Saturday, December 15, 2012

သူပုန္ ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၁

ထက္ေအာင္ေက်ာ္ Thursday, 11 August 2011 18:47
ေအာက္ေမ့ဖြယ္ (ဧရာ၀တီမဂဇင္း)

အခု က်ေနာ္ေရးမယ့္ အျဖစ္အပ်က္ေတြဟာ က်ေနာ္ကုိယ္ေတြ႕ေတြကို ကိုယ္ပုိင္ ေရးဟန္နဲ႔ ေရးသား ထားျခင္းမွ်သာ ျဖစ္ပါတယ္။ ABSDF (ေက်ာင္းသားတပ္မေတာ္) ရဲ႕ သမိုင္းမဟုတ္ပါ။ ABSDF ရဲ႕ သမုိင္း တစိတ္တပုိင္းလုိ႔ေတာ့ ေျပာမယ္ဆုိ ေျပာလုိ႔ ရနုိင္ပါတယ္။


ဆရာဦးပန္းေက်ာ္အပါ၀င္ အာဇာနည္ ၅-ဦးက်ဆုံးခဲ့တဲ့ ထား၀ယ္ျမိဳ့လယ္က တပ္ဦးရံုး

က်ေနာ္တုိ႔ရဲ႕ မင္းသမီးစခန္း ဆုိတာဟာ ABSDF မွာ အင္အားအမ်ားဆုံး စခန္းေတြထဲက (သီေဘာဘုိးနဲ႔ သံလြင္ၿပီးရင္) တခု ျဖစ္ၿပီး ပထ၀ီ အေနထားအရ၊ ပင္လယ္ျပင္ စစ္ေၾကာင္းေတြအရ ထင္ရွားတဲ့ ေနရာ တခုျဖစ္ပါတယ္။ ၁၉၈၈ ခုႏွစ္ကေန ၁၉၉၇ ခုႏွစ္ အထိ ၁၀ နွစ္တာကလအတြင္း က်ဆုံးသြားတဲ့ ေက်ာင္းသားဦးေရ ၈၀ ေက်ာ္ရွိၿပီး အဲဒီထဲက တဒါဇင္ေလာက္ဟာ ေတာ္လွန္ေရး အေစာပုိင္းကာလမွာ လုပ္ႀကံ သတ္ျဖတ္ခံရသူေတြ ျဖစ္ပါတယ္။ ဒါဟာ ABSDF ဗဟုိက ထုတ္ျပန္ထားတဲ့ ABSDF တခုလုံးရဲ႕ အက်အဆုံးစာရင္း ၃၄၄ ဦးနဲ႔ ႏႈိင္းယွဥ္ရင္ တပ္ရင္းတခုတည္းအတြက္ အေတာ္ မ်ားေနတာကို ေတြ႔ရမွာ ျဖစ္ပါတယ္။

ဒီမုိကေရစီအေရး ေတာ္လွန္ေရးအတြက္ အသက္ေပးသြားၾကတဲ့ ေက်ာင္းသားရဲေဘာ္ေတြကို အမွတ္ရေစဖုိ႔ နွစ္ ၂၀ ေက်ာ္ ၾကာခဲ့ၿပီျဖစ္တဲ့၊ မၿပီးဆုံးေသးတဲ့ လက္နက္ကုိင္ ေတာ္လွန္ေရးအေၾကာင္း ျဖစ္စဥ္ မွတ္တမ္းတခ်ဳိ႕ကို သမုိင္းျပဳစုသူေတြ၊ နုိင္ငံေရး စိတ္၀င္စားသူေတြ၊ စာဖတ္သူ လူငယ္ေတြ သိရွိ ေလ့လာႏုိင္ဖုိ႔အတြက္ အခုလုိ ေရးသားလုိက္ရျခင္း ျဖစ္ပါတယ္။

က်ေနာ္ေရးတာဟာ က်ေနာ့္ကုိယ္ေတြ႔ တခုတည္းသာ ျဖစ္တဲ့အတြက္ ဘယ္လုိမွ မျပည့္စုံနုိင္ပါဘူး။ ABSDF မွာ တပ္ဖြဲ႕၀င္ေပါင္း ၅၀၀၀ နီးပါး၊ စခန္းနဲ႔ တပ္ရင္းေပါင္း ၂၀ နီးပါး ရွိတဲ့အတြက္ တျခားစခန္းက တျခားရဲေဘာ္ေတြလည္း ကုိယ္ ႀကံဳေတြ႕ခဲ့တာေတြကို ျပန္ေရးၾက ေစခ်င္ပါတယ္။

၂၄-နွစ္ၾကာျပီးခ်ိန္ ျပန္ျမင္ခြင့္ရတဲ့ ထား၀ယ္ျမိဳ့က တပ္ဦးရံုး (ဓာတ္ပုံ- ဖုိးေဇာ္)



ႏွစ္ ၂၀ ေက်ာ္ ခရီးစဥ္ရဲ႕ ပထမဆုံးေန႔ ...။

ေတာစခုိျဖစ္တဲ့ ေန႔အေၾကာင္း ေတြးမိတုိင္း ပထမဆုံး သတိရတာကေတာ့ “လမ္းႀကံဳလို႔ ေတာခုိလာသူ” ဆုိၿပီး ရဲေဘာ္ တခ်ဳိ႕က က်ေနာ့္ကုိ စ ေနာက္ေလ့ ရွိတဲ့ စကားလုံးေလးပါ။ သူတုိ႔ေျပာ မယ္ဆုိလဲေျပာစရာပါပဲ။ ေတာခုိဖုိ႔ ႀကိဳတင္ စီစဥ္ထားျခင္း မရွိတဲ့ က်ေနာ္ဟာ ေတာခုိမယ့္လူေတြ က်ေနာ္တုိ႔ ရြာဆီ ေရာက္လာရာကေန အဲဒီလူေတြနဲ႔အတူ လုိက္ပါလာရင္းနဲ႔ ေတာထဲေရာက္လာတဲ့ သူဆိုရင္ မမွားပါဘူး။

က်ေနာ့္ စိတ္ထဲ မွတ္မိသေလာက္ကို ျပန္ေကာက္ရမယ္ဆုိရင္ အဲဒီေန႔က ၁၉၈၈ စက္တင္ဘာလ ၁၉ ရက္ေန႔ ညေနပုိင္း ၄ နာရီေလာက္ ရွိမယ္လုိ႔ ထင္ပါတယ္။

“အတြင္းေရးမႈး၊ ရြာထဲမွာ ေက်ာင္းသားေတြ ေရာက္ေနတယ္။ အဲဒါ ေနရာခ်ေပးဖုိ႔ အတြင္းေရးမႉးကို ေစာင့္ေနၾကတယ္” လုိ႔ စက္ဘီးစီးၿပီး ေရာက္လာတဲ့ ရြာသားတဦးက က်ေနာ့္ကို လာသတင္းပုိ႔ပါတယ္။

အတြင္းေရးမႈးဆုိလုိ႔ နားရႈပ္ မသြားပါနဲ႔။ ၈ ေလးလုံး အေရးေတာ္ပုံ ကာလအတြင္း ဖြဲ႕စည္းခဲ့တဲ့ ေလာင္းလုံးၿမိဳ႕နယ္ ေက်ာင္းသားသမဂၢမွာ က်ေနာ္က အတြင္းေရးမႉးတာ၀န္ ယူထားသလုိ၊ မင္းရပ္ရြာ အုပ္ခ်ဳပ္ေရးအဖြဲ႕မွာလည္း က်ေနာ့္ကုိ အတြင္းေရးမႉး တာ၀န္ေပးထားပါတယ္။

အရင္ ရပ္ကြက္၊ ၿမိဳ႕နယ္ေကာင္စီဝင္ေတြ အားလုံး ၈ ေလးလုံး ကာလမွာ ျပဳတ္ၿပီးတဲ့ေနာက္ ကိုယ့္ရြာကို္ သင့္သလုိ အုပ္ခ်ဳပ္ေနတဲ့ ကာလမွာ က်ေနာ္တုိ႔ ေက်ာင္းသားေတြကုိ ဥကၠ႒ အတြင္းေရးမႉးေတြအျဖစ္ ရပ္မိရပ္ဖေတြက တင္ေျမႇာက္ ရာကေန အုပ္ခ်ဳပ္ေရးအေတြ႕အႀကံဳ ဘာမွမရွိေသးဘဲနဲ႔ အတြင္းေရးမႉး ျဖစ္ေနသူပါ။

ရြာသား သတင္းပုိ႔တဲ့အတုိင္း ေက်ာင္းသားေတြရွိရာ ရြာေတာင္ပုိင္းက နႏၵသီရိ ဘုန္းေတာ္ႀကီးေက်ာင္းဆီ က်ေနာ့္ရဲ႕ ၿပိဳင္ဘီးေလးကုိ စီးၿပီးထြက္သြားေတာ့ က်ေနာ္နဲ႔သိတဲ့ ေမာ္လၿမိဳင္တကၠသိုလ္၊ ရန္ကုန္တကၠသိုလ္ေတြမွာ တက္ေနတဲ့ ေက်ာင္းသားေတြ၊ ထားဝယ္ေကာလိပ္က ေက်ာင္းသားေတြအျပင္၊ အျဖဴအစိမ္းဝတ္ အထက ေက်ာင္းသားေတြ အပါအ၀င္ လူ ၄ဝ ေက်ာ္၊ ၅ဝ ေလာက္ ေတြ႕ရပါတယ္။

