Friday, January 31, 2025

ဖလမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိထား... စဉ့်ကူးဆေးရုံ ဗုံးကြ...


ဖလမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိထား... စဉ့်ကူးဆေးရုံ ဗုံးကြဲခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁ ဖေဖော်ဝါရီ ၂၀၂၅

ချင်းပြည်နယ်၊ ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ  လေယာဉ်နဲ့ စစ်ကူ လာချပေးတဲ့ စစ်သားတွေ အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိထားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေကို ခိုနူမ်းသုန်က ဖော်ပြပါတယ်။

ဖလမ်း မြို့သိမ်း စစ်ဆင်ရေး စတင်ပြီးရက်ပိုင်းအတွင်း ရဲစခန်းက ၄၅ ဦးကို ဖမ်းဆီးရမိပြီး နောက်ထပ် ဖမ်းမိတဲ့ သုံ့ပန်းတွေကတော့ ဒီဇင်ဘာ ၁၆ မှာ ရဟတ်ယာဉ်နဲ့ စစ်ကူလာချပေးတဲ့ ၉၇ ဦး အုပ်စုထဲကဖြစ်တယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုဆိုရင် ဖလမ်းမှာ ခလရ ၂၆၈ တပ်ကုန်း တခုတည်းပဲ ကျန်ပြီး ဒါကို မကြာခင် သိမ်းနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း CNDF က ပြောပါတယ်။ 

ဖလမ်းနဲ့ မင်းတပ် မြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာ ၉ မှာ စတင်ခဲ့ပြီး မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ မှာ သိမ်းပိုက်ပါတယ်။ အခု ဖလမ်းကို သိမ်းပိုက်နိုင်ရေး ချင်းညီနောင်အဖွဲ့က စစ်ရှိန်မြှင့်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ထိခိုက်ပျက်စီးမှုရှိ...

- မြိုင်မြို့နယ်ရှိ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) အောင်ဆန်း ပညာရပ်စုံတက္ကသိုလ် ဝန်းကျင်ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကျောင်းသူတဦး သေဆုံးပြီး ပြည်သူတဦး ဒဏ်ရာရ...

- ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ကမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တဲ့ မာနယ်ပလော ဌာနချုပ်ဟောင်း နေရာမှာ ၇၆ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ...

- အသံမလွင့်ခင် နောက်ဆုံး ဝင်လာတဲ့သတင်းတွေအရ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကုက္ကိုလ်ကျေးရွာရှိ စစ်ရှောင်စခန်းကို ဇန်နဝါရီ ၃၁ ညနေ ၆ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် စစ်ရှောင် ၉ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူလည်း များတယ်လို့ ခိုနူမ်းသုန်က ဖေါ်ပြပါတယ်။

အနီးဝန်းကျင်မှာ ဘာတိုက်ပွဲမှ မရှိပဲ စစ်ရှောင်စခန်းကို တမင်ဗုံးကြဲသွားတာလို့ ဆိုပါတယ်။ (အသေးစိပ်ကို ထပ်မံတင်ပြပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“လာမယ့် ၆ လအတွင်း မင်းအောင်လှိုင်စစ်တပ် လုံးဝပြိုကျသွားနိုင်တဲ့ အလားအလာ ...


“လာမယ့် ၆ လအတွင်း မင်းအောင်လှိုင်စစ်တပ် လုံးဝပြိုကျသွားနိုင်တဲ့ အလားအလာ တွေ့နေရပါတယ်”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင်

(၃၁- ၁- ၂၀၂၅)

“၄ နှစ်တာအတွင်း ပြိုကျပျက်စီမှုတွေကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်စစ်တပ်ဟာ လာမယ့်ဇွန်လလောက်မှာ လုံး၀ ရပ်တန့်သွားမယ့်၊ ပြိုကျသွားမယ့်အလားအလာတွေ တွေ့နေရတယ်။ ဒါကြောင့် တပ်မတော်သားတွေအားလုံး လူထုနဲ့အမြန်ဆုံးပူးပေါင်းကြဖို့ တိုက်တွန်းချင်တယ်” လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

မနက်ဖန် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ကျရောက်တဲ့ စစ်တပ်က အာဏာသိမ်း ၄ နှစ်ပြည့် သို့မဟုတ် နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မြန်မာစစ်ဗိုလ်တွေ အသက်ဘယ်လောက်မှာ ပင်စင်ယူသင့်သလဲ...

- အာဏာသိမ်းစဉ်က စစ်ကောင်စီအဖွဲ့ အခု ဘယ်နှစ်ဦးကျန်သေးလဲ၊ မင်းအောင်လှိုင်နဲ့ စိုးဝင်းကြားက အားပြိုင်မှု ဘယ်လိုရှိနေသလဲ...

- ၄ နှစ်အတွင်း စစ်တပ် ဘယ်လောက်ပြိုကျသွားသလဲ... စစ်စခန်း ဘယ်လောက် ဆုံးရှုံးသွားသလဲ...

- လူငယ်တွေကို ဖမ်းဆီးပြီး တပ်ထဲသွင်းနေတာက စစ်တပ်ကို အားဖြစ်စေသလား... အားလျော့စေသလား...

- AA နဲ့ KIA လို တိုက်နိုင်ဖို့ ကျန်တဲ့တော်လှန်ရေးအဖွဲ့တွေကို ဘယ်လိုကူညီပေးသင့်သလဲ...

- လာမယ့် ဇွန်လမှာ မင်းအောင်လှိုင်စစ်တပ် လုံး၀ ပြိုကျသွားနိုင်တယ်လို့ ဘာကြောင့်ပြောတာလဲ...

- အစုအပြုံလိုက် ဘက်ပြောင်းလာမယ့် စစ်သားတွေကို ကြိုဆိုဖို့ တော်လှန်ရေးအင်အားစုတွေက ဘယ်လိုပြင်ဆင်ထားသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, January 30, 2025

နွားထိုးကြီးပွဲ လက်နက် ၄၀ ခန့် PDF သိမ်းမိ... ထားဝယ်တံတားဂိတ်ပွဲ လက်နက် ...


နွားထိုးကြီးပွဲ လက်နက် ၄၀ ခန့် PDF သိမ်းမိ... ထားဝယ်တံတားဂိတ်ပွဲ လက်နက် ၁၂ လက်ရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၁ ဇန်နဝါရီ ၂၀၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည် ရွာကနေ ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ် ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရမှာ စစ်ကြောင်းမှူး အပါဝင် အများအပြား သေဆုံး၊ ၈ ဦးကိုလက်ရဖမ်းမိပြီး လက်နက်မျိုးစုံ ၃၉ လက် ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃၀၊ မနက် အစောပိုင်းမှာ ဗိုလ်မှူး ရန်လင်းအောင် ဦးဆောင်တဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၅ နဲ့ ရဲ ပူးပေါင်းအင်အား ၅၀ ခန့်ပါ စစ်ကြောင်း မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြား အရောက်မှာ တိုက်ခိုက်တာဖြစ်ပါတယ်။

နယ်မြေရှင်းတဲ့အခါ အလောင်း ၂၁ လောင်း ကျန်၊ ၈ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း၊  စက်လတ် အပါအဝင် လက်နက်မျိုးစုံ ၃၉ လက်နဲ့ ခဲယမ်းများစွာ ရရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ပြင်းထန်နေစဉ်မှာ စစ်ကောင်စီဘက်က Mi-35 တစင်း ရောက်လာပြီး ၃ ကြိမ်အထိ ပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် PDF တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ထားဝယ်-သရက်ချောင်း ကားလမ်းပေါ်ရှိ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၂ လက် ရရှိ...

- တောင်ကုတ်ကနေ ပဲခူးတိုင်းအတွင်းက မိုးထိတောင် စခန်းကို သိမ်းပြီး ကပစ (ကာကွယ်ပစ္စည်းစက်ရုံ) တွေ နားအထိ ချဉ်းကပ်လာနေတဲ့ AA (အာရက္ခတပ်တော်) ကို ပြန်တိုက်ဖို့ဆိုပြီး ပဲခူးတိုင်းက ပျူစောထီးတွေကို စစ်ကောင်စီက လက်နက် တပ်ဆင်ပေးနေ...

- စလင်းမြို့နယ်၊ ဆင်ကျုံး ရွာထိပ်ရှိ စစ်တပ်နဲ့ ပျူစောထီး ပူးတွဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်သား ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ...

- ဟုမ္မလင်းမြို့အခြေစိုက် ခမရ ၃၆၉ က တပ်သားတဦး အညာဒေသအခြေစိုက် Earthquake People's Defense Force ထံ အလင်းဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, January 29, 2025

စစ်ကောင်စီတပ်သား ၉ ဦး ကရင်နီတပ်တွေထံ အလင်းဝင်... လားရှိုးက တရုတ်နှစ်သစ်က...


စစ်ကောင်စီတပ်သား ၉ ဦး ကရင်နီတပ်တွေထံ အလင်းဝင်... လားရှိုးက တရုတ်နှစ်သစ်ကူးပွဲ မြောက်ပိုင်းမဟာမိတ်တွေ တက်ရောက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀- ၁- ၂၀၂၅)

စစ်ကောင်စီအောက်မှာ တာဝန်မထမ်းချင်တော့တဲ့ အရာခံဗိုလ်နဲ့ စစ်သား ၁၀ ဦးခန့်ဟာ တော်လှန်ရေးတပ်တွေထံ ပူးပေါင်းလာတယ်လို့ ကရင်နီတော်လှန်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။

ဘောလခဲ အခြေစိုက် ခမရ (၄၂၉) က စစ်သားသစ် (၄) ဦးဟာ MA သေနတ် (၃)လက်နဲ့အတူ ဇန်နဝါရီ ၂၉ မှာ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ လွိုင်ကော်ဒေသ PDF က သတင်းထုတ်ပြန်ပါတယ်။

အလားတူ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) က တပ်သား ၄ ဦးဟာ လက်နက်မဲ့ အလင်းဝင်ချင်တယ်လို့ ချိတ်ဆက်လာတဲ့အတွက် ဇန်နဝါရီ ၂၉ မနက်အစောကြီး ၁ နာရီခန့်မှာ SSRY (Southern Shan Revolution Youth) တပ်နဲ့ (SSLRU) ရှမ်းပြည် တောင်ပိုင်း- ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

တခါ ဖရူဆိုမြို့အခြေစိုက် ခမရ (၅၃၁) က အရာခံဗိုလ်တဦးဟာ MA သေနတ် (၁) လက်နဲ့အတူ ဇန်နဝါရီ ၂၇ မှာ အလင်းဝင်လာတယ်လို့ KNDF- ကရင်နီအမျိုးသားများကွယ်ရေးတပ်က ဓာတ်ပုံမှတ်တမ်းနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- အင်းတော်မှာ မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်...

- မြင်းခြံ-ဆီမီးခုံကားလမ်းပေါ်ရှိ ဆင်ဂွတ်ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ် ၂ ဦးအပါဝင် (၁၈) ဦးသေဆုံးပြီး ဒဏ်ရာရသူနဲ့ နေအိမ်ပျက်စီးမှုများစွာရှိခဲ့တယ်လို့ NUG- လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်...

- NUG - ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ ရခိုင်-မကွေး နယ်စပ်အခြေစိုက် (People Independence Army) ပြည်သူ့လွတ်လပ်ရေးတပ်တော် ဗဟိုကော်မတီဝင် ကိုမိုးနေလနဲ့ တွေ့ဆုံဆွေးနွေး...

- TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - တပ်မဟာ ၂ မှူး ဒုတိယဗိုလ်မှူကြီး တားခြိုူဝ်မျိုးနဲ့ NUG ရဲ့ ကျောက်မဲ PDF အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခရိုင်မှူး ကိုကောင်း တို့တွေ့ဆုံပြီး သိမ်းပိုက်နယ်မြေအချို့ကို သွားရောက်ကြည့်ရှု...

- တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို အထူးဒေသ (၁) လားရှိုးမြို့မှာ ကျင်းပပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တက်ရောက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“AA နဲ့ KIA လိုပဲ အခြားတော်လှန်ရေးအဖွဲ့တွေအားလုံး ၂၀၂၅ မှာ တိုက်ခိုက်ရေး...


“AA နဲ့ KIA လိုပဲ အခြားတော်လှန်ရေးအဖွဲ့တွေအားလုံး ၂၀၂၅ မှာ တိုက်ခိုက်ရေးအရှိန် ပိုမြှင့်လာကြမယ်ထင်တယ်”

- ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၂၉ - ၁- ၂၀၂၅)

“AA နဲ့ KIA လိုပဲ အခြားတော်လှန်ရေးအဖွဲ့တွေအားလုံး ၂၀၂၅ မှာ တိုက်ခိုက်ရေးအရှိန် ပိုမြှင့်လာကြမယ်ထင်တယ်၊ ဒီလုပ်နိုင်ရင် တော်လှန်ရေး ရှေ့တဆင့် ထပ်တက်လာမှာဖြစ်တယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေး- စစ်ရေး အခြေအနေနဲ့ပတ်သက်ပြီး  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- အမေရိကန်ရဲ့ အကူအညီတွေ ရပ်ဆိုင်းမှုက နွေဦးတော်လှန်ရေးကို ဘယ်လောက် ထိခိုက်နိုင်သလဲ...

