Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၂၈

on May 3, 2012 3:50 pm ေအာက္ေမ့ဖြယ္ / ဧရာ၀တီ။ 

ဘက္မလုိက္ ညီညြတ္ေရးအဖြဲ႔နဲ႔ လက္နက္ခြဲျခမ္းေရး

ညီညြတ္ေရးဆုိတဲ့ေခါင္းစဥ္ကုိ ေတြ႔ကတည္းက မညီမညြတ္ျဖစ္ေနၾကၿပီဆုိတာကို ျမန္မာ့နုိင္ငံေရး၊ ေတာ္လွန္ေရးကုိ ေလ့လာဖူးသူတုိင္း သိၿပီးျဖစ္မွာပါ။ ေရွ႕မွာတင္ျပခဲ့တဲ့အတုိင္း “ၿငိမ္းခ်မ္းစြာကြဲၿပဲေရးမူ” အရ ၂၀၁ တပ္ရင္း ၃ ျခမ္းကဲြၿပီးတဲ့ေနာက္ မူလေနရာမွာ ဆက္ေနတဲ့ က်ေနာ္တုိ႔အုပ္စုဟာ “ဘက္မလုိက္ ညီညြတ္ေရးအဖြဲ႔” ဆုိတဲ့ေခါင္းစဥ္နဲ႔ စခန္းေကာ္မတီအသစ္ကို ဖြဲ႔လုိက္ပါတယ္။


ကုိမုိးသီးဇြန္နဲ႔ ဘက္မလုိက္ေကာ္မီတီမ်ားရဲ့ အစည္းေ၀းတခု


 
အရင္ကရွိခဲ့တဲ့ လုပ္ထုံးလုပ္နည္းေတြအတုိင္း ေရြးေကာက္ပဲြေကာ္မရွင္ကုိဖြဲ႔၊ ေရွ႕တန္း၊ ေနာက္တန္းရွိ ရဲေဘာ္ေတြရဲ႕ မဲဆႏၵေတြကုိ ခံယူရပါတယ္။ အဲဒီေရြးခ်ယ္မႈအရ ေပၚလာတဲ့ စခန္းေကာ္မတီသစ္မွာ က်ေနာ္က ဥကၠ႒၊ ကုိမ်ဳိးသိန္း (ေရွ႕ပုိင္းမွာေဖာ္ျပခဲ့တဲ့ တပ္ေထာက္အရာရွိ၊ အခုကေနဒါ) က အတြင္းေရးမႉး၊ ဦးဟန္လင္း (ကြယ္လြန္) က စည္း႐ံုး-ျပန္ၾကားတာ၀န္ခံ၊ ကိုေအာင္ေမာ္ (ေရဇင္းစုိက္ပ်ဳိးေရး တကၠသုိလ္ေက်ာင္းသား၊ အခု ဖင္လန္ႏိုင္ငံ) က ဘ႑ာ-ေထာက္ပံ့ တာ၀န္ခံ ျဖစ္လာပါတယ္။
တပ္မႉးေတြထဲမွာေတာ့ ေရွ႕ပုိင္းမွာတင္ျပခဲ့တဲ့ တပ္ရင္းေထာက္လွမ္းေရးမႉး ကုိေသာင္းညြန္႔ (အခုထိ နယ္စပ္မွာရွိေနဆဲ) က တပ္ရင္းမႉး (တပ္ရင္းမႉးဟာ ဖြဲ႔စည္းပုံဥပေဒအရ ဒုဥကၠ႒)၊ တပ္ခြဲ ၂ မႉးကုိတင္ထြန္း (ျပန္၀င္) က ဒုရင္းမႉး (ဒုရင္းမႉးဟာ ဖြဲ႔စည္းပုံဥပေဒအရ တြဲဘက္အတြင္းေရးမႉး) ျဖစ္လာပါတယ္။


ေရွ႕ပုိင္းမွာတင္ျပခဲ့တဲ့ စခန္းေကာ္မတီေဟာင္းေတြထဲမွ ကုိေဇာ္မင္း (၁၉၉၃ ရေနာင္းဘက္မွာ ေပ်ာက္ဆုံး) က တပ္ေရးဗုိလ္၊ ကုိမင္းေဇာ္ေရႊ (အခု နယူးဇီလန္) က တပ္ေထာက္ဗုိလ္၊ ကုိေဌးလႈိင္ (အခုထိ နယ္စပ္မွာရွိေနဆဲ) က တပ္ရင္းအရာခံဗုိလ္ေတြ ျဖစ္လာပါတယ္။ တပ္ခဲြမႉးေတြအျဖစ္ကေတာ့ ပုေလာေဒသတပ္ခြဲ ၁ မႉးအျဖစ္ ကိုခင္ေမာင္ခ်ဳိ ေခၚ ဘုိင္လာမန္ (အခု အေမရိကန္)၊ ဒုခြဲမႉးအျဖစ္ ကိုေက်ာ္သူ (အခု အေမရိကန္)၊ တပ္ခဲြ ၂ မႉးအျဖစ္ မူလခဲြမႉးျဖစ္သူ ကုိသိန္းျမင့္ေက်ာ္ ေခၚ ဘုိင္သိန္းျမင့္ (၁၉၉၇ မွာ က်ဆုံး) ဒုခြဲမႉးအျဖစ္ ကိုမင္းေဇာ္သူ (၁၉၉၃ ရေနာင္းဘက္မွာ ကိုေဇာ္မင္းနဲ႔အတူ ေပ်ာက္ဆုံး) တုိ႔ ျဖစ္လာၿပီး တပ္ခြဲ ၂ ခဲြနဲ႔ ျပန္လည္စုဖြဲ႔ခဲ့ပါတယ္။ ဆက္သြယ္ေရး၊ ေဆးနဲ႔ ေထာက္လွမ္းေရးတပ္ဆြယ္ ၃ ခုစလုံး က်ေနာ္တုိ႔နဲ႔အတူ ပါလာတဲ့အတြက္ တပ္ဆြယ္ေတြကေတာ့ မူလဖြဲ႔စည္းပုံအတုိင္း အေျပာင္းလဲ မရွိသေလာက္ပါပဲ။

ဒီလိုစုဖြဲ႔မႈလုပ္ၿပီးတာနဲ႔ တပ္ရင္းပုိင္ပစၥည္းေတြကို ခဲြေ၀တာ၊ လႈပ္ရွားမႈနယ္ေျမ ခဲြေ၀တာေတြကိုလည္း က်ေနာ္တုိ႔ ဘက္မလုိက္အဖြဲ႔နဲ႔ ေဒါက္တာ နုိင္ေအာင္ကို ေထာက္ခံတဲ့ ကိုေဇာ္သန္းတုိ႔၊ ဆရာေအာင္ျမင့္တုိ႔ အဖြဲ႔ၾကား ဆက္လုပ္ရပါတယ္။ ပထမဆုံး ခဲြေ၀မႈလုပ္ရတာက တပ္ရင္းကဲြခ်ိန္မွာ တပ္ရင္း႐ံုးနံရံမွာ ခ်ိတ္ထားတဲ့ ေသနတ္ေတြကိစၥပါ။ အဲဒီကာလက လက္နက္အေတာ္မ်ားမ်ားကို တပ္ရင္း႐ံုးနံရံမွာ ခ်ိတ္ထားၿပီး က်ည္ေဘာက္ေတြကိုေတာ့ တေနရာမွာ သီးျခားစီ သိမ္းထားပါတယ္။ ေနာက္တခါ ခြဲရင္းျခမ္းရင္းနဲ႔ ထပ္သိလာရတာကေတာ့ ေသနတ္ေမာင္းတံထဲက Fire pin ခလုတ္ေတြကုိ တပ္ရင္းအရာခံဗုိလ္ ကုိ၀င္းေအာင္က သီးျခားသိမ္းထားတဲ့အတြက္ အကဲြအၿပဲကာလအတြင္း မေက်နပ္လုိ႔ အခ်င္းခ်င္း ထပစ္ရင္ေတာင္ အဲဒီေသနတ္ေတြက ပစ္လုိ႔မရဘူးနုိင္ဆုိတာကုိ ေနာက္ပုိင္းမွသိရလုိ႔ ကုိ၀င္းေအာင္ကုိ ၀ုိင္းအမွတ္ေပးၾကတာကုိ အမွတ္ရေနပါတယ္။

ဒီလုိလက္နက္ခဲြေ၀ရာမွာ က်ေနာ္တုိ႔အခ်င္းခ်င္းၾကား ညွွိမရလုိ႔လား၊ ၾကားလူလုိလုိ႔လား၊ ဘာေၾကာင့္မွန္းေတာ့ မမွတ္မိေတာ့ပါ။ KNU တပ္မဟာ ၄ ကေန ေက်ာင္းသားေရးရာ တာ၀န္ခံအျဖစ္ တာ၀န္ေပးထားသူ ဆရာမန္းၿငိမ္းေမာင္ (ကုိကုိးကြ်န္းကေန ၁၉၇၀ မွာ ထြက္ေျပးလြတ္ေျမာက္လာသူ၊ ၂၀၁၁ ခုနွစ္ေနွာင္းပုိင္းမွာ ဒုတိယအႀကိမ္ဖမ္းဆီးခံရၿပီး ၂၀၁၂ ခုနွစ္ မတ္လေနွာင္းပုိင္းကမွ ျပန္လြတ္လာသူ) ဟာ က်ေနာ္တုိ႔စခန္းဆီ ေရာက္လာၿပီး လက္နက္ခြဲေ၀ေရးကိစၥမွာ ၾကား၀င္ေဆာင္ရြက္ေပးပါတယ္။ ထုံးစံအတုိင္း သူ႔ဖက္က မ်ားမ်ားရသင့္တယ္၊ ငါ့ဖက္က မ်ားမ်ားရသင့္တယ္နဲ႔ ျငင္းခုန္လုိက္ၾကတာ ၃-၄ ရက္ၾကာတဲ့အထိ သေဘာတူညီမႈ မရခဲ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ ခံစားခ်က္ေတြေလ်ာ့ခ်၊ အျပန္အလွန္ နားလည္မႈေတြရေအာင္ လုပ္ၾကရင္းနဲ႔ အခ်ဳိးတူခဲြေ၀ဖုိ႔ သေဘာတူလုိက္ပါတယ္။ တပ္ရင္း႐ံုးရွိ လက္နက္အားလုံးေပါင္းက ၄၀ ေလာက္ပဲရွိၿပီး က်န္တဲ့လက္နက္ေတြ အားလုံးက ေရွ႕တန္းတပ္ေတြနဲ႔ အတူရွိေနတာ ျဖစ္ပါတယ္။

အဲဒီေရွ႕တန္းတပ္ေတြထဲက ကုိေက်ာ္ရတုိ႔ ပင္လယ္ျပင္အုပ္စုနဲ႔အတူ ရွိေနတဲ့ လက္နက္အားလုံးကို ကုိမုိးသီးဇြန္တုိ႔ အဖြဲ႔ပုိင္အျဖစ္ သေဘာတူလုိက္ပါတယ္။ အလားတူ နတ္အိမ္ေတာင္အေျခစုိက္ ဘုိင္သိန္းျမင့္ရဲ႕ တပ္ခြဲ ၂ တခုလုံးကလည္း ဘက္မလုိက္ကို ေထာက္ခံတဲ့အတြက္ အဲဒီကလက္နက္ အားလုံးကိုလည္း ဘက္မလိုက္အဖြဲ႔ပုိင္အျဖစ္ သတ္မွတ္ေပးလုိက္ပါတယ္။ ပျပင္ေဒသအေျခစုိက္ ကုိျပည္ေဆာင္ဦးတုိ႔ရဲ႕ တပ္ခြဲ ၁ မွ တပ္စု ၂ စုက ကုိနုိင္ေအာင္တုိ႔ဖက္ ေထာက္ခံၿပီး တစုက ဘက္မလုိက္ကုိ ေထာက္ခံတဲ့အတြက္ ေထာက္ခံတဲ့လူနဲ႔ ပါသြားတဲ့ လက္နက္စာရင္းအတုိင္း အတည္ျပဳလုိက္ပါတယ္။ အလားတူ ကိုဘုန္းေက်ာ္ ဦးေဆာင္တဲ့ ဘန္းေခ်ာင္းေဒသ တပ္ခြဲ ၃ မွာလည္း ၂ စုက ကုိနုိင္ေအာင္တုိ႔ဖက္ကုိ ေထာက္ခံၿပီး တစုက ဘက္မလုိက္ကုိ ေထာက္ခံတဲ့အတြက္ လူနဲ႔အတူပါသြားတဲ့ လက္နက္စာရင္းအတုိင္း အတည္ျပဳလုိက္ပါတယ္။ လက္နက္နဲ႔ နယ္ေျမခြဲေ၀မႈ ညွိနႈိင္းရတာ ဘယ္ေလာက္အထိ လက္၀င္သလဲဆုိတာကိုေတာ့ ေတာထဲမွာ ေနဖူးသူေတြမွ ပုိနားလည္နုိင္မယ္လုိ႔ ထင္မိပါတယ္။

