Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၂၂


နယ္ေျမစိုးမုိးေရးနဲ႔ ေတာတြင္းအုပ္ခ်ဳပ္ေရး

အဲဒီကာလ က်ေနာ္တို႔တပ္ေတြ လႈပ္ရွားတဲ့ေနရာေတြကေတာ့ ေျမာက္ပုိင္းမွာဆုိရင္ နတ္အိမ္ေတာင္စခန္းမွာ အေျခစုိက္ၿပီးမြန္ျပည္သစ္ပါတီနဲ႔ KNU နယ္စပ္ နတ္ႀကီးစင္၊ ရာဖူး၊ ကံေပါက္၊ ကလိန္ေအာင္ကေန ထား၀ယ္ၿမိဳ႕ အေရွ႕ဘက္ရွိ ေမတၱာေက်းရြာနားအထိကုိ ဘုိင္သိန္းျမင့္ ဦးေဆာင္တဲ့ တပ္ခဲြ (၂) က တာ၀န္ယူထားပါတယ္။ ေမတၱာ၊ ေဖါင္းေတာေဒသကေန ဘန္းေခ်ာင္းေဒသ၊ သရက္ေခ်ာင္းေဒသ၊ ပေလာက္၊ ျပည္ျခားအထိကို ကုိဘုန္းေက်ာ္ ဦးေဆာင္တဲ့ တပ္ခြဲ (၃) က တာ၀န္ယူထားပါတယ္။ ျပည္ျခား၊ ထမင္းမစားကေန ၿမိတ္ၿမိဳ႕အနီးက ပျပင္၊ ကြ်ဲကူးေဒသေတြအထိကုိ ကိုေဖသင္ ဦးေဆာင္တဲ့ တပ္ခြဲ (၁) က တာ၀န္ယူထားပါတယ္။ (ၿမိတ္ေအာက္ပုိင္းနဲ႔ တနသၤာရီေဒသမွာေတာ့ တပ္ရင္း ၂၀၃ က လႈပ္ရွားေနပါတယ္)။


(၂၀၁) တပ္ရင္း တပ္ခဲြ (၂) မွ ေက်ာင္းသား စစ္သည္တခ်ဳိ႕ကုိ ေရး-ထား၀ယ္ ကားလမ္းေပၚတြင္ ေတြ႔ရစဥ္

တကယ္ကေတာ့ က်ေနာ္တို႔ ေက်ာင္းသားတပ္ေတြ လႈပ္ရွားေနတဲ့ေဒသဟာ KNU တပ္မဟာ (၄) လႈပ္ရွားေဒသ သုိ႔မဟုတ္ အဲဒီကာလ က်ေနာ္တို႔အေခၚ “အေျခခံေဒသ” ေတြ ျဖစ္တဲ့အတြက္ ေနရာအေတာ္မ်ားမ်ားမွာ ABSDF-KNU ပူးတဲြ လႈပ္ရွားၾကတာ ျဖစ္ပါတယ္။
ေက်ာင္းသားေတြရဲ႕ အားသာခ်က္ကေတာ့ အရင္ရွိၿပီးသား KNU အုပ္ခ်ဳပ္ေရးနယ္ေျမ အနက္ေရာင္ေဒသ၊ ႏွစ္ဖက္တပ္ေတြ ေရာက္ေလ့ရွိတဲ့ အညိဳေရာင္ေဒသေတြကုိ ေက်ာ္ၿပီး ၿမိဳ႕ျပအနီးက အျဖဴေရာင္ေဒသလုိ႔ေခၚတဲ့ ေက်းလက္ေဒသဆီ ထုိးေဖာက္ စည္း႐ံုးနုိင္ခဲ့ျခင္း ျဖစ္ပါတယ္။

အဲဒီကာလက က်ေနာ္တို႔ရဲ႕ စကားလုံးအတုိင္း ဆိုရင္ေတာ့ “ေက်းလက္ကိုအေျခခံ ၿမိဳ႕ျပကို၀န္းရံ” ေပါ့။ ထား၀ယ္ၿမိဳ႕ေပၚက ခလရ (၂၅) တပ္ရင္းကို လက္နက္ႀကီးနဲ႔ ၀င္ပစ္နုိင္ခဲ့ၿပီး ထား၀ယ္နဲ႔ ၆ မုိင္အကြာ၊ က်ေနာ္တို႔ ေတာစခုိစဥ္က ျဖတ္လာခဲ့ဖူးတဲ့ ရွင္မုတၱီးရြာအထိ၀င္ၿပီး စည္း႐ံုးေရးတရား ေဟာနုိင္ခဲ့တာေတြဟာ ထင္ရွားတဲ့ သာဓကေတြ ျဖစ္ပါတယ္။
ေနာက္တခါ ေရျဖဴၿမိဳ႕နယ္အလြန္ နွမ္းက်ဲေက်းရြာကေန ေရးၿမိဳ႕နယ္အ၀င္ မလြဲေတာင္အၾကား ေရး-ထား၀ယ္ ကားလမ္းတေလွ်ာက္ မုိင္ ၆၀-၇၀ ခန္႔၊ သရက္ေခ်ာင္းၿမိဳ႕နယ္ ေအာက္ပိ္ုင္းကေန ၿမိတ္ၿမိဳ႕အ၀င္နားအထိ မုိင္ ၁၀၀ နီးပါးအရွည္ ထား၀ယ္ၿမိတ္ ကားလမ္းေပၚက ေက်းရြာေတြအားလုံးနီးပါးကိုလဲ KNU-ABSDF (ေနာက္ပုိင္းမွာေတာ့ DAB စစ္ေၾကာင္း) ပူးတြဲတပ္ေတြက ထိမ္းခ်ဳပ္ထားနုိင္ခဲ့ဖူးပါတယ္။

ဒါ့အျပင္ က်ေနာ္တို႔ရဲ႕ အမာခံေရွ႕တန္း အေျခစိုက္စခန္းေတြျဖစ္တဲ့ ျပည္ျခား၊ လိပ္ဥေသာင္ ရြာေတြကေနတဆင့္ ပင္လယ္ျပင္အထိထြက္ၿပီး ထား၀ယ္ကေန ေကာ့ေသာင္ၾကား ေရျပင္တေလွ်ာက္ကုိလည္း ထိမ္းခ်ဳပ္ထားနုိင္တဲ့ ကာလေတြရွိခဲ့ဖူးတာကို က်ေနာ္မွတ္မိေနပါတယ္။

က်ေနာ္ဟာ နယ္ေျမေကာ္မီတီမွာ တနွစ္ခန္႔ တာ၀န္ထမ္းဖူးတယ္ဆုိေပမယ့္ အထက္က လူေတြရဲ႕ထုံးစံအတုိင္း က်ေနာ္တို႔နဲ႔ ရဲေဘာ္ထုၾကား တုိက္႐ုိက္ဆက္ဆံဖူးတာမ်ဳိး မရွိသေလာက္ပါပဲ။ ဒါေပမယ့္ အခု တပ္ရင္း (၂၀၁) ရဲ႕ တပ္ေထာက္ဗုိလ္ႀကီးတာ၀န္ ယူရတဲ့အခါမွာေတာ့ ရဲေဘာ္ထုရဲ႕ေန႔စဥ္လုိအပ္ခ်က္ကို ျဖည့္ဆည္းေပးရတာေတြ၊ အေထြေထြ အုပ္ခ်ဳပ္ေရးကိစၥေတြနဲ႔ အေတာ့္ကုိ အလုပ္႐ႈပ္လာပါတယ္။ ရိကၡာကုိ ၇ ရက္တခါ ထုတ္ေပးရၿပီး အဲဒီလုိထုတ္တဲ့ေန႔ဆုိရင္ တမနက္လုံး မအားပါဘူး။

