Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၅၁


ဧရာ၀တီ။
 

ဒီမုိကေရစီနဲ႔ လူ႔အခြင့္ေရးအတြက္ ဆယ္စုနွစ္တခုေက်ာ္ တုိက္ပဲြ၀င္ခဲ့သူတဦးက အဲဒီတုိက္ပဲြ ကာလအတြင္း “ဒီမုိကေရစီနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြမ်ား လုပ္ခဲ့မိေလသလား” ဆုိၿပီး ျပန္စဥ္းစားေနမိတယ္ဆုိရင္ စာဖတ္ပရိသတ္ ယုံပါ့မလား။ ဒါေပမယ့္ စာေရးသူက်ေနာ္ အဲဒီလုိ စဥ္းစားခန္း ၀င္ေနမိတာ အမွန္ပဲျဖစ္ပါတယ္။


 ေတာခုိေက်ာင္းသား ေက်ာင္းသူတခ်ဳိ႕ကုိ မင္းသမီးစခန္းရဲ႕ ေဆးခန္းေရွ႕မွာ ၁၉၈၉ ေႏွာင္းပုိင္းက ေတြ႔ရစဥ္

အသက္ ၂၀ ၀န္းက်င္ ငယ္ရြယ္စဥ္ကာလက ျဖတ္သန္းခဲ့ရတဲ့ က်ေနာ္တို႔ဘ၀ေတြဟာ ၾကမ္းတမ္းလြန္းလွၿပီး “ေတာ္လွန္ေရးသာ အမိ၊ ေတာ္လွန္ေရးသာ အဖ” ဆုိတာကုိ ဦးစားေပးလြန္းရာကေန လူသားဆန္မႈေတြ၊ လူ႔သဘာ၀ေတြကုိ ေမ့ေလ်ာ့ၿပီး လူသားေတြကို စက္႐ုပ္ေတြအျဖစ္ ျမင္ခဲ့မိေလသလားလို႔ေတာင္ က်ေနာ္ ေတြးေနမိပါတယ္။ စိတ္ဓာတ္တက္ႂကြလြန္းမႈ၊ ေစတနာ လြန္ကဲမႈေတြေၾကာင့္ ျဖစ္ခဲ့ရတဲ့ “ေစတနာအမွားေတြ” ေတြထဲက သာဓက ၃ ခုေလာက္ကုိ ဒီေနရာမွာ တင္ျပခ်င္ပါတယ္။


ဆံပင္ရွည္ထားတုိင္းလည္း လမ္းသရဲမထင္နဲ႔

ပထမဆုံး တင္ျပလုိတဲ့ျဖစ္စဥ္ကေတာ့ ဆံပင္ရွည္ထားတဲ့ ရဲေဘာ္တဦးကုိ ဆံပင္ညွပ္ဖုိ႔ ပ်က္ကြက္မႈနဲ႔ တပ္ဖြဲ႔၀င္ အျဖစ္ကေန ထုတ္ပယ္လုိက္ျခင္း ျဖစ္ပါတယ္။ ကမာၻေက်ာ္ ေပ်ာက္က်ားေခါင္းေဆာင္ အာနက္စတို ေခ် ေဂြဗားရား (Ernesto “Che” Guevara) ကုိ အားက်ေနတဲ့ က်ေနာ္တို႔ ေတာ္လွန္ေရးသမား ေပါက္စေတြဟာ ရဲေဘာ္ ေခ်လုိ ဆံပင္ရွည္ထားတာ၊ မုတ္ဆိတ္ေမြး ထားၾကတာေတြ ေတာ္လွန္ေရး အေစာပုိင္းကာလမွာ အေတာ္ေခတ္စားခဲ့ေပါ့။

 တပ္ရင္းအရာခံဗုိလ္ ကုိေဌးလႈိင္နဲ႔ ၂၀၁ တပ္ရင္းမွ တပ္မႉး တပ္သားတခ်ဳိ႕ကုိ တပ္ရင္း႐ံုးေရွ႕တြင္ ၁၉၉၃ ၀န္းက်င္က ေတြ႔ရစဥ္

အသက္ ၂၀ ၀န္းက်င္သာရွိေသးတဲ့ က်ေနာ္တို႔ထဲက ရဲေဘာ္တခ်ဳိ႕မွာ ႏႈတ္ခမ္းေမြး ေရးေရးရွိေပမယ့္ က်ေနာ္အပါ၀င္ တခ်ဳိ႕ကေတာ့ ႏႈတ္ခမ္းေမြး မေပါက္ေသးပါ။ ဒီေတာ့ ႏႈတ္ခမ္းေမြးေတြ၊ မုတ္ဆိတ္ေတြရွိမွ သူပုန္ပုံေပါက္မယ္ဆိုၿပီး မုတ္ဆိတ္ရိတ္ဓားေတြနဲ႔ အားေပးခဲ့ၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္း ႏႈတ္ခမ္းေမြး ထြက္လာတဲ့အခါမွာေတာ့ ရဲေဘာ္ ေခ်လုိ ခန္႔ျငားစြာ ထြက္လာတာ မဟုတ္ဘဲ အေမြးကြ်တ္ေနတဲ့ အလယ္မွ မေပါက္ဘဲ တံျမက္စည္းေဟာင္းတခုလုိ ေဘးတဖက္တခ်က္စီမွာသာ ထြက္လာတာနဲ႔ ႀကံဳခဲ့ရလို႔ အခ်င္းခ်င္း ၀ုိင္းဟားၾကတာကို အမွတ္ရေနပါတယ္။

ဆံပင္ရွည္ထားတာကေတာ့ ႏႈတ္ခမ္းေမြး။ မုတ္ဆိတ္ေမြးထားတာထက္ ပုိလြယ္တဲ့သေဘာရွိပါတယ္။ ဒါေပမယ့္ သက္တမ္းနည္းနည္း ရင့္လာတာနဲ႔အမွ် ေက်ာင္းသားကေန စစ္သားအသြင္ကုိ တကယ္ ေဆာင္လာတဲ့အခါမွာေတာ့ အားလုံးတေျပးညီ “ပုံစံ” ျဖစ္ရမယ္ဆုိတဲ့ တပ္စည္းကမ္းေတြအရ ဆံပင္ပုံစံ တေယာက္တမ်ဳိး ထားခြင့္မျပဳေတာ့ပါဘူး။ အားလုံး ပုံစံေက “ေရွ႕တလက္မ ေနာင္ေျပာင္” မညွပ္ခ်င္ရင္ေတာင္ ၾကည့္ေပ်ာ္ရႈေပ်ာ္ ဆံပင္ပုံစံ ထားၾကရပါတယ္။

ေတာ္လွန္ေရးသမားဆုိတာ စစ္သားလုိ စည္းကမ္းရွိတဲ့အျပင္ နုိင္ငံေရးသမားလုိ အေမွ်ာ္အျမင္လည္း ရွိရမယ္ဆုိၿပီး ေႂကြးေၾကာ္ထားတဲ့ က်ေနာ္တို႔တပ္ေတြၾကား တပ္စည္းကမ္းနဲ႔ပတ္သက္ၿပီး အားၿပိဳင္မႈ အႀကီးဆုံးကာလကေတာ့ တပ္ရင္း ၃ ျခမ္း ကြဲပီးကာစ အခ်င္းခ်င္း အႀကိတ္အနယ္ ၿပိဳင္ဆုိင္ေနခ်ိန္ပဲ ျဖစ္ပါတယ္။ အဲဒီလုိအားၿပိဳင္မႈ အႀကီးဆုံးကာလမွာမွ ဆံပင္ရွည္ထားမိတဲ့ ကံဆုိးသူေမာင္ရွင္ကေတာ့ တပ္ရင္းအရာခံဗုိလ္ ကိုေဌးလႈိင္ ျဖစ္ပါတယ္။ တပ္ရင္းအရာခံဗုိလ္ဟာ ေန႔စဥ္ မနက္ ၇ နာရီထုိးတုိင္း ခြပ္ေဒါင္းအလံတုိင္ေရွ႕ တန္းစီအေလးျပဳခ်ိန္မွာ ေရွ႕ကေန တပ္တခုလုံးကုိ အမိန္႔ေပးရသူျဖစ္တဲ့အျပင္ တပ္တခုလုံးရဲ႕ စည္းကမ္း ထိမ္းသိမ္းေရးကို ကုိင္တြယ္ရသူလည္း ျဖစ္ပါတယ္။ ဆုိေတာ့ တပ္တခုလုံးကို အမိန္႔ေပးေနသူက ဆံပင္ရွည္ေနမွေတာ့ က်န္တဲ့တပ္သားေတြကို သူဘယ္လို ထိမ္းေတာ့မလဲ။ ေနာက္တခါ အိမ္နီးခ်င္း ၿပိဳင္ဖက္တပ္ရင္းေတြကလည္း က်ေနာ္တို႔တပ္ရင္း အရာခံဗုိလ္ ဆံပင္ရွည္ထားတဲ့ကိစၥကုိ တီးတုိး ေ၀ဖန္လာေနၾကပါတယ္။