တပ္ရင္းမကြဲမွီေတြ႔ရတဲ့ ခြပ္ေဒါင္းနွစ္ေကာင္ မ်က္နွာခ်င္းဆုိင္ ABSDF ဆုိင္းဘုတ္

 ထူးျခားဆန္းျကယ္ေသာ တရားစီရင္ခန္း

က်ေနာ္တုိ႔ ဘက္မလုိက္အဖဲြ႔နဲ႔ ေဒါက္တာနုိင္ေအာင္တုိ႔အဖြဲ႔ၾကားမွာ လက္နက္နဲ႔ နယ္ေျမလုိ အေရးၾကီး တဲ့ ခဲြေ၀မႈကိစၥအျပင္ အရက္ပုလင္း ၃၃-လုံး ခဲြေ၀ေရးကိစၥလဲပါတယ္ဆုိရင္ စာဖတ္ပရိတ္ သတ္ယုံ ပါ့မလား။ ျဖစ္ပုံကေတာ့ က်ေနာ္တုိ႔စခန္းပုိင္ စက္ေလွဟာ တပ္ဖြဲ႔၀င္ေတြကုိ ေရွ့တန္းပုိ႔ျပီး အျပန္မွာ ေလွသမားေတြနဲနဲပါးပါး ေငြေၾကးအဆင္ေျပေစေရးအတြက္ ပစၥည္းအနဲအက်ဥ္းသယ္ယူပီး ေနာက္ တန္းနဲ႔ KNU ရြာေတြဆီမွာျပန္ေရာင္းတာမ်ဳိးကို ေကာ္မီတီက နားလည္မႈေပးထားပါတယ္။ ဒါေပမဲ့ ျပသာနာကျဖစ္ခ်င္ေတာ့ တပ္ရင္းကဲြခါနီးအေခါက္မွာ ဘန္းေခ်ာင္းနဲ႔ ေမတၱာဖက္ကေနျပန္လာတဲ့ တပ္ ရင္းေလွဟာ အယင္လုိစားစရာေတြသယ္လာတာမဟုတ္ဘဲ ၃-ဆနီးပါးအျမတ္ရနုိင္တဲ့ Army Rum ပုလင္း ၃၃-လုံး ကိုသယ္လာပါတယ္။ အယင္ကဆုိရင္ေတာ့ ဒီသတင္းကို စခန္းေကာ္မီတီက မသိဘဲ ဒုိင္ရႈိ လုပ္ေကာင္းလုပ္ထားနုိင္မွာျဖစ္ေပမဲ့ အခုေတာ့ သူတုိ႔ေလွ ျပန္ေရာက္ခ်ိန္မွာ စခန္းကလဲ ကြဲေန ေတာ့ ဒီ ပုလင္းေတြအၾကာင္းကုိ အားလုံးသိကုန္ပီး အဲဒီေလွသမား ၂-ဦးကုိ လုံျခုံေရးတပ္ဖြဲ႔က ဖမ္းဆီး အခ်ဳပ္ ထဲထည့္၊ အရက္ ပုလင္း ၃၃-လုံးကိုလဲ သက္ေသခံပစၥည္းအျဖစ္ေသတၱာထဲ ထည့္သိမ္း ထား လုိက္ပါ တယ္။

ကံက ထပ္ဆုိးခ်င္ေတာ့ စခန္းကဲြတဲ့အခ်ိန္မွာ အဲဒီဖမ္းဆီးခံေလွသမား ၂-ဦးစလုံးက က်ေနာ္တုိ႔ ဘက္မလုိက္အဖြဲ႔ကုိေထာက္ခဲ့တဲ့အထဲပါလာတဲ့အတြက္ ဒီအမႈကုိ က်ေနာ္တုိ႔ ေကာ္မီတီသစ္က တာ၀န္ ယူ လုိက္ရပါတယ္။ ဒီေလွသမား ၂-ဦးဟာ အရက္ေသစာသယ္ယူျခင္းျဖင့္ ေတာ္လွန္ေရးရဲ့ ဂုဏ္ သိကၵာကုိ ထိခုိက္ေအာင္ လုပ္ျခင္းျဖစ္တယ္လုိ႔မွတ္ခ်က္ခ်ပီး သူတုိ႔ ၂-ဦးကို တပ္ဖြဲ႔၀င္ အျဖစ္ကေန ထုတ္ပယ္ေၾကာင္း ေကာ္မီတီသစ္က ဆုံးျဖတ္ခ်က္ခ်လုိက္ပါတယ္။ ဒါဟာ အကဲြအျပဲ ကာလအတြင္း အျပင္းထန္ဆုံးနဲ႔ ပထမဆုံးျပစ္ဒဏ္ျဖစ္တာေၾကာင့္ ဘက္အသီးသီးက ဒါကို လက္ညုိးထုိးပီး ျပစ္ဒဏ္ နဲ႔ ျပစ္မႈမမွ်ဘူး။ ဒါဟာ တရားဥပေဒစုိးမုိးေရးအေပၚ နုိင္ငံေရးအယူအဆက လြမ္းမုိးလုိက္တာျဖစ္တယ္ ဆုိပီး က်ေနာ္တုိ႔ေကာ္မီတီကို ၀ုိင္းေ၀ဖန္ၾကပါတယ္။ က်ေနာ္တုိ႔ကေတာ့ ဒီေ၀ဖန္ခ်က္ကို လက္မခံဘဲ ဆုံးျဖတ္ ခ်က္မျပင္နုိင္ဘူး။ ဒါေပမဲ့ တပ္ရင္းညီလာခံမွာ အယူခံ၀င္နုိင္တယ္ဆုိပီး ဒီကိစၥကိုအဆုံး သတ္ လုိက္ပါ တယ္။

အဲ...ေလွသမား ၂-ဦးကို ဒီလုိအျပစ္ေပးပီးတဲ့အခါမွာေတာ့ သူတုိ႔သယ္လာတဲ့ အရက္ပုလင္း ၃၃-လုံးကို တပ္ရင္းရံုးေရွ့ လူျမင္ကြင္းမွာ စံျပ အေနနဲ့ ရုိက္ခဲြပစ္မယ္ဆုိပီး က်ေနာ္ကအဆုိျပုလုိက္ပါတယ္။ ဒါေပမဲ့ ဘန္ဒါေရးတာ၀န္ခံနဲ႔ တပ္ေထာက္အရာရွိတုိ႔ကေန အရက္တလုံးကုိ ဘတ္ ၁၀၀-ေလာက္တန္ တဲ့အတြက္ ဒီလုိလုပ္ရင္ ဘတ္ ၃၀၀၀-ေထာင္ေက်ာ္ကို အလားကားျဖဳန္းတီးရာေရာက္မယ္။ ဒီ ဘတ္ ၃၀၀၀-ဟာ ရဲေဘာ္ ၂၀၀-ခန္႔အတြက္ တလစာရိကၡာဖုိးရတယ္ဆုိပီး အခ်က္လက္နဲ႔ တင္ျပလာပါတယ္။ ေနာက္ဆုံးမွာေတာ့ အမ်ားသေဘာတူညီခ်က္အရ ဒီပုလင္းေတြကို မရုိက္ခြဲ ေတာ့ဘဲ တပ္ရင္းရံပုံေငြရ ေအာင္ ျပန္ေရာင္းခ်မယ္လုိ႔ဆုံးျဖတ္လုိက္ပါတယ္။

အဲဒီလုိဆုံးျဖတ္ပီးကာမွ မထင္မွတ္တဲ့ျပသာနာက စေတာ့တာပါဘဲ့။ ၉-ရက္ၾကာေဆြးေႏြးပဲြကေန အခု စခန္းေကာ္မီတီအသစ္ေပၚပီး သတင္း ၂-ပါတ္ေက်ာ္ၾကာတဲ့အထိ အကဲြအျပဲေတြနဲ႔အလုပ္ရႈပ္ေနလုိ႔ အဲဒီပုလင္း ၃၃-လုံးကို ဘယ္သူကမွ အေသခ်ာမစစ္ေဆးရေသးပါဘူး။ သစ္သားတန္းေလးနဲ႔ လုပ္ ထားတဲ့ လက္လုပ္ဘီဒုိထဲမွာ အဲဒီ ၃၃-လုံးကို ပါကင္ပိတ္ အတုိင္းျမင္ေနရလုိ႔ ဘီဒုိကို ေသာ့ဖြင့္ပီး တခါမွမစစ္ေဆးမိပါ။ အခု ေရာင္းမယ္ဆုိပီး ပုလင္းေတြကို ရံုးေပၚယူလာေတာ့မွ... "ေဟး မင္းတုိ႔ပုလင္း ေတြက အရက္ဟုတ္ရဲ့လား။ အထဲမွာ လဖက္ေျခာက္ဖတ္ေတြလားမသိဘူး" ဆုိပီး အရက္အေၾကာင္း အေတြ႔အၾကံဳရွိတဲ့ ေကာ္မီတေယာက္က ထေအာ္္ပါတယ္။ ဒီေတာ့မွ က်န္တဲ့လူေတြလဲ ပုလင္းေတြကို အေသခ်ာကုိယ္တြယ္စစ္ေဆးၾကပါတယ္။ ဒီလုိ စစ္ေတာ့မွ ၃၃-လုံးမွာ ၁၀-လုံးေလာက္က ေရေနြးၾကမ္း ေတြ ျဖစ္ေနပါေရာ့လား။ ေမာင္က်ဳိးဖုိးေတြမ်ားကြ်မ္းက်င္မႈကေတာ့ လက္ဖ်ားခါေလာက္ပါရဲ့။ အပူေပး ထားတဲ့အပ္နဲ႔ ပုလင္းဖင္ေအာက္ကေန အရက္ကုိစုတ္ထုပ္ပီး ေရေနြးေတြကုိျပန္ထည့္ထားပါသတဲ့့။ ဒီေတာ့ အေပၚက ပါကင္ကေနရာဘာမွ မယြင္းဘဲ အထဲမွာ ေရေနြးေတြ ေရာက္ေနတာေပါ့။

ေနာက္ဆုံးမွာေတာ့ တပ္ရင္းအကဲြအျပဲျငင္းခုံေနစဥ္ သတင္း ၂-ပတ္ေက်ာ္ ကာလတေလ်ာက္လုံး ဒီအရက္ပုလင္းေတြ သိမ္းဆည္းရာ တပ္ရင္းရံုးေဘးက အေဆာင္ေလးမွာေနထုိင္တဲ့ ဒုရင္းမႈးဆရာ ေအာင္ျမင့္နဲ႔ ေကာ္မီတီ၀င္ ကုိညဏ္စုိးတုိ႔ဆီ အားလုံးကလက္ညုိးထုိးပါေတာ့တယ္။ ဒီေတာ့မွ ညဏ္ ၾကီးရွင္ ကုိညဏ္စိုးက ထြက္လာပီး ပုလင္းထဲကအရက္ေတြကုိ လက္ရာမယြင္းေစဘဲ သိပၸံနည္းက် ထုတ္ယူူနည္းအဆင့္ဆင့္ကို ရွင္းျပေတာ့ပါတယ္။ ဒီလုိနဲ့ က်ေနာ္တုိ႔ရဲ့ အရက္ ၃၃-လုံးခဲြေ၀ေရး မေဟာ သဓာ တရားစီရင္ခန္းလဲ တခန္းရပ္ပီး စခန္းတခုလုံး တ၀ါး၀ါး-တဟားဟားနဲ႔ ရည္ေမာခဲ့ၾကဖူးတာကုိ က်ေနာ္ အမွတ္ရေနပါတယ္။



တပ္ရင္းကဲြျပီးေနာက္ မ်က္နွာခ်င္းဆုိင္ခြပ္ေဒါင္းကိုျပန္ျပင္ထားတဲ့ဆုိင္းဘုတ္သစ္

ခြပ္ေဒါင္းယၾတာ

ေတာထဲမွာၾကံဳခဲ့ရတဲ့အျဖစ္အပ်က္အမ်ားစုဟာ စိတ္ညစ္စရာေတြျဖစ္ေပမဲ့ လူေတြဟာ စိတ္ညစ္စရာ ကို သိပ္မမွတ္မိဘဲ ရည္စရာေတြကိုဘဲ့မွတ္မိေနတတ္သလားေတာ့မေျပာတတ္ပါ။ အဲဒီအကြဲ အျပဲ ကာ လ က်ေနာ္မွတ္မိေနတဲ့ ေနာက္ထပ္ရည္စရာတခုကေတာ့ ခြပ္ေဒါင္း-ယာၾတာျဖစ္ပါတယ္။ တပ္ရင္း ဆုိင္းဘုတ္မွာ ခြပ္ေဒါင္း ၂-ေကာင္ကုိ မ်က္နွာခ်င္းဆုိင္ဆြဲထားလုိ႔ အခ်င္းခ်င္းခြပ္ၾကတာ။ ေက်ာင္းသား စခန္းဆီ ခြပ္ေဒါင္းအရွင္ကုိသယ္လာပီး လာေရာင္းလုိ႔ ခြပ္ေဒါင္းေတြ ျပသာနာတက္တာ ဆုိတဲ့ ယၾတာ ဆန္ဆန္ ျဖစ္စဥ္တခုလဲ က်ေနာ္တုိ႔စခန္းမွာျဖစ္ပြါးခဲ့ပါေသးတယ္။

