Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၃၈



ဧရာ၀တီ။

ပ်ဳိးပန္းေ၀ စာသင္ေက်ာင္းနဲ႔ ေတာတြင္းပညာေရး


မင္းသမီးခစန္းမွာ ဖြင့္လွစ္တဲ့ ပ်ဳိးပန္းေ၀ မူလတန္းေက်ာင္းမွ ဆရာနဲ႔ ေက်ာင္းသူေက်ာင္းသားမ်ား
ပညာတပုိင္းတစနဲ႔ ေတာ္လွန္ေရးထဲပါလာတဲ့ က်ေနာ္တို႔ အခ်င္းခ်င္းၾကား နုိင္ငံျခားထြက္ၿပီး ပညာဆက္သင္သင့္၊ မသင့္ အျငင္းပြားမႈ ႀကီးႀကီးမားမား ရွိခဲ့တဲ့အေၾကာင္း ေရွ႕ပုိင္းအခန္းေတြမွာ က်ေနာ္ တင္ျပခဲဲ့ဖူးပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔အၾကား အျငင္းမပြားဘဲ အားလုံးသေဘာတူတဲ့ အခ်က္ကေတာ့ တပ္ဖြဲ႔၀င္မိသားစုေတြက ေမြးဖြားလာတဲ့ မ်ဳိးဆက္သစ္ ကေလးငယ္ေတြ၊ ေနာက္တခါ ေရွ႕တန္းမွာ စစ္ေၾကာင္းသြားရင္းနဲ႔ ေတြ႔ရတဲ့ မိဘမဲ့ကေလးငယ္ေတြ၊ ျပည္တြင္းစစ္ရဲ့သားေကာင္ေတြ၊ မိဘက ေက်ာင္းမထားေပးနုိင္တဲ့ ကေလးငယ္ေတြအတြက္ မူလတန္းေက်ာင္းတခု ဖြင့္ေပးမွျဖစ္မယ္ဆုိတဲ့အခ်က္ ျဖစ္ပါတယ္။ ဒီစဥ္းစားခ်က္ကုိ စတင္အဆုိျပဳလာသူကေတာ့ စခန္းေကာ္မတီ အဆက္ဆက္ရဲ့ ျပန္ၾကားေရး တာ၀န္ခံျဖစ္ၿပီး အခု ဗလဖေခတ္မွာ စာၾကည့္တုိက္မႉးအျဖစ္ တာ၀န္ယူေနသူ ေက်ာင္းဆရာ ဦးဟန္လင္း ျဖစ္ပါတယ္။


တကယ္ကေတာ့ ဒီလုိစာသင္ေက်ာင္းတခု ဖြင့္ဖုိ႔လုိေနတယ္လုိ႔ ဦးဟန္လင္း တင္ျပေနတာ အေတာ္ၾကာေနခဲ့ပါၿပီ။ ဒါေပမယ့္ ေတာ္လွန္ေရးကို မနက္ျဖန္၊ သန္းဘက္ခါ ေအာင္ျမင္ေတာ့မလုိလုိ ထင္ေနတဲ့ က်ေနာ္တို႔လူငယ္ေတြက စစ္တုိက္ဖုိ႔ပဲ အားသန္ေနၿပီး အနာဂတ္အတြက္ ျပင္ဆင္စဥ္းစားရေကာင္းမွန္း သိပ္အေလးမထားခဲ့ပါ။ ဒါေၾကာင့္လဲ ဒီကိစၥကုိ စတင္အဆုိျပဳသူဟာ ေက်ာင္းဆရာေဟာင္း တဦးလည္းျဖစ္၊ သားသမီး ၅ ဦးရဲ့ ဖခင္လည္းျဖစ္တဲ့ ဦးဟန္လင္းျဖစ္ေနတာ သဘာ၀က်တယ္လုိ႔ ေျပာရမွာပါ။ သူရဲ့ အဆုိျပဳခ်က္ကုိ အေကာင္ထည္ေဖာ္တဲ့အေနနဲ႔ “ပ်ဳိးပန္းေ၀” စာသင္ေက်ာင္းကို စတင္ခဲ့တဲ့အခ်ိန္ကေတာ့ ၁၉၉၄ ခုနွစ္ ေဖေဖာ္၀ါရီလထဲမွာလုိ႔ ထင္ပါတယ္။ က်ေနာ္တို႔ ေကာ္မတီ၀င္ေတြအၾကား “ပ်ဳိး” နဲ႔ “ၿပံဳး” ကုိ အျပန္အလွန္ ေဆြးေႏြးျငင္းခုံခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ အၿပံဳးကိုဆုိလုိတာ မဟုတ္ဘဲ အနာဂါတ္ကုိျပဳစုပ်ဳိးေထာင္မယ့္ ပန္းပ်ဳိးလက္သေဘာကို ဆုိလုိတာလုိ႔ သေဘာတူခ်က္ရၿပီးမွ “ပ်ဳိးပန္းေ၀” ဆုိတဲ့ ေက်ာင္းဆုိင္းဘုတ္ကို ေရြးခဲ့တာျဖစ္ပါတယ္။

ဒီေက်ာင္းအတြက္ ပထမဆုံးေရာက္လာတဲ့ ေက်ာင္းသား ၃ ဦးကေတာ့ က်ေနာ္တို႔ စတင္ေတာခုိရာေဒသ ဘန္းေခ်ာင္း၀န္းက်င္ ထား၀ယ္-ကရင္ေက်းရြာငယ္ေလးတခုက မိဘက ေက်ာင္းမထားေပးနုိင္တဲ့ အသက္ ၆ နွစ္၀န္းက်င္ ေက်ာင္းသူေလး ၂ ဦးနဲ႔ ေက်ာင္းသားေလးတဦး ျဖစ္ပါတယ္။ ဒုတိယကေတာ့ နတ္အိမ္ေတာင္နဲ႔ ျပည္ျခား-ပုေလာဖက္မွာ မိဘက ေက်ာင္းမထားေပးနုိင္တဲ့ ကေလးငယ္ေတြ ျဖစ္ပါတယ္။ တတိယအင္အားစုကေတာ့ တပ္ရင္း ၃ ခုေပါင္း ရဲေဘာ္မိသားစုေတြက ေမြးထားတဲ့ မ်ဳိးဆက္သစ္ ကေလးငယ္ေတြ၊ ဦးဟန္လင္းတို႔ မိသားစုလုိ မိသားစုအလိုက္ ေတာခုိလာတဲ့ အင္အားစုေတြထဲက ကေလးငယ္ေတြ ျဖစ္ပါတယ္။ ေရွ႕မွာေျပာခဲ့တဲ့အတုိင္း မနက္ျဖန္၊ သန္းဘက္ခါ ေတာ္လွန္ေရး ေအာင္မယ္လို႔ ထင္ေနတဲ့ က်ေနာ္တို႔ လူငယ္ေတြဟာလည္း ရဲေဘာ္မိသားစုေတြကေန ေမြးလာတဲ့ ကေလးငယ္ေတြ အသက္ ၆ နွစ္ျပည့္လုိ႔ မူလတန္းေက်ာင္းသား အရြယ္ေရာက္လာတာကို မ်က္စိေရွ႕မွာ ျမင္ေတာ့မွပဲ “ေၾသာ္ ငါတုိ႔ေတာ္လွန္ေရးက ၆ နွစ္ေတာင္ေက်ာ္ခဲ့ၿပီပဲ” လုိ႔ စဥ္းစားမိလာေစခဲ့ပါတယ္။

ရပ္ေ၀းကေန ေရာက္လာတဲ့ ကေလးငယ္အားလုံးကို အေဆာင္မွာထားေပးၿပီး ေကြ်းေမြးမႈကိစၥ အားလုံးကို ေက်ာင္းကပဲ တာ၀န္ယူရပါတယ္။ ရဲေဘာ္မိသားစု သားသမီးေတြကေတာ့ အိမ္ေထာင္သည္ လုိင္းကေန ေက်ာင္းလာတက္ၾကပါတယ္။ ေက်ာင္း၀တ္စုံ အျဖဴ-အစိမ္းကအစ၊ စာအုပ္စာတန္းဖုိး အပါအ၀င္အားလုံးကို တပ္ရင္းရန္ပုံေငြထဲကေန သုံးစဲြရတာျဖစ္ၿပီး တခ်ဳိ႕ကိုေတာ့ ေရွ႕ပုိင္းမွာတင္ျပခဲ့ဖူးတဲ့ ရတ္ခ်ပူရီအေျခစုိက္ ခရစ္ယာန္ကယ္ဆယ္ေရးအဖြဲ႔ COERR က ကူညီေပးခဲ့ပါတယ္။ ဖြင့္ကာစမွာ ေက်ာင္းသား ေက်ာင္းသူ ၃၀ ေလာက္ရွိမယ္လုိ႔ ထင္ပါတယ္။ ေက်ာင္းဆရာေတြကေတာ့ ဒီကိစၥကို စတင္ အဆုိျပဳသူ ဆရာဦးဟန္လင္းက ေက်ာင္းအုပ္ဆရာႀကီး၊ သူ႔ရဲ့အမ်ဳိးသမီး ေဒၚေဌးေဌးရီက ေက်ာင္းဆရာမႀကီး၊ ေနာက္တခါ ရဲေမတဦးျဖစ္သူ မခင္ခင္၀င္းက ေက်ာင္းဆရာမ၊ ေနာက္ ရဲေဘာ္ေတြထဲကလည္း အခ်ိန္ပုိင္း လုပ္အားေပးဆရာေတြအျဖစ္ ၀င္လုပ္ေပးခဲ့ၾကပါတယ္။

