Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၂၅

ႏိုင္ငံျခားဘာသာစကား သင္တန္းနဲ႔ ေခတ္သစ္သေဘာၤသားမ်ား

အုပ္ခ်ဳပ္မႈကိစၥနည္းနည္း တည္ၿငိမ္လာတဲ့အခါမွာေတာ့ ေတာ္လွန္ေရးရဲ႕ ပင္မသင္တန္းေတြျဖစ္တဲ့ စစ္ေရး၊ ႏိုင္ငံေရး၊ ဆက္သြယ္ေရး၊က်န္းမာေရး၊ ေထာက္လွမ္းေရး ပညာဆုိင္ရာ ရက္ရွည္သင္တန္းေတြအျပင္ ဘာသာစကား ရက္တုိသင္တန္း အမ်ဳိးမ်ဳိးဖြင့္ဖို႔ က်ေနာ္တုိ႔ စီစဥ္ခဲ့ပါတယ္။ ပထမဆုံးဖြင္တဲ့ သင္တန္းက အဂၤလိပ္စာ အေျခခံသင္တန္းျဖစ္ၿပီး အဂၤလန္မွ ေက်ာင္းသားတဦးက ေစတနာ့၀န္ထမ္းအျဖစ္ လာသင္ေပးပါတယ္။ ဒါေပမယ့္ ပထမ ၃-၄ ရက္ေလာက္ပဲ သင္တန္းသား ၂၀ ေလာက္ တက္ၿပီး တျဖည္းျဖည္းနဲ႔ နည္းနည္း သြားတဲ့အတြက္ သင္တန္းဆရာလည္း စိတ္ပ်က္ၿပီး ျပန္သြားပါတယ္။

 ပင္လယ္ျပင္တပ္စုမႉး ကုိေက်ာ္ရ (အိတ္အ၀ါ လြယ္ထားသူ) အပါ၀င္ ေကာ္မတီ၀င္ တခ်ိဳ႕နဲ႔ တပ္မႉးငယ္တခ်ိဳ႕ကို တပ္ရင္းညီလာခံအၿပီး ေတြ႔ရစဥ္

ဒုတိယဖြင့္တဲ့သင္တန္းကေတာ့ ထီးထာက ကရင္အမ်ဳိးသမီးနဲ႔ လက္ထပ္ထားတဲ့ ထုိင္းေက်ာင္းဆရာတဦး ဖြင့္တဲ့ ထုိင္းစာသင္တန္းပါ။ A-B-C-D အပါ၀င္ စကားလုံး ၂၆ လုံးကုိ အေျခခံထားတဲ့ အဂၤလိပ္စာကုိ ျမန္မာႏိုင္ငံက ေက်ာင္းေတြမွာ က်ေနာ္တုိ႔သင္ဖူးၿပီးျဖစ္တဲ့အတြက္ သိပ္အထူးအဆန္း မဟုတ္ပါ။ ဒါေပမယ့္ ေကာကုိင္၊ ေခၚခုိင္၊ ေခါခူးဝပ္ အပါ၀င္ စကားလုံး ၄၄ လုံးကို အေျခခံထားတဲ့ ထုိင္းစာကေတာ့ ျမန္မာႏိုင္ငံမွာတုန္းက က်ေနာ္ တခါမွမသင္ဖူးသလုိ ၾကားလည္းမၾကားဖူး၊ ျမင္လည္းမျမင္ဖူးတဲ့အတြက္ တကယ့္ကို အသစ္အဆန္း ျဖစ္ေနပါတယ္။

"စ၀ါဒီခပ္” … “စဘုိင္ဒီမုိင္” … “ပုိင္-ကန္ခ်နပူရီ” ထက္ ပုိမေျပာတတ္ဘဲ ထုိင္းထဲ ခဏခဏသြားေနရတဲ့ က်ေနာ္အဖို႔ ထုိင္းစာဟာ မတတ္မျဖစ္ တတ္ထားသင့္တဲ့အတြက္ မျဖစ္မေန သင္မယ္ဆုိၿပီး အားခဲထားပါတယ္။ ဒါေပမယ့္ ကံကဆုိးခ်င္ေတာ့ သင္တန္းက တပတ္ေတာင္မခံပါဘူး။ ေဟြးနန္းေခါင္နဲ႔ ထီးထာၾကားမွာ ထုိင္းေက်ာင္းဆရာ ဆုိင္ကယ္ေမွာက္လို႔ ေဆး႐ံုတက္လုိက္ရတယ္ဆုိၿပီး အဲဒီ သင္တန္းပ်က္သြားပါတယ္။

ေနာက္ထပ္ဖြင့္တဲ့ သင္တန္းကေတာ့ မဟာမိတ္ဆံေရးမွာ မျဖစ္မေန ေနစဥ္အသုံး၀င္မယ့္ ကရင္ဘာသာစကား ျဖစ္ပါတယ္။ ဒီတႀကိမ္အတြက္ ဆရာကေတာ့ အေ၀းကေန လာသူမဟုတ္။ က်ေနာ္တုိ႔တပ္ရင္း ေဆးတပ္ဆြယ္မွ ဆရာခင္ေဇာ္ျဖစ္ပါတယ္။ ဘာေၾကာင့္မွန္းေတာ့မသိ။ ေက်ာင္းသားေတြက သူ႔ကုိ သရာအီးသာလို႔ ေခၚၾကပါတယ္။

ကရင္စာဟာ ထုိင္းစာလုိ အသစ္အဆန္း မဟုတ္ဘူးလို႔ ထင္ရေပမယ့္ အေသခ်ာ ဖတ္ၾကည့္ေတာ့ တလုံးမွ နားမလည္ပါ။ အခုေနာ္ေ၀းမွာ က်ေနာ္သင္ေနရတဲ့ ေနာ္ေ၀းစာနဲ႔ အဂၤလိပ္စာ ကြာသလုိ ကရင္စာနဲ႔ ျမန္မာစာကြာတယ္လို႔ ထင္မိပါတယ္။ ဘာေၾကာင့္လဲဆုိရင္ အဂၤလိပ္ေရာ။ ေနာ္ေ၀းပါ လက္တင္စကားလုံးကို အေျခခံထားေပမယ့္ အသံထြက္မတူ၊ အဓိပၸာယ္မတူတဲ့အတြက္ ဘာသာစကား ၂ ခုဟာ နီးစပ္သလုိလုိနဲ႔ အခ်င္းခ်င္း နားမလည္ၾကပါဘူး။ ဒီလုိပါပဲ၊ ျမန္မာနဲ႔ ကရင္စာဟာလည္း သာမန္ၾကည့္လုိက္ရင္ အေျခခံထားတဲ့ စကားလုံးေတြက အတူတူလို႔ ထင္ရေပမယ့္ အသံထြက္မတူ အဓိပၸာယ္မတူတဲ့အတြက္ အခ်င္းခ်င္း နားမလည္ၾကပါဘူး။

ေနာက္ပုိင္းမွာ အဂၤလိပ္စာသင္တန္းေတြ မၾကာခဏ ထပ္ဖြင့္ျဖစ္ေပမဲ့ ထုိင္းစာနဲ႔ ကရင္စာကေတာ့ အဲဒီတႀကိမ္ပဲ ဖြင့္ဖူးတယ္လို႔ က်ေနာ္အမွတ္ရေနပါတယ္။ အဲဒီကာလက က်ေနာ္တုိ႔ ေက်ာင္းသားေတြ အဂၤလိပ္စာ ကြ်မ္းက်င္မႈ အေျခေနကုိေျပာရမယ္ဆုိရင္ “ေခြးအလွည္းနင္းခံရသလုိ” အသံထြက္ မမွန္။ ၀ါက်မမွန္တဲ့ အက်ဳိးအပဲ့ စကားလုံးေတြနဲ႔ အလုပ္ျဖစ္ေအာင္ မနည္းေျပာေနရတဲ့ အေျခေနမ်ဳိးပါ။
ဗဟုိနဲ႔ နယ္ေျမေကာ္မီတီမွာ တာ၀န္ထမ္းစဥ္ကဆုိရင္ က်ေနာ္တုိ႔ စခန္းကေန ဗဟုိႏိုင္ငံျခားေရးဌာနမွာ တာ၀န္က်တဲ့ ဦးေအာင္ခင္ တေယာက္ပဲ အဂၤလိပ္စကား ေကာင္းေကာင္းေျပာတတ္တာကို ေတြ႔ရၿပီး က်န္ပုဂၢိဳလ္အားလုံး သူလုိကုိယ္လုိ ေခြးအလွည္းနင္းတဲ့အဆင့္ထက္ မေက်ာ္ၾကပါဘူး။