ေရွ႔အခန္းမွာေဖၚျပခဲ့တဲ့အတုိင္း အမ်ားသြားေတာင္ၾကားလမ္းထိပ္မွာ စုိက္ထူထားတဲ့ တပ္ရင္း ဆုိင္း ဘုတ္ကုိ စာဖတ္သူ အေသခ်ာၾကည့္မယ္ဆုိရင္ ခြပ္ေဒါင္း ၂-ေကာင္ဟာ ဘုန္းၾကီးေက်ာင္း၀က ျခေသၤ့ နွစ္ေကာင္လုိ မ်က္နွာခ်င္းျဖစ္ေနတာကို ေတြ႔ရနုိင္ပါတယ္။ ဒီအတြက္ ဆုိင္းဘုတ္ဆဲြတဲ့ ဒုရင္းမႈး ဆရာ ေအာင္ျမင့္ဆီ စဲြခ်က္ကေရာက္လာပါေလေရာ။ "ဆရာ ခြပ္ေဒါင္းပုံအဆြဲေကာင္းလုိ့ ခြပ္ေဒါင္းေတြ အ ခ်င္းခ်င္း ခြပ္ကုန္ၾကျပီ" ဆုိျပီး အားလုံးက ဆရာ့ကုိ ၀ုိင္းစျကပါတယ္။ ဒီလုိ စတာကို မခံနုိင္တဲ့ ဆရာ ေအာင္ျမင့္ကလဲ အဲဒီဆုိင္းဘုတ္ၾကီးကုိ ခ်က္ခ်င္းျဖဳတ္ခ်ပီး ခြပ္ေဒါင္း ၂-ေကာင္ကိုျပန္ဖ်က္။ ABSDF အမည္နဲ႔ တပ္ရင္း နံပတ္ေလာက္ကုိဘဲ့ ခ်န္ျပီး ျပန္ျပင္လုိက္ပါတယ္။

ဆုိင္းဘုတ္ေတြနဲ႔ပါတ္သက္ျပီး သတိရသေလာက္ဆက္ေျပာရမယ္ဆုိရင္ အဲဒီကာလက က်ေနာ္တုိ႔ ေက်ာင္းသားေတြဟာ ဘာလုပ္လုပ္ ဆုိင္းဘုတ္တင္တာကို အယင္ဆုံးလုပ္ေလ့ရွိပါတယ္။ တပ္ရင္း အ၀င္၀ ဆုိင္းဘုတ္၊ တပ္ရင္းရံုးဆုိင္းဘုတ္၊ စာၾကည့္တုိက္ဆုိင္းဘုတ္၊ စာသင္ေက်ာင္းဆုိင္းဘုတ္၊ ေဆး ခန္းဆုိင္းဘုတ္၊ ေမြးျမဴေရးျခံဆုိင္းဘုတ္၊ ယုတ္စြအဆုံး စုိက္ခင္းထဲမွာ ဘာအပင္မွမစုိက္ေသးခင္ ''တပ္ရင္း စိုက္ပ်ဳိးေရးျခံ" ဆုိတဲ့ ဆုိင္းဘုတ္ကုိ အယင္ဆုံး စုိက္တဲ့ေခတ္ပါ။ ဒီလုိနဲ႔ စခန္းမွာ အထုိင္ မ်ားတဲ့၊ စိတ္ရွည္သီးခံျပီး အားလုံးနဲ႔တည့္ေအာင္ေပါင္းတတ္တဲ့ ဒုရင္းမႈးဆရာေအာင္ျမင့္ဟာ "ဆုိင္း ဘုတ္ ေရးတဲ့ ပန္းခ်ီဆရာ" အျဖစ္ အုန္းပင္တက္လက္မွတ္ရခဲ့ေပါ့။

ဆရာေအာင္ျမင့္ရဲ့ ေဒါင္းရုပ္ ယာၾတာကေန ေဒါင္းအရွင္ ဇါတ္လမ္းအေၾကာင္းကိုဆက္ရမယ္ဆုိရင္ က်ေနာ္တုိ႔ဘက္မလုိက္အဖြဲ႔ဆီပါလာတဲ့ တပ္မႈးတဦးနဲ႔ ေဆြမ်ဳိးေတာ္စပ္သူတဦးဟာ ျမန္မာနုိင္ငံက ရွား ပါးတိရိစၦန္ေတြကိုသယ္ျပီး ထုိ္င္းမွာထြက္ေရာင္းဖုိ႔အတြက္ က်ေနာ္တုိ႔စခန္းဆီ ေခတၱာေရာက္ေနပါ တယ္။ ကံဆုိးျပီး တုိက္ဆုိက္မႈျဖစ္ခ်င္ေတာ့ သူ က်ေနာ့္တုိ႔ဆီမွာ အဲဒီလုိေခတၱာတည္းခုိေနတဲ့ အခ်ိန္ ဟာ က်ေနာ္တုိ႔ တပ္ရင္းကဲြတဲ့အခ်ိန္နဲ႔ ကြက္တိျဖစ္ေနပါတယ္။ ကံကထပ္ဆုိးခ်င္ေတာ့ သူသယ္လာ တဲ့ရွား ပါးတိရိစၦန္ေတြက ေဒါင္းေတြခ်ည္းျဖစ္ေနျပန္ပါတယ္။

"ခင္ဗ်ားဗ်ာ၊ ေက်ာင္းသားစခန္းဆီလာပီး ခြပ္ေဒါင္းေတြလာေရာင္းရတယ္လုိ႔" ဆုိပီး သူ့ကုိ က်ေနာ္တုိ႔ ၀ုိင္းစၾကတာကို က်ေနာ္မွတ္မိေနဆဲျဖစ္ပါတယ္။


နတ္အိမ္ေတာင္တုိက္ပဲြနဲ႔ အိမ္နီးခ်င္းတပ္ရင္းမ်ား

ဒီလို အကဲြဲအၿပဲကိစၥ၊ နယ္ေျမခဲြေ၀ေရးကိစၥ၊ လက္နက္ခဲြေ၀းေရးကိစၥေတြနဲ႔ က်ေနာ္တုိ႔ အႀကီးအက်ယ္ ျငင္းခုန္လုိ႔ေကာင္းတုန္း ၁၉၉၁ ဒီဇင္ဘာ ဒုတိယ သတင္းပတ္ထဲမွာ အေရးေပၚသတင္းတခု ၀င္လာပါတယ္။ အဲဒါကေတာ့ က်ေနာ္တုိ႔ ဘက္မလုိက္အဖြဲ႔ရဲ႕ နယ္ေျမထဲမွာပါတဲ့ တပ္ခြဲ ၂ အေျခစုိက္ရာ နတ္အိမ္ေတာင္စခန္းကို န၀တတပ္ေတြက ထုိးစစ္ဆင္ဖုိ႔ စစ္ေၾကာင္းေတြ တက္လာေနၿပီဆုိတဲ့သတင္းပါ။


ဒု တပ္ရင္းမႉး ကုိတင္ထြန္းအပါ၀င္ တပ္ခဲြ ၂ မွ ရဲေဘာ္တခ်ဳိ႕နဲ႔ KNU တပ္ဖြဲ႔၀င္တခ်ဳိ႕ကုိ နတ္အိမ္ေတာင္ ေတာင္ထိပ္က ေဆြးေႏြးပဲြတခုတြင္ ေတြ႔ရစဥ္
ဒါေၾကာင့္ ျငင္းခုန္မႈေတြကို ေခတၱဆုိင္းငံ့ၿပီး စစ္ပဲြကိစၥအတြက္ အေရးေပၚျပင္ဆင္ရပါတယ္။ နတ္အိမ္ေတာင္စခန္းကေန အကဲြအၿပဲ အစည္းေ၀းအတြက္ တပ္ရင္းဆီေရာက္ေနတဲ့ (ဒုရင္းမႉးျဖစ္သြားသူ) တပ္ခဲြမႉး ကုိတင္ထြန္း၊ ေနာက္ ေကာ္မတီ၀င္ ဦးဟန္လင္းနဲ႔ ရဲေဘာ္တခ်ဳိ႕ကုိ နတ္အိမ္ေတာင္ေဒသဆီ ထုိင္းနုိင္ငံျဖတ္ ကားလမ္းကေန အျမန္ျပန္ပုိ႔ရပါတယ္။ ေနာက္တခါ အဲဒီအခ်ိန္မွာ ၁၀၁ တပ္ရင္းနဲ႔ ၁၀၂ တပ္ရင္းေတြလည္း နတ္အိမ္ေတာင္အနီးက ျပည္သိမ္းစခန္း (အရင္ ရဲေဘာ္သုံးက်ိပ္၀င္ ဗုိလ္ရန္နုိင္ ဦးေဆာင္တဲ့ ျပည္ခ်စ္တပ္မေတာ္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္စခန္းေဟာင္း) ၀န္းက်င္မွာ ေရာက္ေနၿပီျဖစ္တဲ့အတြက္ အဲဒီတပ္ေတြနဲ႔ ပူးတြဲေဆာင္ရြက္ဖုိ႔ ကိစၥေတြကုိလည္း တခါတည္း တာ၀န္ေပးလုိက္ပါတယ္။

က်ေနာ္တုိ႔တပ္ရင္းရဲ႕ ေျမာက္ဘက္ အိမ္နီးခ်င္း (ေတာင္ဘက္ အိမ္နီးခ်င္းကေတာ့ ၂၀၃ တပ္ရင္း ျဖစ္ပါတယ္) တပ္ရင္းေတြျဖစ္တဲ့ ၁၀၁ နဲ႔ ၁၀၂ တပ္ရင္း ႏွစ္ခုအေျကာင္းကို အက်ဥ္း႐ံုးေျပာရမယ္ ဆုိရင္ ၁၉၉၀ ေဖေဖာ္၀ါရီ ဒုတိယ သတင္းပတ္မွာ န၀တတပ္ေတြက ဘုရားသုံးဆူေဒသကို သိမ္းလုိက္တဲ့အတြက္ အဲဒီေနရာကေန သူတုိ႔တပ္ရင္းေတြ ဆုတ္ေပးလုိက္ရပါတယ္။ အဲဒီေနာက္မွာေတာ့ ၁၀၁၊ ၁၀၂၊ PDF (ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔) တုိ႔ဟာ မြန္ျပည္သစ္ပါတီ တပ္ေတြနဲ႔ ပူးေပါင္းၿပီး အထူးစစ္ေၾကာင္းတခုကို ဖြဲ႔စည္းလုိက္ေၾကာင္း၊ ၿပီးေတာ့ ၁၉၉၀ မတ္လ ၂၂ ရက္ေန႔မွာေတာ့ ေက်ာင္းသားေတာ္လွန္ေရးသမုိင္းမွာ ထင္ရွားတဲ့ “ေရးတုိက္ပဲြ” ကို ဆင္ႏႊဲခဲ့ေၾကာင္း ၁၀၁ နဲ႔ ၁၀၂ မွ ရဲေဘာ္တခ်ဳိ႕က က်ေနာ့္ကုိ ေျပာျပခဲ့ပါတယ္။

“ေရးတုိက္ပဲြ” အၿပီးမွာေတာ့ တပ္ေတြအားလုံးကို ျပန္စုၿပီး “ကလိန္ကန္” ဘက္မွာ စခန္းခ်ေနထုိင္ခဲ့ေၾကာင္း။ အဲဒီကတဆင့္ ၁၉၉၁ အေစာပုိင္းမွာ မြန္နယ္ေျမကေနထြက္ၿပီး က်ေနာ္တုိ႔ ၂၀၁ တပ္ရင္း တပ္ခဲြ ၂ ရွိရာ နတ္အိမ္ေတာင္ ေဒသဘက္ဆီ ထြက္လာတာျဖစ္ေၾကာင္း၊ အဲဒီေနာက္ ျပည္သိမ္းစခန္း၀န္းက်င္ဆီ ေရာက္လာၿပီး ၁၀၂ က ဘုိမေတာင္၊ ၁၀၁ က ဆင္မေတာင္ေတြမွာ တပ္တည္ခ်ထားခဲ့တယ္လုိ႔ ၁၀၁၊ ၁၀၂ ရဲေဘာ္တခ်ဳိ႕က အခုေဆာင္းပါးေရးဖုိ႔ ေမးျမန္းစဥ္အတြင္း က်ေနာ္ကို ေျပာျပခဲ့ပါတယ္။

