Wednesday, January 17, 2024

“ရခိုင်မှာ အရပ်သားတိုက်ခံရမှု တိုးလာ၊ ပဲခူးတိုင်းမှာ စစ်ကောင်စီတင့်ကားကိ...


“ရခိုင်မှာ အရပ်သားတိုက်ခံရမှု တိုးလာ၊ ပဲခူးတိုင်းမှာ စစ်ကောင်စီတင့်ကားကို KNU ဖျက်ဆီးနှင့် တိုက်ပွဲသတင်းများ”

(၁၈- ၁- ၂၀၂၄)

ရခိုင်ပြည်နယ်အတွင်း ဗျုဟာကုန်းတွေ၊ စစ်စခန်းတွေ တခုပြီးတခု ကျရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ရက္ခိုင့်တပ်တော် AA ကို ရင်ဆိုင်မတိုက်နိုင်တဲ့အတွက် အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်လာနေတယ်။ ဇန်နဝါရီ ၁၇ ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးနေ့ဖြစ်တယ်လို့ ည ၁၂ နာရီမှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၈၃) ရက်မြောက်ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ကျောက်တော်မြို့နယ်  ဝဲကြီးထောင့်ကျေးရွာအနီး ညနေ ၅ နာရီခန့်မှာ စစ်ကောင်စီလေယာဉ်က ဗုံးကြဲတဲ့အတွက် စစ်ဘေးရှောင် (၅) ဦးထက်မနည်း သေဆုံးခဲ့ရ ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA က ပြောပါတယ်။ 

ဒါ့အပြင် မင်းပြားမြို့နယ်ကိုလည်း ဂျက်ဖိုက်တာ (၂) စီးနှင့် Mi-35 ရဟတ်ယာဉ် (၁) စီးတို့က မနက် ၁၁ နာရီခန့်မှာ ဗုံးကြဲတဲ့အတွက် တန်းပျင်းရွာ တရွာလုံးနီးပါး မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင်...

- ရှမ်းမြောက် တအာင်းနယ်မြေရှိ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ ဆက်ရှိနေတယ်လို့ TNLA က ပြော...

- ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ မနေ့က KIA က ပစ်ချလိုက်တဲ့ လေယာဉ်ပျက်ကျတဲ့ ဗီဒီယိုကလစ်ထွက်ပေါ်လာ...

- ပဲခူးတိုင်း မူးမြို့နယ်၊ နတ်သံကွင်းနဲ့ ပဲနွယ်ကုန်းဘက်မှာတော့ စစ်ကောင်စီရဲ့ တင့်ကား (၂) စီးနှင့် သံချပ်ကာ ကား (၁) စီးကို KLNA နဲ့ ပူးပေါင်းတပ်တွေက ဖျက်ဆီး...

- တီးတိန်မြို့နယ် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်းတွေကို Chinland Information Center က သတင်းထုတ်ပြန်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More