Friday, March 31, 2023

“နွေဦးတော်လှန်ရေးကို မထောက်ခံရဲအောင် စကစ က အရပ်သားတွေကို ဗုံးကျဲနေတာဖြစ်...



“နွေဦးတော်လှန်ရေးကို မထောက်ခံရဲအောင် စကစ က အရပ်သားတွေကို ဗုံးကျဲနေတာဖြစ်တယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၁- ၄-၂၀၂၃)

“စစ်ကောင်စီတပ်တွေရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့အနီးရှိ ခွာဖိုရွာမှာ အရပ်သား ၈ ဦးသေဆုံးပြီး ၁၀ ကျော်ဆေးရုံတင်ထားရတယ်။ ဒါဟာ ဒီဒေသမှာ တိုက်ပွဲဖြစ်မှုမရှိပဲနဲ့ အရပ်သားတွေကို နွေဦးတော်လှန်ရေးမထောက်ခံရဲအောင် တမင်ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

မတ်လ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ချင်းတိုင်းရင်းသားရွာ ဗုံးကျဲခံရမှုနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

ဒီ မေးမြန်းချက်ထဲမှာ …

- စကစ လေယာဉ်တွေက အရပ်သားပစ်မှတ်ကို တမင်ဗုံးကျဲတိုက်ခိုက်နေပြီလား...

- ထန်တလန်နဲ့ ချင်းပြည်နယ်အတွင်း တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- တပ်မတော်နေ့မှာ စကစ ဥက္ကဌပြောခဲ့တဲ့ ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုတာ အခုလို အရပ်သားတွေကို ဗုံးကျဲဖို့ သတိပေးခဲ့တဲ့သဘောလား...

- စကစ ရဲ့ လေကြောင်းရန်ကို တော်လှန်ရေးတပ်တွေ ဘယ်လိုခုခံ ကာကွယ်ကြမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“KNDF တောင် ဒီလောက်တိုက်နိုင်ရင် KNU, KIA, AA, TNLA, MNDAA တို့လိုညီအကို...



“KNDF တောင် ဒီလောက်တိုက်နိုင်ရင် KNU, KIA, AA, TNLA, MNDAA တို့လိုညီအကိုတွေ တပြိုင်တည်းထတိုက်ရင် စကစ ပြိုကိုပြိုတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၃၁ - ၃-၂၀၂၃)

“စစ်တပ်က အာဏာသိမ်းပြီးမှအသစ်ပေါ်လာတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကတောင် စစ်ကောင်စီကို တပ်ရင်းအလိုက်ပြုတ်တဲ့အထိ တိုက်နေနိုင်ရင် အရင်ကတည်းကရှိနေပြီးသား အင်အားကြီး ERO တပ်တွေဖြစ်တဲ့ KNU, KA, KIA, AA, TNLA, MNDAA တို့လို ညီအကိုတပ်တွေ PDF, CDF တွေနဲ့အတူ တပြိုင်တည်း ထတိုက်ရင် စစ်ကောင်စီ လပိုင်းအတွင်း ပြိုကျမှာသေချာတယ်” လို့ မင်းတပ်မြို့နယ် ပြညသူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

KNDF အပါဝင် တော်လှန်ရေးတပ်တွေဖက်ကတေ စစ်ကောင်စီကို တပ်ရင်းအလိုက်ပြုတ်တဲ့အထိ တပွဲချင်းအနိုင်ရအောင် တိုက်နေနိုင်ပြီဖြစ်ပေမယ့် တပွဲလုံးအနိုင်ရဖို့အရေးမှာ ဘာတွေ အခက်အခဲရှိနေသလဲ၊ ဘာတွေ ဆောင်ရွက်ဖို့လိုအပ်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- KNDF တပ်လို PDF တပ်တွေ တိုက်ခိုက်ရေးစွမ်းရည်မြင့်လာအောင် ဘာတွေ ဆောင်ရွက်သင့်သလဲ...

- KNU, KA, KIA, AA, TNLA, MNDAA တို့လို အင်အားကြီး ERO တွေ KNDF, CDF,  PDF တွေနဲ့အတူ တပြိုင်တည်း ထတိုက်နိင်ဖို့ ဘာတွေလိုအပ်နေသလဲ...

- စစ်ကောင်စီ တပ်ဟာ ဟန်ပဲကျန်ပြီး အဆံမရှိတော့တဲ့အခြေအနေ ရောက်နေပြီလား...

- ရှေ့တန်းအားကောင်းဖို့အပြင် နောက်တန်းက ထောက်ပို့တပ်တွေ အားကောင်းဖို့ ဘယ်လောက်အရေးကြီးသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, March 29, 2023

“စစ်ကောင်စီက အစီး ၈၀ ကျော်ပါယာဉ်တန်းနဲ့ ကြီးကြီးကျယ်ကျယ်ချီတက်လာခဲ့ပေမယ့...



“စစ်ကောင်စီက အစီး ၈၀ ကျော်ပါယာဉ်တန်းနဲ့ ကြီးကြီးကျယ်ကျယ်ချီတက်လာခဲ့ပေမယ့် အခြေနေ မဟန်ဘူးပြောရမှာပေါ့”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၉ - ၃-၂၀၂၃)

“ချင်းပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ တပ်တွေကို ရိက္ခာနဲ့လက်နက်ပေးပို့ဖို့ တက်လာတဲ့ ၈၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို ယောနယ်ရှိ PDF တွေ၊ ချင်းပြည်နယ်ရှိ CDF တွေက မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ် အကြီးအကျယ်အထိနာပြီး နောက်ပြန်ဆုတ်သွားရတယ်” လို့ မင်းတပ်မြို့နယ် ပြညသူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခါင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကပြောပါတယ်။

အစီး ၈၀ ကျော်ပါ ယာဉ်တန်းဟာ မကွေးတိုင်းအတွင်းပိုင်းကနေ ပေါက်မြိုံ၊ အဲဒီကတဆင့် ကျောက်ထု၊ ကျောက်ထုကနေ မင်းတပ်နဲ့ ထီးလင်းဖက် အစီး ၄၀ ကျော်စီခွဲပြီး အထွက်မှာ အခုလိုအတိုက်ခံရတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေက မြို့ပေါ်ရပ်ကွက်တွေလောက်ပဲ ထိန်းထားနိုင်ပြီး ကျန် ၈၀% ကျော်ကို တော်လှန်ရေးတပ်တွေက အုပ်ချုပ်ရေးချထားနိုင်နေပြီလို့လည်း ဆလိုင်းယောမာန်က BNN သတင်းဌာနက ဦးထက်အောင်ကျော်ကို ပြောပါတယ်။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ....

- စစ်ကောင်စီယာဉ်တန်း ၈၀ ကျော် မိုင်းဆွဲအတိုက်ခံရမှု နောက်ဆုံးအခြေအနေ...

- ကျောက်ထု၊ ထီလင်း၊ မင်းတပ်နဲ့ မတူပီဖက်က တိုက်ပွဲအခြေအနေ...

- ချင်းပြည်နယ်တခုလုံးကို စစ်ရေးအုပ်ချုပ်ရေးကြေညာခြင်းက ဒီပြည်နယ်ဟာ လွတ်မြောက်ဒေသဖြစ်သွားတဲ့ သဘောလား...

- စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြားမှာ ဘယ်ဖက်က အသာစီးရလာနေသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တော်လှန်ရေးတပ်တွေဖက်က တိုက်ပွဲတပွဲချင်းစီးမှာ အနိုင်ရနေပြီဖြစ်ပေမယ့် စစ်ပွဲကြီး တခုလုံးအနိုင်ရဖို့အရေးမှာ ဘာတွေအားနည်းနေသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, March 28, 2023

“၂၀၂၀ ရလာဒ်အတွက် လုပ်နေတာမဟုတ်ဘူး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆေ...



