Showing posts with label LEARNING MEDIA. Show all posts
Showing posts with label LEARNING MEDIA. Show all posts

Thursday, February 22, 2018

Video editing test

Test 1 (ဗွီဒီယို အက်ဒစ် လေ့ကျင့်ခန်းအတွက်)




....
test 2


....

Test 3


...



Test 4


...

Wednesday, December 6, 2017

Five Core Principles of Journalism

Five Core Principles of Journalism

1. Truth and Accuracy

Journalists cannot always guarantee ‘truth’, but getting the facts right is the cardinal principle of journalism. We should always strive for accuracy, give all the relevant facts we have and ensure that they have been checked. When we cannot corroborate information we should say so.

2. Independence

Journalists must be independent voices; we should not act, formally or informally, on behalf of special interests whether political, corporate or cultural. We should declare to our editors – or the audience – any of our political affiliations, financial arrangements or other personal information that might constitute a conflict of interest.

3. Fairness and Impartiality

Most stories have at least two sides. While there is no obligation to present every side in every piece, stories should be balanced and add context. Objectivity is not always possible, and may not always be desirable (in the face for example of brutality or inhumanity), but impartial reporting builds trust and confidence.

4. Humanity

Journalists should do no harm. What we publish or broadcast may be hurtful, but we should be aware of the impact of our words and images on the lives of others.

5. Accountability

A sure sign of professionalism and responsible journalism is the ability to hold ourselves accountable. When we commit errors we must correct them and our expressions of regret must be sincere not cynical. We listen to the concerns of our audience. We may not change what readers write or say but we will always provide remedies when we are unfair.

(Copy from http://ethicaljournalismnetwork.org).
....

The 10 Absolutes of Reuters Journalism

Reuters journalists:
  • Always hold accuracy sacrosanct
  • Always correct an error openly
  • Always strive for balance and freedom from bias
  • Always reveal a conflict of interest to a manager
  • Always respect privileged information
  • Always protect their sources from the authorities
  • Always guard against putting their opinion in a news story
  • Never fabricate or plagiarise
  • Never alter a still or moving image beyond the requirements of normal image enhancement
  • Never pay for a story and never accept a bribe
This Section is divided into four categories:
  1. Accuracy
  2. Independence
  3. Freedom from bias
  4. Integrity


Thursday, February 9, 2017

NLD လွှတ်တော် တနှစ်ကြာပြီးတဲ့အခါ...။

ဒီသတင်းပတ်ဟာ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရပြီး ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်အသီးသီးရဲ့ တနှစ်ပြည့်နေ့ဖြစ်ပါတယ်။

အစိုးရကတော့ ဧပြီလမှ တနှစ်ပြည့်မှာပါ။

ရွေးကောက်ပွဲလုပ်စဉ်က မဲစာရင်းတွေ၊ အမတ်စာရင်းတွေကို အသေချာလေ့လာဖြစ်ပေမဲ့ အခုချိန်မှာ မေ့မေ့ လျော့လျော့ ခပ်ပေါ့ပေါ့ဖြစ်နေခဲ့ပါတယ်။ မနေ့ကတော့ ရန်ကုန်တိုင်းအမတ်တဦးဖြစ်သူ ကိုနေဘုန်းလတ်က တနှစ်တာအတွင်း ထင်သလောက်မလုပ်နိုင်ကြောင်း တောင်းပန်ထားတဲ့ Post တခုတွေ့မိပါတယ်။

အဲဒီတော့မှ ၂၀၁၅ မှာ NLD က ဘယ်လောက်နိုင်ထားသလဲ။ ဘယ်သူတွေလဲ။ ပြည်ထောင်စုလွတ်တော် စာရင်းကို ချက်ချင်းတွေ့ပေမဲ့ ပြည်နယ်-တိုင်း လွှတ်တော်စာရင်းက နဲနဲရှာရခက်နေပါတယ်။

