ဒုတိယ အႀကိမ္ညီလာခံနဲ႔ နယ္ေျမေကာ္မီတီကုိ ဖ်က္သိမ္းျခင္း
၁၉၈၉ ေနွာင္းပိုိင္း နုိ၀င္ဘာလမွာေတာ့ က်ေနာ္တုိ႔ KNU နယ္ေျမေကာ္မတီကုိ ဆက္ထားဖုိ႔ မလုိေတာ့ဘူး၊ စခန္းေတြအားလုံးကိုဗဟုိေကာ္မီတီကေန တုိက္႐ုိက္အုပ္ခ်ဳပ္ေတာ့မယ္လို႔ ဒုတိယအႀကိမ္ ညီလာခံေနက ဆုံးျဖတ္ခ်က္ ထြက္လာပါတယ္။ နုိ၀င္ဘာလအေစာပုိင္းက မင္းသမီးစခန္းမွာ က်င္းပတဲ့ ဒုတိယအႀကိမ္ ဗဟုိညီလာခံကေန အခုလုိ ဆုံးျဖတ္လုိက္တာပါ။ ဒါေၾကာင့္ မဲေဆာက္ၿမိဳ႕ျပင္က က်ေနာ္တုိ႔ရဲ႕ ႐ံုးခန္းကုိ ဗဟုိေကာ္မတီဆီ ထုိးအပ္၊ နယ္ေျမ ေကာ္မတီ၀င္ေတြအားလုံး ကုိယ့္မိခင္စခန္း ကိုယ္ျပန္ဖုိ႔ျပင္ရပါတယ္။ က်ေနာ္လည္း တနွစ္ေက်ာ္ သြားလုိက္လာလုိက္ (ထိုင္းလို ပုိင္ပုိင္ မာမာ) ေနထုိင္ခဲ့ဖူးတဲ့ မဲေဆာက္ ေရႊၿမိဳ႕ေ တာ္ ကို ႏႈတ္ဆက္ၿပီး ကန္ခ်နဘူရီဘက္က မင္းသမီးစခန္းဆီ ျပန္ဖုိ႔ျပင္ဆင္ရပါတယ္။
ဗဟုိေကာ္မတီအသစ္ရဲ႕ စာရင္းကို ေျပာရမယ္ဆုိရင္ လူေဘာင္သစ္ဒီ မုိကရက္ပါတီ ေခါင္းေဆာင္ အျဖစ္ကေန ေတာခုိၿပီး သီေဘာဘုိးစခန္း ကိုယ္စားလွယ္ျဖစ္ လာတဲ့ ကုိမုိးသီးဇြန္က ဥကၠ႒၊ ဘုရားသုံးဆူေဒသ (၁၀၁) တပ္ရင္းမွ ေဒါက္တာ နုိင္ေအာင္က ဒု ဥကၠ႒၊ မင္းသမီးစခန္း (၂၀၁) တပ္ရင္းမွ ကိုေက်ာ္ေက်ာ္က အေထြေထြ အတြင္းေရးမႉး၊ ဘုရားသုံးဆူေဒသ (၁၀၂) တပ္ရင္းမွ ကုိသီရိညြန္႔က တြဲဖက္အတြင္းေရးမႉး ျဖစ္လာပါတယ္။
ဗဟုိဦးေဆာင္ ေကာ္မီတီ၀င္ေတြထဲမွာေတာ့ ေကာ့မူးရာစခန္းမွ ေဒါက္တာေသာင္းထြန္းက နုိင္ငံျခားေရး၊ ေစာထစခန္းမွ ကိုဆန္းလင္းက ေထာက္ပံ့ေရး၊ ဘုရားသုံးဆူစခန္းမွ (ေနာက္ပုိင္းတြင္ သံလြင္စခန္း ကို္ယ္စားလွယ္) ကုိထြန္းဦးက စစ္ေရး၊ ေရေက်ာ္စခန္းမွ ေဒါက္တာ ေက်ာ္သက္ဦးက က်မ္းမာေရး၊ သီေဘာဘုိးစခန္းမွ ကိုေအာင္ထူးက စည္း႐ံုးေရး၊ မင္းသမီးစခန္းမွ ကုိခင္ေမာင္၀င္းက ျပန္ၾကားေရး၊ ေဟြေစတီစခန္းမွ ကိုမန္းထြန္းက ဘ႑ာေရး၊ ေကာ့မူးရာစခန္းမွ ဦးယုႏြယ္က တရားေရး၊ အေနာက္ဘက္ေဒသ အိႏိၵယနယ္စပ္မွ ကိုလွေဌးက လုပ္ငန္းစစ္ေဆးေရး အတြင္းေရးမႉးေတြ ျဖစ္လာပါတယ္။
ဗဟုိေကာ္မတီ၀င္ေတြထဲမွာေတာ့ ေမာေတာင္စခန္းမွ ကိုထြန္းျမတ္သူ၊ မင္းသမီးစခန္းမွ ကိုေက်ာ္ထင္၊ ဘုရားသုံးဆူစခန္းမွ ကိုကိုဦးနဲ႔ ကုိေမာင္ေမာင္ႀကီး၊ ေရေက်ာ္မွ ကုိထြန္းသိန္းနဲ႔ ကိုေအာင္ဟိန္း၊ ေျမာက္ပုိင္းေဒသ ကခ်င္နယ္ေျမမွ ကိုေက်ာ္ေက်ာ္ (ကခ်င္)နဲ႔ ပအုိ႔ဝ္နယ္ေျမ ေအာင္ဟန္း႐ုိင္း စခန္းမွ မသက္တုိ႔ ျဖစ္ပါတယ္။ မသက္ဟာ ဗဟုိေကာ္မတီ၀င္ျဖစ္လာတဲ့ ပထမဆုံး အမ်ဳိးသမီးပါ။ ေနာက္တခါ အရန္ဗဟုိေကာ္မတီ ၃ ဦးကိုလည္း ဒီညီလာခံကေန ေရြးခ်ယ္ခဲ့တယ္လုိ႔ သိရပါ တယ္။ အဲဒီထဲက ၂ ဦးကေတာ့ သီေဘာဘုိးစခန္းရဲ႕ အတြင္းေရးမႉး ကုိေအာင္နုိင္ဦးနဲ႔ မင္းသမီးစခန္းရဲ႕ ဒု ဥကၠ႒ ကိုေဌးေအာင္တုိ႔ ျဖစ္ပါတယ္။
ဒုတိယအႀကိမ္ ညီလာခံက်င္းပေနစဥ္အတြင္း မင္းသမီးစခန္းမွ ရဲေဘာ္ ၃၀ ခန္႔ ညီလာခံ ခန္းမေရွ႕ေရာက္လာၿပီး ဆႏၵျပပဲြတခု လုပ္ခဲ့ေသးတယ္လုိ႔ သိရပါတယ္။ သူတုိ႔ရဲ႕ေတာင္းဆုိခ်က္ေတြကုိ အတိအက် မမွတ္မိေတာ့ေပမယ့္ အၾကမ္းအားျဖင့္ကေတာ့ ပထမအႀကိမ္ သက္တမ္းအတြင္း နာမည္ပ်က္ရွိသူ၊ လူမွန္ေနရာမွန္ မျဖစ္သူေတြကို ဖယ္ရွားေပးဖုိ႔၊ ေအာက္ေျခရဲေဘာ္ထုရဲ႕ ဘ၀ကို ဗဟုိေခါင္းေဆာင္ေတြက ဦးစားေပးစဥ္းစားဖုိ႔ အခ်က္ေတြ ပါတယ္လုိ႔ သိရပါတယ္။ အဲဒီေတာင္းဆုိခ်က္ပါတဲ့ စာတမ္းကို ညီလာခံခန္းမေရွ႕မွာ ဖတ္ျပခဲ့ၿပီး စခန္းဆီ ၿငိမ္းခ်မ္းစြာ ျပန္လာခဲ့တယ္လုိ႔ အဲဒီဆႏၵျပပဲြအတြင္း ပါ၀င္ခဲ့သူတဦးက က်ေနာ္ကုိေျပာျပပါတယ္။