အဲဒီကာလ ရိကၡာခဲြတမ္း ႏႈန္းထားေတြကေတာ့ ရဲေဘာ္တဦးအတြက္ တေန႔ဆန္ ၃ ဗူး (နုိ႔ဆီဗူးခြက္နဲ႔)၊ ဆား အကန္႔အသတ္မရွိ၊ ငါးပိ၊ ဆီ၊ ပဲ၊ င႐ုတ္သီး၊ ၾကက္သြန္တို႔ကေတာ့ အကန္႔အသတ္နဲ႔ အနည္းအက်ဥ္းသာ ထုတ္ေပးနုိင္ၿပီး ဟင္းလ်ာအတြက္ ေငြတျပားမွ မေပးနုိင္ပါ။ ဒါဟာ BCG ကေန မင္းသမီးစခန္းအတြက္ တလတလ ဘတ္ေငြ ၅ ေသာင္း၊ ၆ ေသာင္းေလာက္အထိ လႉဒါန္းေနတဲ့ အခ်ိန္မွာရတဲ့ ခဲြတမ္းျဖစ္ၿပီး ေနာက္ပုိင္းမွာေတာ့ အလႉေငြ က်ဆင္းတာနဲ႔အမွ် ရိကၡာခဲြတမ္းကလည္း တျဖည္းျဖည္း ထပ္နည္းသြားပါတယ္။

တပတ္ ၁၀ ရက္ေလာက္နဲ႔ ေတာ္လွန္ေရးေအာင္မယ္ထင္ၿပီး ေတာခိုလာတဲ့ က်ေနာ္တို႔ဟာ ဒီလုိ မေလာက္ငွတဲ့ ရိကၡာေတြကို ေတာထဲမွာ ေတြ႔သမွ် သစ္သိီးသစ္ရြက္ေတြ၊ ၀ါးမွ်စ္ေတြနဲ႔ ေပါင္းစပ္၊ ေတာထဲမွာ ေတြ႔သမွ် ေတာေကာင္ေတြ၊ ငွက္ေတြ၊ ေမ်ာက္ေတြ၊ ေခြးေတြ၊ ေၾကာင္ေတြ၊ ေျမြေတြ၊ ကင္းေတြ၊ ေတာက္တဲ့နဲ႔ ကင္းေျခမ်ားပါမက်န္ စားလုိ႔ရသမွ် စားစရာေတြကို ျဖစ္သလုိစားၿပီး ၁၀ နွစ္နီးပါး ရွင္သန္နုိင္ခဲ့တဲ့ဘ၀ေတြဟာ အခု ေနာ္ေ၀းနုိင္ငံလုိ တေန႔ခ႐ုိနာ ေငြ ၁၀၀ (၁၈ ေဒၚလာနီးပါး) စားစရိတ္အျဖစ္ အသုံးျပဳတဲ့နုိင္ငံက လူေတြသာဆုိရင္ က်ေနာ္တို႔လုိ မရွင္သန္နုိင္ဘဲ အားလုံးအဟာရ ျပတ္ၿပီး ေသကုန္မလားလုိ႔ေတာင္ စဥ္းစားေနမိပါတယ္။

BCG ကေန တလ ၅ ေသာင္းေက်ာ္ ရတယ္ဆုိတာကလည္း က်ေနာ္တို႔လက္ထဲ ေငြသားေတြ ေပးသြားတာမ်ဳိး မဟုတ္ပါ။ ေထာင္ဂဏန္းေလာက္ကုိပဲ စီမံခန္႔ခဲြမႈစရိတ္အျဖစ္ ေငြသားထုတ္ေပးၿပီး က်န္တာ အားလုံးကိုေတာ့ သူတုိ႔ကုိယ္တုိင္လုိက္ၿပီး ကန္ခ်နဘူရီမွာ ရိကၡာေတြ ၀ယ္ေပးသြားတာျဖစ္ပါတယ္။ ေနာက္ပုိင္းမွ ျပန္သိရတာကေတာ့ ဒီလုိေငြသားေပးလုိက္ရင္ ေက်ာင္းသားေတြဟာ အဲဒီေငြကို ရိကၡာမ၀ယ္ဘဲ လက္နက္၀ယ္မွာစိုးလုိ႔၊ သူတို႔ရဲ႕အလႉေငြဟာ လူသားခ်င္းစာနာတဲ့ အကူညီသာျဖစ္တဲ့အတြက္ စစ္ဘက္မွာ အသုံးျပဳခြင့္ မရွိဘူးလုိ႔ သိရပါတယ္။

ဒါေပမယ့္ အဲဒီကာလကေတာ့ လူသားခ်င္းစာနာတဲ့ အကူညီလား၊ ဘာအတြက္ေပးတဲ့ အကူညီလည္း စဥ္းစားဖုိ႔ အခ်ိန္မရ။ သူတို႔၀ယ္ေပးခဲ့တဲ့ ရိကၡာေတြကို ျပန္ေရာင္းၿပီးျဖစ္ေစ၊ တျခားနည္းနဲ႔ျဖစ္ေစ ရသမွ်ေငြေတြစုၿပီး လက္နက္၀ယ္ေရးကိုပဲ အဓိကဦး စားေပးခဲ့ပါတယ္။
တနည္းအားျဖင့္ေျပာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ဟာ သူပုန္စစ္သားႀကီးေတြ၊ သူပုန္တပ္မေတာ္ေတြလုိ႔ ကိုယ္ဖာသာ ေၾကညာထားေပမယ့္ နုိင္ငံတကာအလႉရွင္ေတြနဲ႔ သတင္းေထာက္ေတြရဲ႕ အျမင္မွာေတာ့ က်ေနာ္တို႔ဟာ စစ္တပ္ရဲ႕ဖိနွိပ္မႈကို မခံနုိင္လုိ႔ နယ္စပ္ဆီထြက္ေျပးလာတဲ့ ေက်ာင္းသားဒုကၡသည္ေလးေတြလုိ႔ပဲ သေဘာထားပုံရပါတယ္။ ဒါေၾကာင့္လည္း ဘယ္နုိင္ငံကမွ လက္နက္နဲ႔စစ္ေရး အကူညီမေပးဘဲ ရိကၡာ၊ ေဆး၀ါးနဲ႔ စာအုပ္စာတမ္းေတြပဲ လာေပးေနတာ ျဖစ္ပုံရပါတယ္။