က်ေနာ္တုိ႔စခန္းရဲ႕ အေျခေနကို ေျပာရမယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔အယင္ ပထမဆုံး စခန္းေကာ္မီတီေခတ္က ေရွ႕ေန ကုိျမင့္သိန္း (၁၉၈၉-ေဖေဖာ္၀ါရီမွာ လုပ္ႀကံခံရသလုိလုိနဲ႔ ေပ်ာက္ဆုံးသြားသူ) တေယာက္ပဲ အဂၤလိပ္စကား ကြ်မ္းကြ်မ္းက်င္က်င္ ေျပာတတ္ၿပီး က်န္ေကာ္မတီ၀င္ေတြကေတာ့ သူလုိကုိယ္လို အဆင့္ထက္ မေက်ာ္ဘူးလို႔သိရပါတယ္။ က်ေနာ္တုိ႔ ေကာ္မတီေခတ္မွာေတာ့ ေဆးေက်ာင္းသားျဖစ္တဲ့ ကို၀င္းမင္းက အဂၤလိပ္စကား အေကာင္းဆုံးျဖစ္ပါတယ္။

ေနာက္တခါ ကံဆုိးတာလား၊ ကံေကာင္းတာလား မေျပာတတ္။ ကုိ၀င္းမင္းဟာ ထုိင္းထဲ ခရီးသြားရင္း ထုိင္းရဲက ဖမ္းမိၿပီး ေထာင္ထဲမွာ ၄၅ ရက္က်ခံခဲ့ရာက ထုိင္းစကားပါ နည္းနည္းတတ္လာတဲ့အတြက္ က်ေနာ္တုိ႔ ေကာ္မီတီထဲမွာေတာ့ ဒီပုဂၢိဳလ္ဟာ ဘာသာစကား အထူးခြ်န္ဆုံးသူ ျဖစ္ခဲ့ပါတယ္။ ကုိ၀င္းမင္း အပါအ၀င္ တျခားေက်ာင္းသားေတြ ေတာမခုိခင္ ျမန္မာႏိုင္ငံမွာတုန္းက အဂၤလိပ္စကား လက္ေတြ႔ေျပာဖူးျခင္း ရွိ မရွိိ အေသခ်ာတခါမွ မေမးျဖစ္ခဲ့ေပမယ့္ က်ေနာ္ကုိယ္တုိင္ကေတာ့ ေတာခုိၿပီး ႏိုင္ငံျခားသတင္းေထာက္ေတြ၊ NGO ေတြနဲ႔ေတြ႔မွ အဂၤလိပ္စကားကုိ လက္ေတြ႔ေျပာဖူးပါတယ္။

ျမန္မာႏိုင္ငံမွာတုန္းက အဂၤလိပ္စာကုိ ၅ တန္းကေန တကၠသိုလ္ေနာက္ဆုံးနွစ္အထိ ၁၀ နွစ္နီးပါး သင္ဖူးတယ္ဆုိေပမယ့္ အလြတ္က်က္ သင္လာတာသာျဖစ္ၿပီး ႏိုင္ငံျခားသားတဦးဦးနဲ႔ တခါမွ လက္ေတြ႔စကား မေျပာဖူးခဲ့ပါ။ ၿပီးေတာ့ သင္ေထာက္ကူ ပစၥည္းေတြျဖစ္တဲ့ ဗီဒီယုိေတြ၊ စီဒီေတြ၊ ကက္ဆက္ေတြလည္း မရွိတဲ့အတြက္ က်ေနာ္တုိ႔ကုိ သင္ေပးေနတဲ့ ဆရာကုိယ္တုိင္ အသံထြက္မွန္ မမွန္လည္း မသိပါ။ အဂၤလိပ္စကား လက္ေတြ႔ တခါမွမေျပာဖူးဘဲ အဂၤလိပ္စာျပဆရာ ျဖစ္ေနသူေတြ ထြက္တဲ့အသံကို အမွန္လို႔ယူၿပီး ၁၀ နွစ္နီးပါး အလြတ္က်က္လာခဲ့တာကုိ ေနာင္တရသလုိလုိ ျဖစ္ေနမိပါတယ္။

ေနာင္တရတယ္ဆုိေပမယ့္ အခု အဂၤလန္ႏိုင္ငံသားေတြကိုယ္တုိင္ ေတာထဲအထိ လာၿပီး သင္ေပးျပန္ေတာ့လည္း က်ေနာ္တုိ႔ေက်ာင္းသားေတြက သိပ္စိတ္၀င္တစား မရွိလွပါ။ ဘယ္ေလာက္အထိ စိတ္၀င္စားမႈ မရွိသလဲဆုိရင္ ေစတနာ့၀န္ထမ္း လာသင္ေပးတဲ့ အဂၤလိပ္ေက်ာင္းသားေတြသာ တဦးၿပီးတဦး ျမန္မာလုိတတ္ၿပီး ျပန္သြားၾကပါတယ္။ က်ေနာ္တုိ႔ က်ဳိးဖုိးေတြက “ေခြးအလွည္းနင္း” တဲ့ အဆင့္က မေက်ာ္ပါဘူး။

တခါ အဂၤလိပ္စာ လာျပေပးတဲ့ ေစတနာ့၀န္ထမ္း ႏိုင္ငံျခားေက်ာင္းသားေတြနဲ႔ က်ေနာ္တုိ႔ ေတာခုိ ေက်ာင္းသားေတြၾကား မတူညီတဲ့အခ်က္ကေတာ့ ႏိုင္ငံျခားေက်ာင္းသားေတြက Plan နဲ႔အလုပ္လုပ္ၿပီး က်ေနာ္တုိ႔က “မီးစင္ၾကည့္က” သုိ႔မဟုတ္ “ၾကည့္လုပ္္ၾကတာေပါ့” ဆုိတဲ့ Plan မရွိဘဲ လက္တန္းသြားတဲ့ သေဘာမ်ဳိးေတြ႔ရပါတယ္။ ဆုိလုိတာကေတာ့ လနဲ႔ခ်ီၿပီး သင္တန္းအခါခါ တက္ေပမယ့္ က်ေနာ္တုိ႔ ေတာခုိေက်ာင္းသားေတြဟာ အဂၤလိပ္စာကုိ မယ္မယ္ရရ မတတ္လုိက္ပါ။ ဒါေပမယ့္ ႏိုင္ငံတကာ ေက်ာင္းသားေတြကေတာ့ ၃ လေလာက္ ေတာထဲမွာေနၿပီးတာနဲ႔ ျမန္မာစကားနဲ႔စာကုိ အေျခခံ ေျပာတတ္၊ ေရးတတ္သြားၾကတာကုိ ေတြ႔ရပါတယ္။

အဲဒီလုိ ျမန္မာလုိတတ္သြားတဲ့ အဂၤလိပ္ေက်ာင္းဆရာေတြထဲက ထူးျခားသူတဦးကုိ ေဖာ္ျပရမယ္ဆုိရင္ ၁၉၉၇ ေဖေဖာ္၀ါရီလ မင္းသမီးခစန္းက်တဲ့အထိ က်ေနာ္တုိ႔နဲ႔ အတူေနခဲ့တဲ့ အဂၤလန္မွ ေစတနာ့၀န္ထမ္း ေက်ာင္းသားတဦးျဖစ္သူ ဂ်ိမ္းစ္ ေမာ္စလီ (James Mawdsley) ပဲ ျဖစ္ပါတယ္။ သူဟာ က်ေနာ္တုိ႔စခန္းက အျပန္မွာ ျမန္မာႏိုင္ငံထဲ၀င္ၿပီး ဆႏၵျပတဲ့အတြက္ န၀တကဖမ္းဆီးၿပီး ေထာင္ဒဏ္နွစ္ရွည္ခ်ခံခဲ့ရဖူးသူ။ အဲဒီ ေထာင္တြင္းအေတြအႀကံဳေတြကို My terror at the hands of the Burmese junta ဆိုၿပီးေဆာင္းပါး ေရးသားခဲ့ပါေသးတယ္။