မဲေဆာက္ဘက္က အေျခေနကုိ ျပန္ေကာက္ရမယ္ဆုိရင္ေတာ့ ဒီလုိဆုံးျဖတ္ခ်က္အရ က်ေနာ္ဟာ မဲေဆာက္ေရႊၿမိဳ႕ေတာ္ကုိ နႈတ္ဆက္၊ ဘန္ေကာက္ဘက္ကုိ ဦးလွည့္လာခဲ့ပါတယ္။ မဲဲေဆာက္ကေန တာ့ခ္ၿမိ္ဳ႕အထိ ေထာက္လွမ္းေရးကားႀကံဳနဲ႔ လုိက္လာနုိင္တဲ့အတြက္ တာ့ခ္နဲ႔ ဘန္ေကာက္ၾကားမွာေတာ့ ဘာမွ အစစ္အေဆး မရွိေတာ့ပါ။ အခုခရီးစဥ္ဟာ အရင္အေခါက္ေတြကလုိ အေရးေပၚတာ၀န္နဲ႔ လူႀကိဳပုိ႔ မဟုတ္ေတာ့ဘဲ တကိုယ္ေတာ္ေလလြင့္ျခင္း အိမ္ျပန္ခရီးဆုိေတာ့ ေမာ္ခ်စ္ကားဂိတ္ကို ေရာက္တဲ့အခါမွာ ႐ံုးကိုခ်က္ခ်င္း မသြားေသးဘဲ ဟုိေငးဒီေငးနဲ႔ ဘန္ေကာက္ေရႊၿမိဳ႕ေတာ္ကို ေလ့လာဖုိ႔ အခ်ိန္ရခဲ့ပါတယ္။
အဲဒီကာလက ဘန္ေကာက္အေျခေနက အခုေခတ္ေလာက္အထိ သိပ္မတုိးတက္ေသးပါ။ မုိးပ်ံရထားေတြ၊ ေျမေအာက္ရထားေတြ မရွိေသး။ မုိးပ်ံရထား ဂိတ္ဆုံးေနရာအျဖစ္ အခုလူသိမ်ားေနတဲ့ ေမာ္ခ်စ္ဆုိတာဟာ အဲဒီကာလက မဲေဆာက္၊ ခ်င္းမုိင္အပါ၀င္ ေျမာက္ပုိင္းေဒသကလာတဲ့ ကားေတြစုေ၀းရာ ကားဂိတ္ႀကီးေပါ့။ ေခတ္မီအေဆာက္ဦးေတြကလည္း အခုေခတ္ေလာက္ မမ်ားေသးပါဘူး။
က်ေနာ္ မွတ္မိသေလာက္ဆုိရင္ အဲဒီ ၁၉၈၉ ဒီဇင္ဘာ က်ေနာ္ ဘန္ေကာက္ေရာက္ခ်ိန္မွာ ေမာ္ခ်စ္ကားဂိတ္ ေဘးနားက Thai Military Bank အေဆာက္ဦသစ္ႀကီး ၿပီးစီးကာစေပါ့။ မွန္ေတြနဲ႔ကာထားတဲ့ အထပ္ေပါင္းမ်ားစြာပါတဲ့ အဲဒီဘဏ္ႀကီးကုိ ေမာ္ခ်စ္ပန္းၿခံထဲကေန ေငးၾကည့္ရင္း “RPG နဲ႔ ထုထည့္လုိက္ရရင္ေတာ့ကြာ ၿပိဳလုိက္မယ္ျဖစ္ျခင္း” ဆုိၿပီး စိတ္႐ုိင္း၀င္လာလုိ႔ မလုံမလဲနဲ႔ ေဘးဘီကုိ လုိက္ၾကည့္ မိပါေသးတယ္။
ျမက္ခင္းစိမ္းစိမ္းေပၚ ေနစာလံႈေနသူ၊ ကန္ထဲမွာ ေလွစီးေနသူ၊ ဘီယာေသာက္လုိက္ အသားကင္ကိုက္လုိက္ လုပ္ေနသူေတြအားလုံး သူအလုပ္နဲ႔သူ ႐ႈပ္ေနၿပီး က်ေနာ့္ကို ဘယ္သူကမွ ေစာင့္ၾကည့္ေနပုံမရ။ ဒီနုိင္ငံကလူေတြ ဒီေလာက္ ေအးေအးခ်မ္းခ်မ္းနဲ႔ ဇိမ္ခံေနခ်ိန္မွာ ငါတုိ႔နုိင္ငံကလူေတြက ဘာလုိ႔အခ်င္းခ်င္း တုိက္ခိုက္ေနၾကသလဲဆုိၿပီး က်ေနာ္ စဥ္းစားေနမိျပန္ပါတယ္။ တခ်ိန္တည္းမွာပဲ ျမန္မာနဲ႔ထုိင္းေတြရဲ႕ သမုိင္းကြာျခားပုံ၊ ရန္ကုန္နဲ႔ ဘန္ေကာက္ရဲ႕ တုိးတက္မႈကြာျခားပုံေတြအေၾကာင္း နႈိင္းယွဥ္စဥ္းစားေနမိပါတယ္။
အဲဒီကာလ ဘန္ေကာက္ၿမိဳ႕လယ္ အခင္းအက်င္းက အခုလိုမဟုတ္ေသး။ လမ္းဆုံးလမ္းခြ ဂံုးေက်ာ္ တံတားေတြ သိပ္မရွိေသး။ ေက်ာင္းသား႐ံုးေတြနဲ႔ ျမန္မာေက်ာင္းသားေတြ အမ်ားစုေနခဲ့ဖူးတဲ့ ဘန္းကပိလမ္းဆုံမွာ သီေမာ ဘန္းကပိ မရွိေသး။ Ramkhamhaeng တကၠသိုလ္အနီးမွာ အာရွအားကစား႐ံု မရွိေသး။ ဘန္းကပိကေန ေျမာင္းပုပ္အတုိင္း ေလွစီးသြားရတဲ့ ပတူနန္းအရပ္မွာ ေ၀ါထရိတ္စင္တာ မရွိေသး။ ဘုိင္ယုတ္တာ၀ါ မရွိေသး။ ယုတ္စြအဆုံး ေက်ာင္းသားေတြကုိ တတိယ နုိင္ငံသြားနုိင္ေရးအတြက္ အဓိကကူညီေပးခဲ့တဲ့ UN ႐ံုးႀကီးေတာင္ ေဆာက္လုိ႔မၿပီးေသးပါဘူး။
အဲဒီ႐ံုးႀကီး စတင္ေဆာက္လုပ္ေနဆဲျဖစ္ပီး အဲဒီ႐ံုးေနာက္ေက်ာ ေရေျမာင္းေဘးနားက James Guest House မွာေတာင္ က်ေနာ္ တည္းျဖစ္လုိက္ပါေသးတယ္။ တကယ္ကေတာ့ ကုိယ့္စရိတ္နဲ႔ကုိယ္ သြားတည္းတာ မဟုတ္ပါဘူး။ က်ေနာ္တုိ႔ မဲေဆာက္႐ံုးမွာတုန္းက ကူညီခဲ့ဖူးတဲ့ အာရပ္ႏိုိင္ငံတခုမွ အပၺဒူလာ ဆုိတဲ့ ပုဂၢိဳလ္ဆီ သြားလည္ရင္း၊ ေနာက္ ျမန္မာ ဒုကၡသည္ေတြအတြက္ စကားျပန္လုပ္ေပးေနတဲ့ အဲဒီမွာတည္းေနတဲ့ ျမန္မာတခ်ဳိ႕၊ ဒုကၡသည္ေအာင္ကာစ ေက်ာင္းသားတခ်ဳိ႕နဲ႔ စကားေျပာရင္း ေရာက္သြားျခင္းမွ်သာ ျဖစ္ပါတယ္။
ၿမိဳ႕ျပသူပုန္နဲ႔ ဒုကၡသည္ ေခတ္ဦးကာလ