“ဒီတော်လှန်ရေးဟာ စစ်ကောင်စီကိုဖြုတ်ချပြီး ၂၀၂၀ ရွေးကောက်ပွဲရလာဒ် အကောင်ထည်ဖေါ်ဖို့ လုပ်နေတာမဟုတ်ဘူး။ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားအားလုံး လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ဖြစ်တယ်။ ၂၀၂၀ ရလာဒ်ဟာ ဒီပန်းတိုင်အတွက် လှေကားထစ်တခုသာဖြစ်ပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ)

(၂၈- ၃-၂၀၂၃)

မတ်လ ၂၅ ရက်နေ့က နော်ဝေနိုင်ငံ ဖရိုလန်းမြို့ (ဒေါ်အောင်ဆန်းစုကြည့် ပန်းခြံရှိတဲ့မြို့) မှာ နော်ဝေရောက် မြန်မာမိသားစုအသိုင်းအဝိုင်းနဲ့ တွေ့ဆုံစဉ် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အဲဒီလိုပြောခဲ့တာပါ။

ဒါ့အပြင် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်ကောင်စီရဲ့ ရွာမီးရှို့၊ လူသတ်မှုတွေအတွက် နိုင်ငံတကာခုံရုံးတင်နိုင်ဖို့ ကြိုးစားနေကြောင်းပြောခဲ့ပါတယ်။

အခု CRPH Support Group, Norway facebook page ကနေ ၂၅ ရက်နေ့က live တင်ထားတဲ့ဆွေးနွေချက်ထဲက အနှစ်ချုပ် ၁၄ မီနစ်စာကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်...

(မနက်ဖန်မှာတော့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

==============

Monday, March 27, 2023

“တပ်မတော်အပေါ် ပြည်သူကမြင်တဲ့အမြင်က သမိုင်းတလျောက်မှာ အဆိုးဆုံးကာလကိုရော...



“တပ်မတော်အပေါ် ပြည်သူကမြင်တဲ့အမြင်က သမိုင်းတလျောက်မှာ အဆိုးဆုံးကာလကိုရောက်နေပြီ”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၂၇-၃-၂၀၂၃)

“အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ရွာမီးရှို့၊ လူသတ်မှုတွေကြောင့် ဒီနေ့တပ်မတော်အပေါ် အများပြည်သူရဲ့အမြင်ဟာ အဆိုးဆုံးကာလကိုရောက်နေပြီ။ တိုင်းရင်းသားတပ်တွေတင် မကပဲ တကယ်လူများစု ဗမာတွေကပါ တနိုင်ငံလုံးအနှံ့ လက်ရှိစစ်တပ်ကို တော်လှန်နေကြပြီဖြစ်တယ်။ ဒီလိုအချိန်မှာ တိုင်းပြည်ချစ်လို့ တပ်ထဲဝင်တယ်လို့ပြောနေတဲ့ စစ်ဗိုလ်တွေဟာ ဒီတပ်မတော်ကို သူတို့ကိုယ်တိုင် ပြန်တော်လှန်ရမယ့်အချိန်ရောက်နေပြီဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ သို့မဟုတ် မြန်မာစစ်တပ်အခေါ် တပ်မတော်နေ့မှာ မျိုးချစ်တပ်မတော်သားတွေကို ဘာပြောချင်လဲ၊ နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု ဘယ်လောက်အထိ တိုးတက် လာနေပြီလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် တွေ့ဆုံ မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

မတ်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတည်ရှိရာ ဖရိုလန်းမြို့မှာကျင်းပတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေပွဲနဲ့ NUG ဝန်ကြီးများနှင့် လူထု တွေ့ဆုံပွဲအပြီးမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံမေးမြန်းချက်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံမေးမြန်းချက်ထဲမှာ....

- NUG အပေါ် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု ဘယ်လောက် တိုးတက်လာသလဲ...

- တရုတ်၊ အာဆီယံတို့နဲ့ NUG ကြားမှာ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိသလဲ...

-  ၂ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေး ဘယ်လောက်ခရီးပေါက်နေပြီလဲ...

- NDAA ဥပဒေပါ အကူအညီတွေ ဘယ်တော့ရမလဲ...

- ဒီနေ့တပ်မတော်အပေါ် NUG ရဲ့ သဘောထား ဘယ်လိုရှိသလဲ...

- ၂၀၂၃ ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဆိုတာ ဘာကိုပြောတာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီတွေ့ဆုံမေးမြန်းခန်းကို ဗွီဒီယိုရိုက်ပေးသော Benjamin Tveit အား ကျေးဇူးအထူးတင်ပါသည်။ မနက်ဖန်မှာတော့ လူထုတွေ့ဆုံပွဲအတွင်း ဒေါ်ဇင်မာအောင်နှင့် ဦးအောင်မျိုးမင်းတို့ဆွေးနွေးချက်ထဲက ထူးခြားချက်တွေကို ကောက်နှုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, March 26, 2023

“စစ်တပ်ဖက်က ရေရှည်စစ်ဖြစ်အောင်ဆွဲခေါ်နေတယ်၊ တော်လှန်ရေးတပ်တွေဖက်က စစ်တပ်...



“စစ်တပ်ဖက်က ရေရှည်စစ်ဖြစ်အောင်ဆွဲခေါ်နေတယ်၊ တော်လှန်ရေးတပ်တွေဖက်က စစ်တပ်ရဲ့ သွေးခွဲဗျုဟာကို သတိထားဖို့လိုတယ်”

- ဗိုလ်ကြီးကောင်းသူဝင်း - (CDM - တပ်မတော်အရာရှိ)

-၂၆-၃-၂၀၂၃

“နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို အပိုင်စီးခွင့်ရထားတဲ့ စစ်ကောင်စီဟာ လက်ရှိစစ်ပွဲကို ရေရှည်စစ်ဖြစ်အောင် ဆွဲခေါ်နေတယ်၊ တော်လှန်ရေးကြာလာရင် ဘတ်ဂျက်ရှိသူက အသာရလာနိုင်တယ်လို့ စစ်တပ်ဖက်ကတွက်ထားတယ်။ တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေကြား အချင်းချင်းသွေးကွဲအောင် စစ်တပ်က ဗျုဟာမြောက်ဆောင်ရွက်နေတယ်။ ဒါတွေကို တော်လှန်ရေးတပ်တွေဖက်က သတိထားဖို့လိုတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးကောင်းသူဝင်းက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ စစ်တပ်မှာ လူအင်အားနည်းပြီး စိတ်ဓတ်ပျက်ပြားနေပေမယ့် လက်နက်ကရှိနေတယ်။ တော်လှန်ရေးတပ်တွေဖက်မှာတော့ လူနဲ့ စိတ်ဓတ်အလွန်အားကောင်းနေပမယ့် လက်နက်ကမရှိဘူးဖြစ်နေတယ်လို့လည်း သူက ထောက်ပြပါတယ်။ အထူးသဖြင့် လေယာဉ်ပစ်လက်နက် မရှိမဖြစ်လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ဘယ်ဖက်က အားသာလာနေသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကောင်စီဖက်မှာ လက်နက်ရှိပေမယ့် လူအင်အားနဲ့ စိတ်ဓာတ်ကျဆင်းနေပြီး တော်လှန်ရေးတပ်တွေဖက်မှာတော့ လူအင်အားနဲ့ စိတ်ဓတ်အလွန်တက်ကြွနေပေမယ့် လက်နက်က လိုသလောက်မရဖြစ်နေသလား...

- စုဖွဲ့မှုပုံစံကျရေး၊ အမိန့်ပေးမှုစနစ်အားကောင်းရေးအပြင် PDF တပ်တွေနဲ့ ERO တပ်တွေကြား လက်တွဲ ဆောင်ရွက်မှု အရှိန်မြင့်နိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ...

- စစ်ရေးကောင်စီက ရေရှည်စစ်ဖြစ်အောင် ဆွဲခေါ်မှုနဲ့ သွေးခွဲမှုဗျုဟာကို တော်လှန်ရေးတပ်တွေဖက်က ဘယ်လိုသတိထားသင့်သလဲ...

- တပ်ထဲကလူတွေ ထွက်ရခက်ရင် CDM မလုပ်ပဲ ဖရဲသီးလုပ်နေခြင်းဖြင့် တော်လှန်ရေးကို အထောက်အကူဖြစ်စေနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ (လူတွေ့) တွေ့ဆုံမေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, March 24, 2023

“တပ်သားသစ်စုရခက်လို့ ပျုစောထီးနဲ့ ပြည်သူ့စစ်ကို အလေးပေး မွေးမြူလာတာ တွေ့...


