Sunday, August 18, 2024

“မြင်းခြံ-တောင်သာ-နွားထိုးကြီးဖက်က တိုက်ပွဲတွေကနေ မိတ္တိလာ လွင်ပြင် ထိန်...



“မြင်းခြံ-တောင်သာ-နွားထိုးကြီးဖက်က တိုက်ပွဲတွေကနေ မိတ္တိလာ လွင်ပြင် ထိန်းချုပ်ရေးနဲ့ မန္တလေးကို ဝိုင်းပတ်ရေး ဆောင်ရွက်ကြပါလိမ့်မယ်”

ဦးသန်းစိုးနိုင် (စစ်ရေး -နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၈- ၈- ၂၀၂၄)

“တရုတ်ကပြောခဲ့တဲ့ စစ်ကောင်စီဥက္ကဌနေရာ ပြောင်းလဲရေး၊ စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲရေးဆိုတာတွေဟာ မဖြစ်နိုင်တော့တဲ့အတွက် စစ်ကောင်စီ ပြုတ်ကျရေးတိုက်ပွဲကို အရှိန်မြှင့်ဖို့ပဲရှိတယ်။ ရှမ်းမြောက်၊ ကချင်နဲ့ ရခိုင်ဖက်က တိုက်ပွဲတွေအပြင် မန္တလေးတိုင်းအတွင်းဖြစ်ပေါ်နေတဲ့  မြင်းခြံ-တောင်သာ-နွားထိုးကြီးဖက်က တိုက်ပွဲတွေကနေ မိတ္တိလာ လွင်ပြင် ထိန်းချုပ်ရေးနဲ့ မန္တလေးကို ဝိုင်းပတ်ရေး ဆောင်ရွက်ကြပါလိမ့်မယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်ကောင်စီဖက်က တခြားနည်းမရှာပဲ စစ်ဆက်တိုက်မယ်လို့ပြောလိုက်တာ၊ မန္တလေးတိုင်းအတွင်း PDF တွေရဲ့ လှုပ်ရှားမှု အရှိန်မြင့်လာနေတာတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တရုတ်ဖက်က မင်းအောင်လှိုင်ကို ထောက်ခံသလိုလိုပြောသွားပေမယ့် သူ့အခြေအနေက ခိုင်မာမှုရှိရဲ့လား...

- စစ်ကောင်စီဖြုတ်ချရေးတိုက်ပွဲတွေက ဘယ်လောက်အထိ အရှိန်ကောင်းလာနေပြီလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

Thursday, August 15, 2024

သီပေါမြို့သိမ်းတိုက်ပွဲ TNLA က ဆက်လက်ဆောင်ရွက်... ဖားကန့်ဗျုဟာကုန်း KIA ...


သီပေါမြို့သိမ်းတိုက်ပွဲ TNLA က ဆက်လက်ဆောင်ရွက်... ဖားကန့်ဗျုဟာကုန်း KIA သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၆- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်း (၅၂) ရက် မြောက်နေ့ နောင်ချိုနဲ့ သီပေါမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်၊ စစ်ကောင်စီက လေကြောင်းကနေ ၁၇ ကြိမ် တိုက်ခိုက်ပြီး ဗုံးအလုံး ၁၀၀ ကျော် ကြဲသွားတယ်လို့ PSLF/ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်၊ တောင်ခမ်း ရွာအနီးရှိ ခြေမြန်တပ်ရင်း ၃ ရင်း ၃၀၂၊ ၃၂၅ နဲ့ ၃၀၆ ကို TNLA က တိုက်ခိုက်နေပါတယ်။ အလားတူ သီပေါမြို့ရှိ ခလရ ၂၃ ကိုလည်း တိုက်ခိုက်နေဆဲပါ။

သီပေါက ခလရ ၂၃ ကို တိုက်ခိုက်နေစဉ် စစ်ကောင်စီ  Y-12 လေယာဉ်က ၁၆ ကြိမ် လာပြီး ဗုံး ၁၁၃ လုံး ကြဲသွားတယ်လို့ဆိုပါတယ်။ နောင်ချိုကိုတော့ Jet Fighter တစင်း ရောက်လာပြီး ဗုံး(၂) လုံး ကြဲသွားတယ်လို့ ဖေါ်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲနေရာတွေကို ဗုံးကြဲတာအပြင် တိုက်ပွဲ မရှိတော့တဲ့ နောင်ချိုမြို့လယ် ဈေးထဲကို မနေ့နေလည် ၂ နာရီမှာ ဗုံး ၂ လုံး ကြဲသွားပြီး အဲဒီဗုံးသီးတွေ မပေါက်ကွဲဘူးလို့ ဒေသတွင်း မီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- လားရှိုးမှာ မိမိဆန္ဒအလျောက် လက်နက်ချအလင်းဝင်ခဲ့တဲ့ ရမခ-  စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးကို တယောက် ကျပ် ၁၀ သိန်းစီ ဆုငွေပေးအပ် တဲ့ အခမ်းအနား ကျင်းပတယ်လို့ MNDAA သတင်းထုတ်ပြန်...

- ဖားကန့်မြို့ရဲ့ အမြင်ဆုံးတောင်ပေါ်ရှိ လမောင် ဗျူဟာ စခန်းနဲ့ တောမှော်စခန်းကို KIA - က သိမ်းပိုက်...

- ပခုက္ကူမြို့နယ်၊ လေယာဉ်ကွင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်တိုက်ပြီး လက်နက်ငယ် ၂ လက် သိမ်းမိ...

- အရာတော်မြို့နယ်၊ သလဲဘာ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီ စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက တိုက်ခိုက်...

- ထားဝယ်-သရက်ချောင်း လမ်းပေါ်ရှိ ပန်းပြင် ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို ဒေါင်းညီနောင် စစ်ကြောင်းက မိုင်းဆွဲ တိုက်ခိုက်...

- PDF- တောင်ပိုင်းစစ်ဒေသမှာ ဇူလိုင်လအတွင်း တိုက်ပွဲ (၅၁) ကြိမ်ဖြစ်ပြီး စစ်ကောင်စီဖက်က (၁၆၇) ဦး သေဆုံး၊ (၁၅၄) ဦး ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းများနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အာဏာသိမ်းတယ်ဆိုတဲ့သတင်း မမှန်ပါဘူးလို့ ကမန်းကတန်း ထပြီးငြင်းတယ်ဆိုကတည်း...


“အာဏာသိမ်းတယ်ဆိုတဲ့သတင်း မမှန်ပါဘူးလို့ ကမန်းကတန်း ထပြီးငြင်းတယ်ဆိုကတည်းက တပ်ထဲမှာ တခုခုဖြစ်နေတာ သေချာပါတယ်”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC)

(၁၅- ၈- ၂၀၂၄)

“အာဏာသိမ်းတဲ့ဆိုတဲ့သတင်း မမှန်ပါဘူးလို့ ကမန်းကတန်း ထပြီးငြင်းတယ်ဆိုကတည်းက တပ်ထဲမှာ တခုခုဖြစ်နေတာသေချာတယ်။ မင်းအောင်လှိုင်အောက်မှာ တပ်မတော်က ဒီတိုင်းဆက်သွားလို့မရဘူးဆိုတာကို စစ်သားပီသတဲ့ မျိုးချစ်တပ်တော်သားတိုင်း သိပါတယ်” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ
ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်ခဲ့တဲ့ တန်ပြန်အာဏာသိမ်းမှုသတင်းမမှန်ဘူးဆိုရင် တပ်မတော်က ဘာကြောင့် တရာဝင် ထွက်ရှင်းဖို့လိုအပ်သလဲ... ဒီလို ထွက်ရှင်းတာကိုက တပ်မတော်ထဲမှာ တခုခုဖြစ်နေပြီဆိုတာကို ညွှန်းဆိုပြတဲ့ သင်္ကေတလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- အာဏာသိမ်းတာ အမှန်မဟုတ်ဘူးဆိုရင် တပ်ထဲမှာ အမှန်ဖြစ်နေတာက ဘာလဲ...

- အောက်ခြေတပ်သားတွေ၊ ဗိုလ်ချုပ်ဟောင်းတွေ၊ မဘသ တွေကတောင် ပြင်းပြင်းထန်ထန်ဝေဖန်တာ ခံလာနေရတဲ့ စစ်ကောင်စီဥက္ကဌ ဘယ်လောက် ဆက်ခံနိုင်မှာလဲ...

- တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်က စစ်ကောင်စီကိုထောက်ခံတာလား- တော်လှန်ရေးကို အားပေးတာလား...

- မင်းအောင်လှိုင်ကို မထောက်ခံတဲ့ တပ်မတော်သားတွေ ဘက်ပြောင်းလာရေးအတွက် တော်လှန်ရေးအင်အားစုတွေဖက်က ဘယ်လို အရှိန်မြှင့်ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းများနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork
မှာလည်း ကြည့်ရှုနိုင်ပါသည်။)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 14, 2024

သီပေါမြို့ထဲ TNLA တပ်တွေ ရောက်ရှိ... ကျိန္တလီမြို့ကို AA က သိမ်းပိုက်လို...


သီပေါမြို့ထဲ TNLA တပ်တွေ ရောက်ရှိ... ကျိန္တလီမြို့ကို AA က သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၁၅- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၅၁) ရက် မြောက်နေ့  နောင်ချိုနဲ့ သီပေါမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ၂၁ ကြိမ် တိုက်ခိုက်တယ်လို့ PSLF/TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ် တောင်ခမ်းရွာနဲ့ နောင်လင်ရွာရှိ ခမရ ၃၀၂၊ ၃၂၅၊ ၃၀၆ နဲ့ သီပေါမြို့ ရှိ ခလရ (၂၃) ကို  TNLA က တိုက်ခိုက်ပါတယ်။ 

သီပေါကို တိုက်ခိုက်နေစဉ် စစ်ကောင်စီက Jet Fighter နဲ့ (၄) ကြိမ်၊ Y-12 နဲ့ ၁၆ ကြိမိ စုစုပေါင်း  ဗုံး ၁၂၄ လုံး ကြဲပြီး နောင်ချိုမှာ တိုက်ပွဲဖြစ်နေစဉ် ဗုံး ၄ လုံး ကြဲသွားတယ်လို့ ဖေါ်ပြပါတယ်။

အစောပိုင်း ထုတ်ပြန်ချက်မှာတော့ လွန်ခဲ့တဲ့ ၅ ရက်တာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမှာ အရပ်သား ၁၁ ဦးသေဆုံးတယ်လို့ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- "တိုင်းရင်းသားအားလုံး စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရာမှာ တက်ကြွစွာ ပါဝင်မယ်” လို့ MNDAA က ပြောကြား...

- ဖားကန့်မြို့  အမြင့်ဆုံးတောင်ပေါ်ရှိ လမောင်ကုန်း စစ်တပ် ဗျုဟာကို KIA- နဲ့ KPDF- က ထိုးစစ်ဆင် တိုက်ခိုက်နေ...

- ကန်ပက်လက်မြို့နယ်၊ ဆတ်ခြောက် ကျေးရွာကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦးအပါဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရ...

- ဂွမြို့နယ်ထဲက ကျိန္တလီ မြို့ကို AA က သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းများနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, August 13, 2024

တကောင်းမြို့ကို သိမ်းပိုက်ကြောင်း PDF အတည်ပြု... သီပေါနဲ့ နောင်ချိုမှာ T...


တကောင်းမြို့ကို သိမ်းပိုက်ကြောင်း PDF အတည်ပြု... သီပေါနဲ့ နောင်ချိုမှာ TNLA ထိုးစစ်ဆင်... ၁၀၂၇ နောက်ဆုံးရ သတင်းများ

(၁၄- ၈- ၂၀၂၄)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို PDF တပ်တွေက သြဂုတ် ၁၂ ရက်မှာ သိမ်းပိုက်လိုက်ပါပြီ။ မြို့ထဲ ဝင်လာတဲ့ တော်လှန်ရေးတပ်တွေကို ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနေတဲ့ ဗီဒီယို မှတ်တမ်းကို သပိတ်ကျင်းမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးကို အမှတ် (၁) စစ်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သပိတ်ကျင်းမြို့နယ် ပကဖ၊ တကောင်းတိုက်နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီဖက်က အများအပြား သေဆုံးတယ်၊ ၆၀ မမ၊ စက်လတ်အပါဝင် လက်နက်မျိုးစုံ ၁၀၀ ခန့် သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်းလည်းဖေါ်ပြပါတယ်။

တကောင်းမြို့ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်နိင်တာကြောင့် … မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျဉ်း၊ တကောင်း၊ ထီးချိုင့် စသဖြင့် ဧရာဝတီမြစ် အရှေ့ဖက်ကမ်း တလျှောက် လွတ်မြောက်သွားပြီး …

… ရှမ်းပြည်မြောက်ပိုင်း လွတ်မြောက်ဒေသနဲ့ အထက်ဘက် ကချင် လွတ်မြောက်ဒေသတွေနဲ့  တဆက်တစပ်တည်း ဖြစ်သွားတာကြောင့် …

… ဗျူဟာအရ အရေးပါတဲ့ မြို့သိမ်းတိုက်ပွဲဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်း ရွာမရှိ စစ်ကောင်စီ-ပျုစောထီး ပူးပေါင်းစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၃ လက်ရရှိ...

- မုံရွာ အဝင်၊ မအူ ဂိတ်ရှိ စစ်တပ် စခန်းကနေ ထနောင်းတောရွာထဲကို လက်နက်ကြီးနဲ့ ပစ်လို့ အရပ်သား ၁၁ ဦး သေဆုံး၊ ၁၀ ကျော်ဒဏ်ရာရ...

-  နမ့်ဆန် မြို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သားတဦးသေဆုံး၊ တဦး ဒဏ်ရာရ...

- ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်း ရက် ၅၀ မြောက်နေ့ နောင်ချိုနဲ့  သီပေါမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ...

- ရှမ်းမြောက်ဒေသ ငြိမ်းချမ်းရေး အပါအဝင် ၂ နိုင်ငံကိစ္စတွေ ဆွေးနွေးဖို့အတွက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ သြဂုတ် ၁၄ မှာ မြန်မာနိုင်ငံဆီ ရောက်လာဖို့ရှိနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“အောက်ခြေစစ်သားတွေ ကိုယ်တိုင်က အပေါ်က စစ်ဗိုလ်ချုပ်တွေကို ယုံကြည်အားကိုး...


“အောက်ခြေစစ်သားတွေ ကိုယ်တိုင်က အပေါ်က စစ်ဗိုလ်ချုပ်တွေကို ယုံကြည်အားကိုးမှု မရှိတော့တာ”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ်- မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၁၃- ၈- ၂၀၂၄)

“အရင် ပြောကြတာက လူထုထောက်ခံမှုမရှိတော့လို့ စစ်တပ်က စစ်ရှုံးတာ၊ အခု လက်တွေ့မှာက အောက် ခြေစစ်သားတွေ ကိုယ်တိုင်ကတောင် အပေါ်က စစ်ဗိုလ်ချုပ်တွေကို ယုံကြည်အားကိုးမှု မရှိတော့လို့ စစ်က လုံးဝရှုံးမှာ သေချာနေပြီ။ ဒီလိုအခြေအနေမှာ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို ပေါ်တင်ထောက်ခံအားပေးဖို့လိုအပ်လာပြီဖြစ်တယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ရမခ ကို သိမ်းပိုက်နိုင်မှု၊ မန္တလေးတိုင်းအတွင်း မြို့တွေ ဆက်တိုက်သိမ်းပိုက်လာနိုင်မှု အခြေအနေ အလားအလာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အောက်ခြေစစ်သားတွေက အပေါ်က စစ်ဗိုလ်ချုပ်တွေကို အယုံအကြည်မရှိတော့တာ ဘာကြောင့်လဲ...

