Sunday, November 25, 2012

ထားဝယ်သတင်းစဉ်။ Vol.8/ No.47

Monday, November 19, 2012

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ သမ္မတ အိုဘားမား ပြောသွားတဲ့ မိန့်ခွန်း မူရင်း။

Remarks by President Obama at the University of Yangon

Rangoon, Burma
2:39 P.M. MMT

The White House
Office of the Press Secretary
 .....................................................................................................................




PRESIDENT OBAMA:  Thank you.  (Applause.)  Myanmar Naingan, Mingalaba!  (Laughter and applause.)  I am very honored to be here at this university and to be the first President of the United States of America to visit your country.

I came here because of the importance of your country.  You live at the crossroads of East and South Asia.  You border the most populated nations on the planet.  You have a history that reaches back thousands of years, and the ability to help determine the destiny of the fastest growing region of the world.

ABSDF တပ်ဖွဲ့ဝင် ၁၀ ဦးအပါဝင် နိုင်ငံရေးအကျဉ်းသား ၆၀-ကျော်လွတ်။

မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး  (ကျောင်းသားတပ်မတော်)

၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်း နှင့် ပတ်သက်၍ ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်

ဓာတ်ပုံ...Burma VJ- မှ
(၁)        ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နှစ်ရှည်လများ မတရား အကျဉ်းကျခံခဲ့ရသည့် မကဒတ (ကျောင်းသားတပ်မတော်) ရဲဘော်များအပါအဝင် အခြားနိုင်ငံရေး အကျဉ်းသားမျာ လွတ်မြောက်လာမှုကို ဝမ်းမြောက်စွာ ကြိုဆိုသည်။

Saturday, November 17, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၅၀)

ဧရာဝတီ။

ပဉ္စမအကြိမ်ညီလာခံနဲ့ ဇလားဒုက္ခသည်စခန်း

ဒီလို ဒုက္ခသည်လျှောက်မှုကိစ္စတွေ အငြင်းပွားလို့ ကောင်းတုန်းမှာပဲ ပဉ္စမအကြိမ်ညီလာခံ  ခေါ်ယူလာတဲ့အတွက် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်စရိယန်းမြို့နယ်နဲ့ သံလွင်မြစ်ကြားရှိ ဇလားဒုက္ခသည် စခန်းဆီသွားဖို့ ကျနော်တို့ ပြင်ဆင်ရပါတယ်။

 ပဉ္စအကြိမ် ညီလာခံအတွက် ရွေးချယ်ခံ တပ်ရင်း ၁ ကိုယ်စားလှယ် ၆ ဦးအပါဝင် ဇလားစခန်းရောက် တောင်ပိုင်းအဖွဲ့ဝင်များ

ကျနော်မှတ်မိသလောက်ဆိုရင် ကိုမင်းအောင်က ကိုယ်စားလှယ်အဖြစ် အရွေးမခံတော့ပါ။ ကျနော်ကတော့ တပ်ကိစ္စမလုပ်ဘဲ သတင်းထောက်အလုပ်ချည်း လုပ်နေလို့ ရဲဘော်တွေက ကျနော့်ကို ကိုယ်စားလှယ်အဖြစ် မရွေးတော့ပါ။ နောက်တခါ ကျဆုံး-နှုတ်ထွက် ဦးရေများသွားတဲ့အတွက် တပ်ရင်း ၁  လူဦးရေဟာ ၇၀ ၀န်းကျင်လောက်ပဲကျန်ပြီး အရင်က ကိုယ်စားလှယ် ၁၀ ကျော် ခွဲတမ်းရနေရာကနေ အခုတော့  ကိုယ်စားလှယ်  ၆ ဦးပဲ ရပါတော့တယ်။

Thursday, November 15, 2012

ထားဝယ်ဒေသ ထူးခြားသတင်းများ (အခုပတ်ထုတ် ထားဝယ် အချပ်ပို)

RrTheVoice 8 46 Dawei High 2C (42 43) Page 1
........................................................................................................................................................

