Monday, July 31, 2023

“အာဏာရှင်တည်တဲ့ဘုရား ငါတို့မကိုးကွယ်ဘူးဆိုတဲ့ စိတ်နှလုံးလေးတော့ သွင်းသင့...



“အာဏာရှင်တည်တဲ့ဘုရား ငါတို့မကိုးကွယ်ဘူးဆိုတဲ့ စိတ်နှလုံးလေးတော့ သွင်းသင့်တယ်”

- အရှင်ထာဝရ (ရွှေဝါရောင်ဆရာတော် - နော်ဝေ)

(၃၁- ၇- ၂၀၂၃)

“လူတွေကိုထောင်နဲ့ချီသတ်ဖြတ်ပြီး ရွာတွေကိုမီးတင်ရှို့နေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌ တည်ထားကိုးကွယ်တဲ့ ဘုရားကိုသွားဖူးရင် ကုသိုလ်မရပဲ အကုသိုလ်သာ ကူးစက်နိုင်တာကြောင့် စစ်ကောင်စီနဲ့ဝေးဝေးရှောင်နေဖို့လိုတယ်၊ 'အာဏာရှင်တည်တဲ့ဘုရား ငါတို့မကိုးကွယ်ဘူးဆိုတဲ့ စိတ်နှလုံးလေးတော့ သွင်းသင့်တယ်” လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) က မိန့်ပါတယ်။

မနက်ဖန် နေပြည်တော်မှာကျင်းပဖို့ စစ်ကောင်စီက အကြီးအကျယ်ပြင်ဆင်နေတဲ့ မာရဝိဇယ ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ဖွင့်ပွဲနဲ့ပတ်သက်ပြီး “ဒါဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချနေတာလား” ဆိုပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မနက်ဖန်ကျင်းပမယ့် နေပြည်တော်က ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ဖွင့်ပွဲ ပြည်သူတွေအတွက် ဘာထူးမလဲ...

- အာဏာသိမ်းစစ်ခေါင်းဆောင်တွေအားလုံး ကျဆုံးချိန်နီးလာရင် ဘုရားတည်လေ့ရှိသလား...

- ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချနေတဲ့ စစ်ကောင်စီကို ပြည်သူတွေက ဘယ်လိုတုန့်ပြန်သင့်သလဲ...

- ဘုရားပုံအကြီးကြီးတွေကို ငွေကုန်ခံတည်ဖို့ထက် နှလုံးသားထဲမှာ ဘုရားတည်နိုင်ဖို့က ပိုအရေးကြီးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, July 30, 2023

“စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးထဲ တက်ညီလက်ညီ ပ...



“စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးထဲ တက်ညီလက်ညီ ပါဝင်ဖို့လိုပါတယ်”

- ပဒိုစောကလယ်စေး (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၃၀ -၇ - ၂၀၂၃)

“စစ်ကောင်စီက လုပ်ဆောင်နေတဲ့ ဝါဒဖြန့်ချီရေးဟာ ဝါဒဖြန့်ချီရေးသက်သက်သာဖြစ်တဲ့အတွက် ဘယ်တော့မှ လက်တွေ့ဖြစ်လာမှာမဟုတ်ဘူး။ တိုင်းပြည်အပြောင်းအလဲဟာ  မျိုးဆက်သစ်လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်ဆိုတာကို အခိုင်အမာယုံကြည်ပြီး တော်လှန်ရေးကိုအရှိန်မြှင့်သွားဖို့လိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲနီးပါးကြာလာချိန်မှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး တော်လှန်ရေးကိုသွေးခွဲဖို့ကြံနေတာ၊ ဝါဒဖြန့်ချီရေးတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ကရင်ပြည်နယ်တွင်းက စစ်ဘေးရှောင် ၆ သိန်းခန့်ကို ဘယ်လိုကူညီပေးနေကြသလဲ...

- နယ်စပ်ဖြတ် အကူအညီပေးရေး ပိုအဆင်ပြေလာနိုင်သလား...

- စစ်ကောင်စီနဲ့ ဆွေးနွေးစကားပြောရမယ့်အချိန်မဟုတ်ဘူးလို့ ဘာကြောင့်ပြောတာလဲ...

- ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး စစ်ကောင်စီက ဝါဒဖြန့်ဆောင်ရွက်လာမှုအပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...

- မျိုးဆက်သစ်လူငယ်တွေရဲ့ ရပ်တည်ချက်ဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက မောင်းနှင်အားလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, July 29, 2023

“စိတ်ဓာတ်ရော၊ နည်းပညာဖက်မှာပါ သူတို့က ကျနော်တို့ လူငယ်တွေကို မယှဉ်နိုင်တ...


“စိတ်ဓာတ်ရော၊ နည်းပညာဖက်မှာပါ သူတို့က ကျနော်တို့ လူငယ်တွေကို မယှဉ်နိုင်တော့လို့ အခုလို အကျအဆုံးများလာတာဖြစ်တယ်”

- ပဒိုစောကလယ်စေး (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၂၉ -၇ - ၂၀၂၃)

“စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့်အပါဝင် ထောင်နဲ့ချီကျဆုံးရတာဟာ တိုက်ပွဲအတွေ့အကြုံရှိတဲ့ စစ်သားတွေနည်းသွားတာ၊ အောက်ခြေတပ်သားတွေ စိတ်ဓာတ်ပျက်နေတာ၊ နည်းပညာအရ တော်လှန်ရေးတပ်တွေကိုမယှဉ်နိုင်တော့တာတွေကြောင့်ဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲကြီးတွေမှာ စစ်ကောင်စီဖက်က အကျအဆုံးများနေတာ၊ ပြီးခဲ့တဲ့ ၆ လတာအတွင်း တပ်ရင်းမှူးအဆင့်အပါဝင် ၃၀၀၀ နီးပါးအထိကျဆုံးတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- မြဝတီတိုက်ပွဲနဲ့ နံဇရွာတိုက်ပွဲမှာ စစ်ကောင်စီဖက်က ဘယ်လောက်အထိ အကျအဆုံးများနေသလဲ...

- အခုနှစ် ပထမ ၆ လအတွင်း ကရင်ပြည်နယ်တခုတည်းမှာတင် စစ်ကောင်စီဖက်က တပ်ရင်းမှူးအဆင့်အပါဝင် ၃၀၀၀ နီးပါးအထိ သေဆုံးတာ ဘာကြောင့်လဲ...

- PDF တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ နည်းပညာအသုံးချနိုင်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- တိုက်ပွဲမှာအထိနာရင် ကျေးရွာတွေ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်တပ်ရဲ့ဗျုဟာ တခုလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဝါဒဖြန့်ချီရေးလုပ်နေတဲ့အပေါ် KNU က ဘယ်လိုမြင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, July 27, 2023

“တပွဲချင်းအောင်မြင်မှုကနေ တစုံလုံး၊ တနိုင်ငံလုံးအောင်မြင်မှုဆီ တွန်းပို့...



“တပွဲချင်းအောင်မြင်မှုကနေ တစုံလုံး၊ တနိုင်ငံလုံးအောင်မြင်မှုဆီ တွန်းပို့ပါလိမ့်မယ်”

- ရဲဘော်ဝေကြီး - (ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေစကြိုမြို့နယ်)

(၂၈- ၇- ၂၀၂၃)

“နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေဘက်က အောင်မြင်တဲ့တိုက်ပွဲတွေ ဖေါ်ဆောင်လာနေပြီး ဒီလိုတပွဲချင်းအောင်မြင်မှုကနေ တစုံလုံး၊ တနိုင်ငံလုံးအောင်မြင်မှုဆီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ မကွေးတိုင်း၊ ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီး ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ချုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က ၁၀ ဦးခန့်အထိသေဆုံးအထိနာတဲ့ တိုက်ပွဲအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ရေစကြိုမြို့နယ် ရှင်မတောင်လမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘယ်လောက်အထိနာခဲ့သလဲ....

- တော်လှန်ရေးတပ်တွေဖက်က နယ်မြေထိန်းချုပ်မှု ဘယ်လောက်အထိ တိုးချဲ့ဆောင်ရွက်နိုင်နေပြီလဲ...

- MoD က လက်နက်တပ်ဆင်ပေးနိုင်မှုနဲ့ မြေပြင်ရှိ တပ်ဖွဲ့ဝင်အင်အား အချိုးအစား ဘယ်လိုရှိနေသလဲ...

- တပွဲချင်းအောင်မြင်မှုတွေကနေ တစုံလုံး၊ တနိုင်ငံလုံးအောင်မြင်မှုဆီ ဘယ်လိုချီတက်ကြမလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တိုင်းပြည်စီးပွားရေး မထိခိုက်အောင် အားလုံးကဦးစားပေး စဉ်းစားကြတာကိုတော့ ...



