Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၄၈


သံ႐ံုးသိမ္း ေသနတ္သမားနွင့္ အင္တာဗ်ဳးျခင္း

အဲဒီလုိ ဘာ ID မွ မရွိတာကုိက ကံေကာင္းသြားတယ္ ေျပာရမလားပါပဲ။ တျခားသတင္းေထာက္ေတြ သံ႐ံုးေရွ႕ေျပးေနခ်ိန္မွာ သူတုိ႔လုိ မေျပးနုိင္တဲ့က်ေနာ္က ႐ံုးခန္းက်ဥ္းက်ဥ္းထဲမွာ ဖုန္းတဂြမ္ဂြမ္ ဆက္ရင္းနဲ႔ NGO သတင္းရပ္ကြက္ဆီကေန သံ႐ံုးဖုန္းနံပတ္တခု ရလိုက္ပါတယ္။ ရမ္းသမ္းၿပီးနွိပ္ထည့္လုိက္ေတာ့ “ဆ၀ါဒီခပ္” ဆုိၿပီး ဖုန္းကုိင္တဲ့လူက ထုိင္းလုိေျပာပါတယ္။ ဒါေပမဲ့ ဒီလူ႔အသံ ထုိင္းအသံ မဟုတ္ဘူးဆုိတာကို ရိပ္မိတာနဲ႔ ထုိင္းလုိျပန္မေျပာေတာ့ဘဲ “က်ေနာ္ DVB ကပါ။ အဲ …” ဆုိၿပီး စကားဆက္ဖုိ႔ အရွိန္ယူေနတုန္း။


 
 သံ႐ံုးကို ဝင္စီးတဲ့အဖြဲ႔ ေခါင္းေဆာင္ ကုိေဂ်ာ္နီကုိ ေဆးရံုကုိ၀င္စီးတဲ့ ကိုေဗဒါနဲ႔အတူ နယ္စပ္စခန္းတခုတြင္ ေတြ႔ရစဥ္


“DVB ေနာ္ေ၀လား။ ဘယ္သူလဲမသိဘူး” ဆုိၿပီး ဖုန္းကိုင္တဲ့ပုဂၢိဳလ္က ျပန္ေမးပါတယ္။ တကယ္က က်ေနာ့္သတင္းေထာက္အမည္ ”ထက္ေအာင္ေက်ာ္” ဆုိတာကို ေျပာရမယ့္အစား ေမ့ၿပီးေတာ့ အမည္ရင္းျဖစ္တဲ့ “၀င္းထိန္ပါ … က်ေနာ္။ ခင္ဗ်ားတုိ႔ အဲဒီ … ဟုိကိစၥ ဘာေျပာလုိ႔ရမလဲ၊ ေနာက္ဆုံးအေျခေန” ဆုိၿပီး အစီစဥ္တက်မဟုတ္တဲ့ ေမးခြန္းေတြ ထြက္သြားပါတယ္။


”ေၾသာ္ … ေနာ္ေ၀းအသံကိုလား။ ဟုတ္ကဲ့ က်ေနာ္တုိ႔သိမ္းထားတယ္။ သံ႐ံုးကို စီးထားလုိက္ၿပီ” ဆုိၿပီး အဲဒီပုဂၢိဳလ္က ေျပာပါတယ္။ တကယ္က အဲဒီအခ်ိန္မွာ အေသခ်ာ ေမးခြန္းဆက္ေမးရမယ့္အစား အေတြ႔အႀကံဳမရွိေသးတဲ့ သတင္းေထာက္ပီပီ “ဒီနံပါတ္က သံ႐ံုးနံပါတ္ဟုတ္ပါတယ္ေနာ္” ဆုိၿပီး သြားေမး မိပါတယ္။ ေတာ္ေသးတယ္။ ဟုိဖက္ကပုဂၢိဳလ္က စိတ္ဆုိးၿပီး ဖုန္းခ်မသြားလုိ႔။ ၿပီးေတာ့ က်ေနာ္စေမးတဲ့ ေမးခြန္းကၾကည့္ပါဦး၊ “ခင္ဗ်ားတုိ႔ ဘာေျပာခ်င္လဲ။ ေျပာခ်င္တာေတြအကုန္လုံး ေျပာထားခဲ့ဗ်ာ” တဲ့။

“က်ေနာ္ဘာမွ မေျပာနုိင္ေသးဘူး။ စတိတ္မန္႔ထဲမွာ ပါသေလာက္ပဲ ေျပာနုိင္ဦးမယ္။ နုိင္ငံေရး အက်ဥ္းသားအားလုံး လႊတ္ေပးဖုိ႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးဖုိ႔ က်ေနာ္တုိ႔ ေတာင္းထားပါတယ္။ ခင္ဗ်ား စတိတ္မန္႔ ရၿပီးၿပီမုိ႔လား” လုိ႔ ျပန္ေမးပါတယ္။ မရေသးရင္ Fax နံပါတ္ေပး၊ သူပုိ႔ေပးမယ္လုိ႔ ဆုိပါတယ္။ က်ေနာ္တုိ႔႐ံုးက ပုန္းလွ်ိဳးကြယ္လွ်ိဳး ဖြင့္ထားရတာဆုိေတာ့ ျပႆနာျဖစ္ေနတဲ့အရပ္ဆီ Fax နံပါတ္ေပးလုိ႔ ဘယ္ျဖစ္မလဲ။ ဒါနဲ႔ အသံနဲ႔ လိုခ်င္လုိ႔ပါ။ ဘာညာ ညွိရတာ တမိနစ္ေလာက္ၾကာသြားပါတယ္။ ၿပီးေတာ့မွ က်ေနာ္ေမးမယ္၊ ခင္ဗ်ားေျဖဗ်ာ ဆုိၿပီးေျပာေတာ့ “အုိေက” လုိ႔ သူကဆုိပါတယ္။

ခင္ဗ်ားတုိ႔က ဘယ္အဖြဲ႔ကလဲ။ ဘာေၾကာင့္ အခုလုိ၀င္စီးတာလဲ ဆုိၿပီး စေမးျဖစ္ပါတယ္။ “က်ေနာ္တုိ႔က ဘယ္အဖြဲ႔အစည္းရဲ႕ လက္ေအာက္ခံမွမဟုတ္ဘူး။ Vigorous Burmese Students Warrior စြမ္းအားျမင့္ ေက်ာင္းသားစစ္သည္ေတာ္မ်ားအဖြဲ႔။ ဘယ္အဖြဲ႔နဲ႔မွ မဆုိင္ဘူး။ အခုမွ အသစ္ဖြဲ႔တဲ့အဖြဲ႔” ဆုိၿပီး အဲဒီပုဂၢိဳလ္က ေျပာပါတယ္။ ျပီးေတာ့ ဘာေၾကာင့္ ၀င္သိမ္းလဲဆုိေတာ့ ဒီေကာင္ေတြက ျပည္သူက ေရြးခ်ယ္ခန္႔အပ္ထားတဲ့ လူေတြမဟုတ္ဘူး။ သူ႔ဟာသူ ေသနတ္နဲ႔ အာဏာသိမ္းၿပီး ေလွ်ာက္လုပ္ေနတာ။ က်ေနာ္တုိ႔က ေတာ္လွန္ေရးသမားေတြပဲ။ ျပည္သူဘက္က လူေတြပဲ။ ဒါေၾကာင့္ ၀င္သိမ္းတာလုိ႔ အဲဒီ ပုဂၢိဳလ္က ေျပာပါတယ္။

ဒီကိစၥကိုခင္ဗ်ားတုိ႔ ဘယ္လုိေျဖရွင္းမွာလဲ။ ထုိင္းအာဏာပုိင္ေတြနဲ႔ ညွိမွာလားဆုိၿပီး ဆက္ေမးေတာ့ “မိထားတဲ့ ဓားစားခံေတြကိုဖမ္းၿပီး ေတာ္လွန္ေရးနယ္ေျမကို ျပန္ဆုတ္မယ္။ ထုိင္းနဲ႔ ညွိမယ္။ ထုိင္းကုိ ေစာ္ကားတာ မဟုတ္ဘူး။ ျမန္မာသံ႐ံုးဟာ ျမန္မာပုိင္နက္ထဲမွာပဲ ရွိတယ္။ က်ေနာ္တုိ႔ လက္နက္ခ်ဖုိ႔ မရွိဘူး။ က်ေနာ္တုိ႔နဲ႔အတူ မဟာမိတ္ God Army လည္း ပါတယ္။ ခင္ဗ်ားတုိ႔အေနနဲ႔ Mediator လုိင္းကေန ၀င္ေပးနုိင္ရင္ေကာင္းမယ္။ မဟုတ္ရင္ အားလုံးေသကုန္မယ္။ လက္နက္ခ်ဖို႔မရွိဘူး” ဆုိၿပီး အဲဒီ ပုဂၢိဳလ္က ဆက္ေျပာပါတယ္။

မင္းသမီးစခန္းကေန ထြက္လာတဲ့ ABSDF တပ္ဖြဲ႔၀င္ေတြ အပါအ၀င္ ေက်ာင္းသားတခ်ဳိ႕ ၉ ေလးလုံးအႀကိဳကာလ ျမန္မာသံရံုးေရွ႕တြင္ ဆႏၵျပစဥ္

တကယ္က အဲဒီလုိ အရွိန္ေကာင္းေနတုန္း ေမးခြန္းေတြ ဆက္တုိက္ေမးသင့္တယ္ ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ္စိတ္ထဲ ဒီလူ တကယ္ေျပာေနတာေရာ ဟုတ္ရဲ့လား။ သံ႐ံုးနံပါတ္ေရာ ဟုတ္ရဲ႕လားဆုိၿပီး သံသယ ထပ္၀င္လာျပန္ပါတယ္။ “ခင္ဗ်ား သံ႐ံုးထဲကေျပာေနတာ ဟုတ္ပါတယ္ေနာ္။ ခင္ဗ်ားနာမည္နဲ႔ တာ၀န္ကုိ ေျပာနုိင္မလားဗ်။ က်ေနာ္ အတည္ျပဳခ်က္ ယူခ်င္လုိ႔ပါ” ဆုိၿပီး သြားေမးမိျပန္ပါတယ္။

”နာမည္။ နာမည္က အကုန္လုံးသိေနၿပီဗ်။ By Name နဲ႔ေတာင္ Fax ေတြ၀င္လာေနၿပီ။ က်ေနာ့္နာမည္ ေဂ်ာ္နီပဲ” ဆုိၿပီး အဲဒီပုဂၢိဳလ္က ေျဖပါတယ္။ ၿပီးေတာ့ ေသနတ္သံေတြ၊ မွန္ျပဴတင္းကြဲသံေတြ ၾကားလုိက္ရပါတယ္။ ”ဒါပဲေနာ္။ က်ေနာ္ ထုိင္းအာဏာပုိင္ေတြနဲ႔ စကားေျပာရဦးမယ္” လုိ႔ေျပာၿပီး ဖုန္းခ်သြားပါတယ္။ အဲဒါဟာ အေတြ႔အႀကံဳ နုေသးတဲ့ သူပုန္လူထြက္ခါနီး သတင္းေထာက္ေပါက္စနဲ႔ ဘန္ေကာက္ၿမိဳ႕လယ္ေခါင္က ျမန္မာသံ႐ံုးကုိ စီးထားသူ ေသနတ္သမားတုိ႔ရဲ႕ ပထမဆုံး အင္တာဗ်ဴးပါပဲ။

တကယ္ကေတာ့ နုိင္ငံတကာ သတင္းဌာနေတြမွာဆုိရင္ ဒီလုိ အၾကမ္းဖက္စီးနင္းမႈေတြ၊ ဓားစာခံကိစၥေတြအတြက္ အထူး သတင္းေထာက္ေတြ ရွိတယ္လုိ႔ဆုိပါတယ္။ ဒီ ဘာသာရပ္အတြက္ အထူးေလ့က်င့္ထားတဲ့ သတင္းသမားေတြေပါ့။ ဒါေပမယ့္ က်ေနာ္တုိ႔ ျမန္မာသတင္းေလာကမွာေတာ့ အခုခ်ိန္အထိ ဒါမ်ဳိးေလ့က်င့္ထားတာ၊ ဒီဘာသာရပ္ကုိ သင္ၾကားတယ္ဆုိတာမ်ဳိး မၾကားမိေသးပါဘူး။ ေနာက္တခါ ဒီလုိျဖစ္ရပ္ဟာ ဆယ္နွစ္ေလာက္ၾကာမွ တခါေလာက္ ေပၚတဲ့ကိစၥမ်ဳိးဆုိေတာ့ ခန္႔မွန္းဖုိ႔ သိပ္မလြယ္။ နီးတဲ့လူ၊ ဖုန္းရတဲ့လူကပဲ ေမးလုိက္တာ သဘာ၀က်တယ္လုိ႔ ထင္ပါတယ္။