အထက္မွာ ေျပာခဲ့တဲ့ အေဆာက္အဦေတြ မရွိေသးေပမယ့္ စီးလုံလမ္းက ပက္ပုန္း၊ ရမ္ဂဟန္လမ္းနဲ႔ ဆူခြန္ဗစ္ ဆြိဳင္ ၇၁ လမ္းထိပ္က နာဆာနုိက္ကလပ္႐ံုေတြ ရွိေနပါၿပီ။ ဘန္ေကာက္ကုိ အေစာဆုံးေရာက္လာတဲ့ ေက်ာင္းသားဒုကၡသည္ အနည္းအက်ဥ္းနဲ႔ ဘန္ေကာက္မွာ ေသာင္တင္ေနတဲ့ သေဘာၤသား အနည္းအက်ဥ္းၾကားမွာ ဒီညကပဲြ႐ံုေတြက အေတာ္ေခတ္စားေနပါၿပီ။ ဒီလိုနဲ႔ အဲဒီသေဘာၤသားေတြရဲ႕ လမ္းျပမႈ၊ တလကုိ ဘတ္ ၂၅၀၀ စီ ေထာက္ပံ့ေၾကးရေနၿပီျဖစ္တဲ့ ဒုကၡသည္ေအာင္ၿပီးသူ ေမာင္ေက်ာင္းသားေတြရဲ႕ စပြန္ဆာေပးမႈနဲ႔ ၁၉၈၉ ဒီဇင္ဘာမွာကတည္းက အဲဒီေနရာေတြကုိ က်ေနာ္ ေရာက္ဖူးခဲ့တယ္ဆုိပါေတာ့။
နုိ္က္ကလပ္သြားၿပီး ဘီယာေသာက္တယ္ဆုိတာဟာ အခုလုိ တတိယနုိင္ငံကိုေရာက္ၿပီး လြတ္လပ္တဲ့ လူ႔အဖြဲ႔စည္းက ပုဂၢိဳလ္တဦးအဖုိ႔ ဘာမွအထူးဆန္းမဟုတ္တဲ့ လူ႔သဘာ၀ တခုသာျဖစ္ေပမယ့္ ေတာထဲက တက္လာကာစ အဲဒီအခ်ိန္ကေတာ့ ဒါေတြဟာ တကယ့္ျပႆနာ။ ေတာခိုကာစမွာ အရက္မေသာက္ရ၊ ရည္စားမထားရ၊ မိန္းမ မယူရ၊ ဘာမလုပ္ရ၊ ညာမလုပ္ရဆုိးၿပီး ပညတ္ခ်က္မ်ားစြာနဲ႔ သူေတာ္စင္ေတြလုိ က်င့္ႀကံေနတဲ့အခ်ိန္မွာ ဒီလုိမ်ဳိးေနရာကိုသြားၿပီး ဘီယာထုိင္ေသာက္ခဲ့တယ္ဆုိတာဟာ ရာဇာ၀တ္မႈ က်ဳးလြန္သလုိမ်ဳိး အျမင္ခံရနုိင္ပါတယ္။ ဒါေၾကာင့္ ဒီေနရာမ်ဳိးမွာသြားၿပီး ဘီယာေသာက္ဖူးတယ္္ဆုိတာကို ေတာထဲမွာေနစဥ္တုန္းက က်ေနာ္သိပ္ မေျပာရဲခဲ့ပါဘူးခင္ဗ်ား။
ဒါေပမယ့္ အခုနွစ္ ၂၀ေက်ာ္ၾကာၿပီးလုိ႔ ကမာၻလွည့္ခရီးသည္တဦးအျဖစ္ အဲဒီေနရာေတြဆီ ေနာက္တေခါက္ ေရာက္သြားခ်ိန္မွာ အရင္လုိ စိတ္ခံစားမႈမ်ဳိး က်ေနာ္မွာ မရွိေတာ့ပါ။ တဆက္တည္း က်ေနာ္ စဥ္းစားမိတာကေတာ့ က်ေနာ့္ကို စပြန္ဆာေပးၿပီး ပက္ပုန္းေခၚသြားတဲ့ ေခတ္ဦးပုိင္း ဒုကၡသည္နဲ႔ တတိယနုိင္ငံကိစၥပါ။ ၁၉၈၉ ဒီဇင္ဘာမွာ ေတာထဲကေန ဘန္ေကာက္တက္ၿပီး ဒုကၡသည္ ေလွ်ာက္သူဦးေရ ဒါဇင္ဂဏန္းေလာက္ပဲရွိေသးၿပီး မနီလုိင္စခန္းေတြ၊ တတိယနုိင္ငံသြားေရး အစီစဥ္ေတြလည္း မေပၚေပါက္ေသးပါ။ ေနာက္တခါ နယ္စပ္နဲ႔ ေတာတြင္းအေျခေနကလည္း ေကာင္းေနဆဲ။ စိတ္ဓာတ္ေတြလည္း တက္ႂကြေနဆဲဆုိေတာ့ ဒုကၡသည္ေလွ်ာက္သူေတြကုိ သိပ္အေကာင္းမျမင္ၾကပါ။ တကို္ယ္ေတာ္ ထြက္ေပါက္ရွာသူေတြ၊ အေခ်ာင္သမားေတြအျဖစ္ အျမင္ရွိၾကၿပီး က်ေနာ္ကိုယ္တုိင္လည္း အဲဒီ အခ်ိန္က အဲဒီလုိအျမင္မ်ဳိး ရွိခဲ့ပါတယ္။
က်ေနာ္ မွတ္မိသေလာက္ဆိုရင္ ၁၉၉၀ နွစ္လယ္ေလာက္မွာ အဲဒီၿမိဳ႕ျပသူပုန္ ဒုကၡသည္ေတြကို ေ၀ဖန္တဲ့ “သုံးေထာင္စားမ်ားသုိ႔ အိတ္ဖြင့္ေပးစာ” ဆုိၿပီး စာတေစာင္ က်ေနာ္ထုတ္ခဲ့ဖူးပါတယ္။ ေတာတြင္းက ေက်ာင္းသားတဦးဆုိတဲ့ အမည္နဲ႔ မင္းသမီးစခန္းကေန က်ေနာ္ ေရးပုိ႔လုိက္တဲ့ အဲဒီအိတ္ဖြင့္ေပးစာကို စိတ္ဆုိးမာန္ဆုိးနဲ႔ တုန္႔ျပန္သူကေတာ့ ဒုကၡသည္ေအာင္ၿပီးသူ ကဗ်ာဆရာ ေတာေက်ာင္းသားအမည္ရ ကုိေက်ာ္ေဇယ် (အေရးေပၚညီလာခံအခန္းမွာ က်ေနာ္တင္ျပဖူးတဲ့ ပုသိမ္ေကာလိပ္မွ) ျဖစ္ပါတယ္။ “သုံးေထာင္စား၊ သုံးေထာင္စားဆုိၿပီး၊ အမုန္းေဘာင္္မပြားၾကပါနဲ႔” လုိ႔ အစခ်ီတဲ့ ကဗ်ာရွည္တပုဒ္နဲ႔ သူက တုန္႔ျပန္လုိက္တာပါ။ အဲဒီေနာက္ပုိင္းမွာေတာ့ ေတာတြင္းကသူပုန္နဲ႔ ၿမိဳ႕ျပေရာက္ သူပုန္လူထြက္ေတြၾကား သေဘာတရားအရ အေတာ္ေလး အျငင္းအခုန္ ဆက္ျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္ ၁၉၉၁ အေစာပုိင္းမွာေတာ့ ျပည္ပေရာက္ေက်ာင္းသားေတြ စုဖြဲ႔ထားတဲ့ ျပည္ပေရာက္ အမ်ိဳးသား ေက်ာင္းသားမ်ားအဖြဲ႔ – ျမန္မာႏိုင္ငံ (ONSOB) ကေန မင္းသမီးခစန္းအတြက္ ေပးအပ္တဲ့ အလႈေငြ ဘတ္ ၃၀၀၀ ကုိ က်ေနာ္လက္ခံခဲ့ဖူးပါတယ္။ မင္းသမီးစခန္း ေထာက္ပံ့ေရးတာ၀န္ခံအျဖစ္ အဲဒီေငြကို က်ေနာ္ လက္မွတ္ထုိးၿပီး လက္ခံခဲ့တဲ့ေနရာကေတာ့ အခု TACDB (Thai Action Committee for Democracy in Burma) ႐ံုးရွိတဲ့ SCC ေခၚ ခရစ္ယာန္ေက်ာင္းသားစင္တာမွာ ျဖစ္ပါတယ္။ အဲဒီ ေနာက္ပုိင္း ေတာတြင္းေက်ာင္းသားနဲ႔ ၿမိဳ႕ျပေက်ာင္းသားေတြအၾကား အျပန္အလွန္ စြပ္စဲြျငင္းခုန္မယ့္အစား ပူးေပါင္းေဆာင္ရြက္တာက ပုိအက်ဳိးရွိမယ္လုိ႔ က်ေနာ္ထင္ခဲ့ေပမယ့္ အမ်ားစုၾကားမွာေတာ့ ျငင္းခုန္ၿမဲ ဆက္လက္ျငင္းခုန္ခဲ့ၾကပါတယ္။