ဒီေက်ာင္းမွာ ဘာေတြသင္မလဲဆုိတာနဲ႔ ပတ္သက္ၿပီးလည္း ေကာ္မတီ၀င္္ေတြအၾကား အေတာ္ ျငင္းခုန္ေဆြးေႏြးခဲ့ရပါေသးတယ္။ ေနာက္ဆုံးမွာေတာ့ ျမန္မာနုိင္ငံတြင္းမွာ (အဲဒီကာလကေတာ့ ရန္သူ စစ္အစိုးရလုိ႔ ေက်ာင္းသားေတြက ေခၚတဲ့) အစိုးရက သတ္မွတ္ထားတဲ့ သင္႐ုိးညြန္းတမ္းအတုိင္းသင္မယ္။ ဒါေပမယ့္ အခ်က္လက္အမွားေတြ၊ ၀ါဒျဖန္႔တာေတြ ပါေနတဲ့ သမုိင္းဘာသာကုိေတာ့ မသင္ဘူး။ တကယ္လုိ႔ သင္မယ္ဆုိရင္လည္း အခ်က္လက္အမွားေတြကိုဖယ္ၿပီး လုိသေလာက္ အခ်က္ေတြကိုပဲ ေရြးသင္မယ္လုိ႔ က်ေနာ္တို႔ သေဘာတူခဲ့ပါတယ္။
ဆုိလုိတာကေတာ့ အျမင္မတူတဲ့ နုိင္ငံေရးကိစၥကို ေဘးဖယ္ထားျပီး မ်ဳိးဆက္သစ္ကေလးငယ္ေတြ စာတတ္ေျမာက္ေရးအတြက္ သက္သက္အျဖစ္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာနဲ႔ ပထ၀ီဘာသာေတြကိုသာ ဦးစားေပး သင္ေပးခဲ့တယ္လုိ႔ က်ေနာ္ထင္ပါတယ္။ ေနာက္ပုိင္း ဦးဟန္းလင္းတို႔မိသားစု ထုိင္းထဲထြက္သြားတဲ့ အခါမွာေတာ့ ဗလဖအဖဲြ႔၀င္တဦးျဖစ္သူ အင္ဂ်င္နီယာ ကိုသိန္းေဆာင္က ေက်ာင္းအုပ္ဆရာႀကီးအျဖစ္ တာ၀န္ယူၿပီး ကုိေလး (ေနာက္ပုိင္း တပ္ရင္း ၁ ရဲ့ ဒုရင္းမႉးျဖစ္လာသူ) က ေက်ာင္းဆရာအျဖစ္ မင္းသမီးခစန္းက်တဲ့ ၁၉၉၇ ေဖေဖာ္၀ါရီလအထိ တာ၀န္ယူခဲ့တာကို က်ေနာ္အမွတ္ရေနပါတယ္။

  ပ်ဳိးပန္းေ၀ စာသင္ေက်ာင္းကုိ အဓိက တာ၀န္ယူေပးခဲ့သူ ဆရာဦးဟန္လင္း၊ ေဒၚေဌးေဌးရီတို႔ မိသားစု ေတာထဲစ၀င္လာစဥ္ကပုံ

သူတို႔ ၂ ဦးအပါ၀င္ ေက်ာင္းဆရာအေတာ္မ်ားမ်ားဟာ ေစတနာအေလ်ာက္ ၀င္ေရာက္ကူညီ ေနၾကတာသာျဖစ္ၿပီး ဆရာျဖစ္သင္တန္းေတြ တခါမွ တက္ဖူးသူေတြ မဟုတ္ပါ။ ေနာက္ပုိင္းမွာေတာ့ ဗဟုိဖက္မွာ ေက်ာင္းဆရာသင္တန္းေတြ ဖြင့္လာတာ၊ ထူးခြ်န္တဲ့ဆရာေတြကို အေနာက္နုိင္ငံေတြအထိ ပညာေတာ္သင္ ပုိ႔တာေတြ လုပ္ေပးခဲ့ၿပီး ဗဟိုေက်ာင္းက ကုိလွေဌးဟာ အဂၤလန္နုိင္ငံ နယူးကာဆယ္ တကၠသုိလ္ကေန သင္ၾကားေရးပညာ မဟာဘြဲ႔ရတဲ့အထိ ထူးခြ်န္ခဲ့တာကို ေတြ႔ရပါတယ္။ ဒါေပမယ့္ အဲဒီကာလ က်ေနာ္တုိ႔အၾကား အျငင္းပြားေနတဲ့ အခ်က္တခုကေတာ့ ျမန္မာနုိင္ငံမွာ ေက်ာင္းဆရာ အေတြ႔အႀကံဳရွိသူေတြ ေတာထဲမွာ ေက်ာင္းဆရာ ဆက္လုပ္သင့္၊ မသင့္ကိစၥပါ။ “လက္နက္ကုိင္ၿပီး စစ္တုိက္ခ်င္လို႔ ေတာခုိလာပါတယ္ဆုိမွ ေက်ာင္းဆရာ လုပ္ခုိင္းေနျပန္ၿပီ။ ေက်ာင္းဆရာ ဆက္လုပ္ခ်င္မွာေတာ့ ဘာလုိ႔ေတာခုိေတာ့မွာလဲ၊ ထား၀ယ္မွာပဲေနၿပီး စာဆက္သင္ေနမွာေပါ့” လုိ႔ ေတာ္လွန္ေရးတပ္မႉး တာ၀န္ကုိ ေက်ာင္းဆရာတာ၀န္ထက္ ပုိတန္ဖုိးထားတဲ့ ေက်ာင္းဆရာေဟာင္းတဦးက ေျပာဖူးတာကုိ က်ေနာ္ မွတ္မိေနပါတယ္။

မင္းသမီးစခန္းက ပ်ဳိးပန္းေ၀ေက်ာင္းကိုေက်ာ္ၿပီး ေတာ္လွန္ေရး နယ္ေျမတခုလုံးရဲ့ အဲဒီကာလ ပညာေရးအေျခေနကုိ အၾကမ္းဖ်င္းတင္ျပရမယ္ဆုိရင္ ABSDF တပ္ရင္းအေတာ္မ်ားမ်ားမွာ ပ်ဳိးပန္းေ၀လုိ မူလတန္းေက်ာင္းေတြ အသီးသီးေပၚလာသလုိ ဗဟုိမွာလည္း ”ေရာင္နီဦး” အလယ္တန္း၊ ေနာက္ပုိင္းမွာေတာ့ အထက္တန္းေက်ာင္းအထိ ေပၚလာခဲ့ပါတယ္။ ေတာ္လွန္ေရးသက္တမ္း ၇ နွစ္အရြယ္ ABSDF မွာေတာင္ ဒီလုိေက်ာင္းေတြ ေပၚလာၿပီဆုိရင္ ေတာ္လွန္သက္တမ္း နွစ္ ၄၀ ေက်ာ္ရွိေနၿပီျဖစ္တဲ့ KNU အပါ၀င္ တုိင္းရင္းလက္နက္ကုိင္ အဖြဲ႔ေတြမွာ မူလတန္းကေန အထက္တန္း အထိ၊ တခ်ိဳ႕ေဒသေတြမွာဆုိရင္ တကၠသုိလ္နီးနီး အဆင့္ေတြအထိ စနစ္တက် သင္ၾကားေပးေနလိမ့္မယ္ဆုိတာ ခန္႔မွန္းလုိ႔ ရနုိင္ပါတယ္။ အဲဒီကာလက ခ်င္းမုိင္အေျခစိုက္ အမ်ဳိးသားက်န္းမာေရးနဲ႔ ပညာေရးေကာ္မတီ (NHEC) ရဲ့  စာရင္းဇယားေတြအရဆုိရင္ အပစ္ရပ္နယ္ေျမအပါ၀င္ ေတာ္လွန္ေရးနယ္ေျမ တေက်ာမွာ အထက္တန္းေက်ာင္းေပါင္း ၁၉ ေက်ာင္း၊ အလယ္တန္းေက်ာင္းေပါင္း ၉၅ ေက်ာင္း၊ မူလတန္းေက်ာင္း ၁၂၀၉ ေက်ာင္းရွိၿပီး ေက်ာင္းသားေက်ာင္းသူဦးေရ တသိန္းခြဲခန္႔ ရွိတယ္လို႔ သူတို႔႐ံုးက ေက်ာက္သင္ပုန္းေပၚမွာ ေရးထားတာကုိ က်ေနာ္ေတြ႔ခဲ့ရပါတယ္။

