Thursday, December 29, 2022

နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်းဆောင် ၅ ဦး...



နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်းဆောင် ၅ ဦး...

(၂၉ -၁၂-၂၀၂၂)

မကြာခင်ရက်ပိုင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားချက်တွေကို နှစ်ချုပ် စုစည်းချက်အဖြစ် BNN က တင်ပြပေးနေပါတယ်။

ဒီနေ့မှာတော့ ၂၀၂၂ ခုနှစ်အတွင်း BNN က ဆက်သွယ်မေးမြန်းခွင့်ရတဲ့ နွေဦးတော်လှန်ရေးထဲက လူငယ်ခေါင်ေးဆာင် ၅ ဦးရဲ့ ငြိမ်းချမ်းစွာဆန္ဒပြပွဲကနေ လက်နက်ကိုင်တော်လှန်ရေးထဲ ဘာကြောင့်ပါဝင်လာရသလဲ...ဆိုတဲ့ ပြောကြားချက်ကို စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။

- မကွေးတိုင်း ရေစကြိုမြို့နယ် ပကဖ အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ရဲဘော်ဝေကြီး...

- ကရင်ပြည်နယ်အခြေစိုက် ကော်ဘရာစစ်ကြောင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မျိုးသူရကိုကို...

- စစ်ကိုင်းတိုင်း မြောင်မြို့နယ် အမျိုးသမီးစစ်သည်တော်များအဖွဲ့က အမရာ...

- စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က PDF ခေါင်းဆောင် ဗိုလ်နဂါး...

-  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုတိယ စစ်ဦးစီး- မာဝီ ... -တို့ရဲ့ ပြောကြားချက်တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, December 28, 2022

“ERO ဆက်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှူ အားကောင်းလာသလိုမျိုး အညာဒေသမှာပါ လု...



“ERO ဆက်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှူ အားကောင်းလာသလိုမျိုး အညာဒေသမှာပါ အားကောင်းလာအောင် လုပ်ဖို့ လိုအပ်နေပါတယ်”

(ဦးသန်းစိုးနိုင်၊ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)

(၂၉ -၁၂-၂၀၂၂)

“၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (ERO) ရှိရာဒေသမှာ ပြည်သူကာကွယ်ရေးတပ် (PDF) လှုပ်ရှားမှုအတော့်ကိုအားကောင်းလာတာတွေ့ရပေမယ့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းပါဝင်တဲ့ အညာဒေသမှာတော့ အားနည်းနေဆဲဖြစ်တာကို တွေ့ရတယ်” လို့ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း နွေဦးတော်လှန်ရေးတပ်တွေဖက်က တပ်တည်ဆောက်မှု၊ စစ်ဆင်ရေးလှုပ်နိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- တော်လှန်ရေးတပ်တွေဖက်က နယ်မြေ ၅၀% ကျော် တကယ် ထိန်းချုပ်ထားနိုင်ပြီလား...

- ERO တပ်တွေနဲ့ PDF တပ်တွေကြား ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာသလဲ...

- စစ်ကိုင်း-မကွေး အညာဒေသစစ်မျက်ဆီ NUG က ကူညီပေးမှု အားနည်းနေသလား...

- စစ်ကောင်စီတပ်တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်အောင် ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NDAA ဥပဒေပါ အကူအညီတွေရလာရင် ၂၀၂၃ မှာ နွေဦးတော်လှန်ရေး မှန်းထားတာထက် ပိုအားကောင်းလာနိုင်သလား...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်မှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

တော်လှန်ရေးတပ်ဖွဲ့များ အမိန့်နာခံမှုအားနည်းနေသည့်အပေါ် သူတို့ ဘယ်လိုမြင...



တော်လှန်ရေးတပ်ဖွဲ့များ အမိန့်နာခံမှုအားနည်းနေသည့်အပေါ်  သူတို့ ဘယ်လိုမြင်သလဲ...

(၂၈-၁၂-၂၀၂၂)

မကြာခင်ရက်ပိုင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားချက်တွေကို နှစ်ချုပ် စုစည်းချက်အဖြစ် BNN က တင်ပြပေးနေပါတယ်။

ဒီနေ့မှာတော့ တော်လှန်ရေးတပ်တွေကြားမှာ စုဖွဲ့မှုအားနည်းခြင်း၊ အမိန့်နာခံမှုအားနည်းခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုကုစားသင့်သလဲ- ဆိုတဲ့ အချက်ကို တင်ပြထားပါတယ်။

- တမူးမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုအပေါ် NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောရဲ့ ပြောကြားချက်...

- အမိန့်နာခံမှုအားနည်းနေသေးတဲ့အပေါ် စစ်ရေးဝေဖန်သူ ဦးသန်းစိုးနိုင်ရဲ့ ထောက်ပြချက်...

- PDF, LDF, ပကဖ၊ ပအဖ၊ ပလဖ စသဖြင့် တပ်တွေ အမျိုးမျိုးကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုနေတဲ့အကြောင်း ရေစကြိုက ပကဖ က ရဲဘော်ဝေကြီးရဲ့ အကြံပြချက်...

- အမိန့်စီးဆင်းမှုအားကောင်းအောင် တကွဲတပြားဖြစ်နေတဲ့ တပ်စုငယ်တွေကို စုပေါင်းပြန်ဖွင့်သင့်ကြောင်း အကြံပြုထားတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုတိယ စစ်ဦးစီး မာဝီ တို့ရဲ့ ပြောကြားချက်ကို စုစည်းတင်ပြလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, December 27, 2022

“၂၀၂၂ မှာ ပေးဆပ်မှု အတော်များခဲ့တာကြောင့် ၂၀၂၃ မှာ အောင်မြင်မှုတွေ ပိုရလ...


“၂၀၂၂ မှာ ပေးဆပ်မှု အတော်များခဲ့တာကြောင့် ၂၀၂၃ မှာ အောင်မြင်မှုတွေ ပိုရလာဖို့ မျှော်လင့်ပါတယ်”

(ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၈-၁၂-၂၀၂၂)

“မကြာခင် ကုန်ဆုံးတော့မယ် ၂၀၂၂ ခုနှစ်အတွင်း ပြည်သူတွေဖက်က အသက်၊ အိုးအိမ်တွေများစွာပေးဆပ်ခဲ့ရတဲ့အတွက် လာမယ့် ၂၀၂၃ ဟာ အဲဒီပေးဆပ်မှုကနေ အသီးအပွင့်တွေပြန်ရမယ့်နှစ်၊ အောင်မြင်မှုတွေ ရလာမယ့်နှစ်ဖြစ်ဖို့မျှော်လင့်တယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ် အပေါ်သုံးသပ်ချက်နဲ့ လာမယ့် ၂၀၂၃ ခုနှစ်အပေါ် မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- အလှုပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေများလာနေခြင်းဟာ လူထုက နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုနည်းလာတဲ့သဘောလား...

- ၂၀၂၂ ဟာ ပြည်သူတွေ အနာခံရတဲ့နှစ်ဖြစ်ပြီး ၂၀၂၃ ဟာ အသာစံခွင့်ရနိုင်တဲ့နှစ်ဖြစ်လာနိုင်သလား...

- စစ်ကောင်စီကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပါတီအတုတွေ တကယ်ဝင်ပြိုင်နိုင်ခြေရှိနေသလား...

- UNSC က တောင်းဆိုထားတဲ့အတိုင်း အားလုံးပါဝင်ခွင့်ရတဲ့ ဆွေးနွေးပွဲ ၂၀၂၃ မှာ ဖြစ်ပေါ်လာနိုင်ခြေရှိသလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

AA ရဲ့ ယာယီ အပစ်ရပ်မှုအပေါ် သူတို့ ဘယ်လိုမြင်သလဲ...


AA ရဲ့ ယာယီ အပစ်ရပ်မှုအပေါ် သူတို့ ဘယ်လိုမြင်သလဲ...

(၂၇-၁၂-၂၀၂၂)

မကြာခင်ရက်ပိုင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားချက်တွေကို နှစ်ချုပ် သုံသပ်ချက်အဖြစ် BNN က စုစည်းတင်ပြပေးနေပါတယ်။

ဒီနေ့မှာတော့ ရခိုင်တပ်တော် AA က ရခိုင်လူထု ရင်ဆိုင်နေရတဲ့ အရေးပေါ် ရိက္ခာအခက်အခဲကိုဖြေရှင်းနိုင်ဖို့အတွက် ယာယီ အပစ်ခတ်ရပ်စဲရေးလုပ်လိုက်တဲ့အပေါ်...
- နိုင်င်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်...

-ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးနဲ့ 

- ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုတိယ စစ်ဦးစီး မာဝီ တို့ရဲ့ ပြောကြားချက်ကို စုစည်းတင်ပြလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, December 26, 2022

“၂၀၂၂ မှာ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက အခြေမလှမှုတွေကို ကောင်းကောင်းမြင်ခ...


“၂၀၂၂ မှာ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက အခြေမလှမှုတွေကို ကောင်းကောင်းမြင်ခဲ့ရပါတယ်”

(ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၇-၁၂-၂၀၂၂)

“၂၀၂၂ ခုနှစ်အတွင်း နွေဦးတော်လှန်ရေးရဲ့ တဆင့်ပြီးတဆင့်အောင်မြင်မှုတွေကိုမြင်ခဲ့ရသလို စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက အခြေမလှမှုတွေကိုလည်း ကောင်းကောင်းမြင်ခဲ့ရတယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ် အပေါ်သုံးသပ်ချက်နဲ့ လာမယ့် ၂၀၂၃ ခုနှစ်အပေါ် မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- UNSC ရဲ့ဆုံးဖြတ်ချက်က မြန်မာနိုင်ငံအတွက် ဘယ်လောက်အရေးကြီးသလဲ...

- နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုတွေက NUG ကို တရားဝင်အသိအမှတ်ပြုလိုက်တဲ့သဘောလား...

- ၂၀၂၂ အတွင်း NUG နဲ့  ERO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ တိုးတက်အားကောင်းလာသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ မှာ UNSC က တိုက်တွန်းတဲ့အတိုင်း တွေ့ဆုံဆွေးနွေးရေးဖြစ်လာနိုင်သလား၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ တဖက်သတ်ရွေးကောက်ပွဲပဲဖြစ်လာနိုင်သလား...ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, December 24, 2022

NDAA ဥပဒေအပေါ် သူတို့ ဘယ်လိုမြင်သလဲ...


NDAA ဥပဒေအပေါ် သူတို့ ဘယ်လိုမြင်သလဲ...

(၂၄-၁၂-၂၀၂၂)

အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA (၂၀၂၃) ကို သမ္မတဘိုင်ဒန်က မနေ့က (ဒီဇင်ဘာ ၂၃) က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

Burma Act ကို ပေါင်းထည့်ထားတဲ့ ဒီဥပဒေပါ အချက်တွေက မြန်မာ့နွေဦးတော်လှန်ရေးကို ဘယ်လိုများ အထောက်အကူဖြစ်စေနိုင်သလဲ၊ စစ်ပြေးဒုက္ခသည်တွေအတွက် ဘယ်လို အကူအညီရနိုင်သလဲ၊ PDF, ERO တွေအတွက်ကော ဘယ်လို နည်းပညာအကူအညီတွေ ရလာနိုင်သလဲ၊ လူသတ်-ရွာမီးရှို့လုပ်နေတဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းကိုကော ဒီဥပဒေအရ တကယ်အရေးယူနိုင်တော့မလား...

ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာ၊ KNU ပြောခွင့်ရ ပဒိုစောတောနီး၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်၊ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ရဲ့ ပြောကြားချက်တွေကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, December 20, 2022

“အမေရိကန်အစိုးရက တိုက်ရိုက်ကူညီလာရင်တော့ ထိုင်း-နယ်စပ်ဖြတ် အကူညီပေးရေးက ...



“အမေရိကန်အစိုးရက တိုက်ရိုက်ကူညီလာရင်တော့ ထိုင်း-နယ်စပ်ဖြတ် အကူညီပေးရေးက ဖြစ်ကိုဖြစ်လာမှာပါ”

(ဗညားခွန်အောင် - ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၂၁-၁၂-၂၀၂၂)

“အမေရိကန်အစိုးရဖက်ကသာ  စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးမယ်ဆိုရင် ထိုင်းအစိုးရဖက်က နယ်စပ်ဖြတ်ကူညီပေးရေးကို ခွင့်ပြုလာလိမ့်မယ်“ လို့ သူယုံကြည်ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - (KHRG) ညွှန်ကြားရေးမှူူး ဗညားခွန်အောင်က ပြောပါတယ်။

အမေရိကန် လွှတ်တော်ကအတည်ပြုလိုက်တဲ့ NDAA ဥပဒေအရ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်တွေကို နယ်စပ်ဖြတ် ကူညီပေးမှု လုပ်နိုင်မယ့်အလားအလာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- အမေရိကန်ကပေးမယ့် အကူအညီအပေါ် မြေပြင်မှာရှိတဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ဘယ်လိုရှုမြင်ထားသလဲ...

- ရှမ်းပြည်နယ်ရောက် ကရင်နီစစ်ပြေးဒုက္ခသည်တွေကို စစ်ကောင်စီက ပြန်မောင်းထုတ်နေသလား...