ဒီေက်ာင္းသားေတြနဲ႔အတူ ေက်ာင္းသူတခ်ဳိ႕ ပါလာတာကိုလည္း က်ေနာ္ သတိထားမိပါတယ္။ သူတုိ႔ရဲ႕ မ်က္နွာေပၚမွာေတာ့ ၀မ္းနည္းေၾကကဲြမႈနဲ႔ သည္းမခံ ႏိုင္မႈေတြ ေပၚလြင္ေနၿပီး ေက်ာင္းသူတခ်ိဳ႕ဆိုရင္ ငုိထားတဲ့ မ်က္နွာက သိသာေနပါတယ္။
“ဘယ္လုိျဖစ္တာလဲ။ ဘယ္ကို သြားၾကမွာလဲ။ ဘယ္လုိ ကူညီေပးရမလဲ” ဆုိၿပီးေမးေတာ့ သူတုိ႔လည္း ၀မ္းနည္းေၾကကဲြ ေနလုိ႔လား၊ အစီအစဥ္ကို မသိလုိ႔လားမေျပာတတ္၊ ဘာမွ အတိအက် ျပန္မေျဖႏိုင္ၾကပါဘူး။

အဲဒီခ်ိန္မွာ ဆုိင္ကယ္စီးၿပီး ေနာက္ထပ္ ေရာက္လာတဲ့ ေက်ာင္းသားအုပ္ထဲက တဦးက ထြက္လာၿပီး “အေသးစိတ္ကုိ ကုိတင္ေလး ေရာက္လာမွ ခင္ဗ်ားကို ရွင္းျပလိမ့္မယ္။ ေလာေလာဆယ္ကေတာ့ စစ္တပ္က ပစ္လုိ႔ ထြက္ေျပးလာတာတဲ့။ ဆရာ ဦးပန္းေက်ာ္တုိ႔လည္း က်ကုန္ၿပီ” လုိ႔ ေျပာပါတယ္။

ကုိတင္ေလး ဆုိတာကေတာ့ ေနာက္ပုိင္း မင္းသမီးေဒသမွာ အသတ္ခံရသလုိလုိနဲ႔ ေပ်ာက္ဆုံး သြားသူပါ။ က်ေနာ့္ရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြထဲက တဦးျဖစ္ၿပီး ထား၀ယ္ေကာလိပ္နဲ႔ ေမာ္လၿမိဳင္ တကၠသုိလ္ေတြမွာ ၄ နွစ္ေက်ာ္ ၅ နွစ္ နီးပါး အတူတူ တက္ခဲ့သူပါ။ သူဟာ ရုကၡေဗဒ ေနာက္ဆုံးနွစ္ ေက်ာင္းသားျဖစ္ၿပီး ထား၀ယ္ေကာလိပ္နဲ႔ ေမာ္လၿမိဳင္တကၠသုိလ္ရဲ႕ ေရးကူးခ်န္ပီယံ၊ မီတာ ၄၀၀ အေျပး ခ်န္ပီယံျဖစ္တဲ့အျပင္ ထား၀ယ္ျမစ္ကုိေတာင္ လက္ပစ္ကူးဖူးသူအျဖစ္ ထင္ရွားခဲ့ပါတယ္။
က်ေနာ္ကေတာ့ တနသၤာရီတုိင္း လက္ေရြးစင္ စက္ဘီးသမားျဖစ္ၿပီး ေနရာတကာမွာ ၿပိဳင္ဘီးတစီးနဲ႔ သူမ်ားမ်က္စိ ေနာက္စရာ ျဖစ္ေနသူ ေနာက္ဆုံးနွစ္ ျမန္မာစာ ေက်ာင္းသားပါ။

သူနဲ႔က်ေနာ္ဟာ ၁၉၈၇ စက္တင္ဘာ စာေမးပဲြကာလအတြင္း ျဖစ္ေပၚခဲ့တဲ့ ေငြစကၠဴ အေရးအခင္း၊ မတ္လ၊ ဇြန္လ အေရးအခင္းေတြအတြင္း ေမာ္လၿမိဳင္တကၠသုိလ္မွာ အတူတူလႈပ္ရွားခဲ့သူေတြပါ။ ပါေမာကၡခ်ဳပ္ တကၠသုိလ္ ဘုန္းႏိုင္ရဲ႕ သတိေပးျခင္းခံရတဲ့ ထား၀ယ္ ေက်ာင္းသားေခါင္းေဆာင္ ေတြထဲ ပါ၀င္သူေတ ြျဖစ္ပါတယ္။ ေက်ာင္းေတြပိတ္လုိိက္လုိ႔ ထား၀ယ္ျပန္ေရာက္ၿပီး ၈ ေလးလုံးလႈပ္ရွားမႈ စတင္တဲ့ အခါမွာေတာ့ ကုိတင္ေလးဟာ ထား၀ယ္တနယ္လုံး ဆုိင္ရာ ေက်ာင္းသားသမဂၢ ဥကၠ႒ ျဖစ္လာပါတယ္။

၈ ေလးလုံးကာလ ေက်ာင္းသားလႈပ္ရွားမႈနဲ႔ လူထုလႈပ္ရွားမႈ အားလုံးကို ကုိတင္ေလး ဦးေဆာင္တဲ့ ထား၀ယ္ ေဒသလုံးဆုိင္ရာ ေက်ာင္းသား သမဂၢနဲ႔ ဆရာႀကီးဦးပန္းေက်ာ္တုိ႔ ဦးေဆာင္တဲ့ ထား၀ယ္ တနယ္လုံးဆုိင္ရာ (တနသၤာရီတတုိင္းလုံး ဆုိင္ရာ လည္း ျဖစ္ႏိုင္ပါတယ္) ဒီမုိကေရစီ တပ္ဦးတုိ႔က ဦးစီးေဆာင္ရြက္ေနတာပါ။ က်ေနာ္ကုိယ္တုိင္ကေတာ့ ၾသဂုတ္လ ၉ ရက္ေန႔ ထား၀ယ္ၿမိဳ႕ေပၚ ဆႏၵျပပဲြဲနဲ႔ တခ်ဳိ႕ေန႔ေတြမွာ သူလုိကုိယ္လို ပါ၀င္ခဲ့တာကလဲြရင္ ထား၀ယ္ၿမိဳ႕ေပၚက ေက်ာင္းသားေတြလုိ ေန႔စဥ္ ကိစၥေတြကို ဦးစီး ေဆာင္ရြက္ေနတဲ့ထဲ ပါ၀င္နုိင္ျခင္း မရွိခဲ့ပါဘူး။ ဒါေၾကာင့္လည္း ပစ္ခတ္မႈျဖစ္တဲ့ ဒီေန႔ ဆႏၵျပပဲြ အတြင္း ဆရာႀကီး ဦးပန္းေက်ာ္အပါ၀င္ က်ေနာ္တုိ႔ရဲ႕ ရဲေဘာ္ရဲဘက္ ၅ ဦး အသတ္ခံ လုိက္ရတာကို က်ေနာ္မသိေသးပါဘူး။

ဟုိ ေမးဒီေမးနဲ႔ တစစီ သိလုိက္ရေပမယ့္ အေသးစိတ္ကိုေတာ့ ေနာက္ပုိင္း နယ္စပ္ေရာက္ေတာ့မွ အဲဒီပစ္ခတ္မႈ အတြင္း ဆရာဦးပန္းေက်ာ္ရဲ႕ ေဘးမွာရွိေနသူ ဆရာဦးေအာင္ျမင့္ (ေနာက္ပုိင္း ၂၀၁ တပ္ရင္း၊ ဒု- ရင္းမႉးျဖစ္လာသူ) ျပန္ေျပာျပမွ အေသးစိတ္ကုိ သိရပါတယ္။

စက္တင္ဘာ ၁၈ ရက္ေန႔ညေန ၄ နာရီမွာ စစ္တပ္က အာဏာသိမ္းေၾကာင္း ေရဒီယုိက ေၾကညာသံ ၾကားရၿပီးတဲ့ေနာက္ တပ္ဦး ေခါင္းေဆာင္ေတြ ညဘက္မွာ အစည္းေ၀းလုပ္ခဲ့ေၾကာင္း၊ ဒါေပမယ့္ အစည္းအေ၀းက ဆုံးျဖတ္ခ်က္ မခ်နုိင္တဲ့အတြက္ မနက္ ၈ နာရီမွာ ျပန္လုပ္ဖုိ႔ ဆင့္ေခၚလုိက္ေၾကာင္း၊ မနက္ ၇ နာရီေလာက္ ကတည္းက သူနဲ႔ ဆရာဦးပန္းေက်ာ္တုိ႔ တပ္ဦး ရံုးခန္းဆီ ေရာက္လာၿပီး စားပြဲေတြ၊ ထုိင္ခုံေတြျပင္ေနတုန္း အထက ၁ က ေက်ာင္းသား ၃ ဦး ေရာက္လာၿပီး “ဆရာ၊ က်ေနာ္တုိ႔ေက်ာင္းကို စစ္တပ္က၀ုိင္းထားလုိက္ၿပီ။ အဲဒါ ဘယ္လို လုပ္ရမလဲ။ အျမန္ကူပါဦး” လုိ႔ လာေျပာတယ္လုိ႔ ဆိုပါတယ္။

ဒီအတြက္ တပ္ဦး အေထြေထြ အတြင္းေရးမႉးအျဖစ္ တာ၀န္ယူထားသူ အသက္ ၄၆ ႏွစ္အရြယ္ ေျမာင္းပုလဲ အလက ေက်ာင္းအုပ္ႀကီး ဦးပန္းေက်ာ္က တပ္ဦး အတြင္းေရးမႉး ေရွ႕ေန ဦးျမင့္သိန္း (ေနာက္ပုိင္း မင္းသမီးေဒသမွာ အသတ္ ခံရသလုိလုိနဲ႔ ေပ်ာက္ဆုံးသြားသူ) နဲ႔ စည္းရံုးေရးမႉး ဆရာဦးေအာင္ျမင့္တုိ႔ကုိ တာ၀န္ေပးလုိက္ တယ္လုိ႔ သိရပါတယ္။