ေက်ာင္းသားေတြဘက္ကို ျပန္ေကာက္ရမယ္ဆုိရင္ေတာ့ ေက်ာင္းသားအားလုံး အဂၤလိပ္စာကို စိတ္မ၀င္စားဘူးလို႔ေတာ့ ယတိျပတ္ ေျပာလို႔မျဖစ္္ပါဘူး။ အေတာ့္ကုိ အနည္းစုေလးကေတာ့ Dictionary ကုိေတာင္ အလြတ္က်က္တဲ့အထိ စိတ္၀င္စားတာမ်ဳိး က်ေနာ္ေတြ႔ဖူးပါတယ္။ က်ေနာ္ကုိယ္တုိင္လည္း Dictionary ထဲက စာလုံးေတြကို တေန႔ ၁၀ လုံး အလြတ္က်က္မယ္ဆုိရင္ တလ အလုံး ၃၀၀ ရမယ္။ တနွစ္ဆုိရင္ စာလုံး ၃၀၀၀ ေက်ာ္တတ္မယ္ဆုိၿပီး စီမံကိန္းခ် လုပ္တ့ဲ့အဖြဲ႔ထဲ ပါခဲ့ဖူးပါတယ္။ ဒါေပမယ့္ ထုံးစံအတုိင္း တပတ္ ဆယ္ရက္ေလာက္ လုပ္ၿပီးရင္ အဖ်ားရႈးသြားေလ့ရွိပါတယ္။

ထူးထူးျခားျခား က်ေနာ္တုိ႔ေက်ာင္းသားေတြ ေတာတြင္းကာလ ၁၀ နွစ္နီးပါးလုံးလုံး မပ်က္မကြက္ လုပ္ႏိုင္ခဲ့တာကေတာ့ စာလံုးဆက္ ကစားနည္း (Scrabble) ပဲ ျဖစ္ပါတယ္။ ေန႔လုံးေပါက္၊ ညလုံးေပါက္ ေဆာ့ဖူးတဲ့အခ်ိန္ေတြကို က်ေနာ္ အမွတ္ရေနဆဲ ျဖစ္ပါတယ္။
အဂၤလိပ္စကားလုံးေတြ ႂကြယ္ေအာင္ဆုိၿပီး ဒီလုိကစားၾကတာျဖစ္ေပမယ့္ ေနာက္ပုိင္းမွာေတာ့ ေကာ္ဖီတခြက္ေၾကး၊ ေနၾကာေစ့ တထုတ္ေၾကးဆုိၿပီး အေလာင္းစား သေဘာေလးနဲ႔ လုပ္လာပါတယ္။ ဒါေၾကာင့္ ေ၀ါဟာရ ႂကြယ္၀ေရးထက္ အႏိုင္ရေရးဘက္ကုိသာ ဦးစားေပးခဲ့ၿပီး စကားလုံးအသစ္ေတြ ရွာထည့္ေရးအစား အမွတ္မ်ားမ်ားရတဲ့ စကားလုံးေတြကိုသာ ထပ္ကာထပ္ကာ ေရြးထည့္ေနတာေၾကာင့္ စကားလုံးအသစ္လည္း သိပ္မတုိးလာခဲ့ပါဘူး။

၂၀၁ တပ္ရင္း ေဆးတပ္ဖြဲ႔မွ ရဲေမတခ်ဳိ႔
 
အဂၤလိပ္စာအတြက္ ေက်ာင္းသားအနည္းအက်ဥ္းက ဒီလုိ Dictionary ကုိ အလြတ္က်က္တဲ့အထိ ႀကိဳးစားေနေပမယ့္ လူမ်ားစုႀကီးကေတာ့ ဒါကုိ သိပ္ၾကည့္လို႔ ရပုံမေပၚပါဘူး။ သူပုန္လုပ္ပါတယ္ဆုိမွ ေသနပ္ပစ္နည္း၊ စစ္တုိက္နည္း မသင္ဘဲ အဂၤလိပ္စာသင္ေနသူေတြကို တခုခုလဲြေနသလုိ အျမင္ရွိေနၾကပါတယ္။ တည့္တည့္ေျပာရမယ္ဆုိရင္ ဒီလူေတြဟာ ေတာထဲမွာ မေနရဲသူ၊ ပင္ပန္းဆင္းရဲမႈဒဏ္၊ ေတာ္လွန္ေရးဒဏ္ကို မခံႏိုင္လို႔ ဘန္ေကာက္သြားၿပီး ဒုကၡသည္ ေလွ်ာက္ခ်င္ေနသူ၊ ႏိုင္ငံျခားထြက္ၿပီးပညာ သင္ခ်င္ေနတဲ့ “ပညာတတ္ အေခ်ာင္သမား” အျဖစ္ အျမင္ေစာင္းမႈေတြ ရဲေဘာ္ထုအၾကား ျဖစ္ေပၚေနပါတယ္။

ေနာက္တခါ အဲဒီကာလက ABSDF စခန္းအသီးသီးကေန တကၠသိုလ္ေက်ာင္းသား ၃၀ ကုိ ေရြးခ်ယ္ၿပီး ႏိုင္ငံျခားကုိ ပညာေတာ္သင္ ေစလြတ္မယ္လို႔ သတင္းတခု က်ယ္က်ယ္ေလာင္ေလာင္ ထြက္ခဲ့ပါေသးတယ္။ ဒီအတြက္ က်ေနာ္တုိ႔စခန္းက ၃ ဦး ေရြးခ်ယ္ခံရၿပီး ၁၉၉၀ ေနွာင္းပုိင္းမွာ ေစလႊတ္မယ္လို႔ သိရေပမယ့္ ဒီလုိလႊတ္သင့္ မလႊတ္သင့္နဲ႔ ပတ္သက္လို႔ ဗဟုိေကာ္မီတီအတြင္း သေဘာထားကဲြလြဲခဲ့တာကေန အဲဒီ အစီစဥ္ ပ်က္သြားတယ္လို႔ဆုိပါတယ္။

ဒါေပမဲ့ အခု ဒီအေၾကာင္း ေဆာင္းပါးေရးဖို႔ အေသခ်ာလုိက္ေမး ၾကည့္တဲ့အခါမွာေတာ့ အဲဒီသတင္းဟာ ေကာလာဟလသာျဖစ္ၿပီး ပညာေတာ္သင္စီမံကိန္းဆုိတာ တကယ္မရွိခဲ့ပါဘူးလို႔ အဲဒီကာလ ဗဟုိေကာ္မီတီ၀င္ေဟာင္းတခ်ဳိ႕က က်ေနာ္ကို ျပန္ေျပာျပခဲ့ပါတယ္။
ဘယ္လုိပဲ ျဖစ္ျဖစ္ အဲဒီကာလက တကၠသိုလ္ေက်ာင္းသားေတြ အဂၤလိပ္စာသင္တာကို ရာဇ၀တ္မႈ က်ဳးလြန္သလုိျမင္ခဲ့ၿပီး တကၠသုိလ္ေက်ာင္သားက ေသနပတ္ပစ္နည္းသင္တာကိုေတာ့ မွန္ကန္တဲ့ လုပ္ရပ္အျဖစ္ ျမင္ခဲ့မိတာေတြဟာ အခု နွစ္ ၂၀ ၾကာၿပီးခ်ိန္မွာေတာ့ မယုံႏိုင္စရာတခုလုိ ျဖစ္ေနခဲ့ပါေတာ့တယ္။


၂၀၁ တပ္ရင္း ပင္လယ္ျပင္စစ္ေၾကာင္းမွ တပ္စိတ္တစိပ္ကုိ ပုေလာေဒသမွ ကမ္းစပ္ရြာတခုအနီး ေတြ႔ရစဥ္