ဒါက အခုမွ စဥ္းစားမိတဲ့ အခ်က္ေတြပါ။ အဲဒီအခ်ိန္ကေတာ့ ရင္တုန္ပန္းတုန္ျဖစ္ေနၿပီး ဘာလုပ္္လုိ႔ ဘာကုိင္ရမွန္းမသိပါ။ ဒီအင္တာဗ်ဴး ၿပီးသြားတဲ့အထိ က်ေနာ့္စိတ္ထဲ ယုံတ၀က္၊ မယုံတ၀က္ျဖစ္ေနဆဲ။ က်ေနာ္ေဘးမွာနားေထာင္ေနၾကတဲ့ ကိုတင့္ေဇာ္နဲ႔ ကိုမင္းေဇာ္ေရႊတုိ႔ကေတာ့ လက္မ ေထာင္ျပေနၾကပါတယ္။ ဒါေပမယ့္ သူတုိ႔က အစအဆုံး ၾကားရတာမဟုတ္။ က်ေနာ္ေမးေနတဲ့ အသံပဲၾကားရၿပီး ဟုိဘက္ကေျဖသံကုိ မၾကားနုိင္။ အဲဒီကာလ DVB ဟာ ဆင္းရဲေနဆဲ ျဖစ္တဲ့အတြက္ တယ္လီဖုန္းနဲ႔ အသံဖမ္းစက္ၾကား ခ်ိတ္ေပးတဲ့ ေဒၚလာ ၃၀ တန္ ၾကားခံကိရိယာကုိေတာင္ မ၀ယ္နုိင္ေသး။ ဘန္ေကာက္ဗ်ဴ႐ုိတာ၀န္ခံ ကိုခင္ေမာင္၀င္း ဆင္ေပးထားတဲ့ ကုိယ္ဘာသာ ေဘးမွာ အေပါက္ေဖာက္ထားတဲ့ တယ္လီဖုန္းကုိ ၀ုိင္ယာႀကိဳးအသြယ္သြယ္နဲ႔ဆက္ၿပီး အသံဖမ္းေနရတဲ့အဆင့္မွာပဲ ရွိပါေသးတယ္။

ဒီလုိနဲ႔ ေအာ္စလို႐ံုးက ဖုန္းေခၚလာခ်ိန္ကုိေတာင္ မေစာင့္နုိင္ေတာ့ပါဘူး။ ကုိယ္ကပဲ အရင္ ေခၚၿပီး သံ႐ံုးကို စီးထားတဲ့ အဖြဲ႔ေခါင္းေဆာင္နဲ႔ အင္တာဗ်ဳးရထားတဲ့အေၾကာင္း၊ အျမန္ပုိ႔ခ်င္ေၾကာင္း ေျပာလုိက္ပါတယ္။ အဲဒီအခ်ိန္ ေအာ္စလုိ႐ံုး တာ၀န္က် သတင္းအယ္ဒီတာက ကုိ၀င္းနုိင္ဦး (ေနာက္ပုိင္း RFA ကို ေျပာင္းသြားသူ) ျဖစ္ပါတယ္။ သူလည္း က်ေနာ္အင္တာဗ်ဳးရတာကို အေတာ္အံ့ၾသေနပုံရပါတယ္။ က်ေနာ္ ကုိယ္တုိင္လည္း အံ့ၾသေနတုန္း။

အဲဒီကာလေတြဟာ အခုေခတ္လုိ အြန္လုိင္းဆက္သြယ္ေရး သိပ္မေကာင္းေသးတဲ့အတြက္ တေနရာနဲ႔တေနရာ ဆက္သြယ္ အႀကံဉာဏ္ေတာင္းဖုိ႔ သိပ္မလြယ္ေသးပါ။ ဆုိလုိတာကေတာ့ အခုေခတ္မွာ ဆုိရင္ ဆက္သြယ္ေရး လြယ္ကူတဲ့အျပင္ ရံုးခန္းေတြလည္း စနစ္တက်ရွိတဲ့ေနတဲ့အတြက္ အေရးႀကီး အင္တာဗ်ဳးတခုခု မလုပ္ခင္မွာ ဘယ္လုိေမးခြန္းေတြ ေမးသင့္တယ္ဆုိတာကုိ အယ္ဒီတာေတြ။ တာ၀န္ရွိ သူေတြနဲ႔ တုိင္ပင္အႀကံဉာဏ္ေတာင္းဖုိ႔ လြယ္ပါတယ္။ အဲဒီကာလကေတာ့ ေျမေအာက္တပုိင္းသတင္း ဌာနလုိျဖစ္ေနတဲ့အခါက်ေတာ့ က်ေနာ္ေဘးမွာ ေမးျမန္းတုိင္ပင္ဖုိ႔ ဘယ္အယ္ဒီတာမွမရွိ။ ေနာ္ေ၀းကလူေတြကလည္း အိပ္ရာက မထေသးဆုိေတာ့ ဘယ္လုိမွ ႀကိဳတင္ျပင္ဆင္ဖုိ႔ အခ်ိန္မရလုိက္ပါ။ ေနာက္တခါ က်ေနာ္ ကိုယ္တုိင္လည္း ဖုန္းရဖုိ႔ပဲ နင္းကန္ေလွ်ာက္ေခၚေနၿပီး (ဖုန္းရမယ္လုိ႔ သိပ္ထင္မထားေပမယ့္) တကယ္လုိ႔ ဖုန္းရရင္ ဘာေတြေမးမယ္ဆုိတာကို ႀကိဳတင္ျပင္ဆင္ထားဖုိ႔ အားနည္းခဲ့တယ္လုိ႔ ထင္ပါတယ္။

ဒီလုိနဲ႔ ည ၇ နာရီ ၄၅ မိနစ္မွာလႊင့္တဲ့ အဲဒီ အင္တာဗ်ဳးကို နားေထာင္ၿပီးတဲ့ေနာက္ က်ေနာ္ အိမ္္ျပန္လာပါတယ္။ သိပ္မၾကာပါဘူး။ က်ေနာ့္ဆီ ၀င္လာတဲ့ဖုန္းေတြက မနည္းလွ။ အဲဒီထဲမွာ အခု ၂၀၁၂ ခုနွစ္ စက္တင္ဘာလအတြင္း ျမန္မာနုိင္ငံဆီ သြားေရာက္ေလ့လာေနၾကတဲ့ ABSDF ဥကၠ႒ေဟာင္းေတြျဖစ္တဲ့ ေဒါက္တာ နုိင္ေအာင္နဲ႔ ကိုမုိးသီးဇြန္တုိ႔က ထိပ္ဆုံးပါပဲ။ ၿပီးေတာ့ တျခားသတင္းဌာနက လုပ္ေဖာ္ကုိင္ဖက္ သတင္းေထာက္ေတြ။ သူတုိ႔ အဓိကေမးတာက ဘယ္နံပါတ္နဲ႔ရလဲ။ အဲဒီနံပါတ္ ေပးနုိင္မလားေပါ့။ တကယ့္ က်ဥ္းထဲက်ပ္ထဲပါပဲ။

 သံ႐ံုးစီးနင္းမႈျဖစ္ၿပီးကာစ လုံၿခံဳေရးတင္းက်ပ္ထားတဲ့ မနီလြိဳင္းေက်ာင္းသားစခန္းတြင္ သတင္းယူေနစဥ္

 အဲဒီအခ်ိန္မွာ က်ေနာ္က ABSDF အရန္ ဗဟုိေကာ္မီ၀င္ ျဖစ္ေနတုန္း။ ကုိနုိင္ေအာင္က ဥကၠ႒၊ ကုိမုိးသီးဇြန္က ဒု ဥကၠ႒ ဆုိေတာ့ သူတုိ႔ေတာင္းတာကို က်ေနာ္မေပးလုိ႔ ဘယ္သင့္ေတာ္ပါ့မလဲ။ တဖက္ကလည္း ကုိယ့္သတင္းရင္းျမစ္ကုိ မေပးခ်င္ျပန္ဘူး။ အဲဒါနဲ႔ က်ေနာ္ တကယ္ေခၚလုိ႔ရတဲ့နံပါတ္နဲ႔ ေခၚလုိ႔မရတဲ့ နံပါတ္ ႏွစ္မ်ိဳးကုိတြဲၿပီး “အဲဒီနံပါတ္ ႏွစ္ခုစလုံးကုိသာ ေခၚၾကည့္ပါ။ တလုံးမဟုတ္ တလုံးရနုိင္ပါတယ္” လုိ႔ ေျပာၿပီးေပးလုိက္ပါတယ္။

တျခားသတင္းဌာနေတြက လုပ္ေဖၚ ကုိင္ဖက္ေတြကိုလည္း ဒီလုိပဲ ေပးလုိက္ပါတယ္။ ဒါေပမဲ့ ကံေကာင္းတာလား။ ကံဆုိးတာလား မေျပာတတ္။ က်ေနာ္ကလဲြၿပီး ဘယ္သူမွ ကုိေဂ်ာ္နီနဲ႔ အင္တာဗ်ဳး မရလုိက္ပါဘူး။ ကံဆုိးတယ္ ဆုိတာကေတာ့ ဘယ္သူမွမရဘဲ က်ေနာ္တဦးတည္းသာ အင္တာဗ်ဳးရတဲ့အတြက္ က်ေနာ္နဲ႔ ကုိေဂ်ာ္နီတုိ႔ နဂုိကတည္းက အဆက္သြယ္ ရွိထားလားဆုိၿပီး သံသယ ၀င္ၾကတဲ့အမႈပါ။

ဘယ္လုိပဲျဖစ္ျဖစ္ အဲဒီေန႔ည ၁ နာရီခဲြေလာက္မွာ ကုိေဂ်ာ္နီနဲ႔က်ေနာ္ ဖုန္းတခါ ထပ္ရလုိက္ပါေသးတယ္။ မနက္ျဖန္ ေသနုိင္တယ္လို႔ ထင္ထားတဲ့ ကိုေဂ်ာ္နီဟာ သူ႔ရင္ထဲရွိတဲ့ စကားေတြအားလုံးကုိ အဲဒီညက ေျပာသြားခဲ့ပါတယ္။

“ကုိယ့္ကုိယ္ကုိ ေသလူအျဖစ္ သေဘာထားၿပီး ဒီကိစၥကို ေဆာင္ရြက္တာပါ။ က်ေနာလည္း AB ရဲေဘာ္ေဟာင္းပါပဲ။ က်ေနာ္တို႔ ေရွ႕တန္းမွာတိုက္ေနတာ နွစ္ေတြၾကာခဲ့ေပမယ့္ ဘာမွ မထူးလာဘူးဗ်ာ၊ ပြန္း (စစ္တုရင္ ကစားပြဲမွ စစ္သည္႐ုပ္) ေတြနဲ႔ တိုက္ေနလို႔ ဘာမွမထူးဘူး၊ Key ေတြ၊ ထိပ္မွာထိုင္ပီး အမိန္႔ေပးေနသူေတြကို ရွင္းပစ္နိုင္မွ ျမန္မာနိုင္ငံအေျခေနက ေျပာင္းမွာဗ်” ဆုိတဲ့ စကား အပါအ၀င္ လက္ရွိနုိင္ငံေရး အေျခအေနအေပၚ သူ႔အျမင္၊ ေတာ္လွန္ေရးသမားေတြဟာ စစ္မတုိက္ဘဲ ဆယ္မီနာေတြ၊ အစည္းေ၀းေတြပဲ လုပ္ေနၾကၿပီး အခ်ိန္ျဖဳန္း၊ ေငြျဖဳန္း လုပ္ေနျကတယ္ဆုိၿပီး ကုိေဂ်ာ္နီေျပာသြားတာကို က်ေနာ္မွတ္မိေနပါတယ္။

