ထက္ေအာင္ေက်ာ္ on March 29, 2012 6:12 pm
ေအာက္ေမ့ဖြယ္ / ဧရာ၀တီ။
တပ္ရင္းညီလာခံနဲ႔ ေကာ္မီတီသစ္၊ တပ္မႉးအသစ္မ်ား ေရြးခ်ယ္ျခင္း
တပတ္ေလာက္သာ ၾကာမယ္ထင္ၿပီး ေခၚလုိက္တဲ့ တပ္ရင္းညီလာခံဟာ ၁၀ ရက္ေက်ာ္တဲ့အထိ ေဆြးေႏြးစရာ မကုန္ေသးဘူး ျဖစ္ေနပါတယ္။ ဒီေနရာမွာလည္း ေက်ာင္းသားေတြနဲ႔ တျခားအဖြဲ႔စည္းေတြ မတူတဲ့အခ်က္ကုိ တင္ျပလုိပါတယ္။ ျပည္တြင္းမွာပဲျဖစ္ျဖစ္ နယ္စပ္မွာပဲျဖစ္ျဖစ္ နုိင္ငံေရးအဖြဲ႔စည္းေတြ အစည္းေ၀းလုပ္တဲ့အခါ ဘယ္ႏွရက္လုပ္မယ္၊ ေဆြးေႏြးမယ့္အေၾကာင္းအရာက ဘာေတြျဖစ္တယ္ စသျဖင့္ အတိအက် သတ္မွတ္ၿပီး ၂ ရက္ ၃ ရက္နဲ႔ ျပတ္ေအာင္လုပ္ေလ့ရွိေပမယ့္ က်ေနာ္တုိ႔က်ဳိးဖုိးေတြကေတာ့ အဲဒီလုိ မဟုတ္ပါဘူး။ ဒီလုိ ႀကိဳတင္ကန္႔သတ္ ထားတာကို မႀကိဳက္ဘူး။ လြတ္လပ္စြာ ေဆြးေႏြးခြင့္ေပးရမယ္ဆုိၿပီး ျငင္းလုိက္ခုန္လုိက္နဲ႔ ၁၅ ရက္တိတိ ၾကာသြားပါတယ္။
ညီလာခံအတြင္း ေဆြးေႏြးတဲ့ အခ်က္ေတြထဲက အေရးႀကီးတဲ့အခ်က္ေတြအျဖစ္ က်ေနာ္ မွတ္မိ သေလာက္ကေတာ့ ေရြးေကာက္ပဲြမွာ NLD က နုိင္သြားတဲ့အတြက္ NLD အစိုးရအသစ္ ေပၚလာရင္ ABSDF ဘယ္လို ဆက္လက္ရပ္တည္မလဲဆုိတဲ့ နုိ္င္ငံေရးကိစၥ ပါပါတယ္။ ေနာက္တခါ ေရွ႕တန္းမွာ KNU နဲ႔ ပူးတဲြလႈပ္ရွားတဲ့အခါ ေက်ာင္းသားေတြက ရြာေရွ႕မွာ လူထုတရားေဟာပဲြလုပ္။ KNU က ေနာက္မွာ ရြာအုပ္ခ်ဳပ္ေရးခ်ၿပီး အခြန္ေကာက္ေနတဲ့ကိစၥ ေကာ္မတီက ေျဖရွင္းေပးပါဆုိတဲ့ မဟာမိတ္ ဆက္ဆံေရးကိစၥ ပါပါတယ္။ ေနာက္တခါ ပင္လယ္ျပင္ဆီ တုိးခ်ဲ႕ထုိးေဖာက္ေရးကိစၥ ပါတယ္လုိ႔ ထင္ပါတယ္။ ဒါေပမယ့္ အဲဒီလုိ အေရးႀကီးတဲ့ကိစၥေတြအတြက္ အခ်ိန္သိပ္ကုန္တာ မဟုတ္ဘဲ အစည္းအေ၀းဆုံးျဖတ္ခ်က္၊ မွတ္တမ္းတင္ခ်က္ တေၾကာင္းခ်င္းစီကို စကားလုံး စီတာကအစ သတ္ပုံ အမွားအမွန္အထိအဆုံး ညီလာခံမွာ ေဆြးေႏြး ျငင္းခုန္ေနတဲ့အတြက္ အခုလုိ အခ်ိန္ ၁၅ ရက္ ၾကာသြားတာျဖစ္မလားလုိ႔ က်ေနာ္ ျပန္စဥ္းစားေနမိပါတယ္။
ဒါေပမယ့္ ဒီညီလာခံအပါ၀င္ ABSDF ညီလာခံ အသီးသီး၊ အစည္းေ၀းအသီးသီးရဲ႕ ေ၀ါဟာရျငင္းခုန္ပဲြ၊ သတ္ပုံျငင္းခုံပဲြေတြဟာ အလားကား အခ်ိန္ျဖဳန္း႐ုံ သက္သက္ေတာ့ ျဖစ္ပုံမရပါဘူး။ ဘာေၾကာင့္လဲဆုိရင္ Federal ကုိ ျမန္မာမႈျပဳတဲ့အခါ “ဖက္-ဒရယ္မူ” လုိ႔ ေရးမလား။ “ဖယ္-ဒရယ္မူ” လုိ႔ေရးမလားဆုိတဲ့ “ဖက္” နဲ႔ “ဖယ္” စကားလုံး ၂ လုံးအေပၚ ေက်ာင္းသားေတြရဲ႕ ေရြးခ်ယ္မႈပုံစံကုိ အထူး စိတ္၀င္စား မိတယ္လုိ႔ KNU ပဒုိတဦးျဖစ္သူ တပ္မဟာ ၄ ေဒသ ေက်ာင္းသားေရးရာ တာ၀န္ခံ မန္းၿငိမ္းေမာင္က ေျပာဖူးပါတယ္။ “ဖယ္” ဆုိတာဟာ က်ဥ္ဖယ္၊ ေရွာင္ဖယ္တဲ့သေဘာျဖစ္ၿပီး “ဖက္” ဆုိတာက ဖက္တြယ္ျခင္း၊ တဦးနဲ႔တဦး ေပြ႔ဖက္ျခင္း၊ ခ်စ္ၾကည္ျခင္းသေဘာကို ေဆာင္တဲ့အတြက္ “ဖယ္” အစား “ဖက္” ကို သုံးတယ္လုိ႔ က်ဳိးဖုိး ဘာသာေဗဒဆရာေတြရဲ႕ ရွင္းလင္းခ်က္ကုိ သူ အထူးသေဘာက်မိတယ္လုိ႔ ပဒုိမန္းၿငိမ္းေမာင္ ေျပာခဲ့ဖူးတာကို က်ေနာ္အမွတ္ရေနပါတယ္။
ဒီလုိျငင္းခုံမႈမ်ဳိးစုံနဲ႔ သတင္း ၂ ပတ္ၾကာခဲ့တဲ့ ညီလာခံေနာက္ဆုံးေန႔မွာေတာ့ စခန္းေကာ္မတီ ျပန္ေရြးတာ၊ တပ္မႉးေတြ ျပန္ေရြးတာ၊ ျပန္လည္ အတည္ျပဳတာေတြ လုပ္ခဲ့ပါတယ္။ အဲဒီေရြးခ်ယ္မႈေတြအရ အရန္ဗဟုိေကာ္မတီနဲ႔ စခန္းေကာ္မတီ စည္း႐ံုးေရးတာ၀န္ခံ ကိုေဌးေအာင္ ဗဟုိဌာနခ်ဳပ္ဆီသြားတာကို အတည္ျပဳပါတယ္။ ေနာက္ လစ္လပ္ စခန္းေကာ္မတီေနရာအတြက္ တပ္ေထာက္ဗုိလ္ႀကီး က်ေနာ့္ကို စခန္းေကာ္မတီ ေထာက္ပံ့ေရးတာ၀န္ခံအျဖစ္ ညီလာခံကေန ေရြးခ်ယ္လုိက္ပါတယ္။ ရန္ကုန္တကၠသိုလ္ တက္ေနတဲ့ ေက်ာင္းသားတဦးျဖစ္သူ ထား၀ယ္မွ ကုိျမင့္လြင္က တပ္ေထာက္ဗုိလ္ႀကီး ျဖစ္လာပါတယ္။
