ေႂကြလြင့္သြားေသာ ၾကယ္ပြင့္မ်ား
လူဆုိတာ ေသေန႔ေရာက္ရင္၊ ေသကံေစ့ရင္ ေသရမွာျဖစ္တယ္လုိ႔ ဆုိၾကေပမယ့္ႏွစ္
၆၀ ေက်ာ္ ျပည္တြင္းစစ္ ကာလအတြင္း ေသဆုံးသြားသူ အားလုံးဟာ ေသေန႔ေရာက္လို႔၊
ေသကံေစ့လုိ႔ ေသသြားသူေတြခ်ည္းေတာ့ မဟုတ္ဘူးလုိ႔ က်ေနာ္ထင္ပါတယ္။ အလားတူပဲ ၈
ေလးလုံး အေရးေတာ္ပုံကာလအတြင္း က်ဆုံးသြားတဲ့ ေထာင္နဲ႔ခ်ီရွိတဲ့
ေက်ာင္းသားေက်ာင္းသူ၊ ရဟန္းရွင္လူေတြ၊ ေနာက္တခါ ၂၀၀၇ ေရႊ၀ါေရာင္
ေတာ္လွန္ေရးမွာ က်ဆုံးသြားသူေတြဟာလည္း ေသကံေရာက္လုိ႔ ေသသြားသူေတြခ်ည္း
မဟုတ္ဘူးလုိ႔ က်ေနာ္ထင္ပါတယ္။ ဒါဆုိရင္ လြန္ခဲ့တဲ့ႏွစ္ ၂၀ ေက်ာ္ကာလအတြင္း
လက္နက္ကုိင္ေတာ္လွန္ေရး ဆင္ႏႊဲရင္းနဲ႔ ေတာေတာင္ေတြၾကားမွာ လူမသိသူမသိနဲ႔
က်ဆုံးသြားက်တဲ့ လုပ္ေဖာ္ကိုင္ဖက္ “ရဲေဘာ္သူငယ္ခ်င္း” ေတြကိုေရာ
ေသကံေရာက္လုိ႔ ေသသြားသူေတြလုိ႔ က်ေနာ္တုိ႔ ဘယ္ေျပာလုိ႔ျဖစ္ပါ့မလဲ။
၂၀၁ တပ္ရင္း။ မင္းသမီးစခန္းမွ ရဲေဘာ္ေဟာင္းေတြ ၁၉၉၈ မွာထုတ္ေ၀တဲ့ “ေႂကြလြင့္သြားေသာ ၾကယ္ပြင့္မ်ား” စာအုပ္မ်က္ႏွာဖုံး
ABSDF ဗဟုိ (absdf.com) စစ္႐ံုးခ်ဳပ္က ထုတ္ျပန္ထားတဲ့ ၂၀၁၁ ခုႏွစ္
ေဖေဖာ္၀ါရီ ၁ ရက္ေန႔အထိ တရား၀င္ စာရင္းဇယားေတြအရ ႏွစ္ ၂၀ ေက်ာ္ ကာလအတြင္း
က်ဆုံး၊ ေသဆုံး၊ ထိခုိက္ ဒဏ္ရာရ ေက်ာင္းသားဦးေရဟာ ၁၀၂၄ ဦး ရွိေနၿပီ
ျဖစ္ပါတယ္။ အဲဒီထဲမွာ တုိက္ပဲြအတြင္း က်ဆုံးသူ ၃၅၃ ဦး၊ ငွက္ဖ်ားအပါ၀င္
ေရာဂါမ်ဳိးစုံနဲ႔ ေသဆုံးသူ ၂၇၂ ဦး၊ တုိက္ပဲြအတြင္း ထိခုိက္ဒဏ္ရာရသူ ၃၉၉
ဦးရွွိပါတယ္။ ABSDF ဟာ အခုခ်ိန္အထိ လက္နက္ကုိင္
တုိက္ပဲြ၀င္ေနဆဲျဖစ္တာေၾကာင့္ ထိခုိက္ဒဏ္ရာရစာရင္း ထပ္တုိးႏိုင္ေသးတယ္ဆုိတာ
သံသယရွိစရာ မလုိပါဘူး။ အထူးသျဖင့္ လက္ရွိအစိုးရကို လက္နက္ကုိင္
တုိက္ေနဆဲျဖစ္တဲ့ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) နဲ႔အတူ ေက်ာင္းသားတပ္မေတာ္
– ေျမာက္ပုိင္း (ABSDF-NB) တပ္ေတြဟာ စစ္အစိုးရတျဖစ္လဲ အရပ္သားအစုိးရ
တပ္ေတြကို ခုခံေတာ္လွန္ေနဆဲ ျဖစ္ပါတယ္။
ABSDF တခုလုံးရဲ႕ က်ဆုံး၊ ေသဆုံး၊ ဒဏ္ရာရစာရင္းထဲကေန က်ေနာ္သိတဲ့၊
က်ေနာ္ကိုယ္တုိင္ ပါ၀င္ခဲ့ဖူးတဲ့ အမွတ္ ၂၀၁ တပ္ရင္း မင္းသမီးစခန္းနဲ႔
အိမ္နီးခ်င္း ၂၀၃ တပ္ရင္းက အက်ဆုံးစာရင္း တခ်ဳိ႕ကို ဒီေနရာမွာ
တင္ျပခ်င္ပါတယ္။ ၁၉၉၈ ခုႏွစ္မွာ ၂၀၁ တပ္ရင္း မင္းသမီးစခန္းမွ
ရဲေဘာ္ေဟာင္းေတြ ထုတ္ျပန္ထားတဲ့ “ေႂကြလြင့္သြားေသာ ၾကယ္ပြင့္မ်ား”
မွတ္တမ္းစာအုပ္ငယ္အရ ၁၉၈၈ ကေန ၁၉၉၇ မင္းသမီးစခန္း ခြာစစ္ၿပီးခ်ိန္အထိ
က်ဆုံး၊ ေသဆုံးဦးေရ ၈၁ ဦးရွိပါတယ္။ ဒါဟာ တပ္ဖြဲ႔၀င္အား ၃၀၀
ေက်ာ္ရွိခဲ့ဖူးတဲ့ ၂၀၁ တပ္ရင္း မင္းသမီးစခန္း တခုတည္းရဲ႕ က်ဆုံးစာရင္း
ျဖစ္ပါတယ္။
အဲဒီထဲမွာ ေတာ္လွန္ေရးအေစာပုိင္း ကာလအတြင္း လုပ္ႀကံသတ္ျဖတ္ခံရသလုိလုိနဲ႔
ေပ်ာက္ဆုံး သြားသူ ၈ ဦး၊ ငွက္ဖ်ားအပါအ၀င္ ေရာဂါေပါင္းစုံနဲ႔ ေသဆုံးသူ ၁၀
ဦး၊ ေရနစ္ေသဆုံးသူ ၂ ဦး၊ ကုိယ့္ကုိယ္ကုိယ္ လုပ္ႀကံသူ ၂ ဦးကလဲြရင္ က်န္
၅၉ ဦးစလုံးဟာ တုိက္ပဲြအတြင္း က်ဆုံးသူနဲ႔ ေရွ႕တန္းနယ္ေျမအတြင္း
တဖက္ရန္သူရဲ႕ ဖမ္းဆီးသတ္ျဖတ္ျခင္း ခံရသူေတြ ျဖစ္ပါတယ္။ လူဦးေရ ၃၀၀
ေက်ာ္ရွိတဲ့ တပ္ရင္းတခုမွာ က်ဆုံး၊ ေသဆုံးဦးေရ ၈၁ ဦးဆုိတာဟာ ABSDF
တပ္ရင္းေတြထဲ အက်အဆုံးအမ်ားဆုံး တပ္ရင္းလုိ႔ေတာင္ ေျပာႏိုင္မယ္ ထင္ပါတယ္။
ကုိတင္ေလး၊ ကုိျမင့္သိန္းနဲ႔ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားသူမ်ား
သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ေဆာင္းပါးအစ ပထမဆုံးအခန္းမွာ
ေဖာ္ျပပါရွိခဲ့တဲ့အတုိင္း ထား၀ယ္ေကာလိပ္နဲ႔ ေမာ္လၿမိဳင္တကၠသိုလ္ေတြမွာ ၅
ႏွစ္နီးပါး က်ေနာ္နဲ႔အတူ ေက်ာင္းတက္ခဲ့သူ၊ အားကစား အတူတူလုပ္ခဲ့ဲ့သူ၊ မီတာ
၄၀၀ အေျပးနဲ႔ ေရကူးခ်န္ပီယံျဖစ္ခဲ့သူ၊ ႐ုကၡေဗဒ ေနာက္ဆုံးႏွစ္ေက်ာင္းသား
ကုိတင္ေလး။ ၈ ေလးလုံးကာလအတြင္း ထား၀ယ္ တနယ္လုံးဆုိင္ရာ ေက်ာင္းသားမ်ားသမဂၢ
ဥကၠဌအျဖစ္ တာ၀န္ယူခဲ့ၿပီး က်ေနာ္တုိ႔နဲ႔ အတူတူ ေတာခုိလာခဲ့သူ ကုိတင္ေလး။
သီေဘာဘုိးစခန္းမွာ ပထမဆုံးအႀကိမ္က်င္းပတဲ့ ABSDF ဖြဲ႔စည္းေရး အစည္းေ၀းဆီ
မင္းသမီးခစန္း ကိုယ္စားလွယ္အျဖစ္ တက္ေရာက္ခဲ့သူ ကုိတင္ေလး။ ထား၀ယ္
ေက်ာင္းသားေတြတင္မက မင္းသမီးစခန္းေရာက္ ေက်ာင္းသားအားလုံးနဲ႔ ဗဟုိဖက္က
ေက်ာင္းသားေတြကပါ ေလးစားခဲ့တဲ့ ကိုတင္ေလးဟာ ေတာထဲေရာက္ၿပီး သိပ္မၾကာခင္
၁၉၈၈ ခုႏွစ္ ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားပါတယ္။
၁၉၈၈ ေႏွာင္းပုိင္းနဲ႔ ၁၉၈၉ အေစာပုိင္းမွာ ေပ်ာက္ဆုံးသြားတဲ့ ကုိတင္ေလးနဲ႔
ကိုျမင့္သိန္းတုိ႔ကုိ KNU တပ္မဟာ ၄၊ ၿမိတ္-ထား၀ယ္ခ႐ိုင္႐ံုးေရွ႕တြင္
ေတြ႔ရစဥ္
ထား၀ယ္ၿမိဳ႕ ပုံကြ်န္းရပ္ေန ကုိတင္ေလးနဲ႔အတူ ေပ်ာက္ဆုံးသြားသူ တျခား ၂
ဦးကေတာ့ ဇရစ္ရပ္ေန သြားဖက္ဆုိင္ရာ ေဆးတကၠသိုလ္ (ရန္ကုန္) ေနာက္ဆုံးႏွစ္
ေက်ာင္းသား ကုိေအာင္မုိးျမတ္နဲ႔ ကညုံရပ္ေန စိတ္ပညာ ဒုတိယႏွစ္
(ရန္ကုန္တကၠသုိလ္ လႈိင္နယ္ေျမ) ေက်ာင္းသား ကိုေက်ာ္ေအာင္တုိ႔ ျဖစ္တယ္လုိ႔
မင္းသမီးစခန္း ရဲေဘာ္ေဟာင္းေတြ ထုတ္ျပန္တဲ့ “ေႂကြလြင့္သြားေသာ
ၾကယ္ပြင့္မ်ား” စာအုပ္မွာ ေဖာ္ျပထားပါတယ္။ ေပ်ာက္ဆုံးတဲ့ေနရာဟာ KUN တပ္မဟာ ၄
ဌာနခ်ဳပ္၊ ၿမိတ္-ထား၀ယ္ခ႐ိုင္႐ံုးနဲ႔ ထုိင္းႏိုင္ငံ
ကန္ခ်နပူရီၿမိဳ႕ဆီအသြား လမ္းေပၚမွာ ျဖစ္တယ္လုိ႔ အဲဒီစာအုပ္ငယ္ထဲမွာ
အေသးစိတ္နီးပါး ေဖာ္ျပထားပါတယ္။
၁၉၇၄ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ဦးသန္႔
စ်ာပနအခမ္းအနားမွာ ပါ၀င္မႈနဲ႔ ေဆးတကၠသိုလ္ကေန ေက်ာင္းထုတ္ခံရသူ၊
ေထာင္ခ်ခံရသူ၊ ၿပီးတဲ့ေနာက္ ေက်ာင္းဆက္တက္ခြင့္ မရေတာ့တဲ့အတြက္
စာေပးစာယူနဲ႔ ဥပေဒဘြဲ႔ရေအာင္ ႀကိဳးစားခဲ့သူ၊ ထား၀ယ္ တနယ္လုံးဆုိင္ရာ
ဒီမုိကေရစီ တပ္ဦး အတြင္းေရးမႉးအျဖစ္ တာ၀န္ယူခဲ့သူ ေရွ႕ေနသမဂၢမွ
ကိုျမင့္သိန္းကေတာ့ ၁၉၈၉ ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔မွာ အလားတူ ထူးဆန္းစြာ
ေပ်ာက္ဆုံးသြားတယ္လုိ႔ အဲဒီစာအုပ္ငယ္က ဆုိပါတယ္။ ထား၀ယ္ၿမိဳ႕ ဦးေက်ာ္ရင္
(မီးပုံးပ်ံ) လမ္းေန ကိုျမင့္သိန္းနဲ႔အတူ ေပ်ာက္ဆုံးသြားတဲ့ တျခား ၂
ဦးကေတာ့ ဦးေက်ာ္ရင္လမ္းေန ဒုတိယႏွစ္ အေရွ႕တုိင္းပညာ (ရန္ကုန္တကၠသိုလ္) မွ
ကုိစုိးစုိးနဲ႔ ဇရစ္ရပ္ေန ဒုတိယႏွစ္ ဓာတုေဗဒ (ထား၀ယ္ေကာလိပ္) မွ
ကုိစုိးေအာင္ခင္တုိ႔ ျဖစ္ပါတယ္။ အခင္းျဖစ္တဲ့ေနရာကေတာ့ တနသၤာရီျမစ္နံေဘး
ဆင္ျဖဴတုိင္ရြာ ၀န္းက်င္မွာ ျဖစ္တယ္လုိ႔ အဲဒီစာအုပ္ငယ္မွာ ေဖာ္ျပထားပါတယ္။
ABSDF ဗဟုိျပန္ၾကားေရးအဖြဲ႔၀င္၊ ၀ရဇိန္စာေစာင္ အဖြဲ႔၀င္အျဖစ္နဲ႔
ဘန္ေကာက္နဲ႔ မင္းသမီး စခန္းအၾကား အ၀င္အထြက္ လုပ္ေနရင္းနဲ႔ ေပ်ာက္ဆုံးသြားသူ
တဦးကေတာ့ ရန္ကုန္သား ကိုထြန္းထြန္းေအာင္ ျဖစ္ပါတယ္။ ၁၉၉၀ ျပည့္ႏွစ္
ေအာက္တုိဘာလ ၂၁ ရက္ေန႔မွာ ေပ်ာက္ဆုံးသြားတာျဖစ္ၿပီး ေပ်ာက္တဲ့ေနရာကေတာ့
တပ္မဟာ ၄ ဌာနခ်ဳပ္ ထီးခီးနဲ႔ ေက်ာင္းသားစခန္းရွိရာ အမရာရြာ အၾကားမွာ
ျဖစ္ပါတယ္။ ေနာက္ဆုံးတဦးျဖစ္တဲ့ ပုေလာၿမိဳ႕၊ စပယ္လမ္းမွ ၀င္းေဇာ္ ေခၚ
မဲတုံးကေတာ့ ၁၉၉၅ ခုႏွစ္ ဇန္န၀ါရီလမွာ ေပ်ာက္ဆုံးတာျဖစ္ၿပီး ေနရာကေတာ့
မင္းသမီးစခန္းနဲ႔ ျပည္ျခားရြာဆီအသြား တနသၤာရီျမစ္ေဘး တေနရာမွာ ျဖစ္တယ္လုိ႔
အဲဒီစာအုပ္ငယ္မွာ ေဖာ္ျပထားပါတယ္။
ဒီျပႆနာေတြျဖစ္ခ်ိန္မွာ က်ေနာ္ဟာ မဲေဆာက္နဲ႔ မာနယ္ပေလာဘက္ ေရာက္ေနၿပီး