လောလောဆယ်ရထားတာကိုပဲ မှတ်တမ်းအဖြစ် အရင် တင်ပြပေးလိုက်ပါတယ်။

ပြည်နယ်-တိုင်း စာရင်းကို ဆက်လက်ရှာဖွေ တင်ပြပေးပါ့မယ်။

ဒီစာရင်းတွေဟာ သာမန်စာဖတ်ပရိတ်သတ်အတွက် သိပ်အရေးမကြီးပေမဲ့ စာရေးသူတွေအတွက်တော့ အကိုးအကားလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ တခါတလေ ဒါတွေကိုပြန်ရှာနေရတာက ဆောင်းပါးတပုဒ် ရေးတာထက်တောင် အချိန်ပိုကြာသွားတတ်ပါတယ်။ ဒါကြောင့် သတိရတုန်း ရသမျှစု ရှာဖွေတင်ပြထားတာ ဖြစ်ပါတယ်။       ။







.....

ပြည်နယ်-တိုင်း စာရင်းကို ရှာနေဆဲပါ...။

Tuesday, June 14, 2016

ဆိုရှယ်မီဒီယာပေါ်ကနေ အစိုးရသစ်ကို ဝေဖန်သင့် မသင့်

The Voice Daily, 14-06-2016.

ဆိုရှယ်မီယာဆိုတာ ဘာလဲ

ဆိုရှယ်မီဒီယာပေါ်ကနေ ဝေဖန်သင့် မသင့်အကြောင်း မဆွေးနွေးခင် ဆိုရှယ်မီဒီယာဆိုတာဘာလဲ ဆိုတာကို အရင်ဆုံးဆွေးနွေးသင့်တယ် ထင်ပါတယ်။ မီဒီယာ ဆန်းစစ်ဝေဖန်သူတွေရဲ့အဆိုအရ ပင်မ မီဒီယာ (Mainstream Media) နဲ့ လူမှုကွန်ရက် မီဒီယာ (Social Media) ဆိုပြီး မီဒီယာ မျိုးရှိပါတယ်။ 


အလွယ်ပြောမယ်ဆိုရင်တော့ ပင်မမီိဒီယာဆိုတာဟာ ရုပ်-သံ၊ ရေဒီယိုနဲ့ သတင်းစာလို နှစ်ပေါင်းများစွာ ကတည်းကနေ အခုချိန်ထိရှိနေတဲ့ မီဒီယာတွေကိုဆိုလိုတာပါ။ သူတို့ဟာ နှစ်ရာနဲ့ချီရှိနေပြီဖြစ်တဲ့အပြင် မီဒီယာ ကုပ္ဗဏီပိုင်ရှင်တွေ၊ အယ်ဒီတိုရီရယ်ပေါ်လစီတွေ၊ သတင်းထောက်တွေ၊ ၀န်ထမ်းတွေနဲ့ စနစ်တကျ လည်ပတ်နေတဲ့ မီဒီယာ အင်စတီးကျုးရှင်းတွေဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကတော့ အဲဒီလိုမဟုတ်။ ကွန်ပြူတာနဲ့ အင်တာနက်ပေါ်လာပြီးနောက်ပိုင်း၊ အတိအကျပြောရ မယ်ဆိုရင် ၂၀၀၀ ပြည်လွန်နှစ်တွေကျမှ စတင်ပေါ်လာတာမို့ အခုမှ ဆယ်ကျော်သက်ပဲရှိပါသေးတယ်။ တနည်းအားဖြင့် နှစ် ၁၀၀ ကျော် အဖိုးကြီးတွေနဲ့ ဆယ်ကျော်သက်တို့ ပြိုင်ပွဲလို့ပြောရင်လည်းမမှားပါဘူး။ ဆယ်ကျော်သက် ဆိုရှယ်မီဒီယာတွေထဲမှာ ဘယ်သူတွေပါလဲဆိုတော့ အခု မြန်မာနိုင်ငံမှာ လူသုံးအများ ဆုံးဖြစ်နေတဲ့ Facebook အပါအ၀င် Twitter, LinkedIn, Google+, YouTube, Instagram, WhatsApp, Viber စသဖြင့် အများကြီးပါပဲ။