- မန္တလေး PDF တွေရဲ့ စွမ်းဆောင်ရည်က တနိုင်ငံလုံးက PDF တွေအတွက် စံပြဖြစ်လာနေပြီလား...

- ဒေသအလိုက် စစ်ပွဲကနေ တနိုင်ငံလုံးဟန်ချက်ညီ စစ်ပွဲဖြစ်လာအောင် ဘာတွေ ဆောင်ရွက်သင့်သလဲ...

- ဘယ်ဖက်က နိုင်မှာလဲ တွက်ချက်နေသူတွေ အခုချိန်မှာ တော်လှန်ရေးကို ပေါ်တင်ထောက်ခံသင့်ပြီလို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, August 12, 2024

လူထုနဲ့အတူ ရှိနေမယ်လို့ ညီနောင် ၃ ဖွဲ့ကြေညာ... မန္တလေးတိုင်းက စစ်တပ်စခန်...


လူထုနဲ့အတူ ရှိနေမယ်လို့ ညီနောင် ၃ ဖွဲ့ကြေညာ... မန္တလေးတိုင်းက စစ်တပ်စခန်းတွေကို PDF တွေ တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၃- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၉)ရက်မြောက်နေ့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ PSLF/TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ အမြောက်တပ် (၉၀၂)၊ နောင်လိတ်ရွာရှိ ခမရ ၃၀၂၊ ၃၂၅ နဲ့ ၃၀၆ တို့ကို TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

လားရှိုးမှာတော့ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း မိသားစုတွေထဲက နောက်ထပ် ၃၀၀ ခန့်ကို လမ်းစရိတ်ပေးပြီး ပြန်လွတ်ပေးတယ်လို့ MNDAA- မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင်...

- ၁၀၂၇ ကို ထောက်ခံအားပေးတဲ့ အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို လေးနက်စွာ ဂုဏ်ပြုကျေးဇူးတင်ကြောင်း၊ ပြည်သူနဲ့အတူရှိနေကြောင်း ညီနောင် ၃ ဖွဲ့ပြောကြား...

- သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း တပ်စခန်းကို သြဂုတ် ၁၁ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ PDF-MDY ကြေညာ...

- တကောင်းမြို့ကို တော်လှန်ရေးတပ်တွေက ဩဂုတ်(၁၂)ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်လို့ ဒေသတွင်းမီဒီယာ ဖေါ်ပြ...

- တောင်သာမြို့နယ်ရှိ စစ်တပ်ပိုင် စွပ်ကျယ်စက်ရုံကို ဒေသခံ PDF တွေက ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာ ပကဖ က သတင်းထုတ်ပြန်...

- ဟားခါး - ထန်တလန်ကြားရှိ Keivangzuan တပ်စခန်းကို CDF – Hakha နဲ့ CNA - ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်မျိုုးစုံ ၁၀ ကျော်ရရှိ...

- AA -အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် ဂွမြို့အထိ ရောက်လာနေပြီလို့ ဒေသတွင်းမီဒီယာ ဖေါ်ပြ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စကစ မပြိုလဲသေးသရွေ့ သူတို့ထိန်းချုပ်နယ်မြေတွေ အာမခံချက်မရှိဘူးဆိုတာ ERO...


“စကစ မပြိုလဲသေးသရွေ့ သူတို့ထိန်းချုပ်နယ်မြေတွေ အာမခံချက်မရှိဘူးဆိုတာ ERO တွေ ကောင်းကောင်းသိပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ်- မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၁၂- ၈- ၂၀၂၄)

“တိုင်းရင်သား တော်လှန်ရေးအဖွဲ့တွေ (ERO) ဟာ သူတို့နယ်မြေ သူတို့ထိန်းချုပ်နိုင်ဖို့လောက်ပဲ စိတ်ဝင်စားတယ်။ နေပြည်တော်သိမ်းပိုက်ရေးကို စိတ်မဝင်စားဘူးဆိုတဲ့ လေ့လာသူအချို့ရဲ့ ပြောဆိုချက်ဟာ မှားယွင်းနေတယ်။ စကစ မပြိုလဲသေးသရွေ့ သူတို့ထိန်းချုပ်နယ်မြေတွေ အာမခံချက်မရှိဘူး၊ သဲထဲ
အိမ်ဆောက်သလိုဖြစ်နေမယ်ဆိုတာ နှစ် ၆၀ ကျော်တိုက်ပွဲဝင်လာတဲ့ ERO တွေ ကောင်းကောင်းသဘောပေါက်ပါတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲအပါဝင် ချင်းတောင်တန်းပေါ်က တိုက်ပွဲအခြေအနေ၊ ၁၀၂၇ ဒုတိယလှိုင်းက ဘယ်အထိ ဦးတည်သွားနိုင်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ချင်းပြည်နယ်မှာ လွတ်မြောက်ဒေသတွေ တခုပြီးတခု ဆက်တိုက်ပေါ်လာနိုင်သလား...

- ချင်းတောင်တန်းပေါ်က တော်လှန်ရေးတပ်တွေနဲ့ အိမ်နီးချင်း ပြည်နယ်-တိုင်းတွေက တော်လှန်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်တိုးတက်လာပြီလဲ...

- စကစ ဥက္ကဌပြောတာတွေနဲ့ တကယ်ရှေ့တန်းက စစ်သားတွေရဲ့ အခြေအနေ ဘယ်လိုကွာခြားနေသလဲ...

- ၁၀၂၇ ဒုတိယလှိုင်းက နေပြည်တော် သိမ်းပိုက်ရေးအထိ ဦးတည်ချီတက်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒေသအလိုက် စစ်ပွဲတွေကနေ တနိုင်ငံလုံးဟန်ချက်ညီ စစ်ပွဲအဖြစ်
အသွင်ပြောင်းနိုင်ဖို့ ဘာတွေလိုအပ်နေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ
ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, August 11, 2024

သီပေါကို TNLA က ဆက်လက်ထိုးစစ်ဆင်... မန္တလေးနဲ့မကွေးမှာ PDF တွေရဲ့ တိုက်ခ...


သီပေါကို TNLA က ဆက်လက်ထိုးစစ်ဆင်... မန္တလေးနဲ့မကွေးမှာ PDF တွေရဲ့ တိုက်ခိုက်မှု အရှိန်မြင့်လာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၂- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၈) ရက် မြောက်နေ့ သီပေါနဲ့ နောင်ချိုမှာ တိုက်ပွဲ ဆက် ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ၁၈ ကြိမ်အထိ တိုက်ခိုက်တယ်လို့ PSLF/TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်တယ်။

နောင်ချိုမြို့နယ် တောင်ခမ်းရွာရှိ အမြောက်တပ် (၉၀၂)၊ မက်မန်းတော ကျေးရွာရှိ ခမရ (၃၀၂)၊ ခမရ (၃၂၅) နဲ့ ခမရ(၃၀၆) ကို TNLA က တိုက်ခိုက်တယ်။ ဒီတိုက်ပွဲမှာ  စစ်ကောင်စီ ဂျက်ဖိုက်တာက (၃) ကြိမ်၊ Y-12 လေယာဉ်က ၃ ကြိမ် စုစုပေါင်း ဗုံးအလုံး ၂၀ ကြဲတယ်လို့ ဆိုတယ်။

အလားတူ သီပေါမြို့  ခလရ (၂၃) ကို TNLA က ထိုးစစ်ဆင်ပြီး စစ်ကောင်စီက Y-12 နဲ့ ၁၂ ကြိမ်၊ ဗုံး ၈၅ လုံး ကြဲတယ်လို့ ဖော်ပြတယ်။

ဒါ့အပြင်...

