Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၂၃

on March 22, 2012 6:45 pm
ေအာက္ေမ့ဖြယ္ / ဧရာ၀တီ။

တပ္ရင္းညီလာခံ ေခၚယူျခင္းနဲ႔ ေရွ႕တန္းခရီးစဥ္

ဒီလုိမလြယ္တာေတြ အေတာ္မ်ားမ်ားကုိ ႀကံဳရၿပီးတဲ့အခါမွာေတာ့ ေရွ႕တန္း၊ ေနာက္တန္းက တပ္မႉးအားလုံးနဲ႔ စခန္းေကာ္မတီ၀င္ေတြေတြ႔ဆုံၿပီး ေရွ႕လုပ္ငန္းစဥ္ ေဆြးေႏြးမွျဖစ္မယ္လို႔ စခန္းေကာ္မတီက ဆုံးျဖတ္လုိက္ပါတယ္။ ဒီအတြက္ တပ္မႉးေတြ အစုံအညီတက္နုိင္မဲ့ တပ္ရင္းညီလာခံ ေခၚလုိက္ပါတယ္။ အဲဒီညီလာခံ မတုိင္မီေလးမွာ ေရွ႕တန္းတခါမွ မေရာက္ဖူးဘဲ ဗုိလ္ျဖစ္ေနတဲ့ က်ေနာ့္အတြက္ ေရွ႕တန္းသြားေရး ရွားရွားပါးပါး အခြင့္ေရးတခု ေပၚလာပါတယ္။

ညီလာခံေခၚရျခင္းကိစၥ ရွင္းျပဖုိ႔၊ က်ည္ဆံပုိ႔ေရး၊ မုိးကာပုိ႔ေရး စသည္ျဖင့္ အေၾကာင္းျပေပမယ့္ တကယ္ကေတာ့ အထူးစစ္ေၾကာင္းကေန ေနာက္တန္း ခဏျပန္လာၿပီး ေရွ႕တန္းျပန္သြားဖို႔ျပင္ေနတဲ့ တပ္ေရးဗိုလ္ႀကီး ကိုေအးေသာ္နဲ႔အတူ လူႀကံဳ၊ ေလွႀကံဳရိွတုန္း အလည္သေဘာ လုိက္သြားျခင္းသာ ျဖစ္ပါတယ္။


၂၀၁ တပ္ရင္း တပ္ရင္းညီလာခံ က်င္းပေနစဥ္ 

ေတာ္လွန္ေရးသက္တမ္း တနွစ္ေက်ာ္ၾကာလာၿပီဆုိေတာ့ က်ေနာ္တို႔ က်ဳိးဖုိးေတြလည္း ေတာခုိခါစကလုိ ကုန္းေၾကာင္းခ်ည္း ေလွ်ာက္စရာ မလုိေတာ့ပါ။ တျခားေတာ္လွန္ေရး အဖြဲ႔ေတြလုိ ကားေတြ၊ စက္ေလွႀကီးေတြ၊ စီးပြားေရးလုပ္ငန္းေတြ ပုိင္ဆုိင္မႈ မရွိေသးေပမယ့္ လူ ၇ ေယာက္ေလာက္ စီးနုိင္တဲ့ စက္ေလွငယ္တစီးေတာ့ က်ေနာ္တို႔တပ္ရင္းက ပုိင္ဆုိင္္ေနၿပီ ျဖစ္ပါတယ္။ အဲဒီေလွကုိစီးၿပီး က်ေနာ္တို႔ ခစန္းကေန တနသၤာရီျမစ္အတုိင္း စုန္ဆင္းလာေတာ့ ပထမဆုံး ေတြရတဲ့ေနရာက အမရာရြာပဲျဖစ္ပါတယ္။

က်ေနာ္တို႔စခန္းနဲ႔ မိနစ္ ၂၀ ခန္႔အကြာ တနသၤာရီျမစ္ရဲ႕ တဖက္တခ်က္မွာ ေရွးေဟာင္းပုံစံ အိမ္ေတြကိုေတြ႔ရၿပီး ထူးထူးျခားျခား အိမ္အမ်ားစုဟာ ျမစ္ရဲ႕အေနာက္ဖက္ကမ္း၊ တနည္းအားျဖင့္ ေျပာမယ္ဆုိရင္ေတာ့ KNU က ေဆာက္ေပးထားတဲ့ ထိီးထာ၊ အမုိရြာေတြလုိ ျမစ္ေရွ႕ဖက္ျခမ္း ထုိ္င္းဖက္ကုိ မီခုိေဆာက္ထားတာ မဟုတ္ဘဲ ျမစ္အေနာက္ဘက္ကမ္း ျမန္မာဘက္ကုိ မီွခုိေဆာက္ထားတာကုိ သတိျပဳမိပါတယ္။

ေနာက္တခါ အမရာမွာေတြ႔ရတဲ့အိမ္ေတြဟာ ထီးထာ၊ အမုိဖက္ကလုိ အခု ဆယ္စုနွစ္အတြင္း ေဆာက္ထားတဲ့ ထုိင္းပုံစံ အိမ္သစ္ေတြ မဟုတ္ပဲ က်ေနာ္တို႔ ထား၀ယ္ဘက္က အိမ္ေတြလုိ ႏိုင္တီးဂြမ္တီး ဒီဇုိင္း၊ အိမ္အို၊ အိမ္ေဟာင္းေတြ ျဖစ္ပါတယ္။ ေနာက္ ဒီရြာကလူေတြအားလုံးဟာ ခရစ္ယာန္ ဘာသာ၀င္ေတြ မဟုတ္ဘဲ မိ႐ုိးဖလာ ဗုဒၶဘာသာကုိးကြယ္သူနဲ႔ နတ္ကိုးကြယ္သူေတြ မ်ားတာကုိ ေတြ႔ရပါတယ္။ အိမ္ေျခ ၅၀ ေက်ာ္ေလာက္ရွိမယ္လို႔ ခန္႔မွန္းရတဲ့ ဒီရြာဟာ ရဲေဘာ္သုံးက်ိပ္အဖြဲ႔ အမ်ားေတာင္ၾကားလမ္းကေန ၀င္မလာခင္ကတည္းက ရွိေနတဲ့ ရြာေဟာင္းျဖစ္မယ္လို႔ ယူဆရေပမယ့္ ေတာထဲမွာ ေနစဥ္တုန္းကေတာ့ ဒီလုိအေရးႀကီးတဲ့ အခ်က္လက္ေတြကို အေသခ်ာေမးျမန္း စုံစမ္းရေကာင္းမွန္း က်ေနာ္မသိခဲ့ပါ။

အဲဒီ ရာဇ၀င္ထဲက အမရာရြာကိုေက်ာ္ၿပီး ဆက္ဆင္းလာေတာ့ ေပါလုိက္တဲ့ ေက်ာက္ေဆာင္ ေက်ာက္တန္းေတြ။ ေလွကုိခဏခဏရပ္ၿပီး လမ္းဆင္းေလွ်ာက္ရပါတယ္။ တနသၤာရီျမစ္ဟာ သံလြင္တို႔၊ ေသာင္ရင္းတို႔လုိ မဟုတ္။ ေရတိမ္ၿပီး ေက်ာက္ေဆာင္ေတြ ေပါတဲ့အတြက္ သံလြင္-ေသာင္ရင္းဘက္ကလုိ စက္ေလွႀကီးေတြ သြားလို႔မရ။ သစ္လုံးကို ထြင္းထားတဲ့ ထြင္းေလွကုိ အေပၚမွာ သစ္ျပားနည္းနည္းထပ္ဆင့္ၿပီး ေဆာက္ထားတဲ့ ေဒသသုံးေလွေတြနဲ႔ပဲ သြားလို႔ရပါတယ္။

အဲဒီလုိ ဆင္းလုိက္ တြန္းလုိက္ သံုးခါေလာက္ လုပ္ၿပီးခ်ိန္မွာေတာ့ ေရွ႕မွာက်ေနာ္ေျပာခဲ့တဲ့ ရတ္ခ်ပူရီ-တဂုိလန္း (အခုထန္းဟင္ ဒုကၡသည္စခန္းအနီးကရြာ) ေထာမေမာဘက္ကေန ၀င္ရင္ အနီးဆုံးစခန္းျဖစ္တဲ့ ေမာထာ ကုန္သြယ္ေရးစခန္းႀကီးကို ေတြ႔ရပါတယ္။ ထီးထာ၊ အမိုရြာေတြလုိပဲ တနသၤာရီျမစ္ရဲ႕ အေရွ႕ဘက္မွာ ရြာတည္ထားတာကို ေတြ႔ရၿပီး ထုိင္းဒီဇုိင္းေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရြာဟာ တကယ့္ေစ်းတန္းႀကီးျဖစ္ၿပီး ထိီးထား၊ အမိုတို႔ထက္ မ်ားစြာ စည္ကားေနၿပီး ကုန္စုံဆုိင္ႀကီးေတြ၊ ဗီဒီယုိ႐ံုေတြနဲ႔ မက္သေလစခန္းနဲ႔ ခပ္ဆင္ဆင္တူတဲ့ နယ္စပ္ကုန္သြယ္ေရး စခန္းေထာက္ရြာႀကီးတရြာအျဖစ္ က်ေနာ္ အမွတ္ရေနပါတယ္။

ေမာထရြာကအထြက္မွာေတာ့ အေျခခံ ေဒသၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး႐ံုး KNU စစ္ေဆးေရးဂိတ္မွာ က်ေနာ္တို႔အားလုံး အစစ္ေဆးခံရပါတယ္။ ထီးထာ၊ ထီးခီးလမ္းနဲ႔ ထိုင္းနုိင္ငံထဲကေန အထြက္ဂိတ္ေတြမွာ တဦးခ်င္းခရီးသြားရင္းနဲ႔ KNU ဂိတ္ေတြမွာ အစစ္ခံရတာကို စိတ္ထဲမွာ ကသိကေအာက္ျဖစ္ေပမယ့္ အထူးအေထြ ခံစားမႈမျဖစ္ခဲ့ပါ။ ဒါေပမယ့္ အခုလုိ ယူနီေဖာင္း အျပည့္အစုံ၊ လက္နက္အျပည့္အစုံနဲ႔ ခရီးသြားတဲ့တပ္တခုက အရာရွိေတြကို အျခားတပ္တခုက စစ္သားေလးေတြက စစ္ေဆးတဲ့အေပၚမွာေတာ့ စိတ္ထဲ အေတာ္ခံစားလုိက္ရပါတယ္။

KNU နဲ႔ က်ေနာ္တို႔ ABSDF ဟာ အိမ္ရွင္နဲ႔ ဧည့္သည္လုိျဖစ္ေနမလားပါပဲ။ KNU နယ္ေျမထဲ ခရီးသြားတာအျပင္ အခုလုိ ေရွ႕တန္းထြက္တာကိုေတာင္ KNU ဆီက ခရီးသြားလက္မွတ္ယူရၿပီး ဒီလုိ စစ္ေဆးေရး ဂိတ္ေတြေရာက္ရင္ အဲဒီလက္မွတ္ကုိ ထုတ္ျပ အစစ္ခံရပါတယ္။ ဂိတ္တာ၀န္က် ရဲေဘာ္ေလးေတြရဲ႕ စစ္ပုံစစ္နည္းကလည္း ၾကည့္ပါဦး။ ကုန္သည္ေလွကုိ စစ္တာထက္ေတာင္ က်ေနာ္တို႔ေလွကုိစစ္တာက ပုိအေသးစိတ္ေနပါတယ္။

“တပ္ေထာက္၊ ခင္ဗ်ားတို႔ေနာက္တန္းမွာ မမုိက္ပါဘူးဗ်ာ။ ဟုိဂိတ္မွာ အေဟာက္ခံရ၊ ဒီဂိတ္မွာအတားခံရနဲ႔။ က်ေနာ္တို႔ေရွ႕တန္းကိုသာ လာခဲ့စမ္းပါ။ ဘာလက္မွတ္မွ မလုိဘူး” ဆုိၿပီး တပ္ခြဲမႉးေတြ၊ ဒုခြဲမႉးေတြ ေနာက္တန္းေရာက္တုိင္း ေျပာခဲ့ဖူးတဲ့စကားေတြကို အခု ဒီဂိတ္မွာ ကိုယ္တုိင္အစစ္ခံရေတာ့မွာပဲ က်ေနာ္လည္း နည္းနည္း သေဘာေပါက္သလုိ ရွိလာပါတယ္။

တဆက္တည္းမွာပဲ သူပုန္ေလး တခါျဖစ္ဖို႔အေရး ဟုိလူ႔ေၾကာက္ရ၊ ဒီလူ႔ေၾကာက္ရလို႔ အဓိပၸာယ္ရတဲ့ အဲဒီကာလက က်ေနာ္တို႔ သူပုန္ေပါက္စေတြၾကား နာမည္ႀကီးခဲ့တဲ့ ၆၀၁ တပ္ရင္းမႉး ကုိတုိက္ေမာင္းရဲ႕ ကဗ်ာ ”မိခင္၏စာမ်က္ႏွာႏွင့္ ျမင့္မိုရ္ေတာင္တမ္း ျခင္း” ထဲက စာသားတခ်ိဳ႕ကုိ သြားသတိရ မိပါတယ္။

“ကံေကာင္းလို႔ သူပုန္ေလး တခါလာျဖစ္မိ
ဟိုလူ႔မ်က္ႏွာၾကည့္
သည္လူ႔မ်က္ႏွာၾကည့္
ၾကည့္ရ၊ ေရွာင္ရ၊ ေၾကာက္ရ …

သူပုန္ မျဖစ္လိုက္မွာစိုးလို႔
႐ို႐ိုက်ဳိးက်ဳိး ဆက္ဆံရ
ေဒါသေတြ ေရာင္းလို႔ရရင္
ဘီလ်ံနာေတာင္ ဆင္ထိန္းခန္႔လို႔ရမယ္ …”


က်ဆုံးသြားၿပီျဖစ္တဲ့ တပ္ခြဲ ၁ မႉး ကိုေဖသင္ကို တပ္ရင္းက သင္တန္းဆင္းပဲြတခု တြင္ ေတြ႔ရစဥ္

က်ဆုံးသြားၿပိီျဖစ္တဲ့ ရဲေဘာ္ႀကီးတုိက္ေမာင္း ဘယ္ေနရာမွာ ဘာေတြႀကံဳလို႔ ဒီကဗ်ာကုိ ေရးျဖစ္ခဲ့မွန္း က်ေနာ္မသိပါ။ ဒါေပမယ့္ က်ေနာ္ႀကံဳလုိက္ရတဲ့ ခံစားခ်က္နဲ႔ သူ႔ကဗ်ာထဲက စာသားေတြ ကြက္တိျဖစ္ေနတာကေတာ့ အမွန္ပါပဲ။ ဒီလုိနဲ႔ “ေရာင္းလို႔မရတဲ့ ေဒါသေတြကုိ တနသၤာရီျမစ္ထဲ ေမ်ာခ်” ၿပီး ေရွ႕ခရီး ဆက္နုိင္ဖို႔ က်ဳိးစားရပါတယ္။

အဲဒီ စစ္ေဆးေရးဂိတ္ကေန နည္းနည္း ဆက္ဆင္းလာေတာ့ ေလွဆက္သြားလို႔ ဘယ္လုိမွ မရနုိင္ေတာ့ဘူးလို႔ ထင္ရတဲ့ ရွမ္းသုံးေထာင္အေကြ႔ကို ေရာက္ပါတယ္။ မီတာ ၅၀ ေက်ာ္ေလာက္ အရွည္ရွိတဲ့ ေက်ာက္ေဆာင္၊ ေက်ာက္တုံးေတြက ေရလမ္းေၾကာင္းကို ပိတ္ထားၿပီး အဲဒီ ေက်ာက္တုံးေတြၾကားကေန ေလွကုိ ခဲရာခဲဆစ္ ဆြဲသြားရတဲ့ေနရာ ျဖစ္ပါတယ္။ အဲဒီ ရွမ္းသုံးေထာင္ကုိ ေက်ာ္ၿပီး ေနာက္ေတြ႔ရတဲ့ရြာက ေအာင္သာ၀ရျဖစ္ပါတယ္။ ဒီအမည္ဟာ ကရင္အမည္နဲ႔ မတူတဲ့အတြက္ ေရွ႕မွာေျပာခဲ့တဲ့ ရွမ္းသုံးေထာင္ ရာဇ၀င္၊ အမရာ ရာဇ၀င္ေတြနဲ႔ ဒီရြာဆက္စပ္ ေနပုံရပါတယ္။ ဒါေပမယ့္ အဲဒီကာလကေတာ့ ရာဇ၀င္လွန္ေနဖို႔ အခ်ိန္မရပါ။ (အခုေတာ့ အဲဒီ ေအာင္သာ၀ရရြာဟာ ျမန္မာအစိုးရ စစ္ဗ်ဳဟာတခု အေျခစိုက္ထားတဲ့ ရြာႀကီးတရြာအဆင့္ေတာင္ ျဖစ္ေနၿပီလို႔ သိရပါတယ္)။

အဲဒီ ေအာင္သာ၀ရရြာက ဘုန္းႀကီးေက်ာင္းမွာ တညအိပ္ၿပီး ဆက္ဆင္းလာေတာ့ KNU တပ္ခြဲ ၄ အေျခစိုက္တဲ့ ေဒသအေခၚ ေခ်ာင္းမႀကီးဆုိတဲ့ေနရာကို ေရာက္ပါတယ္။ ဒီေနရာမွာ ေခ်ာင္းလက္တက္တခုကို ေတြ႔ရၿပီး အဲဒီ ေခ်ာင္း႐ုိးေလးကေနတဆင့္ ေတာင္တန္းေတြကို ေက်ာ္ၿပီးဆက္သြားရင္ ျပည္ျခား-ပုေလာဘက္ကုိ ေရာက္နုိင္ပါတယ္။ ေခ်ာင္းလက္တက္ကိုု ေက်ာ္ၿပီး ဆက္ဆင္းလာေတာ့ ျမစ္ျပင္က နည္းနည္းပုိက်ယ္လာၿပီး ရွမ္းသုံးေထာင္လုိ ေက်ာက္ေဆာင္ေတြလည္း မရွိေတာ့ပါ။ ျမစ္ထဲမွာေတြ႔ရတဲ့ ေလွအမ်ဳိးစားေတြကလည္း ေျပာင္းလာတာကုိ က်ေနာ္ သတိထားမိပါတယ္။ က်ေနာ္တို႔စီးလာတဲ့ သစ္လုံးထြင္းေလွေတြအျပင္ တ႐ုတ္တုံကင္းလုိ ေလွႀကီးေတြ။ ကမ္း႐ုိးတန္းသြား ေလွႀကီးေတြကုိပါ ျမင္လာရၿပီး ငါးပိ၊ ငါးေျခာက္၊ ကုန္မ်ဳိးစုံတင္ကာ လွည့္ပတ္ ေရာင္းခ်ေနတဲ့ ကုန္တင္ေလွႀကီးေတြကိုလည္း ျမင္လာရပါတယ္။

