ကျောက်ဖြူ ရေတပ်စခန်းကို AA တိုက်ခိုက်... ရေစကြိတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁ မတ် ၂၀၂၅
တရုတ် စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က စစ်ကောင်စီရဲ့ ဓညဝတီရေတပ်အနီးမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေတယ်လို့ Western News က ဖော်ပြပါတယ်။
ဓညဝတီ ရေတပ်စခန်းရဲ့ ကာကင်းတွေကို AA က တိုက်ခိုက်နေပြီး စခန်း ဌာနချုပ်ကိုတော့လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ သုံးပြီး သစ်ပုတ်တောင်၊ ကြတ္တိန်နဲ့ စည်မော် ကျေးရွာကို ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၀ ကစပြီး ကျောက်ဖြူကို AA က စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
AA ဟာ ဧရာဝတီတိုင်းက သာပေါင်းမြို့နယ်၊ ပဲခူးတိုင်းက ပန်းဒေါင်းမြိုနယ်၊ မကွေးတိုင်းက ငဖဲမြို့နယ်ရှိ စစ်ကောင်စီ စခန်းတွေကို ထိုးစစ်ဆင်နေတစဉ်မှာ ကျောက်ဖြူနဲ့ စစ်တွေကိုပါ တပြိုင်တည်း ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒါ့အပြင်...
- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ ရွှေမုဌောရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် သီလရှင်တစ်ပါး ဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီး...
- ရေစကြိုမြို့ဘက်ကနေ မြောင်နယ်နဲ့ ရေစကြိုနယ် အစပ်ရှိ ကျေးရွာတွေဆီ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး ၆ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၄ လက် ရရှိ...
- ရွှေဘိုမြို့နယ်၊ သီးလုံး ပြည်သူ့စစ် စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်၊ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိ...
- မိုးဗြဲမြို့ကို ခမရ ၄၂၂ က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ကရင်နီ တပ်ပေါင်းစုနဲ့ တိုက်ပွဲပြင်းထန်နေ...
- ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာမှာ ဖေဖော်ဝါရီ ၂၇ က တိုက်ပွဲကြီး ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံး...
- အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီ ၂၄ မှာဝင်တိုက်ရာမှာ စစ်သား ၇ ဦးထက်မနည်း သေဆုံး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။