တကယ္တမ္း ေျပာမယ္ဆုိရင္ေတာ့ အကဲြအၿပဲသေဘာအရဆိုရင္ က်ေနာ္တုိ႔ ၂၀၁ တပ္ရင္း၊ တပ္ခဲြ ၂ က ဘက္မလုိက္၊ ၁၀၁ က ကုိနုိင္ေအာင္တုိ႔ဘက္၊ ၁၀၂ က ကုိမုိးသီးဇြန္တုိ႔ဘက္ ျဖစ္ေနတဲ့အတြက္ နုိင္ငံေရးအျမင္အရ ဘာမွမဆုိင္သလုိ ျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္ တကယ့္စစ္ပဲြ ျဖစ္တဲ့အခါမွာေတာ့ မတူတဲ့ တပ္ရင္း ၃ ရင္းက ေက်ာင္းသားအားလုံး အတူတကြ လက္တဲြၿပီး စည္းလုံးညီညြတ္စြာနဲ႔ န၀တတပ္ေတြကို ရင္ဆုိင္ခဲ့တာကုိ ေတြ႔ရပါတယ္။ အဲဒီကာလ နတ္အိမ္ေတာင္ေဒသတာ၀န္ခံ KNU တပ္ရင္း ၁၀ ရဲ႕တပ္ခဲြ ၂ မႉးက ဗုိလ္လွေခ်ာ (ကြယ္လြန္) ျဖစ္္ပါတယ္။ တုိက္ပဲြကာလအတြင္း တာ၀န္ယူၾကတဲ့ ေတာင္ကုန္းေတြကေတာ့ ၂၀၁ တပ္ရင္းက ေက်ာင္းသားကုန္း၊ ၁၀၁ က အလံတုိင္ကုန္း၊ ၁၀၂ က  ၀၁ ကုန္းတုိ႔ ျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ဆုိရင္ေတာ့ န၀တစစ္ေၾကာင္းေတြဟာ နယ္ေျမရွင္းတဲ့သေဘာနဲ႔ နတ္အိမ္ေတာင္ ေတာင္ေျခရင္းအထိ တာ၀န္က်စစ္ေၾကာင္း ထုိးေလ့ရွိၿပီး တပတ္ေလာက္ၾကာရင္ ျပန္ဆုတ္သြားေလ့ရွိပါတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ ႀကိဳမသိလုိက္တဲ့ အခ်က္ကေတာ့ ဒီတခါ စစ္ဆင္ေရးဟာ အရင္လုိ ပုံမွန္နယ္ေျမရွင္းတဲ့ စစ္ဆင္ေရးမဟုတ္ဘဲ နတ္အိမ္ေတာင္စခန္းကို အေျခစုိက္ၿပီး ရတနာ ဓာတ္ေငြ႔ပုိက္လုိင္း ေဖာက္ဖုိ႔ စိီမံကိန္းအတြက္ ျဖစ္တယ္။ ဒီေဒသတခုလုံးကို ရွင္းၿပီး ဓါတ္ေငြ႔ပုိက္လုိင္းေဖာက္ဖုိ႔ န၀တ၊ ထုိင္းနဲ႔ နုိင္ငံတကာကုမၸဏိီေတြ သေဘာတူညီခ်က္ ယူထားၿပီးၿပီဆုိတဲ့အခ်က္ ျဖစ္ပါတယ္။

ဆိုလုိတာကေတာ့ က်ေနာ္တုိ႔ ေက်ာင္းသားတပ္ရင္း ၃ ခုနဲ႔ KNU တပ္ေတြ ဘယ္လုိပဲ ခုခံပါေစ၊ န၀တက နတ္အိမ္ေတာင္ကုိ မရမခ်င္း သိမ္းမယ့္စီမံကိန္း ရွိၿပီးသားျဖစ္တဲ့အတြက္ ၁၉၉၁ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ စခန္းက်သြားပါတယ္။ ဒီတုိက္ပဲြအတြင္း KNU မွတဦး၊ ၁၀၁ တပ္ရင္းမွ ၂ ဦးက်ဆုံးၿပီး တခ်ဳိ႕ဒဏ္ရာရခဲ့ပါတယ္။ ၁၀၁ က က်ဆုံးသြားသူ ရဲေဘာ္ ၂ ဦးရဲ႕အမည္ကေတာ့ တပ္ၾကပ္ ကုိယုၾကည္နဲ႔ တပ္သား ကုိေမာင္စုိးတုိ႔ ျဖစ္တယ္လို႔ သိရပါတယ္။ က်ေနာ္တုိ႔ ၂၀၁ မွ ရဲေဘာ္တခ်ဳိ႕၊ ၁၀၂ မွ ရဲေဘာ္တခ်ဳိ႕ ဒဏ္ရာရခဲ့ေပမယ့္ သိပ္မျပင္းထန္ဘူးလုိ႔ သိရပါတယ္။ အဲဒီေနာက္ပုိင္းမွာေတာ့ KNU နဲ႔ က်ေနာ္တို႔ ABSDF တပ္ေတြဟာ နတ္အိမ္ေတာင္စခန္းကေန ခြာစစ္ဆင္ၿပီး ေလးအိမ္စုဆုိတဲ့ နတ္အိမ္ေတာင္ ေအာက္ဖက္ ၃ မုိင္ခန္႔အကြာ နယ္စပ္စခန္းမွာ ျပန္လည္အေျခစိုက္ လႈပ္ရွားခဲ့ပါတယ္။

ရာဇ၀င္ထဲက နတ္အိမ္ေတာင္

တကယ္တမ္း ေျပာမယ္ဆိုရင္ေတာ့ နတ္အိမ္ေတာင္စခန္းဆုိတာဟာ နယ္စပ္ေဒသနဲ႔ပတ္သက္ၿပီး ေတာမခုိခင္ က်ေနာ္သိတဲ့ တခုတည္းေသာေနရာ ျဖစ္ပါတယ္။ ျမန္မာျပည္ေျမပုံကို ၾကည့္လုိက္မယ္ဆိုရင္ အေရွ႕-အေနာက္ အက်ဥ္းေျမာင္းဆုံး မုိင္ ၃၀ ၀န္းက်င္သာရွိတဲ့ေနရာဟာ နတ္အိမ္ေတာင္စခန္းရွိတဲ့ေနရာ ျဖစ္ပါတယ္။ ဒီစခန္းဟာ က်ေနာ္တုိ႔ထား၀ယ္ေဒသရဲ႕ အဓိကေမွာင္ခုိလမ္းေၾကာင္း ျဖစ္တဲ့အျပင္ ျပည္ခ်စ္တပ္နဲ႔ ေကာ္သူးေလတပ္ေတြ ရွိတဲ့ေနရာအျဖစ္ က်ေနာ္ အလယ္တန္းေက်ာင္းသားဘ၀ကတည္းက ၾကားဖူးခဲ့ပါတယ္။ ဒါေပမယ့္ နတ္အိမ္ေတာင္စခန္းဆီ က်ေနာ္ တကယ္ေရာက္ဖူးတဲ့အခ်ိန္ကေတာ့ ၁၉၉၀ ေမလ ေရြးေကာက္ပဲြမတုိင္ခင္ ကာလက်မွျဖစ္ပါတယ္။


၁၀၁ ဥကၠ႒ ကိုတင္စုိးေနာင္နဲ႔ ၁၀၂ ဥကၠ႒ ကုိသီရိညြန္႔တုိ႔ကုိ နတ္အိမ္ေတာင္နယ္စပ္ မွတ္တုိင္အနီး ေတြ႔ရစဥ္
ေရြးေကာက္ပဲြမတုိင္မီ နယ္စပ္ေရာက္ ေက်ာင္းသားေတြကို ျပန္ေခၚရမယ္ဆုိၿပီး မိသားစုေတြကို အစုိးရက ဖိအားေပးတဲ့အတြက္ က်ေနာ့္ရြာက သူငယ္ခ်င္းတဦး နတ္အိမ္ေတာင္စခန္းအထိ ေရာက္လာၿပီး က်ေနာ့္ကုိ လာေခၚတဲ့အတြက္ အဲဒီလူနဲ႔ေတြ႔ဖုိ႔ မင္းသမီးကေန နတ္အိမ္ေတာင္စခန္းဆီ ေရာက္လာတာျဖစ္ပါတယ္။ တျခားေက်ာင္းသားေတြကိုလည္း အလားတူ လာေခၚခုိင္းတာ ေတြ႔ရေပမယ့္ ျပန္လုိက္သြားတဲ့လူေတာ့ မေတြ႔မိပါဘူး။

အဲဒီလုိ မိသားစုကိစၥ၊ ပုဂၢိဳလ္ေရးကိစၥေတြကို ေဆြးေႏြးၿပီးေနာက္မွာေတာ့ နတ္အိမ္ေတာင္စခန္းကုိ က်ေနာ္ ေလ့လာခြင့္ရခဲ့ပါတယ္။ နတ္အိမ္ေတာင္ဟာ က်ေနာ္တုိ႔ မင္းသမိီးေဒသနဲ႔ ရာသီဥတုမတူဘဲ ေတာင္ေပၚၿမိဳ႕ေလးတခုလုိ ေအးစိမ့္စိမ့္ေလး၊ ျမဴနွင္းေ၀ေ၀ေလး ျဖစ္ေနပါတယ္။ ဒီေဒသအတြင္း အျမင့္ဆုံးေတာင္တန္း ျဖစ္တဲ့အတြက္ ကလိန္ေအာင္၊ ကံေပါက္နဲ႔ ထား၀ယ္ဘက္ကုိ အေပၚစီးကေန လွမ္းျမင္ရတဲ့ရႈခင္းက အေတာ္လွပါတယ္။ က်ေနာ္ေရာက္ဖူးခဲ့သမွ် နယ္စပ္စခန္းေတြထဲမွာေတာ့ အလွပဆုံးနဲ႔ ဆက္သြယ္ေရး အလြယ္ကူဆုံးစခန္းတခုျဖစ္ၿပီး အပန္းေျဖစခန္းေတာင္ ေဆာက္သင့္တဲ့ေနရာလုိ႔ ထင္မိပါတယ္။

သဘာ၀အလွအျပင္ စီးပြားေရးအေျခေနကို ေျပာရမယ္ဆုိရင္ေတာ့ ေရွ႕မွာေျပာခဲ့တဲ့ က်ေနာ္တုိ႔ ၂၀၁ တပ္ရင္း၊ ခဲြ ၂ ဘားတုိက္ရွိရာ ေက်ာင္းသားကုန္းနဲ႔ အလံတုိင္ကုန္းၾကားမွာ ျမန္မာနုိင္ငံထဲဆင္းတဲ့ လူသြားလမ္းေလး (အခုေတာ့ ဒီလမ္းဟာ ရတနာသဘာ၀ဓာတ္ေငြ႔ ပုိက္လုိင္းသြယ္တန္းတဲ့ လမ္းေၾကာင္းျဖစ္သြားခဲ့ပါၿပီ) ရွိၿပီး အဲဒီလမ္းထိပ္မွာ KNU အေကာက္ဂိတ္၊ သုိ႔မဟုတ္ ေဒသအေခၚ ေမွာင္ခုိဂိတ္ ရွိပါတယ္။ ဒီဂိတ္ဟာ တေနကုန္ စည္ကားေနၿပီး ကုန္သည္အတက္အဆင္းေတြနဲ႔ ႐ႈပ္ရွက္ခတ္ေနပါတယ္။ ျမန္မာျပည္ဘက္က တက္လာသူအမ်ားစုဟာ ႏြားေတြ၊ ကြ်ဲေတြကို သယ္လာသူေတြျဖစ္ၿပီး ထုိင္းဘက္က အျပန္မွာေတာ့ စက္ဘီးေတြ၊ ကားပစၥည္းေတြ၊ အခ်ဳိမႈန္႔အပါ၀င္ ထုိင္းထြက္ စားေသာက္ကုန္ေတြကုိ ေက်ာပုိးျခင္းေတာင္းေတြနဲ႔ ျပန္သည္သြားတာကို ေတြ႔ရပါတယ္။

ေက်ာင္းသားစခန္းရဲ႕ ေနာက္ေက်ာမွာေတာ့ ေက်ာက္ပုံရြာဆုိတဲ့ အိမ္ေျခ ၃၀ ခန္႔ရွိ နယ္စပ္ရြာေလးရွိပါတယ္။ အဲဒီမွာ က်ေနာ္တုိ႔တပ္ခဲြက မိသားစုတခ်ဳိ႕ေနၿပီး အမ်ားစုကေတာ့ ကုန္သည္ေတြျဖစ္ပါတယ္။ အဲဒီရြာအလြန္မွာ ထုိင္းနယ္ျခားေစာင့္ဂိတ္ရွိၿပီး အဲဒီဂိတ္ေနာက္မွာေတာ့ ဦးပဇၥ်င္း ေဖၾကည္ေက်ာင္းလုိ႔ ေက်ာင္းသားေတြကေခၚတဲ့ ထုိင္း-ထား၀ယ္ ဘုန္းႀကီးေက်ာင္းတေက်ာင္း ရွိပါတယ္။ အဲဒီေက်ာင္း ၿခံစည္း႐ံုးအလြန္မွာေတာ့ ေတာခ်ေတာ နယ္ျခားေစာင့္ တပ္စခန္းကုိ ေတြ႔ရမွာျဖစ္ၿပီး အဲဒီစခန္းရဲ့ေရွ႕မွာေတာ့ ေဘာလုံးကြင္းနဲ႔ စာသင္ေက်ာင္းေတြ ရွိပါတယ္။

အဲဒီ ေဘာလုံးကြင္းေဘးမွာေတာ့ အိမ္ေျခ ၁၀၀ ေက်ာ္ေလာက္ရွိမယ့္ နတ္အိတ္ေတာင္ရြာနဲ႔ ေစ်းတန္းႀကီးကုိ ေတြ႔ရပါတယ္။ နတ္အိမ္ေတာင္က အိမ္ေတြဟာ သြပ္ျပားမုိး သစ္သားအိမ္ေတြျဖစ္ၿပီး လမ္းမတန္းတေလွ်ာက္ အိမ္ေတြအားလုံးဟာ ဆုိင္ခန္းေတြနဲ႔ တဲြထားတဲ့အိမ္ေတြ ျဖစ္ပါတယ္။ နတ္အိမ္ေတာင္ ေစ်းတန္းျကီးကုိလည္း သြပ္ျပားနဲ႔ပဲမုိးထားတာ ေတြ႔ရၿပီး က်ေနာ္တုိ႔ထား၀ယ္ၿမိဳ႕ေပၚက ေစ်းနီးနီး စည္ကားေနတာကို ေတြ႔ရပါတယ္။

တနည္းအားျဖင့္ ေျပာမယ္ဆုိရင္ေတာ့ နတ္အိမ္ေတာင္စခန္းနဲ႔ မင္းသမီးစခန္းဟာ ၿမိဳ႕နဲ႔ေတာလုိ ကြာတယ္လုိ႔ က်ေနာ္စိတ္ထဲ ခံစားမိပါတယ္။ နတ္အိမ္ေတာင္စခန္း မက်ခင္ ေနာက္ထပ္ ၃-၄ ေခါက္ေလာက္ ေထာက္ပံ့ေရးတာ၀န္နဲ႔ က်ေနာ္ ေရာက္ဖူးခဲ့ပါေသးတယ္။

ေနာက္တခါ ထူးထူးျခားျခား နတ္အိမ္ေတာင္စခန္းဟာ န၀တလက္ထဲ က်ၿပီးတဲ့အထိ သြားေရာက္လည္ပတ္နုိင္တဲ့ တခုတည္းေသာေနရာ ျဖစ္ပါတယ္။ ၁၉၉၁ ဒီဇင္ဘာမွာ စခန္းက်ၿပီးခ်ိန္ ေနာက္ပုိင္း ရတနာ ပုိက္လိုင္းစီမံကိန္းအတြက္ သတင္းယူဖုိ႔ သတင္းေထာက္ တဦးအျဖစ္ နတ္အိမ္ေတာင္ရြာနဲ႔ ေတာင္ထိပ္ဆီ က်ေနာ္ ၃-၄ ေခါက္ ထပ္ ေရာက္ခဲ့ပါေသးတယ္။ အလားတူ ၂၀၀၈ ထုိင္းခရီးစဥ္အတြင္းမွာလည္း နယ္စပ္အလြမ္းေျပအျဖစ္ နတ္အိမ္ေတာင္ရြာနဲ႔ ေတာင္ထိပ္စခန္းဆီ က်ေနာ္သြားလည္ခဲ့ဖူးတာကို အမွတ္ရေနပါတယ္။     ။

==================================================

(အပိုင်း ၂၈)

ထက်အောင်ကျော် on May 3, 2012 3:50 pm အောက်မေ့ဖွယ် / ဧရာဝတီ။ 

ဘက်မလိုက် ညီညွတ်ရေးအဖွဲ့နဲ့ လက်နက်ခွဲခြမ်းရေး

ညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်ကို တွေ့ကတည်းက မညီမညွတ်ဖြစ်နေကြပြီဆိုတာကို မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးကို လေ့လာဖူးသူတိုင်း သိပြီးဖြစ်မှာပါ။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း “ငြိမ်းချမ်းစွာကွဲပြဲရေးမူ” အရ ၂၀၁ တပ်ရင်း ၃ ခြမ်းကွဲပြီးတဲ့နောက် မူလနေရာမှာ ဆက်နေတဲ့ ကျနော်တို့အုပ်စုဟာ “ဘက်မလိုက် ညီညွတ်ရေးအဖွဲ့” ဆိုတဲ့ခေါင်းစဉ်နဲ့ စခန်းကော်မတီအသစ်ကို ဖွဲ့လိုက်ပါတယ်။



ကိုမိုးသီးဇွန်နဲ့ ဘက်မလိုက်ကော်မီတီများရဲ့ အစည်းဝေးတခု


 
အရင်ကရှိခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့၊ ရှေ့တန်း၊ နောက်တန်းရှိ ရဲဘော်တွေရဲ့ မဲဆန္ဒတွေကို ခံယူရပါတယ်။ အဲဒီရွေးချယ်မှုအရ ပေါ်လာတဲ့ စခန်းကော်မတီသစ်မှာ ကျနော်က ဥက္ကဋ္ဌ၊ ကိုမျိုးသိန်း (ရှေ့ပိုင်းမှာဖော်ပြခဲ့တဲ့ တပ်ထောက်အရာရှိ၊ အခုကနေဒါ) က အတွင်းရေးမှူး၊ ဦးဟန်လင်း (ကွယ်လွန်) က စည်းရုံး-ပြန်ကြားတာဝန်ခံ၊ ကိုအောင်မော် (ရေဇင်းစိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသား၊ အခု ဖင်လန်နိုင်ငံ) က ဘဏ္ဍာ-ထောက်ပံ့ တာဝန်ခံ ဖြစ်လာပါတယ်။
တပ်မှူးတွေထဲမှာတော့ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ တပ်ရင်းထောက်လှမ်းရေးမှူး ကိုသောင်းညွန့် (အခုထိ နယ်စပ်မှာရှိနေဆဲ) က တပ်ရင်းမှူး (တပ်ရင်းမှူးဟာ ဖွဲ့စည်းပုံဥပဒေအရ ဒုဥက္ကဋ္ဌ)၊ တပ်ခွဲ ၂ မှူးကိုတင်ထွန်း (ပြန်ဝင်) က ဒုရင်းမှူး (ဒုရင်းမှူးဟာ ဖွဲ့စည်းပုံဥပဒေအရ တွဲဘက်အတွင်းရေးမှူး) ဖြစ်လာပါတယ်။


ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ စခန်းကော်မတီဟောင်းတွေထဲမှ ကိုဇော်မင်း (၁၉၉၃ ရနောင်းဘက်မှာ ပျောက်ဆုံး) က တပ်ရေးဗိုလ်၊ ကိုမင်းဇော်ရွှေ (အခု နယူးဇီလန်) က တပ်ထောက်ဗိုလ်၊ ကိုဌေးလှိုင် (အခုထိ နယ်စပ်မှာရှိနေဆဲ) က တပ်ရင်းအရာခံဗိုလ်တွေ ဖြစ်လာပါတယ်။ တပ်ခွဲမှူးတွေအဖြစ်ကတော့ ပုလောဒေသတပ်ခွဲ ၁ မှူးအဖြစ် ကိုခင်မောင်ချို ခေါ် ဘိုင်လာမန် (အခု အမေရိကန်)၊ ဒုခွဲမှူးအဖြစ် ကိုကျော်သူ (အခု အမေရိကန်)၊ တပ်ခွဲ ၂ မှူးအဖြစ် မူလခွဲမှူးဖြစ်သူ ကိုသိန်းမြင့်ကျော် ခေါ် ဘိုင်သိန်းမြင့် (၁၉၉၇ မှာ ကျဆုံး) ဒုခွဲမှူးအဖြစ် ကိုမင်းဇော်သူ (၁၉၉၃ ရနောင်းဘက်မှာ ကိုဇော်မင်းနဲ့အတူ ပျောက်ဆုံး) တို့ ဖြစ်လာပြီး တပ်ခွဲ ၂ ခွဲနဲ့ ပြန်လည်စုဖွဲ့ခဲ့ပါတယ်။ ဆက်သွယ်ရေး၊ ဆေးနဲ့ ထောက်လှမ်းရေးတပ်ဆွယ် ၃ ခုစလုံး ကျနော်တို့နဲ့အတူ ပါလာတဲ့အတွက် တပ်ဆွယ်တွေကတော့ မူလဖွဲ့စည်းပုံအတိုင်း အပြောင်းလဲ မရှိသလောက်ပါပဲ။

ဒီလိုစုဖွဲ့မှုလုပ်ပြီးတာနဲ့ တပ်ရင်းပိုင်ပစ္စည်းတွေကို ခွဲဝေတာ၊ လှုပ်ရှားမှုနယ်မြေ ခွဲဝေတာတွေကိုလည်း ကျနော်တို့ ဘက်မလိုက်အဖွဲ့နဲ့ ဒေါက်တာ နိုင်အောင်ကို ထောက်ခံတဲ့ ကိုဇော်သန်းတို့၊ ဆရာအောင်မြင့်တို့ အဖွဲ့ကြား ဆက်လုပ်ရပါတယ်။ ပထမဆုံး ခွဲဝေမှုလုပ်ရတာက တပ်ရင်းကွဲချိန်မှာ တပ်ရင်းရုံးနံရံမှာ ချိတ်ထားတဲ့ သေနတ်တွေကိစ္စပါ။ အဲဒီကာလက လက်နက်အတော်များများကို တပ်ရင်းရုံးနံရံမှာ ချိတ်ထားပြီး ကျည်ဘောက်တွေကိုတော့ တနေရာမှာ သီးခြားစီ သိမ်းထားပါတယ်။ နောက်တခါ ခွဲရင်းခြမ်းရင်းနဲ့ ထပ်သိလာရတာကတော့ သေနတ်မောင်းတံထဲက Fire pin ခလုတ်တွေကို တပ်ရင်းအရာခံဗိုလ် ကိုဝင်းအောင်က သီးခြားသိမ်းထားတဲ့အတွက် အကွဲအပြဲကာလအတွင်း မကျေနပ်လို့ အချင်းချင်း ထပစ်ရင်တောင် အဲဒီသေနတ်တွေက ပစ်လို့မရဘူးနိုင်ဆိုတာကို နောက်ပိုင်းမှသိရလို့ ကိုဝင်းအောင်ကို ဝိုင်းအမှတ်ပေးကြတာကို အမှတ်ရနေပါတယ်။

ဒီလိုလက်နက်ခွဲဝေရာမှာ ကျနော်တို့အချင်းချင်းကြား ညှိမရလို့လား၊ ကြားလူလိုလို့လား၊ ဘာကြောင့်မှန်းတော့ မမှတ်မိတော့ပါ။ KNU တပ်မဟာ ၄ ကနေ ကျောင်းသားရေးရာ တာဝန်ခံအဖြစ် တာဝန်ပေးထားသူ ဆရာမန်းငြိမ်းမောင် (ကိုကိုးကျွန်းကနေ ၁၉၇၀ မှာ ထွက်ပြေးလွတ်မြောက်လာသူ၊ ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှာ ဒုတိယအကြိမ်ဖမ်းဆီးခံရပြီး ၂၀၁၂ ခုနှစ် မတ်လနှောင်းပိုင်းကမှ ပြန်လွတ်လာသူ) ဟာ ကျနော်တို့စခန်းဆီ ရောက်လာပြီး လက်နက်ခွဲဝေရေးကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးပါတယ်။ ထုံးစံအတိုင်း သူ့ဖက်က များများရသင့်တယ်၊ ငါ့ဖက်က များများရသင့်တယ်နဲ့ ငြင်းခုန်လိုက်ကြတာ ၃-၄ ရက်ကြာတဲ့အထိ သဘောတူညီမှု မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ခံစားချက်တွေလျော့ချ၊ အပြန်အလှန် နားလည်မှုတွေရအောင် လုပ်ကြရင်းနဲ့ အချိုးတူခွဲဝေဖို့ သဘောတူလိုက်ပါတယ်။ တပ်ရင်းရုံးရှိ လက်နက်အားလုံးပေါင်းက ၄၀ လောက်ပဲရှိပြီး ကျန်တဲ့လက်နက်တွေ အားလုံးက ရှေ့တန်းတပ်တွေနဲ့ အတူရှိနေတာ ဖြစ်ပါတယ်။