တပ္ေရးဗုိလ္ႀကီး ကိုေအးေသာ္ တျခားတာ၀န္ထမ္းဖုိ႔ ရွိတယ္ဆုိၿပီး ႏုတ္ထြက္သြားတဲ့အတြက္ တပ္ခဲြ ၁ မွ ဒုခြဲမႉးျဖစ္သူ ကုိျပည္ေဆာင္ဦးက တပ္ေရးဗုိလ္ႀကီး ျဖစ္လာပါတယ္။ ခြဲ ၁ မွ တပ္စုမႉးတဦးျဖစ္သူ ကိုမ်ဳိးေအာင္ ေခၚ ဖုိးတုတ္ႀကီး (၁၉၉၁-မွာက်ဆုံး) က ဒု ခဲြမႉးျဖစ္လာပါတယ္။ တပ္ခြဲ ၃ မွ ခြဲမႉး ကိုျမင့္ေအာင္ ဗဟုိဖက္ဆီ တာ၀န္ေျပာင္းတဲ့အတြက္ ဒုခဲြမႉး ကိုဘုန္းေက်ာ္က တပ္ခြဲမႉးျဖစ္လာၿပီး တပ္စုမႉးတဦးျဖစ္သူ ကိုေအာင္နုိင္ (၁၉၉၄-မွာက်ဆုံး) က ဒုခြဲမႉး ျဖစ္လာပါတယ္။ တပ္ရင္း အရာခံဗုိလ္ကေတာ့ ကုိ၀င္းေအာင္ (အခုအေမရိကန္) ျဖစ္ပါတယ္။
ဒီေနရာမွာ စခန္းေကာ္မတီနဲ႔ တပ္မႉးေတြ ဘယ္လုိ အာဏာ (တာ၀န္) ခဲြေ၀သလဲ ဆုိတာကလဲ စိတ္၀င္စားဖုိ႔ ေကာင္းပါတယ္။ ေကာ္မတီနဲ႔ တပ္မႉး ေပါင္းထားတဲ့ဖြဲ႔စည္းပုံကုိ ဘယ္ကေန ေကာ္ပီကူးထားမွန္း က်ေနာ္ အတိအက်မသိေပမယ့္ အၾကမ္းအားျဖင့္ကေတာ့ က်ေနာ္တုိ႔အရင္ ေတာထဲမွာ ရွိသမွ် လက္နက္ကုိင္ အဖဲြ႔အေတာ္မ်ားမ်ား ဒီဖြဲ႔စည္းပုံနဲ႔ ခရီးနွင္ခဲ့တာကုိ က်ေနာ္သတိျပဳမိပါတယ္။ ဥပမာအားျဖင့္ ဗကပမွာဆုိရင္ ခ႐ုိင္နုိင္ငံေရးမႉးနဲ႔ ခ႐ိုင္တပ္မႉးဆုိၿပီး ဗုိလ္ ၂ ဦးကို ပူးတြဲတာ၀န္ေပးထားပါတယ္။ KNU မွာလည္း အလားတူ ခပ္ဆင္ဆင္ပါပဲ။ ခ႐ုိင္ဥကၠ႒နဲ႔ တပ္မဟာမႉး၊ ၿမိဳ႕နယ္ဥကၠ႒နဲ႔ တပ္ရင္းမႉး၊ တပ္ခြဲမႉး စသျဖင့္ ဗုိလ္ ၂ ဦးကို တဲြၿပီးတာ၀န္ေပးထားတာ ေတြ႔ရပါတယ္။ အလားတူ ျပည္ခ်စ္ေခတ္ကလည္း တပ္ရင္းနုိင္ငံေရးမႉးနဲ႔ တပ္ရင္းမႉးဆုိၿပီး ဗုိလ္ ၂ ဦးကို တဲြၿပီးတာ၀န္ေပးခဲ့တယ္လုိ႔ သိရပါတယ္။
ဒါေၾကာင့္ က်ေနာ္တုိ႔ က်ဳိးဖုိးတပ္မေတာ္ဟာလည္း ကမာၻမွာ ပထမဆုံး ေပၚလာတဲ့ တခုတည္းေသာ တပ္မေတာ္လုိ႔ ေၾကြးေၾကာ္ထားေပမဲ့ ဖြဲ႔စည္းပုံကေတာ့ ေနာင္ေတာ္ သူပုန္တပ္ေတြဆီကပဲ ပုံတူ ကူးထားပုံုံရပါတယ္။ ေတာတြင္းကာလ ၁၀ နွစ္တာ အေတြ႔အႀကံဳအရ ဒီလုိစခန္းေကာ္မီတီနဲ႔ တပ္မႉးေတြ တြဲဖက္တာ၀န္ ေပးထားတဲ့ေခတ္ဟာ က်ေနာ္တုိ႔စခန္းအတြက္ အလုပ္အျဖစ္ဆုံး ကာလေတြအျဖစ္ က်ေနာ္ အမွတ္ရေနပါတယ္။ ၁၉၉၁ ေနာက္ပုိင္း စခန္းေကာ္မီတီကုိ ဖ်က္ၿပီး တပ္ရင္းမႉးနဲ႔ တပ္မႉးေတြ သက္သက္က ဦးစီးတဲ့ေခတ္မွာေတာ့ တပ္ရင္းမႉးမွာ အာဏာ (တာ၀န္နဲ႔ လုပ္ပုိင္ခြင့္္) သိပ္မ်ားလာၿပီး တဦးတည္းရဲ႕ ဆုံးျဖတ္ခ်က္ေတြနဲ႔ အမိန္႔ေပးနုိင္တဲ့ အဆင့္အထိ ေရာက္သြားတာကို ေတြ႔ရဖူးပါတယ္။
ေကာ္မတီေလးျဖစ္ခ်င္သည္
ဒါက တပ္ရင္း႐ံုးရွိရာ အစည္းေ၀းခန္းမထဲက ေဆြးေႏြးျငင္းခုန္မႈေတြ။ အဲဒိီကာလ အသုံးအႏႈန္း အတုိင္းဆုိရင္ေတာ့ “နုိင္ငံေရးအဘိဓမၼာေတြ” ေပါ့။ ဒါေပမယ့္ ရဲေဘာ္အမ်ားစုရွိတဲ့ ဘားတုိက္ေ
တြမွာေတာ့ ဒီကိစၥေတြကို သိပ္စိတ္၀င္စားပုံ မျပပါ။ ဂစ္တာေတြဘာေတြနဲ႔ သီခ်င္းဆုိသူဆုိ၊ ဟုိအေၾကာင္း ဒီအေၾကာင္းပြားသူနဲ႔ ေကာ္မတီကုိ ေ၀ဖန္ေနၾကပါတယ္။ ရဲေဘာ္ေတြ သီဆုိေနတဲ့ ေဟာဒီသီခ်င္းကို နားေထာင္ၾကည့္မယ္ဆုိရင္ အဲဒီကာလ ေကာ္မတီရဲ႕ ၾသဇာႀကီးပုံနဲ႔ အျမင္ကပ္ခံရပုံကို ခန္႔မွန္းနုိင္မယ္လို႔ ထင္ပါတယ္။
“… ေကာ္မီတီေလး ျဖစ္ခ်င္သည္ …
ဘန္ေကာက္၊ မဲေဆာက္ကို ခဏခဏသြားမည္ …
ဘာဘာညာညာ ၀ယ္ခဲ့မည္ …”
အဆုိေတာ္လႊမ္းမုိးရဲ႕ “အခုေတာ့ ပါစပ္ရာဇ၀င္ေလးတခု ျဖစ္လုိ႔က်န္ခဲ့ၿပီ” သီခ်င္းထဲက မူလစာသားေတြျဖစ္တဲ့ “ေမွာ္ဆရာေလးျဖစ္ခ်င္သည္ … ပုံျပင္ေဟာင္းကေလး အသက္သြင္းမိေတာ့မည္ …” ကုိ စာသားေျပာင္းဆုိထားတဲ့ က်ဳိးဖုိးမ်ားရဲ႕ ေကာ္မတီသေရာ္စာ သီခ်င္းမ်ားစြာထဲက ထင္ရွားတဲ့တပုဒ္ ျဖစ္ပါတယ္။
ေနာက္ထပ္ ထင္ရွားတဲ့ တပုဒ္ကေတာ့ …
“ေကာ္မတီအတြက္ဆုိ ၾကက္ကုိလည္း ၀ယ္ပါမည္ …
ေနပါေစ ငါတုိ႔အတြက္ေတာ့ ပဲဟင္းနဲ႔ေတာ္ၿပီ …”