ထား၀ယ္-ျမိတ္ ကားလမ္းအနီးက ABSDF စစ္ေၾကာင္းတခု

တခါ က်ေနာ္တို႔ ေက်ာင္းသားေတြၾကားမွာလည္း နုိင္ငံတကာဘက္က အဲဒီလုိအျမင္ ရွိေနတဲ့အေပၚ သေဘာထား ၂ မ်ဳိး ရွိေနပုံရပါတယ္။ က်ေနာ္ မွတ္မိသေလာက္ဆုိရင္ အဲဒီကာလဟာ Asiaweek မဂၢဇင္းရဲ႕ အေအာင္ျမင္ဆုံး ကာလေတြျဖစ္ၿပီး အဲဒီမဂၢဇင္းထဲက Eyewitness က႑ဟာ ေရပန္းစားပါတယ္။ ေတာခုိေက်ာင္းသားေတြ အေၾကာင္း ဓာတ္ပုံေတြ Eyewitness မွာ အပတ္စဥ္လုိလုိ ပါရွိခဲ့ၿပီး သီေဘာဘုိးစခန္းေရာက္ ဘုန္းေတာ္ႀကီးတပါး AK 47 ကုိင္ေနပုံ၊ မင္းသမီးစခန္းမွ ရဲေမတခ်ဳိ႕ ၁၀ ေပ ေလာက္အျမင့္ရွိတဲ့ သစ္ပင္ ၂ ပင္ၾကားက ႀကိဳးတန္းေပၚတြားသြားၿပီး စစ္ေရးေလ့က်င့္ေနပုံေတြဟာ အဲဒီကာလက အေတာ္ထင္ရွားခဲ့ပါတယ္။

အဲဒိီပုံေတြကုိၾကည့္ျပီး “ေကာင္းလုိက္တဲ့ပုံေတြကြာ။ ငါတို႔ရဲ႕လက္နက္ကုိင္တုိက္ပဲြကို ကမာၻသိေအာင္ ဆက္လုပ္ရမယ္” လုိ႔ ဗဟုိနဲ႔ နယ္ေျမေကာ္မတီ ေခါင္းေဆာင္တခ်ဳိ႕က ေျပာဆုိဖူးပါတယ္။ ဒါေပမယ့္ တခ်ဳိ႕ကေတာ့ “ျပႆနာပဲ၊ ေသနတ္ကုိင္ထားတဲ့ပုံေတြ မီဒီယာမွာ ေပၚတင္ႀကီးပါလာရင္ ဒုကၡေရာက္လိမ့္မယ္၊ နုိင္ငံတကာအလႉေတြ ေလ်ာ့သြားႏိုင္တယ္” လုိ႔ စုိးရိမ္မႈနဲ႔ ေျပာၾကတာကုိလည္း က်ေနာ္အမွတ္ရေနပါတယ္။

ေက်ာင္းသားတပ္မေတာ္ဆုိတာ ကမာၻမွာ တခုပဲရွိတယ္

ဒါက ရိကၡာနဲ႔ လက္နက္အပုိင္းပါ။ အုပ္ခ်ဳပ္ေရးဘက္ကုိ ျပန္လွည့္ရမယ္ဆုိရင္ေတာ့ တပ္ေထာက္တာ၀န္ ယူေနတဲ့ က်ေနာ္ေရာ၊ စခန္းေကာ္မတီတာ၀န္ယူေနတဲ့ ပုဂၢိဳလ္ေတြေရာ အားလုံးဟာ အခု တန္းစီၿပီး ဆန္လာထုတ္ေနတဲ့ ရဲေဘာ္ေတြနဲ႔ အတန္းတူတူ၊ အသက္အရြယ္ အတူတူနီးပါးေတြ ျဖစ္တဲ့အတြက္ ေပးအပ္ထားတဲ့ တာ၀န္အေပၚ ရဲေဘာ္ထုက ေလးစာအသိမွတ္ျပဳဖုိ႔၊ အမိန္႔နာခံဖုိ႔အေရးဟာ အေတာ္အခ်ိန္ယူခဲ့ရပါတယ္။ တပ္ဖြဲ႔၀င္အမ်ားစုႀကီး ဒီလုိ သက္တူ၊ ရြယ္တူ၊ အတန္းတူေတြ ျဖစ္ေနတာကိုက ေက်ာင္းသားတပ္မေတာ္ရဲ႕ထူးျခားခ်က္ျဖစ္တယ္လုိ႔ က်ေနာ္ထင္ပါတယ္။

ဘာေၾကာင့္လဲဆုိရင္ က်ေနာ္တို႔အရင္ ေတာခုိခဲ့တဲ့ ဟုိး လြတ္လပ္ေရးေခတ္ဦးကာလ ဗကပ (ဗမာျပည္ကြန္ျမဴနစ္ပါတီ) ေခတ္ကေန ျပည္ခ်စ္ေခတ္အထိ၊ အခုက်ေနာ္တို႔ရဲ႕ မဟာမိတ္ KNU အပါ၀င္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အားလုံးမွာ အသက္ႀကီးသူေတြ၊ ၀ါႀကီးသူေတြက သူတို႔ရဲ႕ ေနာက္လုိက္တပည့္ေတြကုိ ဦးေဆာင္ၿပီး ေတာခုိလာၾကတာျဖစ္ပါတယ္။
ဥပမာအားျဖင့္ ဗကပဆုိရင္ လြတ္လပ္ေရးလႈပ္ရွားမႈ ကာလကတည္းက ဖြဲ႔စည္းထားတဲ့ ပါတီႀကီးျဖစ္ၿပီး အဲဒီကေန ပါတီအလုိက္ ေတာခုိလာတာျဖစ္ပါတယ္။

အလားတူ ျပည္ခ်စ္လြတ္ေျမာက္ေရးတပ္ဦးဆုိရင္လည္း ၀န္ႀကီးခ်ဳပ္ေဟာင္းဦးနု၊ ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း ရဲေဘာ္သုံးက်ိပ္၀င္ ဗုိလ္လက်္ာတို႔လုိ အစဥ္လာႀကီးတဲ့ ပုဂၢိဳလ္ေတြက ဦးေဆာင္ၿပီး ေတာခုိလာတဲ့အဖြဲ႔စည္းျဖစ္ပါတယ္။ KNU ဆုိရင္လည္း ေစာဘဦးႀကီးကေန အခု ဗိုလ္ခ်ဳပ္ျမအထိ အစဥ္အလာရွိတဲ့ပုဂၢိဳလ္ေတြကေန မ်ဳိးဆက္အလုိက္ ဦးေဆာင္လာတဲ့ သက္ႀကီး၀ါႀကီး အဖြဲ႔ေတြျဖစ္လုိ႔ အုပ္ခ်ဳပ္ေရးကိစၥမွာ က်ေနာ္တို႔ေလာက္ မခက္ခဲဘူးလုိ႔ ထင္မိပါတယ္။

ဒါေပမယ့္ က်ေနာ္တို႔ က်ဳိးဖုိးတပ္မေတာ္မွာေတာ့ ဒိီလုိမဟုတ္။ အုပ္ခ်ဳပ္ေရးအေတြ႔အႀကံဳနဲ႔ပတ္သက္ၿပီး ၀န္ႀကီးခ်ဳပ္ေတြ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ေတြကို မဆုိထားနဲ႔ ရြာသူႀကီးလုပ္ဖူးသူေတာင္ ပါမလာဘူးလုိ႔ ထင္ပါတယ္။ တကယ္လုိ႔ သူႀကီးပါလာရင္လည္း အဲဒီလူက သူႀကီးလုိ႔ ေျပာရဲမွာမဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုရင္ မဆလမွာ တာ၀န္ထမ္းခဲ့သူအားလုံးကို ေက်ာင္းသားေတြက အျမင္ကပ္ေနလုိ႔ ျဖစ္ပါတယ္။ ဆုိေတာ့ က်ေနာ္တို႔ အားလုံးနီးပါးဟာ အသက္ ၂၀ ေက်ာ္ကာစ လူငယ္ေတြ၊ တကၠသိုလ္က ဘဲြ႔ရခါစ၊ ဘဲြ႔ရခါနီးပုဂၢိဳလ္ေတြ။ စိတ္ဓာတ္အရေရာ၊ ႐ုပ္ပုိင္း ဆုိင္ရာအရေရာ ကုိယ္ထက္ေတာ္သူေတာင္ ကုိယ့္ေလာက္မေတာ္ဘူးဆုိၿပီး ေသြးနားထင္ေရာက္ေနခ်ိန္မွာ ေတာခုိလာတဲ့လူေတြဆုိေတာ့ အားလုံးဗိုလ္ေတြခ်ည္း ျဖစ္ေနပါတယ္။