ေခတ္သစ္သေဘာၤသားမ်ား ပင္လယ္ျပင္မွာ သေဘၤာေမွာက္ျခင္း

ဒီလုိ အေထြေထြသင္တန္းေတြ၊ သေဘာတရား ျငင္းခုံမႈေတြနဲ႔ ေနစဥ္အလုပ္ရႈပ္ေနတဲ့ က်ေနာ္တုိ႔ စခန္းေကာ္မီတိီကုိ လႈပ္နႈိးလုိက္တဲ့ ျဖစ္ရပ္ကေတာ့ ပင္လယ္ျပင္ စစ္ေၾကာင္းကေန ၀င္လာတဲ့ အေရးေပၚ ေၾကးနန္းစာပဲ ျဖစ္ပါတယ္။ ျဖစ္ပုံကေတာ့ ေရွ႕ပုိင္း (အပိုင္း ၉ မွာ) တင္ျပခဲ့တဲ့အတုိင္း ၁၉၈၈ စက္တင္ဘာ ၁၈ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံဆီ ပထမဆုံး သြားေရာက္လည္ပတ္ခဲ့တဲ့ ႏိုင္ငံျခားေခါင္းေဆာင္ ထုိင္းကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ခ်ာဗလစ္ ေယာင္ခ်ာယုဟာ သစ္ထုတ္ခြင့္၊ ငါးဖမ္းခြင့္ေတြ နဝတအစိုးရနဲ႔ သေဘာတူခ်က္ ရလာပါတယ္။

ဒီစာခ်ဳပ္ေတြအရ ထုိင္းငါးဖမ္းေလွေတြဟာ ၿမိတ္ကြ်န္းစုအနီး ငါးလာဖမ္းေနၾကပါတယ္။
အဲဒီကာလ က်ေနာ္တုိ႔ရဲ႕ “ရန္သူ့လကၡာဏာ သတ္မွတ္ခ်က္” အရ “စစ္အာဏာရွင္စနစ္’” ဟာ ဘုံရန္သူျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီစနစ္ကုိ အေကာင္ထည္ေဖၚေနတဲ့ စစ္အစိုးရ သုိ႔မဟုတ္ န၀တကုိ ရန္သူအျဖစ္ သတ္မွတ္ထားပါတယ္။ တခါ အဲဒီရန္သူနဲ႔ ပူးတြဲစီးပြားလုပ္သူေတြ၊ ရင္းနွီးျမွဳပ္နွံမႈ လုပ္ေနသူေတြကို ရန္သူ႔အားေပးအျဖစ္ သတ္မွတ္ထားပါတယ္။ ဒီမူ၀ါဒရဲ႕လုပ္ငန္းစဥ္အျဖစ္ ပင္လယ္ျပင္မွာေတြ႔တဲ့ ရန္သူ႔အားေပးေလွကို ဖမ္းဆီးရွာေဖြဖို႔၊ ကလန္ကဆန္လုပ္ရင္ အေရးယူဖို႔ အခ်က္ေတြ ပါ၀င္ပါတယ္။


ေရွ့တန္းေရာက္ စစ္ေၾကာင္းတခု

ဒီတာ၀န္ေတြနဲ႔ ပင္လယ္ျပင္ဆီ စစ္ေၾကာင္းထြက္ေနတဲ့ တပ္စုမႉး ကိုေက်ာ္ရ (၁၉၉၂ မွာ ဘန္ေကာက္သံ႐ံုး ကတဆင့္ ျပန္၀င္သြားသူ) ဦးစီးတဲ့ စစ္ေၾကာင္းကေန ထုိင္းငါးဖမ္း ေလွႀကီးတစီးကို ဖမ္းမိထားတယ္။ ဒီေလွေပၚမွာ န၀တနဲ႔ ဖက္စပ္လုပ္ထားတဲ့ စာခ်ဳပ္ေတြလည္းပါတယ္။ အဲဒါ ဘယ္လို ဆက္လုပ္ရမလဲဆုိၿပီး က်ေနာ္တုိ႔ စခန္းေကာ္မတီဆီ ေၾကးနန္း၀င္လာတာပါ။

အဲဒီကာလဟာ မီဇူဟုိ (Mizuho) ဆက္သြယ္ေရးစက္ေတြ က်ေနာ္တုိ႔ ၀ယ္ထားႏိုင္ၿပီျဖစ္တဲ့အတြက္ “ဒစ္ဒစ္ ဒါဒါ” ေၾကးနန္းအျပင္ ေရွ႕တန္းနဲ႔ေနာက္တန္း တုိက႐ုိက္ စကားေျပာလို႔ ရေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ေလွကုိယ္စားလွယ္ေတြ က်ေနာ္တုိ႔စခန္းဆီလာၿပီး အခြန္လာေဆာင္ဖို႔။ အခြန္္ မေဆာင္မခ်င္း ေလွကိုဖမ္းထားဖို႔ စခန္းေကာ္မတီကေန ညႊန္ၾကားလုိက္ပါတယ္။
ဒါေပမယ့္ ေလွကိုယ္စားလွယ္ေတြ က်ေနာ္တုိ႔ခစန္းမွာ တကယ္တမ္း လာေဆြးေႏြးတဲ့အခါမွာေတာ့ ေရွ႕တန္းက ကုိေက်ာ္ရတုိ႔နဲ႔ ေျပာတာနဲ႔ ဒီမွာလာေျပာတာအၾကား ကဲြလြဲမႈေတြ ရွိေနပါတယ္။ ေနာက္တခါ က်ေနာ္တုိ႔တပ္က ေလွဖမ္းထားတဲ့ကိစၥကုိ ေလွပုိင္ရွင္က န၀တတပ္ဆီ သတင္းပုိ႔ၿပီး စစ္သေဘၤာေတြနဲ႔ လာ၀ုိင္းခုိင္းတယ္လို႔လည္း သတင္းေတြထြက္လာပါတယ္။

ဒီလိုနဲ႔ ေလွကုိယ္စားလွယ္ေတြနဲ႔ စခန္းေကာ္မတီ တာ၀န္ရွိသူေတြၾကား ေဆြးေႏြးမႈဟာ သိပ္အဆင္မေျပပါဘူး။ ဒီၾကားထဲ ပုိဆုိးတာက အဲဒီညမွာ မုိးေတြရြာၿပီး ရာသီဥတုဆုိးတဲ့အတြက္ ေရွ႕တန္းနဲ႔ စက္အဆက္သြယ္ လုံး၀ျပတ္သြားပါတယ္။
ေနာက္တေန႔ မုိးလင္းလို႔ ေၾကးနန္း၀င္လာေတာ့ န၀တ စစ္သေဘၤာေတြ တျဖည္းျဖည္းနီးလာလို႔ ေလွေပၚကလူေတြအားလုံးကို လႊတ္ေပး။ အေရးႀကီးပစၥည္းေတြကုိ သိမ္း၊ ဘတ္ေငြ သန္း ၄၀ ေလာက္တန္တဲ့ ေလွႀကီးကုိ ေဖာက္ခဲြဖ်က္ဆီးၿပီး ဆုတ္ေပးလုိက္ရပါတယ္တဲ့။ က်ေနာ္တုိ႔လည္း ဘာမွမတတ္ႏို္င္ေတာ့။ စစ္ေရးအေျခေနအရ မလုပ္မျဖစ္ လုပ္လုိက္ရတဲ့ စစ္ဆင္ေရးတခုအျဖစ္သာ သေဘာထား ခံယူလုိက္ရပါတယ္။

ဒါေပမယ့္ ျပႆနာက အဲဒီမွာတင္ ၿပီးသြားတာ မဟုတ္ပါဘူး။ ဒီေလွေဖာက္ခဲြတဲ့ သတင္းဟာ ဟုိးေလးတေက်ာ္ ျဖစ္သြားၿပီး ထုိင္းမီဒီယာေတြမွာ ပါလာပါတယ္။ ABSDF ဗဟုိနဲ႔ KNU ဗဟုိရွိရာ မာနယ္ပေလာအထိ ဒိီကိစၥ ေရာက္သြားၿပီး အဲဒီကာလ ABSDF ဥကၠ႒ ကုိမုိးသီးဇြန္နဲ႔ DAB ဥကၠ႒ ဗိုလ္ခ်ဳပ္ျမ တုိ႔ဆီအထိ ထုိင္းေလွ ကို္ယ္စားလွယ္ေတြက သြားေရာက္ တုိင္တန္းခဲ့တဲဲ့အတြက္ ေတာ္လွန္ေရး အသုိင္းအ၀ုိင္းၾကားမွာလဲ ဒီသတင္းက အေတာ့္ကုိ လႈပ္လႈပ္ရွားရွား ျဖစ္သြားခဲ့ပါတယ္။