ဒီသီခ်င္းကေတာ့ အခန္း ၈ မွာ က်ေနာ္တင္ျပခဲ့တဲ့အတုိင္း ကုိထူးအိမ္သင္ ရန္ကုန္မျပန္ခင္ ေရးေပးခဲ့တဲ့ “အဆုံးသတ္တုိက္ပဲြ” သီခ်င္းထဲက ေျပာင္ေျမာက္လွတဲ့ မူလစာသားေတြျဖစ္တဲ့ … “နုိင္ငံေတာ္အတြက္ဆုိ အသက္ကုိလည္း ဘာမထီ … ေသပေစ ခြပ္ေဒါင္းေသြးေဟ့ ရဲရဲေရွ႕ကုိခ်ီ” … ကုိ စာသားေျပာင္းထားတဲ့ က်ဳိးဖုိးမ်ားရဲ႕ ေနာက္ထပ္ ေကာ္မတီသေရာ္စာ သီခ်င္းတပုဒ္ျဖစ္ပါတယ္။
အဲဒီကာလဟာ စခန္းတခုနဲ႔တခုအၾကား ပုံမွန္ဆက္သြယ္ဖုိ႔ ဆက္သြယ္ေရးစက္ေတြ မရွိေသးေပမယ့္ သီေဘာဘုိးစခန္းဘက္မွာ နာမည္ႀကီးေနတဲ့ အဲဒီသီခ်င္း က်ေနာ္တုိ႔ခစန္းဆီ ဘယ္လုိကေန ဘယ္လုိ ေရာက္လာသလဲေတာ့ မသိပါ။ အဲဒီထက္ ပုိဆုိးတာကေတာ့ ေက်ာင္းသားတပ္မေတာ္ရဲ႕ သႏၷိဌာန္ ၄ ခ်က္ထဲက ေနာက္ဆုံးအခ်က္ျဖစ္တဲ့ “ဒီမုိကေရစီေတာ္လွန္ေရး ေအာင္ျမင္သည္အထိ အသက္စြန္႔ တုိက္ပဲြ၀င္သြားရန္ သႏၷိဌာန္ျပဳပါသည္” ဆုိတဲ့ စကားလုံးကိုေတာင္ ေနာက္ေျပာင္ၿပီး “ဒီမုိကေရစီေတာ္လွန္ေရး ေအာင္ျမင္သည္အထိ အသက္စြန္႔ တုိက္ပဲြ၀င္သြားရန္ ငါ၏မိန္းမနွင့္ တုိင္ပင္ပါဦးမည္” ဆိုၿပီး ေလွာင္ေျပာင္တဲ့အထိ ေက်ာင္းသားေတြအၾကား ဒီမုိကေရစီအခြင့္ေရးေတြ ရေနတယ္ဆုိပါေတာ့။
ဘယ္လိုမ်ဳိး ဒီမုိကေရစီႀကီးလဲ
ဆက္သြယ္ေရးတပ္ဆြယ္မွ ရဲေမမ်ား
က်ေနာ္တုိ႔ ေက်ာင္းသားေတြၾကားမွာ ဒီလုိ လြတ္လပ္စြာ သေဘာထားကဲြၿပီး အလြန္အကြ်ံ ဒီမုိကေရစီ က်င့္သုံးကာ လြတ္လပ္စြာ ျငင္းခုန္ေနၾကေပမယ့္ က်ေနာ္တုိ႔ရဲ႕မဟာမိတ္ KNU နဲ႔ တျခားလက္နက္ကုိင္ အဖြဲ႔ေတြအတြက္ေတာ့ ဒါေတြဟာ အထူးအဆန္း ျဖစ္ေနပုံရပါတယ္။ လက္နက္ကုိင္အဖြဲ႔ဆုိတာဟာ စစ္တပ္ျဖစ္တဲ့အတြက္ တပ္မႉးက အမိန္႔ေပးတဲ့အတုိင္း တေသြး တသံ တမိန္႔နဲ႔ သြားရမယ့္အခ်ိန္မွာ ဒီလုိမ်ဳိး လြတ္လပ္စြာ သေဘာထားကြဲၿပီး ေ၀ဖန္ျငင္းခုံေနၾကပုံကို သူတုိ႔ေတြ နားလည္နုိင္ပုံမရပါဘူး။
က်ေနာ္မွတ္မိသေလာက္ဆုိရင္ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး ထီးခီး႐ံုးမွာေတြ႔တဲ့ KNU အရာရွိ တခ်ဳိ႕နဲ႔ က်ေနာ္တုိ႔ေက်ာင္းသားေတြၾကား ေဆြးေႏြး ျငင္းခုံဖူးပါတယ္။ အဲဒီကာလေတြက KNU ဟာ ၄ နွစ္တႀကိမ္၊ ၅ နွစ္တႀကိမ္ ပုံမွန္ညီလာခံေတြ မလုပ္နုိင္တဲ့အတြက္ ရာသက္ပန္ ဥကၠ႒တုိ႔၊ အၿမဲတမ္း ဗဟိုေကာ္မတီ၀င္တုိ႔နဲ႔ စခန္းသြားေနဆဲ အခ်ိန္ျဖစ္ပါတယ္။ ဒါေပမယ့္ KNU ပဒုိေတြဖက္က ေျပာတာကလည္း သူ႔အျမင္နဲ႔သူ၊ သူ႔အေတြ႔အႀကံဳနဲ႔သူေတာ့ သဘာ၀က်ေနသလုိ ျဖစ္ေနျပန္ပါတယ္။ “ေတာထဲမွာ အခ်ိန္ၾကာလာရင္ ခင္ဗ်ားတုိ႔သိလာလိမ့္မယ္။ လက္နက္ကုိင္ေတာ္လွန္ေရးမွာ ေခါင္းေဆာင္ ခဏခဏေျပာင္းလုိ႔ ဘယ္ျဖစ္မလဲ” ဆုိၿပီး ပဒုိတဦးက ေျပာခဲ့ဖူးတာကို က်ေနာ္မွတ္မိေနဆဲ ျဖစ္ပါတယ္။
အခုနွစ္ ၂၀ ၾကာၿပီးတဲ့အခါမွာေတာ့ က်ေနာ္တုိ႔ေက်ာင္းသားေတြဟာ ဒီမုိကေရစီကို အလြန္အကြ်ံ က်င့္သုံးခဲ့တဲ့ တဖက္စြန္းကိုမ်ား ေရာက္ခဲ့ေလသလား။ တျခား မဟာမိတ္အဖြဲ႔ေတြကေတာ့ အဖြဲ႔အစည္း တည္ၿငိမ္ေရးကို ဦးစားေပးရင္းနဲ႔ ရာသက္ပန္ ဥကၠ႒ထားေရးဘက္ကုိ အစြန္းေရာက္သြားခဲ့ေလသလားလုိ႔ ျပန္စဥ္းစားေနမိပါတယ္။ တခ်ိန္တည္းမွာပဲ လက္နက္ကုိင္ ေတာ္လွန္ေရးဆုိတာဟာ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ေခါင္းေဆာင္အေျပာင္းလဲလုပ္ဖုိ႔ ပုိခက္သြားတတ္သလားဆုိၿပီးလည္း က်ေနာ္စဥ္းစားေနမိျပန္ပါတယ္။
ဒါေပမယ့္ အဲဒီကာလကေတာ့ ဒိီလုိသေဘာတရားေတြကို စဥ္းစားေနဖုိ႔ အခ်ိန္မရပါဘူး။ ေရွ႕မွာ တင္ျပခဲ့တဲ့အတုိင္း ဆန္နဲ႔ရိကၡာ အခ်ိန္မီထုတ္ေပးနုိင္ဖုိ႔ အပါအ၀င္ ေန႔စဥ္ႀကံဳေတြ႔ေနရတဲ့ ဗူးသီးဓားထုိးမႈေတြနဲ႔ စခန္းေကာ္မတီအားလုံး အလုပ္႐ႈပ္ေနပါတယ္။ အဲဒီအမႈေတြထဲမွာ မနက္ ၇ နာရီတုိင္း အလံတုိင္ေရွ႕မွာ တန္းစီၿပီး ခြပ္ေဒါင္းအလံကို အေလးျပဳဖုိ႔ ပ်က္ကြက္တဲ့အမႈအတြက္ ရဲေဘာ္ေတြကို ျမက္ရွင္းခုိင္းတာမ်ဳိး၊ အမရာရြာဆီသြားၿပီး အရက္ခုိးေသာက္သူကုိ ၁၂ နာရီၾကာ ထိပ္တုံးခတ္တာမ်ဳိး၊ ေနာက္တခါ ညဘက္ ကင္းအိပ္တဲ့အမႈ၊ ကင္းသမားအတြက္ ေပးထားတဲ့ ဓာတ္မိီးထဲက ဓာတ္ခဲအသစ္ကုိ အေဟာင္းနဲ႔လဲၿပီး ခုိးယူမႈ၊ အမ်ဳိးသမီးဘားတုိက္ကုိ ေခ်ာင္းၾကည့္မႈ၊ ရည္စားစာေပးမႈ စသျဖင့္ စုံေနတာပါပဲ။