“တိုင်းပြည်စီးပွားရေး မထိခိုက်အောင် အားလုံးကဦးစားပေး စဉ်းစားကြတာကိုတော့ လေ့လာသင့်တယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၂၇- ၇- ၂၀၂၃)

“ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေ၊ နိုင်ငံရေး မသေချာမှုတွေရှိနေပေမယ့် ဘက်အားလုံးက တိုင်းပြည်စီးပွားရေး မထိခိုက်အောင် ဦးစားပေး စဉ်းစားကြတာကိုတော့ ကျနော်တို့လေ့လာသင့်တယ်” လို့ ထိုင်း- တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း  (FED) ညွန်ကြားရေးမှူး ဦးထူးချစ် ကပြောပါတယ်။

ဒီနေ့ ကျင်းပဖို့ပြင်ထားတဲ့ ထိုင်း-ဝန်ကြီးချုပ်အသစ်ရွေးပွဲကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တဲ့အတွက် ဆန္ဒပြပွဲတွေဖြစ်ပေါ်လာတာ၊ နိုင်ငံရေးအနာဂတ် မသေချာမှုတွေရှိလာနေတာ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စိုးရိမ်စိတ်ဝင်လာနေတာ... စတဲ့ အခြေအနေတွေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ကျင်းပဖို့ပြင်ထားတဲ့ ဝန်ကြီးချုပ်အသစ်ရွေးပွဲကို ဘာကြောင့် ရက်ရွှေ့လိုက်တာလဲ...

- ရွေးကောက်ပွဲခုံရုံးက ဘယ်လိုဆုံးဖြတ်ပြီး ဘယ်နေ့မှာ ဝန်ကြီးချုပ်ရွေးပွဲ ပြန်လုပ်နိုင်ခြေရှိသလဲ...

- ဝန်ကြီးချုပ်ဟောင်း တာဆင် ပြည်တော်ပြန်ဝင်မယ့် သတင်းက သူ့ပါတီ- ဖုဝမ်ထိုင်းက ဝန်ကြီးချုပ်ဖြစ်လာမယ့် သင်္ကေတလား...

- Move Forward ပါတီကို ထောက်ခံတဲ့ လူထုဆန္ဒပြပွဲတွေက ဘယ်လောက်အထိ ကျယ်ပြန့်လာနိုင်သလဲ...

- လက်ရှိ ထိုင်းနိုင်ငံရေးဖြစ်ပေါ်မှုတွေအပေါ် မြန်မာပရိသတ်တွေက ဘာတွေလေ့လာသသင့်သလဲ...

- နောက်တကြိမ် ဝန်ကြီးချုပ်ရွေးပွဲ ဘယ်တော့လောက် ပြန်စနိုင်မလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, July 25, 2023

“ချုံခိုတိုက်ပွဲရော၊ စခန်းသိမ်းတိုက်ပွဲတွေမှာပါ ကျနော်တို့ဘက်က အောင်မြင်...



“ချုံခိုတိုက်ပွဲရော၊ စခန်းသိမ်းတိုက်ပွဲတွေမှာပါ ကျနော်တို့ဘက်က အောင်မြင်မှု ပိုရလာနေပါတယ်”

- ဦးမောင်မောင်ဆွေ (ပြောခွင့်ရပုဂ္ဂိုလ် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၂၆- ၇- ၂၀၂၃)

“ပဲခူးတိုင်းအတွင်းက စစ်ကောင်စီ စစ်ကြောင်းတခုကို ERO နဲ့ PDF ပူးတွဲတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်တဲ့ တနာရီကြာ တိုက်ပွဲတခုတည်းမှာတင် စစ်ကောင်စီဘက်က ၃၀ ကျော်ကျဆုံးပြီး ၄၀ ကျော်ဒဏ်ရာရခဲ့တာမျိုးရှိတယ်။ ဒါဟာ ERO တွေရဲ့ ဗျုဟာကောင်းတာအပြင် PDF တွေရဲ့ နယ်မြေကျွမ်းကျင်မှုကြောင့်ဖြစ်တယ်” လို့ အမျိုုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောခွင့်ရပုဂ္ဂိုလ် ဦးမောင်မောင်ဆွေကပြောပါတယ်။

MoD က ထုတ်ပြန်ထားတဲ့ ပြီးခဲ့တဲ့သီတင်းပတ် တိုက်ပွဲသတင်းတွေထဲက ချေမှုန်းရေးပါတဲ့ ချုံခိုတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဘာကြောင့် ၃၀ ကျော်သေပြီး ၄၀ ကျော်အထိ ဒဏ်ရာရခဲ့သလဲ...

- မြဝတီမြို့က တာဝါတိုင်စခန်းသိမ်းတိုက်ပွဲဟာ ဗျုဟာအရ ဘယ်လောက်အထိ အရေးပါသလဲ...

- မကွေး-ချင်းအစပ်ရှိ ဆောမြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘယ်လောက်အထိခိုက်များနေသလဲ....

- အညာဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးမရှို့နိုင်အောင် ဘယ်လို ကာကွယ်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, July 24, 2023

“ကရင်နီတဖွဲ့တည်း တိုက်နေလို့မရဘူး၊ အဖွဲ့အားလုံး နွေဦးတော်လှန်ရေးမှာ ပူးပ...



“ကရင်နီတဖွဲ့တည်း တိုက်နေလို့မရဘူး၊ အဖွဲ့အားလုံး နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့လိုပါတယ်”

- ဗညားခွန်အောင် (ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၂၅- ၇- ၂၀၂၃)

“ကရင်နီဒေသမှာ တိုက်ပွဲတွေပြင်းထန်ပြီး အောင်မြင်မှုတွေရနေပေမယ့် ဒါဟာ တနိုင်ငံလုံးအတွက် အဆုံးအဖြတ်တိုက်ပွဲ မဟုတ်သေးဘူး။ တနိုင်ငံလုံးလွတ်မြောက်ချင်ရင် တနိုင်ငံလုံးရှိ ပြည်နယ်-တိုင်း ၁၄ ခုစလုံးက ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုလားသူတိုင်း တော်လှန်ရေးထဲပါဝင်ဖို့လိုတယ်၊ အထူးသဖြင့် ကရင်နီနဲ့ဆက်စပ်ဒေရှိ အဖွဲ့အစည်းတွေ လူထုတော်လှန်ရေးထဲ ပါဝင်လာဖို့လိုတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဗညားခွန်အောင် ကပြောပါတယ်။

ကရင်နီဒေသက စစ်ဘေးရှောင် တသောင်းနီးပါးအထိ ထိုင်းနိင်ငံထဲ ထွက်ပြေးနေရတာ၊ ကရင်နီဒေသအတွင်း တိုက်ပွဲတွေပြင်းထန်နေတာ၊ IDP တွေ အိမ်ပြန်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ကရင်နီဒေသက စစ်ဘေးရှောင် တသောင်းနီးပါးအထိ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာရတဲ့ နောက်ဆုံးအခြေအနေ...

- စစ်ဘေးရှောင်တွေအပေါ် ထိုင်းအစိုးရရဲ့ မူဝါဒ နည်းနည်းပျော့ပြောင်းလာသလား...

- မယ်စဲ့အပါဝင် ဒေသအတော်များများမှာ တိုက်ပွဲတွေပြင်းထန်နေဆဲလား...

- ကရင်နီဒေသဆီ စစ်ကောင်စီတပ်တွေ ထောင်နဲ့ချီထိုးစစ်ဆင်နေခြင်းဟာ ဆက်စပ်ဒေသတွေမှာ ဟန်ချက်ညီ တိုက်ပွဲမဖေါ်နိုင်တာကြောင့်လား...

- IDP တွေ အိမ်ပြန်နိုင်ရေး၊ နွေဦးတော်လှန်မှုအောင်နိုင်ရေးတွေအတွက် ကရင်နီစစ်မျက်နှာက ဘယ်လောက်အရေးကြီးသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, July 23, 2023

“ငွေစက္ကူအသစ်ရိုက်တယ်ဆိုတာ ဆေးမြီးတိုနဲ့ ကုတဲ့နည်းပါ၊ နည်းမှန်လမ်းမှန် မ...



“ငွေစက္ကူအသစ်ရိုက်တယ်ဆိုတာ ဆေးမြီးတိုနဲ့ ကုတဲ့နည်းပါ၊ နည်းမှန်လမ်းမှန် မဟုတ်ဘူး”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ) 

(၂၄- ၇- ၂၀၂၃)

“တိုင်းပြည်စီးပွားရေးကျဆင်းနေတာကို ကုစားနိုင်ဖို့ ငွေစက္ကူအသစ်ရိုက်ထုတ်တယ်ဆိုတာဟာ ဆေးမြီးတိုနဲ့ ကုသတဲ့နည်းသာဖြစ်တဲ့အတွက် စီးပွားရေးအရ နည်းမှန်လမ်းမှန်မဟုတ်ဘူး။ ဒီနည်းနဲ့ တိုင်းပြည်စီးပွားပြန်ကောင်းလာအောင် စစ်ကောင်စီက လုပ်နိုင်မှာ မဟုတ်ဘူး” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေး ကပြောပါတယ်။

နှစ်သောင်းတန် ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာနဲ့ပတ်သက်ပြီး စီးပွားရေးအရ ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုက စစ်ကောင်စီကို တကယ်ထိနေပြီလား...

