါင်း ၃၀ နီးပါးကြာခဲ့တဲ့ နိုင်ငံရေး အကြပ်အတည်းကနေ ထွက်ပေါက်ရသွားပြီ။ အားလုံးပါဝင်ခွင့်ရတဲ့ နိုင်ငံရေး အခင်းအကျင်းသစ်ပေါ်နေပြီ။ 


၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီအသွင်ကူူးပြောင်းရေးလုပ်ငန်းစဉ်အချို့လုပ်ပြခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ပါလီမန်ထဲရောက်သွားပြီ။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြချိန်၊ ငြိမ်းချမ်းရေးဆွေနွေးမှုတွေ၊ ပြည်ပရောက် တောခို ကျောင်းသားတွေ အိမ်ပြန်ခွင့်ရနေချိန်ပေါ့...


ဒီတော့...သမိုင်းထဲမှာ ချန်ထားခဲ့ရတော့မယ့် တောတွင်းဘဝဖြတ်သန်းမှုကို နှောင်းလူတွေ လေ့လာဖို့အတွက် မှတ်တမ်း တခုအဖြစ် ရေးသားထုတ်ဝေခဲ့ခြင်း သာဖြစ်ပါတယ်။


ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဘယ်လိုမှ ထင်မထားတဲ့ စစ်တပ်အာဏာသိမ်းမှုနောက်တကြိမ်ထပ်ဖြစ်တဲ့အခါမှာတော့... မြန်မာ့နိုင်ငံရေးဟာ သမိုင်းတပတ် ပြန်လည်ပြန်ပေါ့...။



လက်နက်ကိုင်အနိုင်ကျင့်တဲ့ စစ်အာဏာရှင်တွေကို လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်လာပြန်ပေါ့...။ ဒီလိုဖြစ်လာချိန်မှာ တောတွင်းဘဝဖြတ်သန်းမယ့်လူငယ်တွေအတွက်  ဒီမှတ်တမ်းစာအုပ်ငယ်က တစုံတရာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


ဒီတကြိမ် လက်နက်ကိုင်တော်လှန်ရေးက အရင်ဖြစ်ခဲ့ဖူးသမျှ တော်လှန်ရေးတွေထဲမှာ အပြင်းထန်ဆုံးနဲ့ နည်းနာအစုံဆုံးလို့ဆိုချင်ပါတယ်။ လူထုထောက်ခံမှု၊ နိုင်ငံတကာအားပေးမှုကလည်း အရင် ဘယ်တုန်းကနဲ့မှ မတူအောင် အားကောင်းလှပါတယ်။


အခု တနှစ်တာကြာပြီးချိန်အထိ မြို့ပြနဲ့ ကျေးလက်မှာ ဆန္ဒပြပွဲတွေ ဆက်ရှိနေဆဲ၊ PDF တပ်တွေက မြို့နယ်ပေါင်း ၃၀၀ နီးပါးက ကျေးရွာတိုင်းလိုလိုမှာ လှု့်ရှား တိုက်ပွဲဝင်နေပြီ၊ နယ်စပ်ဒေသရှိ EAO တွေကလည်း ပူးပေါင်းဆောင်ရွက်နေပြီ၊ ပြည်ပရောက် မြန်မာတွေကလည်း ရှိသမျှ အားကုန် အလှူငွေ ထည့်နေကြပြီဆိုတော့... အခုအခြေအနေဟာ စာရေးသူတို့ပါခဲ့ဖူးတဲ့ ၈၈ ကာလ လက်နက်ကိုင်တော်လှန်ရေးထက် အများကြီး အားပိုကောင်းပါတယ်။


မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခု တော်လှန်ရေးဟာ အားအကောင်းဆုံးနဲ့ နောက်ဆုံးအခွင့်အရေးဖြစ်တာမို့ တော်လှန်ရေးအောင်မြင်စေဖို့အတွက် အားလုံး လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။


လေးစားစွာဖြင့်...

ထက်အောင်ကျော်

(၅-၅-၂၀၂၂)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More