ပင္လယ္ျပင္တပ္စုတခုကုိ ေတြ႔ရစဥ္

အနွစ္ျပန္ခ်ဳပ္ရရင္ေတာ့ ႏိုင္ငံေရး၊ စစ္ေရး အေျခေနေတြအရ လုပ္သင့္လို႔ လုပ္လုိက္တဲ့ စစ္ဆင္ေရးတခု ျဖစ္ေပမယ့္ က်ေနာ္တုိ႔ရဲ႕ အေတြ႔အႀကံဳ ႏုနယ္မႈနဲ႔ အက်ဳိးအျပစ္ေတြကို ေသခ်ာ ႀကိဳမတြက္ႏိုင္မႈေတြက ေဘးထြက္ဆုိးက်ဳိးေတြ ျဖစ္လာေစခဲ့ပါတယ္။ လက္ေတြ႔ ပထ၀ီအေနထား၊ ထုိ္င္းႏိုင္ငံနဲ႔ ဆက္ဆံေရး အေနထား၊ မဟာမိတ္ဆက္ဆံေရး အေနထားေတြအရ က်ေနာ္တုိ႔ စခန္းတာ၀န္ရွိသူေတြနဲ႔ ကုိေက်ာ္ရတုိ႔ အေတာ္ေလး က်ဥ္းထဲက်ပ္ထဲ ေရာက္သြားခဲ့ပါတယ္။

ပင္လယ္ျပင္ထဲမွာ မဟာမိတ္တပ္ေတြရဲ႕ ဖိအားေပးမႈ၊ ထုိင္းႏိုင္ငံထဲမွာ ထုိင္းအာဏာပုိင္ေတြရဲ႕ ဖိအားေပးမႈေတြကို သူအေတာ္ခံခဲ့ရတယ္လို႔ ကိုေက်ာ္ရက သူျပန္မ၀င္ခင္မွာ ေျပာျပခဲ့ဖူးတာကို က်ေနာ္အမွတ္ရေနပါတယ္။

=======================================================

(အပိုင်း ၂၅)

ထက်အောင်ကျော် on April 5, 2012 3:09 pm 
အောက်မေ့ဖွယ် / ဧရာဝတီ
နိုင်ငံခြားဘာသာစကား သင်တန်းနဲ့ ခေတ်သစ်သဘောၤသားများ

အုပ်ချုပ်မှုကိစ္စနည်းနည်း တည်ငြိမ်လာတဲ့အခါမှာတော့ တော်လှန်ရေးရဲ့ ပင်မသင်တန်းတွေဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ ဆက်သွယ်ရေး၊ကျန်းမာရေး၊ ထောက်လှမ်းရေး ပညာဆိုင်ရာ ရက်ရှည်သင်တန်းတွေအပြင် ဘာသာစကား ရက်တိုသင်တန်း အမျိုးမျိုးဖွင့်ဖို့ ကျနော်တို့ စီစဉ်ခဲ့ပါတယ်။ ပထမဆုံးဖွင်တဲ့ သင်တန်းက အင်္ဂလိပ်စာ အခြေခံသင်တန်းဖြစ်ပြီး အင်္ဂလန်မှ ကျောင်းသားတဦးက စေတနာ့ဝန်ထမ်းအဖြစ် လာသင်ပေးပါတယ်။ ဒါပေမယ့် ပထမ ၃-၄ ရက်လောက်ပဲ သင်တန်းသား ၂၀ လောက် တက်ပြီး တဖြည်းဖြည်းနဲ့ နည်းနည်း သွားတဲ့အတွက် သင်တန်းဆရာလည်း စိတ်ပျက်ပြီး ပြန်သွားပါတယ်။


 ပင်လယ်ပြင်တပ်စုမှူး ကိုကျော်ရ (အိတ်အဝါ လွယ်ထားသူ) အပါဝင် ကော်မတီဝင် တချို့နဲ့ တပ်မှူးငယ်တချို့ကို တပ်ရင်းညီလာခံအပြီး တွေ့ရစဉ်

ဒုတိယဖွင့်တဲ့သင်တန်းကတော့ ထီးထာက ကရင်အမျိုးသမီးနဲ့ လက်ထပ်ထားတဲ့ ထိုင်းကျောင်းဆရာတဦး ဖွင့်တဲ့ ထိုင်းစာသင်တန်းပါ။ A-B-C-D အပါဝင် စကားလုံး ၂၆ လုံးကို အခြေခံထားတဲ့ အင်္ဂလိပ်စာကို မြန်မာနိုင်ငံက ကျောင်းတွေမှာ ကျနော်တို့သင်ဖူးပြီးဖြစ်တဲ့အတွက် သိပ်အထူးအဆန်း မဟုတ်ပါ။ ဒါပေမယ့် ကောကိုင်၊ ခေါ်ခိုင်၊ ခေါခူးဝပ် အပါဝင် စကားလုံး ၄၄ လုံးကို အခြေခံထားတဲ့ ထိုင်းစာကတော့ မြန်မာနိုင်ငံမှာတုန်းက ကျနော် တခါမှမသင်ဖူးသလို ကြားလည်းမကြားဖူး၊ မြင်လည်းမမြင်ဖူးတဲ့အတွက် တကယ့်ကို အသစ်အဆန်း ဖြစ်နေပါတယ်။

"စဝါဒီခပ်” … “စဘိုင်ဒီမိုင်” … “ပိုင်-ကန်ချနပူရီ” ထက် ပိုမပြောတတ်ဘဲ ထိုင်းထဲ ခဏခဏသွားနေရတဲ့ ကျနော်အဖို့ ထိုင်းစာဟာ မတတ်မဖြစ် တတ်ထားသင့်တဲ့အတွက် မဖြစ်မနေ သင်မယ်ဆိုပြီး အားခဲထားပါတယ်။ ဒါပေမယ့် ကံကဆိုးချင်တော့ သင်တန်းက တပတ်တောင်မခံပါဘူး။ ဟွေးနန်းခေါင်နဲ့ ထီးထာကြားမှာ ထိုင်းကျောင်းဆရာ ဆိုင်ကယ်မှောက်လို့ ဆေးရုံတက်လိုက်ရတယ်ဆိုပြီး အဲဒီ သင်တန်းပျက်သွားပါတယ်။

နောက်ထပ်ဖွင့်တဲ့ သင်တန်းကတော့ မဟာမိတ်ဆံရေးမှာ မဖြစ်မနေ နေစဉ်အသုံးဝင်မယ့် ကရင်ဘာသာစကား ဖြစ်ပါတယ်။ ဒီတကြိမ်အတွက် ဆရာကတော့ အဝေးကနေ လာသူမဟုတ်။ ကျနော်တို့တပ်ရင်း ဆေးတပ်ဆွယ်မှ ဆရာခင်ဇော်ဖြစ်ပါတယ်။ ဘာကြောင့်မှန်းတော့မသိ။ ကျောင်းသားတွေက သူ့ကို သရာအီးသာလို့ ခေါ်ကြပါတယ်။

ကရင်စာဟာ ထိုင်းစာလို အသစ်အဆန်း မဟုတ်ဘူးလို့ ထင်ရပေမယ့် အသေချာ ဖတ်ကြည့်တော့ တလုံးမှ နားမလည်ပါ။ အခုနော်ဝေးမှာ ကျနော်သင်နေရတဲ့ နော်ဝေးစာနဲ့ အင်္ဂလိပ်စာ ကွာသလို ကရင်စာနဲ့ မြန်မာစာကွာတယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် အင်္ဂလိပ်ရော။ နော်ဝေးပါ လက်တင်စကားလုံးကို အခြေခံထားပေမယ့် အသံထွက်မတူ၊ အဓိပ္ပာယ်မတူတဲ့အတွက် ဘာသာစကား ၂ ခုဟာ နီးစပ်သလိုလိုနဲ့ အချင်းချင်း နားမလည်ကြပါဘူး။ ဒီလိုပါပဲ၊ မြန်မာနဲ့ ကရင်စာဟာလည်း သာမန်ကြည့်လိုက်ရင် အခြေခံထားတဲ့ စကားလုံးတွေက အတူတူလို့ ထင်ရပေမယ့် အသံထွက်မတူ အဓိပ္ပာယ်မတူတဲ့အတွက် အချင်းချင်း နားမလည်ကြပါဘူး။