အဲဒီရှေ့တန်းတပ်တွေထဲက ကိုကျော်ရတို့ ပင်လယ်ပြင်အုပ်စုနဲ့အတူ ရှိနေတဲ့ လက်နက်အားလုံးကို ကိုမိုးသီးဇွန်တို့ အဖွဲ့ပိုင်အဖြစ် သဘောတူလိုက်ပါတယ်။ အလားတူ နတ်အိမ်တောင်အခြေစိုက် ဘိုင်သိန်းမြင့်ရဲ့ တပ်ခွဲ ၂ တခုလုံးကလည်း ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် အဲဒီကလက်နက် အားလုံးကိုလည်း ဘက်မလိုက်အဖွဲ့ပိုင်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ ပပြင်ဒေသအခြေစိုက် ကိုပြည်ဆောင်ဦးတို့ရဲ့ တပ်ခွဲ ၁ မှ တပ်စု ၂ စုက ကိုနိုင်အောင်တို့ဖက် ထောက်ခံပြီး တစုက ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် ထောက်ခံတဲ့လူနဲ့ ပါသွားတဲ့ လက်နက်စာရင်းအတိုင်း အတည်ပြုလိုက်ပါတယ်။ အလားတူ ကိုဘုန်းကျော် ဦးဆောင်တဲ့ ဘန်းချောင်းဒေသ တပ်ခွဲ ၃ မှာလည်း ၂ စုက ကိုနိုင်အောင်တို့ဖက်ကို ထောက်ခံပြီး တစုက ဘက်မလိုက်ကို ထောက်ခံတဲ့အတွက် လူနဲ့အတူပါသွားတဲ့ လက်နက်စာရင်းအတိုင်း အတည်ပြုလိုက်ပါတယ်။ လက်နက်နဲ့ နယ်မြေခွဲဝေမှု ညှိနှိုင်းရတာ ဘယ်လောက်အထိ လက်ဝင်သလဲဆိုတာကိုတော့ တောထဲမှာ နေဖူးသူတွေမှ ပိုနားလည်နိုင်မယ်လို့ ထင်မိပါတယ်။


တပ်ရင်းမကွဲမှီတွေ့ရတဲ့ ခွပ်ဒေါင်းနှစ်ကောင် မျက်နှာချင်းဆိုင် ABSDF ဆိုင်းဘုတ် 

 ထူးခြားဆန်းကြယ်သော တရားစီရင်ခန်း

ကျနော်တို့ ဘက်မလိုက်အဖွဲ့နဲ့ ဒေါက်တာနိုင်အောင်တို့အဖွဲ့ကြားမှာ လက်နက်နဲ့ နယ်မြေလို အရေးကြီး တဲ့ ခွဲဝေမှုကိစ္စအပြင် အရက်ပုလင်း ၃၃-လုံး ခွဲဝေရေးကိစ္စလဲပါတယ်ဆိုရင် စာဖတ်ပရိတ် သတ်ယုံ ပါ့မလား။ ဖြစ်ပုံကတော့ ကျနော်တို့စခန်းပိုင် စက်လှေဟာ တပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့ပြီး အပြန်မှာ လှေသမားတွေနဲနဲပါးပါး ငွေကြေးအဆင်ပြေစေရေးအတွက် ပစ္စည်းအနဲအကျဉ်းသယ်ယူပီး နောက် တန်းနဲ့ KNU ရွာတွေဆီမှာပြန်ရောင်းတာမျိုးကို ကော်မီတီက နားလည်မှုပေးထားပါတယ်။ ဒါပေမဲ့ ပြသာနာကဖြစ်ချင်တော့ တပ်ရင်းကွဲခါနီးအခေါက်မှာ ဘန်းချောင်းနဲ့ မေတ္တာဖက်ကနေပြန်လာတဲ့ တပ် ရင်းလှေဟာ အယင်လိုစားစရာတွေသယ်လာတာမဟုတ်ဘဲ ၃-ဆနီးပါးအမြတ်ရနိုင်တဲ့ Army Rum ပုလင်း ၃၃-လုံး ကိုသယ်လာပါတယ်။ အယင်ကဆိုရင်တော့ ဒီသတင်းကို စခန်းကော်မီတီက မသိဘဲ ဒိုင်ရှို လုပ်ကောင်းလုပ်ထားနိုင်မှာဖြစ်ပေမဲ့ အခုတော့ သူတို့လှေ ပြန်ရောက်ချိန်မှာ စခန်းကလဲ ကွဲနေ တော့ ဒီ ပုလင်းတွေအကြာင်းကို အားလုံးသိကုန်ပီး အဲဒီလှေသမား ၂-ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီး အချုပ် ထဲထည့်၊ အရက် ပုလင်း ၃၃-လုံးကိုလဲ သက်သေခံပစ္စည်းအဖြစ်သေတ္တာထဲ ထည့်သိမ်း ထား လိုက်ပါ တယ်။

ကံက ထပ်ဆိုးချင်တော့ စခန်းကွဲတဲ့အချိန်မှာ အဲဒီဖမ်းဆီးခံလှေသမား ၂-ဦးစလုံးက ကျနော်တို့ ဘက်မလိုက်အဖွဲ့ကိုထောက်ခဲ့တဲ့အထဲပါလာတဲ့အတွက် ဒီအမှုကို ကျနော်တို့ ကော်မီတီသစ်က တာဝန် ယူ လိုက်ရပါတယ်။ ဒီလှေသမား ၂-ဦးဟာ အရက်သေစာသယ်ယူခြင်းဖြင့် တော်လှန်ရေးရဲ့ ဂုဏ် သိက္ဒာကို ထိခိုက်အောင် လုပ်ခြင်းဖြစ်တယ်လို့မှတ်ချက်ချပီး သူတို့ ၂-ဦးကို တပ်ဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ကြောင်း ကော်မီတီသစ်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါဟာ အကွဲအပြဲ ကာလအတွင်း အပြင်းထန်ဆုံးနဲ့ ပထမဆုံးပြစ်ဒဏ်ဖြစ်တာကြောင့် ဘက်အသီးသီးက ဒါကို လက်ညိုးထိုးပီး ပြစ်ဒဏ် နဲ့ ပြစ်မှုမမျှဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးအပေါ် နိုင်ငံရေးအယူအဆက လွမ်းမိုးလိုက်တာဖြစ်တယ် ဆိုပီး ကျနော်တို့ကော်မီတီကို ဝိုင်းဝေဖန်ကြပါတယ်။ ကျနော်တို့ကတော့ ဒီဝေဖန်ချက်ကို လက်မခံဘဲ ဆုံးဖြတ် ချက်မပြင်နိုင်ဘူး။ ဒါပေမဲ့ တပ်ရင်းညီလာခံမှာ အယူခံဝင်နိုင်တယ်ဆိုပီး ဒီကိစ္စကိုအဆုံး သတ် လိုက်ပါ တယ်။

အဲ...လှေသမား ၂-ဦးကို ဒီလိုအပြစ်ပေးပီးတဲ့အခါမှာတော့ သူတို့သယ်လာတဲ့ အရက်ပုလင်း ၃၃-လုံးကို တပ်ရင်းရုံးရှေ့ လူမြင်ကွင်းမှာ စံပြ အနေနဲ့ ရိုက်ခွဲပစ်မယ်ဆိုပီး ကျနော်ကအဆိုပြုလိုက်ပါတယ်။ ဒါပေမဲ့ ဘန်ဒါရေးတာဝန်ခံနဲ့ တပ်ထောက်အရာရှိတို့ကနေ အရက်တလုံးကို ဘတ် ၁၀၀-လောက်တန် တဲ့အတွက် ဒီလိုလုပ်ရင် ဘတ် ၃၀၀၀-ထောင်ကျော်ကို အလားကားဖြုန်းတီးရာရောက်မယ်။ ဒီ ဘတ် ၃၀၀၀-ဟာ ရဲဘော် ၂၀၀-ခန့်အတွက် တလစာရိက္ခာဖိုးရတယ်ဆိုပီး အချက်လက်နဲ့ တင်ပြလာပါတယ်။ နောက်ဆုံးမှာတော့ အများသဘောတူညီချက်အရ ဒီပုလင်းတွေကို မရိုက်ခွဲ တော့ဘဲ တပ်ရင်းရံပုံငွေရ အောင် ပြန်ရောင်းချမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီလိုဆုံးဖြတ်ပီးကာမှ မထင်မှတ်တဲ့ပြသာနာက စတော့တာပါဘဲ့။ ၉-ရက်ကြာဆွေးနွေးပွဲကနေ အခု စခန်းကော်မီတီအသစ်ပေါ်ပီး သတင်း ၂-ပါတ်ကျော်ကြာတဲ့အထိ အကွဲအပြဲတွေနဲ့အလုပ်ရှုပ်နေလို့ အဲဒီပုလင်း ၃၃-လုံးကို ဘယ်သူကမှ အသေချာမစစ်ဆေးရသေးပါဘူး။ သစ်သားတန်းလေးနဲ့ လုပ် ထားတဲ့ လက်လုပ်ဘီဒိုထဲမှာ အဲဒီ ၃၃-လုံးကို ပါကင်ပိတ် အတိုင်းမြင်နေရလို့ ဘီဒိုကို သော့ဖွင့်ပီး တခါမှမစစ်ဆေးမိပါ။ အခု ရောင်းမယ်ဆိုပီး ပုလင်းတွေကို ရုံးပေါ်ယူလာတော့မှ... "ဟေး မင်းတို့ပုလင်း တွေက အရက်ဟုတ်ရဲ့လား။ အထဲမှာ လဖက်ခြောက်ဖတ်တွေလားမသိဘူး" ဆိုပီး အရက်အကြောင်း အတွေ့အကြုံရှိတဲ့ ကော်မီတယောက်က ထအော်ပါတယ်။ ဒီတော့မှ ကျန်တဲ့လူတွေလဲ ပုလင်းတွေကို အသေချာကိုယ်တွယ်စစ်ဆေးကြပါတယ်။ ဒီလို စစ်တော့မှ ၃၃-လုံးမှာ ၁၀-လုံးလောက်က ရေနွေးကြမ်း တွေ ဖြစ်နေပါရော့လား။ မောင်ကျိုးဖိုးတွေများကျွမ်းကျင်မှုကတော့ လက်ဖျားခါလောက်ပါရဲ့။ အပူပေး ထားတဲ့အပ်နဲ့ ပုလင်းဖင်အောက်ကနေ အရက်ကိုစုတ်ထုပ်ပီး ရေနွေးတွေကိုပြန်ထည့်ထားပါသတဲ့။ ဒီတော့ အပေါ်က ပါကင်ကနေရာဘာမှ မယွင်းဘဲ အထဲမှာ ရေနွေးတွေ ရောက်နေတာပေါ့။

နောက်ဆုံးမှာတော့ တပ်ရင်းအကွဲအပြဲငြင်းခုံနေစဉ် သတင်း ၂-ပတ်ကျော် ကာလတလျောက်လုံး ဒီအရက်ပုလင်းတွေ သိမ်းဆည်းရာ တပ်ရင်းရုံးဘေးက အဆောင်လေးမှာနေထိုင်တဲ့ ဒုရင်းမှုးဆရာ အောင်မြင့်နဲ့ ကော်မီတီဝင် ကိုညဏ်စိုးတို့ဆီ အားလုံးကလက်ညိုးထိုးပါတော့တယ်။ ဒီတော့မှ ညဏ် ကြီးရှင် ကိုညဏ်စိုးက ထွက်လာပီး ပုလင်းထဲကအရက်တွေကို လက်ရာမယွင်းစေဘဲ သိပ္ပံနည်းကျ ထုတ်ယူူနည်းအဆင့်ဆင့်ကို ရှင်းပြတော့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ရဲ့ အရက် ၃၃-လုံးခွဲဝေရေး မဟော သဓာ တရားစီရင်ခန်းလဲ တခန်းရပ်ပီး စခန်းတခုလုံး တဝါးဝါး-တဟားဟားနဲ့ ရည်မောခဲ့ကြဖူးတာကို ကျနော် အမှတ်ရနေပါတယ်။