ပင်မ မီဒီယာနဲ့ကွာတာက ဆိုရှယ်မီဒီယာမှာ အယ်ဒီတာမရှိပါ။ (Censor) ဆင်ဆာမရှိပါ။ အကောင့်ပိုင်ရှင် က သူ့ စိတ်ထဲရှိတဲ့အတိုင်း ရေးချင်တာရေး၊ တင်ချင်တာတင်လို့ရပါတယ်။ သူတင်ထားတဲ့ သတင်းတွေ၊ ဓတ်ပုံတွေ၊ ဗွီဒီယိုတွေ မှန်မမှန် ဘယ်သူကမှ အာမ မခံနိုင်ပါ။ မှန်ရင်လဲမှန်မယ်၊ မှားရင်လည်းမှားမယ်။ ပို့စ်တင်တဲ့လူရဲ့ Profile ကိုကြည့်ပြီးသာ စဉ်းစားဆုံးဖြတ်ပေတော့။ ဒါပေမဲ့ အဲဒီ Profile ကိုယ်တိုင်က အတုလား၊ အစစ်လားဆိုတာကိုလဲ ဘယ်သူမှ မသိနိုင်တော့ ပြောရခက်ပါတယ်။


ဆိုရှယ်မီဒီယာနောက် ပင်မမီဒီယာတွေ လိုက်ရတော့မလား

ဒီလို အတုလား၊ အစစ်လား ခွဲခြားရခက်တဲ့ ဆိုရှယ်မီဒီယာက မြန်မာနိုင်ငံတခုထဲမှာတင် သုံးစွဲသူ သန်းကျော် ရှိနေပါပြီ။ ၂၀၁၅ နိုဝင်ဘာစာရင်းအရ Facebook သုံးသူ သန်းနဲ့ တသိန်းကျော်ရှိတယ်လို့ internetworldstats စာမျက်နှာမှာတွေ့ရပါတယ်။ လွန်ခဲ့တဲ့ စစ်တပိုင်းအစိုးရခေတ်မှာတင် သန်း ဆိုတော့ အခုလို လွတ်လပ်စွာ ပြောဆိုခွင့်ကိုအားပေးတဲ့ ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာဆိုရင် သန်းနီးပါး ရှိနေလောက်ပြီလို့ ခန့်မှန်းမိပါတယ်။



Facebook ကုပ္ဗဏီကထုတ်ပြန်ထားတဲ့စာရင်းတွေအရ တကမ္ဘာလုံးမှာ Facebook သုံးစွဲသူ ဘီလီယံ နီးနီးရှိနေ ပါတယ်။ ကမ္ဘာလူဦးရေ ဘီလီယံခွဲရဲ့ လေးပုံတပုံက Facebook ကိုသုံးနေတဲ့သဘောပါ။ Twitter, LinkedIn, Google+, YouTube, Instagram, နဲ့ တခြား ဆိုရှယ်မီဒီယာတွေကိုပါပေါင်း လိုက်မယ်ဆိုရင် ကမ္ဘာ့လူဦးရေ ထက်ဝက်လောက် ဆိုရှယ်မီဒီယာကို သုံးနေတယ်လို့တောင် ပြောနိုင်မလားမသိပါ။

ဆက်သွယ်ရေးနည်းပညာ၊ အခြေခံအဆောက်ဦနဲ့ ပွင့်လင်းမြင်သာမှုမှာ မြန်မာထက်ရှေ့ပြေးတဲ့ အိမ်နီးချင်း ထိုင်း မှာတော့ Facebook သုံးသူ ၃၈ သန်းရှိတယ်လို့ဆိုပါတယ်။ မြန်မာအခြေအနေကိုပြန်ကောက်ရ မယ်ဆိုရင် ၀န်ကြီး၊ လွတ်တော်အမတ်ကနေ လမ်းဘေးဈေးသည်အထိ Facebook မှာ Status ရေးသူ၊ ကွန်မင်းရေးသူ၊ သတင်းရှာဖတ်သူ တနေ့တခြား များလာနေပါတယ်။