- အမေရိကန်ရဲ့ လက်ရှောင်မှုက တရုတ်ရဲ့ လက်ဝင်မှုကို တွန်းအားပေးရာ ရောက်စေသလား...

- တရုတ်အပြင် ထိုင်း-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နိုင်ငံတွေကို တော်လှန်ရေးအင်အားစုတွေက ဘယ်လိုချည်းကပ်သင့်သလဲ...

- AA နဲ့ KIA ဟာ ၂၀၂၅ မှာ နွေဦးတော်လှန်ရေးရဲ့ အဓိက မောင်းနှင်အား ဖြစ်လာနိုင်သလား...

- NUG က အညာဒေသမှာ စစ်ရေးအကောင်ထည်ဖေါ်မှု အပီအပြင်လုပ်နိုင်စွမ်းရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, January 28, 2025

ရခိုင်-ဧရာဝတီအစပ်မှာ တိုက်ပွဲပြင်းထန်... အင်းတော်မြို့ကို တော်လှန်ရေးတပ်...


ရခိုင်-ဧရာဝတီအစပ်မှာ တိုက်ပွဲပြင်းထန်... အင်းတော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစု ထိုးစစ်ဆင်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉ -၁-၂၀၂၅)

ရခိုင်- ဧရာဝတီအစပ်က စစ်ကောင်စီရဲ့ ပွိုင့် ၃၆၉ နဲ့ ၂၆၃ တပ်စခန်းတွေကို ဇန်နဝါရီ ၂၆ မှာ သိမ်းပိုက်လိုက်ပြီလို့ AA - အာရက္ခတပ်တော်က ကြေညာပြီးနောက် အဲဒီစခန်းဝန်းကျင်အပါဝင် သာပေါင်း၊ ရေကြည်မြို့နယ်တွေကိုပါ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ Western News က ဖေါ်ပြပါတယ်။

ဇန်နဝါရီ ၂၈ မနက်ပိုင်းမှာ ရိုးတောင်တလျောက်နဲ့ သာပေါင်း၊ ရေကြည်မြို့နယ်တွေကိုပါ တိုက်ခိုက်နေတာဖြစ်ပြီး ထိခိုက်မှုသတင်းတော့ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

AA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ ရခိုင်-ဧရာဝတီအစပ်ဒေသ၊ ရခိုင်-ပဲခူးအစပ်ဒေသ၊ ရခိုင်-မကွေးအစပ်ဒေသတွေကို ထိုးစစ်ဆင်နေပြီး ကပစ တွေနဲ့သိပ်မဝေးတဲ့ ရခိုင်-ပဲခူးအစပ်က မိုးထိတောင် တိုက်ပွဲမှာ စစ်ကောင်စီဖက်က သေဆုံးများပြီး လက်နက်များစွာ သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်းဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- အင်းတော်မြို့မှာ တခုတည်းသာကျန်တော့တဲ့ ဂျပန်လှိုင်ဂူ (ဂျပန်ဆေးရုံဟောင်းနေရာ) စစ်ကောင်စီတပ်စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဇန်နဝါရီ ၂၇
မနက်ပိုင်းကစပြီး ထိုးစစ်ဆင်နေ...

- အထက်မင်းလှမြို့နယ်၊ မန်းသံပုရာကန် ရေနံချက်စက်ရုံအနီးရောက်လာတဲ့ စစ်ကား ၂ စီးကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၃၀ ခန့်အထိ သေဆုံးနိုင်...

- မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကနေ ကျေးရွာထဲ ရိက္ခာဝင်ခိုးတဲ့ ရဲသားတွေကို ဒေသခံတော်လှန်ရေးတပ်တွေက စောင့်ဆိုင်းတိုက်ခိုက်ရာမှာ ရဲ ၃ ဦးသေပြီး G3- ၂ လက်ရရှိ...

- ထားဝယ်မြို့ကနေ မောင်းမကန်ကမ်းခြေ သွားတဲ့လမ်းမပေါ်ရှိ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေပြီး ဒဏ်ရာရသူများ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, January 27, 2025

ရခိုင်-ပဲခူးအစပ်က မိုးထိတောင်စခန်း AA သိမ်းပိုက်... ဗန်းမော်လေဆိပ်နဲ့ သံ...


ရခိုင်-ပဲခူးအစပ်က မိုးထိတောင်စခန်း AA သိမ်းပိုက်... ဗန်းမော်လေဆိပ်နဲ့ သံချပ်ကာတပ်ရင်းတွေ KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၈- ၁- ၂၀၂၅)

ရခိုင်-ပဲခူး၊ ရခိုင်-ဧရာဝတီ၊ ရခိုင်-မကွေး နယ်စပ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေ၊ လက်နက်တွေများစွာ သိမ်းမိထားတယ်လို့ AA - အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ရိုးမနဲ့ ပဲခူတိုင်းအစပ်ရှိ မိုးထိတောင် စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၂၁ မှာ ထိုးစစ်ဆင်ပြီး ၂၆ မှာ အလုံးစုံ သိမ်းပိုက်လိုက်ပြီ၊ စစ်ကောင်စီဖက်က အလောင်းတွေ၊ လက်နက်ခဲယမ်းတွေများစွာကျန်ခဲ့တယ်လို့ AA- က ပြောပါတယ်။

တချိန်တည်းမှာပဲ ရခိုင်နဲ့ ဧရာဝတီအစပ်ရှိ ပွိုင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၆၊ ပွိုင့် (၃၆၉) စခန်းကို ဇန်နဝါရီ ၂၁ မှာ သိမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၇ နေ့လယ် (၁) နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ၂၆၃ စခန်းကို ပြန်တိုက်တိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြန်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

တခါ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး၊ အမ်း-ပဒါန်း ကားလမ်းပေါ်မှာ (၂၇) မနက်ပိုင်းက တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄) ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့အကြား မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ဆုတ်ပြေးသွားတယ်။ လိုက်လံရှင်းလင်းရာမှာ အလောင်းတွေ၊ လက်နက်တွေ သိမ်းမိထားတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- အမ်းမြို့နယ်ကနေ မကွေးတိုင်း ငဖဲမြို့နယ်ဖက် ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို အမ်း-ပဒါန်းလမ်းပေါ် CDF-Asho က ကြားဖြတ်တိုက်ရာမှာ ၁၇ ဦး လက်ရဖမ်းမိ၊ လက်နက် ၈ လက်ရရှိ...

- ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆင်ပြင်းထန်နေပြီး သံချပ်ကာတပ်ရင်း၊ လေဆိပ်နဲ့ အရေးကြီးနေရာအချို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြား...

- TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ဒေသ ကျောက်မဲမြို့ကို ဇန်နဝါရီ ၂၇ မှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် အရပ်သားတဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ...

ဇန်နဝါရီ ၂၅ က ကျောက်မဲပြည်သူ့ဆေးရုံ ဗုံးကြဲခံရလို့ CDM ဆရာမ (၂)ဦး၊ လူနာ (၁)ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ လူနာ ၂၀ ကျော်ဒဏ်ရာရလို့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေစဉ် ထပ်မံ ဗုံးကြဲသွားတာဖြစ်...

- ဆိပ်ဖြူမြို့နယ်ရှိ (ကပစ -၂၂) က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကင်မွန်းတောင့်ကျေးရွာက အရပ်သား ၅ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ...

- စစ်မှုထမ်းဥပဒေအရ အတင်းအကျပ်စစ်သားသစ်အဖြစ်စုဆောင်းခံရသူ တပ်သား ၇ ဦး လက်နက်နဲ့အတူ KNDF- ထံပူးပေါင်း...

- သထုံမြို့နယ် အမှတ် -၄၀၂- အမြောက်တပ်က တပ်သားသစ် ၃ ဦးဟာလည်း လက်နက်နဲ့အတူ KNU တပ်တွေထံ လာရောက်ပူးပေါင်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
 
သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, January 26, 2025

“မင်းတပ်၊ ကန်ပက်လက် လွတ်မြောက်သလို ကျနော်တို့ မြို့နယ်လည်း အမြန်လွတ်မြော...


“မင်းတပ်၊ ကန်ပက်လက် လွတ်မြောက်သလို ကျနော်တို့ မြို့နယ်လည်း အမြန်လွတ်မြောက်ချင်ပါတယ်”

- ဒေါက်တာကြည်စိုးထွန်း (ဥက္ကဌ - ဆောမြို့နယ် ပအဖ)

(၂၆ - ၁- ၂၀၂၅)

“အိမ်နီးချင်းမြို့နယ်တွေဖြစ်တဲ့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီတို့ လွတ်မြောက်နယ်မြေဖြစ်သွားသလို ဆောမြို့နယ်ကိုလည်း လွတ်မြောက်နယ်မြေဖြစ်လာဖို့ ဒေသခံလူထုက အရမ်းလိုချင်နေကြတယ်” လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။

ချင်းပြည်နယ်နဲ့ဆက်စပ်နေတဲ့ ယောဒေသက စစ်ရေးအခြေအနေ၊ ၂၀၂၅ မျှော်လင့်ချက်တွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်ဒေသ ယောနယ်က စစ်ရေး-နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှ နောက်ဆုံးအခြေအနေ...

- လွတ်မြောက်ဒေသတွေမှာ အုပ်ချုပ်ရေး၊ ပညာရေး-ကျန်းမာရေး ဘယ်လို ဆောင်ရွက်နေသလဲ...

- ဆက်စပ်ဒေသတွေ လွတ်မြောက်သွားမှုက ကိုယ့်ဒေသလွတ်မြောက်ရေးတိုက်ပွဲကို ခွန်အားဖြစ်စေသလား...

- ၂၀၂၅ မှာ ယောဒေသကနေ ပကစ စက်ရုံနေရာတွေအထိ လွတ်မြောက်သွားနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, January 25, 2025

“၂၀၂၅ မှာ လွတ်မြောက်နယ်မြေတွေ အများကြီးကျယ်ပြန့်လာဖို့ မျှော်လင့်ပါတယ်”


“၂၀၂၅ မှာ လွတ်မြောက်နယ်မြေတွေ အများကြီးကျယ်ပြန့်လာဖို့ မျှော်လင့်ပါတယ်”

- ဗညားခွန်အောင် (ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၂၅- ၁- ၂၀၂၅)

“၂၀၂၅ မှာ လွတ်မြောက်နယ်မြေတွေ အများကြီးကျယ်ပြန့်လာတဲ့အပြင် လုံခြုံရေးအရ စိတ်ချရအောင် ဆောင်ရွက်နေတယ်၊ ဒုက္ခသည်တွေလည်း တဖြေးဖြေးချင်း အိမ်ပြန်နိုင်မယ့်အခြေအနေ ဖြစ်လာနိုင်တယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဗညားခွန်အောင်က ပြောပါတယ်။

အမေရိကန်သမ္မတသစ်က အမေရိကားကိုလာမယ့် ဒုက္ခသည်တွေကို လက်မခံသေးဘူးဆိုပြီး အမိန့်ထုတ်လိုက်တဲ့အတွက် ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည် ရာနဲ့ချီပြီး လေယာဉ်ပေါ်တက်ခါနီးမှ ခရီးစဉ်ဖျက်လိုက်ရတဲ့အခြေနေအပါဝင် နယ်စပ်ဒေသက ဒုက္ခသည်အခြေအနေနဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်မယ့်အလားအလာအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- အမေရိကန်သမ္မတသစ်ရဲ့ မူဝါဒကြောင့် ဒုက္ခသည်တွေ ဒုက္ခထပ်ရောက်ရတဲ့ နောက်ဆုံးအခြေအနေ...

- ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံသွားရေး အဆင့်ဆင့် ဘယ်လို အချိန်ပေးဆောင်ရွက်ရသလဲ...

- ဒုက္ခသည်တွေ၊ IDP တွေ အိမ်ပြန်နိုင်ရေးအခြေအနေ ဘယ်လောက် နီးစပ်လာပြီလဲ...

- စစ်ကောင်စီတပ်အတွင်းမှာ စိတ်ဓာတ်ရော၊ လက်နက်ပစ္စည်းပါ ကျဆင်းပျက်စီးနေပြီလို့ ဘာကြောင့် ပြောနိုင်တာလဲ...

- တနိုင်ငံလုံး လွတ်မြောက်ရေးတိုက်ပွဲအနေအထား ၂၀၂၅ မှာ ဘယ်လောက်အထိ ရှေ့ကို တက်လာနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, January 24, 2025

ဗန်းမော်က သံချပ်ကာတပ်ရင်း KIA သိမ်းပိုက်... ခေါဇာက စစ်ကောင်စီစခန်း မွန် ...