“တပ်သားသစ်စုရခက်လို့ ပျုစောထီးနဲ့ ပြည်သူ့စစ်ကို အလေးပေး မွေးမြူလာတာ တွေ့နိုင်ပါတယ်”

- ဗိုလ်ကြီးကောင်းသူဝင်း - (CDM - တပ်မတော်အရာရှိ)

(၂၅-၃-၂၀၂၃)

“လူထုထောက်ခံမှုမရှိတော့တဲ့ စစ်ကောင်စီဟာ တပ်သားသစ်စုဆောင်းရေး ခက်ခဲလာနေတဲ့အတွက် အညာဖက်က PDF ဒေသမှာ ပျုစောထီး၊ နယ်စပ်ဒေသက EAO နယ်မှာ ပြည်သူ့စစ်တွေကို ဗျုဟာမြောက် မွေးမြူလာနေတာ တွေ့နိုင်ပါတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးကောင်းသူဝင်း က ပြောပါတယ်။

နေပြည်တော်မှာကျင်းပဖို့ပြင်ဆင်နေတဲ့ တပ်မတော်နေ့အခမ်းအနားမှာ ဒီနှစ် ဘာတွေထူးခြားနိုင်သလဲ၊ တပ်မတော် အင်အားကျသွားသလား၊ လူသစ်စုဖို့အခက်တွေ့နေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- တပ်အင်အားနည်းလာနေတဲ့အတွက် တပ်မတော်နေ့ပြပွဲမှာ အမျိုးသမီးစစ်သည်တွေကိုပိုပြီး မြင်လာရနိုင်သလား...

- အာဏာသိမ်းထားစဉ် ၂ နှစ်တာကာလအတွင်း ကျဆုံး နှစ်သောင်းကျော်၊ CDM နဲ့ တပ်ကိုစွန့်ခွာသူ တသောင်းကျော်ရှိတယ်ဆိုတာ ပျုစောထီးနဲ့ ပြည်သူ့စစ် စာရင်းပါ ပါသလား...

- တပ်သားသစ် စုမရတော့လို့ ပျုစောထီးနဲ့ ပြည်သူ့စစ်ကို စစ်တပ်က ဗျုဟာချပြီး မွေးမြူနေသလား...

- စစ်တပ်အတွင်းမှာ ပြည်ပသတင်းနားထောင်ခွင့်၊ ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ပင်ပြီး ဝါဒဖြန့်ချီရေး လုပ်နေဆဲလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီလောက် ဆုတ်ယုတ်နေတဲ့ တပ်မတော်ကို တော်လှန်ရေးတပ်တွေဖက်က နိုင်အောင် မတိုက်နိုင်သေးတာ ဘာကြောင့်လဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ဆက်လက် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, March 22, 2023

“စစ်ကောင်စီဖြုတ်ချရေးလုပ်ငန်းစဉ်ကို ပထမ ဦးစားပေးအဖြစ်ဆောင်ရွက်ဖို့လိုပါတယ်”


“စစ်ကောင်စီဖြုတ်ချရေးလုပ်ငန်းစဉ်ကို ပထမ ဦးစားပေးအဖြစ်ဆောင်ရွက်ဖို့လိုပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

၂၂ - ၃ - ၂၀၂၃

“NUG ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ FPNCC ဦးဆောင်တဲ့ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားအဖွဲ့တွေကြားမှာ အဓိက ဦးတည်ချက် စစ်အာဏာရှင်ဖြုတ်ချရေးဆိုတဲ့ ဘုံရန်သူတူနေတဲ့အတွက် ဒီအချက်ကိုသာ ဦးစားပေးဆောင်ရွက်သင့်တယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ပါဝင်တဲ့ FPNCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

-  FPNCC နဲ့ NUG ကြားမှာ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုမြှင့်တင်သင့်သလဲ...

- စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးကို ဘယ်လို ဟန်ချက်ညီ ဆောင်ရွက်သင့်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, March 21, 2023

“NUG နဲ့ FPNCC တို့ကြား ပူးပေါင်းဆောင်ရွက်ပြီး ဟန်ချက်ညီတိုက်ပွဲဖေါ်ဆောင...


“NUG နဲ့ FPNCC တို့ကြား ပူးပေါင်းဆောင်ရွက်ပြီး ဟန်ချက်ညီတိုက်ပွဲဖေါ်ဆောင်ဖို့လိုပါတယ်”

- ဦးသန်းစိုးနိုင် - စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ

(၂၁ -၃-၂၀၂၃)

“အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုရရှိထားတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တရုတ်နိုင်ငံရဲ့ထောက်ခံမှုရရှိထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ဘုံရန်သူန်ဟာ စစ်ကောင်စီဖြစ်တဲ့အတွက် ဒီအင်အာစု ၂ ခုကြား ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီ ပြုတ်ကျရေး တိုက်ပွဲကို ဟန်ချက်ညီဖေါ်ဆောင်ဖို့လိုအပ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ဝ-ဌာနချုပ်ပန်းဆန်းမှာတွေ့ဆုံတာ၊ ပြီးတော့ တရုတ်အထူးကိုယ်စားလှယ်နဲ့ ကူမင်းမှာတွေ့ဆုံတာတွေအပြီး ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေနေတွေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC နဲ့ တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံမှု ဘာတွေထူးသလဲ...

- ကိုးကန့်နဲ့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှု တိုးလာနိုင်သလား...

- FPNCC နဲ့ NUG ကြားမှာ ဘာတွေတူပြီး ဘာတွေ ကွဲလွဲနေသလဲ...

- ဘုံရန်သူတူပေမယ့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာကို ဘယ်လိုပြုပြင်နိုင်ကြမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒုတိယပိုင်းကိုတော့ မနက်ဖန် ဆက်လက်ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, March 20, 2023

“စစ်ကောင်စီအားငွေပေးမှု ဆက်လုပ်နေပါက တရားစွဲဆိုခြင်းခံရမည်ဟု PTTEP အား N...


“စစ်ကောင်စီအားငွေပေးမှု ဆက်လုပ်နေပါက တရားစွဲဆိုခြင်းခံရမည်ဟု PTTEP အား NUG သတိပေး”
------------------
(၂၀-၃-၂၀၂၃)

မြန်မာနိုင်ငံတောင်ပိုင်းရှိ ရတနာဓာတ်ငွေ့ပိုက်လိုင်းကို တာဝန်ယူဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံက PTTEP ကုပဏီအနေနဲ့ စစ်ကောင်စီထံပေးအပ်နေတဲ့ ငွေကြေးတွေကို ချက်ခြင်းရပ်တန့်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

PTTEP ကုပဏီကနေ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဌာန MOGE ဆီပေးအပ်နေတဲ့ ငွေကြေးဟာ ပြီးခဲ့တဲ့ ၄ လပတ်အတွင်းမှာတင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိတယ်။ ဒီငွေတွေကို ရွာမီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်ဖို့စစ်ဆင်းရေးလုပ်တဲ့နေရာမှာ စစ်ကောင်စီက အသုံးချနေတဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးသူရထွန်းတို့ကပြောပါတယ်။

ဒီနေ့ ညနေ ၄ နာရီက အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း သူတို့က အဲဒီလိုပြောသွားတာပါ။ ဒီတောင်းဆိုချက်ကို ရက်ပေါင်း ၃၀ အတွင်း PTTEP ဖက်က အကြောင်းပြန်ရမှာဖြစ်ပြီး မလိုက်နာဘူးဆိုရင် စင်ကာပူမှာရှိတဲ့ International Court of Arbitration ရုံးမှာ တရားစွဲဆိုတာအထိ လုပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

အခု ဦးတင်ထွန်းနိုင်နဲ့ ဦးစိုးသူရထွန်းတို့ရဲ့ ပြောကြားချက်ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, March 18, 2023

“ရုရှားခေါင်းဆောင်ကို အရေးယူသလိုမျိုး မြန်မာစစ်ခေါင်းဆောင်ကို ဘာကြောင့်အ...