ဒါေပမယ့္ ဒီေက်ာင္းေတြအတြက္ သင္႐ုိးညြန္းတမ္းေတြကေတာ့ တေက်ာင္းတဂါထာ တရြာတပုဒ္ဆန္းဆုိသလို KUN နယ္ေျမ ေကာ္သူးေလအစိုးရ ပညာေရးစနစ္ကတမ်ဳိး၊ ကရင္နီအစိုးရ ပညာေရးနစ္ကတဖုံ၊ မြန္ျပည္သစ္နယ္ေျမကတနည္း၊ ကခ်င္နယ္ေျမကတမ်ဳိး၊ ABSDF လုိအဖြဲ႔က တမ်ဳိး စသျဖင့္ အမ်ဳိးမ်ဳိးကဲြျပားေနပါတယ္။ ဒါေၾကာင့္ NHEC ကဦးစီးျပီး လြတ္ေျမာက္ေဒသ တခုလုံးအတြက္ သင္႐ုိးညြန္းတမ္းေရးဆြဲေရး ဆယ္မီနာတခု လုပ္ခဲ့ဖူးတယ္လုိ႔ သိရပါတယ္။ အခုနွစ္ ၂၀ ၾကာၿပီးတဲ့အခ်ိန္မွာေတာ့ ဒီစာသင္ေက်ာင္းအမ်ားစုဟာ ေတာ္လွန္ေရးနယ္ေျမကေန ဒုကၡသည္စခန္းေတြဆီ ေျပာင္းၿပီး ဆက္လက္ သင္ၾကားေပးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

သူပုန္ေတြ ဥပုသ္ေစာင့္တဲ့ေန႔


ပညာေရးအေၾကာင္းကေန ဘာသာေရးဖက္ကုိ ဆက္ေျပာရမယ္ဆုိရင္ က်ေနာ္တို႔ လက္နက္ကုိင္သူပုန္ေတြ ေတာထဲမွာ ရဟန္းခံရွင္ျပဳပဲြ အႀကီးအက်ယ္လုပ္ၿပီး လနဲ႔ခ်ီ တရားထုိင္ေနၾကတယ္ဆုိရင္ စာဖတ္ပရိသတ္ ယုံပါ့မလားပဲ။ ေရွ႕ပုိင္းအခန္းတခုမွာ က်ေနာ္တင္ျပခဲ့ဖူးတဲ့အတုိင္း ေမာင္ေတာ္စခန္းကေန အမရာစခန္းဆီ ေျပာင္းလာကတည္းက အဲဒီမွာ ဘုန္းႀကီးေက်ာင္းေဟာင္း တေဆာင္ရွိေနပါတယ္။ သစ္တုိင္၊ ၀ါးၾကမ္းခင္း၊ ၀ါးျပားမုိး (ၾကားခတ္၀ါးလုံးကုိ ၂ ျခမ္းခဲြ၊ အတြင္းက အဆစ္ေတြကို ထြင္ၿပီး ပက္လက္တျခမ္း၊ ေမွာက္ခုံတျခမ္းနဲ႔ စနစ္တက်မုိးထားတာဟာ အေတာ္ထူးျခားပါတယ္) ေပ ၂၀၊ ၁၂ ေပ ပတ္လည္ေလာက္ရွိတဲ့ ဒီေက်ာင္းဟာ က်ေနာ္တို႔စခန္းမွာ ရွိသမွ်အေဆာက္ဦေတြထဲ အေကာင္းဆုံးျဖစ္ပါတယ္။ ဒါေပမယ့္ ခက္တာက ဘုန္းႀကီးေက်ာင္းရွိၿပီး ဘုန္းႀကီးမရွိတဲ့ ဒုကၡပါ။

 သိမ္မရွိလုိ႔ ေလွကုိ ေရသိမ္အျဖစ္အသုံးျပဳေနရတဲ့ ေတာထဲက ရဟန္းခံပဲြ

ဒီေနရာမွာလည္း ေရွ႕မွာေျပာခဲ့တဲ့အတုိင္း သက္ႀကီး၀ါႀကီး ပုဂၢိဳလ္ျဖစ္တဲ့ ဆရာဦးဟန္လင္းကပဲ ဦးေဆာင္ၿပီး “ဓမၼစၾကၤာအသင္း” ကုိ ဖြဲ႔စည္းကာ ၀ါတြင္းကာလ ဥပုသ္ေန႔တုိင္း ဓမၼစၾကၤာရြတ္ၾကပါတယ္။ အသင္း၀င္အမ်ားစုဟာ ရဲေမေတြျဖစ္ၾကေပမယ့္ ရဲေဘာ္အေတာ္မ်ားမ်ားလည္း ဘာသာေရးကို စိတ္၀င္စားတာ ေတြ႔ရပါတယ္။ ဒီလုိ ဓမၼာစၾကၤာရြတ္တဲ့အျပင္ သာေရး၊ နာေရး အခမ္းအနားေတြကိုလည္း ဒီေက်ာင္းမွာပဲ က်င္းပၾကပါတယ္။ အဲဒီအခမ္းနားေတြထဲက လူသိမ်ားတဲ့ အျဖစ္ပ်က္တခုကေတာ့ မင္းသမီးစခန္းမွာ ရဲေမေတြထဲက ပထမဆုံး မဂၤလာေဆာင္တဲ့ အတြဲတတြဲ မဂၤလာပဲြက်င္းပေနစဥ္ တက္ေရာက္အားေပးတဲ့ ပရိတ္သတ္မ်ားလြန္းလုိ႔ ဘုန္းႀကီးေက်ာင္း ၀ါးၾကမ္းခင္းၿပိဳက်ၿပီး ကုိးယုိ႔ကားယားျဖစ္သြားတဲ့ အျဖစ္္ပါ။ အဲဒီေနာက္ပုိင္းမွာေတာ့ ၀ါးလုံးေတြေနရာမွာ သစ္လုံးေတြနဲ႔ အစားထုိးၿပီး ဘုန္းႀကီးေက်ာင္းကုိ ျပန္လည္ျပင္ဆင္ခဲ့ပါတယ္။

ဒီလုိ သာေရးကိစၥမွာ ဘုန္းႀကီးမရွိလုိ႔ သိပ္ျပႆနာမရွိေပမယ့္ နာေရးကိစၥမွာေတာ့ ဘုန္းႀကီးမရွိရင္ အေတာ္အခက္ခဲရွိပါတယ္။ က်ေနာ္မွတ္မိသေလာက္ဆုိရင္ ၁၉၉၁ ဒီဇင္ဘာလအေစာပုိင္း တပ္ရင္း ၃ ျခမ္းမကြဲမီေလးမွာ ငွက္ဖ်ားေရာဂါနဲ႔ အမရာစခန္းမွာ ပထမဆုံး ကြယ္လြန္သြားတဲ့ ကုိေအာင္ဆန္း အသုဘခ်ခ်ိန္အထိ သရဏဂံုတင္ဖုိ႔အတြက္ ဒီေက်ာင္းမွာ ဘုန္းႀကီး အတည္တက် မရွိေသးပါဘူး။ ေနာက္ပုိင္းမွာေတာ့ သာေရးနာေရး ကိစၥေတြအတြက္ ဘုန္းႀကီးမရွိရင္ မျဖစ္ဘူးဆုိၿပီး အသက္ခပ္ႀကီးႀကီး ဆံပင္ျဖဴျဖဴ ဦးရွိန္ကုိ ထုိင္းနယ္စပ္က ထုိင္း-ကရင္ ဘုန္းႀကီးေက်ာင္းဆီပုိ႔ၿပီး ရဟန္း၀တ္ခုိင္းခဲ့ပါတယ္။ သူလူထြက္ၿပီး ေနာက္ပုိင္းမွာေတာ့ လူငယ္ထဲက ကိုသန္းေဇာ္ (အခု အေမရိကန္) ရဟန္း၀တ္ၿပီး ဦးဇင္းသန္းေဇာ္အျဖစ္ လူသိမ်ားခဲ့ပါတယ္။ သူဟာ မင္းသမီးစခန္းက်တဲ့ ၁၉၉၇ ၀န္းက်င္အထိ ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ တာ၀န္ယူေပးခဲ့ပါတယ္။