အခုအနွစ္ ၂၀ ေက်ာ္ၾကာၿပီးတဲ့ အခါမွာေတာ့ ၿမိဳ႕ျပသူပုန္နဲ႔ တတိယနုိင္ငံေရာက္ ဒုကၡသည္ဦးေရက တကယ့္အမ်ားစုႀကီး ျဖစ္သြားၿပီး ေတာထဲမွာက်န္ေနသူက အေတာ္ေလးကုိ နည္းသြားၿပီ ျဖစ္ပါတယ္။ ေနာက္တခါ ABSDF ဗဟုိ ကိုယ္တုိင္လည္း သေဘာထားေတြ ေျပာင္းလဲလာၿပီး တတိယနုိင္ငံေရာက္ ရဲေဘာ္ေဟာင္းေတြဆီကေန ရန္ပုံေငြ အလႉခံတဲ့အလုပ္ကုိ တရား၀င္လုပ္လာတာကိုလည္း ေတြ႔လာရပါတယ္။ ဆုိေတာ့ လူေတြရဲ႕ တန္ဖုိးထားမႈ၊ စံသတ္မွတ္မႈ၊ ဥပေဒ ျပဳမႈေတြဆုိတာေတြဟာ ကာလ၊ ေဒသ၊ ပေယာဂအေပၚလုိက္ၿပီး ေျပာင္းလဲသြားတတ္သလားဆုိၿပီး က်ေနာ္ စဥ္းစားေနမိျပန္ပါတယ္။
ထူးဆန္းတဲ့ ဘန္ေကာက္ညခင္းေတြ၊ ေန႔ခင္းေတြကို သီတင္းတပတ္ေလာက္ တကုိယ္ေတာ္ ေလလြင့္ျခင္းခရီးနွင္ ေလ့လာၿပီးတဲ့အခါမွာေတာ့ မင္းသမီးစခန္းဆီ ျပန္ဖုိ႔အတြက္ ဆူခြန္ဗစ္ ဆြိဳင္ ၇၁ ထဲမွာ ဖြင့္ထားတဲ့ မင္းသမီးစခန္းရဲ႕ ႐ံုးခန္းဆီ က်ေနာ္ေရာက္လာခဲ့ပါတယ္။ ႐ံုးခန္းဆုိေပမယ့္ ဗဟုိ႐ံုးလုိ ၂ ထပ္အိမ္ Town House မ်ဳိးမဟုတ္။ ၁၅ ေပ၊ ၁၀ ေပ ပတ္လည္ေလာက္ရွိတဲ့ အခန္းတခုကို ငွားထားျခင္းသာ ျဖစ္ပါတယ္။ အခန္း ၉ မွာ တင္ျပခဲ့တဲ့အတုိင္း ဗဟုိ႐ံုးနဲ႔ နယ္ေျမ႐ံုး၊ ဗဟုိ႐ံုးနဲ႔ စခန္း႐ံုး ဘာေၾကာင့္တ႐ံုးတည္း မလုပ္နုိင္ဘဲ တဖြဲ႔တ႐ံုးစီ ဖြင့္ထားသလဲဆုိတာကိုေတာ့ အဲဒီ ကာလက က်ေနာ္စဥ္းစားဖုိ႔ တကယ္ကုိ သတိမရခဲ့ပါဘူး။
မင္းသမီးခစန္း ဘန္ေကာက္႐ံုးခဲြမွာ က်ေနာ္ ပထမဆုံး ေတြ႔ရသူေတြကေတာ့ ဦးဟန္လင္း၊ ကိုဉာဏ္စိုး၊ ကိုေဇာ္မင္းနဲ႔ ကိုဝင္းမင္းတို႔ ျဖစ္ပါတယ္။ ဦးဟန္လင္းကေတာ့ ကုိတင္ေလးနဲ႔အတူ ပထမဆုံး ABSDF ဖြဲ႔စည္းေရး သီေဘာဘုိးအစည္းေ၀းကို တက္ခဲ့သူ၊ ၿပီးေတာ့ စခန္းေကာ္မီတီ အဆက္ဆက္ရဲ႕ ျပန္ၾကားေရးတာ၀န္ခံလည္း ျဖစ္ပါတယ္။ နယူးေယာက္ ကုလသမဂၢ႐ံုးခ်ဳပ္ဆီလမ္းေလွ်ာက္ ခ်ီတက္ ဆႏၵျပသူအျဖစ္လည္း လူသိမ်ားပါတယ္။ ၂၀၀၈ ခုႏွစ္မွာ ကြယ္လြန္သြားပါၿပီ။
ကိုဉာဏ္စုိးက စခန္းေကာ္မတီ ဘ႑ာေရးမႉးပါ။ ၂၀၀၀ ျပည့္ႏွစ္၀န္းက်င္မွာ ကြယ္လြန္ပါတယ္။ ကုိေဇာ္မင္းကေတာ့ စခန္းေကာ္မတီ၀င္၊ ၿပီးေတာ့ (၂၀၁) တပ္ရင္းရဲ႕ ပင္လယ္ျပင္ စစ္ေၾကာင္းမႉးပါ။ ၁၉၉၃ ခုႏွစ္ေနွာင္းပုိင္းက ရေနာင္းမွာ လုပ္ႀကံခံရသလုိလုိနဲ႔ ေပ်ာက္ဆုံးသြားသူပါ။ ကုိ၀င္းမင္းကေတာ့ မင္းသမီးစခန္းမွာ ဆရာ၀န္မရွိလုိ႔ ဘုရားသုံးဆူကေန လာကူေပးေနတဲ့ ေဆးေက်ာင္းသားပါ။ ေနာက္ပုိင္း စခန္းေကာ္မတီ က်န္းမာေရးတာ၀န္ခံ၊ ဗဟုိေကာ္မတီ၀င္ တာဝန္ေတြ ယူခဲ့ပါတယ္။ အခု ဗဟုဖြံ႔ၿဖိဳးေရးအဖြဲ႔၀င္၊ နုိင္ငံေရးအကဲခတ္အျဖစ္ လူသိမ်ားေနသူပါ။
အဲဒီ႐ံုးခန္းမွာ စခန္းအေျခေနေတြကုိ အၾကမ္းဖ်ဥ္းေဆြးေႏြးၿပီး ေနာက္တရက္မွာေတာ့ မင္းသမီး စခန္းဆီျပန္၀င္ဖုိ႔ ဘန္ေကာက္ကေန ကန္ခ်နဘူရီၿမိဳ႕ဆီ က်ေနာ္တုိ႔ဆင္းလာပါတယ္။
====================================================
(အပိုင်း ၁၉ )
ထက်အောင်ကျော် on February 23, 2012 5:30 pm
အောက်မေ့ဖွယ် / ဧရာဝတီ။
ဒုတိယ အကြိမ်ညီလာခံနဲ့ နယ်မြေကော်မီတီကို ဖျက်သိမ်းခြင်း
၁၉၈၉ နှောင်းပိုင်း နိုဝင်ဘာလမှာတော့ ကျနော်တို့ KNU နယ်မြေကော်မတီကို ဆက်ထားဖို့ မလိုတော့ဘူး၊ စခန်းတွေအားလုံးကိုဗဟိုကော်မီတီကနေ တိုက်ရိုက်အုပ်ချုပ်တော့မယ်လို့ ဒုတိယအကြိမ် ညီလာခံနေက ဆုံးဖြတ်ချက် ထွက်လာပါတယ်။ နိုဝင်ဘာလအစောပိုင်းက မင်းသမီးစခန်းမှာ ကျင်းပတဲ့ ဒုတိယအကြိမ် ဗဟိုညီလာခံကနေ အခုလို ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် မဲဆောက်မြို့ပြင်က ကျနော်တို့ရဲ့ ရုံးခန်းကို ဗဟိုကော်မတီဆီ ထိုးအပ်၊ နယ်မြေ ကော်မတီဝင်တွေအားလုံး ကိုယ့်မိခင်စခန်း ကိုယ်ပြန်ဖို့ပြင်ရပါတယ်။ ကျနော်လည်း တနှစ်ကျော် သွားလိုက်လာလိုက် (ထိုင်းလို ပိုင်ပိုင် မာမာ) နေထိုင်ခဲ့ဖူးတဲ့ မဲဆောက် ရွှေမြို့ေ တာ် ကို နှုတ်ဆက်ပြီး ကန်ချနဘူရီဘက်က မင်းသမီးစခန်းဆီ ပြန်ဖို့ပြင်ဆင်ရပါတယ်။
မင်းသမီးစခန်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ညီလာခံမှ ရွေးကောက်ခံ ဗဟိုကော်မီတီများ
ဗဟိုကော်မတီအသစ်ရဲ့ စာရင်းကို ပြောရမယ်ဆိုရင် လူဘောင်သစ်ဒီ မိုကရက်ပါတီ ခေါင်းဆောင် အဖြစ်ကနေ တောခိုပြီး သီဘောဘိုးစခန်း ကိုယ်စားလှယ်ဖြစ် လာတဲ့ ကိုမိုးသီးဇွန်က ဥက္ကဋ္ဌ၊ ဘုရားသုံးဆူဒေသ (၁၀၁) တပ်ရင်းမှ ဒေါက်တာ နိုင်အောင်က ဒု ဥက္ကဋ္ဌ၊ မင်းသမီးစခန်း (၂၀၁) တပ်ရင်းမှ ကိုကျော်ကျော်က အထွေထွေ အတွင်းရေးမှူး၊ ဘုရားသုံးဆူဒေသ (၁၀၂) တပ်ရင်းမှ ကိုသီရိညွန့်က တွဲဖက်အတွင်းရေးမှူး ဖြစ်လာပါတယ်။
ဗဟိုဦးဆောင် ကော်မီတီဝင်တွေထဲမှာတော့ ကော့မူးရာစခန်းမှ ဒေါက်တာသောင်းထွန်းက နိုင်ငံခြားရေး၊ စောထစခန်းမှ ကိုဆန်းလင်းက ထောက်ပံ့ရေး၊ ဘုရားသုံးဆူစခန်းမှ (နောက်ပိုင်းတွင် သံလွင်စခန်း ကိုယ်စားလှယ်) ကိုထွန်းဦးက စစ်ရေး၊ ရေကျော်စခန်းမှ ဒေါက်တာ ကျော်သက်ဦးက ကျမ်းမာရေး၊ သီဘောဘိုးစခန်းမှ ကိုအောင်ထူးက စည်းရုံးရေး၊ မင်းသမီးစခန်းမှ ကိုခင်မောင်ဝင်းက ပြန်ကြားရေး၊ ဟွေစေတီစခန်းမှ ကိုမန်းထွန်းက ဘဏ္ဍာရေး၊ ကော့မူးရာစခန်းမှ ဦးယုနွယ်က တရားရေး၊ အနောက်ဘက်ဒေသ အိန္ဒိယနယ်စပ်မှ ကိုလှဌေးက လုပ်ငန်းစစ်ဆေးရေး အတွင်းရေးမှူးတွေ ဖြစ်လာပါတယ်။
ဗဟိုကော်မတီဝင်တွေထဲမှာတော့ မောတောင်စခန်းမှ ကိုထွန်းမြတ်သူ၊ မင်းသမီးစခန်းမှ ကိုကျော်ထင်၊ ဘုရားသုံးဆူစခန်းမှ ကိုကိုဦးနဲ့ ကိုမောင်မောင်ကြီး၊ ရေကျော်မှ ကိုထွန်းသိန်းနဲ့ ကိုအောင်ဟိန်း၊ မြောက်ပိုင်းဒေသ ကချင်နယ်မြေမှ ကိုကျော်ကျော် (ကချင်)နဲ့ ပအို့ဝ်နယ်မြေ အောင်ဟန်းရိုင်း စခန်းမှ မသက်တို့ ဖြစ်ပါတယ်။ မသက်ဟာ ဗဟိုကော်မတီဝင်ဖြစ်လာတဲ့ ပထမဆုံး အမျိုးသမီးပါ။ နောက်တခါ အရန်ဗဟိုကော်မတီ ၃ ဦးကိုလည်း ဒီညီလာခံကနေ ရွေးချယ်ခဲ့တယ်လို့ သိရပါ တယ်။ အဲဒီထဲက ၂ ဦးကတော့ သီဘောဘိုးစခန်းရဲ့ အတွင်းရေးမှူး ကိုအောင်နိုင်ဦးနဲ့ မင်းသမီးစခန်းရဲ့ ဒု ဥက္ကဋ္ဌ ကိုဌေးအောင်တို့ ဖြစ်ပါတယ်။
ဒုတိယအကြိမ် ညီလာခံကျင်းပနေစဉ်အတွင်း မင်းသမီးစခန်းမှ ရဲဘော် ၃၀ ခန့် ညီလာခံ ခန်းမရှေ့ရောက်လာပြီး ဆန္ဒပြပွဲတခု လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ သူတို့ရဲ့တောင်းဆိုချက်တွေကို အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ပထမအကြိမ် သက်တမ်းအတွင်း နာမည်ပျက်ရှိသူ၊ လူမှန်နေရာမှန် မဖြစ်သူတွေကို ဖယ်ရှားပေးဖို့၊ အောက်ခြေရဲဘော်ထုရဲ့ ဘဝကို ဗဟိုခေါင်းဆောင်တွေက ဦးစားပေးစဉ်းစားဖို့ အချက်တွေ ပါတယ်လို့ သိရပါတယ်။ အဲဒီတောင်းဆိုချက်ပါတဲ့ စာတမ်းကို ညီလာခံခန်းမရှေ့မှာ ဖတ်ပြခဲ့ပြီး စခန်းဆီ ငြိမ်းချမ်းစွာ ပြန်လာခဲ့တယ်လို့ အဲဒီဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူတဦးက ကျနော်ကိုပြောပြပါတယ်။
မဲဆောက်ဘက်က အခြေနေကို ပြန်ကောက်ရမယ်ဆိုရင်တော့ ဒီလိုဆုံးဖြတ်ချက်အရ ကျနော်ဟာ မဲဆောက်ရွှေမြို့တော်ကို နှုတ်ဆက်၊ ဘန်ကောက်ဘက်ကို ဦးလှည့်လာခဲ့ပါတယ်။ မဲဆောက်ကနေ တာ့ခ်မြို့အထိ ထောက်လှမ်းရေးကားကြုံနဲ့ လိုက်လာနိုင်တဲ့အတွက် တာ့ခ်နဲ့ ဘန်ကောက်ကြားမှာတော့ ဘာမှ အစစ်အဆေး မရှိတော့ပါ။ အခုခရီးစဉ်ဟာ အရင်အခေါက်တွေကလို အရေးပေါ်တာဝန်နဲ့ လူကြိုပို့ မဟုတ်တော့ဘဲ တကိုယ်တော်လေလွင့်ခြင်း အိမ်ပြန်ခရီးဆိုတော့ မော်ချစ်ကားဂိတ်ကို ရောက်တဲ့အခါမှာ ရုံးကိုချက်ချင်း မသွားသေးဘဲ ဟိုငေးဒီငေးနဲ့ ဘန်ကောက်ရွှေမြို့တော်ကို လေ့လာဖို့ အချိန်ရခဲ့ပါတယ်။
အဲဒီကာလက ဘန်ကောက်အခြေနေက အခုခေတ်လောက်အထိ သိပ်မတိုးတက်သေးပါ။ မိုးပျံရထားတွေ၊ မြေအောက်ရထားတွေ မရှိသေး။ မိုးပျံရထား ဂိတ်ဆုံးနေရာအဖြစ် အခုလူသိများနေတဲ့ မော်ချစ်ဆိုတာဟာ အဲဒီကာလက မဲဆောက်၊ ချင်းမိုင်အပါဝင် မြောက်ပိုင်းဒေသကလာတဲ့ ကားတွေစုဝေးရာ ကားဂိတ်ကြီးပေါ့။ ခေတ်မီအဆောက်ဦးတွေကလည်း အခုခေတ်လောက် မများသေးပါဘူး။
ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီ ၁၉၈၉ ဒီဇင်ဘာ ကျနော် ဘန်ကောက်ရောက်ချိန်မှာ မော်ချစ်ကားဂိတ် ဘေးနားက Thai Military Bank အဆောက်ဦသစ်ကြီး ပြီးစီးကာစပေါ့။ မှန်တွေနဲ့ကာထားတဲ့ အထပ်ပေါင်းများစွာပါတဲ့ အဲဒီဘဏ်ကြီးကို မော်ချစ်ပန်းခြံထဲကနေ ငေးကြည့်ရင်း “RPG နဲ့ ထုထည့်လိုက်ရရင်တော့ကွာ ပြိုလိုက်မယ်ဖြစ်ခြင်း” ဆိုပြီး စိတ်ရိုင်းဝင်လာလို့ မလုံမလဲနဲ့ ဘေးဘီကို လိုက်ကြည့် မိပါသေးတယ်။
မြက်ခင်းစိမ်းစိမ်းပေါ် နေစာလှုံနေသူ၊ ကန်ထဲမှာ လှေစီးနေသူ၊ ဘီယာသောက်လိုက် အသားကင်ကိုက်လိုက် လုပ်နေသူတွေအားလုံး သူအလုပ်နဲ့သူ ရှုပ်နေပြီး ကျနော့်ကို ဘယ်သူကမှ စောင့်ကြည့်နေပုံမရ။ ဒီနိုင်ငံကလူတွေ ဒီလောက် အေးအေးချမ်းချမ်းနဲ့ ဇိမ်ခံနေချိန်မှာ ငါတို့နိုင်ငံကလူတွေက ဘာလို့အချင်းချင်း တိုက်ခိုက်နေကြသလဲဆိုပြီး ကျနော် စဉ်းစားနေမိပြန်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနဲ့ထိုင်းတွေရဲ့ သမိုင်းကွာခြားပုံ၊ ရန်ကုန်နဲ့ ဘန်ကောက်ရဲ့ တိုးတက်မှုကွာခြားပုံတွေအကြောင်း နှိုင်းယှဉ်စဉ်းစားနေမိပါတယ်။
မင်းသမီးစခန်းရောက် ဗဟိုကိုယ်စားလှယ်တချို့နှင့် စခန်းမှ ရဲဘော်တချို့ကို စခန်းဆေးရုံရှေ့တွင် တွေ့ရစဉ်
အဲဒီကာလ ဘန်ကောက်မြို့လယ် အခင်းအကျင်းက အခုလိုမဟုတ်သေး။ လမ်းဆုံးလမ်းခွ ဂုံးကျော် တံတားတွေ သိပ်မရှိသေး။ ကျောင်းသားရုံးတွေနဲ့ မြန်မာကျောင်းသားတွေ အများစုနေခဲ့ဖူးတဲ့ ဘန်းကပိလမ်းဆုံမှာ သီမော ဘန်းကပိ မရှိသေး။ Ramkhamhaeng တက္ကသိုလ်အနီးမှာ အာရှအားကစားရုံ မရှိသေး။ ဘန်းကပိကနေ မြောင်းပုပ်အတိုင်း လှေစီးသွားရတဲ့ ပတူနန်းအရပ်မှာ ဝေါထရိတ်စင်တာ မရှိသေး။ ဘိုင်ယုတ်တာဝါ မရှိသေး။ ယုတ်စွအဆုံး ကျောင်းသားတွေကို တတိယ နိုင်ငံသွားနိုင်ရေးအတွက် အဓိကကူညီပေးခဲ့တဲ့ UN ရုံးကြီးတောင် ဆောက်လို့မပြီးသေးပါဘူး။
အဲဒီရုံးကြီး စတင်ဆောက်လုပ်နေဆဲဖြစ်ပီး အဲဒီရုံးနောက်ကျော ရေမြောင်းဘေးနားက James Guest House မှာတောင် ကျနော် တည်းဖြစ်လိုက်ပါသေးတယ်။ တကယ်ကတော့ ကိုယ့်စရိတ်နဲ့ကိုယ် သွားတည်းတာ မဟုတ်ပါဘူး။ ကျနော်တို့ မဲဆောက်ရုံးမှာတုန်းက ကူညီခဲ့ဖူးတဲ့ အာရပ်နိုင်ငံတခုမှ အပ္ဗဒူလာ ဆိုတဲ့ ပုဂ္ဂိုလ်ဆီ သွားလည်ရင်း၊ နောက် မြန်မာ ဒုက္ခသည်တွေအတွက် စကားပြန်လုပ်ပေးနေတဲ့ အဲဒီမှာတည်းနေတဲ့ မြန်မာတချို့၊ ဒုက္ခသည်အောင်ကာစ ကျောင်းသားတချို့နဲ့ စကားပြောရင်း ရောက်သွားခြင်းမျှသာ ဖြစ်ပါတယ်။
မြို့ပြသူပုန်နဲ့ ဒုက္ခသည် ခေတ်ဦးကာလ