ေစာ္လ၀ေခ်ာင္း၀မွ ၿမိတ္ၿမိဳ႕ဆင္ေျခဖုံးေဒသသုိ႔

ဒီလုိနဲ႔ ေလွငယ္ေလးေပၚမွာ ႏွစ္ရက္ခဲြေလာက္ ေအာင့္အည္းသည္းခံ စီးၿပီးတဲ့အခါမွာေတာ့ တနသၤာရီျမစ္နဲ႔ ေစာ္လ၀ေခ်ာင္းဆုံရာ KNU တပ္ခြဲ ၅ အေျခစိုက္စခန္းကို ေရာက္သြားပါတယ္။ ေစာ္လ၀ေခ်ာင္းဖ်ားမွာ ဗကပ ၿမိတ္ခ႐ို္င္ဘက္က ဗုိလ္မႉးစိုးလြင္ ဦးစီးတဲ့တပ္ဖြဲ႔ရွိတယ္လို႔ သိရေပမယ့္ အဲဒီအေခါက္က က်ေနာ္သြားဖို႔ အခ်ိန္ မရလုိက္ပါဘူး။ (ဗိုလ္မႉးစိုးလြင္ဟာ ဗကပေတာခုိကတည္းက ပါလာတဲ့ လြတ္လပ္ေရးတုိက္ပဲြ၀င္ BIA အရာရွိျဖစ္ၿပီး တနသၤာရီတုိင္းတပ္မႉးနဲ႔ ဗဟုိေကာ္မီတီ၀င္ တာ၀န္ေတြကိုထမ္းေဆာင္ခဲ့ပါတယ္။ ၂၀၀၉ မွာ ကြယ္လြန္သြားပါတယ္။ ဗကပတုိင္း နုိင္ငံေရးမႉးက ပီကင္းျပန္ ဦးေစာဟန္ျဖစ္ၿပီး ၂၀၀၆ ခုနွစ္မွာ ကြယ္လြန္သြားပါတယ္။)

အဲဒီကာလ KNU တပ္ခြဲ ၅ မႉးက ဗုိလ္ဂ်ဲနီလို႔ထင္ပါတယ္။ ဗုိလ္ဂ်ဲနီ တပ္ခဲြ႐ံုးရဲ႕ တဘက္ကမ္းရွိ ႀကီးမားလွတဲ့ သစ္သားအိမ္ႀကီးေပၚမွာ တညအိပ္ၿပီးတဲ့ေနာက္ ဆင္ငုိေတာင္ (ျမင့္လြန္းလို႔ ဆင္ေတာင္မတက္နုိင္ဘဲ ငုိၿပီး လွည့္ျပန္သြားရတယ္လို႔ အဆုိရွိပါတယ္) ဆုိတဲ့ ေတာင္ႀကီးကို တမနက္လုံး တက္ရပါတယ္။
ဒီိေတာင္ဟာ ေတာခုိကာစ ေဆာင္ပါး အခန္း ၃ မွာ ေဖၚျပခဲ့တဲ့ ဗကပ-ထား၀ယ္ခ႐ုိင္ဘက္က ေတာင္သုံးဆယ္ထက္ ႏွစ္ဆေလာက္ျမင့္မယ္လို႔ ထင္ရပါတယ္။ မနက္ ၇ နာရီေလာက္ကတည္းက ေတာင္စတက္လုိက္တာ မြန္းတည့္ ၁၁ နာရီေလာက္မွ ေတာင္ထိပ္ကုိ ေရာက္ပါတယ္။

ဒါေပမယ့္ ေတာတြင္း သက္တမ္း တနွစ္ေက်ာ္ အေတြ႔အႀကံဳရွိေနၿပီဆုိေတာ့ ေတာခုိခါစကာလုိ ငုိယုိေအာ္ဟစ္သူ မရွိေတာ့ပါ။ တမနက္လုံးတက္၊ တညေနလုံးဆင္းၿပီးလို႔ ညေန ၄ နာရီေလာက္ ေရာက္တဲ့အခါ ပင္လယ္ကမ္းစပ္နဲ႔ သိပ္မေ၀းေတာ့တဲ့ ၿမိတ္-ထား၀ယ္-ကားလမ္းေပၚက တပုိ၊ က်ဲရြာေတြ အနီး၀န္းက်င္ဆီ က်ေနာ္တို႔အုပ္စု ေရာက္လာပါတယ္။
ဆင္ငုိေတာင္ ၀န္းက်င္မွာ ေတာနက္လြန္းလို႔ ေနေရာင္ေတာင္ ေကာင္းေကာင္းမျမင္ရေပမယ့္ အခု ရြာတန္းနဲ႔ နီးလာတာနဲ႔အမွ် သစ္ပင္ေတာအုပ္ေတြက တျဖည္းျဖည္းေသးငယ္သြားၿပီး တခါတေလဆုိရင္ က်ေနာ္တို႔အုပ္စု သြားေနတာကို အေ၀းက န၀တတပ္မ်ား ျမင္သြားမလားလို႔ စုိးရိမ္ရေလာက္ေအာင္ ေတာအုပ္က ပါးလြန္းလွပါတယ္။

“ဒက္ ဒက္ ဒက္ … ဂ်ိမ္း …”
ေတာအုပ္ပါးလြန္းလို႔ စိတ္ထဲ မလုံမၿခံဳျဖစ္ေနတုန္း ေသနတ္သံေတြ ၾကားလုိက္ရပါတယ္။ လူတရပ္ မရွိတရိွိသာျမင့္တဲ့ ေတာအုပ္ထဲ က်ေနာ္တို႔အုပ္စု ခဏနားၿပီး အေျခအေနကုိ ေစာင့္ၾကည့္ပါတယ္။ “က်ေနာ္တို႔လူေတြနဲ႔ ရန္သူတပ္ ထိပ္တုိက္တုိးတာျဖစ္မယ္။ ပူစရာမရွိပါဘူး။ က်ေနာ္တို႔လူေတြက နယ္ေျမကြ်မ္းပါတယ္” လို႔ ကုိေအးေသာ္က ေျပာပါတယ္။ သူက ပူစရာမရွိဘူး ေျပာေနေပမယ့္ က်ေနာ္တို႔ အင္အားက တပ္ေရးဗုိလ္၊ တပ္ေထာက္ဗုိလ္နဲ႔ ႐ံုးအဖြဲ႔သား သံုးဦးေပါင္းမွ ငါးဦးတည္းရယ္။ ရန္သူနဲ႔သြားတုိးလို႔ မျဖစ္။ ၿပီးေတာ့ က်ေနာ္တို႔မွာ တေယာက္ကို AK က်ည္ ၅၀၀ စီေလာက္ သယ္လာတဲ့အတြက္ ေက်ာပုိးအိတ္ကလည္း အေတာ္ေလးေနၿပီး ေျပးလႊားဖို႔ သိပ္မေကာင္းလွပါ။ က်ေနာ္တို႔ေရွ႕တန္းတပ္ေတြနဲ႔ ဆက္သြယ္ဖို႔ ေ၀ၚကီေတာ္ကီကလည္း မပါပါဘူး။


က်ဆုံးသြားၿပီျဖစ္တဲ့ တပ္ခြဲ ၂ မႉး ကုိသိန္းျမင့္ေက်ာ္က တပ္ရင္းညီလာခံ အတြင္း ေဆြးေႏြးတင္ျပေနစဥ္

ေနာက္ဆုံးမွာေတာ့ ေသနတ္ေတြကို အသင့္ျပင္ၿပီး ေရွ႕မွာျမင္ေနရတဲ့ ေရာ္ဘာပင္တန္းေအာက္က ရြာကို သတိႀကီးစြာနဲ႔ ခ်ဥ္းကပ္ရပါတယ္။ အသံမၾကားေအာင္ လွ်ိဳ႕၀ွက္၀င္လာပါတယ္ဆုိမွ ရြာအ၀င္၀လည္း ေရာက္ေရာ ေခြးကေဟာင္လုိက္တာ လြန္ပါေရာ။ ဘာမွမတတ္နုိင္။ ရြာသား ႏွစ္ဦးကို လမ္းျပေခၚၿပီး က်ေနာ္တို႔တပ္ေတြရွိရာ ရြာဆီကုိ ပုိ႔ခုိင္းရပါတယ္။ “ၾကည့္လုပ္ေနာ္ကုိယ့္ဆရာ၊ လူမွားၿပီး အပစ္ခံေနရဦးမယ္” ဆုိၿပီး က်ေနာ္ကေျပာေတာ့ သူပုိင္ပါတယ္ဆုိတဲ့သေဘာနဲ႔ ကိုေအးေသာ္က လက္ကာျပပါတယ္။ ဒီလုိနဲ႔ ေရာ္ဘာေတာေတြအတုိင္း ေလွ်ာက္၊ ကားလမ္းကူးၿပီးေတာ့ ေနာက္တရြာမွာ က်ေနာ္တို႔ တပ္ေတြနဲ႔ေတြနဲ႔ ေခ်ာေခ်ာေမာေမာသြားေတြ႔ပါတယ္။