ဒီအတြက္ ကုိေဌးလႈိင္ကုိ တပ္ရင္း႐ံုးမွာ သီးျခားေခၚယူၿပီး က်ေနာ္ညွိနႈိင္းခဲ့ပါတယ္။
“ဥကၠ႒ကလည္းဗ်ာ။ ဆံပင္ရွည္ထားတာ ရာဇ၀တ္မႈက်ဴးလြန္တာက်ေနတာပဲ။ ကမာၻေက်ာ္ ေပ်ာက္က်ားေခါင္းေဆာင္ ရဲေဘာ္ေခ်ဆုိ ဒီထက္ေတာင္ ရွည္ေသးတာပဲ။ ၁၀၂ ရင္းမႉး ကုိဘေစာထြန္းလည္း ဆံပင္ရွည္ ထားတာပဲ။ က်ေနာ့္ဆံပင္က်မွ ျပႆနာ ျဖစ္ေနရတယ္လို႔” ဆုိၿပီး ကုိေဌးလႈိင္က က်ေနာ္ရဲ႕သတိေပးခ်က္ကုိ တုန္႔ျပန္ပါတယ္။ သူေထာက္ျပတာေတြ အားလုံးအမွန္ေတြ ျဖစ္ေနေပမယ့္ က်ေနာ္က လက္မခံနုိင္။ တပ္ရင္းေတြအခ်င္းခ်င္း အားၿပိဳင္ေနခ်ိန္မွာ သူမ်ားေထာက္ျပစရာ မရွိေအာင္ စံျပလုပ္ထားဖို႔လုိတယ္ဆုိၿပီး က်ေနာ္က နားခ်ေပမယ့္ ကုိေဌးလႈိင္ကေတာ့ ဒါကို လက္မခံခဲ့ပါ။ သူရဲ႕တဦးခ်င္း လြတ္လပ္ပုိင္ခြင့္ကို ခ်ဳပ္ခ်ယ္တဲ့သေဘာ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

အဲဒီကာလက အခုေခတ္လို လူ႔အခြင့္အေရးဆုိတဲ့ စကားလုံး သိပ္ေခတ္မစားေသးတဲ့အတြက္ က်ေနာ္ကုိ လူ႔အခြင့္အေရး ခ်ဳိးေဖာက္သူဆုိၿပီး သူကမေျပာေသးတာ ျဖစ္ပုံရပါတယ္။ သူေျပာမယ္ဆုိလည္း ေျပာစရာပါပဲ။ သူ႔မွာ အားနည္းခ်က္ဆုိလို႔ အဲဒီ ဆံပင္ကိစၥတခုသာရွိၿပီး တျခားဘာမွမရွိ။ သူဟာ ေဆးလိပ္လည္း မေသာက္၊ အရက္လည္း မေသာက္တဲ့အျပင္ ၁၉၈၈ ကေန ၁၉၉၂ အထိ က်ေနာ္တို႔နဲ႔ အရင္းနွီးဆုံး ေပါင္းသင္းလာသူ။ အျပန္အလွန္ နားလည္မႈရွိၿပီးသား တပ္မႉးတဦးျဖစ္တဲ့အတြက္ က်ေနာ္လည္း သူကုိ ဘယ္လုိမွ မထုတ္ခ်င္ပါ။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ဘယ္လုိမွ ညွိနႈိင္းလို႔မရတဲ့အတြက္ စခန္းေကာ္မတီ အစည္းအေ၀း ဆုံးျဖတ္ခ်က္နဲ႔ သူ႔ကုိ ရင္းအရာခံဗုိလ္ အျဖစ္ကေရာ၊ တပ္ဖြဲ႔၀င္အျဖစ္ကပါ ထုတ္ပစ္လုိက္ရပါတယ္။ ဒီလုိနဲ႔ သူဟာ အထုတ္အပုိးဆြဲၿပီး တပ္ရင္းကေန သူမိဘေတြရွိရာ နတ္အိမ္ေတာင္စခန္းနဲ႔ ဘားလုိင္ရြာဆီ ထြက္သြားတာကုိ က်ေနာ္ မ်က္စိထဲ အခုအထိ ျမင္ေယာင္ေနဆဲ ျဖစ္ပါတယ္။

အသားျဖဴျဖဴ၊ အရပ္ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔ အဲဒီကာလက အသက္ ၁၉-၂၀ ၀န္းက်င္အရြယ္သာ ရွိေသးတဲ့ ကိုေဌးလႈိင္ဟာ က်ေနာ္တို႔ အားထားရဆုံး တပ္မႉးေတြထဲက တဦးျဖစ္ပါတယ္။ သူအေဖ ဦးဖုိးအုိဟာ NLD ပါတီ၀င္ တဦးျဖစ္ၿပီး အဲဒီကာလအထိ နတ္အိမ္ေတာင္ရြာမွာ ေနထုိင္ဆဲ။ ၿပီးေတာ့ သူတို႔အိမ္ဟာ က်ေနာ္တို႔ ေက်ာင္းသားအားလုံးရဲ႕ စားအိမ္ေသာက္အိမ္ ျဖစ္ေနပါတယ္။ ဒီလုိ ထုတ္လုိက္တဲ့အတြက္ သူ႔မိသားစုကို က်ေနာ္ အတာ္မ်က္ႏွာ နာရေပမယ့္ ဦးဖုိးအုိကေတာ့ က်ေနာ္တို႔အေပၚ နားလည္မႈအျပည့္ရွိၿပီး ဘာမွမျပစ္မေျပာပါ။ ေနာက္တခါ ကုိေဌးလႈိင္ ကုိယ္တုိင္ကလည္း သူအထုတ္ခံရတဲ့အေပၚ မတရားဘူးလို႔ အျမင္ရွိေပမယ့္ က်ေနာ္တို႔အေပၚ စိတ္ကြက္မႈထားပုံမရ။ ၿပီးခဲ့တဲ့နွစ္ေတြအတြင္း က်ေနာ္ နတ္အိမ္ေတာင္ဘက္ေရာက္စဥ္ သူ႔ကုိ ထုံပါဖုံၿမိဳ႕က ျမန္မာရပ္ကြက္မွာ ေတြ႔ခဲ့ရၿပီး ေရွးေဟာင္းေနွာင္းျဖစ္ေတြအေၾကာင္း ေျပာျဖစ္ခဲ့ေပမယ့္ သူကေတာ့ ဒီကိစၥကုိ ဘာမွ အမွတ္အေတး ထားပုံမရပါ။ ဒါေပမယ့္ က်ေနာ့္စိတ္ထဲမွာေတာ့ တခါက ဥကၠ႒ဆုိသူရဲ႕ အမွားအတြက္ စိတ္ထဲကေန ေတာင္းပန္ေနမိပါတယ္။


အတြဲ ၃ တဲြကုိ တခါတည္း မဂၤလာေဆာင္ေပးမိတဲ့ မဟာအမွား

လူတဦးခ်င္းရဲ႕ လြတ္လပ္ခြင့္နဲ႔ မိသားစုတန္ဖုိးအေၾကာင္း နကန္းတလုံးမွ နားမလည္ဘဲနဲ႔ ဥကၠ႒ျဖစ္ေနတဲ့က်ေနာ္ ေနာက္ထပ္က်ဴးလြန္မိတဲ့ အမွားေတာ္ပုံကေတာ့ စရိတ္က်ဥ္းေအာင္ဆုိၿပီး စုံတဲြ ၃ တဲြကို တႀကိမ္တည္းနဲ႔ မဂၤလာေဆာင္ေပးမိတဲ့ မဟာအမွား ျဖစ္ပါတယ္။ ၁၉၉၂ ၀န္းက်င္ကျဖစ္ခဲ့တဲ့ အဲဒိီမဂၤလာပဲြ ကာလအတြင္း အေတြ႔အႀကံဳရွိတဲ့ ရဲေဘာ္တခ်ဳိ႕ကေန “ဥကၠ႒၊ အဲလုိ မလုပ္ရဘူးေနာ္။ ၃ တဲြေဆာင္ရင္ ကဲြတတ္တယ္” ဆုိၿပီး အႀကံေပးခဲ့ေပမယ့္ က်ေနာ္က အဲဒါေတြကို အေလးထားရေကာင္းမွန္း မသိခဲ့ပါ။

 မင္းသမီးစခန္းေရာက္ ရဲေဘာ္ ရဲေမသစ္တခ်ဳိ႕ စစ္သင္တန္းတက္ေနသည္ကုိ ၁၉၉၀ ၀န္းက်င္က ေတြ႔ရစဥ္

ေနာက္တခါ တုိက္ဆုိင္မႈျဖစ္ခ်င္ေတာ့ စခန္းမွာလုပ္တဲ့ မဂၤလာပဲြတုိင္းလုိလုိမွာ ၾသ၀ါဒေပးေနက် ဆရာဦးဟန္လင္း ကလည္း အဲဒီ ၃ တဲြ မဂၤလာေဆာင္က်ေတာ့မွ “အုိေအာင္ မင္းေအာင္ ေပါင္းရပါေစ” လို႔ ေျပာရမယ့္ေနရာမွာ ဘယ္ကေနဘယ္လုိ စကားေတြ မွားသြားမွန္းမသိ။ “ေကာင္းရာ သုကတိ လားပါေစ” ဆုိၿပီး ေျပာမိလို႔ ရဲေဘာ္ေတြ ၀ုိင္းဟားေတာ့မွ ဆရာဦးဟန္လင္း ၾသ၀ါဒစကား ျပန္ျပင္ေျပာခဲ့ရတာကို က်ေနာ္အမွတ္ရေနပါတယ္။

အခု ဒီေဆာင္းပါးေရးဖို႔ အခ်က္အလက္ ျပန္စုတဲ့အခ်ိန္မွာေတာ့ ရဲေဘာ္ေတြ သတိေပးခဲ့တဲ့အတုိင္းပါပဲ။ အဲဒီ ၃ တဲြစလုံး တကယ္ကြဲသြားတာကို တုိက္ဆုိင္စြာ ေတြ႔လုိက္ရပါတယ္။ ပထမတတဲြက ကံေပါက္ဘက္ကျဖစ္ၿပီး အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ျပည္တြင္းကုိ ျပန္၀င္ခ်ိန္မွာ အမ်ဳိးသားကုိ နအဖဘက္က ဖမ္းမိ၊ အမ်ဳိးသမီးက ဘယ္ေရာက္သြားမွန္း မသိေတာ့ပါ။ ဒုတိယတတဲြက ပုေလာဘက္ကျဖစ္ၿပီး က်ေနာ္တို႔တပ္ရင္း မင္းသမီးစခန္းအက်၊ ထုိင္းဖက္ျပန္အဆုတ္ ကာလမွာ နယ္စပ္ရွိ ထုိင္းရြာတခုမွာ အေျခစိုက္၊ ၀ါးခုတ္စားၿပီး အသက္ေမြးေနရင္းနဲ႔ ကဲြသြားတယ္လို႔ သိရပါတယ္။ ေနာက္ ဆုံးတတြဲကေတာ့ က်ေနာ္တို႔ ထား၀ယ္ဘက္ကပါ။ က်ေနာ္တို႔တပ္ေတြ မင္းသမီးစခန္းကေန ထုိင္းဘက္ျပန္အဆုတ္မွာ သူ႔အမ်ဳိးသားကုိ ထုိင္းရဲကဖမ္းမိၿပီး ေထာင္ခ်ထားစဥ္ အမ်ဳိးသမီးက စိတ္ဓာတ္က်ၿပီး သူ႔သမီးေလးနဲ႔အတူ ျမန္မာနုိင္ငံဆီ ျပန္၀င္သြားပါတယ္။