တပ်ရင်းကွဲပြီးနောက် မျက်နှာချင်းဆိုင်ခွပ်ဒေါင်းကိုပြန်ပြင်ထားတဲ့ဆိုင်းဘုတ်သစ်

ခွပ်ဒေါင်းယတြာ

တောထဲမှာကြုံခဲ့ရတဲ့အဖြစ်အပျက်အများစုဟာ စိတ်ညစ်စရာတွေဖြစ်ပေမဲ့ လူတွေဟာ စိတ်ညစ်စရာ ကို သိပ်မမှတ်မိဘဲ ရည်စရာတွေကိုဘဲ့မှတ်မိနေတတ်သလားတော့မပြောတတ်ပါ။ အဲဒီအကွဲ အပြဲ ကာ လ ကျနော်မှတ်မိနေတဲ့ နောက်ထပ်ရည်စရာတခုကတော့ ခွပ်ဒေါင်း-ယာတြာဖြစ်ပါတယ်။ တပ်ရင်း ဆိုင်းဘုတ်မှာ ခွပ်ဒေါင်း ၂-ကောင်ကို မျက်နှာချင်းဆိုင်ဆွဲထားလို့ အချင်းချင်းခွပ်ကြတာ။ ကျောင်းသား စခန်းဆီ ခွပ်ဒေါင်းအရှင်ကိုသယ်လာပီး လာရောင်းလို့ ခွပ်ဒေါင်းတွေ ပြသာနာတက်တာ ဆိုတဲ့ ယတြာ ဆန်ဆန် ဖြစ်စဉ်တခုလဲ ကျနော်တို့စခန်းမှာဖြစ်ပွါးခဲ့ပါသေးတယ်။

ရှေ့အခန်းမှာဖေါ်ပြခဲ့တဲ့အတိုင်း အများသွားတောင်ကြားလမ်းထိပ်မှာ စိုက်ထူထားတဲ့ တပ်ရင်း ဆိုင်း ဘုတ်ကို စာဖတ်သူ အသေချာကြည့်မယ်ဆိုရင် ခွပ်ဒေါင်း ၂-ကောင်ဟာ ဘုန်းကြီးကျောင်းဝက ခြင်္သေ့ နှစ်ကောင်လို မျက်နှာချင်းဖြစ်နေတာကို တွေ့ရနိုင်ပါတယ်။ ဒီအတွက် ဆိုင်းဘုတ်ဆွဲတဲ့ ဒုရင်းမှုး ဆရာ အောင်မြင့်ဆီ စွဲချက်ကရောက်လာပါလေရော။ "ဆရာ ခွပ်ဒေါင်းပုံအဆွဲကောင်းလို့ ခွပ်ဒေါင်းတွေ အ ချင်းချင်း ခွပ်ကုန်ကြပြီ" ဆိုပြီး အားလုံးက ဆရာ့ကို ဝိုင်းစကြပါတယ်။ ဒီလို စတာကို မခံနိုင်တဲ့ ဆရာ အောင်မြင့်ကလဲ အဲဒီဆိုင်းဘုတ်ကြီးကို ချက်ချင်းဖြုတ်ချပီး ခွပ်ဒေါင်း ၂-ကောင်ကိုပြန်ဖျက်။ ABSDF အမည်နဲ့ တပ်ရင်း နံပတ်လောက်ကိုဘဲ့ ချန်ပြီး ပြန်ပြင်လိုက်ပါတယ်။ 

ဆိုင်းဘုတ်တွေနဲ့ပါတ်သက်ပြီး သတိရသလောက်ဆက်ပြောရမယ်ဆိုရင် အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေဟာ ဘာလုပ်လုပ် ဆိုင်းဘုတ်တင်တာကို အယင်ဆုံးလုပ်လေ့ရှိပါတယ်။ တပ်ရင်း အဝင်၀ ဆိုင်းဘုတ်၊ တပ်ရင်းရုံးဆိုင်းဘုတ်၊ စာကြည့်တိုက်ဆိုင်းဘုတ်၊ စာသင်ကျောင်းဆိုင်းဘုတ်၊ ဆေး ခန်းဆိုင်းဘုတ်၊ မွေးမြူရေးခြံဆိုင်းဘုတ်၊ ယုတ်စွအဆုံး စိုက်ခင်းထဲမှာ ဘာအပင်မှမစိုက်သေးခင် ''တပ်ရင်း စိုက်ပျိုးရေးခြံ" ဆိုတဲ့ ဆိုင်းဘုတ်ကို အယင်ဆုံး စိုက်တဲ့ခေတ်ပါ။ ဒီလိုနဲ့ စခန်းမှာ အထိုင် များတဲ့၊ စိတ်ရှည်သီးခံပြီး အားလုံးနဲ့တည့်အောင်ပေါင်းတတ်တဲ့ ဒုရင်းမှုးဆရာအောင်မြင့်ဟာ "ဆိုင်း ဘုတ် ရေးတဲ့ ပန်းချီဆရာ" အဖြစ် အုန်းပင်တက်လက်မှတ်ရခဲ့ပေါ့။

ဆရာအောင်မြင့်ရဲ့ ဒေါင်းရုပ် ယာတြာကနေ ဒေါင်းအရှင် ဇါတ်လမ်းအကြောင်းကိုဆက်ရမယ်ဆိုရင် ကျနော်တို့ဘက်မလိုက်အဖွဲ့ဆီပါလာတဲ့ တပ်မှုးတဦးနဲ့ ဆွေမျိုးတော်စပ်သူတဦးဟာ မြန်မာနိုင်ငံက ရှား ပါးတိရိစ္ဆန်တွေကိုသယ်ပြီး ထိုင်းမှာထွက်ရောင်းဖို့အတွက် ကျနော်တို့စခန်းဆီ ခေတ္တာရောက်နေပါ တယ်။ ကံဆိုးပြီး တိုက်ဆိုက်မှုဖြစ်ချင်တော့ သူ ကျနော့်တို့ဆီမှာ အဲဒီလိုခေတ္တာတည်းခိုနေတဲ့ အချိန် ဟာ ကျနော်တို့ တပ်ရင်းကွဲတဲ့အချိန်နဲ့ ကွက်တိဖြစ်နေပါတယ်။ ကံကထပ်ဆိုးချင်တော့ သူသယ်လာ တဲ့ရှား ပါးတိရိစ္ဆန်တွေက ဒေါင်းတွေချည်းဖြစ်နေပြန်ပါတယ်။

"ခင်ဗျားဗျာ၊ ကျောင်းသားစခန်းဆီလာပီး ခွပ်ဒေါင်းတွေလာရောင်းရတယ်လို့" ဆိုပီး သူ့ကို ကျနော်တို့ ဝိုင်းစကြတာကို ကျနော်မှတ်မိနေဆဲဖြစ်ပါတယ်။


နတ်အိမ်တောင်တိုက်ပွဲနဲ့ အိမ်နီးချင်းတပ်ရင်းများ

ဒီလို အကွဲအပြဲကိစ္စ၊ နယ်မြေခွဲဝေရေးကိစ္စ၊ လက်နက်ခွဲဝေးရေးကိစ္စတွေနဲ့ ကျနော်တို့ အကြီးအကျယ် ငြင်းခုန်လို့ကောင်းတုန်း ၁၉၉၁ ဒီဇင်ဘာ ဒုတိယ သတင်းပတ်ထဲမှာ အရေးပေါ်သတင်းတခု ဝင်လာပါတယ်။ အဲဒါကတော့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ နယ်မြေထဲမှာပါတဲ့ တပ်ခွဲ ၂ အခြေစိုက်ရာ နတ်အိမ်တောင်စခန်းကို နဝတတပ်တွေက ထိုးစစ်ဆင်ဖို့ စစ်ကြောင်းတွေ တက်လာနေပြီဆိုတဲ့သတင်းပါ။


ဒု တပ်ရင်းမှူး ကိုတင်ထွန်းအပါဝင် တပ်ခွဲ ၂ မှ ရဲဘော်တချို့နဲ့ KNU တပ်ဖွဲ့ဝင်တချို့ကို နတ်အိမ်တောင် တောင်ထိပ်က ဆွေးနွေးပွဲတခုတွင် တွေ့ရစဉ်
ဒါကြောင့် ငြင်းခုန်မှုတွေကို ခေတ္တဆိုင်းငံ့ပြီး စစ်ပွဲကိစ္စအတွက် အရေးပေါ်ပြင်ဆင်ရပါတယ်။ နတ်အိမ်တောင်စခန်းကနေ အကွဲအပြဲ အစည်းဝေးအတွက် တပ်ရင်းဆီရောက်နေတဲ့ (ဒုရင်းမှူးဖြစ်သွားသူ) တပ်ခွဲမှူး ကိုတင်ထွန်း၊ နောက် ကော်မတီဝင် ဦးဟန်လင်းနဲ့ ရဲဘော်တချို့ကို နတ်အိမ်တောင်ဒေသဆီ ထိုင်းနိုင်ငံဖြတ် ကားလမ်းကနေ အမြန်ပြန်ပို့ရပါတယ်။ နောက်တခါ အဲဒီအချိန်မှာ ၁၀၁ တပ်ရင်းနဲ့ ၁၀၂ တပ်ရင်းတွေလည်း နတ်အိမ်တောင်အနီးက ပြည်သိမ်းစခန်း (အရင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် ဦးဆောင်တဲ့ ပြည်ချစ်တပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်စခန်းဟောင်း) ဝန်းကျင်မှာ ရောက်နေပြီဖြစ်တဲ့အတွက် အဲဒီတပ်တွေနဲ့ ပူးတွဲဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း တခါတည်း တာဝန်ပေးလိုက်ပါတယ်။

ကျနော်တို့တပ်ရင်းရဲ့ မြောက်ဘက် အိမ်နီးချင်း (တောင်ဘက် အိမ်နီးချင်းကတော့ ၂၀၃ တပ်ရင်း ဖြစ်ပါတယ်) တပ်ရင်းတွေဖြစ်တဲ့ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း နှစ်ခုအကြောင်းကို အကျဉ်းရုံးပြောရမယ် ဆိုရင် ၁၉၉၀ ဖေဖော်ဝါရီ ဒုတိယ သတင်းပတ်မှာ နဝတတပ်တွေက ဘုရားသုံးဆူဒေသကို သိမ်းလိုက်တဲ့အတွက် အဲဒီနေရာကနေ သူတို့တပ်ရင်းတွေ ဆုတ်ပေးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ၁၀၁၊ ၁၀၂၊ PDF (ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) တို့ဟာ မွန်ပြည်သစ်ပါတီ တပ်တွေနဲ့ ပူးပေါင်းပြီး အထူးစစ်ကြောင်းတခုကို ဖွဲ့စည်းလိုက်ကြောင်း၊ ပြီးတော့ ၁၉၉၀ မတ်လ ၂၂ ရက်နေ့မှာတော့ ကျောင်းသားတော်လှန်ရေးသမိုင်းမှာ ထင်ရှားတဲ့ “ရေးတိုက်ပွဲ” ကို ဆင်နွှဲခဲ့ကြောင်း ၁၀၁ နဲ့ ၁၀၂ မှ ရဲဘော်တချို့က ကျနော့်ကို ပြောပြခဲ့ပါတယ်။

