tag:blogger.com,1999:blog-5131195809686317712024-03-18T15:38:04.148-07:00Htet Aung Kyawသတင္းသမားတဦးရဲ့ အေတြးအျမင္မ်ားHtet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.comBlogger1706125tag:blogger.com,1999:blog-513119580968631771.post-64704656940622899342024-03-18T15:37:00.000-07:002024-03-18T15:37:09.282-07:00“စစ်ကောင်စီစခန်း ၁၀ ခုခန့်ကို KIA က သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင...

“စစ်ကောင်စီစခန်း ၁၀ ခုခန့်ကို KIA က သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၉ -၃- ၂၀၂၄)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တာပိန်မြစ် အနီးဝန်းကျင်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်း ၈ -ခုကို မတ်လ ၁၇ ရက်မှာ KIA -ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်အဖွဲ့ တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ ရွှေဖီမြေက ဖေါ်ပြပါတယ်။

လိုင်ဇာဌာနချုပ်ဝန်းကျင်ရှိ ဗျုဟာအရ အရေးပါတဲ့ စခန်းတွေအပါဝင် ၀၃၀၇ စစ်ဆင်ရေးအတွင်း စခန်းပေါင်း ၂ ဒါဇင်ကျော်ကို သိမ်းပြီးတဲ့နောက် အခု မိုးမောက်ဖက်က စခန်းငယ်တွေကိုပါထပ်သိမ်းလိုက်တာဖြစ်ပါတယ်။ အရင်က စစ်ကောင်စီသိမ်းထားတဲ့ လိုင်ဇာအဝင် မုဒ်ဦးကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေပြီလို့ဒေသခံတွေပြောတာကို ကိုးကားဖေါ်ပြထားပါတယ်။

တချိန်တည်းမှာပဲ တနိုင်းဒေသ နမ့်ကောန်(Namkawn) စစ်တပ်စခန်းကို KIA နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးရတဲ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ KNG (Kachin News Group) က ဖေါ်ပြပါတယ်။ ဆွမ်ပရာဘွမ်ဖက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဟိုပုံမြို့နယ်ရှိ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ ကြိမ်ကြဲချတဲ့အတွက် နေအိမ်တွေပျက်စီး...

- သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရဲစခန်းကနေ ကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဆက်တိုက်ပစ်ခတ်တဲ့အတွက် ရွာသားတွေတိမ်းရှောင်နေရ...

- မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း Myaing Villages Revolution Front (MVRF) က ရဲဘော်တွေကို ယူနီဖောင်း ပေးအပ်ခြင်းအခမ်းအနားကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-28852901206003006862024-03-17T15:22:00.000-07:002024-03-17T15:22:45.801-07:00“ရသေ့တောင်မြို့ကို AA သိမ်းပိုက်... ကလေးမြို့တိုက်ပွဲမှာ လက်နက် ၂၀ နီးပါ...

“ရသေ့တောင်မြို့ကို AA သိမ်းပိုက်... ကလေးမြို့တိုက်ပွဲမှာ လက်နက် ၂၀ နီးပါးရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၈- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အခြေစိုက် “ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈)” တပ်ရင်းဌာနချုပ် (၃) ခုစလုံးကို မတ်လ (၁၇) ရက်၊ ညနေ (၄) နာရီခန့်မှာ AA ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ပြီလို့ AA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဖက်ကနေ ကြည်း၊ ရေ၊ လေ အစုံသုံးပြီး အပြင်းအထန်ခုခံနေတဲ့ကြားက အခုလို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအင်အား ၂၀၀ ခန့်ဟာ စစ်သင်္ဘောတွေနဲ့ ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားပေမယ့် စစ်မှုထမ်းဥပဒေသစ်အရ လောလောလတ်လတ် စစ်သင်တန်းပေးထားတဲ့ ဘင်္ဂလီအချို့ရဲ့ အလောင်းတွေ၊ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းမိတယ်လို့ AA က ပြောပါတယ်။

ဘူးသီးတောင်မြို့ရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်မြင့်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရသေ့တောင်မတိုင်ခင် AA က သိမ်းပိုက်ခဲ့တဲ့မြို့တွေကတော့ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဍားကျွန်း၊ ရမ်းဗြဲ တို့ဖြစ်တဲ့အတွက် အားလုံး ၉ မြို့ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်မြို့နယ်ရှိ ကျိုက်ဒုံဗျုဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး-ငယ် ၁၀၀ နီးပါး ရရှိတယ်လို့ KNLA စစ်ရုံးချုပ်က သတင်းထုတ်ပြန်...

- မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သက္ကော့ကျေးရွာရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်...

- စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီး စစ်ကြောင်း ၂- ခုကို ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် လက်နက်မျိုးစုံ (၁၉) လက်ရရှိ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-28323891329973191192024-03-16T18:30:00.000-07:002024-03-16T18:30:50.901-07:00“စစ်ကောင်စီဟာ နိုင်ငံရေးအပြင် လက်တွေ့ မြေပြင်မှာပါ ရှုံးနေပြီဆိုတာကို အာ...

“စစ်ကောင်စီဟာ နိုင်ငံရေးအပြင် လက်တွေ့ မြေပြင်မှာပါ ရှုံးနေပြီဆိုတာကို အားလုံးက သဘောပေါက်လာကြပြီဖြစ်တယ်”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

(၁၇ - ၃ -၂၀၂၄)

“စစ်ကောင်စီဟာ နိုင်ငံရေး ပြည်တွင်း-ပြည်ပမှာ ခေါင်းမဖေါ်နိုင်အောင် ရှုံးနိမ့်နေတဲ့အပြင် အခုဆိုရင် မြေပြင်မှာ စစ်ပွဲတွေရှုံးနေတာကို အားလုံးက သဘောပေါက်လာကြပြီဖြစ်တယ်။ ဒါကြောင့် အင်အားစုအားလုံးက နွေဦးတော်လှန်ရေးထဲ ပူးပေါင်းလာနေတာဖြစ်တယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

ထိုင်းပါလီမန်မှာကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲအပါဝင် ထိုင်း-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်လာတာ၊ NCA လမ်းကြောင်းက အဖွဲ့တွေ နွေဦးတော်လှန်ရေးထဲပါလာတာ၊ စစ်ကောင်စီဟာ နိုင်ငံရေးအရခေါင်းမဖော်နိုင်တဲ့အပြင် စစ်ရေးအရပါ ရှုံးနိမ့်လာနေတာတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ထိုင်းပါလီမန်အတွင်းက မြန်မာ့အရေးဆွေးနွေးပွဲ နိုင်ငံရေးအရ ဘယ်လိုအဓိပါယ်ဆောင်သလဲ...

- ပအိုဝ်းအဖွဲ့၊ ကရင်-နယ်ခြားစောင့်အဖွဲ့၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့တွေ နွေဦးတော်လှန်ရေးထဲပါလာခြင်းက ဘယ်လောက်ခွန်အားဖြစ်စေနိုင်သလဲ...

- တော်လှန်ရေးတပ်ပေါင်းစုရဲ့ထိုးစစ်က စစ်ကောင်စီကို ဘယ်လောက်အထိ ဖြိုချနိုင်နေပြီလဲ...

- စစ်အာဏာရှင်အလွန်ခေတ်အတွက် တော်လှန်ရေးအင်အားစုတွေ ဘယ်လောက်အထိ ရက်ဒီ- ဖြစ်နေပြီလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-91768913112446534862024-03-16T16:13:00.000-07:002024-03-16T16:13:23.257-07:00“ကနီမြို့တိုက်ပွဲ စစ်ကောင်စီဖက်က အကျအဆုံးများ... မေတ္တာမြို့မှာ တိုက်ပွဲ...