ေတာ္လွန္ေရးသက္တမ္း ၾကာလာတာနဲ႔အမွ် ေရွ႕မွာေျပာခဲ့တဲ့ ပ်ဳိးပန္းေ၀လုိ စာသင္ေက်ာင္းေတြ လုိလာသလုိ အသက္ ၇ နွစ္၊ ၈ နွစ္ကေလးငယ္ေတြကုိ ရွင္ျပဳေပးခ်င္တဲ့မိဘေတြလည္း အေတာ္မ်ားမ်ား ေပၚလာပါတယ္။ တခါ က်ေနာ္အပါ၀င္ အသက္ ၂၀ ၀န္းက်င္မွာ ေတာခုိလာတဲ့ ပုဂၢိဳလ္ေတြကိုယ္တုိင္ကလည္း ရဟန္း၀တ္ခ်င္စိတ္ေတြ ေပၚေပါက္လာပါတယ္။ ဘာေၾကာင့္ ရဟန္း၀တ္ဖုိ႔ လုိအပ္သလဲဆုိတာကို ဘာသာေရးသေဘာအရ က်ေနာ္ သိပ္နားမလည္ေပမယ့္ အသက္ ၁၀ နွစ္၀န္းက်င္မွာ ကုိယ္ရင္ ၀တ္ၾကၿပီး အသက္ ၂၀ ေက်ာ္ရင္ ရဟန္း၀တ္ၾကတာဟာ ျမန္မာနုိင္ငံမွာ ျမင္ေနရတဲ့ ႐ိုးရာဓေလ့တခု ျဖစ္ပါတယ္။ ဒါေၾကာင့္ အသက္ ၂၀ ေက်ာ္ကာစ တကၠသိုလ္က ေက်ာင္းၿပီးတာနဲ႔ ရဟန္း၀တ္ေပးမယ္လုိ႔ မိဘက ေျပာထားခ်ိန္၊ ေက်ာင္းၿပီးဖုိ႔ လပိုင္းအလုိမွာ ေတာခုိလာတဲ့ က်ေနာ္ဟာ မိဘဆႏၵ ျပည့္ေအာင္လုိ႔ ရဟန္း၀တ္ခ်င္တာလည္း ျဖစ္ေနနုိင္ပါတယ္။ က်န္တဲ့ရဲေဘာ္ေတြလည္း က်ေနာ္လုိပဲ ျဖစ္ဖုိ႔မ်ားပါတယ္။ ဒီအတြက္ နယ္စပ္ ဖုနန္းလြန္ေက်းရြာရွိ ထုိင္း-ကရင္ ေက်ာင္းက ေက်ာင္းထုိင္ဆရာေတာ္၊ တခါ ဘန္းေခ်ာင္းေဒသရွိ သျပဳေခ်ာင္းေက်းရြာမွ ေက်ာင္းထုိင္ဆရာေတာ္၊ ေနာက္တျခားေဒသက ေက်ာင္းထုိင္ဆရာေတာ္ ၃ ပါးကုိ ပင့္ဖိတ္ၿပီး က်ေနာ္တို႔စခန္းမွာ ရဟန္းခံပဲြေတြ၊ ရွင္ျပဳပဲြေတြ နွစ္စဥ္လုိလုိ က်င္းပခဲ့ၾကပါတယ္။

ရွင္ျပဳပဲြကုိ ခပ္က်ဥ္းက်ဥ္းနဲ႔ လုပ္လုိ႔ရေပမယ့္ ရဟန္းခံပဲြအတြက္ေတာ့ သိမ္ မရွိမျဖစ္ လုိအပ္လာပါတယ္။ က်ေနာ္ မွတ္မိသေလာက္ဆုိရင္ ပထမဆုံးအႀကိမ္ ရဟန္းခံ သိမ္တက္ပဲြကုိ စခန္းပုိင္စက္ေလွကုိ ေရသိမ္အျဖစ္ အသုံးျပဳၿပီး အဲဒီေလွေပၚမွာ ဥပဇၥ်ယ္ဆရာအပါ၀င္ သံဃာေတာ္ ၃ ပါးနဲ႔ ရဟန္းေလာင္းတုိ႔ ေနရာယူၿပီး အက်ဥ္း႐ံုးလုပ္လုိက္ပါတယ္။ ဒုတိယအႀကိမ္မွာေတာ့ တုိင္ကီပုံးေတြနဲ႔ ၀ါးေဖာင္အေသခ်ာလုပ္ၿပီး ေရသိမ္အျဖစ္ အသုံးျပဳခဲ့ပါတယ္။ ဒါေပမယ့္ ျဖစ္ခ်င္ေတာ့ အဲဒီေရသိမ္ေပၚ ဘုန္းႀကီးေတြတက္ရ ဆင္းရလြယ္ေအာင္ဆုိၿပီး ကမ္းနားဖက္ ေနရာေရႊ႕ရင္းနဲ႔ ႀကိဳးျပတ္ၿပီး ၀ါးေဖာင္ေမ်ာသြားတဲ့အတြက္ မနည္းလုိက္ဆယ္ခဲ့ရဖူးတာကိုလည္း အမွတ္ရေနပါတယ္။

က်ေနာ္အပါ၀င္ ဦးဟန္လင္းေရာ၊ ဗဟုိအတြင္းေရးမႈး ကိုမ်ဳိး၀င္းေရာ စုစုေပါင္း ၂၄ ဦး ရဟန္း၀တ္တဲ့ပဲြကေတာ့ မင္းသမီးစခန္းမွာ က်င္းပခဲ့သမွ် ပဲြေတြထဲမွာ အႀကီးက်ယ္ဆုံးလုိ႔ ေျပာနုိင္ၿပီး ၁၉၉၅ ေအာက္တုိဘာလမွာ က်င္းပတာျဖစ္ပါတယ္။ က်ေနာ့္လုိပဲ ျမန္မာနုိင္ငံမွာတုန္းက ရဟန္းမ၀တ္ရေသးသူ အမ်ားႀကီးရွိပုံရပါတယ္။ တပ္ရင္း ၃ ခုေပါင္းက ရဟန္း၀တ္ခ်င္သူ ၅၀ ေလာက္ စာရင္းေပးေပမယ့္ ဘ႑ာေရးအေျခေန၊ ေနရာထုိင္ခင္း အေျခအေန၊ တာ၀န္ခဲြေ၀မႈ အေျခအေန၊ လုံၿခံဳေရး အေျခအေနေတြအရ အားလုံးတၿပိဳင္တည္း ၀တ္လုိ႔မျဖစ္။ ဒီေတာ့ ၂၄ ဦးပဲရမယ္လုိ႔ သတ္မွတ္ၿပီး ဒုလႅဘမဲ နုိက္ၾကရပါတယ္။ ကံေကာင္းေလ့ မရွိတဲ့က်ေနာ္ဟာ ကိုယ္တုိင္မဲ မေပါက္ဘဲ မဲေပါက္တဲ့ ရဲေဘာ္တဦးက သူမဲကုိ ျပန္လႉတဲ့အတြက္ အခုလုိ ရဟန္း၀တ္ခြင့္ ရလုိက္တာ ျဖစ္ပါတယ္။ စုေပါင္းဘုံကထိန္ပဲြနဲ႔ သကၤန္းေတြအတြက္ ကုန္က်ေငြေတြကို ေရွ႕တန္းအသီးသီးက ေစတနာရွင္ေတြ၊ ထုိင္းနုိင္ေရာက္ ေက်ာင္းသားေဟာင္းေတြ၊ နုိင္ငံျခားက ျမန္မာအလႉရွင္ေတြအျပင္ ဂ်ပန္မိတ္ေတြ ျဖစ္တဲ့ ကင္ (Ken) နဲ႔ ဝိသာခါ ကာဝါဆကီ (Visakha Kawasaki) တို႔ကလည္း ကူညီေပးခဲ့ၾကတယ္လုိ႔ က်ေနာ္ အမွတ္ရေနပါတယ္။

အဲဒီအခ်ိန္မွ ာတပ္ရင္း ၃ ခုေပါင္းထားၿပီး ကာလျဖစ္တဲ့အျပင္ ဘုန္းႀကီးေက်ာင္းကုိလည္း စခန္းေနာက္ေက်ာ၊ အာဇာနည္ကုန္းအနီးက ေတာင္ေက်ာေပၚ ေရႊ႕ေျပာင္းထားၿပီးကာစ၊ သြပ္မုိး၊ သစ္ကာ ၂ ထပ္ေက်ာင္းေဆာင္ႀကီးအျဖစ္ သားသားနားနား အသစ္ေဆာက္လုပ္ေနတဲ့ ကာလျဖစ္ပါတယ္။ KNU ေက်ာင္းသားေရးရာ တာ၀န္ခံ ပဒုိမန္းၿငိမ္းေမာင္ အပါအ၀င္ ဗုဒၡဘာသာကုိ စိတ္၀င္စားတဲ့ KNU ေက်းရြာေတြမွ ပုဂၢိဳလ္ေတြ၊ အမရာေက်းရြာမွာ ပုဂၢိဳလ္ေတြ၊ တနသၤယရီ ျမစ္႐ုိးတေလွ်ာက္ ေက်းရြာေတြက ပုဂၢိဳလ္ေတြ ဒီပဲြကုိ လာႏႊဲၾကပါတယ္။ တခါ နယ္စပ္ဖုနန္းလြန္ ေက်းရြာရွိ ထုိင္း-ကရင္ ေက်ာင္းထုိင္ဆရာေတာ္ရဲ့ စည္း႐ံုးမႈေၾကာင့္ ထုိင္းနုိင္ငံသား အေတာ္မ်ားမ်ားလည္း က်ေနာ္တို႔ရဲ့ ရဟန္းခံပဲြဆီ လာေရာက္အားေပးတဲ့အတြက္ အေတာ္စည္းကားခဲ့တာကုိ အမွတ္ရေနပါတယ္။