- လားရှိုးမှာ နေရပ် ပြန်တွေကို ဆန်နဲ့ အရေးပေါ် လိုအပ်ချက်တွေ ဝေငှပေးနေတယ်လို့ MNDAA - သတင်းထုတ်ပြန်...

- ဆီဆိုင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်သားအလောင်း ၃ လောင်းတွေ့၊ တဦးကို လက်ရဖမ်းမိ၊ ဒရုန်းတစင်းနဲ့ လက်နက်ငယ်တလက် သိမ်းမိတယ်လို့ PNLA-က သတင်းထုတ်ပြန်...

- မန္တလေးတိုင်း၊ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးမှာ စစ်ကောင်စီ တပ်စခန်း (၄) ခုနဲ့ ဌာနဆိုင်ရာ ရုံးတွေကို သိမ်းပိုက်၊ ၃ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၂၇ လက်ရရှိ...

- ပခုက္ကူကနေ ရေစကြိုဘက်ကို ထွတ်လာတဲ့ စစ်ကောင်စီရဲ့ ကား ၃ စီးပါ ယာဉ်တန်းကို ဒေသခံ တော်လှန်ရေးတပ်တွေကတိုက်ခိုက်၊ ၅ ဦး လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၄ လက် ရရှိ...

- ချောက်မြို့နယ်၊ ဆားလယ် ကျေးရွာရှိ ပျူစောထီးစခန်းကို ဒေသခံ တော်လှန်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက် ၂ လက်၊ ကားတစီး၊ ဆိုင်ကယ် ၂ စီး သိမ်းမိ...

- သပိတ်ကျင်းနဲ့ တကောင်းမှာ တနေကုန် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ သုံးတဲ့အတွက် အရပ်သားထိခိုက်မှု ရှိနိုင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်ကောင်စီ စစ်ရှုံးနေချိန်မှာ တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီ စစ်ရှ...


“စစ်ကောင်စီ စစ်ရှုံးနေချိန်မှာ တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီ စစ်ရှိန်မြှင့်ဖို့လိုပါတယ်”

- နိုင်ဗညားမွန် (ပြောခွင့်ရပုဂ္ဂိုလ် - NMSP-AD)

(၁၁- ၈- ၂၀၂၄)

“လက်ရှိအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေအတွက် အကောင်းဆုံးအနေအထားဖြစ်ပြီး စစ်ကောင်စီအတွက် အဆိုးဆုံးအနေအထားဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီ စစ်ရှုံးနေချိန်မှာ တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီနဲ့ စစ်ရှိန်မြှင့် တိုက်ခိုက်ဖို့လိုတယ်” လို့ မွန်ပြည်သစ်ပါတီ- (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပြောခွင့်ရ နိုင်ဗညားမွန်က ပြောပါတယ်။

မွန်ပြည်နယ်က တိုက်ပွဲအခြေအနေ၊ ၁၀၂၇ ဒုတိယလှိုင်းနဲ့အတူ တောင်ပိုင်းအင်အားစုတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မွန်ပြည်နယ်အပါဝင် တောင်ပိုင်းဒေသက တိုက်ပွဲအခြေအနေ...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ တောင်ပိုင်းဒေသမှာပါ
စစ်ရှိန်မြင့်လာနိုင်သလား...

- ဒီနေ့အခြေအနေဟာ စစ်ကောင်စီအတွက် အဆိုးဆုံးဖြစ်ပြီး တော်လှန်ရေးအတွက်
အကောင်းဆုံးအနေအထားလို့ ဘာကြောင့်ပြောနိင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, August 10, 2024

သီပေါမြို့ကို TNLA ထိုးစစ်ဆင်... သပိတ်ကျင်းက စစ်တပ်စခန်းတွေ PDF သိမ်းပို...


သီပေါမြို့ကို TNLA ထိုးစစ်ဆင်... သပိတ်ကျင်းက စစ်တပ်စခန်းတွေ PDF သိမ်းပိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၁- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၇)ရက်မြောက်နေ့မှာ သီပေါမြိုံက စစ်ကောင်စီစခန်းတွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရ လွေးယေဦးက BNN ကိုပြောပါတယ်။

ထောင်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး အသေးစိပ် မပြောနိုင်သေးဘူးလို့ဆိုပါတယ်။ ဒေသတွင်းမီဒီယာ ရွှေဖီမြေကတော့ သီပေါအကျဉ်းထောင်က အကျဉ်းသား ၁၀၉ ဦးကို TNLA က ကယ်ထုတ်နိုင်ခဲ့ပြီး
အဲဒီထဲမှာ နိုင်-ကျဉ်း ၂၉ ဦးပါဝင်တယ်။ အများစုက မူးယစ်အမှုနဲ့ကျနေသူတွေဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

အကျဉ်းထောင်နဲ့ ရဲစခန်းအပါဝင် သီပေါ်မြို့နေရာအများစုကို TNLA နဲ့ မဟာမိတ်တပ်တွေက ထိန်းချုပ်ထားလိုက်ပြီး စစ်တပ်စခန်းတွေဖြစ်တဲ့ ခမရ (၅၀၃၊ ၅၀၄)၊ ခလရ (၂၃) တို့ကို တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင်...

- လားရှိုးမြို့မှာတော့ စစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေပြီ၊ အရေးပါတဲ့ အထင်ကရနေရာတွေမှာ အထူးဒေသ(၁) အလံနဲ့ MNDAA တပ်မတော်အလံတွေ လွှင့်ထူးထားပြီလို့ MNDAA - က သတင်းထုတ်ပြန်...

- သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနဲ့ လိပ်ကျရွာ တပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်လိုက်တယ်လို့ PDF-MDY က သတင်းထုတ်ပြန်...

- မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မ ရဲစခန်းအပါဝင် စကစ ရုံးတွေကို PDF တွေ ဝင်ရောက်တိုက်ခိုက်...

- ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးရွာရှိ ပျုစောထီး ဂိတ်ကင်းစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက် ၂ လက်သိမ်းမိ...

- မြောက်ဦးမြို့လယ် ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, August 9, 2024

သပိတ်ကျင်း ခလရ - ၁၄၈ ကို TNLA, PDF သိမ်းပိုက်... မြိုင် ပျူစောထီးစခန်းကိ...

သပိတ်ကျင်း ခလရ - ၁၄၈ ကို TNLA, PDF သိမ်းပိုက်... မြိုင် ပျူစောထီးစခန်းကို PDF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၀- ၈- ၂၀၂၄)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်ရှိ ခလရ - ၁၄၈ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်- PDF ၊ မိုးကုတ်ဗျူဟာက သတင်း ထုတ်ပြန်ပါတယ်။

TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သြဂုတ် ၉  ရက်၊ ညနေ ၅ နာရီမှာ သိမ်းပိုက်တာဖြစ်တယ်၊ လက်နက်ခဲယမ်းများစွာရရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- PDF-MDY ကလည်း သပိတ်ကျင်းမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို ဆက်တိုက် သိမ်းပိုက်...

- မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ စစ်တပ်-ပျူစောထီး ပူးပေါင်းစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ၆၀ မမ စိန်ပြောင်းအပါဝင် လက်နက်မျိုးစုံ ၁၀ လက် သိမ်းမိ...

- ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာက စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက
ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကြောင်းမှူး- ခမရ (၃၄၉) ယာယီတပ်ရင်းမှူးနဲ့
တပ်ခွဲမှူးတို့သေဆုံး...

- ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ NMSP-AD တို့ကြား
တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၆ ဦးသေဆုံးတယ်လို့ NMSP-AD ပြောခွင့်ရ
နိုင်ဗညားမွန်က BNN ကိုပြောကြား...

- ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ (DPLF/ DPLA)
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၉
ဦးသေ၊ ၈ ဦးလက်ရဖမ်းမိ၊ လက်နက် ၁၉ လက်ရရှိ...

- မူဆယ်မြို့ကို ရောက်ရှိနေတဲ့ လားရှိုး ရမခ- တိုင်းမှူး-
ဗိုလ်မှူးချုပ်စိုးလှိုင်ကို လက်နက်ချဖို့
မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကမ်းလှမ်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, August 8, 2024

သီပေါ၊ လိုင်ဇာအပါဝင် စစ်တပ်က ဆက်တိုက်ဗုံးကြဲ... စစ်တပ်စခန်းတွေကို PDF သိ...


သီပေါ၊ လိုင်ဇာအပါဝင် နေရာအတော်များများကို စစ်တပ်က ဆက်တိုက်ဗုံးကြဲ... စစ်တပ်စခန်းတွေကို PDF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ...

 (၉ -၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၅) ရက်မြောက်နေ့ သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ PSLF/TNLA- တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

သီပေါမြို့နယ် မိုင်တိုင် ၉ ရပ်ကွက်ကို မွန်းလွဲ ၃ နာရီခန့်မှာ စစ်ကောင်စီ Jet Fighter က (၃) ကြိမ် ဗုံးကြဲပြီး နောင်ချိုမြို့နယ် ကန်ကြီးရွာအနီးကို (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်တယ်၊ ထိခိုက်မှုအသေးစိတ် စုံစမ်းနေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

လားရှိုးမြို့  ရခမ သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်တပ်မိသားစုဝင်တွေကို ခရီးစရိတ်ပေးပြီး ပြန်လွတ်ပေးနေသလို လားရှိမြို့တွင်းက အခက်အခဲရှိသူတွေကိုလည်း ဆန်နဲ့ အထောက်ပံ့ ပစ္စည်းတွေ
ပေးအပ်နေတယ်လို့ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က က
သတင်းထုတ်ပြန်ပါတယ်။

ဒေသတွင်းမီဒီယာ ရှမ်းသံတော်ဆင့် ကတော့ UWSA- ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က စစ်ကား ၁၀ စီးခန့် ဝ-အလံတွေလွှင့်ပြီး ဩဂုတ် ၇ ရက် ညနေပိုင်းမှာ လားရှိုးမြို့ထဲ ဝင်လာတာ တွေ့ရတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- နောင်ချိုနဲ့ ပြင်ဦးလွင် အစပ် ဒေသရှိ သံဘို ရွာမှာ မနေ့ မနက်ပိုင်းက
တိုက်ပွဲဖြစ်ပြီးနောက် ပြင်ဦးလွင်က စစ်တပ် မိသားစုတွေ အပါအဝင်
ရာနဲ့ချီတဲ့ ကားတွေ မန္တလေးဘက် စစ်ရှောင်လာတဲ့အတွက် ကားလမ်းပိတ်တဲ့အထိ
ဖြစ်နေ...

- KIO- ကချင်လွတ်လပ်ရေးအဖွဲ့ ရဲ့ မြို့တော် လိုင်ဇာကို စစ်ကောင်စီတပ်က
လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင် အပါအဝင် အရပ်သား ၇ ဦး
ထိခိုက်ဒဏ်ရာရ...

- ဘောလခဲ ဒေသရှိ၊ ရေကျော် စစ်ကောင်စီ တပ်စခန်းကို ကရင်နီ တော်လှန်ရေး
တပ်ပေါင်းစုက ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ သိမ်းပိုက်လိုက်ပြီး ၈၁ မမ
စိန်ပြောင်း အပါအဝင် လက်နက် ၁၀ လက်ခန့် သိမ်းမိ...

- ပုလောမြိုနယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီ-ပျူစောထီး
ပူးပေါင်းစခန်းကိုလည်း ဒေသခံတော်လှန်ရေး တပ်တွေက ရှစ်လေးလုံး
နှစ်ပတ်လည်နေ့မှာ ဝင်ရောက် သိမ်းပိုက်...

- ရပ်စောက်မြို့နယ်၊‌ ကျောက်ဂူဒေသ စစ်ကောင်စီတပ်ကို ၈ -လေးလုံး
နှစ်ပတ်လည်နေ့မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) က
ဝင်ရောက်တိုက်ခိုက်ပြီး  စစ်သား ၉ ဦးသေ၊ ၈ ဦးအရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ
၁၉ လက် သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, August 7, 2024

စစ်တပ် မိသားစုဝင်တွေကို MNDAA က ပြန်လွတ်ပေး... စစ်ကောင်စီက လေကြောင်းတိုက...


စစ်တပ် မိသားစုဝင်တွေကို MNDAA က ပြန်လွတ်ပေး... စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၈- ၈- ၂၀၂)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၄) ရက်မြောက်နေ့၊ နောင်ချိုမြို့ ရေဖြူရွာမှာတိုက်ပွဲဆက်ဖြစ်ပြီး တိုက်ပွဲမရှိတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်မံဗုံးကြဲတယ်လို့ PSLF/ TNLA- တအာင်းအမျီုသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ် ရေဖြူရွာဖက် စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် မနက် ၇ နာရီခွဲက ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတာလို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက သိမ်းထားပြီး TNLA က အုပ်ချုပ်ရေးချတားတဲ့ ကွတ်ခိုင်မြို့ကို သြဂုတ် ၇ ရက်မှာ စစ်လေယာဉ်က ထပ်မံဗုံးကြဲတယ်လို့ဆိုပါတယ်။ ဒီတကြိမ်ဗုံးကျတဲ့ နေရာဟာ
ကွတ်ခိုင်ဗျူဟာကုန်းဟောင်းဖြစ်ပြီး လူအသေအပျောက်မရှိဘူးလို့ ဖေါ်ပြပါတယ်။

သြဂုတ် ၆ ရက် ဗုံးကြဲမှုအတွင်းမှာတော့ ပေါင် ၅၀၀ ဗုံးတွေက မြို့မဈေးကိုထိပြီး အရပ်သား ၆ ဦးသေ၊ ၁၀ ကျော်ဒဏ်ရာရတဲ့အတွက် ညီနောင် ၃ ဖွဲ့က ကန့်ကွက်စာထုတ်ထားစဉ် မနေ့က ထပ်မံတိုက်ခိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- သီပေါမြို့နယ်၊ နမ့်လန်မြို့ နောင်ကော်ကြီးရွာက ဘုန်းကြီးကျောင်းကို
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဦးဇင်းတစ်ပါး
ပျံလွန်တော်မူပြီး အမျိုးသမီး တဦးသေဆုံး...

- ပုသိမ်ကြီးမြို့နယ် ၊ ဖယောင်းတောင်ရွာကို စစ်ကောင်စီက
လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၇ ဦးသေဆုံးပြီး ဒဏ်ရာသူတွေလည်းရှိ...

- ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ် မိသားစုဝင်တွေကို ခရီးစရီတ် ၅၀၀၀၀
စီပေးပြီး ပြန်လွှတ်ပေးနေပြီလို့ MNDAA က ဗီဒီယို သတင်းထုတ်ပြန်...

- ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က
အလောင်း ၁၀ လောင်းကျန်၊ လက်နက် ၁၀ လက်နဲ့ ဒရုန်းတစီး သိမ်းမိတယ်လို့
PNLA- သတင်းထုတ်ပြန်...

- မိုးမောက်က ခမရ ၄၃၇ နဲ့ ဝိုင်းမော်က ခလရ ၅၈ တပ်ရင်းတွေကို KIA- က
သိမ်းလိုက်ပြီလို့ သတင်းထွက်ပေါ်...

- သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာက စစ်ကောင်စီအထိုင်စခန်းတွေကို
ဒေသခံတော်လှန်ရေးတပ်တွေက သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, August 6, 2024

ကျောက်မဲမြို့ကို TNLA သိမ်းပိုက်... ကိုင်းတောမ ရဲစခန်းကို PDF သိမ်းပိုက...


ကျောက်မဲမြို့ကို TNLA သိမ်းပိုက်...  ကိုင်းတောမ ရဲစခန်းကို PDF တွေသိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၇- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၃) ရက်မြောက်နေ့မှာ ကျောက်မဲရှိ စကခ ၁ နဲ့ လက်အောက်ခံ ခမရ ၅၀၁၊ ၅၀၂ တပ်စခန်းတွေကို သိမ်းလိုက်တဲ့အတွက် ကျောက်မဲမြို့ကို အပြီးသတ်သိမ်းနိုင်ပြီဖြစ်တယ်လို့ PSLF/ TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။

သြဂုတ်လ ၅ ရက်၊ ည ၁၀ နာရီခန့်မှာ အခုလို သိမ်းလိုက်တာဖြစ်တယ်လို့ PSLF/ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပြပါတယ်။

၁၀၂၇ ဒုတိယလှိုင်းစတင်တဲ့ ဇွန် ၂၅ ကတည်းက ဒီစခန်းတွေကိုစတင်တိုက်ခိုက်နေတာဖြစ်ပြီး မနေ့ကမှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးအချို့ကို မီးရှို့ဖျက်ဆီးပြီး စခန်းစွန်ခွာထွက်ပြေးသွားပေမယ့် မီးမလောင်ပဲကျန်နေတဲ့ ရာနဲ့ချီတဲ့ လက်နက်တွေကို သိမ်းမိတယ်၊ စစ်သားအလောင်း ၁၀၀ ခန့်အထိတွေ့ရတယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

ဒါ့အပြင် အောင်ပွဲရ တအာင်းစစ်သည်တော်တွေကို ကျောက်မဲဒေသခံတွေက ဂုဏ်ပြုကြိုဆိုနေတဲ့ပုံတွေကိုလည်း ဖေါ်ပြပါတယ်။ ကျောက်မဲဟာ ဒီဒေသအတွင်း ၄ ခုမြောက်သိမ်းနိုင်တဲ့မြိုံဖြစ်လာပြီး အရင် ၃ မြိုံကတော့ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်တို့ဖြစ်ပါတယ်။

PSLF/ TNLA ပြောခွင့်ရ လွေးယေဦးကတော့ ၄ မြို့အထိ သိမ်းနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်နိုင်သေးတဲ့အတွက် လုံခြုံရေး သတိထားကြဖို့၊ တော်လှန်ရေးမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင်...

- တိုက်ပွဲဖြစ်ပွားရာဒေသမဟုတ်တဲ့ လောက်ကိုင်၊ သိန္ဒိ၊ ကွတ်ခိုင်၊ နမ့်ဆမ်နဲ့ မြောက်ဦးမြို့တွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်၊ နိုင်ငံတကာဖက်ကလည်း တားဆီးအရေးယူပေးဖို့တောင်းဆိုတယ်လို့ MNDAA, TNLA, AA မြောက်ပိုင်းညီနောင် ၃ ဖွဲ့ က တင်ပြ..

- မြိုင်မြို့နယ်ရှိ ကိုင်းတောမ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်ပိုက်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများကာ ခဲယမ်းအချို့ သိမ်းမိ...

- မွန်ပြည်လွတ်မြောက်ရေး တပ်တော်(M.L.A) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် BPLA တို့ရဲ့ သင်တန်းဆင်းပွဲတွေ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ရှမ်းမြောက်ပြီးရင်တော့ မန္တလေးဖက် ထိုးဆင်းရေးအတွက် ပြင်ကြရမှာပေါ့”


“ရှမ်းမြောက်ပြီးရင်တော့ မန္တလေးဖက် ထိုးဆင်းရေးအတွက် ပြင်ကြရမှာပေါ့”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၆- ၈- ၂၀၂၄)

“လားရှိုးက ရမခ နဲ့ ကျောက်မဲက တပ်စခန်းတွေကိုသိမ်းပြီးရင် မူဆယ်ကနေ နောင်ချိုအထိ လမ်းကြောင်းရှင်းသွားပြီ၊ မန္တလေးဖက် ထိုးဆင်းရေးအတွက် လိုအပ်ချက်အချို့ကို ပြင်ဆင်ကြပါလိမ့်မယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ရမခ ဌာနချုပ် လားရှိုးနဲ့ ကျောက်မဲကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခြင်းက ဘယ်လောက်ထူးခြားမှုရှိသလဲ၊ တော်လှန်ရေးတပ်တွေ ရှမ်းမြောက်ကနေ မန္တလေးတိုင်းထဲ ဝင်လာနိုင်တော့မလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စကစ ဥက္ကဌ မိန့်ခွန်းမှာ ဘယ်လိုထူးခြားချက် တွေ့ရသလဲ...

- ရမခ ဌာနချုပ်ကြီးကို ၃ ရက်လောက်အတွင်း သိမ်းလိုက်နိုင်ခြင်းက တော်လှန်ရေးအင်အားစုတွေကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...

- လားရှိုးနဲ့ ကျောက်မဲပြီးတော့ မန္တလေးတိုင်းထဲ ထိုးဆင်းလာတော့မလား...

- စကစ ဥက္ကဌရဲ့ မိန့်ခွန်း၊ လက်ရှိ မြေပြင်က တော်လှန်ရေးတပ်တွေ အောင်ပွဲရရှိနေမှုအပေါ် သာမန်ပြည်သူတွေက ဘယ်လိုမြင်ထားကြသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, August 5, 2024

တော်လှန်ရေးအဖွဲ့တွေက သာလွန်အင်အားနဲ့ လာတိုက်လို့ လားရှိုးကနေ ဆုတ်ပေးခဲ့ရ...


တော်လှန်ရေးအဖွဲ့တွေက သာလွန်အင်အားနဲ့ လာတိုက်လို့ လားရှိုးကနေ ဆုတ်ပေးခဲ့ရဟု စကစ ဥက္ကဌ ပြော... ထန်တလန်က စစ်တပ်စခန်း CNF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၆- ၈- ၂၀၂၄)

စစ်ကောင်စီတပ်တွေ စခန်းထိုင်တဲ့နေရာမှာ လာရောက်ခိုလှုံနေတဲ့ ပြည်သူတွေရဲ့ ဘေးအန္တရာယ်ကင်းရေးကို ဦးစားပေးတဲ့အနေနဲ့ လားရှိုးကနေ စစ်တပ်က ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့ စကစ ဥက္ကဌ မင်းအောင်လှိုင်ကပြောပါတယ်။ သြဂုတ်လ ၅ ရက်နေ့ ည ၈ နာရီမှာပြောကြားတဲ့ မိန့်ခွန်းအတွင်း အဲဒီလိုပြောခဲ့တာပါ။

ဒါ့အပြင် MNDAA, TNLA, AA, PDF တွေဟာ Drop Bomb တွေအသုံးပြုပြီး သာလွန်အင်အားနဲ့ လာတိုက်တဲ့အတွက် နယ်မြေအချို့ လက်လွတ်ဆုံးရှုံးခဲ့ရတာလို့လည်း သူကဆိုပါတယ်။

တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေ အသုံးများနေတဲ့ ဗုံးတွေ၊ လက်နက်တွေဟာ တရုတ်-မြန်မာနယ်စပ်က စက်ရုံတွေမှာထုတ်တာဖြစ်တယ်။ ဒီစက်ရုံအတွက် ငွေအား၊ နည်းပညာအားတွေကို ဘယ်သူတွေက ကူညီပေးနေသလဲဆိုတာ စုံစမ်း ဖေါ်ထုတ်ရမယ်လို့လည်း စကစ ဥက္ကဌကပြောပါတယ်။