AK 47 တဖက္၊ ခြပ္ေဒါင္းအလံ တဖက္နဲ႔ ကမာၻေက်ာ္သြားသူမ်ား

ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ ကိုေဂ်ာ္နီဟာ ေသကံမေရာက္ အေသက္မေပ်ာက္ဆုိသလုိ အဲဒီေန႔နံနက္ ေအာက္တုိဘာ ၂ ရက္ေန႔မွာ ထုိင္းအာဏာပုိင္ေတြနဲ႔ ညွိနႈိင္းမႈေတြ အားလုံးအဆင္ေျပသြားပါတယ္။ ထုိင္း ဒု နုိင္ငံေရး၀န္ႀကီးကိုယ္တုိင္ ဓားစာခံေတြနဲ႔ အစားထုိး လဲလွယ္ကာ သူတုိ႔နဲ႔အတူ ေတာထဲအထိ လုိက္သြားမယ္လုိ႔ သေဘာတူညီခ်က္ ရလုိက္ပါတယ္။



“ဒီလူေတြက အသက္နဲ႔ရင္းၿပီးလုပ္ ေနခ်ိ္န္မွာ ငါက ရဲအဖမ္းခံရမွာစိုးလုိ႔ သံ႐ံုးေရွ႕ မသြားရဲဘူးဆုိတာ မဟုတ္ေသးပါဘူး” ဆုိၿပီး ကုိယ္ဖာသာ ရဲေဆးတင္ၿပီး အဲဒီေန႔က သံ႐ံုးေရွ႕ကုိ အရဲစြန္႔ေရာက္ေနတဲ့ က်ေနာ္လည္း သတင္းယူရတာ ဖတ္ဖတ္ေမာပါပဲ။ သံ႐ံုးထဲ ရဟတ္ယာဥ္ဆင္းမရလုိ႔ အလံတုိင္ႀကီးကုိ ခုတ္လွဲလုိက္တာ၊ ေဆး႐ံုဖက္အသြားမွာ ကားဘီး ႏြံနစ္လုိ႔ မုိးေပၚေသနတ္ေထာင္ေဖာက္တာ၊ ေနာက္ဆုံး လုံမဏီပန္းၿခံေဘးက ရဲသင္တန္းေက်ာင္းေရာက္မွ အားလုံးအဆင္ေျပၿပီး ဓားစာခံေတြကို လႊတ္ေပး၊ ခြပ္ေဒါင္းအလံတဖက္၊ AK ေသနတ္ တဖက္ကုိင္ၿပီး လက္ေ၀ွ႔ယမ္းျပ၊ နုိင္ငံျခားေရး ဒု ၀န္ႀကီးနဲ႔အတူ ရဟတ္ယာဥ္ေပၚတက္သြားတဲ့ ျမင္ကြင္းဟာ တကယ္ စိတ္လႈပ္ရွားစရာပါပဲ။

အဲဒီျဖစ္စဥ္တခုလုံးကုိ Live ပုံစံနဲ႔ အသံဖမ္းစက္ထဲ ေျပာထည့္ထားၿပီး လုိသေလာက္ တည္းျဖတ္ပုိ႔လုိက္တဲ့ က်ေနာ္ရဲ့သတင္းဟာ အဲဒီညက အေတာ္လူသိမ်ားသြားခဲ့တယ္လုိ႔ ဆုိပါတယ္။ အသံလႈိင္း မၾကည္တဲ့ DVB ကုိ လူေတြခဲရာခဲဆစ္ နားေထာင္မႈ တုိးလာေစတယ္လုိ႔လည္း သိရပါတယ္။ အဲဒီ သတင္းဟာ က်ေနာ့္ သတင္းေထာက္ဘ၀မွာ ပထမဆုံးပုိ႔ဖူးတဲ့ Live သတင္း ျဖစ္ပါတယ္။

ရဟတ္ယာဥ္ တက္သြားၿပီး နာရိီ၀က္ေလာက္အၾကာမွာ ျပည္ထဲေရး၀န္ႀကီးက သံ႐ံုးေဘးရွိ အေဆာက္အဦမွာ သတင္းစာရွင္းပဲြ လုပ္ပါတယ္။ အဲဒီရွင္းပဲြအတြက္ သတင္းေထာက္ေတြ စုေနတဲ့အထဲ မေန႔ညက က်ေနာ္နဲ႔ ခ်င္းမုိင္မွာေတြ႔မယ္လုိ႔ ခ်ိန္းထားတဲ့ ကိုေအာင္ေဇာ္ကိုလည္း ေတြ႔ရပါတယ္။ သူက အဲဒီ အခ်ိန္မွာ ဧရာ၀တီအျပင္ RFA အတြက္ သတင္းပုိ႔ေနသူပါ။ နုိင္ငံျခားသတင္းေထာက္ေတြအၾကား အမ်ဳိးမ်ဳိး ထင္ျမင္ခ်က္ေပးေနၿပီး ရဟတ္ယာဥ္ဟာ မဲေဆာက္ဘက္က KNU ဥကၠ႒ရွိတဲ့ နယ္စပ္ဆီသြားတာ ျဖစ္မယ္လုိ႔ ေျပာေနၾကပါတယ္။

“ဘယ္ဟုတ္မလဲ၊ မဲေဆာက္က အေ၀းႀကီး။ သူတုိ႔က God Army စခန္းရွိတဲ့ ရတ္ခ်ပူရီက ကမာပုေလာစခန္းဆီ သြြားတာပါ” ဆုိၿပီး က်ေနာ္ ၀င္ေျပာမိပါတယ္။ “မင္းက ဘယ္လုိသိတာလဲ” ဆုိၿပီး ကင္မရာေတြက က်ေနာ့္ဖက္ လွည့္လာပါတယ္။ သတင္းေထာက္ကေန သတင္းဖန္တီးသူ ျဖစ္သြားမွာစုိးတာနဲ႔ ဟုိလုိလုိ ဒီလုိလုိေျပာၿပီး ေလွ်ာခ်လုိက္ရတာကို က်ေနာ္ အမွတ္ရေနပါတယ္။

ရတ္ခ်ပူရီ ေဆး႐ံုကုိ ၀င္စီးျပန္ၿပီ

ကမာၻေက်ာ္သြားတဲ့ သံ႐ံုးစီးနင္းမႈျဖစ္ၿပီး သိပ္မၾကာပါဘူး။ ၂၀၀၀ ခုနွစ္ ဇန္န၀ါရီလထဲမွာ စြမ္းအားျမင့္ စစ္သည္ေတာ္မ်ား အဖြဲ႔နဲ႔ God Army စခန္းရိွရာ ကမာပုေလာေဒသဆီ န၀တတပ္ေတြက အႀကီးအက်ယ္ ထုိးစစ္ဆင္ပါေတာ့တယ္။ က်ေနာ္တုိ႔တပ္ေတြ ခံခဲ့ရတဲ့ ထုိးစစ္ထက္ အဆမတန္မ်ားတဲ့ တပ္အင္အားနဲ႔ ထုိးတာျဖစ္ၿပီး လက္နက္ႀကီး အလြန္အကြ်ံ သုံးခဲ့ေၾကာင္း၊ ၿပီးေတာ့ သူတုိ႔ဟာ က်ေနာ္တုိ႔ တပ္ေတြလုိ ဆုတ္လမ္းမထားဘဲ ကမာပုေလာစခန္းမွာ ခံစစ္ေသသေဘာနဲ႔ ေနရာယူထားတဲ့အတြက္ အေတာ္အထိနာခဲ့တယ္လို႔ ေနာက္ပုိင္းမွာ ျပန္သိခဲ့ရပါတယ္။

ရတ္ခ်ပူရီေဆး႐ံုစီးနင္းမႈကို ဦးေဆာင္ခဲ့တဲ့ ကိုေဗဒါ (ဆံပင္ရွည္ႏွင့္ ပုဂၢိဳလ္) ကုိ နယ္စပ္စခန္းတခုတြင္ ေတြ႔ရစဥ္

ဒဏ္ရာရ လူနာက မ်ားျပား၊ ေဆး၀ါးက မလုံေလာက္၊ ကြ်မ္းက်င္ေဆးမႉးကလည္း မရွိတာနဲ႔ ေနာက္ဆုံးႀကံရာမရျဖစ္ၿပီး ထုိင္းနုိင္ငံထဲ ဆရာ၀န္ရွာဖုိ႔ ထြက္လာရာကေန ရတ္ခ်ပူရီေဆး႐ံုဆီ ေရာက္လာတာျဖစ္တယ္လုိ႔ သူတုိ႔နဲ႔ နီးစပ္သူေတြက ေျပာပါတယ္။
အဲဒီအခ်ိန္ကေတာ့ ဒါေတြကို မသိပါဘူး။ “နန္စူစန္ဖမားေတြက ရတ္ခ်ပူရီေဆး႐ံုကုိ ၀င္စီးထားျပန္ၿပီ” ဆုိၿပီး ထုိင္း TV မွာ သတင္းစၾကားလုိက္တာပါ။ ဒီသတင္းၾကားေတာ့ ရတ္ခ်ပူရီကုိသြားဖုိ႔ က်ေနာ္ႀကိဳးစားပါတယ္။

ဒါေပမယ့္ အေျခမေနက အရင္လို မဟုတ္ေတာ့။ သံ႐ံုးစီးနင္းမႈ သတင္းအပုိ႔ေကာင္းလုိ႔၊ ေဂ်ာ္နီနဲ႔ အင္တားဗ်ဳးအရေကာင္းလုိ႔ စတဲ့အခ်က္ေတြအေပၚ မူတည္ၿပီး ထုိင္းေထာက္လွမ္းေရးေတြက က်ေနာ္တုိ႔ကုိ သိပ္မယုံေတာ့ပါ။ ကီလုိ ၈ ဖက္မွာ ဖြင့္ထားတဲ့ DVB ႐ံုးကုိ ပိတ္ၿပီး ႐ံုး၀န္ထမ္းေတြအားလုံး ေျမေအာက္လွ်ိဳးၿပီး ကုိယ္လွိ်ဳ႕၀ွက္ခန္းေတြကေန သတင္းပုိ႔ေနရတဲ့ အေျခအေနမ်ဳိးပါ။

လ်ွဳိ႕၀ွက္တယ္ဆုိေပမယ့္လည္း ေနတဲ့ေနရာပဲ လွ်ဳိ႕၀ွက္ၿပီး သတင္းယူရတဲ့ ေနရာေတြကေတာ့ အစိုးရ၀န္ႀကီးဌာနေတြ၊ ဆယ္မီနာခန္းမေတြဆုိေတာ့ သိပ္မထူးပါဘူး။ မွတ္မွတ္ရရ အဲဒီသတင္းမၾကားခင္ တရက္ကေတာင္ ဘန္ေကာက္ ဟိုတယ္တခုမွာ က်င္းပတဲ့ အာဆီယံ ခရီးသြားတုိးျမင့္ေရးေဆြးေႏြးပဲြမွာ န၀တရဲ႕ ခရီးသြား၀န္ႀကီးနဲ႔ေတာင္ က်ေနာ္ အင္တာဗ်ဴး လုိက္ပါေသးတယ္။

ဒီလုိနဲ႔ ရတ္ခ်ပူရီသြားနုိင္ဖုိ႔ ID ခုိင္တဲ့ အေဖာ္လုိက္ရွာရင္း မေန႔က သတင္းစာရွင္းပဲြမွာ အတူတူတက္ခဲ့သူ (အဲဒီအခ်ိန္က RFA မွာ ယာယီ တာ၀န္ထမ္းေနသူ) ေဒၚတင္ထားေဆြနဲ႔ အဆက္သြယ္ ရလုိက္ပါတယ္။ RFA ဗီယက္နမ္ဌာနက သတင္းေထာက္တဦး၊ ထုိင္းကားဆရာ၊ ေဒၚတင္ထားေဆြနဲ႔ က်ေနာ္တုိ႔ ၄ ဦး ရတ္ခ်ပူရီကုိ ေရာက္ေတာ့ ေန႔လည္ တနာရီေလာက္ ရွိေနပါၿပီ။ ေဆး႐ံုး၀င္း ၀င္ေပါက္အားလုံးကို ပိတ္ထားၿပီး အားကစားကြင္း ရွိတဲ့ဖက္မွာ သတင္းေထာက္ အမ်ားႀကီးကုိ ေတြ႔ရပါတယ္။ က်ေနာ္လည္း ဘန္ေကာက္သံ႐ံုး စီးနင္းစဥ္ကလုိမ်ဳိး အင္တာဗ်ဳးမ်ား ရမလားဆုိၿပီး လက္ကုိင္ဖုန္းတလုံးနဲ႔ ဟိုဆက္ ဒီဆက္ လုိက္ေမးခဲ့ေပမယ့္ ဘာအင္တာဗ်ဳးမွ မရလုိက္ပါဘူး။