“ရုရှားခေါင်းဆောင်ကို အရေးယူသလိုမျိုး မြန်မာစစ်ခေါင်းဆောင်ကို ဘာကြောင့်အရေးမယူသေးတာလဲ”

- ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ

(၁၉ -၃-၂၀၂၃)

“နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကနေ ရုရှားခေါင်းဆောင်ကို စစ်ရာဇဝတ်မှုနဲ့ဖမ်းဝရမ်းထုတ်သလိုမျိုး မြန်မာစစ်ခေါင်းဆောင်ကို ဘာကြောင့်ဖမ်းဝရမ်းမထုတ်သေးတာလဲဆိုတဲ့မေးခွန်းဟာ မေးသင့်တယ်မေးခွန်းဖြစ်တယ်” လို့ နိုင်ငံရေးဆန်းစစ်ဝေဖန်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

ယူကရိန်းကျုးကျော်စစ်အတွင်း ရုရှားတို့ စစ်ရာဇဝတ်မှုကျုုးလွန်ခဲ့တယ်။ ဒီအတွက် သမ္မတပူတင်မှာတာဝန်ရှိတယ်ဆိုပြီး နိုင်ငံတကာရာဇဝတ်မှုတရားရုံးကနေ ဖမ်းဝရမ်းထုတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံအခြေအနေနဲ့ဘယ်လိုများဆက်စပ် တွေးဆနိုင်မလဲဆိုပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရုရှားခေါင်းဆောင်ကို ICC က ဘာကြောင့် စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်လိုက်တာလဲ...

- ဒီဖမ်းဝရမ်းက ရုရှားနိုင်ငံဆီ သွားဖို့ပြင်နေတဲ့ တရုတ်သမ္မတခရီးစဉ်ကို အနှောက်အယှက်ဖြစ်စေနိုင်သလား...

- ယူကရိန်းမှာ စစ်ရာဇဝမ်မှုကျုးလွန်တဲ့ ရုရှားခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပြီး အဲဒီထက်အခြေအနေပိုးဆိုးနေတဲ့ မြန်မာစစ်ခေါင်းဆောင်ကို ဘာကြောင့် ဖမ်ဝရမ်းထုတ်ဖို့ ခက်ခဲနေတာလဲ...

- ICC ရဲ့ အခုကြေညာချက်က နွေဦးတော်လှန်ရေးကို ခွန်အားဖြစ်စေသလား...

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, March 17, 2023

“အထဲမှာနေရင်လည်း ဒုက္ခပေးတယ်၊ ထွက်သွားရင်လည်း ဖမ်းဆီးထောင်ချတယ်ဆိုတော့ ဒ...




“အထဲမှာနေရင်လည်း ဒုက္ခပေးတယ်၊ ထွက်သွားရင်လည်း ဖမ်းဆီးထောင်ချတယ်ဆိုတော့ ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အစိတ်အပိုင်းတခုပဲ”

- ရိုနေဆန်းလွင် - ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့-

(၁၇ -၃-၂၀၂၃)

“ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဆီပြန်လာရေးအတွက် စစ်ကောင်စီကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်အထိလာပြီးဆွေးနွေးနေပေမယ့် ရခိုင်ဒေသရှိ ရိုဟင်ဂျာတွေဟာ ဖိနှိပ်ခံနေရဆဲ၊ ခွဲခြားဆက်ဆံမှုခံနေရဆဲဖြစ်တယ်။ မူရင်းဒေသမှာ မနေနိုင်လို့ အခြားဒေသဆီ ထွက်ပြေးတဲ့အခါ စစ်ကောင်စီတပ်တွေကဖမ်းဆီးပြီး ထောင် ၅ နှစ်အထိချနေတယ်၊ ဒါတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အစိတ်အပိုင်းတခုပဲဖြစ်တယ်” လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့- ပူးတွဲတည်ထောင်သူ- ရိုနေဆန်းလွင်ကပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ရေးအတွက် စစ်ကောင်စီကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်အထိလာပြီးဆွေးနွေးနေချိန်မှာ ရခိုင်ဒေသကနေ လှေစီးပြေး ထွက်ပြေးနေသူတွေကို စစ်တပ်က ဖမ်းဆီးထောင်ချနေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ရိုဟင်ဂျာတွေကို အခြားနိုင်ငံတွေမှာ ဖမ်းမိရင် လူဝင်မှုဥပဒေအရ ၄၅ ရက်ပဲအချုပ်ချပြီး မြန်မာပြည်တွင်းဖမ်းမိရင် ထောင်ဒဏ် ၅ နှစ်အထိချမှတ်နေတာ ဘာကြောင့်လဲ...

- ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရမယ်လို့ ၂၀၂၀ မှာ ICJ တရားရုံးက သတိပေးထားတဲ့ကြားက အခုလို ဘာကြောင့် ဆက်လုပ်နေတာလဲ...

- ၂၀၁၇ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကို တရားစွဲထားတဲ့ နိုင်ငံတကာတရားရုံးက အမှုတွေ အခု ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ...

- နွေဦးတော်လှန်ရေးမှာ ရိုဟင်ဂျာတွေ ဘယ်လိုပူးပေါင်းပါဝင်နေသလဲ...

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, March 16, 2023

ပင်လောင်းဒေသ လူအစုံအပြုံလိုက်အသတ်ခံရမှု NUG သတင်းစာရှင်းပွဲလုပ်



ပင်လောင်းဒေသ လူအစုံအပြုံလိုက်အသတ်ခံရမှု NUG သတင်းစာရှင်းပွဲလုပ်
----------------------
(၁၆-၃-၂၀၂၃)

မတ်လ ၁၁ ရက်နေ့က ပင်လောင်းဒေသ နန်းနိန်ရွာ ဘုန်းကြီးကျောင်းမှာဖြစ်ခဲ့တဲ့ သံဃာၤတော်တွေအပါဝင် လူ ၂၂ ဦး အစုအပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီတပ်တွေက ပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီပြစ်မှုကို ဖုံးကွယ်ဖို့အတွက် ပအိုဝ်းနဲ့ ကရင်နီအကြား လူမျိုးရေးပြသာနာဖြစ်အောင် စစ်ကောင်စီတက တမင်ဖန်တီးနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC တာဝန်ရှိသူတွေ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တာဝန်ရှိသူတွေက ဒီနေ့မနက် ၁၀ နာရီက အွန်လိုင်းကကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စစ်ကောင်စီက ဒီလိုအစုအပြုံလိုက်သတ်ဖြတ်မှု ၆၄ ခုအထိကျုးလွန်ထားပြီး အသတ်ခံရသူ ၇၆၆ ဦးအထိရှိနေပြီဖြစ်တယ်လို့ လူ့အခွင့်အရေး ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဌ ခွန်မြင့်ထွန်းကတော့ ပအိုဝ်းနဲ့ ကရင်နီတိုင်းရင်းသားတွေကြား သွေးခွဲဖို့ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို အားလုံးသတိရှိဖို့လိုတယ်၊ အထူးသဖြင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးအောင်ခမ်းထီအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတာတွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အခု သတင်းစာရှင်းပွဲ အနှစ်ချုပ်ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, March 15, 2023

“အစုအပြုံလိုက်သတ်ဖြတ်မှုအတွက် စစ်ကောင်စီကို ထိထိရောက်ရောက် အပြစ်ပေးအရေးယ...



“အစုအပြုံလိုက်သတ်ဖြတ်မှုအတွက် စစ်ကောင်စီကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူမှုလုပ်ရမယ်”

- ခွန်မြင့်ထွန်း - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC

(၁၅-၃-၂၀၂၃)

“ပင်လောင်းဒေသ နမ်းနိန်းရွာဘုန်းကြီးကျောင်းမှာဖြစ်ပွားခဲ့တဲ့ လူ ၂၀ ကျော် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူမှုလုပ်ရမယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC - ဥက္ကဌ ခွန်မြင့်ထွန်းကပြောပါတယ်။

မတ်လ ၁၁ ရက်နေ့ကဖြစ်ခဲ့တဲ့ ပအိုဝ်းဒေသခံ သံဃာၤတော် ၃ ပါးနဲ့ အရပ်သား ၁၉ ဦး အစုအပြုံလိုက် အသတ်ခံရမှုအပေါ် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC- က ဘာတွေဆောင်ရွက်နေသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- သဃာၤတော်တွေနဲ့ အရပ်သားပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီက ဘယ်လို သတ်ဖြတ်ခဲ့သလဲ...

- စစ်ကောင်စီက သတ်တာလို့ပြောနိုင်အောင် ဘယ်လိုအထောက်အထားတွေရှိသလဲ...

- စစ်ကောင်စီဥက္ကဌရဲ့ ပအိုဝ်းဒေသခရီးစဉ်နဲ့ ဒီအစုအပြုံလိုက်သတ်ဖြတ်မှု အဆက်အစပ်ရှိနိုင်သလား...

- တနိုင်ငံလုံးမှာဆက်တိုက်ဖြစ်လာနေတဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို ဘယ်လိုများ တားဆီးအရေးယူနိုင်မလဲ....

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနေ့ကကြေညာထားတဲ့ ရိုဟင်ဂျာ ဒုတိယ ပိုင်းကိုတော့ နောက်နေ့တွေမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, March 14, 2023

“လူ တထောင်ကိုပြန်ခေါ်ပြီးရင် ကျန်တဲ့ လူတသန်းကျော်ကိစ္စ ဘယ်လိုဆက်လုပ်မှာလဲ”



“လူ တထောင်ကိုပြန်ခေါ်ပြီးရင် ကျန်တဲ့ လူတသန်းကျော်ကိစ္စ ဘယ်လိုဆက်လုပ်မှာလဲ”

- ရိုနေဆန်းလွင် - ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့

(၁၄-၃-၂၀၂၃)

“ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာတသန်းကျော်ထဲက လူတထောင်လောက်ကို စစ်ကောင်စီက ပြန်ခေါ်မယ်ဆိုတာဖြစ်နိုင်ခြေအတော်များနေပြီး ဒါဟာ တရုတ်အပါဝင် နိုင်ငံတကာရဲ့ဖိအားပေးမှုကြောင့်ဖြစ်တယ်၊ ဒါပေမယ့် ကျန်နေတဲ့ လူတသန်းကျော် ကိစ္စ ဘယ်လိုဖြေရင်းမှာလဲ၊ နေရပ်ပြန်သူတွေကို ဘယ်လိုအာမခံချက်ပေးမှာလဲ၊ စစ်တပ်က ကျုးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်လိုအရေးယူမှာလဲ...စသဖြင့် မေးခွန်းတွေအများကြီးရှိနေဆဲဖြစ်တယ်” လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့- ပူးတွဲတည်ထောင်သူ- ရိုနေဆန်းလွင်ကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဒုက္ခသည်စခန်းမှာဖြစ်ခဲ့တဲ့ မီးလောင်မှုအပါဝင် ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ရိုနေဆန်းလွင်ကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ဒုက္ခသည်စခန်းမီးလောင်မှုအတွင်း ထိခိုက်ပျက်စီးမှု ဘယ်လိုရှိသလဲ...

- နိုင်ငံတကာရဲ့အကူညီ လျော့ချမှုက ဒုက္ခသည်တွေကို ဒုက္ခပိုရောက်စေသလား...

- စစ်ကောင်စီကပြောနေတဲ့ လူတထောင်ကျော်ပြန်ခေါ်ရေးစီမံကိန်း တကယ်ဖြစ်လာနိုင်သလား...

- တဖက်က ပြန်ခေါ်မယ်ပြောနေချိန်မှာ ရခိုင်ဒေသရှိ ရိုဟင်ဂျာတွေက လှေစီးပြေးထွက်ပြေးနေတာ ဘာကြောင့်လဲ...

- ရိုဟင်ဂျာတွေ ပြည်တွင်းခရီးသွားဖို့အတွက် နိုင်ငံခြားသွားသလို ထောက်ခံစာအဆင့်ဆင့် ယူနေရတာ ဘာကြောင့်လဲ...

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နယ်စပ်ဖြတ်ကျော်သူကို အိမ်နီးချင်းနိုင်ငံတွေက ၄၅ ရက်ပဲအချုပ်ချပြီး မြန်မာနိုင်ငံအတွင်းမှာတော့ ထောင်ဒဏ် ၅ နှစ်အထိချမှတ်နေတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, March 13, 2023

“ဇတ်သိမ်းခန်းနီးလေ လူဆိုးတွေက ပိုပြီးညစ်ပတ် ကောက်ကျစ်လေပါပဲ”



“ဇတ်သိမ်းခန်းနီးလေ လူဆိုးတွေက ပိုပြီးညစ်ပတ် ကောက်ကျစ်လေပါပဲ”

- ဒါရိုက်တာ သည်ခေတ်နေ - မြို့ပြပြောက်ကျား ရုပ်ရှင်ဖန်တီးသူ 

(၁၃-၃-၂၀၂၃)

“အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင်တွေဟာ လူထုကို ရန်သူလိုသဘောထားပြီး သူတို့ရဲ့ဇတ်သိမ်းခန်းနီးလေ လူထုအပေါ် ပိုပြီးဖိနှိပ်၊ ကောက်ကျစ်၊ ညစ်ပတ်လေဖြစ်လာနေတယ်” လို့ မြို့ပြပြောက်ကျား ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာသည်ခေတ်နေ ကပြောပါတယ်။

မြို့ပြပြောက်ကျားရုပ်ရှင်အပေါ် ပရိသတ်ရဲ့အားပေးမှုအနေအထား၊ နွေဦးတော်လှန်ရေး ၂ နှစ်တာဖြတ်သန်းမှုအပေါ်အမြင်သဘောထားတွေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မြို့ပြပြောက်ကျား ရုပ်ရှင်ဖန်တီးဖြစ်ပုံနဲ့ တော်လှန်ရေးထဲက အနုပညာသမားတွေအကြောင်း...

- ဒီရုပ်ရှင်အပေါ် ပရိသတ်တုန့်ပြန်မှုနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေ ထည့်ဝင်နိုင်မှု အနေအထား...

- စစ်ကောင်စီကပေးအပ်မယ့် အကယ်ဒမီဆု စကာတင်စာရင်းမှာ တော်လှန်ရေးထဲက အနုပညာရှင်တွေပါဝင်နေမှုက ဘာသဘောလဲ...

- “ပြီးပါပြီ” လို့စာတန်းထိုးခါနီးလေ လူဆိုးတွေက ပိုပြီးညစ်ပတ်ကောက်ကျစ်လေ ဖြစ်လာနေသလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, March 11, 2023

“နိုင်ငံတကာတရားရုံးသို့ တင်ရေးအပြင် စစ်ကိုင်းတိုင်းက တရားရုံးတွေမှာလည်း ...



“နိုင်ငံတကာတရားရုံးသို့ တင်ရေးအပြင် စစ်ကိုင်းတိုင်းက တရားရုံးတွေမှာလည်း စစ်ဆေးနေပါတယ်”

- ဦးကျော်ဇော - သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - NUG

(၁၂-၃-၂၀၂၃)

“ရွာတွေကိုမီးရှို့၊ အရပ်သားတွေကို အစုအပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျုးလွန်နေတဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံတကာခုံရုံးဆီ တင်ဖို့ကြိုးစားနေသလို မြေပြင်မှာ ဖမ်းမိထားတဲ့ စစ်သားတွေကိုလည်း စစ်ကိုင်းတိုင်းအတွင်းရှိ NUG တရားရုံးတွေမှာ စစ်ဆေးနေတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ လူအစုအပြုံလိုက်သတ်ဖြတ်ခံရမှုတွေ၊ နေအိမ် မီးရှို့ခံရမှုတွေကို ကုလသမဂ္ဂဆီတင်ပြတဲ့အခါ အရေးယူမှုရှိရဲ့လား၊ NUG က ဒီအမှုတွေအတွက် ဘယ်လိုများ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေပါသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အရပ်သားတွေ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုအပေါ် ကုလ လူ့အခွင့်အရေးကောင်စီက ဘယ်လိုအရေးယူမှာလဲ...