KNU ေဒသ ABSDF နယ္ေျမေကာ္မတီမွာ တာ၀န္ထမ္းေနတဲ့အတြက္ ဒါေတြကုိ အတိအက်
မသိလုိက္ပါဘူး။ အၾကမ္းအားျဖင့္ကေတာ့ အဲဒီေတာ္လွန္ေရး အေစာပုိင္းကာလ
အေျခေနေတြဟာ ရႈပ္ေထြးေနဆဲ ျဖစ္ၿပီး ရဲေဘာ္အခ်င္းခ်င္းၾကား
တေယာက္အေၾကာင္းတေယာက္ အေသအခ်ာ မသိၾကေသးသလုိ မဟာမိတ္ေတြကလည္း အားလုံးကုိ
သံသယ မ်က္လုံးေတြနဲ႔ စုံစမ္းေနဆဲကာလမ်ဳိး ျဖစ္ပါတယ္။ က်ေနာ္တုိ႔
စခန္းေကာ္မတီအျဖစ္ တာ၀န္ယူေနစဥ္ကာလ ၁၉၉၀ ေအာက္တုိဘာမွာ ျဖစ္ပြားခဲ့တဲ့
ကိုထြန္းထြန္းေအာင္ ေပ်ာက္ဆုံးမႈကိုေတာ့ ABSDF ဗဟုိက ထုတ္ေ၀တဲ့ Dawn
စာေစာင္ထဲအထိထည့္ၿပီး ဒီအမႈကုိ အမ်ားသိေအာင္ က်ေနာ္တုိ႔ ႀကိဳးစားခဲ့့ပါတယ္။
ေနာက္တခါ က်ေနာ္တုိ႔ မင္းသမီးခစန္းေကာ္မတီနဲ႔ KNU ၿမိတ္-ထား၀ယ္
ခ႐ုိင္ေကာ္မီတီတုိ႔အၾကား ပူးတြဲစုံစမ္းေရးေကာ္မရွင္ တခုဖြဲ႔ၿပီး ဒီအမႈကို
စုံစမ္းခဲ့ပါေသးတယ္။ ဒါေပမဲ့ အေျခေနအမ်ဳိးမ်ဳိးေၾကာင့္ အမႈမွန္ေပၚတဲ့အထိ
မေဆာင္ရြက္ႏိုင္ခဲ့ပါဘူး။
ဒီလုိအမႈမွန္ေပၚတဲ့အထိ မေဆာင္ရြက္ႏိုင္ခဲ့တဲ့
ပူးတြဲစုံစမ္းေရးေကာ္မရွင္နဲ႔ ပတ္သက္ၿပီး တဆက္တည္း ထပ္ေျပာရမယ္ဆုိရင္ ၂၀၃
တပ္ရင္းက ရဲေဘာ္ ၁၃ ဦး ေပ်ာက္ဆုံးမႈကိစၥကိုလည္း အလားတူ ေကာ္မရွင္ဖြဲ႔
စုံစမ္းခဲ့ဖူးပါေသးတယ္။ ၂၀၃ နဲ႔ ၂၀၁ ဟာ သီးျခားစီျဖစ္ေပမယ့္ ၁၀၁၊ ၂၀၁ နဲ႔
၂၀၃ တပ္ရင္း ၃ ခုေပၚမွာ ဗလဖ ေခၚ ဗဟုိအလုပ္အဖြဲ႔ (ေတာင္ပုိင္း) မွာ
က်ေနာ္ပါတဲ့အတြက္ အဲဒီစုံစမ္းေရးအဖြဲ႔ထဲ ပါ၀င္ခဲ့ဖူးပါတယ္။
က်ေနာ္ မွတ္မိသေလာက္ဆုိရင္ ABSDF ဗလဖ မွ အဖြဲ႔ေခါင္းေဆာင္အျဖစ္
ကုိမ်ဳိး၀င္း၊ အဖြဲ႔၀င္ေတြအျဖစ္ ကိုသိန္းေဆာင္၊ ကိုေသာင္းထြန္းနဲ႔
က်ေနာ္တုိ႔ ၄ ဦးပါ၀င္ပါတယ္။ KNU ဖက္ကေတာ့ ခ႐ိုင္အတြင္းေရးမႉး
ပဒုိနီးနီးနဲ႔ ၃ ဦးပါ၀င္ပါတယ္။
ေပ်ာက္ဆုံးသြားတဲ့ ကုိတင္ေလး၊ ကုိျမင့္သိန္း၊ ကုိေအာင္မုိးျမတ္၊
ကိုေက်ာ္ေအာင္ အပါအ၀င္ မင္းသမီးေဒသဆီ အေစာဆုံးေရာက္ခဲ့တဲ့ တနသာၤရီတုိင္းမွ
ေက်ာင္းသားကုိယ္စားလွယ္မ်ား
တပ္မဟာ ၄ ဌာနခ်ဳပ္ ထီးခီး႐ံုးမွာ
အႀကိမ္ေပါင္းမ်ားစြာ ေဆြးေႏြးၿပီးတဲ့ေနာက္ အခင္းျဖစ္တဲ့ ေနရာအထိ
သြားေရာက္စုံစမ္းဖုိ႔ဆိုၿပီး က်ေနာ္တုိ႔ ေကာ္မရွင္အဖြဲ႔ေတြ တနသၤာရီ
ျမစ္အတုိင္း ၂ ရက္ေက်ာ္ ၃ ရက္ေလာက္ ေလွစီးရတဲ့ ေကာ့မျပင္းရြာအနီးအထိ
ေရာက္လာပါတယ္။ ေကာ့မျပင္း အေပၚနားရွိ တနသၤာရီျမစ္ေဘးက တဲတလုံးမွာ
စခန္းခ်ရင္းနဲ႔ သရာဘြင္ေခ်ာင္းဖ်ား၊ ပ၀ ေခ်ာင္းဖ်ားဆီတက္ဖုိ႔၊ အဲဒီကတဆင့္
အခင္းျဖစ္တဲ့ တနသၤာရီၿမိဳ႕နယ္ က၀က္ရြာအနီးအထိသြားဖုိ႔ ႀကိဳးစားခဲ့ပါတယ္။
ဒါေပမယ့္ မုိးအရမ္းရြာေနၿပီး ေရႀကီးေနတဲ့အတြက္ ခရီးစဥ္အထမေျမာက္ဘဲ
ျပန္လာခဲ့ရပါတယ္။
ရာသီဥတု ေကာင္းတဲ့အခ်ိန္မွာ ျပန္သြားတဲ့ ေနာက္တႀကိမ္ ခရီးစဥ္မွာေတာ့
က်ေနာ္တာ၀န္နဲ႔ ခရီးလြန္ေနလုိ႔ မပါေတာ့ပါဘူး။ အဲဒီခရီးစဥ္မွာ
ကုိသိန္းေဆာင္က အဖြဲ႔ေခါင္းေဆာင္၊ ကိုေသာင္းထြန္းနဲ႔ တျခားတဦး
ပါ၀င္တယ္လုိ႔ သိရပါတယ္။ အခင္းျဖစ္တဲ့ေနရာအထိ သြားေရာက္စုံစမ္းခဲ့ေပမယ့္
ဘာမွ အတိအက် သိခြင့္မရခဲ့၊ သက္ေသ အေထာက္ထားလည္း ဘာမွမရခဲ့တဲ့အတြက္
အေျဖထြက္တဲ့အထိ မေဆာင္ရြက္ႏိုင္ခဲ့ဘူးလုိ႔ အဲဒီေကာ္မရွင္မွာ ပါ၀င္သူေတြက
ေျပာပါတယ္။
၂၀၃ တပ္ရင္းကေန ထူးဆန္းစြာ ေပ်ာက္ဆုံးသြားသူ ၁၃ ဦးကေတာ့ တပ္ၾကပ္ႀကီး
ဘဦး၊ တပ္ၾကပ္ႀကီး ေအာင္ဘု၊ ဆက္သြယ္ေရး တပ္သား ဗလႀကီး၊ တပ္သားေတြျဖစ္တဲ့
ေအာင္၀င္း၊ ျမင့္လြင္၊ ငါးခူ၊ ၾကည္ေငြ၊ ခင္ေအး၊ ၀င္းေက်ာ္၊ ေအာင္ေဌး၊
ခင္ေက်ာ္၊ တင္သိန္းနဲ႔ ေက်ာ္ညြန္႔တုိ႔ ျဖစ္တယ္လုိ႔ ABSDF ဗဟုိက ထုတ္ျပန္တဲ့
က်ဆုံးစာရင္းမွာ ေဖာ္ျပထားပါတယ္။ အခင္းျဖစ္ပြားတဲ့အခ်ိန္က ၁၉၉၂ ခု၊
ေနရာကေတာ့ တနသၤာရီၿမိဳ႕နယ္ က၀က္ရြာလုိ႔ ေဖၚျပထားတာ ေတြ႔ရပါတယ္။
(တုိက္ပဲြအတြင္း က်ဆုံးသြားတဲ့ ၅၉ ဦးနဲ႔ ငွက္ဖ်ားအပါအ၀င္
ေရာဂါမ်ဳိးစုံနဲ႔ က်ဆုံးသြားသူမ်ားစာရင္းကို ေဆာင္းပါးအဆံုးမွာ
ေဖာ္ျပထားပါတယ္)
အိမ္ျပန္ခ်ိန္မွာ မိဘ ေမာင္ႏွမေတြကို ဘယ္လုိရွင္းျပရမလဲ
ဒီျဖစ္စဥ္ေတြကို ျပန္ေျပာေနျခင္းဟာ ဒီမုိကေရစီရရွိေရးအတြက္
အသက္ေပးသြားတဲ့ “ရဲေဘာ္ သူငယ္ခ်င္း” ေတြကို မေမ့ေပ်ာက္ေစဘဲ သမုိင္းမွတ္တမ္း
တခုအေနနဲ႔ အေသခ်ာရွိေနေစဖုိ႔ က်ေနာ္ ရည္ရြယ္ပါတယ္။ က်န္တဲ့ အပုိင္းကေတာ့
ကာယကံရွင္ေတြ၊ သက္ဆုိင္ရာအဖြဲ႔စည္းေတြက ဆက္လက္ တာ၀န္ယူရမယ့္ကိစၥလုိ႔
ထင္ပါတယ္။ က်ေနာ္တဦးတည္း အျမင္ကေတာ့ ဒါေတြကို ျပန္လည္ေဖာ္ထုတ္ အေရးယူေရး
ဆုိတာထက္ ေတာင္အဖရိကႏိုင္ငံမွာ လုပ္သလုိမ်ဳိး အမွန္တရားေဖာ္ထုတ္ေရး
ေကာ္မရွင္တခုဖြဲ႔ၿပီး အားလုံး အမွန္တုိင္းေျပာၾကဖုိ႔၊ သမုိင္းမွတ္တမ္း
တခုအေနနဲ႔ ထိမ္းသိမ္းထားတာမ်ဳိးကို ပုိလုိခ်င္ပါတယ္။
၂၀၁ တပ္ရင္း မင္းသမီးစခန္းမွ က်ဆုံးရဲေဘာ္တဦးရဲ႕ အာဇာနည္ကုန္းမွ စ်ာပန အခမ္းအနား
ဘာပဲျဖစ္ျဖစ္
အခုဆုိရင္ ABSDF ဥကၠဌေဟာင္း ၃ ဦးေတာင္ ျပည္ေတာ္ျပန္ၿပီးတဲ့ အေျခေနအထိ
ေရာက္ေနျပီဆုုိေတာ့ ဒီျဖစ္စဥ္ေတြကို တေန႔မဟုတ္တေန႔ အေႏွးနဲ႔အျမန္
က်ေနာ္တုိ႔ ထုတ္ေျပာရမွာပဲ ျဖစ္ပါတယ္။ ဥကၠဌေဟာင္း ၃ ဦးရဲ႕အိမ္ျပန္ျခင္းဟာ ေတာခိုကာစက က်ေနာ္တုိ႔
ေမွ်ာ္လင့္ထားသလုိ အိမ္ျပန္ျခင္းမ်ဳိး မဟုတ္ေသးေပမယ့္လည္း အေျခေနအရ
ဒါမ်ဳိးျပန္ရတာကို အျပစ္ေျပာဖုိ႔ ခက္ပါတယ္။
လြန္္ခဲ့တဲ့
အခ်ိန္ေတြတုန္းကေတာ့ ဒါေတြကို ထုတ္ေျပာလုိက္ရင္ ဘုံရန္သူ
စစ္အစိုးရအႀကိဳက္ျဖစ္ၿပီး က်ေနာ္တုိ႔ ေတာ္လွန္ေရးအင္အားစုေတြၾကား
အခ်င္းခ်င္း ပဋိပကၡပုိႀကီးလာမလားလုိ႔ စုိးရိမ္ရင္းနဲ႔
ၿမိဳသိပ္ထားခဲ့ရတယ္လုိ႔ က်ေနာ္ နားလည္ခဲ့ပါတယ္။ ဒီကိစၥေတြကုိ
တခ်ိန္ခ်ိန္မွာ ထုတ္ေျပာရမွာ ျဖစ္တယ္ဆုိတာကိုေတာ့ ေတာခုိေက်ာင္းသားတုိင္းက
ခံယူထားၿပီး ထုတ္ေျပာသင့္တဲ့အခ်ိန္၊ ထုတ္ေျပာပုံေျပာနည္းေပၚမွာပဲ
အျမင္နည္းနည္း ကြဲေနတာျဖစ္မယ္လုိ႔ က်ေနာ္ထင္ပါတယ္။
ဒီကိစၥဟာ ABSDF ဗဟုိမွာ တာ၀န္ရွိသလုိ သက္ဆုိင္ရာ တပ္ရင္းတပ္ဖြဲ႔ေတြ
တာ၀န္ခံေတြ၊ စခန္းတာ၀န္ခံေတြ၊ အဲဒီစခန္းေတြဆီ ေတာခုိတုန္းက
အတူတူထြက္လာခဲ့တဲ့ ေက်ာင္းသူ၊ ေက်ာင္းသား ရဲေဘာ္ရဲဘက္ေတြ၊ ရဲေဘာ္ေဟာင္းေတြ
တဦးခ်င္းစီမွာလည္း ဒီတာ၀န္ေတြရွိေနတယ္လုိ႔ က်ေနာ္ ျမင္ပါတယ္။ ဥကၠဌေဟာင္း ၃
ဦး ျပည္ေတာ္ျပန္ခ်ိန္မွာ လူဦးေရ ၁၀၀၀ ေက်ာ္ရွိတဲ့ ဒီ က်ဆုံး၊ ေသဆုံး
ကိစၥေတြကို သူတုိ႔ ရွင္းျပတာ မၾကားမိဘဲ ေျမာက္ပုိင္းက အမႈနဲ႔ပဲ
လုံးျခာလည္ေနတာကိုသာ ေတြ႔ခဲ့ရပါတယ္။
ဒါေပမယ့္ ဥကၠဌေဟာင္းေတြနဲ႔အတူ ပါသြားတဲ့ အေမရိကန္ေရာက္
ေတာခုိေက်ာင္းသားေဟာင္း တဦးကေတာ့ သားေပ်ာက္၊ သမီးေပ်ာက္ မိခင္ေတြက
လာေမးတဲ့အတြက္ ABSDF က်ဆုံး၊ ေသဆုံး စာရင္းနဲ႔ ႏိုင္ငံျခားေရာက္
ေတာခုိေက်ာင္းသားေတြ အေျခအေနကုိ သူႀကိဳးစားၿပီး အက်ဥ္း႐ံုး
ရွင္းျပခဲ့ရတယ္လုိ႔ ေျပာပါတယ္။ အေသးစိတ္ကုိ ထပ္ရွင္းျပႏိုင္ဖုိ႔
ႀကိဳးစားရလိမ့္မယ္။ က်ဆုံး၊ ေသဆုံး ရဲေဘာ္ေတြရဲ႕ မိသားစု၀င္ေတြကို
သူတုိ႔သားသမီး က်ဆုံးပုံအေၾကာင္း အေသခ်ာရွင္းျပဖုိ႔၊ တရား၀င္
ေကာင္းမႈကုသုိလ္ျပဳ၊ အမွ်ေ၀ အခမ္းအနားေတြ က်င္းပႏိုင္ဖုိ႔၊ ေနာက္တခါ
မိသားစုေတြကို အားေပးစကားေျပာဖုိ႔ လုိေနတယ္လို႔ အဲဒီေက်ာင္းသားက
က်ေနာ္အပါ၀င္ ABSDF တပ္ဖြဲ႔၀င္ေဟာင္းေတြကို ျပန္ေျပာျပခဲ့ပါတယ္။
သူေျပာသြားတဲ့ အတုိင္းပါပဲ။ က်ေနာ္ကုိယ္တုိင္လည္း ကုိတင္ေလးရဲ႕
မိဘေတြအပါ၀င္ ထား၀ယ္နယ္က က်ဆုံး၊ ေပ်ာက္ဆုံး ရဲေဘာ္ေတြအတြက္
သူတုိ႔မိဘေဆြမ်ဳိးေတြကို ဘယ္လုိရွင္းျပရမွန္း မသိေသးပါ။ ဒါေပမယ့္
