Monday, January 29, 2024

“စစ်ကောင်စီ ရဟတ်ယာဉ်ကို KNLA က ပစ်ချ၊ မန်စီမြို့နယ်မှာ KIA က စခန်းထပ်သိမ...


“စစ်ကောင်စီ ရဟတ်ယာဉ်ကို KNLA က ပစ်ချ၊ မန်စီမြို့နယ်မှာ KIA က စခန်းထပ်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်များ”

(၃၀ - ၁ -၂၀၂၄)

ကရင်ပြည်နယ်၊ သင်္ကန်းညီနောင်ရှိ ခမရ ၃၅၆ ခစန်းအနီးရောက်လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် KNLA က ဇန်နဝါရီ (၂၉) နေ့လယ်ပိုင်းမှ ပစ်ချလိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

အဲဒီရဟတ်ယာဉ်ပေါ်မှာ တပ်မ ၄၄ တပ်မမှုး ဗိုလ်မှူးကြီး အေးမင်းနောင်နဲ့ တပ်ရင်းမှူးအပါဝင် ၆ ဦးပါတယ်လို့သိရပေမယ့် သေဆုံးတဲ့အထဲ အေးမင်းနောင် ပါမပါ အတည်ပြုချက်မရသေးဘူးလို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောပါတယ်။

ဒီရဟတ်ယာဉ်ဟာ တပ်မမှူးအပြောင်းအလဲအတွက် မော်လမြိုင်ကနေ သင်္ကန်းညီနောင်ရှိ 
ခမရ ၃၅၆ သို့ မောင်းလာစဉ် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်င်တွေနဲ့တပြိုင်တည်း ဝိုင်းပစ်ချလိုက်တာဖြစ်ပါတယ်။

ဒါဟာ တော်လှန်ရေးတပ်တွေက တလအတွင်း ၃ စီးမြောက် လေယာဉ်ပစ်ချမှုဖြစ်ပါတယ်။ ဒီလအစောပိုင်းမှာ ရဟတ်ယာဉ်တစီးနဲ့ ၁၆ ရက်နေ့မှာ တိုက်လေယာဉ်တစီးတို့ကို ကချင်လွတ်လပ်ရေးတပ် (KIA) က ပစ်ချခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ခလရ ၁၀၂ တပ်ရင်း ကိုင်းထိပ်တပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်...

- တနိုင်းမြို့နယ်ရှိ ချင်းတွင်းမြစ်ဘေးက ခလရ ၈၆ စစ်တပ်စခန်းကိုလည်း KIA နဲ့ တပ်ပေါင်းစုကသိမ်း...

- ရှမ်းတောင်ဒေသ ဆီဆိုင်မှာတော့ စကစ နှင့် လက်အောက်ခံ ပြည်သူ့စစ် ၃ ဦးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဖမ်းဆီး...

- ရခိုင်ပြည်နယ်မှာတော့ မင်းပြားအခြေစိုက် တပ်ရင်း ၃ ခုထဲက တခုကို မနေ့က သိမ်းပြီးနောက် ကျန် ၂ ရင်း အမြန်သိမ်းနိုင်ရေးအတွက် ရခိုင့်တပ်တော် AA က စစ်ရှိန်မြှင့်နေ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More