အထက ၁ ဆီ သူတုိ႔ ၂ ဦး ေရာက္လာၿပီး ေက်ာင္း၀န္း အတြင္း သပိတ္စခန္းဖြင့္ထားတဲ့ ေက်ာင္းသားေတြကုိ ၿငိမ္ၿငိမ္သက္သက္ေနဖုိ႔၊ စစ္တပ္ကို ထိပ္တုိက္ရင္ဆုိင္မႈ မလုပ္ဖုိ႔ ေဆြးေႏြးေဟာေျပာခဲ့ေၾကာင္း၊ ဒီလုိ ေဟာေျပာေနစဥ္မွာ ဦးျမင့္သိန္းက “တပ္ဦးရံုးကို လႊတ္ထားလုိ႔ မျဖစ္ဘူး။ ဆရာေအာင္ျမင့္က အေျခအေန ျပန္သြားၾကည့္ပါ” လုိ႔ တာ၀န္ေပးတဲ့အေၾကာင္း ဆရာဦးေအာင္ျမင့္က ေျပာျပပါတယ္။

ဒီလုိနဲ႔ အထက ၁ ေနာက္ဘက္ေပါက္ကေန ထြက္လာၿပီး ဥတၱားႀကီးလမ္းဆုံေရွ႕က တပ္ဦးရံုးဘက္ သူထြက္လာေတာ့ လမ္းမွာ စစ္တပ္နဲ႔တုိးတယ္လို႔ ဆိုပါတယ္။ အဲဒါနဲ႔ စစ္တပ္ထက္ ဦးေအာင္ တပ္ဦးရံုးဆီ သူေျပးလာၿပီး ဆရာ ဦးပန္းေက်ာ္တုိ႔ကို အေျခအေန သတင္းပုိ႔ခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီအခ်ိန္မွာ ေက်ာင္းသားေတြ၊ အရပ္သားေတြ ေထာင္နဲ႔ခ်ီၿပီး တပ္ဦးရံုးေရွ႕နဲ႔ ဥတၱားႀကီး လမ္းေလးဆုံမွာ ျပည့္က်ပ္ေနၿပီျဖစ္ပါတယ္။

“ဒိီမုိကေရစီအေရး တုိ႔အေရး” ဆိုတဲ့ ေႂကြးေၾကာ္သံေတြကိုလည္း ေလာ္စပီကာနဲ႔ ေအာ္ေနၾကတယ္လုိ႔ ဆုိပါတယ္။ အဲဒီ အခ်ိန္မွာပဲ ဘရင္းကယ္ရီယာပါတဲ့ စစ္ေၾကာင္းတခုက တပ္ဦးရံုးေရွ႕ ေပ ၁၀၀ ေလာက္အကြာအထိ ေရာက္လာၿပီး ဦးပန္းေက်ာ္၊ ဦးပန္းလွနဲ႔ ဦးေအာင္ျမင့္တုိ႔ကုိ စစ္ေၾကာင္းမႉးက ေခၚထုတ္ေဆြးေႏြးခဲ့တယ္လုိ႔ သိရပါတယ္။

ေဆြးေႏြးတယ္ ဆုိေပမယ့္ တကယ္ကေတာ့ သူတုိ႔ကို ေသနတ္နဲ႔ေတ့ အမိန္႔ေပးတာသာျဖစ္ၿပီး “တပ္ဦးရံုးမွာ တပ္ထားတဲ့ ဆုိင္းဘုတ္နဲ႔ ခြပ္ေဒါင္းအလံကုိ အျမန္ဆုံး ျဖဳတ္ေပးပါ” လုိ႔ စစ္ေၾကာင္းမႉး ဒုတိယဗုိလ္မႉးႀကီးျမင့္သိန္းက အမိန္႔ေပးခဲ့တယ္လုိ႔ ဦးေအာင္ျမင့္က ေျပာပါတယ္။

သူတုိ႔ဘက္ကလည္း တပ္ဦးဆုိင္းဘုတ္နဲ႔ ခြပ္ေဒါင္းအလံကုိျဖဳတ္ခ်ေပးဖုိ႔ ဘယ္လုိမွမျဖစ္ႏုိင္ေၾကာင္း တင္ျပခဲ့ၿပီး လူထုကို ၿငိမ္ၿငိမ္သက္သက္ေနဖုိ႔ ျပန္လည္ ရွင္းျပေနရေၾကာင္း၊ ဒီအေတာအတြင္းမွာပဲ ဥတၱားႀကီး လမ္းဆုံရဲ႕ ေထာင့္မွာရွိတဲ့ ဘုရားႀကီး၀န္းထဲ ၀င္တဲ့ လမ္းဘက္ကေန လူငယ္အုပ္စုတစုက ေႂကြးေၾကာ္သံေတြ၊ ခြပ္ေဒါင္းအလံေတြနဲ႔ ခ်ီတက္လာၿပီး စစ္တပ္နဲ႔ တပ္ဦးရံုး ထိပ္တုိက္ေတြ႕ ေနရာအရပ္ဆီ ဦးတည္လာတယ္လုိ႔ ဆုိပါတယ္။

အေျခေနဟာ စစ္တပ္နဲ႔ လူထုအၾကား အေတာ္တင္းမာေနၿပီး စစ္သားေတြ အားလုံးက လူအုပ္ဘက္ကုိ ေသနတ္နဲ႔ အဆင့္သင့္ ခ်ိန္ထားတယ္လုိ႔ သိရပါတယ္။ အဲဒီအခ်ိန္မွာ စစ္ေၾကာင္းမႉးက “တပ္ဦးဆုိင္းဘုတ္နဲ႔ ခြပ္ေဒါင္းအလံကို ၅ မိနစ္ အတြင္း ျဖဳတ္ေပးပါ” လုိ႔ အမိန္႔ ထပ္ေပးပါတယ္။

သူတုိ႔ဘက္ကလည္း ျဖဳတ္မေပးႏိုင္ေၾကာင္း ထပ္ေျပာၿပီး ၅ မိနစ္မျပည့္ခင္ ၃ မိနစ္ေလာက္မွာပဲ ဗုိလ္ႀကီးတင္၀င္း ဆုိသူက ပစ္စတုိကုိ ေမာင္းတင္လုိက္တဲ့အတြက္ လူေတြ စတင္ ထြက္ေျပးၾကတယ္လုိ႔ ဦးေအာင္ျမင့္က ေျပာပါတယ္။ သူလည္း ခ်က္ခ်င္းဆုိသလုိ လမ္းေဘးကေျမာင္းထဲ လွိမ့္ခ်လုိက္ ၿပီးတာနဲ႔ ေသနတ္သံေတြ ဆက္တုိက္ၾကားရေၾကာင္းနဲ႔ သူ႔ေခါင္းေပၚကေန က်ည္ဆံေတြျဖတ္သြားေနၿပီး ခဏၿငိမ္ခ်ိန္မွာပဲ တပ္ဦးရံုး အေနာက္ဘက္ဆီ ထြက္ေျပးလာတယ္လုိ႔ ဦးေအာင္ျမင့္က ေျပာပါတယ္။

စုရပ္ ေနရာတခုဆီ ျပန္ေရာက္လုိ႔ သတင္းျပန္စုေတာ့ ဗိုလ္ႀကီးတင္၀င္းက ဆရာဦးပန္းေက်ာ္ရဲ႕ ဦးေခါင္းကို ပစ္စတုိနဲ႔ အနီးကပ္ပစ္လုိ႔ ပဲြခ်င္းၿပီးေသဆုံးသြားတယ္၊ ေနာက္ေတာ့ ဆရာဦးခ်မ္းလွ၊ ဦးၾကည္ရွိန္နဲ႔ တျခား တဦး တုိ႔လည္း ေသဆုံးခဲ့ရတယ္လို႔ သိလိုက္ရတယ္ ဆိုတဲ့အေၾကာင္း ဦးေအာင္ျမင့္က ေျပာပါတယ္။

ေနာက္တရက္မွာေတာ့ ဒဏ္ရာ ျပင္းတဲ့ မမူမူေအး ဆုိတဲ့အမ်ဳိးသမီးတဦး ထား၀ယ္ေဆးရံုႀကီးမွာ ထပ္မံ ေသဆုံးခဲ့တဲ့အတြက္ ေသဆုံးသူ အားလုံး ၅ ဦး၊ ဒဏ္ရာရသူ ၃၇ ဦး ရွိခဲ့တယ္လုိ႔ ဆရာဦးေအာင္ျမင့္က က်ေနာ့္ကိုေျပာျပခဲ့ပါတယ္။

ဒီလုိပစ္ခတ္မႈ ျဖစ္ၿပီးၿပီးခ်င္း ေက်ာင္းသားေတြက အခင္းျဖစ္ရာေနရာကေန ထား၀ယ္ျမစ္ကို ျဖတ္ၿပီး က်ေနာ္တုိ႔ရြာဆီ ထြက္ေျပးလာၾကတာျဖစ္ပါတယ္။ ဒီကတဆင့္ ေတာခုိဖို႔ စဥ္းစား ထားပုံရပါတယ္။ ဒီလုိေျပာလုိက္လုိ႔ က်ေနာ္တုိ႔ရြာက ထား၀ယ္ၿမိဳ႕နဲ႔ ထုိင္းနယ္စပ္ ကရင္အမ်ိဳးသား အစည္းအရံုး (KNU) စခန္းေတြ ၾကားမွာ ရွိတဲ့ ေနရာလုိ႔မထင္လုိက္ပါနဲ႔။
ထား၀ယ္ျမစ္ရဲ႕ အေနာက္ဘက္ကမ္းမွာရွိတဲ့ ေနရာျဖစ္လုိ႔ နယ္စပ္နဲ႔ ဆန္႔က်င္ဘက္ ေနရာကိုေတာင္ သူတုိ႔က ေရာက္လာတဲ့ သေဘာပါ။

ေနာက္တခါ ကုိတင္ေလးနဲ႔ က်ေနာ္က ၅ ႏွစ္နီးပါး ရင္းႏွီးၿပီး အားကစားအတူတူ လုပ္ခဲ့တဲ့ သူငယ္ခ်င္းေတြ ျဖစ္ေပမယ့္ စစ္တပ္က အာဏာသိမ္းရင္ ေတာခုိမယ္လုိ႔ တခါမွ ႀကိဳတင္ ေဆြးေႏြးခဲ့ဖူးတာ မရွိေတာ့ က်ေနာ္လည္း ဘာလုပ္လုိ႔ ဘာကုိင္ ရမွန္းမသိ ျဖစ္ေနပါတယ္။

ေနာက္ပုိင္း ေမးျမန္းခ်က္ေတြအရ ျပန္သိရတာကေတာ့ စစ္တပ္က အာဏာသိမ္းရင္ ေတာခုိမယ္ ဆိုတာကို ေက်ာင္းသား တခ်ဳိ႕က ႀကိဳတင္စီစဥ္ထားတာေတြ ရွိခဲ့ၿပီး မြန္ျပည္သစ္ပါတီ။ KNU၊ ဗကပ (ဗမာျပည္ ကြန္ျမဴနစ္ပါတီ) တို႔က ယူဂ်ီေတြနဲ႔ ဆက္သြယ္ခဲ့ေၾကာင္း၊ ဒါေၾကာင့္ အာဏာမသိမ္းခင္ ၁၆ ရက္ေန႔ ေလာက္ကတည္းက အင္အား ဒါဇင္၀က္ေလာက္ပါတဲ့ ထား၀ယ္ ေက်ာင္းသား ကိုယ္စားလွယ္ အဖြဲ႕တခုဟာ ထား၀ယ္ကေန ကံေပါက္ေဒသဘက္ကို ထြက္ခြာသြားၿပီး မြန္ျပည္သစ္၊ KNU အဖြဲ႕ဝင္ေတြနဲ႔ အေသးစိတ္ ေဆြးေႏြးေနတယ္လုိ႔ သိရပါတယ္။

က်ေနာ္တုိ႔နဲ႔အတူ ေတာစခုိတဲ့ အဖြဲ႕ထဲ ပါလာတဲ့ ဗကသ (ဗမာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ားသမဂၢ) အဖြဲ႔၀င္ ဦးေဆာင္ေက်ာင္းသား တဦးျဖစ္သူ ဆလုိင္းကိုကိုဦးရဲ႕ ျပန္လည္ ေျပာၾကားခ်က္အရ ဆုိရင္ သူနဲ႔ ကိုတင္ေလးတုိ႔ဟာ ကုိေသာင္းညြန္႔ (ေခၚ) ကိုေလေဘး (ေနာက္ပုိင္း ၂၀၁ ဘက္မလုိက္ အဖြဲ႕ရဲ႕ တပ္ရင္းမႉး ျဖစ္လာသူ) နဲ႔အတူ အာဏာ မသိမ္းခင္ ရက္ပုိင္းအတြင္း ေတာင္သုံးလုံး ေက်းရြာဘက္သြားၿပီး KNU ဗုိလ္မႉး ဒါးေက်ာ္ (အခု KNU တပ္မဟာ ၄ - မႉး ျဖစ္ေန သူ) နဲ႔ ေတာခုိဖုိ႔ကိစၥ ေဆြးေႏြးခဲ့ဖူးတယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ ဗကပ ဥကၠ႒ သခင္ဘသိန္းတင္ရဲ႕ ေဆြမ်ဳိးေတြနဲ႔လည္း ထား၀ယ္မွာ ေတြဆုံေဆြးေႏြးၿပီး စစ္တပ္ အာဏာသိမ္းရင္ ဗကပ နယ္ထဲ၀င္ဖုိ႔ ႀကိဳတင္ ညိႇနႈိင္းမႈေတြ ရွိခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ထား၀ယ္မွာ ပစ္ခတ္မႈ ျဖစ္ခ်ိန္မွာ ဗကပ နယ္ဘက္ထြက္တဲ့ ေပါက္တုိင္း တံတားဂိတ္၊ KNU နယ္ဘက္ထြက္တဲ့ ေဗ်ာေတာ၀ ဂိတ္ေတြကို စစ္တပ္က အေသအခ်ာ စစ္ေဆးမႈ လုပ္ေနတဲ့အတြက္ ဘာဂိတ္မွမရွိတဲ့ က်ေနာ္တုိ႔ရြာဆီ မင္းရပ္ကူးတုိ႔ကေန ေလွေတြနဲ႔ကူးၿပီး ျမင္းလွည္းေတြနဲ႔ ဆင္းလာၾကတာလုိ႔ ဒီေဆာင္းပါးေရးခ်ိန္မွာ ျပန္လည္ ေမးၾကည့္ေတာ့မွ က်ေနာ္ သိခြင့္ရခဲ့တာပါ။

ဒါေပမယ့္ အဲဒီကာလက ဒီအေျခေနေတြကို ဘာမွႀကိဳမသိတဲ့ က်ေနာ့္ခမ်ာေတာ့ ဘာျဖစ္လုိ႔ သူတုိ႔အဖြဲ႕ က်ေနာ့္ရြာဆီ ေရာက္လာမွန္း နားမလည္ႏိုင္ခဲ့ပါဘူး။ ေလာေလာဆယ္မွာေတာ့ ဘုန္းႀကီးေက်ာင္းက ရသမွ်ထမင္းဟင္းနဲ႔ အနီးအနား အိမ္ေတြက ရသမွ် ထမင္းဟင္းေတြကို မွာယူၿပီး သူတုိ႔ကို ေႂကြးရပါတယ္။ အဲဒီအခ်ိန္မွာပဲ ေလာင္းလုံကေန ထား၀ယ္ဘက္သြားတဲ့ စစ္ကားေတြ ဘုန္ႀကီးေက်ာင္းေရွ႕ ကားလမ္းေပၚကေန ျဖတ္သြားေနတယ္လုိ႔ သတင္းရၿပီး ေခြးေဟာင္သံေတြလည္း ဆူညံေနတဲ့အတြက္ လူစုခဲြဖုိ႔ ျပင္ရပါတယ္။ ဘုန္းႀကီးေက်ာင္းနဲ႔ ခပ္လွမ္းလွမ္းက အိမ္ေတြဆီ လူခဲြပုိ႔ၿပီး ဘာဆက္လုပ္ရင္ ေကာင္းမလဲ ဆုိတာကို ေဆြးေႏြးဖုိ႔ ကုိတင္ေလးကို ေစာင့္ေနရပါတယ္။

ည ၆ နာရီ၀န္းက်င္မွာေတာ့ ကုိတင္ေလးနဲ႔ အဖြဲ႕ေရာက္လာၿပီး သူနဲ႔အတူ ဗကသ က ကုိကုိဦးနဲ႔ အဖြဲ႕လည္း ပါလာတယ္လုိ႔ က်ေနာ့္စိတ္ထဲ မွတ္မိေနပါတယ္။ ကုိကုိဦးနဲ႔ အဖြဲ႕ဟာ ဗကသ စည္းရံုးေရး ခရီးစဥ္အျဖစ္ ထား၀ယ္ေဒသဆီ ေရာက္ေနစဥ္ အာဏာသိမ္းတဲ့ အခ်ိန္နဲ႔တုိးၿပီး က်ေနာ္တုိ႔နဲ႔အတူ ေတာခုိတဲ့အထိ ပါလာခဲ့သူေတြပါ။ ခရီးစဥ္အေၾကာင္း အေသအခ်ာ ေဆြးေႏြးေတာ့ သူတုိ႔မွာလည္း ႀကိဳတင္စီစဥ္ထားတာ ဘာမွရွိပုံမရပါဘူး။ ဒါမွမဟုတ္ ႀကိဳတင္ စီစဥ္ထားတဲ့အတုိင္း မျဖစ္ေတာ့လုိ႔ က်ေနာ့္ကုိ ဘာမွ ေျပာမျပနုိင္တာလည္း ျဖစ္နုိင္ပါတယ္။

“ဒီည အေနာက္ဘက္ေတာင္ကုိ ေက်ာ္ၿပီး မုိးမလင္းခင္ စက္ေလွေတြနဲ႔ ရေနာင္းကို ထြက္ခ်င္တယ္။ ရန္ကုန္နဲ႔ ေမာ္လၿမိဳင္ ဘက္က လူေတြလည္း အဲဒီကုိ သြားေနၾကတယ္။ အဲဒါ မင္း ဘယ္လိုကူညီ ေပးနုိင္မလဲ” ဆုိၿပီး ကုိတင္ေလးက က်ေနာ့္ ကုိေျပာပါတယ္။

က်ေနာ္ကလည္း စက္ဘီးစီးၿပီး၊ ကားစီးၿပီးသာ ေမာင္းမကန္ဘက္ကုိ ေရာက္ဖူးေပမယ့္ ေတာင္ေက်ာ္ၿပီး တခါမွ မသြားဖူးဘူး။ စက္ေလွအေၾကာင္းလည္း ဘာမွမသိေတာ့ ဒီအေၾကာင္းသိတဲ့ ရြာထဲက လူတခ်ဳိ႕ကိုေခၚယူ အႀကံေတာင္းရပါတယ္။