Sunday, November 11, 2012

ABSDF အဖွဲ့ ပြည်တွင်း လေ့လာရေး ခရီးစဉ် သွားရန် ပြင်ဆင်နေ


စံခလပူရီ (မဇ္ဈိမ) ။      ။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကျောင်းသား တပ်မတော် ABSDF တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သောကြာနေ့က တွေ့ဆုံကြပြီးနောက် အချက် ၂ ချက်ကို သဘောတူနိုင်ခဲ့ကြသည်ဟု ABSDF အထွေထွေ အတွင်းရေးမှူး ရဲဘော် မျိုးဝင်း က ပြောသည်။



(ဓာတ်ပုံနဲ့ မှတ်ချက်...ကိုမင်းဇော်ဦးရဲ့ F/B မှ....Immediate Result of the talk with the ABSDF:

1) The government of Myanmar and ABSDF agree to continue further dialogue to enhance peace process; and

2) The government agrees to facilitate the ABSDF delegation to visit the country as a study tour to observe the progress of current political transition.
)

Saturday, November 10, 2012

Wednesday, November 7, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၉)

ဧရာဝတီ။

ရှေ့နေကောင်းမှုကြောင့် ထောင်နှစ်ခါ ကျရသူများ

ကမာပုလောစခန်းကနေ ထွက်လာတဲ့ ကိုဌေးအောင်နဲ့ ကျနော်ဟာ ဘန်းပုန်မှာ တညအိပ်ပြီးတဲ့နောက် ဘန်ကောက်ရုံးကို ရောက်လာပါတယ်။ နောက်တနေ့မှာတော့ ကိုအိုက်စံနဲ့အတူ ရတ်ချပူရီကို ပြန်ဆင်းပြီး အချုပ်ခန်းထဲက ရဲဘော်တွေကို ထောင်ဝင်စာသွားတွေ့၊ အားပေး စကားပြောကြပါတယ်။ ပြီးတော့ ကိုဌေးအောင်က ဟွာဟင်ဒေသရှိ စခန်းသစ်ဘက် ခရီးထွက်သွားပါတယ်။ ကျနော်က ရတ်ချပူရီနဲ့ ကန်ချနပူရီဘက်မှာ လုံးချာလည်နေပြီး ရဲဘော်တွေကို ထောင်ဝင်စာတွေ့လိုက်၊ ထောက်လှမ်းရေးတွေနဲ့ ဟိုနားဒီနားသွားလိုက်၊ ဒီဗွီဘီ အတွက် သတင်းအတိုအစတွေ ပို့လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။

စခန်းသစ်အထိ ရောက်သွားတဲ့ စစ်ကြောင်းမှူး တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင် (သင်တန်းသားတွေရှေ့တွင် တပ်ခွဲမှူးအဖြစ် တာဝန်ယူနေသူ) ကို စစ်သင်တန်းတခုတွင် တွေ့ရစဉ်

ကျနော်တို့ ရဲဘော်တွေ ရတ်ချပူရီအချုပ်ထဲမှာ တလနီးပါး ကြာပြီးတဲ့အခါမှာတော့ ထိုင်းနယ်မြေထဲ တရားမ၀င်ခိုးဝင်မှုနဲ့ ထောင်ဒဏ် ၃ လစီကျပြီး ရတ်ချပူရီ အချုပ်ကနေ ကန်ချနပူရီထောင်ဆီ လွှဲလိုက်ပါတယ်။

Thursday, November 1, 2012

ABSDF ၂၄-နှစ်ပြည့်အခန်းနားကျင်းပ။

(ဧရာဝတီ ဘလော့ http://blog.irrawaddy.org/2012/11/blog-post_6100.html မှ ကူးယူဖေါ်ပြပါသည်)

 ပြည်တော်မြင့် ~


ယနေ့လှိုင်းဘွဲနယ်စပ်တွင်ပြုလုပ်သည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

ဒီနေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဖွဲ့စည်းခြင်း ၂၄ နှစ်မြောက် အခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာရှိတဲ့ တပ်စခန်းတခုမှာ ကျင်းပခဲ့ပါတယ်။

ဥက္ကဋ္ဌ ရဲဘော်သံခဲ တက်ရောက်ပြီး ၂၄ နှစ်တာ ကာလအတွင်းမှာ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ အဖွဲ့ရဲ့ သဘောထား ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More