ဆိုရှယ်မီဒီယာပေါ် ဒီလိုတခုခုရေးလိုက်တဲ့အတွက် အကျိုးသက်ရောက်မှုကလည်း မြန်သလားမမေးနဲ့။ ဓတ်ပုံ၊ ဗွီဒီယိုပါရင် ပိုတောင် ဆွဲဆောင်မှုရှိပါသေးတယ်။ ကွမ်းယာဆိုင်တွေ ပိတ်တာကိုပြောမလား၊ ရန်ကုန်မျာ ရေကြီး တာပြော မလား၊ ဖားကန့်က ရေမဆေးကျောက်တူးသမားအကြောင်းပြောမလား၊ ဗကသ၊ နကသ အကြောင်းပြော မလား။ ၂၁ ပင်လုံအကြောင်းပြောမလား။ တရုတ်နံနံ၊ မြန်မာနံနံ အကြောင်းပြောမလား၊ စသဖြင့်၊ စသဖြင့် နေစဉ် ထူးခြားသတင်းတွေကို Facebook ပေါ်မှာ ချက်ချင်းမြင်ရ၊ ကြားရပါတယ်။ ပင်မ မီဒီယာတွေမှာကြားရ၊ ဖတ်ရဖို့ဆို ရင် နာရီကနေ နာရီကျမှလာတဲ့ ပြည်ပ ရေဒီယိုတွေကိုစောင့်ပြီးနားထောင်ရဦးမယ်။ သတင်းစာတွေဆို နောက်တနေ့ မနက်အထိစောင့်ရဦးမယ်။

တခါ ဈေးကွက်အရပြောမယ်ဆိုရင်လည်း ဒီနေ့မြန်မာနိုင်ငံမှာ အရောင်းရဆုံး သတင်းစာ၊ ဂျာနယ်က စောင်ရေ ဘယ်လောက်ရှိမလဲ၊ သိန်းဂဏန်းပေါ့။ Facebook မှာသတင်းဖတ်သူက ၁၀ သန်းနီးပါးရှိနေ ပါတယ်။ လူကြိုက်အ များဆုံး ရေဒီယို၊ ရုပ်-သံ တွေက ပရိတ်သတ် ဘယ်လောက်ရှိမလဲ၊ တသန်းကနေ သန်းပေါ့။ Facebook ပေါ်မှာ သတင်းနားထောင်၊ ဗီဒီယိုရှာကြည့်သူက ၁၀ သန်းနီးပါးရှိပါတယ်။ 

ဒါကြောင်ဖြစ်မယ်၊ Mainstream Media (ပင်မ မီဒီယာ) တွေဖြစ်တဲ့ BBC လို သက်တော်ရှည် အသံလွင့် မီဒီယာတွေ၊ 7 Days လို အရောင်းရဆုံး ပုံနှိပ်မီဒီယာတွေကတောင် Facebook ပေါ်က ထူးခြား သတင်းများဆိုပြီး ကဏ္ဍတခုအနေနဲ့ ဒီနှစ်အတွင်း သီးခြားဖေါ်ပြလာတဲ့အထိ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာ သြဇာကြီးလာနေတာကို သတိထားမိပါတယ်။


မိုင်ကလိုဖုန်းကိုင်သူတိုင်း အဆိုတော်မဟုတ်ပါ

ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီး ပင်မမီဒီယာသမားတွေဖက်က ဝေဖန်တာတခုရှိပါတယ်။ ‘’ကရာအိုအေ အခန်းထဲရောက်ရင် လူတိုင်း မိုက်ကိုင်ပြီး သီချင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ပရိုဖက်ရှင်နယ် အဆိုတော် တယောက်မှ မပါဘူး’’ တဲ့။ အဓိပ္ဗယ်ကတော့ ဆိုရှယ်မီဒီယာမှာ Status တခုခုရေးဖို့ သတင်းထောက်သင်တန်းတက်စရာမလိုပါ။ မီဒီယာ ကျင့်ဝတ်သိစရာမလိုပါ။ စိတ်ထဲရှိတာကို ရေးရဲဖို့ သာလိုပါတယ်။