 စစ္အာဏာသိမ္း ႏွစ္ပတ္လည္ေန႔ကုိ ဆႏၵျပေနၾကတဲ့ မင္းသမီးစခန္းေရာက္ ေက်ာင္းသားေက်ာင္းသူမ်ား

ေတာထဲမွာ ေနစဥ္တုန္းကေတာ့ ဒီျဖစ္စဥ္ေတြဟာ “ေတာ္လွန္ေရးမွာ ဒီလုိပဲျဖစ္တတ္တာပဲေလ” လို႔ ခံယူခ့ဲေပမယ့္ အခု ေနာ္ေ၀ႏိုင္ငံကုိေရာက္ၿပီး လူ႔အခြင့္ေရးအေၾကာင္း၊ လူသားဆန္မႈေတြအေၾကာင္း အေတာ္အတန္ နားလည္လာတဲ့ အခါမွာေတာ့ “ငါေတာ့ မွားခဲ့ၿပီနဲ႔တူတယ္” ဆုိၿပီး မၾကာခဏ က်ေနာ္စဥ္းစားေနမိပါတယ္။ ေတာထဲမွာတုန္းက က်ေနာ္တို႔ ထုတ္ထားတဲ့ လုပ္ထုံးလုပ္နည္းေတြအရ ဆုိရင္ အတြဲတတြဲ မဂၤလာေဆာင္ရင္ ဆန္တအိတ္နဲ႔ ဘတ္ေငြ ၅၀၀ ေပးပါတယ္။ အိမ္ေဆာက္ဖို႔အတြက္ သြပ္ျပား ၁၀ ျပားရမယ္။ ဒါဟာ တပ္ရင္းအတြက္ အလႉရွင္ေတြဆီကေန ပုံမွန္အလႉေငြ ရေနတဲ့အေျခအေနမွာပါ။ ဘတ္ဂ်က္မရွိတဲ့ လေတြဆုိရင္ ဘာမွမေပးႏိုင္။ မဂၤလာေဆာင္ၿပီးစ ကာလေတြ၊ ကေလးေမြးၿပီးစ ကာလေတြကုိလည္း မစဥ္းစားအား။ အေရးေပၚလုိအပ္ရင္ လုိအပ္သလုိ အဲဒီအမ်ဳိးသားကို ေခၚၿပီး ေရွ႕တန္း ထြက္ခုိင္းတာမ်ဳိးေတြလည္း က်ေနာ္တို႔ လုပ္ခဲ့ဖူးပါတယ္။

အခုက်ေနာ္ ေနာ္ေ၀မွာ ၁၀ ႏွစ္ေလာက္ ေနၿပီးတဲ့အခါက်မွ သိလာတာက ဒီႏိုင္ငံမွာ လက္ထပ္ရင္ လက္ထပ္ခြင့္ ရသလုိ ကေလးေမြးရင္လည္း ကေလးေမြးခြင့္ေတြ ေပးရပါတယ္။ ကေလးေမြးရင္ မီးဖြားခြင့္ ၈ လကုိ အမ်ဳိးသမီးက လစာအျပည့္ရၿပီး အမ်ဳိးသားကလည္း လစာအျပည့္နဲ႔ ေနာက္ထပ္ ၂ လ ခြင့္ရပါတယ္။ အဲဒီကာလေတြအတြင္း ဒီလူေတြကို ဘာတာ၀န္မွ သြားေပးလို႔မရ။ သြားေပးရင္ အဲဒါ လူ႔အခြင့္အေရး ခ်ဳိးေဖါက္တာပါပဲ။ ေနာက္တခါ ေမြးကင္းစ ကေလးငယ္ကုိလည္း ေမြးတဲ့ေန႔ကေန ၁၈ ႏွစ္ ျပည့္တဲ့အထိ အစိုးရက ေထာက္ပံ့ေၾကး ေပးထားတာ ေတြ႔ရတယ္။ ဒီလုိ အခ်က္လက္ေတြကုိ ပုိသိလာေလ၊ ေတာတြင္းကာလတုန္းက ျဖစ္သလုိ လုပ္ခဲ့ရတဲ့ ဘ၀အေျခေနအေပၚ ၀မ္းနည္းရေလ ျဖစ္ေနမိပါတယ္။


က်ေနာ္ ကန္ေတာ့ခြင့္ မရလုိက္တဲ့ ဆရာ တကၠသိုလ္ဘုန္းႏိုင္

ေတာ္လွန္ေရးစိတ္ဓာတ္ ျပင္းထန္ၿပီး ရန္-ငါ စည္းျပတ္ရမယ္ဆုိတဲ့ အယူဆေတြဟာ ေတာတြင္းကာလ ABSDF ေခါင္းေဆာင္ငယ္တဦးအျဖစ္ တာ၀န္ယူခဲ့စဥ္မွာအျပင္ သတင္းေထာက္တဦးအျဖစ္ ၿမိဳ႕ျပမွာ တာ၀န္ယူတဲ့အထိ က်ေနာ္နဲ႔အတူ ကပ္ပါလာခဲ့ပါတယ္။ ဒီအယူဆကုိ လက္ေတြ႔စမ္းသပ္လုိက္တဲ့ ျဖစ္စဥ္ကေတာ့ ၈ ေလးလုံးကာလက က်ေနာ္တို႔ ေမာ္လၿမိဳင္တကၠသိုလ္ရဲ႕ ပါေမာကၡခ်ဳပ္ျဖစ္ခဲ့သူ၊ တနည္းအားျဖင့္ ၁၉၈၇ စက္တင္ဘာလ ေငြစကၠဴ အေရးခင္း၊ ၁၉၈၈ မတ္လနဲ႔ ဇြန္လအေရးအခင္းေတြမွာ ပါ၀င္မႈနဲ႔ က်ေနာ္တို႔ကုိ သူ႔႐ံုးခန္းထဲေခၚၿပီး သတိေပးခဲ့သူ၊ ဆရာ ဦးခင္ေမာင္တင့္ေခၚ တကၠသိုလ္ ဘုန္းႏိုင္နဲ႔ ဘန္ေကာက္ၿမိဳ႕က ဆယ္မီနာတခုမွာ ေတြ႔ဆုံစဥ္က ျဖစ္ပါတယ္။

 ေမာ္လၿမိဳင္တကၠသိုလ္

၁၉၉၉ ေနွာင္းပုိင္းမွာ ျဖစ္ပြားခဲ့တဲ့ ဘန္ေကာက္သံ႐ံုး စီးနင္းမႈၿပီးကာစ၊ ၂၀၀၀ ျပည့္နွစ္ အေစာပုိင္းမွာ ျဖစ္ပြားခဲ့တဲ့ ရတ္ခ်ပူရီေဆး႐ံုစီးနင္းမႈ ျဖစ္ၿပီးကာစ ထုိင္းနဲ႔ျမန္မာေတြအၾကား အထင္အျမင္ လြဲမႈေတြ ျဖစ္ေနစဥ္မွာ ဆရာ တကၠသိုလ္ဘုန္းႏိုင္ ပါ၀င္တဲ့ ျမန္မာနုိင္ငံက ယဥ္ေက်းမႈအဖြဲ႔တခု ဘန္ေကာက္ကုိ ေရာက္လာပါတယ္။ ၂၀၀၀ ျပည့္နွစ္ နုိ၀င္ဘာလထဲမွာ ေရာက္လာတဲ့ ဒီယဥ္ေက်းမႈအဖြဲ႔ကုိ ဒါ႐ုိက္တာ ၾကည္စုိးထြန္းက ဦးေဆာင္ၿပီး ဆရာ တကၠသိုလ္ဘုန္းႏိုင္၊ ဆရာ ခ်စ္ဦးညိဳနဲ႔ တျခားအဖြဲ႔၀င္ ၁၀ ဦးခန္႔ ပါမယ္လို႔ထင္ပါတယ္။ နွစ္ႏိုင္ငံ ယဥ္ေက်းမႈကိစၥ ေဆြးေႏြးဖို႔ဆုိေပမယ့္ အဓိကအားျဖင့္ကေတာ့ ဆရာ တကၠသုိလ္ဘုန္းႏိုင္ရဲ႕ ၀တၱဳကုိ ဒါ႐ုိက္တာ ၾကည္စုိးထြန္း ႐ုိက္ကူးထားတဲ့ ”သူ႔ကြ်န္ မခံၿပီ” ႐ုပ္ရွင္ျပဖို႔ ျဖစ္ပါတယ္။