“ဘာမွမပူနဲ႔ တပ္ေထာက္။ ဒီေကာင္ေတြအင္အားက ၂၀ ေတာင္မျပည့္ဘူး။ သူ႔လူနာသူသယ္ၿပီး ျပန္ေျပးသြားၿပီ” ဆုိၿပီး စစ္ေၾကာင္းမႉး ကုိဂြမ္ရွိက ေတြ႔ေတြ႔ခ်င္း က်ေနာ္မ်က္နွာကုိဝၾကည့္ၿပီး ရွင္းျပပါတယ္။ ဒိီေတာ့မွ “ငါ့မ်က္နွာမွာ ေၾကာက္ရိပ္မ်ား ေပၚေနသသလားမသိဘူး” ဆုိၿပီး ဗုိလ္ႀကီးအိေျႏၵကုိ အျမန္ ျပန္ဆည္လုိက္ရပါတယ္။

တကယ္က ဒီလုိေရွ႕တန္းမွာ ရင္ဆုိင္တုိက္ပဲြျဖစ္တာနဲ႔ က်ေနာ္ႀကံဳဖူးတဲ့ ေကာ့မူးရာက ခံစစ္ေသတုိက္ပဲြ ပုံသ႑န္ခ်င္းက ဘာမွမဆုိင္။ ခံစစ္ေသမွာက ရန္သူ႔ေနရာ၊ မိမိေနရာ အတိအက် သိထားၿပီး ကတုတ္က်င္းထဲ ေနရာယူပစ္တဲ့အတြက္ ဘာမွသိပ္ပူစရာမလုိ။ ဒါေကမယ့္ ဒီလုိေရွ႕တန္းမွာကေတာ့ ရန္သူ႔သတင္း ႀကိဳရမထားဘူးဆိုရင္ အခုလုိ စစ္ေၾကာင္းသြားရင္းနဲ႔ ထိပ္တုိက္တုိးၿပီး သူပစ္ကုိယ္ပစ္၊ သူဆုတ္ ကုိယ္ဆုတ္နဲ႔ နယ္ေျမကြ်မ္းသူ ေနရာယူျမန္သူက အသာစီးရေလ့ရွိပါတယ္။

ဒီလုိတုိက္ပဲြျဖစ္ၿပီးရင္ တုိက္ပဲြေနရာကေန အျမန္ေရွာင္၊ ရြာထဲမွာ စခန္းမခ်နဲ႔ဆုိၿပီး က်ေနာ္ ၾကားဖူးနား၀ရွိေပမယ့္ က်ေနာ္တို႔ က်ဳိးဖုိးတပ္သားေတြကေတာ့ ေအးေအးေဆးေဆးပါပဲ။ တုိက္ပဲြျဖစ္တဲ့ရြာရဲ႕ ေနာက္တရြာကုိဆုတ္ၿပီး ရြာထဲမွာပဲ စခန္းခ် ညအိပ္လုိက္ပါတယ္။ ရြာသားေတြကလည္း ေၾကာက္လန္႔ပုံမျပ။ ေက်ာင္းသားေတြကို ထမင္းခ်က္ေကြ်းရတာကိုေတာင္ ေပ်ာ္ေနသလုိ ျမင္ေနရပါတယ္။ ေနာက္ပုိင္းမွ သိရတာကေတာ့ ဒီရြာတန္းတေလွ်ာက္မွာ ဒီလုိတုိက္ပဲြျဖစ္တာဟာ အထူးအဆန္း မဟုတ္ေတာ့ဘဲ အၿမဲတမ္းလုိလုိ ျဖစ္ေလ့ရွိတယ္လို႔ သိရပါတယ္။

ဒီေဒသကုိ ပျပင္ခြင္လို႔ က်ေနာ္တို႔ကေခၚဆုိၿပီး တပ္ခြဲ ၁ အေျခစုိက္လႈပ္ရွားတဲ့ အဓိကေနရာျဖစ္ပါတယ္။ အဲဒီကာလ စစ္ေၾကာင္းမႉးက ကိုဂြမ္ရွိျဖစ္ၿပီး တပ္ခဲြမႉး ကိုေဖသင္နဲ႔အတူ အင္အား ၆၀ ေက်ာ္ေလာက္ ရွိမယ္လုိ႔ ထင္ပါတယ္။ ေနာက္တရက္မွာေတာ့ အဲဒီရြာကေနထြက္ၿပီး ယာယီေရွ႕တန္း ႐ံုးခန္းဖြင့္ထားတဲ့ တျခားရြာတခုကို ထပ္ေျပာင္းရပါတယ္။ ထား၀ယ္-ၿမိတ္ ကားလမ္းအေရွ႕ဘက္ျခမ္း ေတာင္ကုန္းေလးေပၚက ဘုန္းႀကီးေက်ာင္းမွာ ႐ံုးခန္းဖြင့္ထားတာကို ေတြ႔ရၿပီး ေဒသခံလူထုက ေက်ာင္းသားေတြကိုလည္း ဘုန္းႀကီးလုိပဲ သေဘာထားၿပီး ရိကၡာနဲ႔စားစရာေတြ လာလႉထားတာ ေတြ႔ရပါတယ္။ အဲဒီ ၀န္းက်င္မွာ ဒူးရင္းၿခံေတြရွိတာ၊ ဒူးရင္းသီးကုိ မုန္းေအာင္ စားခဲ့ရဖူးတာကုိ က်ေနာ္ အမွတ္ရေနပါတယ္။

ေရွ႕တန္း႐ံုးခဲြမွာ တရက္နား၊ ၿပီးေတာ့ တပ္ရင္းညီလာခံ ေခၚရျခင္းအေျခအေန၊ ေနာက္တန္းက အေျခအေန၊ ဗဟုိဘက္က အေျခပေန၊ ေရြးေကာက္ပဲြရလဒ္ ေနာက္ဆက္တြဲ အေျခပေန၊ လက္တေလာ နုိင္ငံေရး အေျခကေနေတြကုိ က်ေနာ္နဲ႔ ကိုေအးေသာ္က ရဲေဘာ္ထုကုိ ရွင္းျပခဲ့ပါတယ္။ ေနာက္တရက္မွာေတာ့ စစ္ေၾကာင္းနဲ႔အတူ ထား၀ယ္-ၿမိတ္ ကားလမ္းေပၚက ရြာစဥ္ေတြကို လမ္းေလွ်ာက္ၿပီး စည္း႐ံုးေရးတရား ေဟာခဲ့ပါတယ္။ ဒီလုိ လြတ္လပ္စြာ သြားေနတာကုိ ၾကည့္ရင္းနဲ႔ ခဲြမႉးေတြ၊ ဒုခြဲမႉးေတြ တပ္ရင္း ျပန္ေရာက္ရင္ ေျပာေလ့ရွိတဲ့ “ခင္ဗ်ားတို႔ ေနာက္တန္းက မမုိက္ပါဘူးဗ်ာ။ ဟုိလူ႔ေၾကာက္ရ ဒီလူ႔ေၾကာက္ရနဲ႔။ က်ေနာ္တို႔ ေရွ႕တန္းကိုသာ လာခဲ့စမ္းပါ” ဆုိတဲ့စကားနဲ႔ ဘာေၾကာင့္ သူတို႔ေနာက္တန္းမွာ ၾကာၾကာ မေနခ်င္ၾကတာလဲ ဆုိတာကို က်ေနာ္ ပုိၿပီး သေဘာေပါက္လာပါတယ္။

ေရွ႕တန္းမွာ စစ္ေျမျပင္ကင္းေထာက္မႈကုိ ဘယ္လိုလုပ္္ရတယ္၊ ေရွ႕ေျပးကင္းသမား ေလးဦးက ဘယ္လို ပြိဳင့္ထြက္ရတယ္၊ စစ္ေၾကာင္းမႉးနဲ႔ ႐ံုးအဖြဲ႔က ဘယ္နားမွာ ေနရတယ္၊ ဆက္သြယ္ေရးသမား၊ ေဆးတပ္သားနဲ႔ ႐ံုးအဖဲြ႔ကုိ ဘယ္လုိေခၚထားရမယ္ စသျဖင့္ ေရွ႕တန္းတခါမွ မေရာက္ဖူးတဲ့ တပ္ေထာက္ဗုိလ္ႀကီး က်ေနာ့္ကုိ စစ္ေၾကာင္းမႉးႀကီး ကိုဂြမ္ရွိက လက္ခ်ာ႐ုိက္ခဲ့တာကိုလည္း မွတ္မိေနဆဲျဖစ္ပါတယ္။ ေနာက္တခါ လူ ၅၀ ေက်ာ္သာရွိတဲ့ က်ေနာ္တို႔တပ္ဖြဲ႔ ကားလမ္းတေလွ်ာက္ စစ္ေၾကာင္း ခ်ီလာတာကို ျမင္တဲ့ရြာသားေတြက အင္အား ၁၀၀ ေက်ာ္ရွိတယ္လို႔ ထင္ၾကာတာကိုလည္း က်ေနာ္ ထူးထူးျခားျခား အမွတ္ရေနပါတယ္။

ယူနီေဖာင္း အျပည့္အစုံ၊ လက္နက္ အီးေကြးမင့္အျပည့္အစုံပါတဲ့ လူတန္းႀကီးဟာ တဦးနဲ႔တဦး ၂ လံ အကြာစီေလာက္ ေနရာယူၿပီး တန္းစီေလွ်ာက္လုိက္ေတာ့ ရြာဦးကေန ရြာျပင္အထိ ရွည္သြားတဲ့သေဘာ။ လူ ၅၀ ေက်ာ္ကို ၁၀၀ ေက်ာ္လို႔ ျမင္ရတဲ့သေဘာေတြကိုလည္း က်ေနာ္ ေလ့လာခြင့္ရခဲ့ပါတယ္။
အဲဒီ ေရွ႕တန္းမွာ သတင္း ၂ ပတ္ခန္႔ၾကာၿပီး အျပန္မွာေတာ့ က်ေနာ္နဲ႔အတူ တပ္ခဲြ ၁ မွ ကိုေဖသင္ အပါအ၀င္ တပ္မႉးေတြ အေတာ္မ်ားမ်ား ျပန္ပါလာပါတယ္။

