Wednesday, August 24, 2022

Interview with Bo Nagar on Spring Revolution in Upper Burma. Part-2.



“တိရစ္ဆာန်လို လူတွေရဲ့အုပ်ချုပ်မှုအောက်မှာ မနေချင်ရင် တော်လှန်ရေးထဲမှာ အားလုံးပါဝင်ဆောင်ရွက်ဖို့လိုပါတယ်”

(ဗိုလ်နဂါး- ဒေသခံ PDF ခေါင်းဆောင်၊ စစ်ကိုင်းတိုင်း)
-----------------------------------------------------
(၂၄ /၈ /၂၀၂၂)

တိရစ္ဆာန်လို လူတွေရဲ့အုပ်ချုပ်မှုအောက်မှာ မနေချင်ရင် လူသားဆန်တဲ့ တာဝန်ဝတ္တရားတွေကိုယူပြီး နွေဦးတော်လှန်ရေးထဲမှာ အားလုံးပါဝင် လက်တွဲဆောင်ရွက်ဖို့လိုတယ်လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က PDF ခေါင်းဆောင် ဗိုလ်နဂါးကပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကြာတဲ့အထိ အချို့လူတွေက အနေအစားမပျက်၊ တော်လှန်ရေးဟာ သူတို့နဲ့မဆိုင်သလို၊ နေသာသလို နေနေကြတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- UN အထူးကိုယ်စားလှယ်လာချိန်မှာ ရွာမီးရှို့ခံရမှု လျော့ကျသွားသလား...
- ကမ္ဘာကြီးမှာ နှလုံးသားမရှိဘူးလို့ ဘာကြောင့်ပြောတာလဲ...
- စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေကို ဘယ်သူတွေက ဘယ်လိုကူညီပေးနေသလဲ...
- NUG အုပ်ချုပ်ရေးဒေသတွေမှာ ဘယ်လိုဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေသလဲ...
- တနှစ်ခွဲကာလအတွင်း နွေဦးတော်လှန်ရေးအနေအထား ဘယ်လောက်အထိ တိုးတက်လာသလဲ...
- အနေအစားမပျက် နေသာသလိုနေနေသူတွေကို ဗိုလ်နဂါးက ဘယ်လိုပြောထားသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Monday, August 22, 2022

Interview with Bo Nagar on Spring revolution in upper Burma. Part-1.



“အားလုံးပေါင်းစပ် ချိတ်ဆက်ပြီး ဟန်ချက်ညီလှုပ်ရှားနိုင်ဖို့ ခြေလှမ်း လှမ်းနေပါပြီ”

(ဗိုလ်နဂါး- LDPF ခေါင်းဆောင်၊ စစ်ကိုင်းတိုင်း)
-----------------------------------------------------
(၂၂-၈-၂၀၂၂)

စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို အရှိန်မြှင့်နိုင်ဖို့ စစ်ကိုင်းတိုင်းအပြင် ဆက်စပ်ပြည်နယ်-တိုင်းတွေရှိ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်တွေ စတင်လှမ်းနေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းက LDPF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲအခြေအနေ၊ နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှု ဘယ်လိုရှိသလဲ...
- စစ်ကိုင်းနဲ့ ဆက်စပ်-ဒေသရှိ တော်လှန်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်နိုင်ပြီလား...
- စကစရဲ့ ရွာမီးရှို့-လူသတ် စိံမံကိန်းကို တော်လှန်ရေးတပ်တွေက ဘာကြောင့်မတားဆီးနိုင်တာလဲ...
- တနှစ်ခွဲကာလအတွင်း နယ်မြေထိန်းချုပ်နိုင်မှု အနေအထား ဘယ်လောက်အထိ တိုးတက်လာသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(UN အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အပေါ် LPDF တွေ ဘယ်လိုမြင်သလဲဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့  ဗုဒ္ဓဟူးညနေပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Friday, August 19, 2022

Interview with Dr Tun Myint on UN envoy in Myanmar.



“နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သိပါတယ်”

(ဒေါက်တာထွန်းမြင့်- နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ- Carleton College)
--------------------------------------------------------------
(၁၉ /၈ /၂၀၂၂) 

ရွာမီးရှို့၊ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်နေတဲ့ကိစ္စတွေကို ခပ်ပေါ့ပေါ့ပြောပြီး အချိန်ဆွဲနိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေပေမယ့် ဒါတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သိနေပါတယ်လို့ Carleton College၊ နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်တာသွားရောက်ခဲ့တဲ့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- ဒီခရီးစဉ်ဟာ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်အရ ဖြစ်ပေါ်လာတာလား...
- စစ်ကောင်စီကို မဝေဖန်ရဲရင် ဒီခရီးစဉ်က အဓိပါယ်ရှိပါ့မလား...
- ဒီခရီးစဉ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုအချက်တွေရှိနေနိုင်သလဲ...
- ကုလ အပေါ် လူငယ်တွေ အားမလို အားမရဖြစ်နေတာ ဘာကြောင့်လဲ...
- တော်လှန်ရေးတနှစ်ခွဲကာလမှာ ကုလ က ဘာတွေ ဆောင်ရွက်ပေးခဲ့သလဲ...
- တနှစ်ခွဲကာလအတွင်း တော်လှန်ရေးအနေအထား ရှေ့ကို ဘယ်လောက်တိုးတက်လာသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, August 18, 2022

Interview with Dr Khin Zaw Win on UN envoy in Myanmar.



“UN အပါဝင် ဘယ်အဖွဲ့ကိုမှ အားမကိုးပါနဲ့၊ ကိုယ့်အားကိုယ်ကိုးပါ၊ လူငယ်တွေကို အားပေးပါ”

(ဒေါက်တာခင်ဇော်ဝင်း- Director at Tampadipa Institute)
-----------------------------------------------------------
(၁၈ /၈ /၂၀၂၂)

မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် ကုလသမဂ္ဂအပါဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြားဝင်ညှိနိုင်ပေးမှုကို အားကိုးမနေပဲ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ရေးကိုသာ ဦးစားပေးသင့်တယ်လို့ UN ဝန်ထမ်းဟောင်းနှင့် Tampadipa Institute ရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကပြောပါတယ်။

မြန်မာ့အရေး ကြားဝင်ညှိနိုင်းပေးဖို့အတွက် ကုလ အထူးကိုယ်စားလှယ် Noeleen Heyzer နေပြည်တော်ကိုရောက်ရှိနေတာနဲ့ ပတ်သက်ပြီး BNN သတင်းဌာနမှ ထင်မြင်ချက်မေးမြန်းစဉ် သူက အသံဖွိုင်ပေးပို့ပြီး အဲဒီလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် လက်ရှိနိုင်ငံရေးအခြေအနေဟာ ၁၉၈၈ နောက်ပိုင်းအခြေအနေနဲ့ မတူတော့ဘူးဆိုတာကို စစ်ကောင်စီရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အသေချာနားလည် သဘောပေါက်ဖို့လိုတယ်၊ အရင်နည်းဟောင်းတွေနဲ့ အဖြေရှာလို့မရတော့ဘူးဆိုတာကို သဘောပေါက်ဖို့လိုတယ်လို့လည်း ဒေါက်တာခင်ဇော်ဝင်းကပြောပါတယ်။ 

အခု ဒေါက်တာခင်ဇော်ဝင်ရဲ့ အသံဖွိုင်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, August 14, 2022

Interview with Ko Naing of CRPH/ NUG Support Group (Australia).



“စစ်ဘေးရှောင် အကူအညီအပြင် စစ်လက်နက်အကူအညီကိုပါ တောင်းဆိုဖို့လိုပါတယ်”

ဦးကိုနိုင်- CRPH / NUG Support Group (Australia).
-----------------------------------------------------------------------
(၁၄/ ၈ /၂၀၂၂)

လူသားချင်းစာနာမှုအကူအညီ၊ စစ်ဘေးရှောင် အကူအညီတွေအပြင် အဲဒီစစ်ဘေးရှောင်တွေကို ကာကွယ်ရေးအတွက် စစ်လက်နက်အကူအညီတွေကိုပါ နိုင်ငံတကာအစိုးရတွေဆီ တောင်းဆိုဖို့လိုအပ်တယ်လို့ သြစတေလျနိုင်ငံဆိုင်ရာ CRPH / NUG Support Group ပြောခွင့်ရသူ ဦးကိုနိင်ကပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ကင်ဘာရာမြို့မှာကျင်းပခဲ့တဲ့ NUG သံရုံးဖွင့်ပွဲအပါဝင် ပြည်ပရောက် မြန်မာတွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- ကင်ဘာရာမြို့က NUG သံရုံးဖွင့်ပွဲရဲ့ ထူးခြားချက်များ...
- သြစတေလျအစိုးရပိုင်းက ဒီရုံးကို ဘယ်လိုထောက်ခံအားပေးနေသလဲ...
- လူသားချင်းစာနာမှုအကူအညီအပြင် အရေးကြီးတဲ့အကူအညီတွေ ရလာနိုင်သလား...
- CDM စစ်သားနဲ့ ရဲသားတွေကို သြစီက ဗီဇာ ထုတ်ပေးမှုအခြေနေ ဘယ်လိုတိုးတက်လာနေသလဲ...
- ပြည်ပရောက်မြန်မာတွေက တဦးချင်းနိုင်သလောက်အလှူငွေထည့်တာအပြင် သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရပိုင်းကိုပါ ဖိအားပေးတောင်းဆိုမှုလုပ်ဖို့ လိုအပ်နေသလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, August 11, 2022

Interview with Actor Min Maw Kom on Spring Revolution.



ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းနှင့် မေးမြန်းချက်
----------------------------------------------------
(၁၂-၈-၂၀၂၂)

ဒီလိုတော်လှန်ရေးကာလမှာ ကြားနေရင် ကြားညှပ်မှာဖြစ်တဲ့အတွက် ဒီမိုကရေစီလိုလားသူတိုင်းက နွေဦးတော်လှန်ရေးကို ကူသင့်တယ်။ အနည်းဆုံးတော့ စစ်အာဏာရှင်တွေနဲ့ မပူူးပေါင်းမဆောင်ရွက်ပဲ နေဖို့လိုတယ်လို့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းကပြောပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က သြစတေလျမှာ NUG ရုံးခန်းဖွင့်တာအပါဝင် တော်လှန်ရေးရန်ပုံငွေ ရှာဖွေရမှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- NUG သြစတေလျရုံးခွဲဖွင့်ပွဲအခြေအနေ...
- ပြည်တွင်း-နယ်စပ်နဲ့ နိုင်ငံတကာရောက် မြန်မာတွေရဲ့ တော်လှန်ရေး ရန်ပုံငွေရှာဖွေနိုင်မှု အနေအထား...
- စစ်ကောင်စီနဲ့လက်တွဲနေတဲ့ အနုပညာရှင်တွေကို ဘယ်လိုအရေးယူသင့်သလဲ...
- အနုပညာရှင်တွေ တော်လှန်ရေးထဲ ဘာကြောင့်ပါဝင်လာသလဲ...
- တော်လှန်ရေးအရှိန်ပိုကောင်းလာရေးအတွက် ဘာတွေဆောင်ရွက်သင့်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG သြစတေလျရုံးခွဲ တာဝန်ရှိသူနဲ့မေးမြန်းချက်ကိုတော့ နောက်ရက်တွေမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, August 7, 2022

Interview with Aung Moe Zaw on 34-years of 8888 uprising. part-2.



“ဒီဖက်ဆစ်တပ်ကို ခံချရမယ်၊ မောင်းထုတ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်က ပြည်သူတွေဆီမှာ အတော်ခိုင်မာနေပြီဖြစ်တယ်”

(ဦးအောင်မိုးဇော်၊  ဥက္ကဋ္ဌ၊ DPNS)
-------------------------------------------------------------------
(၇/၈/၂၀၂၂)

အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အရင်ဘယ်ခေတ်နဲ့မှ မတူအောင် ဆိုးလွန်းတဲ့အတွက် လက်နက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီဖက်ဆစ်စစ်တပ်ကို ခံချရမယ်၊ မောင်းထုတ်ရမယ်ဆိုတဲ့ အသိအမြင်က လူထုကြားမှာ အခိုင်အမာ ရှိနေပြီဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောပါတယ်။

လွန်ခဲ့တဲ့ ၃၄ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ၈-လေးလုံးအရေးတော်ပုံကာလ တိုက်ပွဲအခြေအနေနဲ့ ဒီနေ့ကာလ တိုက်ပွဲအခြေအနေကို နှိုင်းယှဉ်သုံးသပ်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- အခုဖွဲ့ထားတဲ့ NUCC တပ်ပေါင်းစုနဲ့ အရင်ကရှိခဲ့ဖူးတဲ့ DAB, NCUB တပ်ပေါင်းစုတွေကြားမှာ ဘာတွေ တူပြီး ဘာတွေကွာသလဲ...
- အရင် တော်လှန်ရေးတပ်တွေက နယ်စပ်မှာအခြေစိုက်တာများပြီး အခု ကျေးလက်မှာ အခြေစိုက်တာများခြင်းက အဓိက ကွာခြားချက်လား...
- UN မှာ ကိုယ်စားလှယ်နေရာ ရထားတာကလွဲရင် နိုင်ငံတကာဆက်ဆံရေးက အရင်ခေတ်နဲ့ အတူတူပဲလား...
- ပြည်ပရောက် မြန်မာတွေရဲ့အကူအညီက နွေဦးတော်လှန်ရေးရဲ့ အဓိက ဘဏ္ဌာရေး လမ်းကြောင်းဖြစ်နေသလား...
- တနှစ်ခွဲကြာနွေဦးတော်လှန်ရေး ဘယ်အထိ ခရီးရောက်နေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, August 4, 2022