- စစ်ကောင်စီမပြုတ်မချင်း စီးပွားရေး ပြန်မကောင်းနိုင်တော့ဘူးလား...

- နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ခြင်းကြောင့် ငွေကြေးဖောင်းပွဲမှု ပိုဆိုးလာနိုင်သလား...

- အာဏာသိမ်း စစ်တပ်က ငွေစက္ကူအသစ် ထုတ်ဝေခွင့်ရှိသလား...

- စီးပွားရေးပြေလည်စေရေးအတွက် အကြံပြုချက်က ဘာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, July 22, 2023

“စီးပွားရေးအရ အခွန်ကောက်ချင်တာထက် နိုင်ငံရေးအရ လူထုကို ဖိနှိပ်ချင်တဲ့သဘေ...


“စီးပွားရေးအရ အခွန်ကောက်ချင်တာထက် နိုင်ငံရေးအရ လူထုကို ဖိနှိပ်ချင်တဲ့သဘောကပိုများနေပါတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ) 

(၂၃- ၇- ၂၀၂၃)

“အွန်လိုင်းကဈေးရောင်းတာကို တကမ္ဘာလုံးက ထောက်ခံအားပေးနေစဉ်မှာ မြန်မာစစ်ကောင်စီက ပိတ်ပင်မယ်၊ အခွန်ကောက်မယ်၊ မှတ်ပုံတင်လုပ်ရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တာဟာ စီးပွားရေးအရ အခွန်ကောက်ချင်တာထက် နိုင်ငံရေးအရ လူထုကို ဖိနှိပ်ချင်တဲ့သဘောက ပိုများနေပါတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေး ကပြောပါတယ်။

စစ်ကောင်စီရဲ့ စီးပွား-ကူးသန်းဝန်ကြီးဌာနကနေ ဇူလိုင်လ (၂၁)ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ထူးခြားတဲ့ကြေညာချက်၊ လူအတော်များများက ဝေဖန်နေတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- တကမ္ဘာလုံးက အွန်လိုင်းစီးပွားရေးကို အားပေးနေစဉ်မှာ စစ်ကောင်စီက ဘာကြောင့် အွန်လိုင်းကို ပိတ်ပင်နေတာလဲ...

- အွန်လိုင်းကနေဈေးရောင်းသူတွေကို မှတ်ပုံတင်လုပ်ခိုင်းခြင်းဟာ စီးပွားရေးအရလုပ်တာလား... နိုင်ငံရေးအရလုပ်တာလား...

- CDM ဝန်ထမ်းတွေ အွန်လိုင်းမှာ ဈေးရောင်းနေတယ်ကြားလို့ အခုလို ပိတ်ပင်တာလား...

- အွန်လိုင်းဈေးရောင်းခွင့် ပိတ်ပင်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုထိခိုက်နိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီရဲ့ အခုလို အနိုင်ကျင့်မှုကို လူထုက ဘယ်လိုခုခံကာကွယ်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, July 21, 2023

“သူ့ကို ဖြုတ်ချနိုင်သူ မပေါ်မခြင်း ၆ လတကြိမ် သက်တန်းတိုးနေမယ့်သဘော ဖြစ်န...


“သူ့ကို ဖြုတ်ချနိုင်သူ မပေါ်မခြင်း ၆ လတကြိမ် သက်တန်းတိုးနေမယ့်သဘော ဖြစ်နေတယ်”

- ဦးကြီးမြင့် (ဥပဒေရေးရာ ဝေဖန်သုံးသပ်သူ)

(၂၁- ၇- ၂၀၂၃)

“စစ်တပ်အာဏာသိမ်းကတည်းက ၂၀၀၈ ဖွဲ့စည်းပုံပျက်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီကတော့ အဲဒီဥပဒေအရဆိုပြီး ၆ လတကြိမ် သက်တန်းတိုးနေတယ်။ ဒီလုပ်ရပ်ဟာ ဥပဒေနဲ့မညီပေမယ့် ဘယ်သူမှမတားဆီးနိုင်ဘူး၊ သူ့ကို ဖြုတ်ချနိုင်သူမပေါ်မခြင်း ၆ လတကြိမ် ဒီလိုပဲသက်တန်းတိုးနေမယ့်သဘောရှိတယ်” လို့ ဥပဒေရေးရာ ဝေဖန်သုံးသပ်သူ ရှေ့နေကြီး ဦးကြီးမြင့် ကပြောပါတယ်။

အာဏာသိမ်းသက်တန်း ရက်လွန်နေပြီဖြစ်တဲ့ စစ်ကောင်စီက အခု ဇူလိုင်လမကုန်ခင်မှာ နောက်ထပ် ၆ လ သက်တန်းတိုးဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ၆ လ တကြိမ်သက်တန်းတိုးမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ညီရဲ့လား...

- သူ့ကိုဖြုတ်ချနိုင်သူမပေါ်မခြင်း ဒီလိုပဲ ၆ လတကြိမ် သက်တန်းတိုးနေမှာလား...

- စစ်ကောင်စီပြောသမျှ ငြိမ်ခံနေသူတွေ၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကိုမျှော်နေသူတွေရှိနေတာ ဘာကြောင့်လဲ...

- ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ပေးတွေ့ပြီးနောက် စစ်တပ်က ဝါဒဖြန့် စာရွက်-စာတန်းတွေ ဖြန့်ဝေနေပြီလား...

- ဒီတကြိမ်တော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, July 20, 2023

“နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ ဘဏ္ဍာရေးတိုက်စစ်အတွက်ဖြစ်တယ်”


“နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ ဘဏ္ဍာရေးတိုက်စစ်အတွက်ဖြစ်တယ်”

- ဦးမင်းဇေယျာဦး (ဒုတိယဝန်ကြီး - စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန - NUG)

(၂၀- ၇- ၂၀၂၃)

“အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်မယ့် နွေဦးဖွံဖြိုးရေးဘဏ် (Spring Development Bank) ဟာ စစ်ကောင်စီကို ဘဏ္ဍာရေးအရ တိုက်စစ်ဆင်တဲ့ လုပ်ငန်းစဉ်ဖြစ်တယ်” လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းဇေယျာဦး ကပြောပါတယ်။

အွန်လိုင်းကတဆင့် ဒီနေ့ကျင်းပတဲ့ နွေဦးဖွံဖြိုးရေးဘဏ် (Spring Development Bank) မိတ်ဆက် သတင်းစာရှင်းပွဲအတွင်း သူက အဲဒီလိုပြောသွားတာပါ။ 

အခုထုတ်လွှင့်မယ့် NUG  နွေဦးဖွံဖြိုးရေးဘဏ် အကြောင်း သတင်းစာရှင်းပွဲမှာ....

- NUG က တော်လှန်ရေးရန်ပုံငွေ ဘယ်လိုရှာဖွေနေသလဲ... ဝန်ကြီးဦးတင်ထွန်းနိုင်ရဲ့ ပြောကြားချက်...

- ဘဏ္ဍာရေးတိုက်စစ်အတွက် NUG က ဘာတွေလုပ်သွားမှာလဲ... ဒုဝန်ကြီး ဦးမင်းဇေယျာဦးရဲ့ပြောကြားချက်...

-  နွေဦးဖွံဖြိုးရေးဘဏ် (Spring Development Bank) ကို ဘယ်လိုလည်ပတ် ဆောင်ရွက်မှာလဲ... CEO Calvin ရဲ့ပြောကြားချက်...

စတဲ့အကြောင်းတွေကို တင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, July 19, 2023

“ဒီတွေ့ဆုံမှုကို စစ်ကောင်စီက သူ့အကျိုးစီးပွားအတွက် အသုံးချမယ်ဆိုတာကတော့ ...



“ဒီတွေ့ဆုံမှုကို စစ်ကောင်စီက သူ့အကျိုးစီးပွားအတွက် အသုံးချမယ်ဆိုတာကတော့ ငြင်းလို့မရတဲ့အချက်ဖြစ်ပါတယ်” 

- ဒေါက်တာတင့်ဆွေ (နိုင်ငံရေး ဝေဖန်သုံးသပ်သူ) 

(၁၉ - ၇- ၂၀၂၃)

“လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲအတုနဲ့ထွက်ပေါက်ရှာလို့မရတော့ဘူးဆိုတာကို သဘောပေါက်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ပေးတွေ့တာဖြစ်တယ်။ ဒီတွေ့ဆုံမှုကို စစ်ကောင်စီက သူ့အကျိုးစီးပွားအတွက် အသုံးချမှာ သေချာတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုကို သတိထားပြီး ကိုယ်လုပ်စရာရှိတာတွေကို ညီညီညွတ်ညွတ်နဲ့ အရှိန်မြှင့် ဆောင်ရွက်သွားဖို့လိုပါတယ်” လို့ ၁၉၉၀ ခုနှစ် ရွေးကောက်ခံလွှတ်တော်အမတ်ဟောင်း၊ နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် အာဆီယံအစည်းဝေးမတိုင်ခင်လေးမှာ ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီက ပေးတွေ့မှုအပေါ် ... ဘာကြောင့်ပေးတွေ့သလဲ၊ ဘာတွေဆက်ဖြစ်လာမလဲ၊ အရင်လမ်းဟောင်းအတိုင်း စစ်ကောင်စီက ဆက်သွားချင်နေတာလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ပေးတွေ့ခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ...