ဒီညီလာခံဟာ တပ္ရင္းမႉးကေန တပ္စိပ္မႉးအထိပါတဲ့ က်ေနာ္တို႔တပ္ရင္း သက္တမ္း ၁၀ နွစ္ ၀န္းက်င္ကာလမွာ အဲဒီတခါပဲ အစုံအညီလုပ္ျဖစ္ခဲ့ဖူးတဲ့ ညီလာခံလို႔ ထင္ပါတယ္။ က်ေနာ္တို႔ တပ္ရင္းဟာ အင္အား ၃၀၀ ေက်ာ္ရွိတဲ့အတြက္ ေက်ာင္းသားနည္း ေက်ာင္းသားဟန္ တပ္ရင္းဖြဲ႔စည္းပုံ အျပည့္ဖြဲ႔နုိင္တဲ့ တပ္ရင္းျဖစ္ပါတယ္။ တပ္စိပ္တစိပ္မွာ ၁၁ ဦး၊ တပ္စုတစုမွာ ၃၃ ဦး၊ တပ္ခဲြတခဲြမွာ ၁၂၀ ၀န္းက်င္နဲ႔ တပ္ခဲြ ၃ ခြဲ ဖြဲ႔စည္းပုံအျပည့္နဲ႔ ေနာက္တန္းလၿခံဳေရး တပ္စုတစုပါ ဖြဲ႔ထားနုိင္ခဲ့ပါတယ္။

အဲဒိီစာရင္းအရ ေရွ႕တန္းကလာတဲ့ တပ္မႉး ၄၀ နီးပါး၊ ဆက္သြယ္ေရးတပ္ဆြယ္၊ ေဆးတပ္ဆြယ္၊ ေထာက္လွမ္းေရးတပ္ဆြယ္နဲ႔ ေနာက္တန္းတပ္မႉးမ်ား၊ စခန္းေကာ္မတီ၀င္မ်ားပါ အားလုံးေပါင္းလုိက္ေတာ့ ကို္ယ္စားလွယ္ ၆၀ ေလာက္အထိ ရွိသြားတဲ့ညီလာခံႀကီး ျဖစ္သြားပါတယ္။

===============================================

(အပိုင်း ၂၃)

ထက်အောင်ကျော် on March 22, 2012 6:45 pm
အောက်မေ့ဖွယ် / ဧရာဝတီ။ 

တပ်ရင်းညီလာခံ ခေါ်ယူခြင်းနဲ့ ရှေ့တန်းခရီးစဉ်

ဒီလိုမလွယ်တာတွေ အတော်များများကို ကြုံရပြီးတဲ့အခါမှာတော့ ရှေ့တန်း၊ နောက်တန်းက တပ်မှူးအားလုံးနဲ့ စခန်းကော်မတီဝင်တွေတွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ် ဆွေးနွေးမှဖြစ်မယ်လို့ စခန်းကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။ ဒီအတွက် တပ်မှူးတွေ အစုံအညီတက်နိုင်မဲ့ တပ်ရင်းညီလာခံ ခေါ်လိုက်ပါတယ်။ အဲဒီညီလာခံ မတိုင်မီလေးမှာ ရှေ့တန်းတခါမှ မရောက်ဖူးဘဲ ဗိုလ်ဖြစ်နေတဲ့ ကျနော့်အတွက် ရှေ့တန်းသွားရေး ရှားရှားပါးပါး အခွင့်ရေးတခု ပေါ်လာပါတယ်။

ညီလာခံခေါ်ရခြင်းကိစ္စ ရှင်းပြဖို့၊ ကျည်ဆံပို့ရေး၊ မိုးကာပို့ရေး စသည်ဖြင့် အကြောင်းပြပေမယ့် တကယ်ကတော့ အထူးစစ်ကြောင်းကနေ နောက်တန်း ခဏပြန်လာပြီး ရှေ့တန်းပြန်သွားဖို့ပြင်နေတဲ့ တပ်ရေးဗိုလ်ကြီး ကိုအေးသော်နဲ့အတူ လူကြုံ၊ လှေကြုံရှိတုန်း အလည်သဘော လိုက်သွားခြင်းသာ ဖြစ်ပါတယ်။



၂၀၁ တပ်ရင်း တပ်ရင်းညီလာခံ ကျင်းပနေစဉ် 

တော်လှန်ရေးသက်တမ်း တနှစ်ကျော်ကြာလာပြီဆိုတော့ ကျနော်တို့ ကျိုးဖိုးတွေလည်း တောခိုခါစကလို ကုန်းကြောင်းချည်း လျှောက်စရာ မလိုတော့ပါ။ တခြားတော်လှန်ရေး အဖွဲ့တွေလို ကားတွေ၊ စက်လှေကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်မှု မရှိသေးပေမယ့် လူ ၇ ယောက်လောက် စီးနိုင်တဲ့ စက်လှေငယ်တစီးတော့ ကျနော်တို့တပ်ရင်းက ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီလှေကိုစီးပြီး ကျနော်တို့ ခစန်းကနေ တနင်္သာရီမြစ်အတိုင်း စုန်ဆင်းလာတော့ ပထမဆုံး တွေရတဲ့နေရာက အမရာရွာပဲဖြစ်ပါတယ်။

ကျနော်တို့စခန်းနဲ့ မိနစ် ၂၀ ခန့်အကွာ တနင်္သာရီမြစ်ရဲ့ တဖက်တချက်မှာ ရှေးဟောင်းပုံစံ အိမ်တွေကိုတွေ့ရပြီး ထူးထူးခြားခြား အိမ်အများစုဟာ မြစ်ရဲ့အနောက်ဖက်ကမ်း၊ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ KNU က ဆောက်ပေးထားတဲ့ ထီးထာ၊ အမိုရွာတွေလို မြစ်ရှေ့ဖက်ခြမ်း ထိုင်းဖက်ကို မီခိုဆောက်ထားတာ မဟုတ်ဘဲ မြစ်အနောက်ဘက်ကမ်း မြန်မာဘက်ကို မှီခိုဆောက်ထားတာကို သတိပြုမိပါတယ်။

နောက်တခါ အမရာမှာတွေ့ရတဲ့အိမ်တွေဟာ ထီးထာ၊ အမိုဖက်ကလို အခု ဆယ်စုနှစ်အတွင်း ဆောက်ထားတဲ့ ထိုင်းပုံစံ အိမ်သစ်တွေ မဟုတ်ပဲ ကျနော်တို့ ထားဝယ်ဘက်က အိမ်တွေလို နိုင်တီးဂွမ်တီး ဒီဇိုင်း၊ အိမ်အို၊ အိမ်ဟောင်းတွေ ဖြစ်ပါတယ်။ နောက် ဒီရွာကလူတွေအားလုံးဟာ ခရစ်ယာန် ဘာသာဝင်တွေ မဟုတ်ဘဲ မိရိုးဖလာ ဗုဒ္ဓဘာသာကိုးကွယ်သူနဲ့ နတ်ကိုးကွယ်သူတွေ များတာကို တွေ့ရပါတယ်။ အိမ်ခြေ ၅၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ ဒီရွာဟာ ရဲဘော်သုံးကျိပ်အဖွဲ့ အများတောင်ကြားလမ်းကနေ ဝင်မလာခင်ကတည်းက ရှိနေတဲ့ ရွာဟောင်းဖြစ်မယ်လို့ ယူဆရပေမယ့် တောထဲမှာ နေစဉ်တုန်းကတော့ ဒီလိုအရေးကြီးတဲ့ အချက်လက်တွေကို အသေချာမေးမြန်း စုံစမ်းရကောင်းမှန်း ကျနော်မသိခဲ့ပါ။

အဲဒီ ရာဇဝင်ထဲက အမရာရွာကိုကျော်ပြီး ဆက်ဆင်းလာတော့ ပေါလိုက်တဲ့ ကျောက်ဆောင် ကျောက်တန်းတွေ။ လှေကိုခဏခဏရပ်ပြီး လမ်းဆင်းလျှောက်ရပါတယ်။ တနင်္သာရီမြစ်ဟာ သံလွင်တို့၊ သောင်ရင်းတို့လို မဟုတ်။ ရေတိမ်ပြီး ကျောက်ဆောင်တွေ ပေါတဲ့အတွက် သံလွင်-သောင်ရင်းဘက်ကလို စက်လှေကြီးတွေ သွားလို့မရ။ သစ်လုံးကို ထွင်းထားတဲ့ ထွင်းလှေကို အပေါ်မှာ သစ်ပြားနည်းနည်းထပ်ဆင့်ပြီး ဆောက်ထားတဲ့ ဒေသသုံးလှေတွေနဲ့ပဲ သွားလို့ရပါတယ်။

