Sunday, December 2, 2012

သတင်းစာပညာအခြေခံသင်တန်း

သတင်းစာပညာအခြေခံသင်တန်း - ၂၀၁၃ ဇန်န၀ါရီလတွင် ဖွင့်လှစ်မည်။
အတွေ့အကြုံမရှိသူ (သို့မဟုတ်) တစ်နှစ်အောက် အတွေ့အကြုံရှိသူများ လျှောက်ထားနိုင်သည်။

သတင်းထောက်ဖြစ်လိုပါသလား။ တစ်လတိတိ သင်တန်း တက်ရောက်နိုင်ပါသလား။
ရန်ကုန်မြို့တွင် အခမဲ့သင်ကြားမည့် တစ်လကြာသင်တန်းတွင် သတင်းထောက်တစ်ဦး၏ အလုပ်အကိုင်အကြောင်း နားလည်စေရန်နှင့် သတင်းထောက်တစ်ဦးအဖြစ် လုပ်ငန်းခွင်ဝင်နိုင်ရန် လိုအပ်သည့် အခြေခံပညာများ သင်ကြားပေးမည်ဖြစ်ပါသည်။ နယ်မှလာရောက်သူများအတွက် လမ်းစရိတ်၊ အစားအသောက်နှင့် နေထိုင်ရေး စီစဉ်ပေးမည်ဖြစ်သည်။
လွတ်လပ်သည့် သတင်းစာပညာသင်ကြားမှုတွင် အတွေ့အကြုံရှိသော သတင်းစာပညာသင်တန်းဆရာများက အနီးကပ် ကြီးကျပ်သင်ကြားပေးမည်။
မိမိကိုယ်တိုင် သတင်းလိုက် သတင်းရေး အင်တာဗျူးမေးမြန်းခြင်းများ လက်တွေ့လုပ်ရမည်။ အလုပ်ရှာနိုင်ရန် လိုအပ်သည့် အဆက်အသွယ်၊ ကွန်ယက်နှင့် အခြားလိုအပ်သည်များအတွက် မိတ်ဆက်ပေးနိုင်မည်။
သင်တန်းတက်ရန်အတွက် အောက်ပါ လျှောက်လွှာဖောင်ကို မိမိကိုယ်တိုင် မြန်မာဘာသာဖြင့် ဖြည့်သွင်းရမည်။ ပဏာမ အရွေးခံရပါက လူတွေ့စစ်ဆေးမှု ဆက်လက်ဖြေဆိုရမည်။
တိုင်းရင်းသားဒေသများမှ လျှောက်သူများကို အထူးလိုလားပါသည်။
ဖောင်ပြန်လည်ပေးပို့ရမည့် အီးမေးလ်လိပ်စာမှာ info@jschoolnewslab.com ဖြစ်ပါသည်။

..........................................................................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More