ညေန ၇ နာရီ ၄၅ မိနစ္ DVB ပထမအႀကိမ္ အသံလႊင့္ခ်ိန္အတြက္ သတင္းပုိ႔တဲ့အထိ အေျခအေနက ဘာမွ သိပ္မထူးျခား။ ဒါေပမယ့္ ညနက္လာတာနဲ႔အမွ် ထုိင္းအာဏာပိုင္ေတြဘက္က လႈပ္ရွားမႈဟာ ေစ့စပ္ေဆြးေႏြးေရးထက္ ဖမ္းဆီးၿဖိဳခဲြေရးဘက္ နည္းနည္းယိမ္းလာသလားလုိ႔ သံသယ၀င္စရာ ျဖစ္လာေစခဲ့ပါတယ္။ ေနာက္တခါ က်ေနာ္ေဘးမွာရွိေနတဲ့ ထုိင္းသတင္းေထာက္ေတြ အပါအ၀င္ က်ေနာ္စကားေျပာခြင့္ရခဲ့တဲ့ ထုိင္းျပည္သူေတြရဲ႕ အျမင္ဟာ ဘန္ေကာက္သံ႐ံုး စီးနင္းစဥ္ကနဲ႔ မတူေတာ့ပါ။ ဘန္ေကာက္သံ႐ံုး စီးနင္းမႈဟာ ျမန္မာအခ်င္းခ်င္း ျပႆနာလုိ႔ သူတုိ႔က ျမင္ၾကၿပီး ကိုေဂ်ာ္နီတို႔ အဖြဲ႔ရဲ႕လုပ္ရပ္ကုိ “ဒီး ဒီး” လုိ႔ လက္မ ေထာင္ျပခဲ့သူေတြပါ။ တခ်ိန္တည္းမွာပဲ က်ေနာ္တုိ႔လုိ ေက်ာင္းသားတပုိင္း သတင္းေထာက္ေတြကိုလည္း သူတုိ႔က ေလးစားေနတာပါ။

ဒါေပမယ့္ အခု ရတ္ခ်ပူရီ ေဆး႐ံုကိစၥမွာေတာ့ သူတုိ႔အျမင္က အဲဒီလုိမဟုတ္ေတာ့။ ထုိင္းလူမ်ဳိးေတြကို ဒုကၡေပးတဲ့ ေက်ာင္းသားေတြအျဖစ္ ျမင္လာေနပါတယ္။ ေျဖရွင္းသူေတြကလည္း သံ႐ံုးတုန္းကလုိ နုိင္ငံေရးျပႆနာကုိ ကုိင္တြယ္တယ္ ဆုိတာထက္ အမ်ဳိးသားလုံၿခံဳေရး ျပႆနာအျဖစ္ ရႈျမင္ပုံရၿပီး ကုိင္တြယ္ပုံေျပာင္းသြားတာလည္း ျဖစ္နုိင္ပါတယ္။ ထုိင္းသတင္းေထာက္ေတြ ၾကားမွာလည္း ဒီလုိပါပဲ။ ေဆး႐ံုထဲ TV ႐ုိက္ခြင့္ရတဲ့ ထုိင္းခ်ယ္နယ္က Footage ေတြကို အမ်ဳိးသားလုံၿခံဳေရးအတြက္ဆုိၿပီး လုံၿခံဳေရး တပ္ဖြဲ႔က အရင္စစ္ေဆးၿပီး၊ ေဆး႐ံု၀င္းထဲက ေသနတ္သမားေတြနဲ႔ ဓားစာခံ အေျခအေနေတြကို အေသးစိတ္ေလ့လာၿပီးမွ မီဒီယာမွာျပဖုိ႔ ေပးလုိက္တာကို ျမင္လုိက္ရပါတယ္။ ဆင္ဆာမရွိဘူးဆုိတဲ့ ထုိင္းနုိင္ငံမွာ ဒီျဖစ္စဥ္ကုိ ျမင္လုိက္ရေတာ့ က်ေနာ့္စိတ္ထဲ တမ်ဳိးပါပဲ။

ဒီလုိနဲ႔ ည ၁၁ နာရီေလာက္မွာ ေဆး႐ံု၀င္းတံခါးေရွ႕က သတင္းေထာက္ေတြကို ေနာက္နည္းနည္း ဆုတ္ေပးဖုိ႔ေျပာၿပီး သံဆူးႀကိဳးေတြနဲ႔ ကာလုိက္ပါတယ္။ တခါ ည ၁ နာရီေလာက္မွာ ေနာက္ထပ္တခါ ထပ္ဆုတ္ခုိင္းၿပီး သံဆူးႀကိဳး၀ုိင္းကို တျဖည္းျဖည္းနဲ႔ ခ်ဲ႕လာပါတယ္။ ဆုိလုိတာကေတာ့ ကင္မရာနဲ႔ ေဆး႐ံု၀င္း တျဖည္းျဖည္းေ၀းသြားေအာင္ ဖန္တီးၿပီး ၀င္ရွင္းဖုိ႔ျပင္ေနတဲ့ အေနအထားမ်ဳိးပါ။

သူတုိ႔ က်ဆုံးသြားေလၿပီ

ထင္ထားတဲ့အတုိင္းပါပဲ။ မနက္ ၅ နာရီေလာက္မွာ “၀ုန္း” ဆုိတဲ့ ေပါက္ကဲြသံႀကီးၾကားရၿပီး အိပ္ငုိက္ေနတဲ့ က်ေနာ္ လန္႔သြားပါတယ္။ အသံဖမ္းစက္ကုိ Pause လုပ္ထားေပမယ့္ အဲဒီအသံကိုဖမ္းဖို႔ အခ်ိန္မမီလုိက္ပါဘူး။ ၿပီးေတာ့ လက္နက္ငယ္သံေတြ အဆက္မျပတ္ၾကားရၿပီး ေကာင္းကင္ေပၚမွာလည္း ရဟတ္ယဥ္အသံေတြ ဆူလုိ႔။ က်ေနာ္လည္း တျခားသတင္းေထာက္ေတြလုိ လွဲအိပ္ၿပီးေနရာယူ၊ အသံဖမ္းစက္ကုိ အေပၚေထာင္၊ မ်က္စိက ေဆး႐ံုဘက္ ေခ်ာင္းၾကည့္ေပါ့။ အဲဒီလုိ ေနရာယူေနစဥ္ ရဟတ္ယာဥ္ေပၚက မီးဆလုိက္က က်ေနာ္ေခါင္းေပၚ တည့္တည့္ထုိးေနသလားလုိ႔ ထင္ရေအာင္ကုိ လင္းထိန္လြန္းလွပါတယ္။

 ထုိင္းစစ္တပ္ဆီ လက္နက္ခ်လုိ္က္တဲ့ God Army တပ္မႉး ၂ ဦးနဲ႔ တပ္ဖြဲ႔၀င္တခ်ဳိ႕ကို ေတြ႔ရစဥ္ (ဓာတ္ပုံ - ထက္ေအာင္ေက်ာ္)
ထြက္ေျပးသြားတဲ့ ေသနတ္သမားတဦးကုိ ရဟတ္ယာဥ္က လုိက္ရွာေနတယ္ဆုိၿပီး သတင္းေထာက္ေတြအၾကား ေျပာသံၾကားေတာ့ ပုိလန္႔သြားပါတယ္။ ၿပီးေတာ့ Live လႊင့္ေနတဲ့ TV ေတြအားလုံးကုိ လုံၿခံဳေရးအဖြဲ႔က တားဆီးၿပီး လုံၿခံဳေရးအဖြဲ႔ လႈပ္ရွားေနတဲ့ ပုံကုိ႐ုိက္ေနတဲ့ ထုိင္းကင္မရာသမား ၂ ဦးကုိလည္း အဲဒီတပ္ဖြဲ႔က တားဆီး၊ ဟိန္းေဟာက္၊ ေသနတ္ျပ ၿခိမ္းေျခာက္ေနတာကို က်ေနာ္ေတြ႔လုိက္ရပါတယ္။ ထုိင္းသတင္းေထာက္ေတြေတာင္ ဒီလုိ အေဟာက္ခံေနရရင္ ငါ့လုိ ဘာ ID မွမရွိတဲ့ ျမန္မာဆုိရင္ေတာ့ ေသနတ္သမားနဲ႔ ႀကံရပါလားဆုိၿပီး နွိ္ပ္ထည့္လိုက္ရင္ ဒုကၡဆုိၿပီး ေၾကာက္စိတ္က၀င္၊ တဖက္ကလည္း အသံေတြကို ရေအာင္ဖမ္း၊ ျမင္ကြင္းေတြကို မွတ္မိေအာင္ၾကည့္နဲ႔ အေတာ္စိတ္ပင္ပန္းခဲ့ရပါတယ္။

အံ့ၾသဖုိ႔ ေကာင္းတာကေတာ့ ေဒၚတင္ထားေဆြပါပဲ။ သူပုန္လူထြက္ခါစ က်ေနာ္က အဲဒီလုိ ေၾကာက္ဖုိ႔ စိတ္ကူးေနစဥ္မွာ သူက ဘာမွမေၾကာက္ဘဲ မုန္ဘုိင္းတယ္လီဖုန္းနဲ႔ FRA မနက္ပုိင္း အစီစဥ္အတြက္ Live သတင္း ပုိ႔ေနပါတယ္။ DVB ကေတာ့ အဲဒီအခ်ိန္ ေအာ္စလုိကလူေတြ အိပ္ေကာင္းတုန္း။ မနက္ပုိင္း အစီစဥ္လည္း မရွိေသးတဲ့အတြက္ အသံေတြ ဖမ္းထား႐ုံကလဲြၿပီး ဘာမွ မလုပ္နုိင္ခဲ့ပါဘူး။ တနာရီေလာက္ ရႈပ္ယွက္ခပ္ၿပီးေနာက္မွာေတာ့ အားလုံး အုိေကသြားၿပီ၊ ဓားစာခံေတြကို ကယ္တင္လုိက္နုိင္ၿပီလို႔ လုံၿခံဳေရးအဖြဲ႔က ေျပာပါတယ္။

ဒါေပမယ့္ ေသနတ္သမားေတြကုိ ဘယ္လို အေရးယူသလဲဆုိတာကိုေတာ့ အတိအက် ေျပာမသြား ပါ။ ေသနတ္နဲ႔ခုခံလုိ႔ ပစ္သတ္လုိက္ရသလုိလုိ၊ လြတ္သြားတဲ့တဦးကုိ လုိက္ဖမ္းေနဆဲျဖစ္သလုိလုိနဲ႔ သိပ္မရွင္းလွ။ ေဆး႐ံု၀င္းထဲကုိလည္း သတင္းေထာက္ေတြကို ၀င္ၾကည့္ခြင့္ မေပးေသးပါ။ ဒါေပမယ့္ အေျခေနအရပ္ရပ္ဟာ အားလုံးၿပီးဆုံးသြားၿပီလုိ႔ ခန္႔မွန္းလုိ႔ ရနုိင္္ပါတယ္။ ဒီလုိနဲ႔ တညလုံး အိပ္ေရးပ်က္ထားတဲ့ က်ေနာ္တုိ႔အဖြဲ႔ဟာလည္း ေဆး႐ံုး၀င္းထဲ ၀င္ၾကည့္ခြင့္ရမယ့္ ေန႕လည္ပုိင္းအထိ မေစာင့္ေတာ့ဘဲ ဘန္ေကာက္ကုိ ျပန္တက္လာခဲ့ပါတယ္။ ညေနပုိင္း သတင္းမပုိ႔ခင္ေလးမွာ ၀င္လာတဲ့သတင္းေတြအရ VBSW နဲ႔ God Army က ရဲေဘာ္ ၁၀ ဦးစလုံးကို လုံၿခံဳေရးအဖြဲ႔က အေသပစ္သတ္လုိက္ၿပီး အျဖဴေရာင္ပိတ္စေတြနဲ႔ စည္းထားတဲ့ အေလာင္း ၁၀ ေလာင္းကုိ ျပသထားတာ TV မွာ ေတြ႔လုိက္ရပါတယ္။