- အာဆီယံ အထူးသံ၊ ကုလ-အထူးသံတွေနဲ့ပေးမတွေ့ပဲ ဘာကြောင့် ထိုင်းဝန်ကြီးနဲ့ ပေးတွေ့တာလဲ...

- နိုင်ငံတကာဖိအားလျော့ကျရေးထက် ... ပြည်တွင်းဖိအားလျော့ကျရေးကို အဓိကပစ်မှတ်ထားတဲ့လုပ်ရပ်လား...

- လုံခြုံရေးအထပ်ထပ်နဲ့ နေပြည်တော်မှာ နန်းစံသလိုနေနိုင်တယ်ထင်ရပေမယ့် ဒီလိုဆက်နေလို့မရတော့ဘူးဆိုတာကို စစ်ကောင်စီ သဘောပေါက်လာပြီလား...

- စစ်ကောင်စီရဲ့ ဝါဒဖြန်မှုကို သတိထားပြီး တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုကို ဘယ်လိုအရှိန်မြင့်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, July 18, 2023

“အာဏာလိုချင်ရင် နတ်နေကိုင်းကိုသွားမထိနဲ့ဆိုတဲ့အယူအဆကို စိန်ခေါ်မှုတွေရှိ...


“အာဏာလိုချင်ရင် နတ်နေကိုင်းကိုသွားမထိနဲ့ဆိုတဲ့အယူအဆကို စိန်ခေါ်မှုတွေရှိလာနေပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၁၈- ၇- ၂၀၂၃)

“အာဏာလိုချင်ရင် နတ်နေကိုင်းကို သွားမထိနဲ့။ အာဏာရှိသူ၊ သြဇာရှိသူတွေပြောသမျှ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြန်ငြင်းဆိုမှုမပြုပဲ လိုက်လျောညီထွေနေနိုင်မှ အာဏာရလိမ့်မယ်ဆိုတဲ့ အစဉ်အလာစဉ်းစားပုံကို ဒီနေ့ လူငယ်တွေက လက်မခံတော့ဘူးဆိုတာကို ထိုင်းနိုင်ငံရေးအပြောင်းအလဲမှာ မြင်တွေ့နေရပါတယ်။ မြန်မာလူငယ်တွေကလည်း ထိုင်းနိုင်ငံရေးပြောင်းလဲတိုးတက်မှုအပေါ် စိတ်ဝင်စားမှုတိုးလာနေတယ်” လို့ ထိုင်း- တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း  (FED) ညွန်ကြားရေးမှူး ဦးထူးချစ် ကပြောပါတယ်။

ထိုင်းနိုင်ငံမှာ မနက်ဖန်ကျင်းပမယ့် ဒုတိယအကြိမ် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ မဲအများဆုံးအနိုင်ရထားတဲ့ Move Forward ပါတီခေါင်ေးဆာင် လုံလောက်တဲ့ ထောက်ခံမဲ ရနိုင်ပါ့မလား၊ မရနိုင်ဘူးဆိုရင် လုံလောက်တဲ့မဲ ရနိုင်ဖို့အတွက် နတ်နေကိုင်းကို သွားမထိပဲ နေသင့်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မနက်ဖန် ဒုတိယ အကြိမ်မဲပေးပွဲမှာ Move Forward ပါတီခေါင်ေးဆာင် လုံလောက်တဲ့မဲ ၃၇၆ မဲ ရလာနိုင်ခြေရှိရဲ့လား...

- ဒုတိယ အကြိမ်မှာလည်း လုံလောက်တဲ့မဲ မရဘူးဆိုရင် ဒုတိယ မဲအများဆုံးရထားတဲ့ပါတီကို ဝန်ကြီးချုပ်တာဝန် လွဲပေးရတော့မလား...

- Move Forward ပါတီခေါင်ေးဆာင် ဝန်ကြီးချုပ်မဖြစ်ပဲ အခြားပါတီကဖြစ်လာရင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ပြောင်းလဲသွားနိုင်သလား...

- ထိုင်းနိုင်ငံရေးပြောင်းလဲတိုးတက်နေမှုကေန မြန်မာစစ်တပ်နဲ့ မြန်မာ့ဒီမိုကရေစီအင်ာအားတွေက ဘာတွေ လေ့လာနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, July 17, 2023

“ပြည်သူကိုမျက်နှာမူပြီး လိုက်လျောပေးဖို့ လိုအပ်နေတယ်ဆိုတာကို စဉ်းစားစေချ...



“ပြည်သူကိုမျက်နှာမူပြီး လိုက်လျောပေးဖို့ လိုအပ်နေတယ်ဆိုတာကို စဉ်းစားစေချင်ပါတယ်”

- ခိုင်ကောင်းစံ - (ညွန်ကြားရေးမှူး - ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)

(၁၈ - ၇ -၂၀၂၃)

“မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့မျက်နှာကို ထောက်ရှုပြီး နိုင်ငံတကာအကူအညီတွေအပေါ် တင်းကျပ်မှုကို စစ်ကောင်စီက ပြန်စဉ်းစားဖို့လိုအပ်တယ်၊ နိုင်ငံတကူအညီမပါပဲ ပြန်လည်ထူထောင်ရေးလုပ်ဖို့ မလွယ်ဘူး” လို့ စစ်တွေအခြေစိုက် ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ ညွန်ကြားရေးမှူး ခိုင်ကောင်းစံ ကပြောပါတယ်။

မိုခါမုန်တိုင်း ၂ လကြာတဲ့အထိ နိုင်ငံတကာအကူညီတွေမရသေးဘူးလား၊ မုန်တိုင်းသင့် ပြည်သူတွေ ဘယ်လိုနေထိုင်စားသောက်နေကြသလဲ၊ ဘာတွေအရေးပေါ် လိုအပ်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မိုခါမုန်တိုင်းအလွန် ၂ လကြာတဲ့အထိ နိုင်ငံတကာအကူအညီမရသေးတာ ဘာကြောင့်လဲ...

- ၂ လတာအတွင်း ကယ်ဆယ် ကူညီရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေကြသလဲ...

- လမ်း-တံတားပြင်တာ၊ စပါးစိုက်တာ၊ ငါးဖမ်းတာတွေ ပြန်လုပ်နိုင်နေပြီလား...

- အရင်မုန်တိုင်းတုန်းကလို ပြည်နယ်-တိုင်းအသီးသီးရှိ လူမှုရေးအသင်းအဖွဲ့တွေ ရခိုင်ကို လာမကူနိုင်တာ ဘာကြောင့်လဲ...

- မုန်တိုင်းသင့်ပြည်သူတွေ အကူအညီရရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ အားလုံးပူးပေါင်းဆောင်ရွက်နိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, July 14, 2023

“နယ်ခြားစောင့်တပ်တွေအပြင် စစ်ကောင်စီတပ်တွေပါ အမြင်မှန်ရပြီး တပ်ရင်းအလိုက...



“နယ်ခြားစောင့်တပ်တွေအပြင် စစ်ကောင်စီတပ်တွေပါ အမြင်မှန်ရပြီး တပ်ရင်းအလိုက် ပူးပေါင်းလာရင် ပိုကောင်းတာပေါ့“

- ဗိုလ်နဂါး (ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၁၄- ၇- ၂၀၂၃)

“ကရင်နီပြည်နယ်က မယ်စဲ့တိုက်ပွဲရဲ့အောင်မြင်မှုဟာ အညာဒေသရှိ တော်လှန်ရေးရဲဘော်တွေကို များစွာခွန်အားရှိစေတယ်။ “ကလလတ”- လို နယ်ခြားစောင့်တပ်တွေ ပြည်သူနဲ့ပူးပေါင်းသလိုမျိုး စစ်ကောင်စီတပ်တွေလည်း ပြည်သူ့ဆန္ဒကိုသဘောပေါက်ပြီး တပ်ရင်းအလိုက် ပြည်သူနဲ့ပူးပေါင်းလာရင် ပိုကောင်းတာပေါ့” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါး ကပြောပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ နှစ်လယ်၊ ဇွန်လ ၁၃ ရက်မှာ စတင်ခဲ့တဲ့ ကရင်နီနယ်က မယ်စဲ့တိုက်ပွဲအတွင်း နယ်ခြားစောင့်တပ် “ကလလတ” ပါလာတာ၊ ကရင်နီတပ်တွေအပြင် KNLA နဲ့ PDF အပါဝင် တပ်ပေါင်းစုဖွဲ့ပြီးတိုက်နိုင်တာတွေအပေါ် အညာကရဲဘော်တွေ ဘယ်လိုမြင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အညာဒေသ လက်နက်တပ်ဆင်မှုကို NUG က အလေးထားဆောင်ရွက်နေပြီလား...