အဲဒီလုိအမႈေတြထဲကမွ အမ်ားစိတ္၀င္စားၿပီး အခုခ်ိန္အထိ က်ေနာ္တုိ႔ၾကား ေျပာစမွတ္ျဖစ္ေနတဲ့ အမႈတခုကေတာ့ က်ေနာ္ မင္းသမီးစခန္းဆီ ျပန္မေရာက္ခင္ေလး ၁၉၈၉ ဒီဇင္ဘာေလာက္မွာ ျဖစ္ပြားခဲ့တဲ့ အခ်စ္ဇာတ္လမ္းေလးတပုဒ္ပါ။ ေရွ႕မွာေျပာခဲ့တဲ့အတုိင္း ေတာ္လွန္ေရးအေစာပုိင္း ကာလေတြဟာ စည္းကမ္းေတြ အလြန္တင္းက်ပ္ၿပီး အဲဒီထဲမွာ ရည္းစားစာ မေပးရ၊ ရည္စားမထားရ၊ အမ်ားမျမင္နုိင္တဲ့အရပ္မွာ အမ်ဳိးသားနဲ႔ အမ်ဳိးသမီး တဦးခ်င္းမေတြ႔ရဆုိတဲ့ အခ်က္ေတြလည္း ပါ၀င္ေနပါတယ္။ ဒီစည္းကမ္းခ်က္ေတြအတုိင္း အတိအက် လုိက္နာမႈရွိ မရွိ စုံစမ္းရသူကေတာ့ စခန္းေကာ္မတီ စည္းကမ္း ထိမ္းသိမ္းေရးအဖြဲ႔ေပါ့ဗ်ာ။
ဒီလုိနဲ႔ ညေနေစာင္းတခုမွာေတာ့ လူမျမင္တဲ့ ၾကခတ္၀ါး႐ံုေတာမွာ ခ်ိန္းေတြ႔တဲ့ အတြဲတတြဲကုိ စည္းကမ္းထိမ္းသိမ္းေရးအဖြဲ႔က ဖမ္းမိလာတယ္ဆုိပါေတာ့။
အဲဒီအတြဲကုိ ေကာ္မတီ႐ံုးမွာ စစ္တဲ့အခါ စည္းကမ္းထိမ္းသိမ္းေရးအဖြဲ႔က စည္းကမ္း ထိမ္းသိမ္းေနတာလား၊ အတြဲလုိက္ေခ်ာင္းေနတာလားဆုိၿပီး အျငင္းပြားမႈ ျဖစ္ခဲ့တယ္လုိ႔ဆုိပါတယ္။ စည္းကမ္း ထိမ္းသိမ္းေရး အဖြဲ႔ဘက္က တင္ျပတာကေတာ့ ဒီအတြဲဟာ စည္းကမ္းေဖာက္လုိ႔ ဒီလုိဖမ္းလာတယ္ေပါ့။ ဒါေပမယ့္ ဖမ္းဆီးခံ စုံတြဲဘက္ကေတာ့ ဒါကို လက္မခံဘဲ “ဒါဟာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈျဖစ္တယ္” ဆုိၿပီး ျပန္စြပ္စြဲတယ္လုိ႔ ဆုိပါတယ္။
ၿပီးေတာ့ အဲဒီအမ်ဳိးသမီး ဆက္ေျပာတာက “ကုိယ္ႀကိဳက္လုိ႔ ကုိယ့္ရည္းစားကုိယ္ေတြ႔တာ ေကာ္မတီနဲ႔ ဘာဆုိင္လဲ။ ဒီမုိကေရစီအတြက္ တုိက္ေနတယ္ေျပာၿပီး ရည္စားေတာင္ လြတ္လြတ္လပ္လပ္ ထားလုိ႔မရတဲ့ ဒီမုိကေရစီက ဘယ္လုိမ်ဳိး ဒိီမုိကေရစီႀကီးလဲ။ ဒီ ဒီမုိကေရစီီမ်ဳိးေတာ့ က်မ မလုိခ်င္ေတာ့ဘူး” ဆုိၿပီး ေကာ္မတီေတြေရွ႕မွာ ငုိခ်လုိက္တယ္လို႔ဆုိပါတယ္။ ဒီအမႈကုိ စိတ္၀င္တစား နားစြင့္ေနတဲ့ ရဲေဘာ္ထုၾကားမွာေတာ့ ဒီသတင္းက ခ်က္ခ်င္းျပန္႔သြားၿပီး “ဘယ္လုိမ်ဳိး ဒီမုိကေရစီႀကီးလဲ” ဆုိတဲ့စကားလုံးက ေရပန္းစားသြားပါတယ္။
ဒီလုိနဲ႔ က်ေနာ္မင္းသမီးစခန္းဆီ ျပန္ေရာက္စအခ်ိန္မွာ ဒီစကားလုံးက ရဲေဘာထုအၾကား အတြင္က်ယ္ဆုံး စကားလုံးျဖစ္ေနၿပီး တခုခုေျပာဖုိ႔အကြက္၀င္တာနဲ႔ “ဘယ္လိုမ်ဳိး ဒီမုိကေရစီႀကီးလဲ” ဆုိၿပီး ေနာက္ေျပာင္ေလ့ရွိတာကုိ က်ေနာ္မွတ္မိေနပါတယ္။

===========================================================
(အပိုင်း ၂၄)
ထက်အောင်ကျော် on March 29, 2012 6:12 pm
အောက်မေ့ဖွယ် / ဧရာဝတီ။
တပ်ရင်းညီလာခံနဲ့ ကော်မီတီသစ်၊ တပ်မှူးအသစ်များ ရွေးချယ်ခြင်း
တပတ်လောက်သာ ကြာမယ်ထင်ပြီး ခေါ်လိုက်တဲ့ တပ်ရင်းညီလာခံဟာ ၁၀ ရက်ကျော်တဲ့အထိ ဆွေးနွေးစရာ မကုန်သေးဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာလည်း ကျောင်းသားတွေနဲ့ တခြားအဖွဲ့စည်းတွေ မတူတဲ့အချက်ကို တင်ပြလိုပါတယ်။ ပြည်တွင်းမှာပဲဖြစ်ဖြစ် နယ်စပ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့စည်းတွေ အစည်းဝေးလုပ်တဲ့အခါ ဘယ်နှရက်လုပ်မယ်၊ ဆွေးနွေးမယ့်အကြောင်းအရာက ဘာတွေဖြစ်တယ် စသဖြင့် အတိအကျ သတ်မှတ်ပြီး ၂ ရက် ၃ ရက်နဲ့ ပြတ်အောင်လုပ်လေ့ရှိပေမယ့် ကျနော်တို့ကျိုးဖိုးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီလို ကြိုတင်ကန့်သတ် ထားတာကို မကြိုက်ဘူး။ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးရမယ်ဆိုပြီး ငြင်းလိုက်ခုန်လိုက်နဲ့ ၁၅ ရက်တိတိ ကြာသွားပါတယ်။