ေနာက္ပုိင္းသိရတဲ့ အခ်က္ေတြအရ သံ႐ံုးစီးနင္းမႈကို ဦးေဆာင္ခဲ့တဲ့ ကိုေဂ်ာ္နီဟာ ကမာပုေလာ တုိက္ပဲြအတြင္း ဒဏ္ရာအနည္းငယ္ ရထားတဲ့အတြက္ ဒီေဆး႐ံုစီးနင္းမႈမွာ မပါဘူးလုိ႔ သိရပါတယ္။ VBSW အဖြဲ႔မွ ကိုေဗဒါက ဦးေဆာင္ၿပီး God Army တပ္ဖြဲ႔၀င္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့တာလုိ႔ ဆုိပါတယ္။ အဲဒီ ေနာက္ပုိင္းမွာေတာ့ God Army ဌာနခ်ဳပ္ျဖစ္တဲ့ ကမာပုေလာစခန္းဟာ န၀တရဲ႕ ထုိးစစ္တင္မကဘဲ ထုိင္းလုံၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ဖိအားေပးမႈကိုပါ ခံရၿပီး တလေလာက္အၾကာမွာ ကမာပုေလာစခန္း က်သြားပါတယ္။

ေနာက္ထပ္ ၈ လ ၀န္းက်င္ေလာက္ ၾကာတဲ့အခါမွာေတာ့ God Army တပ္မႉး ၂ ဦးျဖစ္တဲ့ ေဂ်ာ္နီနဲ႔ လူသာထူး အပါအ၀င္ တပ္ဖြဲ႔၀င္ တဒါဇင္ခန္႔ ထုိင္းစစ္တပ္ဆီမွာ လက္နက္ခ်တယ္ဆုိၿပီး သတင္း၀င္လာပါတယ္။ ၂၀၀၁ ခုနွစ္ ဇန္န၀ါရီလအတြင္း ဆုုန္ဖြန္း (Suan Phung) ၿမိဳ႕က နယ္ျခားေစာင့္တပ္ရင္း စခန္းထဲမွာ က်င္းပခဲ့တဲ့ အဲဒီသတင္းစာရွင္းပဲြက်မွ နာမည္ႀကီးလွတဲ့ God Army တပ္မႉး ၂ ဦးကို က်ေနာ္ကုိယ္တုိင္ ျမင္ခြင့္ရခဲ့ပါတယ္။

သံ႐ံုးကုိ ၀င္စီးတဲ့ VBSW အဖြဲ႔မွ ကုိေဂ်ာ္နီကုိေတာ့ က်ေနာ္ ျမင္ဖူးခြင့္ မရလုိက္ပါဘူး။ သူဟာ ကမာပုေလာစခန္း က်ၿပီးေနာက္ ထုိင္းအာဏာပုိင္ေတြရဲ႕ ဖိအားေပးမႈ မ်ားလြန္းတဲ့အတြက္ KNU တပ္မဟာ ၄ ေဒသကေန တပ္မဟာ ၆ နဲ႔ မဲေဆာက္ ေဒသဘက္ရွိ တပ္ေပါင္းစု ဗဟုိဘက္ကုိ သြားနုုိင္ဖုိ႔ ႀကိဳးစားခဲ့တယ္လုိ႔ သိရပါတယ္။

အဲဒီလုိသြားနုိင္ဖုိ႔ KNU ဗဟုိက ကုိယ္စားလွယ္တဦးနဲ႔ NLD-LA ဗဟုိက ကုိယ္စားလွယ္တဦးတုိ႔ ေဟြးနန္းေခါင္ရြာကေန တပ္မဟာ ၄ ထိန္းခ်ဳပ္နယ္ထဲ၀င္ၿပီး ကုိေဂ်ာ္နီနဲ႔ ေဆြးေႏြးခဲ့ေၾကာင္း၊ ဘယ္ေန႔လာေခၚမယ္လုိ႔ ေျပာခဲ့ေၾကာင္း၊ အဲဒီလုိ လာေခၚမယ့္ရက္ မတုိင္မီ ၂၀၀၀ ျပည့္နွစ္ ဇူလုိင္လအတြင္းမွာ ကိုေဂ်ာ္နီ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားတယ္လုိ႔ နယ္စပ္သတင္းရပ္ကြက္ေတြက ေျပာပါတယ္။

သူ ေပ်ာက္သြားတဲ့အခ်ိန္က လုံး၀သတင္းမရဘဲ ၂၀၀၂ ခုနွစ္ ဒီဇင္ဘာလက်မွ ဒီသတင္းကုိ VBSW အဖြဲ႔က ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ပုိင္း ကုိေဂ်ာ္နီအေၾကာင္း သတင္းမၾကားရေတာ့တာ ဒီေန႔အထိပါပဲ။     ။

=================================================

(အပိုင်း ၄၈)

ထက်အောင်ကျော်| October 17, 2012 ။ ဧရာဝတီ။

သံရုံးသိမ်း သေနတ်သမားနှင့် အင်တာဗျုးခြင်း

အဲဒီလို ဘာ ID မှ မရှိတာကိုက ကံကောင်းသွားတယ် ပြောရမလားပါပဲ။ တခြားသတင်းထောက်တွေ သံရုံးရှေ့ပြေးနေချိန်မှာ သူတို့လို မပြေးနိုင်တဲ့ကျနော်က ရုံးခန်းကျဉ်းကျဉ်းထဲမှာ ဖုန်းတဂွမ်ဂွမ် ဆက်ရင်းနဲ့ NGO သတင်းရပ်ကွက်ဆီကနေ သံရုံးဖုန်းနံပတ်တခု ရလိုက်ပါတယ်။ ရမ်းသမ်းပြီးနှိပ်ထည့်လိုက်တော့ “ဆဝါဒီခပ်” ဆိုပြီး ဖုန်းကိုင်တဲ့လူက ထိုင်းလိုပြောပါတယ်။ ဒါပေမဲ့ ဒီလူ့အသံ ထိုင်းအသံ မဟုတ်ဘူးဆိုတာကို ရိပ်မိတာနဲ့ ထိုင်းလိုပြန်မပြောတော့ဘဲ “ကျနော် DVB ကပါ။ အဲ …” ဆိုပြီး စကားဆက်ဖို့ အရှိန်ယူနေတုန်း။



  
 သံရုံးကို ဝင်စီးတဲ့အဖွဲ့ ခေါင်းဆောင် ကိုဂျော်နီကို ဆေးရုံကိုဝင်စီးတဲ့ ကိုဗေဒါနဲ့အတူ နယ်စပ်စခန်းတခုတွင် တွေ့ရစဉ်


“DVB နော်ဝေလား။ ဘယ်သူလဲမသိဘူး” ဆိုပြီး ဖုန်းကိုင်တဲ့ပုဂ္ဂိုလ်က ပြန်မေးပါတယ်။ တကယ်က ကျနော့်သတင်းထောက်အမည် ”ထက်အောင်ကျော်” ဆိုတာကို ပြောရမယ့်အစား မေ့ပြီးတော့ အမည်ရင်းဖြစ်တဲ့ “ဝင်းထိန်ပါ … ကျနော်။ ခင်ဗျားတို့ အဲဒီ … ဟိုကိစ္စ ဘာပြောလို့ရမလဲ၊ နောက်ဆုံးအခြေနေ” ဆိုပြီး အစီစဉ်တကျမဟုတ်တဲ့ မေးခွန်းတွေ ထွက်သွားပါတယ်။


”သြော် … နော်ဝေးအသံကိုလား။ ဟုတ်ကဲ့ ကျနော်တို့သိမ်းထားတယ်။ သံရုံးကို စီးထားလိုက်ပြီ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ တကယ်က အဲဒီအချိန်မှာ အသေချာ မေးခွန်းဆက်မေးရမယ့်အစား အတွေ့အကြုံမရှိသေးတဲ့ သတင်းထောက်ပီပီ “ဒီနံပါတ်က သံရုံးနံပါတ်ဟုတ်ပါတယ်နော်” ဆိုပြီး သွားမေး မိပါတယ်။ တော်သေးတယ်။ ဟိုဖက်ကပုဂ္ဂိုလ်က စိတ်ဆိုးပြီး ဖုန်းချမသွားလို့။ ပြီးတော့ ကျနော်စမေးတဲ့ မေးခွန်းကကြည့်ပါဦး၊ “ခင်ဗျားတို့ ဘာပြောချင်လဲ။ ပြောချင်တာတွေအကုန်လုံး ပြောထားခဲ့ဗျာ” တဲ့။

“ကျနော်ဘာမှ မပြောနိုင်သေးဘူး။ စတိတ်မန့်ထဲမှာ ပါသလောက်ပဲ ပြောနိုင်ဦးမယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ကျနော်တို့ တောင်းထားပါတယ်။ ခင်ဗျား စတိတ်မန့် ရပြီးပြီမို့လား” လို့ ပြန်မေးပါတယ်။ မရသေးရင် Fax နံပါတ်ပေး၊ သူပို့ပေးမယ်လို့ ဆိုပါတယ်။ ကျနော်တို့ရုံးက ပုန်းလျှိုးကွယ်လျှိုး ဖွင့်ထားရတာဆိုတော့ ပြဿနာဖြစ်နေတဲ့အရပ်ဆီ Fax နံပါတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ အသံနဲ့ လိုချင်လို့ပါ။ ဘာညာ ညှိရတာ တမိနစ်လောက်ကြာသွားပါတယ်။ ပြီးတော့မှ ကျနော်မေးမယ်၊ ခင်ဗျားဖြေဗျာ ဆိုပြီးပြောတော့ “အိုကေ” လို့ သူကဆိုပါတယ်။

ခင်ဗျားတို့က ဘယ်အဖွဲ့ကလဲ။ ဘာကြောင့် အခုလိုဝင်စီးတာလဲ ဆိုပြီး စမေးဖြစ်ပါတယ်။ “ကျနော်တို့က ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှမဟုတ်ဘူး။ Vigorous Burmese Students Warrior စွမ်းအားမြင့် ကျောင်းသားစစ်သည်တော်များအဖွဲ့။ ဘယ်အဖွဲ့နဲ့မှ မဆိုင်ဘူး။ အခုမှ အသစ်ဖွဲ့တဲ့အဖွဲ့” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ ပြီးတော့ ဘာကြောင့် ဝင်သိမ်းလဲဆိုတော့ ဒီကောင်တွေက ပြည်သူက ရွေးချယ်ခန့်အပ်ထားတဲ့ လူတွေမဟုတ်ဘူး။ သူ့ဟာသူ သေနတ်နဲ့ အာဏာသိမ်းပြီး လျှောက်လုပ်နေတာ။ ကျနော်တို့က တော်လှန်ရေးသမားတွေပဲ။ ပြည်သူဘက်က လူတွေပဲ။ ဒါကြောင့် ဝင်သိမ်းတာလို့ အဲဒီ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒီကိစ္စကိုခင်ဗျားတို့ ဘယ်လိုဖြေရှင်းမှာလဲ။ ထိုင်းအာဏာပိုင်တွေနဲ့ ညှိမှာလားဆိုပြီး ဆက်မေးတော့ “မိထားတဲ့ ဓားစားခံတွေကိုဖမ်းပြီး တော်လှန်ရေးနယ်မြေကို ပြန်ဆုတ်မယ်။ ထိုင်းနဲ့ ညှိမယ်။ ထိုင်းကို စော်ကားတာ မဟုတ်ဘူး။ မြန်မာသံရုံးဟာ မြန်မာပိုင်နက်ထဲမှာပဲ ရှိတယ်။ ကျနော်တို့ လက်နက်ချဖို့ မရှိဘူး။ ကျနော်တို့နဲ့အတူ မဟာမိတ် God Army လည်း ပါတယ်။ ခင်ဗျားတို့အနေနဲ့ Mediator လိုင်းကနေ ဝင်ပေးနိုင်ရင်ကောင်းမယ်။ မဟုတ်ရင် အားလုံးသေကုန်မယ်။ လက်နက်ချဖို့မရှိဘူး” ဆိုပြီး အဲဒီ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။


မင်းသမီးစခန်းကနေ ထွက်လာတဲ့ ABSDF တပ်ဖွဲ့ဝင်တွေ အပါအဝင် ကျောင်းသားတချို့ ၉ လေးလုံးအကြိုကာလ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြစဉ်

တကယ်က အဲဒီလို အရှိန်ကောင်းနေတုန်း မေးခွန်းတွေ ဆက်တိုက်မေးသင့်တယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော်စိတ်ထဲ ဒီလူ တကယ်ပြောနေတာရော ဟုတ်ရဲ့လား။ သံရုံးနံပါတ်ရော ဟုတ်ရဲ့လားဆိုပြီး သံသယ ထပ်ဝင်လာပြန်ပါတယ်။ “ခင်ဗျား သံရုံးထဲကပြောနေတာ ဟုတ်ပါတယ်နော်။ ခင်ဗျားနာမည်နဲ့ တာဝန်ကို ပြောနိုင်မလားဗျ။ ကျနော် အတည်ပြုချက် ယူချင်လို့ပါ” ဆိုပြီး သွားမေးမိပြန်ပါတယ်။