- မယ်စဲ့မြို့မှာ တပ်ပေါင်းစုအောင်ပွဲခံခြင်းက အညာကရဲဘော်တွေကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...

- နယ်ခြားစောင့်တပ်အပါဝင် လက်နက်ကိုင်အဖွဲ့တွေအားလုံး နွေဦးတော်လှန်ရေးနဲ့ ပူးပေါင်းဖို့ အကောင်းဆုံးအချိန်ရောက်နေပြီလား...

- ၂၀၂၃ လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ...

- “တော်လှန်ရေး ဘယ်တော့ပြီးမလဲ”...မေးနေသူတွေအတွက် ဗိုလ်နဂါးရဲ့ အဖြေက ဘာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, July 13, 2023

“အာဆီယံ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ စစ်ကောင်စီကို ဘယ်လိုအရေးယူမှာလဲ”



“အာဆီယံ ဆုံးဖြတ်ချက်ကိုလည်း မလိုက်နာ၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကိုလည်း မလိုက်နာတဲ့ စစ်ကောင်စီကို ဘယ်လိုအရေးယူမှာလဲ”

- ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ - Progressive Voice)

(၁၃- ၇- ၂၀၂၃)

“အာဆီယံ မူ ၅ ချက်ကိုလည်း မလိုက်နာ၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုလည်း မလိုက်နာတဲ့ စစ်ကောင်စီကို အာဆီယံ၊ အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂကတို့က ဘယ်လို အရေးယူမှာလဲ။ အာဆီယံက ဆောင်ရွက်ပါလိမ့်မယ်ဆိုပြီး အင်အားကြီးနိုင်ငံတွေက အာဆီယံနောက်မှာ ဆက်ပုန်းနေမှာလား။ အားလုံးပူးပေါင်းပြီး ထိရောက်စွာ အရေးယူရမယ့်အချိန် ရောက်နေပြီ မဟုတ်လား” လို့ ရှေ့ပြေးအသံအဖွဲ့  (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာ ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံအစည်းအဝေးနဲ့ ဆွေးနွေးဖက် အင်အားကြီးနိုင်ငံတွေဆီကနေ စစ်ကောင်စီကို ဘယ်လိုဖိအားပေးဖို့မျှော်လင့်ထားသလဲ၊ မြန်မာလူထုက နိုင်ငံတကာအပေါ် ဘာများဆက်ပြီးမျှော်လင့်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  ဒေါ်ခင်ဥမ္မာက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အာဆီယံနဲ့ အမေရိကန်ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအတွက် ဘာများမျှော်လင့်နိုင်မလဲ...

- ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ဆောင်ရွက်မှုတွေက အာဆီယံမှာ ဘုံသဘောတူညီချက် မရှိဘူးဆိုတာကို ပြသနေခြင်းလား...

- အာဆီယံက မလုပ်နိုင်ရင် အမေရိကန်နဲ့ ကုလ လုံခြုံရေးကောင်စီက တကယ်ဆောင်ရွက်ပေးမှာလား...

- နိုင်ငံတကာသံတမန်တွေငြင်းခုံနေစဉ်မှာ တိုင်းပြည်တဝက်လောက်ကို PDF တွေက သိမ်းပြနိုင်ခြေရှိနေပြီလား...

- အာဆီယံ ထိပ်သီးအစည်းဝေးနဲ့ ကုလ- ညီလာခံအမီ နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က သံတမန်ရေးအရ ဘယ်လိုပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်နေသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကိုင်းတိုင်းက PDF ခေါင်းဆောင် ဗိုလ်နဂါးနှင့် မေးမြန်းချက် ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တိုင်းပြည်နဲ့ လူမျိုးကို ထိခိုက်နစ်နာအောင် မလုပ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို...



“တိုင်းပြည်နဲ့ လူမျိုးကို ထိခိုက်နစ်နာအောင် မလုပ်ဘူးဆိုတဲ့ ထိုင်းစစ်တပ်ရဲ့ ရပ်တည်ချက်ကို မြန်မာစစ်တပ်က လေ့လာနိုင်ပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၁၃- ၇- ၂၀၂၃)

“အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှု အကြိမ်များစွာ ဖြစ်ခဲ့ဖူးပေမယ့် မြန်မာစစ်တပ်လို တိုင်းပြည်နဲ့ လူမျိုးအပေါ် ဒုက္ခမပေးဘူး၊ စီးပွားရေး ကျဆင်းအောင်၊ ပညာရေး၊ ကျန်းမာရေး ထိခိုက်အောင်မလုပ်ဘူး၊ ဒီအချက်တွေကို ထိုင်းစစ်တပ်ဆီကနေ မြန်မာစစ်တပ်က လေ့လာနိုင်မယ် ထင်ပါတယ်” လို့ ထိုင်း တောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဒီနေ့ ကျင်းပမယ့် ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲမှာ မဲအများဆုံး အနိုင်ရထားတဲ့ Move Forward ပါတီခေါင်ေးဆာင် တကယ်ဖြစ်လာနိုင်ခြေ ရှိရဲ့လား။ သူ မဖြစ်လာရင် နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်လာနိုင်သလား၊ ဒီလို နိုင်ငံရေး မငြိမ်သက်မှုတွေကြားမှာ အာဏာသိမ်းဖို့ မကြိုးစားတဲ့ ထိုင်းစစ်တပ်ဆီကနေ အာဏာသိမ်း မြန်မာစစ်တပ်က ဘာတွေ လေ့လာသင့်သလဲ … စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- ထိုင်း နိုင်ငံရေး အပြောင်းအလဲအပေါ် မြန်လူထု စိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲ ...
- Move Forward ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်မလာဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ...
- လူထုက ရွေးချယ်ထားသူ ဝန်ကြီးချုပ်ဖြစ်ခွင့် ရှိမရှိဆိုတာကို လူထုက ရွေးချယ်ထားခြင်းမရှိတဲ့ စစ်တပ် ကိုယ်စားလှယ် အမတ် ၂၅၀ က ဆုံးဖြတ်မယ်ဆိုရင် မဲဆန္ဒရှင်တွေက ဘယ်လိုတုံ့ပြန်လေမလဲ ...
- ထိုင်း နိုင်ငံရေး အပြောင်းအလဲအပေါ် မြန်မာအာဏာသိမ်း စစ်ကောင်စီက ဘာတွေများ လေ့လာနိုင်ဖွယ်ရှိမလဲ ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ဇူလိုင် ၁၂ ရက် ညနေပိုင်းက မေးမြန်းထားချက်ဖြစ်ပါတယ်။ မေးမြန်းချက်ထဲ ညွှန်းဆိုဖော်ပြတဲ့ မနက်ဖြန်ဆိုတာဟာ ဒီနေ့၊ ဇူလိုင် ၁၃ ရက်၊ ကြာသပတေးနေ့ကို ဆိုလိုပါတယ်။ ညနေပိုင်းမှာ ထိုင်းအစိုးရဟောင်းနဲ့ အာဆီယံအစည်းဝေးအကြောင်း ဒုတိယပိုင်းကို ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, July 12, 2023

“ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ပေးတွေ့ပြီး ဝါဒဖြန့်တဲ့လုပ်ရပ်မျ...



“ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ပေးတွေ့ပြီး ဝါဒဖြန့်တဲ့လုပ်ရပ်မျိုးဟာ စစ်အုပ်စုက လုပ်နေကြအလုပ်ပါ”

- ဒေါ်ခင်ဥမ္မာ -(ရှေ့ပြေးအသံအဖွဲ့ -  Progressive Voice)

(၁၂- ၇- ၂၀၂၃)

“အာဆီယံ အစည်းဝေးဆီ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသတင်းစကားပါးလိုက်တယ်၊ ဘာပြောတယ်၊ ညာပြောတယ်ဆိုတာဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ တဖက်သတ် ပြောဆိုချက်သာဖြစ်တဲ့အတွက် လက်ခံနိုင်စရာမရှိဘူး။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့တချိန်လုံးစဉ်းစားနေတာဖြစ်ပြီး ဒါဟာ စစ်ကောင်စီနဲ့ ထိုင်းဝန်ကြီးတို့ရဲ့ ပူးပေါင်းကြံစည်မှုသာဖြစ်တယ်၊ ဒါကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သဘောပေါက်ဖို့လိုတယ်” လို့ ရှေ့ပြေးအသံအဖွဲ့  (Progressive Voice) တည်ထောင်သူ တည်ထောင်သူ ဒေါ်ခင်ဥမ္မာ ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံအစည်းအဝေးအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြိးက သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းဆီ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသတင်းစကားပါးလိုက်ကြောင်း... စသဖြင့်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  ဒေါ်ခင်ဥမ္မ  ာက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားက ပြောနေတဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ဖို့ ဘာတွေလိုအပ်နေသလဲ...

- အာဆီယံ အစည်းဝေးနဲ့အချိန်ကိုက် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ ပေးတွေ့ခြင်း စစ်ကောင်စီရဲ့ဗျုဟာက ဘာလဲ...

- မိုခါမုန်တိုင်းသင့်ဒုက္ခသည်တွေဆီတောင် ၂ လ ကြာတဲ့အထိ လူသား-စာနာ အကူအညီရောက်အောင် မပေးနိုင်တဲ့ အာဆီယံက နိုင်ငံရေးပြေလည်မှုရအောင် ကြားဝင်စေ့စပ်ပေးမယ်ဆိုတာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ....

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အာဆီယံနဲ့ နိုင်ငံတကာအပေါ် မြန်မာလူထုက ဘာများမျှော်လင့်ထားသင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့  မနက်ဖန် ထုတ်လွှင့်ပါမယ်။ ကြေညာထားပြီးသားဖြစ်တဲ့ ဗိုလ်နဂါးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ နောက်ရက်တွေမှာ ဆက်လက်ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, July 11, 2023

“စစ်ကြောင်းတွေကို ရင်ဆိုင်တိုက်တဲ့အပြင် စစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေထဲ...



“စစ်ကြောင်းတွေကို ရင်ဆိုင်တိုက်တဲ့အပြင် စစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေထဲအထိ ဝင်တိုက်နေပြီဖြစ်တယ်“

- ဗိုလ်နဂါး (ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၁၁- ၇- ၂၀၂၃)

“အညာစစ်မျက်နှာရှိ ဒေသခံတော်လှန်ရေးတပ်စခန်း တခုစ၊ နှစ်ခုစ တိုက်ခိုက်ခံရတာမျိုးရှိခဲ့ပေမယ့် တစုံလုံးကိုခြုံကြည့်ရင် PDF တွေမှာ လက်နက်အင်အား၊ လူအင်အား၊ စုဖွဲ့မှုအား ပိုကောင်းလာနေပြီး စစ်ကောင်စီ စစ်ကြောင်းကို ရင်ဆိုင်တိုက်တဲ့အပြင် စစ်ကောင်စီအခြေစိုက်စခန်းတွေထဲအထိ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်တယ်” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါး ကပြောပါတယ်။

အညာဒေသမှာ လက်နက်ကိုင်တော်လှန်ရေးအရှိန်ကောင်းနေပေမယ့် PDF စခန်းအချို့ တိုက်ခိုက်ခံရတာ၊ ရွာမီးရှို့ခံရမှုကို မကာကွယ်နိုင်သေးတာ၊ ERO တွေနဲ့ ဆက်စပ်မှုအားနည်းနေသေးတာတွေနဲ့ပတ်သက်ပြီး...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အညာဒေသမှာ လက်နက်ကိုင်တိုက်ပွဲနဲ့အတူ လူထုဆန္ဒပြပွဲတွေ ပိုအားကောင်းလာနေတာ ဘာကြောင့်လဲ...

- ဒေသခံ PDF စခန်းအချို့ တိုက်ခိုက်ခံရတာ လုံခြုံရေးဖက်မှာ ဘာတွေအားနည်းချက်ရှိခဲ့လို့လဲ...

- အညာစစ်မျက်က PDF တွေလည်း ERO ဆက်စပ်ဒေသက PDF တွေလိုပဲ စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနိုင်နေပြီလား...

- စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့မှုကို တော်လှန်ရေးတပ်တွေဖက်က မတားဆီးနိုင်သေးတာ ဘာကြောင့်လဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တော်လှန်ရေးတပ်ပေါင်းစုရဲ့ မယ်စဲ့မြို့သိမ်းတိုက်ပွဲက အညာက ရဲဘော်တွေကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, July 10, 2023

“တရစ်ခြင်း ကျပ်နေရုံနဲ့မရဘူး၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း အစွမ်...



“တရစ်ခြင်း ကျပ်နေရုံနဲ့မရဘူး၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း အစွမ်းကုန် ဖိအားပေးဖို့လိုပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ - NUG)

(၁၀- ၇- ၂၀၂၃)

“အမေရိကန်အပါဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြသာနာတခုချင်းအပေါ်မူတည်ပြီး စစ်ကောင်စီကို တရစ်ခြင်းကျပ်နေပေမယ့် ဒီလောက်နဲ့အလုပ်မဖြစ်ဘူး။ ကုလသမဂ္ဂ လုံခြုံကောင်စီဆုံးဖြတ်ချက်အတိုင်း နိုင်ငံတွေအားလုံးက တညီတညွတ်တည်းနဲ့ စစ်ကောင်စီကို အစွမ်းကုန်ဖိအားပေးဖို့လိုပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ကျင်းပဖို့ရှိနေတဲ့ အားဆီယံ အစည်းအဝေး၊ အမေရိကန်နိုင်ငံခြးရေးဝန်ကြီးနဲ့ အာဆီယံခေါင်းဆောင်တွေတွေ့ဆုံတဲ့အခါ စစ်ကောင်စီအပေါ် ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ထိုင်းအစိုးရသစ်အပေါ် NUG က ဘယ်လိုမျှော်လင့်ထားသလဲ...

- အာဆီယံနဲ့ အမေရိကန်က စစ်ကောင်စီကို တရစ်ခြင်း ကျပ်နေရုံနဲ့ အလုပ်ဖြစ်ပါ့မလား...

- NDAA ဥပဒေထဲက အကူအညီတွေ ဘယ်တော့ရမှာလဲ...

- ကရင်နီပြည်နယ်ဟာ နွေဦးတော်လှန်ရေးအတွက် စံပြပြည်နယ် ဖြစ်လာနေပြီလား...

- ၂၀၂၃ ခုနှစ် လက်ကျန် ၆ လအတွင်း တော်လှန်ရေးအရှိန် ဘယ်လောက်အထိ တက်လာနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, July 9, 2023

“စခန်းသိမ်းတိုက်ပွဲတွေ နေ့တိုင်းရှိနေပြီး လက်နက်တွေလည်း နေ့တိုင်းရရှိနေပ...



“ စခန်းသိမ်းတိုက်ပွဲတွေ နေ့တိုင်းရှိနေပြီး လက်နက်တွေလည်း နေ့တိုင်းရရှိနေပါတယ်”

- ဦးမောင်မောင်ဆွေ (ပြောခွင့်ရပုဂ္ဂိုလ် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၁၀- ၇- ၂၀၂၃)

“PDF နဲ့ ERO ပူးတွဲတော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီစခန်းတွေကို နေ့တိုင်းလိုလို တိုက်ခိုက်သိမ်းပိုက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း နေ့တိုင်းလိုလို ရရှိနေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောခွင့်ရပုဂ္ဂိုလ် ဦးမောင်မောင်ဆွေ ကပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ တိုက်ပွဲသတင်းတွေထဲက ထူးခြားတဲ့တိုက်ပွဲတွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသက ထူးခြားတဲ့ တိုက်ပွဲတွေအကြောင်း...

- ကရင်ပြည်နယ်တွင်းက ဒရုန်းတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည် ထူးခြားချက်...

- မော်လိုက်တိုက်ပွဲမှာ ၆၀ မမ နှစ်လက်၊ RPG တလက်အပါဝင် လက်နက်ငယ် ၁၀ လက်ခန့်အထိ သိမ်းမိတဲ့အကြောင်း...

- PDF နဲ့ ERO တွေ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နိုင်နေပြီလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ညနေပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ထန်တလန်မှာရော၊ ပလက်ဝမှာပါ စစ်ကောင်စီဖက်က အကျအဆုံးများနေပါတယ်”



“ထန်တလန်မှာရော၊ ပလက်ဝမှာပါ စစ်ကောင်စီဖက်က အကျအဆုံးများနေပါတယ်” - ဆလိုင်းထက်နီ -(ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF) (၉ - ၇- ၂၀၂၃) “ထန်တလန်နဲ့ ဟားခါးကြားကတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၁၅ ဦးခန့်ကျဆုံးပြီး ပလက်ဝဖက်မှာ ၄ ဦးကျတယ်။ မြေပြင်မှာ အထိနာနေလို့ လေယာဉ်တွေ ပိုသုံးလာနေတာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ ကပြောပါတယ်။ ချင်းပြည်နယ်က ထူးခြားတဲ့တိုက်ပွဲအခြေအနေ၊ သံချပ်ကားတွေ မီးရှို့ဖျက်ဆီးနိုင်မှုနဲ့ ကရင်နီဖက်က မြို့သိမ်းတိုက်ပွဲအပေါ် သဘောတားအမြင်တွေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ထန်တလန်နဲ့ဟားခါးကြားက တလကျော်ကြာလာပြီဖြစ်တဲ့ ရင်ဆိုင်တိုက်ပွဲနောက်ဆုံးအခြေအနေ... - ပလက်ဝက စခန်းသိမ်းတိုက်ပွဲအကြောင်း... - စစ်ကောင်စီရဲ့ သံချပ်ကာယာဉ်တန်းကို ဖျက်ဆီးနိုင်မှုအတွက် NUG က သိန်း လေးထောင် ပေးအပ်မှု... - ကရင်နီဒေသက မယ်စဲ့တိုက်ပွဲဟာ တော်လှန်ရေးတပ်ပေါင်းစုအတွက် အရေးကြီးတဲ့ အောင်ပွဲလား... - ၂၀၂၃ ခုနှစ် လက်ကျန် ၆ လအတွင်း စစ်ရေးအသာရမှု ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ.... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီက ကန့်ကွက်စာတင်တဲ့အချိန်မှာကို ကျမက အရှေ့တီမောသမ္မတကြီးနဲ့ အတ...