Interview with Aung Moe Zaw on 34-years of 8888 Uprising. part 1



“၈၈-တုန်းက နိုင်ငံရေးစနစ်ပြောင်းလဲရေးကိုသာ တောင်းဆိုခဲ့တယ်၊ အခုက စစ်အာဏာရှင် အမြတ်ပြတ်ရေးကို တောင်းဆိုနေတာဖြစ်တယ်”

(ဦးအောင်မိုးဇော်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ-DPNS)
---------------------------------------------------------
(၅/၈/၂၀၂၂)

လွန်ခဲ့တဲ့ ၃၄ နှစ်ကဖြစ်ပွားခဲ့တဲ့ ၈-လေးလုံးအရေးတော်ပုံတုန်းက လူထုရဲ့ တောင်းဆိုချက်ဟာ “တပါတီအာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီစနစ်သို့” နိုင်ငံရေးစနစ်ပြောင်းလဲရေးသာ အဓိကဖြစ်ခဲ့ပေမယ့် အခု နွေဦးတော်လှန်ရေးမှာတော့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအထိ တောင်းဆို-တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။

မကြာခင် ကျရောက်မယ့် သြဂုတ်လ (၈)ရက်နေ့၊  ၈-လေးလုံးအရေးတော်ပုံ ၃၄ နှစ်ပြည့် နှစ်ပတ်လည်နဲ့ ဒီနေ့ နွေဦးတော်လှန်ရေးအခြေအနေတွေကို နုှိင်းယှဉ်သုံးသပ်ချက်ပေးဖို့ BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- ၈-လေးလုံးအရေးတော်ပုံကာလနဲ့ ဒီနေ့ကာလ လူငယ်တွေရဲ့ တောင်းဆိုတိုက်ပွဲဝင်မှု ဘာတွေတူပြီး ဘာတွေကွာခြားသလဲ...
- CDM လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက အားသာချက်လား...
- ၈-လေးလုံးကာလ စစ်သားတွေထက် ဒီနေ့စစ်သားတွေက ပိုပြီး ရက်စက်ကြမ်းကြုတ်နေသလား...
- “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုတဲ့တောင်းဆိုချက် ဘာကြောင့်ပေါ်ပေါက်လာသလဲ...
- PDF လူငယ်တွေအပေါ် EAO တွေရဲ့ လက်ခံအားပေးမှုမှာကော အရင်နဲ့ အခု ဘယ်လိုကွာသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUCC တပ်ပေါင်းစုအခြေအနေအပါဝင် PDF နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ဖို့လိုနေကြောင်း ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ တနင်္ဂနွေညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Monday, August 1, 2022

Interview with Naing Htoo Aung of NUG. Part-2



“တနှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ်အင်အား နှစ်သောင်းခန့် ပြုန်းတီးသွားပြီဖြစ်ပါတယ်”

(ဦးနိုင်ထူးအောင်- အတွင်းဝန်- ကာကွယ်ရေးဝန်ကြီးဌာန- NUG)
---------------------------------------------------------------
(၁/၈/၂၀၂၂)

တနှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ်ထဲကနေ CDM လုပ်သူ၊ ထွက်ပြေးသူ၊ တိုက်ပွဲမှာကျဆုံးသူ၊ ဖမ်းမိသူ အားလုံးပေါင်းရင် အင်အား ၂ သောင်းခန့်အထိ ရှိနေပြီဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲအခြေအနေ၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုအနေအထားတွေကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ဒေါ်လာ ၄၄-သန်းအပြင် နောက်ထပ်အလှူငွေ တိုးရအောင် NUG က ဘယ်လိုဆောင်ရွက်နေသလဲ...
- လက်နက်မပြည့်မစုံနဲ့တိုက်ပွဲဝင်တာတောင် စစ်ကောင်စီဖက်က ဘာကြောင့် ၂-သောင်းလောက်အထိ ကျဆုံးသွားတာလဲ...
- PDF နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်မှု၊ ပူးပေါင်းတိုက်ပွဲဝင်မှုက ဘယ်လောက်အထိ အားကောင်းလာနေပြီလဲ...
- တနှစ်ခွဲကနေ ရှေ့အလားအလာအပေါ် NUG က ဘယ်လိုမျှော်လင့် ပြင်ဆင်ထားပါသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More