“မဆလကို မႀကိဳက္လုိ႔ ေတာခုိလာပါတယ္ဆုိမွ ခင္ဗ်ားက မဆလစတုိင္နဲ႔ အမိန္႔လာေပး ေနျပန္ၿပီ” ဆုိၿပီး တုိးတုိးတမ်ဳိး၊ မၾကားတၾကားတမ်ဳိး မၾကာခဏ က်ေနာ္အေျပာခံရဖူးပါတယ္။ “ေက်ာင္းသားတပ္မေတာ္ဆုိတာ ကမာၻမွာ တခုပဲရွိတယ္၊ ဘယ္အဖြဲ႔နဲ႔မွ မတူနုိင္ဘူး၊ လြတ္လပ္တဲ့တပ္မေတာ္ ျဖစ္တယ္၊ တင္းက်ပ္တဲ့ စည္းကမ္းေတြမလုိဘူး” လုိ႔ ေျပာဆုိၿပီး ထုတ္သမွ် စည္းမ်ဥ္းစည္းကမ္းေတြကို မလုိက္နာနုိင္ဘူးလုိ႔ လုပ္ေနသူေတြကိုလည္း ေတြ႔ရဖူးပါတယ္။

က်ေနာ္မွတ္မိသေလာက္ဆိုရင္ အဲဒီအခ်ိန္ထိ ေတာထဲမွာ ေပးခဲ့သမွ် သင္တန္းေတြထဲမွာ စစ္သင္တန္းနဲ႔ နုိ္င္ငံေရးသင္တန္းေလာက္ပဲ ရွိေသးၿပီး အုပ္ခ်ဳပ္မႈအတတ္ပညာ သင္တန္းေပးတယ္လုိ႔ တခါမွမၾကားမိေသးပါ။ နုိင္ငံေရးပညာနဲ႔ အုပ္ခ်ဳပ္ေရးပညာ ခပ္ဆင္ဆင္လုိ႔ထင္ရေပမယ့္ တကယ္ကေတာ့ မတူပါဘူး။ နုိင္ငံေရးသေဘာတရား သိပ္ေတာ္တဲ့လူေတြ အုပ္ခ်ဳပ္ေရးကိုင္တဲ့အခါ အဆင္မေျပတာေတြ၊ လူအမ်ားစုနဲ႔ အဆင္ေျပေအာင္ မေနတတ္တဲ့ နုိင္ငံေရးသမားေတြကုိ က်ေနာ္ေတြ႔ဖူးပါတယ္။

ဒီလုိနဲ႔ အုပ္ခ်ဳပ္ေရးပညာ ေလ့လာမွျဖစ္မယ္ဆုိၿပီး စာအုပ္စာတမ္းေတြ လုိက္ရွာေတာ့ ေဒါက္တာေမာင္ေမာင္ေရးထားတဲ့ “စီမံခန္႔ခဲြမႈ အတတ္ပညာ” ဆုိတဲ့စာအုပ္ကုိ ေရွ႕မွာေျပာခဲ့တဲ့ တပ္ရင္းစာၾကည့္တုိက္မွာ သြားေတြ႔ပါတယ္။


စစ္အာဏာသိမ္း တနွစ္ျပည့္ ဆႏၵျပပဲြ မင္းသမီးစခန္းတြင္ က်င္းပေနစဥ္

ဒါေပမယ့္ စိတ္ဓာတ္ေတြ သိပ္တက္ႂကြလြန္းေနတဲ့ က်ေနာ္တို႔ဟာ လူနဲ႔စာ၊ သုိ႔မဟုတ္ မဆလ သမၼတတာ၀န္ ထမ္းခဲ့ဖူးတဲ့လူနဲ႔ အဲဒီလူရဲ႕အတတ္ပညာကို သီးျခားစီ ခြဲျမင္နုိင္စြမ္းမရွိဘဲ မဆလ သမၼတေဟာင္း ေရးတဲ့စာအုပ္ဆုိရင္ေတာ့ မဆလစနစ္လုိပဲ ဆုိးလိမ့္မယ္လုိ႔ ေကာက္ခ်က္ဆဲြလုိ္က္ပါတယ္။ စာအုပ္ထဲမွာပါတဲ့ ပညာရပ္ဆုိင္ရာကိစၥေတြကုိ အေသခ်ာမေလ့လာေတာ့ဘဲ စာေရးသူရဲ႕အမည္ကို ၾကားတာနဲ႔ပဲ အဲဒီစာအုပ္ဟာ ပယ္စာရင္း ၀င္သြားပါေတာ့တယ္။

“အဲဒါႀကီးနဲ႔ေတာ့ မျဖစ္ဘူးထင္တယ္ ေဟ့လူ။ မဆလကို ေတာ္လွန္ဖုိ႔ ထြက္လာသူေတြကို မဆလ သမၼတ ေရးထားတဲ့ စာအုပ္ကုိင္ၿပီး သြားအုပ္ခ်ဳပ္ရင္ ျပႆနာတက္လိမ္မ့ယ္” ဆုိၿပီး က်ေနာ္တို႔ အုပ္ခ်ဳပ္ေရး ကုိင္ရသူေတြၾကား ျငင္းခုန္ၾကတာကိုလည္း အမွတ္ရေနပါတယ္။ “အဲဒီစာအုပ္ေတြ မလုိပါဘူးကြာ။ အုပ္ခ်ဳပ္ေရးမႉးေကာင္းဆုိတာ ကို္ယ္တုိင္ဘာမွ တတ္စရာမလုိဘူး။ တတ္ထားသူေတြကို စနစ္တက် ခုိင္းတတ္ဖုိ႔ပဲလုိတယ္” လုိ႔ ေျပာသူေတြလည္း ရွိပါတယ္။

ဒါက အုပ္ခ်ဳပ္ေရးနဲ႔ သေဘာတရား အပုိင္းပါ။ ဒါေပမယ့္ စစ္ေရးအပုိင္းမွာေတာ့ က်ေနာ္တို႔ က်ဳိးဖုိးေတြဟာ န၀တတပ္ရဲ႕ ဖြဲ႔စည္းပုံနဲ႔ အမိန္႔နာခံမႈကုိ အားက်ေနျပန္ပါတယ္။ မဆလ၊ န၀တ တပ္ထြက္ေတြေပးတဲ့ စစ္သင္တန္းကို KNU ကေပးတဲ့ စစ္သင္တန္းထက္ ပုိအေလးထားတာကို က်ေနာ္ေတြခဲ့ရပါတယ္။ အဲဒီကာလက အသုံးမ်ားတဲ့ စကားလုံးအတုိင္းဆုိရင္ေတာ့ “သေဘာတရားပါတဲ့ အမိန္႔နာခံမႈ” အေပၚအေျခခံထားတဲ့ တပ္မေတာ္မ်ဳိးကုိ တည္ေဆာက္ရမယ္လုိ႔ ေက်ာင္းသားေတြကခံ ယူထားပါတယ္။