တေန႔မွာေတာ့ ဒါေတြကို မလဲြမေသြ ရွင္းျပရမွာ ေသခ်ာပါတယ္။ အဲဒီတေန႔ဟာ
သိပ္မၾကာေတာ့ဘူးလုိ႔ ထင္ရေပမယ့္ ဘယ္ေန႔ အိမ္ျပန္ႏိုင္မလဲ၊ ဘယ္လုိပုံစံနဲ႔
ျပန္ခြင့္ရမလဲ ဆုိတာကိုေတာ့ က်ေနာ္ကုိယ္တုိင္လည္း မသိေသးပါ။
၂၀၁ တပ္ရင္း မင္းသမီးခစန္းရဲ႕ အာဇာကုန္းကုိ ျမင္ရစဥ္
ဒါေၾကာင့္
ေလာေလာဆယ္ က်ေနာ္တုိ႔ အိမ္မျပန္ႏိုင္ေသးခင္၊ ဘာမွ တရား၀င္
ရွင္းမျပႏိုင္ေသးခင္မွာေတာ့ က်ေနာ္တုိ႔ ေတာခုိခါစက အလြန္နည္မည္ႀကီးခဲ့တဲ့
ေတာ္လွန္ေရးသီခ်င္းတပုဒ္ကုိ စာဖတ္ပရိသတ္အားလုံး နားဆင္ရင္း က်ဆုံး၊ ေသဆုံး၊
ေပ်ာက္ဆုံး ျဖစ္သြားၾကတဲ့ က်ေနာ္တုိ႔ရဲ႕ “ရဲေဘာ္သူငယ္ခ်င္း” အားလုံးအတြက္
အမွ်ေ၀ ဆုေတာင္းေပးၾကပါလုိ႔ တုိက္တြန္းရင္းနဲ႔ “သူပုန္ေက်ာင္းသားတဦးရဲ႕
မာရသြန္ခရီးစဥ္” ကုိ အဆုံးသတ္လုိက္ပါတယ္။
သီခ်င္းေခါင္းစဥ္က “အာဇာနည္ သူရဲေကာင္းမ်ားသုိ႔” တဲ့ …
* ဒီမုိကေရစီ ရရွိေရးအတြက္ ေရွ႕တန္းတေနရာ … အသက္ေပးသြားတဲ့ သူငယ္ခ်င္းတုိ႔ရယ္ … ဦးညြတ္လွ်က္ ဂုဏ္ျပဳလုိက္ပါတယ္။
* အာဏာရွင္ကို အျမစ္ျဖဳတ္ဖုိ႔ တုိက္ပဲြ၀င္ကာ … က်ဆုံးသြားတဲ့ သူငယ္ခ်င္းတုိ႔ရယ္ … အေႂကြေစာလုိ႔ ႏွေမွ်ာမိပါတယ္။
# (ဒီမုိကေရစီ တုိ႔မ်ားရလုိ႔ အိမ္ရာေျမကုိ ျပန္ၾကတဲ့အခါ … ဆီးႀကိဳေနမယ့္
မင္းတုိ႔မိဘ ေမာင္ႏွမေတြ) … တုိ႔မ်ားဘယ္လို ရွင္းျပရမယ္ … တုိ႔မ်ားဘယ္လို
ႏွစ္သိမ့္ရမယ္ … ေတြးရင္းနဲ႔ ၀မ္းနည္း မ်က္ရည္လည္။
* ႏိုင္ငံေတာ္အတြက္ အသက္ေပးကာရယ္ … တုိက္ပဲြ၀င္တဲ့ သူငယ္ခ်င္းတုိ႔ရယ္ … ေကာင္းရာသုဂတိ လားၾကပါေစကြယ္။
* ျမန္မာျပည္မွာ တုိ႔ေက်ာင္းသားေတြ … ေအာင္လံထူကာ ဂုဏ္လႊင့္ခဲ့တဲ့ သူငယ္ခ်င္းတုိ႔ရယ္ … ေကာင္းမႈအားလုံး အမွ်ေပးေ၀ပါတယ္။
# (ဒီမုိကေရစီ တုိ႔မ်ားရလုိ႔ အိမ္ရာေျမကုိ ျပန္ၾကတဲ့အခါ … ဆီးႀကိဳေနမယ့္
မင္းတုိ႔မိဘ ေမာင္ႏွမေတြ) … တုိ႔မ်ားဘယ္လို ရွင္းျပရမယ္ … တုိ႔မ်ားဘယ္လို
ႏွစ္သိမ့္ရမယ္ … ေတြးရင္းနဲ႔ ၀မ္းနည္း မ်က္ရည္လည္။
*****
ေနာက္ဆက္တြဲ
တုိက္ပဲြအတြင္း က်ဆုံးသြားတဲ့ ၅၉ ဦး
၁၉၈၈ ကေန ၁၉၉၇ အထိ ၁၀ ႏွစ္တာကာလအတြင္း စစ္ေျမျပင္မွာ က်ဆုံးသြားသူ
မင္းသမီး စခန္း အမွတ္ ၂၀၁ တပ္ရင္းမွ ၅၉ ဦးစာရင္းကို တာ၀န္ယူမႈအလုိက္ တန္းစီ
ေျပာရမယ္ဆုိရင္ တပ္ရင္းမႉး ကိုေဇာ္သန္း (ထား၀ယ္ၿမိဳ႕၊ တလုိင္းမရပ္ကြက္၊
မဂၤလာလမ္း။ ဒုတိယႏွစ္ ဓာတုေဗဒ၊ ထား၀ယ္ ေကာလိပ္)။ က်ဆုံးခ်ိန္က ၁၉၉၇
ေအာက္တုိဘာ ၂၅ ရက္ေန႔ျဖစ္ၿပီး ေနရာကေတာ့ ကြ်န္းစုၿမိဳ႕နယ္
မုိးမလင္းကြ်န္းျဖစ္ပါတယ္။ ဒုရင္းမႉး ကုိမင္းေဇာ္သူ (ထား၀ယ္ၿမိဳ႕၊
သေဘၤာဆိပ္ရပ္ကြက္။ ဒုတိယႏွစ္ စက္မႈသိပၸံ၊ ကေလာ)။ က်ဆုံးခ်ိန္က ၁၉၉၃
ေအာက္တုိဘာလ ၁၆ ရက္ျဖစ္ၿပီး ေနရာက ရေနာင္းၿမိဳ႕မွာ လုပ္ႀကံခံရတာ ျဖစ္ပါတယ္။
တပ္ေရးအရာရွိ ကိုေဇာ္မင္း (ပုေလာၿမိဳ႕နယ္၊ ရွပ္ပုံေက်းရြာ။
ဖြံ႔ၿဖိဳးေရးသိပၸံ/ ဒီပလုိမာ၊ စာေပးစာယူ ဒုတိယႏွစ္)။ ကုိမင္းေဇာ္သူနဲ႔ အတူ
ရေနာင္းမွာ လုပ္ႀကံခံရ။ တပ္ခဲြမႉး ကိုေဖသင္ (ပုေလာၿမိဳ႕၊ အမွတ္ ၅ ရပ္ကြက္။
၁၀ တန္း)။ က်ဆုံးခ်ိန္ ၁၉၉၁ ျဖစ္ၿပီး ေနရာကေတာ့ ပုေလာၿမိဳ႕နယ္
တန္းရွင္းရြာမွာ န၀တက ဖမ္းမိၿပီးမွ အသတ္ခံရတာလုိ႔ သိရပါတယ္။ တပ္ခဲြမႉး
ကိုသိန္းျမင့္ေက်ာ္ (ေရျဖဴ ၿမိဳ႕နယ္၊ ကံေပါက္ရြာ။ ၁၀ တန္း)။ ၁၉၉၆ ၾသဂုတ္လ
၂၉ ရက္ေန႔။ ကြ်န္းစုၿမိဳ႕နယ္ မုိင္းေသြးရြာမွာ န၀တက ဖမ္းမိၿပီးမွ
အသတ္ခံရတယ္လုိ႔ သိရပါတယ္။
တုိက္ပဲြအတြင္း က်ဆုံးသြားသူေတြထဲမွ တပ္ရင္းမႉး ကိုေဇာ္သန္းနဲ႔ တပ္စုမႉး ေစာပုိလုိတုိ႔ကုိ သင္တန္းဆင္းပဲြတခုတြင္ ေတြ႔ရစဥ္
ဒု တပ္ခြဲမႉး ကိုမ်ဳိးေအာင္ (ပုေလာၿမိဳ႕နယ္၊ ေတာင္ယာကမ္းရြာ။ တတိယႏွစ္၊
စာေပးစာယူ)။ ၁၉၉၁ ေဖေဖာ္၀ါရီလ။ ပုေလာၿမိဳ႕နယ္ တန္းရွင္ရြာတုိက္ပဲြ။ ဒု
တပ္ခြဲမႉး ကုိေအာင္ႏိုင္ (ပုေလာၿမိဳ႕နယ္၊ ေတာင္ယာကမ္းရြာ။ တတိယႏွစ္
စက္မႈသိပၸံ၊ ဖားေအာက္) ၁၉၉၄၊ ဇြန္လ ၂၉-ရက္။ ပုေလာၿမိဳ႕နယ္
အေရွ႕ကုန္းေက်းရြာတုိက္ပြဲ။ ဒု တပ္ခြဲမႉး ကုိ၀င္းျမင့္ေလး (ပုေလာၿမိဳ႕နယ္၊
ေတာင္ယာကမ္းရြာ။ ၉ တန္း )။ ၁၉၉၅ ဒီဇင္ဘာလ။ ကြ်န္းစုၿမိဳ႕နယ္
စတိန္ကြ်န္းတုိက္ပဲြ။ တပ္စုမႉး ေစာပုိလုိ (ပုေလာၿမိဳ႕ အမွတ္ ၃ ရပ္ကြက္။ ၁၀
တန္း)။ ၁၉၉၇ မတ္လ။ တနသၤာရီၿမိဳ႕နယ္ ေက်ာက္လုံးႀကီးေက်းရြာ။ တပ္စုမႉး ကိုေလး
(ေလာင္းလုံးၿမိဳ႕နယ္၊ နခံေတာရြာ)။ ၁၉၉၇ ေအာက္တုိဘာ ၁၆ ရက္။
ကြ်န္းစုၿမိဳ႕နယ္ မုိးမလင္းကြ်န္း တုိက္ပဲြ။ တပ္စုမႉး ကိုလြန္းတင္
(ၿမိတ္ၿမိဳ႕၊ ဘီအုိစီရပ္ကြက္)။ ၁၉၉၂။ ပုေလာၿမိဳ႕နယ္ လယ္ဖက္ ေက်းရြာ။
တပ္ခဲြအရာခံ ကိုေဇာ္ႏိုင္ေအာင္ (ထား၀ယ္ၿမိဳ႕၊ တလုိင္းမရပ္ကြက္။ ဒုတိယႏွစ္
ဓာတုေဗဒ၊ ထား၀ယ္ေကာလိပ္)။ ၁၉၉၁ မတ္လ ၁၃ ရက္။ ပုေလာၿမိဳ႕နယ္
ဇရပ္ဆိပ္ေက်းရြာတုိက္ပဲြ။ တပ္ခဲြအရာခံ ကုိတင္ႏိုင္၀င္း
(ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ရန္ကုန္တုိင္း။ ၁၀-တန္း)။ ၁၉၉၆ ဧၿပီလ။
ကြ်န္းစုၿမိဳ႕နယ္ ေက်ာက္ကုန္းေက်းရြာတုိက္ပဲြ။
ဒု တပ္စုမႉး ကုိတင္၀င္းေမာင္ (ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ေဒသ။ ၈ တန္း)။ ၁၉၉၁။
ေရျဖဴၿမိဳ႕နယ္ ေရပုံးေ က်းရြာတုိက္ပဲြ။ ဒု တပ္စုမႉး ကုိသန္းၾကည္
(ပုေလာၿမိဳ႕နယ္၊ သကၤန္းေတာရြာ)။ ၁၉၉၇ ေမလ။ ကြ်န္းစုၿမိဳ႕နယ္
ကပကြ်န္းတုိက္ပဲြ။ တပ္စိပ္မႉး ကုိသန္းေဖ (ၿမိတ္ၿမိဳ႕၊ ေက်ာက္ေတာင္ရြာ)
၁၉၈၉။ တန သာၤရီၿမိဳ႕နယ္ က်ားေခါင္းရြာတုိက္ပဲြ။ တပ္စိပ္မႉး ကိုဟန္၀င္း
(ပုေလာၿမိဳ႕နယ္၊ မင္းျပင္ထိန္ရြာ။ ၁၀ တန္း )။ ၁၉၉၁။ ပုေလာၿမိဳ႕နယ္
တပုိရြာတုိက္ပဲြ။ တပ္စိပ္မႉး ကုိကုိဦး ေခၚ ကံဦး (ၿမိတ္ၿမိဳ႕ ကြက္သစ္ ဒီ။ ၉
တန္း )။ ၁၉၉၂။ ပုေလာၿမိဳ႕နယ္၊ တပုိရြာ။ တပ္စိပ္မႉး ကိုညြန္႔၀င္း
(ပဲခူးတုိင္း၊ ေ၀ၚၿမိဳ႕နယ္၊ ေညာင္ခါးရွည္ရြာ။ ၈ တန္း)။ ၁၉၉၁ ဇူလုိင္ ၆ ရက္။
သရက္ေခ်ာင္းၿမိဳ႕နယ္ ေစာ္ဖ်ားရြာတုိက္ပဲြ။ တပ္စိပ္မႉး ေမာင္ျမင့္
(ၿမိတ္ၿမိဳ႕) ၁၉၉၅ ၾသဂုတ္လ ၃၁ရက္။ ပုေလာၿမိဳ႕နယ္ ျမစ္ခ်ဥ္စုရြာ။
တပ္စိပ္မႉး
တုိင္းေက်ာ္ (ပုေလာၿမိဳ႕နယ္၊ ေက်ာကၠာရြာ။ ၈ တန္း)။ ၁၉၉၃။ ပုေလာၿမိဳ႕နယ္
လိပ္ဥေသာင္ေက်းရြာတုိက္ပဲြ။ တပ္စိပ္မႉး ေဌး၀င္း ( ပုေလာၿမိဳ႕နယ္၊
ရွပ္ပုံရြာ)။ ၁၉၉၅ ဒီဇင္ဘာလ။ ကြ်န္းစုၿမိဳ႕နယ္ စဒိန္ရြာတုိက္ပဲြ။
တပ္စိပ္မႉး ေမာင္ျမင့္ (၂) (ကြ်န္းစုၿမိဳ႕နယ္၊ ႀကံ့ေခ်ာင္းရြာ)။ ၁၉၉၅
ဒီဇင္ဘာ။ ကြ်န္းစုၿမိဳ႕နယ္ စဒိန္ရြာတုိက္ပဲြ။ တပ္စိပ္မႉး သိန္းေရြ ေခၚ
ပါးမဲ (ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ရြာ) ၁၉၉၇ ေမလ။ ကြ်န္းစုၿမိဳ႕နယ္
ကပကြ်န္းတုိက္ပဲြ။ တပ္စိပ္မႉး ေအး၀င္း ေခၚ အရွည္ႀကီး (ပုေလာၿမိဳ႕နယ္၊
တန္းရွင္းရြာ) ၁၉၉၇ ေမလ။ ကြ်န္းစုၿမိဳ႕နယ္ ကပကြ်န္း တုိက္ပဲြ။ တပ္စိပ္မႉး
ကုိေအးကို ေခၚ ျပားႀကီး (ပုေလာၿမိဳ႕နယ္၊ ပလရြာ)။ ၁၉၉၃ ဇြန္လ။ ၿမိတ္ၿမိဳ႕နယ္
သစ္ယာ၀တုိက္ပဲြ။ တပ္စိပ္မႉး ထြန္းသိန္း ေခၚ ဘၿငီး (ေလာင္းလုံးၿမိဳ႕နယ္။
ၾကက္လြတ္ရြာ) ၁၉၉၇ ေအာက္တုိဘာလ ၂၀ ရက္။ ကြ်န္းစုၿမိဳ႕နယ္
မုိးမလင္းကြ်န္းတုိက္ပဲြ။
ဒု တပ္စိတ္မႉး ကုိမင္းေဆြ (ၿမိတ္ၿမိဳ႕၊ ကြက္သစ္ ဘီ။ ၈ တန္း)။ ၁၉၉၂။
ပုေလာၿမိဳ႕နယ္္ လိပ္ဥေသာင္တုိက္ပဲြ။ ေဆးမႉး ကိုေအး၀င္း (ထား၀ယ္ၿမိဳ႕၊
ရွမ္းမလည္ဆဲြရပ္။ ၉ တန္း)။ ၁၉၉၁ ဇူလုိင္ ၆ ရက္။ သရက္ေခ်ာင္းၿမိဳ႕နယ္
ေစာ္ဖ်ားရြာတုိက္ပဲြ။ စည္း႐ံုးေရးဌာနအဖြဲ႔၀င္ ကုိစံသိန္း (ၿမိတ္ၿမိဳ႕)