၁၉၉၅ ခုႏွစ္က မင္းသမီးစခန္းမွာ က်င္းပတဲ့ ဒုလႅဘရဟန္းခံပဲြမွ ရဲေဘာ္ ၂၄ ဦး
ေနာက္ပုိင္းမွာေတာ့ ထုိင္းနုိင္ငံဘက္က အလႉရွင္ေတြကေန ဉာဏ္ေတာ္ ၃ ေပေလာက္အျမင့္ရွိတဲ့ ေၾကးဆင္းတုေတာ္တဆူကို က်ေနာ္တို႔စခန္းက ဘုန္းႀကီးေက်ာင္းအတြက္ လာလွဴပါတယ္။ ဦးဟန္လင္း ဦးေဆာင္တဲ့အဖြဲ႔က အခမ္းမနားနဲ႔ႀကိဳဆုိၿပီး ဘုရားပဲြအျဖစ္ စည္စည္ကားကား က်င္းပခဲ့တာကုိ မွတ္မိေနပါတယ္။ ၁၉၉၇ ေဖေဖာ္၀ါရီလ မင္းသမီးခစန္းကေန က်ေနာ္တို႔ ခြာစစ္ဆင္ခ်ိန္မွာ ပ်ဳိးပန္းေ၀ ေက်ာင္းအပါအ၀င္ က်န္တဲ့ အေဆာက္ဦေတြအားလုံး မီးေလာင္ပ်က္စီးသြားေပမယ့္ ဆင္းတုေတာ္ရွိတဲ့ ဒီဘုန္းႀကီးေက်ာင္းကေတာ့ က်ည္မခ မီးမေလာင္ဘဲ မပ်က္မစီး ဒီအတုိင္း က်န္ေနခဲ့တာကို က်ေနာ္ အမွတ္ရေနပါတယ္။     ။

===============================================

(အပိုင်း ၃၈)

ထက်အောင်ကျော်| July 12, 2012 | ဧရာဝတီ။

ပျိုးပန်းေ၀ စာသင်ကျောင်းနဲ့ တောတွင်းပညာရေး


မင်းသမီးခစန်းမှာ ဖွင့်လှစ်တဲ့ ပျိုးပန်းေ၀ မူလတန်းကျောင်းမှ ဆရာနဲ့ ကျောင်းသူကျောင်းသားများ
ပညာတပိုင်းတစနဲ့ တော်လှန်ရေးထဲပါလာတဲ့ ကျနော်တို့ အချင်းချင်းကြား နိုင်ငံခြားထွက်ပြီး ပညာဆက်သင်သင့်၊ မသင့် အငြင်းပွားမှု ကြီးကြီးမားမား ရှိခဲ့တဲ့အကြောင်း ရှေ့ပိုင်းအခန်းတွေမှာ ကျနော် တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်တို့အကြား အငြင်းမပွားဘဲ အားလုံးသဘောတူတဲ့ အချက်ကတော့ တပ်ဖွဲ့ဝင်မိသားစုတွေက မွေးဖွားလာတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ နောက်တခါ ရှေ့တန်းမှာ စစ်ကြောင်းသွားရင်းနဲ့ တွေ့ရတဲ့ မိဘမဲ့ကလေးငယ်တွေ၊ ပြည်တွင်းစစ်ရဲ့သားကောင်တွေ၊ မိဘက ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေအတွက် မူလတန်းကျောင်းတခု ဖွင့်ပေးမှဖြစ်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီစဉ်းစားချက်ကို စတင်အဆိုပြုလာသူကတော့ စခန်းကော်မတီ အဆက်ဆက်ရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး အခု ဗလဖခေတ်မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူနေသူ ကျောင်းဆရာ ဦးဟန်လင်း ဖြစ်ပါတယ်။


တကယ်ကတော့ ဒီလိုစာသင်ကျောင်းတခု ဖွင့်ဖို့လိုနေတယ်လို့ ဦးဟန်လင်း တင်ပြနေတာ အတော်ကြာနေခဲ့ပါပြီ။ ဒါပေမယ့် တော်လှန်ရေးကို မနက်ဖြန်၊ သန်းဘက်ခါ အောင်မြင်တော့မလိုလို ထင်နေတဲ့ ကျနော်တို့လူငယ်တွေက စစ်တိုက်ဖို့ပဲ အားသန်နေပြီး အနာဂတ်အတွက် ပြင်ဆင်စဉ်းစားရကောင်းမှန်း သိပ်အလေးမထားခဲ့ပါ။ ဒါကြောင့်လဲ ဒီကိစ္စကို စတင်အဆိုပြုသူဟာ ကျောင်းဆရာဟောင်း တဦးလည်းဖြစ်၊ သားသမီး ၅ ဦးရဲ့ ဖခင်လည်းဖြစ်တဲ့ ဦးဟန်လင်းဖြစ်နေတာ သဘာဝကျတယ်လို့ ပြောရမှာပါ။ သူရဲ့ အဆိုပြုချက်ကို အကောင်ထည်ဖော်တဲ့အနေနဲ့ “ပျိုးပန်းဝေ” စာသင်ကျောင်းကို စတင်ခဲ့တဲ့အချိန်ကတော့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာလို့ ထင်ပါတယ်။ ကျနော်တို့ ကော်မတီဝင်တွေအကြား “ပျိုး” နဲ့ “ပြုံး” ကို အပြန်အလှန် ဆွေးနွေးငြင်းခုံခဲ့ကြပြီး နောက်ဆုံးမှာတော့ အပြုံးကိုဆိုလိုတာ မဟုတ်ဘဲ အနာဂါတ်ကိုပြုစုပျိုးထောင်မယ့် ပန်းပျိုးလက်သဘောကို ဆိုလိုတာလို့ သဘောတူချက်ရပြီးမှ “ပျိုးပန်းဝေ” ဆိုတဲ့ ကျောင်းဆိုင်းဘုတ်ကို ရွေးခဲ့တာဖြစ်ပါတယ်။

ဒီကျောင်းအတွက် ပထမဆုံးရောက်လာတဲ့ ကျောင်းသား ၃ ဦးကတော့ ကျနော်တို့ စတင်တောခိုရာဒေသ ဘန်းချောင်းဝန်းကျင် ထားဝယ်-ကရင်ကျေးရွာငယ်လေးတခုက မိဘက ကျောင်းမထားပေးနိုင်တဲ့ အသက် ၆ နှစ်ဝန်းကျင် ကျောင်းသူလေး ၂ ဦးနဲ့ ကျောင်းသားလေးတဦး ဖြစ်ပါတယ်။ ဒုတိယကတော့ နတ်အိမ်တောင်နဲ့ ပြည်ခြား-ပုလောဖက်မှာ မိဘက ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ တတိယအင်အားစုကတော့ တပ်ရင်း ၃ ခုပေါင်း ရဲဘော်မိသားစုတွေက မွေးထားတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ ဦးဟန်လင်းတို့ မိသားစုလို မိသားစုအလိုက် တောခိုလာတဲ့ အင်အားစုတွေထဲက ကလေးငယ်တွေ ဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့တဲ့အတိုင်း မနက်ဖြန်၊ သန်းဘက်ခါ တော်လှန်ရေး အောင်မယ်လို့ ထင်နေတဲ့ ကျနော်တို့ လူငယ်တွေဟာလည်း ရဲဘော်မိသားစုတွေကနေ မွေးလာတဲ့ ကလေးငယ်တွေ အသက် ၆ နှစ်ပြည့်လို့ မူလတန်းကျောင်းသား အရွယ်ရောက်လာတာကို မျက်စိရှေ့မှာ မြင်တော့မှပဲ “သြော် ငါတို့တော်လှန်ရေးက ၆ နှစ်တောင်ကျော်ခဲ့ပြီပဲ” လို့ စဉ်းစားမိလာစေခဲ့ပါတယ်။

