Saturday, January 20, 2024

“ဖားကန့်မှာ KIA က စခန်းထပ်သိမ်း၊ ရခိုင်မှာ တိုက်ပွဲပြင်းထန်နေ” (နောက်ဆုံ...


“ဖားကန့်မှာ KIA က စခန်းထပ်သိမ်း၊ ရခိုင်မှာ တိုက်ပွဲပြင်းထန်နေ”
 (နောက်ဆုံးရ တိုက်ပွဲသတင်းများ)

(၂၁- ၁- ၂၀၂၄)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်း၊ အောင်သာစည်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းနှင့် ထီးစွဲကျေးရွာအနီးရှိ တပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း  သိမ်းပိုက်လိုက်တယ်လို့ ည ၁၂ နာရီမှာထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး  (၈၆) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် မြောက်ဦးအခြေစိုက် “(၃၇၇)၊ (၃၇၈) နှင့် (၅၄၀) တပ်ရင်းတွေ”၊ မင်းပြားအခြေစိုက် “(၃၇၉)၊ (၃၈၀)နှင့် (၅၄၁)တပ်ရင်းတွေ”၊ ကျောက်တော်အခြေစိုက်တပ်ရင်း “(၃၇၄)၊ (၃၇၅) နှင့် (၃၇၆)တပ်ရင်းတွေ”နဲ့ ရသေ့တောင်အခြေစိုက် “(၅၃၆)၊ (၅၃၇)နှင့် (၅၃၈)” တပ်ရင်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းထဲမှာတော့ AA က သိမ်းပိုက်ထားတဲ့ စစ်ကောင်စီ တင့်ကားပေါ်မှာ AA တပ်ဖွဲ့ဝင်တွေနဲ့အတူ AA ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင် ပါ ပါဝင်နေတာကိုတွေ့ရပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ် ဖားကန့်မြိုနယ်ရှိ ဝှေခါကျေးရွာ စစ်ကောင်စီတပ်စခန်းနှစ်ခုကို (KIA) က ထပ်မံသိမ်းပိုက်...

- မွန်ပြည်နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဒီနေ့ သိမ်းပိုက်...

- တပ်မတော်သားတွေ လူထုဆန္ဒကိုလေးစားပြီး စစ်ဆက်မတိုက်ဖို့ လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း အလံဖြူလက်နက်ချမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ကြီးကောင်းမြတ်သူက တိုက်တွန်း...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More