နောက်တချက်ကတော့ ဆိုရှယ်မီဒီယာကို Alternative media ကိုယ်ပိုင်မီဒီယာအဖြစ် သုံးစွဲသူတွေက မြင်နေကြပေမဲ့ ဆိုရှယ်မီဒီယာကုပ္ဗဏီတွေကိုယ်တိုင်ကတော့ စီးပွားရေးကုပ္ဗဏီတွေသာဖြစ်ပါတယ်။ ဘယ် ဆိုရှယ်မီဒီယာ ကုပ္ဗဏီကမှ မီဒီယာအင်စတီကျုးရှင်းအဖြစ် မှတ်ပုံတင်လုပ်ထားတာ မတွေ့မိပါ။ ဆိုလိုတာ က ဆိုရှယ် မီဒီယာကို သုံးစွဲသူတွေတွေက လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် Freedom of expression အတွက် အဓိက နေရာလို့မြင်နေကြပေမဲ့ ကုပ္ဗဏီတွေဖက်ကတော့ ကုန်ပစ္စည်းကြော်ညာတဲ့နေရာ အဖြစ်သာ သဘောထားနေတယ်လို့ ယူဆနိုင်ပါတယ်။

ကိုယ်ပိုင်မီဒီယာလို့ပြောခဲ့တဲ့အတိုင်း သုံးစွဲသူအပေါ်မူတည်ပြီး ဆိုရှယ်မီဒီယာရဲ့ အကျိုးသက်ရောက်မှု ကလည်း ကွဲလွဲသွားနိုင်ပါတယ်။ ဆိုရှယ်မီဒီယာ ကုပ္ဗဏီကြီးတွေအခြေစိုက်တဲ့ ဒီမိုကရေစီရှိပြီးသား ဖွံဖြိုးပြီးနိုင်ငံတွေမှာဆိုရင် ဆိုရှယ်ဒီယာကို မိတ်ဆွေအချင်းချင်း အာလပ သလာပပြောတာ၊ မိသားစု၊ သူငယ်ချင်းဓတ်ပုံတွေမျှဝေတာ၊ ရောက် ခဲ့ဖူးတဲ့ အပန်းဖြေခရီးအကြောင်း မျှဝေတာ စသဖြင့် မိတ်ဖြစ် ဆွေဖြစ် ကိစ္စတွေကိုပြောတာသာများပါတယ်။

ဒါပေမဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို အခုမှ စရတဲ့၊ စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်ကာစ မြန်မာ အပါဝင် ဖိနှိပ်မှုမျိုးစုံခံနေရတဲ့ နိုင်ငံတွေမှာတော့ ဆိုရှယ်မီဒီယာဆိုတာဟာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် Freedom of expression အတွက် အရေးကြီးဆုံးနေရာတခုပါပဲ။ ဘာကြောင့်လဲဆို ပင်မမီဒီယာ အတော်များများ ကို အစိုးရတွေ၊ အာဏာရှိသူတွေက အားလုံးဖြစ်စေ၊ တစိတ်ပိုင်းဖြစ်စေ ထိမ်းချုပ်ထားလို့ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာလည်း အခုချိန်ထိ အစိုးရပိုင်နဲ့ စစ်တပ်ပိုင် ရေဒီယို၊ ရုပ်-သံ၊ သတင်းစာဆိုပြီး ရှိနေဆဲဖြစ်ပါတယ်) သတင်းလွတ် လပ်ခွင့်ပေးထားတယ်ဆိုသည့်တိုင် ပင်မမီဒီယာ တွေမှာ Slef-censor ရှိနေပြီး ဆိုရှယ်မီဒီယာလို လွတ်လပ်စွာရေး သားခွင့်မရှိ ဖြစ်နေတတ်ပါတယ်။