“ကနီမြို့တိုက်ပွဲ စစ်ကောင်စီဖက်က အကျအဆုံးများ... မေတ္တာမြို့မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၇- ၃- ၂၀၂၄)

စစ်ကိုင်းတိုင်း ကနီမြို့သိမ်းတိုက်ပွဲ ၁၁ ရက်တာအတွင်း စစ်ကောင်စီဖက်က ၄၇ ဦးသေဆုံး၊ လက်နက်ကြီး-ငယ် ၁၀ လက် သိမ်းမိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂ ရက်ကနေ ၁၂ ရက်အထိ တိုက်ပွဲအတွင်း ကနီမြို့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့မှာ အခြေချထားတဲ့ နယ်မြေခံတပ် ခလရ (၈၇၊ ၈၉၊ ၂၂၂) တပ်ရင်းတွေ၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်၊ လေကြောင်းနဲ့ လာချပေးတဲ့ အင်အား (၁၂၀) ခန့်နဲ့ ရေဦးမြို့က စစ်ကူလာတဲ့ ဘီလူးစစ်ကြောင်း အင်အား (၈၀) စသဖြင့် စစ်ကောင်စီဖက်က အင်အားများစွာသုံးပြီး ခုခံခဲ့တယ်လို့ဆိုပါတယ်။

တော်လှန်ရေးတပ်တွေဖက်တော့ ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ (တပ်ရင်း ၁၃ ခု)၊ LPDF တွေ၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ ကနီမြို့နယ် ပအဖ၊ ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

စစ်ကောင်စီဖက်က တပ်ရင်း ၆ ရင်း အင်အားများစွာနဲ့ ခုခံတဲ့အပြင် Mi-35၊ Jet Fighter တို့ကနေလည်း လကြောင်းတိုက်ခိုက်မှု (၅၄) ကြိမ်၊ Y-12 နဲ့ ဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၄၇ ဦးသေဆုံး၊ အလောင်း ၁၁ လောင်းနဲ့ လက်နက်ကြီး-ငယ် ၁၀ လက်ရရှိပြီး PDF ဖက်က ရဲဘော် (၁၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုက ကနီမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဖက်က စစ်ကူအများအပြားထပ်ပို့ခြင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတဲ့အတွက် မတ်လ (၁၂) ရက်မှာ ကနီမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့ သားအမိ ၂ ဦးသေဆုံးပြီး အချိုု့ဒဏ်ရာရ...

- ထားဝယ်ခရိုင်၊ မေမတ္တာမြို့မှာ သီတင်းတပတ်နီးကြာ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဖက်က လေကြောင်းကနေ မြို့ကို ဗုံးကြဲနေ...

- KIO ဌာနချုပ် လိုင်ဇာမြို့မှာ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်က ဘွဲနှင်းသဘင်အခမ်းအနား ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-81659271404321172992024-03-15T15:05:00.000-07:002024-03-15T15:05:05.762-07:00“ရသေ့တောင်မြို့သိမ်းနိုင်ရေး AA က စစ်ရှိန်မြှင့်... KIA နဲ့ KNLA တို့က စ...

“ရသေ့တောင်မြို့သိမ်းနိုင်ရေး AA က စစ်ရှိန်မြှင့်... KIA နဲ့ KNLA တို့က စစ်ကောင်စီရဲ့ ဗျုဟာကုန်းတွေကို သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၆- ၃- ၂၀၂၄)

ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေကို AA ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်နေပြီး ဝိုင်းရံပိတ်ဆို့တာ၊ ဖြတ်တောက်တာတွေကို ပြုလုပ်နေတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတပ်စခန်းတွေကတော့ ရသေ့တောင်မြို့အခြေစိုက် “ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈)” တပ်ရင်းဌာနချုပ်စခန်းတွေ၊ ဘူးသီးတောင်မြို့ရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်း၊ မောင်တောမြို့နယ်အတွင်းက လက်ကျန်နယ်ခြားစောင့်စခန်း အချို့ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဖက် ရာနဲ့ချီထွက်ပြေးတာတွေလည်းရှိနေပါတယ်။ ဒီမြို့နယ် ၃ ခုမှာ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေအားလုံးကို သိမ်းနိုင်အောင်၊ စစ်ကောင်စီကင်းစင်အောင် ဆက်လက်ဆောင်ရွက်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်မှာတော့ လိုင်ဇာဌာနချုပ်ကို စစ်ရေးအရခြိမ်းခြောက်နေတဲ့ ဘွမ်ရယ်ဘွမ်တောင် စစ်ကောင်စီ ဗျုဟာကုန်းကို မနေ့က နေ့လယ် ၂ နာရီခန့်မှာ အပြီးသိမ်းပိုက်ပြီဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ် (KIA) က BNN ကို ပြောပါတယ်။

ဒါ့အပြင်...

- ဆွမ်ပရာဘွမ်ဖက်မှာလည်း KIA နဲ့ မဟာမိတ် PDF တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆက်လုပ်နေပြီး ဆွမ်ပရာဘွမ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ...

- ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကျိုက်ဒုံ စစ်ကောင်စီဗျူဟာကုန်းကို KNLA နဲ့ မဟာမိတ်တွေက သိမ်းပိုက်စဉ် ဗျူဟာမှူးအပါအဝင် (၆၆) ဦး အလံဖြူထောင် လက်နက်ချ...

- မုဒုံမြို့နယ်၊ ကမာဝက်မြို့ နယ်မြေ ရဲစခန်းမှူးစီးလာတဲ့ ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ကြားဖြတ် တိုက်ခိုက်...

- ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတဲ့အတွက် ကျောင်းဆောင် ၂ ခုပျက်စီးပြီး ကိုရင် ၂ ပါးလည်း ထိခိုက်ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-44866525447137030932024-03-15T04:38:00.000-07:002024-03-15T04:38:48.928-07:00“ဘွမ်ရယ်ဘွမ် စစ်ကောင်စီ ဗျုဟာကုန်းကို KIA သိမ်းပိုက်... ကျိုက်ဒုံ ဗျူဟာမ...

“ဘွမ်ရယ်ဘွမ် စစ်ကောင်စီ ဗျုဟာကုန်းကို KIA သိမ်းပိုက်... ကျိုက်ဒုံ ဗျူဟာမှူးနှင့်အဖွဲ့ အလံဖြူထောင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၅- ၃- ၂၀၂၄)

လိုင်ဇာဌာနချုပ်အနီးရှိ ဘွမ်ရယ်ဘွမ်တောင် စစ်ကောင်စီ ဗျုဟာကုန်းကို ဒီနေ့ နေ့လယ် ၂ နာရီခန့်မှာ အပြီးသိမ်းပိုက်ပြီဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ် (KIA) က BNN ကို ပြောပါတယ်။ ဒီစခန်းဟာ လိုင်ဇာကို စစ်ရေးအရ ခြိမ်းခြောက်နေပြီး စစ်ကောင်စီ ဗျုဟာမှူးကိုယ်တိုင်ထိုင်တဲ့အတွက် အရေးကြီးတဲ့စခန်းကို သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မတ်လ ၇ ရက် (၀၃၀၇) စစ်ဆင်ရေးစတင်တဲ့နေ့ကတည်းက ဒီစခန်းကို စတိုက်တာဖြစ်ပြီး ၉ ရက်ကြာမှ သိမ်းနိုင်တာဖြစ်ပါတယ်။ နယ်မြေရှင်းလင်းနေဆဲဖြစ်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေအကြောင်း မသိရသေးဘူးလို့ ဗိုလ်မှူးကြီးကပြောပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံ ဗျူဟာကုန်းကို KNLA နဲ့မဟာမိတ်တွေက သိမ်းပိုက်စဉ် ဗျုဟာမှူးနဲ့ အင်အား ၆၀ ခန့် အလံဖြူထောင် လက်နက်ချ...

- မုဒုံမြို့နယ်၊ ကမာဝက်မြို့ နယ်မြေရဲစခန်းမှူး စီးလာတဲ့ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ကြားဖြတ် တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-47760649366579704232024-03-14T16:15:00.000-07:002024-03-14T16:15:53.374-07:00“မိုးမောက်မှာ KIA က ခစန်းသိမ်း... ကျိုက်ဒုံမှာ KNLA က စခန်းသိမ်း... နောက...