နောက်ပိုင်းမှာ အင်္ဂလိပ်စာသင်တန်းတွေ မကြာခဏ ထပ်ဖွင့်ဖြစ်ပေမဲ့ ထိုင်းစာနဲ့ ကရင်စာကတော့ အဲဒီတကြိမ်ပဲ ဖွင့်ဖူးတယ်လို့ ကျနော်အမှတ်ရနေပါတယ်။ အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အခြေနေကိုပြောရမယ်ဆိုရင် “ခွေးအလှည်းနင်းခံရသလို” အသံထွက် မမှန်။ ဝါကျမမှန်တဲ့ အကျိုးအပဲ့ စကားလုံးတွေနဲ့ အလုပ်ဖြစ်အောင် မနည်းပြောနေရတဲ့ အခြေနေမျိုးပါ။
ဗဟိုနဲ့ နယ်မြေကော်မီတီမှာ တာဝန်ထမ်းစဉ်ကဆိုရင် ကျနော်တို့ စခန်းကနေ ဗဟိုနိုင်ငံခြားရေးဌာနမှာ တာဝန်ကျတဲ့ ဦးအောင်ခင် တယောက်ပဲ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်တာကို တွေ့ရပြီး ကျန်ပုဂ္ဂိုလ်အားလုံး သူလိုကိုယ်လို ခွေးအလှည်းနင်းတဲ့အဆင့်ထက် မကျော်ကြပါဘူး။

ကျနော်တို့စခန်းရဲ့ အခြေနေကို ပြောရမယ်ဆိုရင်တော့ ကျနော်တို့အယင် ပထမဆုံး စခန်းကော်မီတီခေတ်က ရှေ့နေ ကိုမြင့်သိန်း (၁၉၈၉-ဖေဖော်ဝါရီမှာ လုပ်ကြံခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူ) တယောက်ပဲ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး ကျန်ကော်မတီဝင်တွေကတော့ သူလိုကိုယ်လို အဆင့်ထက် မကျော်ဘူးလို့သိရပါတယ်။ ကျနော်တို့ ကော်မတီခေတ်မှာတော့ ဆေးကျောင်းသားဖြစ်တဲ့ ကိုဝင်းမင်းက အင်္ဂလိပ်စကား အကောင်းဆုံးဖြစ်ပါတယ်။

နောက်တခါ ကံဆိုးတာလား၊ ကံကောင်းတာလား မပြောတတ်။ ကိုဝင်းမင်းဟာ ထိုင်းထဲ ခရီးသွားရင်း ထိုင်းရဲက ဖမ်းမိပြီး ထောင်ထဲမှာ ၄၅ ရက်ကျခံခဲ့ရာက ထိုင်းစကားပါ နည်းနည်းတတ်လာတဲ့အတွက် ကျနော်တို့ ကော်မီတီထဲမှာတော့ ဒီပုဂ္ဂိုလ်ဟာ ဘာသာစကား အထူးချွန်ဆုံးသူ ဖြစ်ခဲ့ပါတယ်။ ကိုဝင်းမင်း အပါအဝင် တခြားကျောင်းသားတွေ တောမခိုခင် မြန်မာနိုင်ငံမှာတုန်းက အင်္ဂလိပ်စကား လက်တွေ့ပြောဖူးခြင်း ရှိ မရှိ အသေချာတခါမှ မမေးဖြစ်ခဲ့ပေမယ့် ကျနော်ကိုယ်တိုင်ကတော့ တောခိုပြီး နိုင်ငံခြားသတင်းထောက်တွေ၊ NGO တွေနဲ့တွေ့မှ အင်္ဂလိပ်စကားကို လက်တွေ့ပြောဖူးပါတယ်။

မြန်မာနိုင်ငံမှာတုန်းက အင်္ဂလိပ်စာကို ၅ တန်းကနေ တက္ကသိုလ်နောက်ဆုံးနှစ်အထိ ၁၀ နှစ်နီးပါး သင်ဖူးတယ်ဆိုပေမယ့် အလွတ်ကျက် သင်လာတာသာဖြစ်ပြီး နိုင်ငံခြားသားတဦးဦးနဲ့ တခါမှ လက်တွေ့စကား မပြောဖူးခဲ့ပါ။ ပြီးတော့ သင်ထောက်ကူ ပစ္စည်းတွေဖြစ်တဲ့ ဗီဒီယိုတွေ၊ စီဒီတွေ၊ ကက်ဆက်တွေလည်း မရှိတဲ့အတွက် ကျနော်တို့ကို သင်ပေးနေတဲ့ ဆရာကိုယ်တိုင် အသံထွက်မှန် မမှန်လည်း မသိပါ။ အင်္ဂလိပ်စကား လက်တွေ့ တခါမှမပြောဖူးဘဲ အင်္ဂလိပ်စာပြဆရာ ဖြစ်နေသူတွေ ထွက်တဲ့အသံကို အမှန်လို့ယူပြီး ၁၀ နှစ်နီးပါး အလွတ်ကျက်လာခဲ့တာကို နောင်တရသလိုလို ဖြစ်နေမိပါတယ်။

နောင်တရတယ်ဆိုပေမယ့် အခု အင်္ဂလန်နိုင်ငံသားတွေကိုယ်တိုင် တောထဲအထိ လာပြီး သင်ပေးပြန်တော့လည်း ကျနော်တို့ကျောင်းသားတွေက သိပ်စိတ်ဝင်တစား မရှိလှပါ။ ဘယ်လောက်အထိ စိတ်ဝင်စားမှု မရှိသလဲဆိုရင် စေတနာ့ဝန်ထမ်း လာသင်ပေးတဲ့ အင်္ဂလိပ်ကျောင်းသားတွေသာ တဦးပြီးတဦး မြန်မာလိုတတ်ပြီး ပြန်သွားကြပါတယ်။ ကျနော်တို့ ကျိုးဖိုးတွေက “ခွေးအလှည်းနင်း” တဲ့ အဆင့်က မကျော်ပါဘူး။

တခါ အင်္ဂလိပ်စာ လာပြပေးတဲ့ စေတနာ့ဝန်ထမ်း နိုင်ငံခြားကျောင်းသားတွေနဲ့ ကျနော်တို့ တောခို ကျောင်းသားတွေကြား မတူညီတဲ့အချက်ကတော့ နိုင်ငံခြားကျောင်းသားတွေက Plan နဲ့အလုပ်လုပ်ပြီး ကျနော်တို့က  “မီးစင်ကြည့်က” သို့မဟုတ် “ကြည့်လုပ်ကြတာပေါ့” ဆိုတဲ့ Plan မရှိဘဲ လက်တန်းသွားတဲ့ သဘောမျိုးတွေ့ရပါတယ်။ ဆိုလိုတာကတော့ လနဲ့ချီပြီး သင်တန်းအခါခါ တက်ပေမယ့် ကျနော်တို့ တောခိုကျောင်းသားတွေဟာ အင်္ဂလိပ်စာကို မယ်မယ်ရရ မတတ်လိုက်ပါ။ ဒါပေမယ့် နိုင်ငံတကာ ကျောင်းသားတွေကတော့ ၃ လလောက် တောထဲမှာနေပြီးတာနဲ့ မြန်မာစကားနဲ့စာကို အခြေခံ ပြောတတ်၊ ရေးတတ်သွားကြတာကို တွေ့ရပါတယ်။