ရပ်ဝေးကနေ ရောက်လာတဲ့ ကလေးငယ်အားလုံးကို အဆောင်မှာထားပေးပြီး ကျွေးမွေးမှုကိစ္စ အားလုံးကို ကျောင်းကပဲ တာဝန်ယူရပါတယ်။ ရဲဘော်မိသားစု သားသမီးတွေကတော့ အိမ်ထောင်သည် လိုင်းကနေ ကျောင်းလာတက်ကြပါတယ်။ ကျောင်းဝတ်စုံ အဖြူ-အစိမ်းကအစ၊ စာအုပ်စာတန်းဖိုး အပါအဝင်အားလုံးကို တပ်ရင်းရန်ပုံငွေထဲကနေ သုံးစွဲရတာဖြစ်ပြီး တချို့ကိုတော့ ရှေ့ပိုင်းမှာတင်ပြခဲ့ဖူးတဲ့ ရတ်ချပူရီအခြေစိုက် ခရစ်ယာန်ကယ်ဆယ်ရေးအဖွဲ့ COERR က ကူညီပေးခဲ့ပါတယ်။ ဖွင့်ကာစမှာ ကျောင်းသား ကျောင်းသူ ၃၀ လောက်ရှိမယ်လို့ ထင်ပါတယ်။ ကျောင်းဆရာတွေကတော့ ဒီကိစ္စကို စတင် အဆိုပြုသူ ဆရာဦးဟန်လင်းက ကျောင်းအုပ်ဆရာကြီး၊ သူ့ရဲ့အမျိုးသမီး ဒေါ်ဌေးဌေးရီက ကျောင်းဆရာမကြီး၊ နောက်တခါ ရဲမေတဦးဖြစ်သူ မခင်ခင်ဝင်းက ကျောင်းဆရာမ၊ နောက် ရဲဘော်တွေထဲကလည်း အချိန်ပိုင်း လုပ်အားပေးဆရာတွေအဖြစ် ဝင်လုပ်ပေးခဲ့ကြပါတယ်။

ဒီကျောင်းမှာ ဘာတွေသင်မလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ကော်မတီဝင်တွေအကြား အတော် ငြင်းခုန်ဆွေးနွေးခဲ့ရပါသေးတယ်။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံတွင်းမှာ (အဲဒီကာလကတော့ ရန်သူ စစ်အစိုးရလို့ ကျောင်းသားတွေက ခေါ်တဲ့) အစိုးရက သတ်မှတ်ထားတဲ့ သင်ရိုးညွန်းတမ်းအတိုင်းသင်မယ်။ ဒါပေမယ့် အချက်လက်အမှားတွေ၊ ဝါဒဖြန့်တာတွေ ပါနေတဲ့ သမိုင်းဘာသာကိုတော့ မသင်ဘူး။ တကယ်လို့ သင်မယ်ဆိုရင်လည်း အချက်လက်အမှားတွေကိုဖယ်ပြီး လိုသလောက် အချက်တွေကိုပဲ ရွေးသင်မယ်လို့ ကျနော်တို့ သဘောတူခဲ့ပါတယ်။
ဆိုလိုတာကတော့ အမြင်မတူတဲ့ နိုင်ငံရေးကိစ္စကို ဘေးဖယ်ထားပြီး မျိုးဆက်သစ်ကလေးငယ်တွေ စာတတ်မြောက်ရေးအတွက် သက်သက်အဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ပထဝီဘာသာတွေကိုသာ ဦးစားပေး သင်ပေးခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပိုင်း ဦးဟန်းလင်းတို့မိသားစု ထိုင်းထဲထွက်သွားတဲ့ အခါမှာတော့ ဗလဖအဖွဲ့ဝင်တဦးဖြစ်သူ အင်ဂျင်နီယာ ကိုသိန်းဆောင်က ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ယူပြီး ကိုလေး (နောက်ပိုင်း တပ်ရင်း ၁ ရဲ့ ဒုရင်းမှူးဖြစ်လာသူ) က ကျောင်းဆရာအဖြစ် မင်းသမီးခစန်းကျတဲ့ ၁၉၉၇ ဖေဖော်ဝါရီလအထိ တာဝန်ယူခဲ့တာကို ကျနော်အမှတ်ရနေပါတယ်။


  ပျိုးပန်းေ၀ စာသင်ကျောင်းကို အဓိက တာဝန်ယူပေးခဲ့သူ ဆရာဦးဟန်လင်း၊ ဒေါ်ဌေးဌေးရီတို့ မိသားစု တောထဲစဝင်လာစဉ်ကပုံ

သူတို့ ၂ ဦးအပါဝင် ကျောင်းဆရာအတော်များများဟာ စေတနာအလျောက် ဝင်ရောက်ကူညီ နေကြတာသာဖြစ်ပြီး ဆရာဖြစ်သင်တန်းတွေ တခါမှ တက်ဖူးသူတွေ မဟုတ်ပါ။ နောက်ပိုင်းမှာတော့ ဗဟိုဖက်မှာ ကျောင်းဆရာသင်တန်းတွေ ဖွင့်လာတာ၊ ထူးချွန်တဲ့ဆရာတွေကို အနောက်နိုင်ငံတွေအထိ ပညာတော်သင် ပို့တာတွေ လုပ်ပေးခဲ့ပြီး ဗဟိုကျောင်းက ကိုလှဌေးဟာ အင်္ဂလန်နိုင်ငံ နယူးကာဆယ် တက္ကသိုလ်ကနေ သင်ကြားရေးပညာ မဟာဘွဲ့ရတဲ့အထိ ထူးချွန်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကာလ ကျနော်တို့အကြား အငြင်းပွားနေတဲ့ အချက်တခုကတော့ မြန်မာနိုင်ငံမှာ ကျောင်းဆရာ အတွေ့အကြုံရှိသူတွေ တောထဲမှာ ကျောင်းဆရာ ဆက်လုပ်သင့်၊ မသင့်ကိစ္စပါ။ “လက်နက်ကိုင်ပြီး စစ်တိုက်ချင်လို့ တောခိုလာပါတယ်ဆိုမှ ကျောင်းဆရာ လုပ်ခိုင်းနေပြန်ပြီ။ ကျောင်းဆရာ ဆက်လုပ်ချင်မှာတော့ ဘာလို့တောခိုတော့မှာလဲ၊ ထားဝယ်မှာပဲနေပြီး စာဆက်သင်နေမှာပေါ့” လို့ တော်လှန်ရေးတပ်မှူး တာဝန်ကို ကျောင်းဆရာတာဝန်ထက် ပိုတန်ဖိုးထားတဲ့ ကျောင်းဆရာဟောင်းတဦးက ပြောဖူးတာကို ကျနော် မှတ်မိနေပါတယ်။

မင်းသမီးစခန်းက ပျိုးပန်းဝေကျောင်းကိုကျော်ပြီး တော်လှန်ရေး နယ်မြေတခုလုံးရဲ့ အဲဒီကာလ ပညာရေးအခြေနေကို အကြမ်းဖျင်းတင်ပြရမယ်ဆိုရင် ABSDF တပ်ရင်းအတော်များများမှာ ပျိုးပန်းဝေလို မူလတန်းကျောင်းတွေ အသီးသီးပေါ်လာသလို ဗဟိုမှာလည်း ”ရောင်နီဦး” အလယ်တန်း၊ နောက်ပိုင်းမှာတော့ အထက်တန်းကျောင်းအထိ ပေါ်လာခဲ့ပါတယ်။ တော်လှန်ရေးသက်တမ်း ၇ နှစ်အရွယ် ABSDF မှာတောင် ဒီလိုကျောင်းတွေ ပေါ်လာပြီဆိုရင် တော်လှန်သက်တမ်း နှစ် ၄၀ ကျော်ရှိနေပြီဖြစ်တဲ့ KNU အပါဝင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့တွေမှာ မူလတန်းကနေ အထက်တန်း အထိ၊ တချို့ဒေသတွေမှာဆိုရင် တက္ကသိုလ်နီးနီး အဆင့်တွေအထိ စနစ်တကျ သင်ကြားပေးနေလိမ့်မယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ အဲဒီကာလက ချင်းမိုင်အခြေစိုက် အမျိုးသားကျန်းမာရေးနဲ့ ပညာရေးကော်မတီ (NHEC) ရဲ့  စာရင်းဇယားတွေအရဆိုရင် အပစ်ရပ်နယ်မြေအပါဝင် တော်လှန်ရေးနယ်မြေ တကျောမှာ အထက်တန်းကျောင်းပေါင်း ၁၉ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၉၅ ကျောင်း၊ မူလတန်းကျောင်း ၁၂၀၉ ကျောင်းရှိပြီး ကျောင်းသားကျောင်းသူဦးရေ တသိန်းခွဲခန့် ရှိတယ်လို့ သူတို့ရုံးက ကျောက်သင်ပုန်းပေါ်မှာ ရေးထားတာကို ကျနော်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒီကျောင်းတွေအတွက် သင်ရိုးညွန်းတမ်းတွေကတော့ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလို KUN နယ်မြေ ကော်သူးလေအစိုးရ ပညာရေးစနစ်ကတမျိုး၊ ကရင်နီအစိုးရ ပညာရေးနစ်ကတဖုံ၊ မွန်ပြည်သစ်နယ်မြေကတနည်း၊ ကချင်နယ်မြေကတမျိုး၊ ABSDF လိုအဖွဲ့က တမျိုး စသဖြင့် အမျိုးမျိုးကွဲပြားနေပါတယ်။ ဒါကြောင့် NHEC ကဦးစီးပြီး လွတ်မြောက်ဒေသ တခုလုံးအတွက် သင်ရိုးညွန်းတမ်းရေးဆွဲရေး ဆယ်မီနာတခု လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အခုနှစ် ၂၀ ကြာပြီးတဲ့အချိန်မှာတော့ ဒီစာသင်ကျောင်းအများစုဟာ တော်လှန်ရေးနယ်မြေကနေ ဒုက္ခသည်စခန်းတွေဆီ ပြောင်းပြီး ဆက်လက် သင်ကြားပေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သူပုန်တွေ ဥပုသ်စောင့်တဲ့နေ့