“မိုးမောက်မှာ KIA က ခစန်းသိမ်း... ကျိုက်ဒုံမှာ KNLA က စခန်းသိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၅- ၃- ၂၀၂၄)

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်ရှိ (ခ.လ.ရ) ၂၃၇- ဒါဆိုင်း စခန်းကို မနေ့ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ ကချင့်လွတ်လပ်ရေးတပ် KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။

ဒီစခန်းပါ ပေါင်းရင် ၀၃၀၇ စစ်ဆင်ရေးအတွင်း စခန်းပေါင်း ၂ ဒါဇင်ခန့်ကို သိမ်းထားနိုင်ပြီဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါဆိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေအကြောင်းကိုတော့ ဗိုလ်မှူးကြီးက ပြောမသွားခဲ့ပါဘူး။ ဒါပေမယ့် ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ The 74 Media ရဲ့ဖေါ်ပြချက်အရ အဲဒီစခန်းမှာ စစ်ကောင်စီအင်အား ၂၀၀ ခန့်အထိရှိပြီး ၄၀ ကျော်ရဲ့အလောင်းတွေ တွေ့တယ်။ လက်နက်ကြီး၊ လက်နယ်ငယ်အများအပြားသိမ်းမိတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင် KIA နဲ့မဟာမိတ်တပ်တွေဟာ မြစ်ကြီးနား-ဗန်းမော်လမ်းနဲ့ ဖားကန့်ဖက်အပြင် ဆွမ်ပရာဘွမ်မြို့ရှိ (ခ.လ.ရ) ၄၆ -စခန်းကိုလည်း မနေ့ကစပြီး စတင်ထိုးစစ်ဆင်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ကရင်ပြည်နယ်မှာတော့ ကျိုက်ဒုံမြို့ စစ်ကောင်စီဗျူဟာကုန်းကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့မဟာမိတ်တွေက မတ်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIC -Karen Information Center က ဖေါ်ပြပါတယ်။

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ရုံးအားလုံးကို ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက KNLA နဲ့ မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် စစ်တပ်ရဲ့ ဗျုဟာ ခစန်းကိုတော့ အခုမှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်...

- မွန်ပြည်နယ် ရေးမြို့နယ်ရှိ ချောင်းတောင်တံတား စစ်ကောင်စီဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်...

- မကွေးတိုင်း ယောနယ်က ထီးလင်းမြိုနယ်မှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဖက်က ၄ ဦးသေတယ်လို့ YRA က သတင်းထုတ်ပြန်...

- ပခုက္ကူမြို့ကနေ ထွက်လာတဲ့ ကား(၅)စီးပါ စစ်ကောင်စီ ရိက္ခာသယ်ယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် ကား ၂ စီးပျက်ပြီး စစ်သား ၃ ဦးသေ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-33194298510497255772024-03-13T15:57:00.000-07:002024-03-13T15:57:40.953-07:00“ဖားကန့်မှာ KIA က စခန်းသိမ်း... မြဝတီဖက်မှာ KNLA က စခန်းသိမ်း... နောက်ဆု...

“ဖားကန့်မှာ KIA က စခန်းသိမ်း... မြဝတီဖက်မှာ KNLA က စခန်းသိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၄- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြိုနယ်၊ မအီမြို့အနီးရှိ မအီတံတားနဲ့ ကျောက်ကြီးပေါက်တံတားတို့ကို စစ်ကောင်စီတပ်က အစီစဉ်ရှိရှိ မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ဆေးအရာခံဗိုလ်မျိုးခန့်က ပြောတယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်မှာ မအီမြို့တပ်စခန်းကနေ စွန့်ခွာဖို့ အထက်အမိန့်ရရှိခဲ့ပြီးနောက် ၁၆ ရက် မနက် ၈ နာရီခွဲခန့် မအီမြို့ကနေ စတင်ထွက်ခွာစဉ် မအီတံတားနဲ့ ကျောက်ကြီးပေါက်တံတားတွေကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆေးအရာခံဗိုလ်မျိုးခန့်က AA က ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ပြောထားပါတယ်။

ဒီနေ့ထုတ်ပြန်ချက်ထဲမှာ စခန်းသိမ်းတိုက်ပွဲ မတွေ့ရပေမယ့် မတ်လ ၁၂ ရက်နေ့ကတော့ မောင်တောမြိုနယ်မြောက်ပိုင်းရှိ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို AA က အပြီး သိမ်းလိုက်ပြီလို့ဖေါ်ပြပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိတဲ့အပြင် စစ်ကောင်စီတပ်သား အများအပြားဟာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားတယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်မှာတော့ လိုင်ဇာဌာနချုပ်ဝန်းကျင်ရှိ ဗျုဟာအရ အရေးပါတဲ့ တောင်တန်းတွေပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ် KIA ပြောခွင့်ရက BNN ကို ပြောပါတယ်။

ဖားကန့်ဖက်မှာလည်းတိုက်ပွဲတွေရှိနေပြီး တန် ၃၀၀၀ စခန်းကို သိမ်းလိုက်ပြီဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင်...

- အောင်မြေ ၂ မှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ ၇၀၀ ဝန်းကျင်ကို ကယ်ထုတ်နိုင်ခဲ့...

- မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခမရ(၃၅၅)စခန်းနဲ့ ဖလူး-မဆုတ်တန်းခံစစ်စခန်းကို KNLA တပ်မဟာ(၆) နဲ့ မဟာမိတ်ပူးပေါင်းတပ်က သိမ်းပိုက်..

- ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ခန့်ရှိ နမ့်ဟူးတရွာလုံး မီးလောင်ပျက်စီး...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-24640701234195209182024-03-13T06:32:00.000-07:002024-03-13T06:32:15.823-07:00“ဒီနေ့ ဖားကန့်ဖက်မှာသိမ်းမိတဲ့ စခန်းပါဆိုရင် မတ်လ ၇ ရက်နောက်ပိုင်း ၂၀ ကျ...

“ဒီနေ့ ဖားကန့်ဖက်မှာသိမ်းမိတဲ့ စခန်းပါဆိုရင် မတ်လ ၇ ရက်နောက်ပိုင်း သိမ်းမိတာ ၂၀ ကျော်ရှိနေပါပြီ”

- ဗိုလ်မှူးကြီးနော်ဘူ (ပြန်ကြားရေးအရာရှိ - KIO/ KIA)

(၁၃ -၃ -၂၀၂၄)

လိုင်ဇာဌာနချုပ်ဝန်းကျင်ရှိ ဗျုဟာအရအရေးပါတဲ့ တောင်တန်းတွေပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ် KIA ပြောခွင့်ရက BNN ကို ပြောပါတယ်။ ဖားကန့်ဖက်မှာလည်းတိုက်ပွဲတွေရှိနေပြီး ဒီနေ့ စခန်းတခု ထပ်သိမ်းနိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မြစ်ကြီးနားဝန်းကျင်ရှိ အကျဲရွာဖက်မှာ မနေ့က တိုက်ပွဲဖြစ်ခဲ့ပေမယ့် ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်လို့ ဗိုလ်မှူးကြီးကပြောပါတယ်။

ကရင်ပြည်နယ်မှာတော့ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် ခမရ(၃၅၅)စခန်းကို KNLA နဲ့ မဟာမိတ်တပ်တွေက မတ်လ ၇ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA- စစ်ရုံးချုပ်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

မနက် ၁၀ နာရီမှာ ထိုးစစ်စတင်ပြီး ညနေ ၇ နာရီခန့်မှာ စခန်းတခုလုံးကို သိမ်းနိုင်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီဖက်က အများအပြားကျဆုံးပြီး စစ်မော်တော်ယာဉ် (၆)စီး၊ RPG၊ NATO စက်လတ်အပါအဝင် လက်နက်ငယ်မျိုးစုံ (၁၂၇)လက်၊ 60 mm ၊ 81 mm အပါဝင် လက်နက်ကြီးစိန်ပြောင်းမျိုးစုံ(၁၃)လက်နဲ့ ခဲယမ်းအများအပြားသိမ်းမိတယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒ့ါအပြင်...

- နယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်လာနေတဲ့အတွက် ထိုင်းစစ်တပ်ကလည်း ထိုင်း-မြန်မာနယ်စပ်တလျောက် လုံခြုံရေး တိုးချထား...

- ရခိုင်ပြည်နယ်မှာ မောင်တောမြို့မြောက်ပိုင်းရှိ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို အပြီးသိမ်းနိုင်ပြီဖြစ်တယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်...

စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-11778510183773808952024-03-12T16:39:00.000-07:002024-03-12T16:39:17.020-07:00“အောင်သပြေစခန်းက လက်နက်တွေ AA သိမ်းပိုက် ... မြစ်ကြီးနားဝန်းကျင်အထိ KIA ...

“အောင်သပြေစခန်းက လက်နက်တွေ AA သိမ်းပိုက် ... မြစ်ကြီးနားဝန်းကျင်အထိ KIA က တိုက်ပွဲဖေါ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၃- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းက သိမ်းမိတဲ့ လက်နက်ခဲယမ်းပုံတွေကို AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ မတ်လ (၁၀) ရက်၊ ညနေ (၄) နာရီကတည်းက အခုချိန်အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ်သားတွေကို AA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

အချို့စစ်သားတွေကတော့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက် ခိုးဝင် ထွက်ပြေးသွားပြီး တရာကျော်အထိရှိနေပြီလို့ AA က ပြောပါတယ်။

နောက်ထပ် စစ်မျက်နှာတခုဖြစ်တဲ့ ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်တွေကိုလည်း မတ်လ (၁၀) ရက်၊ ညနေ (၇) နာရီကစပြီး ရက္ခိုင့်တပ်တော်က တဆင့်မြှင့်ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနားမြို့ပြင်နားရှိ အကျဲကျေးရွာမှာ မနေ့ မနက် ၁၁ နာရီခန့်က ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ စစ်ကောင်စီတပ် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွား...

- ဖားကန့်မြို့နယ် တာမခန်အခြေစိုက် ခ.မ.ရ (၁၁၉) ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပုန်းအောင်းနေတဲ့နေရာကို KIA နဲ့ KPDF ပူးပေါင်းတပ် ဝင်ရောက်ရှင်းလင်းတဲ့အတွက် ဗိုလ်မှူးတဦးအပါဝင် ၂ ဦးသေပြီး တဒါဇင်ခန့် အရှင်ဖမ်းမိ...

- ကရင်နီပြည်နယ်၊ ဖာဆောင်းမြိုနယ်မှာတော့ ဖာဆောင်း တံတားလမ်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ် (KPLA) က ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်မျိုးစုံ ၁၇ လက်ရရှိ...

- ဆီဆိုင်မြို့မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ မနက် ၆ နာရီကနေ ၁၁ နာရီအထိ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အကြိမ် ၄၀ ပစ်ခတ်တာကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီးသွား...

- မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာတော့ အင်အား (၁၇၀)ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း ၂ ခုကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ငယ် ၁၈ လက် သိမ်းမိ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-13803816758052016982024-03-12T06:25:00.000-07:002024-03-12T06:25:21.524-07:00“စစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ် အကူအညီပေးဖို့လိုနေတယ်ဆိုတာကို အဓိကတင်ပြ...

“စစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ် အကူအညီပေးဖို့လိုနေတယ်ဆိုတာကို အဓိကတင်ပြခဲ့ပါတယ်”

- နန့်ဇိုယာဖန်း (Programme Director - Burma Campaign UK)

(၁၂- ၃- ၂၀၂၄)

“သန်းနဲ့ချှီရှိနေတဲ့ မြန်မာနယ်စပ်က စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီကို စစ်ကောင်စီကနေတဆင့် ပေးလို့မရောက်နိုင်ဘူး။ ထိုင်းနယ်စပ်ကနေ ဖြတ်ပြီး တိုက်ရိုက်ပေးမှ အလုပ်ဖြစ်မယ်ဆိုတာကို တင်ပြခဲ့တယ်။ ထိုင်းလွှတ်တော်အမတ်တွေကို ဒီတင်ပြချက်ကို လက်ခံတယ် ယုံကြည်ပါတယ်” လို့ Burma Campaign UK ရဲ့ Programme Director နန့်ဇိုယာဖန်းက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် (မတ်လ ၂-၃) က ဘန်ကောက်မြို့ ထိုင်းပါလီမန်အတွင်းကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ (Towards a Democratic Myanmar and Its Impact on Security Along the Thai Border) မှာ ဘာတွေတင်ပြခဲ့သလဲ၊ ထိုင်းအစိုးရဖက်က သဘောထားပြောင်းလာပြီလား၊ စစ်ဘေးရှောင်တွေကို နယ်စပ်ဖြတ်အကူအညီပေးရေးလုပ်ငန်းတွေ စတင်နိုင်တော့မလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ NUG, NUCC, ERO ကိုယ်စားလှယ်တွေကို ထိုင်းပါလီမန်က တရားဝင်ဖိတ်ကြားဆွေးနွေးခြင်းက ဘယ်လိုထူးခြားချက်တွေရှိသလဲ...

- နယ်စပ်ဒေသက မြန်မာ စစ်ဘေးရှောင်တွေကို အကူအညီပေးရေးအတွက် စစ်ကောင်စီလက်အောက်ခံ ကြက်ခြေနီနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အစီစဉ်အပေါ် ဘယ်လိုငြင်းချက် ထုတ်ကြသလဲ...

- ထိုင်းအပါဝင် နိုင်ငံတကာဖိအား ဒီထက်တိုးပြီး ထိရောက်မှု ပိုရှိလာအောင် နိုင်ငံတကာရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဘယ်လို Campaign တွေ ဆောင်ရွက်သင့်သလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-22952290073374438602024-03-11T18:30:00.000-07:002024-03-11T18:30:22.215-07:00“ရမ်းဗြဲမြို့ကို AA သိမ်းပိုက်... ကချင်မှာ KIA က စခန်းတွေဆက်သိမ်း... နော...

“ရမ်းဗြဲမြို့ကို AA သိမ်းပိုက်... ကချင်မှာ KIA က စခန်းတွေဆက်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၂-၃-၂၀၂၄)

ရမ်းဗြဲမြို့ကို မတ်လ (၁၁) ရက်၊ နေ့လယ် (၁) နာရီမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ရမ်းဗြဲမြို့ကိုသိမ်းနိုင်ရေးတွက် ဒီဇင်ဘာ (၁၈) ရက်မှာကတည်းက ထိုးစစ်စတင်ခဲ့ပြီး (၈၅) ရက်အကြာမှာမှ သိမ်းနိင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြားကနေ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ် လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

အခုဆိုရင် ပလက်ဝ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ပြိုလက်ဝဲ၊ ပုံဏ္ဍားကျွန်းနဲ့ ရမ်းဗြဲ (၉) မြို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်တွေကို မတ်လ (၁၀) ရက်ကစပြီး ရက္ခိုင့်တပ်တော်က တစ်ဆင့်မြှင့်ထိုးစစ်ဆင်နေတယ်လို့ ဖေါ်ပြပါတယ်။

မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းကနေ စခန်းစွန့်ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရက္ခိုင့်တပ်တော်တို့ မတ်လ (၁၀) ရက်၊ ညနေ (၄) နာရီမှာ တိုက်ပွဲ ဖြစ်ပွားပြီး အခုချိန်ထိ တိုက်ပွဲဖြစ်နေဆဲလို့ဆိုပါတယ်။

ဒီတိုက်ပွဲကြောင့် ရာနဲ့ချီတဲ့ နယ်ခြားစောင့်တပ်တွေ ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားတယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်မှာတော့ မတ်လ ၇ ရက်မှာစတင်ခဲ့တဲ့ ၀၃၀၇ စစ်ဆင်ရေးကာလ ၅ ရက်တာအတွင်း ဌာနချုပ်လိုင်ဇာဝန်းကျင်က အရေးကြီးတဲ့ ဗျုဟာကုန်းတွေအပါဝင် စခန်းပေါင်း ၂၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်မှာလည်း မြဝတီမြို့တောင်ဘက်ရှိ ဖလူး-မဆုတ်တန်းခံစစ်စခန်းကို - KNLA နဲ့ မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုက မတ်လ ၁၁ ရက် ညနေပိုင်းမှာ သိမ်းပိုက်...

- ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ PNLA က သတင်းထုတ်ပြန်...

- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကန်သာယာရွာဖက်မှာ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက် (၂၄) လက်သိမ်းမိ...

.... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-32396491237840158532024-03-11T07:23:00.000-07:002024-03-11T07:23:44.900-07:00“ပအိုဝ်းနီ၊ ပအိုဝ်းဖြူဆိုတာမရှိဘူး။ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပအိုဝ်းအ...

“ပအိုဝ်းနီ၊ ပအိုဝ်းဖြူဆိုတာမရှိဘူး။ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပအိုဝ်းအနက်တွေပဲရှိတယ်”

- ခွန်မြင့်ထွန်း (ဥက္ကဌ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)

(၁၁-၃-၂၀၂၄)

“ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အပါဝင် ပအိုဝ်းဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီက ဝါဒဖြန့်နေသလို ပအိုဝ်းနီနဲ့ ပအိုဝ်းဖြူကြားက တိုက်ပွဲမဟုတ်ဘူး။ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်ကို တော်လှနေတဲ့ ပအိုဝ်းတော်လှန်ရေသမားတွေကြားက တိုက်ပွဲသာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဆီဆိုင်နဲ့ ဟိုပုံးဖက်မှာ တိုက်ပွဲတွေပြင်းထန်လာနေတာ၊ အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီဖက်က ဦးတည်တိုက်ခိုက်လာနေတာ၊ ပအိုဝ်းနီနဲ့ ပအိုဝ်းဖြူကြားက ပြသာနာအဖြစ် စစ်ကောင်စီက ပုံဖျက်နေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဆီဆိုင်နဲ့ ဟိုပုံးဖက်က တိုက်ပွဲတွေ တောင်ကြီးဖက်အထိ ရောက်လာနိုင်ခြေရှိနေသလား...

- ပအိုဝ်းနီ၊ ပအိုဝ်းဖြူ ဇတ်လမ်းဟောင်းကိုသုံးပြီး စစ်ကောင်စီက ဘာကြောင့် ပုံဖျက်နေတာလဲ...

- ကာယ ကုသိုလ်အဖွဲ့တွေက ဘာကြောင့်ပြည်သူ့စစ်ဖြစ်သွားတာလဲ...

- ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကြား ပေါင်းစည်းမှု အားအကောင်းဆုံးအနေအထားကို ရောက်နေပြီလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-59779918104664922922024-03-10T16:17:00.000-07:002024-03-10T16:17:13.909-07:00“၀၃၀၇ စစ်ဆင်ရေးဟာလည်း ၁၀၂၇ လိုပဲ အရေးကြီးပါတယ်”

“၀၃၀၇ စစ်ဆင်ရေးဟာလည်း ၁၀၂၇ လိုပဲ အရေးကြီးပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၁- ၃- ၂၀၂၄)

“ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တွေက မတ်လ ၇ ရက်နေ့မှာစတင်လိုကတဲ့ ၀၃၀၇ စစ်ဆင်ရေးဟာလည်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးလိုပဲ အရေးကြီးတယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

KIA နဲ့ PDF တွေက တရက်တည်း စစ်ကောင်စီစခန်း ၁၀ ခုကျော်ကို တပြိုင်တည်းသိမ်းနိုင်တာ၊ NCA လမ်းကြောင်းပေါ်ကအဖွဲ့တွေ နွေဦးတော်လှန်ရေးထဲပါလာတာ၊ မြို့ငယ်လေးတွေသိမ်းပိုက်ရေးအစား နေပြည်တော်ကိုသာ ဦးတည်တိုက်ဖို့ KNU ဖက်က ပြောလာတာ... စသဖြင့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ချင်းပြည်နယ်မှာ တိုက်ပွဲအရှိန်ကျပြီး အချင်းချင်းပွတ်တိုက်မှုဖြစ်နေတာကို ဘယ်လိုညှိနိုင်းအဖြေရှာသင့်သလဲ...

- KIA ရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လိုမြင်ကြသလဲ...

- ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထားတဲ့ လက်နက်ခဲယမ်းတွေထဲက အချို့ကို အညာစစ်မျက်နှာဆီ ပို့နိုင်ရေးက ဘယ်လောက်အရေးကြီးသလဲ...

- ဘဝတူတွေနဲ့အတူ ရပ်တည်မယ်လို့ကြေညာလိုက်တဲ့ SSPP အဖွဲ့ရဲ့ရပ်တည်ချက်က ဘယ်လိုအရေးပါသလဲ...

- ကရင်အဖွဲ့တွေအားလုံးညီရင် နေပြည်တော်မှာ ငလျင်လှုပ်ပြီလို့ ဘာကြောင့်ပြောနိုင်တာလဲ...

.... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-45448028156435938032024-03-10T14:47:00.000-07:002024-03-10T14:47:45.248-07:00“ကချင်နဲ့ ကရင်မှာ တိုက်ပွဲပြင်းထန်... မွန်ဖက်မှာလည်း စစ်ရေးလှုပ်ရှုားမှု...

“ကချင်နဲ့ ကရင်မှာ တိုက်ပွဲပြင်းထန်... မွန်ဖက်မှာလည်း စစ်ရေးလှုပ်ရှုားမှုတိုးလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၁- ၃- ၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုကနေ ဆွမ်ပရာဘွမ်မြို့ကို စစ်ကူလာတဲ့ ခ.လ.ရ (၁၃၇) စစ်ကောင်စီယာဉ်တန်းကို KIA က ကြားဖြတ်တိုကခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အထိနာခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန The 74 Media ကဖေါ်ပြပါတယ်။

မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်၊ ဝဒတ်ရွာနဲ့ ဆွမ်ပီယန်ရွာကြားမှာ အခုလိုတိုက်ခိုက်တာဖြစ်ပြီး စစ်ကားလေးစီးထဲက တစီးမီးလောင်ပျက်စီးသွားတယ်။ အင်အား ၅၀ ကျော်ထဲက အချို့ သေဆုံးမှုရှိတယ်လို့ကြားရပေမယ့် အသေးစိပ်မသိရသေးဘူးလို့ KIA အရာရှိတဦး ပြောတာကို ကိုးကားဖေါ်ပြထားပါတယ်။

မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ၀၃၀၇ စစ်ဆင်ရေးအတွင်း KIA နဲ့ PDF မဟာမိတ်တွေ သိမ်းပိုက်တဲ့ တပ်စခန်း ၂၀ ဝန်းကျင်ထဲမှာ ဆွမ်ပရာဘွမ်မြို့အနီးက စစ်ကောင်စီတပ်စခန်းတခုလည်း ပါဝင်တယ်လို့ The 74 Media က ဖေါ်ပြထားပါတယ်။

ကရင်နီဒေသမှာတော့ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်း လွိုင်ကော်၊ ရှားတော၊ ဘောလခဲနဲ့ ဖယ်ခုံမြို့နယ် ၄ ခုမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီ (၁၂) ရက်မှာ ရှားတောမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က လချုပ်သတင်းထုတ်ပြန်ပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး ၊ ဒုရဲမှူးတွေအပါအဝင် တပ်ဖွဲ့ဝင် (၁၆၀) ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ မိသားစုတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်။ လက်နက်ခဲယမ်းတွေလည်း များစွာသိမ်းမိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ မြဝတီမြိုနယ် သင်္ဃန်းညီနောင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီရဲ့ ဗျုဟာကန်ုးနဲ့ အခြေစိုက်တပ်ရင်းတွေကို KNLA နဲ့ မဟာမိတ် PDF တွေက သိမ်းပိုက်ဖို့ကြိုးစားနေ...

- စစ်ကိုင်းနဲ့ အုန်းတောနယ်မြေအတွင်း ခရီးသွားကားတွေကို အခွန်ကောက်နေတဲ့ ရွာသစ်ကြီးရဲစခန်းကို ဒေသခံ PDF တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ရဲ ၄ ဦးသေဆုံးပြီး လက်နက်ငယ် ၄ လက်သိမ်းမိ...

- မွန်ပြည်နယ် ရေးမြို့နယ်မှာတော့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းအလိုက် လှုပ်ရှားနေတာတွေ့ရ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-50741816749862084672024-03-09T15:57:00.000-08:002024-03-09T15:57:20.186-08:00“တိုင်းဗဟို (၉)ကျောင်းက ဒု ဗိုလ်မှူးကြီးနဲ့အဖွဲ့ကို AA ချေမှုန်း... အရေ...