- ကုလ လုံခြုံရေးကောင်စီကကော သူတို့ရဲ့ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ စစ်ကောင်စီကို ဘာဆက်လုပ်မှာလဲ...

- အိမ်မီးရှို့ခံရ၊ မိသားစုတွေအသတ်ခံနေရတဲ့ စစ်ကိုင်းနဲ့ဒေသအသီးသီးက ပြည်သူတွေကို NUG က ဘယ်လိုများ ကူညီကာကွယ်ပေးနေသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, March 10, 2023

“နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုက အခုရက်ပိုင်းတွေအတွင...



“နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုက အခုရက်ပိုင်းတွေအတွင်း ပိုတိုးလာပါတယ်”

- ဦးကျော်ဇော - သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - NUG

(၁၁-၃-၂၀၂၃)

“နွေဦးတော်လှန်ရေးအင်အားစုတွေအပေါ် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုဆက်ဆံမှု၊ တရားဝင်ထုတ်ဖေါ်ပြောဆိုမှုတွေက အခုရက်ပိုင်းအတွင်း သိသိသာသာတိုးလာတယ်။ ဒါတွေဟာ တော်လှန်ရေးကို များစွာအထောက်အကူဖြစ်စေတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။

EU အထူးကိုယ်စားလှယ်က ယာယီသမ္မတကြီးနဲ့တွေ့ဆုံတာ၊ ဝန်ကြီးဒေါက်တာဝင်းမြတ်အေး အာဆီယံလွှတ်တော်အမတ်များအစည်းအဝေးတက်တာ၊ CRPH ဥက္ကဌနဲ့ အမေရိကန်အဆင့်မြင့်အရာရှိတွေ ထပ်တွေ့တာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- EU အထူးကိုယ်စားလှယ် Igor Driesmans နဲ့ဆွေးဆွေးမှုရဲ့ ထူးခြားချက်များ...

- အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဆွေးနွေးမှုကကော ဘာများထူးခြားသလဲ...

- NDAA ဥပဒေပါ အချက်တွေအရ အကူညီတွေ စတင်ရရှိဖို့ အချိန်နီးလာပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုင်ငံတကာမှာ ဒီလိုဆွေးနွေးနေရုံနဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီရဲ့ လူသတ်၊ ရွာမီးရှို့မှုကို တားဆီးနိုင်ပါ့မလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, March 8, 2023

“လူဦးရေအများစုက အမျိုးသမီးတွေဖြစ်တယ်၊ အမျိုးသမီးတွေရဲ့အသံကို အလေးထားဖို့...


“လူဦးရေအများစုက အမျိုးသမီးတွေဖြစ်တယ်၊ အမျိုးသမီးတွေရဲ့အသံကို အလေးထားဖို့လိုပါတယ်”

- နာင်းမို့မို့ - အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB.

(၈-၃-၂၀၂၃)

“လူဦးရေအများစုဟာ အမျီုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့အသံကို အလေးထားဖို့လိုတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ပြုတ်ကျရေးအပြင် ဒီမိုကရေစီအရေး၊ ကျား-မ တန်းတူရေး၊ ဖက်ဒရယ်အရေး၊ အနာဂတ်ပြည်ထောင်စုမှာ အားလုံးလက်တွဲပါဝင်ရေးအတွက်ပါ ဦးတည်ဆောင်ရွက်သွားဖို့လိုတယ်” လို့ (WLB) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ပြောပါတယ်။

ဒီနေ့၊ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ နိုင်ငံတကာနဲ့ယှဉ်ရင် မြန်မာ့အမျိုးသမီးတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲ၊ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ဘယ်လိုပါဝင်လှုပ်ရှားနေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- မီဒီယာတွေကပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲတွေမှာ အမျိုးသားတွေကချည်း လွှမ်းမိုးနေရာယူထားတာမျိုး တကယ်ဖြစ်နေသလား...

- စစ်ကောင်စီတပ်သားတွေဟာ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသလား...

- ကျား-မ တန်းတူရေးအပါဝင် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးရရှိအောင် ဘယ်လိုဆက်လက်ဆောင်ရွက်ကြမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, March 7, 2023

“နိုင်ငံတကာရဲ့ အကူအညီကိုမျှော်တာအပြင် ပြည်သူလူထုကိုယ်တိုင်ရဲ့ ခုခံကာကွယ်...


“နိုင်ငံတကာရဲ့ အကူအညီကိုမျှော်တာအပြင် ပြည်သူလူထုကိုယ်တိုင်ရဲ့ ခုခံကာကွယ်တိုက်ပွဲဝင်မှုကိုလည်း အရှိန်မြှင့်ဖို့လိုပါတယ်”

- ဦးအောင်မျိုးမင်း - ပြည်ထောင်စုဝန်ကြီး - လူ့အခွင့်အရေးဝန်ကြီးဌာန - NUG

(၈-၃-၂၀၂၃)

“စစ်ကောင်စီတပ်တွေရဲ့အကြမ်းဖက် လူသတ်၊ ရွာမီးရှို့မှုတွေ တားဆီးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာရဲ့အကူအညီကိုမျှော်လင့်တာအပြင် လူထုကိုယ်တိုင်က တော်လှန်ရေးတပ်တွေနဲ့အတူလက်တွဲပြီး စစ်အာဏာရှင်တွေကို ခုခံတော်လှန်သွားဖို့က အရေးကြီးတယ်၊ နိုင်ငံတကာက ငါတို့ကိုပစ်ထားတယ်ဆိုပြီး တော်လှန်စိတ်ကိုလျော့ချလိုက်မိရင် အခြေအနေတွေ ပိုဆိုးသွားနိင်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

စစ်ကိုင်းတိုင်းအပါဝင် တနိုင်ငံလုံးအနှံ့ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့၊ လူသတ်မှုတွေကို ၂ နှစ်ကြာလာတဲ့အထိ နိုင်ငံတကာက ဘာမှဝင်ရောက်တားဆီးပေးနိုင်ခြင်းမရှိတဲ့အပေါ် ထင်မြင်ချက်ပေးဖို့... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- နိုင်ငံတကာခုံရုံးတင်ရေးကိစ္စအချိန်ကြာမယ်ဆိုရင် လေယာဉ်ဆီပိတ်ဆို့ရေးနဲ့ လက်နက်ပိတ်ဆို့ရေး ခပ်မြန်မြန်လုပ်ပေးနိုင်မလား...

- ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က လူထုအသက်တွေ ကာကွယ်ရေးအတွက် အားရစရာရှိရဲ့လား...

- စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကိုနေစဉ်ခံနေရတဲ့ လူထုက နိုင်ငံတကာရဲ့အကူအညီကိုမျှော်လင့်သင့်သလား... လူထုတိုက်ပွဲကို အရှိန်မြင့်သင့်သလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်အာဏာရှင်ကြီးစိုးရေးနဲ့ ဖိုဝါဒကြီးစိုးရေးကို တပြိုင်တည်း တိုက်ဖျက်ဖို...


“စစ်အာဏာရှင်ကြီးစိုးရေးနဲ့ ဖိုဝါဒကြီးစိုးရေးကို တပြိုင်တည်း တိုက်ဖျက်ဖို့လိုပါတယ်”

- နာင်းမို့မို့ - အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) 

(၇-၃-၂၀၂၃)

“စစ်အာဏာရှင်ကြီးစိုးရေးနဲ့ ဖိုဝါဒကြီးစိုးရေးကို တပြိုင်တည်း တိုက်ဖျက်ဖို့လိုတယ်၊ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူပါဝင်နေပေမယ့် ဦးဆောင်မှုအခန်းမှာ အမျိုးသမီးပါဝင်ခွင့်ရမှု နည်းနေဆဲဖြစ်တယ်” လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) -WLB- အထွေထွေအတွင်းရေးမှးူ နာင်းမို့မို့ကပြောပါတယ်။

မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေဘာတွေလုပ်ဖို့ရှိသလဲ၊ နိုင်ငံတကာနဲ့ယှဉ်ရင် မြန်မာ့အမျိုးသမီးတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- နိုင်ငံတကာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေ အခြေအနေ ဘယ်လိုရှိသလဲ...