အဲဒီလို ဆင်းလိုက် တွန်းလိုက် သုံးခါလောက် လုပ်ပြီးချိန်မှာတော့ ရှေ့မှာကျနော်ပြောခဲ့တဲ့ ရတ်ချပူရီ-တဂိုလန်း  (အခုထန်းဟင် ဒုက္ခသည်စခန်းအနီးကရွာ) ထောမမောဘက်ကနေ ဝင်ရင် အနီးဆုံးစခန်းဖြစ်တဲ့ မောထာ ကုန်သွယ်ရေးစခန်းကြီးကို တွေ့ရပါတယ်။ ထီးထာ၊ အမိုရွာတွေလိုပဲ တနင်္သာရီမြစ်ရဲ့ အရှေ့ဘက်မှာ ရွာတည်ထားတာကို တွေ့ရပြီး ထိုင်းဒီဇိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွာဟာ တကယ့်ဈေးတန်းကြီးဖြစ်ပြီး ထီးထား၊ အမိုတို့ထက် များစွာ စည်ကားနေပြီး ကုန်စုံဆိုင်ကြီးတွေ၊ ဗီဒီယိုရုံတွေနဲ့ မက်သလေစခန်းနဲ့ ခပ်ဆင်ဆင်တူတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းထောက်ရွာကြီးတရွာအဖြစ် ကျနော် အမှတ်ရနေပါတယ်။

မောထရွာကအထွက်မှာတော့ အခြေခံ ဒေသမြို့နယ်အုပ်ချုပ်ရေးရုံး KNU စစ်ဆေးရေးဂိတ်မှာ ကျနော်တို့အားလုံး အစစ်ဆေးခံရပါတယ်။ ထီးထာ၊ ထီးခီးလမ်းနဲ့ ထိုင်းနိုင်ငံထဲကနေ အထွက်ဂိတ်တွေမှာ တဦးချင်းခရီးသွားရင်းနဲ့ KNU ဂိတ်တွေမှာ အစစ်ခံရတာကို စိတ်ထဲမှာ ကသိကအောက်ဖြစ်ပေမယ့် အထူးအထွေ ခံစားမှုမဖြစ်ခဲ့ပါ။ ဒါပေမယ့် အခုလို ယူနီဖောင်း အပြည့်အစုံ၊ လက်နက်အပြည့်အစုံနဲ့ ခရီးသွားတဲ့တပ်တခုက အရာရှိတွေကို အခြားတပ်တခုက စစ်သားလေးတွေက စစ်ဆေးတဲ့အပေါ်မှာတော့ စိတ်ထဲ အတော်ခံစားလိုက်ရပါတယ်။

KNU နဲ့ ကျနော်တို့ ABSDF ဟာ အိမ်ရှင်နဲ့ ဧည့်သည်လိုဖြစ်နေမလားပါပဲ။ KNU နယ်မြေထဲ ခရီးသွားတာအပြင် အခုလို ရှေ့တန်းထွက်တာကိုတောင် KNU ဆီက ခရီးသွားလက်မှတ်ယူရပြီး ဒီလို စစ်ဆေးရေး ဂိတ်တွေရောက်ရင် အဲဒီလက်မှတ်ကို ထုတ်ပြ အစစ်ခံရပါတယ်။ ဂိတ်တာဝန်ကျ ရဲဘော်လေးတွေရဲ့ စစ်ပုံစစ်နည်းကလည်း ကြည့်ပါဦး။ ကုန်သည်လှေကို စစ်တာထက်တောင် ကျနော်တို့လှေကိုစစ်တာက ပိုအသေးစိတ်နေပါတယ်။

“တပ်ထောက်၊ ခင်ဗျားတို့နောက်တန်းမှာ မမိုက်ပါဘူးဗျာ။ ဟိုဂိတ်မှာ အဟောက်ခံရ၊ ဒီဂိတ်မှာအတားခံရနဲ့။ ကျနော်တို့ရှေ့တန်းကိုသာ လာခဲ့စမ်းပါ။ ဘာလက်မှတ်မှ မလိုဘူး” ဆိုပြီး တပ်ခွဲမှူးတွေ၊ ဒုခွဲမှူးတွေ နောက်တန်းရောက်တိုင်း ပြောခဲ့ဖူးတဲ့စကားတွေကို အခု ဒီဂိတ်မှာ ကိုယ်တိုင်အစစ်ခံရတော့မှာပဲ ကျနော်လည်း နည်းနည်း သဘောပေါက်သလို ရှိလာပါတယ်။

တဆက်တည်းမှာပဲ သူပုန်လေး တခါဖြစ်ဖို့အရေး ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရလို့ အဓိပ္ပာယ်ရတဲ့ အဲဒီကာလက ကျနော်တို့ သူပုန်ပေါက်စတွေကြား နာမည်ကြီးခဲ့တဲ့ ၆၀၁ တပ်ရင်းမှူး ကိုတိုက်မောင်းရဲ့ ကဗျာ ”မိခင်၏စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်း ခြင်း” ထဲက စာသားတချို့ကို သွားသတိရ မိပါတယ်။

“ကံကောင်းလို့ သူပုန်လေး တခါလာဖြစ်မိ
ဟိုလူ့မျက်နှာကြည့်
သည်လူ့မျက်နှာကြည့်
ကြည့်ရ၊ ရှောင်ရ၊ ကြောက်ရ …

သူပုန် မဖြစ်လိုက်မှာစိုးလို့
ရိုရိုကျိုးကျိုး ဆက်ဆံရ
ဒေါသတွေ ရောင်းလို့ရရင်
ဘီလျံနာတောင် ဆင်ထိန်းခန့်လို့ရမယ် …”


ကျဆုံးသွားပြီဖြစ်တဲ့ တပ်ခွဲ ၁ မှူး ကိုဖေသင်ကို တပ်ရင်းက သင်တန်းဆင်းပွဲတခု တွင် တွေ့ရစဉ်

ကျဆုံးသွားပြီဖြစ်တဲ့ ရဲဘော်ကြီးတိုက်မောင်း ဘယ်နေရာမှာ ဘာတွေကြုံလို့ ဒီကဗျာကို ရေးဖြစ်ခဲ့မှန်း ကျနော်မသိပါ။ ဒါပေမယ့် ကျနော်ကြုံလိုက်ရတဲ့ ခံစားချက်နဲ့ သူ့ကဗျာထဲက စာသားတွေ ကွက်တိဖြစ်နေတာကတော့ အမှန်ပါပဲ။ ဒီလိုနဲ့ “ရောင်းလို့မရတဲ့ ဒေါသတွေကို တနင်္သာရီမြစ်ထဲ မျောချ” ပြီး ရှေ့ခရီး ဆက်နိုင်ဖို့ ကျိုးစားရပါတယ်။

အဲဒီ စစ်ဆေးရေးဂိတ်ကနေ နည်းနည်း ဆက်ဆင်းလာတော့ လှေဆက်သွားလို့ ဘယ်လိုမှ မရနိုင်တော့ဘူးလို့ ထင်ရတဲ့ ရှမ်းသုံးထောင်အကွေ့ကို ရောက်ပါတယ်။ မီတာ ၅၀ ကျော်လောက် အရှည်ရှိတဲ့ ကျောက်ဆောင်၊ ကျောက်တုံးတွေက ရေလမ်းကြောင်းကို ပိတ်ထားပြီး အဲဒီ ကျောက်တုံးတွေကြားကနေ လှေကို ခဲရာခဲဆစ် ဆွဲသွားရတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီ ရှမ်းသုံးထောင်ကို ကျော်ပြီး နောက်တွေ့ရတဲ့ရွာက အောင်သာဝရဖြစ်ပါတယ်။ ဒီအမည်ဟာ ကရင်အမည်နဲ့ မတူတဲ့အတွက် ရှေ့မှာပြောခဲ့တဲ့ ရှမ်းသုံးထောင် ရာဇဝင်၊ အမရာ ရာဇဝင်တွေနဲ့ ဒီရွာဆက်စပ် နေပုံရပါတယ်။ ဒါပေမယ့် အဲဒီကာလကတော့ ရာဇဝင်လှန်နေဖို့ အချိန်မရပါ။ (အခုတော့ အဲဒီ အောင်သာဝရရွာဟာ မြန်မာအစိုးရ စစ်ဗျုဟာတခု အခြေစိုက်ထားတဲ့ ရွာကြီးတရွာအဆင့်တောင် ဖြစ်နေပြီလို့ သိရပါတယ်)။

အဲဒီ အောင်သာဝရရွာက ဘုန်းကြီးကျောင်းမှာ တညအိပ်ပြီး ဆက်ဆင်းလာတော့ KNU တပ်ခွဲ ၄ အခြေစိုက်တဲ့ ဒေသအခေါ် ချောင်းမကြီးဆိုတဲ့နေရာကို ရောက်ပါတယ်။ ဒီနေရာမှာ ချောင်းလက်တက်တခုကို တွေ့ရပြီး အဲဒီ ချောင်းရိုးလေးကနေတဆင့် တောင်တန်းတွေကို ကျော်ပြီးဆက်သွားရင် ပြည်ခြား-ပုလောဘက်ကို ရောက်နိုင်ပါတယ်။ ချောင်းလက်တက်ကို ကျော်ပြီး ဆက်ဆင်းလာတော့ မြစ်ပြင်က နည်းနည်းပိုကျယ်လာပြီး ရှမ်းသုံးထောင်လို ကျောက်ဆောင်တွေလည်း မရှိတော့ပါ။ မြစ်ထဲမှာတွေ့ရတဲ့ လှေအမျိုးစားတွေကလည်း ပြောင်းလာတာကို ကျနော် သတိထားမိပါတယ်။ ကျနော်တို့စီးလာတဲ့ သစ်လုံးထွင်းလှေတွေအပြင် တရုတ်တုံကင်းလို လှေကြီးတွေ။ ကမ်းရိုးတန်းသွား လှေကြီးတွေကိုပါ မြင်လာရပြီး ငါးပိ၊ ငါးခြောက်၊ ကုန်မျိုးစုံတင်ကာ လှည့်ပတ် ရောင်းချနေတဲ့ ကုန်တင်လှေကြီးတွေကိုလည်း မြင်လာရပါတယ်။