ဗန်းမော်က သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက်... ခေါဇာက စစ်ကောင်စီစခန်းကို မွန် ပူးပေါင်းတပ်က တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅- ၁- ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဇန်နဝါရီ ၂၄ က တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ကောင်စ်ီရဲ့ သံချပ်ကာ တပ်ရင်းထဲအထိ တော်လှန်ရေးတပ်တွေ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်လို့ KIA- ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

ဒေသတွင်းမီဒီယာတွေကတော့ ဗန်းမော်ရှိ ခလရ ၄၇၊ စကခ ၂၁၊ သံချပ်ကာတပ်ရင်းနဲ့ ဗန်းမော်တက္ကသိုလ်ရှိ စစ်ကောင်စီစခန်း အားလုံးကို မနက် ၆ နာရီမှာ တော်လှန်ရေးတပ်ပေါင်းစုက တပြိုင်တည်း ထိုးစစ်ဆင်တာဖြစ်ပြီး သံချပ်ကာ တပ်ရင်းကို သိမ်းမိ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိတယ်လို့ ဖေါ်ပြကြပါတယ်။

ဗန်းမော်နဲ့ မံစီမြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာ ၄ ရက်မှာ KIA နဲ့ မဟာမိတ်တွေက စတင်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှာ မံစီက တပ်ရင်း ၃ ခုကို သိမ်းပြီးတဲ့နောက် အခု ဗန်းမော်ကို သိမ်းနိုင်ရေး စစ်ရှိန်မြှင့်နေတာဖြစ်ပါတယ်။

ဒါ့အပြင်...

- ရေစကြိုမြို့အခြေစိုက်၊ ခမရ (၂၅၆/၂၅၇)ကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ...

- ရေးမြို့နယ်၊ ခေါဇာမြို့မှာ တပ်စွဲထားတဲ့ ခလရ - ၃၁ က စခန်းတခုကို ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်က ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၃ ဦး ဒဏ်ရာရ...

- မြဝတီသို့ စစ်ကူတက်ရန်ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းဆီ စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းတွေ အသစ်ထပ်ရောက်လာပေမယ့် အောင်ဇေယျ စစ်ကြောင်းဟာ ရှေ့မတိုးနိုင်ပဲ စစ်သားတွေသာ ထွက်ပြေးမှု တိုးလာနေ...

- PDF - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာအကျီနဲ့ ကျည်ကာဦးထုပ် တပ်ဆင်ပေးတဲ့အခမ်းအနားကျင်းပ...

-  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ ရှမ်းတောင်ဒေသနဲ့ တနသာင်္ရီ ပကဖ ကလည်း မွန်းမံ သင်တန်းဆင်းပွဲတွေ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, January 23, 2025

အမ်း-ပဒန်းလမ်းတိုက်ပွဲ စစ်ကောင်စီ အထိနာ... ဖာပွန်အနီးက စစ်တပ်စခန်း KNLA ...


အမ်း-ပဒန်းလမ်းတိုက်ပွဲ စစ်ကောင်စီ အထိနာ... ဖာပွန်အနီးက စစ်တပ်စခန်း KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၄ ဇန်နဝါရီ ၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကြားရှိ အမ်း-ပဒါန်း လမ်းပေါ်က စစ်ကောင်စီ တပ်တွေကို ကြားဖြတ် တိုက်ခိုက်ရာမှာ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၂ ဦးကို လက်ရဖမ်းမိပြီး ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၉ လက်ရရှိတယ်လို့ PRA- မကွေး၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစုက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၉ မှာ ငဖဲကနေ အမ်းဘက်ကို လက်နက် ခဲယမ်း ပို့ဖို့ တက်လာတဲ့ စစ်ယာဉ်တန်း ၄ စီးကို အမ်း-ပဒါန်း လမ်းပေါ်ရှိ ဂုတ်ကြီးရွာ အနီး တိုက်ခိုက်ရာမှာ ကားတစီးပျက်၊ စစ်သား ၅ ဦးသေ၊ ၈ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ဒုတိယ သီတင်းပတ်အတွင်း တိုက်ခိုက်မှုမှာတော့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၁၃ က ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၂ ဦးကို လက်ရဖမ်းမိ၊ အရာခံဗိုအပါဝင် ၁၀ ဦးထက် မနည်းသေဆုံး၊ ၆၀ မမ စိန်ပြောင်းနဲ့လက်နက်ငယ် ၈ လက် သိမ်းဆည်းရမိကြောင်း  ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မုံရွာမြို့နယ်မှာ ရဲနဲ့ စစ်တပ်ပူးတွဲ အထိုင်ချထားတဲ့ ညောင်ဖြူပင် စခန်းဆီ ရိက္ခာပို့ဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ...

- KNU- ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေ၊ ဒူးပလာယာ ခရိုင်၊ ကျိုက်ဒုံမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အမျိုးသမီးတဦး သေဆုံး၊ မီးသတ်ရုံးနဲ့ အနီးဝန်းကျင်က နေအိမ်တွေ ပျက်စီး...

- KNLA - တပ်မဟာ ၅ ဒေသ၊ ဖာပွန်-ကမမောင်း လမ်းပိုင်းရှိ ကတိုင်တိ စစ်ကောင်စီစခန်းကို KNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်...

- တနင်္သာရီ-မောတောင် လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား တလကျော်ကြာ တိုက်ပွဲ ဆက်တိုက် ဖြစ်ပြီး စစ်ကောင်စီဘက်က  ၅၀ ခန့် သေ၊ လက်နက် ၄ လက်နဲ့ ခဲယမ်းတွေရရှိ...

- မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၄၄ မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေပြီလို့ NUG ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, January 22, 2025

နောင်ချိုကို စစ်ကောင်စီက ဗုံးထပ်ကြဲလို့ ထိခိုက်မှုများ... ထားဝယ်အထူးစီးပ...


နောင်ချိုကို စစ်ကောင်စီက ဗုံးထပ်ကြဲလို့ ထိခိုက်မှုများ... ထားဝယ်အထူးစီးပွားဇုန် ပြန်စရေးအတွက် ရုရှားက ဆွေးနွေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၃ ဇန်နဝါရီ ၂၀၂၅

TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ဒေသ နောင်ချိုမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အမျိုးသမီးတွေ အပါအဝင် အရပ်သား ၈ ဦး သေဆုံးတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၂၊ မနက် ၁၁ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာက ဗုံး ၂ လုံးကြဲသွားပြီး နောင်ချိုမြို့နယ် ရဲစခန်းနဲ့ ပါရမီ လက်ဖက်ရည်ဆိုင် အနီး ကျရောက်ပေါက်ကွဲရာမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး သေဆုံးပြီး တဦး ဒဏ်ရာရတယ်၊ ရဲစခန်းနဲ့ နေအိမ် ၂ လုံး ပျက်စီးတယ်လို့ ဆိုပါတယ်။

နောင်ချိုကို ၂ ရက်ဆက်တိုက် ဗုံးကြဲတာဖြစ်ပြီး ဇန်နဝါရီ ၂၁ ကလည်း ဗုံးဒဏ်ကြောင့် တဦးသေ၊ ၂ ဦး ဒဏ်ရာရပြီးဖြစ်ပါတယ်။ 

ဒါ့အပြင်...

- စစ်ကောင်စီ လေယာဉ်တွေဟာ ရှမ်းမြောက်က နောင်ချိုအပြင် စစ်ကိုင်းတိုင်း ခမ်းပတ်မြို့၊ ချင်းပြည်နယ် ဖလမ်းမြို့၊ ကရင်နီ မိုးဗြဲမြို့နဲ့ ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကိုလည်း ဇန်နဝါရီ ၂၂ မှာ တချိန်တည်းနီးပါး ဗုံးကြဲ...

- မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်၊ ရှမ်းမြောက်က နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၂၁ က စပြီး တိုက်ပွဲ ပြင်းထန်နေ...

- တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည် စတင်ရေးအတွက် ရုရှားသံအမတ်ကြီးနဲ့ စစ်ကောင်စီခန့် တနင်္သာတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုတို့ ဆွေးနွေး ...

- ဘုတ်ပြင်းမြို့နယ်၊ ခမရ ၅၅၅ က စစ်သား ၃ ဦးဟာ လက်နက်တွေနဲ့ အတူ PDF အမှတ် ၂၇ စစ်ဗျူဟာထံ အလင်းဝင်...

- လွိုင်ကော် အခြေစိုက် ခလရ ၂၆၁ က တပ်သားသစ် တဦးဟာလည်း လက်နက်နဲ့အတူ KNDF ထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။


သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“လားရှိုးမှာ အပစ်ရပ်ပေမယ့် နေပြည်တော်စစ်ဆင်ရေးက ဆက်သွားမှာပဲလေ”


“လားရှိုးမှာ အပစ်ရပ်ပေမယ့် နေပြည်တော်စစ်ဆင်ရေးက ဆက်သွားမှာပဲလေ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၂- ၁- ၂၀၂၅)

“တရုတ်ရဲ့ဖိအားပေးမှုကြောင့် လားရှိုးနဲ့ တရုတ်နယ်စပ်ဖက်မှာ အပစ်ရပ်လိုက်ရပေမယ့် ရှမ်း-မန်း စစ်ဆင်ရေး၊ နေပြည်တော် စစ်ဆင်ရေးတွေက ဆက်သွားမှာဖြစ်တယ်။ ၂၀၂၅ ဟာ မင်းအောင်လှိုင် ထွက်ပြေးရမယ့်နှစ် ဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

MNDAA နဲ့ စစ်ကောင်စီတို့ အပစ်ရပ်လက်မှတ်ထိုးလိုက်တယ်ဆိုတဲ့သတင်းတွေက နွေဦးတော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေနိုင်သလား၊ TNLA, AA, KIA အပါဝင် အခြား EROs တွေက ဆက်တိုက်မှာလား၊ နွေဦးတော်လှန်ရေး ၄ နှစ်တာအတွင်း ဘယ်လောက်အထိ အောင်မြင်မှုရနေပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- MNDAA နဲ့ စစ်ကောင်စီအပစ်ရပ်တယ်ဆိုတာကို ဘာကြောင့် ၂ ဖက်စလုံးက သတင်းမထုတ်ပြန်သေးတာလဲ...

- ညီနောင် ၃ ဖွဲ့ထဲက TNLA, AA တို့ကကော စစ်ကောင်စီနဲ့ ဆွေးနွေးရေး ဖြစ်နိုင်ခြေရှိသေးလား...

- AA ရဲ့ ဧရာဝတီတိုင်းအတွင်းသို့ ထိုးဝင်မှုနဲ့ PDF တွေရဲ့ ကပစ တွေကို တိုက်ခိုက်မှုက စစ်ကောင်စီကို တုန့်လှုပ်စေသလား...

- MNDAA ဖက်က နယ်စပ်လမ်းကြောင်းတွေဖွင့်လိုက်ခြင်းက နွေဦးတော်လှန်ရေးကို အနှောက်ယှက်မဖြစ်တဲ့အပြင် အထောက်အကူပါ ဖြစ်နိုင်တယ်လို့ ဘာကြောင့် ပြောတာလဲ...

- ဖေဖေါ်ဝါရီ ၁ ရက်နေ့မတိုင်ခင် NUG ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို တကယ်မြင်လာရနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, January 21, 2025

နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးကြဲ... ဗန်းမော်မှာ KIA စစ်ရှိန်မြှင့်.....


နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးကြဲ... ဗန်းမော်မှာ KIA စစ်ရှိန်မြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၂ ဇန်နဝါရီ ၂၀၂၅

TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား တဦးသေ၊ ၂ ဦးဒဏ်ရာရ၊ အဆောက်ဦအချို့ ပျက်စီးတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၁၊ မွန်းလွဲ ၂ နာရီခန့်မှာ နောင်ချိုမြို့စည်ပင်ရုံးနဲ့ ထွေ/အုပ်ရုံး အနီးကို ဂျက်လေယာဉ်က ဗုံး ၂ လုံး ကြဲသွားရာမှာ အရပ်သား တဦးသေ၊ ၂ ဦး ဒဏ်ရာရပြီး  စည်ပင် ရုံးနဲ့ လူနေအိမ်တလုံး ပျက်စီးတယ် ဆိုပါတယ်။

ဇန်နဝါရီ ၁၃ မှာ ကျောက်မဲမြို့ကို ဗုံးကြဲပြီးနောက် အခု နောင်ချိုကို ကြဲတာဖြစ်ပြီး ဒီ ၂ နေရာစလုံးမှာ ဘာတိုက်ပွဲမှ မရှိဘဲ အရပ်သားတွေကို တမင်ဗုံးကြဲတာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- MNDAA (ကိုးကန့်တပ်) နဲ့ စစ်ကောင်စီတပ် အပစ်ရပ် လက်မှတ်ထိုးတယ်လို့ တရုတ်ဘက်က ထုတ်ပြောပြီးနောက် နယ်စပ်ဂိတ်တွေကို တရုတ်က ပြန်ဖွင့်ပေး...

- ဗန်းမော်မှာ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက စစ်ကောင်စီရဲ့ ခလရ ၄၇ နဲ့ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၂၁ ) ကို ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်တွေဟာ လေယာဉ်ပေါ်က ချပေးတဲ့ ရိက္ခာကိုပဲ အားကိုးနေရ...

- မုံရွာ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ကနေ ချောင်းဦးဘက် ထွက်လာတဲ့ သံပြားကာ ယာဉ်တန်း ၁၀ စီးကို ဒေသခံ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိင်...

- NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး) ကို  လက်နက် ၅၀ ပေးအပ်...

- ဟားခါးက ပြည်သူ့စစ် ၄ ဦးဟာ လက်နက်တွေနဲ့အတူ CDF-Hakha ထံ အလင်းဝင်လာ...