ခ်ဴလာေလာင္ကြန္း တကၠသိုလ္မွာ ၃ ရက္ၾကာ က်င္းပခဲ့တဲ့ ႐ုပ္ရွင္ျပပြဲနဲ႔ ေဆြးေႏြးပဲြအခမ္းအနားဆီ က်ေနာ္နဲ႔အတူ သတင္းတက္ယူသူကေတာ့ ဘီဘီစီမွ ေဒၚၾကည္ၾကည္ေမ ျဖစ္ပါတယ္။ ထုိင္းနုိင္ငံသားေတြအျပင္ ဘန္ေကာက္မွာရွိတဲ့ ျမန္မာပရိသတ္တခ်ဳိ႕လည္း တက္ေရာက္လာၾကၿပီး ျမန္မာဘက္က ျပသတဲ့ ”သူ႔ကြ်န္မခံၿပီ” ဇာတ္ကားနဲ႔ ထုိ္င္းဘက္ကျပသတဲ့ ”ဆူရီေယာထုိင္း” ဇတ္ကားေတြကို ၾကည့္ရႈအားေပးၾကပါတယ္။ ေနာက္တခါ တုိက္တုိက္ဆုိင္ဆုိင္ ဆရာ တကၠသိုလ္ဘုန္းႏိုင္နဲ႔ အဲဒီလုိေတြ႔တဲ့အခ်ိန္ဟာ ကဗ်ာဆရာႀကီး တင္မုိး ႏိုင္ငံျခားကုိ ထြက္ေျပးကာစ အခ်ိန္လည္း ျဖစ္ပါတယ္။

“အဓိက ကေတာ့ နယ္ခ်ဲ႕စနစ္ကုိ လက္မခံႏိုင္တဲ့အေၾကာင္း၊ နယ္ခ်ဲ႕စနစ္ရဲ႕ ဆုိးက်ဳိးေတြ အေၾကာင္းကုိ ဒီဇာတ္ကားထဲမွာ ေတြ႔ရမွာပါ” ဆုိၿပီး တကၠသိုလ္ဘုန္းႏိုင္က သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္ ကိုေျဖပါတယ္။ ျမန္မာသတင္းေထာက္ေတြနဲ႔ သီးျခားေတြ႔တဲ့အခါမွာေတာ့ စာေရးဆရာျဖစ္လာပုံ၊ အထူးသျဖင့္ ”သူငယ္ခ်င္းလို႔ပဲ ဆက္၍ေခၚမည္ခုိင္” ၀ထၳဳ ဘယ္လုိေရးျဖစ္တဲ့အေၾကာင္း စသျဖင့္ ေဒၚၾကည္ၾကည္ေမက ေမးပါတယ္။

က်ေနာ္အလွည့္ ေရာက္တဲ့အခါမွာေတာ့ အလုိက္ကန္းဆုိး မသိတတ္ေသးတဲ့ သတင္းေထာက္ေပါက္စပီပီ ဆင္ဆာကိစၥကုိ သြားေမးမိပါတယ္။

“စာေရးဆရာဆုိတာ ျပင္ပခ်ဳပ္္ခ်ယ္မႈကုိ မေၾကာက္ရဘူး။ တာ၀န္သိတဲ့ စာေရးဆရာတဦး အေနနဲ႔ ကိုယ္ဖာသာ ထိန္းသိမ္းတတ္ရမယ္။ က်ေနာ္ကေတာ့ လြတ္လြတ္လပ္လပ္ ေရးေနတာပဲ” လို႔ ဆရာႀကီးက ေျဖပါတယ္။ တကယ္ကေတာ့ ဒီအေျဖေလာက္နဲ႔ တင္းတိမ္သင့္တယ္ ထင္ပါတယ္။ ဒါက အခုမွ စဥ္းစားမိတာပါ။ အဲဒီကာလကေတာ့ တက္ႂကြတဲ့ၾကက္ဖ ျဖစ္ေနဆဲဆုိေတာ့ တခ်ိန္က ေက်ာင္းေတာ္က ရန္စေတြ၊ အျမင္မတူမႈေတြက ပေရာ္ဖက္ရွင္နယ္ သတင္းသမားစစ္စစ္ မျဖစ္ေသးတဲ့ သူပုန္လူထြက္ သတင္းေထာက္ရင္ထဲ ကိန္းေအာင္ေနဆဲနဲ႔ တူပါတယ္။

“ဆရာက လြတ္လြတ္လပ္လပ္ ေရးလို႔ ရေနတယ္ဆုိေပမယ့္ တခ်ဳိ႕စာေရးဆရာ၊ ကဗ်ာဆရာေတြကေတာ့ စာေရးလို႔ ေထာင္က်ခံရ၊ တခ်ဳိ႕က ျပည္ပကုိထြက္ေျပးရ ျဖစ္ေနပါတယ္။ အဲဒါ ဆရာနဲ႔သူတို႔ ဘာကြာလို႔လဲ” ဆုိၿပီး ေမးခ်လုိက္မိပါတယ္။

ေဒၚၾကည္ၾကည္ေမက မ်က္စိမ်က္နွာပ်က္ၿပီး ဆက္မေမးဖို႔ က်ေနာ္ကို လက္တို႔ သတိေပးပါတယ္။ “အဲဒါက စာေပကိစၥ တခုတည္းေၾကာင့္ ဟုတ္ရဲ႕လားဗ်ာ” လို႔ ဆရာႀကီးကေျပာၿပီး မ်က္နွာလည္း အေတာ္ပ်က္သြားပါတယ္။ ဒါကုိရိပ္မိတဲ့ ေဒၚၾကည္ၾကည္္ေမက ၾကားျဖတ္၀င္လာၿပီး ဆရာ သက္ေတာင့္သက္သာျဖစ္မယ့္ ေမးခြန္းေတြနဲ႔ စကားလမ္းေၾကာင္း လႊဲလုိက္ပါတယ္။

ၿပီးေတာ့ ႐ုပ္ရွင္ျပပြဲစမယ္ဆုိလို႔ က်ေနာ္တို႔အားလုံး အခန္းထဲ ၀င္လုိက္ၾကပါတယ္။ ႐ုပ္ရွင္ မျပခင္မွာ ယဥ္ေက်းမႈ ကပဲြလုပ္ၿပီး ဆရာ ခ်စ္ဦးညိဳကုိယ္တုိင္ ဒသႆဂီရီအက ကေနတာကို ေတြ႔လုိက္ရပါတယ္။ ကပဲြနဲ႔ ႐ုပ္ရွင္ျပပဲြ အၿပီးမွာေတာ့ ဆရာ တကၠသိုလ္ ဘုန္းႏိုင္ရဲ႕ စာဖတ္ပရိသတ္ေတြ၊ ေလးစားသူေတြက ဆရာႀကီးကို ထုိင္ကန္ေတာ့ၾကပါတယ္။ ဘီဘီစီက ေဒၚၾကည္ၾကည္ေမလည္း ပရိတ္သတ္ေတြနဲ႔အတူ ထုိင္ကန္ေတာ့ဖို႔ ျပင္ေနေတာ့ က်ေနာ္လည္း အားလုံးနဲ႔အတူ ထုိင္ကန္ေတာ့မယ္လို႔ ျပင္လိုက္ပါတယ္။

“တခ်ိန္က ငါတို႔ရဲ႕ ဒီမုိကေရစီ အခြင့္အေရး ေတာင္းဆုိဆႏၵျပပြဲကုိ တားဆီးခဲ့သူတဦးကို ငါ ကန္ေတာ့လုိက္မယ္ဆုိရင္ တသက္လုံး လုပ္လာခဲ့တဲ့ ေတာ္လွန္ေရးအေပၚ သစၥာေဖာက္ရာ က်သြားေလမလား” ဆုိၿပီး က်ေနာ့္စိတ္ထဲ စဥ္းစားခ်က္ ၀င္လာပါတယ္။ စိတ္ထဲမွာလည္း ဘာကိုအလုိမက်မွန္း မသိဘဲ တင္းက်ပ္သလုိလုိ၊ အသက္႐ႈ က်ပ္သလုိလုိနဲ႔ ေခြ်းျပန္လာတဲ့အတြက္ လူအုပ္ၾကားထဲကေန အခန္း အျပင္ဘက္ အျမန္ထြက္လုိက္ရပါတယ္။ က်န္တဲ့ ပရိတ္သတ္ေတြကေတာ့ ဆရာႀကီးကုိ လက္အုပ္ခ်ီကန္ေတာ့၊ ဆရာႀကီးကလည္း ဆုမြန္ေကာင္းေတြ ေျခြလို႔ေပါ့။
က်ေနာ္ကေတာ့ “ရန္-ငါ စည္းျပတ္ရမယ္” ဆုိတဲ့ စဥ္းစားခ်က္ႀကီး ၀င္လာၿပီး ေနာက္ျပန္ မလွည့္ေတာ့ဘဲ ခ်ဴလာေလာင္ကြန္း တကၠသိုလ္၀င္းထဲကေန ထြက္လာခဲ့ပါတယ္။

အဲဒီေန႔ကစၿပီး ဆရာႀကီးကို လူခ်င္းေတြ႔လ်က္နဲ႔ မကန္ေတာ့ခဲ့ျဖစ္လုိက္တဲ့ က်ေနာ္ဟာ ဒီျဖစ္စဥ္အေပၚ ေန႔စဥ္လုိလုိ စဥ္းစားေနမိပါတယ္။ တနွစ္ေလာက္ၾကာတဲ့အခါ၊ အထူးသျဖင့္ ဘန္ေကာက္က ဆယ္မီနာေတြမွာ န၀တ အစိုးရထဲက ေထာက္လွမ္းေရးမႉး ဗုိလ္မႉးခ်ဳပ္ ေက်ာ္သိန္းတို႔လုိ ပုဂၢိဳလ္ေတြနဲ႔ေတြ႔ၿပီး လက္ဆြဲနႈတ္ဆက္ရဲလာတဲ့အခါမွာ “တခ်ိန္က လက္နက္ကုိင္ၿပီး သူေသကုိယ္ေသ တုိက္ခဲ့ဖူးတဲ့ ဒီလုိလူေတြကိုေတာင္ လက္ဆဲြနႈတ္ဆက္နုိင္ရင္ အနေႏၲာအနႏၲ ၅ ပါးထဲမွာပါတဲ့ ဆရာသမားေတြကို ဘာလို႔ႏႈတ္မဆက္ရဲ၊ မကန္ေတာ့ရဲရမွာလဲ” ဆုိၿပီး စဥ္းစားမိလာပါတယ္။