- ထိုင်း-နယ်စပ်ဖြတ် အကူအညီပေးရေး ဘယ်လောက်အထိ တိုးတက်လာနိုင်သလဲ...

- စစ်ကောင်စီဖက်က အသာစီးရနေတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးရန်ကို တော်လှန်ရေးတပ်တွေဖက်က ဘယ်လိုတုန့်ပြန်ကြမလဲ...

- စစ်ပြေးဒုက္ခသည်တွေ ဘယ်တော့ အိမ်ပြန်နိုင်ခြေရှိသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

“NDAA ဥပဒေက မြေပြင်မှာ လူ့အခွင့်အရေးမှတ်တမ်း ပြုစုနေသူတွေကို ခွန်အားဖြစ်...



“NDAA ဥပဒေက မြေပြင်မှာ လူ့အခွင့်အရေးမှတ်တမ်း ပြုစုနေသူတွေကို ခွန်အားဖြစ်စေပါတယ်”

(ဗညားခွန်အောင် - ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၂၀-၁၂-၂၀၂၂)

“အမေရိကန် လွှတ်တော်က အတည်ပြုလိုက်တဲ့ NDAA ဥပဒေပါ အချက်တွေဟာ မြေပြင်မှာ လူ့အခွင့်အရေးမှတ်တမ်းပြုစုနေသူတွေကို ခွန်အားဖြစ်စေတယ်။ ဒီဥပဒေကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို တားဆီးပြီး ပြစ်မှုကျုးလွန်သူတွေကို အရေးယူနိုင်မယ့် လမ်းကြောင်း ပိုပွင့်လာလိမ်မ့ယ်” လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - (KHRG) ညွှန်ကြားရေးမှူူး ဗညားခွန်အောင်က ပြောပါတယ်။

မနှစ်က ဒီအချိန်မှာဖြစ်ပွားခဲ့တဲ့ ဖရူးဆိုမြို့နယ်က အရပ်သား ၄၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဘယ်လိုအရေးယူဆောင်ရွက်နေသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- ဖရူးဆိုက လူ ၄၀ မီးရှို့ သတ်ဖြတ်ခံရမှုအပေါ် NUCC က ဘယ်လိုအရေးယူ ဆောင်ရွက်နေသလဲ...

- တိုက်ပွဲမှာအရှင်ဖမ်းမိတဲ့ ခလ၇ ၁၀၈ က စစ်သားတွေဟာ ဒီအမှုကို ကျုးလွန်သူတွေလား...

- NDAA ဥပဒေက ဒီလိုအမှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဘယ်လောက်အထိ တွန်းအားဖြစ်စေသလဲ...

- NDAA ဥပဒေကြောင့် စစ်ကောင်စီဖက်က လူ့အခွင့်အရေးချိုးဖောက်မှု လျော့ကျသွားနိုင်သလား... ဒါမှမဟုတ် ပိုဆိုးလာနိုင်သလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NDAA ဥပဒေအရ ဒုက္ခသည်တွေကို ထိုင်းနယ်စပ်ကနေ ဖြတ်ပြီး အကူအညီပေးမှူ ပိုတိုးပြီးရလာနိုင်သလား- ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Sunday, December 18, 2022

“ပြစ်မှုကျုးလွန်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေ ပြေးပေါက်မရှိပါဘူး“



“ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့အတိုင်း ပြစ်မှုကျုးလွန်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေ ပြေးပေါက်မရှိပါဘူး“

(ဦးအောင်မျိုးမင်း - လူ့အခွင့်အရေးဝန်ကြီး - NUG)

(၁၉ - ၁၂- ၂၀၂၂)

“ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့အတိုင်း ပြစ်မှုကျုးလွန်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေ ပြေးပေါက်မရှိအောင် နိုင်ငံတကာက အရေးယူဖို့ပြင်နေတယ်။ ၂၀၂၃ မှာ စစ်ကောင်စီကျဆုံးခန်းကို မြင်လာရမှာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်လာတဲ့ အမေရိကန်ရဲ့ NDAA ဥပဒေ၊ EU ရဲ့ စီးပွားရေးဒဏ်ခတ်မှု၊ UN ကနေ ဦးကျော်မိုးထွန်းကို သက်တန်းတိုးပေးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- လက်မဟုတ်တဲ့ နည်းပညာအကူအညီထဲမှာ ဘာတွေ ပါနိုင်သလဲ...

- ပြစ်မှုကျုးလွန်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေကို အရေးယူနိုင်ရေးက လက်တွေ့မှာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ...

- ဦးကျော်မိုးထွန်းကို UN က သက်တန်းတိုးပေးခြင်းဟာ သံတမန်တိုက်ပွဲမှာ စစ်ကောင်စီ ကျဆုံးခြင်းလား...

- ၂ နှစ်ပြည့်နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ဘယ်လောက်အထိ အရှိန်ကောင်းလာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Saturday, December 17, 2022

“အမေရိကန်က အကူအညီပေးသလိုမျိုး EU ဖက်လည်း ကူညီပေးမယ့်အလားအလာ အများကြီးရှိ...


“အမေရိကန်က အကူအညီပေးသလိုမျိုး EU ဖက်လည်း ကူညီပေးမယ့်အလားအလာ အများကြီးရှိနေတာကို တွေ့ရပါတယ်”

(ဦးအောင်မျိုးမင်း - လူ့အခွင့်အရေးဝန်ကြီး - NUG)

(၁၈-၁၂-၂၀၂၂)

“မြန်မာ့နွေဦးတော်လှန်ရေးကို အကူအညီပေးဖို့ အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ NDAA ဥပဒေဟာ ဥရောပသမဂ္ဂ EU အတွက် တွန်းအားဖြစ်စေပြီး EU ကပါ အလားတူ အကူအညီပေးမှုတွေဆောင်ရွက်လာမယ့် အလားအလာအများကြီးရှိနေတာကို တွေ့ရတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဥရောပပါလီမန်မှာ မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ကြားခံရတဲ့ ဝန်ကြီး ဦးအောင်မျိုးမင်းကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- အီးယူ-အာဆီယံ အစည်းအဝေးက မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားသလဲ...

- NUG ဝန်ကြီးကို ဥရောပပါလီမန်က ဖိတ်ကြားခြင်းဟာ NUG ကို တရားဝင်အသိအမှတ်ပြုခြင်းလား...

- အမေရိကန်ရဲ့ NDAA ဥပဒေအရ ကူညီသလိုမျိုး EU ကလည်း မြန်မာ့အရေး ကူညီပေးလာနိုင်သလား...

- NDAA ဥပဒေပါ အချက်တွေကို NUG က ဘယ်လိုရှုမြင်ထားသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဦးကျော်မိုးထွန်းကို UN က သက်တန်းတနှစ်ထပ်တိုးပေးခြင်းအပါဝင် ၂ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးအင်အားစုအပေါ် နိုင်ငံတကာဖက်က ဘယ်လောက် အသိအမှတ်ပြုလာသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Friday, December 16, 2022

“နိုင်ငံကြီးတခုက ERO နဲ့ PDF တွေကို အသိအမှတ်ပြုတာဟာ နွေဦးတော်လှန်ရေး ရှေ...



“နိုင်ငံကြီးတခုက ERO နဲ့ PDF တွေကို အသိအမှတ်ပြုတာဟာ နွေဦးတော်လှန်ရေး ရှေ့တလှမ်းတိုးတာဖြစ်တယ်”

(ပဒိုစောတောနီး - KNU ပြောခွင့်ရပုဂ္ဂိုလ်)

(၁၆-၁၂-၂၀၂၂)

“အမေရိကန်ပြည်ထောင်စုလို သြဇာကြီးတဲ့ နိုင်ငံကြီးတခုက ERO နဲ့ PDF လို တော်လှန်ရေးသမားတွေ၊ NUCC တပ်ပေါင်းစုနဲ့ NUG အစိုးရတို့ကို NDAA ဥပဒေထဲ အသိအမှတ်ပြု လိုက်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် များစွာအထောက်အကူဖြစ်စေတယ်။ နှစ် ၇၀ တော်လှန်ရေးကာလအတွင်း ဒါဟာ ပထမ ဆုံးအကြိမ်ဖြစ်တဲ့အတွက် တော်လှန်ရေး ရှေ့တလှမ်းတိုးလာခြင်းဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကို ကူညီပေးမှုတွေပါဝင်တဲ့ NDAA ခေါ် အမျိုးသားကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ဥပဒေကို ပြီးခဲ့တဲ့သီတင်းပတ်မှာ အမေရိကန်အောက်လွှတ်တော်ကအတည်ပြုပြီး မနေ့က အထက်လွှတ်တော်က အတည်ပြုလိုက်တာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- စစ်ကောင်စီတပ်အတွင်း သေဆုံး၊ ထွက်ပြေးမှု ဘယ်လောက်အထိ များလာနေသလဲ...

- စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တော်လှန်ရေးတပ်တွေ ဘယ်လိုကာကွယ်ကြမလဲ...

- NDAA မှာပါတဲ့ နည်းပညာအကူအညီဆိုတာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက် အကျိုးရှိနိုင်သလဲ...

- ၂ နှစ်နီးပါးကြာ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

အသက် ၆၀-နီးပါးအရွယ် အဖိုးအိုတဦး၏ မွေးနေ့စကား...

 အသက် ၆၀-နီးပါးအရွယ် အဖိုးအိုတဦး၏ မွေးနေ့စကား...

-----

(၁၆-၁၂-၂၀၂၂)



မွေးနေ့ဆုတောင်းပေးသူအားလုံး ကျေးကျေးပါ။


ဒီနှစ်မွေးနေ့က အပေါ်က ခေါင်းစဉ်မှာပါတဲ့အတိုင်း အသက် ၆၀ နားကပ်လာပြီဆိုတော့ အသက်အကြောင်း နည်းနည်းပြောချင်ပါတယ်။ 


ငယ်စဉ်အခါကတော့ အသက် ၄၀ ဆိုရင် အဖိုးကြီးဖြစ်ပြီလို့ ထင်ထားတာပါ။ တကယ်တန်း ကိုယ်တိုင် အသက် ၄၀-ပြည့်တဲ့အခါ -“ဘဝဟာ အသက် ၄၀-မှ စတယ်”-ဆိုပြီး ခံယူကျင့်သုံးခဲ့ပေါ့။ ၅၀-ရောက်တော့လည်း ဒီလိုပါပဲ၊ အသက်ကြီးတယ်လို့ မခံစားမိပါဘူး။


အဲ... အခု ၆၀-နားနီးလာတဲ့အခါမှာတော့ တိုက်တိုက်ဆိုင်ဆိုင်  အပေါ်က ခေါင်းစဉ်ပါ စာသားကို သတင်းထဲထည့်ပြောတဲ့ အမေရိကန်အခြေစိုက် ဘော်ဘော်ကြီးများရဲ့ သတင်းဌာနကို စိတ်ဆိုးပါတယ်။ နာမဝိသေသနကို သတင်းထဲ ထည့်စရာလား...


အဲတော့... ဘဝမှာ အသက်က အရေးကြီးသလား...။ အမေရိကားဖက်ကိုပြန်လှည့်ရမယ်ဆိုရင် အိုဘားမားက အသက် ၄၀ ကျော်မှာ သမ္မတဖြစ်တယ်။ လက်ရှိ သမ္မတဘိုင်ဒန်က အသက် ၇၀ ကျော်မှ သမ္မတဖြစ်တယ်။ အသက်ငယ်တဲ့လူက စွမ်းဆောင်ရည်ပိုကောင်းသလား... အသက်ကြီးတဲ့လူက ပိုကောင်းသလား...။


ပြောဖို့ခက်ပါတယ်။ ဆိုလိုတာက အသက်ဟာ ကိန်းဂဏန်းတခုသာဖြစ်တယ်ဆိုတဲ့ အယူအဆကို အသက်ကြီးလာသူတွေ လက်ကိုင်ထားစေချင်ပါတယ်။ အဲလို ကိုင်မထားဘူးဆိုရင် ငါ အသက်ကြီးပြီးပဲ... အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲ၊ လူသားချင်းစာနာမှုတိုက်ပွဲ၊ ဘာတိုက်ပွဲ ညာတိုက်ပွဲတွေ မပါသင့်တော့ဘူး...“အေးရာအေးကြောင်း ဘုန်းကြီးကျောင်း”- သွားနေတာပဲ ကောင်းပါတယ်ဆိုတဲ့ အမြင်မျိုး ဝင်သွားနိုင်ပါတယ်။


အဲ... အဲလို အသက်ကိုမေ့ထားပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ကတော့ ကျန်းမာရေးလည်း တစုံတရာကောင်းနေအောင် လေ့ကျင့်ထားဖို့လိုမယ်ထင်ပါတယ်။ မြန်မာအများစုက အသက် ၆၀ ဆိုရင် ကျန်းမာရေးမကောင်းတော့ဘူး။ ပင်စင်စားဖြစ်နေကြပြီ၊ ဆေးဝါးတမျိုးမျိုး မီဝဲနေရပြီ၊ လေ့ကျင့်ခန်းလုပ်ဖို့ထက် ဆေးစားဖို့ကို အလေးပေးနေပြီ... ဆိုတော့... “လက်ရှိ ဘဝကို တိုက်ပွဲဝင်ဖို့ထက် မမြင်ရတဲ့ နောက်ဘဝအတွက် ပြင်ဆင်သင့်ပြီ”... ဆိုပြီး ဘုန်းကြီးကျောင်းပဲ ဦးတည်နေကြတာတွေ့ရပါတယ်။