ဒီလုိနဲ႔ က်ေနာ္တို႔ က်ဳိးဖုိးတပ္မေတာ္ဟာ ေရွ႕မွာတင္ျပခဲ့တဲ့ ေနာင္ေတာ္သူပုန္တပ္မေတာ္ အသီးသီးလုိ နုိင္ငံတကာဆီကလည္း စစ္ဖက္ဆုိင္ရာအကူညီ ဘာမွမရ၊ ရန္ပုံေငြလည္းမရွိ၊ အခြန္ေကာက္ဖို႔ နယ္ေျမလည္းမရွိ၊ ဘာဆိုဘာမွကုိ မရွိတာပါ။ စားဖုိ႔အတြက္ ရိကၡာကုိ အလႉရွင္ဆီက အလႉခံ၊ စစ္တုိက္ဖို႔ ေသနတ္ကုိ KNU ဆီက ၀ယ္ယူ၊ ေတာင္းယူ။ ဒါမွမဟုတ္ ေရွ႕တန္းမွာရွိတဲ့ န၀တ စခန္းေတြ၊ ရဲစခန္းေတြကို ၀င္သိမ္းၿပီးရေအာင္ယူ။ ပုိ႔ေဆာင္ဆက္သြယ္ေရးအတြက္ ယာဥ္ေတြကို သူမ်ားဆီက အကူညီေတာင္း။

ဒီလုိ ဘာမွမရွိတဲ့ တပ္မွာ ေရွ႕ကရဲေဘာ္ေတြ ေျပာခဲ့တဲ့ စကားလုံးအတုိင္းဆုိရင္ “ကမာၻမွာ တခါမွ မေပၚဖူးေသးတဲ့ ပထမဆုံး ေက်ာင္းသားတပ္မေတာ္” မွာ ဗုိလ္လုပ္ၿပီး ေန႔စဥ္ တပ္ရင္းလည္ပတ္ေရး ကိစၥေတြကို တကယ္တမ္း ဦးစီးေဆာင္ရြက္တဲ့အခါ တကယ့္ကုိ မလြယ္ပါဘူးခင္ဗ်ာ။

============================================

(အပိုင်း ၂၂)

ထက်အောင်ကျော် on March 15, 2012 6:38 pm 
အောက်မေ့ဖွယ် / ဧရာဝတီ။

နယ်မြေစိုးမိုးရေးနဲ့ တောတွင်းအုပ်ချုပ်ရေး

အဲဒီကာလ ကျနော်တို့တပ်တွေ လှုပ်ရှားတဲ့နေရာတွေကတော့ မြောက်ပိုင်းမှာဆိုရင် နတ်အိမ်တောင်စခန်းမှာ အခြေစိုက်ပြီးမွန်ပြည်သစ်ပါတီနဲ့ KNU နယ်စပ် နတ်ကြီးစင်၊ ရာဖူး၊ ကံပေါက်၊ ကလိန်အောင်ကနေ ထားဝယ်မြို့  အရှေ့ဘက်ရှိ မေတ္တာကျေးရွာနားအထိကို ဘိုင်သိန်းမြင့် ဦးဆောင်တဲ့ တပ်ခွဲ (၂) က တာဝန်ယူထားပါတယ်။ မေတ္တာ၊ ဖေါင်းတောဒေသကနေ ဘန်းချောင်းဒေသ၊ သရက်ချောင်းဒေသ၊ ပလောက်၊ ပြည်ခြားအထိကို ကိုဘုန်းကျော် ဦးဆောင်တဲ့ တပ်ခွဲ (၃) က တာဝန်ယူထားပါတယ်။ ပြည်ခြား၊ ထမင်းမစားကနေ မြိတ်မြို့အနီးက ပပြင်၊ ကျွဲကူးဒေသတွေအထိကို ကိုဖေသင် ဦးဆောင်တဲ့ တပ်ခွဲ (၁) က တာဝန်ယူထားပါတယ်။ (မြိတ်အောက်ပိုင်းနဲ့ တနင်္သာရီဒေသမှာတော့ တပ်ရင်း ၂၀၃ က လှုပ်ရှားနေပါတယ်)။


(၂၀၁) တပ်ရင်း တပ်ခွဲ (၂) မှ ကျောင်းသား စစ်သည်တချို့ကို ရေး-ထားဝယ် ကားလမ်းပေါ်တွင် တွေ့ရစဉ်

တကယ်ကတော့ ကျနော်တို့ ကျောင်းသားတပ်တွေ လှုပ်ရှားနေတဲ့ဒေသဟာ KNU တပ်မဟာ (၄) လှုပ်ရှားဒေသ သို့မဟုတ် အဲဒီကာလ ကျနော်တို့အခေါ် “အခြေခံဒေသ” တွေ ဖြစ်တဲ့အတွက် နေရာအတော်များများမှာ ABSDF-KNU ပူးတွဲ လှုပ်ရှားကြတာ ဖြစ်ပါတယ်။
ကျောင်းသားတွေရဲ့ အားသာချက်ကတော့ အရင်ရှိပြီးသား KNU အုပ်ချုပ်ရေးနယ်မြေ အနက်ရောင်ဒေသ၊ နှစ်ဖက်တပ်တွေ ရောက်လေ့ရှိတဲ့ အညိုရောင်ဒေသတွေကို ကျော်ပြီး မြို့ပြအနီးက အဖြူရောင်ဒေသလို့ခေါ်တဲ့ ကျေးလက်ဒေသဆီ ထိုးဖောက် စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီကာလက ကျနော်တို့ရဲ့ စကားလုံးအတိုင်း ဆိုရင်တော့ “ကျေးလက်ကိုအခြေခံ မြို့ပြကိုဝန်းရံ” ပေါ့။ ထားဝယ်မြို့ပေါ်က ခလရ (၂၅) တပ်ရင်းကို လက်နက်ကြီးနဲ့ ဝင်ပစ်နိုင်ခဲ့ပြီး ထားဝယ်နဲ့ ၆ မိုင်အကွာ၊ ကျနော်တို့ တောစခိုစဉ်က ဖြတ်လာခဲ့ဖူးတဲ့ ရှင်မုတ္တီးရွာအထိဝင်ပြီး စည်းရုံးရေးတရား ဟောနိုင်ခဲ့တာတွေဟာ ထင်ရှားတဲ့ သာဓကတွေ ဖြစ်ပါတယ်။
နောက်တခါ ရေဖြူမြို့နယ်အလွန် နှမ်းကျဲကျေးရွာကနေ ရေးမြို့နယ်အဝင် မလွဲတောင်အကြား ရေး-ထားဝယ် ကားလမ်းတလျှောက် မိုင် ၆၀-၇၀ ခန့်၊ သရက်ချောင်းမြို့နယ် အောက်ပိုင်းကနေ မြိတ်မြို့အဝင်နားအထိ မိုင် ၁၀၀ နီးပါးအရှည် ထားဝယ်မြိတ် ကားလမ်းပေါ်က ကျေးရွာတွေအားလုံးနီးပါးကိုလဲ KNU-ABSDF (နောက်ပိုင်းမှာတော့ DAB စစ်ကြောင်း) ပူးတွဲတပ်တွေက ထိမ်းချုပ်ထားနိုင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ကျနော်တို့ရဲ့ အမာခံရှေ့တန်း အခြေစိုက်စခန်းတွေဖြစ်တဲ့ ပြည်ခြား၊ လိပ်ဥသောင် ရွာတွေကနေတဆင့် ပင်လယ်ပြင်အထိထွက်ပြီး ထားဝယ်ကနေ ကော့သောင်ကြား ရေပြင်တလျှောက်ကိုလည်း ထိမ်းချုပ်ထားနိုင်တဲ့ ကာလတွေရှိခဲ့ဖူးတာကို ကျနော်မှတ်မိနေပါတယ်။