မင္းသမီးေဒသေရာက္ ေတာခုိေက်ာင္းသားေတြရဲ႕ ပထမဆုံး အေျခစိုက္စခန္း ေမာင္ေတာ္ကုိ ၁၉၈၈ ေနွာင္းပုိင္းတြင္ ေတြ႔ရစဥ္

တခ်ိန္တည္းမွာပဲ သက္ၿပီး၀ါႀကီး ဆရာႀကီးအေပၚ မေထမဲ့ျမင္ ျပဳခဲ့မိေလသလားဆုိၿပီးလည္း စဥ္းစားေနမိပါတယ္။ တခါ တကၠသိုလ္မွာတုန္းက ဆရာႀကီးဘက္က က်ေနာ္တို႔လုပ္ရပ္ကုိ တားျမစ္တယ္ဆုိတာကလည္း အစိုးရအႀကိဳက္ လုိက္လုပ္တာမ်ဳိး မဟုတ္ဘဲ လြန္လြန္ကြ်ံကြ်ံ မျဖစ္ေအာင္ တာ၀န္အရ ေခၚေျပာရတာမ်ဳိးေရာ မျဖစ္နုိင္ဘူးလားလို႔ ျပန္စဥ္းစားေနမိပါတယ္။ ဒီလုိနဲ႔ ေနာက္တခါ ဆရာႀကီးနဲ႔ေတြ႔ရင္ေတာ့ အရင္ကျဖစ္စဥ္ေတြကို ျပန္ေျပာျပၿပီး အေသအခ်ာ ေတာင္းပန္ကာ ထုိင္ကန္ေတာ့မယ္လို႔ ဆုံးျဖတ္လုိက္ပါတယ္။

ဒါေပမယ့္ ေနာက္က်သြားခဲ့ပါၿပီ။ ဆရာ့ကို က်ေနာ္ ေနာက္တႀကိမ္ ဘယ္ေတာ့မွ ျပန္ေတြ႔ခြင့္ မရနုိင္ေတာ့။ ဘာေၾကာင့္လဲဆုိရင္ အသက္ ၇၂ နွစ္ အရြယ္ ဦးခင္ေမာင္တင့္ ေခၚ စာေရးဆရာႀကီး တကၠသိုလ္ဘုန္းႏိုင္ဟာ ၂၀၀၂ ခုနွစ္ ေမလ ၁၀ ရက္ေန႔က သံလ်င္ေနအိမ္မွာ ကြယ္လြန္သြားၿပီဆုိတဲ့ သတင္းကုိ ျမန္မာ့အလင္းသတင္းစာ နာေရးမွာ က်ေနာ္ေတြ႔လုိက္ရလို႔ပါ။ တခါက သူ႔တပည့္ျဖစ္ခဲ့ဖူးတဲ့ သူပုန္လူထြက္ သတင္းေထာက္ က်ေနာ့္အျဖစ္ကုိ တမလြန္ဘ၀က ဆရာႀကီး တကၠသိုလ္ဘုန္းႏိုင္ နားလည္ႏိုင္ပါေစလို႔ ဆုေတာင္း႐ုံမွတပါး က်ေနာ္ ဘာမ်ား တတ္ႏိုင္ဦးမည္နည္း။     ။

======================================================

(အပိုင်း ၅၁)

ထက်အောင်ကျော်| November 29, 2012 | ဧရာဝတီ။


ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအတွက် ဆယ်စုနှစ်တခုကျော် တိုက်ပွဲဝင်ခဲ့သူတဦးက အဲဒီတိုက်ပွဲ ကာလအတွင်း “ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေများ လုပ်ခဲ့မိလေသလား” ဆိုပြီး ပြန်စဉ်းစားနေမိတယ်ဆိုရင် စာဖတ်ပရိသတ် ယုံပါ့မလား။ ဒါပေမယ့် စာရေးသူကျနော် အဲဒီလို စဉ်းစားခန်း ဝင်နေမိတာ အမှန်ပဲဖြစ်ပါတယ်။



 တောခိုကျောင်းသား ကျောင်းသူတချို့ကို မင်းသမီးစခန်းရဲ့ ဆေးခန်းရှေ့မှာ ၁၉၈၉ နှောင်းပိုင်းက တွေ့ရစဉ်

အသက် ၂၀ ဝန်းကျင် ငယ်ရွယ်စဉ်ကာလက ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ဘဝတွေဟာ ကြမ်းတမ်းလွန်းလှပြီး “တော်လှန်ရေးသာ အမိ၊ တော်လှန်ရေးသာ အဖ” ဆိုတာကို ဦးစားပေးလွန်းရာကနေ လူသားဆန်မှုတွေ၊ လူ့သဘာဝတွေကို မေ့လျော့ပြီး လူသားတွေကို စက်ရုပ်တွေအဖြစ် မြင်ခဲ့မိလေသလားလို့တောင် ကျနော် တွေးနေမိပါတယ်။ စိတ်ဓာတ်တက်ကြွလွန်းမှု၊ စေတနာ လွန်ကဲမှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ “စေတနာအမှားတွေ” တွေထဲက သာဓက ၃ ခုလောက်ကို ဒီနေရာမှာ တင်ပြချင်ပါတယ်။


ဆံပင်ရှည်ထားတိုင်းလည်း လမ်းသရဲမထင်နဲ့

ပထမဆုံး တင်ပြလိုတဲ့ဖြစ်စဉ်ကတော့ ဆံပင်ရှည်ထားတဲ့ ရဲဘော်တဦးကို ဆံပင်ညှပ်ဖို့ ပျက်ကွက်မှုနဲ့ တပ်ဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်လိုက်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာကျော် ပျောက်ကျားခေါင်းဆောင် အာနက်စတို ချေ ဂွေဗားရား (Ernesto “Che” Guevara) ကို အားကျနေတဲ့ ကျနော်တို့ တော်လှန်ရေးသမား ပေါက်စတွေဟာ ရဲဘော် ချေလို ဆံပင်ရှည်ထားတာ၊ မုတ်ဆိတ်မွေး ထားကြတာတွေ တော်လှန်ရေး အစောပိုင်းကာလမှာ အတော်ခေတ်စားခဲ့ပေါ့။


 တပ်ရင်းအရာခံဗိုလ် ကိုဌေးလှိုင်နဲ့ ၂၀၁ တပ်ရင်းမှ တပ်မှူး တပ်သားတချို့ကို တပ်ရင်းရုံးရှေ့တွင် ၁၉၉၃ ဝန်းကျင်က တွေ့ရစဉ်

အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ ကျနော်တို့ထဲက ရဲဘော်တချို့မှာ နှုတ်ခမ်းမွေး ရေးရေးရှိပေမယ့် ကျနော်အပါဝင် တချို့ကတော့ နှုတ်ခမ်းမွေး မပေါက်သေးပါ။ ဒီတော့ နှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်တွေရှိမှ သူပုန်ပုံပေါက်မယ်ဆိုပြီး မုတ်ဆိတ်ရိတ်ဓားတွေနဲ့ အားပေးခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း နှုတ်ခမ်းမွေး ထွက်လာတဲ့အခါမှာတော့ ရဲဘော် ချေလို ခန့်ငြားစွာ ထွက်လာတာ မဟုတ်ဘဲ အမွေးကျွတ်နေတဲ့ အလယ်မှ မပေါက်ဘဲ တံမြက်စည်းဟောင်းတခုလို ဘေးတဖက်တချက်စီမှာသာ ထွက်လာတာနဲ့ ကြုံခဲ့ရလို့ အချင်းချင်း ဝိုင်းဟားကြတာကို အမှတ်ရနေပါတယ်။

ဆံပင်ရှည်ထားတာကတော့ နှုတ်ခမ်းမွေး။ မုတ်ဆိတ်မွေးထားတာထက် ပိုလွယ်တဲ့သဘောရှိပါတယ်။ ဒါပေမယ့် သက်တမ်းနည်းနည်း ရင့်လာတာနဲ့အမျှ ကျောင်းသားကနေ စစ်သားအသွင်ကို တကယ် ဆောင်လာတဲ့အခါမှာတော့ အားလုံးတပြေးညီ “ပုံစံ” ဖြစ်ရမယ်ဆိုတဲ့ တပ်စည်းကမ်းတွေအရ ဆံပင်ပုံစံ တယောက်တမျိုး ထားခွင့်မပြုတော့ပါဘူး။ အားလုံး ပုံစံကေ “ရှေ့တလက်မ နောင်ပြောင်” မညှပ်ချင်ရင်တောင် ကြည့်ပျော်ရှုပျော် ဆံပင်ပုံစံ ထားကြရပါတယ်။