အဲဒီလို မြန်မာလိုတတ်သွားတဲ့ အင်္ဂလိပ်ကျောင်းဆရာတွေထဲက ထူးခြားသူတဦးကို ဖော်ပြရမယ်ဆိုရင် ၁၉၉၇ ဖေဖော်ဝါရီလ မင်းသမီးခစန်းကျတဲ့အထိ ကျနော်တို့နဲ့ အတူနေခဲ့တဲ့ အင်္ဂလန်မှ စေတနာ့ဝန်ထမ်း ကျောင်းသားတဦးဖြစ်သူ ဂျိမ်းစ် မော်စလီ (James Mawdsley) ပဲ ဖြစ်ပါတယ်။ သူဟာ ကျနော်တို့စခန်းက အပြန်မှာ မြန်မာနိုင်ငံထဲဝင်ပြီး ဆန္ဒပြတဲ့အတွက် နဝတကဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရဖူးသူ။ အဲဒီ ထောင်တွင်းအတွေအကြုံတွေကို My terror at the hands of the Burmese junta ဆိုပြီးဆောင်းပါး ရေးသားခဲ့ပါသေးတယ်။

ကျောင်းသားတွေဘက်ကို ပြန်ကောက်ရမယ်ဆိုရင်တော့ ကျောင်းသားအားလုံး အင်္ဂလိပ်စာကို စိတ်မဝင်စားဘူးလို့တော့ ယတိပြတ် ပြောလို့မဖြစ်ပါဘူး။ အတော့်ကို အနည်းစုလေးကတော့ Dictionary ကိုတောင် အလွတ်ကျက်တဲ့အထိ စိတ်ဝင်စားတာမျိုး ကျနော်တွေ့ဖူးပါတယ်။ ကျနော်ကိုယ်တိုင်လည်း Dictionary ထဲက စာလုံးတွေကို တနေ့ ၁၀ လုံး အလွတ်ကျက်မယ်ဆိုရင် တလ အလုံး ၃၀၀ ရမယ်။ တနှစ်ဆိုရင် စာလုံး ၃၀၀၀ ကျော်တတ်မယ်ဆိုပြီး စီမံကိန်းချ လုပ်တဲ့အဖွဲ့ထဲ ပါခဲ့ဖူးပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း တပတ် ဆယ်ရက်လောက် လုပ်ပြီးရင် အဖျားရှုးသွားလေ့ရှိပါတယ်။

ထူးထူးခြားခြား ကျနော်တို့ကျောင်းသားတွေ တောတွင်းကာလ ၁၀ နှစ်နီးပါးလုံးလုံး မပျက်မကွက် လုပ်နိုင်ခဲ့တာကတော့ စာလုံးဆက် ကစားနည်း (Scrabble) ပဲ ဖြစ်ပါတယ်။ နေ့လုံးပေါက်၊ ညလုံးပေါက် ဆော့ဖူးတဲ့အချိန်တွေကို ကျနော် အမှတ်ရနေဆဲ ဖြစ်ပါတယ်။
အင်္ဂလိပ်စကားလုံးတွေ ကြွယ်အောင်ဆိုပြီး ဒီလိုကစားကြတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ကော်ဖီတခွက်ကြေး၊ နေကြာစေ့ တထုတ်ကြေးဆိုပြီး အလောင်းစား သဘောလေးနဲ့ လုပ်လာပါတယ်။ ဒါကြောင့် ဝေါဟာရ  ကြွယ်ဝရေးထက် အနိုင်ရရေးဘက်ကိုသာ ဦးစားပေးခဲ့ပြီး စကားလုံးအသစ်တွေ ရှာထည့်ရေးအစား အမှတ်များများရတဲ့ စကားလုံးတွေကိုသာ ထပ်ကာထပ်ကာ ရွေးထည့်နေတာကြောင့် စကားလုံးအသစ်လည်း သိပ်မတိုးလာခဲ့ပါဘူး။


၂၀၁ တပ်ရင်း ဆေးတပ်ဖွဲ့မှ ရဲမေတချို့
 
အင်္ဂလိပ်စာအတွက် ကျောင်းသားအနည်းအကျဉ်းက ဒီလို Dictionary ကို အလွတ်ကျက်တဲ့အထိ ကြိုးစားနေပေမယ့် လူများစုကြီးကတော့ ဒါကို သိပ်ကြည့်လို့ ရပုံမပေါ်ပါဘူး။ သူပုန်လုပ်ပါတယ်ဆိုမှ သေနပ်ပစ်နည်း၊ စစ်တိုက်နည်း မသင်ဘဲ အင်္ဂလိပ်စာသင်နေသူတွေကို တခုခုလွဲနေသလို အမြင်ရှိနေကြပါတယ်။ တည့်တည့်ပြောရမယ်ဆိုရင် ဒီလူတွေဟာ တောထဲမှာ မနေရဲသူ၊ ပင်ပန်းဆင်းရဲမှုဒဏ်၊ တော်လှန်ရေးဒဏ်ကို မခံနိုင်လို့ ဘန်ကောက်သွားပြီး ဒုက္ခသည် လျှောက်ချင်နေသူ၊ နိုင်ငံခြားထွက်ပြီးပညာ သင်ချင်နေတဲ့ “ပညာတတ် အချောင်သမား” အဖြစ် အမြင်စောင်းမှုတွေ ရဲဘော်ထုအကြား ဖြစ်ပေါ်နေပါတယ်။

နောက်တခါ အဲဒီကာလက ABSDF စခန်းအသီးသီးကနေ တက္ကသိုလ်ကျောင်းသား ၃၀ ကို ရွေးချယ်ပြီး နိုင်ငံခြားကို ပညာတော်သင် စေလွတ်မယ်လို့ သတင်းတခု ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါသေးတယ်။ ဒီအတွက် ကျနော်တို့စခန်းက ၃ ဦး ရွေးချယ်ခံရပြီး ၁၉၉၀ နှောင်းပိုင်းမှာ စေလွှတ်မယ်လို့ သိရပေမယ့် ဒီလိုလွှတ်သင့် မလွှတ်သင့်နဲ့ ပတ်သက်လို့ ဗဟိုကော်မီတီအတွင်း သဘောထားကွဲလွဲခဲ့တာကနေ အဲဒီ အစီစဉ် ပျက်သွားတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ အခု ဒီအကြောင်း ဆောင်းပါးရေးဖို့ အသေချာလိုက်မေး ကြည့်တဲ့အခါမှာတော့ အဲဒီသတင်းဟာ ကောလာဟလသာဖြစ်ပြီး ပညာတော်သင်စီမံကိန်းဆိုတာ တကယ်မရှိခဲ့ပါဘူးလို့ အဲဒီကာလ ဗဟိုကော်မီတီဝင်ဟောင်းတချို့က ကျနော်ကို ပြန်ပြောပြခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီကာလက တက္ကသိုလ်ကျောင်းသားတွေ အင်္ဂလိပ်စာသင်တာကို ရာဇဝတ်မှု ကျုးလွန်သလိုမြင်ခဲ့ပြီး တက္ကသိုလ်ကျောင်သားက သေနပတ်ပစ်နည်းသင်တာကိုတော့ မှန်ကန်တဲ့ လုပ်ရပ်အဖြစ် မြင်ခဲ့မိတာတွေဟာ အခု နှစ် ၂၀ ကြာပြီးချိန်မှာတော့ မယုံနိုင်စရာတခုလို ဖြစ်နေခဲ့ပါတော့တယ်။


၂၀၁ တပ်ရင်း ပင်လယ်ပြင်စစ်ကြောင်းမှ တပ်စိတ်တစိပ်ကို ပုလောဒေသမှ ကမ်းစပ်ရွာတခုအနီး တွေ့ရစဉ်

ခေတ်သစ်သဘောၤသားများ ပင်လယ်ပြင်မှာ သင်္ဘောမှောက်ခြင်း

ဒီလို အထွေထွေသင်တန်းတွေ၊ သဘောတရား ငြင်းခုံမှုတွေနဲ့ နေစဉ်အလုပ်ရှုပ်နေတဲ့ ကျနော်တို့ စခန်းကော်မီတီကို လှုပ်နှိုးလိုက်တဲ့ ဖြစ်ရပ်ကတော့ ပင်လယ်ပြင် စစ်ကြောင်းကနေ ဝင်လာတဲ့ အရေးပေါ် ကြေးနန်းစာပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ရှေ့ပိုင်း (အပိုင်း ၉ မှာ) တင်ပြခဲ့တဲ့အတိုင်း ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဆီ ပထမဆုံး သွားရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံခြားခေါင်းဆောင် ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချာယုဟာ သစ်ထုတ်ခွင့်၊ ငါးဖမ်းခွင့်တွေ နဝတအစိုးရနဲ့ သဘောတူချက် ရလာပါတယ်။