“တိုင်းဗဟို (၉)ကျောင်းက ဒု ဗိုလ်မှူးကြီးနဲ့အဖွဲ့ကို AA ချေမှုန်း... အရေးပါတဲ့ ဗျုဟာစခန်းတွေကို KIA က ဆက်လက်သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၀ -၃- ၂၀၂၄)

မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း အုပ်ချုပ်ရေးဌာနမှူး ဒု ဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနဲ့အဖွဲ့ကို မတ်လ (၈) ရက်နေ့ မနက်ပိုင်းမှာ အသေဖမ်းမိတယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အမှတ် (၉ ) လေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးဌာနမှူး ဒု ဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနဲ့အဖွဲ့ဟာ အရပ်သား ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဲဒီ ဓားစာခံတွေကို AA က ကယ်တင်နိုင်ခဲ့ပြီး စကစ ဗိုလ်မှူူးနဲ့အဖွဲ့ကို ချေမှုန်းနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဖက်ကတော့ စစ်တွေရှိ စစ်စခန်းတွေကနေ ရသေ့တောင်မြို့အတွင်းသို့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် လူနေအိမ်တစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါ့အပြင် ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက စစ်သဘောင်္ကနေ လက်နက်ကြီးနဲ့ပစ်တာ၊ ဂျက်တိုက်လေယာဉ်၊ Y-12 ၊ ရဟတ်ယာဉ်တို့နဲ့ဗုံးကြဲတာတွေ တနေကုန် လုပ်ဆောင်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ထားပါတယ်။

ကချင်ပြည်နယ်မှာတော့ မတ်လ ၇ ရက်နေ့မှာ စတင်တဲ့ စစ်ကောင်စီစခန်း ၁၀ ခုကျော်ကို တပြိုင်တည်းထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ဆက်လက်ဆောင်ရွက်နေပြီး လွိုင်ဇာဌာနချုပ်ကို ခြိမ်းခြောက်နေတဲ့ ဗျုဟာမြောက်စခန်းကြီးတခုကို မတ်လ ၉ ရက်နေ့မှာ သိမ်းနိုင်ခဲ့တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက BNN ကို ပြောပါတယ်။

ဒါ့အပြင်...

- အရင်သီတင်းပတ်တွေက အကြီးအကျယ်တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့၊ တာမခန်အခြေစိုက် (ခ.မ.ရ) ၁၁၉ စခန်းကုန်းက အင်အား ၇၀ ခန့်ရှိ စစ်သားတွေအားလုံး စခန်းကိုစွန့်ခွာ ထွက်ပြေး...

- မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း -ခမရ ၃၅၅ နဲ့ သင်္ဃန်းညီနောင် ရဲစခန်းတို့ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မဟာမိတ် PDF တပ်တွေက သိမ်းပိုက်...

- ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်ကောင်စီလေတပ်က ဗုံးလာကြဲတဲ့အတွက် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ပျက်စီး...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-33416185029695507752024-03-09T06:46:00.000-08:002024-03-09T06:46:21.450-08:00“ဒီညနေ သိမ်းလိုက်တဲ့ ခါယာတောင်စခန်းကတော့ လိုင်ဇာကိုခြိမ်းခြောက်နေတဲ့ အရေ...

“ဒီညနေ သိမ်းလိုက်တဲ့ ခါယာတောင်စခန်းကတော့ လိုင်ဇာကိုခြိမ်းခြောက်နေတဲ့ အရေးကြီးတဲ့ ဗျုဟာစခန်းဖြစ်ပါတယ်”

- ဗိုလ်မှူးကြီးနော်ဘူ (ပြန်ကြားရေးအရာရှိ - KIO/ KIA)

(၉ -၃- ၂၀၂၄)

မတ်လ ၇ ရက်နေ့မှာ စစ်ကောင်စီစခန်း ၁၀ ကျော်ကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ် PDF တွေဟာ ဒီနေ့မှာလည်း စခန်း ၂ ခု ထပ်သိမ်းခဲ့တယ်။ အဲဒီထဲက ခါယာတောင်စခန်းဟာ လိုင်ဇာကိုခြိမ်းခြောက်နေတဲ့ ဗျုဟာအရ အရေးပါတဲ့စခန်းဖြစ်တယ်” လို့ KIO/ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒီညနေ ၇ နာရီခန့်မှာ နောက်ဆုံးရရှိထားတဲ့ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ်တို့က တိုက်ပွဲအခြေအနေကို စုစည်းတင်ပြလိုက်ပါတယ်...

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-67162166530655582502024-03-08T04:33:00.000-08:002024-03-08T04:33:14.704-08:00“စစ်အုပ်ချုပ်ရေးကြေညာတာဟာ စစ်ကောင်စီရဲ့ စစ်ရေးရည်မှန်းချက်ကို ထုတ်ဖေါ်လိ...

“စစ်အုပ်ချုပ်ရေးကြေညာတာဟာ စစ်ကောင်စီရဲ့ စစ်ရေးရည်မှန်းချက်ကို ထုတ်ဖေါ်လိုက်တာပါပဲ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၈- ၃- ၂၀၂၄)

“TNLA က သိမ်းပိုက်ထားတဲ့ မြို့ ၃ မြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာဟာ အပစ်ရပ်ကာလအတွင်း စစ်ကောင်စီရဲ့ စစ်ပြင်ဆင်နေမှု၊ စစ်ကောင်စီရဲ့ စစ်ရေးရည်မှန်းချက်ကို ထုတ်ဖေါ်ပြသလိုက်တာဖြစ်တယ်။ ဟိုင်ဂင်သဘောတူညီချက် မကြာခင် သက်တန်းကုန်တော့မယ့်သဘောဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ကြေညာလိုက်ခြင်းက အပစ်ရပ်သဘောတူချက် ပျက်သွားတဲ့သဘောလား၊ တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုကို စစ်ကောင်စီက လက်မခံတော့တဲ့သဘောလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- TNLA ထိန်းချုပ်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာခြင်းရဲ့ အဓိပါယ်က ဘာလဲ...

- အားလုံးပါဝင်တဲ့ ညှိနိုင်းပွဲတွေကနေ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေးဆိုတာ ဖြစ်နိုင်ခြေရှိနေဆဲလား...

- တရုတ်ရဲ့ကြားဝင်ညှိနိုင်းပေးမှုက ရခိုင်ဒေသအထိ သက်ရောက်မှုရှိလာနိုင်သလား...

- ဒေသတခုချင်းလွတ်မြောက်ရုံနဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရလာနိုင်ပါ့မလား..

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(KIA က စစ်ရှိန်မြှင့်တိုက်ခိုက်လာခြင်း၊ NCA အဖွဲ့တွေ နွေဦးတော်လှန်ရေးထဲ ပါဝင်လာခြင်းနဲ့ စစ်ကြောင်းအားလုံး နေပြည်တော်သို့...တကယ်ချီတက်နိုင်မှာလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-84630677570053583202024-03-07T12:09:00.000-08:002024-03-07T12:09:30.070-08:00“KIA နဲ့မဟာမိတ်တွေက စစ်ကောင်စီစခန်း ၁၀ ခုကို တပြိုင်တည်း သိမ်းပိုက်... ရ...