- အောင်ဇေယျ စစ်ကြောင်းက နောက်ထပ် စစ်သား ၂ ဦးဟာလည်း PDF ထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။


သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, January 20, 2025

အမ်း-ပဒါန်း တိုက်ပွဲ စစ်ကောင်စီအထိနာဟု AA ထုတ်ပြန်... MNDAA က စကစ နဲ့ အ...


အမ်း-ပဒါန်း တိုက်ပွဲ စစ်ကောင်စီအထိနာဟု AA ထုတ်ပြန်...  MNDAA က စကစ နဲ့ အပစ်ရပ်လက်မှတ်ထိုးဟု တရုတ်ပြော...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၂၁ ဇန်နဝါရီ ၂၀၂၅

ရခိုင်ပြည်နယ် အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့ကို AA က လုံးဝ သိမ်းပိုက်ပြီးနောက် အဲဒီမြို့တွေနဲ့ ဆက်စပ်နေတဲ့ အမ်း-မကွေး၊ တောင်ကုတ်-ပဲခူး၊ ဂွ-ဧရာဝတီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး  စစ်ကောင်စီဘက်က အလောင်း၊ လက်နက်နဲ့ သုံံ့ပန်း များစွာ ဖမ်းမိထားတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်အတွင်းရှိ ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း စတဲ့ ကျေးရွာတွေအနီး ပတ်ဝန်းကျင်၊ တစ်နည်းအားဖြင့် အမ်း-ပဒါန်း ကားလမ်းမအနီးမှာ တပ်မ (၈၈)၊ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတွေ၊ မကွေး- ကပစ ဘက်က တပ်ရင်းတွေနဲ့ ဇန်နဝါရီ ၁၁ ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အဲဒီ တပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အလောင်း၊ လက်နက်ခဲယမ်း များစွာနဲ့ သုံ့ပန်းအချို့ ဖမ်းမိထားတယ်လို့ AA က ဆိုပါတယ်။

အလားတူ ရက္ခိုင်-ဧရာဝတီတိုင်းအစပ် နေရာအချို့၊ ပွိုင့် (၃၆၉) ကုန်းနဲ့ ဧရာဝတီတိုင်းက ရေကြည်မြို့၊ ချင်းစ ရွာ အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေဆဲလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- အမ်းမြို့နယ်ကနေ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ တပ်မ ၉၉  လက်အောက်ခံ စစ်သား ၁၅ ဦးကို အမ်း-ပဒါန်း လမ်းပိုင်းပေါ်မှာ ACDF (Asho-CDF) က တိုက်ခိုက်ပြီး လက်နက် ၃ လက်ရရှိ...

- ဆိြပ်ဖူမြို့နယ်ရှိ ကပစ ၂၁ ကို တိုက်ခိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး သေ၊ စက်ရုံ ၃ ခုပြို၊ ယမ်း ဂိုဒေါင်တခု မီးလောင်တယ်လို့ BWM က နောက်ဆက်တွဲ သတင်းထုတ်ပြန်...

- NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ထိန်းချုပ်မှု အောက်ရှိ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့ကို စစ်လေယာဉ်က ဇန်နဝါရီ ၂၀၊ ညနေပိုင်းမှာ ဗုံးထပ်ကြဲ...

- MNDAA ကိုးကန့်တပ်နဲ့ စစ်ကောင်စီအကြား အပစ်ရပ်ကြောင်း တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကို ပြော...

- PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်)၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၃ ရဲ့  စစ်ချီ ရုပ်သံမှတ်တမ်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“သမ္မတထရမ့် လက်ထက်မှာလည်း မြေပြင်အကူအညီတွေ အရင်တိုင်း ဆက်သွားနိုင်ဖို့ မ...


“သမ္မတထရမ့် လက်ထက်မှာလည်း မြေပြင်အကူအညီတွေ အရင်တိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"

- ဦးရင်အေး (Save Myanmar - USA)

(၂၀- ၁- ၂၀၂၅)

“အမေရိကန်ပြည်ထောင်စုကို လာဖို့ပြင်နေသူတွေအတွက် အနှောက်အယှက်ဖြစ်တာကလွဲရင် မြေပြင်အကူအညီတွေကတော့ အရင်တိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဆက်လည်း တွန်းအားပေးသွားမှာဖြစ်တယ်” လို့ ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ- (Save Myanmar - USA)- က ဦးရင်အေးက ပြောပါတယ်။

မကြာခင် နာရီပိုင်းအတွင်း အိမ်ဖြူတော်ကိုရောက်လာတော့မယ့် သမ္မတအသစ် ထရမ့် လက်ထက်မှာ မြန်မာ့အရေးအားပေးမှု အရှိန်ကျသွားနိုင်သလား၊ အမေရိကားရှိမြန်မာတွေ၊ အမေရိကားကို လာဖို့ပြင်နေတဲ့ မြန်မာတွေအတွက် အခက်အခဲတွေရှိလာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...

- သမ္မတထရမ့် လက်ထက်မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေကို အားပေးနေမှု အရှိန်ကျသွားနိုင်သလား...

- တရုတ်ကနေတဆင့် မြန်မာ့အရေးကို ဘယ်လိုဖိအားပေးနိုင်မလဲ...

- ပြည်ပရောက်မြန်မာတွေက မြေပြင် တော်လှန်ရေးသမားတွေအတွက် ဘာတွေ ကူညီ ဆောင်ရွက်ပေးနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, January 19, 2025

ကစပ ၂၁ ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ် ... မြောက်ဦးက စစ်သုံ့ပန်းစခန်းကို...


ကစပ ၂၁ ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ် ... မြောက်ဦးက စစ်သုံ့ပန်းစခန်းကို စကစ ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၀ ဇန်နဝါရီ ၂၀၂၅

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်ရှိ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ ၂၁) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ တိုက်ခိုက်ရာမှာ ထိခိုက်ပျက်စီးမှု များတယ်လို့ BWM (Brave Warriors for Myanmar) က သတင်းထုတ်ပြန်ပါတယ်။

စစ်လေယာဉ်တွေအတွက် ပေါင် ၅၀၀ Cluster ဗုံးသီးတွေ အဓိက ထုတ်လုပ်ပေးနေတဲ့ ဒီစက်ရုံကို ဇန်နဝါရီ ၁၈၊ ညနေ ၄ နာရီခွဲခန့်မှာ တိုက်ခိုက်တာလို့ ဆိုပါတယ်။

စက်ရုံ ထိခိုက်ပျက်စီးတယ်လို့ သတင်းရထားပေမယ့် အသေစိတ် စုံစမ်းနေဆဲလို့ ဖော်ပြပါတယ်။ ဒီစစ်ဆင်ရေးကို BWM- Brave Warriors for Myanmar၊ Eagle Brigade (ANyar Eagle) ၊ No More Dictatorship-NMD၊ Shadow (Mandalay) နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မြောက်ဦးမြို့နယ်ရှိ စစ်သုံ့ပန်း မိသားစုတွေကို ထိန်းသိမ်းထားတဲ့ နေရာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် ၂၈ ဦး သေဆုံး၊ ၂၅ ဦးဒဏ်ရာရ...

- ရွှေသောင်ယံနဲ့ ဘောမိဖက်မှာ စစ်ကောင်စီတပ်နဲ့ AA (အာရက္ခတပ်တော်) ဦးဆောင်တဲ့ မဟာမိတ်တွေ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဖက်က ထိခိုက်မှုများနေ...

- အုတ်တွင်းမြို့နယ်၊  သံတိုင်ခင်ကျေးရွာအနီး လှည့်ကင်းထွက်လာတဲ့ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေ ပါတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ ၆ ဦးသေ၊ လက်နက် ၅ လက် ရရှိ...

- ညောင်လေးပင်မြို့အဝင်၊ ကြံ့ဘိုကုန်းကျေးရွာနဲ့ မုက္ခမူ‌ ကျေးရွာရှိ စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ ၃ ဦးသေဆုံး၊ သေနတ် ၃ လက် ရရှိ...

- ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီနဲ့ PNO (ပအိုဝ်းပြည်သူ့စစ်) ဘက်က ၁၀၀ ခန့် သေဆုံးတယ်လို့ PNLA (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်...

- မုံရွာ၊ နမခ (အနောက်မြောက်တိုင်း စစ်ဌာနာချုပ်) က စစ်သား ၄ ဦး လက်နက်တွေနဲ့ အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ Union Liberation Front (ULF) က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, January 18, 2025

“အစိုးရအနေနဲ့ အညာကိုလာပြီး လူထုနဲ့အတူ မြေပြင်မှာရှိနေပေးမယ်ဆိုတာကို ကြို...


“အစိုးရအနေနဲ့ အညာကိုလာပြီး လူထုနဲ့အတူ မြေပြင်မှာရှိနေပေးမယ်ဆိုတာကို ကြိုဆိုပါတယ်”

- ရဲဘော်ဝေကြီး (ရေစကြိုမြို့နယ် - ပကဖ)

(၁၈- ၁- ၂၀၂၅)

“အစိုးရအနေနဲ့ အညာဒေသကိုလာပြီး လူထုနဲ့အတူ မြေပြင်မှာရှိနေပေးမယ်ဆိုတာကို ကြိုဆိုတယ်၊ ၂၀၂၅ မှာ အညာဒေသအတွင်း တိုးတက်မှုတွေအများကြီးမြင်လာရဖို့ မျှော်လင့်ထားတယ်” လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ- တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။

၂၀၂၅ မှာ အညာဒေသအတွင်း ဘာတွေထူးခြားပြောင်းလဲလာနိုင်သလဲ၊ NUG ဝန်ကြီးအဖွဲ့ အညာမှာရုံးထိုင်မယ့်အပေါ် ဘယ်လိုမြင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရေစကြိုနဲ့ မကွေးတိုင်းနေရာအတော်များများကို တော်လှန်ရေးတပ်တွေက ထိန်းထားနိုင်ပြီလား...

- EROs ဆက်စပ်ဒေသတွေမှာပဲ မြို့သိမ်းတိုက်ပွဲတွေရှိနေပြီး အညာဒေသ အတွင်းပိုင်းမှာ မြို့မသိမ်းနိုင်သေးတာ ဘာကြောင့်လဲ...

- ၂၀၂၁ မှာ ပေါ်လာတာချင်းအတူတူ ချင်းတောင်တန်းပေါ်က လူငယ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ အညာဒေသက လူငယ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘာကြောင့် ကွာနေတာလဲ...

- NUG ဝန်ကြီးအဖွဲ့ အညာဒေသမှာ ရုံးထိုင်ရင် တော်လှန်ရေးကို ဘယ်လိုခွန်အားဖြစ်စေနိုင်သလဲ...

- ၂၀၂၅ မှာ အညာစစ်မျက်နှာရဲ့ စစ်ရှိန် ဘယ်လောက်အထိ တက်လာနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, January 17, 2025

ခမ်းပတ်နဲ့ မော်လူးကို စစ်လေယာဉ် ဗုံးကြဲ... နမခ ဌာနချုပ်ကို PDF ရှော့တိုက...


ခမ်းပတ်နဲ့ မော်လူးကို စစ်လေယာဉ် ဗုံးကြဲ... နမခ ဌာနချုပ်ကို PDF ရှော့တိုက်ဒုံးနဲ့ပစ်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၈ ဇန်နဝါရီ ၂၀၂၅

PDF - ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေ အပါအဝင် ၆ ဦး သေဆုံး၊ အချို့ဒဏ်ရာရ၊ နေအိမ်တွေ ပျက်စီးတယ်လို့ Chin World Media က ဖော်ပြပါတယ်။

ဇန်နဝါရီ ၁၆၊ ည ၉ နာရီခန့်မှာ ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ကို ဗုံး ၃ ကြိမ် ကြဲသွားစဉ် အခုလို ထိခိုက်သေဆုံးရတာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ ဦးနဲ့ ဘုန်းတော်ကြီးတပါး ပါဝင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ် ကလေး-တမူး ကားလမ်းပေါ်မှာ တည်ရှိတဲ့ ခမ်းပတ်မြို့မှာ ချင်းတိုင်းရင်းသား အများစု နေထိုင်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ မှာ PDF နဲ့ မဟာမိတ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

NUG (အမျိုးညီညွှတ်ရေးအစိုးရ) ဝန်ကြီးတဦးက NUG အစိုးရ ရုံးတွေကို စစ်ကိုင်းတိုင်းမှာ အခြေစိုက်မယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီက အခုလို ဗုံးကြဲတာလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- PDF တပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကိုလည်း ဇန်နဝါရီ ၁၆၊ ည ၁၁ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဈေးသည်နဲ့ ခရီးသွားပြည်သူ ၃ ဦး သေဆုံးပြီး ...

- စစ်ကောင်စီတပ်နဲ့ SNA- ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်က ခေတ္တာ သိမ်းယူသွားတဲ့  ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို KIA-နဲ့ KPDF ပူးပေါင်းတပ်တွေက ပြန်သိမ်းယူ...

- ရပ်စောက် မြို့နယ်၊ ကျောက်ဂူ ဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့တွက်  အမျိုးသမီး ၂ ဦး၊ အမျိုးသား တဦးသေဆုံးပြီး ကလေးငယ်တဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရ...