ပညာရေးအကြောင်းကနေ ဘာသာရေးဖက်ကို ဆက်ပြောရမယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင်သူပုန်တွေ တောထဲမှာ ရဟန်းခံရှင်ပြုပွဲ အကြီးအကျယ်လုပ်ပြီး လနဲ့ချီ တရားထိုင်နေကြတယ်ဆိုရင် စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ရှေ့ပိုင်းအခန်းတခုမှာ ကျနော်တင်ပြခဲ့ဖူးတဲ့အတိုင်း မောင်တော်စခန်းကနေ အမရာစခန်းဆီ ပြောင်းလာကတည်းက အဲဒီမှာ ဘုန်းကြီးကျောင်းဟောင်း တဆောင်ရှိနေပါတယ်။ သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဝါးပြားမိုး (ကြားခတ်ဝါးလုံးကို ၂ ခြမ်းခွဲ၊ အတွင်းက အဆစ်တွေကို ထွင်ပြီး ပက်လက်တခြမ်း၊ မှောက်ခုံတခြမ်းနဲ့ စနစ်တကျမိုးထားတာဟာ အတော်ထူးခြားပါတယ်) ပေ ၂၀၊ ၁၂ ပေ ပတ်လည်လောက်ရှိတဲ့ ဒီကျောင်းဟာ ကျနော်တို့စခန်းမှာ ရှိသမျှအဆောက်ဦတွေထဲ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက ဘုန်းကြီးကျောင်းရှိပြီး ဘုန်းကြီးမရှိတဲ့ ဒုက္ခပါ။


 သိမ်မရှိလို့ လှေကို ရေသိမ်အဖြစ်အသုံးပြုနေရတဲ့ တောထဲက ရဟန်းခံပွဲ

ဒီနေရာမှာလည်း ရှေ့မှာပြောခဲ့တဲ့အတိုင်း သက်ကြီးဝါကြီး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာဦးဟန်လင်းကပဲ ဦးဆောင်ပြီး “ဓမ္မစင်္ကြာအသင်း” ကို ဖွဲ့စည်းကာ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဓမ္မစင်္ကြာရွတ်ကြပါတယ်။ အသင်းဝင်အများစုဟာ ရဲမေတွေဖြစ်ကြပေမယ့် ရဲဘော်အတော်များများလည်း ဘာသာရေးကို စိတ်ဝင်စားတာ တွေ့ရပါတယ်။ ဒီလို ဓမ္မာစင်္ကြာရွတ်တဲ့အပြင် သာရေး၊ နာရေး အခမ်းအနားတွေကိုလည်း ဒီကျောင်းမှာပဲ ကျင်းပကြပါတယ်။ အဲဒီအခမ်းနားတွေထဲက လူသိများတဲ့ အဖြစ်ပျက်တခုကတော့ မင်းသမီးစခန်းမှာ ရဲမေတွေထဲက ပထမဆုံး မင်္ဂလာဆောင်တဲ့ အတွဲတတွဲ မင်္ဂလာပွဲကျင်းပနေစဉ် တက်ရောက်အားပေးတဲ့ ပရိတ်သတ်များလွန်းလို့ ဘုန်းကြီးကျောင်း ဝါးကြမ်းခင်းပြိုကျပြီး ကိုးယို့ကားယားဖြစ်သွားတဲ့ အဖြစ်ပါ။ အဲဒီနောက်ပိုင်းမှာတော့ ဝါးလုံးတွေနေရာမှာ သစ်လုံးတွေနဲ့ အစားထိုးပြီး ဘုန်းကြီးကျောင်းကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ဒီလို သာရေးကိစ္စမှာ ဘုန်းကြီးမရှိလို့ သိပ်ပြဿနာမရှိပေမယ့် နာရေးကိစ္စမှာတော့ ဘုန်းကြီးမရှိရင် အတော်အခက်ခဲရှိပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၉၁ ဒီဇင်ဘာလအစောပိုင်း တပ်ရင်း ၃ ခြမ်းမကွဲမီလေးမှာ ငှက်ဖျားရောဂါနဲ့ အမရာစခန်းမှာ ပထမဆုံး ကွယ်လွန်သွားတဲ့ ကိုအောင်ဆန်း အသုဘချချိန်အထိ သရဏဂုံတင်ဖို့အတွက် ဒီကျောင်းမှာ ဘုန်းကြီး အတည်တကျ မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ သာရေးနာရေး ကိစ္စတွေအတွက် ဘုန်းကြီးမရှိရင် မဖြစ်ဘူးဆိုပြီး အသက်ခပ်ကြီးကြီး ဆံပင်ဖြူဖြူ ဦးရှိန်ကို ထိုင်းနယ်စပ်က ထိုင်း-ကရင် ဘုန်းကြီးကျောင်းဆီပို့ပြီး ရဟန်းဝတ်ခိုင်းခဲ့ပါတယ်။ သူလူထွက်ပြီး နောက်ပိုင်းမှာတော့ လူငယ်ထဲက ကိုသန်းဇော် (အခု အမေရိကန်) ရဟန်းဝတ်ပြီး ဦးဇင်းသန်းဇော်အဖြစ် လူသိများခဲ့ပါတယ်။ သူဟာ မင်းသမီးစခန်းကျတဲ့ ၁၉၉၇ ဝန်းကျင်အထိ ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ယူပေးခဲ့ပါတယ်။

တော်လှန်ရေးသက်တမ်း ကြာလာတာနဲ့အမျှ ရှေ့မှာပြောခဲ့တဲ့ ပျိုးပန်းဝေလို စာသင်ကျောင်းတွေ လိုလာသလို အသက် ၇ နှစ်၊ ၈ နှစ်ကလေးငယ်တွေကို ရှင်ပြုပေးချင်တဲ့မိဘတွေလည်း အတော်များများ ပေါ်လာပါတယ်။ တခါ ကျနော်အပါဝင် အသက် ၂၀ ဝန်းကျင်မှာ တောခိုလာတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း ရဟန်းဝတ်ချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်။ ဘာကြောင့် ရဟန်းဝတ်ဖို့ လိုအပ်သလဲဆိုတာကို ဘာသာရေးသဘောအရ ကျနော် သိပ်နားမလည်ပေမယ့် အသက် ၁၀ နှစ်ဝန်းကျင်မှာ ကိုယ်ရင် ဝတ်ကြပြီး အသက် ၂၀ ကျော်ရင် ရဟန်းဝတ်ကြတာဟာ မြန်မာနိုင်ငံမှာ မြင်နေရတဲ့ ရိုးရာဓလေ့တခု ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၂၀ ကျော်ကာစ တက္ကသိုလ်က ကျောင်းပြီးတာနဲ့ ရဟန်းဝတ်ပေးမယ်လို့ မိဘက ပြောထားချိန်၊ ကျောင်းပြီးဖို့ လပိုင်းအလိုမှာ တောခိုလာတဲ့ ကျနော်ဟာ မိဘဆန္ဒ ပြည့်အောင်လို့ ရဟန်းဝတ်ချင်တာလည်း ဖြစ်နေနိုင်ပါတယ်။ ကျန်တဲ့ရဲဘော်တွေလည်း ကျနော်လိုပဲ ဖြစ်ဖို့များပါတယ်။ ဒီအတွက် နယ်စပ် ဖုနန်းလွန်ကျေးရွာရှိ ထိုင်း-ကရင် ကျောင်းက ကျောင်းထိုင်ဆရာတော်၊ တခါ ဘန်းချောင်းဒေသရှိ သပြုချောင်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်၊ နောက်တခြားဒေသက ကျောင်းထိုင်ဆရာတော် ၃ ပါးကို ပင့်ဖိတ်ပြီး ကျနော်တို့စခန်းမှာ ရဟန်းခံပွဲတွေ၊ ရှင်ပြုပွဲတွေ နှစ်စဉ်လိုလို ကျင်းပခဲ့ကြပါတယ်။