“KIA နဲ့မဟာမိတ်တွေက စစ်ကောင်စီစခန်း ၁၀ ခုကို တပြိုင်တည်း သိမ်းပိုက်... ရမ်းဗြဲက စစ်ကောင်စီတပ်ကို AA ထိုးစစ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၈- ၃- ၂၀၂၄)

ရမ်းဗြဲမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မြို့တွင်းလက်ကျန်အင်အားနဲ့ စစ်ကူလာတဲ့အင်အားတွေကို AA ရက္ခိုင့်တပ်တော်က ဆက်လက်ချေမှုန်းနေတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

ရမ်းဗြဲမြို့ကို AA က သိမ်းလိုက်ပြီဆိုပြီး ဒေသတွင်းမီဒီယာတွေနဲ့ အရပ်သားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြနေပေမယ့် AA ရဲ့ထုတ်ပြန်ချက်မှာတော့ မြို့သိမ်းတာကို အတည်ပြုချက် ပေးမထားသေးပါဘူး။

တချိန်တည်းမှာပဲ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့ရှိ လက်ကျန်စစ်ကောင်စီစခန်းတွေကိုလည်း AA က နေစဉ် ဆက်တိုက်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ ရသေ့တောင်မြို့ရှိ “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ မကျရှုံးစေရေးအတွက် စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ အားလုံးသုံးပြီး ခုခံကာကွယ်နေပေမယ့် AA ကအပြီးသိမ်းနိုင်အောင် ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် AA ဟာ မဟာမိတ် KIA နဲ့တွဲပြီး ကချင်ပြည်နယ်ဖက်မှာလည်း တိုက်ပွဲဖော်ဆောင်နေသလို သီးခြား စစ်ဆင်ရေးတွေကိုလည်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

KIO ဌာနချူပ် လိုင်ဇာမြို့နဲ့ အနီးဆုံးရှိ စစ်ကောင်စီစခန်း ဖွန်းပရန်ဘွမ့်(Hpun Pyen Bum) အပါဝင် ရှေ့တန်းစခန်း ၁၀ ခုနီးပါးကို KIA - ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက တပြိုင်တည်း ထိုးစစ်ဆင် သိမ်းပိုက်လိုက်တယ်လို့ KNG (Kachin News Group) က ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ကရင်နီပြည်၊ ဖားဆောင်းမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ဦး KNDF ထံ ဘက်ပြောင်းခိုလှု့လာ...

- အညာစစ်မျက်နှာ မကွေးတိုင်းမှာတော့ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ပြုလုပ်တဲ့ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-32268924242270236102024-03-06T14:53:00.000-08:002024-03-06T14:53:37.254-08:00“ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေ...

“ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းက ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၇- ၃- ၂၀၂၄)

ရှမ်းမြောက်ဒေသရှိ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့နယ် ၃ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းဟာ ဟိုင်ဂင်သဘောတူညီချက် အပစ်ရပ်ရေးကိစ္စကို အခက်အခဲဖြစ်စေနိုင်တယ်လို့ ညီနောင် ၃ ဖွဲ့က သဘောထားထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီအကြား ဇန်နဝါရီ ၁၁ ရက်နေ့မှာ အပစ်ရပ်ခဲ့ပြီး နောက်ဆက်တွဲဆွေးနွေးမှုတွေထဲက နောက်ဆုံးအကြိမ်ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တယ်။

ဒီလို ဟိုင်ဂင်သဘောတူညီချက်ကို တဆင့်ပြီးတဆင့်သွားနေစဉ်မှာ အခုလို မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဟာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တဲ့အပြင် ဟိုင်ဂင်သဘောတူညီချက်ပါ အပစ်ရပ်ရေးကိုလည်း အခက်အခဲဖြစ်စေနိုင်တယ်လို့ ညီနောင် ၃ ဖွဲ့ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ဒါ့အပြင်...

- ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုံးတွေနဲ့ အကြိမ် ၁၀၀ နီးပါးအထိပစ်ခတ်တဲ့အတွက် ဆီဆိုင်ဆေးရုံအပါဝင် အဆောက်အဦးအချို့ ပျက်စီး...

- KIA က သိမ်းပိုက်ထားတဲ့ မဂျီဂုန်ဗျူဟာစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲ...

- စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က MI 35 နဲ့ လေကြောင်းပစ်ကူလုပ်နေ...

- မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျုစောထီးစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

- ကရင်နီပြည်၊ မိုးဗြဲမြို့နယ်မှာ အမှတ် (၁၀၀၇) မိုးဗြဲ PDF တပ်ရင်း (၂) ရဲ့ အပတ်စဉ် (၄) မွမ်းမံသင်တန်းနဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-6044654312911919222024-03-06T01:14:00.000-08:002024-03-06T01:14:08.651-08:00“တနိုင်ငံလုံးတော်လှန်နေတဲ့အထဲမှာ မွန်တွေလည်းပါဖို့လိုတယ်၊ NMSP (AD) နဲ့ဆ...

“တနိုင်ငံလုံးတော်လှန်နေတဲ့အထဲမှာ မွန်တွေလည်းပါဖို့လိုတယ်၊ ပါဝင်ချင်တဲ့မွန်တွေအားလုံး NMSP (AD) နဲ့ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်”

- နိုင်ဗညားမွန် (ပြောခွင့်ရပုဂ္ဂိုလ် - NMSP-AD)

(၆- ၃- ၂၀၂၄)

“စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တနိုင်ငံလုံးတိုက်ပွဲဝင်နေတဲ့အထဲမှာ မွန်တွေလည်းပါဝင်ဖို့လိုတယ်။ ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌဏ်းခွင့်ကိုလိုချင်တဲ့ မွန်အမျိုးသားတိုင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ NMSP (AD) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နိုင်ဗညားမွန်က ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့ရဲ့ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အပေါ် လူထုထောက်ခံမှု အခြေအနေ...

- NMSP (AD) နဲ့ ဒေသတွင်းရှိ မဟာမိတ်များ ဆက်ဆံရေးအခြေအနေ...

- မုဒုံမြိုနယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေကို ဖမ်းဆီး-လက်နက်သိမ်းလိုက်ခြင်းရဲ့ သတင်းစကားက ဘာလဲ...

- NMSP (AD) နဲ့ MLA (မွန်ပြည် လွတ်မြောက်ရေး တပ်တော်) တို့ ဘယ်လို စုဖွဲ့ပြင်ဆင်နေကြသလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-50877223497718049772024-03-05T14:57:00.000-08:002024-03-05T14:57:23.376-08:00“ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ AA ကြေညာ... မုဒုံက ပြည်...

“ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ AA ကြေညာ... မုဒုံက ပြည်သူ့စစ်တွေကို (NMSP-AD)က လက်နက်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၆- ၃- ၂၀၂၄)

ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီကင်းစင်ပြီ၊ မြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီစခန်း ခလရ (၅၅၀) ကို ဖေဖော်ဝါရီလ (၂၁) ရက်မှာ စတင်ထိုးစစ်ဆင်ပြီး ၁၃ ရက်အကြာ မတ်လ ၄ ရက်မှာမှ အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်ကနေ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေတဲ့အတွက် အခုလိုအချိန်ယူခဲ့ရတာလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကိုတော့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ကတည်းက သိမ်းထားပြီးဖြစ်တဲ့အတွက် အခုဆိုရင် ပုဏ္ဏားကျွန်းမြို့ကို လုံး၀ ထိန်းထားနိုင်ပြီ၊ တနည်းအားဖြင့် ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ တောပြို-လက်ဝဲနဲ့ အခု ပုဏ္ဏားကျွန်းအပါဝင် ၈ မြို့ကို AA က သိမ်းထားနိုင်ပြီဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း အလံဖြူထောင်သူ၊ လက်နက်ချသူအများအပြားကို ကယ်တင်နိုင်ခဲ့ပေမယ့် လက်နက်မချတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်အပါဝင် အများအပြားကိုတော့ အသေဖမ်းမိတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းများစွာကိုလည်းသိမ်းမိတယ်လို့ပြောပါတယ်။ တချိန်တည်းမှာပဲ မတ်လ (၃) ရက်နေ့က ခမရ (၅၅၀) ဆီ စစ်ကူလာတဲ့ ဇက်သင်္ဘော (၃) စီးကိုလည်း AA အထူးတိုက်ခိုက်ရေးတပ်က ဟန့်တားနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အခုဆိုရင် ပုဏ္ဏားကျွန်းမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့ နောက်ထပ်တစ်မြို့ဖြစ်လာခဲ့ပြီး ရက္ခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်ရေးအတွက် AA က မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံရွာဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် (SNA) ပူးပေါင်း အင်အား ၆၀ ဝန်းကျင်ကို KIA, KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံး...

- ရှမ်းတောင်ဒေသ၊ ဆီဆိုင်မြို့နယ်မှာတော့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ် ၄၀ ကျော်အထိ ပစ်ခတ်ခဲ့...

- မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးကို ထိန်းသိမ်းပြီး လက်နက် ၁၅ လက်ကို သိမ်းဆည်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး (NMSP-AD) က ပြောဆို...

