“ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်အခြေခံတဲ့၊ ငြိမ်းချမ်းလုံခြုံမှုကို အာမခံတဲ့
အုပ်ချုပ်ရေစနစ်ဖြစ်ဖို့လိုတယ်”
- ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ - ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ)
(၂၉ - ၁- ၂၀၂၄)
“အသစ်ပေါ်ထွန်းလာတဲ့ လွတ်မြောက်ဒေသတွေမှာ
ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်အခြေခံတဲ့၊ လူထုရဲ့ ငြိမ်းချမ်းလုံခြုံမှုကို
အာမခံတဲ့ အုပ်ချုပ်ရေးပုံစံကို ကျင့်သုံးဖို့လိုအပ်တယ်” လို့
ဥပဒေအထောက်အကူပြုအဖွဲ့တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက
ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းမြောက်အပါဝင် နိုင်ငံတဝှမ်းမှာ အသစ်ပေါ်လာတဲ့
လွတ်မြောက်နယ်တွေကို ဘယ်လိုစနစ်နဲ့အုပ်ချုပ်သင့်သလဲ၊
ဒီအသစ်ပေါ်ထွန်းလာတဲ့ နယ်မြေသစ်တွေကို ဥပဒေကြောင်းအရ
ဘယ်လိုအသိအမှတ်ပြုနိုင်မလဲ၊ ဗဟိုကချမှတ်တဲ့
နယ်မြေသတ်မှတ်ချက်ကိုလက်ခံရတဲ့အစဉ်အလာကနေ အောက်ခြေကတင်ပြတဲ့
နယ်မြေသတ်မှတ်မှုကို ဗဟိုက လက်ခံရတဲ့ အစဉ်အလာသစ်တရပ်
ပေါ်ထွန်းလာတော့မလား... စသဖြင့် BNN သတင်းဌာနက
ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...
- အသစ်ပေါ်လာတဲ့ လွတ်မြောက်ဒေသအသစ်တွေနဲ့ အရင်ရှိပြီးသား ဝ- နယ်၊
မိုင်းလား နယ်တို့နဲ့ ဘာတွေတူပြီး ဘာတွေကွာသလဲ...
- လွတ်မြောက်နယ်မြေအသစ်တွေမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်အခြေခံတဲ့၊
လူထုရဲ့ ငြိမ်းချမ်းလုံခြုံမှုကို အာမခံတဲ့ အုပ်ချုပ်ရေးပုံစံကို
ကျင့်သုံးနေပါရဲ့လား...
- ဒေသတခုချင်း လွတ်မြောက်မှုကနေ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်
ဘယ်လိုဆက်လက်ဆောင်ရွက်ကြမလဲ...
...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ခွဲထွက်မှုကို စိုးရိမ်သင့်သလား၊ မဆလ ခေတ် ကျောင်းစာအုပ်ပေါ်အခြေခံပြီး
ဒီလိုတွေးပူနေကြတာလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်
ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment