Friday, January 19, 2024

“မံစီမြိုနယ်မှာ KIA က စခန်းသိမ်း၊ ဖားကန့်မှာ တိုက်ပွဲပြင်ထန်နေဆဲ...”


“မံစီမြိုနယ်မှာ KIA က စခန်းသိမ်း၊ ဖားကန့်မှာ တိုက်ပွဲပြင်ထန်နေဆဲ...”

(၂၀- ၁- ၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းတခုကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်လိုတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒီတိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၂၀ ခန့် ဖမ်းဆီးရမိထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာဖေါ်ပြထားပေမယ့် KIA ဖက်ကတော့ အသေးစိပ်မသိရသေးဘူးလို့သာပြောပါတယ်။

တချိန်တည်းမှာပဲ ဖားကန့်မြို့နယ်၊ ဝှေခါးဖက်မှာတိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူပါသုံးနေရတယ်။ ဒါကြောင့် စခန်းအပြီးသိမ်းနိုင်တဲ့သတင်းတော့ မရသေးဘူးလို့ ဗိုလ်မှူးကြီးက ပြောပါတယ်။

ဒါ့အပြင်...

- မိုးမိတ်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တဲ့အတွက်
လူနေအိမ်တွေ မီးလောင်နေ...

- ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်နဲ့အဖွဲ့ဟာ ကွတ်ခိုင်နဲ့ နမ္မတူမြို့နယ်အတွင်း စစ်ဆေး...

- ရခိုင်ဒေသမှာတော့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ အမ်း နှင့် ရမ်းဗြဲမြို့နယ်တို့မှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြားမှာ တိုက်ပွဲဆက်ဖြစ်နေ...

- အညာဒေသမှာတော့ ပခုက္ကူကနေ ရေစကြိုသို့ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို PDF တွေက မိုင်းဆွဲတိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More