အထက်မှာ ပြောခဲ့တဲ့ အဆောက်အဦတွေ မရှိသေးပေမယ့် စီးလုံလမ်းက ပက်ပုန်း၊ ရမ်ဂဟန်လမ်းနဲ့ ဆူခွန်ဗစ် ဆွိုင် ၇၁ လမ်းထိပ်က နာဆာနိုက်ကလပ်ရုံတွေ ရှိနေပါပြီ။ ဘန်ကောက်ကို အစောဆုံးရောက်လာတဲ့ ကျောင်းသားဒုက္ခသည် အနည်းအကျဉ်းနဲ့ ဘန်ကောက်မှာ သောင်တင်နေတဲ့ သဘောၤသား အနည်းအကျဉ်းကြားမှာ ဒီညကပွဲရုံတွေက အတော်ခေတ်စားနေပါပြီ။ ဒီလိုနဲ့ အဲဒီသဘောၤသားတွေရဲ့ လမ်းပြမှု၊ တလကို ဘတ် ၂၅၀၀ စီ ထောက်ပံ့ကြေးရနေပြီဖြစ်တဲ့ ဒုက္ခသည်အောင်ပြီးသူ မောင်ကျောင်းသားတွေရဲ့ စပွန်ဆာပေးမှုနဲ့ ၁၉၈၉ ဒီဇင်ဘာမှာကတည်းက အဲဒီနေရာတွေကို ကျနော် ရောက်ဖူးခဲ့တယ်ဆိုပါတော့။
နိုက်ကလပ်သွားပြီး ဘီယာသောက်တယ်ဆိုတာဟာ အခုလို တတိယနိုင်ငံကိုရောက်ပြီး လွတ်လပ်တဲ့ လူ့အဖွဲ့စည်းက ပုဂ္ဂိုလ်တဦးအဖို့ ဘာမှအထူးဆန်းမဟုတ်တဲ့ လူ့သဘာ၀ တခုသာဖြစ်ပေမယ့် တောထဲက တက်လာကာစ အဲဒီအချိန်ကတော့ ဒါတွေဟာ တကယ့်ပြဿနာ။ တောခိုကာစမှာ အရက်မသောက်ရ၊ ရည်စားမထားရ၊ မိန်းမ မယူရ၊ ဘာမလုပ်ရ၊ ညာမလုပ်ရဆိုးပြီး ပညတ်ချက်များစွာနဲ့ သူတော်စင်တွေလို ကျင့်ကြံနေတဲ့အချိန်မှာ ဒီလိုမျိုးနေရာကိုသွားပြီး ဘီယာထိုင်သောက်ခဲ့တယ်ဆိုတာဟာ ရာဇာဝတ်မှု ကျုးလွန်သလိုမျိုး အမြင်ခံရနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမျိုးမှာသွားပြီး ဘီယာသောက်ဖူးတယ်ဆိုတာကို တောထဲမှာနေစဉ်တုန်းက ကျနော်သိပ် မပြောရဲခဲ့ပါဘူးခင်ဗျား။
ဒါပေမယ့် အခုနှစ် ၂၀ကျော်ကြာပြီးလို့ ကမ္ဘာလှည့်ခရီးသည်တဦးအဖြစ် အဲဒီနေရာတွေဆီ နောက်တခေါက် ရောက်သွားချိန်မှာ အရင်လို စိတ်ခံစားမှုမျိုး ကျနော်မှာ မရှိတော့ပါ။ တဆက်တည်း ကျနော် စဉ်းစားမိတာကတော့ ကျနော့်ကို စပွန်ဆာပေးပြီး ပက်ပုန်းခေါ်သွားတဲ့ ခေတ်ဦးပိုင်း ဒုက္ခသည်နဲ့ တတိယနိုင်ငံကိစ္စပါ။ ၁၉၈၉ ဒီဇင်ဘာမှာ တောထဲကနေ ဘန်ကောက်တက်ပြီး ဒုက္ခသည် လျှောက်သူဦးရေ ဒါဇင်ဂဏန်းလောက်ပဲရှိသေးပြီး မနီလိုင်စခန်းတွေ၊ တတိယနိုင်ငံသွားရေး အစီစဉ်တွေလည်း မပေါ်ပေါက်သေးပါ။ နောက်တခါ နယ်စပ်နဲ့ တောတွင်းအခြေနေကလည်း ကောင်းနေဆဲ။ စိတ်ဓာတ်တွေလည်း တက်ကြွနေဆဲဆိုတော့ ဒုက္ခသည်လျှောက်သူတွေကို သိပ်အကောင်းမမြင်ကြပါ။ တကိုယ်တော် ထွက်ပေါက်ရှာသူတွေ၊ အချောင်သမားတွေအဖြစ် အမြင်ရှိကြပြီး ကျနော်ကိုယ်တိုင်လည်း အဲဒီ အချိန်က အဲဒီလိုအမြင်မျိုး ရှိခဲ့ပါတယ်။
ကျနော် မှတ်မိသလောက်ဆိုရင် ၁၉၉၀ နှစ်လယ်လောက်မှာ အဲဒီမြို့ပြသူပုန် ဒုက္ခသည်တွေကို ဝေဖန်တဲ့ “သုံးထောင်စားများသို့ အိတ်ဖွင့်ပေးစာ” ဆိုပြီး စာတစောင် ကျနော်ထုတ်ခဲ့ဖူးပါတယ်။ တောတွင်းက ကျောင်းသားတဦးဆိုတဲ့ အမည်နဲ့ မင်းသမီးစခန်းကနေ ကျနော် ရေးပို့လိုက်တဲ့ အဲဒီအိတ်ဖွင့်ပေးစာကို စိတ်ဆိုးမာန်ဆိုးနဲ့ တုန့်ပြန်သူကတော့ ဒုက္ခသည်အောင်ပြီးသူ ကဗျာဆရာ တောကျောင်းသားအမည်ရ ကိုကျော်ဇေယျ (အရေးပေါ်ညီလာခံအခန်းမှာ ကျနော်တင်ပြဖူးတဲ့ ပုသိမ်ကောလိပ်မှ) ဖြစ်ပါတယ်။ “သုံးထောင်စား၊ သုံးထောင်စားဆိုပြီး၊ အမုန်းဘောင်မပွားကြပါနဲ့” လို့ အစချီတဲ့ ကဗျာရှည်တပုဒ်နဲ့ သူက တုန့်ပြန်လိုက်တာပါ။ အဲဒီနောက်ပိုင်းမှာတော့ တောတွင်းကသူပုန်နဲ့ မြို့ပြရောက် သူပုန်လူထွက်တွေကြား သဘောတရားအရ အတော်လေး အငြင်းအခုန် ဆက်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၉၁ အစောပိုင်းမှာတော့ ပြည်ပရောက်ကျောင်းသားတွေ စုဖွဲ့ထားတဲ့ ပြည်ပရောက် အမျိုးသား ကျောင်းသားများအဖွဲ့ – မြန်မာနိုင်ငံ (ONSOB) ကနေ မင်းသမီးခစန်းအတွက် ပေးအပ်တဲ့ အလှုငွေ ဘတ် ၃၀၀၀ ကို ကျနော်လက်ခံခဲ့ဖူးပါတယ်။ မင်းသမီးစခန်း ထောက်ပံ့ရေးတာဝန်ခံအဖြစ် အဲဒီငွေကို ကျနော် လက်မှတ်ထိုးပြီး လက်ခံခဲ့တဲ့နေရာကတော့ အခု TACDB (Thai Action Committee for Democracy in Burma) ရုံးရှိတဲ့ SCC ခေါ် ခရစ်ယာန်ကျောင်းသားစင်တာမှာ ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်း တောတွင်းကျောင်းသားနဲ့ မြို့ပြကျောင်းသားတွေအကြား အပြန်အလှန် စွပ်စွဲငြင်းခုန်မယ့်အစား ပူးပေါင်းဆောင်ရွက်တာက ပိုအကျိုးရှိမယ်လို့ ကျနော်ထင်ခဲ့ပေမယ့် အများစုကြားမှာတော့ ငြင်းခုန်မြဲ ဆက်လက်ငြင်းခုန်ခဲ့ကြပါတယ်။