ဒီလုိနဲ႔ က်ေနာ္တုိ႔ရဲ႕ ေဆြးေႏြးပဲြဟာ ည ၁ နာရီေလာက္ ေရာက္တဲ့အထိ အေျဖက မထြက္ေသးဘူး။ အိပ္တဲ့လူက အိပ္ကုန္ၾကၿပီ။ အဲဒီလုိအခ်ိန္မွာ ဘယ္ကေန ဘယ္လုိ သတင္းေရာက္လာမွန္းမသိ။ ကင္းအဖြဲ႕က က်ေနာ့္ကုိ ထူးျခားတဲ့ အေရးေပၚသတင္း လာပုိ႔ပါတယ္။

“အတြင္းေရးမႉး၊ အစီအစဥ္က ရေနာင္းဘက္မဟုတ္ေတာ့ဘူး။ ေ၀ဒီကေန ထား၀ယ္ျမစ္ကုိျဖတ္ၿပီး ဗကပ နယ္ထဲ၀င္မယ္။ ေခ်ာင္း၀မွာ သူတုိ႔ အဆင့္သင့္ ေစာင့္ေနမယ္” ဆုိၿပီး ကင္းတာ၀န္ခံက ေျပာပါတယ္။

ကုိတင္ေလးကို ေမးၾကည့္ေတာ့ “ဟုတ္တယ္။ အဲဒီအစီစဥ္အတုိင္း လုပ္မယ္” လုိ႔ သေဘာတူ ပါတယ္။

ဒါနဲ႔ အိပ္ေပ်ာ္ေနတဲ့ ေက်ာင္းသားေတြ အားလုံးကို တအိမ္တက္ဆင္း လုိက္ႏႈိးၿပီး ည ၂ နာရီ ေလာက္မွာ ခရီးထြက္ဖုိ႔ ျပင္ရ ပါတယ္။ အဲဒီညက လေရာင္က လင္းေနတဲ့အတြက္ တဦးနဲ႔တဦး မသဲမကြဲ လေရာင္ေအာက္မွာ ျမင္ေနရပါတယ္။

လူအင္အား ၅၀ ေလာက္ရွိမယ့္ ေက်ာင္းသားအုပ္စုႀကီးဟာ က်ေနာ္တုိ႔ ရြာကေန ရာေဟာင္း၀၊ ပန္းတလဲ၊ အင္းေစာင့္၊ ကုန္းဇရပ္ ရြာေတြကိုျဖတ္ၿပီး ၈ မုိင္၊ ၉ မုိင္ ေလာက္ရွိတဲ့ ခရီးကို ကုန္းေၾကာင္း ေလွ်ာက္ၿပီးတဲ့ အခါမွာေတာ့ မနက္ ၄ နာရီခဲြေလာက္မွာ ေ၀ဒီရြာကုိ ေရာက္လာပါတယ္။

လမ္းတေလွ်ာက္ ေခြးေဟာင္သံေတြ ဆူညံေနေပမယ့္ ေ၀ဒီအ၀င္မွာေတာ့ ထူးျခားစြာ တိတ္ဆိတ္ေနပါတယ္။ ဘယ္သူေတြက ဘယ္လုိ ႀကိဳတင္စီစဥ္ထားလဲ မသိပါဘူး။ ေလွ ၇ စီး၊ ၈ စီးေလာက္က က်ေနာ္တုိ႔ကို ေစာင့္ေနပါတယ္။ အဲဒါနဲ႔ နီးတဲ့ ေလွဆီ တက္ၿပီး ေ၀ဒီကေန ထား၀ယ္ျမစ္ တဘက္ကမ္းက ေစာ္၀ရြာဆီ ေလွာ္ၿပီးထြက္ေတာ့ ေ၀လီေ၀လင္း အရုဏ္တက္စ ျပဳေနပါၿပီ။
======================================================

ထက်အောင်ကျော် Thursday, 11 August 2011 18:47
အောက်မေ့ဖွယ် (ဧရာဝတီမဂဇင်း)

အခု ကျနော်ရေးမယ့် အဖြစ်အပျက်တွေဟာ ကျနော်ကိုယ်တွေ့တွေကို ကိုယ်ပိုင် ရေးဟန်နဲ့ ရေးသား ထားခြင်းမျှသာ ဖြစ်ပါတယ်။ ABSDF (ကျောင်းသားတပ်မတော်) ရဲ့ သမိုင်းမဟုတ်ပါ။ ABSDF ရဲ့ သမိုင်း တစိတ်တပိုင်းလို့တော့ ပြောမယ်ဆို ပြောလို့ ရနိုင်ပါတယ်။



ဆရာဦးပန်းကျော်အပါဝင် အာဇာနည် ၅-ဦးကျဆုံးခဲ့တဲ့ ထားဝယ်မြို့လယ်က တပ်ဦးရုံး

ကျနော်တို့ရဲ့ မင်းသမီးစခန်း ဆိုတာဟာ ABSDF မှာ အင်အားအများဆုံး စခန်းတွေထဲက (သီဘောဘိုးနဲ့ သံလွင်ပြီးရင်) တခု ဖြစ်ပြီး ပထဝီ အနေထားအရ၊ ပင်လယ်ပြင် စစ်ကြောင်းတွေအရ ထင်ရှားတဲ့ နေရာ တခုဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၇ ခုနှစ် အထိ ၁၀ နှစ်တာကလအတွင်း ကျဆုံးသွားတဲ့ ကျောင်းသားဦးရေ ၈၀ ကျော်ရှိပြီး အဲဒီထဲက တဒါဇင်လောက်ဟာ တော်လှန်ရေး အစောပိုင်းကာလမှာ လုပ်ကြံ သတ်ဖြတ်ခံရသူတွေ ဖြစ်ပါတယ်။ ဒါဟာ ABSDF ဗဟိုက ထုတ်ပြန်ထားတဲ့ ABSDF တခုလုံးရဲ့ အကျအဆုံးစာရင်း ၃၄၄ ဦးနဲ့ နှိုင်းယှဉ်ရင် တပ်ရင်းတခုတည်းအတွက် အတော် များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီအရေး တော်လှန်ရေးအတွက် အသက်ပေးသွားကြတဲ့ ကျောင်းသားရဲဘော်တွေကို အမှတ်ရစေဖို့ နှစ် ၂၀ ကျော် ကြာခဲ့ပြီဖြစ်တဲ့၊ မပြီးဆုံးသေးတဲ့ လက်နက်ကိုင် တော်လှန်ရေးအကြောင်း ဖြစ်စဉ် မှတ်တမ်းတချို့ကို သမိုင်းပြုစုသူတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ စာဖတ်သူ လူငယ်တွေ သိရှိ လေ့လာနိုင်ဖို့အတွက် အခုလို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ကျနော်ရေးတာဟာ ကျနော့်ကိုယ်တွေ့ တခုတည်းသာ ဖြစ်တဲ့အတွက် ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။ ABSDF မှာ တပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀ နီးပါး၊ စခန်းနဲ့ တပ်ရင်းပေါင်း ၂၀ နီးပါး ရှိတဲ့အတွက် တခြားစခန်းက တခြားရဲဘော်တွေလည်း ကိုယ် ကြုံတွေ့ခဲ့တာတွေကို ပြန်ရေးကြ စေချင်ပါတယ်။


၂၄-နှစ်ကြာပြီးချိန် ပြန်မြင်ခွင့်ရတဲ့ ထားဝယ်မြို့က တပ်ဦးရုံး (ဓာတ်ပုံ- ဖိုးဇော်) 




နှစ် ၂၀ ကျော် ခရီးစဉ်ရဲ့ ပထမဆုံးနေ့ ...။

တောစခိုဖြစ်တဲ့ နေ့အကြောင်း တွေးမိတိုင်း ပထမဆုံး သတိရတာကတော့ “လမ်းကြုံလို့ တောခိုလာသူ” ဆိုပြီး ရဲဘော် တချို့က ကျနော့်ကို စ နောက်လေ့ ရှိတဲ့ စကားလုံးလေးပါ။ သူတို့ပြော မယ်ဆိုလဲပြောစရာပါပဲ။ တောခိုဖို့ ကြိုတင် စီစဉ်ထားခြင်း မရှိတဲ့ ကျနော်ဟာ တောခိုမယ့်လူတွေ ကျနော်တို့ ရွာဆီ ရောက်လာရာကနေ အဲဒီလူတွေနဲ့အတူ လိုက်ပါလာရင်းနဲ့ တောထဲရောက်လာတဲ့ သူဆိုရင် မမှားပါဘူး။

ကျနော့် စိတ်ထဲ မှတ်မိသလောက်ကို ပြန်ကောက်ရမယ်ဆိုရင် အဲဒီနေ့က ၁၉၈၈ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက် ရှိမယ်လို့ ထင်ပါတယ်။

“အတွင်းရေးမှုး၊ ရွာထဲမှာ ကျောင်းသားတွေ ရောက်နေတယ်။ အဲဒါ နေရာချပေးဖို့ အတွင်းရေးမှူးကို စောင့်နေကြတယ်” လို့ စက်ဘီးစီးပြီး ရောက်လာတဲ့ ရွာသားတဦးက ကျနော့်ကို လာသတင်းပို့ပါတယ်။

အတွင်းရေးမှုးဆိုလို့ နားရှုပ် မသွားပါနဲ့။ ၈ လေးလုံး အရေးတော်ပုံ ကာလအတွင်း ဖွဲ့စည်းခဲ့တဲ့ လောင်းလုံးမြို့နယ် ကျောင်းသားသမဂ္ဂမှာ ကျနော်က အတွင်းရေးမှူးတာဝန် ယူထားသလို၊ မင်းရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့မှာလည်း ကျနော့်ကို အတွင်းရေးမှူး တာဝန်ပေးထားပါတယ်။