ကျနော်ဟာ နယ်မြေကော်မီတီမှာ တနှစ်ခန့် တာဝန်ထမ်းဖူးတယ်ဆိုပေမယ့် အထက်က လူတွေရဲ့ထုံးစံအတိုင်း ကျနော်တို့နဲ့ ရဲဘော်ထုကြား တိုက်ရိုက်ဆက်ဆံဖူးတာမျိုး မရှိသလောက်ပါပဲ။ ဒါပေမယ့် အခု တပ်ရင်း (၂၀၁) ရဲ့ တပ်ထောက်ဗိုလ်ကြီးတာဝန် ယူရတဲ့အခါမှာတော့ ရဲဘော်ထုရဲ့နေ့စဉ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရတာတွေ၊ အထွေထွေ အုပ်ချုပ်ရေးကိစ္စတွေနဲ့ အတော့်ကို အလုပ်ရှုပ်လာပါတယ်။ ရိက္ခာကို ၇ ရက်တခါ ထုတ်ပေးရပြီး အဲဒီလိုထုတ်တဲ့နေ့ဆိုရင် တမနက်လုံး မအားပါဘူး။

အဲဒီကာလ ရိက္ခာခွဲတမ်း နှုန်းထားတွေကတော့ ရဲဘော်တဦးအတွက် တနေ့ဆန် ၃ ဗူး (နို့ဆီဗူးခွက်နဲ့)၊ ဆား အကန့်အသတ်မရှိ၊ ငါးပိ၊ ဆီ၊ ပဲ၊ ငရုတ်သီး၊ ကြက်သွန်တို့ကတော့ အကန့်အသတ်နဲ့ အနည်းအကျဉ်းသာ ထုတ်ပေးနိုင်ပြီး ဟင်းလျာအတွက် ငွေတပြားမှ မပေးနိုင်ပါ။ ဒါဟာ BCG ကနေ မင်းသမီးစခန်းအတွက် တလတလ ဘတ်ငွေ ၅ သောင်း၊ ၆ သောင်းလောက်အထိ လှူဒါန်းနေတဲ့ အချိန်မှာရတဲ့ ခွဲတမ်းဖြစ်ပြီး နောက်ပိုင်းမှာတော့ အလှူငွေ ကျဆင်းတာနဲ့အမျှ ရိက္ခာခွဲတမ်းကလည်း တဖြည်းဖြည်း ထပ်နည်းသွားပါတယ်။

တပတ် ၁၀ ရက်လောက်နဲ့ တော်လှန်ရေးအောင်မယ်ထင်ပြီး တောခိုလာတဲ့ ကျနော်တို့ဟာ ဒီလို မလောက်ငှတဲ့ ရိက္ခာတွေကို တောထဲမှာ တွေ့သမျှ သစ်သီးသစ်ရွက်တွေ၊ ဝါးမျှစ်တွေနဲ့ ပေါင်းစပ်၊ တောထဲမှာ တွေ့သမျှ တောကောင်တွေ၊ ငှက်တွေ၊ မျောက်တွေ၊ ခွေးတွေ၊ ကြောင်တွေ၊ မြွေတွေ၊ ကင်းတွေ၊ တောက်တဲ့နဲ့ ကင်းခြေများပါမကျန် စားလို့ရသမျှ စားစရာတွေကို ဖြစ်သလိုစားပြီး ၁၀ နှစ်နီးပါး ရှင်သန်နိုင်ခဲ့တဲ့ဘဝတွေဟာ အခု နော်ဝေးနိုင်ငံလို တနေ့ခရိုနာ ငွေ ၁၀၀ (၁၈ ဒေါ်လာနီးပါး) စားစရိတ်အဖြစ် အသုံးပြုတဲ့နိုင်ငံက လူတွေသာဆိုရင် ကျနော်တို့လို မရှင်သန်နိုင်ဘဲ အားလုံးအဟာရ ပြတ်ပြီး သေကုန်မလားလို့တောင် စဉ်းစားနေမိပါတယ်။

BCG ကနေ တလ ၅ သောင်းကျော် ရတယ်ဆိုတာကလည်း ကျနော်တို့လက်ထဲ ငွေသားတွေ ပေးသွားတာမျိုး မဟုတ်ပါ။ ထောင်ဂဏန်းလောက်ကိုပဲ စီမံခန့်ခွဲမှုစရိတ်အဖြစ် ငွေသားထုတ်ပေးပြီး ကျန်တာ အားလုံးကိုတော့ သူတို့ကိုယ်တိုင်လိုက်ပြီး ကန်ချနဘူရီမှာ ရိက္ခာတွေ ဝယ်ပေးသွားတာဖြစ်ပါတယ်။ နောက်ပိုင်းမှ ပြန်သိရတာကတော့ ဒီလိုငွေသားပေးလိုက်ရင် ကျောင်းသားတွေဟာ အဲဒီငွေကို ရိက္ခာမဝယ်ဘဲ လက်နက်ဝယ်မှာစိုးလို့၊ သူတို့ရဲ့အလှူငွေဟာ လူသားချင်းစာနာတဲ့ အကူညီသာဖြစ်တဲ့အတွက် စစ်ဘက်မှာ အသုံးပြုခွင့် မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် အဲဒီကာလကတော့ လူသားချင်းစာနာတဲ့ အကူညီလား၊ ဘာအတွက်ပေးတဲ့ အကူညီလည်း စဉ်းစားဖို့ အချိန်မရ။ သူတို့ဝယ်ပေးခဲ့တဲ့ ရိက္ခာတွေကို ပြန်ရောင်းပြီးဖြစ်စေ၊ တခြားနည်းနဲ့ဖြစ်စေ ရသမျှငွေတွေစုပြီး လက်နက်ဝယ်ရေးကိုပဲ အဓိကဦး စားပေးခဲ့ပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့ဟာ သူပုန်စစ်သားကြီးတွေ၊ သူပုန်တပ်မတော်တွေလို့ ကိုယ်ဖာသာ ကြေညာထားပေမယ့် နိုင်ငံတကာအလှူရှင်တွေနဲ့ သတင်းထောက်တွေရဲ့ အမြင်မှာတော့ ကျနော်တို့ဟာ စစ်တပ်ရဲ့ဖိနှိပ်မှုကို မခံနိုင်လို့ နယ်စပ်ဆီထွက်ပြေးလာတဲ့ ကျောင်းသားဒုက္ခသည်လေးတွေလို့ပဲ သဘောထားပုံရပါတယ်။ ဒါကြောင့်လည်း ဘယ်နိုင်ငံကမှ လက်နက်နဲ့စစ်ရေး အကူညီမပေးဘဲ ရိက္ခာ၊ ဆေးဝါးနဲ့ စာအုပ်စာတမ်းတွေပဲ လာပေးနေတာ ဖြစ်ပုံရပါတယ်။


ထားဝယ်-မြိတ် ကားလမ်းအနီးက ABSDF စစ်ကြောင်းတခု 

တခါ ကျနော်တို့ ကျောင်းသားတွေကြားမှာလည်း နိုင်ငံတကာဘက်က အဲဒီလိုအမြင် ရှိနေတဲ့အပေါ် သဘောထား ၂ မျိုး ရှိနေပုံရပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီကာလဟာ Asiaweek မဂ္ဂဇင်းရဲ့ အအောင်မြင်ဆုံး ကာလတွေဖြစ်ပြီး အဲဒီမဂ္ဂဇင်းထဲက Eyewitness ကဏ္ဍဟာ ရေပန်းစားပါတယ်။ တောခိုကျောင်းသားတွေ အကြောင်း ဓာတ်ပုံတွေ Eyewitness မှာ အပတ်စဉ်လိုလို ပါရှိခဲ့ပြီး သီဘောဘိုးစခန်းရောက် ဘုန်းတော်ကြီးတပါး AK 47 ကိုင်နေပုံ၊ မင်းသမီးစခန်းမှ ရဲမေတချို့ ၁၀ ပေ လောက်အမြင့်ရှိတဲ့ သစ်ပင် ၂ ပင်ကြားက ကြိုးတန်းပေါ်တွားသွားပြီး စစ်ရေးလေ့ကျင့်နေပုံတွေဟာ အဲဒီကာလက အတော်ထင်ရှားခဲ့ပါတယ်။

အဲဒီပုံတွေကိုကြည့်ပြီး “ကောင်းလိုက်တဲ့ပုံတွေကွာ။ ငါတို့ရဲ့လက်နက်ကိုင်တိုက်ပွဲကို ကမ္ဘာသိအောင် ဆက်လုပ်ရမယ်” လို့ ဗဟိုနဲ့ နယ်မြေကော်မတီ ခေါင်းဆောင်တချို့က ပြောဆိုဖူးပါတယ်။ ဒါပေမယ့် တချို့ကတော့ “ပြဿနာပဲ၊ သေနတ်ကိုင်ထားတဲ့ပုံတွေ မီဒီယာမှာ ပေါ်တင်ကြီးပါလာရင် ဒုက္ခရောက်လိမ့်မယ်၊ နိုင်ငံတကာအလှူတွေ လျော့သွားနိုင်တယ်” လို့ စိုးရိမ်မှုနဲ့ ပြောကြတာကိုလည်း ကျနော်အမှတ်ရနေပါတယ်။

ကျောင်းသားတပ်မတော်ဆိုတာ ကမ္ဘာမှာ တခုပဲရှိတယ်

ဒါက ရိက္ခာနဲ့ လက်နက်အပိုင်းပါ။ အုပ်ချုပ်ရေးဘက်ကို ပြန်လှည့်ရမယ်ဆိုရင်တော့ တပ်ထောက်တာဝန် ယူနေတဲ့ ကျနော်ရော၊ စခန်းကော်မတီတာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေရော အားလုံးဟာ အခု တန်းစီပြီး ဆန်လာထုတ်နေတဲ့ ရဲဘော်တွေနဲ့ အတန်းတူတူ၊ အသက်အရွယ် အတူတူနီးပါးတွေ ဖြစ်တဲ့အတွက် ပေးအပ်ထားတဲ့ တာဝန်အပေါ် ရဲဘော်ထုက လေးစာအသိမှတ်ပြုဖို့၊ အမိန့်နာခံဖို့အရေးဟာ အတော်အချိန်ယူခဲ့ရပါတယ်။ တပ်ဖွဲ့ဝင်အများစုကြီး ဒီလို သက်တူ၊ ရွယ်တူ၊ အတန်းတူတွေ ဖြစ်နေတာကိုက ကျောင်းသားတပ်မတော်ရဲ့ထူးခြားချက်ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ကျနော်တို့အရင် တောခိုခဲ့တဲ့ ဟိုး လွတ်လပ်ရေးခေတ်ဦးကာလ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ခေတ်ကနေ ပြည်ချစ်ခေတ်အထိ၊ အခုကျနော်တို့ရဲ့ မဟာမိတ် KNU အပါဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးမှာ အသက်ကြီးသူတွေ၊ ဝါကြီးသူတွေက သူတို့ရဲ့ နောက်လိုက်တပည့်တွေကို ဦးဆောင်ပြီး တောခိုလာကြတာဖြစ်ပါတယ်။
ဥပမာအားဖြင့် ဗကပဆိုရင် လွတ်လပ်ရေးလှုပ်ရှားမှု ကာလကတည်းက ဖွဲ့စည်းထားတဲ့ ပါတီကြီးဖြစ်ပြီး အဲဒီကနေ ပါတီအလိုက် တောခိုလာတာဖြစ်ပါတယ်။

အလားတူ ပြည်ချစ်လွတ်မြောက်ရေးတပ်ဦးဆိုရင်လည်း ဝန်ကြီးချုပ်ဟောင်းဦးနု၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျ်ာတို့လို အစဉ်လာကြီးတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး တောခိုလာတဲ့အဖွဲ့စည်းဖြစ်ပါတယ်။ KNU ဆိုရင်လည်း စောဘဦးကြီးကနေ အခု ဗိုလ်ချုပ်မြအထိ အစဉ်အလာရှိတဲ့ပုဂ္ဂိုလ်တွေကနေ မျိုးဆက်အလိုက် ဦးဆောင်လာတဲ့ သက်ကြီးဝါကြီး အဖွဲ့တွေဖြစ်လို့ အုပ်ချုပ်ရေးကိစ္စမှာ ကျနော်တို့လောက် မခက်ခဲဘူးလို့ ထင်မိပါတယ်။

ဒါပေမယ့် ကျနော်တို့ ကျိုးဖိုးတပ်မတော်မှာတော့ ဒီလိုမဟုတ်။ အုပ်ချုပ်ရေးအတွေ့အကြုံနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်တွေ၊ ကာကွယ်ရေးဦးစီးချုပ်တွေကို မဆိုထားနဲ့ ရွာသူကြီးလုပ်ဖူးသူတောင် ပါမလာဘူးလို့ ထင်ပါတယ်။ တကယ်လို့ သူကြီးပါလာရင်လည်း အဲဒီလူက သူကြီးလို့ ပြောရဲမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် မဆလမှာ တာဝန်ထမ်းခဲ့သူအားလုံးကို ကျောင်းသားတွေက အမြင်ကပ်နေလို့ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ အားလုံးနီးပါးဟာ အသက် ၂၀ ကျော်ကာစ လူငယ်တွေ၊ တက္ကသိုလ်က ဘွဲ့ရခါစ၊ ဘွဲ့ရခါနီးပုဂ္ဂိုလ်တွေ။ စိတ်ဓာတ်အရရော၊ ရုပ်ပိုင်း ဆိုင်ရာအရရော ကိုယ်ထက်တော်သူတောင် ကိုယ့်လောက်မတော်ဘူးဆိုပြီး သွေးနားထင်ရောက်နေချိန်မှာ တောခိုလာတဲ့လူတွေဆိုတော့ အားလုံးဗိုလ်တွေချည်း ဖြစ်နေပါတယ်။