ဒါ့အပြင် KNU ၊ AA ၊ KNPP ၊ KNDF နဲ့ PDF တွေကလည်း ကရင်၊ ကရင်နီ၊ ရခိုင်ပြည်နယ်နဲ့ နေရာအတော်များများမှာ တိုက်ပွဲအရှိန်မြှင့်လာတာတွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဝန်ခံပါတယ်။ 

ဒါပေမယ့် ဆုံးရှုံးသွားတဲ့နယ်မြေတွေကို တပ်မတာ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်မှာဖြစ်တယ်လို့လည်း စကစ ဥက္ကဌ ပြောသွားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- ရခမ ဌာနချုပ်ရှိ ကုတင် ၁၀၀ ဆေးရုံကို စစ်ကောင်စီကိုယ်တိုင် ဗုံးကြဲပြီး တော်လှန်ရေးတပ်တွေဖက်က ကြဲသလိုလိုဝါဒဖြန့်ခဲ့ဟု MNDAA က သတင်းထုတ်ပြန်...

- ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး အပါအဝင် အရာရှိတွေ အဖမ်းခံရပြီး သြဂုတ်လ ၃ ရက်နေ့ကတည်းက ရမခ တာဝန်ရှိသူတွေနဲ့ အဆက်အသွယ်မရတော့ပါဘူးလို့ စကစ ပြောခွင့်ရ ဇော်မင်းထွန်းက ဝန်ခံ...

- MNDAA, TNLA တို့က  လားရှိုး ရမခ ကို သိမ်းပိုက်နိုင်ခြင်းအတွက် ဝမ်းမြောက်စွာဂုဏ်ပြုကြောင်း KNU, KNPP, CNF တော်လှန်ရေးအဖွဲ့ ၃ ခုစုပေါင်း သဝဏ်လွှာပေးပို့...

- ထန်တလန်မြို့ရှိ  ခလရ ၂၆၉ တပ်စခန်းကုန်းကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး လက်နက်အများအပြား ရရှိ...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၂)ရက်မြောက် ကျောက်မဲမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ PSLF/ TNLA- က သတင်းထုတ်ပြန်...

- ဘာတိုက်ပွဲမှ မရှိတဲ့ ကွတ်ခိုင်မြို့ဈေးကို စစ်တပ်က ပေါင် (၅၀၀) ဗုံး လာကြဲတဲ့အတွက် အရပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ...

- စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား (၁၅)ဦးကို သူတို့ဆန္ဒအလျာက် နေရပ်ပြန်ပို့ပေးလိုက်တယ်လို့ PDF-MDY က သတင်းထုတ်ပြန်...

- ထားဝယ်မြို့နဲ့ ၆ မိုင်အကွာလောက်မှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာက နေအိမ်တွေကို သြဂုတ် ၅ ရက် မွန်းလွဲ ၃ နာရီကစပြီး စစ်တပ်က မီးရှိ့ုနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, August 4, 2024

ရမခ-တိုင်းမှူးနှင့်အဖွဲ့ကို MNDAA က ဖမ်းမိ... မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ...


ရမခ-တိုင်းမှူးနှင့်အဖွဲ့ကို MNDAA က ဖမ်းမိ... မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းက စစ်တပ်စခန်း KIA သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

၅/၈/၂၀၂၄

လားရှိုးအခြေစိုက် ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကို MNDAA (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်) နဲ့ ပူးပေါင်းတပ်တွေကသိမ်းပိုက်စဉ် ရမခ-တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး အပါအဝင် အရာရှိများကို လက်ရ ဖမ်းမိတယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖော်ပြပါတယ်။

ရမခ ဌာနချုပ်ကို ဩဂုတ် ၃ ရက်မှာ သိမ်းပိုက် စဉ် မနက် ၉  ခွဲလောက်မှာ တိုင်းမှူးကို ဖမ်းမိတယ်၊ စကခ (၁) မှူးကိုတော့ အကျဉ်းထောင် ဘက်ကနေ တပ်ပြန်ဆုတ်လာချိန် အမြောက်တပ်ထဲမှာ ဖမ်းမိတယ်၊ စစ်ဦးစီးမှူးကို ဖမ်းမိတဲ့အချိန်တော့ အတိအကျ မသိရသေးဘူး။ ဖမ်းမိတဲ့ အရာရှိ အတော်များတယ်လို့ စစ်ဘက် သတင်းရပ်ကွက်က ပြောတယ်လို့ ဆိုပါတယ်။

လက်နက်ချတဲ့ ဦးရေကတော့ သြဂုတ် ၄ ရက်၊ နေ့လယ်ပိုင်းအထိ ၅ ထောင်နီးပါး (၄,၇၈၃) ဦး ရှိနေပြီလို့လည်း ဖော်ပြပါတယ်။ ဒါပေမယ့် အခုချိန်အထိ လက်နက်မချဘဲ ခုခံနေသူတွေလည်း ရှိနေဆဲလို့ ဆိုထားပါတယ်။

MNDAA ကတော့ ရမခ ကို လုံးဝ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃ ရက် ညနေပိုင်းမှာ ကြေညာပြီးတဲ့နောက် နောက်ဆက်တွဲ ကြေညာချက် မတွေ့ရသေးပါဘူး။ UWSA ၀ အဖွဲ့ လားရှိုး-ဆက်ဆံရေးရုံးကတော့... လားရှိုးရှိ ပြည်သူတွေ တယ်လီဖုန်းနဲ့ အင်တာနက်သုံးဖို့အခက်ခဲရှိရင် ဝ-ဆက်ဆံရေးရုံးကို လာပြီး ဂြိုဟ်တု WIFI အသုံးပြုနိုင်တယ်လို့ ထုတ် ပြန်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

-  နောင်ချိုနဲ့ ကျောက်မဲ့မှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းကနေတိုးမြှင့် တိုက်ခိုက်လာတယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်...

- မန္တလေးတိုင်း၊ စဉ့်ကူးမြိုနယ်မှာ တိုက်ပွဲမဖြစ်ပေမဲ့ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၁၃ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF-MDY က သတင်းထုတ်ပြန်...

- မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းရှိ စစ်ကောင်စီစခန်းတွေကို ဩဂုတ် ၁ ရက်မှာ စတင် ထိုးစစ် ဆင်ပြီး စခန်းကြီးဖြစ်တဲ့ တီယန်ဇွပ် စခန်းကို ဩဂုတ် ၂ ရက်မှာ သိမ်းပြီးတဲ့နောက် ဩဂုတ် ၃ ရက်မှာ စခန်းငယ် အင်ဆွပ်ကို သိမ်းလိုက်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြော...