”နာမည်။ နာမည်က အကုန်လုံးသိနေပြီဗျ။ By Name နဲ့တောင် Fax တွေဝင်လာနေပြီ။ ကျနော့်နာမည် ဂျော်နီပဲ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ဖြေပါတယ်။ ပြီးတော့ သေနတ်သံတွေ၊ မှန်ပြူတင်းကွဲသံတွေ ကြားလိုက်ရပါတယ်။ ”ဒါပဲနော်။ ကျနော် ထိုင်းအာဏာပိုင်တွေနဲ့ စကားပြောရဦးမယ်” လို့ပြောပြီး ဖုန်းချသွားပါတယ်။ အဲဒါဟာ အတွေ့အကြုံ နုသေးတဲ့ သူပုန်လူထွက်ခါနီး သတင်းထောက်ပေါက်စနဲ့ ဘန်ကောက်မြို့လယ်ခေါင်က မြန်မာသံရုံးကို စီးထားသူ သေနတ်သမားတို့ရဲ့ ပထမဆုံး အင်တာဗျူးပါပဲ။

တကယ်ကတော့ နိုင်ငံတကာ သတင်းဌာနတွေမှာဆိုရင် ဒီလို အကြမ်းဖက်စီးနင်းမှုတွေ၊ ဓားစာခံကိစ္စတွေအတွက် အထူး သတင်းထောက်တွေ ရှိတယ်လို့ဆိုပါတယ်။ ဒီ ဘာသာရပ်အတွက် အထူးလေ့ကျင့်ထားတဲ့ သတင်းသမားတွေပေါ့။ ဒါပေမယ့် ကျနော်တို့ မြန်မာသတင်းလောကမှာတော့ အခုချိန်အထိ ဒါမျိုးလေ့ကျင့်ထားတာ၊ ဒီဘာသာရပ်ကို သင်ကြားတယ်ဆိုတာမျိုး မကြားမိသေးပါဘူး။ နောက်တခါ ဒီလိုဖြစ်ရပ်ဟာ ဆယ်နှစ်လောက်ကြာမှ တခါလောက် ပေါ်တဲ့ကိစ္စမျိုးဆိုတော့ ခန့်မှန်းဖို့ သိပ်မလွယ်။ နီးတဲ့လူ၊ ဖုန်းရတဲ့လူကပဲ မေးလိုက်တာ သဘာဝကျတယ်လို့ ထင်ပါတယ်။

ဒါက အခုမှ စဉ်းစားမိတဲ့ အချက်တွေပါ။ အဲဒီအချိန်ကတော့ ရင်တုန်ပန်းတုန်ဖြစ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပါ။ ဒီအင်တာဗျူး ပြီးသွားတဲ့အထိ ကျနော့်စိတ်ထဲ ယုံတဝက်၊ မယုံတဝက်ဖြစ်နေဆဲ။ ကျနော်ဘေးမှာနားထောင်နေကြတဲ့ ကိုတင့်ဇော်နဲ့ ကိုမင်းဇော်ရွှေတို့ကတော့ လက်မ ထောင်ပြနေကြပါတယ်။ ဒါပေမယ့် သူတို့က အစအဆုံး ကြားရတာမဟုတ်။ ကျနော်မေးနေတဲ့ အသံပဲကြားရပြီး ဟိုဘက်ကဖြေသံကို မကြားနိုင်။ အဲဒီကာလ DVB ဟာ ဆင်းရဲနေဆဲ ဖြစ်တဲ့အတွက် တယ်လီဖုန်းနဲ့ အသံဖမ်းစက်ကြား ချိတ်ပေးတဲ့ ဒေါ်လာ ၃၀ တန် ကြားခံကိရိယာကိုတောင် မဝယ်နိုင်သေး။ ဘန်ကောက်ဗျူရိုတာဝန်ခံ ကိုခင်မောင်ဝင်း ဆင်ပေးထားတဲ့ ကိုယ်ဘာသာ ဘေးမှာ အပေါက်ဖောက်ထားတဲ့ တယ်လီဖုန်းကို ဝိုင်ယာကြိုးအသွယ်သွယ်နဲ့ဆက်ပြီး အသံဖမ်းနေရတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။

ဒီလိုနဲ့ အော်စလိုရုံးက ဖုန်းခေါ်လာချိန်ကိုတောင် မစောင့်နိုင်တော့ပါဘူး။ ကိုယ်ကပဲ အရင် ခေါ်ပြီး သံရုံးကို စီးထားတဲ့ အဖွဲ့ခေါင်းဆောင်နဲ့ အင်တာဗျုးရထားတဲ့အကြောင်း၊ အမြန်ပို့ချင်ကြောင်း ပြောလိုက်ပါတယ်။ အဲဒီအချိန် အော်စလိုရုံး တာဝန်ကျ သတင်းအယ်ဒီတာက ကိုဝင်းနိုင်ဦး (နောက်ပိုင်း RFA ကို ပြောင်းသွားသူ) ဖြစ်ပါတယ်။ သူလည်း ကျနော်အင်တာဗျုးရတာကို အတော်အံ့သြနေပုံရပါတယ်။ ကျနော် ကိုယ်တိုင်လည်း အံ့သြနေတုန်း။

အဲဒီကာလတွေဟာ အခုခေတ်လို အွန်လိုင်းဆက်သွယ်ရေး သိပ်မကောင်းသေးတဲ့အတွက် တနေရာနဲ့တနေရာ ဆက်သွယ် အကြံဉာဏ်တောင်းဖို့ သိပ်မလွယ်သေးပါ။ ဆိုလိုတာကတော့ အခုခေတ်မှာ ဆိုရင် ဆက်သွယ်ရေး လွယ်ကူတဲ့အပြင် ရုံးခန်းတွေလည်း စနစ်တကျရှိတဲ့နေတဲ့အတွက် အရေးကြီး အင်တာဗျုးတခုခု မလုပ်ခင်မှာ ဘယ်လိုမေးခွန်းတွေ မေးသင့်တယ်ဆိုတာကို အယ်ဒီတာတွေ။ တာဝန်ရှိ သူတွေနဲ့ တိုင်ပင်အကြံဉာဏ်တောင်းဖို့ လွယ်ပါတယ်။ အဲဒီကာလကတော့ မြေအောက်တပိုင်းသတင်း ဌာနလိုဖြစ်နေတဲ့အခါကျတော့ ကျနော်ဘေးမှာ မေးမြန်းတိုင်ပင်ဖို့ ဘယ်အယ်ဒီတာမှမရှိ။ နော်ဝေးကလူတွေကလည်း အိပ်ရာက မထသေးဆိုတော့ ဘယ်လိုမှ ကြိုတင်ပြင်ဆင်ဖို့ အချိန်မရလိုက်ပါ။ နောက်တခါ ကျနော် ကိုယ်တိုင်လည်း ဖုန်းရဖို့ပဲ နင်းကန်လျှောက်ခေါ်နေပြီး (ဖုန်းရမယ်လို့ သိပ်ထင်မထားပေမယ့်) တကယ်လို့ ဖုန်းရရင် ဘာတွေမေးမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့ အားနည်းခဲ့တယ်လို့ ထင်ပါတယ်။

ဒီလိုနဲ့ ည ၇ နာရီ ၄၅ မိနစ်မှာလွှင့်တဲ့ အဲဒီ အင်တာဗျုးကို နားထောင်ပြီးတဲ့နောက် ကျနော် အိမ်ပြန်လာပါတယ်။ သိပ်မကြာပါဘူး။ ကျနော့်ဆီ ဝင်လာတဲ့ဖုန်းတွေက မနည်းလှ။ အဲဒီထဲမှာ အခု ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံဆီ သွားရောက်လေ့လာနေကြတဲ့ ABSDF ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဒေါက်တာ နိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့က ထိပ်ဆုံးပါပဲ။ ပြီးတော့ တခြားသတင်းဌာနက လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေ။ သူတို့ အဓိကမေးတာက ဘယ်နံပါတ်နဲ့ရလဲ။ အဲဒီနံပါတ် ပေးနိုင်မလားပေါ့။ တကယ့် ကျဉ်းထဲကျပ်ထဲပါပဲ။


 သံရုံးစီးနင်းမှုဖြစ်ပြီးကာစ လုံခြုံရေးတင်းကျပ်ထားတဲ့ မနီလွိုင်းကျောင်းသားစခန်းတွင် သတင်းယူနေစဉ်

 အဲဒီအချိန်မှာ ကျနော်က ABSDF အရန် ဗဟိုကော်မီဝင် ဖြစ်နေတုန်း။ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု ဥက္ကဋ္ဌ ဆိုတော့ သူတို့တောင်းတာကို ကျနော်မပေးလို့ ဘယ်သင့်တော်ပါ့မလဲ။ တဖက်ကလည်း ကိုယ့်သတင်းရင်းမြစ်ကို မပေးချင်ပြန်ဘူး။ အဲဒါနဲ့ ကျနော် တကယ်ခေါ်လို့ရတဲ့နံပါတ်နဲ့ ခေါ်လို့မရတဲ့ နံပါတ် နှစ်မျိုးကိုတွဲပြီး “အဲဒီနံပါတ် နှစ်ခုစလုံးကိုသာ ခေါ်ကြည့်ပါ။ တလုံးမဟုတ် တလုံးရနိုင်ပါတယ်” လို့ ပြောပြီးပေးလိုက်ပါတယ်။

တခြားသတင်းဌာနတွေက လုပ်ဖေါ် ကိုင်ဖက်တွေကိုလည်း ဒီလိုပဲ ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာလား။ ကံဆိုးတာလား မပြောတတ်။ ကျနော်ကလွဲပြီး ဘယ်သူမှ ကိုဂျော်နီနဲ့ အင်တာဗျုး မရလိုက်ပါဘူး။ ကံဆိုးတယ် ဆိုတာကတော့ ဘယ်သူမှမရဘဲ ကျနော်တဦးတည်းသာ အင်တာဗျုးရတဲ့အတွက် ကျနော်နဲ့ ကိုဂျော်နီတို့ နဂိုကတည်းက အဆက်သွယ် ရှိထားလားဆိုပြီး သံသယ ဝင်ကြတဲ့အမှုပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့ည ၁ နာရီခွဲလောက်မှာ ကိုဂျော်နီနဲ့ကျနော် ဖုန်းတခါ ထပ်ရလိုက်ပါသေးတယ်။ မနက်ဖြန် သေနိုင်တယ်လို့ ထင်ထားတဲ့ ကိုဂျော်နီဟာ သူ့ရင်ထဲရှိတဲ့ စကားတွေအားလုံးကို အဲဒီညက ပြောသွားခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကို သေလူအဖြစ် သဘောထားပြီး ဒီကိစ္စကို ဆောင်ရွက်တာပါ။ ကျနောလည်း AB ရဲဘော်ဟောင်းပါပဲ။ ကျနော်တို့ ရှေ့တန်းမှာတိုက်နေတာ နှစ်တွေကြာခဲ့ပေမယ့် ဘာမှ မထူးလာဘူးဗျာ၊ ပွန်း (စစ်တုရင် ကစားပွဲမှ စစ်သည်ရုပ်) တွေနဲ့ တိုက်နေလို့ ဘာမှမထူးဘူး၊ Key တွေ၊ ထိပ်မှာထိုင်ပီး အမိန့်ပေးနေသူတွေကို ရှင်းပစ်နိုင်မှ မြန်မာနိုင်ငံအခြေနေက ပြောင်းမှာဗျ” ဆိုတဲ့ စကား အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေအပေါ် သူ့အမြင်၊ တော်လှန်ရေးသမားတွေဟာ စစ်မတိုက်ဘဲ ဆယ်မီနာတွေ၊ အစည်းဝေးတွေပဲ လုပ်နေကြပြီး အချိန်ဖြုန်း၊ ငွေဖြုန်း လုပ်နေကြတယ်ဆိုပြီး ကိုဂျော်နီပြောသွားတာကို ကျနော်မှတ်မိနေပါတယ်။