ကဲ... နည်းနည်းရှည်သွားပြီ။ နိဂုံးချုပ်ပါတော့မယ်။ အသက်ကြီးခြင်း၊ ငယ်ခြင်းဟာ ဘဝမှာ အဓိကအချက် မဟုတ်ပါ။ လက်ရှိအသက်အရွယ်မှာ သင်ဘလုပ်နေနိုင်သလဲဆိုတာကသာ အဓိကဖြစ်မယ်ထင်ပါတယ်။


ဆိုတော့...ဘ၀ မှာလုပ်ဖူးတဲ့အလုပ်ကလည်း ၂ ခုပဲရှိပါတယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ သူပုန်ဘဝနဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့အမှန်တရားကိုလေးစားတဲ့ သတင်းထောက်အလုပ်။


အခုဆို ဒီအလုပ် ၂ ခုကိုလုပ်လာတာ ၃၅ နှစ်ထဲဝင်လာပြီ။ ပန်းတိုင်ကရောက်တော့မလိုလိုနဲ့ ပြန်-ပြန် နောက်ဆုတ်သွားတာနဲ့ ကြုံနေရဆဲ...


ဆိုတော့... ဒီနေ့လူငယ်တွေရဲ့ ဦးဆောင်မှုအောက်မှာ ဒီပန်းတိုင်ကိုရောက်အောင် အားလုံး ပူးတွဲချီတက်နိုင်မယ်လို့ ယုံကြည်ပါတယ်။


ဆက်လုပ် ရဲဘော်ကြီးများ...။


အားလုံး စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်က အမြန်ဆုံး လွတ်မြောက်ပါစေ။


ထက်အောင်ကျော်

(၁၆-၁၂-၂၀၂၂)။

ဥရောပမဲဇာ တနေရာ။

Thursday, December 15, 2022

“ဘယ်နေရာမှပဲ တိုက်ပွဲဖြစ်ဖြစ်၊ တိုက်ပွဲတိုင်းက စစ်အာဏာရှင်ပြုတ်ကျရေးကို ...



“ဘယ်နေရာမှပဲ တိုက်ပွဲဖြစ်ဖြစ်၊ တိုက်ပွဲတိုင်းက စစ်အာဏာရှင်ပြုတ်ကျရေးကို ဦးတည်နေတာဖြစ်တယ်”

(ပဒိုစောတောနီး - KNU ပြောခွင့်ရပုဂ္ဂိုလ်)

(၁၅-၁၂-၂၀၂၂)

“ဘယ်နေရာမှာပဲ တိုက်ပွဲဖြစ်ဖြစ်၊ စစ်အာဏာရှင်ပြုတ်ကျရေးကို ဦးတည်နေတိုက်ခိုက်နေတာဖြစ်တဲ့အတွက် ဒီကာလမှာပေါ်လာတဲ့တိုက်ပွဲတိုင်းဟာ နွေဦးတော်လှန်ရေးနဲ့ တနည်းမဟုတ်တည်း ဆက်စပ်နေတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

အခုရက်ပိုင်း ရှမ်းပြည်နယ်၊ တအာင်း-ပလောင်ဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတာနဲ့ ပတ်သက်ပြီး ဒီတိုက်ပွဲတွေနဲ့နွေဦးတော်လှန်ရေး ဆက်စပ်မှုရှိ မရှိ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်စခန်း ဘယ်နှစ်ခုကို ပူးပေါင်းတပ်တွေက ပြန်သိမ်းခဲ့သလဲ...

- KNLA နဲ့ PDF တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- တအာင်းနယ်၊ ကိုးကန့်နယ်က တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေး ဘယ်လိုဆက်စပ်နေသလဲ...

- လူသားချင်စာနာမှု အပစ်ရပ်ရေးအပေါ် စစ်ကောင်စီက သဘောထားမှန်ရဲ့လား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NDAA ဥပဒေနဲ့ နိုင်ငံတကာရဲ့ကူညီစာနာမှုအပေါ် KNU ရဲ့အမြင်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Tuesday, December 13, 2022

“နှစ် ၇၀ သက်တန်းမှာ တခါမှမကြုံဖူးသေးတဲ့ ရှုံးနိမ့်မှုမျိုးကို စစ်အာဏာရှင...



“နှစ် ၇၀ သက်တန်းမှာ တခါမှမကြုံဖူးသေးတဲ့ ရှုံးနိမ့်မှုမျိုးကို စစ်အာဏာရှင်တွေ ကြုံတွေ့နေရတာဖြစ်တယ်”

(ဒေါ်ခင်ဥမ္မာ - Progressive Voice)

(၁၄-၁၂-၂၀၂၂)

“အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာရှင်ကြီးစိုးတဲ့ နှစ် ၇၀ ကာလအတွင်း တခါမှမကြုံဖူးသေးတဲ့ ရှုံးနိမ်မှုမျိုးကို ရင်ဆိုင်နေရာတာဖြစ်တယ်။ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွာေးရး၊ စစ်ရေး ဘက်ပေါင်းစုံမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့အတွက် ရှုံးမဲ မဲပြီး လေယာဉ်နဲ့ဗုံးကျဲ၊  ရွာတွေကိုမီရှို့ လုပ်လာနေတာဖြစ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုတာ၊ အမေရိကန်အစိုးရက NDAA ဥပဒေထဲ မြန်မာ့အရေးကူညီဖို့ပြောလာတာ၊ အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်မှုထပ်တိုးတာ၊ စစ်ရေးအရ PDF, ERO တွေဖက်က စခန်းသိမ်းတိုက်ပွဲအထိ တိုးတက်လာနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- အမေရိကန်ရဲ့ NDAA ဥပဒေထွက်လာအပြီးမှာ အခြားအနောက်နိုင်ငံတွေကပါ စီးပွားရေးပိတ်ဆို့မှု တိုးလုပ်လာနိုင်သလား...

- ဦးကျော်မိုးထွန်းကို UN က သက်တန်းတိုးပေးလိုက်ခြင်းဟာ နွေဦးတော်လှန်ရေးကို ဘယ်လိုအကျိုးရှိစေနိုင်သလဲ...

- အာဆီယံ အထူးကိုယ်စားလှယ်က နေပြည်တော်မသွားပဲ ဘရာဆဲကိုရောက်လာခြင်းဟာ စစ်ကောင်စီကို ပိုအထိနာစေသလား...

- ၂ နှစ်နီးပါးကြာ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

“NDAA ဥပဒေထဲမှာ ERO နဲ့ PDF တွေကို နည်းပညာအရ အကူအညီပေးရေးဆိုတဲ့အချက်ပါတာ...