“စစ်ကောင်စီက ကန့်ကွက်စာတင်တဲ့အချိန်မှာကို ကျမက အရှေ့တီမောသမ္မတကြီးနဲ့ အတူ ရှိနေတာပါ”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ - NUG)

(၉ -  ၇ -၂၀၂၃)

“စစ်ကောင်စီက ကန့်ကွက်စာတင်တဲ့အချိန်မှာကို ကျမက အရှေ့တီမောသမ္မတကြီးနဲ့အတူရှိနေတာပါ။ ဒါဟာ NUG ကို နိုင်ငံတခုက ပထမ ဆုံးအကြိမ် တရားဝင်ဖိတ်ကြားတဲ့အတွက် သံတမန်ရေးအရအရေးကြီးတဲ့အပြင် နွေဦးတော်လှန်ရေးမှာပါဝင်နေသူတွေကို စိတ်ဓာတ်ခွန်အားလည်းအများကြီးရစေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က အရှေ့တီမော (တီမောလက်စတေး) နိုင်ငံမှာကျင်းပတဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ စစ်ကောင်စီကို မဖိတ်ပဲ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးကိုသာ ဖိတ်ကြားတဲ့အခြေအနေ၊ လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် အာဆီယံနဲ့ နိုင်ငံတကာက ဖိအားပေးနိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အရှေ့တီမောနိုင်ငံ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUG ဝန်ကြီးအား ဖိတ်ကြားတာဟာ နိုင်ငံရေးအရ ဘယ်လိုအဓိပါယ်ဆောင်သလဲ...

- ဒီလိုဖိတ်ကြားတဲ့အပေါ် စစ်ကောင်စီက ဘာကြောင့်ကန့်ကွက်တာလဲ...

- အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်လာရင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ပိုအားကောင်းလာနိုင်သလား...

- လက်ရှိ အာဆီယံကပြောနေတဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဆိုတာ တကယ်ဖြစ်လာနိုင်ခြေရှိရဲ့လား...

- လူသားချင်းစာနာမှာအကူအညီတောင် လက်မခံတဲ့ စစ်ကောင်စီထံက နိုင်ငံရေးဆွေးနွေးမှု ရလာနိုင်တယ်လို့မျှော်လင့်နေခြင်းဟာ စိတ်ကူးယဉ်သက်သက်လား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အိမ်နီးချင်း ထိုင်းအစိုးရသစ်ဆီကနေ ဘာများမျှော်လင့်နိုင်မလဲ...၊ နိုင်ငံတကာဖိအားက ဒါ လက်ကုန်ပဲလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, July 5, 2023

“လိုင်ဇာနဲ့ ၁၀ မိုင်အကွာအထိ စစ်ကောင်စီက ထိုးဝင်လာလို့ ကျနော်တို့ဘက်က ခုခ...



“လိုင်ဇာနဲ့ ၁၀ မိုင်အကွာအထိ စစ်ကောင်စီက ထိုးဝင်လာလို့ ကျနော်တို့ဘက်က ခုခံတိုက်ခိုက်ရတာပါ“

- ဗိုလ်မှူးကြီးနော်ဘူ (KIO/ KIA ပြန်ကြားရေးအရာရှိ)

(၆- ၇- ၂၀၂၃)

“စစ်ကောင်စီတပ်တွေက လိုင်ဇာဌာနချုပ်နဲ့ ၁၀ မိုင်အကွာရှိ နမ်ဆန်ယန်ရွာနားအထိ ထိုးဝင်လာတဲ့အတွက် KIA ဖက်က ပြန်လည်ခုခံတိုက်ခိုက်ရတာဖြစ်တယ်။ တရုတ်အရာရှိယာဉ်တန်းကို KIA က ပစ်ခတ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ မှန်ကန်ခြင်းမရှိဘူး” လို့ ကချင်လွတ်လပ်ရေးအဖွဲ့  (KIO/ KIA) ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- နမ်ဆန်ယန်ရွာက တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံလူထု ထိခိုက်မှုရှိသလား...

- တရုတ်အရာရှိ ယာဉ်တန်း ပစ်ခတ်ခံရမှု ဘယ်သူ့လက်ချက်လဲ...

- နယ်မြေရှင်းလင်းရေးလား...  KIO ဌာနချုပ်အထိတိုက်ဖို့ စစ်ကောင်စီက ရည်ရွယ်နေတာလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာလိုင်း အခက်အခဲ၊ အချိန်အခက်အခဲကြောင့် တိုက်ရိုက်မေးမြန်းခွင့်မရပဲ အသံဖွိုင်နဲ့ မေးမြန်းထားတာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တိုက်ပွဲတခုခုမှာ အလစ်အငိုက်ခံလိုက်ရတာမျိုးရှိပေမယ့် စစ်ပွဲကြီးတလုံးမှာတ...


“တိုက်ပွဲတခုခုမှာ အလစ်အငိုက်ခံလိုက်ရတာမျိုးရှိပေမယ့် စစ်ပွဲကြီးတလုံးမှာတော့ ကျနော်တို့ဖက်က အသာရနေပါတယ်”

- ဦးနိုင်ထူးအောင် - (အတွင်းဝန် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၅- ၇- ၂၀၂၃)

“အညာစစ်မျက်နှာက PDF စခန်းအချို့ကို စစ်ကောင်စီတပ်က အလစ်အငိုက်ဝင်တိုက်တာရှိပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့သွားနေတဲ့ တော်လှန်စစ်ပွဲကြီးတခုလုံးအနေအထားနဲ့ခြုံကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က အသာရနေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနာ (MoD) အတွင်းဝန် ဦးနိုင်ထူးအောင် ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း တိုးတက်မှုအနေအထား၊ ၂၀၂၃ ရဲ့ လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ERO ဆက်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲအထိတိုးတက်နေပြီဖြစ်ပေမယ့် အညာစစ်မျက်နှာမှာ ခံနေရဆဲဖြစ်တာ ဘာကြောင့်လဲ...

- တနိုင်ငံလုံး ဟန်ချက်ညီ တိုက်ပွဲဖေါ်နိုင်အောင် ဘာတွေဆောင်ရွက်ဖို့ လိုအပ်နေသေးလဲ...

- ၂ နှစ်ခွဲတာကာလအတွင်း တော်လှန်ရေးခရီး ဘယ်အထိပေါက်နေပြီလဲ...

- ၂၀၂၃ ရဲ့ လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ...

- ပြည်တွင်း-ပြည်ပ လူထုထောက်ခံအားပေးမှု အရှိန်ကျ မသွားအောင် ဘယ်လိုဆက်ထိန်းကြမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကချင်ပြည်နယ်ဖက်က တိုက်ပွဲအခြေအနေအကြောင်း- KIA ရဲ့ပြောကြားချက်ကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, July 4, 2023

“စစ်ကောင်စီဖက်က ကျဆုံးမှု သုံးသောင်းသုံးထောင်ကျော်နေပြီလို့ စာရင်းရထားပါ...



“စစ်ကောင်စီဖက်က ကျဆုံးမှု သုံးသောင်းသုံးထောင်ကျော်နေပြီလို့ စာရင်းရထားပါတယ်” 

- ဦးနိုင်ထူးအောင် - (အတွင်းဝန် - ကာကွယ်ရေးဝန်ကြီးဌာန -NUG)

(၄- ၇- ၂၀၂၃)

“၂၀၂၁ ခုနှစ် ဇွန်လကနေ ၂၀၂၃ ဇွန်လအထိ ၂ နှစ်တာအတွင်း စစ်ကောင်စီဖက်က ကျဆုံးမှု သုံးသောင်းသုံးထောင်ကျော်နေပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု တသောင်းကျော်ရှိနေပါတယ်။ တော်လှန်ရေးအင်အားစုဖက်ကတော့ နှစ်ထောင်ဝန်းကျင် ကျဆုံးမှုရှိပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနာ (MoD) အတွင်းဝန် ဦးနိုင်ထူးအောင် ကပြောပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ ကရင်နီဖက်က မယ်စဲ့တိုက်ပွဲ၊ ကရင်ဖက်က ကျောက်ကြီးနဲ့ အခြားတိုက်ပွဲတွေအကြောင်း၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုအကြောင်း၊ နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း တိုးတက်မှုတွေအကြောင်း...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- မယ်စဲ့တိုက်ပွဲမှာ ERO နဲ့ PDF တွေ ဘယ်လိုပူးပေါင်းပါဝင် တိုက်ပွဲဝင်နေသလဲ...