ရွေးကောက်ခံအစိုးရကို မဝေဖန်ရဘူးတဲ့လား

ကာရာအိုအေ အခန်းထဲရောက်ရင် လူတိုင်းမိုက်ကိုင်ပြီး သီချင်းဆိုခွင့်ရှိသလို ဆိုရှယ်မီဒီယာသုံးသူ တိုင်းလည်း သူရဲ့ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖေါ်ရေးသားခွင့်ရှိပါတယ်။ သီးချင်းကောင်း မကောင်း ပရိသတ်ကဆုံးဖြတ် မှာဖြစ်သလို ဆိုရှယ်မီဒီယာပေါ်ရေးလိုက်တဲ့ အချက်အလက်မှန်မမှန် ကိုလည်း ပရိသတ်ကပဲ ဆုံးဖြတ်ပေးမှာဖြစ် ပါတယ်။ အရေးကြီးတာက ကိုယ်ရေးလိုက်တဲ့ဝေဖန်မှုအတွင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမုန်းတရားပွားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ မပါစေဖို့သာ လိုပါတယ်။ (နိုင်ငံအတော်များများမှာတော့ အမုန်းတရားပွားတာ၊ ခွဲခြားဆက်ဆံတာအတွက် ဥပဒေတွေ ရှိပြီးသားဖြစ်ပါတယ်)



ပင်မမီဒီယာပေါ်မှာဆိုရင်တော့ စည်းကမ်းချက်က ဒီထက်ပိုများပါတယ်။ သတင်းဝေဖန်ချက်၊ ထင်မြင်ချက် ရေးနေသူ အားလုံးဟာ အခကြေးငွေယူပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တခုအနေနဲ့ ရေးသားနေ တာဖြစ်တာကြောင့် ဆိုရှယ်မီဒီယာမှာရေးသူတွေထက် ပိုတာဝန်ကြီးပါတယ်။ ဘက်မလိုက်ပဲ မျှတစွာ ဝေဖန်ရေးသားဖို့လိုပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ပုဂ္ဂလိကမီဒီယာပေါ်လာတာ (ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ပေးတဲ့ ၂၀၁၂ သြဂုတ် လကနေ စရေတွက်ရင်) နှစ်နီးပါးပဲရှိပါသေးတဲ့အတွက် မီဒီယာကျင့်ဝတ်နဲ့ပတ်သက်ပြီး အားနည်းချက်တွေ ရှိ ကောင်းရှိနေနိုင်ပါသေးတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လွတ်လပ်တဲ့မီဒီယာရဲ့ဝေဖန်ချက် သို့မဟုတ် စတုတ္တမဏ္ဍိုင်ရဲ့အခန်းကဏ္ဍကို အစိုးရနဲ့ အာဏာရှိ သူတွေ (အစိုးရအပြင် တပ်မတော်နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ၊ စီးပွားရေးကုပ္ဗဏီကြီးတွေ အပါဝင်) ဖက်က အလေးထားဖို့၊ တန်ဖိုးထားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အခုလို NLD အစိုးရက မဲအပြတ်အသတ်နဲ့အနိုင်ရပြီး လွှတ်တော်အတွင်း အတိုက်ခံပါတီမရှိသလောက်ဖြစ်နေချိန်၊ အစိုးရကို ဝေဖန်ထိမ်းကြောင်းနိုင်တဲ့ ယန္တယားအားနဲ နေချိန်မှာ မီဒီယာပေါ်က ဝေဖန်မှုတွေကို အာဏာရှိနေ သူတွေဖက်က အထူးအလေးထား လေ့လာသင့်ပါတယ်။

ဘာကြောင့် ဒီလိုပြောနေ ရသလဲဆိုရင် ‘’အရင် စစ်တပိုင်းအစိုးရကို ဝေဖန်တာကိုတော့ လက်ခံနိုင်တယ်၊ ဒါပေမဲ့ အခုက ပြည်သူ့ဆန္ဒနဲ့တက်လာတဲ့ အစိုးရဆိုတော့ မဝေဖန်သင့်တော့ဘူး၊ ဒီမိုကရေစီအစိုးရကို ဝေဖန်သူဟာ စစ်အာဏာရှင်ကို လိုလားအားပေးသူဖြစ်တယ်‘’ ဆိုတဲ့အထိ အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် လုံးဝ အဝေဖန် မခံနိုင်တဲ့လူတွေ Facebook ပေါ်မှာ တနေ့တခြားများများ လာနေတာကိုတွေ့နေရလို့ဖြစ်ပါတယ်။