တပ်ခွဲမှုး ကိုဘုန်းကျော်နဲ့အတူ တပ်ခွဲ ၃ မှ စစ်ကြောင်းတခုကိုတွေ့ရစဉ်
ညီလာခံအတွင်း ဆွေးနွေးတဲ့ အချက်တွေထဲက အရေးကြီးတဲ့အချက်တွေအဖြစ် ကျနော် မှတ်မိ သလောက်ကတော့ ရွေးကောက်ပွဲမှာ NLD က နိုင်သွားတဲ့အတွက် NLD အစိုးရအသစ် ပေါ်လာရင် ABSDF ဘယ်လို ဆက်လက်ရပ်တည်မလဲဆိုတဲ့ နိုင်ငံရေးကိစ္စ ပါပါတယ်။ နောက်တခါ ရှေ့တန်းမှာ KNU နဲ့ ပူးတွဲလှုပ်ရှားတဲ့အခါ ကျောင်းသားတွေက ရွာရှေ့မှာ လူထုတရားဟောပွဲလုပ်။ KNU က နောက်မှာ ရွာအုပ်ချုပ်ရေးချပြီး အခွန်ကောက်နေတဲ့ကိစ္စ ကော်မတီက ဖြေရှင်းပေးပါဆိုတဲ့ မဟာမိတ် ဆက်ဆံရေးကိစ္စ ပါပါတယ်။ နောက်တခါ ပင်လယ်ပြင်ဆီ တိုးချဲ့ထိုးဖောက်ရေးကိစ္စ ပါတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီလို အရေးကြီးတဲ့ကိစ္စတွေအတွက် အချိန်သိပ်ကုန်တာ မဟုတ်ဘဲ အစည်းအဝေးဆုံးဖြတ်ချက်၊ မှတ်တမ်းတင်ချက် တကြောင်းချင်းစီကို စကားလုံး စီတာကအစ သတ်ပုံ အမှားအမှန်အထိအဆုံး ညီလာခံမှာ ဆွေးနွေး ငြင်းခုန်နေတဲ့အတွက် အခုလို အချိန် ၁၅ ရက် ကြာသွားတာဖြစ်မလားလို့ ကျနော် ပြန်စဉ်းစားနေမိပါတယ်။
ဒါပေမယ့် ဒီညီလာခံအပါဝင် ABSDF ညီလာခံ အသီးသီး၊ အစည်းဝေးအသီးသီးရဲ့ ဝေါဟာရငြင်းခုန်ပွဲ၊ သတ်ပုံငြင်းခုံပွဲတွေဟာ အလားကား အချိန်ဖြုန်းရုံ သက်သက်တော့ ဖြစ်ပုံမရပါဘူး။ ဘာကြောင့်လဲဆိုရင် Federal ကို မြန်မာမှုပြုတဲ့အခါ “ဖက်-ဒရယ်မူ” လို့ ရေးမလား။ “ဖယ်-ဒရယ်မူ” လို့ရေးမလားဆိုတဲ့ “ဖက်” နဲ့ “ဖယ်” စကားလုံး ၂ လုံးအပေါ် ကျောင်းသားတွေရဲ့ ရွေးချယ်မှုပုံစံကို အထူး စိတ်ဝင်စား မိတယ်လို့ KNU ပဒိုတဦးဖြစ်သူ တပ်မဟာ ၄ ဒေသ ကျောင်းသားရေးရာ တာဝန်ခံ မန်းငြိမ်းမောင်က ပြောဖူးပါတယ်။ “ဖယ်” ဆိုတာဟာ ကျဉ်ဖယ်၊ ရှောင်ဖယ်တဲ့သဘောဖြစ်ပြီး “ဖက်” ဆိုတာက ဖက်တွယ်ခြင်း၊ တဦးနဲ့တဦး ပွေ့ဖက်ခြင်း၊ ချစ်ကြည်ခြင်းသဘောကို ဆောင်တဲ့အတွက် “ဖယ်” အစား “ဖက်” ကို သုံးတယ်လို့ ကျိုးဖိုး ဘာသာဗေဒဆရာတွေရဲ့ ရှင်းလင်းချက်ကို သူ အထူးသဘောကျမိတယ်လို့ ပဒိုမန်းငြိမ်းမောင် ပြောခဲ့ဖူးတာကို ကျနော်အမှတ်ရနေပါတယ်။
ဒီလိုငြင်းခုံမှုမျိုးစုံနဲ့ သတင်း ၂ ပတ်ကြာခဲ့တဲ့ ညီလာခံနောက်ဆုံးနေ့မှာတော့ စခန်းကော်မတီ ပြန်ရွေးတာ၊ တပ်မှူးတွေ ပြန်ရွေးတာ၊ ပြန်လည် အတည်ပြုတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးချယ်မှုတွေအရ အရန်ဗဟိုကော်မတီနဲ့ စခန်းကော်မတီ စည်းရုံးရေးတာဝန်ခံ ကိုဌေးအောင် ဗဟိုဌာနချုပ်ဆီသွားတာကို အတည်ပြုပါတယ်။ နောက် လစ်လပ် စခန်းကော်မတီနေရာအတွက် တပ်ထောက်ဗိုလ်ကြီး ကျနော့်ကို စခန်းကော်မတီ ထောက်ပံ့ရေးတာဝန်ခံအဖြစ် ညီလာခံကနေ ရွေးချယ်လိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ် တက်နေတဲ့ ကျောင်းသားတဦးဖြစ်သူ ထားဝယ်မှ ကိုမြင့်လွင်က တပ်ထောက်ဗိုလ်ကြီး ဖြစ်လာပါတယ်။
တပ်ရေးဗိုလ်ကြီး ကိုအေးသော် တခြားတာဝန်ထမ်းဖို့ ရှိတယ်ဆိုပြီး နုတ်ထွက်သွားတဲ့အတွက် တပ်ခွဲ ၁ မှ ဒုခွဲမှူးဖြစ်သူ ကိုပြည်ဆောင်ဦးက တပ်ရေးဗိုလ်ကြီး ဖြစ်လာပါတယ်။ ခွဲ ၁ မှ တပ်စုမှူးတဦးဖြစ်သူ ကိုမျိုးအောင် ခေါ် ဖိုးတုတ်ကြီး (၁၉၉၁-မှာကျဆုံး) က ဒု ခွဲမှူးဖြစ်လာပါတယ်။ တပ်ခွဲ ၃ မှ ခွဲမှူး ကိုမြင့်အောင် ဗဟိုဖက်ဆီ တာဝန်ပြောင်းတဲ့အတွက် ဒုခွဲမှူး ကိုဘုန်းကျော်က တပ်ခွဲမှူးဖြစ်လာပြီး တပ်စုမှူးတဦးဖြစ်သူ ကိုအောင်နိုင် (၁၉၉၄-မှာကျဆုံး) က ဒုခွဲမှူး ဖြစ်လာပါတယ်။ တပ်ရင်း အရာခံဗိုလ်ကတော့ ကိုဝင်းအောင် (အခုအမေရိကန်) ဖြစ်ပါတယ်။