၁၉၉၂။ ကြ်န္းစုၿမိဳ႕နယ္ စပါးေတာင္တုိက္ပဲြ။ ဆက္သြယ္ေရးမႉး ကိုသက္ေနာင္
(ၿမိတ္ၿမိဳ႕) ၁၉၉၁ မတ္လ။ သရက္ ေခ်ာင္းၿမိဳ႕နယ္ ေက်ာက္အုိင္ေက်းရြာ။ တပ္သား
ေနမ်ဳိး (ပုေလာၿမိဳ႕နယ္၊ ေက်ာင္းနိမ့္ရြာ) ၁၉၉၂ မတ္လ။ ပုေလာၿမိဳ႕နယ္
ကံေမာ္ႀကီးေက်းရြာတုိက္ပဲြ။ တပ္သား သန္းေဇာ္ (ပုေလာၿမိဳ႕နယ္၊ ပလရြာ။
တတိယႏွစ္-သမုိင္း)။ ၁၉၉၀။ ပုေလာၿမိဳ႕နယ္ တုိရြာတုိက္ပဲြ။ တပ္သား ၀င္းျမင့္
၁၉၉၀ စက္တင္ဘာ ၁၇ ရက္။ ပုေလာၿမိဳ႕နယ္ ပလရြာတုိက္ပဲြ။ တပ္သားေနမ်ဳိး ေခၚ
ဖုိးေနမ်ဳိး (ပုေလာၿမိဳ႕နယ္၊ မလိကြ်န္း) ၁၉၉၀ ၾသဂုတ္လ။ ပုေလာၿမိဳ႕နယ္
ပုေလာကုန္းတုိက္ပဲြ။
တပ္သားျမင့္စိုး ေခၚ ဖြားရွင္မ (ၿမိတ္ၿမိဳ႕)။ ၁၉၉၀
ေအာက္တုိဘာလ။ ပုေလာၿမိဳ႕နယ္ ကံေမာ္ႀကီးရြာတုိက္ပြဲ။ တပ္သား ေက်ာ္မုိးႏိုင္
ေခၚ ေမာင္က်ဲ (ပုေလာၿမိဳ႕နယ္၊ က်ဲရြာ)။ ၁၉၉၁ စက္တင္ဘာ ၂၃-ရက္။
ပုေလာၿမိဳ႕နယ္ ပလရြာတုိက္ပဲြ။ တပ္သား ေမာင္ခ်ဳိ (ေရျဖဴၿမိဳ႕နယ္၊
ကံေပါက္ရြာ။ မဂင္ရပ္)။ ၁၉၉၀ ဇူလုိင္လ။ ေရျဖဴၿမိဳ႕နယ္ ပုလဲဂူရြာ။ တပ္သား
ေမာင္တိတ္ (ၿမိတ္ၿမိဳ႕)။ ၁၉၉၇ ေအာက္တုိဘာ။ ကြ်န္းစုၿမိဳ႕နယ္
မုိးမလင္းကြ်န္းတုိက္ပဲြ။
တပ္သား မင္းစိုး ေခၚ မဲခင္ (ပုေလာၿမိဳ႕နယ္၊ ရွပ္ပုံရြာ)။ ၁၉၉၄ စက္တင္ဘာ။
ပုေလာၿမိဳ႕နယ္ ကံေမာ္ႀကီးတုိက္ပဲြ။ တပ္သားေဇာ္လင္း (ပုေလာၿမိဳ႕နယ္၊
ရွပ္ပံုရြာ)။ ၁၉၉၄ စက္တင္ဘာ။ ပုေလာၿမိဳ႕နယ္ ကံေမာ္ႀကီးတုိက္ပဲြ။
တပ္သားရဲ၀င္း (ပုေလာၿမိဳ႕နယ္၊ ပလရြာ)။ ၁၉၉၃။ ပုေလာၿမိဳ႕နယ္
လိပ္ဥေသာင္ရြာတုိက္ပဲြ။ တပ္သား သန္းထြန္း (ပုေလာၿမိဳ႕နယ္၊ ကဒဲရြာ)။ ၁၉၉၂
ဇန္န၀ါရီ။ ပုေလာၿမိဳ႕နယ္ ဆင္ထုိးႀကီးရြာတုိက္ပဲြ။ တပ္သား၀င္းေမာင္
(ပုေလာၿမိဳ႕နယ္၊ ၅ မုိင္ရြာ)။ ၁၉၉၂ စက္တင္ဘာလ။ ပုေလာၿမိဳ႕နယ္
လိပ္ဥေသာင္ေက်းရြာ။ ေထာက္လွမ္းေရး တပ္သား တာတီး ေခၚ စန္းျမင့္ (ထား၀ယ္ၿမိဳ႕
နယ္၊ ေတာင္သုံးလုံးရြာ)။ ၁၉၉၅။ သရက္ေခ်ာင္းၿမိဳ႕နယ္ ေက်ာက္အုိင္ရြာ။
ေဆးမႉး ဘျမင့္ ေခၚ ဦးရင္ ( ပုေလာၿမိဳ႕နယ္၊ ဇရပ္ဆိပ္ရြာ)။ ၁၉၉၇ ေမလ။
ကြ်န္းစုၿမိဳ႕နယ္ ကပကြ်န္းတုိက္ပဲြ။
တပ္သား အုိေသာင္း (ၿမိတ္ၿမိဳ႕၊
ျပင္၀န္းရပ္)။ ၁၉၉၀ ဇူလုိင္လ။ ေရျဖဴၿမိဳ႕နယ္ ပုလဲဂူရြာ။ တပ္သား လွ၀င္း
(ကြ်န္းစုၿမိဳ႕နယ္၊ ၾကတ္ေခ်ာင္းရြာ)။ ၁၉၉၁ ဧၿပီ။ ထား၀ယ္ၿမိဳ႕နယ္
ကလက္ႀကီးရြာတုိက္ပဲြ။ တပ္သား ဟန္မင္းစိုး ( ၿမိတ္ၿမိဳ႕၊ ကံဖ်ားရပ္)။ ၁၉၉၁။
ပုေလာၿမိဳ႕နယ္ တန္းရွင္းရြာမွာ ခဲြမႉး ကိုေဖသင္ နဲ႔အတူအဖမ္းခံရ။ တပ္သား
ဆန္းလြင္ (ပုေလာၿမိဳ႕နယ္၊ ေပါင္းရြာ)။ ၁၉၉၀။ ပုေလာၿမိဳ႕နယ္ က်ဲရြာတုိက္ပဲြ။
တပ္သား ေရခါး (ပုေလာၿမိဳ႕နယ္၊ မိန္းမၿမိဳ႕ရြာ)။ ၁၉၉၃။ ကြ်န္းစုၿမိဳ႕နယ္
အညင္ကြ်န္းတုိက္ပဲြ။
က်ဆုံးသြားတဲ့ တပ္ရင္းမႉးကေန တပ္စုမႉးအထိ ဓာတ္ပုံတခ်ဳိ႕ကို ေႂကြလြင့္သြားေသာ ၾကယ္ပြင့္မ်ား စာအုပ္မွာ ေတြ႔ရစဥ္
တပ္သား ေအာင္လြင္ (ပုေလာၿမိဳ႕နယ္ သကၤန္းက်ဲရြာ)။ ၁၉၉၃။ တပ္သား ဆန္းေက်ာ္
(ပု ေလာၿမိဳ႕နယ္၊ တုိရြာ)။ ၁၉၉၃။ ထား၀ယ္ၿမိဳ႕နယ္ ကလက္ကီးတုိက္ပဲြ။
တပ္သားေရြတင္ (တနသာၤရီ ၿမိဳ႕နယ္၊ သရဘြင္ရြာ)။ ၁၉၉၇ ေမလ။ ကြ်န္းစုၿမိဳ႕နယ္
ကပကြ်န္းတုိက္ပဲြ။ တပ္သား စုိးစိုး ၁၉၉၇ ေမလ။ ကြ်န္းစုၿမိဳ႕နယ္
ကပကြ်န္းတုိက္ပဲြ။ တပ္သား သီဟ ၁၉၉၇ ေမလ။ ကြ်န္းစုၿမိဳ႕နယ္
ကပကြ်န္းတုိက္ပြဲ။ တပ္သားေပၚဦး (ပုေလာၿမိဳ႕နယ္၊ တန္းရွင္းရြာ)။ ၁၉၉၅။
ပုေလာၿမိဳ႕နယ္ ေက်ာက္သေဘၤာရြာမွာ ဖမ္းဆီး အသတ္ခံရ။ တပ္သား ေအာင္စြမ္
(ပုေလာၿမိဳ႕နယ္၊ ရွပ္ပုံရြာ)။ ၁၉၉၅။ ပုေလာၿမိဳ႕နယ္ ေက်ာက္သေဘၤာရြာမွာ
ဖမ္းဆီးအသတ္ခံရတုိ႔ ျဖစ္ပါတယ္။
ငွက္ဖ်ားအပါ၀င္ ေရာဂါမ်ဳိးစုံနဲ႔ က်ဆုံးသြားသူမ်ား
ငွက္ဖ်ားအပါ၀င္ ေရာဂါနဲ႔ေသဆုံးသူ ၁၀ ဦးကေတာ့ စခန္းေကာ္မတီ၀င္ေဟာင္း
ကုိဉာဏ္စုိး (ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ေဒသ။ စားေပးစာယူ ဒုတိယႏွစ္ သမုိင္း)။
၁၉၉၉ ဇူလုိင္လ။ ထုိင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ေဆး႐ံုတခုမွာ ကြယ္လြန္။
အထူးတာ၀န္ ေစာလားဒုိ (တံတားျဖဴအနီး၊ လႈုိင္ၿမိဳ႕နယ္၊ ရန္ကုန္။ ပထမႏွစ္
သခ်ာၤ၊ လႈိင္နယ္ေျမ)။ ၁၉၈၉ မတ္လ ၁၃ ရက္။ ပဲဖ်ားရြာ သရက္ေခ်ာင္းၿမိဳ႕နယ္မွာ
ကြယ္လြန္။ တပ္စိပ္မႉး ၀င္းေမာင္ (ပုေလာၿမိဳ႕နယ္၊ ျပင္ဘုႀကီးကြ်န္း)။ ၁၉၉၇။
ေဘာတီရြာ။ တပ္မဟာ ၄ နယ္ေျမမွာ ကြယ္လြန္။ တပ္စိပ္မႉး ျမင့္ေဇာ္ (ပုေလာၿမိဳ႕၊
အမွတ္ ၃ ရပ္ကြက္။ ၁၀ တန္း)။ ၁၉၉၂ ေအာက္တိုဘာ။ မင္းခ်မ္းေတာင္
ကြ်န္းစုၿမိဳ႕နယ္မွာ ကြယ္လြန္။ တပ္စိပ္မႉး ေအာင္ေက်ာ္ထူး (ပုေလာၿမိဳ႕ နယ္၊
နန္းေတာင္ရြာ)။ ၁၉၉၉ မတ္လ။ ဘန္ေကာက္ေဆး႐ံုမွာ ကြယ္လြန္။
ဆက္သြယ္ေရး တပ္သား
ေအာင္ဆန္း (ပုေလာၿမိဳ႕ အမွတ္ ၂ ရက္ကြက္။ ၁၀ တန္း)။ ၁၉၉၁ နုိ၀င္ဘာလ။
မင္းသမီးစခန္းေဆး႐ံုမွာ ကြယ္လြန္။ တပ္သား ရဲထြတ္ (ထား၀ယ္ၿမိဳ႕နယ္၊
ေမာင္မယ္ေရွာင္ရြာ။ ၁၀ တန္း)။ ၁၉၈၉ ၾသဂုတ္လ။ ထား၀ယ္ၿမိဳ႕နယ္
အုိင္၀ုိင္းရြာမွာ ကြယ္လြန္။ ေက်ာင္းဆရာ ကုိသက္ (ရန္ကုန္။ ဒုတိယႏွစ္
ျမန္မာစာ ရန္ကုန္တကၠသိုလ္)။ ၁၉၉၂ ဇန္နာ၀ါရီ။ ဘန္ေကာက္ေဆး႐ံုမွာ ကြယ္လြန္။
တပ္သား ၀င္းတင္ (ေလာင္း လုံးၿမိဳ႕နယ္၊ နခံေတာရြာ)။ ၁၉၉၀။ ကေထာင္းနီရြာ
ထား၀ယ္ၿမိဳ႕နယ္မွာ ကြယ္လြန္နဲ႔ တပ္သား ေအာင္စုိး (ပုေလာၿမိဳ႕နယ္၊
ေက်ာကၠာရြာ)။ ၁၉၉၅။ ထပ္စကဲေဆး႐ံု၊ ထုိင္းႏိုင္ငံမွာ ကြယ္လြန္တုိ႔
ျဖစ္ပါတယ္။
လြမ္းသူပန္းေခြနဲ႔အတူ အညၾတရ သူရဲေကာင္းမ်ားကို ဂုဏ္ျပဳဖုိ႔ ခ်ီတက္လာသူတခ်ဳိ႕
ကုိယ့္ကုိယ္ကုိ ေသေၾကာင္းႀကံသူ ၂ ဦးကေတာ့ တပ္စုမႉး ေအာင္ဇင္
(ၿမိတ္ၿမိဳ႕။ ၿမိဳ႕မ ၂ရပ္ကြက္)။ ၁၉၉၁ ေအာက္တုိဘာလ။ ထား၀ယ္ၿမိဳ႕နယ္
ကလက္ကီးရြာမွာ တာ၀န္ထမ္းေနစဥ္နဲ႔ ေဆးရဲေမ မၾကဴၾကဴလြင္ (ပုေလာၿမိဳ႕နယ္၊
ရွပ္ပုံရြာ)။ ၁၉၉၅ ဇြန္လ။ မင္းသမီးစခန္း ဘုန္းႀကီးေက်ာင္း၀င္းအတြင္း
ေသဆုံးတုိ႔ ျဖစ္ပါတယ္။
ေရနစ္ေသဆုံးသူ ၂ ဦးကေတာ့ ကုိညီညီလြင္ (ထား၀ယ္ၿမိဳ႕၊ ေအးထီဆုိင္။
ထား၀ယ္ေကာလိပ္၊ ဒုတိယႏွစ္ ဓာတုေဗဒ) ၁၉၈၈၊ ေအာက္တုိဘာလ။ ေက်ာက္ထူရြာအနီး
ထား၀ယ္ၿမိဳ႕နယ္နဲ႔ ကုိၿပံဳးခ်ဳိ။ (ပုေလာၿမိဳ႕နယ္၊ ပလရြာ)။ ၁၉၉၁ နုိ၀င္ဘာလ။
ျပည္ျခားရြာအနီး ပုေလာၿမိဳ႕နယ္တုိ႔ ျဖစ္ပါတယ္။
(အပိုင်း ၅၂- နိဂုံး)
ထက်အောင်ကျော်| December 8, 2012 | ဧရာဝတီ။
ကြွေလွင့်သွားသော ကြယ်ပွင့်များ
လူဆိုတာ သေနေ့ရောက်ရင်၊ သေကံစေ့ရင် သေရမှာဖြစ်တယ်လို့ ဆိုကြပေမယ့်နှစ် ၆၀ ကျော် ပြည်တွင်းစစ် ကာလအတွင်း သေဆုံးသွားသူ အားလုံးဟာ သေနေ့ရောက်လို့၊ သေကံစေ့လို့ သေသွားသူတွေချည်းတော့ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အလားတူပဲ ၈ လေးလုံး အရေးတော်ပုံကာလအတွင်း ကျဆုံးသွားတဲ့ ထောင်နဲ့ချီရှိတဲ့ ကျောင်းသားကျောင်းသူ၊ ရဟန်းရှင်လူတွေ၊ နောက်တခါ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားသူတွေဟာလည်း သေကံရောက်လို့ သေသွားသူတွေချည်း မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါဆိုရင် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရင်းနဲ့ တောတောင်တွေကြားမှာ လူမသိသူမသိနဲ့ ကျဆုံးသွားကျတဲ့ လုပ်ဖော်ကိုင်ဖက် “ရဲဘော်သူငယ်ချင်း” တွေကိုရော သေကံရောက်လို့ သေသွားသူတွေလို့ ကျနော်တို့ ဘယ်ပြောလို့ဖြစ်ပါ့မလဲ။
၂၀၁ တပ်ရင်း။ မင်းသမီးစခန်းမှ ရဲဘော်ဟောင်းတွေ ၁၉၉၈ မှာထုတ်ဝေတဲ့ “ကြွေလွင့်သွားသော ကြယ်ပွင့်များ” စာအုပ်မျက်နှာဖုံး