အရင် ရပ်ကွက်၊ မြို့နယ်ကောင်စီဝင်တွေ အားလုံး ၈ လေးလုံး ကာလမှာ ပြုတ်ပြီးတဲ့နောက် ကိုယ့်ရွာကို သင့်သလို အုပ်ချုပ်နေတဲ့ ကာလမှာ ကျနော်တို့ ကျောင်းသားတွေကို ဥက္ကဋ္ဌ အတွင်းရေးမှူးတွေအဖြစ် ရပ်မိရပ်ဖတွေက တင်မြှောက် ရာကနေ အုပ်ချုပ်ရေးအတွေ့အကြုံ ဘာမှမရှိသေးဘဲနဲ့ အတွင်းရေးမှူး ဖြစ်နေသူပါ။

ရွာသား သတင်းပို့တဲ့အတိုင်း ကျောင်းသားတွေရှိရာ ရွာတောင်ပိုင်းက နန္ဒသီရိ ဘုန်းတော်ကြီးကျောင်းဆီ ကျနော့်ရဲ့ ပြိုင်ဘီးလေးကို စီးပြီးထွက်သွားတော့ ကျနော်နဲ့သိတဲ့ မော်လမြိုင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တွေမှာ တက်နေတဲ့ ကျောင်းသားတွေ၊ ထားဝယ်ကောလိပ်က ကျောင်းသားတွေအပြင်၊ အဖြူအစိမ်းဝတ် အထက ကျောင်းသားတွေ အပါအဝင် လူ ၄ဝ ကျော်၊ ၅ဝ လောက် တွေ့ရပါတယ်။

ဒီကျောင်းသားတွေနဲ့အတူ ကျောင်းသူတချို့ ပါလာတာကိုလည်း ကျနော် သတိထားမိပါတယ်။ သူတို့ရဲ့ မျက်နှာပေါ်မှာတော့ ဝမ်းနည်းကြေကွဲမှုနဲ့ သည်းမခံ နိုင်မှုတွေ ပေါ်လွင်နေပြီး ကျောင်းသူတချို့ဆိုရင် ငိုထားတဲ့ မျက်နှာက သိသာနေပါတယ်။ 
“ဘယ်လိုဖြစ်တာလဲ။ ဘယ်ကို သွားကြမှာလဲ။ ဘယ်လို ကူညီပေးရမလဲ” ဆိုပြီးမေးတော့ သူတို့လည်း ဝမ်းနည်းကြေကွဲ နေလို့လား၊ အစီအစဉ်ကို မသိလို့လားမပြောတတ်၊ ဘာမှ အတိအကျ ပြန်မဖြေနိုင်ကြပါဘူး။

အဲဒီချိန်မှာ ဆိုင်ကယ်စီးပြီး နောက်ထပ် ရောက်လာတဲ့ ကျောင်းသားအုပ်ထဲက တဦးက ထွက်လာပြီး “အသေးစိတ်ကို ကိုတင်လေး ရောက်လာမှ ခင်ဗျားကို ရှင်းပြလိမ့်မယ်။ လောလောဆယ်ကတော့ စစ်တပ်က ပစ်လို့ ထွက်ပြေးလာတာတဲ့။ ဆရာ ဦးပန်းကျော်တို့လည်း ကျကုန်ပြီ” လို့ ပြောပါတယ်။

ကိုတင်လေး ဆိုတာကတော့ နောက်ပိုင်း မင်းသမီးဒေသမှာ အသတ်ခံရသလိုလိုနဲ့ ပျောက်ဆုံး သွားသူပါ။ ကျနော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တဦးဖြစ်ပြီး ထားဝယ်ကောလိပ်နဲ့ မော်လမြိုင် တက္ကသိုလ်တွေမှာ ၄ နှစ်ကျော် ၅ နှစ် နီးပါး အတူတူ တက်ခဲ့သူပါ။ သူဟာ ရုက္ခဗေဒ နောက်ဆုံးနှစ် ကျောင်းသားဖြစ်ပြီး ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်ရဲ့ ရေးကူးချန်ပီယံ၊ မီတာ ၄၀၀ အပြေး ချန်ပီယံဖြစ်တဲ့အပြင် ထားဝယ်မြစ်ကိုတောင် လက်ပစ်ကူးဖူးသူအဖြစ် ထင်ရှားခဲ့ပါတယ်။
ကျနော်ကတော့ တနင်္သာရီတိုင်း လက်ရွေးစင် စက်ဘီးသမားဖြစ်ပြီး နေရာတကာမှာ ပြိုင်ဘီးတစီးနဲ့ သူများမျက်စိ နောက်စရာ ဖြစ်နေသူ နောက်ဆုံးနှစ် မြန်မာစာ ကျောင်းသားပါ။

သူနဲ့ကျနော်ဟာ ၁၉၈၇ စက်တင်ဘာ စာမေးပွဲကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ငွေစက္ကူ အရေးအခင်း၊ မတ်လ၊ ဇွန်လ အရေးအခင်းတွေအတွင်း မော်လမြိုင်တက္ကသိုလ်မှာ အတူတူလှုပ်ရှားခဲ့သူတွေပါ။ ပါမောက္ခချုပ် တက္ကသိုလ် ဘုန်းနိုင်ရဲ့ သတိပေးခြင်းခံရတဲ့ ထားဝယ် ကျောင်းသားခေါင်းဆောင် တွေထဲ ပါဝင်သူတေ ွဖြစ်ပါတယ်။ ကျောင်းတွေပိတ်လိုက်လို့ ထားဝယ်ပြန်ရောက်ပြီး ၈ လေးလုံးလှုပ်ရှားမှု စတင်တဲ့ အခါမှာတော့ ကိုတင်လေးဟာ ထားဝယ်တနယ်လုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

၈ လေးလုံးကာလ ကျောင်းသားလှုပ်ရှားမှုနဲ့ လူထုလှုပ်ရှားမှု အားလုံးကို ကိုတင်လေး ဦးဆောင်တဲ့ ထားဝယ် ဒေသလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂနဲ့ ဆရာကြီးဦးပန်းကျော်တို့ ဦးဆောင်တဲ့ ထားဝယ် တနယ်လုံးဆိုင်ရာ (တနင်္သာရီတတိုင်းလုံး ဆိုင်ရာ လည်း ဖြစ်နိုင်ပါတယ်) ဒီမိုကရေစီ တပ်ဦးတို့က ဦးစီးဆောင်ရွက်နေတာပါ။ ကျနော်ကိုယ်တိုင်ကတော့ သြဂုတ်လ ၉ ရက်နေ့ ထားဝယ်မြို့ပေါ် ဆန္ဒပြပွဲနဲ့ တချို့နေ့တွေမှာ သူလိုကိုယ်လို ပါဝင်ခဲ့တာကလွဲရင် ထားဝယ်မြို့ပေါ်က ကျောင်းသားတွေလို နေ့စဉ် ကိစ္စတွေကို ဦးစီး ဆောင်ရွက်နေတဲ့ထဲ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ပစ်ခတ်မှုဖြစ်တဲ့ ဒီနေ့ ဆန္ဒပြပွဲ အတွင်း ဆရာကြီး ဦးပန်းကျော်အပါဝင် ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၅ ဦး အသတ်ခံ လိုက်ရတာကို ကျနော်မသိသေးပါဘူး။

ဟို မေးဒီမေးနဲ့ တစစီ သိလိုက်ရပေမယ့် အသေးစိတ်ကိုတော့ နောက်ပိုင်း နယ်စပ်ရောက်တော့မှ အဲဒီပစ်ခတ်မှု အတွင်း ဆရာဦးပန်းကျော်ရဲ့ ဘေးမှာရှိနေသူ ဆရာဦးအောင်မြင့် (နောက်ပိုင်း ၂၀၁ တပ်ရင်း၊ ဒု- ရင်းမှူးဖြစ်လာသူ) ပြန်ပြောပြမှ အသေးစိတ်ကို သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ညနေ ၄ နာရီမှာ စစ်တပ်က အာဏာသိမ်းကြောင်း ရေဒီယိုက ကြေညာသံ ကြားရပြီးတဲ့နောက် တပ်ဦး ခေါင်းဆောင်တွေ ညဘက်မှာ အစည်းဝေးလုပ်ခဲ့ကြောင်း၊ ဒါပေမယ့် အစည်းအဝေးက ဆုံးဖြတ်ချက် မချနိုင်တဲ့အတွက် မနက် ၈ နာရီမှာ ပြန်လုပ်ဖို့ ဆင့်ခေါ်လိုက်ကြောင်း၊ မနက် ၇ နာရီလောက် ကတည်းက သူနဲ့ ဆရာဦးပန်းကျော်တို့ တပ်ဦး ရုံးခန်းဆီ ရောက်လာပြီး စားပွဲတွေ၊ ထိုင်ခုံတွေပြင်နေတုန်း အထက ၁ က ကျောင်းသား ၃ ဦး ရောက်လာပြီး “ဆရာ၊ ကျနော်တို့ကျောင်းကို စစ်တပ်ကဝိုင်းထားလိုက်ပြီ။ အဲဒါ ဘယ်လို လုပ်ရမလဲ။ အမြန်ကူပါဦး” လို့ လာပြောတယ်လို့ ဆိုပါတယ်။

ဒီအတွက် တပ်ဦး အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ အသက် ၄၆ နှစ်အရွယ် မြောင်းပုလဲ အလက ကျောင်းအုပ်ကြီး ဦးပန်းကျော်က တပ်ဦး အတွင်းရေးမှူး ရှေ့နေ ဦးမြင့်သိန်း (နောက်ပိုင်း မင်းသမီးဒေသမှာ အသတ် ခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူ) နဲ့ စည်းရုံးရေးမှူး ဆရာဦးအောင်မြင့်တို့ကို တာဝန်ပေးလိုက် တယ်လို့ သိရပါတယ်။