“NDAA ဥပဒေထဲမှာ ERO နဲ့ PDF တွေကို နည်းပညာအရ အကူအညီပေးရေးဆိုတဲ့အချက်ပါတာက ထူးခြားပါတယ်“

 (ဒေါ်ခင်ဥမ္မာ - Progressive Voice)

(၁၃-၁၂-၂၀၂၂)

“အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ထဲမှာ ERO (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ) နဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်များ) တွေကို နည်းပညာအရ အကူအညီပေးရေးဆိုတဲ့အချက်ပါလာတာဟာ နွေဦးတော်လှန်ရေးအတွက် ထူးခြားချက်ဖြစ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ NDAA ဥပဒေက မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဘယ်လိုများ အကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုပြိး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- NDAA ဥပဒေမှာ မြန်မာ့အရေးနဲ့ဆက်စပ်တာ ဘာတွေပါသလဲ...

- ERO နဲ့ PDF တွေကို နည်းပညာအရ အကူအညီပေးရေးဆိုတာ ဘာကိုဆိုလိုတာလဲ...

- စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူပေးနေတဲ့ ကုပဏီတွေ အရေးယူခံရတော့မလား...

- လူသားချင်းစာနာတဲ့ အကူအညီတွေ ဘယ်တော့ စရလာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် UN က သက်တန်း ထပ်တိုးပေးတာအပါဝင် နှေးပေမယ့် တဖြေးဖြေးတိုးတက်လာနေတဲ့ နိုင်ငံတကာရဲ့ နွေဦးတော်လှန်ရေးအပေါ် အားပေးမှူအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Sunday, December 11, 2022

 ကျွန်းပြန်ကြီး ဦးလှိုင်တင်သို့ သတိရခြင်း





(၁၁-၁၂-၂၀၂၂)


ကျွန်းပြန်တဦးဖြစ်တဲ့ ထားဝယ်နယ်က နိုင်ငံရေးသမား ဦးလှိုင်တင် ပြီးခဲ့တဲ့ရက်ပိုင်းက (၉ -၁၂-၂၀၂၂) ကွယ်လွန်သွားတယ်ကြားရလို့ စိတ်မကောင်းဖြစ်မိပါတယ်။


အခု ပြန်လည်ဖေါ်ပြနေတဲ့ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီးမှာ သူ့အကြောင်း (အခန်း ၂၆- အပိုင်း ၂-မှာ) ထည့်ပြောခဲ့ပေမယ့် ကျွန်းပြန်ဆိုတာကို ဖေါ်ပြဖို့ မေ့ကျန်ခဲ့ပါတယ်။


သူနဲ့ NLD အဖွဲ့ဝင်အချို့ ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလ၊ စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့်အဖွဲ့ မင်းသမီးစခန်းဆီလာပြီး နောက်ပိုင်း သူတို့အဖွဲ့ မင်းသမိးစခန်းဆီ ရောက်လာခဲ့ပါတယ်။


သူပုန်ကျောင်းသား ဆောင်းပါးမှာ ဖေါ်ပြထားတဲ့အတိုင်း အဲဒီကာလက ကျနော်တို့ လူငယ်တွေဟာ စစ်တိုက်ဖို့ပဲ အားသန်နေတဲ့အတွက် ဦးလှိုင်တင်တို့လို သက်ကြီး-ဝါကြီးတွေနဲ့ စကားအသေချာမပြောဖြစ်ပါ။


နောက်ပိုင်းမှာတော့ အခြား ပါတီဝင်တွေနဲ့အတူ နတ်အိမ်တောင်ဖက် သူ ရောက်သွားပါတယ်။ နိုင်ငံရေးအခြေအနေမပြောင်းခင် သူနဲ့နယ်စပ်မှာ နောက်ဆုံးတွေ့တာ ၁၉၉၆ နှောင်းပိုင်း (ထုံပါဖုန်ု-ပင်စီကနေ) သုခစခန်းဆီသွားတဲ့လမ်းက တဲတလုံးမှာလို့ထင်ပါတယ်။


အဲဒီနောက်ပိုင်း လူချင်းပြန်တွေ့တာ (နှစ် ၂၀ ကြာပြီးမှ) ၂၀၁၆ ခုနှစ် ထားဝယ်က 7 July အခမ်းအနားမှာ။ ချိန်းထားတာမဟုတ်ပဲနဲ့ အဲဒီအခမ်းနားမှာ ကျောင်းသားသမိုင်းကြောင်းပြောဖို့ ဖိတ်ကြားခံရသူတွေထဲ ကျောင်းသားဟောင်းတွေဖြစ်တဲ့ သူနဲ့ ကျနော် ပါလာတာပါ။


ဖိတ်ကြားသူတွေက လက်ရှိ အသက် ၂၀ တန်းကျောင်းသားတွေ။ ဦးလှိုင်တင်က ၁၉၆၂ ကျောင်းသား၊ ကျနော်က ၁၉၈၈ ကျောင်းသား၊ ပြီးတော့ လက်ရှိ အသက် ၂၀ တန်းကျောင်းသားတွေနဲ့ ထားဝယ်မြို့တော်ခန်းမရဲ့ စင်မြင့်ပေါ်မှာ ဆွေးနွေးရတာပါ။


အဲဒီအချိန်ဟာ NLD အစိုးရ အာဏာရကာစဆိုတော့ အားလုံးဟာ အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ်လို့ မျှော်လင့်ထားချိန်ပေါ့။ ကျနော်တို့စကားဝိုင်းရှေ့မှာလည်း NLD ဝန်ကြီးတွေ၊ အမတ်မင်းတွေ နားထောင်နေတာတွေ့ရပါတယ်။


အခုတော့ စစ်တပ်က အာဏာသိမ်းလိုက်လို့ အခြေအနေတွေက အားလုံးပြောင်းကုန်ပြီ။ ရှေ့မှာနားထောင်နေတဲ့ ဝန်ကြီးတွေ၊ အမတ်မင်းတွေထဲက အချို့ ထောင်ထဲရောက်၊ အချို့တောထဲရောက်၊ အချို့ လက်နက်ကိုင် တော်လှန်ရေးကို ဦဆောင်နေ။


စင်ပေါ်မှာပြောနေတဲ့ ဓာတ်ပုံထဲက လူတွေကိုပြန်ကြည့်တော့ ၁၉၆၂ မျိုးဆက် ဦးလှိုင်တင်က အခု ကွယ်လွန်သွားပြီ။ ၈၈ မျိုးဆက် ကျနော်က ပြည်ပကနေ မပြန်နိုင်သေး၊ ၂၀၁၆ မျိုးဆက်တွေထဲက ကိုမင်းလွင်ဦးနဲ့ ကိုသန့်ဇင်တို့က နွေဦးတော်လှန်ရေးထဲမှာ...


တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျောင်းသားမျိုးဆက်တဦး ကျဆုံးသွားပေမယ့် ကျန်မျိုးဆက်တွေက သူတို့ပခုံးပေါ်ကျလာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ သမိုင်းပေးတာဝန်တွေကို ဆက်လက် ထမ်းရွက်နေဆဲ...


၂၀၁၆ ခုနှစ် 7 July က ပုံကိုပြန်ကြည့်ရင်း...


ရဲဘော်ကြီး ဦးလှိုင်တင် အား အလေးပြုလိုက်ပါတယ်။



ထက်အောင်ကျော်

(၁၁-၁၂-၂၀၂၂)

Saturday, December 10, 2022

“လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဗျုဟာက အေ...



“လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဗျုဟာက အောက်တန်းကျတဲ့ စစ်တိုက်နည်းဖြစ်တယ်”

(မာဝီ- ဒုတိယ စစ်ဦးစီး - KNDF)

(၁၀-၁၂-၂၀၂၂)

“လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ဗျုဟာက အောက်တန်းကျတဲ့ စစ်တိုက်နည်းဖြစ်တယ်၊ တကယ်သတ္တိရှိရင် လက်နက်ကိုင်ထားသူအချင်းချင်း ဒဲ့ တိုက်ဖို့ စိန်ခေါ်တယ်“ လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ အတွင်းရေးမှူး ၂ လည်းဖြစ်၊ ဒုတိယ စစ်ဦးစီးလည်းဖြစ်တဲ့ မာဝီ ကပြောပါတယ်။

စစ်ကောင်စီတပ်တွေက လက်နက်ကိုင်၊ လက်နက်မဲ့ မခွဲခြားပဲ ရွာတွေကိုမီးရှိုံ။ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေပါမချန် ပစ်ခတ်တိုက်ခိုက်နေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း စစ်ကူပေးနိုင်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- NUG နဲ့ဒေသခံတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုရှိသလဲ....

- စစ်ကောင်စီကတပ်က လက်နက်ကိုင်အချင်းချင်း မတိုက်ရဲလို့ လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလား...

- ပန်းတိုင်တူတဲ့ တော်လှန်ရေးတပ်တွေအားလုံး ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Friday, December 9, 2022

“ရန်သူက လာမတိုက်ခင် ကိုယ်က အရင်သွားတိုက်ဖို့လိုပါတယ်”



“ရန်သူက လာမတိုက်ခင် ကိုယ်က အရင်သွားတိုက်ဖို့လိုပါတယ်”

(မာဝီ- အတွင်းရေးမှူး ၂- ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်)

(၉-၁၂-၂၀၂၂)

“ပွင့်လင်းရာသီမှာ စစ်ကောင်စီက ထိုးစစ်ဆင်လာမယ့်သဘောရှိတဲ့အတွက် သူလာမတိုက်ခင် ကိုယ်က အရင်လက်ဦးမှုယူပြီး တိုက်ခိုက်ရေးလုပ်ဖို့လိုအပ်တယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ အတွင်းရေးမှူး ၂ လည်းဖြစ်၊ ဒုတိယ စစ်ဦးစီးလည်းဖြစ်တဲ့ မာဝီ ကပြောပါတယ်။

ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ နယ်မြေစိုးမိုးနိုင်မှု၊ တပ်တည်ဆောက်ရေးနဲ့ နွေဦးတော်လှန်ရေး ၂ နှစ်နီးပါးတာ ဖြတ်သန်းမှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- စစ်ကောင်စီတပ်သား ၄ ဦးအရှင်ဖမ်းမိတဲ့ နောက်ဆုံး တိုက်ပွဲအခြေအနေ...

- ပွင့်လင်းရာသီမှာ တိုက်ပွဲတွေပိုများလာနိုင်သလား...

- စစ်ကောင်စီက လေကြောင်းနဲ့ အနိုင်ကျင့်နေဆဲလား...

- တပ်တည်ဆောက်ရေးနဲ့ တိုက်ခိုက်ရေးကို ဘယ်လိုဟန်ချက်ညီ ဆောင်ရွက်နေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂ နှစ်တာကာလ သုံးသပ်ချက်ပါဝင်တဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Thursday, December 8, 2022

“လေယာဉ်ပစ်လက်နက်ရှာတာအပြင် လေယာဉ်တက်မလာနိုင်အောင် မြေပြင်မှာ လုပ်နိုင်တာ...



“လေယာဉ်ပစ်လက်နက်ရှာတာအပြင် လေယာဉ်တက်မလာနိုင်အောင် မြေပြင်မှာ လုပ်နိုင်တာလုပ်ဖို့လည်း လိုအပ်ပါတယ်”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)

(၈-၁၂-၂၀၂၂)

“တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေယာဉ်ပစ်လက်နက်ရှာဖွေတာအပြင် အဲဒီစစ်လေယာဉ်တွေ ကွင်းကနေတောင် တက်မလာနိုင်အောင် မြေပြင်မှာ လုပ်နိုင်တာတွေ လုပ်ဖို့ လိုအပ်နေတယ်” လို့  နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေသေကြေနေရတဲ့အပေါ် ကာကွယ်နိုင်ဖို့အတွက် NUG သမ္မတက နိုင်ငံတကာ အစိုးရတွေဆီ လေယာဉ်ပစ်လက်နက် တောင်းခံနေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ERO ဒေသလှုပ်ရှားမှုနဲ့ အညာဒေသလှုပ်ရှားမှုကို ဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- စစ်ကောင်စီရဲ့ လေကြောင်းကနေ အနိုင်ကျင့်နေမှုအပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...

- အမိန့်စီးဆင်းမှု အားကောင်းအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- ၂၀၂၃ အတွက် တော်လှန်ရေးအလားအလာ ဘယ်လိုရှိလာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Wednesday, December 7, 2022

“စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရ...



“စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ဆောင်ရမယ်“

(ဦးကျော်ဇော - NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)

(၈-၁၂-၂၀၂၂)

“ဆယ်စုနှစ်နဲ့ချီပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရထားသလိုဖြစ်နေတဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက လူသတ်မှုဆက်ကျုးလွန်နေတဲ့အတွက် ဒါကို မဖြစ်မနေအရေးယူရမယ်၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) မဖြစ်မနေ လုပ်ဆောင်ရမယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။

ရိုက်တာသတင်းဌာနက စီစဉ်တဲ့ နိုင်ငံတကာဆွေးနွေးပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ တွေ့ဆုံဆွေးနွေးရေးအခြေခံ မူ ၄-ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီတွေ တကယ်ရလာနိုင်ခြေရှိသလား...