- စစ်အာဏာသိမ်းမှုက အမျိုးသမီးတွေရဲ့ အခြေအနေကို ပိုဆိုးစေသလား...

- နွေဦးတော်လှန်ရေးမှာ အမျိုးသမီးပါဝင်မှု ဘယ်လောက်ရှိသလဲ...

- စစ်အာဏာရှင်ကြီးစိုးရေးနဲ့ ဖိုဝါဒကြီးစိုးရေးကို တပြိုင်တည်းတိုက်ဖျက်ဖို့လိုတယ်လို့ ဘာကြောင့်ပြောသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး စကားဝိုင်းတွေမှာ အမျိုးသမီးပါဝင်မှုနည်းပြီး ဖိုဝါဒကြီးစိုးမှုရှိနေတဲ့အကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, March 6, 2023

“စစ်ရာဇဝတ်မှုကျုးလွန်နေသူတွေကို အရေးယူရမယ့်အချိန် ရောက်ကိုရောက်နေပါပြီ”


“စစ်ရာဇဝတ်မှုကျုးလွန်နေသူတွေကို အရေးယူရမယ့်အချိန် ရောက်ကိုရောက်နေပါပြီ”

- ဦးအောင်မျိုးမင်း - လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး - NUG

(၇-၃-၂၀၂၃)

“စစ်ကောင်စီတပ်တွေရဲ့ လူအစုံပြုံလိုက်သတ်ဖြတ်မှု၊ လူ့ခန္တာကို အပိုင်းပိုင်းဖြတ်သတ်ဖြတ်မှု၊ အမျိုးသမီးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်မှုတွေဟာ သာမန်လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်တော့ပဲ စစ်ရာဇဝတ်မှုကျုးလွန်နေတာဖြစ်တယ်။ ဒီလိုကျုးလွန်နေသူတွေကို နိုင်ငံတကာက အရေးယူရမယ့်အချိန် ရောက်ကိုရောက်နေပြီဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာက လူ ၁၇ ဦး အစုအပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ တနိုင်ငံလုံးဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ ရွာမီးရှို့လူသတ်မှု၊ ဂျီနီဗာမှာကျင်းပနေတဲ့ လူ့အခွင့်အရေးညီလာခံက မြန်မာ့အရေးဘာတွေဆုံးဖြတ်ချက်ထွက်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- တာတိုင်ရွာက လူ ၁၇ ဦး အစုအပြုံလိုက်ဖမ်းဆီးသတ်ဖြတ်ခံရမှုကို ဘယ်လိုဖေါ်ထုတ် အရေးယူနိုင်မလဲ...

- ကုလ လူ့အခွင့်အရေးညီလာခံက မြန်မာပြည် လူသတ်မှုကို ဘယ်လိုအရေးယူနိုင်မလဲ...

- ယူကရိန်းနိုင်ငံအတွင်း ကုလ စုံစမ်းသူတွေဝင်ရောက်စစ်ဆေးသလို မြန်မာနိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ရလာနိုင်သလား...

- ကုလနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ စကစကို အရေးယူနိုင်အောင် တကယ်လက်တွေ့ ဆောင်ရွက်နေတာ သေချာရဲ့လား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ပြည်တွင်းကလူထုရဲ့လှုပ်ရှားမှကို နိုင်ငံတကာဖက်က စာနာကူညီလာအောင် ဘာတွေ ဆက်လုပ်ဖို့လိုအပ်နေသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)


စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာက လူအစုအပြုံလိုက်သတ်ဖြတ်ခံရမှု NUG သတင်း...


စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာက လူအစုအပြုံလိုက်သတ်ဖြတ်ခံရမှု NUG သတင်းစာရှင်းပွဲလုပ်
------------------
(၆-၃-၂၀၂၃)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရွှေလှေကျးရွာအုပ်စု၊ တာတိုင်ကျေးရွာကို အခုလ ၁ ရက်နေ့က စစ်ကောင်စီတပ်တွေဝင်လာပြီး လူ ၁၇ ဦးကို အစုအပြုံလိုက် ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေက ဒီနေ့ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းပွဲအတွင်းပြောသွားပါတယ်။

ပကဖ အဖွဲ့ဝင်တဦးကိုဆိုရင် ခေါင်းဖြတ်တဲ့အပြင် ခန္တာကိုယ်ကိုပါ အပိုင်းပိုင်းဖြတ် သတ်ခဲ့တဲ့အကြောင်း ဓာတ်ပုံအထောက်ထားတွေနဲ့တကွ တင်ပြပါတယ်။ တခါ အမျိုးသမီး ၃ ဦးကိုလည်း မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခဲ့တာလို့ ရွာသားတွေကပြောပါတယ်။

ရွာသားတွေဟာ အလွန်ကို စိုးရိမ်ကြောက်လန့်နေတဲ့အတွက် အခြားရွာဆီထွက်ပြေးသူတွေရှိလာနေတယ်၊ ရွာပျက်သွားမှာကိုစိုးရိမ်တယ်၊ တက်နိုင်တဲ့ဖက်ကနေ သူတို့ရွာကို ကူညီပေးကြဖို့ ရွာသားတွေက တောင်းဆိုပါတယ်။

ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အတူ တာဝန်ရှိသူတွေအပြင် တာတိုင်ရွာသား ၄ ဦးလည်း တက်ရောက် ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သတင်းထောက်တွေနဲ့အတူ နိုင်ငံတကာ သံရုံးအချို့ကတာဝန်ရှိသူတွေလည်း တက်ရောက် နားထောင်တာတွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေကို အခုကျင်းပနေတဲ့ ဂျီနီဗာက လူ့အခွင့်အရေးကောင်စီညီလာခံမှာ ဆွေးနွေး တင်ပြပြီး ပြစ်မှုကျုးလွန်သူတွေကို အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

အခုဖြစ်စဉ်ဟာ များစွာသောဖြစ်စဉ်တွေထဲက ဥပမာ တခုသာဖြစ်ပြီး ဒီလိုဖြစ်စဉ်တွေ အဆုံးသတ်အောင် ကြိုးစားသွားမယ်လို့လည်း ဦးအောင်မျိုးမင်းကပြောပါတယ်။

အခု သတင်းစာရှင်းပွဲ အနှစ်ချုပ်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ (အပိုင်းပိုင်းဖြတ်ပြီး အသတ်ခံထားရတဲ့  ဓာတ်ပုံအထောက်အထားတွေဟာ FB ပေါ်တင်ပြဖို့ အခက်အခဲရှိတဲ့အတွက် ချန်ထားခဲ့ရပါတယ်)။


“ဘယ်နေရာမှာပဲတိုက်ပွဲဖြစ်ဖြစ် တိုက်ပွဲတိုင်းဟာ တော်လှန်ရေးတပ်အချင်းချင်း...


“ဘယ်နေရာမှာပဲတိုက်ပွဲဖြစ်ဖြစ် တိုက်ပွဲတိုင်းဟာ တော်လှန်ရေးတပ်အချင်းချင်း ကူညီနေတဲ့သဘောပါပဲ”

မာဝီ - ဒု စစ်ဦးစီး - ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF

(၆-၃-၂၀၂၃)

“စစ်ကောင်စီတပ်တွေကို ဘယ်နေရာမှာပဲတိုက်တိုက် တိုက်ပွဲတိုင်းဟာ တနိုင်ငံလုံးရှိ တော်လှန်ရေးတပ်တွေအချင်းချင်းကြား အပြန်အလှန်ကူညီရာရောက်တယ်။ တနေရာမှာ တိုက်ပွဲဖြစ်ရင် အခြားတနေရာရှိတော်လှန်ရေးတပ်တွေကိုထပ်တိုက်ဖို့ စစ်ကောင်စီအတွက် အခက်အခဲဖြစ်စေတယ်။ ဒါကြောင့် တနိုင်ငံလုံးပြန့်နေတဲ့ တော်လှန်ရေးတပ်တွေဟာ သူ့ဒေသရဲ့ ထူးခြားချက်တွေအလိုက် တိုက်ပွဲဖေါ်နေဖို့လိုတယ်” လို့ ကရင်နီအမျီုးသားများကာကွယ်ရေးတပ် KNDF ဒုတိယ စစ်ဦးစီး မာဝီ ကပြောပါတယ်။

ကရင်နီဒေသအပါဝင် ERO ဆက်စပ်ဒေတွေမှာ ဗျုဟာမြောက် တိုက်ပွဲကြီးတွေ၊ စခန်းသိမ်းတိုက်ပွဲတွေဆင်နေပေမယ့် အညာစစ်မျက်နှာက ရဲဘော်တွေမှာ လက်နက်မပြည့်စုံတာ၊ စုဖွဲ့မှုအားနည်းတာတွေကြောင့် တနိုင်ငံလုံးဟန်ချက်ညီ တိုက်ပွဲမဖေါ်နိုင်သေးတဲ့အပေါ် ဘယ်လိုအကြံပြုချင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- ERO ဆက်စပ်ဒေသမှာလို အညာဒေသမှာပါ ဟန်ချက်ညီ တိုက်ပွဲဖေါ်နိုင်အောင် ဘာတွေဆောင်ရွက်ဖို့လိုအပ်နေသလဲ...