- စစ်လေယာဉ်ပစ်ချနိုင်မှု ဘယ်လိုအထောက်အထားပြနိုင်မလဲ...

- နွေဦးတော်လှန်ရေးအတွင်း “ကလလတ” ပါလာခြင်းက နိုင်ငံရေး-စစ်ရေးအရ ဘယ်လိုအဓိပါယ်ဆောင်သလဲ...

- ကရင်ပြည်နယ်ဖက်က ERO နဲ့ PDF တွေပူးတွဲလှုပ်ရှားမှုကကော ကရင်နီပြည်နယ်နီးပါး အားကောင်းနေပြီလား...

- PDF တွေအတွက် လက်နက်တပ်ဆင်ပေးမှုက အားရစရာအဆင့် ရောက်လာနေပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ERO ဆက်စပ်ဒေသမှာ မြို့သိမ်းနိုင်တဲ့အထိ အားကောင်းလာနေပေမယ့် အညာစစ်မျက်နှာမှာ ခံနေရဆဲဖြစ်တာ ဘာကြောင့်လဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, July 3, 2023

“ဒီပွဲဟာ အရေးကြီးတဲ့အတွက် အားလုံးလက်တွဲပါဝင်ကြစေချင်ပါတယ်”


“ဒီပွဲဟာ အရေးကြီးတဲ့အတွက် အားလုံးလက်တွဲပါဝင်ကြစေချင်ပါတယ်”

- ရဲဘော်လောရင်းစိုး (ပြောခွင့်ရပုဂ္ဂိုလ် - ကလလတ)

(၃- ၇- ၂၀၂၃)

“ဒီနေ့ နွေဦးတော်လှန်ရေးတိုက်ပွဲဟာ တိုင်းပြည်အနာဂတ်အတွက်အရေးကြီးတဲ့အတွက် အင်အားစုအားလုံး လက်တွဲပါဝင်စေချင်တယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအတွက် ပြည်သူနဲ့အတူလက်တွဲမလား- ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားအတွက် လူသတ်စစ်ကောင်စီနဲ့ လက်တွဲမလားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်အချိန်ဖြစ်တယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရပုဂ္ဂိုလ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုး ကပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာ ကရင်နီပြည် မယ်စဲ့အခြေစိုက် နယ်ခြားစပ်တပ် “ကလလတ” ခေါ် ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးက စစ်ကောင်စီကို ပြန်တိုက်သလိုမျိုး အခြားနယ်ခြားစောင့်တပ်တွေလည်း ပြန်တိုဖို့လိုအပ်နေပြီမဟုတ်လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နွေဦးတော်လှန်ရေးအတွင်း -ကလလတ-ပါလာခြင်းက နိုင်ငံရေး-စစ်ရေးအရ ဘယ်လောက်အရေးကြီးသလဲ...

- နှစ် ၃၀ ကြာ အပစ်ရပ်ထားရာကနေ တိုက်ပွဲပြန်ဖော်နိုင်အောင် ဘယ်လိုပြင်ဆင်ခဲ့ရသလဲ...

- အင်အားစုအားလုံး ဒီနေ့တော်လှန်ရေးမှာ လက်တွဲပါဝင်ဖို့ ဘာကြောင့်အရေးတကြီး လိုအပ်နေသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတာ့ အမျိုးသားညီညွတ်ရေးအစိုးရ MoD တာဝန်ရှိသူနှင့် မေးမြန်းချက်ကို ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, July 2, 2023

“စခန်းပြန်သိမ်းဖို့ဆိုပြီး နိမ့်နိမ့်လေးဆင်းလာချိန်မှာ ပွိုင့် 5 နဲ့ ထိသ...



“စခန်းပြန်သိမ်းဖို့ဆိုပြီး နိမ့်နိမ့်လေးဆင်းလာချိန်မှာ ပွိုင့် 5 နဲ့ ထိသွားတယ် ထင်ပါတယ်” - ရဲဘော်လောရင်းစိုး (ပြောခွင့်ရပုဂ္ဂိုလ် - ကလလတ) (၂- ၇- ၂၀၂၃) “လက်နက်ကိုင်တော်လှန်ရေးအဇွဲ့တွေအားလုံး ပူးပေါင်းပြီး ဘုံရန်သူတခုတည်းကို ဦးတည်တိုက်ရင် အောင်ပွဲရတယ်ဆိုတာ ဒီနေ့ မယ်စဲ့တိုက်ပွဲက သက်သေပြနေပါတယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်လောရင်းစိုး ကပြောပါတယ်။ ဇွန်လ ၁၃ ရက်ကစပြီး မယ်စဲ့အခြေစိုက် နယ်ခြားစပ်တပ်ဟာ မူလအမည် -ကလလတ-အဖြစ် အမည်ပြန်ပြောင်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မှု၊ လက်ရှိ မယ်စဲ့မြို့ကို ထိန်းချုပ်ထားမှုအနေအထား၊ စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ချနိုင်မှု... စတဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ... - နှစ် ၃၀ ကြာ အပစ်ရပ်ထားတဲ့ ကလလတ ဘာကြောင့် စစ်ကောင်စီကို ပြန်တိုက်တာလဲ.... - မယ်စဲ့မြို့နယ်တခုလုံးကို တော်လှန်ရေးတပ်တွေက ထိန်းထားလိုက်ပြီလား... - စစ်ကောင်စီတပ်ရဲ့ ဗုံးကျဲလေယာဉ်ဟာ ပွိုင့်-5 လက်ချမိပြီး ပျက်ကျသွားတာလား... - မယ်စဲ့စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေသလဲ.... - တော်လှန်ရေးတပ်တွေ အားလုံးညီညွတ်ရင် မယ်စဲ့လို အောင်ပွဲရမယ်လို့ ဘာကြောင့် ပြောတာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အခြား နယ်ခြားစောင့်တွေ ကလလတ လိုဖြစ်လာနိုင်သလား ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

“ထိုင်းစစ်တပ်က အမေရိကန် နဲ့ပါးပါးနပ်နပ်ဆက်ဆံတတ်ပြီး မြန်မာစစ်တပ်ကတော့ ရု...


“ထိုင်းစစ်တပ်က အမေရိကန်အပါဝင် နိုင်ငံတကာနဲ့ပါးပါးနပ်နပ်ဆက်ဆံတတ်ပြီး မြန်မာစစ်တပ်ကတော့ ရုရှားနဲ့ပိုပြီးနီးကပ်လာတဲ့သဘောတွေ့ရပါတယ်”

- ဦးအောင်သူငြိမ်း (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃- ၇- ၂၀၂၃)

“ထိုင်းစစ်တပ်ဟာ အမေရိကန်အပါဝင် နိုင်ငံတကာနဲ့ပါးပါးနပ်နပ်ဆက်ဆံတတ်ပြီး မြန်မာစစ်တပ်ကတော့ ရုရှားနဲ့ပိုပြီးနီးကပ်လာတဲ့သဘောတွေ့လာနေရတယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးအောင်သူငြိမ်း ကပြောပါတယ်။

မကြာခင် ကျင်းပဖို့ပြင်နေတဲ့ ထိုင်းနိုင်ငံက ပါလီမာန်အခြေအနေ၊ ရွေးကောက်ခံအစိုးရသစ် တက်လာမယ့်အလားအလာ၊ အစိုးရသစ်တက်လာပြီးနောက်ပိုင်း ထိုင်း-မြန်မာ ဆက်ဆံရေးအလားအလာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ထဲမှာ ...

- ဒီနေ့စတင်မယ့် ထိုင်းပါလီမာန်အစည်းအဝေးမှာ ဘာတွေထူးခြားနိုင်သလဲ...

- Move Forward ပါတီဦးဆောင်တဲ့ အစိုးရသစ် ဘယ်နေ့လောက်မှာ ဖွဲ့စည်းနိုင်မလဲ...

- စစ်တပ်နဲ့ ရှေးရိုးစွဲဝါဒီတွေက လူငယ်တွေဦးဆောင်မှအပေါ် ဘယ်လောက်သဘေားထားကြီးနိုင်မလဲ...

- အစိုးရသစ်တက်လာရင် ဒုက္ခသည်တွေ၊ အလုပ်သမားတွေအတွက် ဘယ်လိုခံစားခွင့်တွေ တိုးရလာနိုင်သလဲ...

- ထိုင်းစစ်တပ်ဆီကနေ မြန်မာစစ်တပ်က ဘာများ အတုယူစရာရှိမလဲ....

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ညနေပိုင်းမှာတော့ “ကလလတ” ပြောခွင့်ရနှင့် မေးမြန်းချက် ဒုတိယပိုင်းကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More