- ငွေကြေးနဲ့ လက်နက်အခက်အခဲကို ဘယ်လိုဖြေရှင်းနေသလဲ...

- NUG ရဲ့ ပြန်လည်သင့်မြတ်ရေးမူဝါဒက ဘာလဲ...

- တမူးမြို့က ဖြစ်စဉ်အပေါ် NUG က ဘယ်လိုအရေးယူဆောင်ရွက်နေသလဲ...

- ၂ နှစ်နီးပါးကြာလာနေပြီဖြစ်တဲ့ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းနိုင်တဲ့အထိ တိုးတက်လာနေပေမယ့် လိုအပ်ချက...



“စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းနိုင်တဲ့အထိ တိုးတက်လာနေပေမယ့် စုစည်းညီညွတ်မှုဖက်မှာ လိုအပ်ချက်ရှိနေသေးတယ်”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)

(၇-၁၂-၂၀၂၂)

“ERO နဲ့ PDF ပူူးပေါင်းထားတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတွေကို သိမ်းပိုက်နိုင်တဲ့အထိ အခြေအနေတွေတိုးတက်လာနေပေမယ့် အမိန့်စီးဆင်းမှုစနစ်နဲ့ တစုတစည်းတည်းလုပ်ဆောင်နိုင်ရေးဖက်မှာ လိုအပ်ချက်ရှိနေသေးတယ်” လို့ နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ERO အဖွဲ့တခုဖြစ်တဲ့ ရခိုင့်တပ်တော် AA ရဲ့ အပစ်ရပ်မှု၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေအရှိန်မြင့်လာနေမှု၊ ERO နဲ့ PDF တွေကြား ပူူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- AA အဖွဲ့ အပစ်ရပ်ခြင်းက နွေဦးတော်လှန်ရေးကို အားလျော့စေသလား...

- ကိုးကန့်ဒေသတိုက်ပွဲက စစ်ကောင်စီကို အထိနာစေသလား...

- ERO နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ မှာ အပြန်အလှန်ထိုးစစ်ဆင်ရေး ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Tuesday, December 6, 2022

“ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ပေးနိုင်ဖို့ လေယာဉ်ပစ်လက်နက် လိုအပ်နေပါတယ်”


“ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ပေးနိုင်ဖို့ လေယာဉ်ပစ်လက်နက် လိုအပ်နေပါတယ်”

(ဦးကျော်ဇော - NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)

(၇-၁၂-၂၀၂၂)

အာဏာသိမ်းစစ်ကောင်စီက လေယာဉ်တွေအသုံးပြုပြီး ဗုံးကျဲတာ၊ ရွာမီးရှို့တာ၊ စာသင်ကျောင်းနဲ့ဆေးရုံပါမချန် ပစ်ခတ်နေတာတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် လေယာဉ်ပစ်လက်နက်လိုအပ်တယ်၊ ဒီလိုအပ်ချက်အတွက် သမ္မတကိုယ်တိုင် နိုင်ငံတကာဆွေးနွေးပွဲမှာ တင်ပြတောင်းဆိုတာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာသတင်းဌာနက စီစဉ်တဲ့ နိုင်ငံတကာဆွေးနွေးပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- လေယာဉ်ပစ်လက်နက်တောင်းခံမှု နောက်ဆက်တွဲအခြေအနေ ဘယ်လိုရှိသလဲ...

- အရင်တခါပြောထားတဲ့ ယဟတ်ယာဉ်ပစ်လက်နက်ကော အသုံးပြုနေပြီလား...

- စစ်ကောင်စီဖက်က ကျဆုံး-ထွက်ပြေးမှု ဘာကြောင့် ဒီလောက်များနေသလဲ...

- စစ်ဘေးရှောင်တွေအတွက် NUG က ဘယ်လိုကူညီဆောင်ရွက်ပေးနေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး NUG ရဲ့ နိုင်ငံရေးရပ်တည်ချက်အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Friday, December 2, 2022

“စုဖွဲ့မှုအားနဲ့လက်နက်အား ဒီထက်ပိုကောင်းရင် တော်လှန်ရေးက ဒီထက်ပိုအရှိန်က...


“စုဖွဲ့မှုအားနဲ့လက်နက်အား ဒီထက်ပိုကောင်းရင် တော်လှန်ရေးက ဒီထက်ပိုအရှိန်ကောင်းလာမယ်”

(ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်)

(၂-၁၂-၂၀၂၂)

“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုဖွဲ့မှုအားနဲ့ လက်နက်အားသာ ဒီထက်ပိုကောင်းလာမယ်ဆိုရင် နွေဦးတော်လှန်ရေးက အရှိန်ပိုကောင်းလာပြီး ပန်းတိုင်ကို မြန်မြန်ရောက်နိုင်မှာဖြစ်တယ်၊ ဒီအတွက် အားလုံးလက်တွဲဆောင်ရွက်ဖို့လိုတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဝေကြီးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ၊ ၂ နှစ်နီးပါးကာလ တော်လှန်ရေးဖြတ်သန်းမှုအခြေနေ၊ ရှေ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်တာကာလအတွင်း အဓိက စိန်ခေါ်ချက်က ဘာလဲ...

- နယ်မြေထိန်းချုပ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- စစ်မြေပြင်ရှိ လူငယ်တွေက ရှေ့နှစ်အတွက် ဘယ်လိုမျှော်လင့်ထားသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Thursday, December 1, 2022

“တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူတွေ အေးချမ်းစွာနေလို့ရတဲ့ အနေအထ...


“တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူတွေ အေးချမ်းစွာနေလို့ရတဲ့ အနေအထားရှိပါတယ်”

(ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်)

(၁-၁၂-၂၀၂၂)

“စစ်ကိုင်း-မကွေးနယ်စပ်တလျောက်မှာ တော်လှန်ရေးအားကောင်းတဲ့အတွက် စစ်ကောင်စီဖက်က စစ်ကြောင်းကြီးမထိုးတဲ့အချိန်ဆိုရင် တော်လှန်ရေးတပ်တွေ လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်တဲ့အပြင် ဒေသခံပြည်သူတွေဟာလည်း အေးချမ်းစွာနေလို့ရတယ်။ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို တော်လှန်ရေးတပ်တွေက ဆောင်ရွက်ပေးနေတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဝေကြီးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ၊ တိုက်ပွဲတွေအခြေအနေ၊ ပြည်သူ့အုပ်ချုပ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- စစ်ကိုင်း-မကွေးနယ်စပ်တလျောက်မှာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ ဘယ်လောက်အထိတိုးတက်နေပြီလဲ...

- PDF, LDF, ပကဖ၊ ပအဖ- စတဲ့အဖွဲ့တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ပေးနေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂-နှစ်ပါးကာလ ဖြတ်သန်းမှုအပေါ် သုံးသပ်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More