အထက ၁ ဆီ သူတို့ ၂ ဦး ရောက်လာပြီး ကျောင်းဝန်း အတွင်း သပိတ်စခန်းဖွင့်ထားတဲ့ ကျောင်းသားတွေကို ငြိမ်ငြိမ်သက်သက်နေဖို့၊ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်မှု မလုပ်ဖို့ ဆွေးနွေးဟောပြောခဲ့ကြောင်း၊ ဒီလို ဟောပြောနေစဉ်မှာ ဦးမြင့်သိန်းက “တပ်ဦးရုံးကို လွှတ်ထားလို့ မဖြစ်ဘူး။ ဆရာအောင်မြင့်က အခြေအနေ ပြန်သွားကြည့်ပါ” လို့ တာဝန်ပေးတဲ့အကြောင်း ဆရာဦးအောင်မြင့်က ပြောပြပါတယ်။

ဒီလိုနဲ့ အထက ၁ နောက်ဘက်ပေါက်ကနေ ထွက်လာပြီး ဥတ္တားကြီးလမ်းဆုံရှေ့က တပ်ဦးရုံးဘက် သူထွက်လာတော့ လမ်းမှာ စစ်တပ်နဲ့တိုးတယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ စစ်တပ်ထက် ဦးအောင် တပ်ဦးရုံးဆီ သူပြေးလာပြီး ဆရာ ဦးပန်းကျော်တို့ကို အခြေအနေ သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေ၊ အရပ်သားတွေ ထောင်နဲ့ချီပြီး တပ်ဦးရုံးရှေ့နဲ့ ဥတ္တားကြီး လမ်းလေးဆုံမှာ ပြည့်ကျပ်နေပြီဖြစ်ပါတယ်။

“ဒီမိုကရေစီအရေး တို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေကိုလည်း လော်စပီကာနဲ့ အော်နေကြတယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်မှာပဲ ဘရင်းကယ်ရီယာပါတဲ့ စစ်ကြောင်းတခုက တပ်ဦးရုံးရှေ့ ပေ ၁၀၀ လောက်အကွာအထိ ရောက်လာပြီး ဦးပန်းကျော်၊ ဦးပန်းလှနဲ့ ဦးအောင်မြင့်တို့ကို စစ်ကြောင်းမှူးက ခေါ်ထုတ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးတယ် ဆိုပေမယ့် တကယ်ကတော့ သူတို့ကို သေနတ်နဲ့တေ့ အမိန့်ပေးတာသာဖြစ်ပြီး “တပ်ဦးရုံးမှာ တပ်ထားတဲ့ ဆိုင်းဘုတ်နဲ့ ခွပ်ဒေါင်းအလံကို အမြန်ဆုံး ဖြုတ်ပေးပါ” လို့ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီးမြင့်သိန်းက အမိန့်ပေးခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

သူတို့ဘက်ကလည်း တပ်ဦးဆိုင်းဘုတ်နဲ့ ခွပ်ဒေါင်းအလံကိုဖြုတ်ချပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ကြောင်း တင်ပြခဲ့ပြီး လူထုကို ငြိမ်ငြိမ်သက်သက်နေဖို့ ပြန်လည် ရှင်းပြနေရကြောင်း၊ ဒီအတောအတွင်းမှာပဲ ဥတ္တားကြီး လမ်းဆုံရဲ့  ထောင့်မှာရှိတဲ့ ဘုရားကြီးဝန်းထဲ ဝင်တဲ့ လမ်းဘက်ကနေ လူငယ်အုပ်စုတစုက ကြွေးကြော်သံတွေ၊ ခွပ်ဒေါင်းအလံတွေနဲ့ ချီတက်လာပြီး စစ်တပ်နဲ့ တပ်ဦးရုံး ထိပ်တိုက်တွေ့ နေရာအရပ်ဆီ ဦးတည်လာတယ်လို့ ဆိုပါတယ်။

အခြေနေဟာ စစ်တပ်နဲ့ လူထုအကြား အတော်တင်းမာနေပြီး စစ်သားတွေ အားလုံးက လူအုပ်ဘက်ကို သေနတ်နဲ့ အဆင့်သင့် ချိန်ထားတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ စစ်ကြောင်းမှူးက “တပ်ဦးဆိုင်းဘုတ်နဲ့ ခွပ်ဒေါင်းအလံကို ၅ မိနစ် အတွင်း ဖြုတ်ပေးပါ” လို့ အမိန့် ထပ်ပေးပါတယ်။

သူတို့ဘက်ကလည်း ဖြုတ်မပေးနိုင်ကြောင်း ထပ်ပြောပြီး ၅ မိနစ်မပြည့်ခင် ၃ မိနစ်လောက်မှာပဲ ဗိုလ်ကြီးတင်ဝင်း ဆိုသူက ပစ်စတိုကို မောင်းတင်လိုက်တဲ့အတွက် လူတွေ စတင် ထွက်ပြေးကြတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။ သူလည်း ချက်ချင်းဆိုသလို လမ်းဘေးကမြောင်းထဲ လှိမ့်ချလိုက် ပြီးတာနဲ့ သေနတ်သံတွေ ဆက်တိုက်ကြားရကြောင်းနဲ့ သူ့ခေါင်းပေါ်ကနေ ကျည်ဆံတွေဖြတ်သွားနေပြီး ခဏငြိမ်ချိန်မှာပဲ တပ်ဦးရုံး အနောက်ဘက်ဆီ ထွက်ပြေးလာတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

စုရပ် နေရာတခုဆီ ပြန်ရောက်လို့ သတင်းပြန်စုတော့ ဗိုလ်ကြီးတင်ဝင်းက ဆရာဦးပန်းကျော်ရဲ့ ဦးခေါင်းကို ပစ်စတိုနဲ့ အနီးကပ်ပစ်လို့ ပွဲချင်းပြီးသေဆုံးသွားတယ်၊ နောက်တော့ ဆရာဦးချမ်းလှ၊ ဦးကြည်ရှိန်နဲ့ တခြား တဦး တို့လည်း သေဆုံးခဲ့ရတယ်လို့ သိလိုက်ရတယ် ဆိုတဲ့အကြောင်း ဦးအောင်မြင့်က ပြောပါတယ်။

နောက်တရက်မှာတော့ ဒဏ်ရာ ပြင်းတဲ့ မမူမူအေး ဆိုတဲ့အမျိုးသမီးတဦး ထားဝယ်ဆေးရုံကြီးမှာ ထပ်မံ သေဆုံးခဲ့တဲ့အတွက် သေဆုံးသူ အားလုံး ၅ ဦး၊ ဒဏ်ရာရသူ ၃၇ ဦး ရှိခဲ့တယ်လို့ ဆရာဦးအောင်မြင့်က ကျနော့်ကိုပြောပြခဲ့ပါတယ်။

ဒီလိုပစ်ခတ်မှု ဖြစ်ပြီးပြီးချင်း ကျောင်းသားတွေက အခင်းဖြစ်ရာနေရာကနေ ထားဝယ်မြစ်ကို ဖြတ်ပြီး ကျနော်တို့ရွာဆီ ထွက်ပြေးလာကြတာဖြစ်ပါတယ်။ ဒီကတဆင့် တောခိုဖို့ စဉ်းစား ထားပုံရပါတယ်။ ဒီလိုပြောလိုက်လို့ ကျနော်တို့ရွာက ထားဝယ်မြို့နဲ့ ထိုင်းနယ်စပ် ကရင်အမျိုးသား အစည်းအရုံး (KNU) စခန်းတွေ ကြားမှာ ရှိတဲ့ နေရာလို့မထင်လိုက်ပါနဲ့။
ထားဝယ်မြစ်ရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ နေရာဖြစ်လို့ နယ်စပ်နဲ့ ဆန့်ကျင်ဘက် နေရာကိုတောင် သူတို့က ရောက်လာတဲ့ သဘောပါ။

နောက်တခါ ကိုတင်လေးနဲ့ ကျနော်က ၅ နှစ်နီးပါး ရင်းနှီးပြီး အားကစားအတူတူ လုပ်ခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ပေမယ့် စစ်တပ်က အာဏာသိမ်းရင် တောခိုမယ်လို့ တခါမှ ကြိုတင် ဆွေးနွေးခဲ့ဖူးတာ မရှိတော့ ကျနော်လည်း ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ ဖြစ်နေပါတယ်။