ဒီနေရာမှာ စခန်းကော်မတီနဲ့ တပ်မှူးတွေ ဘယ်လို အာဏာ (တာဝန်) ခွဲဝေသလဲ ဆိုတာကလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကော်မတီနဲ့ တပ်မှူး ပေါင်းထားတဲ့ဖွဲ့စည်းပုံကို ဘယ်ကနေ ကော်ပီကူးထားမှန်း ကျနော် အတိအကျမသိပေမယ့် အကြမ်းအားဖြင့်ကတော့ ကျနော်တို့အရင် တောထဲမှာ ရှိသမျှ လက်နက်ကိုင် အဖွဲ့အတော်များများ ဒီဖွဲ့စည်းပုံနဲ့ ခရီးနှင်ခဲ့တာကို ကျနော်သတိပြုမိပါတယ်။ ဥပမာအားဖြင့် ဗကပမှာဆိုရင် ခရိုင်နိုင်ငံရေးမှူးနဲ့ ခရိုင်တပ်မှူးဆိုပြီး ဗိုလ် ၂ ဦးကို ပူးတွဲတာဝန်ပေးထားပါတယ်။ KNU မှာလည်း အလားတူ ခပ်ဆင်ဆင်ပါပဲ။ ခရိုင်ဥက္ကဋ္ဌနဲ့ တပ်မဟာမှူး၊ မြို့နယ်ဥက္ကဋ္ဌနဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူး စသဖြင့် ဗိုလ် ၂ ဦးကို တွဲပြီးတာဝန်ပေးထားတာ တွေ့ရပါတယ်။ အလားတူ ပြည်ချစ်ခေတ်ကလည်း တပ်ရင်းနိုင်ငံရေးမှူးနဲ့ တပ်ရင်းမှူးဆိုပြီး ဗိုလ် ၂ ဦးကို တွဲပြီးတာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၁ တပ်ရင်း ဆေးတပ်ဖွဲ့အား တွေ့ရစဉ်
ဒါကြောင့် ကျနော်တို့ ကျိုးဖိုးတပ်မတော်ဟာလည်း ကမ္ဘာမှာ ပထမဆုံး ပေါ်လာတဲ့ တခုတည်းသော တပ်မတော်လို့ ကြွေးကြော်ထားပေမဲ့ ဖွဲ့စည်းပုံကတော့ နောင်တော် သူပုန်တပ်တွေဆီကပဲ ပုံတူ ကူးထားပုံံရပါတယ်။ တောတွင်းကာလ ၁၀ နှစ်တာ အတွေ့အကြုံအရ ဒီလိုစခန်းကော်မီတီနဲ့ တပ်မှူးတွေ တွဲဖက်တာဝန် ပေးထားတဲ့ခေတ်ဟာ ကျနော်တို့စခန်းအတွက် အလုပ်အဖြစ်ဆုံး ကာလတွေအဖြစ် ကျနော် အမှတ်ရနေပါတယ်။ ၁၉၉၁ နောက်ပိုင်း စခန်းကော်မီတီကို ဖျက်ပြီး တပ်ရင်းမှူးနဲ့ တပ်မှူးတွေ သက်သက်က ဦးစီးတဲ့ခေတ်မှာတော့ တပ်ရင်းမှူးမှာ အာဏာ (တာဝန်နဲ့ လုပ်ပိုင်ခွင့်) သိပ်များလာပြီး တဦးတည်းရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အမိန့်ပေးနိုင်တဲ့ အဆင့်အထိ ရောက်သွားတာကို တွေ့ရဖူးပါတယ်။
ကော်မတီလေးဖြစ်ချင်သည်
ဒါက တပ်ရင်းရုံးရှိရာ အစည်းဝေးခန်းမထဲက ဆွေးနွေးငြင်းခုန်မှုတွေ။ အဲဒီကာလ အသုံးအနှုန်း အတိုင်းဆိုရင်တော့ “နိုင်ငံရေးအဘိဓမ္မာတွေ” ပေါ့။ ဒါပေမယ့် ရဲဘော်အများစုရှိတဲ့ ဘားတိုက်ေ
တွမှာတော့ ဒီကိစ္စတွေကို သိပ်စိတ်ဝင်စားပုံ မပြပါ။ ဂစ်တာတွေဘာတွေနဲ့ သီချင်းဆိုသူဆို၊ ဟိုအကြောင်း ဒီအကြောင်းပွားသူနဲ့ ကော်မတီကို ဝေဖန်နေကြပါတယ်။ ရဲဘော်တွေ သီဆိုနေတဲ့ ဟောဒီသီချင်းကို နားထောင်ကြည့်မယ်ဆိုရင် အဲဒီကာလ ကော်မတီရဲ့ သြဇာကြီးပုံနဲ့ အမြင်ကပ်ခံရပုံကို ခန့်မှန်းနိုင်မယ်လို့ ထင်ပါတယ်။
“… ကော်မီတီလေး ဖြစ်ချင်သည် …
ဘန်ကောက်၊ မဲဆောက်ကို ခဏခဏသွားမည် …
ဘာဘာညာညာ ဝယ်ခဲ့မည် …”
အဆိုတော်လွှမ်းမိုးရဲ့ “အခုတော့ ပါစပ်ရာဇဝင်လေးတခု ဖြစ်လို့ကျန်ခဲ့ပြီ” သီချင်းထဲက မူလစာသားတွေဖြစ်တဲ့ “မှော်ဆရာလေးဖြစ်ချင်သည် … ပုံပြင်ဟောင်းကလေး အသက်သွင်းမိတော့မည် …” ကို စာသားပြောင်းဆိုထားတဲ့ ကျိုးဖိုးများရဲ့ ကော်မတီသရော်စာ သီချင်းများစွာထဲက ထင်ရှားတဲ့တပုဒ် ဖြစ်ပါတယ်။
နောက်ထပ် ထင်ရှားတဲ့ တပုဒ်ကတော့ …
“ကော်မတီအတွက်ဆို ကြက်ကိုလည်း ဝယ်ပါမည် …
နေပါစေ ငါတို့အတွက်တော့ ပဲဟင်းနဲ့တော်ပြီ …”
ဒီသီချင်းကတော့ အခန်း ၈ မှာ ကျနော်တင်ပြခဲ့တဲ့အတိုင်း ကိုထူးအိမ်သင် ရန်ကုန်မပြန်ခင် ရေးပေးခဲ့တဲ့ “အဆုံးသတ်တိုက်ပွဲ” သီချင်းထဲက ပြောင်မြောက်လှတဲ့ မူလစာသားတွေဖြစ်တဲ့ … “နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ … သေပစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ” … ကို စာသားပြောင်းထားတဲ့ ကျိုးဖိုးများရဲ့ နောက်ထပ် ကော်မတီသရော်စာ သီချင်းတပုဒ်ဖြစ်ပါတယ်။
