Wednesday, January 31, 2024

“တိုက်ပွဲအရှိန်မြှင့်နိုင်လေ၊ စစ်ကောင်စီတပ်အတွင်း ပြိုကျလေပါပဲ”


“တိုက်ပွဲအရှိန်မြှင့်နိုင်လေ၊ စစ်ကောင်စီတပ်အတွင်း ပြိုကျလေပါပဲ”

- ပဒိုစောကလယ်စေး - (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၁- ၂- ၂၀၂၄)

“တော်လှန်ရေးအင်အားစုတွေဘက်က တိုက်ပွဲအရှိန်မြှင့်နိုင်လေ၊ စစ်ကောင်စီတပ်အတွင်းပြိုကျလေပါပဲ။ အခုတောင် လက်နက်ချတာ၊ အလင်းဝင်တာ၊ လာရောက်ပူးပေါင်းတာ အတော်များလာနေပြီဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအစည်းရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း တိုးတက်မှုအခြေအနေ၊ ၂၀၂၄ ပထမ ၆ လအတွင်း စစ်ရေးအရမျှော်လင့်နိုင်မယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ၃ နှစ်တာအတွင်း PDF တွေရဲ့ တိုက်ပွဲဝင်နိုင်မှုစွမ်းရည် ဘယ်လောက်တိုးတက်လာသလဲ...

- စစ်ကောင်စီအလွန် နိုင်ငံသစ်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး  ERO တွေနဲ့ NUG ကြားမှာ ဘယ်လောက်အထိ သဘောတူချက်ရထားပြီလဲ...

- ၃ နှစ်တာအတွင်း စစ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေးစွမ်းရည် ဘယ်လောက်အထိ ကျဆင်းသွားသလဲ...

- ၂၀၂၄ ပထမ ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၃ နှစ်တာဖြတ်သန်းမှုအပေါ် တော်လှန်ရေးထဲက လူငယ်တဦးရဲ့ သုံးသပ်ချက်ကိုတော့ ညနေပိုင်းမှာ ထုတ်လွင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More