နောက်ပိုင်း မေးမြန်းချက်တွေအရ ပြန်သိရတာကတော့ စစ်တပ်က အာဏာသိမ်းရင် တောခိုမယ် ဆိုတာကို ကျောင်းသား တချို့က ကြိုတင်စီစဉ်ထားတာတွေ ရှိခဲ့ပြီး မွန်ပြည်သစ်ပါတီ။ KNU၊ ဗကပ (ဗမာပြည် ကွန်မြူနစ်ပါတီ) တို့က ယူဂျီတွေနဲ့ ဆက်သွယ်ခဲ့ကြောင်း၊ ဒါကြောင့် အာဏာမသိမ်းခင် ၁၆ ရက်နေ့ လောက်ကတည်းက အင်အား ဒါဇင်ဝက်လောက်ပါတဲ့ ထားဝယ် ကျောင်းသား ကိုယ်စားလှယ် အဖွဲ့တခုဟာ ထားဝယ်ကနေ ကံပေါက်ဒေသဘက်ကို ထွက်ခွာသွားပြီး မွန်ပြည်သစ်၊ KNU အဖွဲ့ဝင်တွေနဲ့ အသေးစိတ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ကျနော်တို့နဲ့အတူ တောစခိုတဲ့ အဖွဲ့ထဲ ပါလာတဲ့ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ) အဖွဲ့ဝင် ဦးဆောင်ကျောင်းသား တဦးဖြစ်သူ ဆလိုင်းကိုကိုဦးရဲ့ ပြန်လည် ပြောကြားချက်အရ ဆိုရင် သူနဲ့ ကိုတင်လေးတို့ဟာ ကိုသောင်းညွန့် (ခေါ်) ကိုလေဘေး (နောက်ပိုင်း ၂၀၁ ဘက်မလိုက် အဖွဲ့ရဲ့ တပ်ရင်းမှူး ဖြစ်လာသူ) နဲ့အတူ အာဏာ မသိမ်းခင် ရက်ပိုင်းအတွင်း တောင်သုံးလုံး ကျေးရွာဘက်သွားပြီး KNU ဗိုလ်မှူး ဒါးကျော် (အခု KNU တပ်မဟာ ၄ - မှူး ဖြစ်နေ သူ) နဲ့ တောခိုဖို့ကိစ္စ ဆွေးနွေးခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗကပ ဥက္ကဋ္ဌ သခင်ဘသိန်းတင်ရဲ့ ဆွေမျိုးတွေနဲ့လည်း ထားဝယ်မှာ တွေဆုံဆွေးနွေးပြီး စစ်တပ် အာဏာသိမ်းရင် ဗကပ နယ်ထဲဝင်ဖို့ ကြိုတင် ညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထားဝယ်မှာ ပစ်ခတ်မှု ဖြစ်ချိန်မှာ ဗကပ နယ်ဘက်ထွက်တဲ့ ပေါက်တိုင်း တံတားဂိတ်၊ KNU နယ်ဘက်ထွက်တဲ့ ဗျောတော၀ ဂိတ်တွေကို စစ်တပ်က အသေအချာ စစ်ဆေးမှု လုပ်နေတဲ့အတွက် ဘာဂိတ်မှမရှိတဲ့ ကျနော်တို့ရွာဆီ မင်းရပ်ကူးတို့ကနေ လှေတွေနဲ့ကူးပြီး မြင်းလှည်းတွေနဲ့ ဆင်းလာကြတာလို့ ဒီဆောင်းပါးရေးချိန်မှာ ပြန်လည် မေးကြည့်တော့မှ ကျနော် သိခွင့်ရခဲ့တာပါ။

ဒါပေမယ့် အဲဒီကာလက ဒီအခြေနေတွေကို ဘာမှကြိုမသိတဲ့ ကျနော့်ခမျာတော့ ဘာဖြစ်လို့ သူတို့အဖွဲ့ ကျနော့်ရွာဆီ ရောက်လာမှန်း နားမလည်နိုင်ခဲ့ပါဘူး။ လောလောဆယ်မှာတော့ ဘုန်းကြီးကျောင်းက ရသမျှထမင်းဟင်းနဲ့ အနီးအနား အိမ်တွေက ရသမျှ ထမင်းဟင်းတွေကို မှာယူပြီး သူတို့ကို ကြွေးရပါတယ်။ အဲဒီအချိန်မှာပဲ လောင်းလုံကနေ ထားဝယ်ဘက်သွားတဲ့ စစ်ကားတွေ ဘုန်ကြီးကျောင်းရှေ့ ကားလမ်းပေါ်ကနေ ဖြတ်သွားနေတယ်လို့ သတင်းရပြီး ခွေးဟောင်သံတွေလည်း ဆူညံနေတဲ့အတွက် လူစုခွဲဖို့ ပြင်ရပါတယ်။ ဘုန်းကြီးကျောင်းနဲ့ ခပ်လှမ်းလှမ်းက အိမ်တွေဆီ လူခွဲပို့ပြီး ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို ဆွေးနွေးဖို့ ကိုတင်လေးကို စောင့်နေရပါတယ်။

ည ၆ နာရီဝန်းကျင်မှာတော့ ကိုတင်လေးနဲ့ အဖွဲ့ရောက်လာပြီး သူနဲ့အတူ ဗကသ က ကိုကိုဦးနဲ့ အဖွဲ့လည်း ပါလာတယ်လို့ ကျနော့်စိတ်ထဲ မှတ်မိနေပါတယ်။ ကိုကိုဦးနဲ့ အဖွဲ့ဟာ ဗကသ စည်းရုံးရေး ခရီးစဉ်အဖြစ် ထားဝယ်ဒေသဆီ ရောက်နေစဉ် အာဏာသိမ်းတဲ့ အချိန်နဲ့တိုးပြီး ကျနော်တို့နဲ့အတူ တောခိုတဲ့အထိ ပါလာခဲ့သူတွေပါ။ ခရီးစဉ်အကြောင်း အသေအချာ ဆွေးနွေးတော့ သူတို့မှာလည်း ကြိုတင်စီစဉ်ထားတာ ဘာမှရှိပုံမရပါဘူး။ ဒါမှမဟုတ် ကြိုတင် စီစဉ်ထားတဲ့အတိုင်း မဖြစ်တော့လို့ ကျနော့်ကို ဘာမှ ပြောမပြနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

“ဒီည အနောက်ဘက်တောင်ကို ကျော်ပြီး မိုးမလင်းခင် စက်လှေတွေနဲ့ ရနောင်းကို ထွက်ချင်တယ်။ ရန်ကုန်နဲ့ မော်လမြိုင် ဘက်က လူတွေလည်း အဲဒီကို သွားနေကြတယ်။ အဲဒါ မင်း ဘယ်လိုကူညီ ပေးနိုင်မလဲ” ဆိုပြီး ကိုတင်လေးက ကျနော့် ကိုပြောပါတယ်။

ကျနော်ကလည်း စက်ဘီးစီးပြီး၊ ကားစီးပြီးသာ မောင်းမကန်ဘက်ကို ရောက်ဖူးပေမယ့် တောင်ကျော်ပြီး တခါမှ မသွားဖူးဘူး။ စက်လှေအကြောင်းလည်း ဘာမှမသိတော့ ဒီအကြောင်းသိတဲ့ ရွာထဲက လူတချို့ကိုခေါ်ယူ အကြံတောင်းရပါတယ်။

ဒီလိုနဲ့ ကျနော်တို့ရဲ့ ဆွေးနွေးပွဲဟာ ည ၁ နာရီလောက် ရောက်တဲ့အထိ အဖြေက မထွက်သေးဘူး။ အိပ်တဲ့လူက အိပ်ကုန်ကြပြီ။ အဲဒီလိုအချိန်မှာ ဘယ်ကနေ ဘယ်လို သတင်းရောက်လာမှန်းမသိ။ ကင်းအဖွဲ့က ကျနော့်ကို ထူးခြားတဲ့ အရေးပေါ်သတင်း လာပို့ပါတယ်။

“အတွင်းရေးမှူး၊ အစီအစဉ်က ရနောင်းဘက်မဟုတ်တော့ဘူး။ ဝေဒီကနေ ထားဝယ်မြစ်ကိုဖြတ်ပြီး ဗကပ နယ်ထဲဝင်မယ်။ ချောင်းဝမှာ သူတို့ အဆင့်သင့် စောင့်နေမယ်” ဆိုပြီး ကင်းတာဝန်ခံက ပြောပါတယ်။

ကိုတင်လေးကို မေးကြည့်တော့ “ဟုတ်တယ်။ အဲဒီအစီစဉ်အတိုင်း လုပ်မယ်” လို့ သဘောတူ ပါတယ်။

ဒါနဲ့ အိပ်ပျော်နေတဲ့ ကျောင်းသားတွေ အားလုံးကို တအိမ်တက်ဆင်း လိုက်နှိုးပြီး ည ၂ နာရီ လောက်မှာ ခရီးထွက်ဖို့ ပြင်ရ ပါတယ်။ အဲဒီညက လရောင်က လင်းနေတဲ့အတွက် တဦးနဲ့တဦး မသဲမကွဲ လရောင်အောက်မှာ မြင်နေရပါတယ်။

လူအင်အား ၅၀ လောက်ရှိမယ့် ကျောင်းသားအုပ်စုကြီးဟာ ကျနော်တို့ ရွာကနေ ရာဟောင်းဝ၊ ပန်းတလဲ၊ အင်းစောင့်၊ ကုန်းဇရပ် ရွာတွေကိုဖြတ်ပြီး ၈ မိုင်၊ ၉ မိုင် လောက်ရှိတဲ့ ခရီးကို ကုန်းကြောင်း လျှောက်ပြီးတဲ့ အခါမှာတော့ မနက် ၄ နာရီခွဲလောက်မှာ ဝေဒီရွာကို ရောက်လာပါတယ်။

လမ်းတလျှောက် ခွေးဟောင်သံတွေ ဆူညံနေပေမယ့် ဝေဒီအဝင်မှာတော့ ထူးခြားစွာ တိတ်ဆိတ်နေပါတယ်။ ဘယ်သူတွေက ဘယ်လို ကြိုတင်စီစဉ်ထားလဲ မသိပါဘူး။ လှေ ၇ စီး၊ ၈ စီးလောက်က ကျနော်တို့ကို စောင့်နေပါတယ်။ အဲဒါနဲ့ နီးတဲ့ လှေဆီ တက်ပြီး ဝေဒီကနေ ထားဝယ်မြစ် တဘက်ကမ်းက စော်ဝရွာဆီ လှော်ပြီးထွက်တော့ ဝေလီဝေလင်း အရုဏ်တက်စ ပြုနေပါပြီ။



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More