ABSDF ဗဟို (absdf.com) စစ်ရုံးချုပ်က ထုတ်ပြန်ထားတဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တရားဝင် စာရင်းဇယားတွေအရ နှစ် ၂၀ ကျော် ကာလအတွင်း ကျဆုံး၊ သေဆုံး၊ ထိခိုက် ဒဏ်ရာရ ကျောင်းသားဦးရေဟာ ၁၀၂၄ ဦး ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ တိုက်ပွဲအတွင်း ကျဆုံးသူ ၃၅၃ ဦး၊ ငှက်ဖျားအပါဝင် ရောဂါမျိုးစုံနဲ့ သေဆုံးသူ ၂၇၂ ဦး၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူ ၃၉၉ ဦးရှိပါတယ်။ ABSDF ဟာ အခုချိန်အထိ လက်နက်ကိုင် တိုက်ပွဲဝင်နေဆဲဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရစာရင်း ထပ်တိုးနိုင်သေးတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ အထူးသဖြင့် လက်ရှိအစိုးရကို လက်နက်ကိုင် တိုက်နေဆဲဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့အတူ ကျောင်းသားတပ်မတော် – မြောက်ပိုင်း (ABSDF-NB) တပ်တွေဟာ စစ်အစိုးရတဖြစ်လဲ အရပ်သားအစိုးရ တပ်တွေကို ခုခံတော်လှန်နေဆဲ ဖြစ်ပါတယ်။
ABSDF တခုလုံးရဲ့ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရစာရင်းထဲကနေ ကျနော်သိတဲ့၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့ဖူးတဲ့ အမှတ် ၂၀၁ တပ်ရင်း မင်းသမီးစခန်းနဲ့ အိမ်နီးချင်း ၂၀၃ တပ်ရင်းက အကျဆုံးစာရင်း တချို့ကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ၂၀၁ တပ်ရင်း မင်းသမီးစခန်းမှ ရဲဘော်ဟောင်းတွေ ထုတ်ပြန်ထားတဲ့ “ကြွေလွင့်သွားသော ကြယ်ပွင့်များ” မှတ်တမ်းစာအုပ်ငယ်အရ ၁၉၈၈ ကနေ ၁၉၉၇ မင်းသမီးစခန်း ခွာစစ်ပြီးချိန်အထိ ကျဆုံး၊ သေဆုံးဦးရေ ၈၁ ဦးရှိပါတယ်။ ဒါဟာ တပ်ဖွဲ့ဝင်အား ၃၀၀ ကျော်ရှိခဲ့ဖူးတဲ့ ၂၀၁ တပ်ရင်း မင်းသမီးစခန်း တခုတည်းရဲ့ ကျဆုံးစာရင်း ဖြစ်ပါတယ်။
အဲဒီထဲမှာ တော်လှန်ရေးအစောပိုင်း ကာလအတွင်း လုပ်ကြံသတ်ဖြတ်ခံရသလိုလိုနဲ့ ပျောက်ဆုံး သွားသူ ၈ ဦး၊ ငှက်ဖျားအပါအဝင် ရောဂါပေါင်းစုံနဲ့ သေဆုံးသူ ၁၀ ဦး၊ ရေနစ်သေဆုံးသူ ၂ ဦး၊ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသူ ၂ ဦးကလွဲရင် ကျန် ၅၉ ဦးစလုံးဟာ တိုက်ပွဲအတွင်း ကျဆုံးသူနဲ့ ရှေ့တန်းနယ်မြေအတွင်း တဖက်ရန်သူရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသူတွေ ဖြစ်ပါတယ်။ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ တပ်ရင်းတခုမှာ ကျဆုံး၊ သေဆုံးဦးရေ ၈၁ ဦးဆိုတာဟာ ABSDF တပ်ရင်းတွေထဲ အကျအဆုံးအများဆုံး တပ်ရင်းလို့တောင် ပြောနိုင်မယ် ထင်ပါတယ်။
ကိုတင်လေး၊ ကိုမြင့်သိန်းနဲ့ ထူးဆန်းစွာ ပျောက်ဆုံးသွားသူများ
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ဆောင်းပါးအစ ပထမဆုံးအခန်းမှာ ဖော်ပြပါရှိခဲ့တဲ့အတိုင်း ထားဝယ်ကောလိပ်နဲ့ မော်လမြိုင်တက္ကသိုလ်တွေမှာ ၅ နှစ်နီးပါး ကျနော်နဲ့အတူ ကျောင်းတက်ခဲ့သူ၊ အားကစား အတူတူလုပ်ခဲ့ဲ့သူ၊ မီတာ ၄၀၀ အပြေးနဲ့ ရေကူးချန်ပီယံဖြစ်ခဲ့သူ၊ ရုက္ခဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုတင်လေး။ ၈ လေးလုံးကာလအတွင်း ထားဝယ် တနယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ကျနော်တို့နဲ့ အတူတူ တောခိုလာခဲ့သူ ကိုတင်လေး။ သီဘောဘိုးစခန်းမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ABSDF ဖွဲ့စည်းရေး အစည်းဝေးဆီ မင်းသမီးခစန်း ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ကိုတင်လေး။ ထားဝယ် ကျောင်းသားတွေတင်မက မင်းသမီးစခန်းရောက် ကျောင်းသားအားလုံးနဲ့ ဗဟိုဖက်က ကျောင်းသားတွေကပါ လေးစားခဲ့တဲ့ ကိုတင်လေးဟာ တောထဲရောက်ပြီး သိပ်မကြာခင် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။
၁၉၈၈ နှောင်းပိုင်းနဲ့ ၁၉၈၉ အစောပိုင်းမှာ ပျောက်ဆုံးသွားတဲ့ ကိုတင်လေးနဲ့ ကိုမြင့်သိန်းတို့ကို KNU တပ်မဟာ ၄၊ မြိတ်-ထားဝယ်ခရိုင်ရုံးရှေ့တွင် တွေ့ရစဉ်
ထားဝယ်မြို့ ပုံကျွန်းရပ်နေ ကိုတင်လေးနဲ့အတူ ပျောက်ဆုံးသွားသူ တခြား ၂ ဦးကတော့ ဇရစ်ရပ်နေ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသား ကိုအောင်မိုးမြတ်နဲ့ ကညုံရပ်နေ စိတ်ပညာ ဒုတိယနှစ် (ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) ကျောင်းသား ကိုကျော်အောင်တို့ ဖြစ်တယ်လို့ မင်းသမီးစခန်း ရဲဘော်ဟောင်းတွေ ထုတ်ပြန်တဲ့ “ကြွေလွင့်သွားသော ကြယ်ပွင့်များ” စာအုပ်မှာ ဖော်ပြထားပါတယ်။ ပျောက်ဆုံးတဲ့နေရာဟာ KUN တပ်မဟာ ၄ ဌာနချုပ်၊ မြိတ်-ထားဝယ်ခရိုင်ရုံးနဲ့ ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ဆီအသွား လမ်းပေါ်မှာ ဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်ထဲမှာ အသေးစိတ်နီးပါး ဖော်ပြထားပါတယ်။
၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ဈာပနအခမ်းအနားမှာ ပါဝင်မှုနဲ့ ဆေးတက္ကသိုလ်ကနေ ကျောင်းထုတ်ခံရသူ၊ ထောင်ချခံရသူ၊ ပြီးတဲ့နောက် ကျောင်းဆက်တက်ခွင့် မရတော့တဲ့အတွက် စာပေးစာယူနဲ့ ဥပဒေဘွဲ့ရအောင် ကြိုးစားခဲ့သူ၊ ထားဝယ် တနယ်လုံးဆိုင်ရာ ဒီမိုကရေစီ တပ်ဦး အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ရှေ့နေသမဂ္ဂမှ ကိုမြင့်သိန်းကတော့ ၁၉၈၉ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အလားတူ ထူးဆန်းစွာ ပျောက်ဆုံးသွားတယ်လို့ အဲဒီစာအုပ်ငယ်က ဆိုပါတယ်။ ထားဝယ်မြို့ ဦးကျော်ရင် (မီးပုံးပျံ) လမ်းနေ ကိုမြင့်သိန်းနဲ့အတူ ပျောက်ဆုံးသွားတဲ့ တခြား ၂ ဦးကတော့ ဦးကျော်ရင်လမ်းနေ ဒုတိယနှစ် အရှေ့တိုင်းပညာ (ရန်ကုန်တက္ကသိုလ်) မှ ကိုစိုးစိုးနဲ့ ဇရစ်ရပ်နေ ဒုတိယနှစ် ဓာတုဗေဒ (ထားဝယ်ကောလိပ်) မှ ကိုစိုးအောင်ခင်တို့ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေရာကတော့ တနင်္သာရီမြစ်နံဘေး ဆင်ဖြူတိုင်ရွာ ဝန်းကျင်မှာ ဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်မှာ ဖော်ပြထားပါတယ်။
ABSDF ဗဟိုပြန်ကြားရေးအဖွဲ့ဝင်၊ ဝရဇိန်စာစောင် အဖွဲ့ဝင်အဖြစ်နဲ့ ဘန်ကောက်နဲ့ မင်းသမီး စခန်းအကြား အဝင်အထွက် လုပ်နေရင်းနဲ့ ပျောက်ဆုံးသွားသူ တဦးကတော့ ရန်ကုန်သား ကိုထွန်းထွန်းအောင် ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပျောက်ဆုံးသွားတာဖြစ်ပြီး ပျောက်တဲ့နေရာကတော့ တပ်မဟာ ၄ ဌာနချုပ် ထီးခီးနဲ့ ကျောင်းသားစခန်းရှိရာ အမရာရွာ အကြားမှာ ဖြစ်ပါတယ်။ နောက်ဆုံးတဦးဖြစ်တဲ့ ပုလောမြို့၊ စပယ်လမ်းမှ ဝင်းဇော် ခေါ် မဲတုံးကတော့ ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ ပျောက်ဆုံးတာဖြစ်ပြီး နေရာကတော့ မင်းသမီးစခန်းနဲ့ ပြည်ခြားရွာဆီအသွား တနင်္သာရီမြစ်ဘေး တနေရာမှာ ဖြစ်တယ်လို့ အဲဒီစာအုပ်ငယ်မှာ ဖော်ပြထားပါတယ်။
ဒီပြဿနာတွေဖြစ်ချိန်မှာ ကျနော်ဟာ မဲဆောက်နဲ့ မာနယ်ပလောဘက် ရောက်နေပြီး KNU ဒေသ ABSDF နယ်မြေကော်မတီမှာ တာဝန်ထမ်းနေတဲ့အတွက် ဒါတွေကို အတိအကျ မသိလိုက်ပါဘူး။ အကြမ်းအားဖြင့်ကတော့ အဲဒီတော်လှန်ရေး အစောပိုင်းကာလ အခြေနေတွေဟာ ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ရဲဘော်အချင်းချင်းကြား တယောက်အကြောင်းတယောက် အသေအချာ မသိကြသေးသလို မဟာမိတ်တွေကလည်း အားလုံးကို သံသယ မျက်လုံးတွေနဲ့ စုံစမ်းနေဆဲကာလမျိုး ဖြစ်ပါတယ်။ ကျနော်တို့ စခန်းကော်မတီအဖြစ် တာဝန်ယူနေစဉ်ကာလ ၁၉၉၀ အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ကိုထွန်းထွန်းအောင် ပျောက်ဆုံးမှုကိုတော့ ABSDF ဗဟိုက ထုတ်ဝေတဲ့ Dawn စာစောင်ထဲအထိထည့်ပြီး ဒီအမှုကို အများသိအောင် ကျနော်တို့ ကြိုးစားခဲ့ပါတယ်။