စော်လဝချောင်းဝမှ မြိတ်မြို့ဆင်ခြေဖုံးဒေသသို့

ဒီလိုနဲ့ လှေငယ်လေးပေါ်မှာ နှစ်ရက်ခွဲလောက် အောင့်အည်းသည်းခံ စီးပြီးတဲ့အခါမှာတော့ တနင်္သာရီမြစ်နဲ့ စော်လဝချောင်းဆုံရာ KNU တပ်ခွဲ ၅ အခြေစိုက်စခန်းကို ရောက်သွားပါတယ်။ စော်လဝချောင်းဖျားမှာ ဗကပ မြိတ်ခရိုင်ဘက်က ဗိုလ်မှူးစိုးလွင် ဦးစီးတဲ့တပ်ဖွဲ့ရှိတယ်လို့ သိရပေမယ့် အဲဒီအခေါက်က ကျနော်သွားဖို့ အချိန် မရလိုက်ပါဘူး။ (ဗိုလ်မှူးစိုးလွင်ဟာ ဗကပတောခိုကတည်းက ပါလာတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် BIA အရာရှိဖြစ်ပြီး တနင်္သာရီတိုင်းတပ်မှူးနဲ့ ဗဟိုကော်မီတီဝင် တာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၉ မှာ ကွယ်လွန်သွားပါတယ်။ ဗကပတိုင်း နိုင်ငံရေးမှူးက ပီကင်းပြန် ဦးစောဟန်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်သွားပါတယ်။)

အဲဒီကာလ KNU တပ်ခွဲ ၅ မှူးက ဗိုလ်ဂျဲနီလို့ထင်ပါတယ်။ ဗိုလ်ဂျဲနီ တပ်ခွဲရုံးရဲ့ တဘက်ကမ်းရှိ ကြီးမားလှတဲ့ သစ်သားအိမ်ကြီးပေါ်မှာ တညအိပ်ပြီးတဲ့နောက် ဆင်ငိုတောင် (မြင့်လွန်းလို့ ဆင်တောင်မတက်နိုင်ဘဲ ငိုပြီး လှည့်ပြန်သွားရတယ်လို့ အဆိုရှိပါတယ်) ဆိုတဲ့ တောင်ကြီးကို တမနက်လုံး တက်ရပါတယ်။
ဒီတောင်ဟာ တောခိုကာစ ဆောင်ပါး အခန်း ၃ မှာ ဖေါ်ပြခဲ့တဲ့ ဗကပ-ထားဝယ်ခရိုင်ဘက်က တောင်သုံးဆယ်ထက် နှစ်ဆလောက်မြင့်မယ်လို့ ထင်ရပါတယ်။ မနက် ၇ နာရီလောက်ကတည်းက တောင်စတက်လိုက်တာ မွန်းတည့် ၁၁ နာရီလောက်မှ တောင်ထိပ်ကို ရောက်ပါတယ်။

ဒါပေမယ့် တောတွင်း သက်တမ်း တနှစ်ကျော် အတွေ့အကြုံရှိနေပြီဆိုတော့ တောခိုခါစကာလို ငိုယိုအော်ဟစ်သူ မရှိတော့ပါ။ တမနက်လုံးတက်၊ တညနေလုံးဆင်းပြီးလို့ ညနေ ၄ နာရီလောက် ရောက်တဲ့အခါ ပင်လယ်ကမ်းစပ်နဲ့ သိပ်မဝေးတော့တဲ့ မြိတ်-ထားဝယ်-ကားလမ်းပေါ်က တပို၊ ကျဲရွာတွေ အနီးဝန်းကျင်ဆီ ကျနော်တို့အုပ်စု ရောက်လာပါတယ်။
ဆင်ငိုတောင် ဝန်းကျင်မှာ တောနက်လွန်းလို့ နေရောင်တောင် ကောင်းကောင်းမမြင်ရပေမယ့် အခု ရွာတန်းနဲ့ နီးလာတာနဲ့အမျှ သစ်ပင်တောအုပ်တွေက တဖြည်းဖြည်းသေးငယ်သွားပြီး တခါတလေဆိုရင် ကျနော်တို့အုပ်စု သွားနေတာကို အဝေးက နဝတတပ်များ မြင်သွားမလားလို့ စိုးရိမ်ရလောက်အောင် တောအုပ်က ပါးလွန်းလှပါတယ်။

“ဒက် ဒက် ဒက် … ဂျိမ်း …”
တောအုပ်ပါးလွန်းလို့ စိတ်ထဲ မလုံမခြုံဖြစ်နေတုန်း သေနတ်သံတွေ ကြားလိုက်ရပါတယ်။ လူတရပ် မရှိတရှိသာမြင့်တဲ့ တောအုပ်ထဲ ကျနော်တို့အုပ်စု ခဏနားပြီး အခြေအနေကို စောင့်ကြည့်ပါတယ်။ “ကျနော်တို့လူတွေနဲ့ ရန်သူတပ် ထိပ်တိုက်တိုးတာဖြစ်မယ်။ ပူစရာမရှိပါဘူး။ ကျနော်တို့လူတွေက နယ်မြေကျွမ်းပါတယ်” လို့ ကိုအေးသော်က ပြောပါတယ်။ သူက ပူစရာမရှိဘူး ပြောနေပေမယ့် ကျနော်တို့ အင်အားက တပ်ရေးဗိုလ်၊ တပ်ထောက်ဗိုလ်နဲ့ ရုံးအဖွဲ့သား သုံးဦးပေါင်းမှ ငါးဦးတည်းရယ်။ ရန်သူနဲ့သွားတိုးလို့ မဖြစ်။ ပြီးတော့ ကျနော်တို့မှာ တယောက်ကို AK ကျည် ၅၀၀ စီလောက် သယ်လာတဲ့အတွက် ကျောပိုးအိတ်ကလည်း အတော်လေးနေပြီး ပြေးလွှားဖို့ သိပ်မကောင်းလှပါ။ ကျနော်တို့ရှေ့တန်းတပ်တွေနဲ့ ဆက်သွယ်ဖို့ ဝေါ်ကီတော်ကီကလည်း မပါပါဘူး။


ကျဆုံးသွားပြီဖြစ်တဲ့ တပ်ခွဲ ၂ မှူး ကိုသိန်းမြင့်ကျော်က တပ်ရင်းညီလာခံ အတွင်း ဆွေးနွေးတင်ပြနေစဉ်

နောက်ဆုံးမှာတော့ သေနတ်တွေကို အသင့်ပြင်ပြီး ရှေ့မှာမြင်နေရတဲ့ ရော်ဘာပင်တန်းအောက်က ရွာကို သတိကြီးစွာနဲ့ ချဉ်းကပ်ရပါတယ်။ အသံမကြားအောင် လျှို့ဝှက်ဝင်လာပါတယ်ဆိုမှ ရွာအဝင်ဝလည်း ရောက်ရော ခွေးကဟောင်လိုက်တာ လွန်ပါရော။ ဘာမှမတတ်နိုင်။ ရွာသား နှစ်ဦးကို လမ်းပြခေါ်ပြီး ကျနော်တို့တပ်တွေရှိရာ ရွာဆီကို ပို့ခိုင်းရပါတယ်။ “ကြည့်လုပ်နော်ကိုယ့်ဆရာ၊ လူမှားပြီး အပစ်ခံနေရဦးမယ်” ဆိုပြီး ကျနော်ကပြောတော့ သူပိုင်ပါတယ်ဆိုတဲ့သဘောနဲ့ ကိုအေးသော်က လက်ကာပြပါတယ်။ ဒီလိုနဲ့ ရော်ဘာတောတွေအတိုင်း လျှောက်၊ ကားလမ်းကူးပြီးတော့ နောက်တရွာမှာ ကျနော်တို့ တပ်တွေနဲ့တွေနဲ့ ချောချောမောမောသွားတွေ့ပါတယ်။

“ဘာမှမပူနဲ့ တပ်ထောက်။ ဒီကောင်တွေအင်အားက ၂၀ တောင်မပြည့်ဘူး။ သူ့လူနာသူသယ်ပြီး ပြန်ပြေးသွားပြီ” ဆိုပြီး စစ်ကြောင်းမှူး ကိုဂွမ်ရှိက တွေ့တွေ့ချင်း ကျနော်မျက်နှာကိုဝကြည့်ပြီး ရှင်းပြပါတယ်။ ဒီတော့မှ “ငါ့မျက်နှာမှာ ကြောက်ရိပ်များ ပေါ်နေသသလားမသိဘူး” ဆိုပြီး ဗိုလ်ကြီးအိန္ဒြေကို အမြန် ပြန်ဆည်လိုက်ရပါတယ်။