အဲဒီကာလဟာ စခန်းတခုနဲ့တခုအကြား ပုံမှန်ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်တွေ မရှိသေးပေမယ့် သီဘောဘိုးစခန်းဘက်မှာ နာမည်ကြီးနေတဲ့ အဲဒီသီချင်း ကျနော်တို့ခစန်းဆီ ဘယ်လိုကနေ ဘယ်လို ရောက်လာသလဲတော့ မသိပါ။ အဲဒီထက် ပိုဆိုးတာကတော့ ကျောင်းသားတပ်မတော်ရဲ့ သန္နိဌာန် ၄ ချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ “ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ အသက်စွန့် တိုက်ပွဲဝင်သွားရန် သန္နိဌာန်ပြုပါသည်” ဆိုတဲ့ စကားလုံးကိုတောင် နောက်ပြောင်ပြီး “ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ အသက်စွန့် တိုက်ပွဲဝင်သွားရန် ငါ၏မိန်းမနှင့် တိုင်ပင်ပါဦးမည်” ဆိုပြီး လှောင်ပြောင်တဲ့အထိ ကျောင်းသားတွေအကြား ဒီမိုကရေစီအခွင့်ရေးတွေ ရနေတယ်ဆိုပါတော့။
ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ
ကော်မတီနဲ့ပတ်သက်ပြီး ဒီလိုလှောင်ပြောင်တဲ့ စကားလုံးတွေ ထွက်နေသလို တချို့စခန်းတွေဆိုရင် ရွေးလိုက်တဲ့ကော်မတီဟာ ၃-၄-လလောက်ပဲခံပြီး မကြာခဏ ကော်မတီရွေးရင်းနဲ့ အုပ်ချုပ်မှု မတည်ငြိမ်တဲ့ စခန်းအတော်များများ ရှိခဲ့တယ်လို့သိရပါတယ်။ ဒီလို ကော်မတီ ခဏခဏပြောင်းတာကို တောင် ဒီမိုကရေစီရဲ့ လုပ်ထုံးလုပ်နည်းအဖြစ် ကျောင်းသားတချို့က မြင်ကြပါတယ်။ ဒါပေမယ့် တချို့ကျောင်းသားတွေကတော့ ဒီမိုကရေစီ အခွင့်ရေးဆိုတာဟာ ဒီမိုကရေစီရပြီးမှသာ ကျင့်သုံးနိုင်တဲ့ အခွင့်အရေးဖြစ်ပြီး ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်နေဆဲကာလမှာ ဒီမိုကရေစီကျင့်စဉ်အတိုင်း လုပ်လို့မဖြစ်နိုင်သေးဘူးလို့ ငြင်းချက်ထုတ်ကြပါတယ်။
ဆက်သွယ်ရေးတပ်ဆွယ်မှ ရဲမေများ
ကျနော်တို့ ကျောင်းသားတွေကြားမှာ ဒီလို လွတ်လပ်စွာ သဘောထားကွဲပြီး အလွန်အကျွံ ဒီမိုကရေစီ ကျင့်သုံးကာ လွတ်လပ်စွာ ငြင်းခုန်နေကြပေမယ့် ကျနော်တို့ရဲ့မဟာမိတ် KNU နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေအတွက်တော့ ဒါတွေဟာ အထူးအဆန်း ဖြစ်နေပုံရပါတယ်။ လက်နက်ကိုင်အဖွဲ့ဆိုတာဟာ စစ်တပ်ဖြစ်တဲ့အတွက် တပ်မှူးက အမိန့်ပေးတဲ့အတိုင်း တသွေး တသံ တမိန့်နဲ့ သွားရမယ့်အချိန်မှာ ဒီလိုမျိုး လွတ်လပ်စွာ သဘောထားကွဲပြီး ဝေဖန်ငြင်းခုံနေကြပုံကို သူတို့တွေ နားလည်နိုင်ပုံမရပါဘူး။
ကျနော်မှတ်မိသလောက်ဆိုရင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ထီးခီးရုံးမှာတွေ့တဲ့ KNU အရာရှိ တချို့နဲ့ ကျနော်တို့ကျောင်းသားတွေကြား ဆွေးနွေး ငြင်းခုံဖူးပါတယ်။ အဲဒီကာလတွေက KNU ဟာ ၄ နှစ်တကြိမ်၊ ၅ နှစ်တကြိမ် ပုံမှန်ညီလာခံတွေ မလုပ်နိုင်တဲ့အတွက် ရာသက်ပန် ဥက္ကဋ္ဌတို့၊ အမြဲတမ်း ဗဟိုကော်မတီဝင်တို့နဲ့ စခန်းသွားနေဆဲ အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် KNU ပဒိုတွေဖက်က ပြောတာကလည်း သူ့အမြင်နဲ့သူ၊ သူ့အတွေ့အကြုံနဲ့သူတော့ သဘာဝကျနေသလို ဖြစ်နေပြန်ပါတယ်။ “တောထဲမှာ အချိန်ကြာလာရင် ခင်ဗျားတို့သိလာလိမ့်မယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ခေါင်းဆောင် ခဏခဏပြောင်းလို့ ဘယ်ဖြစ်မလဲ” ဆိုပြီး ပဒိုတဦးက ပြောခဲ့ဖူးတာကို ကျနော်မှတ်မိနေဆဲ ဖြစ်ပါတယ်။
အခုနှစ် ၂၀ ကြာပြီးတဲ့အခါမှာတော့ ကျနော်တို့ကျောင်းသားတွေဟာ ဒီမိုကရေစီကို အလွန်အကျွံ ကျင့်သုံးခဲ့တဲ့ တဖက်စွန်းကိုများ ရောက်ခဲ့လေသလား။ တခြား မဟာမိတ်အဖွဲ့တွေကတော့ အဖွဲ့အစည်း တည်ငြိမ်ရေးကို ဦးစားပေးရင်းနဲ့ ရာသက်ပန် ဥက္ကဋ္ဌထားရေးဘက်ကို အစွန်းရောက်သွားခဲ့လေသလားလို့ ပြန်စဉ်းစားနေမိပါတယ်။ တချိန်တည်းမှာပဲ လက်နက်ကိုင် တော်လှန်ရေးဆိုတာဟာ အချိန်တွေကြာလာတာနဲ့အမျှ ခေါင်းဆောင်အပြောင်းလဲလုပ်ဖို့ ပိုခက်သွားတတ်သလားဆိုပြီးလည်း ကျနော်စဉ်းစားနေမိပြန်ပါတယ်။