ရှင်ပြုပွဲကို ခပ်ကျဉ်းကျဉ်းနဲ့ လုပ်လို့ရပေမယ့် ရဟန်းခံပွဲအတွက်တော့ သိမ် မရှိမဖြစ် လိုအပ်လာပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ပထမဆုံးအကြိမ် ရဟန်းခံ သိမ်တက်ပွဲကို စခန်းပိုင်စက်လှေကို ရေသိမ်အဖြစ် အသုံးပြုပြီး အဲဒီလှေပေါ်မှာ ဥပဇ္ဈယ်ဆရာအပါဝင် သံဃာတော် ၃ ပါးနဲ့ ရဟန်းလောင်းတို့ နေရာယူပြီး အကျဉ်းရုံးလုပ်လိုက်ပါတယ်။ ဒုတိယအကြိမ်မှာတော့ တိုင်ကီပုံးတွေနဲ့ ဝါးဖောင်အသေချာလုပ်ပြီး ရေသိမ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီရေသိမ်ပေါ် ဘုန်းကြီးတွေတက်ရ ဆင်းရလွယ်အောင်ဆိုပြီး ကမ်းနားဖက် နေရာရွှေ့ရင်းနဲ့ ကြိုးပြတ်ပြီး ဝါးဖောင်မျောသွားတဲ့အတွက် မနည်းလိုက်ဆယ်ခဲ့ရဖူးတာကိုလည်း အမှတ်ရနေပါတယ်။

ကျနော်အပါဝင် ဦးဟန်လင်းရော၊ ဗဟိုအတွင်းရေးမှုး ကိုမျိုးဝင်းရော စုစုပေါင်း ၂၄ ဦး ရဟန်းဝတ်တဲ့ပွဲကတော့ မင်းသမီးစခန်းမှာ ကျင်းပခဲ့သမျှ ပွဲတွေထဲမှာ အကြီးကျယ်ဆုံးလို့ ပြောနိုင်ပြီး ၁၉၉၅ အောက်တိုဘာလမှာ ကျင်းပတာဖြစ်ပါတယ်။ ကျနော့်လိုပဲ မြန်မာနိုင်ငံမှာတုန်းက ရဟန်းမဝတ်ရသေးသူ အများကြီးရှိပုံရပါတယ်။ တပ်ရင်း ၃ ခုပေါင်းက ရဟန်းဝတ်ချင်သူ ၅၀ လောက် စာရင်းပေးပေမယ့် ဘဏ္ဍာရေးအခြေနေ၊ နေရာထိုင်ခင်း အခြေအနေ၊ တာဝန်ခွဲဝေမှု အခြေအနေ၊ လုံခြုံရေး အခြေအနေတွေအရ အားလုံးတပြိုင်တည်း ဝတ်လို့မဖြစ်။ ဒီတော့ ၂၄ ဦးပဲရမယ်လို့ သတ်မှတ်ပြီး ဒုလ္လဘမဲ နိုက်ကြရပါတယ်။ ကံကောင်းလေ့ မရှိတဲ့ကျနော်ဟာ ကိုယ်တိုင်မဲ မပေါက်ဘဲ မဲပေါက်တဲ့ ရဲဘော်တဦးက သူမဲကို ပြန်လှူတဲ့အတွက် အခုလို ရဟန်းဝတ်ခွင့် ရလိုက်တာ ဖြစ်ပါတယ်။ စုပေါင်းဘုံကထိန်ပွဲနဲ့ သင်္ကန်းတွေအတွက် ကုန်ကျငွေတွေကို ရှေ့တန်းအသီးသီးက စေတနာရှင်တွေ၊ ထိုင်းနိုင်ရောက် ကျောင်းသားဟောင်းတွေ၊ နိုင်ငံခြားက မြန်မာအလှူရှင်တွေအပြင် ဂျပန်မိတ်တွေ ဖြစ်တဲ့ ကင် (Ken) နဲ့ ဝိသာခါ ကာဝါဆကီ (Visakha Kawasaki) တို့ကလည်း ကူညီပေးခဲ့ကြတယ်လို့ ကျနော် အမှတ်ရနေပါတယ်။

အဲဒီအချိန်မှ ာတပ်ရင်း ၃ ခုပေါင်းထားပြီး ကာလဖြစ်တဲ့အပြင် ဘုန်းကြီးကျောင်းကိုလည်း စခန်းနောက်ကျော၊ အာဇာနည်ကုန်းအနီးက တောင်ကျောပေါ် ရွှေ့ပြောင်းထားပြီးကာစ၊ သွပ်မိုး၊ သစ်ကာ ၂ ထပ်ကျောင်းဆောင်ကြီးအဖြစ် သားသားနားနား အသစ်ဆောက်လုပ်နေတဲ့ ကာလဖြစ်ပါတယ်။ KNU ကျောင်းသားရေးရာ တာဝန်ခံ ပဒိုမန်းငြိမ်းမောင် အပါအဝင် ဗုဒ္ခဘာသာကို စိတ်ဝင်စားတဲ့ KNU ကျေးရွာတွေမှ ပုဂ္ဂိုလ်တွေ၊ အမရာကျေးရွာမှာ ပုဂ္ဂိုလ်တွေ၊ တနင်္သယရီ မြစ်ရိုးတလျှောက် ကျေးရွာတွေက ပုဂ္ဂိုလ်တွေ ဒီပွဲကို လာနွှဲကြပါတယ်။ တခါ နယ်စပ်ဖုနန်းလွန် ကျေးရွာရှိ ထိုင်း-ကရင် ကျောင်းထိုင်ဆရာတော်ရဲ့ စည်းရုံးမှုကြောင့် ထိုင်းနိုင်ငံသား အတော်များများလည်း ကျနော်တို့ရဲ့ ရဟန်းခံပွဲဆီ လာရောက်အားပေးတဲ့အတွက် အတော်စည်းကားခဲ့တာကို အမှတ်ရနေပါတယ်။


၁၉၉၅ ခုနှစ်က မင်းသမီးစခန်းမှာ ကျင်းပတဲ့ ဒုလ္လဘရဟန်းခံပွဲမှ ရဲဘော် ၂၄ ဦး
နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံဘက်က အလှူရှင်တွေကနေ ဉာဏ်တော် ၃ ပေလောက်အမြင့်ရှိတဲ့ ကြေးဆင်းတုတော်တဆူကို ကျနော်တို့စခန်းက ဘုန်းကြီးကျောင်းအတွက် လာလှူပါတယ်။ ဦးဟန်လင်း ဦးဆောင်တဲ့အဖွဲ့က အခမ်းမနားနဲ့ကြိုဆိုပြီး ဘုရားပွဲအဖြစ် စည်စည်ကားကား ကျင်းပခဲ့တာကို မှတ်မိနေပါတယ်။ ၁၉၉၇ ဖေဖော်ဝါရီလ မင်းသမီးခစန်းကနေ ကျနော်တို့ ခွာစစ်ဆင်ချိန်မှာ ပျိုးပန်းေ၀ ကျောင်းအပါအဝင် ကျန်တဲ့ အဆောက်ဦတွေအားလုံး မီးလောင်ပျက်စီးသွားပေမယ့် ဆင်းတုတော်ရှိတဲ့ ဒီဘုန်းကြီးကျောင်းကတော့ ကျည်မခ မီးမလောင်ဘဲ မပျက်မစီး ဒီအတိုင်း ကျန်နေခဲ့တာကို ကျနော် အမှတ်ရနေပါတယ်။     ။

1 comments:

အခုု နွစ္ ၃၀ နီးပါးအၾကာ ၂၀၁၄ ဒီဇင္ဘာတုုန္းက အဲဒီစခန္းဆီ ပထမ အၾကိမ္ျပန္ေရာက္ေတာ့ ဘာေက်ာင္းမွ မရွိေတာ့ဘူးဗ်ုုိ႔။ လြန္ခဲ့တဲ့ နွစ္ ၃၀ ထက္ ပုုိထူတဲ့ေတာၾကီးမ်က္မဲကုုိသာ ေတြ႔ေတာ္မူပါေၾကာင္း။

အခုုေတာ့ စခန္းေဟာင္းေနရာမွာ အာဇာနည္ ဗိမာန္တခုုေဆာက္ေရး အတြက္ ရဲေဘာ္ေဟာင္းေတြ စတင္ၾကိဳးပန္းေနပါေၾကာင္း။ ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More