AK 47 တဖက်၊ ခွပ်ဒေါင်းအလံ တဖက်နဲ့ ကမ္ဘာကျော်သွားသူများ

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ကိုဂျော်နီဟာ သေကံမရောက် အသေက်မပျောက်ဆိုသလို အဲဒီနေ့နံနက် အောက်တိုဘာ ၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေ အားလုံးအဆင်ပြေသွားပါတယ်။ ထိုင်း ဒု နိုင်ငံရေးဝန်ကြီးကိုယ်တိုင် ဓားစာခံတွေနဲ့ အစားထိုး လဲလှယ်ကာ သူတို့နဲ့အတူ တောထဲအထိ လိုက်သွားမယ်လို့ သဘောတူညီချက် ရလိုက်ပါတယ်။




“ဒီလူတွေက အသက်နဲ့ရင်းပြီးလုပ် နေချိန်မှာ ငါက ရဲအဖမ်းခံရမှာစိုးလို့ သံရုံးရှေ့ မသွားရဲဘူးဆိုတာ မဟုတ်သေးပါဘူး” ဆိုပြီး ကိုယ်ဖာသာ ရဲဆေးတင်ပြီး အဲဒီနေ့က သံရုံးရှေ့ကို အရဲစွန့်ရောက်နေတဲ့ ကျနော်လည်း သတင်းယူရတာ ဖတ်ဖတ်မောပါပဲ။ သံရုံးထဲ ရဟတ်ယာဉ်ဆင်းမရလို့ အလံတိုင်ကြီးကို ခုတ်လှဲလိုက်တာ၊ ဆေးရုံဖက်အသွားမှာ ကားဘီး နွံနစ်လို့ မိုးပေါ်သေနတ်ထောင်ဖောက်တာ၊ နောက်ဆုံး လုံမဏီပန်းခြံဘေးက ရဲသင်တန်းကျောင်းရောက်မှ အားလုံးအဆင်ပြေပြီး ဓားစာခံတွေကို လွှတ်ပေး၊ ခွပ်ဒေါင်းအလံတဖက်၊ AK သေနတ် တဖက်ကိုင်ပြီး လက်ဝှေ့ယမ်းပြ၊ နိုင်ငံခြားရေး ဒု ဝန်ကြီးနဲ့အတူ ရဟတ်ယာဉ်ပေါ်တက်သွားတဲ့ မြင်ကွင်းဟာ တကယ် စိတ်လှုပ်ရှားစရာပါပဲ။

အဲဒီဖြစ်စဉ်တခုလုံးကို Live ပုံစံနဲ့ အသံဖမ်းစက်ထဲ ပြောထည့်ထားပြီး လိုသလောက် တည်းဖြတ်ပို့လိုက်တဲ့ ကျနော်ရဲ့သတင်းဟာ အဲဒီညက အတော်လူသိများသွားခဲ့တယ်လို့ ဆိုပါတယ်။ အသံလှိုင်း မကြည်တဲ့ DVB ကို  လူတွေခဲရာခဲဆစ် နားထောင်မှု တိုးလာစေတယ်လို့လည်း သိရပါတယ်။ အဲဒီ သတင်းဟာ ကျနော့် သတင်းထောက်ဘဝမှာ ပထမဆုံးပို့ဖူးတဲ့ Live သတင်း ဖြစ်ပါတယ်။

ရဟတ်ယာဉ် တက်သွားပြီး နာရီဝက်လောက်အကြာမှာ ပြည်ထဲရေးဝန်ကြီးက သံရုံးဘေးရှိ အဆောက်အဦမှာ သတင်းစာရှင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းပွဲအတွက် သတင်းထောက်တွေ စုနေတဲ့အထဲ မနေ့ညက ကျနော်နဲ့ ချင်းမိုင်မှာတွေ့မယ်လို့ ချိန်းထားတဲ့ ကိုအောင်ဇော်ကိုလည်း တွေ့ရပါတယ်။ သူက အဲဒီ အချိန်မှာ ဧရာဝတီအပြင် RFA အတွက် သတင်းပို့နေသူပါ။ နိုင်ငံခြားသတင်းထောက်တွေအကြား အမျိုးမျိုး ထင်မြင်ချက်ပေးနေပြီး ရဟတ်ယာဉ်ဟာ မဲဆောက်ဘက်က KNU ဥက္ကဋ္ဌရှိတဲ့ နယ်စပ်ဆီသွားတာ ဖြစ်မယ်လို့ ပြောနေကြပါတယ်။

“ဘယ်ဟုတ်မလဲ၊ မဲဆောက်က အဝေးကြီး။ သူတို့က God Army စခန်းရှိတဲ့ ရတ်ချပူရီက ကမာပုလောစခန်းဆီ သွားတာပါ” ဆိုပြီး ကျနော် ဝင်ပြောမိပါတယ်။ “မင်းက ဘယ်လိုသိတာလဲ” ဆိုပြီး ကင်မရာတွေက ကျနော့်ဖက် လှည့်လာပါတယ်။ သတင်းထောက်ကနေ သတင်းဖန်တီးသူ ဖြစ်သွားမှာစိုးတာနဲ့ ဟိုလိုလို ဒီလိုလိုပြောပြီး လျှောချလိုက်ရတာကို ကျနော် အမှတ်ရနေပါတယ်။

ရတ်ချပူရီ ဆေးရုံကို ဝင်စီးပြန်ပြီ

ကမ္ဘာကျော်သွားတဲ့ သံရုံးစီးနင်းမှုဖြစ်ပြီး သိပ်မကြာပါဘူး။ ၂၀၀၀ ခုနှစ် ဇန်နဝါရီလထဲမှာ စွမ်းအားမြင့် စစ်သည်တော်များ အဖွဲ့နဲ့ God Army စခန်းရှိရာ ကမာပုလောဒေသဆီ နဝတတပ်တွေက အကြီးအကျယ် ထိုးစစ်ဆင်ပါတော့တယ်။ ကျနော်တို့တပ်တွေ ခံခဲ့ရတဲ့ ထိုးစစ်ထက် အဆမတန်များတဲ့ တပ်အင်အားနဲ့ ထိုးတာဖြစ်ပြီး လက်နက်ကြီး အလွန်အကျွံ သုံးခဲ့ကြောင်း၊ ပြီးတော့ သူတို့ဟာ ကျနော်တို့ တပ်တွေလို ဆုတ်လမ်းမထားဘဲ ကမာပုလောစခန်းမှာ ခံစစ်သေသဘောနဲ့ နေရာယူထားတဲ့အတွက် အတော်အထိနာခဲ့တယ်လို့ နောက်ပိုင်းမှာ ပြန်သိခဲ့ရပါတယ်။


ရတ်ချပူရီဆေးရုံစီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုဗေဒါ (ဆံပင်ရှည်နှင့် ပုဂ္ဂိုလ်) ကို နယ်စပ်စခန်းတခုတွင် တွေ့ရစဉ်

ဒဏ်ရာရ လူနာက များပြား၊ ဆေးဝါးက မလုံလောက်၊ ကျွမ်းကျင်ဆေးမှူးကလည်း မရှိတာနဲ့ နောက်ဆုံးကြံရာမရဖြစ်ပြီး ထိုင်းနိုင်ငံထဲ ဆရာဝန်ရှာဖို့ ထွက်လာရာကနေ ရတ်ချပူရီဆေးရုံဆီ ရောက်လာတာဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီအချိန်ကတော့ ဒါတွေကို မသိပါဘူး။ “နန်စူစန်ဖမားတွေက ရတ်ချပူရီဆေးရုံကို ဝင်စီးထားပြန်ပြီ” ဆိုပြီး ထိုင်း TV မှာ သတင်းစကြားလိုက်တာပါ။ ဒီသတင်းကြားတော့ ရတ်ချပူရီကိုသွားဖို့ ကျနော်ကြိုးစားပါတယ်။

ဒါပေမယ့် အခြေမနေက အရင်လို မဟုတ်တော့။ သံရုံးစီးနင်းမှု သတင်းအပို့ကောင်းလို့၊ ဂျော်နီနဲ့ အင်တားဗျုးအရကောင်းလို့ စတဲ့အချက်တွေအပေါ် မူတည်ပြီး ထိုင်းထောက်လှမ်းရေးတွေက ကျနော်တို့ကို သိပ်မယုံတော့ပါ။ ကီလို ၈ ဖက်မှာ ဖွင့်ထားတဲ့ DVB ရုံးကို ပိတ်ပြီး ရုံးဝန်ထမ်းတွေအားလုံး မြေအောက်လျှိုးပြီး ကိုယ်လျှို့ဝှက်ခန်းတွေကနေ သတင်းပို့နေရတဲ့ အခြေအနေမျိုးပါ။

လျှို့ဝှက်တယ်ဆိုပေမယ့်လည်း နေတဲ့နေရာပဲ လျှို့ဝှက်ပြီး သတင်းယူရတဲ့ နေရာတွေကတော့ အစိုးရဝန်ကြီးဌာနတွေ၊ ဆယ်မီနာခန်းမတွေဆိုတော့ သိပ်မထူးပါဘူး။ မှတ်မှတ်ရရ အဲဒီသတင်းမကြားခင် တရက်ကတောင် ဘန်ကောက် ဟိုတယ်တခုမှာ ကျင်းပတဲ့ အာဆီယံ ခရီးသွားတိုးမြင့်ရေးဆွေးနွေးပွဲမှာ နဝတရဲ့ ခရီးသွားဝန်ကြီးနဲ့တောင် ကျနော် အင်တာဗျူး လိုက်ပါသေးတယ်။

ဒီလိုနဲ့ ရတ်ချပူရီသွားနိုင်ဖို့ ID ခိုင်တဲ့ အဖော်လိုက်ရှာရင်း မနေ့က သတင်းစာရှင်းပွဲမှာ အတူတူတက်ခဲ့သူ (အဲဒီအချိန်က RFA မှာ ယာယီ တာဝန်ထမ်းနေသူ) ဒေါ်တင်ထားဆွေနဲ့ အဆက်သွယ် ရလိုက်ပါတယ်။ RFA ဗီယက်နမ်ဌာနက သတင်းထောက်တဦး၊ ထိုင်းကားဆရာ၊ ဒေါ်တင်ထားဆွေနဲ့ ကျနော်တို့ ၄ ဦး ရတ်ချပူရီကို ရောက်တော့ နေ့လည် တနာရီလောက် ရှိနေပါပြီ။ ဆေးရုံးဝင်း ဝင်ပေါက်အားလုံးကို ပိတ်ထားပြီး အားကစားကွင်း ရှိတဲ့ဖက်မှာ သတင်းထောက် အများကြီးကို တွေ့ရပါတယ်။ ကျနော်လည်း ဘန်ကောက်သံရုံး စီးနင်းစဉ်ကလိုမျိုး အင်တာဗျုးများ ရမလားဆိုပြီး လက်ကိုင်ဖုန်းတလုံးနဲ့ ဟိုဆက် ဒီဆက် လိုက်မေးခဲ့ပေမယ့် ဘာအင်တာဗျုးမှ မရလိုက်ပါဘူး။

ညနေ ၇ နာရီ ၄၅ မိနစ် DVB ပထမအကြိမ် အသံလွှင့်ချိန်အတွက် သတင်းပို့တဲ့အထိ အခြေအနေက ဘာမှ သိပ်မထူးခြား။ ဒါပေမယ့် ညနက်လာတာနဲ့အမျှ ထိုင်းအာဏာပိုင်တွေဘက်က လှုပ်ရှားမှုဟာ စေ့စပ်ဆွေးနွေးရေးထက် ဖမ်းဆီးဖြိုခွဲရေးဘက် နည်းနည်းယိမ်းလာသလားလို့ သံသယဝင်စရာ ဖြစ်လာစေခဲ့ပါတယ်။ နောက်တခါ ကျနော်ဘေးမှာရှိနေတဲ့ ထိုင်းသတင်းထောက်တွေ အပါအဝင် ကျနော်စကားပြောခွင့်ရခဲ့တဲ့ ထိုင်းပြည်သူတွေရဲ့ အမြင်ဟာ ဘန်ကောက်သံရုံး စီးနင်းစဉ်ကနဲ့ မတူတော့ပါ။ ဘန်ကောက်သံရုံး စီးနင်းမှုဟာ မြန်မာအချင်းချင်း ပြဿနာလို့ သူတို့က မြင်ကြပြီး ကိုဂျော်နီတို့ အဖွဲ့ရဲ့လုပ်ရပ်ကို “ဒီး ဒီး” လို့ လက်မ ထောင်ပြခဲ့သူတွေပါ။ တချိန်တည်းမှာပဲ ကျနော်တို့လို ကျောင်းသားတပိုင်း သတင်းထောက်တွေကိုလည်း သူတို့က လေးစားနေတာပါ။