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ကာစလူတွေမှာ ဒီလိုစိုးရိမ်ပူပန်မှုရှိတာ၊ တနည်းအားဖြင့် ဒီမိုကရေစီ အစိုးရကိုဝေဖန်ရင် အရင်စစ်အစိုးရပြန်တက်လာမှာပေါ့ဆိုတဲ့စိုးရိမ်ချက်ကို နားလည်နိုင်ပါ တယ်။ ဒါပေမဲ့ ဒီမိုရေစီ ဆိုတာ လူထုအုပ်ချုပ်ရေးပါ။ လူထုရဲ့သဘောထားဆန္ဒအမှန်တွေကို အစိုးရနဲ့ အာဏာရှိသူတွေက အချိန်နဲ့တပြေး ညီ သိနေဖို့လိုပါတယ်။ ဒီအတွက် လွတ်လပ်ပွင့်လင်းစွာထုတ်ဖေါ်ပြော ဆိုခွင့်ကို လမ်းဖွင့်ပေးထားဖို့၊ မြန်မာနိုင်ငံမှာ ဆို Fcaebook လို ဆိုရှယ်မီဒီယာကို အထူးအားပေးဖို့ လိုအပ်ပါတယ်။

လူထုကရွေးကောက်ထားတဲ့အစိုးရဖြစ်လို့ မဝေဖန်ရဘူးဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက လူထုရဲ့ ရွေးချယ်မှုနဲ့ အုပ်ချုပ်နေတဲ့ တိုးတက်ဖွံ့ဖြိုးပြီး ဒီမိုကရေစီထွန်းကားတဲ့အနောက်နိုင်ငံတွေမှာ မီဒီယာ ဘယ်လိုတော့မလဲ။ တကယ်က အဲဒီလိုမဟုတ်ပါ။ မီဒီယာရဲ့ဝေဖန်ရေးအားကောင်းလို့၊ စတုတ္တမဏ္ဍိုင် အားကောင်းလို့ အဲဒီနိုင်ငံတွေမှာ ဒီမိုကရေစီပိုထွန်းကားနေတာဖြစ်ပါတယ်။ 

မယုံရင် အမေရိကန်နဲ့ ဗြိတိန်ကိုပဲ ကြည့်ပါ။ ဒီမိုကရေစီအထွန်းကားဆုံးနိုင်ငံတွေမှာ မီဒီယာဝေဖန်မှုအပြင်း ထန်းဆုံး ဖြစ်နေတာဟာ မတော်တဆတိုက်ဆိုင်မှု မဟုတ်ပါဘူး။ မီဒီယာဝေဖန်မှုအားကောင်းခြင်းနဲ့ ဒီမိုကရေစီစနစ်အားကောင်းခြင်းဟာ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါကို အချက်အလက်အမှန်တခု အဖြစ် မြန်မာအစိုးရနဲ့ အာဏာရှိ သူတွေဖက်က အရင်ဆုံးလက်ခံဖို့လိုပါတယ်။ 


ဒါကြောင့် ဒီမိုကရေစီအစိုးရကို မဝေဖန်နဲ့၊ ဒီမိုကရေစီအစိုးရကိုဝေဖန်တာဟာ စစ်အစိုးရလိုလားသူဖြစ်တယ် ဆိုတဲ့ အယူအဆဟာ ဒီမိုကရေစီရှင်သန်ရေးအတွက် အတော်အန္တရယ်ကြီးပါတယ်။ အကျိုးသင့် အကြောင်း သင့်ဝေဖန်ရေးဟာ ဘယ်အစိုးရဖြစ်ဖြစ် လိုအပ်ပါတယ်။ ပင်မ မီဒီယာကပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာက ပဲဖြစ်ဖြစ် အစိုးရကိုဝေဖန်လို့ရပါတယ်။ ဒီလို ဝေဖန်ထောက်ပြဖို့လည်း နိုင်ငံသားတိုင်းနဲ့ မီဒီယာသမားတိုင်း မှာ တာဝန်ရှိပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။        

Share

Twitter Delicious Facebook Digg Stumbleupon Favorites More