အခုအနှစ် ၂၀ ကျော်ကြာပြီးတဲ့ အခါမှာတော့ မြို့ပြသူပုန်နဲ့ တတိယနိုင်ငံရောက် ဒုက္ခသည်ဦးရေက တကယ့်အများစုကြီး ဖြစ်သွားပြီး တောထဲမှာကျန်နေသူက အတော်လေးကို နည်းသွားပြီ ဖြစ်ပါတယ်။ နောက်တခါ ABSDF ဗဟို ကိုယ်တိုင်လည်း သဘောထားတွေ ပြောင်းလဲလာပြီး တတိယနိုင်ငံရောက် ရဲဘော်ဟောင်းတွေဆီကနေ ရန်ပုံငွေ အလှူခံတဲ့အလုပ်ကို တရားဝင်လုပ်လာတာကိုလည်း တွေ့လာရပါတယ်။ ဆိုတော့ လူတွေရဲ့ တန်ဖိုးထားမှု၊ စံသတ်မှတ်မှု၊ ဥပဒေ ပြုမှုတွေဆိုတာတွေဟာ ကာလ၊ ဒေသ၊ ပယောဂအပေါ်လိုက်ပြီး ပြောင်းလဲသွားတတ်သလားဆိုပြီး ကျနော် စဉ်းစားနေမိပြန်ပါတယ်။
ထူးဆန်းတဲ့ ဘန်ကောက်ညခင်းတွေ၊ နေ့ခင်းတွေကို သီတင်းတပတ်လောက် တကိုယ်တော် လေလွင့်ခြင်းခရီးနှင် လေ့လာပြီးတဲ့အခါမှာတော့ မင်းသမီးစခန်းဆီ ပြန်ဖို့အတွက် ဆူခွန်ဗစ် ဆွိုင် ၇၁ ထဲမှာ ဖွင့်ထားတဲ့ မင်းသမီးစခန်းရဲ့ ရုံးခန်းဆီ ကျနော်ရောက်လာခဲ့ပါတယ်။ ရုံးခန်းဆိုပေမယ့် ဗဟိုရုံးလို ၂ ထပ်အိမ် Town House မျိုးမဟုတ်။ ၁၅ ပေ၊ ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ အခန်းတခုကို ငှားထားခြင်းသာ ဖြစ်ပါတယ်။ အခန်း ၉ မှာ တင်ပြခဲ့တဲ့အတိုင်း ဗဟိုရုံးနဲ့ နယ်မြေရုံး၊ ဗဟိုရုံးနဲ့ စခန်းရုံး ဘာကြောင့်တရုံးတည်း မလုပ်နိုင်ဘဲ တဖွဲ့တရုံးစီ ဖွင့်ထားသလဲဆိုတာကိုတော့ အဲဒီ ကာလက ကျနော်စဉ်းစားဖို့ တကယ်ကို သတိမရခဲ့ပါဘူး။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နဝတအစိုးရ သံရုံးရှေ့တွင် ဆန္ဒပြနေကြသော ONSOB မှ ကျောင်းသားများ
မင်းသမီးခစန်း ဘန်ကောက်ရုံးခွဲမှာ ကျနော် ပထမဆုံး တွေ့ရသူတွေကတော့ ဦးဟန်လင်း၊ ကိုဉာဏ်စိုး၊ ကိုဇော်မင်းနဲ့ ကိုဝင်းမင်းတို့ ဖြစ်ပါတယ်။ ဦးဟန်လင်းကတော့ ကိုတင်လေးနဲ့အတူ ပထမဆုံး ABSDF ဖွဲ့စည်းရေး သီဘောဘိုးအစည်းဝေးကို တက်ခဲ့သူ၊ ပြီးတော့ စခန်းကော်မီတီ အဆက်ဆက်ရဲ့ ပြန်ကြားရေးတာဝန်ခံလည်း ဖြစ်ပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံးချုပ်ဆီလမ်းလျှောက် ချီတက် ဆန္ဒပြသူအဖြစ်လည်း လူသိများပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်သွားပါပြီ။
ကိုဉာဏ်စိုးက စခန်းကော်မတီ ဘဏ္ဍာရေးမှူးပါ။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ ကွယ်လွန်ပါတယ်။ ကိုဇော်မင်းကတော့ စခန်းကော်မတီဝင်၊ ပြီးတော့ (၂၀၁) တပ်ရင်းရဲ့ ပင်လယ်ပြင် စစ်ကြောင်းမှူးပါ။ ၁၉၉၃ ခုနှစ်နှောင်းပိုင်းက ရနောင်းမှာ လုပ်ကြံခံရသလိုလိုနဲ့ ပျောက်ဆုံးသွားသူပါ။ ကိုဝင်းမင်းကတော့ မင်းသမီးစခန်းမှာ ဆရာဝန်မရှိလို့ ဘုရားသုံးဆူကနေ လာကူပေးနေတဲ့ ဆေးကျောင်းသားပါ။ နောက်ပိုင်း စခန်းကော်မတီ ကျန်းမာရေးတာဝန်ခံ၊ ဗဟိုကော်မတီဝင် တာဝန်တွေ ယူခဲ့ပါတယ်။ အခု ဗဟုဖွံ့ဖြိုးရေးအဖွဲ့ဝင်၊ နိုင်ငံရေးအကဲခတ်အဖြစ် လူသိများနေသူပါ။
အဲဒီရုံးခန်းမှာ စခန်းအခြေနေတွေကို အကြမ်းဖျဉ်းဆွေးနွေးပြီး နောက်တရက်မှာတော့ မင်းသမီး စခန်းဆီပြန်ဝင်ဖို့ ဘန်ကောက်ကနေ ကန်ချနဘူရီမြို့ဆီ ကျနော်တို့ဆင်းလာပါတယ်။
0 comments:
Post a Comment