ဒီစာချုပ်တွေအရ ထိုင်းငါးဖမ်းလှေတွေဟာ မြိတ်ကျွန်းစုအနီး ငါးလာဖမ်းနေကြပါတယ်။
အဲဒီကာလ ကျနော်တို့ရဲ့ “ရန်သူ့လက္ခာဏာ သတ်မှတ်ချက်” အရ “စစ်အာဏာရှင်စနစ်’” ဟာ ဘုံရန်သူဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစနစ်ကို အကောင်ထည်ဖေါ်နေတဲ့ စစ်အစိုးရ သို့မဟုတ် နဝတကို ရန်သူအဖြစ် သတ်မှတ်ထားပါတယ်။ တခါ အဲဒီရန်သူနဲ့ ပူးတွဲစီးပွားလုပ်သူတွေ၊ ရင်းနှီးမြှုပ်နှံမှု လုပ်နေသူတွေကို ရန်သူ့အားပေးအဖြစ် သတ်မှတ်ထားပါတယ်။ ဒီမူဝါဒရဲ့လုပ်ငန်းစဉ်အဖြစ် ပင်လယ်ပြင်မှာတွေ့တဲ့ ရန်သူ့အားပေးလှေကို ဖမ်းဆီးရှာဖွေဖို့၊ ကလန်ကဆန်လုပ်ရင် အရေးယူဖို့ အချက်တွေ ပါဝင်ပါတယ်။



ရှေ့တန်းရောက် စစ်ကြောင်းတခု

ဒီတာဝန်တွေနဲ့ ပင်လယ်ပြင်ဆီ စစ်ကြောင်းထွက်နေတဲ့ တပ်စုမှူး ကိုကျော်ရ (၁၉၉၂ မှာ ဘန်ကောက်သံရုံး ကတဆင့် ပြန်ဝင်သွားသူ) ဦးစီးတဲ့ စစ်ကြောင်းကနေ ထိုင်းငါးဖမ်း လှေကြီးတစီးကို ဖမ်းမိထားတယ်။ ဒီလှေပေါ်မှာ နဝတနဲ့ ဖက်စပ်လုပ်ထားတဲ့ စာချုပ်တွေလည်းပါတယ်။ အဲဒါ ဘယ်လို ဆက်လုပ်ရမလဲဆိုပြီး ကျနော်တို့ စခန်းကော်မတီဆီ ကြေးနန်းဝင်လာတာပါ။

အဲဒီကာလဟာ မီဇူဟို (Mizuho) ဆက်သွယ်ရေးစက်တွေ ကျနော်တို့ ဝယ်ထားနိုင်ပြီဖြစ်တဲ့အတွက် “ဒစ်ဒစ် ဒါဒါ” ကြေးနန်းအပြင် ရှေ့တန်းနဲ့နောက်တန်း တိုကရိုက် စကားပြောလို့ ရနေပြီဖြစ်ပါတယ်။ ဒါကြောင့် လှေကိုယ်စားလှယ်တွေ ကျနော်တို့စခန်းဆီလာပြီး အခွန်လာဆောင်ဖို့။ အခွန် မဆောင်မချင်း လှေကိုဖမ်းထားဖို့ စခန်းကော်မတီကနေ ညွှန်ကြားလိုက်ပါတယ်။
ဒါပေမယ့် လှေကိုယ်စားလှယ်တွေ ကျနော်တို့ခစန်းမှာ တကယ်တမ်း လာဆွေးနွေးတဲ့အခါမှာတော့ ရှေ့တန်းက ကိုကျော်ရတို့နဲ့ ပြောတာနဲ့ ဒီမှာလာပြောတာအကြား ကွဲလွဲမှုတွေ ရှိနေပါတယ်။ နောက်တခါ ကျနော်တို့တပ်က လှေဖမ်းထားတဲ့ကိစ္စကို လှေပိုင်ရှင်က နဝတတပ်ဆီ သတင်းပို့ပြီး စစ်သင်္ဘောတွေနဲ့ လာဝိုင်းခိုင်းတယ်လို့လည်း သတင်းတွေထွက်လာပါတယ်။

ဒီလိုနဲ့ လှေကိုယ်စားလှယ်တွေနဲ့ စခန်းကော်မတီ တာဝန်ရှိသူတွေကြား ဆွေးနွေးမှုဟာ သိပ်အဆင်မပြေပါဘူး။ ဒီကြားထဲ ပိုဆိုးတာက အဲဒီညမှာ မိုးတွေရွာပြီး ရာသီဥတုဆိုးတဲ့အတွက် ရှေ့တန်းနဲ့ စက်အဆက်သွယ် လုံးဝပြတ်သွားပါတယ်။
နောက်တနေ့ မိုးလင်းလို့ ကြေးနန်းဝင်လာတော့ နဝတ စစ်သင်္ဘောတွေ တဖြည်းဖြည်းနီးလာလို့ လှေပေါ်ကလူတွေအားလုံးကို လွှတ်ပေး။ အရေးကြီးပစ္စည်းတွေကို သိမ်း၊ ဘတ်ငွေ သန်း ၄၀ လောက်တန်တဲ့ လှေကြီးကို ဖောက်ခွဲဖျက်ဆီးပြီး ဆုတ်ပေးလိုက်ရပါတယ်တဲ့။ ကျနော်တို့လည်း ဘာမှမတတ်နိုင်တော့။ စစ်ရေးအခြေနေအရ မလုပ်မဖြစ် လုပ်လိုက်ရတဲ့ စစ်ဆင်ရေးတခုအဖြစ်သာ သဘောထား ခံယူလိုက်ရပါတယ်။

ဒါပေမယ့် ပြဿနာက အဲဒီမှာတင် ပြီးသွားတာ မဟုတ်ပါဘူး။ ဒီလှေဖောက်ခွဲတဲ့ သတင်းဟာ ဟိုးလေးတကျော် ဖြစ်သွားပြီး ထိုင်းမီဒီယာတွေမှာ ပါလာပါတယ်။ ABSDF ဗဟိုနဲ့ KNU ဗဟိုရှိရာ မာနယ်ပလောအထိ ဒီကိစ္စ ရောက်သွားပြီး အဲဒီကာလ ABSDF ဥက္ကဋ္ဌ ကိုမိုးသီးဇွန်နဲ့ DAB ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ တို့ဆီအထိ ထိုင်းလှေ ကိုယ်စားလှယ်တွေက သွားရောက် တိုင်တန်းခဲ့တဲ့အတွက် တော်လှန်ရေး အသိုင်းအဝိုင်းကြားမှာလဲ ဒီသတင်းက အတော့်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။




ပင်လယ်ပြင်တပ်စုတခုကို တွေ့ရစဉ် 

အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံရေး၊ စစ်ရေး အခြေနေတွေအရ လုပ်သင့်လို့ လုပ်လိုက်တဲ့ စစ်ဆင်ရေးတခု ဖြစ်ပေမယ့် ကျနော်တို့ရဲ့ အတွေ့အကြုံ နုနယ်မှုနဲ့ အကျိုးအပြစ်တွေကို သေချာ ကြိုမတွက်နိုင်မှုတွေက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာစေခဲ့ပါတယ်။ လက်တွေ့ ပထဝီအနေထား၊ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး အနေထား၊ မဟာမိတ်ဆက်ဆံရေး အနေထားတွေအရ ကျနော်တို့ စခန်းတာဝန်ရှိသူတွေနဲ့ ကိုကျော်ရတို့ အတော်လေး ကျဉ်းထဲကျပ်ထဲ ရောက်သွားခဲ့ပါတယ်။

ပင်လယ်ပြင်ထဲမှာ မဟာမိတ်တပ်တွေရဲ့ ဖိအားပေးမှု၊ ထိုင်းနိုင်ငံထဲမှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေကို သူအတော်ခံခဲ့ရတယ်လို့ ကိုကျော်ရက သူပြန်မဝင်ခင်မှာ ပြောပြခဲ့ဖူးတာကို ကျနော်အမှတ်ရနေပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More