- ကရင်နီမှာတော့ ဇူလိုင် တလတာ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းမိတယ်လို့ KNDF (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ပြောင်းကို နောက်ပြန်လှည့်ရမယ့်အချိန် ရောက်နေပြီလို့ ပြောချင်ပါတယ်”


“ပြောင်းကို နောက်ပြန်လှည့်ရမယ့်အချိန် ရောက်နေပြီလို့ ပြောချင်ပါတယ်”

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၄- ၈- ၂၀၂၄)

“အာဏာရူး၊ သမ္မတရူး ရူးနေတဲ့ ဒီလူဆက်ရှိနေရင် တပ်မတော်ရဲ့အခြေအနေဟာ ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်ဆိုတာကို တပ်မှူး-တပ်သားတွေ သိသင့်ပါတယ်။ ဒီအချိန်ဟာ ပြောင်းကို နောက်ပြန်လှည့်ရမယ့်အချိန် ရောက်နေပြီလို့ပဲ ပြောချင်ပါတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

လားရှိုးအခြေစိုက် ရမခ စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တာ၊ ဒဏ်ရာရသူတွေကိုချန်ထားပြီး ရမခ ခေါင်းဆောင်ပိုင်းတွေထွက်ပြေးသွားတာ၊ အောက်ခြေတပ်တွေရဲ့ အခြေအနေမှန်ကို မလေ့လာပဲ သမ္မတရူး၊ အာဏာရူး ရူးနေတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွင့်မယ် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ရမခ ကို တော်လှန်ရေးတပ်တွေက သိမ်းပြီးတဲ့နောက် ရှမ်းမြောက်ဒေသမှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

- ရှမ်း-မန်း စစ်ဆင်ရေးဆိုတဲ့အတိုင်း ရမခ ပြီးရင် လပခ ဖက်ကို စစ်ဦးလှည့်လာနိုင်သလား...

- အောက်ခြေက စစ်သားတွေရဲ့ အသက်နဲ့ဘဝကို အလေးမထားပဲ အာဏာရူး၊ သမ္မတရူး ရူးနေတဲ့ စစ်ကောင်စီဥက္ကဌကို တပ်မတော်သားတွေက ဘယ်လို တုန့်ပြန်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, August 3, 2024

“စစ်တပ်ရဲ့ အားနည်းချက်ကို မြောက်ပိုင်းညီနောင်အဖွဲ့တွေက ကောင်းကောင်းသိသွာ...


“စစ်တပ်ရဲ့ အားနည်းချက်ကို မြောက်ပိုင်းညီနောင်အဖွဲ့တွေက ကောင်းကောင်းသိသွားပြီ”

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၃- ၈- ၂၀၂၄)

“စစ်တပ်ရဲ့ အားနည်းချက်ကို ဘယ်လိုရှာဖွေတိုက်ခိုက်ရမလဲဆိုတာ မြောက်ပိုင်းညီနောင်အပါဝင် တော်လှန်ရေးတပ်တွေက ကောင်းကောင်းသိသွားပြီ၊ ရမခ ကို မသိမ်းခင်ကတည်းက အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲ အဖွဲ့တွေပါ ပါလာတယ်ဆိုကတည်းက သေချာပေါက် သိမ်းနိုင်မယ်လို့ သူတို့တွက်ထားပြီးသားပါ” လို့  CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

မြန်မာ့သမိုင်းမှာ ပထမ ဆုံးကြိမ်အဖြစ် စစ်တိုင်းဌာနချုပ်တခုကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွင့်မယ် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ရမခ သိမ်းပိုက်မှု နောက်ဆုံးအခြေအနေ...

- စစ်ကောင်စီတပ်တွေ လက်နက်မချပဲ တနေရာရာကို ဆုတ်ပြေးသွားတာလား...

- စစ်ရှုံးဒဏ်ကို မခံနိုင်လို့ စစ်ဗိုလ်ချုပ်တွေ သေကြောင်းကြံနေတယ်ဆိုတာ တကယ်လား...

- လားရှိုးမှာ လေကြောင်းတိုက်ခိုက်မှု မလုပ်ရဲတာ UWSA တပ်တွေ ရှိနေလို့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လားရှိုးကနေ မန္တလေးဖက်ကို စစ်ဦးလှည့်လာမလား...ဒီအချိန်မှာ တပ်မတော်သားတွေ ဘာလုပ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။ အခု မေးမြန်းချက်ကို ရမခ သိမ်းပိုက်မှု အတည်ပြုချက်မရသေးခင် မွန်းလွဲ ၃ နာရီခန့်က မေးမြန်းထားတာဖြစ်ပါတယ်)။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, August 1, 2024

မိုးမိတ်မြို့သိမ်းတိုက်ပွဲ လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိ... သံတွဲကမ်းခ...


မိုးမိတ်မြို့သိမ်းတိုက်ပွဲကနေ လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိ... သံတွဲကမ်းခြေမှာ AA က စစ်ရှိန်မြှင့်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအဖြစ် မိုးမိတ်မြို့ကို ဇူလိုင် ၃၁ ရက်၊ နေလယ်တနာရီခန့်မှာ အပြီးသိမ်းပိုက်လိုက်ပြီး လေယာဉ်ပစ် လက်နက်အပါဝင် လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိတယ်လို့ PSLF/TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့နယ်ရှိ စကခ-၂၁ လက်အောက်ခံ၊ ခမရ-၃၄၈၊ ခလရ ၂၂၃ နဲ့ ၂၇၆၊ အခြေချ ဗျုဟာ တခုလုံးကို ဇွန် ၂၇ မှာစတင်တိုက်ခိုက်ပြီး တလအကြာ ဇူလိုင် ၃၁ မှာ သိမ်းမိတာ ဖြစ်ပါတယ်။ ဗျုဟာကုန်းကို မသိမ်းခင်မှာတော့ ကင်းချောင်း၊ ရွှေသာယာ၊ လက်ခုပ်ပင်၊ မိုင်တိုင်(၆)တပ်စခန်းအပါဝင် ရဲစခန်းနဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို အရင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဖက်က Jet Fighter ၊ Y12၊ ရဟတ်ယာဉ်အပါဝင် လေကြောင်းပစ်ကူအဆက်မပြတ်လုပ်နေတဲ့ကြားက အခုလို မိုးမိတ်မြို့ကို သိမ်းနိုင်ခဲ့တာလို့ဆိုပါတယ်။

သိမ်းမိလက်နက်တွေထဲမှာတော့ လေယာဉ်ပစ်လက်နက်၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ၊ RPG အပါဝင် လက်နက်မျိုးစုံ ၄၀၀ ကျော်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွဖေါ်ပြထားပါတယ်။ မိုးမိတ်တိုက်ပွဲမှာ TNLA နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ PLA- ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မိုးမိတ်ဟာ ၁၀၂၇ ဒုတိယလှိုင်းအတွင်း TNLA နဲ့ မဟာမိတ်တွေသိမ်းပိုက်တဲ့ တတိယမြောက်မြို့ဖြစ်ပြီး အခြား ၂ မြို့ကတော့ နောင်ချိုနဲ့ မိုးကုတ်ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးကတော့ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားပြီး MNDAA နဲ့ မဟာမိတ်တွေကတော့ လားရှိုးမြို့ကို အပြီးသတ်သိမ်းနိုင်ရေး ဆောင်ရွက်နေတာ တွေ့ရပါတယ်။

မိုးမိတ်မြို့သိမ်း တော်လှန်ရေးတပ်တွေကို ဒေသခံလူထုက ကြိုဆိုနေတဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေတာလည်း တွေ့ရပါတယ်။

ဒါ့အပြင်...

- လားရှိုး ရမခ ဌာနချုပ် ဝန်းကျင်မှာတော့ တိုက်ပွဲပြင်းထန်နေပေမယ့် လေယာဉ်ကွင်းအပါဝင် နေရာအတော်များများကို MNDAA- က သိမ်းထားနိုင်ပြီဟုဆို...

- မြစ်ကြီးနား – ဆွမ်ပရာဘွမ့် လမ်းပေါ်ရှိ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA- က ထိုးစစ်ဆင်...

- စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာမြိုနယ်၊ အောင်ချမ်းသာရွာက အပြစ်မဲ့အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ...

- ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၄ လက်သိမ်းမိ...

- သံတွဲ၊ ဂွနဲ့ ပင်လယ်ပြင်မှာ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကို အပြီးသတ်သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့တွက် သြဂုတ်လ ၁ ရက်နေ့ကစပြီး အရပ်သားလှေတွေ ဒီဒေသအတွင်း သွားလာမှုမလုပ်ကြဖို့ AA က အသိပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More