နောက်တခါ ကျနော်တို့ မင်းသမီးခစန်းကော်မတီနဲ့ KNU မြိတ်-ထားဝယ် ခရိုင်ကော်မီတီတို့အကြား ပူးတွဲစုံစမ်းရေးကော်မရှင် တခုဖွဲ့ပြီး ဒီအမှုကို စုံစမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အခြေနေအမျိုးမျိုးကြောင့် အမှုမှန်ပေါ်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့ပါဘူး။
ဒီလိုအမှုမှန်ပေါ်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့တဲ့ ပူးတွဲစုံစမ်းရေးကော်မရှင်နဲ့ ပတ်သက်ပြီး တဆက်တည်း ထပ်ပြောရမယ်ဆိုရင် ၂၀၃ တပ်ရင်းက ရဲဘော် ၁၃ ဦး ပျောက်ဆုံးမှုကိစ္စကိုလည်း အလားတူ ကော်မရှင်ဖွဲ့ စုံစမ်းခဲ့ဖူးပါသေးတယ်။ ၂၀၃ နဲ့ ၂၀၁ ဟာ သီးခြားစီဖြစ်ပေမယ့် ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တပ်ရင်း ၃ ခုပေါ်မှာ ဗလဖ ခေါ် ဗဟိုအလုပ်အဖွဲ့ (တောင်ပိုင်း) မှာ ကျနော်ပါတဲ့အတွက် အဲဒီစုံစမ်းရေးအဖွဲ့ထဲ ပါဝင်ခဲ့ဖူးပါတယ်။
ကျနော် မှတ်မိသလောက်ဆိုရင် ABSDF ဗလဖ မှ အဖွဲ့ခေါင်းဆောင်အဖြစ် ကိုမျိုးဝင်း၊ အဖွဲ့ဝင်တွေအဖြစ် ကိုသိန်းဆောင်၊ ကိုသောင်းထွန်းနဲ့ ကျနော်တို့ ၄ ဦးပါဝင်ပါတယ်။ KNU ဖက်ကတော့ ခရိုင်အတွင်းရေးမှူး ပဒိုနီးနီးနဲ့ ၃ ဦးပါဝင်ပါတယ်။
ပျောက်ဆုံးသွားတဲ့ ကိုတင်လေး၊ ကိုမြင့်သိန်း၊ ကိုအောင်မိုးမြတ်၊ ကိုကျော်အောင် အပါအဝင် မင်းသမီးဒေသဆီ အစောဆုံးရောက်ခဲ့တဲ့ တနသာၤရီတိုင်းမှ ကျောင်းသားကိုယ်စားလှယ်များ
တပ်မဟာ ၄ ဌာနချုပ် ထီးခီးရုံးမှာ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးတဲ့နောက် အခင်းဖြစ်တဲ့ နေရာအထိ သွားရောက်စုံစမ်းဖို့ဆိုပြီး ကျနော်တို့ ကော်မရှင်အဖွဲ့တွေ တနင်္သာရီ မြစ်အတိုင်း ၂ ရက်ကျော် ၃ ရက်လောက် လှေစီးရတဲ့ ကော့မပြင်းရွာအနီးအထိ ရောက်လာပါတယ်။ ကော့မပြင်း အပေါ်နားရှိ တနင်္သာရီမြစ်ဘေးက တဲတလုံးမှာ စခန်းချရင်းနဲ့ သရာဘွင်ချောင်းဖျား၊ ပ၀ ချောင်းဖျားဆီတက်ဖို့၊ အဲဒီကတဆင့် အခင်းဖြစ်တဲ့ တနင်္သာရီမြို့နယ် ကဝက်ရွာအနီးအထိသွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မိုးအရမ်းရွာနေပြီး ရေကြီးနေတဲ့အတွက် ခရီးစဉ်အထမမြောက်ဘဲ ပြန်လာခဲ့ရပါတယ်။
ရာသီဥတု ကောင်းတဲ့အချိန်မှာ ပြန်သွားတဲ့ နောက်တကြိမ် ခရီးစဉ်မှာတော့ ကျနော်တာဝန်နဲ့ ခရီးလွန်နေလို့ မပါတော့ပါဘူး။ အဲဒီခရီးစဉ်မှာ ကိုသိန်းဆောင်က အဖွဲ့ခေါင်းဆောင်၊ ကိုသောင်းထွန်းနဲ့ တခြားတဦး ပါဝင်တယ်လို့ သိရပါတယ်။ အခင်းဖြစ်တဲ့နေရာအထိ သွားရောက်စုံစမ်းခဲ့ပေမယ့် ဘာမှ အတိအကျ သိခွင့်မရခဲ့၊ သက်သေ အထောက်ထားလည်း ဘာမှမရခဲ့တဲ့အတွက် အဖြေထွက်တဲ့အထိ မဆောင်ရွက်နိုင်ခဲ့ဘူးလို့ အဲဒီကော်မရှင်မှာ ပါဝင်သူတွေက ပြောပါတယ်။
၂၀၃ တပ်ရင်းကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားသူ ၁၃ ဦးကတော့ တပ်ကြပ်ကြီး ဘဦး၊ တပ်ကြပ်ကြီး အောင်ဘု၊ ဆက်သွယ်ရေး တပ်သား ဗလကြီး၊ တပ်သားတွေဖြစ်တဲ့ အောင်ဝင်း၊ မြင့်လွင်၊ ငါးခူ၊ ကြည်ငွေ၊ ခင်အေး၊ ဝင်းကျော်၊ အောင်ဌေး၊ ခင်ကျော်၊ တင်သိန်းနဲ့ ကျော်ညွန့်တို့ ဖြစ်တယ်လို့ ABSDF ဗဟိုက ထုတ်ပြန်တဲ့ ကျဆုံးစာရင်းမှာ ဖော်ပြထားပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်က ၁၉၉၂ ခု၊ နေရာကတော့ တနင်္သာရီမြို့နယ် ကဝက်ရွာလို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။
(တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ၅၉ ဦးနဲ့ ငှက်ဖျားအပါအဝင် ရောဂါမျိုးစုံနဲ့ ကျဆုံးသွားသူများစာရင်းကို ဆောင်းပါးအဆုံးမှာ ဖော်ပြထားပါတယ်)
အိမ်ပြန်ချိန်မှာ မိဘ မောင်နှမတွေကို ဘယ်လိုရှင်းပြရမလဲ
ဒီဖြစ်စဉ်တွေကို ပြန်ပြောနေခြင်းဟာ ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးသွားတဲ့ “ရဲဘော် သူငယ်ချင်း” တွေကို မမေ့ပျောက်စေဘဲ သမိုင်းမှတ်တမ်း တခုအနေနဲ့ အသေချာရှိနေစေဖို့ ကျနော် ရည်ရွယ်ပါတယ်။ ကျန်တဲ့ အပိုင်းကတော့ ကာယကံရှင်တွေ၊ သက်ဆိုင်ရာအဖွဲ့စည်းတွေက ဆက်လက် တာဝန်ယူရမယ့်ကိစ္စလို့ ထင်ပါတယ်။ ကျနော်တဦးတည်း အမြင်ကတော့ ဒါတွေကို ပြန်လည်ဖော်ထုတ် အရေးယူရေး ဆိုတာထက် တောင်အဖရိကနိုင်ငံမှာ လုပ်သလိုမျိုး အမှန်တရားဖော်ထုတ်ရေး ကော်မရှင်တခုဖွဲ့ပြီး အားလုံး အမှန်တိုင်းပြောကြဖို့၊ သမိုင်းမှတ်တမ်း တခုအနေနဲ့ ထိမ်းသိမ်းထားတာမျိုးကို ပိုလိုချင်ပါတယ်။
၂၀၁ တပ်ရင်း မင်းသမီးစခန်းမှ ကျဆုံးရဲဘော်တဦးရဲ့ အာဇာနည်ကုန်းမှ ဈာပန အခမ်းအနား
ဘာပဲဖြစ်ဖြစ် အခုဆိုရင် ABSDF ဥက္ကဌဟောင်း ၃ ဦးတောင် ပြည်တော်ပြန်ပြီးတဲ့ အခြေနေအထိ ရောက်နေပြီဆိုတော့ ဒီဖြစ်စဉ်တွေကို တနေ့မဟုတ်တနေ့ အနှေးနဲ့အမြန် ကျနော်တို့ ထုတ်ပြောရမှာပဲ ဖြစ်ပါတယ်။ ဥက္ကဌဟောင်း ၃ ဦးရဲ့အိမ်ပြန်ခြင်းဟာ တောခိုကာစက ကျနော်တို့ မျှော်လင့်ထားသလို အိမ်ပြန်ခြင်းမျိုး မဟုတ်သေးပေမယ့်လည်း အခြေနေအရ ဒါမျိုးပြန်ရတာကို အပြစ်ပြောဖို့ ခက်ပါတယ်။
လွန်ခဲ့တဲ့ အချိန်တွေတုန်းကတော့ ဒါတွေကို ထုတ်ပြောလိုက်ရင် ဘုံရန်သူ စစ်အစိုးရအကြိုက်ဖြစ်ပြီး ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကြား အချင်းချင်း ပဋိပက္ခပိုကြီးလာမလားလို့ စိုးရိမ်ရင်းနဲ့ မြိုသိပ်ထားခဲ့ရတယ်လို့ ကျနော် နားလည်ခဲ့ပါတယ်။ ဒီကိစ္စတွေကို တချိန်ချိန်မှာ ထုတ်ပြောရမှာ ဖြစ်တယ်ဆိုတာကိုတော့ တောခိုကျောင်းသားတိုင်းက ခံယူထားပြီး ထုတ်ပြောသင့်တဲ့အချိန်၊ ထုတ်ပြောပုံပြောနည်းပေါ်မှာပဲ အမြင်နည်းနည်း ကွဲနေတာဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။
ဒီကိစ္စဟာ ABSDF ဗဟိုမှာ တာဝန်ရှိသလို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေ တာဝန်ခံတွေ၊ စခန်းတာဝန်ခံတွေ၊ အဲဒီစခန်းတွေဆီ တောခိုတုန်းက အတူတူထွက်လာခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသား ရဲဘော်ရဲဘက်တွေ၊ ရဲဘော်ဟောင်းတွေ တဦးချင်းစီမှာလည်း ဒီတာဝန်တွေရှိနေတယ်လို့ ကျနော် မြင်ပါတယ်။ ဥက္ကဌဟောင်း ၃ ဦး ပြည်တော်ပြန်ချိန်မှာ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ဒီ ကျဆုံး၊ သေဆုံး ကိစ္စတွေကို သူတို့ ရှင်းပြတာ မကြားမိဘဲ မြောက်ပိုင်းက အမှုနဲ့ပဲ လုံးခြာလည်နေတာကိုသာ တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် ဥက္ကဌဟောင်းတွေနဲ့အတူ ပါသွားတဲ့ အမေရိကန်ရောက် တောခိုကျောင်းသားဟောင်း တဦးကတော့ သားပျောက်၊ သမီးပျောက် မိခင်တွေက လာမေးတဲ့အတွက် ABSDF ကျဆုံး၊ သေဆုံး စာရင်းနဲ့ နိုင်ငံခြားရောက် တောခိုကျောင်းသားတွေ အခြေအနေကို သူကြိုးစားပြီး အကျဉ်းရုံး ရှင်းပြခဲ့ရတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ထပ်ရှင်းပြနိုင်ဖို့ ကြိုးစားရလိမ့်မယ်။ ကျဆုံး၊ သေဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို သူတို့သားသမီး ကျဆုံးပုံအကြောင်း အသေချာရှင်းပြဖို့၊ တရားဝင် ကောင်းမှုကုသိုလ်ပြု၊ အမျှေ၀ အခမ်းအနားတွေ ကျင်းပနိုင်ဖို့၊ နောက်တခါ မိသားစုတွေကို အားပေးစကားပြောဖို့ လိုနေတယ်လို့ အဲဒီကျောင်းသားက ကျနော်အပါဝင် ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေကို ပြန်ပြောပြခဲ့ပါတယ်။