-  စစ်ဆင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ M79, RPG တွေ တော်လှန်ရေးတပ်တွေမှာ ရှိလာနေပြီလား...

- ၂ နှစ်တာကာလအတွင်း တော်လှန်ရေးတပ်တွေဖက်က ဘယ်လောက်အထိ စုဖွဲ့ပြင်ဆင်မှု တိုးတက်လာသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, March 5, 2023

“မြေပြင်မှာတော့ သူတင်ကိုယ်တင်ပဲ၊ လေယာဉ်မရှိသေးလို့သာ သူလေယာဉ် ကိုယ်လေယာဉ...


“မြေပြင်မှာတော့ သူတင်ကိုယ်တင်ပဲ၊ လေယာဉ်မရှိသေးလို့သာ သူလေယာဉ် ကိုယ်လေယာဉ်မလုပ်နိုင်သေးတာ”

မာဝီ - ဒုတိယ စစ်ဦးစီး - KNDF

(၅-၃-၂၀၂၃)

“၂၀၂၃ ခုနှစ် တိုက်ပွဲအများစုဟာ အရင်လို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်တွေက ရရာလက်နက်နဲ့ခုခံနေရတဲ့အဆင့်မဟုတ်တော့ပဲ ကိုယ့်ဖက်ကနေ စစ်ကောင်စီတပ်ကို ပြန်လည်စစ်ကြောင်းထိုးပြီး သူတင် ကိုယ်တင် ရင်ဆိုင်တိုက်တဲ့ပွဲ၊ စခန်းသိမ်းတိုက်ပွဲအဆင့်ကိုရောက်လာပြီဖြစ်တယ်။ လောလောဆယ် လေယာဉ်မရှိသေးလို့သာ သူလေယာဉ်ဆို ကိုယ်လေယာဉ်မလုပ်နိုင်သေးတာဖြစ်တယ်” လို့ ကရင်နီအမျီုးသားများကာကွယ်ရေးတပ် KNDF ဒုတိယ စစ်ဦးစီး မာဝီ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ကရင်နီဒေသမှာ တိုက်ပွဲပေါင်း (၃၅ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား( ၄၅) ဦးသေ၊ လက်နက်( ၃၄ ) လက်ရရှိတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- ကရင်နီဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီဘယ်လောက် အထိနာနေသလဲ...

- ပင်လောင်းမြိုနယ်ထဲက တိုက်ပွဲဟာ စကစ အတွက် အထိအနားဆုံးလား...

- လေယာဉ်မရှိတာကလွဲရင် မြေပြင်မှာ သူတင် ကိုယ်တင် ရင်ဆိုင်တိုက်နိုင်နေပြီလား...

- အခုတိုက်ပွဲတွေဟာ စကစ က စစ်ကြောင်းမထိုးခင် တော်လှန်ရေးတပ်တွေက လက်ဦးမှုယူပြီး တိုက်လာနိုင်တဲ့ သင်္ကေတတွေလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ERO ဆက်စပ်ဒေသလို အညာစစ်မျက်နှာမှာ တိုက်ပွဲဖေါ်နိုင်အောင် ဘာတွေလိုအပ်နေသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, March 2, 2023

“ဂျပန်အစိုးရက လူသားစာနာအကူညီပေးတဲ့အခါ EAO, NUG တို့နဲ့ ဆွေးနွေးသင့်ပါတယ်”



“ဂျပန်အစိုးရက လူသားစာနာအကူညီပေးတဲ့အခါ EAO, NUG တို့နဲ့ ဆွေးနွေးသင့်ပါတယ်”

- စောဘလှသိန်း - ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်

(၂-၃-၂၀၂၃)

“ဂျပန်အစိုးရက လူသားချင်းစာနာတဲ့အကူညီပေးတဲ့အခါ စစ်ကောင်စီထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်တွေအပြင် တော်လှန်ရေးတပ်တွေရဲ့ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်တွေဆီပါ ရောက်အောင် ဆောင်ရွက်သင့်တယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ EAO တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသင့်တယ်” လို့ ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် စောဘလှသိန်းကပြောပါတယ်။

ဂျပန်အစိုးကနေ မြန်မာနိုင်ငံအတွက် လူသားစာနာအကူအညီ အမေရိကန်ဒေါ်လာ သန်း ၆၀ ထပ်မံပေးအပ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- ဂျပန်ရှိ NUG ကိုယ်စားလှယ်ရုံး တနှစ်ကျော်ကာလအတွင်း ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ...

- လူသားစာနာ အကူအညီအတွက် ဂျပန်အစိုးရက EAO, NUG တွေနဲ့ ဘာကြောင့်ဆွေးနွေးသင့်သလဲ...

- ဆာဆာကာဝါ ဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့မှုတွေအပေါ်မှာကော မြန်မာ့အရေးတက်ကြွသူတွေက ဘယ်လိုသဘောထားသလဲ...

- ဂျပန်ရဲ့ လက်ရှိမူဝါဒနဲ့ ဂျပန်ရောက်မြန်မာတွေရဲ့အကူညီ ဘယ်လိုရှိသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, March 1, 2023

“အရင်ကတော့ သူတို့ဖက်က စစ်ကြောင်းထိုးဖို့ ဦးစားပေးတယ်၊ အခုတော့ နောက်တန်းလ...


“အရင်ကတော့ သူတို့ဖက်က စစ်ကြောင်းထိုးဖို့ ဦးစားပေးတယ်၊ အခုတော့ နောက်တန်းလုံခြုံရေးကို ဦးစားပေးနေရတယ်”

- ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်

(၁-၃-၂၀၂၃)

“နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း အညာစစ်မျက်နှာရဲ့အနေအထားပြောင်းလဲသွားတယ်၊ အရင်ကဆိုရင် စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးဖို့တခုတည်းသာဦးစားပေးနေရာကနေ အခုတော့ နောက်တန်းစခန်းလုံခြုံရေးကို အဓိကထားလာနေရတယ်။ PDF တွေဟာ ခုခံစစ်ကနေ အပြန်အလှန်တိုက်နိုင်တဲ့အဆင့်ဆီ တဖြေးဖြေးတက်လာနေပြီဖြစ်တယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးကပြောပါတယ်။

တော်လှန်ရေး ၂ နှစ်တာအတွင်း တိုက်ပွဲပုံစံပြောင်းလာသလား၊ တော်လှန်ရေးတပ်တွေဟာ ခုခံစစ်ကနေ အပြန်အလှန်တိုက်နိုင်တဲ့အဆင့်ဆီ တက်လာနေပြီလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အညာစစ်မျက်နှာမှာ PDF တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- စစ်ကောင်စီဟာ စစ်ကြောင်းထိုးဖို့ထက် နောက်တန်းလုံခြုံရေးကို ပိုဦးစားပေး လာနေရပြီလား...

- လက်နက်လိုအပ်ချက်ဟာ PDF တွေအတွက် အဓိက စိန်ခေါ်ချက်ဖြစ်နေဆဲလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More