တော်လှန်ရေးသမားဆိုတာ စစ်သားလို စည်းကမ်းရှိတဲ့အပြင် နိုင်ငံရေးသမားလို အမျှော်အမြင်လည်း ရှိရမယ်ဆိုပြီး ကြွေးကြော်ထားတဲ့ ကျနော်တို့တပ်တွေကြား တပ်စည်းကမ်းနဲ့ပတ်သက်ပြီး အားပြိုင်မှု အကြီးဆုံးကာလကတော့ တပ်ရင်း ၃ ခြမ်း ကွဲပီးကာစ အချင်းချင်း အကြိတ်အနယ် ပြိုင်ဆိုင်နေချိန်ပဲ ဖြစ်ပါတယ်။ အဲဒီလိုအားပြိုင်မှု အကြီးဆုံးကာလမှာမှ ဆံပင်ရှည်ထားမိတဲ့ ကံဆိုးသူမောင်ရှင်ကတော့ တပ်ရင်းအရာခံဗိုလ် ကိုဌေးလှိုင် ဖြစ်ပါတယ်။ တပ်ရင်းအရာခံဗိုလ်ဟာ နေ့စဉ် မနက် ၇ နာရီထိုးတိုင်း ခွပ်ဒေါင်းအလံတိုင်ရှေ့ တန်းစီအလေးပြုချိန်မှာ ရှေ့ကနေ တပ်တခုလုံးကို အမိန့်ပေးရသူဖြစ်တဲ့အပြင် တပ်တခုလုံးရဲ့ စည်းကမ်း ထိမ်းသိမ်းရေးကို ကိုင်တွယ်ရသူလည်း ဖြစ်ပါတယ်။ ဆိုတော့ တပ်တခုလုံးကို အမိန့်ပေးနေသူက ဆံပင်ရှည်နေမှတော့ ကျန်တဲ့တပ်သားတွေကို သူဘယ်လို ထိမ်းတော့မလဲ။ နောက်တခါ အိမ်နီးချင်း ပြိုင်ဖက်တပ်ရင်းတွေကလည်း ကျနော်တို့တပ်ရင်း အရာခံဗိုလ် ဆံပင်ရှည်ထားတဲ့ကိစ္စကို တီးတိုး ဝေဖန်လာနေကြပါတယ်။

ဒီအတွက် ကိုဌေးလှိုင်ကို တပ်ရင်းရုံးမှာ သီးခြားခေါ်ယူပြီး ကျနော်ညှိနှိုင်းခဲ့ပါတယ်။
“ဥက္ကဋ္ဌကလည်းဗျာ။ ဆံပင်ရှည်ထားတာ ရာဇဝတ်မှုကျူးလွန်တာကျနေတာပဲ။ ကမ္ဘာကျော် ပျောက်ကျားခေါင်းဆောင် ရဲဘော်ချေဆို ဒီထက်တောင် ရှည်သေးတာပဲ။ ၁၀၂ ရင်းမှူး ကိုဘစောထွန်းလည်း ဆံပင်ရှည် ထားတာပဲ။ ကျနော့်ဆံပင်ကျမှ ပြဿနာ ဖြစ်နေရတယ်လို့” ဆိုပြီး ကိုဌေးလှိုင်က ကျနော်ရဲ့သတိပေးချက်ကို တုန့်ပြန်ပါတယ်။ သူထောက်ပြတာတွေ အားလုံးအမှန်တွေ ဖြစ်နေပေမယ့် ကျနော်က လက်မခံနိုင်။ တပ်ရင်းတွေအချင်းချင်း အားပြိုင်နေချိန်မှာ သူများထောက်ပြစရာ မရှိအောင် စံပြလုပ်ထားဖို့လိုတယ်ဆိုပြီး ကျနော်က နားချပေမယ့် ကိုဌေးလှိုင်ကတော့ ဒါကို လက်မခံခဲ့ပါ။ သူရဲ့တဦးချင်း လွတ်လပ်ပိုင်ခွင့်ကို ချုပ်ချယ်တဲ့သဘော ဖြစ်နေတယ်လို့ ပြောပါတယ်။

အဲဒီကာလက အခုခေတ်လို လူ့အခွင့်အရေးဆိုတဲ့ စကားလုံး သိပ်ခေတ်မစားသေးတဲ့အတွက် ကျနော်ကို လူ့အခွင့်အရေး ချိုးဖောက်သူဆိုပြီး သူကမပြောသေးတာ ဖြစ်ပုံရပါတယ်။ သူပြောမယ်ဆိုလည်း ပြောစရာပါပဲ။ သူ့မှာ အားနည်းချက်ဆိုလို့ အဲဒီ ဆံပင်ကိစ္စတခုသာရှိပြီး တခြားဘာမှမရှိ။ သူဟာ ဆေးလိပ်လည်း မသောက်၊ အရက်လည်း မသောက်တဲ့အပြင် ၁၉၈၈ ကနေ ၁၉၉၂ အထိ ကျနော်တို့နဲ့ အရင်းနှီးဆုံး ပေါင်းသင်းလာသူ။ အပြန်အလှန် နားလည်မှုရှိပြီးသား တပ်မှူးတဦးဖြစ်တဲ့အတွက် ကျနော်လည်း သူကို ဘယ်လိုမှ မထုတ်ချင်ပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အတွက် စခန်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သူ့ကို ရင်းအရာခံဗိုလ် အဖြစ်ကရော၊ တပ်ဖွဲ့ဝင်အဖြစ်ကပါ ထုတ်ပစ်လိုက်ရပါတယ်။ ဒီလိုနဲ့ သူဟာ အထုတ်အပိုးဆွဲပြီး တပ်ရင်းကနေ သူမိဘတွေရှိရာ နတ်အိမ်တောင်စခန်းနဲ့ ဘားလိုင်ရွာဆီ ထွက်သွားတာကို ကျနော် မျက်စိထဲ အခုအထိ မြင်ယောင်နေဆဲ ဖြစ်ပါတယ်။

အသားဖြူဖြူ၊ အရပ် ထောင်ထောင်မောင်းမောင်းနဲ့ အဲဒီကာလက အသက် ၁၉-၂၀ ဝန်းကျင်အရွယ်သာ ရှိသေးတဲ့ ကိုဌေးလှိုင်ဟာ ကျနော်တို့ အားထားရဆုံး တပ်မှူးတွေထဲက တဦးဖြစ်ပါတယ်။ သူအဖေ ဦးဖိုးအိုဟာ NLD ပါတီဝင် တဦးဖြစ်ပြီး အဲဒီကာလအထိ နတ်အိမ်တောင်ရွာမှာ နေထိုင်ဆဲ။ ပြီးတော့ သူတို့အိမ်ဟာ ကျနော်တို့ ကျောင်းသားအားလုံးရဲ့ စားအိမ်သောက်အိမ် ဖြစ်နေပါတယ်။ ဒီလို ထုတ်လိုက်တဲ့အတွက် သူ့မိသားစုကို ကျနော် အတာ်မျက်နှာ နာရပေမယ့် ဦးဖိုးအိုကတော့ ကျနော်တို့အပေါ် နားလည်မှုအပြည့်ရှိပြီး ဘာမှမပြစ်မပြောပါ။ နောက်တခါ ကိုဌေးလှိုင် ကိုယ်တိုင်ကလည်း သူအထုတ်ခံရတဲ့အပေါ် မတရားဘူးလို့ အမြင်ရှိပေမယ့် ကျနော်တို့အပေါ် စိတ်ကွက်မှုထားပုံမရ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျနော် နတ်အိမ်တောင်ဘက်ရောက်စဉ် သူ့ကို ထုံပါဖုံမြို့က မြန်မာရပ်ကွက်မှာ တွေ့ခဲ့ရပြီး ရှေးဟောင်းနှောင်းဖြစ်တွေအကြောင်း ပြောဖြစ်ခဲ့ပေမယ့် သူကတော့ ဒီကိစ္စကို ဘာမှ အမှတ်အတေး ထားပုံမရပါ။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ တခါက ဥက္ကဋ္ဌဆိုသူရဲ့ အမှားအတွက် စိတ်ထဲကနေ တောင်းပန်နေမိပါတယ်။


အတွဲ ၃ တွဲကို တခါတည်း မင်္ဂလာဆောင်ပေးမိတဲ့ မဟာအမှား

လူတဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ မိသားစုတန်ဖိုးအကြောင်း နကန်းတလုံးမှ နားမလည်ဘဲနဲ့ ဥက္ကဋ္ဌဖြစ်နေတဲ့ကျနော် နောက်ထပ်ကျူးလွန်မိတဲ့ အမှားတော်ပုံကတော့ စရိတ်ကျဉ်းအောင်ဆိုပြီး စုံတွဲ ၃ တွဲကို တကြိမ်တည်းနဲ့ မင်္ဂလာဆောင်ပေးမိတဲ့ မဟာအမှား ဖြစ်ပါတယ်။ ၁၉၉၂ ဝန်းကျင်ကဖြစ်ခဲ့တဲ့ အဲဒီမင်္ဂလာပွဲ ကာလအတွင်း အတွေ့အကြုံရှိတဲ့ ရဲဘော်တချို့ကနေ “ဥက္ကဋ္ဌ၊ အဲလို မလုပ်ရဘူးနော်။ ၃ တွဲဆောင်ရင် ကွဲတတ်တယ်” ဆိုပြီး အကြံပေးခဲ့ပေမယ့် ကျနော်က အဲဒါတွေကို အလေးထားရကောင်းမှန်း မသိခဲ့ပါ။


 မင်းသမီးစခန်းရောက် ရဲဘော် ရဲမေသစ်တချို့ စစ်သင်တန်းတက်နေသည်ကို ၁၉၉၀ ဝန်းကျင်က တွေ့ရစဉ်

နောက်တခါ တိုက်ဆိုင်မှုဖြစ်ချင်တော့ စခန်းမှာလုပ်တဲ့ မင်္ဂလာပွဲတိုင်းလိုလိုမှာ သြဝါဒပေးနေကျ ဆရာဦးဟန်လင်း ကလည်း အဲဒီ ၃ တွဲ မင်္ဂလာဆောင်ကျတော့မှ “အိုအောင် မင်းအောင် ပေါင်းရပါစေ” လို့ ပြောရမယ့်နေရာမှာ ဘယ်ကနေဘယ်လို စကားတွေ မှားသွားမှန်းမသိ။ “ကောင်းရာ သုကတိ လားပါစေ” ဆိုပြီး ပြောမိလို့ ရဲဘော်တွေ ဝိုင်းဟားတော့မှ ဆရာဦးဟန်လင်း သြဝါဒစကား ပြန်ပြင်ပြောခဲ့ရတာကို ကျနော်အမှတ်ရနေပါတယ်။