- မုံရွာမြို့ရှိ နမခ -စစ်ဌာနချုပ်ဆီ စစ်တိုင်းမှူးအသစ် ရောက်လာစဉ် ရှော့တိုက်ဒုန်း အလုံး ၃၀ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brothers (CRB) က သတင်းထုတ်ပြန်...

- AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း မြို့နယ်ကို စစ်တွေရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်တွေ ပျက်စီး...

- သရက်ချောင်းမြို့နယ် အောက်ပိုင်းကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေါင်းညီနောင်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, January 16, 2025

အမ်း ကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကို လက်နက်နဲ့အတူ CDF ဖမ်းမိ... ရေးမြို့က...


အမ်း ကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကို လက်နက်နဲ့အတူ CDF ဖမ်းမိ... ရေးမြို့က တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၇ ဇန်နဝါရီ ၂၀၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့ကနေ စစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွက ကြားဖြတ် တိုက်ခိုက်ရာမှာ လက်နက်မချတဲ့ စစ်သားတွေ သေဆုံး၊ လက်နက်ချသူ ၁၂ ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၆ လက် ရရှိတယ်လို့ CDF-Asho က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၃ မှာ အမ်းမြို့နယ်၊ ကြက်ရေစမ်း စခန်းက ထွက်ပြေးလာတဲ့ ပထမ အုပ်စု ၅ ဦးကို ငဖဲ မြို့နယ်၊ ဂုတ်စည်းရုံး ရွာမှာ ဖမ်းဆီးစဉ် ခုခံတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တဦး သေပြီး ၄ ဦးကိုလက်ရဖမ်းမိတယ်လို့ ဆိုပါတယ်။

၁၄ ရက်မှာတော့ အမ်းမြို့နယ်၊ တောင်ဇောက် ရွာစခန်းက ထွက်ပြေးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ရှောက်တောင်ရွာ ကပစ ၁၄ အနီး တားဆီးရာမှာ ခုခံတဲ့အတွက် တိုက်ပွဲဖြစ်ပြီး ၃ ဦး သေ၊ ၈ ဦးကို လက်ရဖမ်းမိ ပါတယ်။

တိုက်ပွဲဖြစ်တဲ့ ၂ နေရာစလုံးကို နယ်မြေရှင်းတဲ့အခါ စစ်သား ၁၂ ဦး လက်ရ ဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၁၆ လက် သိမ်းဆည်းရမိတယ်လို့ CDF-Asho က ဓာတ်ပုံမှတ်တမ်းနဲ့အတူ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- ရပ်စောက် မြို့နယ်၊ ကျောက်ဂူ ဒေသမှာ ဇန်နဝါရီ ၁၄ က တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် လူနေအိမ်တွေ မီးလောင်ပျက်စီးတယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်) က သတင်းထုတ်ပြန်...

- ရေးမြို့နယ်၊ ကျုံလောင်း ကျေးရွာအနီး ဖြစ်ပွားနေတဲ့ သီတင်းတပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀ ခန့်သေ၊ ၃၀ ခန့် ဒဏ်ရာရတယ်လို့ ဒေါန စစ်ကြောင်းက သတင်းထုတ်ပြန်...

- ဒေါနတောင်ခြေ တိုက်ပွဲကနေ လက်နက်ခဲယမ်း များစွာ ရရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်...

- စလင်းနဲ့ ရွှေဘိုမြို့နယ်ကနေ အတင်းအကျပ် စစ်သားစုဆောင်းခံရလို့ တပ်ထဲ ရောက်သွားတဲ့ စစ်သားသစ် ၂ ဦးဟာ သေနတ် ၂ လက်နဲ့ အတူကြိုးကြာနီ အဖွဲ့ထံ အလင်းဝင်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, January 15, 2025

စစ်ကောင်စီ ဒု-ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ ... ကပစ ၂၄ ကို PDF...


စစ်ကောင်စီ ဒု-ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ ... ကပစ ၂၄ ကို PDF တွေ တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၆ ဇန်နဝါရီ ၂၀၂၅

ကယားပြည်နယ်နေ့ ပွဲတက်ဖို့အတွက် စစ်ကောင်စီ ဒု-ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ကို ရောက်နေစဉ် ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Mountain Knights Civilian Defense Force (MKCDF) က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄၊ ည ၇ နာရီခန့်မှာ ကယားပြည်နယ် ခန်းမနဲ့  လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ - လွိုင်ကော်) ရုံးကို ပစ်ခတ်တာဖြစ်ပါတယ်။ ဒုံး ၇ လုံးမှာ ၆ လုံးက ပစ်မှတ်ကို ထိမှန်ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ Mountain Knights Civilian Defense Force (MKCDF) နဲ့ Anti-Coup People’s Liberation Force (ACPLF) ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက စစ်ရှောင်စခန်းကို ဇန်နဝါရီ ၁၅၊ မွန်းတည့် ၁၂ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် စစ်ရှောင် ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ...

- ဗန်းမော်မြို့ မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၂၁) ရှေ့မှာ မြင်ကွင်းပိတ်နေတဲ့ လူနေအိမ်တွေကို စစ်တပ်က ဘူဒိုဇာတွေနဲ့ ထိုးဖြိုနေ...

- ရပ်စောက်မြို့နယ်၊ ကျောက်ဂူဘက်မှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တိုက်ပွဲပြင်းထန်နေ...

- တောင်သာမြို့နယ်၊ သံမဏိစက်ရုံကထွက်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ရဲတဦးကို လက်နက်နဲ့အတူ လက်ရ ဖမ်းမိ...

- ပေါက်မြို့နယ်ရှိ အမှတ် ၂၄ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်...

- PDF အမှတ် ၁ စစ်ဒေသ၊  အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ အမှတ်စဉ် ၄  လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, January 14, 2025

မံစီက ထွက်ပြေးသွားတဲ့ စစ်သားတွေ ချေမှုန်းခံရ... တောင်ခမ်းဖက်မှာ စစ်ရေးတင...


မံစီက ထွက်ပြေးသွားတဲ့ စစ်သားတွေ ချေမှုန်းခံရ... တောင်ခမ်းဖက်မှာ စစ်ရေးတင်းမာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ …

၁၅ ဇန်နဝါရီ ၂၀၂၅

ကချင်ပြည်နယ်၊ မံစီ တိုက်ပွဲကနေ စစ်ရှုံးလို့ထွက်ပြေးသွားတဲ့ စစ်သားတွေကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက လိုက်လံ ရှင်းလင်းနေရာမှာ ရာနဲ့ချီ သေဆုံပြီး  လက်နက်များစွာ ရရှိတယ်လို့  ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

မံစီက တပ်ရင်း ၃ ခုဖြစ်တဲ့ ခမရ ၆၀၁၊ ခမရ ၃၁၉ နဲ့ နှင့် အမတ ၃၅၂ ကို ဇန်နဝါရီ ၈ ရက်မှာ တော်လှန်ရေး တပ်တွေက သိမ်းပိုက်ပြီးနောက် စစ်သား ၃၀၀ ခန့်ဟာ လက်နက်တွေနဲ့တူ  ဗန်းမော်မြို့အဝင်က ခလရ ၄၇ ဘက်ကို ပြေးကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ခလ၇ ၄၇ ကို မရောက်ခင် လမ်းမှာ ဖြတ်တိုက်ခံရတာ၊ စစ်သား အချင်းအချင်း ကြား လက်နက်ချ မချ သဘောထားကွဲပြီး ပစ်ခတ်တာတွကြောင့် အသေများတယ်၊ အလောင်းတွေ တွေ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို BNN က မေးမြန်းတဲ့အခါ ထွက်ပြေးနေသူတွေကို လိုက်ရှင်းနေတာ မှန်ပေမယ့် စစ်သားတွေ ရာနဲ့ချီ သေတယ်ဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ပြောပါတယ်။

မံစီ တိုက်ပွဲမှာ တော်လှန်ရေး တပ်တွေဘက်ကလည်း ပေးဆပ်မှုတွေ ရှိပြီး ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းပွဲလုပ်တယ်၊ တနိုင်ငံလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ချီတက် တိုက်ပွဲဝင်မယ်လို့ KIA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ABSDF ကျောင်းသားတပ်မတော်က သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင်...

- တနိုင်းက ရွှေမှော်တွေနဲ့ ဖားကန့်မြို့က မိုင်းလုပ်ကွက်တွေကို စစ်တပ်က ဗုံးကြဲတဲ့အတွက် အရပ်သားများစွာသေဆုံးပြီး တနိုင်းမှာ ၁၅ ဦး၊ ဖားကန့်မှာ ၇ ဦးအထိ သေဆုံးတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

- လွိုင်ကော်မှာကျင်းပမယ့် ကယားပြည်နယ်နေ့ကိုတက်ဖို့ စစ်ကောင်စီ ဒုဥက္ကဌ ရောက်နေတဲ့အတွက် အနီးဝန်းကျင်ကမြို့တွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေ...

- တောင်သာမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်သား ၂၀ ကျော်ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက် မောင်းထုတ်လိုက်ပြီး ကျောင်းအလံတိုင်မှာ တော်လှန်ရေးအလံကို လွှင့်တင်...

- AA (အာရက္ခတပ်တော်) နဲ့ PDF ပူးပေါင်းတပ်တွေဟာ ဂွ ကနေ မကျီးဇင်၊ အဲဒီက တဆင့် ရွှေသောင်ယံမြို့အထိ ရောက်လာပြီဖြစ်တဲ့အတွက် စစ်ကောင်စီက ချောင်းသာမြို့မှာ တပ်အင်အားတိုးချဲ့ပြီး ခုခံစစ်အတွက် ပြင်ဆင်နေ...

- နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာဘက်မှာ စစ်ရေး တင်းမာနေပြီး စစ်ကောင်စီရဲ့ အမြောက်တပ် စခန်းတွေကို TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ ပူးတွဲတပ်က ဝိုင်းရံ ပိတ်ဆို့ထား...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က မွေးထုတ်ပေးလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် "TRI-ဗျူဟာ" ရဲ့ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲအခမ်းအနားကို မကြာသေးခင်က ကျင်းပခဲ့တယ်လို့ မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းက ဗီဒီယို မှတ်တမ်း ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, January 13, 2025

တောင်သာတိုက်ပွဲ စစ်တပ် အထိနာ... ကျောက်မဲမြို့ကို စစ်လေယာဉ် ဗုံးကြဲ...


တောင်သာတိုက်ပွဲ စစ်တပ် အထိနာ... ကျောက်မဲမြို့ကို စစ်လေယာဉ် ဗုံးကြဲ... နောက်ဆုံးရ သတင်းများ ...

၁၄ ဇန်နဝါရီ ၂၀၂၅

မန္တလေးတိုင်း၊  မြင်းခြံ-တောင်သာ လမ်းပေါ် ရောက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၂၀ သေ၊ လက်နက် ၁၀ လက် ရရှိတယ်လို့ အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၂ မှာ ခမရ-၁၅၊ ရဲ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို တိုက်ခိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်သား ၂၀ သေ၊ MA နဲ့ G-3 သေနတ် ၁၀ လက် သိမ်းမိ၊ ခဲယမ်းများစွ ရရှိတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း ၁၊ ၂၊ ၇ နဲ့ ဒေသခံ ပကဖ တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဘောလခဲမြို့အနီးရောက်လာတဲ့ စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးခန့် သေပြီး သေနတ် ၄ လက် ရရှိ...

- ကျိူက်မရောမြို့နယ်က ရဲစခန်း ၂ ခုကို NMSP-AD က  ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်သားနဲ့ ရဲ ၆ ဦး သေပြီး ၅ ဦး ဒဏ်ရာရ...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဇန်နဝါရီ ၁၃၊ မွန်းလွဲ ၃ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲ...

- ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာအုပ်စုကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲလို့ အမျိးသမီးတစ်ဦး အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး...

- တနင်္သာရီမြို့နယ်၊ တကူ ကျေးရွာအုပ်စုကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အမျိုးသမီး ၃ ဦး ဒဏ်ရာရ၊ နေအိမ်တွေ ပျက်စီး...

- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ပထမ သီတင်း ၂ ပတ်အတွင်းမှာတင် စစ်သားနဲ့ ရဲ အလင်းဝင်လာသူ ၂၉ ဦးအထိ ရှိလာ..

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“MyTel ကိုအရေးယူတယ်ဆိုတာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အရေးယူတဲ့သဘောပဲလေ”


“MyTel ကိုအရေးယူတယ်ဆိုတာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အရေးယူတဲ့သဘောပဲလေ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁၃- ၁- ၂၀၂၅)

“မင်းအောင်လှိုင်မိသားစုနဲ့ စစ်တပ်ရဲ့ရင်းနှီးမြှုပ်နှံမှုအများကြီးပါနေတဲ့ MyTel ကုပဏီကို အမေရိကန်က စီးပွားရေးဒဏ်ခတ်တဲ့စာရင်းထဲ သွင်းလိုက်တယ်ဆိုတာဟာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကိုပါ အရေးယူလိုက်တဲ့သဘောဖြစ်တယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့၊ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်တပ်အတွက် စုံစမ်းထောက်လှမ်းပေးနေတဲ့ MyTel ကုပဏီကို စီးပွားရေးဒဏ်ခတ်တဲ့စာရင်းထဲ သွင်းလိုက်တယ်လို့ အမေရိကန်အစိုးရက ဇန်နဝါရီ ၆ ရက်မှာ ကြေညာလိုက်တာနဲ့ပတ်သက်ပြီး...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- MyTel ကို အမေရိကန်က ဘာကြောင့် အခုမှ အရေးယူတာလဲ...

- အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဒဏ်ခတ်မှုက မင်းအောင်လှိုင်ကို ဘယ်လောက် ထိခိုက်စေသလဲ...

- သန်းရွှေခေတ်က ရွေးကောက်ပွဲနဲ့ထွက်သလိုမျိုး မင်းအောင်လှိုင်ခေတ်မှာ ရွေးကောက်ပွဲနဲ့ ထွက်ခွင့်ရနိုင်သေးလား..

- ဆီရီးယားမှာ အာဆတ်ထွက်ပြေးရသလိုမျိုး မြန်မာမှာ မင်းအောင်လှိုင် တကယ်ပဲ ထွက်ပြေးရတော့မလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, January 12, 2025

ကျောက်တော်၊ တနိုင်းနဲ့ ဆီဆိုင်မြို့နယ်တွေကို စစ်တပ်က ဗုံးကြဲ... တောင်ငူလ...


ကျောက်တော်၊ တနိုင်းနဲ့ ဆီဆိုင်မြို့နယ်တွေကို စစ်တပ်က ဗုံးကြဲ... တောင်ငူလမ်းတိုက်ပွဲမှာ စစ်တပ်အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၃ ဇန်နဝါရီ ၂၀၂၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ လူစည်ကားတဲ့ နေရာတွေကို စစ်ကောင်စီ လေယာဉ် ၃ ကြိမ်လာပြီး ဗုံး ၁၅ လုံး ကြဲသွားတဲ့အတွက် သေဆုံး ထိခိုက်မှု များနိုင်တယ်လို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၁၊ မနက် ၉ နာရီခန့်မှာ ဗုံးကြဲသွားတာတာဖြစ်ပြီး အသေးစိတ်ကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ဒီ ဗုံးဒဏ်ကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး ဒဏ်ရာရာသူနဲ့ အပျက်အစီးတွေကို စုံစမ်းနေဆဲလို့ ဒေသတွင်း မီဒီယာ Western News က ဖော်ပြပါတယ်။

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာ ဇန်နဝါရီ ၈ မှာ ဗုံးကြဲခံရလို့ အရပ်သား ၄၁ ဦးသေ၊ ၂၇ ဦးဒဏ်ရာရ၊ နေအိမ် ၄၀၀ နီးပါး ပျက်စီးရမှုကြောင့် စစ်ကောင်စီကို ပြည်တွင်း ပြည်ပ ဝေဖန်မှု မြင့်တက်နေစဉ် အခု ကျောက်တော်ကိုပါ ဆက်တိုက် ဗုံးကြလာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- တနိုင်းမြို့နယ်၊ လပူခ ရွှေမှော်လုပ်ကွက်ဘက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ...

- ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦး သေဆုံး၊ တဦး ဒဏ်ရာရ...

- တောင်ငူ-သံတောင် လမ်းပေါ်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေ၊ လက်နက်ငယ် ၃ လက်ရ...

- AA (အာရက္ခတပ်တော်) နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ဧရာဝတီတိုင်း၊ ရွှေသောင်ယံ မြို့အထိ ရောက်လာတဲ့အတွက် ချောင်းသာ ကမ်းခြေသွား ပုသိမ်-ချောင်းသာလမ်းကို ဇန်နဝါရီ ၁၃ က စပြီး ပိတ်ဖို့ စစ်ကောင်စီဘက်က ပြင်နေဟု သတင်းထွက်...

- မြိုင်မြို့ပေါ်ရှိ တပ်စခန်းကနေ ထွက်ပြေးလာတဲ့ တပ်သားသစ် ၄ ဦးကို ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းက လက်ရဖမ်းမိ...

- ဘုတ်ပြင်းမြို့နယ် အခြေစိုက် ခမရ ၅၅၉ က တပ်သား ၂ ဦး၊ ပဲခူးတိုင်း အခြေစိုက် ခလရ ၁ က တပ်သားသစ် တဦး၊ ပေါက်မြို့နယ်၊ ကိုင်းလယ် ရဲစခန်းက ရဲတပ်သား တဦးဟာ လက်နက်ငယ်တလက်စီနဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, January 10, 2025

မုံရွာ နမခ က စစ်သားတွေကို PDF ဖမ်းဆီး ... ဆီဆိုင်မြို့အနီးတိုက်ပွဲ လက်နက...


မုံရွာ နမခ က စစ်သားတွေကို PDF ဖမ်းဆီး ... ဆီဆိုင်မြို့အနီးတိုက်ပွဲ လက်နက် ၃၀ ခန့် KNDF သိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၁ ဇန်နဝါရီ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ကနေ ထွက်လာတဲ့ ကား ၁၀ စီးပါ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦးသေ၊ ၇ ဦးကို လက်ရဖမ်းမိ၊ လက်နက်ငယ် ၄ လက်နဲ့ ခဲယမ်းတွေ သေတ္တာလိုက် ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၉ မနက်ပိုင်းမှာ ထပရ ၉၂၉ (အမှတ် ၉၂၉ ထောက်/ပို့တပ်) နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်တွေ ပါလာတဲ့ ယာဉ်တန်း  မုံရွာ-အရာတော် လမ်းပေါ် ရောက်လာစဉ် ခုလို တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မုံရွာခရိုင် တပ်ရင်းတွေ၊ ဗျူဟာ ၆၆ လက်အောက်ခံ တပ်ရင်းတွေ၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာ ပကဖ၊ အရာတော် ပကဖ အပါအဝင် ဒေသခံ တပ်တွေ ပူးပေါင်း ဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဆီဆိုင်မြို့အနီးရှိ စစ်ကောင်စီနဲ့ PNO - ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်စခန်း ရွှေတဂူ ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ရာမှာ စစ်သား ၄၀ ကျော်သေပြီး အသက် ၁၅ နှစ်သာ ရှိသေးတဲ့ ကလေးစစ်သားတဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၃၀ ကျော်ရရှိ...

- ဘီးလင်းမြို့နယ်ရှိ လဂွန်းပျို စစ်ကောင်စီ တပ်စခန်းက စစ်သား ၁၆ ဦးဟာ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေအပါဝင် လက်နက်မျိုးစုံ ၁၅ လက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်...

- မြိတ်မြို့အခြေစိုက် ခလရ ၁၇ တပ်ရင်း ဌာနချုပ်ကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မကွေး၊ ပဲခူးနဲ့စာရင် မြစ်ဝကျွန်းပေါ်ဖက်ကို ဦးစားပေး ထိုးမယ်ထင်တယ်”


“မကွေး၊ ပဲခူးနဲ့စာရင် မြစ်ဝကျွန်းပေါ်ဖက်ကို ဦးစားပေး ထိုးမယ်ထင်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၀- ၁- ၂၀၂၄)

“မကွေးနဲ့ ပဲခူးတိုင်းထဲမှာ ပကစ တွေရှိတာမှန်ပေမယ့် AA ရဲ့ စစ်ရေးဦးတည်းချက်ဟာ မြစ်ဝကျွန်းပေါ်ဖက်ကို ဦးစားပေးမယ်ထင်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၂၀၂၅ ပထမ ၁၀ ရက်အတွင်းမှာတင် KIA က မံစီကို သိမ်းလိုက်တာ၊ AA က မကွေး-ပဲခူး-ဧရာဝတီအစပ်ဒေသတွေဆီ ထိုးဝင်လာတာ၊ အညာမှာ ချေမှုန်းရေးစစ်ပွဲတွေပေါ်လာတာ... စတဲ့ စစ်ရေးအရ ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- တရုတ်ဖိအားရှိနေတဲ့ကြားက ဘာကြောင့် KIA က မံစီကို သိမ်းနိုင်တာလဲ...

- KIA ဟာ ကချင်ဒေသအပြင် ဆက်စပ်နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းကိုပါ ထိုးဝင်လာနိုင်သလား..

- AA ကကော ရခိုင်နဲ့ ဆက်စပ်နယ်မြေတွေဖြစ်တဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီ ဘယ်နေရာကို ဦးစားပေး ထိုးဖောက်ဝင်နိုင်သလဲ...

- MNDAA နဲ့ စစ်ကောင်စီ ဆွေးနွေးမယ်ဆိုတာ လက်တွေ့ဖြစ်လာနိုင်ပါ့မလား...

- နိုင်ငံတကာရဲ့ ကြားဝင်မှုတွေအလုပ်မဖြစ်ပဲ ဆီးရီးယားလိုပဲ အာဏာရှင်အပြတ်တိုက်ရေး ၂၀၂၅ မှာ မြင်လာရနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, January 9, 2025

မံစီမြို့သိမ်း စစ်ဆင်ရေးမှာ KIA နဲ့အတူ ABSDF, KPDF တို့ပါဝင်... ရမ်းဗြဲ...


မံစီမြို့သိမ်း စစ်ဆင်ရေးမှာ KIA နဲ့အတူ ABSDF,  KPDF တို့ပါဝင်... ရမ်းဗြဲမြို့နယ်ကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၁၀ ဇန်ဝါရီ ၂၀၂၅

ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နဲ့ အမတ ၃၅၂ တို့ကို သိမ်းပိုက်ရာမှာ KIA (ကချင် လွတ်လပ်ရေးတပ်မတော်)၊ တပ်မဟာ (၁၁) ရဲ့ ဦးဆောင်မှုနဲ့ ABSDF (ကျောင်းသားတပ်မတော်) အမှတ် (၂) စစ်ကြောင်း၊ တပ်ရင်း (၁၀) နဲ့ KPDF (ကချင် ဒေသ ကာကွယ်ရေးတပ်) တွေ ပူးပေါင်းဆောင်ရွက်တာလို့ ABSDF က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၄ ရက်မှာ ထိုးစစ် စတင်ပြီး ဇန်နဝါရီ ၈ မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ အပါဝင် လက်နက်ခဲယမ်း များစွာ ရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြပါတယ်။

ဒါက ဇန်နဝါရီ ၈ ရက်နေ့ အခြေအနေပါ။ ဇန်နဝါရီ ၉ မှာတော့ တော်လှန်ရေး တပ်ပေါင်းစုက ဗန်းမော် လေယာဉ်ကွင်းကို သိမ်းလိုက်ပြီး ဗန်းမော် ခလရ ၄၇ ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုရှယ်မီဒီယာမှာ သတင်းတွေ ပြန့်နေပါတယ်။

ဒါပေမယ့် ၉ ရက်နေ့ သတင်းအခြေအနေနဲ့ပတ်သက်ပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

အရင်နေ့ မေးမြန်းချက်မှာတော့ မြို့ထဲက စစ်ကောင်စီ တပ်တွေ၊ ရဲတွေအားလုံး စကခ ၂၁ ထဲ ပြောင်းသွားကြပြီ၊ မြို့ထဲ ရပ်ကွက် အများစုကို KIA နဲ့ ပူးပေါင်းတပ်က သိမ်းထားလိုက်ပြီ၊ စစ်ကောင်စီဟာ စကခ ၂၁ ထဲကနေ အသေအလဲ ခုခံနေတယ်လို့ ပြောကြားထားပါတယ်။

ဒါ့အပြင်...

- ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ရွာကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၄၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ...

- စစ်ကိုင်းမြို့က ပျူစောထီး ခေါင်းဆောင်ရဲ့ ယာဉ်တန်း စစ်ကိုင်း-မင်းကွန်း လမ်းပေါ်ရောက်လာစဉ် တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ၇ ဦးသေ၊ လက်နက်မျိုးစုံ ၆ လက် ရရှိ...

- လောင်းလုံးမြို့ အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကို စစ်ကူ‌လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကြောင်းမှူး အပါအဝင် ၈ ဦးသေ၊ ၁၀ ကျော် ဒဏ်ရာရ...

- ခလရ ၂၈၈ က တပ်သားသစ် ၂ ဦးဟာ လက်နက်တွေနဲ့ အတူ KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း (၉) ထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, January 8, 2025

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၃ ရင်းကို KIA သိမ်းပိုက်... မိုးကုတ်ကို စ...


မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၃ ရင်းကို KIA သိမ်းပိုက်... မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

(ဇန်နဝါရီ - ၉ -၂၀၂၅)

ကချင်ပြည်နယ်၊ မံစီမြို့ရှိ ခမရ ၆၀၁၊ ခမရ - ၃၁၉ နဲ့ အမတ ၃၅၂ ကို ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN အတည်ပြု ပြောကြားပါတယ်။

ဒါမေပယ့် အသေးစိပ်ကိုတာ့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်၊ ဆိုရှယ်မီဒီယာမှာ ပြန့်နေတဲ့ ဗီဒီယို မှတ်တမ်းတွေအရတော့ စစ်ကောင်စီ တပ်ရင်း ၃ ခုစလုံးကို KIA နဲ့ မဟာမိတ်တွေက တပြိုင်တည်း ဝင်စီးတာလို့ သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူ၊ လက်ရဖမ်းမိသူ၊ လက်နက်ချသူတွေ များတဲ့အပြင် လက်နက်များစွာ သိမ်းမိတာကိုလည်း မှတ်တမ်းပုံတွေထဲ တွေ့ရပါတယ်။ အချို့စစ်သားတွေကတော့ ဗန်းမော်အဝင်က ခလရ ၄၇ ဘက် ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၄ ရက်မှာ စတင်ခဲ့တဲ့ ဗန်းမော်-မံစီ မြို့သိမ်းတိုက်ပွဲမှာ အခု မံစီက တပ်ရင်း ၃ ခုကို သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ဗန်းမော်က စကခ ၂၁၊ ခလရ ၄၇ နဲ့ အကူ လက်ရုံးတပ်တွေကို သိမ်းဖို့ပဲ ကျန်ပါတယ်။ 

ဒါ့အပြင်...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ဇန်နဝါရီ ၈၊ နေ့လယ် တနာရီခန့်မှာ စစ်ကောင်စီလေယာဉ်က ဗုံးအလုံး ၂၀ ခန့် ကြဲသွားတဲ့အတွက် ထိခိုက်ပျက်စီးမှုရှိ...

- ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်ရှိ တောင်ပုံကြီး စခန်း၊ ရခိုင်ရိုးမနဲ့ ဧရာဝတီအစပ်ရှိ ဗေဒါ စစ်ဆေးရေးဂိတ်ကို AA (အာရက္ခတပ်တော်) နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ မူသယ် စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးသေ၊ လက်နက်မျိုးစုံ ၂၀ ကျော်ရ...

- ဆောမြို့ ရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းက စစ်သား ၅ ဦးဟာ လက်နက်တွေနဲ့ အတူ PDF ထံ အလင်းဝင်...

- ဟားခါးမြို့က ပြည်သူ့စစ် ၃ ဦးဟာလည်း လက်နက်တွေနဲ့ အတူ CDF-Hakha ထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, January 7, 2025

ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA စစ်ရှိန်မြှင့်... ဖြူး - အုတ်တွင်း တိုက်ပ...


ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA စစ်ရှိန်မြှင့်... ဖြူး - အုတ်တွင်း တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ …

(၈- ၁- ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီဘက်က မြို့သိမ်း တိုက်ပွဲတွေ နှစ်သစ်ကူးကာလမှာ ခေတ္တခဏ ငြိမ်နေပေမယ့် ဇန်နဝါရီ ၆ က စပြီး အရှိန်အဟုန်နဲ့ ပြန်စနေပြီလို့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

မြို့ထဲမှာရှိတဲ့ ရဲခစန်း အပါအဝင် နေရာအသီးသီးက စစ်သား ရဲသားတွေ အားလုံးဟာ မိသားစုတွေနဲ့အတူ စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၂၁ ဝင်းထဲ ပြောင်းသွားကြပြီး အဲဒီကနေ ခုခံနေတယ်၊ လေကြောင်းပစ်ကူနဲ့ ဗုံးကြဲနေတဲ့အတွက် မြို့ထဲက အဆောက်အဦတွေ မီးလောင်နေတယ်လို့လည်း ဗိုလ်မှူးကြီးက ပြောပြပါတယ်။

ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ဒီဇင်ဘာ ၄ မှာ KIA နဲ့ မဟာမိတ်တွေက စတင်ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင်...

- ဝက်လက်မြို့နယ်၊ မှတ်ထိရွာ တိုက်ပွဲမှာ လက်နက်မျိုးစုံ ၄၆ လက် ရရှိပြီး စစ်ကောင်စီဘက်က ၄၇ ဦး သေဆုံး၊ ၆ ဦးကို လက်ရဖမ်းမိ၊ ၁၇ ဦး ပျောက်ဆုံးနေ...

- ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီ စခန်းတွေကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေ၊ ဒရုံးတွေနဲ့ တိုက်ခိုက်...

- ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီးပြီး စစ်ကောင်စီရဲ့ ဒရုန်း တစင်းကို သိမ်းပိုက်ရရှိတယ်လို့ DPLA (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်) က သတင်းထုတ်ပြန်...

- ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ် ခြောက်ရက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ခန့် သေဆုံးတယ်လို့ အမှတ် ၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်...

- ပုလောမြို့ရှိ စရဖ (စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့) ရုံးခန်းကို ဇန်နဝါရီ ၆၊ ည ၁၁ နာရီခန့်မှာ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဝင်ရောက်စီးနင်း...

- ပုဂံ-ညောင်ဦး ကုတင် ၁၀၀ ဆေးရုံမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်သား တဦးဟာ လက်နက်ငယ် တလက်နဲ့အတူ Southern YSO (ရေစကြို တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်စရာရှိတာပြင်၊ ဖြည့်စရာရှိတာဖြည...


“စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်စရာရှိတာပြင်၊ ဖြည့်စရာရှိတာဖြည့် လုပ်လိုက်ရုံနဲ့ တရားဝင်ဥပေဒအဖြစ် စတင်အသုံးကျင့်သုံးလို့ရတယ်”

- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)

(၇-၁-၂၀၂၅)

“စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ တော်လှန်ရေးအခြေခံ ပေါ်ပေါက်လာတဲ့ ဥပဒေတွေထဲမှာ တရားအဝင်ဆုံးဖြစ်တာကြောင့် ဒါကို  ပြင်စရာရှိတာပြင်၊ ဖြည့်စရာရှိတာဖြည့် လုပ်လိုက်ရုံနဲ့ တရားဝင်ဥပေဒအဖြစ် စတင်အသုံးကျင့်သုံးလို့ရတယ်” လို့ လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ ဦးအောင်ထူးကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပေါ်လာတဲ့ လွတ်မြောက်နယ်မြေတွေ ဖက်ဒရယ်ပြည်ထောင်စုမှာ ဘယ်လိုပါဝင်ကြမလဲ၊ ဒီအချိန်မှာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာကြောင့် အရေးတကြီးလိုအပ်လာတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားထာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- မြန်မာအမျိုးသားပြည်နယ်ကို ဘာကြောင့်လက်ခံဖို့ လိုအပ်သလဲ...

- ပြည်နယ်တွေကို အသားပေးလွန်းရင် ပြည်ထောင်စုအစိုးရ အားနည်းသွားနိုင်သလား...

- ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပေါ်လာတဲ့ လွတ်မြောက်နယ်မြေတွေက ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ဘယ်လို ပါဝင်ကြမလဲ...

- လူတဦးချင်းရဲ့ အခြေခံအခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘယ်လိုမျိုးလဲ...

- စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ တော်လှန်ရေးအခြေခံ ပေါ်ပေါက်လာတဲ့ ဥပဒေတွေထဲမှာ တရားဝင်မှုအရှိဆုံးလို့ ဘာကြောင့် ပြောနိုင်တာလဲ...

- EROs တွေရင်ဆိုင်နေရတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရာဝင် ဆက်ဆံရေးအတွက် ဒီဥပဒေက အလုပ်ဖြစ်နိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, January 6, 2025

ဝက်လက်တိုက်ပွဲ စစ်ကောင်စီအထိနာပြီး လက်နက် ၅၀ ကျော် PDF ရရှိ ... ပုဏ္ဏား...


ဝက်လက်တိုက်ပွဲ စစ်ကောင်စီအထိနာပြီး လက်နက် ၅၀ ကျော် PDF ရရှိ ...  ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၇- ၁- ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားရောက်လာတဲ့ အင်အား (၇၀) ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ အများအပြားသေဆုံးပြီး လက်နက်မျိုးစုံ (၄၅) လက် ရရှိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်တာဖြစ်ပြီး ရရှိလက်နက်တွေထဲမှာတော့ ၆၀ မမ စိန်ပြောင်း၊ RPG လောင်ချာ၊ ငါးကြာင်းမြီး စက်လတ် အပါဝင် လက်နက်မျိုးစုံ ၄၅ လက်နဲ့ ခဲယမ်းများစွာဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။

ဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်တာလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဇန်နဝါရီ ၅ ရက်မှာပဲ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာဖက်ရောက်လာတဲ့ အင်အား (၈၀)  ကျော်ပါ စစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းနဲ့မဟာမိတ်တွေက ကြားဖြတ်တိုက်ရာမှာ ၂၀ ကျော် သေဆုံး၊ ၃ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၅ လက်ရရှိ...

- နွားထိုးကြီးမြို့နယ် ဝက်လူးရွာဖက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို နဂါးနီ ပြောက်ကျားအဖွဲ့- မြင်းခြံက တိုက်ခိုက်ရာမှာ စစ်သားတွေဒါဇင်နဲ့ချီ သေဆုံးပြီး လက်နက်အချို့ သိမ်းမိ...

- ပုဏ္ဏားကျွန်းမြို့နယ် အင်ဇုံပြင်ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် တယ်လီဖုန်းသုံးနေကြတဲ့ အရပ်သား ၄ ဦး သေဆုံး...

- တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းက ရဲတပ်သားတဦးနဲ့ သူ့ရဲ့အမျိုးသမီးတို့ဟာ မြိုထဲ ကွမ်းယာထွက်ဝယ်စဉ် တော်လှန်ရေးတပ်တွေနဲ့တိုးပြီး လက်ရ ဖမ်းမိ၊ လက်နက်ငယ်တလက်ရရှိ...

- ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ဦး အပါအဝင် စစ်သားနဲ့ ရဲသား (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, January 5, 2025

အမ်းက ထွက်ပြေးလာတဲ့ စစ်သား ၁၁ ဦးကို CDF - Asho ဖမ်းမိ... လောင်းလုံးမြို့...


အမ်းမြို့ နယ်က ထွက်ပြေးလာတဲ့ စစ်သား ၁၁ ဦးကို CDF - Asho ဖမ်းမိ... လောင်းလုံးမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

(၆ - ဇန်နဝါရီ- ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကနေ စေတုတ္တရာဘက် ထွက်လာတဲ့ စစ်ယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သားတဦး သေ၊ ၆ ဦး ဒဏ်ရာရတယ်လို့ CDF - Asho က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃၊ မနက် ၇ နာရီခွဲခန့်မှာ အင်အား ၅၀ ခန့်ပါတဲ့ စစ်ကား ၂ စီး ငဖဲမြို့နယ် ညောင်ကိုင်း ရွာအနီး ရောက်လာစဉ် CDF-Asho (ချင်းကာကွယ်ရေးတပ်-အရှို)၊ မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းနဲ့ ငဖဲမြိုနယ် “ပကဖ” ပူးပေါင်းတိုက်ခိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်မှာလည်း CDF-Asho က ကင်းလှည့်စဉ် ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်ရှိ စစ်ကောင်စီ စခန်းတွေကနေ စစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၉ လက်နဲ့ ခဲယမ်းတွေရရှိတယ်လို့လည်း ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မတ္တရာ-ဆည်တော် ကားလမ်းပေါ် ရောက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် ၃ “ပကဖ” က တိုက်ခိုက်ရာမှာ ကား ၃ စီး၊ လက်နက်ငယ် ၄ လက်ရရှိ...

- ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း ဗျူဟာ စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ က အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းကို  KNLA, RDC နဲ့ SOF တို့က တိုက်ခိုက်ရာမှာစစ်သား ၃၀ ကျော်သေ၊ ၅၀ ကျော် ဒဏ်ရာရပြီး လက်နက်မျိုးစုံ ၁၅ လက် သိမ်းမိ...

- လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ကျေးရွာရှိ စစ်ကောင်စီစခန်းကို ထားဝယ်ခရိုင် တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ရာမှာ တပ်ရင်းမှူး အပါအဝင် စစ်သား ၄၀ ကျော် သေဆုံးပြီး လက်နက်တွေလည်း သိမ်းမိ...

- မင်းတပ် CDF ကလည်း မင်းတပ် မြို့သိမ်းတိုက်ပွဲစဉ်တွေထဲက ဆောက်လုပ်ရေးဝင်းအတွင်း စစ်တပ်ရဲ့ အခိုင်အမာစခန်းကို CDF လူငယ်တွေ ဝင်ရောက်စီးနင်း သိမ်းပိုက်တဲ့ ဗီဒီယို မှတ်တမ်းကို ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ ဘယ်လိုတည်ဆောက်မလဲဆိုတာ ၂၀၂၅ ရဲ့ ရှေ့တန်းအ...


“ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ ဘယ်လိုတည်ဆောက်မလဲဆိုတာ ၂၀၂၅ ရဲ့ ရှေ့တန်းအရောက်ဆုံး ကိစ္စတခုဖြစ်တယ်”

- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)

(၅-၁-၂၀၂၅)

“ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်တွေစုပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လက်တွေ့ ဘယ်လိုတည်ဆောက်မလဲဆိုတာ ၂၀၂၅ ရဲ့ ရှေ့တန်းအရောက်ဆုံး ကိစ္စဖြစ်တယ်” လို့ လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ ဦးအောင်ထူးကပြောပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာ ဖက်ဒရယ်ဥပဒေအကယ်ဒမီက ထုတ်ပြန်လိုက်တဲ့ “စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားထာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တော်လှန်ရေးအင်အားစုတွေ ပြုစုထုတ်ဝေလိုက်တဲ့ “စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ရဲ့ အဓိက ကွာခြားချက်က ဘာလဲ...