ဒါပေမယ့် အခု ရတ်ချပူရီ ဆေးရုံကိစ္စမှာတော့ သူတို့အမြင်က အဲဒီလိုမဟုတ်တော့။ ထိုင်းလူမျိုးတွေကို ဒုက္ခပေးတဲ့ ကျောင်းသားတွေအဖြစ် မြင်လာနေပါတယ်။ ဖြေရှင်းသူတွေကလည်း သံရုံးတုန်းကလို နိုင်ငံရေးပြဿနာကို ကိုင်တွယ်တယ် ဆိုတာထက် အမျိုးသားလုံခြုံရေး ပြဿနာအဖြစ် ရှုမြင်ပုံရပြီး ကိုင်တွယ်ပုံပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ထိုင်းသတင်းထောက်တွေ ကြားမှာလည်း ဒီလိုပါပဲ။ ဆေးရုံထဲ TV ရိုက်ခွင့်ရတဲ့ ထိုင်းချယ်နယ်က Footage တွေကို အမျိုးသားလုံခြုံရေးအတွက်ဆိုပြီး လုံခြုံရေး တပ်ဖွဲ့က အရင်စစ်ဆေးပြီး၊ ဆေးရုံဝင်းထဲက သေနတ်သမားတွေနဲ့ ဓားစာခံ အခြေအနေတွေကို အသေးစိတ်လေ့လာပြီးမှ မီဒီယာမှာပြဖို့ ပေးလိုက်တာကို မြင်လိုက်ရပါတယ်။ ဆင်ဆာမရှိဘူးဆိုတဲ့ ထိုင်းနိုင်ငံမှာ ဒီဖြစ်စဉ်ကို မြင်လိုက်ရတော့ ကျနော့်စိတ်ထဲ တမျိုးပါပဲ။

ဒီလိုနဲ့ ည ၁၁ နာရီလောက်မှာ ဆေးရုံဝင်းတံခါးရှေ့က သတင်းထောက်တွေကို နောက်နည်းနည်း ဆုတ်ပေးဖို့ပြောပြီး သံဆူးကြိုးတွေနဲ့ ကာလိုက်ပါတယ်။ တခါ ည ၁ နာရီလောက်မှာ နောက်ထပ်တခါ ထပ်ဆုတ်ခိုင်းပြီး သံဆူးကြိုးဝိုင်းကို တဖြည်းဖြည်းနဲ့ ချဲ့လာပါတယ်။ ဆိုလိုတာကတော့ ကင်မရာနဲ့ ဆေးရုံဝင်း တဖြည်းဖြည်းဝေးသွားအောင် ဖန်တီးပြီး ဝင်ရှင်းဖို့ပြင်နေတဲ့ အနေအထားမျိုးပါ။

သူတို့ ကျဆုံးသွားလေပြီ

ထင်ထားတဲ့အတိုင်းပါပဲ။ မနက် ၅ နာရီလောက်မှာ “ဝုန်း” ဆိုတဲ့ ပေါက်ကွဲသံကြီးကြားရပြီး အိပ်ငိုက်နေတဲ့ ကျနော် လန့်သွားပါတယ်။ အသံဖမ်းစက်ကို Pause လုပ်ထားပေမယ့် အဲဒီအသံကိုဖမ်းဖို့ အချိန်မမီလိုက်ပါဘူး။ ပြီးတော့ လက်နက်ငယ်သံတွေ အဆက်မပြတ်ကြားရပြီး ကောင်းကင်ပေါ်မှာလည်း ရဟတ်ယဉ်အသံတွေ ဆူလို့။ ကျနော်လည်း တခြားသတင်းထောက်တွေလို လှဲအိပ်ပြီးနေရာယူ၊ အသံဖမ်းစက်ကို အပေါ်ထောင်၊ မျက်စိက ဆေးရုံဘက် ချောင်းကြည့်ပေါ့။ အဲဒီလို နေရာယူနေစဉ် ရဟတ်ယာဉ်ပေါ်က မီးဆလိုက်က ကျနော်ခေါင်းပေါ် တည့်တည့်ထိုးနေသလားလို့ ထင်ရအောင်ကို လင်းထိန်လွန်းလှပါတယ်။


 ထိုင်းစစ်တပ်ဆီ လက်နက်ချလိုက်တဲ့ God Army တပ်မှူး ၂ ဦးနဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ထက်အောင်ကျော်)
ထွက်ပြေးသွားတဲ့ သေနတ်သမားတဦးကို ရဟတ်ယာဉ်က လိုက်ရှာနေတယ်ဆိုပြီး သတင်းထောက်တွေအကြား ပြောသံကြားတော့ ပိုလန့်သွားပါတယ်။ ပြီးတော့ Live လွှင့်နေတဲ့ TV တွေအားလုံးကို လုံခြုံရေးအဖွဲ့က တားဆီးပြီး လုံခြုံရေးအဖွဲ့ လှုပ်ရှားနေတဲ့ ပုံကိုရိုက်နေတဲ့ ထိုင်းကင်မရာသမား ၂ ဦးကိုလည်း အဲဒီတပ်ဖွဲ့က တားဆီး၊ ဟိန်းဟောက်၊ သေနတ်ပြ ခြိမ်းခြောက်နေတာကို ကျနော်တွေ့လိုက်ရပါတယ်။ ထိုင်းသတင်းထောက်တွေတောင် ဒီလို အဟောက်ခံနေရရင် ငါ့လို ဘာ ID မှမရှိတဲ့ မြန်မာဆိုရင်တော့ သေနတ်သမားနဲ့ ကြံရပါလားဆိုပြီး နှိပ်ထည့်လိုက်ရင် ဒုက္ခဆိုပြီး ကြောက်စိတ်ကဝင်၊ တဖက်ကလည်း အသံတွေကို ရအောင်ဖမ်း၊ မြင်ကွင်းတွေကို မှတ်မိအောင်ကြည့်နဲ့ အတော်စိတ်ပင်ပန်းခဲ့ရပါတယ်။

အံ့သြဖို့ ကောင်းတာကတော့ ဒေါ်တင်ထားဆွေပါပဲ။ သူပုန်လူထွက်ခါစ ကျနော်က အဲဒီလို ကြောက်ဖို့ စိတ်ကူးနေစဉ်မှာ သူက ဘာမှမကြောက်ဘဲ မုန်ဘိုင်းတယ်လီဖုန်းနဲ့ FRA မနက်ပိုင်း အစီစဉ်အတွက် Live သတင်း ပို့နေပါတယ်။ DVB ကတော့ အဲဒီအချိန် အော်စလိုကလူတွေ အိပ်ကောင်းတုန်း။ မနက်ပိုင်း အစီစဉ်လည်း မရှိသေးတဲ့အတွက် အသံတွေ ဖမ်းထားရုံကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ တနာရီလောက် ရှုပ်ယှက်ခပ်ပြီးနောက်မှာတော့ အားလုံး အိုကေသွားပြီ၊ ဓားစာခံတွေကို ကယ်တင်လိုက်နိုင်ပြီလို့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။

ဒါပေမယ့် သေနတ်သမားတွေကို ဘယ်လို အရေးယူသလဲဆိုတာကိုတော့ အတိအကျ ပြောမသွား ပါ။ သေနတ်နဲ့ခုခံလို့ ပစ်သတ်လိုက်ရသလိုလို၊ လွတ်သွားတဲ့တဦးကို လိုက်ဖမ်းနေဆဲဖြစ်သလိုလိုနဲ့ သိပ်မရှင်းလှ။ ဆေးရုံဝင်းထဲကိုလည်း သတင်းထောက်တွေကို ဝင်ကြည့်ခွင့် မပေးသေးပါ။ ဒါပေမယ့် အခြေနေအရပ်ရပ်ဟာ အားလုံးပြီးဆုံးသွားပြီလို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒီလိုနဲ့ တညလုံး အိပ်ရေးပျက်ထားတဲ့ ကျနော်တို့အဖွဲ့ဟာလည်း ဆေးရုံးဝင်းထဲ ဝင်ကြည့်ခွင့်ရမယ့် နေ့လည်ပိုင်းအထိ မစောင့်တော့ဘဲ ဘန်ကောက်ကို ပြန်တက်လာခဲ့ပါတယ်။ ညနေပိုင်း သတင်းမပို့ခင်လေးမှာ ဝင်လာတဲ့သတင်းတွေအရ VBSW နဲ့ God Army က ရဲဘော် ၁၀ ဦးစလုံးကို လုံခြုံရေးအဖွဲ့က အသေပစ်သတ်လိုက်ပြီး အဖြူရောင်ပိတ်စတွေနဲ့ စည်းထားတဲ့ အလောင်း ၁၀ လောင်းကို ပြသထားတာ TV မှာ တွေ့လိုက်ရပါတယ်။

နောက်ပိုင်းသိရတဲ့ အချက်တွေအရ သံရုံးစီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုဂျော်နီဟာ ကမာပုလော တိုက်ပွဲအတွင်း ဒဏ်ရာအနည်းငယ် ရထားတဲ့အတွက် ဒီဆေးရုံစီးနင်းမှုမှာ မပါဘူးလို့ သိရပါတယ်။ VBSW အဖွဲ့မှ ကိုဗေဒါက ဦးဆောင်ပြီး God Army တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ God Army ဌာနချုပ်ဖြစ်တဲ့ ကမာပုလောစခန်းဟာ နဝတရဲ့ ထိုးစစ်တင်မကဘဲ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေရဲ့  ဖိအားပေးမှုကိုပါ ခံရပြီး တလလောက်အကြာမှာ ကမာပုလောစခန်း ကျသွားပါတယ်။

နောက်ထပ် ၈ လ ဝန်းကျင်လောက် ကြာတဲ့အခါမှာတော့ God Army တပ်မှူး ၂ ဦးဖြစ်တဲ့ ဂျော်နီနဲ့ လူသာထူး အပါအဝင် တပ်ဖွဲ့ဝင် တဒါဇင်ခန့် ထိုင်းစစ်တပ်ဆီမှာ လက်နက်ချတယ်ဆိုပြီး သတင်းဝင်လာပါတယ်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း ဆုန်ဖွန်း (Suan Phung) မြို့က နယ်ခြားစောင့်တပ်ရင်း စခန်းထဲမှာ ကျင်းပခဲ့တဲ့ အဲဒီသတင်းစာရှင်းပွဲကျမှ နာမည်ကြီးလှတဲ့ God Army တပ်မှူး ၂ ဦးကို ကျနော်ကိုယ်တိုင် မြင်ခွင့်ရခဲ့ပါတယ်။

သံရုံးကို ဝင်စီးတဲ့ VBSW အဖွဲ့မှ ကိုဂျော်နီကိုတော့ ကျနော် မြင်ဖူးခွင့် မရလိုက်ပါဘူး။ သူဟာ ကမာပုလောစခန်း ကျပြီးနောက် ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှု များလွန်းတဲ့အတွက် KNU တပ်မဟာ ၄ ဒေသကနေ တပ်မဟာ ၆ နဲ့ မဲဆောက် ဒေသဘက်ရှိ တပ်ပေါင်းစု ဗဟိုဘက်ကို သွားနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုသွားနိုင်ဖို့ KNU ဗဟိုက ကိုယ်စားလှယ်တဦးနဲ့ NLD-LA ဗဟိုက ကိုယ်စားလှယ်တဦးတို့ ဟွေးနန်းခေါင်ရွာကနေ တပ်မဟာ ၄ ထိန်းချုပ်နယ်ထဲဝင်ပြီး ကိုဂျော်နီနဲ့ ဆွေးနွေးခဲ့ကြောင်း၊ ဘယ်နေ့လာခေါ်မယ်လို့ ပြောခဲ့ကြောင်း၊ အဲဒီလို လာခေါ်မယ့်ရက် မတိုင်မီ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ ကိုဂျော်နီ ထူးဆန်းစွာ ပျောက်ဆုံးသွားတယ်လို့ နယ်စပ်သတင်းရပ်ကွက်တွေက ပြောပါတယ်။

သူ ပျောက်သွားတဲ့အချိန်က လုံးဝသတင်းမရဘဲ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလကျမှ ဒီသတင်းကို VBSW အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကိုဂျော်နီအကြောင်း သတင်းမကြားရတော့တာ ဒီနေ့အထိပါပဲ။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More