သူပြောသွားတဲ့ အတိုင်းပါပဲ။ ကျနော်ကိုယ်တိုင်လည်း ကိုတင်လေးရဲ့ မိဘတွေအပါဝင် ထားဝယ်နယ်က ကျဆုံး၊ ပျောက်ဆုံး ရဲဘော်တွေအတွက် သူတို့မိဘဆွေမျိုးတွေကို ဘယ်လိုရှင်းပြရမှန်း မသိသေးပါ။ ဒါပေမယ့် တနေ့မှာတော့ ဒါတွေကို မလွဲမသွေ ရှင်းပြရမှာ သေချာပါတယ်။ အဲဒီတနေ့ဟာ သိပ်မကြာတော့ဘူးလို့ ထင်ရပေမယ့် ဘယ်နေ့ အိမ်ပြန်နိုင်မလဲ၊ ဘယ်လိုပုံစံနဲ့ ပြန်ခွင့်ရမလဲ ဆိုတာကိုတော့ ကျနော်ကိုယ်တိုင်လည်း မသိသေးပါ။
၂၀၁ တပ်ရင်း မင်းသမီးခစန်းရဲ့ အာဇာကုန်းကို မြင်ရစဉ်
ဒါကြောင့် လောလောဆယ် ကျနော်တို့ အိမ်မပြန်နိုင်သေးခင်၊ ဘာမှ တရားဝင် ရှင်းမပြနိုင်သေးခင်မှာတော့ ကျနော်တို့ တောခိုခါစက အလွန်နည်မည်ကြီးခဲ့တဲ့ တော်လှန်ရေးသီချင်းတပုဒ်ကို စာဖတ်ပရိသတ်အားလုံး နားဆင်ရင်း ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံး ဖြစ်သွားကြတဲ့ ကျနော်တို့ရဲ့ “ရဲဘော်သူငယ်ချင်း” အားလုံးအတွက် အမျှေ၀ ဆုတောင်းပေးကြပါလို့ တိုက်တွန်းရင်းနဲ့ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီးစဉ်” ကို အဆုံးသတ်လိုက်ပါတယ်။
သီချင်းခေါင်းစဉ်က “အာဇာနည် သူရဲကောင်းများသို့” တဲ့ …
* ဒီမိုကရေစီ ရရှိရေးအတွက် ရှေ့တန်းတနေရာ … အသက်ပေးသွားတဲ့ သူငယ်ချင်းတို့ရယ် … ဦးညွတ်လျှက် ဂုဏ်ပြုလိုက်ပါတယ်။
* အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ တိုက်ပွဲဝင်ကာ … ကျဆုံးသွားတဲ့ သူငယ်ချင်းတို့ရယ် … အကြွေစောလို့ နှမျှောမိပါတယ်။
# (ဒီမိုကရေစီ တို့များရလို့ အိမ်ရာမြေကို ပြန်ကြတဲ့အခါ … ဆီးကြိုနေမယ့် မင်းတို့မိဘ မောင်နှမတွေ) … တို့များဘယ်လို ရှင်းပြရမယ် … တို့များဘယ်လို နှစ်သိမ့်ရမယ် … တွေးရင်းနဲ့ ဝမ်းနည်း မျက်ရည်လည်။
* နိုင်ငံတော်အတွက် အသက်ပေးကာရယ် … တိုက်ပွဲဝင်တဲ့ သူငယ်ချင်းတို့ရယ် … ကောင်းရာသုဂတိ လားကြပါစေကွယ်။
* မြန်မာပြည်မှာ တို့ကျောင်းသားတွေ … အောင်လံထူကာ ဂုဏ်လွှင့်ခဲ့တဲ့ သူငယ်ချင်းတို့ရယ် … ကောင်းမှုအားလုံး အမျှပေးဝေပါတယ်။
# (ဒီမိုကရေစီ တို့များရလို့ အိမ်ရာမြေကို ပြန်ကြတဲ့အခါ … ဆီးကြိုနေမယ့် မင်းတို့မိဘ မောင်နှမတွေ) … တို့များဘယ်လို ရှင်းပြရမယ် … တို့များဘယ်လို နှစ်သိမ့်ရမယ် … တွေးရင်းနဲ့ ဝမ်းနည်း မျက်ရည်လည်။
*****
နောက်ဆက်တွဲ
တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ၅၉ ဦး
၁၉၈၈ ကနေ ၁၉၉၇ အထိ ၁၀ နှစ်တာကာလအတွင်း စစ်မြေပြင်မှာ ကျဆုံးသွားသူ မင်းသမီး စခန်း အမှတ် ၂၀၁ တပ်ရင်းမှ ၅၉ ဦးစာရင်းကို တာဝန်ယူမှုအလိုက် တန်းစီ ပြောရမယ်ဆိုရင် တပ်ရင်းမှူး ကိုဇော်သန်း (ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်၊ မင်္ဂလာလမ်း။ ဒုတိယနှစ် ဓာတုဗေဒ၊ ထားဝယ် ကောလိပ်)။ ကျဆုံးချိန်က ၁၉၉၇ အောက်တိုဘာ ၂၅ ရက်နေ့ဖြစ်ပြီး နေရာကတော့ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်းဖြစ်ပါတယ်။ ဒုရင်းမှူး ကိုမင်းဇော်သူ (ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်။ ဒုတိယနှစ် စက်မှုသိပ္ပံ၊ ကလော)။ ကျဆုံးချိန်က ၁၉၉၃ အောက်တိုဘာလ ၁၆ ရက်ဖြစ်ပြီး နေရာက ရနောင်းမြို့မှာ လုပ်ကြံခံရတာ ဖြစ်ပါတယ်။ တပ်ရေးအရာရှိ ကိုဇော်မင်း (ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ။ ဖွံ့ဖြိုးရေးသိပ္ပံ/ ဒီပလိုမာ၊ စာပေးစာယူ ဒုတိယနှစ်)။ ကိုမင်းဇော်သူနဲ့ အတူ ရနောင်းမှာ လုပ်ကြံခံရ။ တပ်ခွဲမှူး ကိုဖေသင် (ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်။ ၁၀ တန်း)။ ကျဆုံးချိန် ၁၉၉၁ ဖြစ်ပြီး နေရာကတော့ ပုလောမြို့နယ် တန်းရှင်းရွာမှာ နဝတက ဖမ်းမိပြီးမှ အသတ်ခံရတာလို့ သိရပါတယ်။ တပ်ခွဲမှူး ကိုသိန်းမြင့်ကျော် (ရေဖြူ မြို့နယ်၊ ကံပေါက်ရွာ။ ၁၀ တန်း)။ ၁၉၉၆ သြဂုတ်လ ၂၉ ရက်နေ့။ ကျွန်းစုမြို့နယ် မိုင်းသွေးရွာမှာ နဝတက ဖမ်းမိပြီးမှ အသတ်ခံရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးသွားသူတွေထဲမှ တပ်ရင်းမှူး ကိုဇော်သန်းနဲ့ တပ်စုမှူး စောပိုလိုတို့ကို သင်တန်းဆင်းပွဲတခုတွင် တွေ့ရစဉ်
ဒု တပ်ခွဲမှူး ကိုမျိုးအောင် (ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ။ တတိယနှစ်၊ စာပေးစာယူ)။ ၁၉၉၁ ဖေဖော်ဝါရီလ။ ပုလောမြို့နယ် တန်းရှင်ရွာတိုက်ပွဲ။ ဒု တပ်ခွဲမှူး ကိုအောင်နိုင် (ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ။ တတိယနှစ် စက်မှုသိပ္ပံ၊ ဖားအောက်) ၁၉၉၄၊ ဇွန်လ ၂၉-ရက်။ ပုလောမြို့နယ် အရှေ့ကုန်းကျေးရွာတိုက်ပွဲ။ ဒု တပ်ခွဲမှူး ကိုဝင်းမြင့်လေး (ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ။ ၉ တန်း )။ ၁၉၉၅ ဒီဇင်ဘာလ။ ကျွန်းစုမြို့နယ် စတိန်ကျွန်းတိုက်ပွဲ။ တပ်စုမှူး စောပိုလို (ပုလောမြို့ အမှတ် ၃ ရပ်ကွက်။ ၁၀ တန်း)။ ၁၉၉၇ မတ်လ။ တနင်္သာရီမြို့နယ် ကျောက်လုံးကြီးကျေးရွာ။ တပ်စုမှူး ကိုလေး (လောင်းလုံးမြို့နယ်၊ နခံတောရွာ)။ ၁၉၉၇ အောက်တိုဘာ ၁၆ ရက်။ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်း တိုက်ပွဲ။ တပ်စုမှူး ကိုလွန်းတင် (မြိတ်မြို့၊ ဘီအိုစီရပ်ကွက်)။ ၁၉၉၂။ ပုလောမြို့နယ် လယ်ဖက် ကျေးရွာ။ တပ်ခွဲအရာခံ ကိုဇော်နိုင်အောင် (ထားဝယ်မြို့၊ တလိုင်းမရပ်ကွက်။ ဒုတိယနှစ် ဓာတုဗေဒ၊ ထားဝယ်ကောလိပ်)။ ၁၉၉၁ မတ်လ ၁၃ ရက်။ ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာတိုက်ပွဲ။ တပ်ခွဲအရာခံ ကိုတင်နိုင်ဝင်း (တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း။ ၁၀-တန်း)။ ၁၉၉၆ ဧပြီလ။ ကျွန်းစုမြို့နယ် ကျောက်ကုန်းကျေးရွာတိုက်ပွဲ။
ဒု တပ်စုမှူး ကိုတင်ဝင်းမောင် (ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ။ ၈ တန်း)။ ၁၉၉၁။ ရေဖြူမြို့နယ် ရေပုံးေ ကျးရွာတိုက်ပွဲ။ ဒု တပ်စုမှူး ကိုသန်းကြည် (ပုလောမြို့နယ်၊ သင်္ကန်းတောရွာ)။ ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်စိပ်မှူး ကိုသန်းဖေ (မြိတ်မြို့၊ ကျောက်တောင်ရွာ) ၁၉၈၉။ တန သာၤရီမြို့နယ် ကျားခေါင်းရွာတိုက်ပွဲ။ တပ်စိပ်မှူး ကိုဟန်ဝင်း (ပုလောမြို့နယ်၊ မင်းပြင်ထိန်ရွာ။ ၁၀ တန်း )။ ၁၉၉၁။ ပုလောမြို့နယ် တပိုရွာတိုက်ပွဲ။ တပ်စိပ်မှူး ကိုကိုဦး ခေါ် ကံဦး (မြိတ်မြို့ ကွက်သစ် ဒီ။ ၉ တန်း )။ ၁၉၉၂။ ပုလောမြို့နယ်၊ တပိုရွာ။ တပ်စိပ်မှူး ကိုညွန့်ဝင်း (ပဲခူးတိုင်း၊ ဝေါ်မြို့နယ်၊ ညောင်ခါးရှည်ရွာ။ ၈ တန်း)။ ၁၉၉၁ ဇူလိုင် ၆ ရက်။ သရက်ချောင်းမြို့နယ် စော်ဖျားရွာတိုက်ပွဲ။ တပ်စိပ်မှူး မောင်မြင့် (မြိတ်မြို့) ၁၉၉၅ သြဂုတ်လ ၃၁ရက်။ ပုလောမြို့နယ် မြစ်ချဉ်စုရွာ။