- ဘာကြောင့် ဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ- အရေးတကြီး လိုအပ်လာတာလဲ...

- နှစ် ၇၀ ကျော်ကြာ မပြေမလည်ဖြစ်နေတဲ့... ဒီမိုကရေစီအရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို ဒီ “စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” က ဘယ်လို ချည်းကပ် အဖြေရှာထားသလဲ...

- အောက်ခြေကနေ အပေါ်သို့ Bottom- up သွားရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

-  မြန်မာအမျိုးသားပြည်နယ်ဆိုတာကို မြန်မာအမျိုးသားတွေလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အသစ်ပေါ်လာတဲ့ လွတ်မြောက်နယ်မြေအသီးသီးက ဒီ - “စံပြု ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ထဲမှာ ဘယ်လိုပါဝင်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, January 4, 2025

ရခိုင်ရိုးမနဲ့ မကွေးတိုင်းအစပ်ဒေသကို AA ဝင်တိုက်... KNLA က ကျောက်ကြီးဖက်...


ရခိုင်ရိုးမနဲ့ မကွေးတိုင်းအစပ်ဒေသကို AA ဝင်တိုက်... KNLA က ကျောက်ကြီးဖက်မှာ စခန်းထပ်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅- ၁- ၂၀၂၄)

AA အာရက္ခတပ်တော်နဲ့ ဧရာဝတီတိုင်း PDF ပူးပေါင်းတပ်က ရခိုင်-ဧရာဝတီအစပ်မှာရှိတဲ့ မိတ်သလင် ကာကင်းစခန်းနဲ့ ရွှေသောင်ယံ၊ ချောင်းသာကမ်းခြေတွေရဲ့အပေါ်နားရှိ မကျီးဇင်ကျေးရွာအနီးက စစ်တပ်စခန်းတွေကို ဇန်နဝါရီ ၃ ရက်မှာ ဝင်တိုက်တယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။

ဒါဟာ ဇန်နဝါရီ ၂ ရက်က ငသိုင်းချောင်းအနီးရှိ ဗေဒါစစ်ဆေးရေးဂိတ်ကို တိုက်ပြီးတဲ့နောက် ဆက်တိုက်ထွက်ပေါ်လာတဲ့သတင်းဖြစ်ပါတယ်။ အဲဒီ မတိုင်ခင် ဇန်နဝါရီ ၁ ရက်နေ့ကတော့ တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ပဲခူးတိုင်းအစပ် ဥသျှစ်ပင်မြို့အနီးက တောင်ပုံကြီးစစ်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမ်းနဲ့ မကွေးတိုင်းအကြားရှိ နတ်ရေစင် စစ်ကောင်စီစခန်းကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုတွေရှိနေတယ်၊ AA နဲ့ မဟာမိတ်တွေဟာ ရခိုင်နဲ့မကွေးအစပ်၊ ပဲခူး၊ ဧရာဝတီတိုင်းအစပ်ဒေသတွေကို ဆက်တိုက် တိုက်ခိုက်နေတဲ့သဘောဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ငဖဲမြို့နယ်၊ မျော်စင်ကျေးရွာ အနောက်ဘက်ရှိ နတ်ရေကန်- လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ်နဲ့ လှည့်ကင်းထွက်လာတဲ့ စစ်သား ၆ ဦးကို PRA-မကွေး-က တိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေ၊ လက်နက်ငယ်တလက်ရရှိ...

- ကန်ပက်လက်မြို့ကနေ စခန်းစွန့်ခွာ ဆုတ်ပြေးလာတဲ့ အင်အား ၅၀ ကျော်ပါ စစ်သားနဲ့ ရဲ ပူးတွဲစစ်ကြောင်းကို လောင်းရှည်ဒေသ PDF က တိုက်ခိုက်ရာမှာ စစ်သားတဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ လက်နက်ငယ် ၄ လက်ရရှိ...

- တောင်ငူမြို့ရှိ- ကေတုမတီ- လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MKCDF-  တောင်တန်းသူရဲကောင်းများအဖွဲ့က သတင်းထုတ်ပြန်...

- ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူသယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ မူသယ်တပ်စခန်းကို KNLA- က သိမ်းပိုက်...

- NUG- အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း အမှတ် (၁) စစ်ဒေသဆီရောက်နေပြီး အထူးတိုက်ခိုက်ရေးအဖွဲ့ သင်တန်းဆင်းပွဲနဲ့ နှစ်သစ်ကူး အားကစားပွဲတွေကို တက်ရောက် အားပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, January 3, 2025

ငသိုင်းချောင်းအနီးက စစ်ဆေးရေးဂိတ်ကို AA ဝင်တိုက်... အနန်းကွင်းဗျုဟာကို K...


ငသိုင်းချောင်းအနီးက စစ်ဆေးရေးဂိတ်ကို AA ဝင်တိုက်... အနန်းကွင်းဗျုဟာကို KNLA တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

(၄- ၁- ၂၀၂၄)

ရခိုင်နဲ့ ဧရာဝတီနယ်စပ် ငသိုင်းချောင်းမြို့အနီးရှိ ဗေဒါ စစ်ဆေးရေးဂိတ်ကို AA- အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေက ဇန်နဝါရီ ၂ ရက်မှာ ဝင်ရောက် တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖော်ပြပါတယ်။

ရခိုင်နဲ့ ဧရာဝတီ အစပ်က ဂွမြို့ကို သိမ်းပြီးတဲ့နောက် ဂွကို စစ်ကူလာရာ လမ်းကြောင်း ဖြစ်တဲ့ အစစ်အဆေးကြမ်းတဲ့ ဗေဒါ ဂိတ်ကို စတင် တိုက်ခိုက်တာ ဖြစ်ပါတယ်။ ပုသိမ်ဘက်ကနေ စစ်ကူလာတဲ့ စစ်ယဉ်တန်းတွေကိုပါ တားဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ ဇန်နဝါရီ ၁ ရက်နေ့က ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်ရှိ တောင်ကုတ်-ပန်းတောင်း လမ်းပေါ်က တောင်ပုံကြီး တပ်စခန်းကို တိုက်ပြီးတဲ့နောက် အခု ဧရာဝတီတိုင်း အစပ်ကိုပါ အာရက္ခတပ်တော်က တိုက်ခိုက်လာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- ဖလမ်းမြို့ တိုက်ပွဲကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို လက်ရ ဖမ်းမိထားတယ်လို့ ကလေးမြို့နယ် ပကဖ က သတင်းထုတ်ပြန်...

- မလှိုင်မြို့နယ်၊ သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာ အခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၆ ဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ လက်နက်ငယ် ၃ လက် ရရှိ...

- ဗန်းမော်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ သုံးပြီး ခုခံနေတဲ့အတွက် မြို့ထဲက နေအိမ်တွေ၊ အဆောက်အဦတွေ မီးလောင်နေ...

- အနန်းကွင်း ဗျူဟာကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ရာမှာ စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံး၊ ၅၀ ခန့် ဒဏ်ရာရ၊ လက်နက်တွေပါ သိမ်းမိ...

- ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ မဲချောင်းရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးပြီး တော်လှန်ရေးဘက်ကလည်း ရဲဘော် ၃ ဦး ကျဆုံး...

- မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အောင်ပွဲခံပြီး ပြန်လာတဲ့ မင်းတပ် CDF နဲ့ မုံရွာခရိုင် တပ်ရင်း (၃) က တော်လှန်ရေး ရဲဘော်တွေကို ဒေသခံလူထုက ကြိုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, January 2, 2025

ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်က စစ်ကောင်စီစခန်းကို AA ဝင်တိုက်... အောင်...


ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်က စစ်ကောင်စီစခန်းကို AA ဝင်တိုက်... အောင်ဇေယျစစ်ကြောင်းက စစ်သားအများအပြား KNLA ထံ လာရောက်ပူးပေါင်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

(၃- ၁- ၂၀၂၅)

ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်ဒေသ ပန်းတောင်း မြို့နယ် ဥသျှစ်ပင်မြို့ အနီးရှိ တောင်ပုံကြီး စစ်ကောင်စီ တပ်စခန်းကို AA (အာရက္ခတပ်တော်) က ဝင်တိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းမီဒီဝာ Western News က ဖော်ပြပါတယ်။

ဇန်နဝါရီ ၁ ရက်၊ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီစခန်းဟာ ရခိုင်နဲ့ ပဲခူးတိုင်း အစပ် တောင်ကုတ်-ပန်းတောင်း လမ်းပေါ်ရှိ နောက်ဆုံးလက်ကျန် စခန်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံတဲ့အတွက် ရွာထဲ ဗုံးတွေကျပြီး အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တောင်ပုံကြီး စခန်းကိုကျော်လာရင် ညောင်ကျိုးဂိတ်ကို ရောက်နိုင်ပြီး အဲဒီဂိတ် အကျော်မှာ (ကာကွယ်ရေး ပစ္စည်းစက်ရုံ) ကပစ (၃)၊ ကပစ (၅၊ ကပစ(၆) စတဲ့  စစ်လက်နက်ပစ္စည်း စက်ရုံတွေ ရှိတဲ့အတွက် အခု တိုက်ပွဲဟာ ရခိုင်ကနေ ပဲခူးတိုင်းအတွင်း ထိုးဝင်ရေးအတွက် အရေးကြီးတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဒါ့အပြင်...

- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို နှစ်သစ်ကူးနေ့မှာ စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် အဆောက်အဦတွေ ပျက်စီးပြီး ဒေသခံတွေ အထိတ်တလန့် ထွက်ပြေးရ...

- KIO/KIA (ကချင်လွတ်လပ်ရေးတပ်မတော်) က သိမ်းပိုက်ထားတဲ့ တရုတ် နယ်စပ်ဒေသ တည်ငြိမ် ဖွံဖြိုးရေးနဲ့ စစ်အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲမှာ လူငယ်တွေနဲ့ လူထုတရပ်လုံး ပါဝင်ကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ် မင်္ဂလာ မိန့်ခွန်းမှာ တိုက်တွန်း...

- ပခုက္ကူမြို့  စက်မှုဇုန်ဂိတ်ကနေ  မြို့ထဲကို ပြန်လာတဲ့ စစ်ကောင်စီ ကားကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၄ ဦးသေ၊ လက်နက်ငယ် ၄ လက် ရရှိ...

- နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းက ထွက်ပြေးလာသူ၊ လက်နက်နဲ့ အတူ ပူပေါင်းလာသူတွေကို အခမ်းနားနဲ့ ကြိုဆို ဂုဏ်ပြုပြီး ဆုငွေ ပေးအပ်တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်...

- ဗျူဟာ ၃၂ ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါးဘောနဲ့အဖွဲ့ကို NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ဝန်ကြီးချုပ်  မန်းဝင်းခိုင်သန်းနဲ့ အဖွဲ့က သွားရောက် တွေ့ဆုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, January 1, 2025

“ရခိုင်၊ ကချင် အပါဝင် နယ်စပ်ကုန်ဒေသကုန်သွယ်ရေး မော်ဒယ်အသစ်ကို ၂၀၂၅ မှာ မ...


“ရခိုင်၊ ကချင် အပါဝင် နယ်စပ်ကုန်ဒေသကုန်သွယ်ရေး မော်ဒယ်အသစ်ကို ၂၀၂၅ မှာ မြင်ရဖို့သေချာတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁- ၁- ၂၀၂၅)

“ရခိုင်၊ ကချင်အပါဝင် EROs တွေ ထိန်းချုပ်လိုက်တဲ့ နယ်စပ်ဒေသတလျောက်မှာ သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး မော်ဒယ်အသစ် ပေါ်လာမယ်၊ ပြည်မက ပို့ကုန်-သွင်းကုန်တွေ အဲဒီဒေသဆီဖြတ်ပြီး ပို့နိုင်-သွင်းနိုင်အောင် တော်လှန်ရေး အဖွဲ့တွေ စနစ်တကျဆွေးနွေးဖို့ လိုတယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

၂၀၂၄ အတွင်း EROs တွေရဲ့ တိုက်အားကြောင့် နယ်စပ်ဒေသအတော်များများ လွတ်မြောက်သွားပြီးနောက်ပိုင်း ၂၀၂၅ မှာ နယ်စပ်ကုန်သွယ်ရေး၊ တနိုင်ငံလုံးရဲ့ စီးပွားရေးပုံစံအသစ်က ဘယ်လိုဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ၂၀၂၅ ရဲ့ နယ်စပ်ကုန်သွယ်ရေး မော်ဒယ်အသစ်ပုံစံက ဘယ်လိုဖြစ်လာနိုင်သလဲ...

- နယ်စပ်ကုန်သွယ်ရေး မော်ဒယ်အသစ်မှာ ဗဟိုအစိုးရ ပါဖို့လိုသေးလား... 

- မြေပြန့်ဒေက ပို့ကုန်-သွင်းကုန်တွေကို နယ်စပ်ဒေသကတဆင့် ဘယ်လို ပို့ကြ-သွင်းကြမလဲ...

- ၂၀၂၅ စီးပွားရေး မော်ဒယ်သစ်အတွက် NUG က ဘာတွေဖြစ်ဆင်ထားပြီး ပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More