“မဆလကို မကြိုက်လို့ တောခိုလာပါတယ်ဆိုမှ ခင်ဗျားက မဆလစတိုင်နဲ့ အမိန့်လာပေး နေပြန်ပြီ” ဆိုပြီး တိုးတိုးတမျိုး၊ မကြားတကြားတမျိုး မကြာခဏ ကျနော်အပြောခံရဖူးပါတယ်။ “ကျောင်းသားတပ်မတော်ဆိုတာ ကမ္ဘာမှာ တခုပဲရှိတယ်၊ ဘယ်အဖွဲ့နဲ့မှ မတူနိုင်ဘူး၊ လွတ်လပ်တဲ့တပ်မတော် ဖြစ်တယ်၊ တင်းကျပ်တဲ့ စည်းကမ်းတွေမလိုဘူး” လို့ ပြောဆိုပြီး ထုတ်သမျှ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာနိုင်ဘူးလို့ လုပ်နေသူတွေကိုလည်း တွေ့ရဖူးပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီအချိန်ထိ တောထဲမှာ ပေးခဲ့သမျှ သင်တန်းတွေထဲမှာ စစ်သင်တန်းနဲ့ နိုင်ငံရေးသင်တန်းလောက်ပဲ ရှိသေးပြီး အုပ်ချုပ်မှုအတတ်ပညာ သင်တန်းပေးတယ်လို့ တခါမှမကြားမိသေးပါ။ နိုင်ငံရေးပညာနဲ့ အုပ်ချုပ်ရေးပညာ ခပ်ဆင်ဆင်လို့ထင်ရပေမယ့် တကယ်ကတော့ မတူပါဘူး။ နိုင်ငံရေးသဘောတရား သိပ်တော်တဲ့လူတွေ အုပ်ချုပ်ရေးကိုင်တဲ့အခါ အဆင်မပြေတာတွေ၊ လူအများစုနဲ့ အဆင်ပြေအောင် မနေတတ်တဲ့ နိုင်ငံရေးသမားတွေကို ကျနော်တွေ့ဖူးပါတယ်။

ဒီလိုနဲ့ အုပ်ချုပ်ရေးပညာ လေ့လာမှဖြစ်မယ်ဆိုပြီး စာအုပ်စာတမ်းတွေ လိုက်ရှာတော့ ဒေါက်တာမောင်မောင်ရေးထားတဲ့ “စီမံခန့်ခွဲမှု အတတ်ပညာ” ဆိုတဲ့စာအုပ်ကို ရှေ့မှာပြောခဲ့တဲ့ တပ်ရင်းစာကြည့်တိုက်မှာ သွားတွေ့ပါတယ်။


စစ်အာဏာသိမ်း တနှစ်ပြည့် ဆန္ဒပြပွဲ မင်းသမီးစခန်းတွင် ကျင်းပနေစဉ်

ဒါပေမယ့် စိတ်ဓာတ်တွေ သိပ်တက်ကြွလွန်းနေတဲ့ ကျနော်တို့ဟာ လူနဲ့စာ၊ သို့မဟုတ် မဆလ သမ္မတတာဝန် ထမ်းခဲ့ဖူးတဲ့လူနဲ့ အဲဒီလူရဲ့အတတ်ပညာကို သီးခြားစီ ခွဲမြင်နိုင်စွမ်းမရှိဘဲ မဆလ သမ္မတဟောင်း ရေးတဲ့စာအုပ်ဆိုရင်တော့ မဆလစနစ်လိုပဲ ဆိုးလိမ့်မယ်လို့ ကောက်ချက်ဆွဲလိုက်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ ပညာရပ်ဆိုင်ရာကိစ္စတွေကို အသေချာမလေ့လာတော့ဘဲ စာရေးသူရဲ့အမည်ကို ကြားတာနဲ့ပဲ အဲဒီစာအုပ်ဟာ ပယ်စာရင်း ဝင်သွားပါတော့တယ်။

“အဲဒါကြီးနဲ့တော့ မဖြစ်ဘူးထင်တယ် ဟေ့လူ။ မဆလကို တော်လှန်ဖို့ ထွက်လာသူတွေကို မဆလ သမ္မတ ရေးထားတဲ့ စာအုပ်ကိုင်ပြီး သွားအုပ်ချုပ်ရင် ပြဿနာတက်လိမ်မ့ယ်” ဆိုပြီး ကျနော်တို့ အုပ်ချုပ်ရေး ကိုင်ရသူတွေကြား ငြင်းခုန်ကြတာကိုလည်း အမှတ်ရနေပါတယ်။ “အဲဒီစာအုပ်တွေ မလိုပါဘူးကွာ။ အုပ်ချုပ်ရေးမှူးကောင်းဆိုတာ ကိုယ်တိုင်ဘာမှ တတ်စရာမလိုဘူး။ တတ်ထားသူတွေကို စနစ်တကျ ခိုင်းတတ်ဖို့ပဲလိုတယ်” လို့ ပြောသူတွေလည်း ရှိပါတယ်။

ဒါက အုပ်ချုပ်ရေးနဲ့ သဘောတရား အပိုင်းပါ။ ဒါပေမယ့် စစ်ရေးအပိုင်းမှာတော့ ကျနော်တို့ ကျိုးဖိုးတွေဟာ နဝတတပ်ရဲ့ ဖွဲ့စည်းပုံနဲ့ အမိန့်နာခံမှုကို အားကျနေပြန်ပါတယ်။ မဆလ၊ နဝတ တပ်ထွက်တွေပေးတဲ့ စစ်သင်တန်းကို KNU ကပေးတဲ့ စစ်သင်တန်းထက် ပိုအလေးထားတာကို ကျနော်တွေခဲ့ရပါတယ်။ အဲဒီကာလက အသုံးများတဲ့ စကားလုံးအတိုင်းဆိုရင်တော့ “သဘောတရားပါတဲ့ အမိန့်နာခံမှု” အပေါ်အခြေခံထားတဲ့ တပ်မတော်မျိုးကို တည်ဆောက်ရမယ်လို့ ကျောင်းသားတွေကခံ ယူထားပါတယ်။

ဒီလိုနဲ့ ကျနော်တို့ ကျိုးဖိုးတပ်မတော်ဟာ ရှေ့မှာတင်ပြခဲ့တဲ့ နောင်တော်သူပုန်တပ်မတော် အသီးသီးလို နိုင်ငံတကာဆီကလည်း စစ်ဖက်ဆိုင်ရာအကူညီ ဘာမှမရ၊ ရန်ပုံငွေလည်းမရှိ၊ အခွန်ကောက်ဖို့ နယ်မြေလည်းမရှိ၊ ဘာဆိုဘာမှကို မရှိတာပါ။ စားဖို့အတွက် ရိက္ခာကို အလှူရှင်ဆီက အလှူခံ၊ စစ်တိုက်ဖို့ သေနတ်ကို KNU ဆီက ဝယ်ယူ၊ တောင်းယူ။ ဒါမှမဟုတ် ရှေ့တန်းမှာရှိတဲ့ နဝတ စခန်းတွေ၊ ရဲစခန်းတွေကို ဝင်သိမ်းပြီးရအောင်ယူ။ ပို့ဆောင်ဆက်သွယ်ရေးအတွက် ယာဉ်တွေကို သူများဆီက အကူညီတောင်း။

ဒီလို ဘာမှမရှိတဲ့ တပ်မှာ ရှေ့ကရဲဘော်တွေ ပြောခဲ့တဲ့ စကားလုံးအတိုင်းဆိုရင် “ကမ္ဘာမှာ တခါမှ မပေါ်ဖူးသေးတဲ့ ပထမဆုံး ကျောင်းသားတပ်မတော်” မှာ ဗိုလ်လုပ်ပြီး နေ့စဉ် တပ်ရင်းလည်ပတ်ရေး ကိစ္စတွေကို တကယ်တမ်း ဦးစီးဆောင်ရွက်တဲ့အခါ တကယ့်ကို မလွယ်ပါဘူးခင်ဗျာ။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More