- တနသာင်္ရီတိုင်း၊ ထားဝယ်မြို့နယ်မှာတော့ ဇဟာကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်ရင်းကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-14403718355461268862024-03-05T02:25:00.000-08:002024-03-05T02:25:01.386-08:00“သမိုင်းမှာ အဆိုးဆုံးအခြေအနေကို စစ်ကောင်စီ ရောက်နေတာဖြစ်တယ်”

“သမိုင်းမှာ အဆိုးဆုံးအခြေအနေကို စစ်ကောင်စီ ရောက်နေတာဖြစ်တယ်”

- ဒေါ်ဇင်မာအောင် (ပြည်ထောင်စုဝန်ကြီး - နိုင်ငံခြားရေးဝန်ကြီးဌာန - NUG)

(၅- ၃- ၂၀၂၄)

“တပ်မတော်သမိုင်းမှာပဲဖြစ်ဖြစ်၊ အာဏာသိမ်း စစ်ခေါင်းဆောင်ပိုင်းသမိုင်းမှာပဲဖြစ်ဖြစ် လက်ရှိ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်အခြေအနေဟာ သမိုင်းတလျောက်အဆိုးဆုံးအနေအထားမှာရောက်နေတယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီပြိုကျအောင် အရှိန်မြှင့်ဆောင်ရွက်ဖို့လိုတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း ခရီးဘယ်လောက်ရောက်နေပြီလဲ၊ စစ်ကောင်စီပြုတ်ကျရေး ဘယ်လောက်နီးလာပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် နိုင်ငံခြားရေးဝန်ကြီးက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ထိုင်းကိုထွက်ပြေးလာမယ့် မြန်မာလူငယ်တွေအတွက် NUG က ဘာတွေဆောင်ရွက်ပေးနိုင်မလဲ...

- ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး NUG နဲ့ ERO တွေကြားမှာ ဘယ်လောက်အထိ အခိုင်အမာ သဘောတူချက်ရထားပြီးပြီလဲ...

- တော်လှန်ရေး ၃ နှစ်တာအတွင်း စစ်ကောင်စီအခြေအနေအထား ဘယ်လောက်အထိ ပြိုကျနေပြီလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-38223820251442950012024-03-04T15:11:00.000-08:002024-03-04T15:11:32.037-08:00“ပုဏ္ဏားကျွန်းမြို့က ခမရ (၅၅၀) ကို AA သိမ်းပိုက်... TNLA သိမ်းပိုက်နယ်မြ...

“ပုဏ္ဏားကျွန်းမြို့က ခမရ (၅၅၀) ကို AA သိမ်းပိုက်... TNLA သိမ်းပိုက်နယ်မြေတွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၅- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ "ခမရ (၅၅၀)” ကို AA ရက္ခိုင့်တပ်တော်က မတ်လ ၄ ရက်နေ့မှာ အပြီးသိမ်းလိုက်ပြီလို့ AA က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပေါင်းပြီး အပြင်းအထန်ခုခံနေတဲ့ကြားက အာရက္ခစစ်သည်တော်တွေက ရဲရင့်ပြောင်မြောက်စွာ သိမ်းလိုက်တာလို့ဆိုပါတယ်။

ဒီလိုစခန်းကျသွားတဲ့ စစ်ရှုံး- စစ်ကောင်စီတပ်ဟာ ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်း မှာရှိတဲ့ စေတီပြင်တံတားကို ညနေ (၅) နာရီဝန်းကျင်းမှာ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင် လာရောက်ပစ်ခတ်ဖျက်စီးခဲ့တယ်လို့ AA က ပြောပါတယ်။

AA က အစောပိုင်းထုတ်ပြန်တဲ့ကြေညာချက်တခုမှာတော့ သဘောင်္နစ်မြုပ်စဉ် ကယ်ဆယ်ထားသူတွေအပါဝင် ရာနဲ့ချီရှိတဲ့ စစ်သုံးပန်းမိသားစုပုံတွေကိုဖေါ်ပြထားပြီး သူတို့ကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွဖေါ်ပြထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီနဲ့ KIA ကြား တိုက်ပွဲပြင်းထန်နေ...

- တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ရဲစခန်းကို ဒေသခံ PDF တွေက အပြီးသိမ်းပိုက်...

- ကလေးမြို့နယ်၊ ထိုမာရွာက ထွက်လာတဲ့ ခမရ- (၇၀၃) နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၆၀) ခန့်ပါစစ်ကြောင်းကို ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်...

- ဂန့်ဂေါမြို့နယ်မှာတော့ လက်နက်အပြည့်အစုံနဲ့အတူ အလင်းဝင်လာတဲ့ ပျုစောထီး (၅) ဦးကို ဆုငွေပေးအပ်တဲ့အခမ်းအနားကျင်းပ...

- ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်မှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် နေအိမ်အများအပြား မီးလောင် ပျက်စီး...

- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA က သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ စတဲ့မြို့နယ် ၃ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာ...

ပူပူနွေးနွေး မတ်လ ၁ ရက်ကနေ ၃ ရက်နေ့အထိ တရုတ်နိုင်ငံမှာ အပစ်ရပ်ခိုင်မာရေးအတွက် ထပ်မံဆွေးနွေးခဲ့တယ်လို့ သတင်းတွေထွက်နေစဉ်၊ AA ဒုတိယ စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကိုယ်တိုင်က မနေ့ကကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း ဒီလို တွေ့ဆုံရာမှာ အပစ်ရပ်ခိုင်မှာဖို့ဆွေးနွေးခဲ့တယ်ဆိုတာကို အတည်ပြုပြောကြားပြီး နာရီပိုင်းအတွင်းမှာ စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ဒေသကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဖြစ်ပါတယ်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0tag:blogger.com,1999:blog-513119580968631771.post-71968695249233237152024-03-04T04:31:00.000-08:002024-03-04T04:31:18.643-08:00“ခွဲထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုုးက...

“ခွဲထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုုးကျပါတယ်”

- ခိုင်သုခ (ပြောခွင့်ရပုဂ္ဂိုလ် - ရက္ခိုင့်တပ်တော် - AA )

(၄- ၃- ၂၀၂၄)

“ရက္ခိတလမ်းစဉ်ဆိုတာဟာ ရက္ခိုင့်ကံကြမ္မာ ရက္ခိုင်ဖန်တီးရေးဖြစ်တယ်။ ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ကို လိုချင်တယ်။ သီးခြားခွက်ထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်” လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့တွေတမြို့ပြီးတမြို့ သိမ်းပိုက်နေတဲ့ ရက္ခိုင့်တပ်တော် (AA) က အနာဂတ်မှာ ဘယ်လိုအုပ်ချုပ်ရေးပုံစံနဲ့သွားမှာလဲ။ ဖက်ဒရယ်မူလား- ကွန်ဖက်ဒရေးရှင်းလား- သီးခြားခွဲထွက်ရေးလား... စသဖြင့် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် ခိုင်သုခက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ်အပြင် အခြားဘယ်ဒေသတွေမှာ လှုပ်ရှားနေသလဲ၊ ဒေသအသီးသီးက PDF တွေကို ဘယ်လိုသဘောထားသလဲ၊ အကူအညီပေးဖို့ ရှိသလား...

- ရက္ခိုင့်ပြည်အနာဂတ်ကို ရက္ခိတလမ်းစဉ်အတိုင်းသွားမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ဖက်ဒရယ်လား- ကွန်ဖက်ဒရေးရှင်းလား- သီးခြားခွဲထွက်ရေးလား...

- စစ်ကောင်စီရဲ့ဖိနှိပ်တဲ့လုပ်ရပ်တွေက အတူတူမနေနိုင်တော့တဲ့အဆင့်အထိ ရောက်လာနေပြီလား...

... စတဲ့အကြောင်းအရာတွေကို မေးမြန်းတင်ပြထားပါတယ်။

(AA အဖွဲ့ရဲ့ သတင်းစာရှင်းပွဲက ထူးခြားချက်တွေကို အပိုင်းလိုက် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe

လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Htet Aung Kyawhttp://www.blogger.com/profile/01594004934908212986noreply@blogger.com0