တပ်စိပ်မှူး တိုင်းကျော် (ပုလောမြို့နယ်၊ ကျောက္ကာရွာ။ ၈ တန်း)။ ၁၉၉၃။ ပုလောမြို့နယ် လိပ်ဥသောင်ကျေးရွာတိုက်ပွဲ။ တပ်စိပ်မှူး ဌေးဝင်း ( ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၅ ဒီဇင်ဘာလ။ ကျွန်းစုမြို့နယ် စဒိန်ရွာတိုက်ပွဲ။ တပ်စိပ်မှူး မောင်မြင့် (၂) (ကျွန်းစုမြို့နယ်၊ ကြံ့ချောင်းရွာ)။ ၁၉၉၅ ဒီဇင်ဘာ။ ကျွန်းစုမြို့နယ် စဒိန်ရွာတိုက်ပွဲ။ တပ်စိပ်မှူး သိန်းရွေ ခေါ် ပါးမဲ (ရေဖြူမြို့နယ်၊ ကလိန်အောင်ရွာ) ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်စိပ်မှူး အေးဝင်း ခေါ် အရှည်ကြီး (ပုလောမြို့နယ်၊ တန်းရှင်းရွာ) ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်း တိုက်ပွဲ။ တပ်စိပ်မှူး ကိုအေးကို ခေါ် ပြားကြီး (ပုလောမြို့နယ်၊ ပလရွာ)။ ၁၉၉၃ ဇွန်လ။ မြိတ်မြို့နယ် သစ်ယာဝတိုက်ပွဲ။ တပ်စိပ်မှူး ထွန်းသိန်း ခေါ် ဘငြီး (လောင်းလုံးမြို့နယ်။ ကြက်လွတ်ရွာ) ၁၉၉၇ အောက်တိုဘာလ ၂၀ ရက်။ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်းတိုက်ပွဲ။
ဒု တပ်စိတ်မှူး ကိုမင်းဆွေ (မြိတ်မြို့၊ ကွက်သစ် ဘီ။ ၈ တန်း)။ ၁၉၉၂။ ပုလောမြို့နယ် လိပ်ဥသောင်တိုက်ပွဲ။ ဆေးမှူး ကိုအေးဝင်း (ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်။ ၉ တန်း)။ ၁၉၉၁ ဇူလိုင် ၆ ရက်။ သရက်ချောင်းမြို့နယ် စော်ဖျားရွာတိုက်ပွဲ။ စည်းရုံးရေးဌာနအဖွဲ့ဝင် ကိုစံသိန်း (မြိတ်မြို့) ၁၉၉၂။ ကျွန်းစုမြို့နယ် စပါးတောင်တိုက်ပွဲ။ ဆက်သွယ်ရေးမှူး ကိုသက်နောင် (မြိတ်မြို့) ၁၉၉၁ မတ်လ။ သရက် ချောင်းမြို့နယ် ကျောက်အိုင်ကျေးရွာ။ တပ်သား နေမျိုး (ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာ) ၁၉၉၂ မတ်လ။ ပုလောမြို့နယ် ကံမော်ကြီးကျေးရွာတိုက်ပွဲ။ တပ်သား သန်းဇော် (ပုလောမြို့နယ်၊ ပလရွာ။ တတိယနှစ်-သမိုင်း)။ ၁၉၉၀။ ပုလောမြို့နယ် တိုရွာတိုက်ပွဲ။ တပ်သား ဝင်းမြင့် ၁၉၉၀ စက်တင်ဘာ ၁၇ ရက်။ ပုလောမြို့နယ် ပလရွာတိုက်ပွဲ။ တပ်သားနေမျိုး ခေါ် ဖိုးနေမျိုး (ပုလောမြို့နယ်၊ မလိကျွန်း) ၁၉၉၀ သြဂုတ်လ။ ပုလောမြို့နယ် ပုလောကုန်းတိုက်ပွဲ။
တပ်သားမြင့်စိုး ခေါ် ဖွားရှင်မ (မြိတ်မြို့)။ ၁၉၉၀ အောက်တိုဘာလ။ ပုလောမြို့နယ် ကံမော်ကြီးရွာတိုက်ပွဲ။ တပ်သား ကျော်မိုးနိုင် ခေါ် မောင်ကျဲ (ပုလောမြို့နယ်၊ ကျဲရွာ)။ ၁၉၉၁ စက်တင်ဘာ ၂၃-ရက်။ ပုလောမြို့နယ် ပလရွာတိုက်ပွဲ။ တပ်သား မောင်ချို (ရေဖြူမြို့နယ်၊ ကံပေါက်ရွာ။ မဂင်ရပ်)။ ၁၉၉၀ ဇူလိုင်လ။ ရေဖြူမြို့နယ် ပုလဲဂူရွာ။ တပ်သား မောင်တိတ် (မြိတ်မြို့)။ ၁၉၉၇ အောက်တိုဘာ။ ကျွန်းစုမြို့နယ် မိုးမလင်းကျွန်းတိုက်ပွဲ။
တပ်သား မင်းစိုး ခေါ် မဲခင် (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၄ စက်တင်ဘာ။ ပုလောမြို့နယ် ကံမော်ကြီးတိုက်ပွဲ။ တပ်သားဇော်လင်း (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၄ စက်တင်ဘာ။ ပုလောမြို့နယ် ကံမော်ကြီးတိုက်ပွဲ။ တပ်သားရဲဝင်း (ပုလောမြို့နယ်၊ ပလရွာ)။ ၁၉၉၃။ ပုလောမြို့နယ် လိပ်ဥသောင်ရွာတိုက်ပွဲ။ တပ်သား သန်းထွန်း (ပုလောမြို့နယ်၊ ကဒဲရွာ)။ ၁၉၉၂ ဇန်နဝါရီ။ ပုလောမြို့နယ် ဆင်ထိုးကြီးရွာတိုက်ပွဲ။ တပ်သားဝင်းမောင် (ပုလောမြို့နယ်၊ ၅ မိုင်ရွာ)။ ၁၉၉၂ စက်တင်ဘာလ။ ပုလောမြို့နယ် လိပ်ဥသောင်ကျေးရွာ။ ထောက်လှမ်းရေး တပ်သား တာတီး ခေါ် စန်းမြင့် (ထားဝယ်မြို့ နယ်၊ တောင်သုံးလုံးရွာ)။ ၁၉၉၅။ သရက်ချောင်းမြို့နယ် ကျောက်အိုင်ရွာ။ ဆေးမှူး ဘမြင့် ခေါ် ဦးရင် ( ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာ)။ ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။
တပ်သား အိုသောင်း (မြိတ်မြို့၊ ပြင်ဝန်းရပ်)။ ၁၉၉၀ ဇူလိုင်လ။ ရေဖြူမြို့နယ် ပုလဲဂူရွာ။ တပ်သား လှဝင်း (ကျွန်းစုမြို့နယ်၊ ကြတ်ချောင်းရွာ)။ ၁၉၉၁ ဧပြီ။ ထားဝယ်မြို့နယ် ကလက်ကြီးရွာတိုက်ပွဲ။ တပ်သား ဟန်မင်းစိုး ( မြိတ်မြို့၊ ကံဖျားရပ်)။ ၁၉၉၁။ ပုလောမြို့နယ် တန်းရှင်းရွာမှာ ခွဲမှူး ကိုဖေသင် နဲ့အတူအဖမ်းခံရ။ တပ်သား ဆန်းလွင် (ပုလောမြို့နယ်၊ ပေါင်းရွာ)။ ၁၉၉၀။ ပုလောမြို့နယ် ကျဲရွာတိုက်ပွဲ။ တပ်သား ရေခါး (ပုလောမြို့နယ်၊ မိန်းမမြို့ရွာ)။ ၁၉၉၃။ ကျွန်းစုမြို့နယ် အညင်ကျွန်းတိုက်ပွဲ။
ကျဆုံးသွားတဲ့ တပ်ရင်းမှူးကနေ တပ်စုမှူးအထိ ဓာတ်ပုံတချို့ကို ကြွေလွင့်သွားသော ကြယ်ပွင့်များ စာအုပ်မှာ တွေ့ရစဉ်
တပ်သား အောင်လွင် (ပုလောမြို့နယ် သင်္ကန်းကျဲရွာ)။ ၁၉၉၃။ တပ်သား ဆန်းကျော် (ပု လောမြို့နယ်၊ တိုရွာ)။ ၁၉၉၃။ ထားဝယ်မြို့နယ် ကလက်ကီးတိုက်ပွဲ။ တပ်သားရွေတင် (တနသာၤရီ မြို့နယ်၊ သရဘွင်ရွာ)။ ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်သား စိုးစိုး ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်သား သီဟ ၁၉၉၇ မေလ။ ကျွန်းစုမြို့နယ် ကပကျွန်းတိုက်ပွဲ။ တပ်သားပေါ်ဦး (ပုလောမြို့နယ်၊ တန်းရှင်းရွာ)။ ၁၉၉၅။ ပုလောမြို့နယ် ကျောက်သင်္ဘောရွာမှာ ဖမ်းဆီး အသတ်ခံရ။ တပ်သား အောင်စွမ် (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၅။ ပုလောမြို့နယ် ကျောက်သင်္ဘောရွာမှာ ဖမ်းဆီးအသတ်ခံရတို့ ဖြစ်ပါတယ်။
ငှက်ဖျားအပါဝင် ရောဂါမျိုးစုံနဲ့ ကျဆုံးသွားသူများ
ငှက်ဖျားအပါဝင် ရောဂါနဲ့သေဆုံးသူ ၁၀ ဦးကတော့ စခန်းကော်မတီဝင်ဟောင်း ကိုဉာဏ်စိုး (ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ။ စားပေးစာယူ ဒုတိယနှစ် သမိုင်း)။ ၁၉၉၉ ဇူလိုင်လ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆေးရုံတခုမှာ ကွယ်လွန်။ အထူးတာဝန် စောလားဒို (တံတားဖြူအနီး၊ လှိုုင်မြို့နယ်၊ ရန်ကုန်။ ပထမနှစ် သချာၤ၊ လှိုင်နယ်မြေ)။ ၁၉၈၉ မတ်လ ၁၃ ရက်။ ပဲဖျားရွာ သရက်ချောင်းမြို့နယ်မှာ ကွယ်လွန်။ တပ်စိပ်မှူး ဝင်းမောင် (ပုလောမြို့နယ်၊ ပြင်ဘုကြီးကျွန်း)။ ၁၉၉၇။ ဘောတီရွာ။ တပ်မဟာ ၄ နယ်မြေမှာ ကွယ်လွန်။ တပ်စိပ်မှူး မြင့်ဇော် (ပုလောမြို့၊ အမှတ် ၃ ရပ်ကွက်။ ၁၀ တန်း)။ ၁၉၉၂ အောက်တိုဘာ။ မင်းချမ်းတောင် ကျွန်းစုမြို့နယ်မှာ ကွယ်လွန်။ တပ်စိပ်မှူး အောင်ကျော်ထူး (ပုလောမြို့ နယ်၊ နန်းတောင်ရွာ)။ ၁၉၉၉ မတ်လ။ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်။
ဆက်သွယ်ရေး တပ်သား အောင်ဆန်း (ပုလောမြို့ အမှတ် ၂ ရက်ကွက်။ ၁၀ တန်း)။ ၁၉၉၁ နိုဝင်ဘာလ။ မင်းသမီးစခန်းဆေးရုံမှာ ကွယ်လွန်။ တပ်သား ရဲထွတ် (ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ။ ၁၀ တန်း)။ ၁၉၈၉ သြဂုတ်လ။ ထားဝယ်မြို့နယ် အိုင်ဝိုင်းရွာမှာ ကွယ်လွန်။ ကျောင်းဆရာ ကိုသက် (ရန်ကုန်။ ဒုတိယနှစ် မြန်မာစာ ရန်ကုန်တက္ကသိုလ်)။ ၁၉၉၂ ဇန်နာဝါရီ။ ဘန်ကောက်ဆေးရုံမှာ ကွယ်လွန်။ တပ်သား ဝင်းတင် (လောင်း လုံးမြို့နယ်၊ နခံတောရွာ)။ ၁၉၉၀။ ကထောင်းနီရွာ ထားဝယ်မြို့နယ်မှာ ကွယ်လွန်နဲ့ တပ်သား အောင်စိုး (ပုလောမြို့နယ်၊ ကျောက္ကာရွာ)။ ၁၉၉၅။ ထပ်စကဲဆေးရုံ၊ ထိုင်းနိုင်ငံမှာ ကွယ်လွန်တို့ ဖြစ်ပါတယ်။
လွမ်းသူပန်းခွေနဲ့အတူ အညတြရ သူရဲကောင်းများကို ဂုဏ်ပြုဖို့ ချီတက်လာသူတချို့
ကိုယ့်ကိုယ်ကို သေကြောင်းကြံသူ ၂ ဦးကတော့ တပ်စုမှူး အောင်ဇင် (မြိတ်မြို့။ မြို့မ ၂ရပ်ကွက်)။ ၁၉၉၁ အောက်တိုဘာလ။ ထားဝယ်မြို့နယ် ကလက်ကီးရွာမှာ တာဝန်ထမ်းနေစဉ်နဲ့ ဆေးရဲမေ မကြူကြူလွင် (ပုလောမြို့နယ်၊ ရှပ်ပုံရွာ)။ ၁၉၉၅ ဇွန်လ။ မင်းသမီးစခန်း ဘုန်းကြီးကျောင်းဝင်းအတွင်း သေဆုံးတို့ ဖြစ်ပါတယ်။
ရေနစ်သေဆုံးသူ ၂ ဦးကတော့ ကိုညီညီလွင် (ထားဝယ်မြို့၊ အေးထီဆိုင်။ ထားဝယ်ကောလိပ်၊ ဒုတိယနှစ် ဓာတုဗေဒ) ၁၉၈၈၊ အောက်တိုဘာလ။ ကျောက်ထူရွာအနီး ထားဝယ်မြို့နယ်နဲ့ ကိုပြုံးချို။ (ပုလောမြို့နယ်၊ ပလရွာ)။ ၁၉၉၁ နိုဝင်ဘာလ။ ပြည်ခြားရွာအနီး ပုလောမြို့နယ်တို့ ဖြစ်ပါတယ်။