“ရေးတိုက်ပွဲ” အပြီးမှာတော့ တပ်တွေအားလုံးကို ပြန်စုပြီး “ကလိန်ကန်” ဘက်မှာ စခန်းချနေထိုင်ခဲ့ကြောင်း။ အဲဒီကတဆင့် ၁၉၉၁ အစောပိုင်းမှာ မွန်နယ်မြေကနေထွက်ပြီး ကျနော်တို့ ၂၀၁ တပ်ရင်း တပ်ခွဲ ၂ ရှိရာ နတ်အိမ်တောင် ဒေသဘက်ဆီ ထွက်လာတာဖြစ်ကြောင်း၊ အဲဒီနောက် ပြည်သိမ်းစခန်းဝန်းကျင်ဆီ ရောက်လာပြီး ၁၀၂ က ဘိုမတောင်၊ ၁၀၁ က ဆင်မတောင်တွေမှာ တပ်တည်ချထားခဲ့တယ်လို့ ၁၀၁၊ ၁၀၂ ရဲဘော်တချို့က အခုဆောင်းပါးရေးဖို့ မေးမြန်းစဉ်အတွင်း ကျနော်ကို ပြောပြခဲ့ပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင်တော့ အကွဲအပြဲသဘောအရဆိုရင် ကျနော်တို့ ၂၀၁ တပ်ရင်း၊ တပ်ခွဲ ၂ က ဘက်မလိုက်၊ ၁၀၁ က ကိုနိုင်အောင်တို့ဘက်၊ ၁၀၂ က ကိုမိုးသီးဇွန်တို့ဘက် ဖြစ်နေတဲ့အတွက် နိုင်ငံရေးအမြင်အရ ဘာမှမဆိုင်သလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် တကယ့်စစ်ပွဲ ဖြစ်တဲ့အခါမှာတော့ မတူတဲ့ တပ်ရင်း ၃ ရင်းက ကျောင်းသားအားလုံး အတူတကွ လက်တွဲပြီး စည်းလုံးညီညွတ်စွာနဲ့ နဝတတပ်တွေကို ရင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီကာလ နတ်အိမ်တောင်ဒေသတာဝန်ခံ KNU တပ်ရင်း ၁၀ ရဲ့တပ်ခွဲ ၂ မှူးက ဗိုလ်လှချော (ကွယ်လွန်) ဖြစ်ပါတယ်။ တိုက်ပွဲကာလအတွင်း တာဝန်ယူကြတဲ့ တောင်ကုန်းတွေကတော့ ၂၀၁ တပ်ရင်းက ကျောင်းသားကုန်း၊ ၁၀၁ က အလံတိုင်ကုန်း၊ ၁၀၂ က  ၀၁ ကုန်းတို့ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ နဝတစစ်ကြောင်းတွေဟာ နယ်မြေရှင်းတဲ့သဘောနဲ့ နတ်အိမ်တောင် တောင်ခြေရင်းအထိ တာဝန်ကျစစ်ကြောင်း ထိုးလေ့ရှိပြီး တပတ်လောက်ကြာရင် ပြန်ဆုတ်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကြိုမသိလိုက်တဲ့ အချက်ကတော့ ဒီတခါ စစ်ဆင်ရေးဟာ အရင်လို ပုံမှန်နယ်မြေရှင်းတဲ့ စစ်ဆင်ရေးမဟုတ်ဘဲ နတ်အိမ်တောင်စခန်းကို အခြေစိုက်ပြီး ရတနာ ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ဖို့ စီမံကိန်းအတွက် ဖြစ်တယ်။ ဒီဒေသတခုလုံးကို ရှင်းပြီး ဓါတ်ငွေ့ပိုက်လိုင်းဖောက်ဖို့ နဝတ၊ ထိုင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေ သဘောတူညီချက် ယူထားပြီးပြီဆိုတဲ့အချက် ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကျနော်တို့ ကျောင်းသားတပ်ရင်း ၃ ခုနဲ့ KNU တပ်တွေ ဘယ်လိုပဲ ခုခံပါစေ၊ နဝတက နတ်အိမ်တောင်ကို မရမချင်း သိမ်းမယ့်စီမံကိန်း ရှိပြီးသားဖြစ်တဲ့အတွက် ၁၉၉၁ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စခန်းကျသွားပါတယ်။ ဒီတိုက်ပွဲအတွင်း KNU မှတဦး၊ ၁၀၁ တပ်ရင်းမှ ၂ ဦးကျဆုံးပြီး တချို့ဒဏ်ရာရခဲ့ပါတယ်။ ၁၀၁ က ကျဆုံးသွားသူ ရဲဘော် ၂ ဦးရဲ့အမည်ကတော့ တပ်ကြပ် ကိုယုကြည်နဲ့ တပ်သား ကိုမောင်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ကျနော်တို့ ၂၀၁ မှ ရဲဘော်တချို့၊ ၁၀၂ မှ ရဲဘော်တချို့ ဒဏ်ရာရခဲ့ပေမယ့် သိပ်မပြင်းထန်ဘူးလို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ KNU နဲ့ ကျနော်တို့ ABSDF တပ်တွေဟာ နတ်အိမ်တောင်စခန်းကနေ ခွာစစ်ဆင်ပြီး လေးအိမ်စုဆိုတဲ့ နတ်အိမ်တောင် အောက်ဖက် ၃ မိုင်ခန့်အကွာ နယ်စပ်စခန်းမှာ ပြန်လည်အခြေစိုက် လှုပ်ရှားခဲ့ပါတယ်။

ရာဇဝင်ထဲက နတ်အိမ်တောင်

တကယ်တမ်း ပြောမယ်ဆိုရင်တော့ နတ်အိမ်တောင်စခန်းဆိုတာဟာ နယ်စပ်ဒေသနဲ့ပတ်သက်ပြီး တောမခိုခင် ကျနော်သိတဲ့ တခုတည်းသောနေရာ ဖြစ်ပါတယ်။ မြန်မာပြည်မြေပုံကို ကြည့်လိုက်မယ်ဆိုရင် အရှေ့-အနောက် အကျဉ်းမြောင်းဆုံး မိုင် ၃၀ ဝန်းကျင်သာရှိတဲ့နေရာဟာ နတ်အိမ်တောင်စခန်းရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒီစခန်းဟာ ကျနော်တို့ထားဝယ်ဒေသရဲ့ အဓိကမှောင်ခိုလမ်းကြောင်း ဖြစ်တဲ့အပြင် ပြည်ချစ်တပ်နဲ့ ကော်သူးလေတပ်တွေ ရှိတဲ့နေရာအဖြစ် ကျနော် အလယ်တန်းကျောင်းသားဘဝကတည်းက ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် နတ်အိမ်တောင်စခန်းဆီ ကျနော် တကယ်ရောက်ဖူးတဲ့အချိန်ကတော့ ၁၉၉၀ မေလ ရွေးကောက်ပွဲမတိုင်ခင် ကာလကျမှဖြစ်ပါတယ်။


၁၀၁ ဥက္ကဋ္ဌ ကိုတင်စိုးနောင်နဲ့ ၁၀၂ ဥက္ကဋ္ဌ ကိုသီရိညွန့်တို့ကို နတ်အိမ်တောင်နယ်စပ် မှတ်တိုင်အနီး တွေ့ရစဉ်
ရွေးကောက်ပွဲမတိုင်မီ နယ်စပ်ရောက် ကျောင်းသားတွေကို ပြန်ခေါ်ရမယ်ဆိုပြီး မိသားစုတွေကို အစိုးရက ဖိအားပေးတဲ့အတွက် ကျနော့်ရွာက သူငယ်ချင်းတဦး နတ်အိမ်တောင်စခန်းအထိ ရောက်လာပြီး ကျနော့်ကို လာခေါ်တဲ့အတွက် အဲဒီလူနဲ့တွေ့ဖို့ မင်းသမီးကနေ နတ်အိမ်တောင်စခန်းဆီ ရောက်လာတာဖြစ်ပါတယ်။ တခြားကျောင်းသားတွေကိုလည်း အလားတူ လာခေါ်ခိုင်းတာ တွေ့ရပေမယ့် ပြန်လိုက်သွားတဲ့လူတော့ မတွေ့မိပါဘူး။

အဲဒီလို မိသားစုကိစ္စ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ဆွေးနွေးပြီးနောက်မှာတော့ နတ်အိမ်တောင်စခန်းကို ကျနော် လေ့လာခွင့်ရခဲ့ပါတယ်။ နတ်အိမ်တောင်ဟာ ကျနော်တို့ မင်းသမီးဒေသနဲ့ ရာသီဥတုမတူဘဲ တောင်ပေါ်မြို့လေးတခုလို အေးစိမ့်စိမ့်လေး၊ မြူနှင်းဝေေ၀လေး ဖြစ်နေပါတယ်။ ဒီဒေသအတွင်း အမြင့်ဆုံးတောင်တန်း ဖြစ်တဲ့အတွက် ကလိန်အောင်၊ ကံပေါက်နဲ့ ထားဝယ်ဘက်ကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ရှုခင်းက အတော်လှပါတယ်။ ကျနော်ရောက်ဖူးခဲ့သမျှ နယ်စပ်စခန်းတွေထဲမှာတော့ အလှပဆုံးနဲ့ ဆက်သွယ်ရေး အလွယ်ကူဆုံးစခန်းတခုဖြစ်ပြီး အပန်းဖြေစခန်းတောင် ဆောက်သင့်တဲ့နေရာလို့ ထင်မိပါတယ်။

သဘာဝအလှအပြင် စီးပွားရေးအခြေနေကို ပြောရမယ်ဆိုရင်တော့ ရှေ့မှာပြောခဲ့တဲ့ ကျနော်တို့ ၂၀၁ တပ်ရင်း၊ ခွဲ ၂ ဘားတိုက်ရှိရာ ကျောင်းသားကုန်းနဲ့ အလံတိုင်ကုန်းကြားမှာ မြန်မာနိုင်ငံထဲဆင်းတဲ့ လူသွားလမ်းလေး (အခုတော့ ဒီလမ်းဟာ ရတနာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းတဲ့ လမ်းကြောင်းဖြစ်သွားခဲ့ပါပြီ) ရှိပြီး အဲဒီလမ်းထိပ်မှာ KNU အကောက်ဂိတ်၊ သို့မဟုတ် ဒေသအခေါ် မှောင်ခိုဂိတ် ရှိပါတယ်။ ဒီဂိတ်ဟာ တနေကုန် စည်ကားနေပြီး ကုန်သည်အတက်အဆင်းတွေနဲ့ ရှုပ်ရှက်ခတ်နေပါတယ်။ မြန်မာပြည်ဘက်က တက်လာသူအများစုဟာ နွားတွေ၊ ကျွဲတွေကို သယ်လာသူတွေဖြစ်ပြီး ထိုင်းဘက်က အပြန်မှာတော့ စက်ဘီးတွေ၊ ကားပစ္စည်းတွေ၊ အချိုမှုန့်အပါဝင် ထိုင်းထွက် စားသောက်ကုန်တွေကို ကျောပိုးခြင်းတောင်းတွေနဲ့ ပြန်သည်သွားတာကို တွေ့ရပါတယ်။

ကျောင်းသားစခန်းရဲ့ နောက်ကျောမှာတော့ ကျောက်ပုံရွာဆိုတဲ့ အိမ်ခြေ ၃၀ ခန့်ရှိ နယ်စပ်ရွာလေးရှိပါတယ်။ အဲဒီမှာ ကျနော်တို့တပ်ခွဲက မိသားစုတချို့နေပြီး အများစုကတော့ ကုန်သည်တွေဖြစ်ပါတယ်။ အဲဒီရွာအလွန်မှာ  ထိုင်းနယ်ခြားစောင့်ဂိတ်ရှိပြီး အဲဒီဂိတ်နောက်မှာတော့ ဦးပဇ္ဈင်း ဖေကြည်ကျောင်းလို့ ကျောင်းသားတွေကခေါ်တဲ့ ထိုင်း-ထားဝယ် ဘုန်းကြီးကျောင်းတကျောင်း ရှိပါတယ်။ အဲဒီကျောင်း ခြံစည်းရုံးအလွန်မှာတော့ တောချတော နယ်ခြားစောင့် တပ်စခန်းကို တွေ့ရမှာဖြစ်ပြီး အဲဒီစခန်းရဲ့ရှေ့မှာတော့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းတွေ ရှိပါတယ်။

အဲဒီ ဘောလုံးကွင်းဘေးမှာတော့ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိမယ့် နတ်အိတ်တောင်ရွာနဲ့ ဈေးတန်းကြီးကို တွေ့ရပါတယ်။ နတ်အိမ်တောင်က အိမ်တွေဟာ သွပ်ပြားမိုး သစ်သားအိမ်တွေဖြစ်ပြီး လမ်းမတန်းတလျှောက် အိမ်တွေအားလုံးဟာ ဆိုင်ခန်းတွေနဲ့ တွဲထားတဲ့အိမ်တွေ ဖြစ်ပါတယ်။ နတ်အိမ်တောင် ဈေးတန်းကြီးကိုလည်း သွပ်ပြားနဲ့ပဲမိုးထားတာ တွေ့ရပြီး ကျနော်တို့ထားဝယ်မြို့ပေါ်က ဈေးနီးနီး စည်ကားနေတာကို တွေ့ရပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ နတ်အိမ်တောင်စခန်းနဲ့ မင်းသမီးစခန်းဟာ မြို့နဲ့တောလို ကွာတယ်လို့ ကျနော်စိတ်ထဲ ခံစားမိပါတယ်။ နတ်အိမ်တောင်စခန်း မကျခင် နောက်ထပ် ၃-၄ ခေါက်လောက် ထောက်ပံ့ရေးတာဝန်နဲ့ ကျနော် ရောက်ဖူးခဲ့ပါသေးတယ်။

နောက်တခါ ထူးထူးခြားခြား နတ်အိမ်တောင်စခန်းဟာ နဝတလက်ထဲ ကျပြီးတဲ့အထိ သွားရောက်လည်ပတ်နိုင်တဲ့ တခုတည်းသောနေရာ ဖြစ်ပါတယ်။ ၁၉၉၁ ဒီဇင်ဘာမှာ စခန်းကျပြီးချိန် နောက်ပိုင်း ရတနာ ပိုက်လိုင်းစီမံကိန်းအတွက် သတင်းယူဖို့ သတင်းထောက် တဦးအဖြစ် နတ်အိမ်တောင်ရွာနဲ့ တောင်ထိပ်ဆီ ကျနော် ၃-၄ ခေါက် ထပ် ရောက်ခဲ့ပါသေးတယ်။ အလားတူ ၂၀၀၈ ထိုင်းခရီးစဉ်အတွင်းမှာလည်း နယ်စပ်အလွမ်းပြေအဖြစ် နတ်အိမ်တောင်ရွာနဲ့ တောင်ထိပ်စခန်းဆီ ကျနော်သွားလည်ခဲ့ဖူးတာကို အမှတ်ရနေပါတယ်။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More