တကယ်က ဒီလိုရှေ့တန်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာနဲ့ ကျနော်ကြုံဖူးတဲ့ ကော့မူးရာက ခံစစ်သေတိုက်ပွဲ ပုံသဏ္ဍန်ချင်းက ဘာမှမဆိုင်။ ခံစစ်သေမှာက ရန်သူ့နေရာ၊ မိမိနေရာ အတိအကျ သိထားပြီး ကတုတ်ကျင်းထဲ နေရာယူပစ်တဲ့အတွက် ဘာမှသိပ်ပူစရာမလို။ ဒါကေမယ့် ဒီလိုရှေ့တန်းမှာကတော့ ရန်သူ့သတင်း ကြိုရမထားဘူးဆိုရင် အခုလို စစ်ကြောင်းသွားရင်းနဲ့ ထိပ်တိုက်တိုးပြီး သူပစ်ကိုယ်ပစ်၊ သူဆုတ် ကိုယ်ဆုတ်နဲ့ နယ်မြေကျွမ်းသူ နေရာယူမြန်သူက အသာစီးရလေ့ရှိပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပြီးရင် တိုက်ပွဲနေရာကနေ အမြန်ရှောင်၊ ရွာထဲမှာ စခန်းမချနဲ့ဆိုပြီး ကျနော် ကြားဖူးနားဝရှိပေမယ့် ကျနော်တို့ ကျိုးဖိုးတပ်သားတွေကတော့ အေးအေးဆေးဆေးပါပဲ။ တိုက်ပွဲဖြစ်တဲ့ရွာရဲ့ နောက်တရွာကိုဆုတ်ပြီး ရွာထဲမှာပဲ စခန်းချ ညအိပ်လိုက်ပါတယ်။ ရွာသားတွေကလည်း ကြောက်လန့်ပုံမပြ။ ကျောင်းသားတွေကို ထမင်းချက်ကျွေးရတာကိုတောင် ပျော်နေသလို မြင်နေရပါတယ်။ နောက်ပိုင်းမှ သိရတာကတော့ ဒီရွာတန်းတလျှောက်မှာ ဒီလိုတိုက်ပွဲဖြစ်တာဟာ အထူးအဆန်း မဟုတ်တော့ဘဲ အမြဲတမ်းလိုလို ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

ဒီဒေသကို ပပြင်ခွင်လို့ ကျနော်တို့ကခေါ်ဆိုပြီး တပ်ခွဲ ၁ အခြေစိုက်လှုပ်ရှားတဲ့ အဓိကနေရာဖြစ်ပါတယ်။ အဲဒီကာလ စစ်ကြောင်းမှူးက ကိုဂွမ်ရှိဖြစ်ပြီး တပ်ခွဲမှူး ကိုဖေသင်နဲ့အတူ အင်အား ၆၀ ကျော်လောက် ရှိမယ်လို့ ထင်ပါတယ်။ နောက်တရက်မှာတော့ အဲဒီရွာကနေထွက်ပြီး ယာယီရှေ့တန်း ရုံးခန်းဖွင့်ထားတဲ့ တခြားရွာတခုကို ထပ်ပြောင်းရပါတယ်။ ထားဝယ်-မြိတ် ကားလမ်းအရှေ့ဘက်ခြမ်း တောင်ကုန်းလေးပေါ်က ဘုန်းကြီးကျောင်းမှာ ရုံးခန်းဖွင့်ထားတာကို တွေ့ရပြီး ဒေသခံလူထုက ကျောင်းသားတွေကိုလည်း ဘုန်းကြီးလိုပဲ သဘောထားပြီး ရိက္ခာနဲ့စားစရာတွေ လာလှူထားတာ တွေ့ရပါတယ်။ အဲဒီ ဝန်းကျင်မှာ ဒူးရင်းခြံတွေရှိတာ၊ ဒူးရင်းသီးကို မုန်းအောင် စားခဲ့ရဖူးတာကို ကျနော် အမှတ်ရနေပါတယ်။

ရှေ့တန်းရုံးခွဲမှာ တရက်နား၊ ပြီးတော့ တပ်ရင်းညီလာခံ ခေါ်ရခြင်းအခြေအနေ၊ နောက်တန်းက အခြေအနေ၊ ဗဟိုဘက်က အခြေပနေ၊ ရွေးကောက်ပွဲရလဒ် နောက်ဆက်တွဲ အခြေပနေ၊ လက်တလော နိုင်ငံရေး အခြေကနေတွေကို ကျနော်နဲ့ ကိုအေးသော်က ရဲဘော်ထုကို ရှင်းပြခဲ့ပါတယ်။ နောက်တရက်မှာတော့ စစ်ကြောင်းနဲ့အတူ  ထားဝယ်-မြိတ် ကားလမ်းပေါ်က ရွာစဉ်တွေကို လမ်းလျှောက်ပြီး စည်းရုံးရေးတရား ဟောခဲ့ပါတယ်။ ဒီလို လွတ်လပ်စွာ သွားနေတာကို ကြည့်ရင်းနဲ့ ခွဲမှူးတွေ၊ ဒုခွဲမှူးတွေ တပ်ရင်း ပြန်ရောက်ရင် ပြောလေ့ရှိတဲ့ “ခင်ဗျားတို့ နောက်တန်းက မမိုက်ပါဘူးဗျာ။ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရနဲ့။ ကျနော်တို့ ရှေ့တန်းကိုသာ လာခဲ့စမ်းပါ” ဆိုတဲ့စကားနဲ့ ဘာကြောင့် သူတို့နောက်တန်းမှာ ကြာကြာ မနေချင်ကြတာလဲ ဆိုတာကို ကျနော် ပိုပြီး သဘောပေါက်လာပါတယ်။

ရှေ့တန်းမှာ စစ်မြေပြင်ကင်းထောက်မှုကို ဘယ်လိုလုပ်ရတယ်၊ ရှေ့ပြေးကင်းသမား လေးဦးက ဘယ်လို ပွိုင့်ထွက်ရတယ်၊ စစ်ကြောင်းမှူးနဲ့ ရုံးအဖွဲ့က ဘယ်နားမှာ နေရတယ်၊ ဆက်သွယ်ရေးသမား၊ ဆေးတပ်သားနဲ့ ရုံးအဖွဲ့ကို ဘယ်လိုခေါ်ထားရမယ် စသဖြင့် ရှေ့တန်းတခါမှ မရောက်ဖူးတဲ့ တပ်ထောက်ဗိုလ်ကြီး ကျနော့်ကို စစ်ကြောင်းမှူးကြီး ကိုဂွမ်ရှိက လက်ချာရိုက်ခဲ့တာကိုလည်း မှတ်မိနေဆဲဖြစ်ပါတယ်။ နောက်တခါ လူ ၅၀ ကျော်သာရှိတဲ့ ကျနော်တို့တပ်ဖွဲ့ ကားလမ်းတလျှောက် စစ်ကြောင်း ချီလာတာကို မြင်တဲ့ရွာသားတွေက အင်အား ၁၀၀ ကျော်ရှိတယ်လို့ ထင်ကြာတာကိုလည်း ကျနော် ထူးထူးခြားခြား အမှတ်ရနေပါတယ်။

ယူနီဖောင်း အပြည့်အစုံ၊ လက်နက် အီးကွေးမင့်အပြည့်အစုံပါတဲ့ လူတန်းကြီးဟာ တဦးနဲ့တဦး ၂ လံ အကွာစီလောက် နေရာယူပြီး တန်းစီလျှောက်လိုက်တော့ ရွာဦးကနေ ရွာပြင်အထိ ရှည်သွားတဲ့သဘော။ လူ ၅၀ ကျော်ကို ၁၀၀ ကျော်လို့ မြင်ရတဲ့သဘောတွေကိုလည်း ကျနော် လေ့လာခွင့်ရခဲ့ပါတယ်။
အဲဒီ ရှေ့တန်းမှာ သတင်း ၂ ပတ်ခန့်ကြာပြီး အပြန်မှာတော့ ကျနော်နဲ့အတူ တပ်ခွဲ ၁ မှ ကိုဖေသင် အပါအဝင် တပ်မှူးတွေ အတော်များများ ပြန်ပါလာပါတယ်။

ဒီညီလာခံဟာ တပ်ရင်းမှူးကနေ တပ်စိပ်မှူးအထိပါတဲ့ ကျနော်တို့တပ်ရင်း သက်တမ်း ၁၀ နှစ် ဝန်းကျင်ကာလမှာ အဲဒီတခါပဲ အစုံအညီလုပ်ဖြစ်ခဲ့ဖူးတဲ့ ညီလာခံလို့ ထင်ပါတယ်။ ကျနော်တို့ တပ်ရင်းဟာ အင်အား ၃၀၀ ကျော်ရှိတဲ့အတွက် ကျောင်းသားနည်း ကျောင်းသားဟန် တပ်ရင်းဖွဲ့စည်းပုံ အပြည့်ဖွဲ့နိုင်တဲ့ တပ်ရင်းဖြစ်ပါတယ်။ တပ်စိပ်တစိပ်မှာ ၁၁ ဦး၊ တပ်စုတစုမှာ ၃၃ ဦး၊ တပ်ခွဲတခွဲမှာ ၁၂၀ ဝန်းကျင်နဲ့ တပ်ခွဲ ၃ ခွဲ ဖွဲ့စည်းပုံအပြည့်နဲ့ နောက်တန်းလခြုံရေး တပ်စုတစုပါ ဖွဲ့ထားနိုင်ခဲ့ပါတယ်။

အဲဒီစာရင်းအရ ရှေ့တန်းကလာတဲ့ တပ်မှူး ၄၀ နီးပါး၊ ဆက်သွယ်ရေးတပ်ဆွယ်၊ ဆေးတပ်ဆွယ်၊ ထောက်လှမ်းရေးတပ်ဆွယ်နဲ့ နောက်တန်းတပ်မှူးများ၊ စခန်းကော်မတီဝင်များပါ အားလုံးပေါင်းလိုက်တော့ ကိုယ်စားလှယ် ၆၀ လောက်အထိ ရှိသွားတဲ့ညီလာခံကြီး ဖြစ်သွားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More