အခု ဒီဆောင်းပါးရေးဖို့ အချက်အလက် ပြန်စုတဲ့အချိန်မှာတော့ ရဲဘော်တွေ သတိပေးခဲ့တဲ့အတိုင်းပါပဲ။ အဲဒီ ၃ တွဲစလုံး တကယ်ကွဲသွားတာကို တိုက်ဆိုင်စွာ တွေ့လိုက်ရပါတယ်။ ပထမတတွဲက ကံပေါက်ဘက်ကဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်ဝင်ချိန်မှာ အမျိုးသားကို နအဖဘက်က ဖမ်းမိ၊ အမျိုးသမီးက ဘယ်ရောက်သွားမှန်း မသိတော့ပါ။ ဒုတိယတတွဲက ပုလောဘက်ကဖြစ်ပြီး ကျနော်တို့တပ်ရင်း မင်းသမီးစခန်းအကျ၊ ထိုင်းဖက်ပြန်အဆုတ် ကာလမှာ နယ်စပ်ရှိ ထိုင်းရွာတခုမှာ အခြေစိုက်၊ ဝါးခုတ်စားပြီး အသက်မွေးနေရင်းနဲ့ ကွဲသွားတယ်လို့ သိရပါတယ်။ နောက် ဆုံးတတွဲကတော့ ကျနော်တို့ ထားဝယ်ဘက်ကပါ။ ကျနော်တို့တပ်တွေ မင်းသမီးစခန်းကနေ ထိုင်းဘက်ပြန်အဆုတ်မှာ သူ့အမျိုးသားကို ထိုင်းရဲကဖမ်းမိပြီး ထောင်ချထားစဉ် အမျိုးသမီးက စိတ်ဓာတ်ကျပြီး သူ့သမီးလေးနဲ့အတူ မြန်မာနိုင်ငံဆီ ပြန်ဝင်သွားပါတယ်။


 စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ကို ဆန္ဒပြနေကြတဲ့ မင်းသမီးစခန်းရောက် ကျောင်းသားကျောင်းသူများ

တောထဲမှာ နေစဉ်တုန်းကတော့ ဒီဖြစ်စဉ်တွေဟာ “တော်လှန်ရေးမှာ ဒီလိုပဲဖြစ်တတ်တာပဲလေ” လို့ ခံယူခဲ့ပေမယ့် အခု နော်ဝေနိုင်ငံကိုရောက်ပြီး လူ့အခွင့်ရေးအကြောင်း၊ လူသားဆန်မှုတွေအကြောင်း အတော်အတန် နားလည်လာတဲ့ အခါမှာတော့ “ငါတော့ မှားခဲ့ပြီနဲ့တူတယ်” ဆိုပြီး မကြာခဏ ကျနော်စဉ်းစားနေမိပါတယ်။ တောထဲမှာတုန်းက ကျနော်တို့ ထုတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဆိုရင် အတွဲတတွဲ မင်္ဂလာဆောင်ရင် ဆန်တအိတ်နဲ့ ဘတ်ငွေ ၅၀၀ ပေးပါတယ်။ အိမ်ဆောက်ဖို့အတွက် သွပ်ပြား ၁၀ ပြားရမယ်။ ဒါဟာ တပ်ရင်းအတွက် အလှူရှင်တွေဆီကနေ ပုံမှန်အလှူငွေ ရနေတဲ့အခြေအနေမှာပါ။ ဘတ်ဂျက်မရှိတဲ့ လတွေဆိုရင် ဘာမှမပေးနိုင်။ မင်္ဂလာဆောင်ပြီးစ ကာလတွေ၊ ကလေးမွေးပြီးစ ကာလတွေကိုလည်း မစဉ်းစားအား။ အရေးပေါ်လိုအပ်ရင် လိုအပ်သလို အဲဒီအမျိုးသားကို ခေါ်ပြီး ရှေ့တန်း ထွက်ခိုင်းတာမျိုးတွေလည်း ကျနော်တို့ လုပ်ခဲ့ဖူးပါတယ်။

အခုကျနော် နော်ဝေမှာ ၁၀ နှစ်လောက် နေပြီးတဲ့အခါကျမှ သိလာတာက ဒီနိုင်ငံမှာ လက်ထပ်ရင် လက်ထပ်ခွင့် ရသလို ကလေးမွေးရင်လည်း ကလေးမွေးခွင့်တွေ ပေးရပါတယ်။ ကလေးမွေးရင် မီးဖွားခွင့် ၈ လကို အမျိုးသမီးက လစာအပြည့်ရပြီး အမျိုးသားကလည်း လစာအပြည့်နဲ့ နောက်ထပ် ၂ လ ခွင့်ရပါတယ်။ အဲဒီကာလတွေအတွင်း ဒီလူတွေကို ဘာတာဝန်မှ သွားပေးလို့မရ။ သွားပေးရင် အဲဒါ လူ့အခွင့်အရေး ချိုးဖေါက်တာပါပဲ။ နောက်တခါ မွေးကင်းစ ကလေးငယ်ကိုလည်း မွေးတဲ့နေ့ကနေ ၁၈ နှစ် ပြည့်တဲ့အထိ အစိုးရက ထောက်ပံ့ကြေး ပေးထားတာ တွေ့ရတယ်။ ဒီလို အချက်လက်တွေကို ပိုသိလာလေ၊ တောတွင်းကာလတုန်းက ဖြစ်သလို လုပ်ခဲ့ရတဲ့ ဘဝအခြေနေအပေါ် ဝမ်းနည်းရလေ ဖြစ်နေမိပါတယ်။


ကျနော် ကန်တော့ခွင့် မရလိုက်တဲ့ ဆရာ တက္ကသိုလ်ဘုန်းနိုင်

တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ပြီး ရန်-ငါ စည်းပြတ်ရမယ်ဆိုတဲ့ အယူဆတွေဟာ တောတွင်းကာလ ABSDF ခေါင်းဆောင်ငယ်တဦးအဖြစ် တာဝန်ယူခဲ့စဉ်မှာအပြင် သတင်းထောက်တဦးအဖြစ် မြို့ပြမှာ တာဝန်ယူတဲ့အထိ ကျနော်နဲ့အတူ ကပ်ပါလာခဲ့ပါတယ်။ ဒီအယူဆကို လက်တွေ့စမ်းသပ်လိုက်တဲ့ ဖြစ်စဉ်ကတော့ ၈ လေးလုံးကာလက ကျနော်တို့ မော်လမြိုင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်ခဲ့သူ၊ တနည်းအားဖြင့် ၁၉၈၇ စက်တင်ဘာလ ငွေစက္ကူ အရေးခင်း၊ ၁၉၈၈ မတ်လနဲ့ ဇွန်လအရေးအခင်းတွေမှာ ပါဝင်မှုနဲ့ ကျနော်တို့ကို သူ့ရုံးခန်းထဲခေါ်ပြီး သတိပေးခဲ့သူ၊ ဆရာ ဦးခင်မောင်တင့်ခေါ် တက္ကသိုလ် ဘုန်းနိုင်နဲ့ ဘန်ကောက်မြို့က ဆယ်မီနာတခုမှာ တွေ့ဆုံစဉ်က ဖြစ်ပါတယ်။


 မော်လမြိုင်တက္ကသိုလ်

၁၉၉၉ နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်သံရုံး စီးနင်းမှုပြီးကာစ၊ ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရတ်ချပူရီဆေးရုံစီးနင်းမှု ဖြစ်ပြီးကာစ ထိုင်းနဲ့မြန်မာတွေအကြား အထင်အမြင် လွဲမှုတွေ ဖြစ်နေစဉ်မှာ ဆရာ တက္ကသိုလ်ဘုန်းနိုင် ပါဝင်တဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှုအဖွဲ့တခု ဘန်ကောက်ကို ရောက်လာပါတယ်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ရောက်လာတဲ့ ဒီယဉ်ကျေးမှုအဖွဲ့ကို ဒါရိုက်တာ ကြည်စိုးထွန်းက ဦးဆောင်ပြီး ဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ဆရာ ချစ်ဦးညိုနဲ့ တခြားအဖွဲ့ဝင် ၁၀ ဦးခန့် ပါမယ်လို့ထင်ပါတယ်။ နှစ်နိုင်ငံ ယဉ်ကျေးမှုကိစ္စ ဆွေးနွေးဖို့ဆိုပေမယ့် အဓိကအားဖြင့်ကတော့ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္တုကို ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးထားတဲ့ ”သူ့ကျွန် မခံပြီ” ရုပ်ရှင်ပြဖို့ ဖြစ်ပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပြပွဲနဲ့ ဆွေးနွေးပွဲအခမ်းအနားဆီ ကျနော်နဲ့အတူ သတင်းတက်ယူသူကတော့ ဘီဘီစီမှ ဒေါ်ကြည်ကြည်မေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေအပြင် ဘန်ကောက်မှာရှိတဲ့ မြန်မာပရိသတ်တချို့လည်း တက်ရောက်လာကြပြီး မြန်မာဘက်က ပြသတဲ့ ”သူ့ကျွန်မခံပြီ” ဇာတ်ကားနဲ့ ထိုင်းဘက်ကပြသတဲ့ ”ဆူရီယောထိုင်း” ဇတ်ကားတွေကို ကြည့်ရှုအားပေးကြပါတယ်။ နောက်တခါ တိုက်တိုက်ဆိုင်ဆိုင် ဆရာ တက္ကသိုလ်ဘုန်းနိုင်နဲ့ အဲဒီလိုတွေ့တဲ့အချိန်ဟာ ကဗျာဆရာကြီး တင်မိုး နိုင်ငံခြားကို ထွက်ပြေးကာစ အချိန်လည်း ဖြစ်ပါတယ်။