ဒါပေမယ့် အဲဒီကာလကတော့ ဒီလိုသဘောတရားတွေကို စဉ်းစားနေဖို့ အချိန်မရပါဘူး။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ဆန်နဲ့ရိက္ခာ အချိန်မီထုတ်ပေးနိုင်ဖို့ အပါအဝင် နေ့စဉ်ကြုံတွေ့နေရတဲ့ ဗူးသီးဓားထိုးမှုတွေနဲ့ စခန်းကော်မတီအားလုံး အလုပ်ရှုပ်နေပါတယ်။ အဲဒီအမှုတွေထဲမှာ မနက် ၇ နာရီတိုင်း အလံတိုင်ရှေ့မှာ တန်းစီပြီး ခွပ်ဒေါင်းအလံကို အလေးပြုဖို့ ပျက်ကွက်တဲ့အမှုအတွက် ရဲဘော်တွေကို မြက်ရှင်းခိုင်းတာမျိုး၊ အမရာရွာဆီသွားပြီး အရက်ခိုးသောက်သူကို ၁၂ နာရီကြာ ထိပ်တုံးခတ်တာမျိုး၊ နောက်တခါ ညဘက် ကင်းအိပ်တဲ့အမှု၊ ကင်းသမားအတွက် ပေးထားတဲ့ ဓာတ်မီးထဲက ဓာတ်ခဲအသစ်ကို အဟောင်းနဲ့လဲပြီး ခိုးယူမှု၊ အမျိုးသမီးဘားတိုက်ကို ချောင်းကြည့်မှု၊ ရည်စားစာပေးမှု စသဖြင့် စုံနေတာပါပဲ။
အဲဒီလိုအမှုတွေထဲကမှ အများစိတ်ဝင်စားပြီး အခုချိန်အထိ ကျနော်တို့ကြား ပြောစမှတ်ဖြစ်နေတဲ့ အမှုတခုကတော့ ကျနော် မင်းသမီးစခန်းဆီ ပြန်မရောက်ခင်လေး ၁၉၈၉ ဒီဇင်ဘာလောက်မှာ ဖြစ်ပွားခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်ပါ။ ရှေ့မှာပြောခဲ့တဲ့အတိုင်း တော်လှန်ရေးအစောပိုင်း ကာလတွေဟာ စည်းကမ်းတွေ အလွန်တင်းကျပ်ပြီး အဲဒီထဲမှာ ရည်းစားစာ မပေးရ၊ ရည်စားမထားရ၊ အများမမြင်နိုင်တဲ့အရပ်မှာ အမျိုးသားနဲ့ အမျိုးသမီး တဦးချင်းမတွေ့ရဆိုတဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။ ဒီစည်းကမ်းချက်တွေအတိုင်း အတိအကျ လိုက်နာမှုရှိ မရှိ စုံစမ်းရသူကတော့ စခန်းကော်မတီ စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့ပေါ့ဗျာ။
ဒီလိုနဲ့ ညနေစောင်းတခုမှာတော့ လူမမြင်တဲ့ ကြခတ်ဝါးရုံတောမှာ ချိန်းတွေ့တဲ့ အတွဲတတွဲကို စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က ဖမ်းမိလာတယ်ဆိုပါတော့။
အဲဒီအတွဲကို ကော်မတီရုံးမှာ စစ်တဲ့အခါ စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က စည်းကမ်း ထိမ်းသိမ်းနေတာလား၊ အတွဲလိုက်ချောင်းနေတာလားဆိုပြီး အငြင်းပွားမှု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့ဘက်က တင်ပြတာကတော့ ဒီအတွဲဟာ စည်းကမ်းဖောက်လို့ ဒီလိုဖမ်းလာတယ်ပေါ့။ ဒါပေမယ့် ဖမ်းဆီးခံ စုံတွဲဘက်ကတော့ ဒါကို လက်မခံဘဲ “ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်” ဆိုပြီး ပြန်စွပ်စွဲတယ်လို့ ဆိုပါတယ်။
ပြီးတော့ အဲဒီအမျိုးသမီး ဆက်ပြောတာက “ကိုယ်ကြိုက်လို့ ကိုယ့်ရည်းစားကိုယ်တွေ့တာ ကော်မတီနဲ့ ဘာဆိုင်လဲ။ ဒီမိုကရေစီအတွက် တိုက်နေတယ်ပြောပြီး ရည်စားတောင် လွတ်လွတ်လပ်လပ် ထားလို့မရတဲ့ ဒီမိုကရေစီက ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ။ ဒီ ဒီမိုကရေစီမျိုးတော့ ကျမ မလိုချင်တော့ဘူး” ဆိုပြီး ကော်မတီတွေရှေ့မှာ ငိုချလိုက်တယ်လို့ဆိုပါတယ်။ ဒီအမှုကို စိတ်ဝင်တစား နားစွင့်နေတဲ့ ရဲဘော်ထုကြားမှာတော့ ဒီသတင်းက ချက်ချင်းပြန့်သွားပြီး “ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ” ဆိုတဲ့စကားလုံးက ရေပန်းစားသွားပါတယ်။
ဒီလိုနဲ့ ကျနော်မင်းသမီးစခန်းဆီ ပြန်ရောက်စအချိန်မှာ ဒီစကားလုံးက ရဲဘောထုအကြား အတွင်ကျယ်ဆုံး စကားလုံးဖြစ်နေပြီး တခုခုပြောဖို့အကွက်ဝင်တာနဲ့ “ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ” ဆိုပြီး နောက်ပြောင်လေ့ရှိတာကို ကျနော်မှတ်မိနေပါတယ်။
0 comments:
Post a Comment