“အဓိက ကတော့ နယ်ချဲ့စနစ်ကို လက်မခံနိုင်တဲ့အကြောင်း၊ နယ်ချဲ့စနစ်ရဲ့ ဆိုးကျိုးတွေ အကြောင်းကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ” ဆိုပြီး တက္ကသိုလ်ဘုန်းနိုင်က သတင်းထောက်တွေရဲ့ မေးမြန်းချက် ကိုဖြေပါတယ်။ မြန်မာသတင်းထောက်တွေနဲ့ သီးခြားတွေ့တဲ့အခါမှာတော့ စာရေးဆရာဖြစ်လာပုံ၊ အထူးသဖြင့် ”သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်” ဝထ္ထု ဘယ်လိုရေးဖြစ်တဲ့အကြောင်း စသဖြင့် ဒေါ်ကြည်ကြည်မေက မေးပါတယ်။

ကျနော်အလှည့် ရောက်တဲ့အခါမှာတော့ အလိုက်ကန်းဆိုး မသိတတ်သေးတဲ့ သတင်းထောက်ပေါက်စပီပီ ဆင်ဆာကိစ္စကို သွားမေးမိပါတယ်။

“စာရေးဆရာဆိုတာ ပြင်ပချုပ်ချယ်မှုကို မကြောက်ရဘူး။ တာဝန်သိတဲ့ စာရေးဆရာတဦး အနေနဲ့ ကိုယ်ဖာသာ ထိန်းသိမ်းတတ်ရမယ်။ ကျနော်ကတော့ လွတ်လွတ်လပ်လပ် ရေးနေတာပဲ” လို့ ဆရာကြီးက ဖြေပါတယ်။ တကယ်ကတော့ ဒီအဖြေလောက်နဲ့ တင်းတိမ်သင့်တယ် ထင်ပါတယ်။ ဒါက အခုမှ စဉ်းစားမိတာပါ။ အဲဒီကာလကတော့ တက်ကြွတဲ့ကြက်ဖ ဖြစ်နေဆဲဆိုတော့ တချိန်က ကျောင်းတော်က ရန်စတွေ၊ အမြင်မတူမှုတွေက ပရော်ဖက်ရှင်နယ် သတင်းသမားစစ်စစ် မဖြစ်သေးတဲ့ သူပုန်လူထွက် သတင်းထောက်ရင်ထဲ ကိန်းအောင်နေဆဲနဲ့ တူပါတယ်။

“ဆရာက လွတ်လွတ်လပ်လပ် ရေးလို့ ရနေတယ်ဆိုပေမယ့် တချို့စာရေးဆရာ၊ ကဗျာဆရာတွေကတော့ စာရေးလို့ ထောင်ကျခံရ၊ တချို့က ပြည်ပကိုထွက်ပြေးရ ဖြစ်နေပါတယ်။ အဲဒါ ဆရာနဲ့သူတို့ ဘာကွာလို့လဲ” ဆိုပြီး မေးချလိုက်မိပါတယ်။

ဒေါ်ကြည်ကြည်မေက မျက်စိမျက်နှာပျက်ပြီး ဆက်မမေးဖို့ ကျနော်ကို လက်တို့ သတိပေးပါတယ်။ “အဲဒါက စာပေကိစ္စ တခုတည်းကြောင့် ဟုတ်ရဲ့လားဗျာ” လို့ ဆရာကြီးကပြောပြီး မျက်နှာလည်း အတော်ပျက်သွားပါတယ်။ ဒါကိုရိပ်မိတဲ့ ဒေါ်ကြည်ကြည်မေက ကြားဖြတ်ဝင်လာပြီး ဆရာ သက်တောင့်သက်သာဖြစ်မယ့် မေးခွန်းတွေနဲ့ စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။

ပြီးတော့ ရုပ်ရှင်ပြပွဲစမယ်ဆိုလို့ ကျနော်တို့အားလုံး အခန်းထဲ ဝင်လိုက်ကြပါတယ်။ ရုပ်ရှင် မပြခင်မှာ ယဉ်ကျေးမှု ကပွဲလုပ်ပြီး ဆရာ ချစ်ဦးညိုကိုယ်တိုင် ဒသဿဂီရီအက ကနေတာကို တွေ့လိုက်ရပါတယ်။ ကပွဲနဲ့ ရုပ်ရှင်ပြပွဲ အပြီးမှာတော့ ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ စာဖတ်ပရိသတ်တွေ၊ လေးစားသူတွေက ဆရာကြီးကို ထိုင်ကန်တော့ကြပါတယ်။ ဘီဘီစီက ဒေါ်ကြည်ကြည်မေလည်း ပရိတ်သတ်တွေနဲ့အတူ ထိုင်ကန်တော့ဖို့ ပြင်နေတော့ ကျနော်လည်း အားလုံးနဲ့အတူ ထိုင်ကန်တော့မယ်လို့ ပြင်လိုက်ပါတယ်။

“တချိန်က ငါတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေး တောင်းဆိုဆန္ဒပြပွဲကို တားဆီးခဲ့သူတဦးကို ငါ ကန်တော့လိုက်မယ်ဆိုရင် တသက်လုံး လုပ်လာခဲ့တဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်ရာ ကျသွားလေမလား” ဆိုပြီး ကျနော့်စိတ်ထဲ စဉ်းစားချက် ဝင်လာပါတယ်။ စိတ်ထဲမှာလည်း ဘာကိုအလိုမကျမှန်း မသိဘဲ တင်းကျပ်သလိုလို၊ အသက်ရှု ကျပ်သလိုလိုနဲ့ ချွေးပြန်လာတဲ့အတွက် လူအုပ်ကြားထဲကနေ အခန်း အပြင်ဘက် အမြန်ထွက်လိုက်ရပါတယ်။ ကျန်တဲ့ ပရိတ်သတ်တွေကတော့ ဆရာကြီးကို လက်အုပ်ချီကန်တော့၊ ဆရာကြီးကလည်း ဆုမွန်ကောင်းတွေ ခြွေလို့ပေါ့။
ကျနော်ကတော့ “ရန်-ငါ စည်းပြတ်ရမယ်” ဆိုတဲ့ စဉ်းစားချက်ကြီး ဝင်လာပြီး နောက်ပြန် မလှည့်တော့ဘဲ ချူလာလောင်ကွန်း တက္ကသိုလ်ဝင်းထဲကနေ ထွက်လာခဲ့ပါတယ်။

အဲဒီနေ့ကစပြီး ဆရာကြီးကို လူချင်းတွေ့လျက်နဲ့ မကန်တော့ခဲ့ဖြစ်လိုက်တဲ့ ကျနော်ဟာ ဒီဖြစ်စဉ်အပေါ် နေ့စဉ်လိုလို စဉ်းစားနေမိပါတယ်။ တနှစ်လောက်ကြာတဲ့အခါ၊ အထူးသဖြင့် ဘန်ကောက်က ဆယ်မီနာတွေမှာ နဝတ အစိုးရထဲက ထောက်လှမ်းရေးမှူး ဗိုလ်မှူးချုပ် ကျော်သိန်းတို့လို ပုဂ္ဂိုလ်တွေနဲ့တွေ့ပြီး လက်ဆွဲနှုတ်ဆက်ရဲလာတဲ့အခါမှာ “တချိန်က လက်နက်ကိုင်ပြီး သူသေကိုယ်သေ တိုက်ခဲ့ဖူးတဲ့ ဒီလိုလူတွေကိုတောင် လက်ဆွဲနှုတ်ဆက်နိုင်ရင် အနန္တောအနန္တ ၅ ပါးထဲမှာပါတဲ့ ဆရာသမားတွေကို ဘာလို့နှုတ်မဆက်ရဲ၊ မကန်တော့ရဲရမှာလဲ” ဆိုပြီး စဉ်းစားမိလာပါတယ်။



မင်းသမီးဒေသရောက် တောခိုကျောင်းသားတွေရဲ့ ပထမဆုံး အခြေစိုက်စခန်း မောင်တော်ကို ၁၉၈၈ နှောင်းပိုင်းတွင် တွေ့ရစဉ်

တချိန်တည်းမှာပဲ သက်ပြီးဝါကြီး ဆရာကြီးအပေါ် မထေမဲ့မြင် ပြုခဲ့မိလေသလားဆိုပြီးလည်း စဉ်းစားနေမိပါတယ်။ တခါ တက္ကသိုလ်မှာတုန်းက ဆရာကြီးဘက်က ကျနော်တို့လုပ်ရပ်ကို တားမြစ်တယ်ဆိုတာကလည်း အစိုးရအကြိုက် လိုက်လုပ်တာမျိုး မဟုတ်ဘဲ လွန်လွန်ကျွံကျွံ မဖြစ်အောင် တာဝန်အရ ခေါ်ပြောရတာမျိုးရော မဖြစ်နိုင်ဘူးလားလို့ ပြန်စဉ်းစားနေမိပါတယ်။ ဒီလိုနဲ့ နောက်တခါ ဆရာကြီးနဲ့တွေ့ရင်တော့ အရင်ကဖြစ်စဉ်တွေကို ပြန်ပြောပြပြီး အသေအချာ တောင်းပန်ကာ ထိုင်ကန်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆရာ့ကို ကျနော် နောက်တကြိမ် ဘယ်တော့မှ ပြန်တွေ့ခွင့် မရနိုင်တော့။ ဘာကြောင့်လဲဆိုရင် အသက် ၇၂ နှစ် အရွယ် ဦးခင်မောင်တင့် ခေါ် စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ဟာ ၂၀၀၂ ခုနှစ် မေလ ၁၀ ရက်နေ့က သံလျင်နေအိမ်မှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို မြန်မာ့အလင်းသတင်းစာ နာရေးမှာ ကျနော်တွေ့လိုက်ရလို့ပါ။ တခါက သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ သူပုန်လူထွက် သတင်းထောက် ကျနော့်အဖြစ်ကို တမလွန်ဘဝက ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် နားလည်နိုင်ပါစေလို့ ဆုတောင်းရုံမှတပါး ကျနော် ဘာများ တတ်နိုင်ဦးမည်နည်း။     ။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More